Falling For You

By KThiMOo

124K 9.7K 399

အချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး.... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
.
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
.
33
34
Sorry...
35
36
38
Save The Date(WN-25-3-23)
39
40
41 (Final ♥️💚)

37

2.4K 212 12
By KThiMOo

ရိပေါ်ဟာ ကိုကိုးရဲ့စီစဉ်မှုနဲ့ hair&design နဲ့ပတ်သတ်သည့်သင်တန်းကိုတက်ခဲ့ရတာ အခုဆို ၃လပြည့်ပြီ.....
စီစဉ်ပေးကာစမှာ ရိပေါ်က ကိုကိုးရဲ့ထောက်ပံ့မှုကိုမယူချင်လို့ငြင်းပေမဲ့တစ်ချက်လွှတ်အမိန့်တွေသုံးပြီး ရိပေါ်ကိုအကြပ်ရိုက်စေခဲ့တယ်..... ကိုကိုးဘယ်လိုပင်ပြောပြော သင်တန်းပြီးရင် အချိန်ပိုင်းလုပ်ခွင့်ရမှ သင်တန်းတက်နိုင်မယ်လို့ ခေါင်းမာမာနဲ့ပဲညှိနှိုင်းတာကြောင့် နောက်ဆုံးလိုက်လျောရသူက ကိုကိုးသာ.....

အချိန်ပိုင်းအလုပ်လုပ်ရင်း ဆပ်စရာအကြွေးတွေကိုလည်း မမေ့မလျော့ဆပ်နိုင်အောင်လုပ်ခဲ့တယ်....
ကိုကိုးရဲ့စီစဉ်ပေးမှုနဲ့ကျန်းမာလာပြီဖြစ်တဲ့ပါပါးကလဲ ဈေးနားမှာ နို့လက်ဖက်ရည်ဆိုင်အသေးစားလေးဖွင့်နေတော့ ရိပေါ်ရဲ့ကိစ္စတွေပြီးတိုင်း ပါပါးဆိုင်မှာဝင်ကူပေးလေ့ရှိသည်.....

မာမားတို့ကတော့ ထုံးစံအတိုင်းဝိုင်းကောင်းရင်သွားနေကြမြဲဖြစ်သလို ပါပါးနဲ့လဲတခါတရံစကားတွေများလာတတ်တယ်....
အဆိုးဆုံးက သူတို့အိမ်ကို ကောင်းမုဆိုတဲ့လူကိုခေါ်ခေါ်လာတတ်တာပင်....

X Beauty မှာ ယွင်မိန်းကလေးနဲ့ပတ်သတ်ပြီးသိခဲ့သည့်ထိုလူ့ကို ရိပေါ်လုံးဝမနှစ်သက်.....
ထိုလူအိမ်လာတိုင်းလဲ ရိပေါ်ကိုမထိတထိတွေပြောဆိုနေတာတွေက ဘယ်လိုမှကိုအဆင်မပြေလှဘူး.....
မာမားတို့ရှေ့ထထွက်မိရင် သူတို့ဧည့်သည်ကို မလေးမစားဆက်ဆံရလားဆိုပြီး အဆူခံရသေးသည်.....

တခါတလေ ရိပေါ်ရှိချိန်မှန်းပြီး ပါပါးဆိုင်ကိုတစ်ယောက်တည်းရောက်လာတတ်သေးတယ်....

ပါပါးနဲ့ရိပေါ်ရဲ့သဘောမကျခြင်းကိုခံရတဲ့ကောင်းမုဆိုတဲ့လူဟာ ရိပေါ်ကိုပါပါးရှေ့မှာတင် ကိုယ်ထိလက်ရောက်ပြုမူဖူးတယ်....

ပါပါးရဲ့"ငါ့ဆိုင်ထဲကထွက်သွား မင်းတို့လိုအလောင်းကစားသမားတွေ ငါ့သားနားမကပ်နဲ့" ဆိုတဲ့စကားကြောင့် ရိပေါ်ကို အသားနာကျင်အောင်လုပ်တာမဟုတ်ပဲ မထီမဲ့မြင်ပုံစံနဲ့ပဲ ခါးကဖက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းခဲ့တယ်.....

ကောင်းမုရဲ့လုပ်ရက်ကြောင့် ပါပါးရဲ့ဆိုင်ထဲရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ထိုနေ့မှာပဲ ပါပါးနဲ့မာမားတို့ရန်အကြီးအကျယ်ဖြစ်ခဲ့သေးသည်....

ဘယ်လောက်ပင်ပြသာနာတက်တက် ကောင်းမုဆိုတဲ့လူကတော့ ရိပေါ်အိမ်ကိုဝင်ထွက်ဆဲပဲ.......




"ရိပေါ်လေး"

"ဟင် ခင်ဗျား!"

သင်တန်းကအထွက် ရိပေါ်လက်ကိုဆွဲပြီးခေါ်လာသူကြောင့် ဆတ်ခနဲပဲလက်ကိုပြန်ရုတ်မိတယ်....

