အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေ...

By onion20203

394K 15.8K 218

"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်" More

Akari & ONion
ƤAƦƬ ①
ƤAƦƬ ③
ƤAƦƬ ④
ƤAƦƬ ⑤
ƤAƦƬ ⑥
ƤAƦƬ ⑦
ƤAƦƬ ⑧
ƤAƦƬ ⑨
ƤAƦƬ ⑩
ƤAƦƬ ⑪
ƤAƦƬ ⑫
ƤAƦƬ ⑬
ƤAƦƬ ⑭
ƤAƦƬ ⑮
ƤAƦƬ ⑯
ƤAƦƬ ⑰
ƤAƦƬ ⑱
ƤAƦƬ ⑲
ƤAƦƬ ⑳
ƤAƦƬ ㉑
ƤAƦƬ ㉒
ƤAƦƬ ㉓
ƤAƦƬ ㉔
ƤAƦƬ ㉕
ƤAƦƬ ㉖
ƤAƦƬ ㉗
ƤAƦƬ ㉘
ƤAƦƬ ㉙
ƤAƦƬ ㉚
ƤAƦƬ ㉛
ƤAƦƬ ㉜
ƑIƝAԼ
BOƝUS ƤAƦƬ ①
BOƝUS ƤAƦƬ ②
BOƝUS ƤAƦƬ ③
BOƝUS ƤAƦƬ ④
Physical Book Announcements

ƤAƦƬ ②

16.3K 825 32
By onion20203

အပိုင်း -၂

"ဟီး အခန်းရှာမရလို့ လိုက်ပို့ပေးလို့ရမလား"

"ဘယ်မေဂျာကလည်း..."

"ပထမနှစ် သင်္ချာကပါ"

"သင်္ချာ..."

"ဟီး ဟုတ်ကဲ့..."

ထက်ကိုရှိန်းတစ်ယောက် ဖြောင့်တန်းနေသောမျက်ခုံးတွေကို ကွေးသွားအောင်ထိ မျက်မှောင်ကျုံလိုက်ပြီး ရှေ့မှာရှိတဲ့ကောင်လေးကို ကြည့်လိုက်သည်။ 

သူရဲ့အကြည့်ကို ဂရုမစိုက်စွာ ထိုကောင်လေးရဲ့ပြောင်စပ်စပ်မျက်နှာထားကတော့ ပြောင်းလဲသွားခြင်းမရှိချေ။ 

"ဒါ သင်္ချာ​ဆောင်လေ..."

နောက်ကျောဘက်က အဆောင်ကို လက်ညှိုးထိုးပြီး ပုံမှန်ထက် အနည်းငယ်မာသော သံနေသံထားဖြင့်ပြောလိုက်သည်။

"သင်္ချာဆောင်မှန်းသိတယ်... အခန်းမသိတာ ကျွန်တော့်ကို ကူရှာပေးလို့ရမလား"

"အခန်းကတော့ ဒီလိုပဲ လျှောက်ပတ်ကြည့်လိုက်ရင် တွေ့လိမ့်မယ်"

"ရှာပေးပါဗျာ... နော်"

အနည်းငယ် အက်ရှလာသော အသံလေးနဲ့ ငိုမဲ့မဲ့မျက်နှာထား​လေးကြောင့် သက်ပြင်းမောတစ်ချက်ချလိုက်ရင်း အခန်းလိုက်ရှာပေးဖို့ သဘောတူလိုက်ရသည်။ 

"Ok ok ကိုယ်လိုက်ရှာပေးမယ်... "

"ဟီး..."

ကားကို Lock ချပြီး ကားသော့နဲ့ ပိုက်ဆံအိတ်ကတစ်ဖက် ဗလာစာအုပ်လေးကတစ်ဖက်ကိုင်ကာ ပျော်ရွှင်မြူးထူးနေဟန်တူသော ကောင်လေးနောက်ကို လိုက်ခဲ့မိလိုက်သည်။

"မင်းမှာ သူငယ်ချင်းတွေမရှိဘူးလား... ကျောင်းပထမဆုံးတတ်တဲ့ရက်ကို တစ်ယောက်တည်း လာတာလား"

"ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ဖုန်းနံပါတ် 09420111215 ကို ဆက်ကြပေမယ့် ကျွန်တော်က ကားမောင်းနေလို့ မကိုင်မိတာ"

"ပြန်ဆက်လေကွာ..."

"Bill မရှိလို့..."

ဖုန်းနံပါတ်ကို ရည်ရွယ်ချက်ရှိရှိပြောလိုက်ပေမယ့် သတိထားမိပုံမရသော ထိုလူကြောင့် ပြည်သာရဲထက် နင်သွားရသည်။ 

ဆက်မေးလာတဲ့ မေးခွန်းတွေကို ပါးစပ်ထဲတွေ့ရာဖြေရင်း ဘေးနားက ယှဥ်လျှောက်နေသော အလှတပါးကို မျက်စိအရသာခံကာ ကြည့်မိသည်။ 

နံသာရောင် လည်ကတုံးအင်္ကျီကို အဝါနဲ့အညိုအကွက်ကြားပုဆိုးလေးနဲ့ ချပ်ချပ်ရပ်ရပ်တွဲဝတ်ထားသော ထိုလူက လူအများရဲ့အာရုံကိုဖမ်းစားနိူင်တာ မထူးဆန်းတော့ပေ။

စိမ်းညို့နေသောမျက်ခုံးများကိုကျုံ၍ စိုက်ကြည့်ခံလိုက်ရတဲ့အချိန်တုန်းက အသက်ရှူများပင် ရပ်သွားမိတော့မလို့ နည်းနည်းသာလိုတော့သည်။ 

ခြောက်ပေနီးပါးရှိတဲ့အရပ်အပြင် ပြေပြစ်သွယ်လျသော ခန္ဓာကိုယ်အချိုးအစား၊ မျက်နှာအနေအထားတို့ကြောင့် ပတ်ဝန်းကျင်မှာ တစ်စင်းတည်းထွန်းလင်းနေသော လမင်းကဲ့သို တောက်ပလွန်းလှသည်။

"ခင်​ဗျားက ဘယ်မေဂျာကလည်း..."

"တတိယနှစ် သင်္ချာက"

"ဝိုး..."

သင်္ချာချင်းထပ်တော့ မြတ်တာပေါ့။ အသွင်တူလို့ အိမ်သူဖြစ်တယ်ဆိုတဲ့စကားပုံက အလကားထားတာမှ မဟုတ်တာ။ အခုတော့ အိမ်သူမဟုတ်ဘဲ အိမ်သားပေါ့။ဟိဟိ။

"ပြည်သာ... ငါ ဒီမှာ"

အဆောင်ထဲတောင် မဝင်ရသေး လျှောက်လမ်းကနေကြိုနေသောဇော်ထက်ကို မမြင်ချင်ယောင်ဆောင်ဖို့က နောက်ကျသွားလေပြီ။ 

လျှောက်နေသော ခြေလှမ်းများကိုရပ်ကာ သူနဲ့ဇော်ထက်ကို ခပ်စူးစူးစိုက်ကြည့်နေသော ဘေးကလူအား ဟဲခနဲ တစ်ချက်ရယ်ပြလိုက်သည်။

"အဲ့တာ မင်းသူငယ်ချင်းမို့လား... သူနဲ့လိုက်သွား"

"သူကလည်း အခန်းမသိသေးဘူးတဲ့... ဟိတ်ယောင် ဇော်ထက် ပြောလိုက်လေ"

"ငါ သိတယ်လေကွာ..."

