14ခု
Uni
စော်လျန်ရဲ့ပေါက်ဆီဆိုင်ကိုခုတလောအမြဲလာနေတဲ့လူကစော်လျန်ကိုကြိတ်ကြိုက်နေတာများလား။ခုလဲမနက်အစောကြီးရောက်လာပြီးမိုးချုပ်မှပြန်တတ်တယ်။ဘေးလူတွေကမေးနေပြီးအဲ့ဒါနင့်ကောင်လေးလားတဲ့။မဖြစ်နိုင်လိုက်တာ..သူ့လိုဖြူဆုတ်နေတဲ့ကြွက်ဖြူကစော်လျန်ကောင်လေးဖြစ်နိုင်မလား။ကောင်ချောလေးဆိုတော်သေး။ဒီကြွက်ဖြူရောက်လာတဲ့နေ့ကစပြီးသူမဆိုင်ကိုကောင်ချောလေးကလုံးဝခြေဦးမလှည့်တော့တာမလို့မျက်နှာလေးတောင်ငေးခွင့်မရတော့ဘူး။
"ငါတစ်ခုမေးလို့ရမလားဝမ်ရိပေါ်ကဘာလို့မင်းဆိုင်မလာတော့တာလဲ"
"ဘယ်သိမှာလဲသိချင်ကိုယ့်ဘာသာသွားမေးပါလား"
စိတ်မကြည်မလင်ဖြစ်နေတဲ့သူမကစကားအကောင်းမထွက်ဘူး။နဂိုထဲကခပ်စွာစွာမလို့လူကကောင်ချောလေးမျက်နှာမမြင်ရသည့်တိုင်မြင်မြင်သမျှဆွဲဖြဲချင်နေတယ်။ကြွက်ဖြူကပေါက်စီကိုပါးစပ်ထဲထိုးထည့်ပြီး
"ငါမေးချင်လို့သူနေတဲ့နေရာပြောပြနိုင်မလားသူကဘာလုပ်တာလဲ"
"ကျွန်မပြောပြရင်ရှင်ဘာပေးမှာလဲ"
"မင်းကလဲ..အပေးအယူချည်းပဲ"
"ကျွန်မရှင့်ကိုကူညီမယ်ရှင်ကျွန်မကိုကူညီပေါ့"
"ကောင်းပြီကောင်းပြီ..ငါဘာလုပ်ပေးရမလဲပြော"
"ပေါက်စီတွေနေ့တိုင်းအကုန်ဝယ်ပေးရမယ်"
"ဟေ့အမကြီး..မင်းငါ့ကိုစားပိုးနင့်အောင်လုပ်နေတာလားမွဲဆေးဖော်နေတာပဲ"
ကြွက်ဖြူကအံ့သြစွာပြောတော့စော်လျန်ကပုခုံးတွန့်ပြလိုက်သည်။
"ဒါဆိုလဲကိုယ့်ဘာသာစုံစမ်းလေ"
"အာ...ကောင်းပြီးကောင်းပြီ.ငါဝယ်မယ်..သူကဘာလုပ်တာလဲ"
"သူကအရမ်းတော်တဲ့မျက်လှည့်ဆရာLao Wangလေရှင်ကြားဖူးတယ်မလားသူ့ကိုဆိုကလေးကအစခွေးအဆုံးသိကြတာ.အဟိ.အရမ်းလဲချောတာကိုတည်ကြည်ပြီးအရမ်းတော်တဲ့လူလေ"
"မျက်လှည့်ဆရာ?"
"အင်း.."
Chuoကမေးကိုပွတ်သပ်ပြီးစဥ်းစားခန်းဝင်နေသည်။သူတစ်ခုခုမေ့နေတယ်လို့ထင်တယ်။ဝမ်ရိပေါ်ကမျက်လှည့်ဆရာ...ဝမ်ရိပေါ်ကBossနဲ့တူတယ်...ငါဘာမေ့နေပါလိမ့်...
အချိန်အတော်ကြာစဥ်းစားခန်းဝင်ပြီးတဲ့Chuoကတစ်ခုခုကိုအကြီးအကျယ်သဘောပေါက်သွားပြီးပြေးထွက်သွားပါတော့တယ်။
"ဟေ့..ကြွက်ဖြူစုတ်ငါ့ဟာတွေဝယ်သွားအုံးလေ.ဟေ့..ရှင်ဝယ်မယ်ဆိုပြီးကတိပေးထားတယ်လေ"
အနောက်ပါးဆီကစော်လျန်ရဲ့အသံကတဖြည်းဖြည်းဝေးသည်ထိပြေးသွားလိုက်သည်။ငါသိပြီထင်တယ်Jacksonရေ...
ဝမ်အိမ်တော်ကြီးရဲ့ရေချိုးကန်ကြီးရှိတဲ့အခန်းကျယ်မှာတော့ကိုယ်ရံတော်တွေအားလုံးရေချိုးနေကြသည်။တစ်ချို့ကရေချိုးကန်ထဲဝင်စိမ်နေကြပြီးတစ်ချို့ကတော့ရေဂျာအောက်မှာဝင်နေကြတယ်။တဝူးဝူးတဟားဟားနဲ့စနောက်ရယ်မောသံတွေကညံစီနေသည်။ရေချိုးချိန်ကအားလုံးဆုံစည်းတဲ့အချိန်လဲဖြစ်တော့အကြောင်းစုံပြောပြီးစကားလက်ဆုံကျတဲ့အချိန်ပေါ့။
ရေဂျာတွေအောက်ဝင်ရပ်နေတဲ့Jacksonကဘေးကအားလိန်ရဲ့တောင့်တင်းတဲ့ခန္ဓာကိုယ်ကိုအားကျနေသည်။သူ့မှာလဲပေါင်းမုန့်အမြှောင်းတွေကြက်ဥတွေရှိပေမဲ့အားလိန်လောက်မထင်ရှားဘူး။
"အားလိန်..မင်းဟာတွေကအရမ်းလှတာပဲအားကျစရာကြီး.ဝါး"
"လိုချင်လို့လား လိုချင်ယူလေ"
အားလိန်ကသူ့ရဲ့တောင့်တင်းနေတဲ့ဝမ်းဗိုက်ကိုJacksonရှေ့ကော့ထိုးပေးသည်။Jacksonကကိုင်ကြည့်တော့ကျောက်ပြင်ကြီးလိုပဲမာကျောနေသည်။Jacksonနှုတ်ကတဝေါင်းဝေါင်းနှင့်အတော်လေးအားကျနေတာကြောင့်အားလိန်ကကိုယ့်ကိုကိုဂုဏ်ယူနေတယ်။
"ဟေ့ကောင်မင်းဟာကြီးကငါ့ကိုလာထိုးတော့မယ် အမြှောက်ကြီးကလဲထိန်းမနိုင်သိမ်းမရဖြစ်နေတာလားနောက်ဆုတ်အုံးကွ "
"ကိုင်လို့ဝပြီလားဟား ...Chuoသတင်းရောဘာကြားသေးလဲ"
အားလိန်ကမေးတော့Jacksonကမျက်နှာကိုရှုံ့မဲ့လိုက်ပြီးဆပ်ပြာတိုက်နေသည်။
"သူလား..ဘာစုံစမ်းလို့ရမလဲဟိုပေါက်စီသည်နဲ့လဲညားတော့မယ်ခုထိဘာတစ်ခုမှမကြားရသေးဘူး...လူတော်လူတတ်ကြီးလုပ်ပြီးဆရာကြီးစတိုလ်ဖမ်းနေတာ တကယ်တော့ပေါက်ဆီသည်ကိုကြိုက်နေပြီးပေါက်ဆီစားချင်လို့အကြောင်းပြတာ"
Jacksonကမျက်နှာကိုရှုံ့မဲ့ကာChuoအတင်းတုတ်နေတာကိုကြည့်ပြီးအားလိန်ကသွားတန်းလေးတွေပေါ်အောင်ရယ်လိုက်သည်။
"Jackson မင်းအခုပုံစံကလေ"
"အင်း.ဘာဖြစ်လဲငါ့ပုံစံက"
"သဝန်တိုနေတဲ့မိန်းမကြီးလိုပဲ..ခွီ.."
"ထွီး..သွားစမ်းပါငါကဘာလို့သဝန်တိုရမှာလဲနှာထလို့နှာထတယ်ပြောတာအဲ့ကောင်မိန်းမယူသွားရင်လဲအေးတယ်ဘာမှမနာလိုစရာအကြောင်းမရှိဘူး"
"ဟုတ်ပါပြီဟုတ်ပါပြီ"
အားလိန်ကခေါင်းတသွင်သွင်ငြိမ့်ပြီးပြောနေပေမဲ့ပုံစံကစပ်ဖြဲဖြဲဖြစ်နေတုန်းပင်။Jacksonကအားလိန်ကိုမျက်စောင်းကြီးကြီးထိုးလိုက်တယ်
"Jackson အားလိန်..ငါသိသွားပြီကွ!!"
ရေချိုးခန်းထဲအလောတကြီးပြေးဝင်လာတဲ့Chuoကမျက်လုံးပြုးမျက်ဆန်ပြူးကာအော်ပြောတော့သည်။ရေချိုးနေတဲ့နှစ်ယောက်ကChuoကိုကြောင်တောင်ကြည့်နေကြတယ်။ဘာသိလာတာလဲ...အလန့်တကြားနဲ့
*^^*
ထိုင်ခုံမှာထိုင်ပြီးခေါင်းချင်းဆိုင်ကာတွတ်ထိုးနေကြတဲ့သုံးယောက်ကအကြောင်းအရာတစ်ခုကိုအဓိပ္ပါယ်ဖော်နေကြတယ်။Chuoကသူသိတာမှန်သမျှတရဆက်ပြောသည်။
"မင်းတို့မှတ်မိလားရှောင်းလင်မယားအသတ်ခံရတဲ့နေ့ကလေငါတို့တွေ့ခဲ့တဲ့လူသတ်သမားကBossနဲ့အရမ်းတူတယ်မလားအဲ့လူကသူပဲဆိုတာသေချာတယ်သူ့ကိုသာဖမ်းမိရင်ငါတို့Bossသခင်လေးကိုသက်သေပြလို့ရပြီးသခင်လေးအမုန်းကိုလဲခံရတော့မှာမဟုတ်ဘူး..ပြီးတော့သူကဖန်းအိမ်တော်ကလူသခင်လေးကိုသူဖမ်းသွားတာပဲဖြစ်ရမယ်ငါနောက်တစ်ခုသိခဲ့တာကသူကမျက်လှည့်ဆရာတဲ့"
Chuoကအားရပါးရပြောနေပေမဲ့Jacksonနဲ့အားလိန်ကတော့ခေါင်းကုပ်ဖင်ကုပ်ဖြစ်ကာနားမလည်နိုင်ဖြစ်နေသည်။Chuoလူစကားပြောနေပေမဲ့လူဖြစ်တဲ့သူတို့နှစ်ယောက်နားမလည်ဘူးဖြစ်နေတယ်။
"Chuo. .ဟောင်ကောင်စကားပြောလို့ရမလားမင်းပြောတာငါတို့နားမလည်ဘူးဖြစ်နေတယ်"
"ငတုံးတွေ..ငါပြောတာရှင်းရှင်းလေးမင်းတို့ဦးနှောက်ကိုကချီးပိတ်နေတာ"
JacksonစကားကိုChuoကတုံ့ပြန်လိုက်သည်။သူBrainမြင့်တိုင်းသာမန်ဦးနှောက်နဲ့လူတွေကိုပစ်ပစ်နှစ်နှစ်ပြောနေတယ်။
Chuoကနံရံမှာစက္ကူဖြူတစ်ရွက်ကပ်ပြီးဖောင်တိန်တစ်ချောင်းကိုင်ကာနာမည်တွေချရေးနေသည်။Jacksonနဲ့အားလိန်ကတက်ကြွတဲ့ကြက်ဖဖြစ်နေတဲ့Chuoကိုမေးထောက်ပြီးအိပ်ငိုက်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။
"ငါတို့ဇာတ်လမ်းအစကိုပြန်သွားကြည့်ရအောင်"
"ခုတောင်အတော်ရှုပ်နေတာဘယ်အစကိုပြန်သွားအုံးမလို့လဲငါတို့ကိုရူးသွားစေချင်တာလား"
"ခဏလေးပါးစပ်ပိတ်ထားကြ.OK? "
အားလိန်ကပါးစပ်လေးပိတ်သွားသည်။Chuoကစာရွက်ပေါ်ကနာမည်တွေကိုမြှားနဲ့ထိုးပြီးရှင်းလင်းချက်ကိုစတင်လုပ်ဆောင်တော့သည်။ဆရာကြီးစတိုင်လ်ဖမ်းနေတဲ့Chuoကစောက်မြင်းကပ်စရာလေး..
"Bossနဲ့သခင်လေးကဆက်ဆံရေးတစ်ခုရှိတယ်ဒါပေမဲ့သခင်လေးကငါတို့Bossကိုမုန်းနေတယ်...သတ်မယ်လို့ခဏခဏကြုံးဝါးနေပေမဲ့တကယ်တမ်းကျတော့မသတ်ဘူး..."
"ဒါကငါတို့သိပြီးသားလေကလေးမွေးလို့ရမယ်ဆိုဘောလုံးအသင်းတောင်ထောင်လို့ရနေလောက်ပြီ"
"ပါးစပ်ပိတ်ထား!"
Jacksonကသူ့ပါးစပ်သူဇိဆွဲပိတ်လိုက်သလိုလုပ်သည်။Chuoကဆက်ပြောတယ်
"မျက်လှည့်ဆရာကရှောင်းလင်မယားကိုသတ်ခဲ့တယ်ရှောင်းလင်မယားကဖန်းဂိတ်ကလူဟောင်းတွေမလား..အဲ့ချိန်ကသူတို့ကသတ်ချင်တဲ့လူကဘယ်သူဖြစ်မယ်ထင်လဲ"
Chuoကမေးလိုက်ပေမဲ့ဘာစကားသံမှမကြားရတာမလို့အနောက်လှည့်ကြည့်လိုက်တော့မေးထောက်ပြီးပါးစပ်လေးတွေပိတ်ထားကြတဲ့နှစ်ယောက်။Chuoမျက်ဖြူသာလန်လိုက်သည်။
"ငါမေးရင်ပြန်ဖြေလို့ရတယ်..မင်းတို့ငါ့ကိုရွဲ့နေကြတာလား"
"ဟုတ်တယ်!"
