ငယ်စဉ်ကတည်းက အမျိုးမျိုးသော ရည်မှန်းချက်များ အောင်မြင်ဖို့ပြီးတော့ လူတွေရဲ့စာနာမှုကို ရရှိဖို့အတွက် ဖုရိကျယ်က အငိုနည်းကို ကျွမ်းကျင်စွာ အသုံးချနိုင်ခဲ့ပြီး မငိုချင်တော့ရင်လည်း သူ မျက်လုံးထဲက မျက်ရည်များကို ခဏတွင်း တိတ်စေနိုင်သည်။
သူငိုတဲ့ပုံစံက သနားဖို့ကောင်းပြီး နှလုံးသားများစွာကို ပျော့ပျောင်းစေနိုင်တယ်ဆိုတာ သူသိတယ်။
အရွယ်ရောက်လာတော့ သူ့ကိုယ်သူ ကာကွယ်ဖို့ ဒီနည်းလမ်းကို မလိုအပ်တော့ပေမယ့် ဘာပဲဖြစ်ဖြစ် အခု သူ့မျက်ရည်ကို ထိန်းမထားနိုင်ခဲ့ပါဘူး။
ဖုခွင်း သူ့မျက်ရည်တွေကို မြင်ရမှာကို ပိုကြောက်လေလေ၊ သူရှက်လာလေလေ ခံစားရလေလေ၊ ရပ်တန့်ဖို့ ကြိုးစားလေလေ၊ သူ မထိန်းနိုင်လေလေပါပဲ။
ဖုရိကျယ် ဖုခွင်းရဲ့ ပခုံးပေါ်မှာ မျက်လုံးများကို ဖိထားပြီး ဖုခွင်းရဲ့ အင်္ကျီပေါ်ကနေတောင် အဆက်မပြတ် စီးကျနေသော မျက်ရည်များကို ခံစားလို့ရသည်။
သို့သော် ဖုခွင်းက လမ်းပေါ်ရှိ ကားများကို အာရုံစိုက်နေတာကြောင့် သူ့အပြုအမူကို သတိမထားမိပုံရသည်။
နောက်ဆုံးတွင် တက္ကစီတစ်စီးရောက်လာပြီး ဖုခွင်း က လက်ဆွဲခေါ်ကာ ဖုရိကျယ်ကို ကားထဲသို့ ဆွဲခေါ်သွားသည်။
ဖုရိကျယ် ဖုခွင်း ကားသမားနှင့် စကားပြောနေတုန်း သူ့မျက်ရည်များကို သုတ်လိုက်သည်။
အခုအချိန် ဆေးရုံသည် လူ အလွန်ကင်းမဲ့နေပြီး ဖုရိကျယ်မှာ ဖုခွင်းက အရေးပေါ်ခန်းထဲကို ဆွဲခေါ်သွားခြင်းကို ကူကယ်ရာမဲ့ ခံခဲ့ရသည်။
"ကျွန်တော့်ညီ ရုတ်တရက် အဖျားတက်ပြီး ကိုယ်လက်တွေလည်း အရမ်းပူလာလို့" လို့ ဖုခွင်း က တာဝန်ကျ ဆရာဝန်ကို ပြောလိုက်သည်။
တာဝန်ကျ အမျိုးသမီး ဆရာဝန်သည် ဖုရိကျယ်ကို မော့ကြည့်ကာ သာမိုမီတာကို ထုတ်ပြီး ဖုခွင်း အား ပေးလိုက်ကာ "အဲဒီမှာ ထိုင်ပြီး အပူချိန်ကို အရင်တိုင်းလိုက်၊ အအေးမိတာလား"
"ငါဘာမှမဖြစ်ဘူး ထင်တယ်နော် " ဖုရိကျယ် က သာမိုမီတာကို ကြည့်ပြီး မသိစိတ်ကြောင့် နောက်ပြန်ဆုတ်သွားသည်။
"အရင်တိုင်းလိုက်" ဖုခွင်းက သူ့လက်တွေကို ပွတ်သပ်ကာ ဖုရိကျယ်ရဲ့ နဖူးကို စမ်းပေးရင်း အင်္ကျီလည်ပင်း ပေါက်ထဲကနေ သာမိုမီတာကို ထည့်ကာ သူ့နဖူးကို ထပ်မံစမ်းကြည့်ပြီး "အရမ်းပူနေတာပါ... မပူတော့ဘူးလား။"
"ငါပြောသားပဲ အဆင်ပြေပါတယ်လို့။" ဖုရိကျယ် သည် သူ့လက်ကြားမှ သာမိုမီတာကို ညှပ်ထားရင်း ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"မင်းရဲ့ အိပ်ဆောင်မှာတုန်းကထိ ကိုယ်ပူနေတုန်းပဲကို" ဖုခွင်း က အနည်းငယ် အံ့ဩသွားကာ "မဟုတ်မှ မင်းလေစိမ်းတိုက်ခံရလို့ အေးသွာတာများလား။"
“အဲ့လို အေးနိုင်လို့လားဟ” အမျိုးသမီး ဆရာဝန်ကပြောရင်း “ဘယ်နှစ် ဒီဂရီရှိလဲ ကြည့်ရအောင်”
36.5 ဒီဂရီ၊ အလွန်ပုံမှန်ခန္ဓာကိုယ်အပူချိန်ပင်။
"အဖျားမရှိဘူး" အမျိုးသမီးဆရာဝန်က သာမိုမီတာကိုကြည့်ပြီး ဖုရိကျယ် ကိုကြည့်ကာ "မင်း ကိုယ်လက်နာကျင်နေလား။ ခေါင်းကိုက်လား။ တခြားနေရာရာက အဆင်မပြေတာမျိုး မရှိဘူးလား"
"မရှိဘူး" ဖုရိကျယ်က ပြောလိုက်သည်။
"ဒါဆို အဆင်ပြေပြီ" သူမက ပြုံးပြီး ဖုရိကျယ်ကို နားကြပ်ဖြင့် ထောက်ကာ နားထောင်ကြည့်ရင်း "ကြည့်ရတာ ဘာမှ မဖြစ်သလိုပဲ၊ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်နေရာမှ အဆင်မပြေတာမျိုး မဖြစ်ဖူးမို့လား၊ ဒါဆို အရင်ပြန်ပြီး အနားယူလိုက်ပါ "
"ဒါပေမယ့် အခုပဲ..." ဖုခွင်း က အရမ်းစိတ်ရှုပ်သွားပြီး ဖုရိကျယ် ကို အချိန်အကြာကြီး စိုက်ကြည့်ရင်း ရုတ်တရက် သူ့ကို လက်ညှိုးထိုးပြပြီး "ဆရာမ သူ့မျက်လုံးတွေ နီရဲနေတာ တွေ့တယ်မို့လား၊ နှာခေါင်းလည်း နီနေတယ်လေ။ အဆင်ပြေလို့လား?"
