[Zawgyi]
Forevermore(ထဝရထက္ပို၍)
အပိုင္း-၃၄
ခ်န္းေယာလ္ ဘတ္ဟြၽန္း ကို ေပြ႕ဖက္ထားရင္းပဲ ေလဟာနယ္ရွိသူ႔ရဲ႕နန္းေဆာင္ဆီ ေခၚလာခဲ့သည္။
ဘတ္ဟြၽန္း ေက်ာျပင္မွာရွိေနတဲ့ ခ်န္းလ်ဲ႕ ရဲ႕ လက္သည္းဒဏ္ရာက အဆိပ္ရွိတာေၾကာင့္ သူ႔ရဲ႕စြမ္းအားကိုထုတ္ၿပီး အဆိပ္ေတြကိုထုတ္လိုက္ရသည္။ ထို႔ေနာက္ အနာက်က္ေစရန္ပါ စြမ္းအားျဖင့္ကုၿပီး ဘတ္ဟြၽန္း ကို အနားယူေစသည္။
ဝမ္ေယာလ္ က ခႏၶာကိုယ္ခြဲထြက္ၿပီး
'ဂြၽန္ေျမာင္ က သုံးေလာကတံခါးမွာပဲရွိေနတုန္းပဲ။ သူ႔ကိုသြားေခၚရမယ္'
ခ်န္းေယာလ္ က ဘတ္ဟြၽန္း ရဲ႕ လက္ကိုကိုင္ကာ ပါးျပင္တြင္းအပ္ရင္း တစိမ့္စိမ့္ထိုင္ၾကည့္ေနသည္။
'သြား'
'မလိုက္ဘူးလား'
'ဟြၽန္းငယ္ နဲ႔ေနခဲ့မယ္။ ဂြၽန္ေျမာင္ က ငါနဲ႔မဆိုင္ဘူး'
ခ်န္းေယာလ္ ရဲ႕ အေျဖကို ဝမ္ေယာလ္ အလိုမက်ျဖစ္သြားၿပီး အိပ္ေပ်ာ္ေနဆဲ ဘတ္ဟြၽန္း ကိုသာ ေဒါသတႀကီးျဖင့္ၾကည့္ေနသည္။
'မင္းက အိမ္ေရွ႕စံမင္းသားမဟုတ္လား။ ငါ့မပါလည္း မင္းဘာသာသြားေနက်ေနရာေတြေလ'
ခ်န္းေယာလ္ က ဝမ္ေယာလ္ ၏ စိတ္ကိုသိသည့္အလား ဘတ္ဟြၽန္း ကို မသိမသာေလးကာကြယ္ေပးထားသည္။ ဝမ္ေယာလ္ ထြက္သြားေတာ့မွ ဘတ္ဟြၽန္း ရဲ႕ ကံၾကမၼာနတ္စြမ္းအားကိုႏႈိးလိုက္ၿပီး
'ကံၾကမၼာနတ္မင္းရဲ႕စြမ္းအားေတြကပါ ဒဏ္ရာရထားတာပဲ'
ခ်န္းေယာလ္ ၿငိမ္သက္ေနေသာ သူ႔ရဲ႕ စၾကာလက္နက္ကို ေဒါသတႀကီးၾကည့္လိုက္ၿပီး
'ေနာက္ထပ္ ထပ္ၿပီး ဟြၽန္းငယ္ ကိုမထိနဲ႔'
ခ်န္းေယာလ္ ရဲ႕နတ္စြမ္းအားေတြအေျမာက္အမ်ားကို ဘတ္ဟြၽန္း ၏ ကံၾကမၼာစြမ္းအင္အျဖစ္ေျပာင္းလဲၿပီး နတ္ေလးေတာ္ကေနတစ္ဆင့္လႊဲေျပာင္းေပးေနသည္။ ၿပီးေနာက္ ဘတ္ဟြၽန္း အစစ္ျပန္မေရာက္လာေစရန္လည္း ကံၾကမၼာနတ္မင္းရဲ႕ အသိဉာဏ္ေတြကို ခဏပိတ္ထားလိုက္သည္။
'ကိုယ့္ရဲ႕ ဟြၽန္းငယ္ က ခ်စ္စရာေကာင္းေနတုန္းပဲ'
ခ်န္းေယာလ္ ဘတ္ဟြၽန္း ၏ ပါးေလးကို နစ္ဝင္သြားသည္အထိ အၾကာႀကီးဖိကပ္နမ္းထားၿပီးေနာ္ သူ႔ရင္ခြင္ထဲထည့္ကာ အိပ္ေပ်ာ္ေစသည္။
~~~~~~~~~
ဝမ္ေယာလ္ သုံးေလာကတံခါးဆီကိုေရာက္ေတာ့ ဂြၽန္ေျမာင္ ႏွင့္ ကူးစစ္က အခုထိ မျပန္ရေသးေပ။
'ဘာလုပ္ေနၾကတာလဲ'
ဝမ္ေယာလ္ အသံၾကားလို႔ သုံးေယာက္လုံး လွည့္ၾကည့္လိုက္ၿပီး
'အိမ္ေရွ႕စံ'
ဂြၽန္ေျမာင္ ႏွင့္ ဝူေဆာ့ က ဝမ္ေယာလ္ ကို ေခါင္းငုံ႔ကာ အ႐ိုအေသေပးသည္။
ဝမ္ေယာလ္ က ဂြၽန္ေျမာင္ ကိုသာ စကားေျပာေနၿပီး ကူးစစ္ ကို လွည့္ေတာင္မၾကည့္ေပ။
'ဘာမွမျဖစ္လို႔ေတာ္ေသးတာေပါ့'
'ဒါေပမဲ့ ဘတ္ဟြၽန္း ကေတာ့ ဒဏ္ရာရသြားတယ္'
'သြားရေအာင္'
ဝမ္ေယာလ္ တြင္ ဘတ္ဟြၽန္း အတြက္ ဝမ္းနည္းမႈ
တစ္စုံတစ္ရာမွ်မရွိေပ။
'ခဏေလး သူ႔ကိုက ဒီအတိုင္းထားခဲ့လို႔မရေသးဘူး'
ဂြၽန္ေျမာင္ စကားေၾကာင့္ ဝမ္ေယာလ္ ကူးစစ္ ကို လွည့္ၾကည့္လိုက္သည္။
'သူက မိစာၦေသြးတစ္ဝက္ပါေနတဲ့သူေလ။ သူ႔လမ္းသူသြားပါေစ'
'ဒါေပမဲ့ ငါ ရွာ႐ြန္ ကို ကတိေပးထားတယ္'
'ကတိေပးထားလည္း သူကအခု ဒီမွာမွမရွိတာ'
'ဝမ္ေယာလ္'
'ဘာပဲျဖစ္ျဖစ္ မင္းအဆင္ေျပေနရင္ၿပီးေရာေလ။ မဟုတ္ဘူးလား'
ဝမ္ေယာလ္ ေျပာၿပီးေနာက္ ဝူေဆာ့ ကိုပါ တစ္ခ်က္လွမ္းၾကည့္လိုက္သည္။