နှစ်ယောက်လုံးပြိုင်တူဖြေလာကြသည်။Chuoစိတ်ကိုမနည်းဆွဲဆန့်ထားရတယ်။ငနာလေးတွေအလိုက်ကန်းဆိုးကိုမသိကြဘူး
"မင်းတို့ဘယ်သူလို့ထင်လဲ"
"သေချာပေါက်ဖန်းအိမ်တော်ပေါ့အဲ့ချိန်ကရှောင်းလင်မယားကိုသတ်တာဖန်းဆောင်စီပဲသူကမျက်လှည့်ဆရာကိုခိုင်းလိုက်တာ"
"ဟုတ်တယ်အားလိန်...နောက်တစ်ခုရှိသေးတယ်Penisulaမှာပြသာနာဖြစ်တဲ့ညက အဲ့ဒီမှာမျက်လှည့်ပွဲလဲရှိနေတယ်ငါတို့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာမျက်လှည့်ရုံအနောက်ဘက်မှာပဲ"
Chuoစကားကိုနားထောင်ပြီးJacksonကတစ်ခုခုကိုမှတ်မိသွားသည်။အဲ့ဒီညကသူတို့ကိုဝင်ကူညီတဲ့ခဲ့တဲ့လူ..သူကမဟုတ်မှလွဲရော..
"ငါသိပြီငါသိပြီ!!!"
Jacksonကရုတ်တရတ်ကြီးထအော်တော့အိပ်ငိုက်နေတဲ့အားလိန်ကမျက်လုံးပြူးပြီးChuoကလွင့်လုဆဲဆဲဝိဉာဏ်လေးကိုငရဲခန်းဝကနေပြန်ခေါ်လိုက်ရသည်။
"ငါသိပြီ..အဲ့ညကငါတို့ကိုကူညီပေးတဲ့မျက်နှာဖုံးနဲ့လူရှိတယ်Chuoကိုမေးတော့သူလူမလွှတ်လိုက်ဘူးတဲ့အဲ့လူကမဟုတ်မှလွဲရော..မျက်လှည့်ဆရာဖြစ်ရမယ်.."
အ့.အ့.အ့
????
ကြောင်အစွာကြည့်နေတဲ့နှစ်ယောက်ရဲ့ခေါင်းပေါ်မှာ?တွေဖြစ်နေပြီးကျီးတစ်ကောက်ကပြတင်းပေါက်ဝမှာတအအအနှင့်အော်မြည်နေသည်။Jacksonကပဟေဠိအကြီးကြီးကိုဖြေရှင်းနိုင်လိုက်သလိုသူ့နှာခေါင်းသူပွတ်ပြီးသာယာနေတယ်။
"အားလိန်.အဲ့ငတုံးနရင်းကိုတစ်ချက်လောက်ပိတ်ရိုက်လိုက်စမ်းပါ"
"မင်းဦးနှောက်ကိုလေရွှေချပြီးပြတိုက်မှာပြစားရင်တော့အတော်လေးရေဝင်မှာပဲကမ္ဘာ့အကောင်းဆုံးချီးဦးနှောက်ဆိုပြီးတော့.."
သူ့ကိုဝိုင်းဖဲ့နေကြတာမလို့Jacksonကနှာခေါင်းရှုံ့ကာမျက်နှာကြီးမဲ့ထားလိုက်တယ်။သူကထင်တာပြောပြတာကိုအားအားရှိဝိုင်းဖဲ့မယ်ဆိုတာချည်းပဲ။
"မင်းဘယ်လိုများတွေးလိုက်တာလဲJackson. .မျက်လှည့်ဆရာကဖန်းအိမ်ကလူလေကူညီတယ်ဆိုတာဖြစ်နိုင်ရဲ့လား..တွေးကြည့်လေ..ဟင်း..မင်းလိုလူမျိုးကိုတပည့်တော်ထားရတဲ့Bossအတွက်သနားစရာပဲ"
"ဟုတ်တယ်...Bossလိုလူမျိုးကိုလဲသူများအောက်ပို့လိုပို့နဲ့ခုလဲစောက်ရမ်းတွေကြီးပြောနေတယ် ပြီးတော့ဟုတ်တာလဲမဟုတ်ဘူးမင်းခေါင်းထဲဘာတွေရှိနေတာလဲ"
"အား..တော်ကြတော့မင်းတို့ပြသာနာဖြေရှင်းနေတာလားငါ့ကိုပြသာနာရှာနေတာလား!"
Jacksonကစိတ်ဆိုးပြီးအော်လိုက်သည်။အားလိန်ကခေါင်းကိုအသာယမ်းပြီးပြောတယ်
"ငါ့အထင်တော့အဲ့မျက်နှာဖုံးနဲ့လူကသခင်လေးလို့ထင်တယ်..အဲ့ဒီညကသခင်လေးပျောက်သွားတဲ့ညပဲလေ"
"မမှားဘူး..ဒါကမျက်လှည့်ဆရာသခင်လေးကိုဖမ်းသွားတယ်လို့ငါကောက်ချက်ချရတဲ့အချက်ပဲသူကဖန်းအိမ်ကလူရှောင်းလင်မယားကိုသတ်တဲ့လူသခင်လေးကိုလဲဒုက္ခမပေးနိုင်ဘူးလို့ပြောမရဘူး"
"ဒါပေမဲ့ဖန်းအိမ်က အွန့်"
"မင်းဝင်မပြောနဲ့နားထောင်!"
Jacksonကဝင်ပြောမယ်လုပ်တော့Chuoကပါးစပ်ထဲချိုချဥ်လုံးထည့်ကာမာန်မဲပြောလိုက်သည်။ဒီကောင်ပါးစပ်ဟတာနဲ့ပေါက်ကရကြီးပဲထွက်တာ။
Jacksonကမျက်စောင်းတွေလိမ့်ထိုးပြီးပါးစပ်ထဲကလိမ္မော်သီးချိုချဥ်ကိုသာတပြွတ်ပြွတ်စုပ်ပြီးငြိမ်ငြိမ်လေးနားထောင်နေလိုက်သည်။
"ငါစဥ်းစားေနတာတစ်ခုကဘာလို့သခင်လေးကိုဖမ်းတယ်လို့ပြောတာလဲသခင်လေးကိုယ်တိုင်Bossအနားကထွက်ပြေးသွားတာရောမဖြစ်နိုင်ဘူးလား"
"ဟက်..ထွက်ပြေးချင်တယ်ဆိုရင်လွန်ခဲ့တဲ့၇နှစ်လောက်ထဲကထွက်ပြေးလွတ်မြောက်နေပြီး"
"အာ..ဟုတ်သားပဲ..မင်းတကယ်တော်တယ်Chuo"
အားလိန်ကChuoပုခုံးကိုပုတ်ပြီးချီးကျူးစကားဆိုလိုက်တော့Chuoကနားရွက်လေးတွေရဲပြီးပြုံးလိုက်သည်။Jacksonကတော့ချိုချဥ်လုံးနဲ့အလုပ်ရှုပ်နေတယ် မာလိုက်တဲ့သကြားလုံး
"ဒါပေမဲ့တစ်ခုရှိတယ်..ဖန်းဆောင်စီကဘာလို့သခင်လေးကိုဖမ်းချင်တာလဲသူကBossကိုပဲပစ်မှတ်ထားတဲ့လူBossကိုပဲဆွဲချချင်တာ..Bossကိုထိခိုက်အောင်လုပ်ဖို့သခင်လေးကိုဖမ်းတယ်ဆိုရင်လဲBossသိအောင်အကြောင်းကြားမှာပေါ့ခုတော့ဘာသတင်းမှမကြားရဘူး"
အားလိန်စကားကြောင့်Chuoကမျက်နှာကဝေခွဲရခတ်သွားသည်။အားလိန်ပြောတာမှန်နေတာကြောင့်စဥ်းစားမရအောင်ကြပ်တည်းသွားတယ်။Jacksonကိုကြည့်တော့တကောင့်သားလေးကချိုချဥ်လုံးပြုတ်ကျသွားလို့စားပွဲအောက်ထဲတိုးဝင်ပြီးကောက်နေတယ်။ခွေးကောင်လေးအားကိုးလို့တောင်မရဘူး...
"မင်းပြောချင်တာကသခင်လေးကိုဖမ်းချင်တဲ့လူကဖန်းဆောင်စီမဟုတ်ဘူးလို့ပြောချင်တာလား"
"ဒါပေါ့သေချာတယ်"
"နောက်တစ်ယောက်ရှိနေတာလား"
Chuoကပြောပြီးအတွေးများနေတော့တယ်။Jacksonကစကားဝိုင်းထဲမပါပဲဘာသိဘာသာနေကာပြုတ်ကျသွားတဲ့ချိုချဥ်လုံးကိုနှမြောတသဖြစ်ပြီးငိုမဲ့မဲ့လေး။Chuoကအားလိန်နဲ့စကားပြောမပြတ်ပဲJacksonရှေ့ချိုချဥ်လုံးလေးပေးလာတယ်။Jacksonကဆတ်ခနဲဆွဲယူပြီးChuoကိုပြုံးဖြီးလျက်ကြည့်လိုက်သည်။သူ့ဘက်မလှည့်ကြည့်နေပေမဲ့ချိုချဥ်လုံးအတွက်ကျေးဇုတင်တယ်။မင်းမိန်းမရသွားရင်ငါ့ကိုဒီလိုပေးမဲ့သူတွေမရှိတော့ဘူးအကိုကြီးရဲ့...Thank youပါကွာ
"ဒီလိုတွေဖြစ်အောင်သေချာအကွက်ချစီစဥ်နေတာဖန်းဆောင်စီမဖြစ်နိုင်ဘူးလား"
"သူလို့ထင်ရပေမဲ့ငါ့အထင်တော့မဖြစ်နိုင်ဘူးသေချာအကွက်ချနေတဲ့လူတစ်ယောက်ရှိမယ်"
"ဒီကိစ္စမှာBossရယ်သခင်လေးရယ်မျက်လှည့်ဆရာရယ်ပြီးတော့သခင်ကြီးဖန်းရယ် သူတို့အပြင်ဘယ်သူရှိအုံးမှာလဲ"
Chuoနဲ့အားလိန်ကနောက်ထပ်တစ်ယောက်ကိုအသဲအသန်စဥ်းစားနေကြသည်ဖြစ်နိုင်ခြေရှိမဲ့လူတွေပေါ့။ဂိတ်ငါးဂိတ်ကခေါင်းဆောင်တွေရောသာမန်လက်အောက်ငယ်သားတွေပါမကျန်စဥ်းစားနေကြသည်။စဥ်းစားလွန်းပြီးခေါင်းတွေမီးထတောက်ပြီးအငွေ့တွေပါထွက်လာတော့မယ်ခုထိအဖြေရှာမရသေးဘူး။Jacksonကချိုချဥ်လုံးကိုအကုန်လုံးကိုက်ဝါးစားလိုက်ပြီးအတွေးလွင့်နေကြတဲ့နှစ်ယောက်ကိုကြည့်လိုက်တယ်။ထို့နောက်လေးတိလေးကန်နှင့်ပျင်းတွဲစွာပြောလိုက်တယ်။
"မင်းတို့တွေ..ဘာလို့ဖန်းဟုန်စီကိုမေ့ထားကြတာလဲ"
Jacksonစကားကြောင့်အားလိန်နဲ့Chuoကမျက်လုံးတွေပြူးပြီးအံ့သြစွာလှည့်ကြည့်လိုက်သည်။Jacksonကမျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်
"ဘာလဲ..ငါပေါက်ကရပြောမိပြန်ပြီလား..."
*^^*
နေပြန်ကောင်းတာနဲ့ရှောင်းကျန့်ကမီးဖိုခန်းဝင်ကာချက်ပြုတ်လေသည်။ဒီနေ့တာ့ဟုန်ပြန်လာမှာမလို့ချက်ပြုတ်နေခြင်းဖြစ်တယ်။သူ့ခေါင်းထဲပြန်ဖို့သာတွေးနေလေသည်။သူစတဲ့ဇာတ်လမ်းသူပဲအဆုံးသတ်ရမှာပေါ့
ခါးကိုရစ်သွယ်ဖက်လာတဲ့လက်တစ်စုံကတင်းကြပ်နေပြီးရိပေါ်ရဲ့မေးကသူ့ပုခုံးပေါ်မှီတင်ထားသည်။ရှောင်းကျန့်ရဲ့ကြက်သွန်လှီးနေတဲ့လက်ကရပ်သွားပြီးမတွန်းဖယ်မိပဲငြိမ်နေသည်။
"ချစ်တယ်"
နား နားကပ်ပြီးလေသံတိုးတိုးလေးနှင့်ပြောလိုက်တဲ့စကားကြောင့်ရင်ထဲသိမ့်ခနဲဖြစ်သွားသည်။ဒါကိုရင်ခုန်ခြင်းလို့ပြောလို့မရဘူး။
"မင်းပြန်ချစ်လာအောင်ငါကြိုးစားခွင့်ရှိတယ်မလားမင်းရင်ထဲဘယ်သူရှိနေလဲသိပေမဲ့ငါ့ကိုတစ်နေရာစာသေးသေးလေးတော့နေရာပေးနိုင်တယ်မလား ငါတောင်းဆိုတာပါ"
"တောင်းပန်ပါတယ် ငါ့ကြောင့်မင်းဒီလိုဖြစ်နေရတာငါ့အပစ်တွေပါခွင့်မလွတ်ပါနဲ့"
ရိပေါ်ကခေါင်းကိုခါပြီးရှောင်းကျန့်ဂုတ်ကိုဖိနမ်းလိုက်သည်။နားရွက်လေးကိုဖွဖွကိုက်ပြီးပါးတစ်ဖက်ကိုနမ်းလိုက်တယ်။နမ်းရုံလေးပဲနမ်းပြီးလွှတ်ပေးတဲ့ရိပေါ်ကBoss Wangလိုအကြမ်းကြီးဖိမနမ်းထားတတ်ဘူး။သူ့ပါးတွေကရဲမနေပါဘူး...
