အပိုင်း - ၄
ဘေစင်ထက်ရှိ မှန်မှတဆင့် မြင်နေရသောရုပ်ပုံလွှာကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ရင်း မော်ကွန်းပြုံးမိလိုက်သည်။ ပြီးမှ ခုနကမှဝယ်လာသော စာအုပ်လေးများကိုလက်မှကိုင်ရင်း Toilet အပြင်ဘက်သို့ထွက်လိုက်သည်။ ခဏနေလျှင် ရုပ်ရှင်ပွဲစဉ်စတော့မည်ဖြစ်တာကြောင့် ရုံထဲသို့ဝင်ထိုင်နေတော့မည်။
လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ဒီးဒီးတစ်ယောက် Online Shopping Page တစ်ခုကနေပြီး ရုပ်ရှင်လက်မှတ် မဲပေါက်တာကြောင့် ဒီနေ့ ဒီနေရာသို့ မော်ကွန်းရောက်နေရခြင်းဖြစ်သည်။
ရုပ်ရှင်လက်မှတ်က တစ်စောင်တည်းဖြစ်တာကြောင့် အတွဲလိုက်သွားချင်ကြသော ဒီးဒီးနဲ့ ရတုတို့က အဝေမတည့်ဖြစ်ကာ သူ့ကိုပေးကမ်းစွန့်ကြဲလိုက်သည့်အပြင် ပွဲချိန်ကလည်း ကျောင်းပိတ်ရက်ဖြစ်နေသည့်အတွက် သူဝမ်းသာအားရ လက်ခံလိုက်ခြင်းပင်ဖြစ်သည်။
ရုပ်ရှင်လက်မှတ်အပြင် Taxi ခ နဲ့ အအေးဖိုးပါ ပေးလိုက်တဲ့ ဒီးဒီးကိုကြည့်ပြီး အနည်းငယ်သံသယဖြစ်မိသော်လည်း ကုန်းဆင်းရ နည်းလား ဆိုသည့်အတွေးကိုဦးတင်ပြီး ဒီနေ့ဒီနေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လက်ထဲကလက်မှတ်ကိုကြည့်၍ အချိန်နဲ့နေရာကို ပြန်စစ်ကြည့်နေတုန်း ထောင့်ချိုးမှရုတ်တရက်ထွက်ပေါ်လာသော လူတစ်ယောက်ကြောင့် ရှောင်ချိန်မရတော့ဘဲ တည့်တည့်ကြီးဝင်တိုက်လိုက်ရတော့သည်။
"အ..."
မျက်နှာဖုံးလေးတွေ တွန့်ကျေမှာစိုးသည့်စိတ်ကြောင့် လက်ထဲမှာ ဖွဖွလေးကိုင်လာသော စာအုပ်နှစ်အုပ်သည် ဝင်တိုက်မိသောအရှိန်နဲ့အတူ ကြမ်းပြင်ပေါ်သို့ကျသွားလေသည်။
"တောင်းပန်ပါတယ်... ကျွန်တော်ဖုန်းပြောရင်း ဟင် ကိုရတု"
အသက် ၁၈ နှစ်လောက်သာရှိဦးမည့် ကောင်လေးတစ်ယောက်။ အနီရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီလေးကို လူငယ်ဆန်ဆန်ဝတ်ဆင်ထားပြီး သူ့ကို ရင်းနှီးဖော်ရွေသောအပြုံးများဖြင့် ပြုံးပြနေလေသည်။
သူ့ကိုကြည့်ကာ ရတုလို့ခေါ်နေတာကြောင့် သူတို့အဖွဲ့ကို မျက်မှန်းတန်းမိသော ကျောင်းက'ကလေးတစ်ယောက်ဖြစ်လိမ့်မည်။
"မင်းက ဘယ်သူလဲ..."
"ကျွန်တော်လေ..."
"အေး အဲ့ကျွန်တော်က ဘယ်သူလဲလို့"
"ဇော်ထက်လေ အစ်ကို မမှတ်မိဘူးလား"
"ဘယ်က ဇော်ထက်လဲ..."
"ပြည်သာရဲထက်ရဲ့ သူငယ်ချင်းလေ..."
"ဘယ်က ပြည်သာရဲထက်လဲ..."
ဇော်ထက်တစ်ယောက် တကယ်ပင်ငိုချင်သွားမိသည်။ ဒီအစ်ကိုက သူ့ကို တကယ်ပင် မမှတ်မိဘူးလားမသိချေ။
"ဟိုလေ... ဟို ... ကျောင်းစဖွင့်တဲ့ရက်မှာ ကိုရှိန်းရဲ့ရင်ဘတ်ကိုကိုင်လိုက်တဲ့ ပြည်သာရဲထက်ရဲ့ သူငယ်ချင်းလေ"
"ဪ... ဟို မျောက်လောင်းရဲ့သူငယ်ချင်း"
ပြည်သာရဲထက်ရဲ့ဂုဏ်ပုဒ်ကို ထည့်ပြောလိုက်မှပဲ ထိုအစ်ကိုက သူ့ကို နည်းနည်းမှတ်မိသွား၍ တော်တော့သည်။
"ဟုတ်တယ် ဟီး... တောင်းပန်ပါတယ်"
ဇော်ထက်က စာအုပ်လေးတွေကိုပြန်ကောက်ကာ မော်ကွန်းကို လှမ်းပေးလိုက်လေသည်။
"Shopping ထွက်လာတာလား..."
"မဟုတ်ဘူး... ရုပ်ရှင်လာကြည့်တာ"
"ဟင် တစ်ယောက်တည်းလား..."
"ဟုတ်တယ် တစ်ယောက်တည်းကြည့်မှဖြစ်မှာမို့... ကိုရတုကရော တစ်ယောက်တည်းလား"
မော်ကွန်းက အခုချိန်ထိ သူ့ကိုလူမှားနေပုံရသော ကောင်လေးအား ပြုံးကြည့်လိုက်ပြီး
"မင်းမှားနေပြီး ရတုက ဟိုကျပ်မပြည့်တဲ့ဒီးဒီးရဲ့ကောင်လေး... ငါ့နာမည်က မော်ကွန်း"
"ဟုတ်ကဲ့ ကိုမော်ကွန်း လူနဲ့နာမည်နဲ့မှားသွားတယ်"
"ကဲ ခွင့်ပြုဦး..."
"ဟုတ်ကဲ့ အစ်ကို"
မော်ကွန်း ဇော်ထက်ကို နုတ်ဆက်ကာ ရုပ်ရှင်ရုံထဲဝင်လာသည်အထိ အေးအေးဆေးဆေးပင်။ ပြဿနာက ရုပ်ရှင်စပြသည့်အချိန်မှစလေသည်။
ဘေးနားမှာထိုင်သည့်လူက အခုထိမလာသေး၍ ရုပ်ရှင်ကို အေးဆေးကြည့်နေသောစိတ်သည် အနားကိုဝင်ထိုင်လိုက်သော လူတစ်ယောက်ကြောင့် ခန္ဓာကိုယ်လေးမတ်သွားရသည်။
"ဟင် ဟိုကောင်လေး..."
"ဟာ ကိုရတု..."
"မော်ကွန်းပါဆိုကွာ..."