"ဟေး" ဖုရိကျယ် က ဘာလုပ်ရမှန်းမသိသောကြောင့် သက်ပြင်းသာချလိုက်သည်။
"ကြည့်ပါရစေ" အမျိုးသမီး ဆရာဝန်က ဖုရိကျယ် ရဲ့ မျက်လုံးတွေကို ကြည့်ပြီး "ဒါက ပုံမှန်ပါပဲ၊ မင်း ငိုတဲ့အခါ နီရဲလာမှာပဲလေ၊ ဒါမှမဟုတ် မင်း နှစ်မိနစ်လောက် အပြင်ထွက်ပြီး လေတိုက်ခံကြည့်လိုက် မင်း သူ့ထက်တောင် ပိုနီနေနိုင်သေးတယ်"
ဖုခွင်း ကြောင်အမ်းနေစဥ် အမျိုးသမီး ဆရာဝန်က သူ့လက်ကို ဝှေ့ယမ်းပြီး "ဘာမှမဖြစ်ဘူး၊ ပြန်တော့၊ မင်းတို့နှစ်ယောက် ရာသီဥတုက ဒီလောက်အေးတာကို ဆေးရုံ လာပြီး ဆရာဝန်ကို လာနောက်နေတာလား"
ဖုရိကျယ် အမြန်ထရပ်ပြီး ကျေးဇူးတင်ကြောင်းပြောကာ လှည့်ပြီး အရေးပေါ်ခန်းမှ ထွက်လာခဲ့လိုက်သည်။
ဖုခွင်း ခဏမျှ တုံ့ဆိုင်းနေပြီး နောက်မှ လိုက်ထွက်လာခဲ့သည်။
ဖုရိကျယ်က သူ့ခေါင်းကို ငုံ့ထားပြီး ရှေ့က လျှောက်သွားသည်။ ဖုခွင်းက သူ့နောက်ကျောကို ကြည့်ရင်း ဖုရိကျယ် မှီထားသော သူ့ပခုံးပေါ်ရှိ နေရာကို လက် မြှောက်လိုက်ပြီး ထိကြည့်လိုက်ရာ အနည်းငယ် စိုစွတ်နေသည်။
"အိမ်ပြန်စို့" ဖုခွင်းက ဆေးရုံဂိတ်ပေါက်ဝကနေ ထွက်တော့ နောက်ကနေ အော်ပြောလိုက်သည်။
"အင်း " ဖုရိကျယ် က သူ့ဘေးမှာ လာရပ်ပြီး "ဘတ်စ်ကားစီးရအောင်"
" တက္ကစီနဲ့ သွားမယ်၊ လေက တော်တော်ပြင်းတာကို။" ဖုခွင်း က လည်ပင်းကို ပုလိုက်ပြီး ခေါင်းငုံ့ကာ နှာချေရင်း "ဒီကလေး ဘယ်လိုဖြစ်ပြီး အဖျားကျသွားရတာလဲ?"
"လာပြန်ပြီ။" ဖုရိကျယ်က သူ့လက်များကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ပတ်ပတ်လည်ကို ကြည့်နေသည်။
" ဘယ်လိုလုပ် ဆေးရုံမှာ မိနစ် ၂၀ လောက်နေရုံနဲ့ ဖျားတာက ပျောက်သွားရတာလဲ" ဖုခွင်း သူ့ကို နှစ်စက္ကန့်လောက် စိုက်ကြည့်ပြီး ခေါင်းငုံ့ကာ ထပ်ပြီး နှာချေလိုက်ပြန်သည်။
"မင်း အအေးမိသွားတာလား" ဖုရိကျယ် ရုတ်တရတ် စိတ်တွေပူလာသည်။
"ငါအဲ့လောက် အအေးမမိလွယ်ပါဘူး" ဖုခွင်းက သူ့နှာခေါင်းကို ပွတ်ရင်း "အခု ပြောနေတာ..မင်းကို"
"ငါ့ကို ဘာပြောမလို့လဲ" ဖုရိကျယ် က သူ့ကို ကြည့်ရင်း အကြောင်းပြချက်တွေ မပြချင်တော့တာကြောင့် "အဖျားသက်သာသွားပြီလေ၊ ဘာဖြစ်လို့လဲ၊ ငါကနေကောင်းလို့မရဘူးလား"
"... ရပါတယ် " ဖုခွင်း က ပြုံးပြီး ကားတစ်စီး လာနေတာကို တွေ့တော့ သူက လက်ပြကာ " မရလို့ မရဘူးလေ၊ မင်း ဒီလောက်တောင် တော်တာကို။"
"ဒါဆို ဘာလို့မေးနေသေးလဲ" ဖုရိကျယ် ခပ်တိုးတိုးလေး ပြန်ပြောလိုက်သည်။
အိမ်ထဲဝင်ပြီးတာနဲ့ ဖုရိကျယ် ဝက်စတူးရနံ့ကို အနံ့ခံမိပြီး ဗိုက်က တဂွီဂွီ အော်လာသည်။
“ပြန်လာပြီလား” လောက်မားက မီးဖိုထဲကနေ လှမ်းအော်သည်။
"သားကော ပြန်လာပြီ၊ သားဖို့ကော ရှိသေးလား" ဖုခွင်း က တံခါးဝကနေ အော်လိုက်သည်။
"ဟေး" လောင်မားက ပြေးလာပြီး ဖုခွင်း ကိုတွေ့တော့ အံ့ဩသွားကာ "ဘာလို့ပြန်လာတာလဲ၊ ညစာစားဖို့ ချိန်းထားတယ်ဆို"
"မစားခဲ့ရဘူး" ဖုခွင်း က စင်္ကြံမှာ ခဏထိုင်နေတဲ့ ဖုရိကျယ် ကို တစ်ချက်ကြည့်လိုက်ပြီး "ကျွန်တော် သူ့ကို လာကြိုပြီး ပြန်လာခဲ့လိုက်တာ"
“ကောင်းလိုက်တာ မား ဒီနေ့ အများကြီးချက်ထားတယ်” လောင်မားက လက်ခုပ်တီးပြီး “ဒါဆို စားကြရအောင်”။