ရှောင်းကျန့်ကBoss Wangကိုမချစ်ရဲဘူးကြောက်တယ် မချစ်ချင်ပေမဲ့သူ့အချစ်တွေကကျောက်ခဲတုံးကိုဖြတ်သန်းစီးဆင်းနေတဲ့ရေတွေလိုပါပဲ။တားဆီးပိတ်ပင်လို့မရဘူး..ဒီလိုပဲ Lao Wangလဲရှောင်းကျန့်ကိုမချစ်သင့်ဘူးအဲ့ဒီအချစ်တွေကLao Wangအတွက်နာကျင်စေတဲ့အဆိပ်အတောက်တွေဖြစ်စေတယ်။သူတို့တွေကမချစ်သင့်တဲ့သူတွေကိုရူးမိုက်စွာချစ်နေမိကြတာပါပဲ။ဒီလိုအချစ်ကဘယ်မှာပျော်ဖို့ကောင်းတော့မလဲအနာဂတ်မဲ့မှောင်မိုက်နေတဲ့လမ်းထဲလျောက်သွားနေရသလိုပဲ မီးအိမ်ကမ်းလင့်မဲ့လက်တစ်စုံကိုမသေမချာဝိုးတဝါးမျော်နေရတာမောပန်းလွန်းလှသည်။
"မချစ်တာသိပေမဲ့ငါ အစွမ်းကုန်ကြိုးစားကြည့်ချင်သေးတယ် ဘာလို့အခွင့်အရေးမပေးနိုင်ရတာလဲပြတ်ပြတ်သားသားမငြင်းလို့ရမလား"
ရိပေါ်စကားကြောင့်ရှောင်းကျန့်ကကြက်သွန်လှီးတဲ့ဓားကိုချပြီးအနောက်လှည့်ကာရိပေါ်ကိုအသာတွန်းလိုက်တယ်။ပြီးတော့မောပန်းနေသလိုမျက်လုံးတွေနဲ့ကြည့်ပြီး
"ငါ့ကိုဘယ်လိုလူဖြစ်စေချင်နေတာလဲ ငါ့အချစ်ကိုလုပ်ယူစေချင်နေတာလားမင်းပြောသလိုမလွယ်ကူဘူးLao Wang ငါမင်းခံစားချက်တွေကိုမထည့်တွက်ပဲရက်စက်ခဲ့တယ် အဲ့ဒါကြောင့်တောင်းပန်တယ်ငါ့ကိုကြိုက်သလိုအပစ်ပေးလို့ရတယ် ဒါပေမဲ့ငါ့အချစ်ကိုလုပ်ယူလို့မရဘူး "
"အပစ်ပေးရမယ် ကောင်းပြီလေ"
ရိပေါ်ကရှောင်းကျန့်လက်နှစ်ဖက်ကိုဆွဲပြီးရင်ခွင်ထဲဆွဲသွင်းပြီးတင်းကြပ်စွာဖက်ထားလိုက်သည်။ရှောင်းကျန့်ကရုန်းနေပေမဲ့အချည်းနှီးသာ
"ငါမင်းကိုအပစ်ပေးတယ် မင်းငါ့အနားကဘယ်ကိုမှမသွားရဘူးငါနဲ့ပဲနေရမယ်ငါ့ကိုပဲချစ်ရမယ်"
ရှောင်းကျန့်ရုန်းကန်နေရာကငြိမ်ကျသွားပြီးနှုတ်ခမ်းတွေပွင့်ဟကာရိပေါ်ကိုအံ့သြတကြီးကြည့်နေသည်။
"ခေါင်းတလား...ငါBoss Wangနဲ့နေလာခဲ့တဲ့၇နှစ်အတွင်းသူငါ့အချစ်ကိုရအောင်အတင်းလုပ်ယူခဲ့တာမရှိဘူးသူစိတ်ရှည်ရှည်နဲ့ငါ့ကိုစောင့်ခဲ့တာ.."
"မင်းကသူ့ကိုချစ်နေခဲ့ပြီသားလေရှောင်းကျန့်ရာသူငါ့လိုဘယ်ခံစားရပါ့မလဲအရမ်းကံကောင်းတာပဲ"
ရိပေါ်ကရှောင်းကျန့်ကိုလွှတ်ပေးပြီးမျက်လွှာချကာမျက်နှာသေဖြင့်ရပ်နေတယ်။မျက်တောင်စိပ်စိပ်တွေကနေအရည်ကြည်တွေတွဲခိုကာကြမ်းပေါ်တောက်ခနဲကြွေကျသွားသည်။ရိပေါ်ကခေါင်းကိုပိုငုံ့လိုက်တယ်..ရှောင်းကျန့်ကအနည်းငယ်အံ့သြသွားသည်။
Lao Wangကငိုလိုက်တာလား သူ့ကြောင့်လေ သူ့ကြောင့်မျက်ရည်ကျနေတာလား။ရှောင်းကျန့်လဲဘာဆက်လုပ်ရမှန်းတကယ်မသိတော့ပါ။တကယ်ဆိုLao Wangမှာဘာအပစ်မှမရှိဘူးသူ့လှည့်ကွက်တွေထဲဘုမသိဘမသိဝင်ရောက်လာခဲ့တာ သနားစရာပါ။သူ ..Lao Wangကိုတကယ်သနားမိပါတယ် ဒါကိုအချစ်လို့ပြောလို့မရဘူးလေ
"Lao Wang ငါ့ကိုတစ်နေရာလိုက်ပို့ပေးပါလား"
"မင်းအိမ်ဆိုရင်ငါလိုက်မပို့နိုင်ဘူး"
"ငါပြောတဲ့အိမ်မဟုတ်ပေမဲ့ငါအရင်နေခဲ့တဲ့အိမ်ပါ ငါ့မိဘတွေမဆုံးခင်အတူနေခဲ့တဲ့အိမ်လေး ခဏပါပဲလိုက်ပို့နိုင်မလား"
ရိပေါ်ကခေါင်းငြိမ့်ပြလာသည်။ခဏပဲဆိုတော့ရှောင်းကျန့်ကသူ့ဆီပြန်လာရမှာပဲလေ...
*^^*
အိမ်အိုလေးရှေ့မှာရပ်နေတဲ့လူနှစ်ယောက်ကအတွေးကိုယ်စီနှင့်တစ်နေရာထဲရပ်နေပေမဲ့ခံစားချက်တို့ကထပ်တူကျခြင်းမရှိပါ။ရှောင်းကျန့်ကဝမ်းနည်းကြေကွဲပြီးလွမ်းဆွတ်နေပေမဲ့ရိပေါ်ကတော့စိတ်နဲ့ကိုယ်မကပ်ပဲတုန်လှုပ်နေတဲ့မျက်ဝန်းတွေဖြင့်အိမ်အိုလေးကိုကြည့်သည်။
ရှောင်းကျန့်...ရှောင်းမျိုးရိုးပဲသူဘာလို့လုံးဝမတွေးမိတာလဲ..ဒါဆိုရှောင်းကျန့်ကအဲ့ဒီပုဝါပိုင်ရှင်ပေါ့ သူ့ကိုမုန့်လုံးကြော်တွေကျွေးခဲ့တဲ့လူ သူ့ကိုကူညီပေးခဲ့တဲ့လူ ပြီးတော့သူ့ကြောင့်တစ်ကောင်ကြွက်ဖြစ်သွားခဲ့တဲ့လူ....ဘယ်လိုကံတရားကြီးပါလိမ့် ဆိုးလိုက်တဲ့ရေစက် ရှောင်းကျန့်နဲ့သူ့ကြားမှာရေစက်ဆိုးပဲရှိတာလား...
ရှောင်းကျန့်ကတံခါးကိုတွန်းဖွင့်လိုက်တော့ဖုန်တွေကအလုံးအရင်းဝင်ရောက်လာသည်။
"အဟွတ်..အဟွတ်."
ချောင်းဆိုးပြီအထဲဝင်လာတော့ရိပေါ်ကနေရာမှာတင်မတ်တပ်ကြီးဖြစ်နေသည်။ရှောင်းကျန့်ခေါ်မှလေးလံစွာအထဲဝင်လာတယ်။တစ်မျိုးကြီးဖြစ်နေသလိုပဲ
အိမ်ထဲမျက်လုံးဝှေ့ကြည့်တော့အရာအားလုံးကပြောင်းလဲခြင်းမရှိဘူးလွန်ခဲ့တဲ့၇နှစ်ကသူထားခဲ့သည့်အတိုင်းပင်။ပင့်ကူမျှင်တွေ နံရံမှာရေညှိတွေတက်နေသည်။ကြမ်းကလဲလက်တဆစ်လောက်ရှိတဲ့ဖုန်တွေထူထပ်နေတယ်။
"ဒီနေရာမှာငါ့ပါးနဲ့မားအသတ်ခံခဲ့ရတာလေ.ဒီမှာသွေးတွေရဲပြီးလဲကျနေခဲ့တာ နာကျင်ဖို့ကောင်းလိုက်တာ"
ရှောင်းကျန့်စကားကြောင့်ရိပေါ်မလုံမလဲဖြစ်စွာရှောင်းကျန့်ကိုတောင်မကြည့်ရဲပဲအကြည့်ရှောင်လွှဲလိုက်သည်။ဒါပေမဲ့ရှောင်းကျန့်ရဲ့နောက်ဆက်တွဲစကားကြောင့်သူအံ့သြစွာကြည့်လိုက်မိတယ်
"ငါ့မိဘတွေကိုသတ်သွားတဲ့Boss Wangကိုငါအရမ်းမုန်းတယ်"
"Boss Wang? "
"ဟုတ်တယ် သူပဲ ငါသူ့ကိုမုန်းတယ်လက်စားချေချင်တယ် ဒါပေမဲ့ငါ "
ရှောင်းကျန့်ကပြောမဲ့စကားလုံးတွေကမကြားချင်တာကြောင့်ရိပေါ်ကသူ့လက်ညိုးနဲ့ရှောင်းကျန့်နှုတ်ခမ်းကိုဖိကပ်လိုက်တယ်။ရှောင်းကျန့်စကားလုံးတွေကဆက်ပြီးထွက်ကျမလာတော့ပါ
"မင်းဆက်ပြောမဲ့စကားကိုငါနားမထောင်ချင်ဘူးမပြောလို့ရမလား"
မျက်လုံးကိုစိုက်ကြည့်ပြီးပြောလာတော့ရှောင်းကျန့်ခေါင်းသာအသာငြိမ့်ပြလိုက်သည်။ထိုတော့မှရိပေါ်ကလက်ညိုးကိုဖယ်ပြီးအိမ်ထဲလှည့်ပတ်ကြည့်နေတယ်။ရှောင်းကျန့်ဒီလိုထင်နေတာသူ့အတွက်ကောင်းတဲ့အရာမလား...သခင်ကြီးဝမ်ဘာလို့အမှန်တရားမပြောတာလဲသူနားမလည်ပါ။အဲ့နေ့ကသူ့ကိုဝမ်တွေတွေ့သွားတာပဲ။
ရှောင်းကျန့်ကစားပွဲပေါ်က ကစားစရာခြူလုံးလေးနှစ်လုံးကိုယူပြီးပြုံးလိုက်သည်။ဒါကသူ့အတွက်ပါးကဝယ်ပေးခဲ့တာ
"ငါငယ်ငယ်ကဒါနဲ့ကစားရတာအရမ်းနှစ်သက်ခဲ့တာ ခုချိန်ထိနေရာမှာရှိနေတုန်းပဲ"
ရှောင်းကျန့်ကလွမ်းဆွေးရိပ်တွေနဲ့အပြုံးရိပ်ရေးရေးလေးပြုံးကာပြောလာတော့ရိပေါ်ကခြူလုံးနှစ်လုံးကိုကြည့်တယ်။
"ဘာလို့နှစ်လုံးတောင်လဲ"
ရှောင်းကျန့်ကခေါင်းခါပြသည်။မျက်နှာပြောင်တိုက်တယ်ပဲပြောပြောဒီနေရာမှာသူမရှိသင့်တာသိပေမဲ့ရှောင်းကျန့်ကိုတော့လက်မလွှတ်နိုင်ဘူး။မိဘတွေကိုသတ်တဲ့အပြင်သားကိုပါအပိုင်သိမ်းချင်နေတဲ့သူကအကျင့်ကောင်းတဲ့သူမဟုတ်တော့ဘူးလား...ဂရုမစိုက်ပါဘူးရှောင်းကျန့်သူ့နားရှိဖို့ပဲလိုချင်တာ
ရှောင်းကျန့်ကစားပွဲပေါ်ကဖုန်တွေကိုလက်ညိုးနဲ့သပ်ပြီးကြည့်လိုက်သည်။ဒီစားပွဲကပါးစာကြည့်တဲ့စားပွဲလေးပင်။တစ်အိမ်လုံးပါးနဲ့မားရဲ့အငွေ့အသက်တွေပြည့်နေတယ်ပျော်ရွင်ဖွယ်ကောင်းတဲ့သူတို့မိသားစုရဲ့ရယ်မောသံလေးတွေကနေရာတိုင်းပျံ့လွင့်နေသည်။
ရိပေါ်ကလှည့်ပတ်ကြည့်နေရင်းဗီရိုထိပ်ဆုံးပေါ်မှာတစွန်းတစထွက်နေတဲ့အရာကိုတွေ့တော့လှမ်းယူတယ်။သူ့အရပ်ထက်မြင့်နေတာမလို့ခြေဖျားထောက်ကာယူလိုက်သည်။လက်ထဲရောက်လာတာကဘောင်ခတ်ထားခြင်းမရှိတဲ့အရောင်ပြယ်စပြုနေတဲ့ဓာတ်ပုံတစ်ခုပင်...ဖုန်တွေထပ်နေတာမလို့လေနဲ့မှုတ်လိုက်တော့ဖုန်တွေအများကြီးလွင့်သွားပြီးဓာတ်ပုံလေးကရုပ်လုံးပီသလာတယ်။ဓာတ်ပုံထဲပျော်ရွင်နေကြတဲ့မိသားစုလေး..
