TRICK ✔

Par NightToy_95

14.1K 1.3K 83

မျက်လှည့်ကမှော်ပညာလား.. မ်က္လွည့္ကေမွာ္ပညာလား.. coverphoto credit #nighttoy95 #Hongkong style Plus

1ခု
2ခု
3ခု
4ခု
5ခု
6ခု
7ခု
8ခု
character
9ခု
10ခု
11ခု
12ခု
13ခု
14ခု
16ခု
17ခု
Xiao and Feng
18ခု
19ခု
20ခု
21ခု(လမ်းဆုံး)Uni
21ခု(လမ္းဆုံး)Zaw

15ခု

416 54 7
Par NightToy_95

15ခု
Uni

Aceစံအိမ်ရဲ့ဂိတ်ငါးခုတွေ့ဆုံပွဲကစကားဝိုင်းခေါင်းစဥ်ကတော့မပြောင်းမလဲKowloonကိစ္စတွေပါပဲ။အမှောင်မြို့တော်ဖြစ်တဲ့Kowloonကတရားမဝင်အလုပ်တွေပျော်မွေ့ရာနေရာဖြစ်တာကြောင့်ဂိတ်ငါးခုရဲ့မျက်စိကျခြင်းကိုခံရတယ်။မရိုးနိုင်မအီနိုင်အငြင်းအခုံဖြစ်နေကြတဲ့အဘိုးကြီးတွေကိုကြည့်ပြီးဝမ်ရိပေါ်ကစိတ်ပျက်မိတယ်။ဒီနေ့ဒီနေရာမှာသူထိုင်နေရတဲ့အကြောင်းအရင်းကKowloonကိစ္စကြောင့်လဲမဟုတ်ဘူးအဘိုးကြီးတွေရဲ့ယုတ္တိမရှိတဲ့စကားတွေကိုနားထောင်ဖို့လဲမဟုတ်ဘူး။

ဝမ်ရိပေါ်ကခပ်လှမ်းလှမ်းမှာရပ်နေတဲ့ဖန်းဟုန်စီကိုလှမ်းကြည့်လိုက်တယ်။သူဒီနေရာမှာထိုင်နေတာဖန်းဟုန်စီကြောင့်ပဲ။အားလိန်ပြောပြချက်တွေကိုနားထောင်ပြီးဖြစ်နိုင်ခြေရှိတာကိုတွေးမိတော့သူဖန်းဟုန်စီကိုတဲ့တိုးမေးဖို့လိုအပ်သည်။စိတ်ဝင်စားဖို့မကောင်းတဲ့စကားဝိုင်းကိုထားခဲ့ပြီးနှုတ်ဆတ်ကာထိုနေရာကထလာတော့ကျန်တဲ့လေးယောက်ကဆွံအစွာကြည့်နေကြတယ်။

"သခင်ကြီးဝမ်ဆွေးနွေးမှုမပြီးပဲထွက်သွားတာဒါဘယ်လိုရိုင်းပျမှုမျိုးလဲ"

အနောက်ပါးကသခင်ကြီးဖန်းရဲ့စကားကြောင့်သူ့ခြေလှမ်းတွေရပ်လိုက်ပြီးမဲ့ပြုံးတစ်ခုဆင်မြန်းကာနောက်လှည့်ကြည့်လိုက်သည်။သူ့ကိုဆိုအမြဲတမ်းအပစ်မရှိအပစ်ရှာအပုတ်ချပြောဆိုချင်နေတဲ့လူကလူကြီးလူကောင်းအရေခွံခြုံပြီးဆုံးမသြဝါဒခြွေချင်နေတာလား။

"ရိုင်းပျတာမဟုတ်ပါဘူးသခင်ကြီးဖန်း .စကားဝိုင်းကစိတ်ဝင်စားဖို့မကောင်းလို့ပျင်းလာတာပါ "

"ဘာ ဒီဆွေးနွေးပွဲကိုမင်းအပျင်းပြေဖို့လုပ်တယ်များထင်နေတာလားဝမ်ရိပေါ်ဒီထဲမှာမင်းကအသက်ငယ်ဆုံးပါလူကြီးသူမတွေကိုရိုသေသင့်တယ်မထီမဲ့မြင်ပုံစံနဲ့လာမလုပ်နဲ့ကွ!!. "

ဖန်းဆောင်စီကဒေါသတကြီးပြောတော့သည်။ဝမ်ရိပေါ်ကအံ့သြသလိုလှောင်ပြောင်ပြီးအမူအယာလုပ်ပြတယ်။သူ့စကားလေးတစ်ခွန်းကသခင်ကြီးဖန်းရဲ့ဒေါသကိုအဲ့လောက်တောင်ဆွပေးလိုက်မိတာလား။အိုး..ဟုတ်သားပဲဒီမြေခွေးအိုကြီးကသူ့ကိုအစထဲကမျက်စိနောက်နေတာပဲ။

"အဲ့လိုဖြစ်သွားရင်တော့Sorryပါဗျာ ကျွန်တော်ကအမှန်တရားကိုပဲပြောလိုက်တာပါသခင်ကြီးဖန်းဒီလောက်ထိရုပ်ပျက်ဆင်းပျက်ဒေါသထွက်သွားဖို့မရည်ရွယ်ပါဘူး"

"မင်း မင်း"

ဝမ်ရိပေါ်ကလက်နှစ်ဖက်မြောက်ကာသူမှားကြောင်းခနဲ့ပြီးလုပ်သံကြီးနဲ့ပြောတော့သခင်ကြီးဖန်းဣန္ဒြေမဆည်နိုင်လောက်အောင်ဖြစ်ပျက်သွားသည်။သခင်ကြီးလုကတားလိုက်လို့သာသူတို့ရဲ့ပြသာနာကငြိမ်းသွားတယ်။ဂိတ်လေးဂိတ်ကစကားဝိုင်းပြန်စနေကြပေမဲ့ဝမ်ရိပေါ်ကတော့ဖန်းဟုန်စီအနားကိုသာလျောက်လာသည်။Hall ခန်းထောင့်မှာရပ်နေတဲ့Chuoနဲ့အားလိန်ကဝမ်ရိပေါ်ကိုမျက်စိဒေါက်ထောင့်ကြည့်နေကြတယ်။အတွင်းရေးမှူးပိုင်ကသူတို့အနားရောက်လာတော့သုံးယောက်သားဘာဆက်ဖြစ်မလဲဆိုတာပွဲကြည့်ပရိတ်သတ်လုပ်နေကြသည်။

ဝမ်ရိပေါ်ကဖန်းဟုန်စီအနားသွားပြီးရှေ့မှာရပ်လိုက်တော့ဖန်းဟုန်စီကဝိုင်ခွက်တစ်ခွက်ပေးလာသည်။သူ့ပုံစံကဝမ်ရိပေါ်နဲ့တွေ့တိုင်းမိန်းမငယ်လေးလိုနူးညံ့ကာကနွဲ့ကလျဖြစ်နေပြီးအားနည်းသွားတတ်သည်။ဝမ်ရိပေါ်ကဝိုင်ကိုမသောက်သေးပဲဖန်းဟုန်စီကိုစိုက်ကြည့်နေသည်။

"သခင်ကြီးဝမ်အဲ့လောက်ကြည့်နေတော့ကျွန်တော်မနေတတ်တော့ဘူး..ဘာလဲကျွန်တော့်အလှအပတွေအောက်ကျရှုံးသွားပြီလား..."

ဖန်းဟုန်စီကပါးချိုင့်တွေပေါ်အောင်ပြုံးပြီးမျက်ခုံးတစ်ဖက်ပင့်ကာမေးသည်။ဝမ်ရိပေါ်ကစိတ်ပျက်စွာတစ်ချက်ကြည့်ပြီးဖန်းဟုန်စီရဲ့မျက်လုံးတည့်တည့်ကိုပေါက်ထွက်မတတ်စိုက်ကြည့်ကာ

"ရှောင်းကျန့်ဘယ်မှာလဲ?"

"အို့.သခင်ကြီးဝမ် ခင်ဗျားမေးတဲ့လူမှားနေပြီးကျွန်တော်ကဘယ်လိုလုပ်ပြီးသိမှာလဲခင်ဗျားနားမှာနေတဲ့လူဘယ်ရောက်နေလဲသခင်ကြီးဝမ်ပဲသိမှာပေါ့"

"မင်းအပိုတွေပြောမနေနဲ့ဒါမင်းလက်ချက်ဆိုတာငါသိတယ် ရှောင်းကျန့် ဘယ် . မှာ. လဲ "

ဝမ်ရိပေါ်ကမျက်လုံးတွေကျဥ်းမြောင်းစူးရှကာအသံကိုဖိပြီးတစ်လုံးချင်းမေးနေတယ်။ဖန်းဟုန်စီရဲ့ပတ်ဝန်းကျင်ကကြောက်စရာကောင်းလောက်အောင်ဖိအားတွေရောက်လာတယ်လို့ခံစားရသည်။ရှေ့ကသခင်ကြီးဝမ်ကအချိန်မရွေးထသောင်းကျန့်တော့မဲ့နတ်ဆိုးတစ်ကောင်လိုပဲ။ရှောင်းကျန့်ကိုသာမတွေ့ရင်တလောကလုံးမီးလောင်တိုက်သွင်းပြီးပြာကျအောင်လုပ်ပစ်မည်ဟုနဖူးမှာစာကပ်ထားသည့်အတိုင်းပင်။ဖန်းဟုန်စီကမဖြုံတဲ့မျက်နှာဖြင့်ဝမ်ရိပေါ်အနားတိုးကပ်သွားပြီးလှောင်ပြုံးတစ်ခုတပ်ဆင်လိုက်သည်။

"ကျွန်တော် မ သိ ဘူး"

သူလဲတစ်လုံးချင်းပြန်ပြောတယ်။နှစ်ယောက်ကြားအသံတိတ်စစ်ပွဲဆင်နွဲနေသည်ကိုထောင့်ကသုံးယောက်ကကြည့်ပြီးတံတွေးအကြိမ်ကြမ်မြိုချနေသည်။

"သူတို့တစ်ယောက်ကိုတစ်ယောက်သေနတ်တွေနဲ့ပစ်သတ်ကြတော့မလား..ပြင်းထန်တဲ့တိုက်ပွဲဖြစ်တော့မယ်ထင်တယ်"

"ဘာမှမကြောက်နဲ့တစ်ခုခုဖြစ်ရင်ငါ့အနားမှာပဲနေ ငါမင်းကိုကာကွယ်စောင့်ရှောက်ပေးမယ်Chuo"

အားလိန်ကအလေးအနက်Chuoကိုစိုက်ကြည့်ပြီးပြောတော့Chuoကပြုံးပြလိုက်သည်။ဘေးကနှစ်ယောက်ကိုအတွင်းရေးမှူးပိုင်ကမျက်စောင်းထိုးလိုက်တယ်။ငါ့ကိုလဲငါ့မှာမရှိတဲ့ချစ်သူက ကာကွယ်ပေးမှာပေါ့ တွေးရင်းနဲ့မရှိတဲ့ရည်းစားလေးကိုတောင်လွမ်းလာသလိုပဲ...

ဖန်းဟုန်စီကဝမ်ရိပေါ်ရဲ့မျက်နှာကိုလက်ချောင်းတွေနဲ့ပွတ်သပ်လာတော့ပုတ်ချခြင်းကိုခံလိုက်ရသည်။မီးဝင်းဝင်းတောက်နေတဲ့အကြည့်တွေနဲ့ကြည့်လာတော့ဟက်ခနဲရယ်လိုက်တယ်။

"ရှောင်းကျန့်ကိုမင်းဖမ်းသွားတာမလား"

"ဘာသက်သေနဲ့များဒီလိုစွပ်စွဲရပါသလဲသခင်ကြီးဝမ် သူကိုယ်တိုင်ကခင်ဗျားနားမှာနေရတာမွန်းကြပ်လို့ထွက်ပြေးသွားတာလို့မတွေးမိဘူးလား"

ဝမ်ရိပေါ်ရဲ့လည်ဇလုတ်ကလှုပ်ရှားသွားသည်။ဒါဟာသူမတွေးချင်တဲ့အရာပဲမတွေးရဲတာဆိုပိုပြီးမှန်တယ်။ရှောင်းကျန့်ပြန်ပေးဆွဲခံရတယ်လို့တစ်ထစ်ချကြီးပြောဆိုနေပေမဲ့မသိစိတ်ကနေသူ့နားကထွက်ပြေးသွားတယ်လို့တွေးနေမိတယ်။ထိုအတွေးကိုမနှစ်သက်လို့တမင်မေ့ပစ်ထားခြင်းဖြစ်သည်။ဒါကိုဖန်းဟုန်စီကအစလာဆွဲထုတ်နေတယ်။

"ရှောင်းလင်မယားကိုသတ်ခဲ့တဲ့သူဘယ်မှာလဲ"

"သူလား သူမရှိတော့ဘူးသူကဖန်းအိမ်ကလူမဟုတ်တော့တာမလို့ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိဘူး"

"မင်းသိတယ် ငါ့ကိုလာမလိမ်နဲ့ဖန်းဟုန်စီ ရှောင်းကျန့်ပျောက်သွားတာမင်းစနက်တွေမလား"

ဝမ်ရိပေါ်ကဒေါသတွေအတင်းမြိုသိပ်ထားရပြီးလက်သီးကိုတင်းတင်းဆုပ်ထားသည်။ဖန်းဟုန်စီကနှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးလိုက်ပြီးဝမ်ရိပေါ်ရဲ့ရင်ဘက်ပေါ်လက်တစ်ဖက်လာတင်သည်။

"စွပ်စွဲချက်တွေကပြင်းထန်လိုက်တာခင်ဗျားရာ အရမ်းကြီးလဲစိတ်မတိုပါနဲ့ခင်ဗျားစိတ်တိုနေတာလေးကချစ်ဖို့ကောင်းတယ် ကျွန်တော်စိတ်မထိန်းနိုင်ပဲဒီနေရာမှာပဲခင်ဗျားကိုဖက်နမ်းမိသွားလိမ့်မယ်"

ဝမ်ရိပေါ်ကဒေါသကထောင်းခနဲဖြစ်သွားပြီးရင်ဘက်ပေါ်ကလက်ကိုအားနဲ့ဆွဲညစ်ပြီးဖယ်ထုတ်ပစ်လိုက်သည်။ဖန်းဟုန်စီရဲ့လက်ကနီရဲသွားပြီးနာကျင်သွားပေမဲ့မျက်နှာတစ်ချက်မမဲ့အပြုံးမပျက်တဲ့ဒီလူကသူ့အဖေထက်ပိုကြောက်ဖို့ကောင်းတယ်ဟုတွေးမိသည်။

"ရှောင်းကျန့်ကအဲ့ဒီလူနဲ့အတူရှိနေတာမှန်တယ် ဒါပေမဲ့ဖမ်းထားတာမဟုတ်ဘူးသူ့သဘောနဲ့သူအဲ့ဒီကိုသွားတာ"

ဝမ်ရိပေါ်ရဲ့မျက်ခုံးတွေကတွန့်ချိုးသွားပြီးအကြည့်တွေကပိုမိုစူးရဲလာသည်။ဖန်းဟုန်စီကစကားစခဏရပ်ပြီးဝိုင်တစ်ငုံမော့သောက်ကာဆက်ပြောသည်။

"သူဘာလို့အဲ့ကိုရောက်သွားလဲသိလား ?...သခင်ကြီးဝမ်ကိုသတ်ချင်လို့ပဲ သူ့မိဘတွေကိုသတ်ခဲ့တဲ့သခင်ကြီးဝမ်ကိုသူကဟိုမျက်လှည့်ဆရာနဲ့ပေါင်းပြီးသတ်ဖို့ကြံစည်နေတာလေ အဟက်."