"အိမ်ပြန်မှာမလား ကိုယ်လိုက်ပို့ပေးမယ် ကိုယ်လဲမာမားတို့နဲ့ချိန်းထားလို့"

"ရတယ် ကိုယ့်ဘာသာပြန်မှာ"

"လိုက်ခဲ့ပါကောင်လေးရယ် လမ်းကြုံနေတာပဲ"

"ကျစ် ခင်ဗျား ကျွန်တော့ကိုဟိုကိုင်ဒီကိုင်မလုပ်နဲ့"

သိုင်းဖက်မတက်ခေါ်နေတဲ့ကောင်းမုကြောင့် ရိပေါ်ရုန်းထွက်ပြီးဆိုလိုက်တယ်....သင်တန်းဆင်းချိန်ဖြစ်တာမို့ ရိပေါ်ကိုနှစ်ယောက်ကိုလည်း တချို့ကငတိထားမိပြီး ကြည့်နေကြပြီ....

"ကိုယ်ခေါ်ရင်ကောင်းကောင်းလိုက်ခဲ့လိုက်လေ"

"မလိုက်ဘူးလို့ပြောနေတယ်မလား ခင်ဗျားကိုယ့်လမ်းကိုယ်သားပါ ကျွန်တော့ကိုမနှောက််ယှက်နဲ့"

"ဟက်! မကြာခင်ပဲ ကိုယ့်လက်ထဲရောက်တော့မှာကို မူမနေနဲ့တော့နော်"

"ဘာ! ခင်ဗျားဘာပြောတယ်?"

"သိချင်ရင် အိမ်ရောက်တော့မေးကြည့်လေ"

နောက်ဆုံး ရိပေါ်အတွေးပေါင်းများစွာနဲ့ပဲ ကောင်းမုရဲ့ကားနဲ့ပါသွားတော့သည်....
အိမ်ရောက်တာနဲ့ မာမားနဲ့ကိုကြီးရှိရာဆီသွားပြီ....

"ကောင်းမုကပြောတယ် ကျွန်တော်ကမကြာခင်သူ့လက်ထဲရောက်တော့မှာဆို အဲဒါဘာအဓိပ္ပာယ်လဲ"

ရိပေါ်ကသာ သိလိုစိတ်ပြင်းပြပြီးမေးနေပေမဲ့ ရှေ့မှမာမားနဲ့ကိုကြီးက အေးဆေးပင်...

"ဟုတ်တယ်လေ သူကမင်းကို ငါတို့ဆီကတောင်းထားတယ်"

"...."

"ရိပေါ် မင်းသိလား ကောင်းမုကလေ အိမ်တစ်လုံး လုပ်ငန်းတစ်ခုနဲ့တင်တောင်းထားတာ မာမားတို့ကိုငွေသားနဲ့ထပ်ပြီး ဂါဝရပြုအုံးမယ်လို့လဲပြောထားသေးတယ် မြန်မြန်လက်ခံလိုက်နော် ရိပေါ် ဒါမှငါတို့လဲသူများတွေလို သုံးနိုင်ဖြုန်းနိုင်မှာ"

"ကိုကြီး မာမား! ဘာတွေလဲ....ကျွန်တော်က ဘာလို့ ကောင်းမုကိုလက်ခံးမှာလဲ ကိုကိုး ကိုကိုးရှိသေးတယ်လေ"

"မင်း ကိုကိုးက အလကား ထောက်ပံ့တယ်တဲ့ ဘယ်တုန်းကငါတို့လက်ထဲပိုက်ဆံဘယ်နှပြားရောက်လာလို့လဲ"

"ကိုကြီး မင်း!"

"ကဲ ကဲ တော်ကြတော့ ရိပေါ် မာမားတို့က သားရဲ့ရှေ့ရေးအတွက်ပါ ကောင်းမုကလဲ လူကုံထံအသိုင်းအဝိုင်းကပဲလေ အားလုံးနဲ့လဲအဆင်ပြေနေတာပဲ...သားရဲ့ကိုကိုးနဲ့ယှဉ်ရင်တော့ မာမားတို့ကကောင်းမုကိုပဲလက်ခံမယ်"

"မာမား! ကျွန်တော်လက်မခံဘူး ဘဝရွေးချယ်မှုကိုတော့ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပါရစေနော်..."

"မရဘူးနော်ဝမ်ရိပေါ် ကောင်းမုနဲ့ငါစကားတွေလွန်ပြီးပြီ အေး ငါ့စကားနားမထောင်ရင် မင်းကိုကိုနဲ့လဲတွေ့ရဖို့စိတ်မကူးနဲ့ ဒါပဲ"

မာမားကပြောပြီးတာနဲ့ထွက်သွားတော့ ဧည့်ခန်းတွင်း ရိပေါ်ရယ် ကိုကြီးရယ်နဲ့ ကောင်းမုသာကျန်ခဲ့တယ်...