တျိုးတျိုးက မြေပြင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး ဖုရိကျယ်က သူ့ဗိုက်ကို ညင်သာစွာ ပွတ်ပေးတော့ သူ့ကိုယ်သူ ပျော်ရွှင်နေပုံပေါ်ကာ မျက်လုံးများ မှိတ်ထားသည်။
"နေလို့ကောင်းရဲ့လား စာမေးပွဲပြီးလို့ အိမ်ပြန်ရောက်ရင် မင်းဗိုက်ကို နေ့တိုင်း ပွတ်ပေးမယ်။" ဖုရိကျယ် က လက် ဆေးဖို့ မီးဖိုချောင်ထဲကို မသွားခင် အကြိမ်အနည်းငယ် ပွတ်ပေးပြီး ပြောလိုက်သည်။
ဖုခွင်း ဧည့်ခန်းထဲတွင် နှစ်ကြိမ်လောက် နှာထပ်ချေနေတာမို့ ဖုရိကျယ်က ထွက်လာပြီး အိမ်ရှိ ဆေးသေတ္တာထဲက နှာစေးပျောက်ဆေးဘူးကိုယူပြီး ဖုခွင်း ရှေ့သို့ ပစ်ချလိုက်သည်။
“အအေးမိတာလား” လောင်ပါးက မေးသည်။
"မဟုတ်ဘူး" ဖုခွင်း က နှာရှိုက်ရင်း "တျိုးတျိုးရဲ့အမွေးတွေနှာခေါင်းထဲ ဝင်သွားလို့ ဖြစ်နိုင်တယ်"
“ဆေးမြန်မြန်သောက်!” လောင်မားက ဝက်စတူးအိုးသယ်ကာထွက်လာပြီး “မင်းညီ ပြန်လာတာကို အအေးမိတာ မကူးစေနဲ့။ သူ နေ့တိုင်း စာကျက်နေတော့ အရင်လို အားကစားမလုပ်အားဘူး။ ကျိန်းသေပေါက် လွယ်လွယ်နဲ့ ကူးစက်သွားလိမ့်မယ်......"
"အာ.အာ." ဖုခွင်း က ဆေးဘူးကိုယူပြီး သူ့ပါးစပ်ထဲကို ဆေးနှစ်ပြားထည့်ကာ "သိပါပြီ "
"အငယ်လေး" လောင်မားက ဖုရိကျယ်ရဲ့ ပန်းကန်ထဲကို အသားတွေထည့်ပေးလိုက်ပြီး "အရမ်းကြီး မကြိုးစားပါနဲ့၊ မားကြည့်တာ မင်း တစ်နေ့ထက်တစ်နေ့ ပိန်လာလိုက်တာ၊ မင်းကောထက်တောင် ပိန်လာပြီ၊ မား အရမ်းစိတ်ပူတယ် "
"ဒါဆို မား ကော နည်းနည်း ပိုဝလာဖို့ရာကို အရင် စိတ်ပူရမှာ " ဖုရိကျယ် က ပြုံးပြီး ခေါင်းငုံ့ကာ အသားနှစ်တုံးကို ပါးစပ်ထဲထည့်ကာ ကျေနပ်စွာ ဝါးလိုက်သည်။
"ကျွန်တော် ငယ်ငယ်လေးကတည်းက မဝဖူးဘူးလေ၊ ဒီလူက မျှော်လင့်ချက်မဲ့နေတယ်" လောင်မားက ဖုခွင်း ကို လှမ်းကြည့်ရင်း " သူစားတဲ့ပုံကိုကြည့် မပျော်မရွင်ပုံစံနဲ့စားနေတာ၊ သူဘယ်လောက်ပဲစားလည်း သူ့ဗိုက်ကိုပဲကြည့်၊ စားတယ်ဆိုမှ ဟုတ်သား မင်းနဲ့စားဖို့ ချိန်းထားတဲ့ တစ်ယောက်နဲ့ကကော...."
ဒါကိုကြားတော့ ဖုရိကျယ် ခေါင်းကို အမြန်ငုံ့လိုက်သည်။
ဖုခွင်းက ဘာမှမပြောဘဲ နှစ်ခါလောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ညဘက်အိပ်ချိန်မှာ ဖုခွင်းက သူ့အဖျားအကြောင်း မမေးတော့ဘဲ ဝရံတာတွင် ခုံဟွေ့ ဆီကို ဖုန်းခေါ်နေသည်။ ဖုရိကျယ် သူပြောတာကို သေချာ မကြားရပေမယ့် တောင်းပန်တာဖြစ်နိုင်သည်။
ဖုရိကျယ် သက်ပြင်းချလိုက်ပြီး ခေါင်းအုံးဖုံးကိုပွတ်ကာ မျက်လုံးမှိတ်ထားလိုက်သည် ။မကြာသေးမီက သူ့ပတ်ဝန်းကျင်ရှိလူတိုင်းကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ အငွေ့အသက်များကို ထည့်ထားသည့် ဗူးထဲကလေကို ရှူရှိုက်နေရသလို ရှည်လျားပြီး အသက်ရှုကြပ်သလို အမြဲတမ်းမောပန်းနေရသည်။
ဖုခွင်းက သူ့ဘေးတွင် လှဲလျောင်းပြီး သိပ်မကြာခင် အိပ်ပျော်သွားသည် ။
ဖုရိကျယ်က လက်ချောင်းများနာသည်အထိ ခေါင်းအုံးဖုံးကို ပွတ်နေသော်လည်း လုံးလုံးအိပ်မပျော်ခဲ့ပေ။သူ အိပ်မောကျပုံမှာ နိုးတစ်ဝက်အိပ်တစ်ဝက်နှင့် မသက်သာလှပေ။
ညသန်းခေါင်မှာ ဘယ်အချိန်မှန်းမသိတွင် ဖုခွင်း၏ နောက်ထပ် အကြိမ်အနည်းငယ် နှာချေသံကို ကြားရပြီး အိပ်ခန်းထဲက ခပ်တိုးတိုး ထပြီး ထွက်သွားတာကိုပါ ကြားလိုက်ရသည်။