ပေါက်ပေါက်ဗူးကြီးကိုင်ကာ ထိုင်လိုက်သောထိုကောင်လေးက မော်ကွန်းနာမည်ကို အခုထိမမှန်သေးချေ။ မျက်မှန်ကို လက်ကလေးနဲ့ပင့်တင်လိုက်ရင်း ဘေးနားကကောင်လေးကိုကြည့်ကာ တစ်ခုခုတော့ထူးဆန်းနေပေသည်။
ဝင်တိုက်မိတာက တိုက်ဆိုင်မှုလို့ သဘောထား၍ရသည်။
ရုပ်ရှင်ရုံတစ်ခုတည်းမှာ လက်မှတ်ဖြတ်မိတာကိုလည်း တိုက်ဆိုင်မှုလို့ သဘောထား၍ရသည်။
သို့သော်။ ခုံနေရာ ဘေးချင်းကပ်ဆိုတာက တော်တော်လေးကို တိုက်ဆိုင်လွန်းနေသည်မဟုတ်ပါလား။ အတွေးထဲမှာ ဒီးဒီးရဲ့ စပ်ဖြီးဖြီးမျက်နှာကြီးပေါ်လာ၍ သံသယများ စတင်ဝင်လာခဲ့သည်။
"နေပါဦး မင်းကရော ရုပ်ရှင်လက်မှတ်မဲပေါက်တာလား"
"ကြံကြီးစည်ရာဗျာ... မဒီးဒီးက အကူညီတောင်းလို့"
သူနဲ့ ရတုကို နာမည်အမြဲမှားသော ထိုကောင်လေးက ဒီးဒီးမ'နာမည်ကိုတော့ မမှားဘဲထွက်လာသည်။ ဪ ။ သူထင်သည့်အတိုင်း ဒီးဒီမလက်ချက်ပေကိုး။
ချိုချဉ်တစ်စေ့တောင် နှစ်ယောက်ခွဲစားတတ်တဲ့ အဲ့ဒီအတွဲက ရုပ်ရှင်လက်မှတ်အပြင် Taxi ခကိုပါ ရှောရှောရှူရှူပေးနေကတည်းက သတိထားမိလိုက်သင့်သည်။
ဟိုနေ့ကမှ ဒီးဒီးလက်ချက်ဖြင့် ဒီကောင်လေး လင်ရတော့မှာပဲဟု တွေးနေရုံရှိသေး မိဒီးဒီးက လက်သွက်စွာ သူ့ကိုထိုးကျွေးလိုက်ချေပြီ။
မော်ကွန်း နဲ့ ရှိန်း အပူမရှာဘဲ အေးအေးဆေးဆေးနေတာကို ဒီးဒီးတစ်ယောက် စားမဝင်အိပ်မပျော် ဖြစ်နေပုံရသည်။
ဒီကောင်လေးပုံစံကြည့်ရတာ ရုပ်ရှင်လက်မှတ်ကို ကုန်းဆင်းပြီးလာကြည့်တာတော့ မဟုတ်လောက်ချေ။ ဒီးဒီးတစ်ယောက် ဘယ်လိုစည်းရုံးလိုက်သည်မသိ။
"မဒီးဒီးက ပြောတယ် သူတို့စုံတွဲက ပြတ်ကိန်းရှိတယ်တဲ့ အဲ့တာကြောင့် ယတြာချေဖို့လိုတယ်တဲ့"
"ပြောပါဦး ဘယ်လို ယတြာလဲ"
"ဒီမှာ အစ်ကို ဒီစာရွက်ထဲမှာပါတယ်"
ဇော်ထက်က သူ့ဘောင်းဘီအိတ်ကပ်ထဲကနေ စာရွက်လေးထုတ်ကာ မော်ကွန်းကို ပေးလိုက်လေသည်။ စာရွက်လေးထဲမှာ လုပ်ဆောင်ရမည့်အချက်တွေကို အစဉ်လိုက်ချရေးထားလေသည်။
၁။ ရုပ်ရှင်ရုံသို့ တစ်ယောက်တည်းသွားရမည်။
၂။ ရုပ်ရှင်ပြပြီး ၅ မိနစ်နေမှ ရုံထဲသို့ဝင်ရမည်။
၃။ မိမိ၏ ညာဘက်ဘေးမှလူအား ရေဘူးဖွင့်ပေးခိုင်းရမည်။
၄။ မိမိ၏ ညာဘက်ဘေးမှလူအား ပေါက်ပေါက်ပွင့် သက်စေ့ ခွံ့ကျွေးရမည်။
၅။ မိမိကိုလည်း သက်စေ့ ပြန်ခွံ့ခိုင်းရမည်။
၆။ မိမိ၏ ညာဘက်ဘေးမှလူရဲ့ လက်မောင်းပေါ်တွင်ခေါင်းအုံးကာ ရုပ်ရှင်ကားအား ၅ မိနစ်ခန့်ကြည့်ပေးရမည်။
၇။ ထို့နောက် ညာဘက်ဘေးမှလူနှင့် လက်ချင်းချိတ်ကာ ရုပ်ရှင်ကားပြီးသည်အထိ ကြည့်ပေးရမည်။
ဤတွင် အစီအရင်ပြီးမြောက်၏။
( မှတ်ချက်။ ။ မိမိ၏ ညာဘက်ဘေးမှလူက မိမိ၏ပါးအား သူနှာခေါင်းဖြင့် သက်စေ့ထိတို့ပေးလျှင် ဤအစီအရင်သည် ပို၍ အစွမ်းထက်ပေမည်။ )
စာကိုဖတ်ကြည့်ပြီး မော်ကွန်းတစ်ယောက်အီလည်လည်ကြီးဖြစ်သွားတော့သည်။ တစ်ခါတည်း မင်္ဂလာမဆောင်ခိုင်းတာကိုပင် မိဒီးဒီးကို ကျေးဇူးတင်ရမည်။
"တော်သေးတာပေါ့ ညာဘက်ဘေးကလူက အစ်ကိုဖြစ်နေလို့..."
ဘေးနားကနေထွက်လာသော ဇော်ထက်ရဲ့အသံလေးကြောင့် စာထဲကိုစိတ်ရောက်နေသောစိတ်သည် ပြင်ပလောကသို့ ရောက်ရှိလာပေသည်။
"မင်းက တကယ်ကြီး ဒီထဲကအတိုင်းလိုက်လုပ်မလို့လား..."
"လုပ်ရမှာပေါ့ဗျ... အကူညီတောင်းထားတာပဲကို... ပြီးကျ အစ်ကိုတို့က သူငယ်ချင်းအရင်းကြီးတွေမလား ပိုပြီးတောင်ကူညီသင့်သေးတယ်လေ... ကဲ ရော့ ဒီမှာ ရေသန့်ဘူးဖွင့်ပေး"
ရေဘူးဖွင့်ပေးတာလောက်က ပြဿနာမဟုတ်ပေမယ့် နောက်မှာလာမည့် အချက်တွေကတော့ ပြဿနာအများကြီးရှိပေသည်။ ဒါပေမယ့် ထိုကောင်လေးကတော့ ဂရုစိုက်ဟန်မတူ။ ဂရုပဲမစိုက်တာလား အူကြောင်ကြောင်နိူင်လွန်းတာပဲလား မသဲကွဲချေ။
"ဒီမှာ မင်းဘာသာလုပ်ချင်ရင် လုပ်နော်... ငါ့ကို လာဆွဲမထည့်နဲ့"
"ပထမနည်းလမ်းကို မလုပ်ချင်ရင် ဒီစာရွက်ထဲမှာမပါတဲ့ ဒုတိယနည်းလမ်းရှိသေးတယ်"
"ဘာတဲ့လဲ"
"ညာဘက်ကလူကို ထုရိုက်ပြီး ဆယ့်ငါးမိနစ် အော်ငိုရမယ်တဲ့"
မြတ်စွာဘုရား။
ဘုရားတရင်း စိတ်ထဲကနေ ဒီးဒီးကိုသာ ကျိန်ဆဲလိုက်ရသည်။ ဒီးဒီးတို့များ နေရာတိုင်းမှာ အကွက်ကိုစေ့နေတာပဲ။
"ပထမနည်းလမ်းပဲ လုပ်ကြရအောင်..."