"ယောက်ဖကြီး ကြိုးစားထားဗျာ ဒီကောင်လေးက နည်းနည်းတော့ခေါင်းမာတယ်"

ကောင်းမုရဲ့ပခုံးကိုတစ်ချက်ပုတ်ပြီး ကိုကြီးကလဲထွက်သွားပြန်သည်.....၊

"တွေ့လား ရိပေါ်လေးအိမ်ကလူတွေက ကိုယ့်ရဲ့ဘက်မှာရှိတာလား ရှောင်းကျန့်ရဲ့ဘက်မှာရှိတာလားဆိုတာ"

"ခင်ဗျားပါးစပ်ကနေ ကိုကိုးနာမည်မထွက်နဲ့"

"ဟက်! ရှောင်းကျန့်က ငါတို့ယွင်မိသားစုအပေါ်လုပ်ခဲ့တဲ့လုပ်ရက်တွေကို ပြန်စဉ်းစားကြည့်ရင် ဒါလေးကဘာမှမပြောပလောက်ပါဘူး ရိပေါ်လေးသိလား ငါ့အစ်ကိုကြီးရဲ့လုပ်ငန်းတွေ ရှောင်းကျန့်ကြောင့် ဘယ်လောက်ထိခိုက်နစ်နာခဲ့ရလဲ ငါ့တူမလေး ယွင်အာ ရှောင်းကျန့်ကြောင့် ပတ်ဝန်းကျင်မှာဘယ်လောက်မျက်နှာပျက်ခဲ့ရလဲ"

"...."

"ထိခိုက်နစ်နာမှုအများကြီးထဲကမှ မင်းကိုပဲ ငါက ပြန်ယူမှာ ဘာဖြစ်လို့လဲသိလား? မင်းက ရှောင်းကျန့်ရဲ့အားနည်းချက်ဖြစ်နေလို့ပဲ ခုနက မင်းရဲ့အမေနဲ့အစ်ကိုပြောခဲ့သလိုပဲ ငါ့ကိုလက်ခံနိုင်အောင်ပဲကြိုးစား ဒါဆို ရှောင်းကျန့်အတွက်သက်သာမယ် မဟုတ်ရင်တော့....."

စကားကိုဆက်မပြောပဲ... ရိပေါ်မျက်နှာနားကပ်လာတဲ့ ကောင်းမုကြောင့် ကိုယ်ကိုနောက်သို့ဆုတ်လိုက်မိသွားတယ်....

"ရှောင်းကျန့်မှာနစ်နာမှုတွေများသွားလိမ့်မယ် စီးပွါးရေးလား ဒါမှမဟုတ် သူ့ရဲ့တန်ဖိုးရှိလှတဲ့အသက်လား......ဟား ဟား ဟား"

ရိပေါ်ဘာမှပြန်မပြောနိုင်ခင်မှာ ကောင်းမုဟာ သဘောကျစွာရယ်မောပြီး အိမ်ထဲမှထွက်သွားချေပြီ....။

*ဟင့်အင်း ကိုကိုးဘာမှမဖြစ်ရဘူး.....


...............................

📩 ကျုပ်ရဲ့စက်ရုံမီးလောင်မှုက ယွင်ဥက္ကဌရဲ့လက်ချက်မှန်းသိလို့ ကျုပ်ဘက်ကလဲ လက်ဆောင်လေးပြန်ပေးလိုက်ပါတယ် ယွင်ဥက္ကဌကြိုက်နှစ်သက်မယ်ထင်ပါတယ်ဗျ

ယွင်ဥက္ကဌဟာ ရှောင်းကျန့်ဘက်ကပေးပို့လာတဲ့စာကိုဖက်ရင်းတွေဝေနေတုန်း သူ့လူတွေဆီမှ ပစ္စည်းတွေလမ်းမှာအသိမ်းခံလိုက်ရပြီဆိုတဲ့သတင်းကိုကြားလိုက်ရတယ်...

ဒီတစ်ခေါက်တန်ကြေးက အတော်ပင်များလှတယ်...လက်နက်တွေနဲ့အမှုန့်တွေ ရှိသမျှပစ္စည်းတွေကို တပြိုင်တည်းပို့သလိုဖြစ်သွားတဲ့အတွက် ယွင်ဥက္ကဌရဲ့နစ်နာမှုတွေဟာဆိုရင်ဖြင့်....

"ဟာကွာ!! တောက်! ရှောင်းကျန့် မင်း ထမင်းဝအောင်စားထားစမ်း!"



.....................

"ကိုကိုးဘေဘီလေး ဘာတွေအလိုမကျဖြစ်နေတာလဲ"

ပုံမှန်အတိုင်းနေနေတဲ့ ရိပေါ်ကို မျက်နှာလေးတချက်ကြည့်ရုံနဲ့ စိတ်ထဲဘာဖြစ်နေလဲသိနေတဲ့ ကိုကိုးဟာ ရိပေါ် ဟန်ဆောင်ချင်တာတောင် ဟန်ဆောင်လို့မရ.....

"ကိုကိုး....ကျွန်တော်...."

"အင်း..."

"ကိုကိုးကိုချစ်တယ်...."

ကိုကိုးကိုလက်နှစ်ဖက်နဲ့သိုင်းဖက်ကာ ပခုံးကြားခေါင်းမွေ့ရင်း ပြောမိတော့ ကိုကိုးက တစ်ချက်ရယ်လိုက်ကာ ရိပေါ်ရဲ့ကျောလေးကိုပွတ်သပ်ပေးလာတယ်.....

