TRICK ✔

By NightToy_95

14.1K 1.3K 83

မျက်လှည့်ကမှော်ပညာလား.. မ်က္လွည့္ကေမွာ္ပညာလား.. coverphoto credit #nighttoy95 #Hongkong style More

1ခု
2ခု
3ခု
4ခု
5ခု
6ခု
7ခု
8ခု
character
9ခု
10ခု
11ခု
12ခု
14ခု
15ခု
16ခု
17ခု
Xiao and Feng
18ခု
19ခု
20ခု
21ခု(လမ်းဆုံး)Uni
21ခု(လမ္းဆုံး)Zaw

13ခု

427 57 2
By NightToy_95

13ခု
Uni

Casinoရုံထဲဝင်လိုက်တာနဲ့ဆူညံနေတဲ့အသံမျိုးစုံကနားစည်ကိုလာရိုက်ခတ်သည်။အောက်ထပ်မှာကတော့သာမန်ဝိုင်းတွေရှိပြီးအပေါ်ထပ်မှာတော့သီးသန့်ဝိုင်းတွေရှိသည်။Casinoရုံတွေကသူလက်အောက်မှာရှိပြီးဒီနေရာမှာအရောင်းအဝယ်လဲလုပ်တယ်။

ဝမ်ရိပေါ်ကအပေါ်ထပ်ကိုတက်သွားပြီးအနောက်ဘက်အခန်းတွေဆီလျောက်သွားတယ်။လမ်းတစ်လျောက်နီယွန်မီးရောင်စုံကထိန်လင်းနေသည်။တဖြည်းဖြည်းမီးရောင်တွေမှိန်လာတဲ့နေရာကိုရောက်လာပြီးအခန်းတစ်ခန်းရှေ့ရောက်တော့လူနှစ်ယောက်ကဝမ်ရိပေါ်ကိုအရိုအသေပေးသည်။

"မင်းတို့ဒီမှာနေခဲ့"

ပါလာတဲ့ကိုယ်ရံတော်တွေကိုပြောပြီးတော့အခန်းထဲဝင်လာလိုက်သည်။အခန်းဆိုပေမဲ့အိမ်တစ်လုံးနီးပါးကျယ်ဝန်းပြီးဂိုဒေါင်လိုပုံစံဖြစ်သည်။ထိုင်ခုံပေါ်တွေကြမ်းပေါ်တွေမှာပျင်းတွဲစွာထိုင်နေတဲ့ယောကျာ်းလေး မိန်းကလေးအများကြီးကသူတို့လက်ထဲကတစ်စုံတစ်ရာကိုပြင်းပြင်းထန်ထန်ရူရှိုက်နေကြတယ်။

တစ်ချို့ကသာယာနေပြီးတစ်ချို့ကတော့အရူးတစ်ယောက်လိုအငမ်းမရဖြစ်နေကြသည်။အငွေ့တွေကထောင်းထနေပြီးအသက်ရူရပါကြပ်သည်။ဒါကနိဗ္ဗာန်ပဲ..

"ကျွန်တော့်မှာကုန်နေပြီးနဲနဲလေးဖြစ်ဖြစ်ပေးပါ...တောင်းပန်ပါတယ်"

"သွားစမ်း...မင်းပိုက်ဆံမရှိပဲရမယ်မထင်နဲ့ဒါတွေကစျေးမြင့်တယ်ကွ.သွား..သွားဝေးဝေးသွား!!"

လူငယ်လေးတစ်ယောက်ကဒူးမထောက်ရုံတမယ်တောင်းဆိုနေတာကိုဒီကတာဝန်ရှိသူတစ်ယောက်ကအော်ဟစ်နေလေသည်။လူငယ်လေးပုံစံကပိန်ချုံးနေပြီးလုံးဝမူးယစ်သားကောင်ဖြစ်နေလေပြီး။အရိုးပေါ်အရေတင်​နဲ့ရုပ်တောင်မပီချင်တော့..

ထိုလူငယ်လေးကသူများတွေကိုအားကျစွာနှင့်ငေးကြည့်နေသည်။နှာခေါင်းကိုလက်ညိုးနဲ့ခဏခဏပွတ်သပ်နေပြီးသူ့မျက်လုံးတွေကဟိုဟိုဒီဒီလျင်မြန်စွာပြေးလွှားနေတယ်။ဝမ်ရိပေါ်ကစီးကရက်တစ်လိပ်ထုတ်ပြီးထိုလူငယ်လေးအနားသွားသည်။

"ရော့..ဒါကမင်းကိုအနည်းငယ်သက်သာစေလိမ့်မယ်.."

ဆေးလိပ်ကိုကမ်းပေးတော့မော့ကြည့်တယ်။ချောင်ကျနေတဲ့မျက်ကွင်းတွေကညိုမဲနေလေသည်။သူပေးတာကိုမယူပဲနံရံထောင့်ကိုကပ်သွားပြီးကျုံ့ကျုံ့လေးထိုင်နေတယ်။ဝမ်ရိပေါ်ကတစ်ချက်ပြုံးပြီးထိုကောင်လေးအနားသွားပြီးဆေးလိပ်ကိုပေးပြန်သည်။

"မယူဘူး..ကျွန်တော်လိုတာဒါမဟုတ်ဘူး"

ကောင်လေးကသူ့လက်တွေနဲ့နံရံကိုကုပ်ခြစ်​ေနပြီးခပ်ကြောင်ကြောင်ပြောနေသည်။ကြည့်ရတာဒီကောင်လေးကြောင်တော့မယ်ထင်တယ်။မသုံးရတာဘယ်လောက်တောင်ကြာနေပြီလဲ။ရူရုံတင်မကဘူးအသားထဲပါထိုးတာထင်တယ်။ယင်းထချိန်ခံနိုင်ရည်ရှိပါ့မလား

"ဒါကမင်းလိုချင်တဲ့ဟာလောက်မကောင်းပေမဲ့မင်းခံစားနေရတာကိုတော့အနည်းကျဥ်းသက်သာအောင်လုပ်ပေးနိုင်ပါတယ်..."

သူ့စကားကိုအဖြေပြန်မပေးပဲနံရံကိုသာတဂျစ်ဂျစ်ကုပ်ခြစ်နေသည်။

"သခင်ကြီးဝမ်..လာမယ်ဆိုလဲအကြောင်းကြားရော့ပေါ့ခုတော့ဘာမှမပြင်ဆင်ထားရဘူး"

လိမ်ဖယ်လိမ်ဖယ်လမ်းလျောက်လာတဲ့အမျိုးသမီးကအနီရောင်ချောင်ဆမ်ဝတ်စုံနှင့်ခြူပန်းတွေဆင်ထားဆံထိုးကိုခေါင်းမှာပန်ဆင်ထားသည်။

"Ms. Maria. သူ့ကိုကူညီလိုက်ပါ"

"Maria လို့ပဲခေါ်ပါလားကျွန်မကဒီမှာလုပ်နေပြီဆိုတော့တရင်းတနှီးခေါ်သင့်တာပေါ့.ဟုတ်ဘူးလား"

ချွဲပစ်နေတဲ့အသံနှင့်သူ့အနားလိုတာထက်ပိုကပ်ကာညုတုတုစကားပြောသည်။

"သူ့ကိုကူညီလိုက်ပါ"

"ကောင်းပါပြီရှင်..တစ်ယောက်လောက်လာအုံး.သူ့ကိုခေါ်သွားပြီးကူညီပေးလိုက်ကြ"

Mariaစကားလဲဆုံးရောလူတစ်ယောက်ကရောက်လာပြီးကောင်လေးကိုတွဲခေါ်သွားသည်။ကြာကြာဆက်ထားရင်ဒီကောင်လေးသေသွားလိမ့်မယ်။ဝမ်ရိပေါ်ကတပါးသူကိုကူညီပါတယ်နည်းလမ်းလေးမှားနေတာပဲရှိတာ။

"သခင်ကြီးဝမ်..ပထမလားအလယ်အလတ်လား နောက်ဆုံးလား"

"ငါဒီကိုလာတာအဲ့ဒါလုပ်ဖို့မဟုတ်ဘူး...မင်းကိုမေးချင်တာရှိလို့"

"အိုး..ကျွန်မကိုတကူးတကလာတွေ့တာပေါ့ဝမ်းသာစရာပဲ..ပြောပါ..ဘာမေးချင်တာလဲ"

"ဖန်းဆောင်စီနဲ့မင်းနဲ့ကအရမ်းရင်းနှီးတဲ့ဆက်ဆံရေးရှိတာငါသိတယ်မင်းကသူ့ရဲ့အငယ်အနှောင်းမလား..ငါသိချင်တာလွန်ခဲ့တဲ့၇နှစ်ကျော်ကရှောင်းမိသားစုသတ်ခံရတဲ့ကိစ္စ..မင်းလဲအကြောင်းစုံသိမှာပေါ့"

Mariaကဝမ်ရိပေါ်စကားကြောင့်ဘေးကခုံမှာထိုင်ပြီးပြုံးလိုက်သည်။သူကသခင်ကြီးဖန်းရဲ့အငယ်အနှောင်းဆိုတာဝမ်ရိပေါ်ကဘယ်လိုသိတာလဲ။Penisula မှာပြသာနာတက်တုန်းကထင်တယ်။

"ကျွန်မကသူ့မယားငယ်လုပ်ပြီးသူ့အလိုကျနေပေးရတယ်သူခိုင်းတာမှန်သမျှလုပ်ပေးရတာမှန်ပေမဲ့ကျွန်မနှလုံးသားမှာသခင်ကြီးဝမ်တစ်ယောက်ပဲရှိတာပါ.."