"ရှောင်းကျန့်..ဒါမင်းတို့မိသားစုပုံလား"
ရိပေါ်ကစားပွဲကိုဖုန်သုတ်နေတဲ့ရှောင်းကျန့်ကိုမေးတော့လှည့်ကြည့်လာသည်။
"အင်း ဟုတ်မှာပေါ့"
"ဘာလို့ကလေးကနှစ်ယောက်ဖြစ်နေတာလဲရှောင်းလင်မယားမှာသားတစ်ယောက်ပဲရှိတာမဟုတ်ဘူးလား"
ရိပေါ်ကနားမလည်ဟန်မျက်မှောင့်ကြုပ်ပြီးမေးတော့ရှောင်းကျန့်ကဖုန်သုတ်နေရာကနေရိပေါ်အနားရောက်လာသည်။ရိပေါ်ဆီကဓာတ်ပုံကိုယူကြည့်တော့ပါးနဲ့မားရယ်ပြီးတော့မားကသူ့ကိုချီထားတယ်ဒါ့အပြင်ကလေးတစ်ယောက်ကလဲသူတို့ရှေ့မှာအစွမ်းကုန်ပြုံးရယ်နေတယ်။ဒါသူသုံးနှစ်အရွယ်တုန်းကပဲ...ရှောင်းကျန့်ကရိပေါ်ကိုစိတ်ရှုပ်ထွေးနေတဲ့ပုံနှင့်ကြည့်သည်။
"ပါးနဲ့မားမှာငါတစ်ယောက်ပဲရှိတာပါ သူကဘယ်သူလဲ.."
"မင်းတို့ကစားစရာတွေလဲနှစ်ခုတွေဖြစ်နေတယ်နော်ဆင်တူလေးတွေချည်းပဲ"
ရှောင်းကျန့်က ကစားစရာတွေကိုလှည့်ကြည့်လိုက်တယ်။ဟုတ်တယ် အားလုံးကဆင်တူလေးတွေ ဒါတွေကိုပါးကအပိုဝယ်လာပေးခဲ့တာလို့ထင်နေတာ
"မင်းစဥ်းစားကြည့်ပါလား"
"အဲ့ချိန်ကငါအရမ်းငယ်သေးတယ်သိပ်မမှတ်မိတော့ဘူး ဒါကပါး ဒါကမား ဒါကငါ..ဒီကလေးကဘယ်သူများလဲ"
ေရှာင်းကျန့်ကဓာတ်ပုံထဲကလူတွေကိုထောက်ပြပြီးပြောရင်းစဥ်းစားနေသည်။အချိန်အတော်ကြာစဥ်းစားနေပြီးသူ့ခေါင်းထဲဝင်လာတဲ့ပုံရိပ်တချို့နဲ့အသံတွေကြားရတယ်.
ပါးပါးကိုလဲချစ်တယ် မားမားကိုလဲချစ်တယ် အားကျယ်ကိုလဲချစ်တယ် ခ်ခ်ခ်
ဟားးးအလည်လေးအဲ့ဒါနဲ့ပဲလုပ်စားသွားမှာ
အားကျယ်ရေမားတို့အပြင်သွားမလို့ရှောင်းငယ်လေးကိုကြည့်ထားပေးနော်
ဟုတ်ကဲ့မားမားနဲ့ရှောင်းဦးဦး ကောင်းကောင်းသွားပါ
ရှောင်းငယ်လေး ကိုကိုမုန့်တွေအများကြီးဝယ်လာတယ်
ကလေး ကိုကိုမုန့်လုံးကြော် လုပ်ကျွေးမယ်နော်
ရှောင်းကျန့်ခေါင်းထဲတရိပ်ရိပ်ပေါ်လာတဲ့မြင်ကွင်းတွေဖြစ်သည်။ဓာတ်ပုံထဲက ကလေးကိုကြည့်ပြီး
"သူကအားကျယ်ပဲ "
"အားကျယ်?"
"အင်းငါ့မှာအကိုတစ်ယောက်ရှိဖူးတယ်ထင်တယ် သူနာမည်ကရှောင်းကျယ်လို့ခေါ်တယ် သူကမားကို မားလို့ခေါ်ပြီးပါးကိုတော့ရှောင်းဦးဦးလို့ခေါ်တယ်.."
ရှောင်းကျန့်ကမျက်လုံးတွေမှေးစင်းပြီးအသဲအသန်တွေးကာပြောသည်။
"အမေတူဖအေကွဲတွေလား"
"ဖြစ်နိုင်တယ်"
မားမှာပါးအပြင်အရင်ကယောကျာ်းတစ်ယောက်ရှိနေခဲ့တာလား။ဒါမှမဟုတ်ဒီကလေးကမွေးစားထားတာလား ပါးရဲ့သားအရင်းတော့မဖြစ်နိုင်ဘူး။
"ဒါဆိုခုသူဘယ်ရောက်သွားတာလဲ"
"ဟင့်အင်းငါမသိဘူး...သူကငါနဲ့အမြဲကစားပေးတယ်ဒါပေမဲ့နောက်တော့သူ့ကိုဘယ်တော့မှမတွေ့ရတော့ပဲပျောက်သွားတာ..သူဘယ်ရောက်သွားတာလဲငါမသိဘူးပါးနဲ့မားကလဲသူ့အကြောင်းတစ်စက်လေးမှမဟခဲ့ဘူး"
ရှောင်းကျန့်ကပြောတော့ရိပေါ်ကမျက်ခုံးတွေစုကျုံ့သွားသည်။သခင်ကြီးဖန်းသူ့ကိုရှောင်းလင်မယားကိုသတ်ခိုင်းတော့ဘာလို့ဒီအကြောင်းတွေမပြောပြတာလဲသခင်ကြီးဖန်းလဲမသိလို့လား
ရှောင်းကျန့်ကဓာတ်ပုံကိုကိုင်ပြီးအတွေးတွေချဲ့ကားသွားသည်။
"ရှောင်းငယ်လေး ကိုကို မုန့်တွေအများကြီးဝယ်လာတယ် ထစားပါအုံး"
၅နှစ်အရွယ်ကလေးကအိပ်ယာပေါ်ဘောလုံးလေးလိုလုံးလုံးလေးအိပ်နေတဲ့၃နှစ်အရွယ်ကလေးကိုချော့မြူပြီးအိပ်ယာနှိူးနေသည်။ကလေးလေးကမထတာမလို့ဆွဲထူထလိုက်တယ်။
"ကလေးထတော့လေ မုန့်တွေမစားချင်ဘူးလား"
"ကိုကို အားကျန့်မုန့်လုံးကြော်ပဲစားချင်တယ် ဒါတွေစားချင်ဘူး"
ကလေးကမပီကလာပီကလာနှင့်ဂျီကျနေတော့ရှောင်းကျယ်ဘာလုပ်ပေးရမယ်မသိပေ။
"မားတို့ကအပြင်သွားတယ် ပြန်လာမှလုပ်ခိုင်းမယ်လေ ဟုတ်ပြီလား ရှောင်းငယ်လေးကလိမ္မာပါတယ်"
"ရဘူး ရဘူး ရဘူး ခုပဲစားချင်တာ ခုပဲကျွေး"
"ကောင်းပြီးကောင်းပြီ မငိုနဲ့တော့ အရင်ဆုံးအိပ်ယာတွေသိမ်းလိုက်အုံးမယ်ပြီးရင်ကိုကိုလုပ်ပေးမယ်နော်"
"အွန်း"
ရှောင်းငယ်လေးကပျော်ရွင်သွားတော့အားကျယ်ကရှောင်းငယ်လေးရဲ့အိပ်ယာတွေသိမ်းပေးသည်။ရှောင်းငယ်လေးကတခ်ခ်ရယ်ပြီးအားကျယ်လုပ်သလိုလိုက်လုပ်တယ်။ဒါပေမဲ့စောင်ကြီးကိုမခေါက်တတ်တော့စောင်နဲ့ပတ်မိပြီးပိုးတုံးလုံးလေးလိုတွန့်လိမ်နေတော့သည်။အားကျယ်ကအော်ရယ်ပြီးကူညီပေးတယ်။ရှောင်းငယ်လေးရဲ့ပါးကိုမွှေးကြူပြီးရေချိုးခန်းထဲဝင်ကာမျက်နှာသစ်သွားတိုက်ပေးသည်။ရှောင်းငယ်လေးကအရမ်းဆိုးတယ်အားကျယ်ကိုရေနဲ့ပက်တယ်
"ဟားးခ်ခ်ခ်..ကိုကိုရေတွေစိုကုန်ပြီး"
"ကလေး လိမ္မာတယ်မဆော့နဲ့တော့"
မျက်နှာသစ်ပေးပြီးတော့အားကျယ်ကမီးဖိုခန်းထဲဝင်ကာခုံတစ်လုံးဆွဲယူပြီးအပေါ်တက်ကာရှောင်းငယ်လေးအတွက်မုန့်လုံးကြော်တွေလုပ်ပေးပါတော့တယ်။ဒါပေမဲ့ငါးနှစ်ပဲရှိသေးတာဘယ်လိုလုပ်နိုင်မှာလဲ လက်ကိုလဲဆီပူလောင်သေးသည်။ဒါပေမဲ့အားကျယ်ကညီငယ်လေးကိုစားစေချင်လို့အားကြိုးမာန်တက်လုပ်နေပါတော့တယ်။
"ရှောင်းငယ်လေး..မုန့်လုံးကြော်ရပြီလာစားတော့"
ခြူလုံးလေးကိုင်ကာလုံးတုံးတုံးနဲ့ပြေးလာတဲ့ရှောင်းငယ်လေးကထိုင်ခုံကနေတဆင့်စားပွဲပေါ်ကုတ်တက်ပြီးတက်ထိုင်နေသည်။အားကျယ်ကမုန့်လုံးကြော်ပန်ကန်ကိုစားပွဲပေါ်တင်တယ်။စားပွဲကသူ့တစ်ရပ်စာရှိနေတာမလို့ခြေဖျားထောက်ပြီးတင်လိုက်တယ်။ထို့နောက်သူလဲထိုင်ခုံပေါ်တက်ထိုင်နေသည်။
ရှောင်းငယ်လေးကမုန့်လုံးကြော်တွေကြည့်ပြီးစားဖို့တွန့်ဆုတ်နေတယ်။
"ကိုကို...ဘာလို့မဲမဲတူးတူးလေးတွေဖြစ်နေတာလဲ"
"ဒယ်အိုးဖင်ကပ်သွားတာလေ"
"ဟွန့် ကိုကိုလုပ်တာ မားမားလိုလဲလှလှလေးဟုတ်ဘူးမဲတူးနေတာပဲ"
မုန့်လုံးကြော်တွေကမဲကျုံ့ပြီးရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ရှောင်းငယ်လေးကတစ်ခုယူစားကြည့်တော့ချဥ်တယ်ဆိုပြီးရှုံ့မဲ့နေတယ်။တကယ်တော့ခါးတယ်လို့ပြောချင်တာပါ ရှောင်းငယ်လေးကခါးတယ်ပြောမတတ်လို့ချဥ်တယ်ပြောနေတယ်..
အားကျယ်ကဆုံးဖြတ်လိုက်တယ်သူမုန့်လုံးကြော်လုပ်တတ်အောင်သင်ယူလေ့ကျင့်မည်။တစ်နေ့ကျရင်ရှောင်းငယ်လေးအတွက်အရသာအရှိဆုံးမုန့်လုံးကြော်တွေလုပ်ကျွေးမည်ဟုရည်ရွယ်ချက်ထားခဲ့သည်။
ဒါပေမဲ့ရှောင်းငယ်လေးအသက်၅နှစ်မှာပဲအားကျယ်ဟာပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ပါးနဲ့မားကလဲအားကျယ်အကြောင်းလုံးဝမပြောတော့ပဲသူတို့မှာရှောင်းကျန့်ဆိုတဲ့သားတစ်ယောက်ပဲရှိသလိုနေလာခဲ့တာကြောင့်ရှောင်းငယ်လေးဟာသူ့အကို ကိုမေ့ပျောက်သွားခဲ့သည်။အားကျယ်အသက်ရှင်နေသေးလား ဒါမှမဟုတ်လောကကြီးကထွက်ခွာသွားပြီလား....ဘယ်သူသိနိုင်မှာလဲ။
💚💛❤
14ခု
Zaw
ေစာ္လ်န္ရဲ႕ေပါက္ဆီဆိုင္ကိုခုတေလာအၿမဲလာေနတဲ့လူကေစာ္လ်န္ကိုႀကိတ္ႀကိဳက္ေနတာမ်ားလား။ခုလဲမနက္အေစာႀကီးေရာက္လာၿပီးမိုးခ်ဳပ္မွျပန္တတ္တယ္။ေဘးလူေတြကေမးေနၿပီးအဲ့ဒါနင့္ေကာင္ေလးလားတဲ့။မျဖစ္ႏိုင္လိုက္တာ..သူ႔လိုျဖဴဆုတ္ေနတဲ့ႂကြက္ျဖဴကေစာ္လ်န္ေကာင္ေလးျဖစ္ႏိုင္မလား။ေကာင္ေခ်ာေလးဆိုေတာ္ေသး။ဒီႂကြက္ျဖဴေရာက္လာတဲ့ေန႔ကစၿပီးသူမဆိုင္ကိုေကာင္ေခ်ာေလးကလုံးဝေျခဦးမလွည့္ေတာ့တာမလို႔မ်က္ႏွာေလးေတာင္ေငးခြင့္မရေတာ့ဘူး။
"ငါတစ္ခုေမးလို႔ရမလားဝမ္ရိေပၚကဘာလို႔မင္းဆိုင္မလာေတာ့တာလဲ"
"ဘယ္သိမွာလဲသိခ်င္ကိုယ့္ဘာသာသြားေမးပါလား"
စိတ္မၾကည္မလင္ျဖစ္ေနတဲ့သူမကစကားအေကာင္းမထြက္ဘူး။နဂိုထဲကခပ္စြာစြာမလို႔လူကေကာင္ေခ်ာေလးမ်က္ႏွာမျမင္ရသည့္တိုင္ျမင္ျမင္သမွ်ဆြဲၿဖဲခ်င္ေနတယ္။ႂကြက္ျဖဴကေပါက္စီကိုပါးစပ္ထဲထိုးထည့္ၿပီး
"ငါေမးခ်င္လို႔သူေနတဲ့ေနရာေျပာျပႏိုင္မလားသူကဘာလုပ္တာလဲ"
"ကြၽန္မေျပာျပရင္ရွင္ဘာေပးမွာလဲ"
"မင္းကလဲ..အေပးအယူခ်ည္းပဲ"
"ကြၽန္မရွင့္ကိုကူညီမယ္ရွင္ကြၽန္မကိုကူညီေပါ့"
"ေကာင္းၿပီေကာင္းၿပီ..ငါဘာလုပ္ေပးရမလဲေျပာ"
"ေပါက္စီေတြေန႔တိုင္းအကုန္ဝယ္ေပးရမယ္"
"ေဟ့အမႀကီး..မင္းငါ့ကိုစားပိုးနင့္ေအာင္လုပ္ေနတာလားမြဲေဆးေဖာ္ေနတာပဲ"
ႂကြက္ျဖဴကအံ့ၾသစြာေျပာေတာ့ေစာ္လ်န္ကပုခုံးတြန္႔ျပလိုက္သည္။
"ဒါဆိုလဲကိုယ့္ဘာသာစုံစမ္းေလ"
"အာ...ေကာင္းၿပီးေကာင္းၿပီ.ငါဝယ္မယ္..သူကဘာလုပ္တာလဲ"
"သူကအရမ္းေတာ္တဲ့မ်က္လွည့္ဆရာLao Wangေလရွင္ၾကားဖူးတယ္မလားသူ႔ကိုဆိုကေလးကအစေခြးအဆုံးသိၾကတာ.အဟိ.အရမ္းလဲေခ်ာတာကိုတည္ၾကည္ၿပီးအရမ္းေတာ္တဲ့လူေလ"
"မ်က္လွည့္ဆရာ?"