"အချွဲလေးပဲ..... အင်း....ကိုကိုးကလဲအများကြီးချစ်တာသိတယ်မလား ဝမ်လေးကိုမျက်နှာတစ်ချက်တောင်မညိုးစေချင်ဘူး ဝမ်လေးတစ်ခုခုဖြစ်နေတယ်ဆိုတာ ကိုယ်သိတယ် ကိုယ့်ကိုယုံတယ်မလား"

"ဟုတ် ယုံတယ်"

"အင်း ဒါဆို ဘာဖြစ်လဲဆိုတာကိုယ့်ကိုပြောပြ နေအုံး မပြောနဲ့တော့ ကိုယ်သိတယ်ထင်တယ်"

"ဟင်"

"ကိုယ်မေးတာပဲဖြေ ဝမ်လေးကို ဝမ်လေးရဲ့မာမားတို့ တစ်ခုခုပြောထားတယ်မလား"

ရိပေါ်ကို ရင်ခွင်ထဲမှဆွဲထုတ်ကာ မျက်နှာချင်းဆိုင်လိုက်တော့ မျက်ခမ်းသားတွေရဲနေတဲ့ဝမ်လေးက ငိုတော့မလိုလို.......

"ဟုတ်"

"သူတို့က ဘာပြောလဲ"

"အဲဒါက.... မာမားတို့က ကောင်းမုဆိုတဲ့လူနဲ့ပဲ ကျွန်တော့ကို သဘောတူတယ်တဲ့"

"အဲတော့ ဝမ်လေးက လက်ခံလိုက်လား"

"ဟင့်အင်း ဟင့်အင်း ကျွန်တော်လက်မခံဘူး"

ပြာပြာသလဲငြင်းလာတဲ့ကောင်လေးကြောင့် ရှောင်းကျန့်က တစ်ချက်ပြုံးလိုက်ရင်း စိုးရိမ်စိတ်တွေရှိနေတဲ့ကောင်လေးကို ရင်ခွင်ထဲတစ်ခါပြန်ထည့်လိုက်ပြန်တယ်....

"ဟုတ်တယ် လက်မခံနဲ့ ကိုယ်ကလွဲပြီး မင်းဘယ်သူ့ကိုမှလက်ခံလို့မရဘူး နောက်ဆို ကိုယ့်ကိုအခုလိုပဲပြောပြ တစ်ယောက်ထဲကျိတ်မဖြေရှင်းနဲ့နော် ကြားလား"

"ဟုတ်"

"အင်း...ကိုယ်က ဝမ်လေးဘာလုပ်လုပ်အကုန်သိနေမှာမို့ ဝမ်လေးရဲ့အနောက်မှာရှိနေတာမို့ ဝမ်လေးဆန္ဒမရှိရင် အကုန်လုံးကို ငြင်းပိုင်ခွင့်ရှိတယ် လက်မခံနိုင်ဘူးပြောပိုင်ခွင့်ရှိတယ် ကြားလား"

"ဟုတ် ကိုကိုးကိုကျွန်တော်ယုံတယ်"

"လိမ္မာတယ် နောက်ဆို သူများအတွက်နဲ့စိတ်မညစ်နဲ့ ကိုယ်က မင်းရဲ့အနားကနေ ကောင်းမုဆိုတဲ့လူကို အမြန်ဆုံးထွက်သွားအောင်လုပ်ပေးမယ် ဝမ်လေးကကိုယ့်အတွက်ပဲဖြစ်ရမှာ တခြားဘယ်သူ့အတွက်မှကိုမဖြစ်စေရဘူးနော်"

ရှောင်းကျန့်စကားအဆုံး သူ့ခါးကိုတင်းကြပ်စွာဖက်တွယ်လာပြီး "ကိုကိုး ကိုချစ်တယ်" ဆိုတဲ့အသံသေးသေးလေးထွက်လာသည်......။

*ကိုကိုးက ကျွန်တော့ကိုကာကွယ်သလို ကျွန်တော်ကလည်း ကိုကိုးအတွက် ကိုကိုးဘာမှမဖြစ်ရအောင် ကာကွယ်သွားမယ်......အဲအတွက် ဘာပဲစွန့်လွှတ်ရ စွန့်လွှတ်ရပေါ့....

>>>

———————————————————————————-

Zawgyi

ရိေပၚဟာ ကိုကိုးရဲ႕စီစဥ္မႈနဲ႔ hair&design နဲ႔ပတ္သတ္သည့္သင္တန္းကိုတက္ခဲ့ရတာ အခုဆို ၃လျပည့္ၿပီ.....
စီစဥ္ေပးကာစမွာ ရိေပၚက ကိုကိုးရဲ႕ေထာက္ပံ့မႈကိုမယူခ်င္လို႔ျငင္းေပမဲ့တစ္ခ်က္လႊတ္အမိန္႔ေတြသုံးၿပီး ရိေပၚကိုအၾကပ္႐ိုက္ေစခဲ့တယ္..... ကိုကိုးဘယ္လိုပင္ေျပာေျပာ သင္တန္းၿပီးရင္ အခ်ိန္ပိုင္းလုပ္ခြင့္ရမွ သင္တန္းတက္ႏိုင္မယ္လို႔ ေခါင္းမာမာနဲ႔ပဲညႇိႏႈိင္းတာေၾကာင့္ ေနာက္ဆုံးလိုက္ေလ်ာရသူက ကိုကိုးသာ.....