ဒီေ႐ႊငါးကေကာ ဘာေၾကာင့္ မိစာၦတိုင္းျပည္ကိုေရာက္ေနတာလဲ။ သူ႔ရဲ႕ စြမ္းအားအရ သာမန္ငါးတစ္ေကာင္သာျဖစ္ၿပီး ဒီလိုစြမ္းအားျမင့္လြန္းသည့္ တံခါးဆီကို အနားေတာင္ကပ္ခြင့္ရမွာမဟုတ္ေပမဲ့ တစ္ကယ္တမ္းက်ေတာ့ ျခစ္ရာတစ္စြန္းတစ္ေတာင္မျဖစ္ခဲ့ဘဲနဲ႔ ျပန္ေရာက္လာခဲ့သည္။ ဝမ္ေယာလ္ ဝူေဆာ့ ကိုလည္း ေစာင့္ၾကည့္ဖို႔လိုအပ္ေနၿပီမွန္း သိလိုက္ရသည္။
'မင္းျပန္ရင္ျပန္ႏွင့္လိုက္။ ငါ ကူးစစ္ ကို လုံၿခဳံတဲ့ေနရာပို႔ၿပီးမွ လိုက္ခဲ့မယ္'
ဝမ္ေယာလ္ ရဲ႕စကားကို ဂြၽန္ေျမာင္ က လက္မခံတာေၾကာင့္ စိတ္တိုစြာျဖင့္ ကူးစစ္ ကို လွမ္းၾကည့္သည္။
ၿပီးေနာက္မွာေတာ့ ဘာမေျပာညာမေျပာျဖင့္ ဂြၽန္ေျမာင္ ကို သတိေမ့သြားေအာင္လုပ္ၿပီး
'ဝူေဆာ့ မင္း သူ႔ကိုေခၚသြားလိုက္'
'ဗ်ာ'
'နားမလည္ဘူးလား'
'မဟုတ္ပါဘူး။ ဟို နဂါးျဖဴေလး မေရာက္လာေသးဘူးလားလို႔'
'ဘတ္ဟြၽန္း က ျပန္ေရာက္ေနၿပီ'
ထိုတစ္ခြန္းသာေျပာၿပီး ဝမ္ေယာလ္ ဂြၽန္ေျမာင္ ကို တြဲၿပီး ထြက္သြားေတာ့သည္။
'ကူးစစ္ အဆင္ေျပရဲ႕လား'
'တစ္မ်ိဳးႀကီးခံစားေနရသလိုပဲ'
'မင္းက တစ္ခ်ိန္လုံး မိစာၦစြမ္းအားေတြျပည့္ေနတဲ့ေနရာမွာပဲေနခဲ့ေတာ့ နတ္စြမ္းအားေနရာဆီေရာက္ေတာ့ တစ္မ်ိဳးခံစားရတာမဆန္းဘူး။ ေလာေလာဆယ္ေတာ့ ငါတို႔ေတြ ဒီကေနခ်က္ခ်င္းထြက္သြားရမယ္။ မဟုတ္ရင္ မင္းရဲ႕ခႏၶာကိုယ္က မိစာၦစြမ္းအားထြက္လာတာနဲ႔ သုံးေလာကတံခါးက ဆြဲသြားၿပီး မိစာၦတိုင္းျပည္ကို ျပန္ပို႔လိမ့္မယ္'
ဝူေဆာ့ လည္း ကူးစစ္ ကိုေခၚၿပီး ဘတ္ဟြၽန္း အရင္ကေနခဲ့ဖူးသည့္ ကြၽန္းေပၚကိုေခၚသြားလိုက္သည္။
'ေလာေလာဆယ္ေတာ့ ဘတ္ဟြၽန္း ေရာက္လာတဲ့အထိ ဒီမွာပဲေနရေအာင္'
'အင္းပါ။ ဒါနဲ႔ ခမည္းေတာ္ငယ္အဆင္ေျပပါ့မလား'
ခ်န္းလ်ဲ႕ ၏ အမိန႔္ကိုလြန္ဆန္ၿပီး မိစာၦတိုင္းျပည္ကေန ထြက္ေျပးဖို႔လုပ္ခဲ့သည့္အျပင္ ကူးစစ္ ကိုပါ အျပင္ကိုရေအာင္ပို႔ခဲ့သည့္အတြက္ ရွာ႐ြန္ ခံရမည့္အျပစ္ဒဏ္က ေတြးလို႔ေတာင္မရေပ။
'အိမ္ေရွ႕စံ က သူ႔ၾကင္ယာေတာ္ကိုခ်စ္ပါတယ္။ အရမ္းဆိုးဆိုးဝါးဝါးေတာ့ အျပစ္ေပးမွာမဟုတ္ေလာက္ဘူး'
'ဒါနဲ႔....ဝမ္ေယာလ္ ကေလ ဦးရီးေတာ္ ခ်န္းေယာလ္ နဲ႔ ႐ုပ္အတူတူပဲ။ ၿပီးေတာ့ သူ႔ဆီမွာ ဦးရီးေတာ္ရဲ႕ စြမ္းအားေတြကို ခံစားေနရတယ္'
'ခ်န္းေယာလ္ က မိစာၦဘုရင္မဟုတ္လား။ သူေပ်ာက္ေနတာၾကာၿပီေလ။ ဘယ္လိုျဖစ္ၿပီး မင္းသား ဝမ္ေယာလ္ ဆီမွာ သူ႔စြမ္းအားရွိေနရမွာလဲ။ၿပီးေတာ့ သူက နတ္တစ္ပါးေလ။ မျဖစ္ႏိုင္ဘူး'
'အဲ့လိုေတာ့ ယတိျပတ္ေျပာလို႔ေတာ့မရဘူးေလ။ ငါေတာင္ နတ္နဲ႔မိစာၦ စြမ္းအား ႏွစ္မ်ိဳးလုံးရွိတဲ့သူေလ။ ငါတို႔အခ်င္းခ်င္းက်ေတာ့ သိေနသလို ခံစားေနရတယ္'
'ဒါနဲ႔ မင္း လူႀကီးတစ္ေယာက္လို ေျပာင္းသြားသလိုပဲ'
မိစာၦတိုင္းျပည္က ထြက္လာတုန္းက ကေလးတစ္ေယာက္သာသာ သာရွိသည့္ ခႏၶာကိုယ္ေပမဲ့ အခုအခ်ိန္မွာေတာ့ အ႐ြယ္ေရာက္လူငယ္တစ္ေယာက္ပုံံစံေျပာင္းသြားသည့္အျပင္ ဆံပင္ေလးေတြကလည္း လႈိင္းတြန႔္ေလးေတြျဖစ္ေနကာ ရွာ႐ြန္ ရဲ႕ သားလို႔ အထူးေမးစရာမလိုရေအာင္ အလွေလးတစ္ေယာက္ျဖစ္ေနသည္။
'ခမည္းေတာ္ငယ္ေျပာတာမွန္တယ္။ ငါက စြမ္းအားႏွစ္မ်ိဳးစလုံးနဲ႔ ထိေတြ႕ၿပီးမွ ငါ့ရဲ႕ စြမ္းအားအစစ္အမွန္ေတြကိုရမွာ။ ဒါနဲ႔ မင္းကေကာ ဘယ္မွသြားစရာမရွိဘူးလား'
'မရွိပါဘူး။ ဘတ္ဟြၽန္း နတ္ျပည္ကိုျပန္သြားရင္ေတာ့ နတ္ျပည္လိုက္သြားရမွာ'
'ဘတ္ဟြၽန္း က ဝမ္ေယာလ္ နဲ႔ အတူေနတာလား'