ထိုစကားထွက်လာမှာစိုး၍ ရှေ့ကနေပိတ်ပြောလိုက်သော်လည်း မိချောင်းမသားက လျှာရှည်စွာပင် ထွက်ဖြစ်အောင် ထွက်လာလိုက်သေးသည်။

"ဟင်း ဟင်း... မင်းသိတယ်ဆိုတာ မသိဘူးလို့ ပြောတာမလား... ဒီက အစ်ကိုက ငါတို့မေဂျာရဲ့စီနီယာကြီးကွ မိတ်ဖြစ်ဆွေဖြစ်လေး အခန်းကူရှာပေးမလို့တဲ့"

အံကြိတ်ထားတဲ့ လေသံနဲ့ပြောလိုက်သော ပြည်သာရဲထက်ရဲ့တုံ့ပြန်စကားကြောင့် ဇော်ထက်အသာလေး ငြိမ်နေလိုက်ရပေမယ့် ခေါင်းထဲမှာတော့ ပြည်သာရဲထက်တစ်ယောက် ဘာတွေ မွှေလာပြန်ပြီလဲမသိဘူးဟု တွေးနေလောက်သည်။

"မင်းဘာတွေတွေးနေလဲ မသိပေမယ့် ကိုယ့်မှာ အဲ့လောက်အချိန်မပေါဘူး ကောင်လေး"

"အိုက်ယား... တစ်မေဂျာတည်းသားချင်းဖြစ်ပြီး ဒါလေးတောင် မကူညီချင်ဘူးလား... စီနီယာတစ်ယောက်က ဂျူနီယာတွေကို နွေးထွေးကြိုဆိုသင့်တယ်မဟုတ်ဘူးလား"

"အဲ့ဒီတော့..."

"အဲ့ဒီတော့ ကျွန်တော်တို့ကို အခန်းကူရှာပေးလေ... ပြီးရင် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်က ကော်ဖီလိုက်တိုက်မှာပေါ့... အဲ့လို တစ်ယောက်နဲ့တစ်ယောက် ခင်မင်သွားကြပြီးရင် ဖုန်းနံပါတ်အပြန်အလှန်လဲကြရင်း ညဘက်ရောက်တိုင်း ဖုန်းထဲကနေ တရားဓမ္မလေးဘာလေး ဆွေးနွေးလို့ရတာပေါ့ နော့...ဇော်ထက်ရာ"

"အေး... အေးပေါ့ကွ"

ဘေးနားမှာ အူကြောင်ကြောင်လေးဖြစ်နေသော ဇော်ထက်ရဲ့ကျောကို လက်ဝါးနဲ့ခပ်စပ်စပ်ရိုက်ကာ စစ်ကူတောင်းလိုက်တော့ အူကြောင်ကြောင် ဇော်ထက်က အပြေးအလွှားထောက်ခံလေသည်။ ဒါမျိုးဆို လက်ဝါးချင်းရိုက်နေစရာမလို။

ပြည်သာရဲထက်ရဲ့စကားကို လက်လေးပိုက်ပြီးနားထောင်နေသော ထက်ကိုရှိန်း၏မျက်နှာပေါ်တွင် အမည်ဖော်ရခက်သော အပြုံးလေးတစ်ခု ပေါ်ပေါက်လာလေသည်။

"ခုနက ဘာပြောလိုက်တယ်... စီနီယာက ဂျူနီယာတွေကို ဘာလုပ်ရမယ်"

"နွေးထွေးကြိုဆိုရမယ်လေ... အကူအညီတောင်းတာမျိုးဆို သေချာပေါက် ကူညီသင့်တာပေါ့"

"ဒါပေါ့... သေချာပေါက် ကူညီရမှာပေါ့... "

ထက်ကိုရှိန်းက ပြည်သာရဲထက်ရဲ့နောက်ကျောကို ကျော်ကြည့်ကာ ညာဘက်လက်ကို မြှောက်လိုက်ပြီး

"ဟေး... ခိုင်မာလာ ဒီက ညီလေးတွေက first year လေးတွေလေ... အခန်းမသိလို့တဲ့  လိုက်ပြပေးလို့ရမလား"

ထက်ကိုရှိန်းရဲ့ ခေါ်သံကြောင့် ဝင်ပေါက်နားတွင် ဇီးထုတ်စားကာ အတင်းပြောနေပုံရသော မိန်းကလေးသုံးယောက်က ချာကနဲ လှည့်ကြည့်လာလေသည်။ 

ပြီးနောက် သူတို့ရှိရာဆီသို့ ဘယ်ညာဘယ်ညာ မအော်ရုံတမယ် တက်ညီလက်ညီချီတက်လာကြသည်။

ခိုင်မာလာတို့က သင်္ချာမေဂျာရဲ့ အဆင်ကွန်းထိန်းလို့ အမည်တွင်ရလောက်အောင် ကောင်ချောလေးတွေနဲ့ ပတ်သတ်ပြီး အချက်အလက်စုဆောင်းသူများဖြစ်ကြသည်။

ရုပ်ရည်သနားကမားနဲ့ ကြည့်ကောင်းလှသော ကောင်လေးများ၏ အချက်အလက်တွေအကုန် ခိုင်မာလာတို့ဆီမှာရှိသည်။ 

ဘယ်ကောင်လေးက ဘယ်သူနဲ့လမ်းခွဲပြီး ဘယ်သူနဲ့အီနေတယ်ကအစ ထမင်းဘယ်နှခါစားပြီး Toilet ဘယ်နှခါဝင်တယ်အဆုံး သူတို့မသိတာမရှိချေ။

ထို့ကြောင့် ကျောင်းသူမိန်းကလေးများ၏ အားထားရာ Girl Group လေးဖြစ်လို့နေသည်။

"ရှိန်း... ခိုင့်ကို ခေါ်လိုက်တာလားဟင်"

အသားဖြူဖြူ ဝဝကစ်ကစ် ပါးဖောင်းဖောင်းနဲ့ အမက သူ့ပါးစပ်ထဲက ဇီးစေ့ကို ဖူးခနဲနေအောင် ထွေးထုတ်လိုက်ကာ အသံသေးသေးလေးနဲ့ ဘေးကလူကို နှုတ်ဆက်လေသည်။

ကျန်တဲ့ အမနှစ်ယောက်ကလည်း ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကာယဗလပြလို့ရသော ခန္ဓာကိုယ်လေးတွေနဲ့ဖြစ်တာကြောင့် ပြည်သာရဲထက်တစ်ယောက် ဒူးများပင် မခိုင်တော့ချေ။ 

ကြည့်ရတာ သူ့ထက်ပင် မွှေကြမည့် ပုံစံတွေမဟုတ်လား။

"ဟုတ်တယ်... ဒီညီလေးနှစ်ယောက် အခန်းမသိလို့တဲ့ အဲ့တာ ကူရှာပေးလိုက်ကြပါဦး... ကိုယ်တို့မေဂျာက ပထမနှစ်လေးတွေ"

"ရပါ့ ရပါ့... ဒီလိုမျိုးဆို ခိုင်တို့က သိပ်ကူညီချင်တာ"

"ကျွန်တော်က ခင်ဗျားကိုပဲ လိုက်ရှာပေးစေချင်တာ..."

ပြည်သာရဲထက်ရဲ့ စောဒကတက်သည့်စကားကို ထက်ကိုရှိန်းတစ်ယောက် လျစ်လျူရှုကာ လှည့်ထွက်ဖို့ကြံလိုက်စဉ် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြန်လှည့်လာကာ

"ဪ... အခန်းရှာတွေ့ရင် သူတို့ကို ကော်ဖီလိုက်တိုက်လိုက်ဦးနော်... ပြီးရင် ဖုန်းနံပါတ်လဲကြပြီး တရားဓမ္မအကြောင်း ဆွေးနွေးကြပေါ့... ကဲ ကိုယ့်ကို ခွင့်ပြုကြဦး"

"ခင်ဗျား... မသွားရဘူးနော်"

"ဗြိ..."

ပြောချင်ရာပြောပြီး လှည့်ထွက်ဖို့ပြင်နေသော ထိုလူအား ထွက်သွားမှာ စိုးရိမ်သောစိတ်ဖြင့် ဆွဲမိဆွဲရာ ဖမ်းဆွဲလိုက်သောအခါ ဗြိကနဲမြည်သံနှင့်အတူ နံ့သာရောင်အင်္ကျီ အပိုင်းအစလေးက သူ့လက်ထဲပါလာလေသည်။ အားမပါဟု ထင်လိုက်သော်လည်း အားအတော်လေးပါသွားဟန်ပင်။

"အို..."

"မိုင်..."

"ဂေါ့..."