ဖုရိကျယ် အကြာကြီးစောင့်နေသော်လည်း သူဝင်လာသည်ကိုမတွေ့သဖြင့် တိတ်တဆိတ်ထကာ တံခါးဖွင့်ပြီး ဧည့်ခန်းထဲသို့ လှမ်းကြည့်လိုက်ရာ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် အိပ်နေသော ဖုခွင်းကို တွေ့လိုက်ရသည်။
ဖုရိကျယ် ပြေးထွက်ပြီး ဖုခွင်းနဲ့အတူအိပ်ချင်စိတ်ကို ထိန်းချုပ်ပြီး အခန်းထဲက ခေါင်းအုံးပေါ် မှာသာ ပြန်အိပ်လိုက်သည်။
ဖုခွင်းက နည်းနည်းပိန်ပေမယ့် ကျန်းမာရေးကောင်းပြီး အအေးပတ်တာကို မခံနိုင်တာဖြစ်သည်။ သူ တစ်ရက်လုံး နှာတွေမွှန်နေပြီး
နေ့တိုင်း ဆိုင်ထဲမှာ တနေကုန်မတ်တပ်ရပ်ပြီး နှာမွန်နေတာတောင် ဖောက်သည်တွေကို စကားပြောဆိုနိုင်သေးသည်။
လောင်မားက သူ့ကို အိမ်မှာ နှစ်ရက်လောက် အနားယူခိုင်းပေမယ့် သဘောမတူဘဲ တစ်နေ့ အလုပ်မလုပ်ရင် တစ်နေ့ပိုက်ဆံ ဆုံးရှုံးသွားလိမ့်မယ်ဟုဆိုသည်။
ခုံဟွေ့ ယခုရက်များအတွင်း သူ့ဆိုင်သို့ လာရောက်လည်ပတ်မှု သိသိသာသာ လျော့နည်းသွားခဲ့ပြီး သူလည်း သက်ပြင်းချနိုင်ခဲ့သည်။
ခုံဟွေ့ နှင့် ပတ်သက် သူတွေးတောခြင်း မရှိသော်လည်း၊ နှစ်ကြိမ်ထမင်းစားဖို့ခေါ်တာကို တစ်ကြိမ်တွင် ကောင်မလေးကို စားသောက်ဆိုင်မှာ ထားခဲ့ကာ တစ်ကြိမ်ဆို စားသောက်ဆိုင်ထဲသို့ပင် မဝင်တော့ဘဲ လမ်းပေါ်ပစ်ချထားခဲ့မိသည်။ ဒီကိစ္စက ဘယ်လိုပဲတွေးတွေး သူ တောင်းပန်သင့်သည်။
ဖုခွင်း ထိုနေ့က ဖုရိကျယ် သူ့ကို ဘာလို့ လိမ်ခဲ့တာလဲကို ဖုခွင်း မမေးခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ချန်လိ မှလွဲ၍ ဖုရိကျယ်သည် သူ့ပတ်ဝန်းကျင်ရှိ မိန်းကလေးများထဲက ဘယ်သူ့ကိုမျှ နှစ်သက်ပုံမပေါ်ပေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲက မကြာခင်မှာ ကျရောက်တော့မှာဖြစ်တာကြောင့် ဖုရိကျယ်က ဘာပဲလုပ်ချင်လုပ်ချင် စာမေးပွဲကို မှန်မှန်အောင်နိုင်သရွေ့ သူနဲ့အတူ လိုက်လုပ်ပေးနိုင်သည်။
သူ့မိဘတွေက ဖုရိကျယ် ကို အခြေခံအားဖြင့် ဘာမှဖိအားမပေးပေမယ့် ဖုရိကျယ် ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲက သူတို့အတွက် ဘာကိုဆိုလိုသလဲဆိုတာကို သူသိပြီး ဖုရိကျယ်က သူ့ကိုယ်သူမျှော်လင့်ထားတဲ့အရာကိုလည်း သူသိသည်။
နှစ်စပိုင်းကာလတစ်လျှောက်လုံး ဖုရိကျယ် သည် ကျောင်းတွင် အေးအေးချမ်းချမ်းနေနေပြီး ဖုခွင်းက သူ့ဆီ ရံဖန်ရံခါ ဖုန်းဆက်ကာ သူဘာစားချင်လဲမေးကာ သူ့ထံ ပို့ပေးလေ့ရှိသည်။
ဒါပေမယ့် ဖုရိကျယ် က အိပ်ဆောင်ထဲက ကျောင်းသားအနည်းငယ်နဲ့ ပျော်ပျော်ပါးပါး အကင်စားချင်သည်ဟုဆိုကာ သူ့ကို တခါ ပို့ပေးဖို့ တောင်းဆိုခဲ့ဖူးသည်။
အထက်တန်းကျောင်း တတိယနှစ်၏ ဆောင်းရာသီအားလပ်ရက်သည် တစ်ပတ်လောက်သာ ကြာမြင့်ပြီး ယခင်နှစ် ရိကျုံး၏ ဝင်ခွင့်နှုန်းသည် ယခင်နှစ် ထခွဲကျောင်းထက် နည်းပါးတာကြောင့် ယခုနှစ် ဆောင်းရာသီအားလပ်ရက်က ပိုနည်းသွားသည်။
ဖုရိကျယ်လည်း အိမ်တွင် နှစ်ရက်သာ နေလိုက်ရပြီး ကျောင်းကို ပြန်သွားလိုက်ရကာ အမှောင်ထုအသစ် တစ်ခု စတင်ကျော်ဖြတ်ခဲ့သည်။
ဖုခွင်းက ဖုရိကျယ်ထက်တောင် သူ့ဘဝက ပိုပင်ပန်းနေသလို ခံစားရသည်။ ပြက္ခဒိန်ကို နေ့တိုင်းကြည့်ရင်း ဖုရိကျယ်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲရက်တွေကို ရေတွက်လိုက်၊ ဖုရိကျယ်ရဲ့ ပြန်လည်သုံးသပ်ချက်က ပိုကောင်းလာမလာ စိုးရိမ်ရလိုက်ပင်...
