[Unicode]
ယနေ့မနက်စာ စားချိန်လေးဟာ အတော်ကိုတိတ်ဆိတ်နေသည် တချွင်ချွင်မြည်နေတဲ့ ဇွန်းခရင်းသံများနှင့် အသက်ရှူသံများမှ လွဲရင်မည်သည့်အသံမှ မကြားရ စားဝိုင်းအလယ်မှာရပ်နေတဲ့ ဒေါ်ကြီးပုတယောက်မှာတော့ ချွေးစေးတွင်ပင်ပြန်လို့နေသည်
မြိုင်အရှေ့က နန်းကြီးသုပ်ပန်းကန်ကို တို့ဆုတ်တို့ဆုတ်သာလုပ်နေသည် ပါးစပ်ထဲသို့ရောက်သည်က နည်းပြီး ခရင်းနဲ့ထိုးဆိတ်၍ အပိုင်းပိုင်းပျက်သွားသည့် ခေါက်ဆွဲလေးဖက်လေးများသည်သာ သနားဖွယ်ကြောင်းလှအောင် များလာသည်
မြိုင်တစုံတခုကို အတော်လေးစဥ်းစားနေပြီး စိတ်နဲ့လူနဲ့မကပ် တခါခါစိတ်ပြန်ကပ်တော့လည်း ထိုအရှေ့က သူ့လိုပဲအတွေးလွန်နေတဲ့ မောင့်ကိုခိုးခိုးကြည့်နေမိတယ် ဪတကယ်ပါ မြိုင့်နယ်လည်း ကိုယ်ယောက်ကျားကိုကိုယ် ခိုးကြည့်နေရတဲ့ဘဝ
မြိုင့်မှာ တခုခုကို ပြောဖို့ကြံရွယ်လိုက်တိုင်း တွေဝေခြင်းများကြောင့် သက်ပြင်းချသံများဖြင့်သာ အဆုံးသတ်သွားရပြန်
ထိုက်မှာလည်း ထို့အတူပင်
"ညကကိစ္စကို..''
အတော်ကြာအောင် တိတ်ဆိတ်နေပါသော လေထုအား မြိုင်က ချေပျက်ရန်လုပ်လိုက်သည် ဘာကြောင့်လည်းဆိုရင် တကယ်မနေနိုင်တဲ့သူက မြိုင်မလား သူမ မောင့်ကိုချစ်တာမို့ သူမသာလက်မြောက်အရှုံးပေးလိုက်ရပါတော့သည် သို့သော်
မောင့်ဆီမှ မည်သည့်စကားတခုလုံးမှ ပြန်မလာပဲ တိတ်ဆိတ်နေလျက်သာ
မြိုင့်စကားမဆုံးသေး မောင့်ဆီကို ဖုန်းတကော်ဝင်လာတယ် ကျမမောင့်ဆီကိုဆက်လာတဲ့ ထိုဖုန်းကော်ကို လှမ်းကြည့်မိလိုက်ပေမဲ့ မောင်ကချက်ချင်းဆိုသလို ကောက်ကိုင်လိုက်တယ်
'မောင်ကျမကို ဖုံးကွယ်ထားချင်ပြန်ပြီ'
ဖုန်းကောက်ကိုင်လိုက်ပြီးချက်ချင်း မောင်ထိုင်နေရာကနေ ထွက်သွားတော့သည် မည်သူနဲ့ဖုန်းပြောနေမှန်းမသိပေမဲ့ မောင့်ရဲ့ ရီသံသဲ့သဲ့ကို ကျမကြားလိုက်ရတယ်...