ဖန်းဟုန်စီစကားကြောင့်ဝမ်ရိပေါ်ရင်ထဲဆစ်ခနဲဖြစ်သွားပြီးသူ့နှလုံးသားကအစိမ်းလိုက်ခွဲနေသလိုခံစားရသည်။ဖန်းဟုန်စီကနာကျင်ခံစားသွားရတဲ့ဝမ်ရိပေါ်ကိုအကဲခတ်ကာစေ့စေ့ကြည့်နေပြီးပြုံးလိုက်တယ်။

ဖန်းဟုန်စီစကားကလိမ်နေပါတယ်ဆိုတာမသေချာဘူး။ရှောင်းကျန့်အကြောင်းသူကောင်းကောင်းသိသည်။သူ့ကိုအမြဲသတ်ဖို့ပြောနေတဲ့လူကတခြားတစ်ယောက်နဲ့ပေါင်းပြီးရှင်းပစ်ဖို့ကြံနေတာဖြစ်နိုင်တယ်လေ။ရှောင်းကျန့်ကသစ္စာဖောက်လဲမဟုတ်ဘူးသူလျှိုလဲမဟုတ်ဘူး သူချစ်ရတဲ့သူပါ။ရန်သူအစစ်နဲ့ပေါင်းပြီးအထင်လွဲနေတဲ့လူကိုသတ်မိရင်သူ့ဘေဘီလေးကတစ်သက်လုံးအပစ်ရနေတော့မှသိသွားတဲ့အချိန်ကျရင်လဲနောင်တတွေနဲ့ရှင်သန်နေရတော့မှာ။ဒါမျိုးအဖြစ်မခံဘူး...

"စိတ်မကောင်းစရာပဲ အမှန်အတိုင်းပြောရရင်ကျွန်တော်ရှောင်းကျန့်ကိုဒီလောကကြီးကနေပျောက်ကွယ်သွားစေချင်တယ် သူဒီလိုအမြင်တွေမှားပြီးတလွဲလုပ်နေတာတွေ့တော့သနားလဲသနားမိပါတယ် အဟွန့် သူသခင်ကြီးဝမ်ကိုထိခိုက်အောင်လုပ်မှာကိုကျွန်တော်ဒီအတိုင်းမကြည့်နေနိုင်ဘူး "

"မင်းဘာပြောချင်တာလဲ"

ဖန်းဟုန်စီကမူပိုင်လှောင်ပြုံးတစ်ခုဖြင့်အရှေ့ကိုခြေတစ်လှမ်းတိုးကာဝမ်ရိပေါ်အနားပိုပြီးတိုးကပ်သွားတယ်။ပေါင်ဒါမှုန့်တွေနဲ့ဖွေးနေပြီးအမျိုးသမီးတွေဆိုးတဲ့ဆိုးဆေးကိုနှုတ်ခမ်းထက်ခြယ်သထားသည်။စိုရဲနေတဲ့နှုတ်ခမ်းတွေဖွင့်ဟပြီးတိုဖျော့နေတဲ့အသံနဲ့ဖန်းဟုန်စီကစကားဆိုလာတယ်။

"သခင်ကြီးဝမ်ပြောပြလိုက်လေ ရှောင်းလင်မယားကိုသတ်တဲ့တရားခံအစစ်ကဘယ်သူလဲဆိုတာရှောင်းကျန့်သိအောင်ပြောပြလိုက်..မကောင်းဘူးလား"

ဝမ်ရိပေါ်ရဲ့မျက်ခုံးတွေတွန့်ချိုးပြီးကြည့်လာတော့ဖန်းဟုန်စီကပြုံးစစဖြင့်ပြန်ကြည့်နေသည်။

"မင်းဘာဖြစ်ချင်တာလဲ ဘာလိုချင်နေတာလဲ"

"ကျွန်တော်ခင်ဗျားကိုလိုချင်တာ"

ဝမ်ရိပေါ်ကစိတ်ပျက်စွာကျစ်သပ်ပြီးစူးစူးဝါးဝါးကြည့်လာသည်။ဖန်းဟုန်စီကဝမ်ရိပေါ်ကိုအရည်လဲ့နေတဲ့မျက်ဝန်းတောက်တောက်တွေနဲ့ပြန်ကြည့်နေတယ်။

"ရှောင်းကျန့်ကရန်သူမှားနေတာ အဲ့ဒါကိုပြန်တည့်ပေးရမှာပေါ့မဟုတ်ဘူးလား သူ့လက်နဲ့ကိုယ်တိုင်လက်စားချေနိုင်အောင်ကူညီလိုက်ပါ ရှောင်းကျန့်ရန်သူအစစ်ကဟိုမျက်လှည့်ဆရာပဲ"

ဖန်းဟုန်စီကကောက်ကျစ်တဲ့အပြုံးဖြင့်ထူးဆန်းတဲ့မျက်ဝန်းတွေနှင့်လေသံအေးအေးပြောသည်။ဝမ်ရိပေါ်တွေဝေသွားတာကိုကြည့်ပြီးသဘောကျနေတယ်။

ဖန်းဟုန်စီကဝမ်ရိပေါ်ကိုတောင်ဒီလိုတွေဝေသွားအောင်လုပ်နိုင်တယ်။ရှောင်းကျန့်ကဟိုကောင်နဲ့ပေါင်းပြီးသူ့ကိုလုပ်ကြံမှာကိုသဘောမကျနိုင်ဘူး။ရှောင်းကျန့်ကိုပြန်ရှာပြီးအဲ့ဒီမျက်လှည့်ဆရာကိုရှင်းပစ်မည်။သူ့အပိုင်ကိုဖွက်ထားတဲ့လူဘယ်သူမဆိုအသက်မရှင်စေရဘူး...ဟက်..ရယ်ရတယ်လူသတ်သမားအစစ်ကအတုကိုပြန်သတ်မယ်တဲ့ သူ့ကိုဒါမျိုးလာလုပ်လို့မရဘူး တွေ့ကြသေးတာပေါ့

ဝမ်ရိပေါ်မျက်နှာကအမူအယာမပြောင်းလဲပေမဲ့ပုံစံအမျိုးမျိုးဖြစ်နေတဲ့မျက်လုံးတွေကိုကြည့်ပြီးဖန်းဟုန်စီရဲ့နှုတ်ခမ်းကတဖြေးဖြေးအပေါ်ကွေးညွတ်သွားသည်။

"ဖန်းဟုန်စီ.ရှောင်းကျန့်ကတကယ်ရန်သူမှားနေတာပဲ သူ့ရန်သူအစစ်ကငါလဲမဟုတ်ဘူး မျက်လှည့်ဆရာLao Wangလဲမဟုတ်ဘူး သူ့ရန်သူကမင်းအဖေပဲ "

ဖန်းဟုန်စီရဲ့အပြုံးတွေကတည်သွားပြီးခံစားချက်မဲ့နေတဲ့မျက်နှာဖြစ်သွားသည်။ဝမ်ရိပေါ်ကဟက်ခနဲရယ်လိုက်ပြီးဆက်ပြောတယ်

"ငါပြောတာမှန်တယ်မလား"

"မဟုတ်ဘူး ရှောင်းလင်မယားကိုLao Wangကသူ့လက်နဲ့ကိုယ်တိုင်သတ်ခဲ့တာ"

"မင်းအဖေခိုင်းလို့လုပ်ခဲ့တာလေ ဟက်...စိတ်ချပါ ငါသူ့ကိုလဲသတ်ပစ်မှာ သူ့ဖွက်ထားတဲ့ငါ့အပိုင်ကိုပြန်ယူမှာ "

ဖန်းဟုန်စီရဲ့မျက်နှာကပျက်ယွင်းသွားပြီးမှလှပတဲ့အပြုံးတစ်ခုဖုံးကွယ်လိုက်သည်။ထို့နောက်Steakလှီးတဲ့ဓားတစ်ချောင်းယူပြီးဝိုင်ခွက်ကိုတီးခေါက်လိုက်တယ်။

ကတောင် ကတောင် ကတောင်

Party ထဲရှိနေတဲ့လူတွေအားလုံးအသံလာရာအကြည့်ရောက်လာကြသည်။ဆွေးနွေးပွဲလုပ်နေတဲ့ဂိတ်ကြီးတွေကလဲစိတ်ဝင်တစားကြည့်လာကြတယ်။ဝမ်ရိပေါ်ကလဲဖန်းဟုန်စီဘာပြောမလဲဆိုတာစောင့်ကြည့်နေသည်။

"အားလုံးပဲ.ကျွန်တော်တစ်ခုအသိပေးကြေငြာစရာလေးရှိလို့ပါ ကျွန်တော်က ဖန်းအိမ်တော်ကဖန်းဆောင်စီနဲ့ဖန်းနာရီတို့ရဲ့တစ်ဦးတည်းသောသားဖန်းဟုန်စီပါ."

ပြုံးရွင်နေတဲ့မျက်နှာနဲ့ခပ်ကျယ်ကျယ်အော်ပြောတော့လူတွေကခေါင်းတငြိမ့်ငြိမ့်လုပ်နေကြတယ်။ဖန်းသခင်ကြီးကတော့မျက်ထောင့်နီကြီးနဲ့ဘာပြသာနာရှာအုံးမလို့လဲဆိုတဲ့ပုံစံနဲ့ကြည့်နေတယ်။ဖန်းဟုန်စီကသူ့အဖေကိုတစ်ချက်ကြည့်ပြီးပြုံးလိုက်သည်။

"ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်ဖန်းဟုန်စီကလိင်တူတွေအပေါ်သာစိတ်တိမ်းညွှတ်ပြီးနှစ်သက်တဲ့ဝတ်ရုံလက်ပြတ်တစ်ယောက်ပါ..."

"ဟာ"

"ဟင်.."

"ဟမ်.."

"ဘယ်လိုကြီးလဲ"

ဖန်းဟုန်စီစကားဆုံးတာနဲ့လူတွေဆီကအသံမျိုးစုံကျွတ်စီကျွတ်စီထွက်လာကြသည်။ဝမ်ရိပေါ်ကကျေနပ်စွာပြုံးလိုက်ပြီးသခင်ကြီးဖန်းကတော့သွေးဆောင့်တက်တော့တယ်။

"ကျွန်တော် သခင်ကြီးဝမ်ကိုသဘောကျနှစ်သက်ပါတယ်နှစ်နှစ်ကာကာမြတ်နိုးတာမလို့ပိုင်ဆိုင်ချင်မိပါတယ် ဒါကြောင့်အားလုံးသိအောင်ဖွင့်ပြောလိုက်တာ "

ဖန်းဟုန်စီစကားကြောင့်သခင်ကြီးဖန်းကလက်ညိုးတထိုးထိုးနှင့်လဲကျမလိုတောင်ဖြစ်သွားသည်။ကိုယ်ရံတော်တစ်ယောက်ကထိန်းထားပေးပြီးဖန်းဟုန်စီကတော့သူ့အဖေဘက်တစ်ချက်မလှည့်ကြည့်ပေ။ဝမ်ရိပေါ်ဘက်လှည့်ပြီးဆွဲငင်နေတဲ့မျက်လုံးတွေနဲ့ကြည့်တယ်

"သခင်ကြီးဝမ်..ကျွန်တော်ခင်ဗျားကိုချစ်တယ် "

"ငါကတော့မင်းကိုမချစ်ဘူး ငါ့အချစ်ကရှောင်းကျန့်တစ်ယောက်ထဲ"

ပတ်ဝန်းကျင်တစ်ခုလုံးအပ်ကျသံမကြားရလောက်အောင်တိတ်နေသည်။ကာယကံရှင်နှစ်ယောက်ကမဲ့ပြုံးကိုယ်စီနဲ့မဖြုံသလိုစိတ်ဝင်စားဖို့ကောင်းတဲ့ကစားနည်းကစားနေကြသလိုပင်။ဝမ်ရိပေါ်ရဲ့ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့အငြင်းစကားကိုကြားပြီးဖန်းဟုန်စီကလက်လျော့ဖို့စိတ်ကူးမရှိပါဘူး။သခင်ကြီးဝမ်ဖြစ်စေချင်သလိုသူလုပ်ပြီးပြီလေ သူ့အချစ်တွေကိုတော့အသိအမှတ်ပြုမယ်လို့ထင်ပါတယ်။

ဝမ်ရိပေါ်ကဒေါသကြီးပြီးသွေးဆောင့်တက်နေတဲ့မြေခွေးအိုကြီးကိုကြည့်ကာကျေနပ်နေလေသည်။ဘယ်လိုလဲသခင်ကြီးဖန်း တော်တော်လေးမှခံစားလို့ကောင်းရဲ့လား လူကြားထဲအရှက်ကွဲရတဲ့ခံစားချက်ကခင်ဗျားကြောင့်အသိုက်အမြုံပျက်စီးသွားတဲ့ရှောင်းကျန့်ရဲ့ခံစားချက်လောက်မဆိုးရွားပါဘူး။ဒါပါးပါးလေးပဲရှိသေးတယ်..ဒီကိစ္စအတွက်သူ့အသုံးချခံဖြစ်ပေးတဲ့ဖန်းဟုန်စီကိုတောင်ကျေးဇုတင်သင့်တယ်...လူတွေကအချစ်နဲ့ပက်သက်လာရင်ကြောက်စရာကောင်းလောက်အောင်ရူးမိုက်ပြီးအတ္တကြီးတတ်ကြတယ်။

ဝမ်ရိပေါ်ကသခင်ကြီးဖန်းကိုလှောင်ပြုံးနဲ့ကျေနပ်အားရစွာကြည့်သည်။သခင်ကြီးဖန်းကအသားတွေဆတ်ဆတ်တုန်ပြီးလူကြားထဲမျက်နှာမပြရဲလောက်အောင်ဖြစ်နေတယ်။ဝမ်ရိပေါ်ကိုမျက်နှာကြီးမှောင်မဲကာကြည့်နေတယ်။သူ့သားကိုလဲဘယ်လောက်ဒေါသထွက်နေလိမ့်မလဲ အိမ်ပြန်ရောက်ရင်တိုက်ပွဲဖြစ်ကြအုံးမှာ ထားပါ ဒါသူနဲ့မဆိုင်ဘူး ဒီအဖိုးကြီးရဲ့အဖြစ်အပျက်ကိုကျေနပ်လွန်းတာမလို့ဒီညတော့အိမ်မက်လေးလှနေတော့မှာပဲ...

ဝမ်ရိပေါ်ကနတ်ဆိုးဆန်စွာပြုံးပြီးမျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ဖန်းဆောင်စီကဒေါသတကြီးနေရာကနေဝုန်းခနဲထရပ်ပြီးသူ့ဆီပြေးလာဖို့လုပ်ပေမဲ့ဖန်းဟုန်စီကအမြန်သွားပြီးဆွဲတားထားသည်။

"ဟက်...အရသာရှိလိုက်တာ"

ဝမ်ရိပေါ်ကစီးကရတ်တစ်လိပ်ပါးစပ်ထဲခဲကာcoat အင်္ကျီကိုတစ်ချက်ခါပြီးChuoတို့ကိုခေါ်ကာအပြင်ထွက်သွားလေတော့သည်။Chuo အားလိန်နဲ့အတွင်းရေမှုးပိုင်ကအနောက်ကနေမျက်နှာတွေမော်ချီကာထွက်သွားတော့တယ်။

ကျန်ခဲ့တဲ့သားဖကတော့ပြသာနာတွေတန်းစီတက်တော့သည်။ဖန်းဆောင်စီကသူ့သားကိုကြမ်းတမ်းစွာဆွဲထိုးသည်။သေနတ်ထုတ်ပြီးပစ်သတ်ဖို့တောင်လုပ်တာမလို့ကိုယ်ရံတော်တွေကတားထားရသည်။ဖန်းဟုန်စီကနှုတ်ခမ်းထောင့်ကသွေးတွေကိုသုတ်ပြီးပြုံးလိုက်တယ်။

"တောင်းပန်ပါတယ်အားပါး ကျွန်တော်သခင်ကြီးဝမ်ကိုချစ်တယ်"

"ခွေးကောင် မင်းငါ့သားမဖြစ်ထိုက်ဘူးငါ့မှာမင်းလိုသားမိုက်မျိုးမရှိဘူးငါ့ကိုအရှက်ခွဲတဲ့ကောင်!!!"