"ရော့ ၊ ငါလုပ်ထားတဲ့အသုပ်ကို မြည်းကြည့်၊" ခုံဟွေ့ က ထမင်းဘူးသေးသေးလေးကို ဖုခွင်းဆီ ယူလာပေးရင်း "အသီးနဲ့လုပ်ထားတာ"
"ကျေးဇူးတင်ပါတယ်" ဖုခွင်းက ထမင်းဘူးကို ယူပြီး ခုံဟွေ့ နဲ့ စကားစမြည်ပြောရင်း တဖြည်းဖြည်းဆီ စားနေပေမယ့် အရသာနဲ့ပတ်သက်ပြီး သူဘာမှ မှတ်ချက်မပေးလိုက်ဘူး။
"ငါတို့အတွက်ကောမပါဘူးလား?" ချန်ကျဲက ဘေးနားကနေပြီး "မင်းမျက်လုံးထဲမှာ ဖုခွင်းပဲ ရှိတော့တာလား"
"အရင်တစ်ခေါက် ယူလာတုန်းက အားလုံးမကြိုက်ဘူးမို့လား? အနံ့က ထူးဆန်းတယ်ပြောကြပြီးတော့" ခုံဟွေ့ က ပြုံးပြီး "နောက်တစ်ခါ အမတို့စားဖို့ အသားညှပ် ပေါင်မုန့် လုပ်လာမယ်"
"ဒါဆို မင်း အသားညှပ်ပေါင်မုန့်ကြိုက်လားလို့ ဖုခွင်းကို အရင်မေးလိုက်အုန်း။" ချန်ကျဲက သူမကို ရယ်ရင်းပြောလိုက်သည်။
"ဟွမ်ကျဲ အဲဒီလို မပြောပါနဲ့" ခုံဟွေ့က ဆံပင်ကို ရမ်းလိုက်ရင်း "ငါ့ကို ဖုခွင်းက နည်းနည်းလေးတောင် စိတ်ထဲမရှိဘူး"
"အို၊ မဖြစ်နိုင်တာ" ချန်ကျဲ တော်တော်အံ့သြသွားသည်။
ဖုခွင်းလည်း ခုံဟွေ့ ကို မကြည့်ဘဲ မနေနိုင်တော့ဘဲ မော့ကြည့်မိသည်။
"တကယ်မရှိတာ" ခုံဟွေ့ က ဖုခွင်းဘေးတွင် ထိုင်လိုက်ပြီး "လူတွေက ပြောကြတယ်၊ ညီမရှိတဲ့ယောက်ျားလေးကို မရှာနဲ့တဲ့၊ ဘယ်သူမှ သူ့ညီမလောက် အရေးမပါဘူးမို့လို့၊ ငါ့အတွက်ပြောရရင် ညီရှိတဲ့အစ်ကိုတွေလည်း အတူတူပဲ "
"ဟုတ်လား?" ဖုခွင်း သစ်သီးသုပ်ပေါ်တွင် သွားကြားထိုးတံကို ထိုးလိုက်ရင်း နည်းနည်းလည်း ရှက်သလို ဖြစ်သွားသည်။
"ချန်ကျဲ မသိလို့" ခုံဟွေ့ က သက်ပြင်းချရင်း "ဖုခွင်းကို အကင်စားဖို့တောင် ငါ မတောင်းဆိုရဲဘူး၊ သူ ငါ့ကို ထပ်ပြီး လမ်းဘေးမှာ ပစ်ထားခဲ့မှာကို ကြောက်လို့ ."
"မှတ်ထားသေးတာလား" ဖုခွင်းက ရယ်ပြီး "ခုနနေခေါ်မှ မလာကြည့်၊ ငါမင်းကို အကင် ခေါ်ကျွေးမလို့ "
"တကယ်လား?" ခုံဟွေ့ က သူ့ကို စိုက်ကြည့်နေသည်။
"ဒါက ဘာဖြစ်တာမို့လို့လဲ၊ အကင်လေးစားတာကို၊ ဂျင်ဆင်းသီး လည်းမဟုတ်ဘူး၊ သာ့ထုန် အပြင်ဘက်ထွက်လိုက်ရင်ရပြီ ၊ မင်းငိုပြီး ဖုကောကော၊ ငါမစားနိုင်တော့ဘူးလို့ ပြောလာတဲ့အထိ စားဖို့ ယွမ် ၅၀တောင် ကုန်မှာ မဟုတ်ဘူး"
ခုံဟွေ့ကရယ်ပြီး "ဖုကောကော၊ ဒါဆို ဖိတ်ဖို့ကို ဘာလို့ စောင့်နေသေးတာလဲ၊ ငါ နေမထိထိုင်မသာဖြစ်နေပြီ။ မင်း ငါ့ကို နေ့လည်စာကျွေးလို့ရတယ်၊ ငါခုနကနေ့လည် နည်းနည်းပဲစားထားတာ ဗိုက်ဆာလာပြီ "
"ကောင်းပြီ" ဖုခွင်း က ထမင်းဘူးကို ချပြီး ထရပ်လိုက်ကာ "ချန်ကျဲ ဆိုင်ကို ကြည့်ပေးထားဦး။ ကျဲစားချင်တဲ့ အကင် ယူလာပေးမယ်။"
"အိုကေ" ချန်ကျဲ ခဏစဉ်းစားပြီး "နံရိုးကင်၊ သိုးသားကျောက်ကပ်ကင်!"
"ခဏစောင့်။" ဖုခွင်း က သူ့လက်ကို ဝှေ့ယမ်းပြီး ခုံဟွေ့ကို အောက်ထပ်ကို ခေါ်သွားသည် ။
"ဖုခွင်း " ခုံဟွေ့ က ဝမ်းသာအားရနဲ့ သူ့နောက်ကို လိုက်သွားပြီး "မင်းသီချင်းဆိုကောင်းလား"
"ငါ့? အဆင်မပြေဘူး" ဖုခွင်း က "ငါ ငယ်ငယ်က သီချင်းဆိုတုန်းက ငါ့ညီက အရမ်းပြင်းပြင်းထန်ထန် သီချင်းဆိုတာကို ရပ်ခိုင်းဘူးတယ်။ အဲဒီအသုံးအနှုန်းက ငါသီချင်း ဆိုနေရတာက လူမဆန်ဘူးလို့ ခံစားရတယ်ဆိုလား ”
ခုံဟွေ့ က အချိန်အတော်ကြာအောင် ရယ်လိုက်ပြီး "တစ်နေ့နေ့တော့ သီချင်း နည်းနည်းလောက်သွားဆိုရအောင်။ ညီမလေး ချင်းချင်းက မြို့သစ်ဘက်မှာ KTV အသစ်ဖွင့်လိုက်ပြီတဲ့ ငါ့ကို နှစ်ခါရှိပြီ ခေါ်နေတာ။ ချန်ကျဲ နဲ့ တခြားသူတွေခေါ်ပြီး ပျော်ဖို့ သွားရအောင်။"
"ရတယ်လေ" ဖုခွင်း ခေါင်းသာ ညိတ်ပြလိုက်သည်။သူ အားလုံးနဲ့ အတူတူပျော်ဖို့ အပြင်ထွက်တာမျိုး စိတ်မ၀င်စားဘူး။
"မှန်ပါတယ်၊ ဒါ သူပြောတဲ့အတိုင်း တိုင်းတာ! ဘုတ်အဖွဲ့! ပုံစံ!"