"ငါမသိချင်ဘူးမင်းငါ့အပေါ်ဘယ်လိုပဲခံစားချက်ရှိရှိငါဂရုမစိုက်ဘူး..ငါသိချင်တာတစ်ခုပဲအဲ့တုန်းကရှောင်းမိသားစုကိုသတ်ခဲ့တဲ့လူ...သူဘယ်ရောက်သွားပြီလဲ"

Jacksonကသူနဲ့တစ်ပုံစံထဲတူတဲ့သူကိုတွေ့ခဲ့တယ်လို့ပြောတယ်။အဲ့ဒီလူကရှောင်းကျန့်မိဘတွေကိုသတ်သွားတဲ့သူဆိုတာရေတောင်မရောဘူးသေချာတယ်။သူ့ရဲ့ယုံကြည်အားကိုးရတဲ့တပည့်နာလေးတွေကတော့ထိုလူကိုမှတ်မိပုံမရ။အရင်တစ်ခါရှောင်းကျန့်လဲပြောဖူးပေမဲ့အမှုမဲ့အမှတ်မဲ့နေခဲ့တာယခုတော့ရှောင်းကျန့်ပျောက်နေတဲ့ကိစ္စကထိုလူနဲ့တစ်နည်းမဟုတ်တစ်နည်းတော့ပက်သက်မှုရှိမည်။ဘာလို့လဲဆိုတော့ရှောင်းကျန့်မိဘတွေသတ်သွားသူကဖန်းအိမ်တော်ကဖြစ်နေလို့ပါပဲ။

"ငါမေးတာဖြေပါသူဘယ်ရောက်သွားပြီလဲ"

"ဒီမေးခွန်းအတွက်ဆိုရင်တော့ကျွန်မလဲသေချာမပြောနိုင်ဘူးအဲ့တုန်းကသူကရှောင်းလင်မယားကိုသတ်ပြီးဒီလောက ကနေပျောက်ကွယ်သွားတာဖန်းအိမ်ကိုဘယ်တော့မှပြန်မလာတော့ဘူး...ကျွန်မဒါပဲသိတယ်"

Maria စကားကြောင့်ဝမ်ရိပေါ်ရဲ့မျက်နှာကအလိုမကျဖြစ်သွားသည်။သူစုံစမ်းဖို့လိုနေပြီထင်တယ်...Mariaဘက်လှည့်ကာခပ်တည်တည်နဲ့စကားတစ်ခွန်းဆိုလိုက်သည်။

"မင်းလဲဒီကပစ္စည်းတွေခိုးထုတ်ပြီးဖန်းဂိတ်ကိုဆက်သနေတာတော်သင့်ပြီထင်တယ်ငါပြောနေတုန်းရပ်လိုက်ပါမဟုတ်ရင်မင်းအသက်အတွက်စိုးရိမ်မိတယ်"

Mariaကထိုစကားကြောင့်တုန်လှုပ်သွားသည်။ဝမ်ရိပေါ်သိနေတာကိုလုံးဝမရိပ်မိပဲပစ္စည်းတွေစိတ်ကြိုက်လုပ်နေမိတယ်။ထိတ်လန့်ကာဘာစကားမှပြန်မပြောနိုင်တော့ပေ။ဝမ်ရိပေါ်ကအေးအေးလူလူဖြင့်သာထွက်သွားတာကိုကြည့်ပြီးMariaရဲ့ခြေဖျားလက်ဖျားတွေအေးစက်လာတယ်။သူမြင်လိုက်ရတဲ့သခင်ကြီးဝမ်ရဲ့အပြုံးကချိုမြိန်သလိုနဲ့အရမ်းကြောက်ဖို့ကောင်းတယ်။

အရင်ကထက်ပိုပြီးသွေးအေးလာတယ်ပိုပြီးရက်စက်လာတဲ့သခင်ကြီးဝမ်ကနတ်ဆိုးတစ်ကောင်အလားပင်..

Casinoရုံကထွက်လာပြီးကားရပ်ထားတဲ့နေရာကိုသွားကာ တံခါးဖွင့်မယ်အလုပ်သူ့ကိုတစ်ယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားရသည်။တံခါးဖွင့်ပြီးအထဲမဝင်သေးပဲဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိသည်။ကားလမ်းမကြီးရဲ့တစ်ဖက်ကအမှောင်ရိပ်မှာရပ်နေတဲ့သူကိုတွေ့တော့ဝမ်ရိပေါ်ကားတံခါးကိုပိတ်ချပြီးထိုနေရာကိုအပြေးသွားဖို့လုပ်သည်။သူ့ကိုရပ်ကြည့်နေတဲ့သူကိုအမြင်မှားတာမဟုတ်လောက်ပါဘူးနော်...

ကားလမ်းဖြတ်ကူးမယ်လုပ်တော့တဝီဝီနဲ့ကားတွေပိတ်ပြီးလမ်းလယ်ခေါင်မှာကိုးယိုးကားယားဖြစ်နေမိတယ်။တတီတီနဲ့ကားဟွန်းသံတွေကကျယ်လောင်စွာထွက်ပေါ်နေတာကိုဂရုမစိုက်နိုင်ပဲတစ်ဖက်လမ်းကိုသာအရောက်သွားမိသည်။ကားလမ်းဖြတ်ကူးပြီးတစ်ဖက်ကိုရောက်တော့ခုနရပ်နေတဲ့သူကိုမတွေ့ရတော့။ဝမ်ရိပေါ်ကလှည့်ပတ်ကြည့်တော့ခပ်ဝေးဝေးမှာတရွေ့ရွေ့သွားနေတဲ့ကျောပြင်လေးကိုတွေ့လိုက်သည်။အညိုရောင်loag coatနဲ့လူကသူအရမ်းလွမ်းနေရတဲ့သူဆိုတာသေချာသည်။

ဝမ်ရိပေါ်ကပြေးလိုက်သွားပေမဲ့ပိုပိုဝေးနေတယ်လို့ခံစားရတယ်။သူလက်လှမ်းမမီတဲ့နေရာကိုပိုပြီးရောက်သွားတယ်....ပြေးလိုက်နေရင်းရင်ထဲဆို့တက်လာသည်။

ဘယ်ထိလိုက်မိတယ်မသိ..အုတ်တံတိုင်းတွေတစ်ဖက်တစ်ချပ်စီကာရံထားတဲ့လမ်းကြားကိုရောက်တော့မျက်ခြေပြတ်ပြတ်ပြီးလုံးဝမတွေ့တော့ပေ။လမ်းကလဲဆုံးနေပြီမလို့ဆက်သွားစရာမရှိတော့တာကြောင့်နေရာမှာတင်ရပ်လိုက်သည်။အုတ်နံရံကိုခပ်ပြင်းပြင်းတစ်ချက်ကန်လိုက်သည်

"ရှောင်းကျန့်မင်းမလား မင်းဆိုတာငါသိတယ်ငါတွေ့လိုက်တယ်...ထွက်လာခဲ့!!!. .မင်းမထွက်လာရင်ငါ့အကြောင်းကောင်းကောင်းသိမယ်..ရှောင်းကျန့်!!!"

တစ်ယောက်ထဲအော်ဟစ်သောင်းကျန်းနေသည်။ဒီလမ်းထဲလူမပြောနဲ့ခွေးတစ်ကောင်ကြောင်တမြီးတောင်မရှိ။မီးရောင်လဲမရှိပဲလရောင်သာဖြာကျနေသည်။မိုးအုံ့နေတာမလို့ကြယ်တွေမမြင်ရတဲ့အပြင်ရှိနေတဲ့လမင်းကြီးတောင်မိုးတိမ်တွေကြားထဲပုန်းကွယ်ချင်နေသည်ရှောင်းကျန့်လိုပဲ...

"ရှောင်းကျန့်!!!မင်းထွက်လာခဲ့!!!. အားး."