မြိုင်စကားတောင်ဆုံးအောင် မပြောလိုက်ရ
မြိုင်ရဲ့လက်ထဲမှာရှိတဲ့ ဇွန်းကလေးဟာ မြိုင့်ရဲ့တင်းကြပ်စွာဆုပ်ကိုင်ထားခြင်းကို ခံထားရသည် တားနေပါလျက်နဲ့ မျက်ရည်တွေမှာ ထပ်မံပြီး မြိုင့်ရဲ့ပါးပြင်ပေါ်ကို မဖိတ်ခေါ်ပဲနဲ့ ရောက်လာပြန်သည်
'မောင်ကျမကို လျစ်လျူရှုသွားတယ်'
"သမီးမြိုင် လက်ထဲမှာကိုင်ထားတဲ့ ဇွန်းကိုချလိုက်ပါကွယ် လက်တွေနာရောပေါ့ ချလိုက်ပါနော်''
ဒေါ်ကြီးပုမှာ မြိုင့်လက်ထဲက တင်းကြပ်စွာ ဆုတ်ကိုင်ထားသောဇွန်းကို ချခိုင်းလိုက်ပြီး နီရဲနေတဲ့ မြိုင့်ရဲ့လက်ဖဝါးနုနုလေးကို ကြီးပု ဝမ်းနည်းစွာကြည့်သာနေရတော့သည်
'သားထိုက်က သမီးမြိုင်ကိုချစ်ပေမဲ့ ခေါင်းမာပြီးအရမ်းရွဲ့လွန်းတော့ ခက်ပါရဲ့'
"သားထိုက်က စိတ်ဆိုးနေတုံး ခနရယ်ပါ သမီးရယ်ပြီးရင် အဆင်ပြန်ပြေသွားမှာပါ သမီးလည်းသားထိုက်အကြောင်းသိရဲ့နဲ့''
ဒေါ်ကြီးပုကိုယ်တိုင်မှာလည်း မြိုင့်ကိုနှိမ့်သိမ့်ပေးနိုင်ယုံမှအပ မည်သည်မှမတက်နိုင်
"ကြီးပု မောင်မြိုင့်ကို ငြီးငွေ့လာနေပြီထင်တယ်''
မြိုင့်အသံတွေ အတော်ကိုတုန်ယင်နေလေရဲ့
အချိန်တွေဟာ ကုန်တာမြန်လှတယ် ၁နှစ်နဲ့၉လဆိုတဲ့အချိန်တွေက မြန်မြန်ကုန်ဆုံးသွားသလိုပဲ..
"အယ်..သမီးရယ် ဘာတွေပြောနေတာလဲ မဟုတ်တာတွေမတွေးပါနဲ့ သမီးရယ် သားထိုက်ကသမီးကိုဒီလောက်ချစ်တာကို ငြီးငွေ့စရာလား ''
မြိုင့်မှာ ဒေါ်ကြီးပုရဲ့စကားကို ရေးရေးလေးသာ ပြုံးပြရှာတယ်.....
"ဟဲ့ အဲ့တာအရမ်းfoulတာနော် နင်အရူးလားဟမ် ''
မြိုင့်မှာ မျက်နှာညိုး''လေးဖြင့် မီမီသော့်၏ဆူသံကိုသာ နားထောင်၍ နေရသည်
"မိသွန်း နင့်အဲ့မျက်နှာလုပ်မနေနဲ့ အခုကိစ္စမှာ နင်လုံးဝမမှားဘူး နင်ကြည့်သူ့ဟာသူကြ ဟိုစနိုက်မနဲ့ပလူးနေတော့အကောင်း နင်ကြဒီတိုင်းစကားလေးပြောတာကို ဘာစိတ်ဆိုးစရာရှိလည်း ငါမရှိနေလို့ ရှိနေရင်မလွယ်ဘူး နင်လည်းဂျိုကိုမှ ရွှေတွေ စိန်တွေ ပတ္တမြားတွေ ကွပ်ပေးထားလို့ရနေပြီသိလား''