'ဟုတ္တယ္'
'လက္ထပ္ထားၿပီးသားလား'
'သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းကနည္းနည္းေတာ့ရႈပ္တယ္။ မင္းနားလည္ေအာင္ေျပာျပရရင္ ဘတ္ဟြၽန္း က ဝမ္ေယာလ္ ရဲ႕ ၾကင္ယာေတာ္ ဝမ္အြန္း ကို သတ္ထားတဲ့သူ'
'အဲ့ဒါဆို ဘတ္ဟြၽန္း ကို မုန္းေနတာလား'
'အင္း။ အခုလည္း ဘတ္ဟြၽန္း ကေတာ့ သူ႔ကို ဝမ္ေယာလ္ က ခ်စ္တယ္ေျပာေပမဲ့ ငါကေတာ့ ဟန္ေဆာင္ေနတယ္လို႔ပဲျမင္တယ္'
ကူးစစ္ က အခုမွ နတ္ျပည္ကိုနယ္နိမိတ္ထဲစေရာက္ေနတာေၾကာင့္ သိရသမွ်ကိစၥအားလုံးက အထူးအဆန္းေတြျဖစ္ေနသည္။
'ဘတ္ဟြၽန္း က သူ႔ကိုယ္သူ ကံၾကမၼာနတ္မင္းမွန္းမသိဘူးလား'
'မသိေသးဘူး'
'မင္းကေကာ ကံၾကမၼာနတ္နန္းေဆာင္ကို ဘယ္လိုေရာက္သြားတာလဲ'
'လမ္းမွားသြားတာေလ'
'ျဖစ္ရမယ္'
'ဗိုက္ဆာေနၿပီလား။ မင္းပုံမွန္ဆိုရင္ ဘာစားလဲ'
'ပုံမွန္ေတာ့မရွိဘူး။ ငါက နတ္ေတြစားတဲ့ အစားအေသာက္ေကာ မိစာၦေတြစားတဲ့အစားအေသာက္ပါ ႏွစ္မ်ိဳးလုံးစားလို႔ရတယ္'
'ေကာင္းတာေပါ့။ မင္းစားဖို႔ တစ္ခုခုျပင္ေပးမယ္။ ခဏေစာင့္'
'အင္း'
ဝူေဆာ့ က ကြၽန္းေပၚရွိေတာအုပ္ထဲေျပးဝင္သြားတာကို ကူးစစ္ လိုက္ၾကည့္ေနသည္။ ၿပီးေနာက္ ဝမ္ေယာလ္ အေၾကာင္းျပန္ေတြးမိေနသည္။
'ေသခ်ာေပါက္ မိစာၦစြမ္းအားကို ခံစားရတာ'
~~~~~~~~~~
ဝမ္ေယာလ္ ဂြၽန္ေျမာင္ ကို ေလဟာနယ္ရွိ သူ႔ရဲ႕နန္းေဆာင္ဆီေခၚလာခဲ့ၿပီး ဒဏ္ရာေတြကို ျပန္ကုေပးေနသည္။ ခဏေနေတာ့ ဂြၽန္ေျမာင္ သက္သာသြားၿပီး ျပန္သတိရလာသည္။
'ဝမ္ေယာလ္'
'ႏိုးၿပီလား'
'ကူးစစ္ တို႔ေရာ'
'ရွိတယ္'
'ငါ သူ႔ဆီသြားဦးမယ္'
ခ်က္ခ်င္ထသြားဖို႔ျပင္ေနတာေၾကာင့္ ဝမ္ေယာလ္ ကပဲ သူ႔ကိုတားၿပီး
'သူအဆင္ေျပတယ္။ ငါ ဝူေဆာ့ ကို သူ႔ကိုေစာင့္ေရွာက္ခိုင္းထားတယ္'
'ဒါေပမဲ့....'
'ရွာ႐ြန္ က ဘယ္သူလဲဆိုတာ ငါမသိေပမဲ့ မင္းကို မိစာၦတိုင္းျပည္ကို လႊတ္တာက ဘတ္ဟြၽန္း အေၾကာင္းစုံစမ္းဖို႔ေလ။ မင္းဘာေတြသိလာလဲ။ ဘတ္ဟြၽန္း က ငါထင္သလို တစ္ကယ္ပဲကံၾကမၼာနတ္မင္းလား'
'ဟုတ္တယ္။ ၿပီးေတာ့ သူက မိစာၦဘုရင္ရဲ႕ ၾကင္ယာေတာ္လည္းျဖစ္ေနတယ္။ သူ႔ရဲ႕စြမ္းအားက ထူးဆန္းတယ္လို႔ေျပာရမယ္။ ရွာ႐ြန္ ေျပာတာေတာ့ ဘတ္ဟြၽန္း ရဲ႕ ကံၾကမၼာစြမ္းအားေတြက မိစာၦဘုရင္ဆီကေနရတာတဲ့'
ဂြၽန္ေျမာင္ ဘာဆက္ေျပာေနလဲဆိုတာကို ဝမ္ေယာလ္ စိတ္မဝင္စားေတာ့ဘဲ သူ႔ရဲ႕ လက္ရွိအေျခအေနကိုေတြးၿပီး ေက်နပ္ေနသည္။
ဝမ္ေယာလ္ ဆီမွာ မိစာၦဘုရင္ နဲ႔ ကံၾကမၼာနတ္မင္း ရွိေနသည္။ ဒါက နတ္ျပည္ကို ေျပာင္းျပန္လွန္ပစ္ဖို႔ အခြင့္အေရးေကာင္းပင္။
'အခု ဘတ္ဟြၽန္း ရဲ႕ အေၾကာင္းကိုသိရၿပီဆိုေတာ့ မင္းဘာဆက္လုပ္မွာလဲ'
'ဘာလုပ္ရမွာလဲ။ ငါ့ရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖၚရမွာေပါ့။ သူ႔ကို ငါေဘးနားေခၚထားတာက အသုံးခ်ဖို႔ေလ'
ဝမ္ေယာလ္ ၏ အၿပဳံးေတြက အႀကံအစည္ေတြျပည့္ႏွက္ေနသည္။
'မင္းလည္း နားလိုက္ဦး'
ဝမ္ေယာလ္ အျပင္ကိုထြက္သြားသည္။ သူ႔အခန္ထဲမွာေတာ့ ခ်န္းေယာလ္ က ရွိေနၿပီး ဘတ္ဟြၽန္း ေဘးနားမွာ ေစာင့္ေနသည္။
'ဘတ္ဟြၽန္ ႏိုးတာနဲ႔ နတ္ျပည္ကို ျပန္မယ္'
'မျပန္ေသးဘူး။ ဟြၽန္းငယ္ ေနေကာင္းမွျပန္မယ္'
'မရဘူး။ နတ္ျပည္မွာ ငါမရွိေတာ့ ေျဗာင္းဆန္ေနၿပီ'
'အဲ့ဒါငါနဲ႔မဆိုင္ဘူး'
'ခ်န္းေယာလ္!!'