ဖန်းဟုန်စီကသူ့အဖေကိုခံစားချက်မဲ့စွာကြည့်နေလိုက်သည်။ထို့နောက်Aceစံအိမ်ကြီးရဲ့အပြင်ကိုပြေးထွက်လာခဲ့တော့တယ်။တောင်ရဲ့ထိပ်ဆုံးမှာမလို့ချောက်ကမ်းပါးအနားကိုသူပြေးသွားလိုက်သည်။နီယွန်မီးတွေနဲ့သိပ်လှတဲ့ဟောင်ကောင်ကျွန်းဆွယ်ကိုကြည့်ပြီးသူ့မျက်နှာကတဖြည်းဖြည်းပြောင်းလဲလာကာကျယ်လောင်စွာလှောင်ရယ်သံကြီးထွက်ပေါ်လာသည်။

"ဟားးးး.ဟားးး..ဟားးး...အရမ်းရယ်ရတာပဲရယ်ရလွန်းလို့ငါ့အူတွေပြတ်ထွက်တော့မယ်...ဟားးးးး
..မင်း ထွက်လာခဲ့.."

သူ့စကားလဲဆုံးရောအနက်ရောင်ဝတ်စုံနဲ့လူကသစ်ပင်အနောက်ကနေထွက်လာပြီးသူ့ကိုဦးညွတ်အရိုအသေပေးသည်။

"သခင်လေး..အဆင်ပြေရဲ့လားမျက်နှာက"

"မင်းစိတ်ပူစရာမလိုဘူးဒီလောက်လေးကတော့ငါ့အတွက်ခြင်ကိုက်တာလောက်ပဲရှိတယ် ငယ်ငယ်ကဆိုဒီထက်ဆိုးတာတွေခံစားခဲ့ရတာ"

ဖန်းဟုန်စီကနီယွန်မီးတွေကိုငေးကြည့်ပြီးအသံတိုးတိုးနှင့်ပြောသည်။

"ယွင်ရှောက် ဘာထူးသေးလဲ"

"ဟိုနေ့ကရှောင်းကျန့်နဲ့ရိပေါ် ရှောင်းအိမ်ဟောင်းကိုသွားကြပါတယ် သူတို့ဘာလို့သွားတာလဲဆိုတာတော့ကျွန်တော်လဲမသိဘူး "

ဖန်းဟုန်စီရဲ့မျက်ခုံးတွေကတွန့်ချိုးသွားသည်။

"ရှောင်းကျန့်ကိုပြောပြလိုက်တော့မလား"

"ထားလိုက်တော့သူ့ကိုပြောပြမဲ့သူရှိတယ်..ဆက်​စောင့်ကြည့်ထား ငါ့ရည်ရွယ်ချက်တွေပြည့်တော့မှာနီးကပ်မှပျက်စီးသွားတာမဖြစ်ချင်ဘူး ငါအကြံတွေအကောင်အထည်ဖော်ရတော့မှာမလို့ရှောင်းကျန့်ငါ့ကိုနှောင့်ယှက်တာမလိုချင်ဘူး...အဲ့ဒါကြောင့်သူ့ကိုသေချာစောင့်ကြည့်ထားဘာပဲဖြစ်ဖြစ်ပြန်ပြော ရှောင်းကျန့်ကတကယ်မလွယ်တဲ့သူပဲ လျော့တွက်မိတာနဲ့ငါလည်စင်းခံရမှာပဲ သခင်ကြီးဝမ်ကိုသူပိုင်သွားမှာကိုသဘောမကျဘူး...."

"ကျွန်တော်ဘာဆက်လုပ်ရမှာလဲ စောင့်ကြည့်ထားရုံပဲလား"

"အင်း တားသင့်ရင်တားရိုက်သင့်ရင်ရိုက် ဒါပေမဲ့တစ်ခုမှတ်ထား မသေစေနဲ့ "

ဖန်းဟုန်စီကယွင်ရှောက်ကိုလှည့်ကြည့်ပြီးလေသံအေးအေးနဲ့ဆက်ပြောသည်။

"ရှောင်းကျန့်သေရင်မင်းလဲအသက်မရှင်ဘူး.."

"ဟုတ်ကဲ့ကျွန်တော်မှတ်ထားပါ့မယ်.."

"ဟားးးးးးး"

ဖန်းဟုန်စီရဲ့ရယ်သံကခြောက်ခြားဖွယ်ထွက်ပေါ်လာသည်။

သူ့နယ်ရုပ်လေးတွေကသူ့စကားနားထောင်တော့မယ်။အားလုံးကသူအကွက်ချထားသလိုဖြစ်လာတာပဲ။သခင်ကြီးဝမ်ကိုသူတစ်ယောက်ပဲပိုင်ဆိုင်ရမယ်...ပြီးတော့ဝမ်ရိပေါ်ကိုရှောင်းကျန့်ကိုယ်တိုင်လက်စားချေရမယ်။

Penisula မှာပြသာနာဖြစ်တဲ့နေ့က သူလျှိုဖြစ်တဲ့စားဖိုမှုးကိုသူကိုယ်တိုင်သခင်ကြီးဝမ်ကိုလျှို့ဝှက်ချက်ပြောခိုင်းဖို့အမိန့်ပေးခဲ့သည်။ရှောင်းကျန့်ဆီမျက်လှည့်ပွဲလက်မှတ်နဲ့စာတစ်စောင်အမည်မဖော်ပဲပို့ပေးခဲ့တယ်။ထင်တဲ့အတိုင်းပဲသခင်ကြီးဝမ်ရောရှောင်းကျန့်ရောpenisulaရောက်လာခဲ့တယ်။ထိုအချိန်မှာပဲရှောင်းကျန့်ရင်ထဲဘယ်သူရှိနေလဲသူသိခဲ့တာမလို့ယွင်ရှောက်ကိုဝမ်ရိပေါ်ကိုဖန်းအိမ်တော်ပြန်လာဖို့ပြောခိုင်းခဲ့သည်။သခင်ကြီးဝမ်ကိုသတ်ဖို့အကြောင်းရှောင်းကျန့်ကြားအောင်တမင်ပြောခိုင်းခဲ့သည်။သူ့စီစဥ်ထားတဲ့အတိုင်းရှောင်းကျန့်ကသခင်ကြီးဝမ်ကိုမထိခိုက်စေချင်လို့ဝမ်ရိပေါ်အနားချည်းကပ်သွားခဲ့တယ်။

ဒါကသူ့အတွက်အခွင့်အရေးဖြစ်သွားခဲ့တာပေါ့ သခင်ကြီးဝမ်အနားကနေရှောင်းကျန့်ကိုနှင်ထုတ်လိုက်နိုင်သလိုဝမ်ရိပေါ်ကိုလဲရှောင်းကျန့်လက်နဲ့လက်စားချေနိုင်အောင်လုပ်နိုင်ခဲ့တယ်။ဒါပေမဲ့ရှောင်းကျန့်ကစိတ်ပြောင်းလက်လျော့ပြီးသခင်ကြီးဝမ်အနားပြန်လာမယ်လုပ်နေတော့သူ့အစီအစဥ်ပြောင်းရတာပေါ့ သခင်ကြီးဝမ်ကိုနားသွင်းပြီးဝမ်ရိပေါ်ကိုရှင်းပစ်ဖို့ပြောရတော့တယ်။သခင်ကြီးဝမ်သူ့စကားနားထောင်မှာသေချာပါတယ်..

"ဟားးးးးးး"

ဖန်းဟုန်စီကလည်ပင်းကြောတွေထောင်တဲ့ထိအော်ရယ်နေပေမဲ့သူ့မျက်လုံးကနေမျက်ရည်တွေစီးကျနေလေသည်။

*^^*

ဆိပ်ကမ်းနားကမြက်ခင်းပြင်ကြီးကလေတဟူးဟူးနှင့်နေလို့ထိုင်လို့ကောင်းသည်။မြင်နေရတဲ့star fairyတွေကသိပ်လှသည်။မြက်ခင်းစိမ်းစိမ်းတွေပေါ်ဘေးချင်းယှဥ်ပြီးထိုင်နေတဲ့ရိပေါ်နဲ့ရှောင်းကျန့်ကဟောင်ကောင်ဆိပ်ကမ်းကလှေတွေသင်္ဘောတွေကိုကြည့်နေကြသည်။လေနုအေးအေးတွေကရှောင်းကျန့်မျက်နှာကိုလာရိုက်ခတ်ပြီးဆံနွယ်စတွေကိုကလူကျီစယ်နေလေသည်။Boss Wangနဲ့ရှိတုန်းကဆိပ်ကမ်းကိုအဝေးကြီးကပဲမြင်ရတယ်။ယခုလိုမျိုးအနီးကပ်အလှတရားကိုမမြင်ရပေ

ရှောင်းကျန့်ကcoatအိပ်ကပ်ထဲကမီးခြစ်ဆံဘူးလေးကိုထုတ်ယူလိုက်တယ်။ဒီလိုအချိန်ဒီနေလိုနေရာမျိုးမှာBoss Wangကိုဆေးလိပ်မီးညှိပေးခြင်မိတယ်။ဒါပေမဲ့လဲမဖြစ်နိုင်တော့ပါဘူး...ရှောင်းကျန့်ကBoss Wangဆီလဲမပြန်သင့်သလိုLao Wangအနားမှာလဲဆက်မနေသင့်ဘူး။အစထဲကဒီလူသားနှစ်ယောက်ရဲ့ဘဝမှာရှောင်းကျန့်ဆိုတာမရှိခဲ့သင့်တာပါ။

ရှောင်းကျန့်ကအမှိုက်ပုံးကနေမလွင့်ပစ်ရက်ပဲပြန်ကောက်ပြီးသိမ်းထားခဲ့တဲ့မီးခြစ်ဘူးလေးကိုလှည့်ပြီးဆွေးမြေ့စွာကြည့်နေမိသည်။ထိုချိန်သူ့လက်ထဲကမီးခြစ်ဘူးကဆွဲလုခြင်းခံရပြီးအကြောပြိုင်းပြိုင်းထနေတဲ့လက်တစ်စုံကဖိဆုပ်ကိုင်ကာအဝေးကိုလွင့်ပစ်ခြင်းခံလိုက်ရသည်။ရိပေါ်ကသူ့မီးခြစ်ကိုအားကုန်သုံးပြီးလွှဲပစ်လိုက်တာမလို့ရှောင်းကျန့်ဒေါသထွက်သွားသည်။

"ဝမ်ရိပေါ်.မင်းဒါဘာလုပ်တာလဲ!!"

"မင်းအကောင်နဲ့ပက်သက်တာတွေကိုငါ့ရှေ့မှာတယုတယလွမ်းဆွေးမပြနဲ့"

"မင်းရူးနေလား ငါ့ကိုမင်းအပိုင်လိုလာမပြောနဲ့ငါ့ဘာသာဘယ်လိုပဲနေနေဘယ်လောက်ပဲလွမ်းလွမ်း မင်းအရာမပါဘူးထွက်သွားမယ်လို့ပြောတော့လက်မခံပြန်ဘူး!! မင်းအပစ်ပေးတဲ့အတိုင်းငါမင်းအနားမှာနေနေပြီပဲ ဒီလောက်နဲ့ကျေနပ်သင့်ပြီမဟုတ်လား ဘာကိစ္စနဲ့ငါ့စိတ်ကိုပါထိန်းချုပ်ခြင်နေတာလဲ! !"

"ငါမင်းကိုချစ်လို့လေ စောက်ရမ်းချစ်လို့ပါကွ!!"

ရိပေါ်ကအသံမာမာနဲ့ပြောတော့ရှောင်းကျန့်ကစိတ်တစ်ဆစ်လျော့ပြီးသက်ပြင်းချလိုက်သည်။

"မင်းငါ့ကိုမချစ်သင့်ဘူးLao Wang"

"မင်းရော သခင်ကြီးဝမ်ကိုမချစ်ပဲနေနိုင်လို့လား"

".........."

ရှောင်းကျန့်ဘက်ကငြိမ်သက်သွားပြီးဘာမှမပြောနိုင်တော့ပါ။ကိုယ်ချင်းမစာတာမဟုတ်ပေမဲ့သူတကယ်Lao Wangကိုမခံစားစေချင်တော့ဘူး။ဒီကောင်လေးကိုအပစ်မရှိဘဲဒဏ်ရာတွေမပေးချင်ပါ။သူကိုယ်တိုင်ဒဏ်ရာတွေရက်ရက်စက်စက်ပေးပြီးပြန်လည်ကုသပေးဖို့ကျပြန်တော့ရှောင်ပြေးနေတာသူကမတရားတဲ့လူပင်။ရှောင်းကျန့်ကဝမ်ရိပေါ်မျက်နှာကိုစေ့စေ့ကြည့်ပြီးအလေးအနက်ထားပြောသည်

"ငါ့ကိုလက်လျော့နိုင်အောင်ကြိုးစားကြည့်ပါငါကမကောင်းတဲ့လူပဲမင်းမချစ်သင့်တာမလို့လက်လျော့လိုက်ပါ"

"ရှောင်းကျန့်!!!"

ရိပေါ်ကရှောင်းကျန့်ပုခုံးနှစ်ဖက်ကိုတင်းတင်းဆုပ်ညစ်ထားပြီးနီရဲနေတဲ့မျက်လုံးတွေဖြင့်စူးရဲစွာကြည့်နေသည်။ရှောင်းကျန့်ထိုအကြည့်ကိုမျက်နှာလွဲလိုက်မိတယ်။

"မင်းဘယ်လိုလုပ်ဒီလိုပြောနိုင်ရတာလဲ ငါနဲ့ပက်သက်ပြီးမင်းရင်ထဲဘာခံစားချက်မှမရှိဘူးလား ငါ့အချစ်တွေကိုမခံစားမိဘူးလားရှောင်းကျန့်ရာ"

"ဟင့်အင်း ငါမှန်သောစကားပြောမယ်မင်းကိုအားနာစိတ်ကလွဲပြီးအချစ်တွေမရှိဘူး ငါ့အချစ်က Boss အွင့်"

ရှောင်းကျန့်စကားလေးမဆုံးလိုက်ကြမ်းတမ်းစွာဖိနမ်းခြင်းခံလိုက်ရသည်။ရိပေါ်ကသူ့နှုတ်ခမ်းတစ်ခုလုံးပါးစပ်ထဲထည့်ဝါးစားတော့မလိုနမ်းနေတာမလို့ဘာလုပ်ရမှန်းမသိပူထူလာသည်။လက်နှစ်ဖက်ကရှောင်းကျန့်တစ်ကိုယ်လုံးကိုပွတ်သပ်လာပြီးဖင်လုံးလုံးလေးကိုသူ့လက်ဖဝါးကြီးနဲ့ဆွဲညစ်လိုက်တဲ့အချိန်မှာတော့ရှောင်းကျန့်ခေါင်းတည့်တည့်မိုးကြိုးပစ်တော့သည်။ရိပေါ်ရဲ့လှုပ်ရှားမှုတွေကတဖြည်းဖြည်းမြန်ဆန်ကြမ်းတမ်းလာပြီးနှုတ်ခမ်းတွေကိုလဲအငမ်းမရစုပ်ယူနေတာမလို့ရှောင်းကျန့်အားကုန်ရုန်းတော့သည်။

ဒီလိုလူမြင်ကွင်းကြီးမှာမဖြစ်ဘူးလေ ဒီဝမ်ရိပေါ်အရှက်တရားလေးဘာလေးမရှိတော့ဘူးလား။

အွမ့်..

အားကုန်ဆောင့်တွန်းလိုက်မှလွှတ်သွားပြီးရိပေါ်ကအနောက်ကိုခြေလှမ်းအနည်းငယ်ယိုင်ကျသွားသည်။ရှောင်းကျန့်ကသူ့နှုတ်ခမ်းတွေနဲ့လက်နဲ့ကြမ်းတမ်းစွာပွတ်ဆွဲသုတ်နေတော့ရိပေါ်ကလက်သီးကိုတင်းတင်းဆုပ်ထားမိတယ်။

"ဝမ်ရိပေါ် ဒီလိုတွေလုပ်တာငါမကြိုက်ဘူးနော်!!"