"ဟုတ် ကျွန်တော်လည်း လူတွေကြားထဲ အော်ငိုရမှာရှက်တယ်"
ရှက်တတ်လို့တော်သေးတာပေါ့ မောင်မင်းကြီးသားရယ်။
ထိုကောင်လေး လက်ထဲမှရေသန့်ဘူးကို ဆွဲယူကာ ဆောင့်ကြီးအောင့်ကြီးနဲ့ ဘူးအဖုံးကိုဖွင့်ပေးလိုက်သည်။ ရေသန့်ဘူးဖွင့်ပြီး မကြာမီ ပါးစပ်နားသို့ရောက်လာသော ပေါက်ပေါက်ပွင့်ကို ဒီးဒီးအမှတ်ဖြင့် အံကျိတ်ကာ ဝါးစားပစ်လိုက်မိသည်။
တွေ့ကြသေးတာပေါ့ ဒီးဒီးနဲ့ ရတုရယ်။ မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ။ ငါ့အလှည့်ကျ မင်းတို့အတွဲကို မိုးကြိုးတင်မကဘူး ဆူနာမီနဲ့ပါ ဝင်မွှေပစ်မယ်။
Aircon လေလေးဖြင့် အေးစက်နေသော Theater လေးသည် ပေါက်ပေါက်ပွင့် အပြန်အလှန်ခွံ့ကျွေးနေကြသော ကောင်လေးနှစ်ယောက်ကြောင့် အသက်ဝင်၍နေပေတော့သည်။
..........................................
ကျောင်းဝန်းအတွင်းသို့ Porche ကားအဖြူလေး အရှိန်ဖြင့်ဝင်လာလေသည်။ ပါကင်နေရာတွင် သေသေသပ်သပ်နေရာယူလိုက်ပြီးနောက် ပြည်သာရဲထက် ပြုံးလိုက်မိသည်။
ဒီနေ့ စိတ်ထဲမှာ အူမြူးနေရသည်မဟုတ်လား။
"ဘာတွေပြုံးနေတာလဲ ဒီနေ့ မင်းကိုကြည့်ရတာ ဖနောင့်သံဆူးနေသလိုပဲ"
ကားပေါ်ကမဆင်းသေးဘဲ စိတ်ကူးနဲ့ကြည်နူးနေသော ပြည်သာရဲထက်ရဲ့အတွေးလေးဟာ ဇော်ထက်ရဲ့အသံကြောင့် လွင့်ပျယ်သွားရသည်။ ပိတ်ရက်မှာ ဇော်ထက်တစ်ယောက် အပြင်ခိုးထွက်သောကြောင့် သူ့အိမ်က ကားမပေးဘဲ သူ့ကားနဲ့သာလိုက်စေသည်။
"ဘာလဲ ဖနောင့်သံဆူးတာက..."
"မြောက်ကြွ မြောက်ကြွဖြစ်နေလို့လေ..."
"ဟီး... ငါ ကိုရှိန်းကိုလက်ဆောင်ပေးဖို့ အင်္ကျီလေးဝယ်လာတယ်... ဘယ်လိုပေးရမလဲဆိုတာ တွေးကြည့်ပြီး ရင်ခုန်တယ်ကွာ"
"မင်းပြောတော့ သူနဲ့အတူတူသွားဝယ်မှာဆို...ဘာလဲ မင်းလူကြီးက မလိုက်ဘူးမလား"
"သူက အချိန်မရလို့ ငါ့ဘာသာဝယ်လာတာကွာ... မင်းက လျှာကိုရှည်တယ်"
နှစ်ယောက်သား ပြောစရာစကားမရှိတော့သလို ခဏမျှတိတ်ဆိတ်သွားတော့သည်။
"ဇော်ထက်..."
"ဘာလဲ..."
"ဒီနေ့ ကိုရှိန်းတို့အဖွဲ့နဲ့တွေ့ရင် ငါ့အကြောင်း ကောင်းတာလေး ချီးမွမ်းစမ်းပါ... ငါ့ဘာသာပြောနေရတော့ ဖီးအောက်တယ်"
"ငါက ဘာပြောရမှာလဲ"
"ငါက ဘယ်လိုချောကြောင်း၊ ဘယ်လို ဝိုင်းဝိုင်းလည်နေကြောင်း၊ တာဝန်ယူမှု အပြည့်အဝရှိကြောင်း၊ မျက်နှာမြင်ချစ်ခင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဘယ်လိုပြည့်စုံကြောင်း အဲ့လိုလေး ပြောပေးလေကွာ... မြန်မာဇာတ်ကားထဲက သူငယ်ချင်းတွေဆို အဲ့လိုပြောပေးကြတယ်"
"ဒီနေ့ ငါ့မွေးရက်မို့ ငါးပါးသီလယူထားတယ်"
"အဲ့တော့..."
"လိမ်လို့မရဘူးလေ..."
"မင်း..."
ဇော်ထက်ရဲ့ လက်မောင်းကို လက်သီးနဲ့ထိုးဖို့ အရှိန်ယူလိုက်စဉ် ကားနားက ဖြတ်သွားသောအရိပ်လေးကြောင့် အရှိန်သတ်သွားကာ ကားနောက်ခန်းထဲမှ လက်ဆောင်အိတ်လေးကိုယူ၍ အပြေးအလွှားပင် ကိုရှိန်းနောက်သို့ လိုက်သွားမိသည်။
"အကို..."
"ဟင်..."
လှည့်ကြည့်လာသော ထက်ကိုရှိန်းသည် အိတ်လေးတစ်လုံးကိုလက်ကဆွဲ၍ သူ့နောက်အပြေးလိုက်လာသော ပြည်သာရဲထက်ကြောင့် လှမ်းနေသော ခြေလှမ်းလေးကိုရပ်လိုက်မိသည်။
ဒီကောင်လေးကတော့ သူ့ကိုမြင်တိုင်း အူယားဖားယားဖြင့် အမြဲပေါက်ကရ လုပ်တတ်လွန်းလို့ နည်းနည်းတော့ရှိန်မိသည်။
"အကို... ဒါလေး"
လက်ထဲကအိတ်လေးကို သူ့ဆီလှမ်းပေးရင်း ပြုံးနေသော ကောင်လေးကြောင့် အိတ်လေးကို အသာယူလိုက်မိသည်။
"ဒါက... "
"လက်ဆောင်လေးဗျာ... အင်္ကျီပြန်ဝယ်ပေးမယ်လို့ ပြောထားတယ်လေ"
"မလိုဘူးလို့လည်း ကိုယ်ပြောလိုက်ပါတယ်"
"မလိုလည်း ယူထားလိုက်ပါ... အယူခံဝင်တယ်လို့သဘောထား"
စကားတတ်လွန်းလှသော ထိုကောင်လေးကြောင့် လက်ထဲက အိတ်လေးကို ပြန်မပေးမိတော့ချေ။ အိတ်ထဲကိုဖွင့်ကြည့်မိတော့ အပြာနုရောင်အင်္ကျီလေး။ MK တံဆိပ်လေးကြောင့် စျေးကတော့နည်းမည်မထင်။ ဒီကလေး အိမ်က ကျပ်တည်းတယ်ဆိုပြီး အဆင်မှပြေရဲ့လား မသိ။
ထိုစဥ်ထက်ကိုရှိန်းလက်ထဲမှ ဖုန်းလေးက အသံမြည်လာတာကြောင့် ပြည်သာရဲထက်အား လက်လေးကာပြ၍ ခဏဟုခွင့်တောင်းလေသည်။
နာမည်မှတ်ထားသောနေရာတွင် သဲ ဟု မြန်မာစာလုံးလေးတစ်ခုသာ တစ်စွန်းတစ်စမြင်လိုက်ရ၍ ပြည်သာရဲထက် စိတ်တွေလည်း မခိုင်ချင်တော့ချေ။
ခိုင်မာလာတို့ပြောတော့ ကောင်မလေးမရှိဘူးဆိုပြီး အခုဖုန်းဆက်နေတာ ဘယ်သူပါလိမ့်။ ဒါမှမဟုတ် ကောင်မလေးရှိနေတာကို ခိုင်မာလာတို့က မသိတာလား။ ကောင်မလေးရှိရဲ့သားနဲ့ သူ့မျက်စိရှေ့ပေါ်ပေါ်လာတာကရော ဒီလူကြီးက ဘာသဘောလဲ။