'ဟြၽန္းငယ္ က ေနမေကာင္းေသးဘူး။ သူအနားယူရဦးမွာ။ ၿပီးေတာ့ မင္းကို ထီးနန္းရေအာင္ ငါကူညီမယ္လို႔ေျပာထားၿပီးၿပီပဲ။ ဘာလို႔အရမ္းေလာေနတာလဲ'
'ခ်ဴးရန္ က ဒီတိုင္းေနေနမဲ့သူမဟုတ္ဘူး။ ငါမရွိတုန္း ခမည္းေတာ္က သူ႔ကို အိမ္ေရွ႕စံေနရာလႊဲေပးရင္ဘယ္လိုလုပ္မလဲ'
'ခ်ဴးရန္ လား။ သူက တရားဝင္မင္းသားဆိုေပမဲ့ သားအရင္းမွမဟုတ္တာ'
'ငါ ခ်ဴးရန္ ကိုမယုံဘူး'
'အရမ္းႀကီးစိုးရိမ္မေနပါနဲ႔။ ငါ နတ္ျပည္ကိုေရာက္ရင္ မင္းရဲ႕အေရွ႕မွာတားဆီးေနတဲ့သူေတြအားလုံးကို ရွင္းထုတ္ေပးမယ္။ အခုေတာ့ ေအးေအးေဆးေဆးေနဦး'
ဝမ္ေယာလ္ ဘတ္ဟြၽန္း ကို ရန္လိုစြာၾကည့္ေနသည္။ ဘာလို႔ ဒဏ္ရာရလာတာလဲ.....။
~~~~~~~~~~FOREVERMORE~~~~~~~~~~
ရွာ႐ြန္ တစ္ေယာက္ ယစ္စင္တစ္ခုေပၚတြင္ မတ္တပ္ရပ္လ်က္ လက္ေတြကို သံႀကိဳးေတြျဖင့္ တစ္ဖက္စီခ်ည္တုပ္ခံထားရသည္။
ေဘးပတ္ခ်ာလည္တြင္ ေသြးရည္ေတြျပည့္ေနေသာ မီးေခ်ာ္ရည္ကန္ရွိေနၿပီး ထိုကန္၏ အပူဓာတ္က သူ႔ရဲ႕ပါးျပင္ကိုေတာင္ အေငြ႕႐ိုက္ေနသည္။ အနီေရာင္ မိုးႀကိဳးလ်ပ္စီးေတြကလက္ေနၿပီး မိုးၿခိမ္းသံကပင္ ေၾကာက္စရာေကာင္းလြန္းေနသည္။
'ခ်န္းလ်ဲ႕ ဘယ္မွာလဲ'
'အိမ္ေရွ႕စံ က အႀကီးအကဲေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးေနပါတယ္'
'ဘာလို႔လဲ'
'ၾကင္ယာေတာ္ကို မိစာၦအျဖစ္ေျပာင္းလဲဖို႔ပါ'
လက္ကသာ ႀကိဳးခ်ည္မခံထားရလွ်င္ ရွာ႐ြန္ လဲက်သြားေလာက္သည္။
သူအမုန္းဆုံးအခ်ိန္ကိုေရာက္လာၿပီထင္ပါရဲ႕။ ရွာ႐ြန္ က သူအသက္ရွင္ေနသ၍ နတ္ျပည္ကိုျပန္သြားလို႔ရၿပီး လက္လႊတ္ခဲ့ရေသာ ကံၾကမၼာနတ္မင္းေနရာကို ျပန္ၿပီးလိုခ်င္ေနခဲ့သည္။ အခုအခ်ိန္အထိ လြဲေခ်ာ္ခဲ့ရေသာ ကံၾကမၼာနတ္မင္းေနရာကို ရွာ႐ြန္ လက္မေလွ်ာ့ေသးေပ။ ဒါေပမဲ့ သူသာ မိစာၦအျဖစ္ ေျပာင္းလဲသြားပါက အခ်ိန္အၾကာႀကီးေစာင့္ခဲ့ရေသာ ကံၾကမၼာနတ္မင္းေနရာကို မရႏိုင္ေတာ့ေပ။ အၿမဲတမ္း ပူေလာင္ေနၿပီး ေသြးညႇီနံ႔ေတြျပည့္ႏွက္ေနသည့္ မိစာၦတိုင္းျပည္မွာပဲ ေနၿပီး အိမ္ေရွ႕စံ ရဲ႕ ၾကင္ယာေတာ္ အျဖစ္ေနေနရေတာ့မွာ။
ဘတ္ဟြၽန္း ေကာ ဒီလိုအေျခအေနကို ႀကဳံေတြ႕ခဲ့ဖူးလား။
'ရွာ႐ြန္'
ခ်န္းလ်ဲ႕ ရွာ႐ြန႔္ နာမည္ေခၚရင္း ယစ္စင္ေပၚျဖည္းျဖည္းခ်င္းတက္လာခဲ့သည္။
'ငါ့ကို မိစာၦအျဖစ္ေျပာင္းမလို႔ဆို'
'ဟုတ္တယ္'
'အဲ့ဒီအစား သတ္ပစ္လိုက္ပါလား'
'ရွာ႐ြန္'
ခ်န္းလ်ဲ႕ ၏ အသံကမေကာင္းေပ။ သူလည္း ကူးစစ္ ကိစၥေၾကာင့္ ရွာ႐ြန္ ကို စိတ္တိုခဲ့ေပမဲ့ ဒီေလာက္အထိ အျပစ္ေပးဖို႔ေတာ့မေတြးထားခဲ့ေပ။ ဘာလို႔ဆို ရွာ႐ြန္ က မိစာၦျဖစ္ရမွာကို မုန္းတီးေနသူမဟုတ္လား။ ဒါေပမဲ့ မိစာၦဘုရင္ ခ်န္းေယာလ္ ကေတာ့ ရွာ႐ြန္ ကို မိစာၦအျဖစ္ေျပာင္းလဲခိုင္းခဲ့ၿပီး ဘတ္ဟြၽန္း ရဲ႕ ကံၾကမၼာနတ္မင္းေနရာကို ဝင္မရႈပ္ေစရန္ သူ႔ကိုသတိေပးခဲ့သည္။ ခ်န္းလ်ဲ႕ အေနျဖင့္ ခ်န္းေယာလ္ ၏ အမိန႔္ကို လြန္ဆန္လို႔မရေပ။
'ကိုယ္ ေတာင္းပန္ပါတယ္ ရွာ႐ြန္'
ရွာ႐ြန္ က ခ်န္းလ်ဲ႕ အား နာၾကည္းစြာၾကည့္ေနသည္။ ထို႔ေနာက္ ခ်န္းလ်ဲ႕ က လက္ဖဝါးအား ဓားျဖင့္လွီးျဖတ္ကာ သူ႔ေသြးစက္ေတြကို စင္ေပၚသို႔ က်ေစသည္။ ခုနကအထိ ေျပာင္ေခ်ာေနေသာ ယစ္စင္၏ ၾကမ္းျပင္က ခ်န္းလ်ဲ႕ ၏ ေသြးက်ေရာက္တာနဲ႔ ေသြးစီးလမ္းေၾကာင္းေတြေပၚလာၿပီးေနာက္ အျမစ္ေတြလိုပြားကာ ရွာ႐ြန္ ၏ ကိုယ္ထဲစိုက္ဝင္ကုန္သည္'
'အား!!!'