"ကောင်းပြီ၊ တိုင်းတာရေးဘုတ်ကိုသွားပြီး ပေတံတစ်ခုယူလာခိုင်းမယ်" ဖုခွင်းက ပြုံးပြီး လမ်းဘေးကို လှမ်းကြည့်လိုက်တယ်။ အကောင်းဆုံးအရသာရှိတဲ့ အကင်ဆိုင်မှာ လူသိပ်မရှိဘူး၊ ခုံဟွေ့ က သူ့ကိုမစားဘူးလားလို့ ပြောမည့်အချိန်မှာပင် သူ့ဖုန်းက မြည်လာသည်။
"အားရိုး" ခုံဟွေ့ က အော်လိုက်သည်။
"လောင်မား" ဖုခွင်းက ဖုန်းကို ကြည့်ပြီးတော့ ခုံဟွေ့ ရဲ့ တုန်လှုပ်နေတဲ့ အကြည့်ကို သူ ရယ်မောလိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်ကာ "ဟဲလို မား?"
"ခွင်းလေး !" လောင်မားက စိုးရိမ်တကြီးအော်ပြီး၊ "မြန်မြန်ပြန်လာ! အိမ်ပြန်လာခဲ့!"
"ဘာဖြစ်နေတာလဲ" ဖုခွင်း ရုတ်တရတ် စိတ်တွေပူလာပြီး သူကျော တည့်မတ်ကာ "ဘာဖြစ်တာလဲ?"
"တျိုးတျိုး " လောင်မားက ပြောနေရင်း "တျိုးတျိုး တျိုးတျိုး မနေနိုင်တော့ဘူးထင်တယ်၊ ဘာလုပ်ရမလဲ!"
ဖုခွင်း အပြေးအလွှားပြန်သွားချိန်တွင် ကားဝယ်ချင်တယ်လို့ ပြောပြီးမလုပ်ခဲ့တာကို နောင်တရမိသည်။
အခုတော့ တက္ကစီပေါ်မှာ ထိုင်နေတဲ့ ယာဉ်မောင်းကို ပြတင်းပေါက်ကနေ တွန်းထုတ်ပြီး ဂီယာကို အဆုံးထိ လှမ်းတင်ပစ်ချင်တော့သည်။
တျိုးတျိုးက နှစ်သစ်ကူးမတိုင်ခင်ကတည်းက အရမ်းမလှုပ်ရှားတော့ဘဲ နေ့တိုင်း ထွက်သွားတဲ့အခါ ဖြည်းဖြည်းသာ လမ်းလျှောက်နိုင်တော့ပြီး လမ်းဘေး မြက်ခင်းပြင်မှာ ကျင်းတွေထဲ လျှောက်ဝင်သွားကာ မှိန်းနေတတ်သည်။ အားအင်သိပ်မရှိတော့တဲာကြောင့်
ခြေလှမ်းအနည်းငယ်လှမ်းပြီးတာနဲ့ ထိုင်လိုက်ပြန်သည်။
တျိုးတျိုး အသက်ကြီးလာပြီဆိုတာ မိသားစုထဲကလူတိုင်းသိကြပေမယ့် အေးနေတော့ မလှုပ်ချင်ဘူးလို့ဖြစ်နေတာလို့ လည်း ထင်နေမိကြသည်။ လောင်မားဆို တျိုးတျိုး ဝတ်ဖို့ အင်္ကျီသေးသေးလေးတောင် လုပ်ပေးထားသည်။
မမျှော်လင့်ဘဲ၊ ဒါက အလုပ်ဖြစ်ပုံ မရပေ။
ဖုခွင်း ချွေးစေးတွေထွက်အောင် စိတ်ပူနေပြီး သူ့လက်နှင့်ခြေများလည်း ရေခဲကဲ့သို့ အေးစက်နေလေသည်။ ဒီနေ့ သောကြာနေ့ညနေဆိုတော့ ဖုရိကျယ် အိမ်ပြန်လာလိမ့်မယ်။
ဖုခွင်း ခုနစ်လွှာအထိ ပြေးလွှားတက်သွားပြီး စိတ်ထဲတွင် လောင်မား တစ်ခုခု အမှားလုပ်မိမှာကိုလည်း တိတ်တိတ်လေး တွေးနေမိသည်..။
ဖုခွင်း တံခါးကိုဖွင့်ဖို့ သော့ဘုကို မကိုင်ခင် အိမ်တံခါးပွင့်လာပြီး လောင်မားက အပြေးအလွှားထွက်လာကာ မျက်လုံးက နီရဲပြီး စိုးရိမ်တကြီးနဲ့ အလောတကြီး ပြောလာသည် "မြန်မြန်လာ။ မင်းဘာလုပ်ပေးနိုင်သေးလဲ ကြည့်အုန်း။ မနက်ကကို အကောင်းကြီး ရှိသေးတာကို "သူ နည်းနည်းပျင်းနေတယ်ပဲ ထင်နေတာ စာရင်းစာအုပ်ယူဖို့ ပြန်လာတော့မှ သူ မလှုပ်နိုင်ဘူးဆိုတာ သိလိုက်ရတာ ဘာလိုလုပ်ကြမလဲ!"