အခ်ိန္ပိုင္းအလုပ္လုပ္ရင္း ဆပ္စရာအေႂကြးေတြကိုလည္း မေမ့မေလ်ာ့ဆပ္ႏိုင္ေအာင္လုပ္ခဲ့တယ္....
ကိုကိုးရဲ႕စီစဥ္ေပးမႈနဲ႔က်န္းမာလာၿပီျဖစ္တဲ့ပါပါးကလဲ ေဈးနားမွာ ႏို႔လက္ဖက္ရည္ဆိုင္အေသးစားေလးဖြင့္ေနေတာ့ ရိေပၚရဲ႕ကိစၥေတြၿပီးတိုင္း ပါပါးဆိုင္မွာဝင္ကူေပးေလ့ရွိသည္.....

မာမားတို႔ကေတာ့ ထုံးစံအတိုင္းဝိုင္းေကာင္းရင္သြားေနၾကၿမဲျဖစ္သလို ပါပါးနဲ႔လဲတခါတရံစကားေတြမ်ားလာတတ္တယ္....
အဆိုးဆုံးက သူတို႔အိမ္ကို ေကာင္းမုဆိုတဲ့လူကိုေခၚေခၚလာတတ္တာပင္....

X Beauty မွာ ယြင္မိန္းကေလးနဲ႔ပတ္သတ္ၿပီးသိခဲ့သည့္ထိုလူ႔ကို ရိေပၚလုံးဝမႏွစ္သက္.....
ထိုလူအိမ္လာတိုင္းလဲ ရိေပၚကိုမထိတထိေတြေျပာဆိုေနတာေတြက ဘယ္လိုမွကိုအဆင္မေျပလွဘူး.....
မာမားတို႔ေရွ႕ထထြက္မိရင္ သူတို႔ဧည့္သည္ကို မေလးမစားဆက္ဆံရလားဆိုၿပီး အဆူခံရေသးသည္.....

တခါတေလ ရိေပၚရွိခ်ိန္မွန္းၿပီး ပါပါးဆိုင္ကိုတစ္ေယာက္တည္းေရာက္လာတတ္ေသးတယ္....

ပါပါးနဲ႔ရိေပၚရဲ႕သေဘာမက်ျခင္းကိုခံရတဲ့ေကာင္းမုဆိုတဲ့လူဟာ ရိေပၚကိုပါပါးေရွ႕မွာတင္ ကိုယ္ထိလက္ေရာက္ျပဳမူဖူးတယ္....

ပါပါးရဲ႕"ငါ့ဆိုင္ထဲကထြက္သြား မင္းတို႔လိုအေလာင္းကစားသမားေတြ ငါ့သားနားမကပ္နဲ႔" ဆိုတဲ့စကားေၾကာင့္ ရိေပၚကို အသားနာက်င္ေအာင္လုပ္တာမဟုတ္ပဲ မထီမဲ့ျမင္ပုံစံနဲ႔ပဲ ခါးကဖက္ၿပီး သူ႔ရင္ခြင္ထဲဆြဲသြင္းခဲ့တယ္.....

ေကာင္းမုရဲ႕လုပ္ရက္ေၾကာင့္ ပါပါးရဲ႕ဆိုင္ထဲ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၿပီး ထိုေန႔မွာပဲ ပါပါးနဲ႔မာမားတို႔ရန္အႀကီးအက်ယ္ျဖစ္ခဲ့ေသးသည္....

ဘယ္ေလာက္ပင္ျပသာနာတက္တက္ ေကာင္းမုဆိုတဲ့လူကေတာ့ ရိေပၚအိမ္ကိုဝင္ထြက္ဆဲပဲ.......




"ရိေပၚေလး"

"ဟင္ ခင္ဗ်ား!"

သင္တန္းကအထြက္ ရိေပၚလက္ကိုဆြဲၿပီးေခၚလာသူေၾကာင့္ ဆတ္ခနဲပဲလက္ကိုျပန္႐ုတ္မိတယ္....

"အိမ္ျပန္မွာမလား ကိုယ္လိုက္ပို႔ေပးမယ္ ကိုယ္လဲမာမားတို႔နဲ႔ခ်ိန္းထားလို႔"

"ရတယ္ ကိုယ့္ဘာသာျပန္မွာ"

"လိုက္ခဲ့ပါေကာင္ေလးရယ္ လမ္းႀကဳံေနတာပဲ"

"က်စ္ ခင္ဗ်ား ကြၽန္ေတာ့ကိုဟိုကိုင္ဒီကိုင္မလုပ္နဲ႔"

သိုင္းဖက္မတက္ေခၚေနတဲ့ေကာင္းမုေၾကာင့္ ရိေပၚ႐ုန္းထြက္ၿပီးဆိုလိုက္တယ္....သင္တန္းဆင္းခ်ိန္ျဖစ္တာမို႔ ရိေပၚကိုႏွစ္ေယာက္ကိုလည္း တခ်ိဳ႕ကငတိထားမိၿပီး ၾကည့္ေနၾကၿပီ....