ထို႔ေနာက္ ခ်န္းလ်ဲ႕ စင္ေပၚကေနဆင္းလာခ်ိန္မွာေတာ့ ေသြးကန္ရဲ႕ အပူခ်ိန္က ျမင့္လာၿပီးေနာက္ မီးေတြတဟုန္းဟုတ္ေတာက္ေလာင္ေနသည္။ ေကာင္းကင္ကေနတစ္ဆင့္လည္း အနီေရာင္အလင္းတန္းေတြက်ေနၿပီး ရွာ႐ြန္ ၏ ခႏၶာကိုယ္တြင္စီးဆင္းေနေသာ နတ္စြမ္းအားႏွင့္ ေသြးတို႔ကို စုပ္ယူကာ ထိုေနရာအစား မိစာၦစြမ္းအားႏွင့္ မိစာၦေသြးေတြကို ျဖည့္ေပးေနသည္။ နဂိုရွိၿပီးသား အေသြးအသားေတြကို ဆြဲထုတ္ယူေနေသာေၾကာင့္ ရွာ႐ြန္ ၏ နာက်င္လြန္းလို႔ ေအာ္ငိုေနသည့္အသံက ခန္းမတစ္ခြင့္ ျပန႔္ႏွံ႔ေနသည္။
ခ်န္းလ်ဲ႕ ထိုျမင္ကြင္းကို မၾကည့္ရက္ႏိုင္စြာ အၾကည့္လႊဲထားသည္။
'ကူးစစ္ အေၾကာင္း ၾကားရေသးလား'
'ျပန္ေရာက္လာတဲ့ ကေလးေတြဆီကေနေတာ့ ဘာသတင္းမွမၾကားရေသးပါဘူး အိမ္ေရွ႕စံ'
'ရွာ႐ြန္ ကိစၥၿပီးတာနဲ႔ ငါ နတ္ျပည္ကိုသြားမယ္။ ျပင္စရာရွိတာ ျပင္ထား'
'ဟုတ္ကဲ့ အိမ္ေရွ႕စံ'
___________________________
အရမ္းၾကာသြားခဲ့လို႔ေတာင္းပန္ပါတယ္။ update ေတာင္းထားတာေတြကို ေတြ႕ပါတယ္။ အဖက္မလုပ္တာမဟုတ္ဘဲ အားနာလို႔ စာမျပန္ျဖစ္တာပါ။ ဒီရက္ပိုင္းအလုပ္ကတအားမ်ားေနေတာ့ Forevermore ကို ခဏရပ္ထားၿပီးမွ စိတ္ႏွစ္ၿပီးေရးမယ္လို႔ ေတြးထားတာေၾကာင့္လည္းပါတယ္။ ဒါေၾကာင့္လည္း idea က ဘာမွမထြက္လာဘဲ ေရးလိုက္ရင္လည္း ျဖစ္သလိုေရးလိုက္သလိုျဖစ္မွာစိုးရိမ္တာနဲ႔ ဘာမွမတင္ျဖစ္တာပါ။ စာဖတ္သူေတြကို အဖက္မလုပ္ ဂ႐ုမစိုက္မလို႔မဟုတ္ဘဲ ကိုယ့္ကိုကိုယ္အားမရလို႔ ဘာမွမေရးျဖစ္ခဲ့တာပါ။ ဒါေၾကာင့္ တစ္မ်ိဳးမထင္ပါနဲ႔ေနာ္။ one အလုပ္ကလည္း မၾကာခင္ထြက္ေတာ့မွာပါ။ အဲ့အခ်ိန္က်ရင္ေတာ့ update မွန္လာမွာပါ။ ဒီၾကားထဲမွာေတာ့ ၾကားေပါက္ေလးေတြပဲ ေရးၿပီးရင္ ၿပီးသလို up ေပးပါမယ္ေနာ္❤️❤️
[Unicode]
Forevermore(ထဝရထက်ပို၍)
အပိုင်း-၃၄
ချန်းယောလ် ဘတ်ဟျွန်း ကို ပွေ့ဖက်ထားရင်းပဲ လေဟာနယ်ရှိသူ့ရဲ့နန်းဆောင်ဆီ ခေါ်လာခဲ့သည်။
ဘတ်ဟျွန်း ကျောပြင်မှာရှိနေတဲ့ ချန်းလျဲ့ ရဲ့ လက်သည်းဒဏ်ရာက အဆိပ်ရှိတာကြောင့် သူ့ရဲ့စွမ်းအားကိုထုတ်ပြီး အဆိပ်တွေကိုထုတ်လိုက်ရသည်။ ထို့နောက် အနာကျက်စေရန်ပါ စွမ်းအားဖြင့်ကုပြီး ဘတ်ဟျွန်း ကို အနားယူစေသည်။
ဝမ်ယောလ် က ခန္ဓာကိုယ်ခွဲထွက်ပြီး
'ဂျွန်မြောင် က သုံးလောကတံခါးမှာပဲရှိနေတုန်းပဲ။ သူ့ကိုသွားခေါ်ရမယ်'
ချန်းယောလ် က ဘတ်ဟျွန်း ရဲ့ လက်ကိုကိုင်ကာ ပါးပြင်တွင်းအပ်ရင်း တစိမ့်စိမ့်ထိုင်ကြည့်နေသည်။
'သွား'
'မလိုက်ဘူးလား'
'ဟျွန်းငယ် နဲ့နေခဲ့မယ်။ ဂျွန်မြောင် က ငါနဲ့မဆိုင်ဘူး'
ချန်းယောလ် ရဲ့ အဖြေကို ဝမ်ယောလ် အလိုမကျဖြစ်သွားပြီး အိပ်ပျော်နေဆဲ ဘတ်ဟျွန်း ကိုသာ ဒေါသတကြီးဖြင့်ကြည့်နေသည်။
'မင်းက အိမ်ရှေ့စံမင်းသားမဟုတ်လား။ ငါ့မပါလည်း မင်းဘာသာသွားနေကျနေရာတွေလေ'
ချန်းယောလ် က ဝမ်ယောလ် ၏ စိတ်ကိုသိသည့်အလား ဘတ်ဟျွန်း ကို မသိမသာလေးကာကွယ်ပေးထားသည်။ ဝမ်ယောလ် ထွက်သွားတော့မှ ဘတ်ဟျွန်း ရဲ့ ကံကြမ္မာနတ်စွမ်းအားကိုနှိုးလိုက်ပြီး
'ကံကြမ္မာနတ်မင်းရဲ့စွမ်းအားတွေကပါ ဒဏ်ရာရထားတာပဲ'
ချန်းယောလ် ငြိမ်သက်နေသော သူ့ရဲ့ စကြာလက်နက်ကို ဒေါသတကြီးကြည့်လိုက်ပြီး
'နောက်ထပ် ထပ်ပြီး ဟျွန်းငယ် ကိုမထိနဲ့'
ချန်းယောလ် ရဲ့နတ်စွမ်းအားတွေအမြောက်အများကို ဘတ်ဟျွန်း ၏ ကံကြမ္မာစွမ်းအင်အဖြစ်ပြောင်းလဲပြီး နတ်လေးတော်ကနေတစ်ဆင့်လွှဲပြောင်းပေးနေသည်။ ပြီးနောက် ဘတ်ဟျွန်း အစစ်ပြန်မရောက်လာစေရန်လည်း ကံကြမ္မာနတ်မင်းရဲ့ အသိဉာဏ်တွေကို ခဏပိတ်ထားလိုက်သည်။
'ကိုယ့်ရဲ့ ဟျွန်းငယ် က ချစ်စရာကောင်းနေတုန်းပဲ'
ချန်းယောလ် ဘတ်ဟျွန်း ၏ ပါးလေးကို နစ်ဝင်သွားသည်အထိ အကြာကြီးဖိကပ်နမ်းထားပြီးနော် သူ့ရင်ခွင်ထဲထည့်ကာ အိပ်ပျော်စေသည်။
~~~~~~~~~
ဝမ်ယောလ် သုံးလောကတံခါးဆီကိုရောက်တော့ ဂျွန်မြောင် နှင့် ကူးစစ်က အခုထိ မပြန်ရသေးပေ။