ခိုင်မာလာတို့သုံးယောက်က တစ်ယောက်တစ်လုံးစီအချိုးကျစနစ်ဖြင့် ဘုရားတလိုက်သလို ဘေးနားမှာရှိတဲ့ဇော်ထက်ကလည်း ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေသည်။ 

မအံ့ဩဘဲ နေနိူင်ရိုးလား။

လစ်ဟာသွားသော အင်္ကျီအပိုင်းအစ၏နေရာတွင် အချိုးအစားလှပကာ ဖြူဖွေးသန့်စင်နေသော ရင်အုံ့အပိုင်းအစလေး ပေါ်လာသည့်အပြင် ပန်းရောင်သန်းနေသော အရာလေးတစ်ခုက ရှုမဝသည့် ပန်းချီကားတစ်ချပ်လိုပင်။

အံ့ဩစိတ်နဲ့ ကြောင်ကြည့်နေသော ပြည်သာရဲထက်သည် လက်ထဲက အင်္ကျီစလေးကို လွတ်ချကာ ပန်းရောင်သန်းနေသော အရာလေးအား လက်လေးဖြင့်အုပ်ကိုင်ပေးလိုက်ပြီး တခြားသူတွေရဲ့ မျက်လုံးဒဏ်မှ ကာကွယ်ပေးလိုက်သည်။

သို့​သော်လည်း နူးညံ့ကာအိစက်နေသောအထိအတွေ့လေးကြောင့် အုပ်ကိုင်ထားသော လက်လေးကို မသိစိတ်ကနေပြီး ခပ်ဖွဖွလေးညှစ်မိသွားလေသည်။

"အိ စက် နေတာပဲ ခင်ဗျားရာ"

လှမ်းဆွဲလိုက်သဖြင့် ပြဲသွားရသောအင်္ကျီကို ထက်ကိုရှိန်းတစ်ယောက်ဂရုမထားနိူင်သေး။

လစ်ဟာသွား​သော သူ့ရင်ဘတ်ကိုလာကိုင်ပြီး ခပ်ဖွဖွလေးညှစ်လိုက်သော ထိုကောင်လေးကြောင့် မျက်နှာတွေနီမြန်းလာကာ ထိုကောင်လေးရဲ့လက်ကို ကမန်းကတန်း တွန်းလွှတ်လိုက်ရသည်။

"မင်း ဘာလုပ်တာလဲ..."

"ဟို ကျွန်တော်... ကျွန်တော်"

"တောက်..." 

တောက်' တစ်ချက်ခေါက်ကာ သူ့ကို ခပ်တင်းတင်းစိုက်ကြည့်သွားသော မျက်ဝန်းတစ်စုံကြောင့် ပြည်သာရဲထက် ငိုချင်သွားသည်။

ထိုလူကတော့ ရပ်ထားသောကားဆီသို့ရောက်အောင် ခပ်သွက်သွက်လျှောက်သွားပြီး ကားတံခါးကို အသံမြည်အောင်ပိတ်ကာ အရှိန်လေးနဲ့မောင်းထွက်သွားလေသည်။ 

ထွက်သွားသော Range Rover ကားဖြူလေးကိုတစ်လှည့် သူ့လက်ကိုတစ်လှည့်ကြည့်ရင်း ပြည်သာရဲထက် အူကြောင်ကြောင်လေးဖြစ်နေခဲ့လေသည်။

မနက်စောစောစီးစီး ကိုယ့်ရင်ဘတ်ကို တခြားသူအကိုင်ခံလိုက်ရတာ ဘယ်သူကဒေါသမထွက်ပဲနေမလဲ။

သေချာပေါက် စိတ်ဆိုးသင့်တာပေါ့။

"ဒီနေ့ မနက်ခင်းတော့ ကျက်သရေကို ရှိပြီးရင်းရှိရင်းပဲ"

ဝမ်းသာအားရဖြင့် လက်သီးလက်မောင်းတန်းကာပြောနေသော ခိုင်မာလာအမည်ရှိအမဆီသို့ အကုန်လုံးရဲ့မျက်လုံးတွေက ရောက်ရှိသွားကြသည်။ 

"ဘာလို့လဲ အစ်မရဲ့..."

"သင်္ချာမေဂျာက နတ်ဘုရားတစ်ပါးဖြစ်တဲ့ တတိယနှစ် ကင်း ရဲ့ လျှို့ဝှက်တဲ့အလှတရားကို ငါတို့မြင်ခဲ့ရတယ်လေ"

ဟင့်။ သူ ကျက်သရေရှိပုံကြီးကလည်း တစ်မျိုးပါလား။

"နာမည်က ဘယ်သူတဲ့လဲ"

"ခိုင်မာလာလေ... သူ့နာမည်က သင်းရနံ့... ဟိုဘက်က တစ်ယောက်က ဖူးပွင့်ငုံ တဲ့"

ခိုင်မာလာ ဆိုတဲ့အစ်မက သူ့နာမည်သူမိတ်ဆက်ကာ ဘေးနားကအစ်မတွေနဲ့ပါ မိတ်ဆက်ပေးနေတော့ ခေါင်းလေးကို ဖြည်းဖြည်းလေး ခါယမ်းရင်း...

"အိုက်ရား... မဟုတ်ဘူး... ထွက်သွားတဲ့ အစ်ကိုရဲ့နာမည်ကိုမေးတာ"

"​ဪ... ရှိန်းရဲ့ နာမည်က ထက်ကိုရှိန်းလေ... သင်္ချာမေဂျာရဲ့တစ်ဦးတည်းသော ကောင်မလေးမရှိသေးတဲ့ ကင်းလေး... ရှိန်းက မမတို့ရဲ့ အဖိုးတန်လေး၊ မမတို့ရဲ့အိမ်မက်၊ မမတို့ရဲ့မျှော်လင့်ချက်လေး"

"ကင်းဆို​တော့ ရှင်ဘုရင်လေးပေါ့... ကြိုက်တယ်ဗျာ..."

"ဘာကြိုက်တာလဲ... ပြည်သာ မင်းလုပ်ပုံတွေ မဟုတ်သေးဘူးနော်... ကျောင်းစတက်တက်ချင်း မောင်ကွန်းထိန်းဆီရောက်အောင်လုပ်နေသလိုပဲ"

"မင်းကလည်းကွာ အေးဆေးပေါ့"

အေးဆေးပေါ့လို့ပြောလိုက်တဲ့ ပြည်သာရဲထက်ရဲ့ရင်ခုန်သံတွေကတော့ မအေးဆေးဘဲ အရှိန်တစ်ခုနဲ့ ခုန်နေတယ်ဆိုတာ သူပဲအသိဆုံးဖြစ်ပါလိမ့်မည်။

အမွှေဓာတ်ခံချင်းတူကြသည့် ပြည်သာရဲထက်နှင့် ခိုင်မာလာတို့အဖွဲ့က ခဏလေးပင် ရင်းနှီးသွားသောကြောင့် မကြာမီပင် ဟီးဟီးဟားဟားနှင့်ပွဲကျသွားလေတော့သည်။

..........................................

"မောင်..."

မေမေ့ရဲ့ မူမမှန်သော ပျစ်ချွဲချွဲအသံကြောင့် ဖေဖေ့ကို စာရင်းကူလုပ်ပေးနေရာကနေ မေမေရှိရာဘက်ကို လှည့်ကြည့်မိသည်။

မေမေက ဖေဖေကို နူးညံ့စွာကြည့်၍ နှစ်နှစ်ကာကာပြုံးပြလေသည်။ ထိုအပြုံးရဲ့ အဓိပ္ပါယ်ကိုသိနေသောကြောင့် ဖေဖေမပြောနှင့် သူတောင်ကြက်သီးထမိတဲ့အထိပင်။

"မောင်လို့... "

"အေး..."