"အတန်းချိန်က ဖျက်လိုက်လို့ရပါတယ်... "
လေတစ်ချက်အဝှေ့မှာ ဖျတ်ခနဲရောက်လာသော အသံကြောင့် ပြည်သာရဲ့ဒေါသတွေ တဖွားဖွားထွက်လာရသည်။ အတန်းချိန်လစ်ပြီးတော့တောင် သွားတွေ့ဦးမတဲ့လား။
ဟိုလူကလည်း လေသံကအစ အတော်ရိုကျိုးနေပုံထောက်တော့ သေချာပါပြီ။
သေချာနေပါပြီ။
ရုတ်တရက်ဝင်လာသော သဝန်တိုသည့်စိတ်ကြောင့် ပြည်သာရဲထက်စိတ်ထဲ ဘာကိုမှမမြင်နိူင်တော့ဘဲ ထက်ကိုရှိန်းလက်ထဲမှဖုန်းကို လုယူကာ စပီကာကို ဖွင့်လိုက်လေသည်။
"ဒီမှာ... "
ရုတ်တရက်ဆန်လွန်းလှသော ပြည်သာရဲထက်ရဲ့အပြုအမူကြောင့် ထက်ကိုရှိန်းတစ်ယောက် မျက်လုံးပြူးလေးနဲ့သာ ငေးကြည့်နေရသည်။
"အတန်းချိန်မှန်ပြီး ဘက်စုံထူးချွန်နေတဲ့ ကျောင်းသားတစ်ယောက်ရဲ့ဘဝကို ဒီလို မဖျက်စီးပါနဲ့... နောက်တစ်ခါ အတန်းချိန်ဖျက်ခိုင်းပြီး လှမ်းခေါ်တာတွေ ကျွန်တော်ပြန်သိလို့ရှိရင် အဲ့ဘက်က မလွယ်ဘူးမှတ်ပါ... ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် သတိပေးခြင်းပဲ"
"ဘယ်သူလဲ..."
ခပ်မာမာထွက်လာသော တစ်ခြားဘက်ကအသံကြောင့် ထက်ကိုရှိန်းအသိဝင်လာကာ ဖုန်းကို ပြန်လုရန်ပြင်သည်။ သို့သော်သူ့ထက်လျင်သော ပြည်သာက တစ်ဖက်သို့ ချက်ချင်းလှည့်သွားလေသည်။
"ဘယ်သူလဲ ဟုတ်လား...ပညာဝေဆာတဲ့ သင်္ချာမေဂျာက ပြည် သာ ရဲ ထက် လို့ ခေါ်ပါတယ် အစ်မကြီး"
"ဟုတ်ကဲ့ အဲ့တာဆိုလည်း ပညာဝေဆာတဲ့ သင်္ချာမေဂျာရဲ့ ဌာနရုံးခန်းထဲကို အားတဲ့အချိန်လေး ကြွမြန်းခဲ့ဖို့ ကျွန်မဌာနမှူးက ဖိတ်မန္တကပြုပါသတဲ့ရှင်"
"ဟင်..."
ဌာနမှူးဆိုတဲ့အသံကြားမှ ဖုန်းက Contact Nameလေးကို ပြန်ကြည့်လိုက်တော့ *တီချယ်ချိုသဲ* ဆိုတဲ့ နာမည်လေးက သူ့ကို ပြောင်ပြနေသလိုပင်။ သူ့လက်ထဲက ဖုန်းလေးသည် ကိုရှိန်းလက်ထဲသို့ ဘယ်လိုပြန်ရောက်သွားမှန်းတောင် မသိတော့ချေ။
"သားတောင်းပန်ပါတယ်တီချယ်... ပထမနှစ်က ကလေးပါ... တခြားသူထင်ပြီး ပြောလိုက်တာထင်ပါတယ်"
ကိုရှိန်း၏ တောင်းပန်နေသောအသံများက တဖြည်းဖြည်းတိုး၍လာသည်။ ဖုန်းချလိုက်ပြီး သူ့ကို စိမ်းစိမ်းကားကားကြည့်သွားသော ကိုရှိန်းရဲ့ မျက်ဝန်းတွေကြောင့် ရှင်းပြမည့်စကားလုံးတွေကို မျိုသိပ်လိုက်ရသည်။
"မင်း နောက်တစ်ခါ ငါနဲ့ ဝေးဝေးနေ..."
သေလိုက်ပါတော့ပြည်သာရဲထက်ရေ။ အခုပဲ Crush ကြီးနဲ့ ပြေလည်ဖို့ကြံကာရှိသေး အခုဘဲ ပြဿနာတတ်ကာ စိတ်ဆိုးသွားပြန်သည်။ ဒေါသထွက်ကာ လက်ထဲက လက်ဆောင်အိတ်လေးကို ပြန်မပေးခဲ့၍ တော်သေးသည်။
ခက်လိုက်တာဗျာ။ တတိယအကြိမ် ဆုံတွေ့ရခြင်းက ဖူးစာဆိုတဲ့အကြောင်းလေးတောင် မပြောလိုက်ရပါလား ခင်ဗျားရယ်။
Nion
Collab with Author Akari
( ပြည်သာရဲထက်ရဲ့ ပုံစံလေးက ရှေ့မကြည့်နောက်မကြည့် တဇွတ်ထိုးလုပ်တတ်တဲ့ ပုံစံလေးကို ပုံဖော်ချင်တာကြောင့် ဒီအပိုင်းလေးကိုလည်း ကြိုးစားပြီးရေးထားပါတယ်။ ကျွန်တော်တို့ရဲ့ Collab လေးကို သဘောကျပြီး ဖတ်ပေးခဲ့တဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ဆက်ပြီး ကြိုးစားပုံဖော်သွားပါ့မယ်ဗျ။ )
(Zawgyi)
အပိုင္း - ၄
ေဘစင္ထက္ရွိ မွန္မွတဆင့္ ျမင္ေနရေသာ႐ုပ္ပုံလႊာကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပင္လိုက္ရင္း ေမာ္ကြန္းၿပဳံးမိလိုက္သည္။ ၿပီးမွ ခုနကမွဝယ္လာေသာ စာအုပ္ေလးမ်ားကိုလက္မွကိုင္ရင္း Toilet အျပင္ဘက္သို႔ထြက္လိုက္သည္။ ခဏေနလွ်င္ ႐ုပ္ရွင္ပြဲစဥ္စေတာ့မည္ျဖစ္တာေၾကာင့္ ႐ုံထဲသို႔ဝင္ထိုင္ေနေတာ့မည္။
လြန္ခဲ့တဲ့ရက္ပိုင္းေလာက္က ဒီးဒီးတစ္ေယာက္ Online Shopping Page တစ္ခုကေနၿပီး ႐ုပ္ရွင္လက္မွတ္ မဲေပါက္တာေၾကာင့္ ဒီေန႔ ဒီေနရာသို႔ ေမာ္ကြန္းေရာက္ေနရျခင္းျဖစ္သည္။
႐ုပ္ရွင္လက္မွတ္က တစ္ေစာင္တည္းျဖစ္တာေၾကာင့္ အတြဲလိုက္သြားခ်င္ၾကေသာ ဒီးဒီးနဲ႔ ရတုတို႔က အေဝမတည့္ျဖစ္ကာ သူ႔ကိုေပးကမ္းစြန္႔ႀကဲလိုက္သည့္အျပင္ ပြဲခ်ိန္ကလည္း ေက်ာင္းပိတ္ရက္ျဖစ္ေနသည့္အတြက္ သူဝမ္းသာအားရ လက္ခံလိုက္ျခင္းပင္ျဖစ္သည္။
႐ုပ္ရွင္လက္မွတ္အျပင္ Taxi ခ နဲ႔ အေအးဖိုးပါ ေပးလိုက္တဲ့ ဒီးဒီးကိုၾကည့္ၿပီး အနည္းငယ္သံသယျဖစ္မိေသာ္လည္း ကုန္းဆင္းရ နည္းလား ဆိုသည့္အေတြးကိုဦးတင္ၿပီး ဒီေန႔ဒီေနရာသို႔ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။
လက္ထဲကလက္မွတ္ကိုၾကည့္၍ အခ်ိန္နဲ႔ေနရာကို ျပန္စစ္ၾကည့္ေနတုန္း ေထာင့္ခ်ိဳးမွ႐ုတ္တရက္ထြက္ေပၚလာေသာ လူတစ္ေယာက္ေၾကာင့္ ေရွာင္ခ်ိန္မရေတာ့ဘဲ တည့္တည့္ႀကီးဝင္တိုက္လိုက္ရေတာ့သည္။
"အ..."