ဖုခွင်း အခန်းထဲသို့ အပြေးဝင်လာကာ မျက်လုံးတစ်ဝက်မှိတ်ကာ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသော တျိုးတျိုး ကို ချက်ချင်းတွေ့လိုက်ရသည်။ တျိုးတျိုး သည် အများအားဖြင့် မှောက်လျက် လှဲလျောင်းခြင်းကို နှစ်သက်သော်လည်း ယခုအခါ ပုံမှန်နှင့် မတူတော့ဘဲ သူ့တစ်ကိုယ်လုံး ခွန်အားမရှိသလို လဲလျောင်းနေသည်။
"တျိုးတျိုး " ဖုခွင်းက သူ့ဘေးမှာ ဒူးထောက်ပြီး ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ ပုံမှန်အားဖြင့် သူ တျိုးတျိုး နဲ့ အနီးကပ်နေဖို့ မဝံ့ရဲပေမယ့် အခုတော့ ဘာမှ ဂရုမစိုက်နိုင်တော့ဘူး " တျိုးတျိုး ကလေးလေး မင်း ဘာဖြစ်နေတာလဲ၊ ?"
တျိုးတျိုး၏အမြီးသည် ကြွလာပြီး သိပ်မမြောက်နိုင်ခင်မှာပင် နိမ့်ကျသွားသည်။ ဖုခွင်း သူ အမြီးကို လှုပ်ပြလိုတာကို သိသောကြောင့် သူသည် အလျင်အမြန် လက်ဆွဲပြီး သူ့ခေါင်းကို ထိလိုက်ကာ- "မလှုပ်နဲ့၊ မင်း အဆင်မပြေဘူးမို့လား။ ရပါတယ်..."
"မား" ဖုခွင်းက တျိုးတျိုး သေတော့မယ်ဆိုတာ သေချာနေပြီမို့ သူက ခေါင်းကို လှည့်ပြီး လောင်မားကို ကြည့်လိုက်ကာ "မား တျိုးတျိုးနဲ့ အတူနေပေးလိုက်အုန်း၊ သား ရိကျယ်ကို သွားခေါ်ဖို့ ကျောင်းသွားလိုက်ဦးမယ်၊ ပါး ဆိုင်ကယ်မစီးသွားဘူးမို့လား"
"အောက်ထပ်မှာ ရပ်ထားတယ်" လောင်မားလည်း ဒူးထောက်ထိုင်ချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသော တျိုးတျိုး ကို ညင်သာစွာ ကိုင်ပြီး "မင်းညီကို သိအောင်ပြောပြမလို့လား... သူဝမ်းနည်းရင် ဘယ်လိုပုံစံ ဖြစ်သွားလဲဆိုတာ သိရဲ့သားနဲ့ !"
"မား သူ့ကို အခုပြန်မခေါ်ဘူးဆိုရင် ညဘက်ပြန်ရောက့လာရင် ငါ့ကို စိတ်ဆိုးသွားလိမ့်မယ်။" ဖုခွင်း က တျိုးတျိုး ရဲ့ နားကို ညှစ်လိုက်ပြီး "မင်းရဲ့ ကြီးမြတ်လှတဲ့ ရိကျယ်ကောကောကို ငါသွားခေါ်ပေးမှာမို့လို့ မင်းလည်း သူ့ကို စောင့်နေရမယ်နော်"
နေ့လည်ပိုင်း ဒုတိယမြောက် ကိုယ်တိုင်လေ့လာရေး အတန်းတွင် ဖုရိကျယ်သည် သူ၏ ဗိုက်ထဲက အော်သံကို ကြားနေရပြီး အတန်းဖော်ကတောင် “ဖုရိကျယ် ၊ မင်း နေ့လယ်စာ လေးပန်းကန် စားထားတာတွေ ဘယ်ရောက်ကုန်တာလဲ ” ။
"ဘယ်သိမလဲ" ဖုရိကျယ် က ဘောပင်ဖျားကို ကိုက်လိုက်ပြီး တကယ်လို့ ရှစ်ပန်းကန်လောက် စားရင်လည်း ဒီလိုပဲ ဖြစ်နေမှာပဲ။
အိမ်ပြန်ပြီး ဟင်းပွဲကြီးတစ်ပွဲစားဖို့ အတန်းတစ်တန်းပဲကျန်တော့တာမို့ ဖုရိကျယ် အရမ်းပျော်နေပြီး ဖုခွင်းကိုလည်း တွေ့ရအုန်းမယ်၊ အခု ဖုခွင်းက ဘယ်လိုပဲ ဆန္ဒရှိရှိ သူ့အတွက်တော့ ဖုခွင်းကို တွေ့နေရရင် ရပြီ ဖြစ်သည်။ ဖုခွင်းနဲ့တွေ့ရဖို့ကို သူ မိန်းမငယ်လေး တစ်ယောက်လို နေ့တစ်ဝက်လောက်ကတည်းက စိတ်လှုပ်ရှား ရင်ခုန်နေသည်။
အတန်းထဲက ဒုတိယကိုယ်ပိုင်လေ့လာချိန် မပြီးခင်မှာ အံဆွဲထဲက ဆဲလ်ဖုန်းက တုန်ခါသွားသည်။
သူထုတ်ကြည့်လိုက်တော့ ဖုခွင်း ဆီက စာတိုတစ်စောင် ဖြစ်နေသည်။
ကျောင်းဂိတ်ပေါက်ကို ချက်ချင်းလာခဲ့။
ဖုရိကျယ် အံ့ဩသွားသည်။ ဒီအချိန်ကြီး? ကျောင်းကနေထွက်လာခိုင်းတာ?
အနည်းငယ်ထူးဆန်းသော်လည်း ချက်ချင်းထရပ်ကာ မော်နီတာနှင့်စကားပြောပြီးနောက် ကျောင်းတံခါးဆီသို့ ပြေးသွားခဲ့သည်။
တံခါးဝမှာ စောင့်နေတဲ့ ဖုခွင်းက လောင်ပါးရဲ့ ဆိုင်ကယ်ကို စီးလာတာကို သူ အဝေးကနေ တွေ့လိုက်ရသည်။
"ထွက်လာခဲ့" ဖုခွင်းက သူ့ကို လက်ဝှေ့ယမ်းပြပြီး "ငါ ဂိတ်ပေါက်ဝက ဦးလေးကို ပြောထားတယ်။"
ဖုရိကျယ် ပြေးထွက်လာပြီး "ဘာဖြစ်နေတာလဲ၊ ဘာလို့ဒီမှာရှိနေတာလဲ၊ အိမ်မှာ တစ်ခုခုဖြစ်လို့လား။"
ဖုရိကျယ် ၏ စိုးရိမ်သောက မျက်နှာကို မြင်လိုက်ရတော့ ဖုခွင်းက သူ့မျက်နှာကို အလျင်အမြန် ပုတ်လိုက်ပြီး "ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ မစိုးရိမ်နဲ့၊ တက်လာ၊ ငါနဲ့ အရင်ပြန်ရအောင်"
"ဘာကိစ္စရှိလို့လဲ" ဖုရိကျယ် ခဏမျှ အံ့အားသင့်သွားပြီး ဖုခွင်း ၏ လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်ကာ "...မဟုတ်မှ... တျိုးတျိုး လား?"