"ဇက်ကြောတွေတက်နေရင် သီတာနှိပ်ပေးရမလားဟင်"

"ရပါတယ်ကွာ မင်းဘာသာလုပ်စရာရှိတာသာ လုပ်ပါ"

"မောင်ကလည်းကွယ် ကိုယ့်မိန်းမကို အားနာနေပြန်ပြီ ကဲ လာ လာ"

မေမေက ပြောပြောဆိုဆိုနှင့် ဖေဖေပခုံးကို ဇွတ်ဝင်နှိပ်တော့သည်။ ဖေဖေကတော့ မေမေ့ကိုကြောက်ရသူပီပီ ဘာစကားမှထပ်မပြောတော့ဘဲ မေမေပြုသမျှ ငြိမ်ခံနေရသည်။

"မောင်... မမစိမ်းကလေ အရည်အသွေးကောင်းတဲ့ နီလာတဆင်လာပြတယ်...  သီတာနဲ့ဆိုသိပ်လိုက်မှာပဲသိလား"

"မင်းမှာလည်း ဝယ်ထားတဲ့လက်ဝတ်လက်စားတွေကလည်း နည်းမှမနည်းတာကိုကွာ"

"ဟုတ်သားပဲ မေမေကလည်း... ပြီးခဲ့တဲ့လကမှ ကျောက်စိမ်းလက်စွပ်တစ်ကွင်း ဝယ်ထားသေးတာကို"

"ဟဲ့ လက်ဝတ်ရတနာဆိုတာ ရှိတော့တန်ဆာ မရှိတော့ဝမ်းစာတဲ့ဟဲ့... ကလေးက ကလေးလိုနေစမ်း"

မေမေက သူ့ဘက်ကိုလှည့်ကာ မာန်လိုက်သောကြောင့် ထက်ကိုရှိန်းတစ်ယောက် ပါးစပ်လေးပိတ်ကာ မျက်ရှိရှေ့က စာရင်းတွေဆီ အာရုံပြန်စိုက်လိုက်ရသည်။

"မောင်ကလည်း သီတာဆီမှ နီလာမှမရှိတာဥစ္စာ... အခုက စျေးလေးလည်းသင့်တုန်း ပစ္စည်းလည်းလက်ဝယ်ရှိတုန်း ဝယ်ပေးပါလားမောင်ရယ်... မောင်မအားရင် သီတာဘာသာ ဘဏ်ကိုသွားလိုက်မယ်လေ"

"နောက်လမှ ဝယ်ပါလားကွာ... ငွေတွေက လုပ်ငန်းထဲကနေပြန်မထွက်သေးတော့ အသုံးမလည်သေးလို့ပါ သီတာလေးရယ်"

"သိသားပဲ သိသားပဲ... မောင့်ကိုပြောရင် ဒီလိုစကားတွေပဲ ထွက်လာမယ်ဆိုတာ ကောင်းကောင်းကြီး သိတယ်... ဒီက မမစိမ်းတို့ကို ဝယ်မယ်လို့ ပြောပြီးဆိုပြီးဖြစ်နေပြီ... အခုမှ မဝယ်တော့ဘူးလို့ငြင်းရရင် သီတာ့မျက်နှာ ဘယ်မှာသွားထားရမှာလဲ ဓားနဲ့သာလှီးပစ်လိုက်ချင်တယ်"

အနည်းငယ်ငိုသံစွက်လာသလို ဖေဖေ့ပခုံးကိုနှိပ်နေသော မေမေ့လက်တွေကလည်း ဆောင့်ကြီးအောင့်ကြီးဖြစ်လာသည်။ ဒါက မေမေရဲ့ဒုတိယမြောက်တိုက်ကွက်ပင်။ ပထမချော့ပြောမည်။ မရလျှင် ငိုပြောမည်။ နောက်ဆုံးမရရင် ဒေါနဲ့မောနဲ့စိတ်ဆိုးချင်ယောင်ဆောင်ပြီးကြမ်းပြမည်။ 

ဒီလိုပါပဲ မေမေရဲ့တိုက်ကွက်တွေက သူတို့သားအဖနှစ်ယောက်အတွက်တော့ အံတိုနေပြီဖြစ်သည်။ သို့သော်လည်း ဘယ်တော့မှ လွှတ်အောင်မရုန်းထွက်နိူင်ချေ။

"ကဲ ကဲ မင်းဒီလောက်လိုချင်နေရင်လည်း ယူလိုက်ကွာ... ဟုတ်ပြီလား စျေးလေးဘာလေးတော့ သေချာအောင်လုပ်နော်"

"အင်းပါ မောင်ရဲ့..."

အတွေ့အကြုံရင့်ကျက်နေသောဖေဖေက မေမေ့ရဲ့ တတိယတိုက်ကွက်ကိုထုတ်သုံးမခံဘဲ ဒုတိယတိုက်ကွက်မှာပင် အလံဖြူပြလိုက်တော့ မေမေ့မျက်နှာပေါ်က အပြုံးတွေက ဖုံးဖိလို့တောင်မရတော့ချေ။

"ကဲ မောင်တို့သားအဖနှစ်ယောက်စားဖို့ နွားနို့နဲ့ကိတ်မုန့်သွားယူလိုက်ဦးမယ်..."

အပြုံးလေးနဲ့ထွက်သွားသော မေမေ့ပုံရိပ်လေးပျောက်ကွယ်သွားမှ ဖေဖေက ရှိန်းနားသို့ကပ်ကာ ခပ်တိုးတိုးလေးပြောလေသည်။

"သားရှိန်း... မင်း မိန်းမယူချင်တဲ့စိတ်ပေါ်လာရင် ဘယ်သူ့မှမကြည့်ဘဲ ဖေဖေ့ကိုကြည့်ပြီးသာ သင်ခန်းစာယူတော့... မင်းမေမေက မောင်ရေတစ်လုံးတည်းနဲ့ ဖေဖေ့တစ်ဘဝလုံး အုပ်ချုပ်ထားတာ"

"မောင်ရေ..."

ဖေဖေ့စကားမဆုံးသေးချင် နောက်ဖေးခန်းထဲက လှမ်းခေါ်လိုက်သော မေမေရဲ့အသံကြောင့် အီလည်လည်ဖြစ်သွားသောဖေဖေ့မျက်နှာကိုကြည့်ရင်း ရှိန်းသဘောကျစွာရယ်လိုက်မိသည်။ ဖေဖေကတော့ သူ့မဟေသီလေးရှိရာဆီသို့ အပြေးလေးတစ်ပိုင်းထသွားရင်း ရယ်နေသောသူ့ကို လက်သီးလေးသာ ထောင်ပြသွားလေတော့သည်။

ONion

( ဒီCollab လေးက တော်တော်လေးစိတ်လှုပ်ရှားခဲ့ရပါတယ်။ အေလေးက နှစ်ယောက်လုံးရဲ့ရေးနေကျပုံစံကနေကွဲထွက်ပြီး အမြူးအသွက်လေးသွားချင်တယ်ပြောတော့ အဆွေးသမားလေးကျွန်တော် နေ့တိုင်းသီချင်းမြူးမြူးလေးတွေ ဟာသတွေနဲ့ ဖြတ်သန်းနေရပါတယ်။ ရယ်စရာပြောတာပါဗျာ။ အေလေးရော ကျွန်တော်ရော အစွမ်းကုန်ကြိုးစားပေးထါးကြပါတယ်။ နေကြာမှာကတည်းက Fan ဖြစ်ခဲ့ရတဲ့ Authorနဲ့ Collab လေးရေးခွင့်ရတာ ဘုရားပေးတဲ့ဆုပါပဲ။ ဒီFic လေးက အေနဲ့ကျွန်တော့်အတွက် အမှတ်တရမှတ်တိုင်လေးဖြစ်ချင်ပါတယ်။ ဖြစ်အောင်လည်းကြိုးစားပါ့မယ်။ ဖတ်ပေးကြပါဦးနော်။ )




(Zawgyi)


အပိုင္း -၂

"ဟီး အခန္းရွာမရလို႔ လိုက္ပို႔ေပးလို႔ရမလား"

"ဘယ္ေမဂ်ာကလည္း..."

"ပထမႏွစ္ သခ်ၤာကပါ"

"သခ်ၤာ..."

"ဟီး ဟုတ္ကဲ့..."

ထက္ကိုရွိန္းတစ္ေယာက္ ေျဖာင့္တန္းေနေသာမ်က္ခုံးေတြကို ေကြးသြားေအာင္ထိ မ်က္ေမွာင္က်ဳံလိုက္ၿပီး ေရွ႕မွာရွိတဲ့ေကာင္ေလးကို ၾကည့္လိုက္သည္။ 

သူရဲ႕အၾကည့္ကို ဂ႐ုမစိုက္စြာ ထိုေကာင္ေလးရဲ႕ေျပာင္စပ္စပ္မ်က္ႏွာထားကေတာ့ ေျပာင္းလဲသြားျခင္းမရွိေခ်။ 

"ဒါ သခ်ၤာ​ေဆာင္ေလ..."