ဝမ်ရိပေါ်ကအသားတွေတဆတ်ဆတ်တုန်ကာဒေါသထွက်နေသည်။သူ့ဒေါသတွေဖြေဖျောက်စရာမရှိတော့နံရံကိုပဲအကြိမ်ရေများစွာထိုးနေမိတော့တယ်။လက်ကသွေးတွေဖြာဆင်းလာပြီးနံရံကလဲနီစွေးသွားတော့တယ်။

ခပ်လှမ်းလှမ်းကဓာတ်ဆီပုံးကြီးတွေကြားပုန်းကွယ်နေတဲ့ကောင်လေးကဝမ်ရိပေါ်ထိုသို့လုပ်နေတာတွေ့တော့ပုန်းကွယ်နေရာကနေထွက်ဖို့ခြေလှမ်းပြင်ပြီးမှရပ်တန့်လိုက်သည်။ပြန်ပုန်းနေပြီးရင်ဘက်ကိုဖိကာတိတ်တိတ်လေးငိုကြွေးနေတယ်။

မလုပ်ပါနဲ့..မင်းကိုယ်မင်းနာကျင်အောင်မလုပ်ပါနဲ့မင်းအသားနာရင်ငါ့ရင်တွေကပိုနာကျင်လွန်းလို့ပါ

ဝမ်ရိပေါ်ကသွေးတွေရဲနေတဲ့လက်နဲ့အိပ်ကပ်ထဲကစီးကရက်တစ်လိပ်ထုတ်ပြီးမီးညှိလိုက်သည်။နှုတ်ခမ်းမှာခဲပြီးခေါင်းအနည်းငယ်မော့ကာအငွေ့တွေမှုတ်ထုတ်လိုက်သည်။ထို့နောက်နံရံကိုမှီကာထိုင်ချလိုက်တယ်။လက်ကြားဆေးလိပ်ညှပ်ပြီးကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။

ဘာလို့ထွက်သွားရတာလဲငါ့အနားမှာဘာလို့မနေနိုင်ရတာလဲ...မင်းငါ့ကိုမုန်းတယ်ဆို..လာသတ်လေလာသတ်လိုက်စမ်းပါငါပျော်ပျော်ကြီးခံမယ်..အနည်းဆုံးမင်းမျက်နှာလေးမြင်ရတာပေါ့...မင်းလက်နဲ့သတ်ရင်ငါကျေနပ်ပါတယ်ကွာ...ငါ့ကိုထပ်ပြီးအဲ့လိုကြီးမနှိပ်စက်ပါနဲ့တော့...

ငါ့မှာမင်းမိဘတွေကိုမသတ်ဘူးဆိုတာပြဖို့သက်သေမရှိဘူး။အဲ့ဒါကြောင့်မင်းအမုန်းကိုခံရတယ်မင်းငါ့ကိုကြိုက်သလောက်အထင်လွဲ..ရတယ်...ငါမင်းကိုချစ်နေရရင်ကျေနပ်တယ်မင်းအမုန်းခံပြီးအနားမှာချုပ်နှောင်ထားမိတာကချစ်လွန်းလို့လေရှောင်းကျန့်ရာ...ငါ့မှာမင်းမျက်နှာလေးမမြင်ရတဲ့နေ့ရက်တိုင်းကအရှင်လတ်လတ်ငရဲပဲ။မင်းမုန်းပါ..ကြိုက်သေလောက်မုန်းမင်းမုန်းသလောက်ငါချစ်ပေးမယ်.....

လက်ထဲကမကုန်သေးတဲ့ဆေးလိပ်ကိုပစ်ချပြီးခြေထောက်နဲ့နင်းခြေလိုက်သည်။အချိန်အခါသင့်ရွာချလာတဲ့မိုးကသူ့မျက်ရည်တွေဘယ်သူမှမတွေ့အောင်ကူညီပေးနေတာလား။ကျေးဇုတင်ပါတယ်..ဒါပေမဲ့ဒီနေရာမှာသူကလွဲပြီးဘယ်သူမှမရှိဘူးလွတ်လွတ်လပ်လပ်ငိုလို့ရတယ်မလား။

တဝေါဝေါရွာချနေတဲ့မိုးတွေကြောင့်ကောင်လေးနှစ်ယောက်ရဲ့ပါးပြင်ကမျက်ရည်တွေကမိုးရေတွေနဲ့ရောနှောကုန်သည်။

ရှောင်းကျန့်ကပါးကမိုးရေလားမျက်ရည်လားမသိတဲ့အရာတွေကိုပွတ်သပ်လိုက်သည်။အကျယ်ကြီးအော်ငိုချင်တယ်...ရင်ထဲတင်းကြပ်နေတာတွေပေါ့သွားအောင်ငိုချင်သည်။ငယ်ငယ်ကမားရဲ့ရင်ခွင်ထဲတိုးဝင်ပြီးအော်ငိုခဲ့သလိုမျိုး။

ငါလုပ်နေတာတွေကမင်းအတွက်ချည်းပါပဲ...ငါတို့နှစ်ယောက်ကလုံးဝမဖြစ်သင့်တဲ့သူတွေမင်းကငါ့ရန်သူ...ငါမင်းကိုသတ်ချင်တယ်..မုန်းတယ်..ဟုတ်တယ်ငါမင်းကိုအရမ်းမုန်းတယ်..မုန်းလွန်းလို့၇နှစ်ကျော်မင်းအနားမှာနေခဲ့တာ..မင်းကိုသတ်ဖို့အခွင့်အရေးတွေအများကြီးရပေမဲ့ငါမသတ်ခဲ့တာကမုန်းလို့...မင်းအန္တာရာယ်ကြားထဲရောက်နေတာသိတော့မနေနိုင်မထိုင်နိုင်ရင်ထဲပူလောင်ပြီးဝင်ကယ်ပေးခဲ့တာမုန်းလို့...မင်းကိုမုန်းလို့...မင်းကိုစောက်ရမ်းမုန်းလွန်းလို့မင်းကိုသတ်မဲ့လူအနားချည်းကပ်သွားခဲ့တာ...Lao Wangကငါ့ရန်သူကိုသတ်ချင်နေတာလေ..ငါခွင့်မပြုနိုင်ဘူးငါတစ်ယောက်ပဲမင်းကိုထိခွင့်ရှိတယ်...

ဒါပေမဲ့သူအရမ်းမှားခဲ့တာတစ်ခုကLao WangကBoss Wangကိုမသတ်ချင်ဘူးဆိုတာပဲ။ဘာမှသေသေချာချာမသိပဲထင်ရာတွေဇွတ်လုပ်ခဲ့တယ်။ကိုယ့်သဘောနဲ့ကိုယ်လုပ်ချင်တာလုပ်ပြီးမှကိုယ့်ဇာတ်ကိုယ်မနိုင်တော့ဘူး။ဘာဆက်လုပ်ရမှန်းမသိအောင်လမ်းပျောက်သွားခဲ့တယ်။

အားလုံးကသူ့ကြောင့်ပဲ..သူ့လုပ်ရပ်တွေကြောင့်အားလုံးနာကျင်ရတော့မယ်။တစ်ဖက်ကိုလဲမချစ်ပါနဲ့တော့လို့တားလို့မရသလိုတစ်ဖက်ကလဲလုံးဝမဖြစ်သင့်တဲ့လူ။ပြောပါအုံး..ရှောင်းကျန့်ဘာလုပ်ရမလဲ..အကြောင်းအရာတစ်ခုကိုသေချာမလေ့လာပဲလုပ်ခဲ့မိတဲ့သူ့ရဲ့အမှားတွေပေါ့။

အစထဲကဒီလိုမဆုံးဖြတ်ခဲ့ရင်Boss Wangကိုလဲနာကျင်စေမှာမဟုတ်သလိုLao Wangကိုလဲအားနာစရာမလိုတော့ဘူး။

မိုးရေတွေကြားထဲငုတ်တုတ်ထိုင်နေတဲ့လူကိုတိတ်တိတ်လေးချောင်းကြည့်လိုက်တော့ကျောက်ရုပ်ကြီးလိုငြိမ်နေသည်။သူတစ်ခုခုတော့ဆုံးဖြတ်သင့်ပြီထင်တယ်အားလုံးအတွက်အဆင်ပြေမဲ့နည်းပေါ့..

မင်းသိလားBoss Wang. .ငါမချစ်တဲ့သူအနားမှာ၇နှစ်ကျော်သည်းခံပြီးနေနိုင်မှာမဟုတ်ဘူး..မင်းအတွက်ငါ့ကိုယ်ငါအနစ်နာခံမယ်လို့တွေးခဲ့ပေမဲ့ငါ့နည်းလမ်းကမှားယွင်းသွားခဲ့တယ်..အားလုံးကိုနာကျင်စေခဲ့တယ်...ငါမင်းကိုချစ်တယ်လို့မပြောချင်ဘူးငါတို့ကြားမှာအမုန်းတွေပဲရှိသင့်တာ..ငါမုန်းသလောက်မငြီးမငြူချစ်နေပေးတဲ့မင်းကိုမုန်းတယ်..ငါမကြိုက်တာသိလို့နမ်းရုံလေးကမပိုပဲဆန္ဒတွေထိန်းချုပ်ထားတတ်တဲ့မင်းကိုမုန်းတယ်...ငယ်ငယ်လေးထဲကနေအရိပ်တကြည့်ကြည့်နဲ့နောက်ကွယ်ကနေစောင့်ရှောက်ပေးတဲ့မင်းကိုမုန်းတယ်..ငါ့ကိုအရမ်းချစ်ပေးတဲ့မင်းကိုရင်ဘက်ကြီးနဲ့မဆန့်အောင်မုန်းလိုက်တာ....