"ဟက် ဒီလိုလုပ်တတ်အောင်မင်းပဲသင်ပေးခဲ့တာလေ ငါ့ကိုချစ်တတ်အောင်မင်းပဲသင်ပေးခဲ့တာခုမှတာဝန်မယူချင်သလိုလုပ်နေတာမင်းမဟုတ်ဘူးလား"

ရှောင်းကျန့်ကသက်ပြင်းအသာချပြီးမြက်ခင်းပေါ်ထိုင်ချလိုက်သည်။တော်သေးတယ်ဒီနေရာမှာဘယ်သူမှရှိမနေလို့ခုနကအဖြစ်အပျက်ကိုလူတွေမတွေ့သွားတာ

"ငါမှားခဲ့တယ်ဆိုတာဝန်ခံပါတယ်ဒါပေမဲ့မင်းကိုလဲနားလည်စေချင်တယ် Lao Wangအချစ်ကလုပ်ယူလို့မရဘူးလေကွာ အဲ့ဒါကိုသိရဲ့လား"

ရှောင်းကျန့်ကလေသံအေးအေးနဲ့ပြောတော့ရိပေါ်ကခေါင်းခါပြသည်။

"ဟင့်အင်း ငါမသိဘူးငါသိတာမင်းကိုချစ်တာပဲ ပိုင်ဆိုင်ချင်တာပဲသိတာ "

ရှောင်းကျန့်မိဘတွေကိုသတ်ခဲ့မိပေမဲ့ရှောင်းကျန့်ကိုတော့ဆုံးရှုံးရမှာကြောက်သည်။အရင်ကမျက်နှာချင်းဆိုင်ဖို့တောင်မထိုက်တန်ဘူးလို့တွေးမိခဲ့တာခုတော့ချစ်နွံအိုင်ထဲရုန်းမရပြုမရနစ်ဝင်သွားလေခဲ့ပြီ။အားလုံးနောက်ကျသွားပြီရှောင်းကျန့် ငါ့ကိုမတားချင်နဲ့တော့မင်းပဲပင်ပန်းလိမ့်မယ်

ရိပေါ်ကရှောင်းကျန့်ဘေးမှာဝင်ထိုင်လိုက်သည်။ရှောင်းကျန့်ကဘာမှပြောမလာတော့ပဲတိတ်ဆိတ်နေပြီးဟောင်ကောင်ဆိပ်ကမ်းကြီးကိုသာငေးမောကြည့်နေတယ်။အချိန်တစ်ခုကြာတော့ရှောင်းကျန့်ကခပ်တိုးတိုးမေးသည်။

"ဟောင်ကောင်ကလှလား"

"အင်း လှတယ်"

တိကျတဲ့အဖြေကြောင့်ရှောင်းကျန့်ပြုံးလိုက်သည်။ဒီအဖြေကမှန်ပေမဲ့သူလိုချင်တဲ့အဖြေမဟုတ်ဘူး။Boss Wangကိုသူခဏခဏမေးတယ်'ဟောင်ကောင်ကလှလား' Boss Wangမငြီးမငြူပြန်ဖြေတာက'ရေှာင်းကျန့်ကပိုလှတယ်'ဆိုတာပင်...ဒီအဖြေကိုသူပိုသဘောကျနေမိတယ်ထင်ပါ့။

ရိပေါ်ကပြုံးနေတဲ့ရှောင်းကျန့်ကိုငေးကြည့်ပြီး

"ဒါပေမဲ့..."

"......."

"ရှောင်းကျန့်ကပိုလှတယ်."

ရှောင်းကျန့်ကပြုံးနေတဲ့နှုတ်ခမ်းတွေကရပ်သွားပြီးရိပေါ်ဘက်ကိုလှည့်ကြည့်လာသည်။ရိပေါ်ကသူ့ကိုပေါက်ထွက်မတတ်စိုက်ကြည့်နေရင်း

"ဟောင်ကောင်ထက်ရှောင်းကျန့်ကပိုလှတယ်"

လူနှစ်ယောက်ရဲ့အဖြေကသူသဘောကျတဲ့အဖြေတစ်ခုပဲဖြစ်ပြီးတူညီနေတယ်။ဘယ်သူ့အဖြေကိုပိုသဘောကျလဲရှောင်းကျန့်ရင်ထဲရှင်းရှင်းလင်းလင်းသိနေလိမ့်မယ်လို့ထင်ပါတယ်။

ဟုတ်ပါတယ် ရှောင်းကျန့်သိပ်သိတာပေါ့ ဘယ်သူ့အဖြေကိုပိုကြိုက်လဲသူ့စိတ်သူအနားလည်ဆုံးပါ။လူနှစ်ယောက်ကိုတပြိုင်ထဲချစ်မိကြတဲ့လူတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တကယ်ချစ်တဲ့လူကတစ်ယောက်ထဲပဲဖြစ်ပါလိမ့်မယ် ဘာလို့ဆိုနှလုံးသားကတစ်ခုပဲရှိတာလေ။နှလုံးမှာအခန်းလေးခန်းရှိတယ် လူလေးယောက်ထည့်လို့ရတယ်မပြောပါနဲ့ တကယ်ချစ်မိကြရင်ထိုအကန့်လေးတွေကသေးလွန်းတယ် ဘယ်သူ့ကိုမှမျှဝေမချစ်ပေးနိုင်ဘူး။လူတစ်ယောက်ထဲကိုနှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးချစ်မိသွားကြလို့ပါပဲ...

"Chuo မင်းဘာလို့ငါ့ကိုဒီနေရာခေါ်လာတာလဲ"

ဒီနေ့ရုတ်တရတ်ကြီးထူးထူးဆန်းဆန်းChuoကမြစ်ကမ်းဆိပ်ကိုသွားဖို့ခေါ်လာတာမလို့Jacksonကအထူးအဆန်းဖြစ်ကာမေးလိုက်သည်။ဆိပ်ကမ်းအနီးမှာနှစ်ယောက်သားမျက်နှချင်းဆိုင်ပြီးစကားရပ်ပြောနေကြသည်။

"ဘာလို့ခေါ်လာတာလဲလို​့ ဘာလဲငါ့ကိုရည်းစားစကားပြောမလို့လား"

"ငါပြောရင်မင်းကအဖြေပြန်ပေးမှာမလို့လား"

Chuoရဲ့ရွဲ့ပြီးမေးလိုက်တဲ့စကားကြောင့်Jacksonကတိတ်သွားပြီးတံတွေးမြိုချလိုက်သည်။ဒီကောင်ငါ့ကိုကြိတ်ကြွေနေတာများလား..ကြည့်နေတဲ့ပုံစံလေးကလဲသခင်လေးကBossကိုကြည့်တဲ့အကြည့်တွေနဲ့

"အီးရား...အကိုကြီး ပုံမှန်နေစမ်းပါငါကြက်သီးတွေတောင်ထလာပြီး"

Jacksonကလက်မောင်းနှစ်ဖက်ကိုပွတ်သပ်ပြီးမဲ့ရွဲ့ကာပြောတော့Chuoကခေါင်းကိုသာခါကာရယ်လိုက်သည်။

"မင်းကိုရည်းစားစကားပြောစရာလားငါကမိန်းမယူမှာ "

"အာ..ဒါဆိုဘာလို့ငါ့ကိုဒီနေရာခေါ်လာတာလဲမင်းယူမဲ့မိန်းမကိုခေါ်လာပါလား "

"ဘာလဲရှာလကာရည်မှောက်သွားတာလား"

"ဖွီး..သွားစမ်းပါ မနာလိုဖြစ်စရာလားကြည့်နေ ငါမင်းထက်အရင်ဦးအောင်မိန်းမယူပြမယ် ငါတွေ့ထားတဲ့ကောင်မလေးကမဆိုးဘူးကွ."

JacksonစကားကိုကြားပြီးChuoကခေါင်းတငြိမ့်ငြိမ့်နှင့်မယုံချင်သလိုလိုပြုံးကြည့်နေသည်။

"ပြောစမ်းပါအုံး ဘယ်သူများလဲငါတို့အိမ်တော်ကပဲလား"

"No No No. .."

"ဒါဆိုဘယ်သူလဲ"

"Maria တဲ့လေ"

Jacksonစကားကြောင့်Chuoရဲ့ပြုံးနေတဲ့မျက်နှာကတည်သွားသည်။ပြောင်စပ်စပ်လုပ်နေတဲ့Jacksonကိုကြည့်ပြီး

"မင်းကိုတုံးတယ်လို့ပြောပြန်ရင်လဲမကြိုက်ဘူးMariaကဘယ်သူလဲဆိုတာမသိဘူးလား.သူက"

"Chuo. .Chuo. .Chuo"

"ဘာလဲကွာ ငါ့စကားကိုဖြန်မပြောနဲ့လေ"

Jacksonကတစ်နေရာကိုအလန့်တကြားကြည့်နေပြီးသူ့နာမည်ကိုဆက်တိုက်ခေါ်ကာလက်မောင်းတစ်ဖက်ကိုလှုပ်ယမ်းနေသည်။

"သခင်လေး..သခင်လေး.."

"ဘာလဲသခင်လေး"

JacksonကChuoမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီးအနောက်ကိုဆွဲလှည့်စေလိုက်သည်။Chuoကသူတို့နဲ့ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့သခင်လေးကိုတွေ့တော့မျက်လုံးပြူးကျယ်သွားတယ်။

"သခင်လေးပဲ တကယ်သခင်လေးပဲကွ နေအုံးဘေးကဟိုမျက်လှည့်ဆရာမဟုတ်ဘူးလား"

"ဟုတ်တယ် ဟုတ်တယ်..Chuo မင်းထင်တာမှန်နေတာပဲသခင်လေးကဒီလူနဲ့အတူရှိနေတာ"

Chuoနဲ့Jacksonကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။နီးကပ်လွန်းတဲ့အခြေအနေနဲ့ထိကပ်သွားတဲ့နှာခေါင်းထိပ်လေးနှစ်ခုကြောင့်အလန့်တကြားအနောက်ကိုခုန်လိုက်မိကြသည်...သခင်လေးကိုတွေ့လို့အပျော်လွန်ပြီးရင်တုန်သွားတာတော့မဟုတ်ဘူးပေါ့.

ရှောင်းကျန့်ကရိပေါ်ကိုစိုက်ကြည့်နေရာကနေအကြည့်လွဲလိုက်သည်။ရိပေါ်ကသူ့လက်နှစ်ဖက်ကိုထွေးဆုပ်ကိုင်လာတယ်။

"ရှောင်းကျန့်ငါ့ကိုအခွင့်အရေးပေးလို့ရမလား မင်းမကြိုက်တာတွေငါနောက်ထပ်မလုပ်တော့ပါဘူးမင်းအနားရှိခွင့်လေးနဲ့ချစ်ခွင့်လေးပဲပေးပါ.."

"ငါ..ငါ.."

"မင်းအတွက်ဆိုငါဘာမဆိုလုပ်နိုင်တယ်ငါ့အချစ်တွေကိုသာမြင်အောင်ကြည့်ပေးပါ "

"Lao Wang. ငါ"

"သခင်လေး!!"

ရှောင်းကျန့်ဆက်ပြောမဲ့စကားတွေကအနောက်ကနေခေါ်လိုက်တဲ့အသံတွေကြောင့်ရပ်တန့်သွားသည်။ဒီအသံတွေ..ဒီအသံတွေသေချာပေါက်ခွေးနက်လေးတွေရဲ့အသံပဲသူကောင်းကောင်းကြီးသိသည်။ရှောင်းကျန့်ရင်ဘက်ကနိမ့်ချည်မြင့်ချည်ဖြစ်နေပြီးအနောက်ကိုလှည့်မကြည့်ရဲပေ..ရိပေါ်ရဲ့သူ့လက်ကိုကိုင်ထားတဲ့လက်တွေကပိုတင်းကြပ်လာပြီးမျက်လုံးတွေရဲကာမျက်ခမ်းစပ်တွေနီလာသည်။မျက်လုံးတွေကဆောက်တည်ရာမဲ့ကာပြန်မထည့်လိုက်နိုင်သလိုအဆုံးရှုံးမခံချင်တဲ့အရိပ်တွေထင်ဟပ်နေသည်။.

ရိပေါ်အရမ်းကြောက်နေတယ်.ေရှာင်းကျန့်ကိုသူ့ဆီကခေါ်ထုတ်သွားကြမှာကိုရှောင်းကျန့်ကိုပြန်မပေးနိုင်ဘူး သူပဲအပိုင်သိမ်းထားချင်သည်။

"သခင်လေး!!!"

💚💛❤

15ခု
Zaw

Aceစံအိမ္ရဲ႕ဂိတ္ငါးခုေတြ႕ဆုံပြဲကစကားဝိုင္းေခါင္းစဥ္ကေတာ့မေျပာင္းမလဲKowloonကိစၥေတြပါပဲ။အေမွာင္ၿမိဳ႕ေတာ္ျဖစ္တဲ့Kowloonကတရားမဝင္အလုပ္ေတြေပ်ာ္ေမြ႕ရာေနရာျဖစ္တာေၾကာင့္ဂိတ္ငါးခုရဲ႕မ်က္စိက်ျခင္းကိုခံရတယ္။မ႐ိုးႏိုင္မအီႏိုင္အျငင္းအခုံျဖစ္ေနၾကတဲ့အဘိုးႀကီးေတြကိုၾကည့္ၿပီးဝမ္ရိေပၚကစိတ္ပ်က္မိတယ္။ဒီေန႔ဒီေနရာမွာသူထိုင္ေနရတဲ့အေၾကာင္းအရင္းကKowloonကိစၥေၾကာင့္လဲမဟုတ္ဘူးအဘိုးႀကီးေတြရဲ႕ယုတၱိမရွိတဲ့စကားေတြကိုနားေထာင္ဖို႔လဲမဟုတ္ဘူး။

ဝမ္ရိေပၚကခပ္လွမ္းလွမ္းမွာရပ္ေနတဲ့ဖန္းဟုန္စီကိုလွမ္းၾကည့္လိုက္တယ္။သူဒီေနရာမွာထိုင္ေနတာဖန္းဟုန္စီေၾကာင့္ပဲ။အားလိန္ေျပာျပခ်က္ေတြကိုနားေထာင္ၿပီးျဖစ္ႏိုင္ေျခရွိတာကိုေတြးမိေတာ့သူဖန္းဟုန္စီကိုတဲ့တိုးေမးဖို႔လိုအပ္သည္။စိတ္ဝင္စားဖို႔မေကာင္းတဲ့စကားဝိုင္းကိုထားခဲ့ၿပီးႏႈတ္ဆတ္ကာထိုေနရာကထလာေတာ့က်န္တဲ့ေလးေယာက္ကဆြံအစြာၾကည့္ေနၾကတယ္။

"သခင္ႀကီးဝမ္ေဆြးေႏြးမႈမၿပီးပဲထြက္သြားတာဒါဘယ္လို႐ိုင္းပ်မႈမ်ိဳးလဲ"

အေနာက္ပါးကသခင္ႀကီးဖန္းရဲ႕စကားေၾကာင့္သူ႔ေျခလွမ္းေတြရပ္လိုက္ၿပီးမဲ့ၿပဳံးတစ္ခုဆင္ျမန္းကာေနာက္လွည့္ၾကည့္လိုက္သည္။သူ႔ကိုဆိုအၿမဲတမ္းအပစ္မရွိအပစ္ရွာအပုတ္ခ်ေျပာဆိုခ်င္ေနတဲ့လူကလူႀကီးလူေကာင္းအေရခြံၿခဳံၿပီးဆုံးမၾသဝါဒေႁခြခ်င္ေနတာလား။

"႐ိုင္းပ်တာမဟုတ္ပါဘူးသခင္ႀကီးဖန္း .စကားဝိုင္းကစိတ္ဝင္စားဖို႔မေကာင္းလို႔ပ်င္းလာတာပါ "