"မိသော်မရယ် သွန်းကိုအဲ့လိုကြီးတော့လည်း မပြောပါနဲ့ သူမင်းထိုက်ဝဿန်ကို ဘယ်လောက်ချစ်လည်း ငါတို့လည်းသိတာပဲ''
"တေဇရယ် ငါကသူ့အတွက်မခံချင်လွန်းလို့ ပြောနေတာပါ''ဟုပြောရင်း မီမီသော်မှာ ဒေါသတွေ ထွက်လွန်းရသဖြင့် ထိုင်ခုံကို တဒုန်းဒုန်းထုနေတော့သည်
"ငါသိပါတယ် အခုက ပြသာနာတွေ ပိုမရှုပ်လာအောင်လုပ်ရမှာလေ နင်ပြောမှမသိရင် မင်းထိုက်နဲ့ ဟိုတယောက်နဲ့က ဘာလိုလို သွန်းဝမ်းနည်းနေပါအုံးမယ်''
မီမီသော်နဲ့ တေဇမာန်တို့ရဲ့ စကားတွေကို မြိုင့်မှာ ငြိမ်ပြီးနားထောင်နေယုံသာ လူကအသက်မရှိသလို မှိုင်ထွေထွေနဲ့
တေဇမာန်မှာလည်း မြိုင်အခုလိုဖြစ်နေပုံကို အားမရသောကြောင့် ''နင် ဘာလုပ်မလို့စိတ်ကူးထားလည်း '' ဟုသာ မနေနိုင်မထိုင်နိုင် မေးလိုက်ရသည်
"ငါ မသိဘူးတေဇ''
မြိုင့်ရဲ့ တိုးညှင်းညှင်း အသံလေးကိုနားထောင်မိရင်း သူငယ်ချင်း၂ယောက်လုံးမှာ အတော်ပင် စိတ်မကောင်းဖြစ်သွားရသည်
" ငါပြောပြမယ် နင်သူ့ကို ချစ်တာလည်းချစ်တာပေါ့ဟာ ဒါပေမဲ့ ငါပြောတာကို စိတ်မဆိုးနဲ့နော် ''
မီမီသောက မြိုင်ခေါင်းညိမ့်သည်အထိ စောင့်ပြီးစကားဆက်လေသည်
"အကယ်လို့သာဟာ သူတို့နှစ်ယောက် တကယ်ဖြစ်နေကြရင်''
"မီမီသော့်! မောင်ကအဲ့လိုလုပ်မှာ မဟုတ်လောက်ပါဘူး''
မြိုင် ရုတ်တရပ်ပင် ထအော်လိုက်သည် မီမီသော့်ကို ဒေါသထွက်၍ပင်မဟုတ် သူမပြောလိုက်သောစကား အမှန်တကယ်ဖြစ်လာမည်ကို လက်မခံနိုင်သောကြောင့်သာ
"ငါကအဖြစ်ပြောပြနေတာလေ ငါအခုလို ပါးစပ်နဲ့ပြောတာတောင် နင်မခံနိုင်တာ နင်ဒီလိုပဲ လွှတ်ထားတော့မှာလား လုပ်မယ်မလုပ်ဘူးဆိုတာရော နင်တပ်အပ်ပြောနိုင်မှာမို့လို့လား''
မြိုင့်မှာ တိတ်ဆိတ်လို့သာသွားရပြန်သည်
နင်သာ...နင်သာ ငါနဲ့မောင့်ဘဝထဲကို ထပ်မပေါ်လာခဲ့ဘူးဆိုရင် အခုလိုတွေ ဖြစ်လာစရာအကြောင်းရှိမှာမဟုတ်ဘူး ..
ညက ကိစ္စကို တရေးရေးခေါင်းထဲမှာ စဥ်းစားနေမိသည် ထိုယောက်ကျားလေးတယောက်နဲ့ မိန်းကလေးတယောက်က မမမြိုင်နဲ့ဘာတွေလည်း မမမြိုင်ကို ဘာလို့ မ လို့ခေါ်လိုက်ရတာလည်း မဟုတ်မှလွဲရော..