"အင္း.."
Chuoကေမးကိုပြတ္သပ္ၿပီးစဥ္းစားခန္းဝင္ေနသည္။သူတစ္ခုခုေမ့ေနတယ္လို႔ထင္တယ္။ဝမ္ရိေပၚကမ်က္လွည့္ဆရာ...ဝမ္ရိေပၚကBossနဲ႔တူတယ္...ငါဘာေမ့ေနပါလိမ့္...
အခ်ိန္အေတာ္ၾကာစဥ္းစားခန္းဝင္ၿပီးတဲ့Chuoကတစ္ခုခုကိုအႀကီးအက်ယ္သေဘာေပါက္သြားၿပီးေျပးထြက္သြားပါေတာ့တယ္။
"ေဟ့..ႂကြက္ျဖဴစုတ္ငါ့ဟာေတြဝယ္သြားအုံးေလ.ေဟ့..ရွင္ဝယ္မယ္ဆိုၿပီးကတိေပးထားတယ္ေလ"
အေနာက္ပါးဆီကေစာ္လ်န္ရဲ႕အသံကတျဖည္းျဖည္းေဝးသည္ထိေျပးသြားလိုက္သည္။ငါသိၿပီထင္တယ္Jacksonေရ...
ဝမ္အိမ္ေတာ္ႀကီးရဲ႕ေရခ်ိဳးကန္ႀကီးရွိတဲ့အခန္းက်ယ္မွာေတာ့ကိုယ္ရံေတာ္ေတြအားလုံးေရခ်ိဳးေနၾကသည္။တစ္ခ်ိဳ႕ကေရခ်ိဳးကန္ထဲဝင္စိမ္ေနၾကၿပီးတစ္ခ်ိဳ႕ကေတာ့ေရဂ်ာေအာက္မွာဝင္ေနၾကတယ္။တဝူးဝူးတဟားဟားနဲ႔စေနာက္ရယ္ေမာသံေတြကညံစီေနသည္။ေရခ်ိဳးခ်ိန္ကအားလုံးဆုံစည္းတဲ့အခ်ိန္လဲျဖစ္ေတာ့အေၾကာင္းစုံေျပာၿပီးစကားလက္ဆုံက်တဲ့အခ်ိန္ေပါ့။
ေရဂ်ာေတြေအာက္ဝင္ရပ္ေနတဲ့Jacksonကေဘးကအားလိန္ရဲ႕ေတာင့္တင္းတဲ့ခႏၶာကိုယ္ကိုအားက်ေနသည္။သူ႔မွာလဲေပါင္းမုန္႔အေျမႇာင္းေတြၾကက္ဥေတြရွိေပမဲ့အားလိန္ေလာက္မထင္ရွားဘူး။
"အားလိန္..မင္းဟာေတြကအရမ္းလွတာပဲအားက်စရာႀကီး.ဝါး"
"လိုခ်င္လို႔လား လိုခ်င္ယူေလ"
အားလိန္ကသူ႔ရဲ႕ေတာင့္တင္းေနတဲ့ဝမ္းဗိုက္ကိုJacksonေရွ႕ေကာ့ထိုးေပးသည္။Jacksonကကိုင္ၾကည့္ေတာ့ေက်ာက္ျပင္ႀကီးလိုပဲမာေက်ာေနသည္။Jacksonႏႈတ္ကတေဝါင္းေဝါင္းႏွင့္အေတာ္ေလးအားက်ေနတာေၾကာင့္အားလိန္ကကိုယ့္ကိုကိုဂုဏ္ယူေနတယ္။
"ေဟ့ေကာင္မင္းဟာႀကီးကငါ့ကိုလာထိုးေတာ့မယ္ အေျမႇာက္ႀကီးကလဲထိန္းမႏိုင္သိမ္းမရျဖစ္ေနတာလားေနာက္ဆုတ္အုံးကြ "
"ကိုင္လို႔ဝၿပီလားဟား ...Chuoသတင္းေရာဘာၾကားေသးလဲ"
အားလိန္ကေမးေတာ့Jacksonကမ်က္ႏွာကိုရႈံ႕မဲ့လိုက္ၿပီးဆပ္ျပာတိုက္ေနသည္။
"သူလား..ဘာစုံစမ္းလို႔ရမလဲဟိုေပါက္စီသည္နဲ႔လဲညားေတာ့မယ္ခုထိဘာတစ္ခုမွမၾကားရေသးဘူး...လူေတာ္လူတတ္ႀကီးလုပ္ၿပီးဆရာႀကီးစတိုလ္ဖမ္းေနတာ တကယ္ေတာ့ေပါက္ဆီသည္ကိုႀကိဳက္ေနၿပီးေပါက္ဆီစားခ်င္လို႔အေၾကာင္းျပတာ"
Jacksonကမ်က္ႏွာကိုရႈံ႕မဲ့ကာChuoအတင္းတုတ္ေနတာကိုၾကည့္ၿပီးအားလိန္ကသြားတန္းေလးေတြေပၚေအာင္ရယ္လိုက္သည္။
"Jackson မင္းအခုပုံစံကေလ"
"အင္း.ဘာျဖစ္လဲငါ့ပုံစံက"
"သဝန္တိုေနတဲ့မိန္းမႀကီးလိုပဲ..ခြီ.."
"ထြီး..သြားစမ္းပါငါကဘာလို႔သဝန္တိုရမွာလဲႏွာထလို႔ႏွာထတယ္ေျပာတာအဲ့ေကာင္မိန္းမယူသြားရင္လဲေအးတယ္ဘာမွမနာလိုစရာအေၾကာင္းမရွိဘူး"
"ဟုတ္ပါၿပီဟုတ္ပါၿပီ"
အားလိန္ကေခါင္းတသြင္သြင္ၿငိမ့္ၿပီးေျပာေနေပမဲ့ပုံစံကစပ္ၿဖဲၿဖဲျဖစ္ေနတုန္းပင္။Jacksonကအားလိန္ကိုမ်က္ေစာင္းႀကီးႀကီးထိုးလိုက္တယ္
"Jackson အားလိန္..ငါသိသြားၿပီကြ!!"
ေရခ်ိဳးခန္းထဲအေလာတႀကီးေျပးဝင္လာတဲ့Chuoကမ်က္လုံးျပဳးမ်က္ဆန္ျပဴးကာေအာ္ေျပာေတာ့သည္။ေရခ်ိဳးေနတဲ့ႏွစ္ေယာက္ကChuoကိုေၾကာင္ေတာင္ၾကည့္ေနၾကတယ္။ဘာသိလာတာလဲ...အလန္႔တၾကားနဲ႔
*^^*
ထိုင္ခုံမွာထိုင္ၿပီးေခါင္းခ်င္းဆိုင္ကာတြတ္ထိုးေနၾကတဲ့သုံးေယာက္ကအေၾကာင္းအရာတစ္ခုကိုအဓိပၸါယ္ေဖာ္ေနၾကတယ္။Chuoကသူသိတာမွန္သမွ်တရဆက္ေျပာသည္။
"မင္းတို႔မွတ္မိလားေရွာင္းလင္မယားအသတ္ခံရတဲ့ေန႔ကေလငါတို႔ေတြ႕ခဲ့တဲ့လူသတ္သမားကBossနဲ႔အရမ္းတူတယ္မလားအဲ့လူကသူပဲဆိုတာေသခ်ာတယ္သူ႔ကိုသာဖမ္းမိရင္ငါတို႔Bossသခင္ေလးကိုသက္ေသျပလို႔ရၿပီးသခင္ေလးအမုန္းကိုလဲခံရေတာ့မွာမဟုတ္ဘူး..ၿပီးေတာ့သူကဖန္းအိမ္ေတာ္ကလူသခင္ေလးကိုသူဖမ္းသြားတာပဲျဖစ္ရမယ္ငါေနာက္တစ္ခုသိခဲ့တာကသူကမ်က္လွည့္ဆရာတဲ့"
Chuoကအားရပါးရေျပာေနေပမဲ့Jacksonနဲ႔အားလိန္ကေတာ့ေခါင္းကုပ္ဖင္ကုပ္ျဖစ္ကာနားမလည္ႏိုင္ျဖစ္ေနသည္။Chuoလူစကားေျပာေနေပမဲ့လူျဖစ္တဲ့သူတို႔ႏွစ္ေယာက္နားမလည္ဘူးျဖစ္ေနတယ္။
"Chuo. .ေဟာင္ေကာင္စကားေျပာလို႔ရမလားမင္းေျပာတာငါတို႔နားမလည္ဘူးျဖစ္ေနတယ္"
"ငတုံးေတြ..ငါေျပာတာရွင္းရွင္းေလးမင္းတို႔ဦးေႏွာက္ကိုကခ်ီးပိတ္ေနတာ"
JacksonစကားကိုChuoကတုံ႔ျပန္လိုက္သည္။သူBrainျမင့္တိုင္းသာမန္ဦးေႏွာက္နဲ႔လူေတြကိုပစ္ပစ္ႏွစ္ႏွစ္ေျပာေနတယ္။
Chuoကနံရံမွာစကၠဴျဖဴတစ္႐ြက္ကပ္ၿပီးေဖာင္တိန္တစ္ေခ်ာင္းကိုင္ကာနာမည္ေတြခ်ေရးေနသည္။Jacksonနဲ႔အားလိန္ကတက္ႂကြတဲ့ၾကက္ဖျဖစ္ေနတဲ့Chuoကိုေမးေထာက္ၿပီးအိပ္ငိုက္ေနတဲ့မ်က္လုံးေတြနဲ႔ၾကည့္ေနတယ္။
"ငါတို႔ဇာတ္လမ္းအစကိုျပန္သြားၾကည့္ရေအာင္"
"ခုေတာင္အေတာ္ရႈပ္ေနတာဘယ္အစကိုျပန္သြားအုံးမလို႔လဲငါတို႔ကို႐ူးသြားေစခ်င္တာလား"
"ခဏေလးပါးစပ္ပိတ္ထားၾက.OK? "
အားလိန္ကပါးစပ္ေလးပိတ္သြားသည္။Chuoကစာ႐ြက္ေပၚကနာမည္ေတြကိုျမႇားနဲ႔ထိုးၿပီးရွင္းလင္းခ်က္ကိုစတင္လုပ္ေဆာင္ေတာ့သည္။ဆရာႀကီးစတိုင္လ္ဖမ္းေနတဲ့Chuoကေစာက္ျမင္းကပ္စရာေလး..
"Bossနဲ႔သခင္ေလးကဆက္ဆံေရးတစ္ခုရွိတယ္ဒါေပမဲ့သခင္ေလးကငါတို႔Bossကိုမုန္းေနတယ္...သတ္မယ္လို႔ခဏခဏႀကဳံးဝါးေနေပမဲ့တကယ္တမ္းက်ေတာ့မသတ္ဘူး..."
"ဒါကငါတို႔သိၿပီးသားေလကေလးေမြးလို႔ရမယ္ဆိုေဘာလုံးအသင္းေတာင္ေထာင္လို႔ရေနေလာက္ၿပီ"
"ပါးစပ္ပိတ္ထား!"
Jacksonကသူ႔ပါးစပ္သူဇိဆြဲပိတ္လိုက္သလိုလုပ္သည္။Chuoကဆက္ေျပာတယ္
"မ်က္လွည့္ဆရာကေရွာင္းလင္မယားကိုသတ္ခဲ့တယ္ေရွာင္းလင္မယားကဖန္းဂိတ္ကလူေဟာင္းေတြမလား..အဲ့ခ်ိန္ကသူတို႔ကသတ္ခ်င္တဲ့လူကဘယ္သူျဖစ္မယ္ထင္လဲ"
Chuoကေမးလိုက္ေပမဲ့ဘာစကားသံမွမၾကားရတာမလို႔အေနာက္လွည့္ၾကည့္လိုက္ေတာ့ေမးေထာက္ၿပီးပါးစပ္ေလးေတြပိတ္ထားၾကတဲ့ႏွစ္ေယာက္။Chuoမ်က္ျဖဴသာလန္လိုက္သည္။
"ငါေမးရင္ျပန္ေျဖလို႔ရတယ္..မင္းတို႔ငါ့ကို႐ြဲ႕ေနၾကတာလား"
"ဟုတ္တယ္!"
ႏွစ္ေယာက္လုံးၿပိဳင္တူေျဖလာၾကသည္။Chuoစိတ္ကိုမနည္းဆြဲဆန္႔ထားရတယ္။ငနာေလးေတြအလိုက္ကန္းဆိုးကိုမသိၾကဘူး
"မင္းတို႔ဘယ္သူလို႔ထင္လဲ"
"ေသခ်ာေပါက္ဖန္းအိမ္ေတာ္ေပါ့အဲ့ခ်ိန္ကေရွာင္းလင္မယားကိုသတ္တာဖန္းေဆာင္စီပဲသူကမ်က္လွည့္ဆရာကိုခိုင္းလိုက္တာ"
"ဟုတ္တယ္အားလိန္...ေနာက္တစ္ခုရွိေသးတယ္Penisulaမွာျပသာနာျဖစ္တဲ့ညက အဲ့ဒီမွာမ်က္လွည့္ပြဲလဲရွိေနတယ္ငါတို႔တိုက္ခိုက္မႈျဖစ္ပြားခဲ့တာမ်က္လွည့္႐ုံအေနာက္ဘက္မွာပဲ"
Chuoစကားကိုနားေထာင္ၿပီးJacksonကတစ္ခုခုကိုမွတ္မိသြားသည္။အဲ့ဒီညကသူတို႔ကိုဝင္ကူညီတဲ့ခဲ့တဲ့လူ..သူကမဟုတ္မွလြဲေရာ..