ရှောင်းကျန့်ကငိုကြွေးနေရင်းဖြင့်မိုးရေထဲထွက်သွားတော့သည်။ကျန်ရစ်ခဲ့တဲ့သူကထိုင်နေရာကမထပဲမျက်ဝန်းတွေနီရဲနေလေသည်။သူငိုနေတာလားမငိုတာလားသူကိုယ်တိုင်ပဲသိပါလိမ့်မည်။

အမုန်းတွေတရစ်ရစ်တိုးရင်းမသိစိတ်ကအချစ်တွေကတရိပ်ရိပ်တိုးနေတတ်ပါသည်။

*^^*

မိုးမိသွားတာကြောင့်ညသန်းခေါင်ကြီးရှောင်းကျန့်ဖျားတော့သည်။တစ်ကိုယ်လုံးကျစ်ကျစ်တောက်ပူကာကယောင်ကတမ်းတွေရွတ်နေတယ်။စောင်တခြားကိုယ်တခြားဖြစ်ကာကွေးကွေးလေးဖြစ်နေသည်။

ရိပေါ်ကရေထသောက်ရန်အခန်းထဲကထွက်လာတော့ရှောင်းကျန့်အခန်းထဲကညည်းညူသံတွေကြောင့်တံခါးခေါက်သည်။ပြန်ဖြေသံမကြားတော့တံခါးဖွင့်ဝင်သွားတယ်။တံခါးလော့ပျက်နေတာမလို့တော်သေးသည်အခန်းထဲနေမကောင်းဖြစ်နေတဲ့ရှောင်းကျန့်ကကုတင်ပေါ်လူးလိမ့်နေတယ်။

"ရှောင်းကျန့်...ရှောင်းကျန့်...တစ်ကိုယ်လုံးပူကျစ်နေတာပဲဘယ်လိုဖြစ်ရတာလဲကွာ..ခဏလေးငါရေပတ်တိုက်ပေးမယ်.."

ရိပေါ်ကစိုးရိမ်စွာပြောပြီးရေချိုးခန်းထဲဝင်သွားသည်။ခဏအကြာမှာတော့ရေဇလုံနဲ့ပုဝါတစ်ထည်ယူကာပြန်ထွက်လာသည်။ကုတင်ဘေးမှာချကာရှောင်းကျန့်ကိုဂရုတစိုက်ရေပတ်တိုက်ပေးနေတယ်။

မျက်ခုံးတွေကအလိုမကျစွာတွန့်ချိုးနေပြီးသူ့ရင်ထဲပူလောင်နေတာဘယ်သူသိနိုင်မှာလဲ။

"အင့်ဟင့်ဟင့်..ပါး..မား.."

အိမ်မက်ယောင်ပြီးငိုနေတဲ့သူလေးရဲ့ရင်ဘက်ကိုဖွဖွလေးပုတ်ပေးလိုက်သည်။

"ငါရှိတယ်..ငါရှိနေပေးတယ်နော်ဘာမှမဖြစ်ဘူးအဆင်ပြေသွားလိမ့်မယ်..မငိုနဲ့တော့တိတ် တိတ်."

ချော့မော့ပေးတော့ငြိမ်ကျသွားသည်။လက်ချောင်းကြားတွေပါမကျန်သေချာသန့်စင်ပေးပြီးအပူကျအောင်လုပ်ပေးနေသည်။ဒီလိုလုပ်ပေးနေရတာသူအရမ်းပျော်တယ်။အကြောင်းပြချက်မရှိဘူး..ရှောင်းကျန့်ကိုချစ်တာလဲသူ့မှာအကြောင်းပြချက်မရှိဘူး။ဒီတိုင်းသူ့အချစ်ကရှောင်းကျန့်ဖြစ်နေလို့ပဲ။ရှောင်းကျန့်ရဲ့ဖြူဖျော့နေတဲ့နှုတ်ခမ်းတွေကမပွင့်တပွင့်နှင့်လှုပ်ပြီးတစ်ခုခုပြောနေသည်။ရိပေါ်ကရှောင်းကျန့်မျက်နှာအနားကိုင်းပြီးပါးစပ်အနားကိုနားကပ်ကာသေချာနားထောင်လိုက်သည်။

"Boss Wang~~ Boss Wang~~ ...နာကျင်အောင်မလုပ်ပါနဲ့...""

တိုးဖျော့နေတဲ့အသံလေးကသူ့နားထဲမိုင်းဆယ်လုံးခွဲလိုက်သလိုပဲ။ရိပေါ်အင်အားတွေပြုတ်ကျသွားရသည်။အပြုံးရေးရေးလေးတစ်ခုဖန်တီးပြီးရှောင်းကျန့်ဘေးဝင်လှဲလိုက်တယ်။

"ချမ်းနေလားငါမင်းနွေးသွားအောင်ပွေ့ဖက်ထားပေးမယ်"

ရှောင်းကျန့်ကိုယ်လေးကိုတင်းကြပ်စွာပွေ့ဖက်ထားပြီးလွှတ်ထွက်သွားမှာစိုးနေမိသည်။သူ့ရင်ထဲဆုံးရှုံးသွားတဲ့ခံစားချက်ကြီးကိုအရမ်းကြောက်တာပဲ။လက်မောင်းတွေကြားတင်းတင်းဖက်ထားမိတဲ့သူကအမည်နာမတစ်ခုကိုသာအကြိမ်ကြိမ်ရေရွတ်နေသည်။ရိပေါ်ကရှောင်းကျန့်မျက်နှာဖြူဖြူလေးကိုစိုက်ကြည့်ပြီးဒီလိုရွတ်နေတဲ့အသံကိုသူမကြားခြင်တော့ဘူး။ဒါကြောင့်ရှောင်းကျန့်အသံတိတ်သွားအောင်နှုတ်ခမ်းနဲ့ပိတ်ပစ်လိုက်သည်။

ဖိကပ်နမ်းထားတဲ့နှုတ်ခမ်းတွေကပူလောင်နေသည်။ရှောင်းကျန့်ရဲ့ခံတွင်းထဲတိုးဝင်မိတော့မီးတောက်တွေလိုပဲ...ခုချိန်သူ့ရင်ထဲမှာလဲထိုနည်းတူပူလောင်လွန်းလှတယ်။နှုတ်ခမ်းသားတွေကိုအားရသည်ထိစုပ်ယူနမ်းပြီးမှလွှတ်ပေးလိုက်တယ်။နမ်းနေရင်းအိပ်မောကျသွားတဲ့ရှောင်းကျန့်ကသူမကြားချင်တဲ့နာမည်ကိုမပြောတော့ဘူး။ပါးကိုပွတ်သပ်နေပြီး

"ရှောင်းကျန့်..ငါတစ်ယောက်ပဲမင်းကိုပိုင်ဆိုင်ချင်တယ်.."

အိပ်နေတဲ့သူလေးကတော့မကြားတော့ပါ။ထို့နောက်သူလဲရှောင်းကျန့်ကိုရင်ခွင်ထဲသွင်းပြီးအိပ်စက်လိုက်သည်။

သူ့ရင်ထဲဘယ်သူရှိနေလဲသိပေမဲ့ရသလောက်တော့ဆွဲထားချင်ကြတယ်မလား။လက်လွှတ်မခံနိုင်ပဲဆုံးရှုံးရမှာကြောက်တာပေါ့။ပြန်ချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေချစ်နေခွင့်လေးတော့ရချင်မိသား....ဒါဆိုလဲကျေနပ်မိမှာပါ...

မနက်ခင်းနေခြည်နုနုနဲ့အတူရှောင်းကျန့်နိုးထလာသည်။တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေပြီးလှုပ်လို့တောင်မရ။ညကသူဖျားနေတာတော့သိသည်။

မျက်လုံးတွေဖွင့်ကြည့်တော့မြင်ရတာကရိပေါ်ရဲ့မျက်နှာချောချောပင်။ရှောင်းကျန့်ကရိပေါ်မျက်နှာကိုလက်ညိုးလေးနဲ့ထိတွေ့ပြီး

"တောင်းပန်ပါတယ်..ပြီးတော့ကျေးဇုလဲတင်တယ်"

ရိပေါ်ရဲ့မျက်လုံးတွေကဖွင့်လာပြီးသူ့ကိုပြုံးပြသည်။ရှောင်းကျန့်ကထထိုင်တော့ရိပေါ်ကထူပေးတယ်။

ရှောင်းကျန့်မျက်နှာသစ်ဖို့သန့်စင်ဖို့အစရိပေါ်ကကလုပ်ပေးနေတာကိုရှောင်းကျန့်ငေးကြည့်နေမိသည်။

"ရှောင်းကျန့်ငါဆန်ပြုတ် လုပ်ထားတယ်ဒီမနက်အဲ့ဒါလေးပဲစားလိုက်နော်...ပြီးရင်ဆေးတစ်ခွက်သောက် မသက်သာရင်ဆရာဝန်ပင့်ကြတာပေါ့.."

ရိပေါ်စကားကိုရှောင်းကျန့်မတုံ့ပြန်မိပါ။ရိပေါ်ကအခန်းထဲကထွက်သွားပြီးမီးဖိုခန်းထဲဝင်သွားသည်။

ဆန်ပြုတ်ပန်ကန်ယူပြီးအခန်းထဲပြန်ဝင်လာတော့ရှောင်းကျန့်ကကုတင်ပေါ်ငုတ်တုတ်လေးထိုင်နေတယ်။သူလုပ်သမျှလိုက်ကြည့်နေသည်။

"ငါခွံ့ကျွေးမယ်နော်...အာ.."

ဆန်ပြုတ်တစ်ဇွန်းခတ်ပြီးသူ့ပါးစပ်နားတေ့ပေးတော့ရှောင်းကျန့်ပါးစပ်ဟပေးလိုက်သည်။ပူပူနွေးနွေးဆန်ပြုတ်တွေပါးစပ်ထဲဝင်လာပြီးဝါးတောင်မဝါးပဲမြိုချလိုက်တယ်။

"ဘာလို့မဝါးတာလဲ...ဆန်ပြုတ်တွေမကျေပဲအစာအိမ်နာနေအုံးမယ်"

"ဆန်ပြုတ်ကဝါးစရာမလိုပါဘူး"

".နောက်တစ်ဇွန်း.."