"အင်း " ဖုခွင်းက "ရုတ်တရက် နည်းနည်းလေး အားနည်းနေသလို ခံစားရလို့... ဘာပဲဖြစ်ဖြစ် ငါတို့ အရင်ပြန်ကြရအောင်"
ဖုရိကျယ် သည် ရုတ်တရက် မူးဝေလာပြီး ခေါင်းမလှည့်နိုင်ဘဲ ဆိုင်ကယ်ပေါ်ရောက်သောအခါ မှိန်းနေသေးသည်။
"ကောင်းကောင်းထိုင်" ဖုခွင်းက ဆိုင်ကယ်စက်နှိုးပြီးနောက် သူ့ကို လက်ပြန်ဆွဲကာ "အဆင်ပြေပါတယ်"
ဖုရိကျယ် သည် ဖုခွင်း၏ နောက်မှ လိုက်၍ ခါးကို တင်းတင်း ဖက်ထားကာ ကျောကို မှီလိုက်သည်။
"ကော" ဖုရိကျယ် က ဖုခွင်းရဲ့နားကို ကပ်ပြီး လေတိုးနေတဲ့ကြားက "ပြောပါ တျိုးတျိုး အသက်ရှင်နေသေးလား"
"မဟုတ်ဘူး၊ ငါက မင်းဆီ ဘာလို့ ဒီလောက်မြန်မြန် လာရမှာလဲ" ဖုခွင်းက သူ့လက်ကို ပုတ်ကာ "စိတ်မပူပါနဲ့"
"ငါ စိတ်ထဲမှာ စိုးရိမ်နေတယ်" ဖုရိကျယ် က ပြောလိုက်သည် ။
"ငါ့ကို တစ်ချက်လောက်ကိုက်လိုက် မင်း အဆင်ပြေ
သွားလိမ့်မယ်"
ဖုခွင်း နှင့် ဖုရိကျယ်တို့ အိမ်ပြန်ရောက်သောအခါ လောင်မားက တျိုးတျိုး အနားတွင် ထိုင်နေပြီး သူတို့ပြန်လာတာတွေ့တော့ သူမက လျင်မြန်စွာ လက်ဝှေ့ယမ်းကာ "တျိုးတျိုး၊ ကြည့်စမ်း၊ ကျောင်းသား ဖုရိကျယ် ပြန်လာပြီ"
တျိုးတျိုးသည် မျက်လုံးများကိုဖွင့်လိုက်ပြီး နှာသီးဝမှ တိုးညှင်းသော လေသံလေးထွက်လာသည်။သူသည် သူ့အမြီးကို အားကြိုးမာန်ဆွဲရမ်းကာ မတ်တပ်ရပ်ရန် ရုန်းကန်နေသည်။ ဖုရိကျယ်က တျိုးတျိုး ဘက်သို့ အမြန်သွားကာ မျက်နှာကို ဝမ်းဗိုက်ပေါ်တင်ကာ “တျိုးတျိုး လိမ္မာတယ် ၊ မလုပ်နဲ့။"
တျိုးတျိုးက ခေါင်းနှင့် နှာသီးဖျားက မလှုပ်နိုင်တော့ပေမယ့် နမ်းရှုပ်ပြီး နူတ်ဆက်လိုဟန် အဆက်မပြတ် အသံ ဟစ်နေသည်။
ဖုရိကျယ်သည် စကားလည်းမပြော လုပ်လည်းမလှုပ်ရှားဘဲ ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေတဲ့ တျိုးတျိုးကို ငြိမ်သက်စွာ ပွေ့ဖက်ရင်း ရှေ့ခြေထောက်ကို ဆုပ်ကိုင်ကာ ဖျစ်ညစ်လိုက်သည်။
လောင်မားက မတ်တပ်ထရပ်ပြီး ဖုခွင်းဘက်သို့ ဖြည်းညှင်းစွာ ဆုတ်သွားသည်။
ဖုခွင်း တျိုးတျိုး၏ အသက်ရှုကြပ်နေသည့် ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း တျိုးတျိုး အသက်ရှင်ကျန်ရစ်စေရန် အံ့ဖွယ်ကောင်းမှုတစ်ခုမျှော်လင့်နေမိသည်။မဖြစ်နိုင်သည်ကို သူသိသော်လည်း နှလုံးသားထဲတွင် ဆုတောင်းနေသေးသည်။
ဖုရိကျယ် အတွက် ၎င်းသည် ဆယ်နှစ်ကျော်ကြာ စောင့်ရှောက်ထားခဲ့သော အိမ်မွေးခွေးအဖြစ်သာမက၊ ဒီအိမ်သို့ သူရောက်စက သူ စိတ်အရှုပ်ထွေးရဆုံးအချိန်က သူ့ကို စိတ်လုံခြုံမှုပေးခဲ့တဲ့ သူနဲ့ တူညီတဲ့ ကံကြမ္မာရှိတဲ့ သူငယ်ချင်းတစ်ဦးလည်း ဖြစ်သည်။
အချိန်အနည်းငယ်ကြာပြီးနောက်၊ တျိုးတျိုး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါမှုရပ်တန့်သွားပြီး ခပ်ဖြေးဖြေးလေးသာ လှုပ်ယမ်းနေသည့် အမြီးကလည်း ရပ်တန့်သွားသည်။
ဖုခွင်း၏နှလုံးသည် ရုတ်တရက် တုန်လှုပ်သွားပြီး ဖုရိကျယ်ကို နှစ်သိမ့်ပေးလို၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သို့သော် ဖုရိကျယ် သည် တျိုးတျိုး သေသွားပြီဆိုတာကို မခံစားရသလို သူ့ခန္ဓာကိုယ်ကို ဆက်ပြီးပွေ့ဖက်ထား
သည်။
ဖုခွင်း ခဏရပ်နေပြီး လျှောက်လာကာ ထိုင်ချလိုက်ပြီးမှ ဖုရိကျယ် မျက်နှာတွင် မျက်ရည်များ ပြည့်နေပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။