မ်က္ႏွာဖုံးေလးေတြ တြန္႔ေက်မွာစိုးသည့္စိတ္ေၾကာင့္ လက္ထဲမွာ ဖြဖြေလးကိုင္လာေသာ စာအုပ္ႏွစ္အုပ္သည္ ဝင္တိုက္မိေသာအရွိန္နဲ႔အတူ ၾကမ္းျပင္ေပၚသို႔က်သြားေလသည္။
"ေတာင္းပန္ပါတယ္... ကြၽန္ေတာ္ဖုန္းေျပာရင္း ဟင္ ကိုရတု"
အသက္ ၁၈ ႏွစ္ေလာက္သာရွိဦးမည့္ ေကာင္ေလးတစ္ေယာက္။ အနီေရာင္ ရွပ္အက်ႌနဲ႔ အနက္ေရာင္ေဘာင္းဘီေလးကို လူငယ္ဆန္ဆန္ဝတ္ဆင္ထားၿပီး သူ႔ကို ရင္းႏွီးေဖာ္ေ႐ြေသာအၿပဳံးမ်ားျဖင့္ ၿပဳံးျပေနေလသည္။
သူ႔ကိုၾကည့္ကာ ရတုလို႔ေခၚေနတာေၾကာင့္ သူတို႔အဖြဲ႕ကို မ်က္မွန္းတန္းမိေသာ ေက်ာင္းက'ကေလးတစ္ေယာက္ျဖစ္လိမ့္မည္။
"မင္းက ဘယ္သူလဲ..."
"ကြၽန္ေတာ္ေလ..."
"ေအး အဲ့ကြၽန္ေတာ္က ဘယ္သူလဲလို႔"
"ေဇာ္ထက္ေလ အစ္ကို မမွတ္မိဘူးလား"
"ဘယ္က ေဇာ္ထက္လဲ..."
"ျပည္သာရဲထက္ရဲ႕ သူငယ္ခ်င္းေလ..."
"ဘယ္က ျပည္သာရဲထက္လဲ..."
ေဇာ္ထက္တစ္ေယာက္ တကယ္ပင္ငိုခ်င္သြားမိသည္။ ဒီအစ္ကိုက သူ႔ကို တကယ္ပင္ မမွတ္မိဘူးလားမသိေခ်။
"ဟိုေလ... ဟို ... ေက်ာင္းစဖြင့္တဲ့ရက္မွာ ကိုရွိန္းရဲ႕ရင္ဘတ္ကိုကိုင္လိုက္တဲ့ ျပည္သာရဲထက္ရဲ႕ သူငယ္ခ်င္းေလ"
"ဪ... ဟို ေမ်ာက္ေလာင္းရဲ႕သူငယ္ခ်င္း"
ျပည္သာရဲထက္ရဲ႕ဂုဏ္ပုဒ္ကို ထည့္ေျပာလိုက္မွပဲ ထိုအစ္ကိုက သူ႔ကို နည္းနည္းမွတ္မိသြား၍ ေတာ္ေတာ့သည္။
"ဟုတ္တယ္ ဟီး... ေတာင္းပန္ပါတယ္"
ေဇာ္ထက္က စာအုပ္ေလးေတြကိုျပန္ေကာက္ကာ ေမာ္ကြန္းကို လွမ္းေပးလိုက္ေလသည္။
"Shopping ထြက္လာတာလား..."
"မဟုတ္ဘူး... ႐ုပ္ရွင္လာၾကည့္တာ"
"ဟင္ တစ္ေယာက္တည္းလား..."
"ဟုတ္တယ္ တစ္ေယာက္တည္းၾကည့္မွျဖစ္မွာမို႔... ကိုရတုကေရာ တစ္ေယာက္တည္းလား"
ေမာ္ကြန္းက အခုခ်ိန္ထိ သူ႔ကိုလူမွားေနပုံရေသာ ေကာင္ေလးအား ၿပဳံးၾကည့္လိုက္ၿပီး
"မင္းမွားေနၿပီး ရတုက ဟိုက်ပ္မျပည့္တဲ့ဒီးဒီးရဲ႕ေကာင္ေလး... ငါ့နာမည္က ေမာ္ကြန္း"
"ဟုတ္ကဲ့ ကိုေမာ္ကြန္း လူနဲ႔နာမည္နဲ႔မွားသြားတယ္"
"ကဲ ခြင့္ျပဳဦး..."
"ဟုတ္ကဲ့ အစ္ကို"
ေမာ္ကြန္း ေဇာ္ထက္ကို ႏုတ္ဆက္ကာ ႐ုပ္ရွင္႐ုံထဲဝင္လာသည္အထိ ေအးေအးေဆးေဆးပင္။ ျပႆနာက ႐ုပ္ရွင္စျပသည့္အခ်ိန္မွစေလသည္။
ေဘးနားမွာထိုင္သည့္လူက အခုထိမလာေသး၍ ႐ုပ္ရွင္ကို ေအးေဆးၾကည့္ေနေသာစိတ္သည္ အနားကိုဝင္ထိုင္လိုက္ေသာ လူတစ္ေယာက္ေၾကာင့္ ခႏၶာကိုယ္ေလးမတ္သြားရသည္။
"ဟင္ ဟိုေကာင္ေလး..."
"ဟာ ကိုရတု..."
"ေမာ္ကြန္းပါဆိုကြာ..."