ရိပေါ်ကဆန်ပြုတ်တစ်ဇွန်းထပ်ခတ်ပြီးမှုတ်ပေးကာခွံ့သည်။ရှောင်းကျန့်ရိပေါ်ခွံ့ကျွေးတာတွေစားပြီးငေးသာငေးကြည့်နေမိတယ်။သေချာကြည့်ရင်သူ့မျက်ဝန်းထဲအားနာရိပ်တွေမြင်ရပါလိမ့်မယ်။

"Lao Wang. .ငါ..."

ရှောင်းကျန့်ထိုစကားပြောဖို့အတော်လေးအားယူနေရသည်။သူ့နှုတ်ကရိပေါ်ကိုပြောမထွက်ဘူးဖြစ်နေတယ်။

"ငါ...ပြန်တော့မယ်..ငါလာခဲ့တဲ့နေရာကိုပြန်တော့မယ်"

ရိပေါ်ရဲ့ဇွန်းကိုင်ထားတဲ့လက်ကတင်းကြပ်သွားသည်။ရှောင်းကျန့်ကရိပေါ်ရဲ့မျက်နှာကိုမျက်တောင်မခတ်စိုက်ကြည့်နေသည်။ရိပေါ်ကနဂိုမျက်နှာသေဖြင့်သာတုံ့ပြန်မှုမရှိ။

"နောက်တစ်ဇွန်းဆက်စားလိုက်အုံးအေးသွားရင်မကောင်းဘူး"

"ငါမင်းကိုအိမ်မရှိဘူးလို့ပြောတာလိမ်ခဲ့တာ...တကယ်တော့ငါ့မှာပြန်ရမဲ့နေရာရှိတယ်ငါ့ကိုစောင့်နေတဲ့သူရှိတယ်..တောင်းပန်ပါတယ်"

"ဆန်ပြုတ်သောက်ပြီးဆေးသောက်ရမယ်ဆေးကမခါးပါဘူး"

သူမေးတာတွေကိုတမင်လျစ်လျူရှုပြီးဆန်ပြုတ်တွေပြောင်စင်အောင်သာခွံ့ပေးနေတဲ့ရိပေါ်ဘယ်လိုခံစားနေရလဲမျက်နှာမှာမဖော်ပြပေမဲ့သူနားလည်ပါတယ်။ဆန်ပြုတ်ကုန်သွားတော့စားပွဲပေါ်ကရေဖန်ခွက်တစ်ခွက်နဲ့ဆေးတွေကိုယူပြီးသူ့ပါးစပ်ထဲဆေးထည့်ပေးပြီးရေပါတိုက်လိုက်သည်။

"Lao Wangငါမင်းအနားရောက်လာတာကလေ တကယ်တော့"

"အနားယူလိုက်အုံး..အိပ်ယာကနိုးရင်မင်းနေကောင်းသွားမှာပါ"

ရိပေါ်ကသူ့ကိုကုတင်ပေါ်လှဲစေပြီးစောင်ကိုခြုံလွှမ်းပေးသည်။

"ခေါင်းတလား"

"ငါဒီနာမည်ကိုတကယ်မကြိုက်ဘူး..ဒါပေမဲ့မင်းခေါ်တာတော့သဘောကျမိတယ်"

ရိပေါ်ကစောင်ကိုခြုံပေးပြီးပြောသည်။ဒီစကားကိုသူကြားဖူးပေမဲ့ရိပေါ်ဘယ်ချိန်ကပြောမှန်းမမှတ်မိဘူး။သူ့လက်နှစ်ဖက်ကိုစောင်အောက်ထဲသေချာလုံခြုံအောင်ထည့်ပေးပြီးခေါင်းတစ်လုံးပဲဖော်ထားစေသည်။ရှောင်းကျန့်ကစောင်ပုံကြားထဲမြှပ်နေတယ်။

"ငါမင်းကိုပြောပြချင်တယ်...ငါက. ငါ..တကယ်တော့ငါကဝမ်ဂိတ်ကလူပဲ...မင်းအနားရောက်လာတာကမင်းကBoss Wangကိုသတ်မဲ့သူလို့ထင်ပြီးငါမင်းကိုဒုက္ခပေးချင်လို့အနီးကပ်ရောက်လာခဲ့တာ...ငါထင်နေတာတွေကမှားနေတယ်ဆိုတာနောက်တော့မှသိလိုက်ရတယ်...ငါမင်းကိုဆက်ပြီးမနာကျင်စေချင်တော့ဘူးမင်းခံစားချက်တွေကိုမကစားချင်တော့ဘူးအဲ့ဒါကြောင့်...ငါ..ပြန်ပါ့မယ်"

ရှောင်းကျန့်ကထိုစကားတွေကိုအားတင်းပြီးပြောလိုက်တော့ရိပေါ်ကငုံ့ကြည့်နေသည်။ထို့နောက်ကိုယ်ကိုကိုင်းချပြီးရှောင်းကျန့်နဖူးလေးကိုဖွဖွလေးနမ်းလိုက်တယ်။

"ကိုယ်ပူကျသွားပြီး..ဒီတိုင်းဆိုမင်းမြန်မြန်နေကောင်းမှာပါဆရာဝန်ပင့်စရာမလိုတော့ဘူးပေါ့"

ရှောင်းကျန့်ရဲ့မျက်တောင်ဖျားလေးတွေကလှုတ်ခတ်သွားသည်။သူ့နှုတ်ခမ်းနဲ့ကိုယ်ပူတိုင်းတဲ့ရိပေါ်ကရှောင်းကျန့်စကားတွေကိုတမင်မကြားချင်ယောင်ဆောင်နေပြီးသူတို့ကြားဘာမှမဖြစ်သလိုနေနေသည်။ရိပေါ်ကလှည့်ထွက်ပြီးအခန်းဝရောက်တော့ရှောင်းကျန့်ကလှမ်းပြောလိုက်တယ်။

"မင်းခံစားချက်တွေမမြိုသိပ်ထားပဲပေါက်ကွဲလို့ရတယ်ငါ့ကိုထိုးလို့ရတယ်ငါစိတ်မဆိုးပါဘူး...ဒီလိုကြီးတော့မနေပါနဲ့မင်းအတွက်ခက်ခဲလွန်းတယ်"

ထိုးရမယ်တဲ့လား...ငါကဘယ်လိုလုပ်ပြီးမင်းနာကျင်အောင်လုပ်ရက်ပါ့မလဲ။မင်းကိုထိုးမဲ့အစားငါ့ကိုယ်ငါပဲနာကျင်အောင်လုပ်လိုက်မယ်။

ရိပေါ်ကနောက်ကိုလှည့်မကြည့်ပဲရပ်နေသည်။ထို့နောက်စကားတစ်ခွန်းကိုပြောလိုက်တယ်

"ငါသိတယ်...ငါအစထဲကသိပြီးသားပါမင်းသေနတ်ဒဏ်ရာနဲ့ဒီကိုရောက်လာထဲကငါအားလုံးကိုသိတယ်..."

ရှောင်းကျန့်ကအနည်းငယ်အံ့အားသင့်သွားသည်။ရှောင်းကျန့်မေ့နေတာတစ်ခုကသူတို့ပထမဆုံးစတွေ့တဲ့အချိန်ပင်။အဲ့ချိန်ထဲကရိပေါ်ကရှောင်းကျန့်ကိုသိနေခဲ့တယ်။သန့်စင်ခန်းထဲမှာရှောင်းကျန့်ကိုလာခေါ်သွားတဲ့Jacksonကဝမ်အိမ်တော်ကလူပဲလေ။ရိပေါ်အဲ့လောက်တုံးအမနေပါဘူး။

"မင်းသိနေတာကိုဘာလို့အစောထဲကမပြောခဲ့တာလဲ...အဲ့ဒါကြောင့်ငါ့ကိုအစပိုင်းမှာနှင်ထုတ်နေခဲ့တာလားLao Wangမင်းကိုငါဒုက္ခပေးမှာသိသိကြီးနဲ့လက်ခံခဲ့တာလားမင်းမကြောက်ဘူးလား"

ရှောင်းကျန့်ကသူ့ကိုကျောခိုင်းထားတဲ့သူကိုသိချင်လို့မေးလိုက်သည်။ရိပေါ်ကလေသံအေးအေးနဲ့ပြန်ဖြေတယ်..

"ငါ...က မင်းငါ့အနားကထွက်သွားမှာကိုပိုကြောက်တယ်"

ထွက်သွားတဲ့သူကိုကြည့်ပြီးရှောင်းကျန့်မျက်ဝန်းထောင့်ကမျက်ရည်တစ်စက်စီးကျသွားသည်။လောကကြီးမှာလူတွေကအချစ်နဲ့ပက်သက်လာရင်တစ်ယောက်တစ်မျိုးစီရူးကြတယ်အတ္တကြီးကြတယ်။ဒါပေမဲ့အချစ်ကအချစ်ပါပဲ...