"ကိုယ္ေခၚရင္ေကာင္းေကာင္းလိုက္ခဲ့လိုက္ေလ"

"မလိုက္ဘူးလို႔ေျပာေနတယ္မလား ခင္ဗ်ားကိုယ့္လမ္းကိုယ္သားပါ ကြၽန္ေတာ့ကိုမေႏွာက္္ယွက္နဲ႔"

"ဟက္! မၾကာခင္ပဲ ကိုယ့္လက္ထဲေရာက္ေတာ့မွာကို မူမေနနဲ႔ေတာ့ေနာ္"

"ဘာ! ခင္ဗ်ားဘာေျပာတယ္?"

"သိခ်င္ရင္ အိမ္ေရာက္ေတာ့ေမးၾကည့္ေလ"

ေနာက္ဆုံး ရိေပၚအေတြးေပါင္းမ်ားစြာနဲ႔ပဲ ေကာင္းမုရဲ႕ကားနဲ႔ပါသြားေတာ့သည္....
အိမ္ေရာက္တာနဲ႔ မာမားနဲ႔ကိုႀကီးရွိရာဆီသြားၿပီ....

"ေကာင္းမုကေျပာတယ္ ကြၽန္ေတာ္ကမၾကာခင္သူ႔လက္ထဲေရာက္ေတာ့မွာဆို အဲဒါဘာအဓိပၸာယ္လဲ"

ရိေပၚကသာ သိလိုစိတ္ျပင္းျပၿပီးေမးေနေပမဲ့ ေရွ႕မွမာမားနဲ႔ကိုႀကီးက ေအးေဆးပင္...

"ဟုတ္တယ္ေလ သူကမင္းကို ငါတို႔ဆီကေတာင္းထားတယ္"

"...."

"ရိေပၚ မင္းသိလား ေကာင္းမုကေလ အိမ္တစ္လုံး လုပ္ငန္းတစ္ခုနဲ႔တင္ေတာင္းထားတာ မာမားတို႔ကိုေငြသားနဲ႔ထပ္ၿပီး ဂါဝရျပဳအုံးမယ္လို႔လဲေျပာထားေသးတယ္ ျမန္ျမန္လက္ခံလိုက္ေနာ္ ရိေပၚ ဒါမွငါတို႔လဲသူမ်ားေတြလို သုံးႏိုင္ျဖဳန္းႏိုင္မွာ"

"ကိုႀကီး မာမား! ဘာေတြလဲ....ကြၽန္ေတာ္က ဘာလို႔ ေကာင္းမုကိုလက္ခံးမွာလဲ ကိုကိုး ကိုကိုးရွိေသးတယ္ေလ"

"မင္း ကိုကိုးက အလကား ေထာက္ပံ့တယ္တဲ့ ဘယ္တုန္းကငါတို႔လက္ထဲပိုက္ဆံဘယ္ႏွျပားေရာက္လာလို႔လဲ"

"ကိုႀကီး မင္း!"

"ကဲ ကဲ ေတာ္ၾကေတာ့ ရိေပၚ မာမားတို႔က သားရဲ႕ေရွ႕ေရးအတြက္ပါ ေကာင္းမုကလဲ လူကုံထံအသိုင္းအဝိုင္းကပဲေလ အားလုံးနဲ႔လဲအဆင္ေျပေနတာပဲ...သားရဲ႕ကိုကိုးနဲ႔ယွဥ္ရင္ေတာ့ မာမားတို႔ကေကာင္းမုကိုပဲလက္ခံမယ္"

"မာမား! ကြၽန္ေတာ္လက္မခံဘူး ဘဝေ႐ြးခ်ယ္မႈကိုေတာ့ ကိုယ့္ဘာသာကိုယ္ဆုံးျဖတ္ပါရေစေနာ္..."

"မရဘူးေနာ္ဝမ္ရိေပၚ ေကာင္းမုနဲ႔ငါစကားေတြလြန္ၿပီးၿပီ ေအး ငါ့စကားနားမေထာင္ရင္ မင္းကိုကိုနဲ႔လဲေတြ႕ရဖို႔စိတ္မကူးနဲ႔ ဒါပဲ"

မာမားကေျပာၿပီးတာနဲ႔ထြက္သြားေတာ့ ဧည့္ခန္းတြင္း ရိေပၚရယ္ ကိုႀကီးရယ္နဲ႔ ေကာင္းမုသာက်န္ခဲ့တယ္...