'ဘာလုပ်နေကြတာလဲ'
ဝမ်ယောလ် အသံကြားလို့ သုံးယောက်လုံး လှည့်ကြည့်လိုက်ပြီး
'အိမ်ရှေ့စံ'
ဂျွန်မြောင် နှင့် ဝူဆော့ က ဝမ်ယောလ် ကို ခေါင်းငုံ့ကာ အရိုအသေပေးသည်။
ဝမ်ယောလ် က ဂျွန်မြောင် ကိုသာ စကားပြောနေပြီး ကူးစစ် ကို လှည့်တောင်မကြည့်ပေ။
'ဘာမှမဖြစ်လို့တော်သေးတာပေါ့'
'ဒါပေမဲ့ ဘတ်ဟျွန်း ကတော့ ဒဏ်ရာရသွားတယ်'
'သွားရအောင်'
ဝမ်ယောလ် တွင် ဘတ်ဟျွန်း အတွက် ဝမ်းနည်းမှု
တစ်စုံတစ်ရာမျှမရှိပေ။
'ခဏလေး သူ့ကိုက ဒီအတိုင်းထားခဲ့လို့မရသေးဘူး'
ဂျွန်မြောင် စကားကြောင့် ဝမ်ယောလ် ကူးစစ် ကို လှည့်ကြည့်လိုက်သည်။
'သူက မိစ္ဆာသွေးတစ်ဝက်ပါနေတဲ့သူလေ။ သူ့လမ်းသူသွားပါစေ'
'ဒါပေမဲ့ ငါ ရှာရွန် ကို ကတိပေးထားတယ်'
'ကတိပေးထားလည်း သူကအခု ဒီမှာမှမရှိတာ'
'ဝမ်ယောလ်'
'ဘာပဲဖြစ်ဖြစ် မင်းအဆင်ပြေနေရင်ပြီးရောလေ။ မဟုတ်ဘူးလား'
ဝမ်ယောလ် ပြောပြီးနောက် ဝူဆော့ ကိုပါ တစ်ချက်လှမ်းကြည့်လိုက်သည်။
ဒီရွှေငါးကကော ဘာကြောင့် မိစ္ဆာတိုင်းပြည်ကိုရောက်နေတာလဲ။ သူ့ရဲ့ စွမ်းအားအရ သာမန်ငါးတစ်ကောင်သာဖြစ်ပြီး ဒီလိုစွမ်းအားမြင့်လွန်းသည့် တံခါးဆီကို အနားတောင်ကပ်ခွင့်ရမှာမဟုတ်ပေမဲ့ တစ်ကယ်တမ်းကျတော့ ခြစ်ရာတစ်စွန်းတစ်တောင်မဖြစ်ခဲ့ဘဲနဲ့ ပြန်ရောက်လာခဲ့သည်။ ဝမ်ယောလ် ဝူဆော့ ကိုလည်း စောင့်ကြည့်ဖို့လိုအပ်နေပြီမှန်း သိလိုက်ရသည်။
'မင်းပြန်ရင်ပြန်နှင့်လိုက်။ ငါ ကူးစစ် ကို လုံခြုံတဲ့နေရာပို့ပြီးမှ လိုက်ခဲ့မယ်'
ဝမ်ယောလ် ရဲ့စကားကို ဂျွန်မြောင် က လက်မခံတာကြောင့် စိတ်တိုစွာဖြင့် ကူးစစ် ကို လှမ်းကြည့်သည်။
ပြီးနောက်မှာတော့ ဘာမပြောညာမပြောဖြင့် ဂျွန်မြောင် ကို သတိမေ့သွားအောင်လုပ်ပြီး
'ဝူဆော့ မင်း သူ့ကိုခေါ်သွားလိုက်'
'ဗျာ'
'နားမလည်ဘူးလား'
'မဟုတ်ပါဘူး။ ဟို နဂါးဖြူလေး မရောက်လာသေးဘူးလားလို့'
'ဘတ်ဟျွန်း က ပြန်ရောက်နေပြီ'
ထိုတစ်ခွန်းသာပြောပြီး ဝမ်ယောလ် ဂျွန်မြောင် ကို တွဲပြီး ထွက်သွားတော့သည်။
'ကူးစစ် အဆင်ပြေရဲ့လား'
'တစ်မျိုးကြီးခံစားနေရသလိုပဲ'
'မင်းက တစ်ချိန်လုံး မိစ္ဆာစွမ်းအားတွေပြည့်နေတဲ့နေရာမှာပဲနေခဲ့တော့ နတ်စွမ်းအားနေရာဆီရောက်တော့ တစ်မျိုးခံစားရတာမဆန်းဘူး။ လောလောဆယ်တော့ ငါတို့တွေ ဒီကနေချက်ချင်းထွက်သွားရမယ်။ မဟုတ်ရင် မင်းရဲ့ခန္ဓာကိုယ်က မိစ္ဆာစွမ်းအားထွက်လာတာနဲ့ သုံးလောကတံခါးက ဆွဲသွားပြီး မိစ္ဆာတိုင်းပြည်ကို ပြန်ပို့လိမ့်မယ်'
ဝူဆော့ လည်း ကူးစစ် ကိုခေါ်ပြီး ဘတ်ဟျွန်း အရင်ကနေခဲ့ဖူးသည့် ကျွန်းပေါ်ကိုခေါ်သွားလိုက်သည်။
'လောလောဆယ်တော့ ဘတ်ဟျွန်း ရောက်လာတဲ့အထိ ဒီမှာပဲနေရအောင်'
'အင်းပါ။ ဒါနဲ့ ခမည်းတော်ငယ်အဆင်ပြေပါ့မလား'
ချန်းလျဲ့ ၏ အမိန့်ကိုလွန်ဆန်ပြီး မိစ္ဆာတိုင်းပြည်ကနေ ထွက်ပြေးဖို့လုပ်ခဲ့သည့်အပြင် ကူးစစ် ကိုပါ အပြင်ကိုရအောင်ပို့ခဲ့သည့်အတွက် ရှာရွန် ခံရမည့်အပြစ်ဒဏ်က တွေးလို့တောင်မရပေ။
'အိမ်ရှေ့စံ က သူ့ကြင်ယာတော်ကိုချစ်ပါတယ်။ အရမ်းဆိုးဆိုးဝါးဝါးတော့ အပြစ်ပေးမှာမဟုတ်လောက်ဘူး'
'ဒါနဲ့....ဝမ်ယောလ် ကလေ ဦးရီးတော် ချန်းယောလ် နဲ့ ရုပ်အတူတူပဲ။ ပြီးတော့ သူ့ဆီမှာ ဦးရီးတော်ရဲ့ စွမ်းအားတွေကို ခံစားနေရတယ်'
'ချန်းယောလ် က မိစ္ဆာဘုရင်မဟုတ်လား။ သူပျောက်နေတာကြာပြီလေ။ ဘယ်လိုဖြစ်ပြီး မင်းသား ဝမ်ယောလ် ဆီမှာ သူ့စွမ်းအားရှိနေရမှာလဲ။ပြီးတော့ သူက နတ်တစ်ပါးလေ။ မဖြစ်နိုင်ဘူး'
'အဲ့လိုတော့ ယတိပြတ်ပြောလို့တော့မရဘူးလေ။ ငါတောင် နတ်နဲ့မိစ္ဆာ စွမ်းအား နှစ်မျိုးလုံးရှိတဲ့သူလေ။ ငါတို့အချင်းချင်းကျတော့ သိနေသလို ခံစားနေရတယ်'
'ဒါနဲ့ မင်း လူကြီးတစ်ယောက်လို ပြောင်းသွားသလိုပဲ'