"ဘာ ဒီေဆြးေႏြးပြဲကိုမင္းအပ်င္းေျပဖို႔လုပ္တယ္မ်ားထင္ေနတာလားဝမ္ရိေပၚဒီထဲမွာမင္းကအသက္ငယ္ဆုံးပါလူႀကီးသူမေတြကို႐ိုေသသင့္တယ္မထီမဲ့ျမင္ပုံစံနဲ႔လာမလုပ္နဲ႔ကြ!!. "

ဖန္းေဆာင္စီကေဒါသတႀကီးေျပာေတာ့သည္။ဝမ္ရိေပၚကအံ့ၾသသလိုေလွာင္ေျပာင္ၿပီးအမူအယာလုပ္ျပတယ္။သူ႔စကားေလးတစ္ခြန္းကသခင္ႀကီးဖန္းရဲ႕ေဒါသကိုအဲ့ေလာက္ေတာင္ဆြေပးလိုက္မိတာလား။အိုး..ဟုတ္သားပဲဒီေျမေခြးအိုႀကီးကသူ႔ကိုအစထဲကမ်က္စိေနာက္ေနတာပဲ။

"အဲ့လိုျဖစ္သြားရင္ေတာ့Sorryပါဗ်ာ ကြၽန္ေတာ္ကအမွန္တရားကိုပဲေျပာလိုက္တာပါသခင္ႀကီးဖန္းဒီေလာက္ထိ႐ုပ္ပ်က္ဆင္းပ်က္ေဒါသထြက္သြားဖို႔မရည္႐ြယ္ပါဘူး"

"မင္း မင္း"

ဝမ္ရိေပၚကလက္ႏွစ္ဖက္ေျမာက္ကာသူမွားေၾကာင္းခနဲ႔ၿပီးလုပ္သံႀကီးနဲ႔ေျပာေတာ့သခင္ႀကီးဖန္းဣေျႏၵမဆည္ႏိုင္ေလာက္ေအာင္ျဖစ္ပ်က္သြားသည္။သခင္ႀကီးလုကတားလိုက္လို႔သာသူတို႔ရဲ႕ျပသာနာကၿငိမ္းသြားတယ္။ဂိတ္ေလးဂိတ္ကစကားဝိုင္းျပန္စေနၾကေပမဲ့ဝမ္ရိေပၚကေတာ့ဖန္းဟုန္စီအနားကိုသာေလ်ာက္လာသည္။Hall ခန္းေထာင့္မွာရပ္ေနတဲ့Chuoနဲ႔အားလိန္ကဝမ္ရိေပၚကိုမ်က္စိေဒါက္ေထာင့္ၾကည့္ေနၾကတယ္။အတြင္းေရးမႉးပိုင္ကသူတို႔အနားေရာက္လာေတာ့သုံးေယာက္သားဘာဆက္ျဖစ္မလဲဆိုတာပြဲၾကည့္ပရိတ္သတ္လုပ္ေနၾကသည္။

ဝမ္ရိေပၚကဖန္းဟုန္စီအနားသြားၿပီးေရွ႕မွာရပ္လိုက္ေတာ့ဖန္းဟုန္စီကဝိုင္ခြက္တစ္ခြက္ေပးလာသည္။သူ႔ပုံစံကဝမ္ရိေပၚနဲ႔ေတြ႕တိုင္းမိန္းမငယ္ေလးလိုႏူးညံ့ကာကႏြဲ႕ကလ်ျဖစ္ေနၿပီးအားနည္းသြားတတ္သည္။ဝမ္ရိေပၚကဝိုင္ကိုမေသာက္ေသးပဲဖန္းဟုန္စီကိုစိုက္ၾကည့္ေနသည္။

"သခင္ႀကီးဝမ္အဲ့ေလာက္ၾကည့္ေနေတာ့ကြၽန္ေတာ္မေနတတ္ေတာ့ဘူး..ဘာလဲကြၽန္ေတာ့္အလွအပေတြေအာက္က်ရႈံးသြားၿပီလား..."

ဖန္းဟုန္စီကပါးခ်ိဳင့္ေတြေပၚေအာင္ၿပဳံးၿပီးမ်က္ခုံးတစ္ဖက္ပင့္ကာေမးသည္။ဝမ္ရိေပၚကစိတ္ပ်က္စြာတစ္ခ်က္ၾကည့္ၿပီးဖန္းဟုန္စီရဲ႕မ်က္လုံးတည့္တည့္ကိုေပါက္ထြက္မတတ္စိုက္ၾကည့္ကာ

"ေရွာင္းက်န္႔ဘယ္မွာလဲ?"

"အို႔.သခင္ႀကီးဝမ္ ခင္ဗ်ားေမးတဲ့လူမွားေနၿပီးကြၽန္ေတာ္ကဘယ္လိုလုပ္ၿပီးသိမွာလဲခင္ဗ်ားနားမွာေနတဲ့လူဘယ္ေရာက္ေနလဲသခင္ႀကီးဝမ္ပဲသိမွာေပါ့"

"မင္းအပိုေတြေျပာမေနနဲ႔ဒါမင္းလက္ခ်က္ဆိုတာငါသိတယ္ ေရွာင္းက်န္႔ ဘယ္ . မွာ. လဲ "

ဝမ္ရိေပၚကမ်က္လုံးေတြက်ဥ္းေျမာင္းစူးရွကာအသံကိုဖိၿပီးတစ္လုံးခ်င္းေမးေနတယ္။ဖန္းဟုန္စီရဲ႕ပတ္ဝန္းက်င္ကေၾကာက္စရာေကာင္းေလာက္ေအာင္ဖိအားေတြေရာက္လာတယ္လို႔ခံစားရသည္။ေရွ႕ကသခင္ႀကီးဝမ္ကအခ်ိန္မေ႐ြးထေသာင္းက်န္႔ေတာ့မဲ့နတ္ဆိုးတစ္ေကာင္လိုပဲ။ေရွာင္းက်န္႔ကိုသာမေတြ႕ရင္တေလာကလုံးမီးေလာင္တိုက္သြင္းၿပီးျပာက်ေအာင္လုပ္ပစ္မည္ဟုနဖူးမွာစာကပ္ထားသည့္အတိုင္းပင္။ဖန္းဟုန္စီကမၿဖဳံတဲ့မ်က္ႏွာျဖင့္ဝမ္ရိေပၚအနားတိုးကပ္သြားၿပီးေလွာင္ၿပဳံးတစ္ခုတပ္ဆင္လိုက္သည္။

"ကြၽန္ေတာ္ မ သိ ဘူး"

သူလဲတစ္လုံးခ်င္းျပန္ေျပာတယ္။ႏွစ္ေယာက္ၾကားအသံတိတ္စစ္ပြဲဆင္ႏြဲေနသည္ကိုေထာင့္ကသုံးေယာက္ကၾကည့္ၿပီးတံေတြးအႀကိမ္ၾကမ္ၿမိဳခ်ေနသည္။

"သူတို႔တစ္ေယာက္ကိုတစ္ေယာက္ေသနတ္ေတြနဲ႔ပစ္သတ္ၾကေတာ့မလား..ျပင္းထန္တဲ့တိုက္ပြဲျဖစ္ေတာ့မယ္ထင္တယ္"

"ဘာမွမေၾကာက္နဲ႔တစ္ခုခုျဖစ္ရင္ငါ့အနားမွာပဲေန ငါမင္းကိုကာကြယ္ေစာင့္ေရွာက္ေပးမယ္Chuo"

အားလိန္ကအေလးအနက္Chuoကိုစိုက္ၾကည့္ၿပီးေျပာေတာ့Chuoကၿပဳံးျပလိုက္သည္။ေဘးကႏွစ္ေယာက္ကိုအတြင္းေရးမႉးပိုင္ကမ်က္ေစာင္းထိုးလိုက္တယ္။ငါ့ကိုလဲငါ့မွာမရွိတဲ့ခ်စ္သူက ကာကြယ္ေပးမွာေပါ့ ေတြးရင္းနဲ႔မရွိတဲ့ရည္းစားေလးကိုေတာင္လြမ္းလာသလိုပဲ...

ဖန္းဟုန္စီကဝမ္ရိေပၚရဲ႕မ်က္ႏွာကိုလက္ေခ်ာင္းေတြနဲ႔ပြတ္သပ္လာေတာ့ပုတ္ခ်ျခင္းကိုခံလိုက္ရသည္။မီးဝင္းဝင္းေတာက္ေနတဲ့အၾကည့္ေတြနဲ႔ၾကည့္လာေတာ့ဟက္ခနဲရယ္လိုက္တယ္။

"ေရွာင္းက်န္႔ကိုမင္းဖမ္းသြားတာမလား"

"ဘာသက္ေသနဲ႔မ်ားဒီလိုစြပ္စြဲရပါသလဲသခင္ႀကီးဝမ္ သူကိုယ္တိုင္ကခင္ဗ်ားနားမွာေနရတာမြန္းၾကပ္လို႔ထြက္ေျပးသြားတာလို႔မေတြးမိဘူးလား"

ဝမ္ရိေပၚရဲ႕လည္ဇလုတ္ကလႈပ္ရွားသြားသည္။ဒါဟာသူမေတြးခ်င္တဲ့အရာပဲမေတြးရဲတာဆိုပိုၿပီးမွန္တယ္။ေရွာင္းက်န္႔ျပန္ေပးဆြဲခံရတယ္လို႔တစ္ထစ္ခ်ႀကီးေျပာဆိုေနေပမဲ့မသိစိတ္ကေနသူ႔နားကထြက္ေျပးသြားတယ္လို႔ေတြးေနမိတယ္။ထိုအေတြးကိုမႏွစ္သက္လို႔တမင္ေမ့ပစ္ထားျခင္းျဖစ္သည္။ဒါကိုဖန္းဟုန္စီကအစလာဆြဲထုတ္ေနတယ္။

"ေရွာင္းလင္မယားကိုသတ္ခဲ့တဲ့သူဘယ္မွာလဲ"

"သူလား သူမရွိေတာ့ဘူးသူကဖန္းအိမ္ကလူမဟုတ္ေတာ့တာမလို႔ဘယ္ေရာက္လို႔ဘယ္ေပါက္ေနမွန္းမသိဘူး"

"မင္းသိတယ္ ငါ့ကိုလာမလိမ္နဲ႔ဖန္းဟုန္စီ ေရွာင္းက်န္႔ေပ်ာက္သြားတာမင္းစနက္ေတြမလား"

ဝမ္ရိေပၚကေဒါသေတြအတင္းၿမိဳသိပ္ထားရၿပီးလက္သီးကိုတင္းတင္းဆုပ္ထားသည္။ဖန္းဟုန္စီကႏႈတ္ခမ္းတစ္ဖက္တြန္႔႐ုံၿပဳံးလိုက္ၿပီးဝမ္ရိေပၚရဲ႕ရင္ဘက္ေပၚလက္တစ္ဖက္လာတင္သည္။

"စြပ္စြဲခ်က္ေတြကျပင္းထန္လိုက္တာခင္ဗ်ားရာ အရမ္းႀကီးလဲစိတ္မတိုပါနဲ႔ခင္ဗ်ားစိတ္တိုေနတာေလးကခ်စ္ဖို႔ေကာင္းတယ္ ကြၽန္ေတာ္စိတ္မထိန္းႏိုင္ပဲဒီေနရာမွာပဲခင္ဗ်ားကိုဖက္နမ္းမိသြားလိမ့္မယ္"

ဝမ္ရိေပၚကေဒါသကေထာင္းခနဲျဖစ္သြားၿပီးရင္ဘက္ေပၚကလက္ကိုအားနဲ႔ဆြဲညစ္ၿပီးဖယ္ထုတ္ပစ္လိုက္သည္။ဖန္းဟုန္စီရဲ႕လက္ကနီရဲသြားၿပီးနာက်င္သြားေပမဲ့မ်က္ႏွာတစ္ခ်က္မမဲ့အၿပဳံးမပ်က္တဲ့ဒီလူကသူ႔အေဖထက္ပိုေၾကာက္ဖို႔ေကာင္းတယ္ဟုေတြးမိသည္။

"ေရွာင္းက်န္႔ကအဲ့ဒီလူနဲ႔အတူရွိေနတာမွန္တယ္ ဒါေပမဲ့ဖမ္းထားတာမဟုတ္ဘူးသူ႔သေဘာနဲ႔သူအဲ့ဒီကိုသြားတာ"

ဝမ္ရိေပၚရဲ႕မ်က္ခုံးေတြကတြန္႔ခ်ိဳးသြားၿပီးအၾကည့္ေတြကပိုမိုစူးရဲလာသည္။ဖန္းဟုန္စီကစကားစခဏရပ္ၿပီးဝိုင္တစ္ငုံေမာ့ေသာက္ကာဆက္ေျပာသည္။

"သူဘာလို႔အဲ့ကိုေရာက္သြားလဲသိလား ?...သခင္ႀကီးဝမ္ကိုသတ္ခ်င္လို႔ပဲ သူ႔မိဘေတြကိုသတ္ခဲ့တဲ့သခင္ႀကီးဝမ္ကိုသူကဟိုမ်က္လွည့္ဆရာနဲ႔ေပါင္းၿပီးသတ္ဖို႔ႀကံစည္ေနတာေလ အဟက္."

ဖန္းဟုန္စီစကားေၾကာင့္ဝမ္ရိေပၚရင္ထဲဆစ္ခနဲျဖစ္သြားၿပီးသူ႔ႏွလုံးသားကအစိမ္းလိုက္ခြဲေနသလိုခံစားရသည္။ဖန္းဟုန္စီကနာက်င္ခံစားသြားရတဲ့ဝမ္ရိေပၚကိုအကဲခတ္ကာေစ့ေစ့ၾကည့္ေနၿပီးၿပဳံးလိုက္တယ္။

ဖန္းဟုန္စီစကားကလိမ္ေနပါတယ္ဆိုတာမေသခ်ာဘူး။ေရွာင္းက်န္႔အေၾကာင္းသူေကာင္းေကာင္းသိသည္။သူ႔ကိုအၿမဲသတ္ဖို႔ေျပာေနတဲ့လူကတျခားတစ္ေယာက္နဲ႔ေပါင္းၿပီးရွင္းပစ္ဖို႔ႀကံေနတာျဖစ္ႏိုင္တယ္ေလ။ေရွာင္းက်န္႔ကသစၥာေဖာက္လဲမဟုတ္ဘူးသူလွ်ိဳလဲမဟုတ္ဘူး သူခ်စ္ရတဲ့သူပါ။ရန္သူအစစ္နဲ႔ေပါင္းၿပီးအထင္လြဲေနတဲ့လူကိုသတ္မိရင္သူ႔ေဘဘီေလးကတစ္သက္လုံးအပစ္ရေနေတာ့မွသိသြားတဲ့အခ်ိန္က်ရင္လဲေနာင္တေတြနဲ႔ရွင္သန္ေနရေတာ့မွာ။ဒါမ်ိဳးအျဖစ္မခံဘူး...