အာ.. မဟုတ်လောက်ပါဘူး မဟုတ်လောက်ဘူး ကျွန်တော်တွေးမိခဲ့လို မဖြစ်ပါစေနဲ့
နှောင်းမှာ တညလုံး ထိုအတွေးမှာကြောင့် အိပ်မရခဲ့ တွေ့ခဲ့တာတောင် ဘယ်လောက်မှမကြာသေးတဲ့ အမျိုးသမီးတယောက်က အဲ့ထိလောက်အထိသူမကို စွဲလမ်းစေသည်တဲ့လား ဟင့်အင်း မဟုတ်ဘူး သူမသဘောကျခဲ့ရတဲ့မိန်းကလေးက ထိုအမျိုးသမီးဖြစ်နေခဲ့လို
နှောင်းနံရံတွေကို မျက်စိရောက်သွားထဲ့တယ် ဟုတ်တယ် သူမ... မျက်နှာကိုမမြင်ဘူးခင်ထိ အထဲက သိပ်ကိုစွဲလမ်းခဲ့ရတာ သူမကိုအပိုင်လိုချင်တယ် မျက်နှာလေး မြင်ရဖို့အထိတောင် ဘယ်လောက်အထိကြိုးစားခဲ့ရလည်း
နှောင်းအိပ်ခန်းရဲ့ နံရံပေါ်က နေရာအပြည့်မှာ maskတပ်ထားတဲ့ မိန်းကလေးတယောက်၏ပုံများစွာကို မြင်တွေ့လိုက်ရခြင်းအားဖြင့် သူမ ထိုမိန်းကလေးကို ဘယ်လောက်စွဲလန်းနေလည်းဆိုတာကို သိနိုင်လိမ့်မည် သူမရဲ့ ပထမဦးဆုံးပွဲဦးထွက် ပြိုင်ပွဲတုံးကတည်းက သူမကို တွေ့ချင်တာအခုဆိရင်5နှစ်တောင်ရှိပြီးလား သူမရဲ့gameအမည်မှ လွဲ၍မည်သည်ကို မျှစုံစမ်းမရခဲ့
သူမကြောင့်သာ ထိုgame playerလုပ်ဖြစ်ခဲ့တာဖြစ်သည် သူမကြောင့်သာ တနေ့တနေ့ရှင်သန်ရမဲ့ နေ့တွေပိုများလာတာဖြစ်တယ်
ကျွန်တော်အတွေးတွေ မှန်ခဲ့ခဲ့ မခဲ့ခဲ့ ကျွန်တော်ဂရုစိုက်မှာမဟုတ်ဘူး ဘာလို့လည်းဆိုတော့ ကျွန်တော်အပိုင်ဆိုင်ချင်ဆုံးလူကို ရှာတွေသွားပြီမို့ ကျွန်တော်ဘာကိုမှ ဂရုစိုက်မှမဟုန်ဘူး အရှုပ်တွေရှိနေခဲ့ရင်လည်း ကျွန်တော်ရှင်းပစ်ရဖို့ လက်နှေးနေမှာမဟုတ်ဘူး......