"ငါသိၿပီငါသိၿပီ!!!"
Jacksonက႐ုတ္တရတ္ႀကီးထေအာ္ေတာ့အိပ္ငိုက္ေနတဲ့အားလိန္ကမ်က္လုံးျပဴးၿပီးChuoကလြင့္လုဆဲဆဲဝိဉာဏ္ေလးကိုငရဲခန္းဝကေနျပန္ေခၚလိုက္ရသည္။
"ငါသိၿပီ..အဲ့ညကငါတို႔ကိုကူညီေပးတဲ့မ်က္ႏွာဖုံးနဲ႔လူရွိတယ္Chuoကိုေမးေတာ့သူလူမလႊတ္လိုက္ဘူးတဲ့အဲ့လူကမဟုတ္မွလြဲေရာ..မ်က္လွည့္ဆရာျဖစ္ရမယ္.."
အ့.အ့.အ့
????
ေၾကာင္အစြာၾကည့္ေနတဲ့ႏွစ္ေယာက္ရဲ႕ေခါင္းေပၚမွာ?ေတြျဖစ္ေနၿပီးက်ီးတစ္ေကာက္ကျပတင္းေပါက္ဝမွာတအအအႏွင့္ေအာ္ျမည္ေနသည္။Jacksonကပေဟဠိအႀကီးႀကီးကိုေျဖရွင္းႏိုင္လိုက္သလိုသူ႔ႏွာေခါင္းသူပြတ္ၿပီးသာယာေနတယ္။
"အားလိန္.အဲ့ငတုံးနရင္းကိုတစ္ခ်က္ေလာက္ပိတ္႐ိုက္လိုက္စမ္းပါ"
"မင္းဦးေႏွာက္ကိုေလေ႐ႊခ်ၿပီးျပတိုက္မွာျပစားရင္ေတာ့အေတာ္ေလးေရဝင္မွာပဲကမာၻ႔အေကာင္းဆုံးခ်ီးဦးေႏွာက္ဆိုၿပီးေတာ့.."
သူ႔ကိုဝိုင္းဖဲ့ေနၾကတာမလို႔Jacksonကႏွာေခါင္းရႈံ႕ကာမ်က္ႏွာႀကီးမဲ့ထားလိုက္တယ္။သူကထင္တာေျပာျပတာကိုအားအားရွိဝိုင္းဖဲ့မယ္ဆိုတာခ်ည္းပဲ။
"မင္းဘယ္လိုမ်ားေတြးလိုက္တာလဲJackson. .မ်က္လွည့္ဆရာကဖန္းအိမ္ကလူေလကူညီတယ္ဆိုတာျဖစ္ႏိုင္ရဲ႕လား..ေတြးၾကည့္ေလ..ဟင္း..မင္းလိုလူမ်ိဳးကိုတပည့္ေတာ္ထားရတဲ့Bossအတြက္သနားစရာပဲ"
"ဟုတ္တယ္...Bossလိုလူမ်ိဳးကိုလဲသူမ်ားေအာက္ပို႔လိုပို႔နဲ႔ခုလဲေစာက္ရမ္းေတြႀကီးေျပာေနတယ္ ၿပီးေတာ့ဟုတ္တာလဲမဟုတ္ဘူးမင္းေခါင္းထဲဘာေတြရွိေနတာလဲ"
"အား..ေတာ္ၾကေတာ့မင္းတို႔ျပသာနာေျဖရွင္းေနတာလားငါ့ကိုျပသာနာရွာေနတာလား!"
Jacksonကစိတ္ဆိုးၿပီးေအာ္လိုက္သည္။အားလိန္ကေခါင္းကိုအသာယမ္းၿပီးေျပာတယ္
"ငါ့အထင္ေတာ့အဲ့မ်က္ႏွာဖုံးနဲ႔လူကသခင္ေလးလို႔ထင္တယ္..အဲ့ဒီညကသခင္ေလးေပ်ာက္သြားတဲ့ညပဲေလ"
"မမွားဘူး..ဒါကမ်က္လွည့္ဆရာသခင္ေလးကိုဖမ္းသြားတယ္လို႔ငါေကာက္ခ်က္ခ်ရတဲ့အခ်က္ပဲသူကဖန္းအိမ္ကလူေရွာင္းလင္မယားကိုသတ္တဲ့လူသခင္ေလးကိုလဲဒုကၡမေပးႏိုင္ဘူးလို႔ေျပာမရဘူး"
"ဒါေပမဲ့ဖန္းအိမ္က အြန္႔"
"မင္းဝင္မေျပာနဲ႔နားေထာင္!"
Jacksonကဝင္ေျပာမယ္လုပ္ေတာ့Chuoကပါးစပ္ထဲခ်ိဳခ်ဥ္လုံးထည့္ကာမာန္မဲေျပာလိုက္သည္။ဒီေကာင္ပါးစပ္ဟတာနဲ႔ေပါက္ကရႀကီးပဲထြက္တာ။
Jacksonကမ်က္ေစာင္းေတြလိမ့္ထိုးၿပီးပါးစပ္ထဲကလိေမၼာ္သီးခ်ိဳခ်ဥ္ကိုသာတႁပြတ္ႁပြတ္စုပ္ၿပီးၿငိမ္ၿငိမ္ေလးနားေထာင္ေနလိုက္သည္။
"ငါစဥ္းစားေနတာတစ္ခုကဘာလို႔သခင္ေလးကိုဖမ္းတယ္လို႔ေျပာတာလဲသခင္ေလးကိုယ္တိုင္Bossအနားကထြက္ေျပးသြားတာေရာမျဖစ္ႏိုင္ဘူးလား"
"ဟက္..ထြက္ေျပးခ်င္တယ္ဆိုရင္လြန္ခဲ့တဲ့၇ႏွစ္ေလာက္ထဲကထြက္ေျပးလြတ္ေျမာက္ေနၿပီး"
"အာ..ဟုတ္သားပဲ..မင္းတကယ္ေတာ္တယ္Chuo"
အားလိန္ကChuoပုခုံးကိုပုတ္ၿပီးခ်ီးက်ဴးစကားဆိုလိုက္ေတာ့Chuoကနား႐ြက္ေလးေတြရဲၿပီးၿပဳံးလိုက္သည္။Jacksonကေတာ့ခ်ိဳခ်ဥ္လုံးနဲ႔အလုပ္ရႈပ္ေနတယ္ မာလိုက္တဲ့သၾကားလုံး
"ဒါေပမဲ့တစ္ခုရွိတယ္..ဖန္းေဆာင္စီကဘာလို႔သခင္ေလးကိုဖမ္းခ်င္တာလဲသူကBossကိုပဲပစ္မွတ္ထားတဲ့လူBossကိုပဲဆြဲခ်ခ်င္တာ..Bossကိုထိခိုက္ေအာင္လုပ္ဖို႔သခင္ေလးကိုဖမ္းတယ္ဆိုရင္လဲBossသိေအာင္အေၾကာင္းၾကားမွာေပါ့ခုေတာ့ဘာသတင္းမွမၾကားရဘူး"
အားလိန္စကားေၾကာင့္Chuoကမ်က္ႏွာကေဝခြဲရခတ္သြားသည္။အားလိန္ေျပာတာမွန္ေနတာေၾကာင့္စဥ္းစားမရေအာင္ၾကပ္တည္းသြားတယ္။Jacksonကိုၾကည့္ေတာ့တေကာင့္သားေလးကခ်ိဳခ်ဥ္လုံးျပဳတ္က်သြားလို႔စားပြဲေအာက္ထဲတိုးဝင္ၿပီးေကာက္ေနတယ္။ေခြးေကာင္ေလးအားကိုးလို႔ေတာင္မရဘူး...
"မင္းေျပာခ်င္တာကသခင္ေလးကိုဖမ္းခ်င္တဲ့လူကဖန္းေဆာင္စီမဟုတ္ဘူးလို႔ေျပာခ်င္တာလား"
"ဒါေပါ့ေသခ်ာတယ္"
"ေနာက္တစ္ေယာက္ရွိေနတာလား"
Chuoကေျပာၿပီးအေတြးမ်ားေနေတာ့တယ္။Jacksonကစကားဝိုင္းထဲမပါပဲဘာသိဘာသာေနကာျပဳတ္က်သြားတဲ့ခ်ိဳခ်ဥ္လုံးကိုႏွေျမာတသျဖစ္ၿပီးငိုမဲ့မဲ့ေလး။Chuoကအားလိန္နဲ႔စကားေျပာမျပတ္ပဲJacksonေရွ႕ခ်ိဳခ်ဥ္လုံးေလးေပးလာတယ္။Jacksonကဆတ္ခနဲဆြဲယူၿပီးChuoကိုၿပဳံးၿဖီးလ်က္ၾကည့္လိုက္သည္။သူ႔ဘက္မလွည့္ၾကည့္ေနေပမဲ့ခ်ိဳခ်ဥ္လုံးအတြက္ေက်းဇုတင္တယ္။မင္းမိန္းမရသြားရင္ငါ့ကိုဒီလိုေပးမဲ့သူေတြမရွိေတာ့ဘူးအကိုႀကီးရဲ႕...Thank youပါကြာ
"ဒီလိုေတြျဖစ္ေအာင္ေသခ်ာအကြက္ခ်စီစဥ္ေနတာဖန္းေဆာင္စီမျဖစ္ႏိုင္ဘူးလား"
"သူလို႔ထင္ရေပမဲ့ငါ့အထင္ေတာ့မျဖစ္ႏိုင္ဘူးေသခ်ာအကြက္ခ်ေနတဲ့လူတစ္ေယာက္ရွိမယ္"
"ဒီကိစၥမွာBossရယ္သခင္ေလးရယ္မ်က္လွည့္ဆရာရယ္ၿပီးေတာ့သခင္ႀကီးဖန္းရယ္ သူတို႔အျပင္ဘယ္သူရွိအုံးမွာလဲ"
Chuoနဲ႔အားလိန္ကေနာက္ထပ္တစ္ေယာက္ကိုအသဲအသန္စဥ္းစားေနၾကသည္ျဖစ္ႏိုင္ေျခရွိမဲ့လူေတြေပါ့။ဂိတ္ငါးဂိတ္ကေခါင္းေဆာင္ေတြေရာသာမန္လက္ေအာက္ငယ္သားေတြပါမက်န္စဥ္းစားေနၾကသည္။စဥ္းစားလြန္းၿပီးေခါင္းေတြမီးထေတာက္ၿပီးအေငြ႕ေတြပါထြက္လာေတာ့မယ္ခုထိအေျဖရွာမရေသးဘူး။Jacksonကခ်ိဳခ်ဥ္လုံးကိုအကုန္လုံးကိုက္ဝါးစားလိုက္ၿပီးအေတြးလြင့္ေနၾကတဲ့ႏွစ္ေယာက္ကိုၾကည့္လိုက္တယ္။ထို႔ေနာက္ေလးတိေလးကန္ႏွင့္ပ်င္းတြဲစြာေျပာလိုက္တယ္။
"မင္းတို႔ေတြ..ဘာလို႔ဖန္းဟုန္စီကိုေမ့ထားၾကတာလဲ"
Jacksonစကားေၾကာင့္အားလိန္နဲ႔Chuoကမ်က္လုံးေတြျပဴးၿပီးအံ့ၾသစြာလွည့္ၾကည့္လိုက္သည္။Jacksonကမ်က္လုံးေလးေပကလပ္ေပကလပ္ျဖင့္
"ဘာလဲ..ငါေပါက္ကရေျပာမိျပန္ၿပီလား..."
*^^*
ေနျပန္ေကာင္းတာနဲ႔ေရွာင္းက်န္႔ကမီးဖိုခန္းဝင္ကာခ်က္ျပဳတ္ေလသည္။ဒီေန႔တာ့ဟုန္ျပန္လာမွာမလို႔ခ်က္ျပဳတ္ေနျခင္းျဖစ္တယ္။သူ႔ေခါင္းထဲျပန္ဖို႔သာေတြးေနေလသည္။သူစတဲ့ဇာတ္လမ္းသူပဲအဆုံးသတ္ရမွာေပါ့
ခါးကိုရစ္သြယ္ဖက္လာတဲ့လက္တစ္စုံကတင္းၾကပ္ေနၿပီးရိေပၚရဲ႕ေမးကသူ႔ပုခုံးေပၚမွီတင္ထားသည္။ေရွာင္းက်န္႔ရဲ႕ၾကက္သြန္လွီးေနတဲ့လက္ကရပ္သြားၿပီးမတြန္းဖယ္မိပဲၿငိမ္ေနသည္။
"ခ်စ္တယ္"
နား နားကပ္ၿပီးေလသံတိုးတိုးေလးႏွင့္ေျပာလိုက္တဲ့စကားေၾကာင့္ရင္ထဲသိမ့္ခနဲျဖစ္သြားသည္။ဒါကိုရင္ခုန္ျခင္းလို႔ေျပာလို႔မရဘူး။
"မင္းျပန္ခ်စ္လာေအာင္ငါႀကိဳးစားခြင့္ရွိတယ္မလားမင္းရင္ထဲဘယ္သူရွိေနလဲသိေပမဲ့ငါ့ကိုတစ္ေနရာစာေသးေသးေလးေတာ့ေနရာေပးႏိုင္တယ္မလား ငါေတာင္းဆိုတာပါ"
"ေတာင္းပန္ပါတယ္ ငါ့ေၾကာင့္မင္းဒီလိုျဖစ္ေနရတာငါ့အပစ္ေတြပါခြင့္မလြတ္ပါနဲ႔"
ရိေပၚကေခါင္းကိုခါၿပီးေရွာင္းက်န္႔ဂုတ္ကိုဖိနမ္းလိုက္သည္။နား႐ြက္ေလးကိုဖြဖြကိုက္ၿပီးပါးတစ္ဖက္ကိုနမ္းလိုက္တယ္။နမ္း႐ုံေလးပဲနမ္းၿပီးလႊတ္ေပးတဲ့ရိေပၚကBoss Wangလိုအၾကမ္းႀကီးဖိမနမ္းထားတတ္ဘူး။သူ႔ပါးေတြကရဲမေနပါဘူး...