"စိတ္မေကာင္းစရာပဲ အမွန္အတိုင္းေျပာရရင္ကြၽန္ေတာ္ေရွာင္းက်န္႔ကိုဒီေလာကႀကီးကေနေပ်ာက္ကြယ္သြားေစခ်င္တယ္ သူဒီလိုအျမင္ေတြမွားၿပီးတလြဲလုပ္ေနတာေတြ႕ေတာ့သနားလဲသနားမိပါတယ္ အဟြန္႔ သူသခင္ႀကီးဝမ္ကိုထိခိုက္ေအာင္လုပ္မွာကိုကြၽန္ေတာ္ဒီအတိုင္းမၾကည့္ေနႏိုင္ဘူး "

"မင္းဘာေျပာခ်င္တာလဲ"

ဖန္းဟုန္စီကမူပိုင္ေလွာင္ၿပဳံးတစ္ခုျဖင့္အေရွ႕ကိုေျခတစ္လွမ္းတိုးကာဝမ္ရိေပၚအနားပိုၿပီးတိုးကပ္သြားတယ္။ေပါင္ဒါမႈန္႔ေတြနဲ႔ေဖြးေနၿပီးအမ်ိဳးသမီးေတြဆိုးတဲ့ဆိုးေဆးကိုႏႈတ္ခမ္းထက္ျခယ္သထားသည္။စိုရဲေနတဲ့ႏႈတ္ခမ္းေတြဖြင့္ဟၿပီးတိုေဖ်ာ့ေနတဲ့အသံနဲ႔ဖန္းဟုန္စီကစကားဆိုလာတယ္။

"သခင္ႀကီးဝမ္ေျပာျပလိုက္ေလ ေရွာင္းလင္မယားကိုသတ္တဲ့တရားခံအစစ္ကဘယ္သူလဲဆိုတာေရွာင္းက်န္႔သိေအာင္ေျပာျပလိုက္..မေကာင္းဘူးလား"

ဝမ္ရိေပၚရဲ႕မ်က္ခုံးေတြတြန္႔ခ်ိဳးၿပီးၾကည့္လာေတာ့ဖန္းဟုန္စီကၿပဳံးစစျဖင့္ျပန္ၾကည့္ေနသည္။

"မင္းဘာျဖစ္ခ်င္တာလဲ ဘာလိုခ်င္ေနတာလဲ"

"ကြၽန္ေတာ္ခင္ဗ်ားကိုလိုခ်င္တာ"

ဝမ္ရိေပၚကစိတ္ပ်က္စြာက်စ္သပ္ၿပီးစူးစူးဝါးဝါးၾကည့္လာသည္။ဖန္းဟုန္စီကဝမ္ရိေပၚကိုအရည္လဲ့ေနတဲ့မ်က္ဝန္းေတာက္ေတာက္ေတြနဲ႔ျပန္ၾကည့္ေနတယ္။

"ေရွာင္းက်န္႔ကရန္သူမွားေနတာ အဲ့ဒါကိုျပန္တည့္ေပးရမွာေပါ့မဟုတ္ဘူးလား သူ႔လက္နဲ႔ကိုယ္တိုင္လက္စားေခ်ႏိုင္ေအာင္ကူညီလိုက္ပါ ေရွာင္းက်န္႔ရန္သူအစစ္ကဟိုမ်က္လွည့္ဆရာပဲ"

ဖန္းဟုန္စီကေကာက္က်စ္တဲ့အၿပဳံးျဖင့္ထူးဆန္းတဲ့မ်က္ဝန္းေတြႏွင့္ေလသံေအးေအးေျပာသည္။ဝမ္ရိေပၚေတြေဝသြားတာကိုၾကည့္ၿပီးသေဘာက်ေနတယ္။

ဖန္းဟုန္စီကဝမ္ရိေပၚကိုေတာင္ဒီလိုေတြေဝသြားေအာင္လုပ္ႏိုင္တယ္။ေရွာင္းက်န္႔ကဟိုေကာင္နဲ႔ေပါင္းၿပီးသူ႔ကိုလုပ္ႀကံမွာကိုသေဘာမက်ႏိုင္ဘူး။ေရွာင္းက်န္႔ကိုျပန္ရွာၿပီးအဲ့ဒီမ်က္လွည့္ဆရာကိုရွင္းပစ္မည္။သူ႔အပိုင္ကိုဖြက္ထားတဲ့လူဘယ္သူမဆိုအသက္မရွင္ေစရဘူး...ဟက္..ရယ္ရတယ္လူသတ္သမားအစစ္ကအတုကိုျပန္သတ္မယ္တဲ့ သူ႔ကိုဒါမ်ိဳးလာလုပ္လို႔မရဘူး ေတြ႕ၾကေသးတာေပါ့

ဝမ္ရိေပၚမ်က္ႏွာကအမူအယာမေျပာင္းလဲေပမဲ့ပုံစံအမ်ိဳးမ်ိဳးျဖစ္ေနတဲ့မ်က္လုံးေတြကိုၾကည့္ၿပီးဖန္းဟုန္စီရဲ႕ႏႈတ္ခမ္းကတေျဖးေျဖးအေပၚေကြးၫြတ္သြားသည္။

"ဖန္းဟုန္စီ.ေရွာင္းက်န္႔ကတကယ္ရန္သူမွားေနတာပဲ သူ႔ရန္သူအစစ္ကငါလဲမဟုတ္ဘူး မ်က္လွည့္ဆရာLao Wangလဲမဟုတ္ဘူး သူ႔ရန္သူကမင္းအေဖပဲ "

ဖန္းဟုန္စီရဲ႕အၿပဳံးေတြကတည္သြားၿပီးခံစားခ်က္မဲ့ေနတဲ့မ်က္ႏွာျဖစ္သြားသည္။ဝမ္ရိေပၚကဟက္ခနဲရယ္လိုက္ၿပီးဆက္ေျပာတယ္

"ငါေျပာတာမွန္တယ္မလား"

"မဟုတ္ဘူး ေရွာင္းလင္မယားကိုLao Wangကသူ႔လက္နဲ႔ကိုယ္တိုင္သတ္ခဲ့တာ"

"မင္းအေဖခိုင္းလို႔လုပ္ခဲ့တာေလ ဟက္...စိတ္ခ်ပါ ငါသူ႔ကိုလဲသတ္ပစ္မွာ သူ႔ဖြက္ထားတဲ့ငါ့အပိုင္ကိုျပန္ယူမွာ "

ဖန္းဟုန္စီရဲ႕မ်က္ႏွာကပ်က္ယြင္းသြားၿပီးမွလွပတဲ့အၿပဳံးတစ္ခုဖုံးကြယ္လိုက္သည္။ထို႔ေနာက္Steakလွီးတဲ့ဓားတစ္ေခ်ာင္းယူၿပီးဝိုင္ခြက္ကိုတီးေခါက္လိုက္တယ္။

ကေတာင္ ကေတာင္ ကေတာင္

Party ထဲရွိေနတဲ့လူေတြအားလုံးအသံလာရာအၾကည့္ေရာက္လာၾကသည္။ေဆြးေႏြးပြဲလုပ္ေနတဲ့ဂိတ္ႀကီးေတြကလဲစိတ္ဝင္တစားၾကည့္လာၾကတယ္။ဝမ္ရိေပၚကလဲဖန္းဟုန္စီဘာေျပာမလဲဆိုတာေစာင့္ၾကည့္ေနသည္။

"အားလုံးပဲ.ကြၽန္ေတာ္တစ္ခုအသိေပးေၾကျငာစရာေလးရွိလို႔ပါ ကြၽန္ေတာ္က ဖန္းအိမ္ေတာ္ကဖန္းေဆာင္စီနဲ႔ဖန္းနာရီတို႔ရဲ႕တစ္ဦးတည္းေသာသားဖန္းဟုန္စီပါ."

ၿပဳံး႐ြင္ေနတဲ့မ်က္ႏွာနဲ႔ခပ္က်ယ္က်ယ္ေအာ္ေျပာေတာ့လူေတြကေခါင္းတၿငိမ့္ၿငိမ့္လုပ္ေနၾကတယ္။ဖန္းသခင္ႀကီးကေတာ့မ်က္ေထာင့္နီႀကီးနဲ႔ဘာျပသာနာရွာအုံးမလို႔လဲဆိုတဲ့ပုံစံနဲ႔ၾကည့္ေနတယ္။ဖန္းဟုန္စီကသူ႔အေဖကိုတစ္ခ်က္ၾကည့္ၿပီးၿပဳံးလိုက္သည္။

"ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္ဖန္းဟုန္စီကလိင္တူေတြအေပၚသာစိတ္တိမ္းၫႊတ္ၿပီးႏွစ္သက္တဲ့ဝတ္႐ုံလက္ျပတ္တစ္ေယာက္ပါ..."

"ဟာ"

"ဟင္.."

"ဟမ္.."

"ဘယ္လိုႀကီးလဲ"

ဖန္းဟုန္စီစကားဆုံးတာနဲ႔လူေတြဆီကအသံမ်ိဳးစုံကြၽတ္စီကြၽတ္စီထြက္လာၾကသည္။ဝမ္ရိေပၚကေက်နပ္စြာၿပဳံးလိုက္ၿပီးသခင္ႀကီးဖန္းကေတာ့ေသြးေဆာင့္တက္ေတာ့တယ္။

"ကြၽန္ေတာ္ သခင္ႀကီးဝမ္ကိုသေဘာက်ႏွစ္သက္ပါတယ္ႏွစ္ႏွစ္ကာကာျမတ္ႏိုးတာမလို႔ပိုင္ဆိုင္ခ်င္မိပါတယ္ ဒါေၾကာင့္အားလုံးသိေအာင္ဖြင့္ေျပာလိုက္တာ "

ဖန္းဟုန္စီစကားေၾကာင့္သခင္ႀကီးဖန္းကလက္ညိဳးတထိုးထိုးႏွင့္လဲက်မလိုေတာင္ျဖစ္သြားသည္။ကိုယ္ရံေတာ္တစ္ေယာက္ကထိန္းထားေပးၿပီးဖန္းဟုန္စီကေတာ့သူ႔အေဖဘက္တစ္ခ်က္မလွည့္ၾကည့္ေပ။ဝမ္ရိေပၚဘက္လွည့္ၿပီးဆြဲငင္ေနတဲ့မ်က္လုံးေတြနဲ႔ၾကည့္တယ္

"သခင္ႀကီးဝမ္..ကြၽန္ေတာ္ခင္ဗ်ားကိုခ်စ္တယ္ "

"ငါကေတာ့မင္းကိုမခ်စ္ဘူး ငါ့အခ်စ္ကေရွာင္းက်န္႔တစ္ေယာက္ထဲ"

ပတ္ဝန္းက်င္တစ္ခုလုံးအပ္က်သံမၾကားရေလာက္ေအာင္တိတ္ေနသည္။ကာယကံရွင္ႏွစ္ေယာက္ကမဲ့ၿပဳံးကိုယ္စီနဲ႔မၿဖဳံသလိုစိတ္ဝင္စားဖို႔ေကာင္းတဲ့ကစားနည္းကစားေနၾကသလိုပင္။ဝမ္ရိေပၚရဲ႕ဘယ္ႏွႀကိမ္ေျမာက္မွန္းမသိတဲ့အျငင္းစကားကိုၾကားၿပီးဖန္းဟုန္စီကလက္ေလ်ာ့ဖို႔စိတ္ကူးမရွိပါဘူး။သခင္ႀကီးဝမ္ျဖစ္ေစခ်င္သလိုသူလုပ္ၿပီးၿပီေလ သူ႔အခ်စ္ေတြကိုေတာ့အသိအမွတ္ျပဳမယ္လို႔ထင္ပါတယ္။

ဝမ္ရိေပၚကေဒါသႀကီးၿပီးေသြးေဆာင့္တက္ေနတဲ့ေျမေခြးအိုႀကီးကိုၾကည့္ကာေက်နပ္ေနေလသည္။ဘယ္လိုလဲသခင္ႀကီးဖန္း ေတာ္ေတာ္ေလးမွခံစားလို႔ေကာင္းရဲ႕လား လူၾကားထဲအရွက္ကြဲရတဲ့ခံစားခ်က္ကခင္ဗ်ားေၾကာင့္အသိုက္အၿမဳံပ်က္စီးသြားတဲ့ေရွာင္းက်န္႔ရဲ႕ခံစားခ်က္ေလာက္မဆိုး႐ြားပါဘူး။ဒါပါးပါးေလးပဲရွိေသးတယ္..ဒီကိစၥအတြက္သူ႔အသုံးခ်ခံျဖစ္ေပးတဲ့ဖန္းဟုန္စီကိုေတာင္ေက်းဇုတင္သင့္တယ္...လူေတြကအခ်စ္နဲ႔ပက္သက္လာရင္ေၾကာက္စရာေကာင္းေလာက္ေအာင္႐ူးမိုက္ၿပီးအတၱႀကီးတတ္ၾကတယ္။

ဝမ္ရိေပၚကသခင္ႀကီးဖန္းကိုေလွာင္ၿပဳံးနဲ႔ေက်နပ္အားရစြာၾကည့္သည္။သခင္ႀကီးဖန္းကအသားေတြဆတ္ဆတ္တုန္ၿပီးလူၾကားထဲမ်က္ႏွာမျပရဲေလာက္ေအာင္ျဖစ္ေနတယ္။ဝမ္ရိေပၚကိုမ်က္ႏွာႀကီးေမွာင္မဲကာၾကည့္ေနတယ္။သူ႔သားကိုလဲဘယ္ေလာက္ေဒါသထြက္ေနလိမ့္မလဲ အိမ္ျပန္ေရာက္ရင္တိုက္ပြဲျဖစ္ၾကအုံးမွာ ထားပါ ဒါသူနဲ႔မဆိုင္ဘူး ဒီအဖိုးႀကီးရဲ႕အျဖစ္အပ်က္ကိုေက်နပ္လြန္းတာမလို႔ဒီညေတာ့အိမ္မက္ေလးလွေနေတာ့မွာပဲ...

ဝမ္ရိေပၚကနတ္ဆိုးဆန္စြာၿပဳံးၿပီးမ်က္လုံးတစ္ဖက္မွိတ္ျပလိုက္ေတာ့ဖန္းေဆာင္စီကေဒါသတႀကီးေနရာကေနဝုန္းခနဲထရပ္ၿပီးသူ႔ဆီေျပးလာဖို႔လုပ္ေပမဲ့ဖန္းဟုန္စီကအျမန္သြားၿပီးဆြဲတားထားသည္။

"ဟက္...အရသာရွိလိုက္တာ"

ဝမ္ရိေပၚကစီးကရတ္တစ္လိပ္ပါးစပ္ထဲခဲကာcoat အက်ႌကိုတစ္ခ်က္ခါၿပီးChuoတို႔ကိုေခၚကာအျပင္ထြက္သြားေလေတာ့သည္။Chuo အားလိန္နဲ႔အတြင္းေရမႈးပိုင္ကအေနာက္ကေနမ်က္ႏွာေတြေမာ္ခ်ီကာထြက္သြားေတာ့တယ္။

က်န္ခဲ့တဲ့သားဖကေတာ့ျပသာနာေတြတန္းစီတက္ေတာ့သည္။ဖန္းေဆာင္စီကသူ႔သားကိုၾကမ္းတမ္းစြာဆြဲထိုးသည္။ေသနတ္ထုတ္ၿပီးပစ္သတ္ဖို႔ေတာင္လုပ္တာမလို႔ကိုယ္ရံေတာ္ေတြကတားထားရသည္။ဖန္းဟုန္စီကႏႈတ္ခမ္းေထာင့္ကေသြးေတြကိုသုတ္ၿပီးၿပဳံးလိုက္တယ္။

"ေတာင္းပန္ပါတယ္အားပါး ကြၽန္ေတာ္သခင္ႀကီးဝမ္ကိုခ်စ္တယ္"

"ေခြးေကာင္ မင္းငါ့သားမျဖစ္ထိုက္ဘူးငါ့မွာမင္းလိုသားမိုက္မ်ိဳးမရွိဘူးငါ့ကိုအရွက္ခြဲတဲ့ေကာင္!!!"

ဖန္းဟုန္စီကသူ႔အေဖကိုခံစားခ်က္မဲ့စြာၾကည့္ေနလိုက္သည္။ထို႔ေနာက္Aceစံအိမ္ႀကီးရဲ႕အျပင္ကိုေျပးထြက္လာခဲ့ေတာ့တယ္။ေတာင္ရဲ႕ထိပ္ဆုံးမွာမလို႔ေခ်ာက္ကမ္းပါးအနားကိုသူေျပးသြားလိုက္သည္။နီယြန္မီးေတြနဲ႔သိပ္လွတဲ့ေဟာင္ေကာင္ကြၽန္းဆြယ္ကိုၾကည့္ၿပီးသူ႔မ်က္ႏွာကတျဖည္းျဖည္းေျပာင္းလဲလာကာက်ယ္ေလာင္စြာေလွာင္ရယ္သံႀကီးထြက္ေပၚလာသည္။

"ဟားးးး.ဟားးး..ဟားးး...အရမ္းရယ္ရတာပဲရယ္ရလြန္းလို႔ငါ့အူေတြျပတ္ထြက္ေတာ့မယ္...ဟားးးးး
..မင္း ထြက္လာခဲ့.."