ရိပေါ်ကရှောင်းကျန့်ကိုသိနေလို့နှင်ထုတ်ခဲ့ပေမဲ့သူကိုယ်နိုင်ချည်နှောင်ခွင့်ပေးခဲ့ပြန်တယ်။အချစ်ကလူကိုမိုက်ရူးရဲဆန်စေတယ်...ရန်သူကိုကိုယ့်အနားခေါ်ထားမိကြတဲ့အထိမိုက်ရူးရဲဆန်ကြတယ်။မချစ်သင့်တဲ့လူကိုချစ်မိကြတယ်မြတ်နိုးကြတယ်...ဒီလိုအချစ်မျိုးကပူလောင်လှပါတယ်။ဒါပေမဲ့ပိုပြီးနက်ရှိုင်းတာကိုရောသိကြရဲ့လား....

*^^*

အခန်းကျယ်ကြီးထဲပျံ့လွင့်နေတဲ့pianoသံကသာယာငြိမ့်ညောင်းစွာပင်။ဖြူလွလွအရိပ်လေးကအလှဆုံးပြုံးနေတယ်။

"သခင်လေးကျွန်တော်ရောက်ပါပြီ"

Pianoအသံကရပ်သွားပြီးတိုးဖျော့နေတဲ့အသံကထွက်လာတယ်။

"ဘာအကြောင်းထူးလဲ"

"ရှောင်းကျန့်ကိုဝမ်အပိုင်Casinoရုံမှာတွေ့ခဲ့ပါတယ်သခင်ကြီးဝမ်နဲ့တော့မတွေ့ခဲ့ဘူး"

"အဟွန့်...ဘယ်တွေ့လို့ရမလဲသူတို့ကလုံးဝမတွေ့သင့်တဲ့လူတွေပဲမကြာခင်ငါ့ရည်ရွယ်ချက်တွေဖြစ်လာတော့မှာ"

"ကျွန်တော်ဘာဆက်လုပ်ရမလဲသခင်လေးရှောင်းကျန့်ကိုပေးသိလိုက်တော့မလား"

"အို..စောပါသေးတယ်တကယ့်အချိန်ကောင်းကိုစောင့်ရမှာပေါ့...ရှောင်းကျန့်လက်နဲ့ကိုယ်တိုင်ဝမ်ရိပေါ်ကိုသတ်ပါစေ..သူ့မိဘအတွက်သူလက်စားချေရမှာလေ...မှန်တယ်မလား"

လက်ချောင်းတွေနဲ့pianoခလုတ်ကိုပွတ်သပ်ပြီးလေသံတိုးတိုးနှင့်အေးဆေးပြောနေတဲ့သခင်လေးကအမှန်တိုင်းပြောရရင်အကြံပက်စက်လွန်းပါသည်။

"ဒါပေမဲ့သခင်လေးအချိန်ဆွဲနေရင်သူတို့နှစ်ယောက်သံယောဇဥ်တွယ်သွားမှာစိုးရတယ်အဲ့လိုဆိုလက်စားချေဖို့မလွယ်ဘူးနော်ရှောင်းကျန့်ကတွေဝေနေလိမ့်မယ်"

"မင်းစိတ်မပူပါနဲ့ငါ့မှာအကြံလှလှလေးတွေရှိပါတယ်ပြီးတော့ငါရှောင်းကျန့်ကိုကောင်းကောင်းကြီးသိတယ်သူဘယ်သူ့ကိုချစ်လဲဆိုတာငါသိပြီးသားပါ"

သခင်လေးကရှောင်းကျန့်ကိုတကယ်သိပါသည်။ရှောင်းကျန့်စိတ်ကိုရှောင်းကျန့်ထက်တောင်သခင်လေးကပိုသိနေတာသခင်လေးရဲ့အရည်အချင်းတစ်ခုပဲ။ဘာလုပ်လုပ်စနစ်ကျပြီးစေ့စပ်တာမလို့သူယုံပါတယ်။

".ကျွန်တော်ဘာလုပ်ရမလဲ"

"ပွဲလှလှလေးတစ်ခုဖန်တီးရမှာပေါ့..."

သခင်လေးပြောတာကိုနားမလည်ပေမဲ့သူ့ကိုစိုက်ကြည့်ပြီးပြုံးလိုက်တော့နားလည်သွားပြီးခေါင်းညိမ့်ပြလိုက်သည်။

"ကျွန်တော်နားလည်ပါပြီ...သခင်လေးခိုင်းသလိုလုပ်ပါ့မယ်"

."အဟက်...အားလုံးကငါ့လက်ခုပ်ထဲကရေတွေပဲငါ့အောက်မှာရှိနေကြပြီးငါစေသလိုလုပ်နေကြတာအရမ်းပျော်ဖို့ကောင်းတယ်...ရှောင်းကျန့်သွေးကြွေးဆပ်မှာကိုကောင်းကောင်းကြီးကူညီရမှာပေါ့...မှတ်ထား...ရှောင်းကျန့်ကိုမသေစေနဲ့သူသေရင်မင်းလဲအသက်ရှင်မယ်မထင်နဲ့!"

"ကျွန်တော်မှတ်ထားပါ့မယ်.."

အမိန့်စကားအဆုံးထွက်သွားတဲ့လူကိုကြည့်ပြီးနောက်ထိုင်နေရာကနေထကာစားပွဲရှိရာတဖြည်းဖြည်းရွေ့လျားသွားတယ်။စားပွဲပေါ်ကဘောင်ခတ်ထားတဲ့ဓာတ်ပုံကိုယူကြည့်ပြီးနောက်သူ့မျက်ဝန်းတွေကလှောင်ရိပ်တွေကောက်ကျစ်စဥ်းလဲမှုတွေပျောက်ဆုံးပြီးနူးညံ့သွားသည်။ဓာတ်ပုံထဲယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက်ကအလှဆုံးပြုံးနေကြတာကိုကြည့်ပြီးအပြုံးတွေကူးစက်ကာသူလဲလိုက်ပြုံးမိလိုက်တယ်...ဒီတစ်ခါတော့အပြုံးတုတွေမဟုတ်ပဲအစစ်အမှန်အသက်ဝင်လှပနေခဲ့သည်....

💚💛❤

13ခု
Zaw

Casino႐ုံထဲဝင္လိုက္တာနဲ႔ဆူညံေနတဲ့အသံမ်ိဳးစုံကနားစည္ကိုလာ႐ိုက္ခတ္သည္။ေအာက္ထပ္မွာကေတာ့သာမန္ဝိုင္းေတြရွိၿပီးအေပၚထပ္မွာေတာ့သီးသန္႔ဝိုင္းေတြရွိသည္။Casino႐ုံေတြကသူလက္ေအာက္မွာရွိၿပီးဒီေနရာမွာအေရာင္းအဝယ္လဲလုပ္တယ္။

ဝမ္ရိေပၚကအေပၚထပ္ကိုတက္သြားၿပီးအေနာက္ဘက္အခန္းေတြဆီေလ်ာက္သြားတယ္။လမ္းတစ္ေလ်ာက္နီယြန္မီးေရာင္စုံကထိန္လင္းေနသည္။တျဖည္းျဖည္းမီးေရာင္ေတြမွိန္လာတဲ့ေနရာကိုေရာက္လာၿပီးအခန္းတစ္ခန္းေရွ႕ေရာက္ေတာ့လူႏွစ္ေယာက္ကဝမ္ရိေပၚကိုအ႐ိုအေသေပးသည္။

"မင္းတို႔ဒီမွာေနခဲ့"

ပါလာတဲ့ကိုယ္ရံေတာ္ေတြကိုေျပာၿပီးေတာ့အခန္းထဲဝင္လာလိုက္သည္။အခန္းဆိုေပမဲ့အိမ္တစ္လုံးနီးပါးက်ယ္ဝန္းၿပီးဂိုေဒါင္လိုပုံစံျဖစ္သည္။ထိုင္ခုံေပၚေတြၾကမ္းေပၚေတြမွာပ်င္းတြဲစြာထိုင္ေနတဲ့ေယာက်ာ္းေလး မိန္းကေလးအမ်ားႀကီးကသူတို႔လက္ထဲကတစ္စုံတစ္ရာကိုျပင္းျပင္းထန္ထန္႐ူရႈိက္ေနၾကတယ္။

တစ္ခ်ိဳ႕ကသာယာေနၿပီးတစ္ခ်ိဳ႕ကေတာ့အ႐ူးတစ္ေယာက္လိုအငမ္းမရျဖစ္ေနၾကသည္။အေငြ႕ေတြကေထာင္းထေနၿပီးအသက္႐ူရပါၾကပ္သည္။ဒါကနိဗၺာန္ပဲ..

"ကြၽန္ေတာ့္မွာကုန္ေနၿပီးနဲနဲေလးျဖစ္ျဖစ္ေပးပါ...ေတာင္းပန္ပါတယ္"

"သြားစမ္း...မင္းပိုက္ဆံမရွိပဲရမယ္မထင္နဲ႔ဒါေတြကေစ်းျမင့္တယ္ကြ.သြား..သြားေဝးေဝးသြား!!"