ေပါက္ေပါက္ဗူးႀကီးကိုင္ကာ ထိုင္လိုက္ေသာထိုေကာင္ေလးက ေမာ္ကြန္းနာမည္ကို အခုထိမမွန္ေသးေခ်။ မ်က္မွန္ကို လက္ကေလးနဲ႔ပင့္တင္လိုက္ရင္း ေဘးနားကေကာင္ေလးကိုၾကည့္ကာ တစ္ခုခုေတာ့ထူးဆန္းေနေပသည္။
ဝင္တိုက္မိတာက တိုက္ဆိုင္မႈလို႔ သေဘာထား၍ရသည္။
႐ုပ္ရွင္႐ုံတစ္ခုတည္းမွာ လက္မွတ္ျဖတ္မိတာကိုလည္း တိုက္ဆိုင္မႈလို႔ သေဘာထား၍ရသည္။
သို႔ေသာ္။ ခုံေနရာ ေဘးခ်င္းကပ္ဆိုတာက ေတာ္ေတာ္ေလးကို တိုက္ဆိုင္လြန္းေနသည္မဟုတ္ပါလား။ အေတြးထဲမွာ ဒီးဒီးရဲ႕ စပ္ၿဖီးၿဖီးမ်က္ႏွာႀကီးေပၚလာ၍ သံသယမ်ား စတင္ဝင္လာခဲ့သည္။
"ေနပါဦး မင္းကေရာ ႐ုပ္ရွင္လက္မွတ္မဲေပါက္တာလား"
"ႀကံႀကီးစည္ရာဗ်ာ... မဒီးဒီးက အကူညီေတာင္းလို႔"
သူနဲ႔ ရတုကို နာမည္အၿမဲမွားေသာ ထိုေကာင္ေလးက ဒီးဒီးမ'နာမည္ကိုေတာ့ မမွားဘဲထြက္လာသည္။ ဪ ။ သူထင္သည့္အတိုင္း ဒီးဒီမလက္ခ်က္ေပကိုး။
ခ်ိဳခ်ဥ္တစ္ေစ့ေတာင္ ႏွစ္ေယာက္ခြဲစားတတ္တဲ့ အဲ့ဒီအတြဲက ႐ုပ္ရွင္လက္မွတ္အျပင္ Taxi ခကိုပါ ေရွာေရွာရွဴရွဴေပးေနကတည္းက သတိထားမိလိုက္သင့္သည္။
ဟိုေန႔ကမွ ဒီးဒီးလက္ခ်က္ျဖင့္ ဒီေကာင္ေလး လင္ရေတာ့မွာပဲဟု ေတြးေန႐ုံရွိေသး မိဒီးဒီးက လက္သြက္စြာ သူ႔ကိုထိုးေကြၽးလိုက္ေခ်ၿပီ။
ေမာ္ကြန္း နဲ႔ ရွိန္း အပူမရွာဘဲ ေအးေအးေဆးေဆးေနတာကို ဒီးဒီးတစ္ေယာက္ စားမဝင္အိပ္မေပ်ာ္ ျဖစ္ေနပုံရသည္။
ဒီေကာင္ေလးပုံစံၾကည့္ရတာ ႐ုပ္ရွင္လက္မွတ္ကို ကုန္းဆင္းၿပီးလာၾကည့္တာေတာ့ မဟုတ္ေလာက္ေခ်။ ဒီးဒီးတစ္ေယာက္ ဘယ္လိုစည္း႐ုံးလိုက္သည္မသိ။
"မဒီးဒီးက ေျပာတယ္ သူတို႔စုံတြဲက ျပတ္ကိန္းရွိတယ္တဲ့ အဲ့တာေၾကာင့္ ယၾတာေခ်ဖို႔လိုတယ္တဲ့"
"ေျပာပါဦး ဘယ္လို ယၾတာလဲ"
"ဒီမွာ အစ္ကို ဒီစာ႐ြက္ထဲမွာပါတယ္"
ေဇာ္ထက္က သူ႔ေဘာင္းဘီအိတ္ကပ္ထဲကေန စာ႐ြက္ေလးထုတ္ကာ ေမာ္ကြန္းကို ေပးလိုက္ေလသည္။ စာ႐ြက္ေလးထဲမွာ လုပ္ေဆာင္ရမည့္အခ်က္ေတြကို အစဥ္လိုက္ခ်ေရးထားေလသည္။
၁။ ႐ုပ္ရွင္႐ုံသို႔ တစ္ေယာက္တည္းသြားရမည္။
၂။ ႐ုပ္ရွင္ျပၿပီး ၅ မိနစ္ေနမွ ႐ုံထဲသို႔ဝင္ရမည္။
၃။ မိမိ၏ ညာဘက္ေဘးမွလူအား ေရဘူးဖြင့္ေပးခိုင္းရမည္။
၄။ မိမိ၏ ညာဘက္ေဘးမွလူအား ေပါက္ေပါက္ပြင့္ သက္ေစ့ ခြံ႕ေကြၽးရမည္။
၅။ မိမိကိုလည္း သက္ေစ့ ျပန္ခြံ႕ခိုင္းရမည္။
၆။ မိမိ၏ ညာဘက္ေဘးမွလူရဲ႕ လက္ေမာင္းေပၚတြင္ေခါင္းအုံးကာ ႐ုပ္ရွင္ကားအား ၅ မိနစ္ခန္႔ၾကည့္ေပးရမည္။
၇။ ထို႔ေနာက္ ညာဘက္ေဘးမွလူႏွင့္ လက္ခ်င္းခ်ိတ္ကာ ႐ုပ္ရွင္ကားၿပီးသည္အထိ ၾကည့္ေပးရမည္။
ဤတြင္ အစီအရင္ၿပီးေျမာက္၏။
( မွတ္ခ်က္။ ။ မိမိ၏ ညာဘက္ေဘးမွလူက မိမိ၏ပါးအား သူႏွာေခါင္းျဖင့္ သက္ေစ့ထိတို႔ေပးလွ်င္ ဤအစီအရင္သည္ ပို၍ အစြမ္းထက္ေပမည္။ )
စာကိုဖတ္ၾကည့္ၿပီး ေမာ္ကြန္းတစ္ေယာက္အီလည္လည္ႀကီးျဖစ္သြားေတာ့သည္။ တစ္ခါတည္း မဂၤလာမေဆာင္ခိုင္းတာကိုပင္ မိဒီးဒီးကို ေက်းဇူးတင္ရမည္။
"ေတာ္ေသးတာေပါ့ ညာဘက္ေဘးကလူက အစ္ကိုျဖစ္ေနလို႔..."
ေဘးနားကေနထြက္လာေသာ ေဇာ္ထက္ရဲ႕အသံေလးေၾကာင့္ စာထဲကိုစိတ္ေရာက္ေနေသာစိတ္သည္ ျပင္ပေလာကသို႔ ေရာက္ရွိလာေပသည္။
"မင္းက တကယ္ႀကီး ဒီထဲကအတိုင္းလိုက္လုပ္မလို႔လား..."
"လုပ္ရမွာေပါ့ဗ်... အကူညီေတာင္းထားတာပဲကို... ၿပီးက် အစ္ကိုတို႔က သူငယ္ခ်င္းအရင္းႀကီးေတြမလား ပိုၿပီးေတာင္ကူညီသင့္ေသးတယ္ေလ... ကဲ ေရာ့ ဒီမွာ ေရသန္႔ဘူးဖြင့္ေပး"
ေရဘူးဖြင့္ေပးတာေလာက္က ျပႆနာမဟုတ္ေပမယ့္ ေနာက္မွာလာမည့္ အခ်က္ေတြကေတာ့ ျပႆနာအမ်ားႀကီးရွိေပသည္။ ဒါေပမယ့္ ထိုေကာင္ေလးကေတာ့ ဂ႐ုစိုက္ဟန္မတူ။ ဂ႐ုပဲမစိုက္တာလား အူေၾကာင္ေၾကာင္ႏိူင္လြန္းတာပဲလား မသဲကြဲေခ်။
"ဒီမွာ မင္းဘာသာလုပ္ခ်င္ရင္ လုပ္ေနာ္... ငါ့ကို လာဆြဲမထည့္နဲ႔"
"ပထမနည္းလမ္းကို မလုပ္ခ်င္ရင္ ဒီစာ႐ြက္ထဲမွာမပါတဲ့ ဒုတိယနည္းလမ္းရွိေသးတယ္"
"ဘာတဲ့လဲ"
"ညာဘက္ကလူကို ထု႐ိုက္ၿပီး ဆယ့္ငါးမိနစ္ ေအာ္ငိုရမယ္တဲ့"
ျမတ္စြာဘုရား။
ဘုရားတရင္း စိတ္ထဲကေန ဒီးဒီးကိုသာ က်ိန္ဆဲလိုက္ရသည္။ ဒီးဒီးတို႔မ်ား ေနရာတိုင္းမွာ အကြက္ကိုေစ့ေနတာပဲ။
"ပထမနည္းလမ္းပဲ လုပ္ၾကရေအာင္..."