ပျောက်နေတာ အတော်ကြာသွားလို့ စိတ်ဆိုးနေကြမယ်ထင်တယ် အခုကစပြီး ပုံမှန်ပြန်upနိုင်ဖို့
ကြိုးစားသွားပါ့မယ်နော်🌻
================================================================
[Zawgyi]
ယေန့မနက္စာ စားခ်ိန္ေလးဟာ အေတာ္ကိုတိတ္ဆိတ္ေနသည္ တခြၽင္ခြၽင္ျမည္ေနတဲ့ ဇြန္းခရင္းသံမ်ားႏွင့္ အသက္ရႉသံမ်ားမွ လြဲရင္မည္သည့္အသံမွ မၾကားရ စားဝိုင္းအလယ္မွာရပ္ေနတဲ့ ေဒၚႀကီးပုတေယာက္မွာေတာ့ ေခြၽးေစးတြင္ပင္ျပန္လို႔ေနသည္
ၿမိဳင္အေရ႔ွက နန္းႀကီးသုပ္ပန္းကန္ကို တို႔ဆုတ္တို႔ဆုတ္သာလုပ္ေနသည္ ပါးစပ္ထဲသို႔ေရာက္သည္က နည္းၿပီး ခရင္းနဲ႔ထိုးဆိတ္၍ အပိုင္းပိုင္းပ်က္သြားသည့္ ေခါက္ဆြဲေလးဖက္ေလးမ်ားသည္သာ သနားဖြယ္ေၾကာင္းလွေအာင္ မ်ားလာသည္
ၿမိဳင္တစံုတခုကို အေတာ္ေလးစဥ္းစားေနၿပီး စိတ္နဲ႔လူနဲ႔မကပ္ တခါခါစိတ္ျပန္ကပ္ေတာ့လည္း ထိုအေရ႔ွက သူ႔လိုပဲအေတြးလြန္ေနတဲ့ ေမာင့္ကိုခိုးခိုးၾကည့္ေနမိတယ္ ဪတကယ္ပါ ၿမိဳင့္နယ္လည္း ကိုယ္ေယာက္က်ားကိုကိုယ္ ခိုးၾကည့္ေနရတဲ့ဘဝ
ၿမိဳင့္မွာ တခုခုကို ေျပာဖို႔ႀကံရြယ္လိုက္တိုင္း ေတြေဝျခင္းမ်ားေၾကာင့္ သက္ျပင္းခ်သံမ်ားျဖင့္သာ အဆံုးသတ္သြားရျပန္
ထိုက္မွာလည္း ထို႔အတူပင္
"ညကကိစၥကို..''
အေတာ္ၾကာေအာင္ တိတ္ဆိတ္ေနပါေသာ ေလထုအား ၿမိဳင္က ေခ်ပ်က္ရန္လုပ္လိုက္သည္ ဘာေၾကာင့္လည္းဆိုရင္ တကယ္မေနႏိုင္တဲ့သူက ၿမိဳင္မလား သူမ ေမာင့္ကိုခ်စ္တာမို႔ သူမသာလက္ေျမာက္အရႈံးေပးလိုက္ရပါေတာ့သည္ သို႔ေသာ္
ေမာင့္ဆီမွ မည္သည့္စကားတခုလံုးမွ ျပန္မလာပဲ တိတ္ဆိတ္ေနလ်က္သာ
ၿမိဳင့္စကားမဆံုးေသး ေမာင့္ဆီကို ဖုန္းတေကာ္ဝင္လာတယ္ က်မေမာင့္ဆီကိုဆက္လာတဲ့ ထိုဖုန္းေကာ္ကို လွမ္းၾကည့္မိလိုက္ေပမဲ့ ေမာင္ကခ်က္ခ်င္းဆိုသလို ေကာက္ကိုင္လိုက္တယ္
'ေမာင္က်မကို ဖံုးကြယ္ထားခ်င္ျပန္ၿပီ'
ဖုန္းေကာက္ကိုင္လိုက္ၿပီးခ်က္ခ်င္း ေမာင္ထိုင္ေနရာကေန ထြက္သြားေတာ့သည္ မည္သူနဲ႔ဖုန္းေျပာေနမွန္းမသိေပမဲ့ ေမာင့္ရဲ့ ရီသံသဲ့သဲ့ကို က်မၾကားလိုက္ရတယ္...