မိစ္ဆာတိုင်းပြည်က ထွက်လာတုန်းက ကလေးတစ်ယောက်သာသာ သာရှိသည့် ခန္ဓာကိုယ်ပေမဲ့ အခုအချိန်မှာတော့ အရွယ်ရောက်လူငယ်တစ်ယောက်ပုံံစံပြောင်းသွားသည့်အပြင် ဆံပင်လေးတွေကလည်း လှိုင်းတွန့်လေးတွေဖြစ်နေကာ ရှာရွန် ရဲ့ သားလို့ အထူးမေးစရာမလိုရအောင် အလှလေးတစ်ယောက်ဖြစ်နေသည်။
'ခမည်းတော်ငယ်ပြောတာမှန်တယ်။ ငါက စွမ်းအားနှစ်မျိုးစလုံးနဲ့ ထိတွေ့ပြီးမှ ငါ့ရဲ့ စွမ်းအားအစစ်အမှန်တွေကိုရမှာ။ ဒါနဲ့ မင်းကကော ဘယ်မှသွားစရာမရှိဘူးလား'
'မရှိပါဘူး။ ဘတ်ဟျွန်း နတ်ပြည်ကိုပြန်သွားရင်တော့ နတ်ပြည်လိုက်သွားရမှာ'
'ဘတ်ဟျွန်း က ဝမ်ယောလ် နဲ့ အတူနေတာလား'
'ဟုတ်တယ်'
'လက်ထပ်ထားပြီးသားလား'
'သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကနည်းနည်းတော့ရှုပ်တယ်။ မင်းနားလည်အောင်ပြောပြရရင် ဘတ်ဟျွန်း က ဝမ်ယောလ် ရဲ့ ကြင်ယာတော် ဝမ်အွန်း ကို သတ်ထားတဲ့သူ'
'အဲ့ဒါဆို ဘတ်ဟျွန်း ကို မုန်းနေတာလား'
'အင်း။ အခုလည်း ဘတ်ဟျွန်း ကတော့ သူ့ကို ဝမ်ယောလ် က ချစ်တယ်ပြောပေမဲ့ ငါကတော့ ဟန်ဆောင်နေတယ်လို့ပဲမြင်တယ်'
ကူးစစ် က အခုမှ နတ်ပြည်ကိုနယ်နိမိတ်ထဲစရောက်နေတာကြောင့် သိရသမျှကိစ္စအားလုံးက အထူးအဆန်းတွေဖြစ်နေသည်။
'ဘတ်ဟျွန်း က သူ့ကိုယ်သူ ကံကြမ္မာနတ်မင်းမှန်းမသိဘူးလား'
'မသိသေးဘူး'
'မင်းကကော ကံကြမ္မာနတ်နန်းဆောင်ကို ဘယ်လိုရောက်သွားတာလဲ'
'လမ်းမှားသွားတာလေ'
'ဖြစ်ရမယ်'
'ဗိုက်ဆာနေပြီလား။ မင်းပုံမှန်ဆိုရင် ဘာစားလဲ'
'ပုံမှန်တော့မရှိဘူး။ ငါက နတ်တွေစားတဲ့ အစားအသောက်ကော မိစ္ဆာတွေစားတဲ့အစားအသောက်ပါ နှစ်မျိုးလုံးစားလို့ရတယ်'
'ကောင်းတာပေါ့။ မင်းစားဖို့ တစ်ခုခုပြင်ပေးမယ်။ ခဏစောင့်'
'အင်း'
ဝူဆော့ က ကျွန်းပေါ်ရှိတောအုပ်ထဲပြေးဝင်သွားတာကို ကူးစစ် လိုက်ကြည့်နေသည်။ ပြီးနောက် ဝမ်ယောလ် အကြောင်းပြန်တွေးမိနေသည်။
'သေချာပေါက် မိစ္ဆာစွမ်းအားကို ခံစားရတာ'
~~~~~~~~~~
ဝမ်ယောလ် ဂျွန်မြောင် ကို လေဟာနယ်ရှိ သူ့ရဲ့နန်းဆောင်ဆီခေါ်လာခဲ့ပြီး ဒဏ်ရာတွေကို ပြန်ကုပေးနေသည်။ ခဏနေတော့ ဂျွန်မြောင် သက်သာသွားပြီး ပြန်သတိရလာသည်။
'ဝမ်ယောလ်'
'နိုးပြီလား'
'ကူးစစ် တို့ရော'
'ရှိတယ်'
'ငါ သူ့ဆီသွားဦးမယ်'
ချက်ချင်ထသွားဖို့ပြင်နေတာကြောင့် ဝမ်ယောလ် ကပဲ သူ့ကိုတားပြီး
'သူအဆင်ပြေတယ်။ ငါ ဝူဆော့ ကို သူ့ကိုစောင့်ရှောက်ခိုင်းထားတယ်'
'ဒါပေမဲ့....'
'ရှာရွန် က ဘယ်သူလဲဆိုတာ ငါမသိပေမဲ့ မင်းကို မိစ္ဆာတိုင်းပြည်ကို လွှတ်တာက ဘတ်ဟျွန်း အကြောင်းစုံစမ်းဖို့လေ။ မင်းဘာတွေသိလာလဲ။ ဘတ်ဟျွန်း က ငါထင်သလို တစ်ကယ်ပဲကံကြမ္မာနတ်မင်းလား'
'ဟုတ်တယ်။ ပြီးတော့ သူက မိစ္ဆာဘုရင်ရဲ့ ကြင်ယာတော်လည်းဖြစ်နေတယ်။ သူ့ရဲ့စွမ်းအားက ထူးဆန်းတယ်လို့ပြောရမယ်။ ရှာရွန် ပြောတာတော့ ဘတ်ဟျွန်း ရဲ့ ကံကြမ္မာစွမ်းအားတွေက မိစ္ဆာဘုရင်ဆီကနေရတာတဲ့'
ဂျွန်မြောင် ဘာဆက်ပြောနေလဲဆိုတာကို ဝမ်ယောလ် စိတ်မဝင်စားတော့ဘဲ သူ့ရဲ့ လက်ရှိအခြေအနေကိုတွေးပြီး ကျေနပ်နေသည်။
ဝမ်ယောလ် ဆီမှာ မိစ္ဆာဘုရင် နဲ့ ကံကြမ္မာနတ်မင်း ရှိနေသည်။ ဒါက နတ်ပြည်ကို ပြောင်းပြန်လှန်ပစ်ဖို့ အခွင့်အရေးကောင်းပင်။
'အခု ဘတ်ဟျွန်း ရဲ့ အကြောင်းကိုသိရပြီဆိုတော့ မင်းဘာဆက်လုပ်မှာလဲ'
'ဘာလုပ်ရမှာလဲ။ ငါ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ်ရမှာပေါ့။ သူ့ကို ငါဘေးနားခေါ်ထားတာက အသုံးချဖို့လေ'
ဝမ်ယောလ် ၏ အပြုံးတွေက အကြံအစည်တွေပြည့်နှက်နေသည်။
'မင်းလည်း နားလိုက်ဦး'
ဝမ်ယောလ် အပြင်ကိုထွက်သွားသည်။ သူ့အခန်ထဲမှာတော့ ချန်းယောလ် က ရှိနေပြီး ဘတ်ဟျွန်း ဘေးနားမှာ စောင့်နေသည်။
'ဘတ်ဟျွန် နိုးတာနဲ့ နတ်ပြည်ကို ပြန်မယ်'
'မပြန်သေးဘူး။ ဟျွန်းငယ် နေကောင်းမှပြန်မယ်'
'မရဘူး။ နတ်ပြည်မှာ ငါမရှိတော့ ဗြောင်းဆန်နေပြီ'
'အဲ့ဒါငါနဲ့မဆိုင်ဘူး'
'ချန်းယောလ်!!'