လူငယ္ေလးတစ္ေယာက္ကဒူးမေထာက္႐ုံတမယ္ေတာင္းဆိုေနတာကိုဒီကတာဝန္ရွိသူတစ္ေယာက္ကေအာ္ဟစ္ေနေလသည္။လူငယ္ေလးပုံစံကပိန္ခ်ဳံးေနၿပီးလုံးဝမူးယစ္သားေကာင္ျဖစ္ေနေလၿပီး။အ႐ိုးေပၚအေရတင္​နဲ႔႐ုပ္ေတာင္မပီခ်င္ေတာ့..

ထိုလူငယ္ေလးကသူမ်ားေတြကိုအားက်စြာႏွင့္ေငးၾကည့္ေနသည္။ႏွာေခါင္းကိုလက္ညိဳးနဲ႔ခဏခဏပြတ္သပ္ေနၿပီးသူ႔မ်က္လုံးေတြကဟိုဟိုဒီဒီလ်င္ျမန္စြာေျပးလႊားေနတယ္။ဝမ္ရိေပၚကစီးကရက္တစ္လိပ္ထုတ္ၿပီးထိုလူငယ္ေလးအနားသြားသည္။

"ေရာ့..ဒါကမင္းကိုအနည္းငယ္သက္သာေစလိမ့္မယ္.."

ေဆးလိပ္ကိုကမ္းေပးေတာ့ေမာ့ၾကည့္တယ္။ေခ်ာင္က်ေနတဲ့မ်က္ကြင္းေတြကညိဳမဲေနေလသည္။သူေပးတာကိုမယူပဲနံရံေထာင့္ကိုကပ္သြားၿပီးက်ဳံ႕က်ဳံ႕ေလးထိုင္ေနတယ္။ဝမ္ရိေပၚကတစ္ခ်က္ၿပဳံးၿပီးထိုေကာင္ေလးအနားသြားၿပီးေဆးလိပ္ကိုေပးျပန္သည္။

"မယူဘူး..ကြၽန္ေတာ္လိုတာဒါမဟုတ္ဘူး"

ေကာင္ေလးကသူ႔လက္ေတြနဲ႔နံရံကိုကုပ္ျခစ္​ေနၿပီးခပ္ေၾကာင္ေၾကာင္ေျပာေနသည္။ၾကည့္ရတာဒီေကာင္ေလးေၾကာင္ေတာ့မယ္ထင္တယ္။မသုံးရတာဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ။႐ူ႐ုံတင္မကဘူးအသားထဲပါထိုးတာထင္တယ္။ယင္းထခ်ိန္ခံႏိုင္ရည္ရွိပါ့မလား

"ဒါကမင္းလိုခ်င္တဲ့ဟာေလာက္မေကာင္းေပမဲ့မင္းခံစားေနရတာကိုေတာ့အနည္းက်ဥ္းသက္သာေအာင္လုပ္ေပးႏိုင္ပါတယ္..."

သူ႔စကားကိုအေျဖျပန္မေပးပဲနံရံကိုသာတဂ်စ္ဂ်စ္ကုပ္ျခစ္ေနသည္။

"သခင္ႀကီးဝမ္..လာမယ္ဆိုလဲအေၾကာင္းၾကားေရာ့ေပါ့ခုေတာ့ဘာမွမျပင္ဆင္ထားရဘူး"

လိမ္ဖယ္လိမ္ဖယ္လမ္းေလ်ာက္လာတဲ့အမ်ိဳးသမီးကအနီေရာင္ေခ်ာင္ဆမ္ဝတ္စုံႏွင့္ျခဴပန္းေတြဆင္ထားဆံထိုးကိုေခါင္းမွာပန္ဆင္ထားသည္။

"Ms. Maria. သူ႔ကိုကူညီလိုက္ပါ"

"Maria လို႔ပဲေခၚပါလားကြၽန္မကဒီမွာလုပ္ေနၿပီဆိုေတာ့တရင္းတႏွီးေခၚသင့္တာေပါ့.ဟုတ္ဘူးလား"

ခြၽဲပစ္ေနတဲ့အသံႏွင့္သူ႔အနားလိုတာထက္ပိုကပ္ကာညဳတုတုစကားေျပာသည္။

"သူ႔ကိုကူညီလိုက္ပါ"

"ေကာင္းပါၿပီရွင္..တစ္ေယာက္ေလာက္လာအုံး.သူ႔ကိုေခၚသြားၿပီးကူညီေပးလိုက္ၾက"

Mariaစကားလဲဆုံးေရာလူတစ္ေယာက္ကေရာက္လာၿပီးေကာင္ေလးကိုတြဲေခၚသြားသည္။ၾကာၾကာဆက္ထားရင္ဒီေကာင္ေလးေသသြားလိမ့္မယ္။ဝမ္ရိေပၚကတပါးသူကိုကူညီပါတယ္နည္းလမ္းေလးမွားေနတာပဲရွိတာ။

"သခင္ႀကီးဝမ္..ပထမလားအလယ္အလတ္လား ေနာက္ဆုံးလား"

"ငါဒီကိုလာတာအဲ့ဒါလုပ္ဖို႔မဟုတ္ဘူး...မင္းကိုေမးခ်င္တာရွိလို႔"

"အိုး..ကြၽန္မကိုတကူးတကလာေတြ႕တာေပါ့ဝမ္းသာစရာပဲ..ေျပာပါ..ဘာေမးခ်င္တာလဲ"

"ဖန္းေဆာင္စီနဲ႔မင္းနဲ႔ကအရမ္းရင္းႏွီးတဲ့ဆက္ဆံေရးရွိတာငါသိတယ္မင္းကသူ႔ရဲ႕အငယ္အေႏွာင္းမလား..ငါသိခ်င္တာလြန္ခဲ့တဲ့၇ႏွစ္ေက်ာ္ကေရွာင္းမိသားစုသတ္ခံရတဲ့ကိစၥ..မင္းလဲအေၾကာင္းစုံသိမွာေပါ့"

Mariaကဝမ္ရိေပၚစကားေၾကာင့္ေဘးကခုံမွာထိုင္ၿပီးၿပဳံးလိုက္သည္။သူကသခင္ႀကီးဖန္းရဲ႕အငယ္အေႏွာင္းဆိုတာဝမ္ရိေပၚကဘယ္လိုသိတာလဲ။Penisula မွာျပသာနာတက္တုန္းကထင္တယ္။

"ကြၽန္မကသူ႔မယားငယ္လုပ္ၿပီးသူ႔အလိုက်ေနေပးရတယ္သူခိုင္းတာမွန္သမွ်လုပ္ေပးရတာမွန္ေပမဲ့ကြၽန္မႏွလုံးသားမွာသခင္ႀကီးဝမ္တစ္ေယာက္ပဲရွိတာပါ.."

"ငါမသိခ်င္ဘူးမင္းငါ့အေပၚဘယ္လိုပဲခံစားခ်က္ရွိရွိငါဂ႐ုမစိုက္ဘူး..ငါသိခ်င္တာတစ္ခုပဲအဲ့တုန္းကေရွာင္းမိသားစုကိုသတ္ခဲ့တဲ့လူ...သူဘယ္ေရာက္သြားၿပီလဲ"

Jacksonကသူနဲ႔တစ္ပုံစံထဲတူတဲ့သူကိုေတြ႕ခဲ့တယ္လို႔ေျပာတယ္။အဲ့ဒီလူကေရွာင္းက်န္႔မိဘေတြကိုသတ္သြားတဲ့သူဆိုတာေရေတာင္မေရာဘူးေသခ်ာတယ္။သူ႔ရဲ႕ယုံၾကည္အားကိုးရတဲ့တပည့္နာေလးေတြကေတာ့ထိုလူကိုမွတ္မိပုံမရ။အရင္တစ္ခါေရွာင္းက်န္႔လဲေျပာဖူးေပမဲ့အမႈမဲ့အမွတ္မဲ့ေနခဲ့တာယခုေတာ့ေရွာင္းက်န္႔ေပ်ာက္ေနတဲ့ကိစၥကထိုလူနဲ႔တစ္နည္းမဟုတ္တစ္နည္းေတာ့ပက္သက္မႈရွိမည္။ဘာလို႔လဲဆိုေတာ့ေရွာင္းက်န္႔မိဘေတြသတ္သြားသူကဖန္းအိမ္ေတာ္ကျဖစ္ေနလို႔ပါပဲ။

"ငါေမးတာေျဖပါသူဘယ္ေရာက္သြားၿပီလဲ"

"ဒီေမးခြန္းအတြက္ဆိုရင္ေတာ့ကြၽန္မလဲေသခ်ာမေျပာႏိုင္ဘူးအဲ့တုန္းကသူကေရွာင္းလင္မယားကိုသတ္ၿပီးဒီေလာက ကေနေပ်ာက္ကြယ္သြားတာဖန္းအိမ္ကိုဘယ္ေတာ့မွျပန္မလာေတာ့ဘူး...ကြၽန္မဒါပဲသိတယ္"

Maria စကားေၾကာင့္ဝမ္ရိေပၚရဲ႕မ်က္ႏွာကအလိုမက်ျဖစ္သြားသည္။သူစုံစမ္းဖို႔လိုေနၿပီထင္တယ္...Mariaဘက္လွည့္ကာခပ္တည္တည္နဲ႔စကားတစ္ခြန္းဆိုလိုက္သည္။