ေရွာင္းက်န္႔ကBoss Wangကိုမခ်စ္ရဲဘူးေၾကာက္တယ္ မခ်စ္ခ်င္ေပမဲ့သူ႔အခ်စ္ေတြကေက်ာက္ခဲတုံးကိုျဖတ္သန္းစီးဆင္းေနတဲ့ေရေတြလိုပါပဲ။တားဆီးပိတ္ပင္လို႔မရဘူး..ဒီလိုပဲ Lao Wangလဲေရွာင္းက်န္႔ကိုမခ်စ္သင့္ဘူးအဲ့ဒီအခ်စ္ေတြကLao Wangအတြက္နာက်င္ေစတဲ့အဆိပ္အေတာက္ေတြျဖစ္ေစတယ္။သူတို႔ေတြကမခ်စ္သင့္တဲ့သူေတြကို႐ူးမိုက္စြာခ်စ္ေနမိၾကတာပါပဲ။ဒီလိုအခ်စ္ကဘယ္မွာေပ်ာ္ဖို႔ေကာင္းေတာ့မလဲအနာဂတ္မဲ့ေမွာင္မိုက္ေနတဲ့လမ္းထဲေလ်ာက္သြားေနရသလိုပဲ မီးအိမ္ကမ္းလင့္မဲ့လက္တစ္စုံကိုမေသမခ်ာဝိုးတဝါးေမ်ာ္ေနရတာေမာပန္းလြန္းလွသည္။
"မခ်စ္တာသိေပမဲ့ငါ အစြမ္းကုန္ႀကိဳးစားၾကည့္ခ်င္ေသးတယ္ ဘာလို႔အခြင့္အေရးမေပးႏိုင္ရတာလဲျပတ္ျပတ္သားသားမျငင္းလို႔ရမလား"
ရိေပၚစကားေၾကာင့္ေရွာင္းက်န္႔ကၾကက္သြန္လွီးတဲ့ဓားကိုခ်ၿပီးအေနာက္လွည့္ကာရိေပၚကိုအသာတြန္းလိုက္တယ္။ၿပီးေတာ့ေမာပန္းေနသလိုမ်က္လုံးေတြနဲ႔ၾကည့္ၿပီး
"ငါ့ကိုဘယ္လိုလူျဖစ္ေစခ်င္ေနတာလဲ ငါ့အခ်စ္ကိုလုပ္ယူေစခ်င္ေနတာလားမင္းေျပာသလိုမလြယ္ကူဘူးLao Wang ငါမင္းခံစားခ်က္ေတြကိုမထည့္တြက္ပဲရက္စက္ခဲ့တယ္ အဲ့ဒါေၾကာင့္ေတာင္းပန္တယ္ငါ့ကိုႀကိဳက္သလိုအပစ္ေပးလို႔ရတယ္ ဒါေပမဲ့ငါ့အခ်စ္ကိုလုပ္ယူလို႔မရဘူး "
"အပစ္ေပးရမယ္ ေကာင္းၿပီေလ"
ရိေပၚကေရွာင္းက်န္႔လက္ႏွစ္ဖက္ကိုဆြဲၿပီးရင္ခြင္ထဲဆြဲသြင္းၿပီးတင္းၾကပ္စြာဖက္ထားလိုက္သည္။ေရွာင္းက်န္႔က႐ုန္းေနေပမဲ့အခ်ည္းႏွီးသာ
"ငါမင္းကိုအပစ္ေပးတယ္ မင္းငါ့အနားကဘယ္ကိုမွမသြားရဘူးငါနဲ႔ပဲေနရမယ္ငါ့ကိုပဲခ်စ္ရမယ္"
ေရွာင္းက်န္႔႐ုန္းကန္ေနရာကၿငိမ္က်သြားၿပီးႏႈတ္ခမ္းေတြပြင့္ဟကာရိေပၚကိုအံ့ၾသတႀကီးၾကည့္ေနသည္။
"ေခါင္းတလား...ငါBoss Wangနဲ႔ေနလာခဲ့တဲ့၇ႏွစ္အတြင္းသူငါ့အခ်စ္ကိုရေအာင္အတင္းလုပ္ယူခဲ့တာမရွိဘူးသူစိတ္ရွည္ရွည္နဲ႔ငါ့ကိုေစာင့္ခဲ့တာ.."
"မင္းကသူ႔ကိုခ်စ္ေနခဲ့ၿပီသားေလေရွာင္းက်န္႔ရာသူငါ့လိုဘယ္ခံစားရပါ့မလဲအရမ္းကံေကာင္းတာပဲ"
ရိေပၚကေရွာင္းက်န္႔ကိုလႊတ္ေပးၿပီးမ်က္လႊာခ်ကာမ်က္ႏွာေသျဖင့္ရပ္ေနတယ္။မ်က္ေတာင္စိပ္စိပ္ေတြကေနအရည္ၾကည္ေတြတြဲခိုကာၾကမ္းေပၚေတာက္ခနဲေႂကြက်သြားသည္။ရိေပၚကေခါင္းကိုပိုငုံ႔လိုက္တယ္..ေရွာင္းက်န္႔ကအနည္းငယ္အံ့ၾသသြားသည္။
Lao Wangကငိုလိုက္တာလား သူ႔ေၾကာင့္ေလ သူ႔ေၾကာင့္မ်က္ရည္က်ေနတာလား။ေရွာင္းက်န္႔လဲဘာဆက္လုပ္ရမွန္းတကယ္မသိေတာ့ပါ။တကယ္ဆိုLao Wangမွာဘာအပစ္မွမရွိဘူးသူ႔လွည့္ကြက္ေတြထဲဘုမသိဘမသိဝင္ေရာက္လာခဲ့တာ သနားစရာပါ။သူ ..Lao Wangကိုတကယ္သနားမိပါတယ္ ဒါကိုအခ်စ္လို႔ေျပာလို႔မရဘူးေလ
"Lao Wang ငါ့ကိုတစ္ေနရာလိုက္ပို႔ေပးပါလား"
"မင္းအိမ္ဆိုရင္ငါလိုက္မပို႔ႏိုင္ဘူး"
"ငါေျပာတဲ့အိမ္မဟုတ္ေပမဲ့ငါအရင္ေနခဲ့တဲ့အိမ္ပါ ငါ့မိဘေတြမဆုံးခင္အတူေနခဲ့တဲ့အိမ္ေလး ခဏပါပဲလိုက္ပို႔ႏိုင္မလား"
ရိေပၚကေခါင္းၿငိမ့္ျပလာသည္။ခဏပဲဆိုေတာ့ေရွာင္းက်န္႔ကသူ႔ဆီျပန္လာရမွာပဲေလ...
*^^*
အိမ္အိုေလးေရွ႕မွာရပ္ေနတဲ့လူႏွစ္ေယာက္ကအေတြးကိုယ္စီႏွင့္တစ္ေနရာထဲရပ္ေနေပမဲ့ခံစားခ်က္တို႔ကထပ္တူက်ျခင္းမရွိပါ။ေရွာင္းက်န္႔ကဝမ္းနည္းေၾကကြဲၿပီးလြမ္းဆြတ္ေနေပမဲ့ရိေပၚကေတာ့စိတ္နဲ႔ကိုယ္မကပ္ပဲတုန္လႈပ္ေနတဲ့မ်က္ဝန္းေတြျဖင့္အိမ္အိုေလးကိုၾကည့္သည္။
ေရွာင္းက်န္႔...ေရွာင္းမ်ိဳး႐ိုးပဲသူဘာလို႔လုံးဝမေတြးမိတာလဲ..ဒါဆိုေရွာင္းက်န္႔ကအဲ့ဒီပုဝါပိုင္ရွင္ေပါ့ သူ႔ကိုမုန္႔လုံးေၾကာ္ေတြေကြၽးခဲ့တဲ့လူ သူ႔ကိုကူညီေပးခဲ့တဲ့လူ ၿပီးေတာ့သူ႔ေၾကာင့္တစ္ေကာင္ႂကြက္ျဖစ္သြားခဲ့တဲ့လူ....ဘယ္လိုကံတရားႀကီးပါလိမ့္ ဆိုးလိုက္တဲ့ေရစက္ ေရွာင္းက်န္႔နဲ႔သူ႔ၾကားမွာေရစက္ဆိုးပဲရွိတာလား...
ေရွာင္းက်န္႔ကတံခါးကိုတြန္းဖြင့္လိုက္ေတာ့ဖုန္ေတြကအလုံးအရင္းဝင္ေရာက္လာသည္။
"အဟြတ္..အဟြတ္."
ေခ်ာင္းဆိုးၿပီအထဲဝင္လာေတာ့ရိေပၚကေနရာမွာတင္မတ္တပ္ႀကီးျဖစ္ေနသည္။ေရွာင္းက်န္႔ေခၚမွေလးလံစြာအထဲဝင္လာတယ္။တစ္မ်ိဳးႀကီးျဖစ္ေနသလိုပဲ
အိမ္ထဲမ်က္လုံးေဝွ႔ၾကည့္ေတာ့အရာအားလုံးကေျပာင္းလဲျခင္းမရွိဘူးလြန္ခဲ့တဲ့၇ႏွစ္ကသူထားခဲ့သည့္အတိုင္းပင္။ပင့္ကူမွ်င္ေတြ နံရံမွာေရညႇိေတြတက္ေနသည္။ၾကမ္းကလဲလက္တဆစ္ေလာက္ရွိတဲ့ဖုန္ေတြထူထပ္ေနတယ္။
"ဒီေနရာမွာငါ့ပါးနဲ႔မားအသတ္ခံခဲ့ရတာေလ.ဒီမွာေသြးေတြရဲၿပီးလဲက်ေနခဲ့တာ နာက်င္ဖို႔ေကာင္းလိုက္တာ"
ေရွာင္းက်န္႔စကားေၾကာင့္ရိေပၚမလုံမလဲျဖစ္စြာေရွာင္းက်န္႔ကိုေတာင္မၾကည့္ရဲပဲအၾကည့္ေရွာင္လႊဲလိုက္သည္။ဒါေပမဲ့ေရွာင္းက်န္႔ရဲ႕ေနာက္ဆက္တြဲစကားေၾကာင့္သူအံ့ၾသစြာၾကည့္လိုက္မိတယ္
"ငါ့မိဘေတြကိုသတ္သြားတဲ့Boss Wangကိုငါအရမ္းမုန္းတယ္"
"Boss Wang? "
"ဟုတ္တယ္ သူပဲ ငါသူ႔ကိုမုန္းတယ္လက္စားေခ်ခ်င္တယ္ ဒါေပမဲ့ငါ "
ေရွာင္းက်န္႔ကေျပာမဲ့စကားလုံးေတြကမၾကားခ်င္တာေၾကာင့္ရိေပၚကသူ႔လက္ညိဳးနဲ႔ေရွာင္းက်န္႔ႏႈတ္ခမ္းကိုဖိကပ္လိုက္တယ္။ေရွာင္းက်န္႔စကားလုံးေတြကဆက္ၿပီးထြက္က်မလာေတာ့ပါ
"မင္းဆက္ေျပာမဲ့စကားကိုငါနားမေထာင္ခ်င္ဘူးမေျပာလို႔ရမလား"
မ်က္လုံးကိုစိုက္ၾကည့္ၿပီးေျပာလာေတာ့ေရွာင္းက်န္႔ေခါင္းသာအသာၿငိမ့္ျပလိုက္သည္။ထိုေတာ့မွရိေပၚကလက္ညိဳးကိုဖယ္ၿပီးအိမ္ထဲလွည့္ပတ္ၾကည့္ေနတယ္။ေရွာင္းက်န္႔ဒီလိုထင္ေနတာသူ႔အတြက္ေကာင္းတဲ့အရာမလား...သခင္ႀကီးဝမ္ဘာလို႔အမွန္တရားမေျပာတာလဲသူနားမလည္ပါ။အဲ့ေန႔ကသူ႔ကိုဝမ္ေတြေတြ႕သြားတာပဲ။
ေရွာင္းက်န္႔ကစားပြဲေပၚက ကစားစရာျခဴလုံးေလးႏွစ္လုံးကိုယူၿပီးၿပဳံးလိုက္သည္။ဒါကသူ႔အတြက္ပါးကဝယ္ေပးခဲ့တာ
"ငါငယ္ငယ္ကဒါနဲ႔ကစားရတာအရမ္းႏွစ္သက္ခဲ့တာ ခုခ်ိန္ထိေနရာမွာရွိေနတုန္းပဲ"
ေရွာင္းက်န္႔ကလြမ္းေဆြးရိပ္ေတြနဲ႔အၿပဳံးရိပ္ေရးေရးေလးၿပဳံးကာေျပာလာေတာ့ရိေပၚကျခဴလုံးႏွစ္လုံးကိုၾကည့္တယ္။
"ဘာလို႔ႏွစ္လုံးေတာင္လဲ"
ေရွာင္းက်န္႔ကေခါင္းခါျပသည္။မ်က္ႏွာေျပာင္တိုက္တယ္ပဲေျပာေျပာဒီေနရာမွာသူမရွိသင့္တာသိေပမဲ့ေရွာင္းက်န္႔ကိုေတာ့လက္မလႊတ္ႏိုင္ဘူး။မိဘေတြကိုသတ္တဲ့အျပင္သားကိုပါအပိုင္သိမ္းခ်င္ေနတဲ့သူကအက်င့္ေကာင္းတဲ့သူမဟုတ္ေတာ့ဘူးလား...ဂ႐ုမစိုက္ပါဘူးေရွာင္းက်န္႔သူ႔နားရွိဖို႔ပဲလိုခ်င္တာ
ေရွာင္းက်န္႔ကစားပြဲေပၚကဖုန္ေတြကိုလက္ညိဳးနဲ႔သပ္ၿပီးၾကည့္လိုက္သည္။ဒီစားပြဲကပါးစာၾကည့္တဲ့စားပြဲေလးပင္။တစ္အိမ္လုံးပါးနဲ႔မားရဲ႕အေငြ႕အသက္ေတြျပည့္ေနတယ္ေပ်ာ္႐ြင္ဖြယ္ေကာင္းတဲ့သူတို႔မိသားစုရဲ႕ရယ္ေမာသံေလးေတြကေနရာတိုင္းပ်ံ႕လြင့္ေနသည္။
ရိေပၚကလွည့္ပတ္ၾကည့္ေနရင္းဗီ႐ိုထိပ္ဆုံးေပၚမွာတစြန္းတစထြက္ေနတဲ့အရာကိုေတြ႕ေတာ့လွမ္းယူတယ္။သူ႔အရပ္ထက္ျမင့္ေနတာမလို႔ေျခဖ်ားေထာက္ကာယူလိုက္သည္။လက္ထဲေရာက္လာတာကေဘာင္ခတ္ထားျခင္းမရွိတဲ့အေရာင္ျပယ္စျပဳေနတဲ့ဓာတ္ပုံတစ္ခုပင္...ဖုန္ေတြထပ္ေနတာမလို႔ေလနဲ႔မႈတ္လိုက္ေတာ့ဖုန္ေတြအမ်ားႀကီးလြင့္သြားၿပီးဓာတ္ပုံေလးက႐ုပ္လုံးပီသလာတယ္။ဓာတ္ပုံထဲေပ်ာ္႐ြင္ေနၾကတဲ့မိသားစုေလး..