ၿမိဳင္စကားေတာင္ဆံုးေအာင္ မေျပာလိုက္ရ
ၿမိဳင္ရဲ့လက္ထဲမွာရိွတဲ့ ဇြန္းကေလးဟာ ၿမိဳင့္ရဲ့တင္းၾကပ္စြာဆုပ္ကိုင္ထားျခင္းကို ခံထားရသည္ တားေနပါလ်က္နဲ႔ မ်က္ရည္ေတြမွာ ထပ္မံၿပီး ၿမိဳင့္ရဲ့ပါးျပင္ေပၚကို မဖိတ္ေခၚပဲနဲ႔ ေရာက္လာျပန္သည္
'ေမာင္က်မကို လ်စ္လ်ူရႈသြားတယ္'
"သမီးၿမိဳင္ လက္ထဲမွာကိုင္ထားတဲ့ ဇြန္းကိုခ်လိုက္ပါကြယ္ လက္ေတြနာေရာေပါ့ ခ်လိုက္ပါေနာ္''
ေဒၚႀကီးပုမွာ ၿမိဳင့္လက္ထဲက တင္းၾကပ္စြာ ဆုတ္ကိုင္ထားေသာဇြန္းကို ခ်ခိုင္းလိုက္ၿပီး နီရဲေနတဲ့ ၿမိဳင့္ရဲ့လက္ဖဝါးႏုႏုေလးကို ႀကီးပု ဝမ္းနည္းစြာၾကည့္သာေနရေတာ့သည္
'သားထိုက္က သမီးၿမိဳင္ကိုခ်စ္ေပမဲ့ ေခါင္းမာၿပီးအရမ္းရြဲ႔လြန္းေတာ့ ခက္ပါရဲ့'
"သားထိုက္က စိတ္ဆိုးေနတံုး ခနရယ္ပါ သမီးရယ္ၿပီးရင္ အဆင္ျပန္ေျပသြားမွာပါ သမီးလည္းသားထိုက္အေၾကာင္းသိရဲ့နဲ႔''
ေဒၚႀကီးပုကိုယ္တိုင္မွာလည္း ၿမိဳင့္ကိုႏိွမ့္သိမ့္ေပးႏိုင္ယံုမွအပ မည္သည္မွမတက္ႏိုင္
"ႀကီးပု ေမာင္ၿမိဳင့္ကို ၿငီးေငြ့လာေနၿပီထင္တယ္''
ၿမိဳင့္အသံေတြ အေတာ္ကိုတုန္ယင္ေနေလရဲ့
အခ်ိန္ေတြဟာ ကုန္တာျမန္လွတယ္ ၁ႏွစ္နဲ႔၉လဆိုတဲ့အခ်ိန္ေတြက ျမန္ျမန္ကုန္ဆံုးသြားသလိုပဲ..
"အယ္..သမီးရယ္ ဘာေတြေျပာေနတာလဲ မဟုတ္တာေတြမေတြးပါနဲ႔ သမီးရယ္ သားထိုက္ကသမီးကိုဒီေလာက္ခ်စ္တာကို ၿငီးေငြ့စရာလား ''
ၿမိဳင့္မွာ ေဒၚႀကီးပုရဲ့စကားကို ေရးေရးေလးသာ ၿပံဳးျပရွာတယ္.....
"ဟဲ့ အဲ့တာအရမ္းfoulတာေနာ္ နင္အရူးလားဟမ္ ''
ၿမိဳင့္မွာ မ်က္ႏွာညိုး''ေလးျဖင့္ မီမီေသာ့္၏ဆူသံကိုသာ နားေထာင္၍ ေနရသည္
"မိသြန္း နင့္အဲ့မ်က္ႏွာလုပ္မေနနဲ႔ အခုကိစၥမွာ နင္လံုးဝမမွားဘူး နင္ၾကည့္သူ႔ဟာသူၾက ဟိုစႏိုက္မနဲ႔ပလူးေနေတာ့အေကာင္း နင္ၾကဒီတိုင္းစကားေလးေျပာတာကို ဘာစိတ္ဆိုးစရာရိွလည္း ငါမရိွေနလို႔ ရိွေနရင္မလြယ္ဘူး နင္လည္းဂ်ိဳကိုမွ ေရႊေတြ စိန္ေတြ ပတၲျမားေတြ ကြပ္ေပးထားလို႔ရေနၿပီသိလား''