ေနာက္ေက်ာဘက္က အေဆာင္ကို လက္ညႇိဳးထိုးၿပီး ပုံမွန္ထက္ အနည္းငယ္မာေသာ သံေနသံထားျဖင့္ေျပာလိုက္သည္။

"သခ်ၤာေဆာင္မွန္းသိတယ္... အခန္းမသိတာ ကြၽန္ေတာ့္ကို ကူရွာေပးလို႔ရမလား"

"အခန္းကေတာ့ ဒီလိုပဲ ေလွ်ာက္ပတ္ၾကည့္လိုက္ရင္ ေတြ႕လိမ့္မယ္"

"ရွာေပးပါဗ်ာ... ေနာ္"

အနည္းငယ္ အက္ရွလာေသာ အသံေလးနဲ႔ ငိုမဲ့မဲ့မ်က္ႏွာထား​ေလးေၾကာင့္ သက္ျပင္းေမာတစ္ခ်က္ခ်လိုက္ရင္း အခန္းလိုက္ရွာေပးဖို႔ သေဘာတူလိုက္ရသည္။ 

"Ok ok ကိုယ္လိုက္ရွာေပးမယ္... "

"ဟီး..."

ကားကို Lock ခ်ၿပီး ကားေသာ့နဲ႔ ပိုက္ဆံအိတ္ကတစ္ဖက္ ဗလာစာအုပ္ေလးကတစ္ဖက္ကိုင္ကာ ေပ်ာ္႐ႊင္ျမဴးထူးေနဟန္တူေသာ ေကာင္ေလးေနာက္ကို လိုက္ခဲ့မိလိုက္သည္။

"မင္းမွာ သူငယ္ခ်င္းေတြမရွိဘူးလား... ေက်ာင္းပထမဆုံးတတ္တဲ့ရက္ကို တစ္ေယာက္တည္း လာတာလား"

"ကြၽန္ေတာ့္သူငယ္ခ်င္းေတြက ကြၽန္ေတာ့္ဖုန္းနံပါတ္ 09420111215 ကို ဆက္ၾကေပမယ့္ ကြၽန္ေတာ္က ကားေမာင္းေနလို႔ မကိုင္မိတာ"

"ျပန္ဆက္ေလကြာ..."

"Bill မရွိလို႔..."

ဖုန္းနံပါတ္ကို ရည္႐ြယ္ခ်က္ရွိရွိေျပာလိုက္ေပမယ့္ သတိထားမိပုံမရေသာ ထိုလူေၾကာင့္ ျပည္သာရဲထက္ နင္သြားရသည္။ 

ဆက္ေမးလာတဲ့ ေမးခြန္းေတြကို ပါးစပ္ထဲေတြ႕ရာေျဖရင္း ေဘးနားက ယွဥ္ေလွ်ာက္ေနေသာ အလွတပါးကို မ်က္စိအရသာခံကာ ၾကည့္မိသည္။ 

နံသာေရာင္ လည္ကတုံးအက်ႌကို အဝါနဲ႔အညိဳအကြက္ၾကားပုဆိုးေလးနဲ႔ ခ်ပ္ခ်ပ္ရပ္ရပ္တြဲဝတ္ထားေသာ ထိုလူက လူအမ်ားရဲ႕အာ႐ုံကိုဖမ္းစားႏိူင္တာ မထူးဆန္းေတာ့ေပ။

စိမ္းညိဳ႕ေနေသာမ်က္ခုံးမ်ားကိုက်ဳံ၍ စိုက္ၾကည့္ခံလိုက္ရတဲ့အခ်ိန္တုန္းက အသက္ရွဴမ်ားပင္ ရပ္သြားမိေတာ့မလို႔ နည္းနည္းသာလိုေတာ့သည္။ 

ေျခာက္ေပနီးပါးရွိတဲ့အရပ္အျပင္ ေျပျပစ္သြယ္လ်ေသာ ခႏၶာကိုယ္အခ်ိဳးအစား၊ မ်က္ႏွာအေနအထားတို႔ေၾကာင့္ ပတ္ဝန္းက်င္မွာ တစ္စင္းတည္းထြန္းလင္းေနေသာ လမင္းကဲ့သို ေတာက္ပလြန္းလွသည္။

"ခင္​ဗ်ားက ဘယ္ေမဂ်ာကလည္း..."

"တတိယႏွစ္ သခ်ၤာက"

"ဝိုး..."

သခ်ၤာခ်င္းထပ္ေတာ့ ျမတ္တာေပါ့။ အသြင္တူလို႔ အိမ္သူျဖစ္တယ္ဆိုတဲ့စကားပုံက အလကားထားတာမွ မဟုတ္တာ။ အခုေတာ့ အိမ္သူမဟုတ္ဘဲ အိမ္သားေပါ့။ဟိဟိ။

"ျပည္သာ... ငါ ဒီမွာ"

အေဆာင္ထဲေတာင္ မဝင္ရေသး ေလွ်ာက္လမ္းကေနႀကိဳေနေသာေဇာ္ထက္ကို မျမင္ခ်င္ေယာင္ေဆာင္ဖို႔က ေနာက္က်သြားေလၿပီ။ 

ေလွ်ာက္ေနေသာ ေျခလွမ္းမ်ားကိုရပ္ကာ သူနဲ႔ေဇာ္ထက္ကို ခပ္စူးစူးစိုက္ၾကည့္ေနေသာ ေဘးကလူအား ဟဲခနဲ တစ္ခ်က္ရယ္ျပလိုက္သည္။

"အဲ့တာ မင္းသူငယ္ခ်င္းမို႔လား... သူနဲ႔လိုက္သြား"

"သူကလည္း အခန္းမသိေသးဘူးတဲ့... ဟိတ္ေယာင္ ေဇာ္ထက္ ေျပာလိုက္ေလ"

"ငါ သိတယ္ေလကြာ..."

ထိုစကားထြက္လာမွာစိုး၍ ေရွ႕ကေနပိတ္ေျပာလိုက္ေသာ္လည္း မိေခ်ာင္းမသားက လွ်ာရွည္စြာပင္ ထြက္ျဖစ္ေအာင္ ထြက္လာလိုက္ေသးသည္။

"ဟင္း ဟင္း... မင္းသိတယ္ဆိုတာ မသိဘူးလို႔ ေျပာတာမလား... ဒီက အစ္ကိုက ငါတို႔ေမဂ်ာရဲ႕စီနီယာႀကီးကြ မိတ္ျဖစ္ေဆြျဖစ္ေလး အခန္းကူရွာေပးမလို႔တဲ့"

အံႀကိတ္ထားတဲ့ ေလသံနဲ႔ေျပာလိုက္ေသာ ျပည္သာရဲထက္ရဲ႕တုံ႔ျပန္စကားေၾကာင့္ ေဇာ္ထက္အသာေလး ၿငိမ္ေနလိုက္ရေပမယ့္ ေခါင္းထဲမွာေတာ့ ျပည္သာရဲထက္တစ္ေယာက္ ဘာေတြ ေမႊလာျပန္ၿပီလဲမသိဘူးဟု ေတြးေနေလာက္သည္။

"မင္းဘာေတြေတြးေနလဲ မသိေပမယ့္ ကိုယ့္မွာ အဲ့ေလာက္အခ်ိန္မေပါဘူး ေကာင္ေလး"

"အိုက္ယား... တစ္ေမဂ်ာတည္းသားခ်င္းျဖစ္ၿပီး ဒါေလးေတာင္ မကူညီခ်င္ဘူးလား... စီနီယာတစ္ေယာက္က ဂ်ဴနီယာေတြကို ေႏြးေထြးႀကိဳဆိုသင့္တယ္မဟုတ္ဘူးလား"

"အဲ့ဒီေတာ့..."