"ဟုတ္ ကြၽန္ေတာ္လည္း လူေတြၾကားထဲ ေအာ္ငိုရမွာရွက္တယ္"
ရွက္တတ္လို႔ေတာ္ေသးတာေပါ့ ေမာင္မင္းႀကီးသားရယ္။
ထိုေကာင္ေလး လက္ထဲမွေရသန္႔ဘူးကို ဆြဲယူကာ ေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ ဘူးအဖုံးကိုဖြင့္ေပးလိုက္သည္။ ေရသန္႔ဘူးဖြင့္ၿပီး မၾကာမီ ပါးစပ္နားသို႔ေရာက္လာေသာ ေပါက္ေပါက္ပြင့္ကို ဒီးဒီးအမွတ္ျဖင့္ အံက်ိတ္ကာ ဝါးစားပစ္လိုက္မိသည္။
ေတြ႕ၾကေသးတာေပါ့ ဒီးဒီးနဲ႔ ရတုရယ္။ မိုးေကာင္းတုန္း႐ြာထားဦးေပါ့ကြာ။ ငါ့အလွည့္က် မင္းတို႔အတြဲကို မိုးႀကိဳးတင္မကဘူး ဆူနာမီနဲ႔ပါ ဝင္ေမႊပစ္မယ္။
Aircon ေလေလးျဖင့္ ေအးစက္ေနေသာ Theater ေလးသည္ ေပါက္ေပါက္ပြင့္ အျပန္အလွန္ခြံ႕ေကြၽးေနၾကေသာ ေကာင္ေလးႏွစ္ေယာက္ေၾကာင့္ အသက္ဝင္၍ေနေပေတာ့သည္။
..........................................
ေက်ာင္းဝန္းအတြင္းသို႔ Porche ကားအျဖဴေလး အရွိန္ျဖင့္ဝင္လာေလသည္။ ပါကင္ေနရာတြင္ ေသေသသပ္သပ္ေနရာယူလိုက္ၿပီးေနာက္ ျပည္သာရဲထက္ ၿပဳံးလိုက္မိသည္။
ဒီေန႔ စိတ္ထဲမွာ အူျမဴးေနရသည္မဟုတ္လား။
"ဘာေတြၿပဳံးေနတာလဲ ဒီေန႔ မင္းကိုၾကည့္ရတာ ဖေနာင့္သံဆူးေနသလိုပဲ"
ကားေပၚကမဆင္းေသးဘဲ စိတ္ကူးနဲ႔ၾကည္ႏူးေနေသာ ျပည္သာရဲထက္ရဲ႕အေတြးေလးဟာ ေဇာ္ထက္ရဲ႕အသံေၾကာင့္ လြင့္ပ်ယ္သြားရသည္။ ပိတ္ရက္မွာ ေဇာ္ထက္တစ္ေယာက္ အျပင္ခိုးထြက္ေသာေၾကာင့္ သူ႔အိမ္က ကားမေပးဘဲ သူ႔ကားနဲ႔သာလိုက္ေစသည္။
"ဘာလဲ ဖေနာင့္သံဆူးတာက..."
"ေျမာက္ႂကြ ေျမာက္ႂကြျဖစ္ေနလို႔ေလ..."
"ဟီး... ငါ ကိုရွိန္းကိုလက္ေဆာင္ေပးဖို႔ အက်ႌေလးဝယ္လာတယ္... ဘယ္လိုေပးရမလဲဆိုတာ ေတြးၾကည့္ၿပီး ရင္ခုန္တယ္ကြာ"
"မင္းေျပာေတာ့ သူနဲ႔အတူတူသြားဝယ္မွာဆို...ဘာလဲ မင္းလူႀကီးက မလိုက္ဘူးမလား"
"သူက အခ်ိန္မရလို႔ ငါ့ဘာသာဝယ္လာတာကြာ... မင္းက လွ်ာကိုရွည္တယ္"
ႏွစ္ေယာက္သား ေျပာစရာစကားမရွိေတာ့သလို ခဏမွ်တိတ္ဆိတ္သြားေတာ့သည္။
"ေဇာ္ထက္..."
"ဘာလဲ..."
"ဒီေန႔ ကိုရွိန္းတို႔အဖြဲ႕နဲ႔ေတြ႕ရင္ ငါ့အေၾကာင္း ေကာင္းတာေလး ခ်ီးမြမ္းစမ္းပါ... ငါ့ဘာသာေျပာေနရေတာ့ ဖီးေအာက္တယ္"
"ငါက ဘာေျပာရမွာလဲ"
"ငါက ဘယ္လိုေခ်ာေၾကာင္း၊ ဘယ္လို ဝိုင္းဝိုင္းလည္ေနေၾကာင္း၊ တာဝန္ယူမႈ အျပည့္အဝရွိေၾကာင္း၊ မ်က္ႏွာျမင္ခ်စ္ခင္ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ ဘယ္လိုျပည့္စုံေၾကာင္း အဲ့လိုေလး ေျပာေပးေလကြာ... ျမန္မာဇာတ္ကားထဲက သူငယ္ခ်င္းေတြဆို အဲ့လိုေျပာေပးၾကတယ္"
"ဒီေန႔ ငါ့ေမြးရက္မို႔ ငါးပါးသီလယူထားတယ္"
"အဲ့ေတာ့..."
"လိမ္လို႔မရဘူးေလ..."
"မင္း..."
ေဇာ္ထက္ရဲ႕ လက္ေမာင္းကို လက္သီးနဲ႔ထိုးဖို႔ အရွိန္ယူလိုက္စဥ္ ကားနားက ျဖတ္သြားေသာအရိပ္ေလးေၾကာင့္ အရွိန္သတ္သြားကာ ကားေနာက္ခန္းထဲမွ လက္ေဆာင္အိတ္ေလးကိုယူ၍ အေျပးအလႊားပင္ ကိုရွိန္းေနာက္သို႔ လိုက္သြားမိသည္။
"အကို..."
"ဟင္..."