'ဟျွန်းငယ် က နေမကောင်းသေးဘူး။ သူအနားယူရဦးမှာ။ ပြီးတော့ မင်းကို ထီးနန်းရအောင် ငါကူညီမယ်လို့ပြောထားပြီးပြီပဲ။ ဘာလို့အရမ်းလောနေတာလဲ'
'ချူးရန် က ဒီတိုင်းနေနေမဲ့သူမဟုတ်ဘူး။ ငါမရှိတုန်း ခမည်းတော်က သူ့ကို အိမ်ရှေ့စံနေရာလွှဲပေးရင်ဘယ်လိုလုပ်မလဲ'
'ချူးရန် လား။ သူက တရားဝင်မင်းသားဆိုပေမဲ့ သားအရင်းမှမဟုတ်တာ'
'ငါ ချူးရန် ကိုမယုံဘူး'
'အရမ်းကြီးစိုးရိမ်မနေပါနဲ့။ ငါ နတ်ပြည်ကိုရောက်ရင် မင်းရဲ့အရှေ့မှာတားဆီးနေတဲ့သူတွေအားလုံးကို ရှင်းထုတ်ပေးမယ်။ အခုတော့ အေးအေးဆေးဆေးနေဦး'
ဝမ်ယောလ် ဘတ်ဟျွန်း ကို ရန်လိုစွာကြည့်နေသည်။ ဘာလို့ ဒဏ်ရာရလာတာလဲ.....။
~~~~~~~~~~FOREVERMORE~~~~~~~~~~
ရှာရွန် တစ်ယောက် ယစ်စင်တစ်ခုပေါ်တွင် မတ်တပ်ရပ်လျက် လက်တွေကို သံကြိုးတွေဖြင့် တစ်ဖက်စီချည်တုပ်ခံထားရသည်။
ဘေးပတ်ချာလည်တွင် သွေးရည်တွေပြည့်နေသော မီးချော်ရည်ကန်ရှိနေပြီး ထိုကန်၏ အပူဓာတ်က သူ့ရဲ့ပါးပြင်ကိုတောင် အငွေ့ရိုက်နေသည်။ အနီရောင် မိုးကြိုးလျပ်စီးတွေကလက်နေပြီး မိုးခြိမ်းသံကပင် ကြောက်စရာကောင်းလွန်းနေသည်။
'ချန်းလျဲ့ ဘယ်မှာလဲ'
'အိမ်ရှေ့စံ က အကြီးအကဲခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေပါတယ်'
'ဘာလို့လဲ'
'ကြင်ယာတော်ကို မိစ္ဆာအဖြစ်ပြောင်းလဲဖို့ပါ'
လက်ကသာ ကြိုးချည်မခံထားရလျှင် ရှာရွန် လဲကျသွားလောက်သည်။
သူအမုန်းဆုံးအချိန်ကိုရောက်လာပြီထင်ပါရဲ့။ ရှာရွန် က သူအသက်ရှင်နေသ၍ နတ်ပြည်ကိုပြန်သွားလို့ရပြီး လက်လွှတ်ခဲ့ရသော ကံကြမ္မာနတ်မင်းနေရာကို ပြန်ပြီးလိုချင်နေခဲ့သည်။ အခုအချိန်အထိ လွဲချော်ခဲ့ရသော ကံကြမ္မာနတ်မင်းနေရာကို ရှာရွန် လက်မလျှော့သေးပေ။ ဒါပေမဲ့ သူသာ မိစ္ဆာအဖြစ် ပြောင်းလဲသွားပါက အချိန်အကြာကြီးစောင့်ခဲ့ရသော ကံကြမ္မာနတ်မင်းနေရာကို မရနိုင်တော့ပေ။ အမြဲတမ်း ပူလောင်နေပြီး သွေးညှီနံ့တွေပြည့်နှက်နေသည့် မိစ္ဆာတိုင်းပြည်မှာပဲ နေပြီး အိမ်ရှေ့စံ ရဲ့ ကြင်ယာတော် အဖြစ်နေနေရတော့မှာ။
ဘတ်ဟျွန်း ကော ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ဖူးလား။
'ရှာရွန်'
ချန်းလျဲ့ ရှာရွန့် နာမည်ခေါ်ရင်း ယစ်စင်ပေါ်ဖြည်းဖြည်းချင်းတက်လာခဲ့သည်။
'ငါ့ကို မိစ္ဆာအဖြစ်ပြောင်းမလို့ဆို'
'ဟုတ်တယ်'
'အဲ့ဒီအစား သတ်ပစ်လိုက်ပါလား'
'ရှာရွန်'
ချန်းလျဲ့ ၏ အသံကမကောင်းပေ။ သူလည်း ကူးစစ် ကိစ္စကြောင့် ရှာရွန် ကို စိတ်တိုခဲ့ပေမဲ့ ဒီလောက်အထိ အပြစ်ပေးဖို့တော့မတွေးထားခဲ့ပေ။ ဘာလို့ဆို ရှာရွန် က မိစ္ဆာဖြစ်ရမှာကို မုန်းတီးနေသူမဟုတ်လား။ ဒါပေမဲ့ မိစ္ဆာဘုရင် ချန်းယောလ် ကတော့ ရှာရွန် ကို မိစ္ဆာအဖြစ်ပြောင်းလဲခိုင်းခဲ့ပြီး ဘတ်ဟျွန်း ရဲ့ ကံကြမ္မာနတ်မင်းနေရာကို ဝင်မရှုပ်စေရန် သူ့ကိုသတိပေးခဲ့သည်။ ချန်းလျဲ့ အနေဖြင့် ချန်းယောလ် ၏ အမိန့်ကို လွန်ဆန်လို့မရပေ။
'ကိုယ် တောင်းပန်ပါတယ် ရှာရွန်'
ရှာရွန် က ချန်းလျဲ့ အား နာကြည်းစွာကြည့်နေသည်။ ထို့နောက် ချန်းလျဲ့ က လက်ဖဝါးအား ဓားဖြင့်လှီးဖြတ်ကာ သူ့သွေးစက်တွေကို စင်ပေါ်သို့ ကျစေသည်။ ခုနကအထိ ပြောင်ချောနေသော ယစ်စင်၏ ကြမ်းပြင်က ချန်းလျဲ့ ၏ သွေးကျရောက်တာနဲ့ သွေးစီးလမ်းကြောင်းတွေပေါ်လာပြီးနောက် အမြစ်တွေလိုပွားကာ ရှာရွန် ၏ ကိုယ်ထဲစိုက်ဝင်ကုန်သည်'
'အား!!!'
ထို့နောက် ချန်းလျဲ့ စင်ပေါ်ကနေဆင်းလာချိန်မှာတော့ သွေးကန်ရဲ့ အပူချိန်က မြင့်လာပြီးနောက် မီးတွေတဟုန်းဟုတ်တောက်လောင်နေသည်။ ကောင်းကင်ကနေတစ်ဆင့်လည်း အနီရောင်အလင်းတန်းတွေကျနေပြီး ရှာရွန် ၏ ခန္ဓာကိုယ်တွင်စီးဆင်းနေသော နတ်စွမ်းအားနှင့် သွေးတို့ကို စုပ်ယူကာ ထိုနေရာအစား မိစ္ဆာစွမ်းအားနှင့် မိစ္ဆာသွေးတွေကို ဖြည့်ပေးနေသည်။ နဂိုရှိပြီးသား အသွေးအသားတွေကို ဆွဲထုတ်ယူနေသောကြောင့် ရှာရွန် ၏ နာကျင်လွန်းလို့ အော်ငိုနေသည့်အသံက ခန်းမတစ်ခွင့် ပြန့်နှံ့နေသည်။
ချန်းလျဲ့ ထိုမြင်ကွင်းကို မကြည့်ရက်နိုင်စွာ အကြည့်လွှဲထားသည်။
'ကူးစစ် အကြောင်း ကြားရသေးလား'
'ပြန်ရောက်လာတဲ့ ကလေးတွေဆီကနေတော့ ဘာသတင်းမှမကြားရသေးပါဘူး အိမ်ရှေ့စံ'
'ရှာရွန် ကိစ္စပြီးတာနဲ့ ငါ နတ်ပြည်ကိုသွားမယ်။ ပြင်စရာရှိတာ ပြင်ထား'
'ဟုတ်ကဲ့ အိမ်ရှေ့စံ'
___________________________
အရမ်းကြာသွားခဲ့လို့တောင်းပန်ပါတယ်။ update တောင်းထားတာတွေကို တွေ့ပါတယ်။ အဖက်မလုပ်တာမဟုတ်ဘဲ အားနာလို့ စာမပြန်ဖြစ်တာပါ။ ဒီရက်ပိုင်းအလုပ်ကတအားများနေတော့ Forevermore ကို ခဏရပ်ထားပြီးမှ စိတ်နှစ်ပြီးရေးမယ်လို့ တွေးထားတာကြောင့်လည်းပါတယ်။ ဒါကြောင့်လည်း idea က ဘာမှမထွက်လာဘဲ ရေးလိုက်ရင်လည်း ဖြစ်သလိုရေးလိုက်သလိုဖြစ်မှာစိုးရိမ်တာနဲ့ ဘာမှမတင်ဖြစ်တာပါ။ စာဖတ်သူတွေကို အဖက်မလုပ် ဂရုမစိုက်မလို့မဟုတ်ဘဲ ကိုယ့်ကိုကိုယ်အားမရလို့ ဘာမှမရေးဖြစ်ခဲ့တာပါ။ ဒါကြောင့် တစ်မျိုးမထင်ပါနဲ့နော်။ one အလုပ်ကလည်း မကြာခင်ထွက်တော့မှာပါ။ အဲ့အချိန်ကျရင်တော့ update မှန်လာမှာပါ။ ဒီကြားထဲမှာတော့ ကြားပေါက်လေးတွေပဲ ရေးပြီးရင် ပြီးသလို up ပေးပါမယ်နော်❤️❤️