"ေယာက္ဖႀကီး ႀကိဳးစားထားဗ်ာ ဒီေကာင္ေလးက နည္းနည္းေတာ့ေခါင္းမာတယ္"

ေကာင္းမုရဲ႕ပခုံးကိုတစ္ခ်က္ပုတ္ၿပီး ကိုႀကီးကလဲထြက္သြားျပန္သည္.....၊

"ေတြ႕လား ရိေပၚေလးအိမ္ကလူေတြက ကိုယ့္ရဲ႕ဘက္မွာရွိတာလား ေရွာင္းက်န္႔ရဲ႕ဘက္မွာရွိတာလားဆိုတာ"

"ခင္ဗ်ားပါးစပ္ကေန ကိုကိုးနာမည္မထြက္နဲ႔"

"ဟက္! ေရွာင္းက်န္႔က ငါတို႔ယြင္မိသားစုအေပၚလုပ္ခဲ့တဲ့လုပ္ရက္ေတြကို ျပန္စဥ္းစားၾကည့္ရင္ ဒါေလးကဘာမွမေျပာပေလာက္ပါဘူး ရိေပၚေလးသိလား ငါ့အစ္ကိုႀကီးရဲ႕လုပ္ငန္းေတြ ေရွာင္းက်န္႔ေၾကာင့္ ဘယ္ေလာက္ထိခိုက္နစ္နာခဲ့ရလဲ ငါ့တူမေလး ယြင္အာ ေရွာင္းက်န္႔ေၾကာင့္ ပတ္ဝန္းက်င္မွာဘယ္ေလာက္မ်က္ႏွာပ်က္ခဲ့ရလဲ"

"...."

"ထိခိုက္နစ္နာမႈအမ်ားႀကီးထဲကမွ မင္းကိုပဲ ငါက ျပန္ယူမွာ ဘာျဖစ္လို႔လဲသိလား? မင္းက ေရွာင္းက်န္႔ရဲ႕အားနည္းခ်က္ျဖစ္ေနလို႔ပဲ ခုနက မင္းရဲ႕အေမနဲ႔အစ္ကိုေျပာခဲ့သလိုပဲ ငါ့ကိုလက္ခံႏိုင္ေအာင္ပဲႀကိဳးစား ဒါဆို ေရွာင္းက်န္႔အတြက္သက္သာမယ္ မဟုတ္ရင္ေတာ့....."

စကားကိုဆက္မေျပာပဲ... ရိေပၚမ်က္ႏွာနားကပ္လာတဲ့ ေကာင္းမုေၾကာင့္ ကိုယ္ကိုေနာက္သို႔ဆုတ္လိုက္မိသြားတယ္....

"ေရွာင္းက်န္႔မွာနစ္နာမႈေတြမ်ားသြားလိမ့္မယ္ စီးပြါးေရးလား ဒါမွမဟုတ္ သူ႔ရဲ႕တန္ဖိုးရွိလွတဲ့အသက္လား......ဟား ဟား ဟား"

ရိေပၚဘာမွျပန္မေျပာႏိုင္ခင္မွာ ေကာင္းမုဟာ သေဘာက်စြာရယ္ေမာၿပီး အိမ္ထဲမွထြက္သြားေခ်ၿပီ....။

*ဟင့္အင္း ကိုကိုးဘာမွမျဖစ္ရဘူး.....


...............................

📩 က်ဳပ္ရဲ႕စက္႐ုံမီးေလာင္မႈက ယြင္ဥကၠဌရဲ႕လက္ခ်က္မွန္းသိလို႔ က်ဳပ္ဘက္ကလဲ လက္ေဆာင္ေလးျပန္ေပးလိုက္ပါတယ္ ယြင္ဥကၠဌႀကိဳက္ႏွစ္သက္မယ္ထင္ပါတယ္ဗ်

ယြင္ဥကၠဌဟာ ေရွာင္းက်န္႔ဘက္ကေပးပို႔လာတဲ့စာကိုဖက္ရင္းေတြေဝေနတုန္း သူ႔လူေတြဆီမွ ပစၥည္းေတြလမ္းမွာအသိမ္းခံလိုက္ရၿပီဆိုတဲ့သတင္းကိုၾကားလိုက္ရတယ္...

ဒီတစ္ေခါက္တန္ေၾကးက အေတာ္ပင္မ်ားလွတယ္...လက္နက္ေတြနဲ႔အမႈန္႔ေတြ ရွိသမွ်ပစၥည္းေတြကို တၿပိဳင္တည္းပို႔သလိုျဖစ္သြားတဲ့အတြက္ ယြင္ဥကၠဌရဲ႕နစ္နာမႈေတြဟာဆိုရင္ျဖင့္....

"ဟာကြာ!! ေတာက္! ေရွာင္းက်န္႔ မင္း ထမင္းဝေအာင္စားထားစမ္း!"



.....................

"ကိုကိုးေဘဘီေလး ဘာေတြအလိုမက်ျဖစ္ေနတာလဲ"

ပုံမွန္အတိုင္းေနေနတဲ့ ရိေပၚကို မ်က္ႏွာေလးတခ်က္ၾကည့္႐ုံနဲ႔ စိတ္ထဲဘာျဖစ္ေနလဲသိေနတဲ့ ကိုကိုးဟာ ရိေပၚ ဟန္ေဆာင္ခ်င္တာေတာင္ ဟန္ေဆာင္လို႔မရ.....

"ကိုကိုး....ကြၽန္ေတာ္...."

"အင္း..."

"ကိုကိုးကိုခ်စ္တယ္...."