လွည့္ၾကည့္လာေသာ ထက္ကိုရွိန္းသည္ အိတ္ေလးတစ္လုံးကိုလက္ကဆြဲ၍ သူ႔ေနာက္အေျပးလိုက္လာေသာ ျပည္သာရဲထက္ေၾကာင့္ လွမ္းေနေသာ ေျခလွမ္းေလးကိုရပ္လိုက္မိသည္။
ဒီေကာင္ေလးကေတာ့ သူ႔ကိုျမင္တိုင္း အူယားဖားယားျဖင့္ အၿမဲေပါက္ကရ လုပ္တတ္လြန္းလို႔ နည္းနည္းေတာ့ရွိန္မိသည္။
"အကို... ဒါေလး"
လက္ထဲကအိတ္ေလးကို သူ႔ဆီလွမ္းေပးရင္း ၿပဳံးေနေသာ ေကာင္ေလးေၾကာင့္ အိတ္ေလးကို အသာယူလိုက္မိသည္။
"ဒါက... "
"လက္ေဆာင္ေလးဗ်ာ... အက်ႌျပန္ဝယ္ေပးမယ္လို႔ ေျပာထားတယ္ေလ"
"မလိုဘူးလို႔လည္း ကိုယ္ေျပာလိုက္ပါတယ္"
"မလိုလည္း ယူထားလိုက္ပါ... အယူခံဝင္တယ္လို႔သေဘာထား"
စကားတတ္လြန္းလွေသာ ထိုေကာင္ေလးေၾကာင့္ လက္ထဲက အိတ္ေလးကို ျပန္မေပးမိေတာ့ေခ်။ အိတ္ထဲကိုဖြင့္ၾကည့္မိေတာ့ အျပာႏုေရာင္အက်ႌေလး။ MK တံဆိပ္ေလးေၾကာင့္ ေစ်းကေတာ့နည္းမည္မထင္။ ဒီကေလး အိမ္က က်ပ္တည္းတယ္ဆိုၿပီး အဆင္မွေျပရဲ႕လား မသိ။
ထိုစဥ္ထက္ကိုရွိန္းလက္ထဲမွ ဖုန္းေလးက အသံျမည္လာတာေၾကာင့္ ျပည္သာရဲထက္အား လက္ေလးကာျပ၍ ခဏဟုခြင့္ေတာင္းေလသည္။
နာမည္မွတ္ထားေသာေနရာတြင္ သဲ ဟု ျမန္မာစာလုံးေလးတစ္ခုသာ တစ္စြန္းတစ္စျမင္လိုက္ရ၍ ျပည္သာရဲထက္ စိတ္ေတြလည္း မခိုင္ခ်င္ေတာ့ေခ်။
ခိုင္မာလာတို႔ေျပာေတာ့ ေကာင္မေလးမရွိဘူးဆိုၿပီး အခုဖုန္းဆက္ေနတာ ဘယ္သူပါလိမ့္။ ဒါမွမဟုတ္ ေကာင္မေလးရွိေနတာကို ခိုင္မာလာတို႔က မသိတာလား။ ေကာင္မေလးရွိရဲ႕သားနဲ႔ သူ႔မ်က္စိေရွ႕ေပၚေပၚလာတာကေရာ ဒီလူႀကီးက ဘာသေဘာလဲ။
"အတန္းခ်ိန္က ဖ်က္လိုက္လို႔ရပါတယ္... "
ေလတစ္ခ်က္အေဝွ႔မွာ ဖ်တ္ခနဲေရာက္လာေသာ အသံေၾကာင့္ ျပည္သာရဲ႕ေဒါသေတြ တဖြားဖြားထြက္လာရသည္။ အတန္းခ်ိန္လစ္ၿပီးေတာ့ေတာင္ သြားေတြ႕ဦးမတဲ့လား။
ဟိုလူကလည္း ေလသံကအစ အေတာ္႐ိုက်ိဳးေနပုံေထာက္ေတာ့ ေသခ်ာပါၿပီ။
ေသခ်ာေနပါၿပီ။
႐ုတ္တရက္ဝင္လာေသာ သဝန္တိုသည့္စိတ္ေၾကာင့္ ျပည္သာရဲထက္စိတ္ထဲ ဘာကိုမွမျမင္ႏိူင္ေတာ့ဘဲ ထက္ကိုရွိန္းလက္ထဲမွဖုန္းကို လုယူကာ စပီကာကို ဖြင့္လိုက္ေလသည္။
"ဒီမွာ... "
႐ုတ္တရက္ဆန္လြန္းလွေသာ ျပည္သာရဲထက္ရဲ႕အျပဳအမူေၾကာင့္ ထက္ကိုရွိန္းတစ္ေယာက္ မ်က္လုံးျပဴးေလးနဲ႔သာ ေငးၾကည့္ေနရသည္။
"အတန္းခ်ိန္မွန္ၿပီး ဘက္စုံထူးခြၽန္ေနတဲ့ ေက်ာင္းသားတစ္ေယာက္ရဲ႕ဘဝကို ဒီလို မဖ်က္စီးပါနဲ႔... ေနာက္တစ္ခါ အတန္းခ်ိန္ဖ်က္ခိုင္းၿပီး လွမ္းေခၚတာေတြ ကြၽန္ေတာ္ျပန္သိလို႔ရွိရင္ အဲ့ဘက္က မလြယ္ဘူးမွတ္ပါ... ဒါ ပထမဆုံးနဲ႔ ေနာက္ဆုံးအႀကိမ္ သတိေပးျခင္းပဲ"
"ဘယ္သူလဲ..."
ခပ္မာမာထြက္လာေသာ တစ္ျခားဘက္ကအသံေၾကာင့္ ထက္ကိုရွိန္းအသိဝင္လာကာ ဖုန္းကို ျပန္လုရန္ျပင္သည္။ သို႔ေသာ္သူ႔ထက္လ်င္ေသာ ျပည္သာက တစ္ဖက္သို႔ ခ်က္ခ်င္းလွည့္သြားေလသည္။
"ဘယ္သူလဲ ဟုတ္လား...ပညာေဝဆာတဲ့ သခ်ၤာေမဂ်ာက ျပည္ သာ ရဲ ထက္ လို႔ ေခၚပါတယ္ အစ္မႀကီး"
"ဟုတ္ကဲ့ အဲ့တာဆိုလည္း ပညာေဝဆာတဲ့ သခ်ၤာေမဂ်ာရဲ႕ ဌာန႐ုံးခန္းထဲကို အားတဲ့အခ်ိန္ေလး ႂကြျမန္းခဲ့ဖို႔ ကြၽန္မဌာနမႉးက ဖိတ္မႏၲကျပဳပါသတဲ့ရွင္"
"ဟင္..."
ဌာနမႉးဆိုတဲ့အသံၾကားမွ ဖုန္းက Contact Nameေလးကို ျပန္ၾကည့္လိုက္ေတာ့ *တီခ်ယ္ခ်ိဳသဲ* ဆိုတဲ့ နာမည္ေလးက သူ႔ကို ေျပာင္ျပေနသလိုပင္။ သူ႔လက္ထဲက ဖုန္းေလးသည္ ကိုရွိန္းလက္ထဲသို႔ ဘယ္လိုျပန္ေရာက္သြားမွန္းေတာင္ မသိေတာ့ေခ်။
"သားေတာင္းပန္ပါတယ္တီခ်ယ္... ပထမႏွစ္က ကေလးပါ... တျခားသူထင္ၿပီး ေျပာလိုက္တာထင္ပါတယ္"
ကိုရွိန္း၏ ေတာင္းပန္ေနေသာအသံမ်ားက တျဖည္းျဖည္းတိုး၍လာသည္။ ဖုန္းခ်လိုက္ၿပီး သူ႔ကို စိမ္းစိမ္းကားကားၾကည့္သြားေသာ ကိုရွိန္းရဲ႕ မ်က္ဝန္းေတြေၾကာင့္ ရွင္းျပမည့္စကားလုံးေတြကို မ်ိဳသိပ္လိုက္ရသည္။
"မင္း ေနာက္တစ္ခါ ငါနဲ႔ ေဝးေဝးေန..."
ေသလိုက္ပါေတာ့ျပည္သာရဲထက္ေရ။ အခုပဲ Crush ႀကီးနဲ႔ ေျပလည္ဖို႔ႀကံကာရွိေသး အခုဘဲ ျပႆနာတတ္ကာ စိတ္ဆိုးသြားျပန္သည္။ ေဒါသထြက္ကာ လက္ထဲက လက္ေဆာင္အိတ္ေလးကို ျပန္မေပးခဲ့၍ ေတာ္ေသးသည္။
ခက္လိုက္တာဗ်ာ။ တတိယအႀကိမ္ ဆုံေတြ႕ရျခင္းက ဖူးစာဆိုတဲ့အေၾကာင္းေလးေတာင္ မေျပာလိုက္ရပါလား ခင္ဗ်ားရယ္။
Nion
Collab with Author Akari
( ျပည္သာရဲထက္ရဲ႕ ပုံစံေလးက ေရွ႕မၾကည့္ေနာက္မၾကည့္ တဇြတ္ထိုးလုပ္တတ္တဲ့ ပုံစံေလးကို ပုံေဖာ္ခ်င္တာေၾကာင့္ ဒီအပိုင္းေလးကိုလည္း ႀကိဳးစားၿပီးေရးထားပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ Collab ေလးကို သေဘာက်ၿပီး ဖတ္ေပးခဲ့တဲ့ တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္။ ဆက္ၿပီး ႀကိဳးစားပုံေဖာ္သြားပါ့မယ္ဗ်။ )