သူ႔စကားလဲဆုံးေရာအနက္ေရာင္ဝတ္စုံနဲ႔လူကသစ္ပင္အေနာက္ကေနထြက္လာၿပီးသူ႔ကိုဦးၫြတ္အ႐ိုအေသေပးသည္။

"သခင္ေလး..အဆင္ေျပရဲ႕လားမ်က္ႏွာက"

"မင္းစိတ္ပူစရာမလိုဘူးဒီေလာက္ေလးကေတာ့ငါ့အတြက္ျခင္ကိုက္တာေလာက္ပဲရွိတယ္ ငယ္ငယ္ကဆိုဒီထက္ဆိုးတာေတြခံစားခဲ့ရတာ"

ဖန္းဟုန္စီကနီယြန္မီးေတြကိုေငးၾကည့္ၿပီးအသံတိုးတိုးႏွင့္ေျပာသည္။

"ယြင္ေရွာက္ ဘာထူးေသးလဲ"

"ဟိုေန႔ကေရွာင္းက်န္႔နဲ႔ရိေပၚ ေရွာင္းအိမ္ေဟာင္းကိုသြားၾကပါတယ္ သူတို႔ဘာလို႔သြားတာလဲဆိုတာေတာ့ကြၽန္ေတာ္လဲမသိဘူး "

ဖန္းဟုန္စီရဲ႕မ်က္ခုံးေတြကတြန္႔ခ်ိဳးသြားသည္။

"ေရွာင္းက်န္႔ကိုေျပာျပလိုက္ေတာ့မလား"

"ထားလိုက္ေတာ့သူ႔ကိုေျပာျပမဲ့သူရွိတယ္..ဆက္​ေစာင့္ၾကည့္ထား ငါ့ရည္႐ြယ္ခ်က္ေတြျပည့္ေတာ့မွာနီးကပ္မွပ်က္စီးသြားတာမျဖစ္ခ်င္ဘူး ငါအႀကံေတြအေကာင္အထည္ေဖာ္ရေတာ့မွာမလို႔ေရွာင္းက်န္႔ငါ့ကိုေႏွာင့္ယွက္တာမလိုခ်င္ဘူး...အဲ့ဒါေၾကာင့္သူ႔ကိုေသခ်ာေစာင့္ၾကည့္ထားဘာပဲျဖစ္ျဖစ္ျပန္ေျပာ ေရွာင္းက်န္႔ကတကယ္မလြယ္တဲ့သူပဲ ေလ်ာ့တြက္မိတာနဲ႔ငါလည္စင္းခံရမွာပဲ သခင္ႀကီးဝမ္ကိုသူပိုင္သြားမွာကိုသေဘာမက်ဘူး...."

"ကြၽန္ေတာ္ဘာဆက္လုပ္ရမွာလဲ ေစာင့္ၾကည့္ထား႐ုံပဲလား"

"အင္း တားသင့္ရင္တား႐ိုက္သင့္ရင္႐ိုက္ ဒါေပမဲ့တစ္ခုမွတ္ထား မေသေစနဲ႔ "

ဖန္းဟုန္စီကယြင္ေရွာက္ကိုလွည့္ၾကည့္ၿပီးေလသံေအးေအးနဲ႔ဆက္ေျပာသည္။

"ေရွာင္းက်န္႔ေသရင္မင္းလဲအသက္မရွင္ဘူး.."

"ဟုတ္ကဲ့ကြၽန္ေတာ္မွတ္ထားပါ့မယ္.."

"ဟားးးးးးး"

ဖန္းဟုန္စီရဲ႕ရယ္သံကေျခာက္ျခားဖြယ္ထြက္ေပၚလာသည္။

သူ႔နယ္႐ုပ္ေလးေတြကသူ႔စကားနားေထာင္ေတာ့မယ္။အားလုံးကသူအကြက္ခ်ထားသလိုျဖစ္လာတာပဲ။သခင္ႀကီးဝမ္ကိုသူတစ္ေယာက္ပဲပိုင္ဆိုင္ရမယ္...ၿပီးေတာ့ဝမ္ရိေပၚကိုေရွာင္းက်န္႔ကိုယ္တိုင္လက္စားေခ်ရမယ္။

Penisula မွာျပသာနာျဖစ္တဲ့ေန႔က သူလွ်ိဳျဖစ္တဲ့စားဖိုမႈးကိုသူကိုယ္တိုင္သခင္ႀကီးဝမ္ကိုလွ်ိဳ႕ဝွက္ခ်က္ေျပာခိုင္းဖို႔အမိန္႔ေပးခဲ့သည္။ေရွာင္းက်န္႔ဆီမ်က္လွည့္ပြဲလက္မွတ္နဲ႔စာတစ္ေစာင္အမည္မေဖာ္ပဲပို႔ေပးခဲ့တယ္။ထင္တဲ့အတိုင္းပဲသခင္ႀကီးဝမ္ေရာေရွာင္းက်န္႔ေရာpenisulaေရာက္လာခဲ့တယ္။ထိုအခ်ိန္မွာပဲေရွာင္းက်န္႔ရင္ထဲဘယ္သူရွိေနလဲသူသိခဲ့တာမလို႔ယြင္ေရွာက္ကိုဝမ္ရိေပၚကိုဖန္းအိမ္ေတာ္ျပန္လာဖို႔ေျပာခိုင္းခဲ့သည္။သခင္ႀကီးဝမ္ကိုသတ္ဖို႔အေၾကာင္းေရွာင္းက်န္႔ၾကားေအာင္တမင္ေျပာခိုင္းခဲ့သည္။သူ႔စီစဥ္ထားတဲ့အတိုင္းေရွာင္းက်န္႔ကသခင္ႀကီးဝမ္ကိုမထိခိုက္ေစခ်င္လို႔ဝမ္ရိေပၚအနားခ်ည္းကပ္သြားခဲ့တယ္။

ဒါကသူ႔အတြက္အခြင့္အေရးျဖစ္သြားခဲ့တာေပါ့ သခင္ႀကီးဝမ္အနားကေနေရွာင္းက်န္႔ကိုႏွင္ထုတ္လိုက္ႏိုင္သလိုဝမ္ရိေပၚကိုလဲေရွာင္းက်န္႔လက္နဲ႔လက္စားေခ်ႏိုင္ေအာင္လုပ္ႏိုင္ခဲ့တယ္။ဒါေပမဲ့ေရွာင္းက်န္႔ကစိတ္ေျပာင္းလက္ေလ်ာ့ၿပီးသခင္ႀကီးဝမ္အနားျပန္လာမယ္လုပ္ေနေတာ့သူ႔အစီအစဥ္ေျပာင္းရတာေပါ့ သခင္ႀကီးဝမ္ကိုနားသြင္းၿပီးဝမ္ရိေပၚကိုရွင္းပစ္ဖို႔ေျပာရေတာ့တယ္။သခင္ႀကီးဝမ္သူ႔စကားနားေထာင္မွာေသခ်ာပါတယ္..

"ဟားးးးးးး"

ဖန္းဟုန္စီကလည္ပင္းေၾကာေတြေထာင္တဲ့ထိေအာ္ရယ္ေနေပမဲ့သူ႔မ်က္လုံးကေနမ်က္ရည္ေတြစီးက်ေနေလသည္။

*^^*

ဆိပ္ကမ္းနားကျမက္ခင္းျပင္ႀကီးကေလတဟူးဟူးႏွင့္ေနလို႔ထိုင္လို႔ေကာင္းသည္။ျမင္ေနရတဲ့star fairyေတြကသိပ္လွသည္။ျမက္ခင္းစိမ္းစိမ္းေတြေပၚေဘးခ်င္းယွဥ္ၿပီးထိုင္ေနတဲ့ရိေပၚနဲ႔ေရွာင္းက်န္႔ကေဟာင္ေကာင္ဆိပ္ကမ္းကေလွေတြသေဘၤာေတြကိုၾကည့္ေနၾကသည္။ေလႏုေအးေအးေတြကေရွာင္းက်န္႔မ်က္ႏွာကိုလာ႐ိုက္ခတ္ၿပီးဆံႏြယ္စေတြကိုကလူက်ီစယ္ေနေလသည္။Boss Wangနဲ႔ရွိတုန္းကဆိပ္ကမ္းကိုအေဝးႀကီးကပဲျမင္ရတယ္။ယခုလိုမ်ိဳးအနီးကပ္အလွတရားကိုမျမင္ရေပ

ေရွာင္းက်န္႔ကcoatအိပ္ကပ္ထဲကမီးျခစ္ဆံဘူးေလးကိုထုတ္ယူလိုက္တယ္။ဒီလိုအခ်ိန္ဒီေနလိုေနရာမ်ိဳးမွာBoss Wangကိုေဆးလိပ္မီးညႇိေပးျခင္မိတယ္။ဒါေပမဲ့လဲမျဖစ္ႏိုင္ေတာ့ပါဘူး...ေရွာင္းက်န္႔ကBoss Wangဆီလဲမျပန္သင့္သလိုLao Wangအနားမွာလဲဆက္မေနသင့္ဘူး။အစထဲကဒီလူသားႏွစ္ေယာက္ရဲ႕ဘဝမွာေရွာင္းက်န္႔ဆိုတာမရွိခဲ့သင့္တာပါ။

ေရွာင္းက်န္႔ကအမႈိက္ပုံးကေနမလြင့္ပစ္ရက္ပဲျပန္ေကာက္ၿပီးသိမ္းထားခဲ့တဲ့မီးျခစ္ဘူးေလးကိုလွည့္ၿပီးေဆြးေျမ့စြာၾကည့္ေနမိသည္။ထိုခ်ိန္သူ႔လက္ထဲကမီးျခစ္ဘူးကဆြဲလုျခင္းခံရၿပီးအေၾကာၿပိဳင္းၿပိဳင္းထေနတဲ့လက္တစ္စုံကဖိဆုပ္ကိုင္ကာအေဝးကိုလြင့္ပစ္ျခင္းခံလိုက္ရသည္။ရိေပၚကသူ႔မီးျခစ္ကိုအားကုန္သုံးၿပီးလႊဲပစ္လိုက္တာမလို႔ေရွာင္းက်န္႔ေဒါသထြက္သြားသည္။

"ဝမ္ရိေပၚ.မင္းဒါဘာလုပ္တာလဲ!!"

"မင္းအေကာင္နဲ႔ပက္သက္တာေတြကိုငါ့ေရွ႕မွာတယုတယလြမ္းေဆြးမျပနဲ႔"

"မင္း႐ူးေနလား ငါ့ကိုမင္းအပိုင္လိုလာမေျပာနဲ႔ငါ့ဘာသာဘယ္လိုပဲေနေနဘယ္ေလာက္ပဲလြမ္းလြမ္း မင္းအရာမပါဘူးထြက္သြားမယ္လို႔ေျပာေတာ့လက္မခံျပန္ဘူး!! မင္းအပစ္ေပးတဲ့အတိုင္းငါမင္းအနားမွာေနေနၿပီပဲ ဒီေလာက္နဲ႔ေက်နပ္သင့္ၿပီမဟုတ္လား ဘာကိစၥနဲ႔ငါ့စိတ္ကိုပါထိန္းခ်ဳပ္ျခင္ေနတာလဲ! !"

"ငါမင္းကိုခ်စ္လို႔ေလ ေစာက္ရမ္းခ်စ္လို႔ပါကြ!!"

ရိေပၚကအသံမာမာနဲ႔ေျပာေတာ့ေရွာင္းက်န္႔ကစိတ္တစ္ဆစ္ေလ်ာ့ၿပီးသက္ျပင္းခ်လိုက္သည္။

"မင္းငါ့ကိုမခ်စ္သင့္ဘူးLao Wang"

"မင္းေရာ သခင္ႀကီးဝမ္ကိုမခ်စ္ပဲေနႏိုင္လို႔လား"

".........."

ေရွာင္းက်န္႔ဘက္ကၿငိမ္သက္သြားၿပီးဘာမွမေျပာႏိုင္ေတာ့ပါ။ကိုယ္ခ်င္းမစာတာမဟုတ္ေပမဲ့သူတကယ္Lao Wangကိုမခံစားေစခ်င္ေတာ့ဘူး။ဒီေကာင္ေလးကိုအပစ္မရွိဘဲဒဏ္ရာေတြမေပးခ်င္ပါ။သူကိုယ္တိုင္ဒဏ္ရာေတြရက္ရက္စက္စက္ေပးၿပီးျပန္လည္ကုသေပးဖို႔က်ျပန္ေတာ့ေရွာင္ေျပးေနတာသူကမတရားတဲ့လူပင္။ေရွာင္းက်န္႔ကဝမ္ရိေပၚမ်က္ႏွာကိုေစ့ေစ့ၾကည့္ၿပီးအေလးအနက္ထားေျပာသည္

"ငါ့ကိုလက္ေလ်ာ့ႏိုင္ေအာင္ႀကိဳးစားၾကည့္ပါငါကမေကာင္းတဲ့လူပဲမင္းမခ်စ္သင့္တာမလို႔လက္ေလ်ာ့လိုက္ပါ"

"ေရွာင္းက်န္႔!!!"

ရိေပၚကေရွာင္းက်န္႔ပုခုံးႏွစ္ဖက္ကိုတင္းတင္းဆုပ္ညစ္ထားၿပီးနီရဲေနတဲ့မ်က္လုံးေတြျဖင့္စူးရဲစြာၾကည့္ေနသည္။ေရွာင္းက်န္႔ထိုအၾကည့္ကိုမ်က္ႏွာလြဲလိုက္မိတယ္။

"မင္းဘယ္လိုလုပ္ဒီလိုေျပာႏိုင္ရတာလဲ ငါနဲ႔ပက္သက္ၿပီးမင္းရင္ထဲဘာခံစားခ်က္မွမရွိဘူးလား ငါ့အခ်စ္ေတြကိုမခံစားမိဘူးလားေရွာင္းက်န္႔ရာ"

"ဟင့္အင္း ငါမွန္ေသာစကားေျပာမယ္မင္းကိုအားနာစိတ္ကလြဲၿပီးအခ်စ္ေတြမရွိဘူး ငါ့အခ်စ္က Boss အြင့္"

ေရွာင္းက်န္႔စကားေလးမဆုံးလိုက္ၾကမ္းတမ္းစြာဖိနမ္းျခင္းခံလိုက္ရသည္။ရိေပၚကသူ႔ႏႈတ္ခမ္းတစ္ခုလုံးပါးစပ္ထဲထည့္ဝါးစားေတာ့မလိုနမ္းေနတာမလို႔ဘာလုပ္ရမွန္းမသိပူထူလာသည္။လက္ႏွစ္ဖက္ကေရွာင္းက်န္႔တစ္ကိုယ္လုံးကိုပြတ္သပ္လာၿပီးဖင္လုံးလုံးေလးကိုသူ႔လက္ဖဝါးႀကီးနဲ႔ဆြဲညစ္လိုက္တဲ့အခ်ိန္မွာေတာ့ေရွာင္းက်န္႔ေခါင္းတည့္တည့္မိုးႀကိဳးပစ္ေတာ့သည္။ရိေပၚရဲ႕လႈပ္ရွားမႈေတြကတျဖည္းျဖည္းျမန္ဆန္ၾကမ္းတမ္းလာၿပီးႏႈတ္ခမ္းေတြကိုလဲအငမ္းမရစုပ္ယူေနတာမလို႔ေရွာင္းက်န္႔အားကုန္႐ုန္းေတာ့သည္။

ဒီလိုလူျမင္ကြင္းႀကီးမွာမျဖစ္ဘူးေလ ဒီဝမ္ရိေပၚအရွက္တရားေလးဘာေလးမရွိေတာ့ဘူးလား။

အြမ့္..