"အဲ့ဒီေတာ့ ကြၽန္ေတာ္တို႔ကို အခန္းကူရွာေပးေလ... ၿပီးရင္ ေက်းဇူးတင္တဲ့အေနနဲ႔ ကြၽန္ေတာ္က ေကာ္ဖီလိုက္တိုက္မွာေပါ့... အဲ့လို တစ္ေယာက္နဲ႔တစ္ေယာက္ ခင္မင္သြားၾကၿပီးရင္ ဖုန္းနံပါတ္အျပန္အလွန္လဲၾကရင္း ညဘက္ေရာက္တိုင္း ဖုန္းထဲကေန တရားဓမၼေလးဘာေလး ေဆြးေႏြးလို႔ရတာေပါ့ ေနာ့...ေဇာ္ထက္ရာ"

"ေအး... ေအးေပါ့ကြ"

ေဘးနားမွာ အူေၾကာင္ေၾကာင္ေလးျဖစ္ေနေသာ ေဇာ္ထက္ရဲ႕ေက်ာကို လက္ဝါးနဲ႔ခပ္စပ္စပ္႐ိုက္ကာ စစ္ကူေတာင္းလိုက္ေတာ့ အူေၾကာင္ေၾကာင္ ေဇာ္ထက္က အေျပးအလႊားေထာက္ခံေလသည္။ ဒါမ်ိဳးဆို လက္ဝါးခ်င္း႐ိုက္ေနစရာမလို။

ျပည္သာရဲထက္ရဲ႕စကားကို လက္ေလးပိုက္ၿပီးနားေထာင္ေနေသာ ထက္ကိုရွိန္း၏မ်က္ႏွာေပၚတြင္ အမည္ေဖာ္ရခက္ေသာ အၿပဳံးေလးတစ္ခု ေပၚေပါက္လာေလသည္။

"ခုနက ဘာေျပာလိုက္တယ္... စီနီယာက ဂ်ဴနီယာေတြကို ဘာလုပ္ရမယ္"

"ေႏြးေထြးႀကိဳဆိုရမယ္ေလ... အကူအညီေတာင္းတာမ်ိဳးဆို ေသခ်ာေပါက္ ကူညီသင့္တာေပါ့"

"ဒါေပါ့... ေသခ်ာေပါက္ ကူညီရမွာေပါ့... "

ထက္ကိုရွိန္းက ျပည္သာရဲထက္ရဲ႕ေနာက္ေက်ာကို ေက်ာ္ၾကည့္ကာ ညာဘက္လက္ကို ေျမႇာက္လိုက္ၿပီး

"ေဟး... ခိုင္မာလာ ဒီက ညီေလးေတြက first year ေလးေတြေလ... အခန္းမသိလို႔တဲ့  လိုက္ျပေပးလို႔ရမလား"

ထက္ကိုရွိန္းရဲ႕ ေခၚသံေၾကာင့္ ဝင္ေပါက္နားတြင္ ဇီးထုတ္စားကာ အတင္းေျပာေနပုံရေသာ မိန္းကေလးသုံးေယာက္က ခ်ာကနဲ လွည့္ၾကည့္လာေလသည္။ 

ၿပီးေနာက္ သူတို႔ရွိရာဆီသို႔ ဘယ္ညာဘယ္ညာ မေအာ္႐ုံတမယ္ တက္ညီလက္ညီခ်ီတက္လာၾကသည္။

ခိုင္မာလာတို႔က သခ်ၤာေမဂ်ာရဲ႕ အဆင္ကြန္းထိန္းလို႔ အမည္တြင္ရေလာက္ေအာင္ ေကာင္ေခ်ာေလးေတြနဲ႔ ပတ္သတ္ၿပီး အခ်က္အလက္စုေဆာင္းသူမ်ားျဖစ္ၾကသည္။

႐ုပ္ရည္သနားကမားနဲ႔ ၾကည့္ေကာင္းလွေသာ ေကာင္ေလးမ်ား၏ အခ်က္အလက္ေတြအကုန္ ခိုင္မာလာတို႔ဆီမွာရွိသည္။ 

ဘယ္ေကာင္ေလးက ဘယ္သူနဲ႔လမ္းခြဲၿပီး ဘယ္သူနဲ႔အီေနတယ္ကအစ ထမင္းဘယ္ႏွခါစားၿပီး Toilet ဘယ္ႏွခါဝင္တယ္အဆုံး သူတို႔မသိတာမရွိေခ်။

ထို႔ေၾကာင့္ ေက်ာင္းသူမိန္းကေလးမ်ား၏ အားထားရာ Girl Group ေလးျဖစ္လို႔ေနသည္။

"ရွိန္း... ခိုင့္ကို ေခၚလိုက္တာလားဟင္"

အသားျဖဴျဖဴ ဝဝကစ္ကစ္ ပါးေဖာင္းေဖာင္းနဲ႔ အမက သူ႔ပါးစပ္ထဲက ဇီးေစ့ကို ဖူးခနဲေနေအာင္ ေထြးထုတ္လိုက္ကာ အသံေသးေသးေလးနဲ႔ ေဘးကလူကို ႏႈတ္ဆက္ေလသည္။

က်န္တဲ့ အမႏွစ္ေယာက္ကလည္း ျပည့္ျပည့္ၿဖိဳးၿဖိဳးနဲ႔ ကာယဗလျပလို႔ရေသာ ခႏၶာကိုယ္ေလးေတြနဲ႔ျဖစ္တာေၾကာင့္ ျပည္သာရဲထက္တစ္ေယာက္ ဒူးမ်ားပင္ မခိုင္ေတာ့ေခ်။ 

ၾကည့္ရတာ သူ႔ထက္ပင္ ေမႊၾကမည့္ ပုံစံေတြမဟုတ္လား။

"ဟုတ္တယ္... ဒီညီေလးႏွစ္ေယာက္ အခန္းမသိလို႔တဲ့ အဲ့တာ ကူရွာေပးလိုက္ၾကပါဦး... ကိုယ္တို႔ေမဂ်ာက ပထမႏွစ္ေလးေတြ"

"ရပါ့ ရပါ့... ဒီလိုမ်ိဳးဆို ခိုင္တို႔က သိပ္ကူညီခ်င္တာ"

"ကြၽန္ေတာ္က ခင္ဗ်ားကိုပဲ လိုက္ရွာေပးေစခ်င္တာ..."

ျပည္သာရဲထက္ရဲ႕ ေစာဒကတက္သည့္စကားကို ထက္ကိုရွိန္းတစ္ေယာက္ လ်စ္လ်ဴရႈကာ လွည့္ထြက္ဖို႔ႀကံလိုက္စဥ္ တစ္စုံတစ္ခုကို သတိရသြားဟန္ျဖင့္ ျပန္လွည့္လာကာ

"ဪ... အခန္းရွာေတြ႕ရင္ သူတို႔ကို ေကာ္ဖီလိုက္တိုက္လိုက္ဦးေနာ္... ၿပီးရင္ ဖုန္းနံပါတ္လဲၾကၿပီး တရားဓမၼအေၾကာင္း ေဆြးေႏြးၾကေပါ့... ကဲ ကိုယ့္ကို ခြင့္ျပဳၾကဦး"

"ခင္ဗ်ား... မသြားရဘူးေနာ္"

"ၿဗိ..."

ေျပာခ်င္ရာေျပာၿပီး လွည့္ထြက္ဖို႔ျပင္ေနေသာ ထိုလူအား ထြက္သြားမွာ စိုးရိမ္ေသာစိတ္ျဖင့္ ဆြဲမိဆြဲရာ ဖမ္းဆြဲလိုက္ေသာအခါ ၿဗိကနဲျမည္သံႏွင့္အတူ နံ႔သာေရာင္အက်ႌ အပိုင္းအစေလးက သူ႔လက္ထဲပါလာေလသည္။ အားမပါဟု ထင္လိုက္ေသာ္လည္း အားအေတာ္ေလးပါသြားဟန္ပင္။

"အို..."

"မိုင္..."

"ေဂါ့..."