ကိုကိုးကိုလက္ႏွစ္ဖက္နဲ႔သိုင္းဖက္ကာ ပခုံးၾကားေခါင္းေမြ႕ရင္း ေျပာမိေတာ့ ကိုကိုးက တစ္ခ်က္ရယ္လိုက္ကာ ရိေပၚရဲ႕ေက်ာေလးကိုပြတ္သပ္ေပးလာတယ္.....

"အခြၽဲေလးပဲ..... အင္း....ကိုကိုးကလဲအမ်ားႀကီးခ်စ္တာသိတယ္မလား ဝမ္ေလးကိုမ်က္ႏွာတစ္ခ်က္ေတာင္မညိဳးေစခ်င္ဘူး ဝမ္ေလးတစ္ခုခုျဖစ္ေနတယ္ဆိုတာ ကိုယ္သိတယ္ ကိုယ့္ကိုယုံတယ္မလား"

"ဟုတ္ ယုံတယ္"

"အင္း ဒါဆို ဘာျဖစ္လဲဆိုတာကိုယ့္ကိုေျပာျပ ေနအုံး မေျပာနဲ႔ေတာ့ ကိုယ္သိတယ္ထင္တယ္"

"ဟင္"

"ကိုယ္ေမးတာပဲေျဖ ဝမ္ေလးကို ဝမ္ေလးရဲ႕မာမားတို႔ တစ္ခုခုေျပာထားတယ္မလား"

ရိေပၚကို ရင္ခြင္ထဲမွဆြဲထုတ္ကာ မ်က္ႏွာခ်င္းဆိုင္လိုက္ေတာ့ မ်က္ခမ္းသားေတြရဲေနတဲ့ဝမ္ေလးက ငိုေတာ့မလိုလို.......

"ဟုတ္"

"သူတို႔က ဘာေျပာလဲ"

"အဲဒါက.... မာမားတို႔က ေကာင္းမုဆိုတဲ့လူနဲ႔ပဲ ကြၽန္ေတာ့ကို သေဘာတူတယ္တဲ့"

"အဲေတာ့ ဝမ္ေလးက လက္ခံလိုက္လား"

"ဟင့္အင္း ဟင့္အင္း ကြၽန္ေတာ္လက္မခံဘူး"

ျပာျပာသလဲျငင္းလာတဲ့ေကာင္ေလးေၾကာင့္ ေရွာင္းက်န္႔က တစ္ခ်က္ၿပဳံးလိုက္ရင္း စိုးရိမ္စိတ္ေတြရွိေနတဲ့ေကာင္ေလးကို ရင္ခြင္ထဲတစ္ခါျပန္ထည့္လိုက္ျပန္တယ္....

"ဟုတ္တယ္ လက္မခံနဲ႔ ကိုယ္ကလြဲၿပီး မင္းဘယ္သူ႔ကိုမွလက္ခံလို႔မရဘူး ေနာက္ဆို ကိုယ့္ကိုအခုလိုပဲေျပာျပ တစ္ေယာက္ထဲက်ိတ္မေျဖရွင္းနဲ႔ေနာ္ ၾကားလား"

"ဟုတ္"

"အင္း...ကိုယ္က ဝမ္ေလးဘာလုပ္လုပ္အကုန္သိေနမွာမို႔ ဝမ္ေလးရဲ႕အေနာက္မွာရွိေနတာမို႔ ဝမ္ေလးဆႏၵမရွိရင္ အကုန္လုံးကို ျငင္းပိုင္ခြင့္ရွိတယ္ လက္မခံႏိုင္ဘူးေျပာပိုင္ခြင့္ရွိတယ္ ၾကားလား"

"ဟုတ္ ကိုကိုးကိုကြၽန္ေတာ္ယုံတယ္"

"လိမၼာတယ္ ေနာက္ဆို သူမ်ားအတြက္နဲ႔စိတ္မညစ္နဲ႔ ကိုယ္က မင္းရဲ႕အနားကေန ေကာင္းမုဆိုတဲ့လူကို အျမန္ဆုံးထြက္သြားေအာင္လုပ္ေပးမယ္ ဝမ္ေလးကကိုယ့္အတြက္ပဲျဖစ္ရမွာ တျခားဘယ္သူ႔အတြက္မွကိုမျဖစ္ေစရဘူးေနာ္"

ေရွာင္းက်န္႔စကားအဆုံး သူ႔ခါးကိုတင္းၾကပ္စြာဖက္တြယ္လာၿပီး "ကိုကိုး ကိုခ်စ္တယ္" ဆိုတဲ့အသံေသးေသးေလးထြက္လာသည္......။

*ကိုကိုးက ကြၽန္ေတာ့ကိုကာကြယ္သလို ကြၽန္ေတာ္ကလည္း ကိုကိုးအတြက္ ကိုကိုးဘာမွမျဖစ္ရေအာင္ ကာကြယ္သြားမယ္......အဲအတြက္ ဘာပဲစြန္႔လႊတ္ရ စြန္႔လႊတ္ရေပါ့....

>>>

Continue Reading

You'll Also Like

269K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
593K 31.4K 15
#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019
51K 9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
207K 12.5K 25
💜💜💜