"မိေသာ္မရယ္ သြန္းကိုအဲ့လိုႀကီးေတာ့လည္း မေျပာပါနဲ႔ သူမင္းထိုက္ဝႆန္ကို ဘယ္ေလာက္ခ်စ္လည္း ငါတို႔လည္းသိတာပဲ''
"ေတဇရယ္ ငါကသူ႔အတြက္မခံခ်င္လြန္းလို႔ ေျပာေနတာပါ''ဟုေျပာရင္း မီမီေသာ္မွာ ေဒါသေတြ ထြက္လြန္းရသျဖင့္ ထိုင္ခံုကို တဒုန္းဒုန္းထုေနေတာ့သည္
"ငါသိပါတယ္ အခုက ျပသာနာေတြ ပိုမရႈပ္လာေအာင္လုပ္ရမွာေလ နင္ေျပာမွမသိရင္ မင္းထိုက္နဲ႔ ဟိုတေယာက္နဲ႔က ဘာလိုလို သြန္းဝမ္းနည္းေနပါအံုးမယ္''
မီမီေသာ္နဲ႔ ေတဇမာန္တို႔ရဲ့ စကားေတြကို ၿမိဳင့္မွာ ၿငိမ္ၿပီးနားေထာင္ေနယံုသာ လူကအသက္မရိွသလို မိႈင္ေထြေထြနဲ႔
ေတဇမာန္မွာလည္း ၿမိဳင္အခုလိုျဖစ္ေနပံုကို အားမရေသာေၾကာင့္ ''နင္ ဘာလုပ္မလို႔စိတ္ကူးထားလည္း '' ဟုသာ မေနႏိုင္မထိုင္ႏိုင္ ေမးလိုက္ရသည္
"ငါ မသိဘူးေတဇ''
ၿမိဳင့္ရဲ့ တိုးၫွင္းၫွင္း အသံေလးကိုနားေထာင္မိရင္း သူငယ္ခ်င္း၂ေယာက္လံုးမွာ အေတာ္ပင္ စိတ္မေကာင္းျဖစ္သြားရသည္
" ငါေျပာျပမယ္ နင္သူ႔ကို ခ်စ္တာလည္းခ်စ္တာေပါ့ဟာ ဒါေပမဲ့ ငါေျပာတာကို စိတ္မဆိုးနဲ႔ေနာ္ ''
မီမီေသာက ၿမိဳင္ေခါင္းညိမ့္သည္အထိ ေစာင့္ၿပီးစကားဆက္ေလသည္
"အကယ္လို႔သာဟာ သူတို႔ႏွစ္ေယာက္ တကယ္ျဖစ္ေနၾကရင္''
"မီမီေသာ့္! ေမာင္ကအဲ့လိုလုပ္မွာ မဟုတ္ေလာက္ပါဘူး''
ၿမိဳင္ ရုတ္တရပ္ပင္ ထေအာ္လိုက္သည္ မီမီေသာ့္ကို ေဒါသထြက္၍ပင္မဟုတ္ သူမေျပာလိုက္ေသာစကား အမွန္တကယ္ျဖစ္လာမည္ကို လက္မခံႏိုင္ေသာေၾကာင့္သာ
"ငါကအျဖစ္ေျပာျပေနတာေလ ငါအခုလို ပါးစပ္နဲ႔ေျပာတာေတာင္ နင္မခံႏိုင္တာ နင္ဒီလိုပဲ လႊတ္ထားေတာ့မွာလား လုပ္မယ္မလုပ္ဘူးဆိုတာေရာ နင္တပ္အပ္ေျပာႏိုင္မွာမို႔လို႔လား''
ၿမိဳင့္မွာ တိတ္ဆိတ္လို႔သာသြားရျပန္သည္
နင္သာ...နင္သာ ငါနဲ႔ေမာင့္ဘဝထဲကို ထပ္မေပၚလာခဲ့ဘူးဆိုရင္ အခုလိုေတြ ျဖစ္လာစရာအေၾကာင္းရိွမွာမဟုတ္ဘူး ..