ခိုင္မာလာတို႔သုံးေယာက္က တစ္ေယာက္တစ္လုံးစီအခ်ိဳးက်စနစ္ျဖင့္ ဘုရားတလိုက္သလို ေဘးနားမွာရွိတဲ့ေဇာ္ထက္ကလည္း ပါးစပ္အေဟာင္းသားျဖင့္ ၾကည့္ေနေလသည္။ 

မအံ့ဩဘဲ ေနႏိူင္႐ိုးလား။

လစ္ဟာသြားေသာ အက်ႌအပိုင္းအစ၏ေနရာတြင္ အခ်ိဳးအစားလွပကာ ျဖဴေဖြးသန္႔စင္ေနေသာ ရင္အုံ႔အပိုင္းအစေလး ေပၚလာသည့္အျပင္ ပန္းေရာင္သန္းေနေသာ အရာေလးတစ္ခုက ရႈမဝသည့္ ပန္းခ်ီကားတစ္ခ်ပ္လိုပင္။

အံ့ဩစိတ္နဲ႔ ေၾကာင္ၾကည့္ေနေသာ ျပည္သာရဲထက္သည္ လက္ထဲက အက်ႌစေလးကို လြတ္ခ်ကာ ပန္းေရာင္သန္းေနေသာ အရာေလးအား လက္ေလးျဖင့္အုပ္ကိုင္ေပးလိုက္ၿပီး တျခားသူေတြရဲ႕ မ်က္လုံးဒဏ္မွ ကာကြယ္ေပးလိုက္သည္။

သို႔​ေသာ္လည္း ႏူးညံ့ကာအိစက္ေနေသာအထိအေတြ႕ေလးေၾကာင့္ အုပ္ကိုင္ထားေသာ လက္ေလးကို မသိစိတ္ကေနၿပီး ခပ္ဖြဖြေလးညႇစ္မိသြားေလသည္။

"အိ စက္ ေနတာပဲ ခင္ဗ်ားရာ"

လွမ္းဆြဲလိုက္သျဖင့္ ၿပဲသြားရေသာအက်ႌကို ထက္ကိုရွိန္းတစ္ေယာက္ဂ႐ုမထားႏိူင္ေသး။

လစ္ဟာသြား​ေသာ သူ႔ရင္ဘတ္ကိုလာကိုင္ၿပီး ခပ္ဖြဖြေလးညႇစ္လိုက္ေသာ ထိုေကာင္ေလးေၾကာင့္ မ်က္ႏွာေတြနီျမန္းလာကာ ထိုေကာင္ေလးရဲ႕လက္ကို ကမန္းကတန္း တြန္းလႊတ္လိုက္ရသည္။

"မင္း ဘာလုပ္တာလဲ..."

"ဟို ကြၽန္ေတာ္... ကြၽန္ေတာ္"

"ေတာက္..." 

ေတာက္' တစ္ခ်က္ေခါက္ကာ သူ႔ကို ခပ္တင္းတင္းစိုက္ၾကည့္သြားေသာ မ်က္ဝန္းတစ္စုံေၾကာင့္ ျပည္သာရဲထက္ ငိုခ်င္သြားသည္။

ထိုလူကေတာ့ ရပ္ထားေသာကားဆီသို႔ေရာက္ေအာင္ ခပ္သြက္သြက္ေလွ်ာက္သြားၿပီး ကားတံခါးကို အသံျမည္ေအာင္ပိတ္ကာ အရွိန္ေလးနဲ႔ေမာင္းထြက္သြားေလသည္။ 

ထြက္သြားေသာ Range Rover ကားျဖဴေလးကိုတစ္လွည့္ သူ႔လက္ကိုတစ္လွည့္ၾကည့္ရင္း ျပည္သာရဲထက္ အူေၾကာင္ေၾကာင္ေလးျဖစ္ေနခဲ့ေလသည္။

မနက္ေစာေစာစီးစီး ကိုယ့္ရင္ဘတ္ကို တျခားသူအကိုင္ခံလိုက္ရတာ ဘယ္သူကေဒါသမထြက္ပဲေနမလဲ။

ေသခ်ာေပါက္ စိတ္ဆိုးသင့္တာေပါ့။

"ဒီေန႔ မနက္ခင္းေတာ့ က်က္သေရကို ရွိၿပီးရင္းရွိရင္းပဲ"

ဝမ္းသာအားရျဖင့္ လက္သီးလက္ေမာင္းတန္းကာေျပာေနေသာ ခိုင္မာလာအမည္ရွိအမဆီသို႔ အကုန္လုံးရဲ႕မ်က္လုံးေတြက ေရာက္ရွိသြားၾကသည္။ 

"ဘာလို႔လဲ အစ္မရဲ႕..."

"သခ်ၤာေမဂ်ာက နတ္ဘုရားတစ္ပါးျဖစ္တဲ့ တတိယႏွစ္ ကင္း ရဲ႕ လွ်ိဳ႕ဝွက္တဲ့အလွတရားကို ငါတို႔ျမင္ခဲ့ရတယ္ေလ"

ဟင့္။ သူ က်က္သေရရွိပုံႀကီးကလည္း တစ္မ်ိဳးပါလား။

"နာမည္က ဘယ္သူတဲ့လဲ"

"ခိုင္မာလာေလ... သူ႔နာမည္က သင္းရနံ႔... ဟိုဘက္က တစ္ေယာက္က ဖူးပြင့္ငုံ တဲ့"

ခိုင္မာလာ ဆိုတဲ့အစ္မက သူ႔နာမည္သူမိတ္ဆက္ကာ ေဘးနားကအစ္မေတြနဲ႔ပါ မိတ္ဆက္ေပးေနေတာ့ ေခါင္းေလးကို ျဖည္းျဖည္းေလး ခါယမ္းရင္း...

"အိုက္ရား... မဟုတ္ဘူး... ထြက္သြားတဲ့ အစ္ကိုရဲ႕နာမည္ကိုေမးတာ"

"​ဪ... ရွိန္းရဲ႕ နာမည္က ထက္ကိုရွိန္းေလ... သခ်ၤာေမဂ်ာရဲ႕တစ္ဦးတည္းေသာ ေကာင္မေလးမရွိေသးတဲ့ ကင္းေလး... ရွိန္းက မမတို႔ရဲ႕ အဖိုးတန္ေလး၊ မမတို႔ရဲ႕အိမ္မက္၊ မမတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ေလး"

"ကင္းဆို​ေတာ့ ရွင္ဘုရင္ေလးေပါ့... ႀကိဳက္တယ္ဗ်ာ..."

"ဘာႀကိဳက္တာလဲ... ျပည္သာ မင္းလုပ္ပုံေတြ မဟုတ္ေသးဘူးေနာ္... ေက်ာင္းစတက္တက္ခ်င္း ေမာင္ကြန္းထိန္းဆီေရာက္ေအာင္လုပ္ေနသလိုပဲ"

"မင္းကလည္းကြာ ေအးေဆးေပါ့"

ေအးေဆးေပါ့လို႔ေျပာလိုက္တဲ့ ျပည္သာရဲထက္ရဲ႕ရင္ခုန္သံေတြကေတာ့ မေအးေဆးဘဲ အရွိန္တစ္ခုနဲ႔ ခုန္ေနတယ္ဆိုတာ သူပဲအသိဆုံးျဖစ္ပါလိမ့္မည္။

အေမႊဓာတ္ခံခ်င္းတူၾကသည့္ ျပည္သာရဲထက္ႏွင့္ ခိုင္မာလာတို႔အဖြဲ႕က ခဏေလးပင္ ရင္းႏွီးသြားေသာေၾကာင့္ မၾကာမီပင္ ဟီးဟီးဟားဟားႏွင့္ပြဲက်သြားေလေတာ့သည္။

..........................................

"ေမာင္..."

ေမေမ့ရဲ႕ မူမမွန္ေသာ ပ်စ္ခြၽဲခြၽဲအသံေၾကာင့္ ေဖေဖ့ကို စာရင္းကူလုပ္ေပးေနရာကေန ေမေမရွိရာဘက္ကို လွည့္ၾကည့္မိသည္။

ေမေမက ေဖေဖကို ႏူးညံ့စြာၾကည့္၍ ႏွစ္ႏွစ္ကာကာၿပဳံးျပေလသည္။ ထိုအၿပဳံးရဲ႕ အဓိပၸါယ္ကိုသိေနေသာေၾကာင့္ ေဖေဖမေျပာႏွင့္ သူေတာင္ၾကက္သီးထမိတဲ့အထိပင္။

"ေမာင္လို႔... "

"ေအး..."