အားကုန္ေဆာင့္တြန္းလိုက္မွလႊတ္သြားၿပီးရိေပၚကအေနာက္ကိုေျခလွမ္းအနည္းငယ္ယိုင္က်သြားသည္။ေရွာင္းက်န္႔ကသူ႔ႏႈတ္ခမ္းေတြနဲ႔လက္နဲ႔ၾကမ္းတမ္းစြာပြတ္ဆြဲသုတ္ေနေတာ့ရိေပၚကလက္သီးကိုတင္းတင္းဆုပ္ထားမိတယ္။

"ဝမ္ရိေပၚ ဒီလိုေတြလုပ္တာငါမႀကိဳက္ဘူးေနာ္!!"

"ဟက္ ဒီလိုလုပ္တတ္ေအာင္မင္းပဲသင္ေပးခဲ့တာေလ ငါ့ကိုခ်စ္တတ္ေအာင္မင္းပဲသင္ေပးခဲ့တာခုမွတာဝန္မယူခ်င္သလိုလုပ္ေနတာမင္းမဟုတ္ဘူးလား"

ေရွာင္းက်န္႔ကသက္ျပင္းအသာခ်ၿပီးျမက္ခင္းေပၚထိုင္ခ်လိုက္သည္။ေတာ္ေသးတယ္ဒီေနရာမွာဘယ္သူမွရွိမေနလို႔ခုနကအျဖစ္အပ်က္ကိုလူေတြမေတြ႕သြားတာ

"ငါမွားခဲ့တယ္ဆိုတာဝန္ခံပါတယ္ဒါေပမဲ့မင္းကိုလဲနားလည္ေစခ်င္တယ္ Lao Wangအခ်စ္ကလုပ္ယူလို႔မရဘူးေလကြာ အဲ့ဒါကိုသိရဲ႕လား"

ေရွာင္းက်န္႔ကေလသံေအးေအးနဲ႔ေျပာေတာ့ရိေပၚကေခါင္းခါျပသည္။

"ဟင့္အင္း ငါမသိဘူးငါသိတာမင္းကိုခ်စ္တာပဲ ပိုင္ဆိုင္ခ်င္တာပဲသိတာ "

ေရွာင္းက်န္႔မိဘေတြကိုသတ္ခဲ့မိေပမဲ့ေရွာင္းက်န္႔ကိုေတာ့ဆုံးရႈံးရမွာေၾကာက္သည္။အရင္ကမ်က္ႏွာခ်င္းဆိုင္ဖို႔ေတာင္မထိုက္တန္ဘူးလို႔ေတြးမိခဲ့တာခုေတာ့ခ်စ္ႏြံအိုင္ထဲ႐ုန္းမရျပဳမရနစ္ဝင္သြားေလခဲ့ၿပီ။အားလုံးေနာက္က်သြားၿပီေရွာင္းက်န္႔ ငါ့ကိုမတားခ်င္နဲ႔ေတာ့မင္းပဲပင္ပန္းလိမ့္မယ္

ရိေပၚကေရွာင္းက်န္႔ေဘးမွာဝင္ထိုင္လိုက္သည္။ေရွာင္းက်န္႔ကဘာမွေျပာမလာေတာ့ပဲတိတ္ဆိတ္ေနၿပီးေဟာင္ေကာင္ဆိပ္ကမ္းႀကီးကိုသာေငးေမာၾကည့္ေနတယ္။အခ်ိန္တစ္ခုၾကာေတာ့ေရွာင္းက်န္႔ကခပ္တိုးတိုးေမးသည္။

"ေဟာင္ေကာင္ကလွလား"

"အင္း လွတယ္"

တိက်တဲ့အေျဖေၾကာင့္ေရွာင္းက်န္႔ၿပဳံးလိုက္သည္။ဒီအေျဖကမွန္ေပမဲ့သူလိုခ်င္တဲ့အေျဖမဟုတ္ဘူး။Boss Wangကိုသူခဏခဏေမးတယ္'ေဟာင္ေကာင္ကလွလား' Boss Wangမၿငီးမျငဴျပန္ေျဖတာက'ေရွာင္းက်န္႔ကပိုလွတယ္'ဆိုတာပင္...ဒီအေျဖကိုသူပိုသေဘာက်ေနမိတယ္ထင္ပါ့။

ရိေပၚကၿပဳံးေနတဲ့ေရွာင္းက်န္႔ကိုေငးၾကည့္ၿပီး

"ဒါေပမဲ့..."

"......."

"ေရွာင္းက်န္႔ကပိုလွတယ္."

ေရွာင္းက်န္႔ကၿပဳံးေနတဲ့ႏႈတ္ခမ္းေတြကရပ္သြားၿပီးရိေပၚဘက္ကိုလွည့္ၾကည့္လာသည္။ရိေပၚကသူ႔ကိုေပါက္ထြက္မတတ္စိုက္ၾကည့္ေနရင္း

"ေဟာင္ေကာင္ထက္ေရွာင္းက်န္႔ကပိုလွတယ္"

လူႏွစ္ေယာက္ရဲ႕အေျဖကသူသေဘာက်တဲ့အေျဖတစ္ခုပဲျဖစ္ၿပီးတူညီေနတယ္။ဘယ္သူ႔အေျဖကိုပိုသေဘာက်လဲေရွာင္းက်န္႔ရင္ထဲရွင္းရွင္းလင္းလင္းသိေနလိမ့္မယ္လို႔ထင္ပါတယ္။

ဟုတ္ပါတယ္ ေရွာင္းက်န္႔သိပ္သိတာေပါ့ ဘယ္သူ႔အေျဖကိုပိုႀကိဳက္လဲသူ႔စိတ္သူအနားလည္ဆုံးပါ။လူႏွစ္ေယာက္ကိုတၿပိဳင္ထဲခ်စ္မိၾကတဲ့လူေတြရွိေကာင္းရွိႏိုင္တယ္ဒါေပမဲ့တကယ္ခ်စ္တဲ့လူကတစ္ေယာက္ထဲပဲျဖစ္ပါလိမ့္မယ္ ဘာလို႔ဆိုႏွလုံးသားကတစ္ခုပဲရွိတာေလ။ႏွလုံးမွာအခန္းေလးခန္းရွိတယ္ လူေလးေယာက္ထည့္လို႔ရတယ္မေျပာပါနဲ႔ တကယ္ခ်စ္မိၾကရင္ထိုအကန္႔ေလးေတြကေသးလြန္းတယ္ ဘယ္သူ႔ကိုမွမွ်ေဝမခ်စ္ေပးႏိုင္ဘူး။လူတစ္ေယာက္ထဲကိုႏွလုံးသားတစ္ခုလုံးနဲ႔ရင္းၿပီးခ်စ္မိသြားၾကလို႔ပါပဲ...

"Chuo မင္းဘာလို႔ငါ့ကိုဒီေနရာေခၚလာတာလဲ"

ဒီေန႔႐ုတ္တရတ္ႀကီးထူးထူးဆန္းဆန္းChuoကျမစ္ကမ္းဆိပ္ကိုသြားဖို႔ေခၚလာတာမလို႔Jacksonကအထူးအဆန္းျဖစ္ကာေမးလိုက္သည္။ဆိပ္ကမ္းအနီးမွာႏွစ္ေယာက္သားမ်က္ႏွခ်င္းဆိုင္ၿပီးစကားရပ္ေျပာေနၾကသည္။

"ဘာလို႔ေခၚလာတာလဲလို​့ ဘာလဲငါ့ကိုရည္းစားစကားေျပာမလို႔လား"

"ငါေျပာရင္မင္းကအေျဖျပန္ေပးမွာမလို႔လား"

Chuoရဲ႕႐ြဲ႕ၿပီးေမးလိုက္တဲ့စကားေၾကာင့္Jacksonကတိတ္သြားၿပီးတံေတြးၿမိဳခ်လိုက္သည္။ဒီေကာင္ငါ့ကိုႀကိတ္ေႂကြေနတာမ်ားလား..ၾကည့္ေနတဲ့ပုံစံေလးကလဲသခင္ေလးကBossကိုၾကည့္တဲ့အၾကည့္ေတြနဲ႔

"အီးရား...အကိုႀကီး ပုံမွန္ေနစမ္းပါငါၾကက္သီးေတြေတာင္ထလာၿပီး"

Jacksonကလက္ေမာင္းႏွစ္ဖက္ကိုပြတ္သပ္ၿပီးမဲ့႐ြဲ႕ကာေျပာေတာ့Chuoကေခါင္းကိုသာခါကာရယ္လိုက္သည္။

"မင္းကိုရည္းစားစကားေျပာစရာလားငါကမိန္းမယူမွာ "

"အာ..ဒါဆိုဘာလို႔ငါ့ကိုဒီေနရာေခၚလာတာလဲမင္းယူမဲ့မိန္းမကိုေခၚလာပါလား "

"ဘာလဲရွာလကာရည္ေမွာက္သြားတာလား"

"ဖြီး..သြားစမ္းပါ မနာလိုျဖစ္စရာလားၾကည့္ေန ငါမင္းထက္အရင္ဦးေအာင္မိန္းမယူျပမယ္ ငါေတြ႕ထားတဲ့ေကာင္မေလးကမဆိုးဘူးကြ."

JacksonစကားကိုၾကားၿပီးChuoကေခါင္းတၿငိမ့္ၿငိမ့္ႏွင့္မယုံခ်င္သလိုလိုၿပဳံးၾကည့္ေနသည္။

"ေျပာစမ္းပါအုံး ဘယ္သူမ်ားလဲငါတို႔အိမ္ေတာ္ကပဲလား"

"No No No. .."

"ဒါဆိုဘယ္သူလဲ"

"Maria တဲ့ေလ"

Jacksonစကားေၾကာင့္Chuoရဲ႕ၿပဳံးေနတဲ့မ်က္ႏွာကတည္သြားသည္။ေျပာင္စပ္စပ္လုပ္ေနတဲ့Jacksonကိုၾကည့္ၿပီး

"မင္းကိုတုံးတယ္လို႔ေျပာျပန္ရင္လဲမႀကိဳက္ဘူးMariaကဘယ္သူလဲဆိုတာမသိဘူးလား.သူက"

"Chuo. .Chuo. .Chuo"

"ဘာလဲကြာ ငါ့စကားကိုျဖန္မေျပာနဲ႔ေလ"

Jacksonကတစ္ေနရာကိုအလန္႔တၾကားၾကည့္ေနၿပီးသူ႔နာမည္ကိုဆက္တိုက္ေခၚကာလက္ေမာင္းတစ္ဖက္ကိုလႈပ္ယမ္းေနသည္။

"သခင္ေလး..သခင္ေလး.."

"ဘာလဲသခင္ေလး"

JacksonကChuoမ်က္ႏွာကိုလက္ႏွစ္ဖက္နဲ႔အုပ္ကိုင္ၿပီးအေနာက္ကိုဆြဲလွည့္ေစလိုက္သည္။Chuoကသူတို႔နဲ႔ခပ္လွမ္းလွမ္းမွာထိုင္ေနတဲ့သခင္ေလးကိုေတြ႕ေတာ့မ်က္လုံးျပဴးက်ယ္သြားတယ္။

"သခင္ေလးပဲ တကယ္သခင္ေလးပဲကြ ေနအုံးေဘးကဟိုမ်က္လွည့္ဆရာမဟုတ္ဘူးလား"

"ဟုတ္တယ္ ဟုတ္တယ္..Chuo မင္းထင္တာမွန္ေနတာပဲသခင္ေလးကဒီလူနဲ႔အတူရွိေနတာ"

Chuoနဲ႔Jacksonကတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။နီးကပ္လြန္းတဲ့အေျခအေနနဲ႔ထိကပ္သြားတဲ့ႏွာေခါင္းထိပ္ေလးႏွစ္ခုေၾကာင့္အလန္႔တၾကားအေနာက္ကိုခုန္လိုက္မိၾကသည္...သခင္ေလးကိုေတြ႕လို႔အေပ်ာ္လြန္ၿပီးရင္တုန္သြားတာေတာ့မဟုတ္ဘူးေပါ့.

ေရွာင္းက်န္႔ကရိေပၚကိုစိုက္ၾကည့္ေနရာကေနအၾကည့္လြဲလိုက္သည္။ရိေပၚကသူ႔လက္ႏွစ္ဖက္ကိုေထြးဆုပ္ကိုင္လာတယ္။

"ေရွာင္းက်န္႔ငါ့ကိုအခြင့္အေရးေပးလို႔ရမလား မင္းမႀကိဳက္တာေတြငါေနာက္ထပ္မလုပ္ေတာ့ပါဘူးမင္းအနားရွိခြင့္ေလးနဲ႔ခ်စ္ခြင့္ေလးပဲေပးပါ.."

"ငါ..ငါ.."

"မင္းအတြက္ဆိုငါဘာမဆိုလုပ္ႏိုင္တယ္ငါ့အခ်စ္ေတြကိုသာျမင္ေအာင္ၾကည့္ေပးပါ "

"Lao Wang. ငါ"

"သခင္ေလး!!"

ေရွာင္းက်န္႔ဆက္ေျပာမဲ့စကားေတြကအေနာက္ကေနေခၚလိုက္တဲ့အသံေတြေၾကာင့္ရပ္တန္႔သြားသည္။ဒီအသံေတြ..ဒီအသံေတြေသခ်ာေပါက္ေခြးနက္ေလးေတြရဲ႕အသံပဲသူေကာင္းေကာင္းႀကီးသိသည္။ေရွာင္းက်န္႔ရင္ဘက္ကနိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနၿပီးအေနာက္ကိုလွည့္မၾကည့္ရဲေပ..ရိေပၚရဲ႕သူ႔လက္ကိုကိုင္ထားတဲ့လက္ေတြကပိုတင္းၾကပ္လာၿပီးမ်က္လုံးေတြရဲကာမ်က္ခမ္းစပ္ေတြနီလာသည္။မ်က္လုံးေတြကေဆာက္တည္ရာမဲ့ကာျပန္မထည့္လိုက္ႏိုင္သလိုအဆုံးရႈံးမခံခ်င္တဲ့အရိပ္ေတြထင္ဟပ္ေနသည္။.

ရိေပၚအရမ္းေၾကာက္ေနတယ္.ေရွာင္းက်န္႔ကိုသူ႔ဆီကေခၚထုတ္သြားၾကမွာကိုေရွာင္းက်န္႔ကိုျပန္မေပးႏိုင္ဘူး သူပဲအပိုင္သိမ္းထားခ်င္သည္။

"သခင္ေလး!!!"

💚💛❤

Continuer la Lecture

Vous Aimerez Aussi

610K 9.5K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
4.1K 50 28
𝖩𝖩 𝖬𝖺𝗒𝖻𝖺𝗇𝗄 𝗑 𝖸/𝖭 ʳᵉᵃᵈᵉʳ ______________ 𝖮𝗎𝗍𝖾𝗋 𝖡𝖺𝗇𝗄𝗌 ¹°²°³ ______ 𝘑𝘑 𝘩𝘢𝘴 𝘢𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘦𝘯 𝘢 𝘣𝘪𝘵 𝘰𝘧 𝘢 𝘳𝘦𝘣𝘦�...
667K 33.7K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
11.1K 928 13
𝖳𝖺𝗄𝖾𝗆𝗂𝖼𝗁𝗂 𝖾𝗌𝗍𝖺́ 𝖺𝖼𝗍𝗎𝖺𝗇𝖽𝗈 𝗋𝖺𝗋𝗈 𝗒 𝖼𝗁𝗂𝖿𝗎𝗒𝗎 𝗇𝗈 𝗌𝖺𝖻𝖾 𝖼𝗈𝗆𝗈 𝗅𝗂𝖽𝗂𝖺𝗋 𝖼𝗈𝗇 𝗌𝗎 𝗋𝖾𝗉𝖾𝗇𝗍𝗂𝗇𝖺 𝖺𝖼𝗍𝗂�...