ညက ကိစၥကို တေရးေရးေခါင္းထဲမွာ စဥ္းစားေနမိသည္ ထိုေယာက္က်ားေလးတေယာက္နဲ႔ မိန္းကေလးတေယာက္က မမၿမိဳင္နဲ႔ဘာေတြလည္း မမၿမိဳင္ကို ဘာလို႔ မ လို႔ေခၚလိုက္ရတာလည္း မဟုတ္မွလြဲေရာ..
အာ.. မဟုတ္ေလာက္ပါဘူး မဟုတ္ေလာက္ဘူး ကြၽန္ေတာ္ေတြးမိခဲ့လို မျဖစ္ပါေစနဲ႔
ေနွာင္းမွာ တညလံုး ထိုအေတြးမွာေၾကာင့္ အိပ္မရခဲ့ ေတြ့ခဲ့တာေတာင္ ဘယ္ေလာက္မွမၾကာေသးတဲ့ အမ်ိဳးသမီးတေယာက္က အဲ့ထိေလာက္အထိသူမကို စြဲလမ္းေစသည္တဲ့လား ဟင့္အင္း မဟုတ္ဘူး သူမသေဘာက်ခဲ့ရတဲ့မိန္းကေလးက ထိုအမ်ိဳးသမီးျဖစ္ေနခဲ့လို
ေနွာင္းနံရံေတြကို မ်က္စိေရာက္သြားထဲ့တယ္ ဟုတ္တယ္ သူမ... မ်က္ႏွာကိုမျမင္ဘူးခင္ထိ အထဲက သိပ္ကိုစြဲလမ္းခဲ့ရတာ သူမကိုအပိုင္လိုခ်င္တယ္ မ်က္ႏွာေလး ျမင္ရဖို႔အထိေတာင္ ဘယ္ေလာက္အထိႀကိဳးစားခဲ့ရလည္း
ေနွာင္းအိပ္ခန္းရဲ့ နံရံေပၚက ေနရာအျပည့္မွာ maskတပ္ထားတဲ့ မိန္းကေလးတေယာက္၏ပံုမ်ားစြာကို ျမင္ေတြ့လိုက္ရျခင္းအားျဖင့္ သူမ ထိုမိန္းကေလးကို ဘယ္ေလာက္စြဲလန္းေနလည္းဆိုတာကို သိႏိုင္လိမ့္မည္ သူမရဲ့ ပထမၪီးဆံုးပြဲၪီးထြက္ ၿပိဳင္ပြဲတံုးကတည္းက သူမကို ေတြ့ခ်င္တာအခုဆိရင္5ႏွစ္ေတာင္ရိွၿပီးလား သူမရဲ့gameအမည္မွ လြဲ၍မည္သည္ကို မ်ွစံုစမ္းမရခဲ့
သူမေၾကာင့္သာ ထိုgame playerလုပ္ျဖစ္ခဲ့တာျဖစ္သည္ သူမေၾကာင့္သာ တေန့တေန့ရွင္သန္ရမဲ့ ေန့ေတြပိုမ်ားလာတာျဖစ္တယ္
ကြၽန္ေတာ္အေတြးေတြ မွန္ခဲ့ခဲ့ မခဲ့ခဲ့ ကြၽန္ေတာ္ဂရုစိုက္မွာမဟုတ္ဘူး ဘာလို႔လည္းဆိုေတာ့ ကြၽန္ေတာ္အပိုင္ဆိုင္ခ်င္ဆံုးလူကို ရွာေတြသြားၿပီမို႔ ကြၽန္ေတာ္ဘာကိုမွ ဂရုစိုက္မွမဟုန္ဘူး အရႈပ္ေတြရိွေနခဲ့ရင္လည္း ကြၽန္ေတာ္ရွင္းပစ္ရဖို႔ လက္ေနွးေနမွာမဟုတ္ဘူး......
ပျောက်နေတာ အတော်ကြာသွားလို့ စိတ်ဆိုးနေကြမယ်ထင်တယ် အခုကစပြီး ပုံမှန်ပြန်upနိုင်ဖို့
ကြိုးစားသွားပါ့မယ်နော်🌻