"ဇက္ေၾကာေတြတက္ေနရင္ သီတာႏွိပ္ေပးရမလားဟင္"

"ရပါတယ္ကြာ မင္းဘာသာလုပ္စရာရွိတာသာ လုပ္ပါ"

"ေမာင္ကလည္းကြယ္ ကိုယ့္မိန္းမကို အားနာေနျပန္ၿပီ ကဲ လာ လာ"

ေမေမက ေျပာေျပာဆိုဆိုႏွင့္ ေဖေဖပခုံးကို ဇြတ္ဝင္ႏွိပ္ေတာ့သည္။ ေဖေဖကေတာ့ ေမေမ့ကိုေၾကာက္ရသူပီပီ ဘာစကားမွထပ္မေျပာေတာ့ဘဲ ေမေမျပဳသမွ် ၿငိမ္ခံေနရသည္။

"ေမာင္... မမစိမ္းကေလ အရည္အေသြးေကာင္းတဲ့ နီလာတဆင္လာျပတယ္...  သီတာနဲ႔ဆိုသိပ္လိုက္မွာပဲသိလား"

"မင္းမွာလည္း ဝယ္ထားတဲ့လက္ဝတ္လက္စားေတြကလည္း နည္းမွမနည္းတာကိုကြာ"

"ဟုတ္သားပဲ ေမေမကလည္း... ၿပီးခဲ့တဲ့လကမွ ေက်ာက္စိမ္းလက္စြပ္တစ္ကြင္း ဝယ္ထားေသးတာကို"

"ဟဲ့ လက္ဝတ္ရတနာဆိုတာ ရွိေတာ့တန္ဆာ မရွိေတာ့ဝမ္းစာတဲ့ဟဲ့... ကေလးက ကေလးလိုေနစမ္း"

ေမေမက သူ႔ဘက္ကိုလွည့္ကာ မာန္လိုက္ေသာေၾကာင့္ ထက္ကိုရွိန္းတစ္ေယာက္ ပါးစပ္ေလးပိတ္ကာ မ်က္ရွိေရွ႕က စာရင္းေတြဆီ အာ႐ုံျပန္စိုက္လိုက္ရသည္။

"ေမာင္ကလည္း သီတာဆီမွ နီလာမွမရွိတာဥစၥာ... အခုက ေစ်းေလးလည္းသင့္တုန္း ပစၥည္းလည္းလက္ဝယ္ရွိတုန္း ဝယ္ေပးပါလားေမာင္ရယ္... ေမာင္မအားရင္ သီတာဘာသာ ဘဏ္ကိုသြားလိုက္မယ္ေလ"

"ေနာက္လမွ ဝယ္ပါလားကြာ... ေငြေတြက လုပ္ငန္းထဲကေနျပန္မထြက္ေသးေတာ့ အသုံးမလည္ေသးလို႔ပါ သီတာေလးရယ္"

"သိသားပဲ သိသားပဲ... ေမာင့္ကိုေျပာရင္ ဒီလိုစကားေတြပဲ ထြက္လာမယ္ဆိုတာ ေကာင္းေကာင္းႀကီး သိတယ္... ဒီက မမစိမ္းတို႔ကို ဝယ္မယ္လို႔ ေျပာၿပီးဆိုၿပီးျဖစ္ေနၿပီ... အခုမွ မဝယ္ေတာ့ဘူးလို႔ျငင္းရရင္ သီတာ့မ်က္ႏွာ ဘယ္မွာသြားထားရမွာလဲ ဓားနဲ႔သာလွီးပစ္လိုက္ခ်င္တယ္"

အနည္းငယ္ငိုသံစြက္လာသလို ေဖေဖ့ပခုံးကိုႏွိပ္ေနေသာ ေမေမ့လက္ေတြကလည္း ေဆာင့္ႀကီးေအာင့္ႀကီးျဖစ္လာသည္။ ဒါက ေမေမရဲ႕ဒုတိယေျမာက္တိုက္ကြက္ပင္။ ပထမေခ်ာ့ေျပာမည္။ မရလွ်င္ ငိုေျပာမည္။ ေနာက္ဆုံးမရရင္ ေဒါနဲ႔ေမာနဲ႔စိတ္ဆိုးခ်င္ေယာင္ေဆာင္ၿပီးၾကမ္းျပမည္။ 

ဒီလိုပါပဲ ေမေမရဲ႕တိုက္ကြက္ေတြက သူတို႔သားအဖႏွစ္ေယာက္အတြက္ေတာ့ အံတိုေနၿပီျဖစ္သည္။ သို႔ေသာ္လည္း ဘယ္ေတာ့မွ လႊတ္ေအာင္မ႐ုန္းထြက္ႏိူင္ေခ်။

"ကဲ ကဲ မင္းဒီေလာက္လိုခ်င္ေနရင္လည္း ယူလိုက္ကြာ... ဟုတ္ၿပီလား ေစ်းေလးဘာေလးေတာ့ ေသခ်ာေအာင္လုပ္ေနာ္"

"အင္းပါ ေမာင္ရဲ႕..."

အေတြ႕အႀကဳံရင့္က်က္ေနေသာေဖေဖက ေမေမ့ရဲ႕ တတိယတိုက္ကြက္ကိုထုတ္သုံးမခံဘဲ ဒုတိယတိုက္ကြက္မွာပင္ အလံျဖဴျပလိုက္ေတာ့ ေမေမ့မ်က္ႏွာေပၚက အၿပဳံးေတြက ဖုံးဖိလို႔ေတာင္မရေတာ့ေခ်။

"ကဲ ေမာင္တို႔သားအဖႏွစ္ေယာက္စားဖို႔ ႏြားႏို႔နဲ႔ကိတ္မုန္႔သြားယူလိုက္ဦးမယ္..."

အၿပဳံးေလးနဲ႔ထြက္သြားေသာ ေမေမ့ပုံရိပ္ေလးေပ်ာက္ကြယ္သြားမွ ေဖေဖက ရွိန္းနားသို႔ကပ္ကာ ခပ္တိုးတိုးေလးေျပာေလသည္။

"သားရွိန္း... မင္း မိန္းမယူခ်င္တဲ့စိတ္ေပၚလာရင္ ဘယ္သူ႔မွမၾကည့္ဘဲ ေဖေဖ့ကိုၾကည့္ၿပီးသာ သင္ခန္းစာယူေတာ့... မင္းေမေမက ေမာင္ေရတစ္လုံးတည္းနဲ႔ ေဖေဖ့တစ္ဘဝလုံး အုပ္ခ်ဳပ္ထားတာ"

"ေမာင္ေရ..."

ေဖေဖ့စကားမဆုံးေသးခ်င္ ေနာက္ေဖးခန္းထဲက လွမ္းေခၚလိုက္ေသာ ေမေမရဲ႕အသံေၾကာင့္ အီလည္လည္ျဖစ္သြားေသာေဖေဖ့မ်က္ႏွာကိုၾကည့္ရင္း ရွိန္းသေဘာက်စြာရယ္လိုက္မိသည္။ ေဖေဖကေတာ့ သူ႔မေဟသီေလးရွိရာဆီသို႔ အေျပးေလးတစ္ပိုင္းထသြားရင္း ရယ္ေနေသာသူ႔ကို လက္သီးေလးသာ ေထာင္ျပသြားေလေတာ့သည္။

ONion

( ဒီCollab ေလးက ေတာ္ေတာ္ေလးစိတ္လႈပ္ရွားခဲ့ရပါတယ္။ ေအေလးက ႏွစ္ေယာက္လုံးရဲ႕ေရးေနက်ပုံစံကေနကြဲထြက္ၿပီး အျမဴးအသြက္ေလးသြားခ်င္တယ္ေျပာေတာ့ အေဆြးသမားေလးကြၽန္ေတာ္ ေန႔တိုင္းသီခ်င္းျမဴးျမဴးေလးေတြ ဟာသေတြနဲ႔ ျဖတ္သန္းေနရပါတယ္။ ရယ္စရာေျပာတာပါဗ်ာ။ ေအေလးေရာ ကြၽန္ေတာ္ေရာ အစြမ္းကုန္ႀကိဳးစားေပးထါးၾကပါတယ္။ ေနၾကာမွာကတည္းက Fan ျဖစ္ခဲ့ရတဲ့ Authorနဲ႔ Collab ေလးေရးခြင့္ရတာ ဘုရားေပးတဲ့ဆုပါပဲ။ ဒီFic ေလးက ေအနဲ႔ကြၽန္ေတာ့္အတြက္ အမွတ္တရမွတ္တိုင္ေလးျဖစ္ခ်င္ပါတယ္။ ျဖစ္ေအာင္လည္းႀကိဳးစားပါ့မယ္။ ဖတ္ေပးၾကပါဦးေနာ္။ )

Continue Reading

You'll Also Like

217K 6.4K 74
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
115K 11.4K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
330K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
295K 16.9K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"