"ေရွာင္းက်န္႔..ဒါမင္းတို႔မိသားစုပုံလား"
ရိေပၚကစားပြဲကိုဖုန္သုတ္ေနတဲ့ေရွာင္းက်န္႔ကိုေမးေတာ့လွည့္ၾကည့္လာသည္။
"အင္း ဟုတ္မွာေပါ့"
"ဘာလို႔ကေလးကႏွစ္ေယာက္ျဖစ္ေနတာလဲေရွာင္းလင္မယားမွာသားတစ္ေယာက္ပဲရွိတာမဟုတ္ဘူးလား"
ရိေပၚကနားမလည္ဟန္မ်က္ေမွာင့္ၾကဳပ္ၿပီးေမးေတာ့ေရွာင္းက်န္႔ကဖုန္သုတ္ေနရာကေနရိေပၚအနားေရာက္လာသည္။ရိေပၚဆီကဓာတ္ပုံကိုယူၾကည့္ေတာ့ပါးနဲ႔မားရယ္ၿပီးေတာ့မားကသူ႔ကိုခ်ီထားတယ္ဒါ့အျပင္ကေလးတစ္ေယာက္ကလဲသူတို႔ေရွ႕မွာအစြမ္းကုန္ၿပဳံးရယ္ေနတယ္။ဒါသူသုံးႏွစ္အ႐ြယ္တုန္းကပဲ...ေရွာင္းက်န္႔ကရိေပၚကိုစိတ္ရႈပ္ေထြးေနတဲ့ပုံႏွင့္ၾကည့္သည္။
"ပါးနဲ႔မားမွာငါတစ္ေယာက္ပဲရွိတာပါ သူကဘယ္သူလဲ.."
"မင္းတို႔ကစားစရာေတြလဲႏွစ္ခုေတြျဖစ္ေနတယ္ေနာ္ဆင္တူေလးေတြခ်ည္းပဲ"
ေရွာင္းက်န္႔က ကစားစရာေတြကိုလွည့္ၾကည့္လိုက္တယ္။ဟုတ္တယ္ အားလုံးကဆင္တူေလးေတြ ဒါေတြကိုပါးကအပိုဝယ္လာေပးခဲ့တာလို႔ထင္ေနတာ
"မင္းစဥ္းစားၾကည့္ပါလား"
"အဲ့ခ်ိန္ကငါအရမ္းငယ္ေသးတယ္သိပ္မမွတ္မိေတာ့ဘူး ဒါကပါး ဒါကမား ဒါကငါ..ဒီကေလးကဘယ္သူမ်ားလဲ"
ေရွာင္းက်န္႔ကဓာတ္ပုံထဲကလူေတြကိုေထာက္ျပၿပီးေျပာရင္းစဥ္းစားေနသည္။အခ်ိန္အေတာ္ၾကာစဥ္းစားေနၿပီးသူ႔ေခါင္းထဲဝင္လာတဲ့ပုံရိပ္တခ်ိဳ႕နဲ႔အသံေတြၾကားရတယ္.
ပါးပါးကိုလဲခ်စ္တယ္ မားမားကိုလဲခ်စ္တယ္ အားက်ယ္ကိုလဲခ်စ္တယ္ ခ္ခ္ခ္
ဟားးးအလည္ေလးအဲ့ဒါနဲ႔ပဲလုပ္စားသြားမွာ
အားက်ယ္ေရမားတို႔အျပင္သြားမလို႔ေရွာင္းငယ္ေလးကိုၾကည့္ထားေပးေနာ္
ဟုတ္ကဲ့မားမားနဲ႔ေရွာင္းဦးဦး ေကာင္းေကာင္းသြားပါ
ေရွာင္းငယ္ေလး ကိုကိုမုန္႔ေတြအမ်ားႀကီးဝယ္လာတယ္
ေကလး ကိုကိုမုန္႔လုံးေၾကာ္ လုပ္ေကြၽးမယ္ေနာ္
ေရွာင္းက်န္႔ေခါင္းထဲတရိပ္ရိပ္ေပၚလာတဲ့ျမင္ကြင္းေတြျဖစ္သည္။ဓာတ္ပုံထဲက ကေလးကိုၾကည့္ၿပီး
"သူကအားက်ယ္ပဲ "
"အားက်ယ္?"
"အင္းငါ့မွာအကိုတစ္ေယာက္ရွိဖူးတယ္ထင္တယ္ သူနာမည္ကေရွာင္းက်ယ္လို႔ေခၚတယ္ သူကမားကို မားလို႔ေခၚၿပီးပါးကိုေတာ့ေရွာင္းဦးဦးလို႔ေခၚတယ္.."
ေရွာင္းက်န္႔ကမ်က္လုံးေတြေမွးစင္းၿပီးအသဲအသန္ေတြးကာေျပာသည္။
"အေမတူဖေအကြဲေတြလား"
"ျဖစ္ႏိုင္တယ္"
မားမွာပါးအျပင္အရင္ကေယာက်ာ္းတစ္ေယာက္ရွိေနခဲ့တာလား။ဒါမွမဟုတ္ဒီကေလးကေမြးစားထားတာလား ပါးရဲ႕သားအရင္းေတာ့မျဖစ္ႏိုင္ဘူး။
"ဒါဆိုခုသူဘယ္ေရာက္သြားတာလဲ"
"ဟင့္အင္းငါမသိဘူး...သူကငါနဲ႔အၿမဲကစားေပးတယ္ဒါေပမဲ့ေနာက္ေတာ့သူ႔ကိုဘယ္ေတာ့မွမေတြ႕ရေတာ့ပဲေပ်ာက္သြားတာ..သူဘယ္ေရာက္သြားတာလဲငါမသိဘူးပါးနဲ႔မားကလဲသူ႔အေၾကာင္းတစ္စက္ေလးမွမဟခဲ့ဘူး"
ေရွာင္းက်န္႔ကေျပာေတာ့ရိေပၚကမ်က္ခုံးေတြစုက်ဳံ႕သြားသည္။သခင္ႀကီးဖန္းသူ႔ကိုေရွာင္းလင္မယားကိုသတ္ခိုင္းေတာ့ဘာလို႔ဒီအေၾကာင္းေတြမေျပာျပတာလဲသခင္ႀကီးဖန္းလဲမသိလို႔လား
ေရွာင္းက်န္႔ကဓာတ္ပုံကိုကိုင္ၿပီးအေတြးေတြခ်ဲ႕ကားသြားသည္။
"ေရွာင္းငယ္ေလး ကိုကို မုန္႔ေတြအမ်ားႀကီးဝယ္လာတယ္ ထစားပါအုံး"
၅ႏွစ္အ႐ြယ္ကေလးကအိပ္ယာေပၚေဘာလုံးေလးလိုလုံးလုံးေလးအိပ္ေနတဲ့၃ႏွစ္အ႐ြယ္ကေလးကိုေခ်ာ့ျမဴၿပီးအိပ္ယာႏွိူးေနသည္။ကေလးေလးကမထတာမလို႔ဆြဲထူထလိုက္တယ္။
"ကေလးထေတာ့ေလ မုန္႔ေတြမစားခ်င္ဘူးလား"
"ကိုကို အားက်န္႔မုန္႔လုံးေၾကာ္ပဲစားခ်င္တယ္ ဒါေတြစားခ်င္ဘူး"
ကေလးကမပီကလာပီကလာႏွင့္ဂ်ီက်ေနေတာ့ေရွာင္းက်ယ္ဘာလုပ္ေပးရမယ္မသိေပ။
"မားတို႔ကအျပင္သြားတယ္ ျပန္လာမွလုပ္ခိုင္းမယ္ေလ ဟုတ္ၿပီလား ေရွာင္းငယ္ေလးကလိမၼာပါတယ္"
"ရဘူး ရဘူး ရဘူး ခုပဲစားခ်င္တာ ခုပဲေကြၽး"
"ေကာင္းၿပီးေကာင္းၿပီ မငိုနဲ႔ေတာ့ အရင္ဆုံးအိပ္ယာေတြသိမ္းလိုက္အုံးမယ္ၿပီးရင္ကိုကိုလုပ္ေပးမယ္ေနာ္"
"အြန္း"
ေရွာင္းငယ္ေလးကေပ်ာ္႐ြင္သြားေတာ့အားက်ယ္ကေရွာင္းငယ္ေလးရဲ႕အိပ္ယာေတြသိမ္းေပးသည္။ေရွာင္းငယ္ေလးကတခ္ခ္ရယ္ၿပီးအားက်ယ္လုပ္သလိုလိုက္လုပ္တယ္။ဒါေပမဲ့ေစာင္ႀကီးကိုမေခါက္တတ္ေတာ့ေစာင္နဲ႔ပတ္မိၿပီးပိုးတုံးလုံးေလးလိုတြန္႔လိမ္ေနေတာ့သည္။အားက်ယ္ကေအာ္ရယ္ၿပီးကူညီေပးတယ္။ေရွာင္းငယ္ေလးရဲ႕ပါးကိုေမႊးၾကဴၿပီးေရခ်ိဳးခန္းထဲဝင္ကာမ်က္ႏွာသစ္သြားတိုက္ေပးသည္။ေရွာင္းငယ္ေလးကအရမ္းဆိုးတယ္အားက်ယ္ကိုေရနဲ႔ပက္တယ္
"ဟားးခ္ခ္ခ္..ကိုကိုေရေတြစိုကုန္ၿပီး"
"ကေလး လိမၼာတယ္မေဆာ့နဲ႔ေတာ့"
မ်က္ႏွာသစ္ေပးၿပီးေတာ့အားက်ယ္ကမီးဖိုခန္းထဲဝင္ကာခုံတစ္လုံးဆြဲယူၿပီးအေပၚတက္ကာေရွာင္းငယ္ေလးအတြက္မုန္႔လုံးေၾကာ္ေတြလုပ္ေပးပါေတာ့တယ္။ဒါေပမဲ့ငါးႏွစ္ပဲရွိေသးတာဘယ္လိုလုပ္ႏိုင္မွာလဲ လက္ကိုလဲဆီပူေလာင္ေသးသည္။ဒါေပမဲ့အားက်ယ္ကညီငယ္ေလးကိုစားေစခ်င္လို႔အားႀကိဳးမာန္တက္လုပ္ေနပါေတာ့တယ္။
"ေရွာင္းငယ္ေလး..မုန္႔လုံးေၾကာ္ရၿပီလာစားေတာ့"
ျခဴလုံးေလးကိုင္ကာလုံးတုံးတုံးနဲ႔ေျပးလာတဲ့ေရွာင္းငယ္ေလးကထိုင္ခုံကေနတဆင့္စားပြဲေပၚကုတ္တက္ၿပီးတက္ထိုင္ေနသည္။အားက်ယ္ကမုန္႔လုံးေၾကာ္ပန္ကန္ကိုစားပြဲေပၚတင္တယ္။စားပြဲကသူ႔တစ္ရပ္စာရွိေနတာမလို႔ေျခဖ်ားေထာက္ၿပီးတင္လိုက္တယ္။ထို႔ေနာက္သူလဲထိုင္ခုံေပၚတက္ထိုင္ေနသည္။
ေရွာင္းငယ္ေလးကမုန္႔လုံးေၾကာ္ေတြၾကည့္ၿပီးစားဖို႔တြန္႔ဆုတ္ေနတယ္။
"ကိုကို...ဘာလို႔မဲမဲတူးတူးေလးေတြျဖစ္ေနတာလဲ"
"ဒယ္အိုးဖင္ကပ္သြားတာေလ"
"ဟြန္႔ ကိုကိုလုပ္တာ မားမားလိုလဲလွလွေလးဟုတ္ဘူးမဲတူးေနတာပဲ"
မုန္႔လုံးေၾကာ္ေတြကမဲက်ဳံ႕ၿပီး႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနသည္။ေရွာင္းငယ္ေလးကတစ္ခုယူစားၾကည့္ေတာ့ခ်ဥ္တယ္ဆိုၿပီးရႈံ႕မဲ့ေနတယ္။တကယ္ေတာ့ခါးတယ္လို႔ေျပာခ်င္တာပါ ေရွာင္းငယ္ေလးကခါးတယ္ေျပာမတတ္လို႔ခ်ဥ္တယ္ေျပာေနတယ္..
အားက်ယ္ကဆုံးျဖတ္လိုက္တယ္သူမုန္႔လုံးေၾကာ္လုပ္တတ္ေအာင္သင္ယူေလ့က်င့္မည္။တစ္ေန႔က်ရင္ေရွာင္းငယ္ေလးအတြက္အရသာအရွိဆုံးမုန္႔လုံးေၾကာ္ေတြလုပ္ေကြၽးမည္ဟုရည္႐ြယ္ခ်က္ထားခဲ့သည္။
ဒါေပမဲ့ေရွာင္းငယ္ေလးအသက္၅ႏွစ္မွာပဲအားက်ယ္ဟာေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့တယ္။ပါးနဲ႔မားကလဲအားက်ယ္အေၾကာင္းလုံးဝမေျပာေတာ့ပဲသူတို႔မွာေရွာင္းက်န္႔ဆိုတဲ့သားတစ္ေယာက္ပဲရွိသလိုေနလာခဲ့တာေၾကာင့္ေရွာင္းငယ္ေလးဟာသူ႔အကို ကိုေမ့ေပ်ာက္သြားခဲ့သည္။အားက်ယ္အသက္ရွင္ေနေသးလား ဒါမွမဟုတ္ေလာကႀကီးကထြက္ခြာသြားၿပီလား....ဘယ္သူသိႏိုင္မွာလဲ။
💚💛❤