"မင္းလဲဒီကပစၥည္းေတြခိုးထုတ္ၿပီးဖန္းဂိတ္ကိုဆက္သေနတာေတာ္သင့္ၿပီထင္တယ္ငါေျပာေနတုန္းရပ္လိုက္ပါမဟုတ္ရင္မင္းအသက္အတြက္စိုးရိမ္မိတယ္"

Mariaကထိုစကားေၾကာင့္တုန္လႈပ္သြားသည္။ဝမ္ရိေပၚသိေနတာကိုလုံးဝမရိပ္မိပဲပစၥည္းေတြစိတ္ႀကိဳက္လုပ္ေနမိတယ္။ထိတ္လန္႔ကာဘာစကားမွျပန္မေျပာႏိုင္ေတာ့ေပ။ဝမ္ရိေပၚကေအးေအးလူလူျဖင့္သာထြက္သြားတာကိုၾကည့္ၿပီးMariaရဲ႕ေျခဖ်ားလက္ဖ်ားေတြေအးစက္လာတယ္။သူျမင္လိုက္ရတဲ့သခင္ႀကီးဝမ္ရဲ႕အၿပဳံးကခ်ိဳၿမိန္သလိုနဲ႔အရမ္းေၾကာက္ဖို႔ေကာင္းတယ္။

အရင္ကထက္ပိုၿပီးေသြးေအးလာတယ္ပိုၿပီးရက္စက္လာတဲ့သခင္ႀကီးဝမ္ကနတ္ဆိုးတစ္ေကာင္အလားပင္..

Casino႐ုံကထြက္လာၿပီးကားရပ္ထားတဲ့ေနရာကိုသြားကာ တံခါးဖြင့္မယ္အလုပ္သူ႔ကိုတစ္ေယာက္ေယာက္ကစိုက္ၾကည့္ေနသလိုခံစားရသည္။တံခါးဖြင့္ၿပီးအထဲမဝင္ေသးပဲေဘးပတ္ဝန္းက်င္ကိုလွည့္ပတ္ၾကည့္မိသည္။ကားလမ္းမႀကီးရဲ႕တစ္ဖက္ကအေမွာင္ရိပ္မွာရပ္ေနတဲ့သူကိုေတြ႕ေတာ့ဝမ္ရိေပၚကားတံခါးကိုပိတ္ခ်ၿပီးထိုေနရာကိုအေျပးသြားဖို႔လုပ္သည္။သူ႔ကိုရပ္ၾကည့္ေနတဲ့သူကိုအျမင္မွားတာမဟုတ္ေလာက္ပါဘူးေနာ္...

ကားလမ္းျဖတ္ကူးမယ္လုပ္ေတာ့တဝီဝီနဲ႔ကားေတြပိတ္ၿပီးလမ္းလယ္ေခါင္မွာကိုးယိုးကားယားျဖစ္ေနမိတယ္။တတီတီနဲ႔ကားဟြန္းသံေတြကက်ယ္ေလာင္စြာထြက္ေပၚေနတာကိုဂ႐ုမစိုက္ႏိုင္ပဲတစ္ဖက္လမ္းကိုသာအေရာက္သြားမိသည္။ကားလမ္းျဖတ္ကူးၿပီးတစ္ဖက္ကိုေရာက္ေတာ့ခုနရပ္ေနတဲ့သူကိုမေတြ႕ရေတာ့။ဝမ္ရိေပၚကလွည့္ပတ္ၾကည့္ေတာ့ခပ္ေဝးေဝးမွာတေ႐ြ႕ေ႐ြ႕သြားေနတဲ့ေက်ာျပင္ေလးကိုေတြ႕လိုက္သည္။အညိဳေရာင္loag coatနဲ႔လူကသူအရမ္းလြမ္းေနရတဲ့သူဆိုတာေသခ်ာသည္။

ဝမ္ရိေပၚကေျပးလိုက္သြားေပမဲ့ပိုပိုေဝးေနတယ္လို႔ခံစားရတယ္။သူလက္လွမ္းမမီတဲ့ေနရာကိုပိုၿပီးေရာက္သြားတယ္....ေျပးလိုက္ေနရင္းရင္ထဲဆို႔တက္လာသည္။

ဘယ္ထိလိုက္မိတယ္မသိ..အုတ္တံတိုင္းေတြတစ္ဖက္တစ္ခ်ပ္စီကာရံထားတဲ့လမ္းၾကားကိုေရာက္ေတာ့မ်က္ေျချပတ္ျပတ္ၿပီးလုံးဝမေတြ႕ေတာ့ေပ။လမ္းကလဲဆုံးေနၿပီမလို႔ဆက္သြားစရာမရွိေတာ့တာေၾကာင့္ေနရာမွာတင္ရပ္လိုက္သည္။အုတ္နံရံကိုခပ္ျပင္းျပင္းတစ္ခ်က္ကန္လိုက္သည္

"ေရွာင္းက်န္႔မင္းမလား မင္းဆိုတာငါသိတယ္ငါေတြ႕လိုက္တယ္...ထြက္လာခဲ့!!!. .မင္းမထြက္လာရင္ငါ့အေၾကာင္းေကာင္းေကာင္းသိမယ္..ေရွာင္းက်န္႔!!!"

တစ္ေယာက္ထဲေအာ္ဟစ္ေသာင္းက်န္းေနသည္။ဒီလမ္းထဲလူမေျပာနဲ႔ေခြးတစ္ေကာင္ေၾကာင္တၿမီးေတာင္မရွိ။မီးေရာင္လဲမရွိပဲလေရာင္သာျဖာက်ေနသည္။မိုးအုံ႔ေနတာမလို႔ၾကယ္ေတြမျမင္ရတဲ့အျပင္ရွိေနတဲ့လမင္းႀကီးေတာင္မိုးတိမ္ေတြၾကားထဲပုန္းကြယ္ခ်င္ေနသည္ေရွာင္းက်န္႔လိုပဲ...

"ေရွာင္းက်န္႔!!!မင္းထြက္လာခဲ့!!!. အားး."

ဝမ္ရိေပၚကအသားေတြတဆတ္ဆတ္တုန္ကာေဒါသထြက္ေနသည္။သူ႔ေဒါသေတြေျဖေဖ်ာက္စရာမရွိေတာ့နံရံကိုပဲအႀကိမ္ေရမ်ားစြာထိုးေနမိေတာ့တယ္။လက္ကေသြးေတြျဖာဆင္းလာၿပီးနံရံကလဲနီေစြးသြားေတာ့တယ္။

ခပ္လွမ္းလွမ္းကဓာတ္ဆီပုံးႀကီးေတြၾကားပုန္းကြယ္ေနတဲ့ေကာင္ေလးကဝမ္ရိေပၚထိုသို႔လုပ္ေနတာေတြ႕ေတာ့ပုန္းကြယ္ေနရာကေနထြက္ဖို႔ေျခလွမ္းျပင္ၿပီးမွရပ္တန္႔လိုက္သည္။ျပန္ပုန္းေနၿပီးရင္ဘက္ကိုဖိကာတိတ္တိတ္ေလးငိုေႂကြးေနတယ္။

မလုပ္ပါနဲ႔..မင္းကိုယ္မင္းနာက်င္ေအာင္မလုပ္ပါနဲ႔မင္းအသားနာရင္ငါ့ရင္ေတြကပိုနာက်င္လြန္းလို႔ပါ

ဝမ္ရိေပၚကေသြးေတြရဲေနတဲ့လက္နဲ႔အိပ္ကပ္ထဲကစီးကရက္တစ္လိပ္ထုတ္ၿပီးမီးညႇိလိုက္သည္။ႏႈတ္ခမ္းမွာခဲၿပီးေခါင္းအနည္းငယ္ေမာ့ကာအေငြ႕ေတြမႈတ္ထုတ္လိုက္သည္။ထို႔ေနာက္နံရံကိုမွီကာထိုင္ခ်လိုက္တယ္။လက္ၾကားေဆးလိပ္ညႇပ္ၿပီးေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္သည္။

ဘာလို႔ထြက္သြားရတာလဲငါ့အနားမွာဘာလို႔မေနႏိုင္ရတာလဲ...မင္းငါ့ကိုမုန္းတယ္ဆို..လာသတ္ေလလာသတ္လိုက္စမ္းပါငါေပ်ာ္ေပ်ာ္ႀကီးခံမယ္..အနည္းဆုံးမင္းမ်က္ႏွာေလးျမင္ရတာေပါ့...မင္းလက္နဲ႔သတ္ရင္ငါေက်နပ္ပါတယ္ကြာ...ငါ့ကိုထပ္ၿပီးအဲ့လိုႀကီးမႏွိပ္စက္ပါနဲ႔ေတာ့...

ငါ့မွာမင္းမိဘေတြကိုမသတ္ဘူးဆိုတာျပဖို႔သက္ေသမရွိဘူး။အဲ့ဒါေၾကာင့္မင္းအမုန္းကိုခံရတယ္မင္းငါ့ကိုႀကိဳက္သေလာက္အထင္လြဲ..ရတယ္...ငါမင္းကိုခ်စ္ေနရရင္ေက်နပ္တယ္မင္းအမုန္းခံၿပီးအနားမွာခ်ဳပ္ေႏွာင္ထားမိတာကခ်စ္လြန္းလို႔ေလေရွာင္းက်န္႔ရာ...ငါ့မွာမင္းမ်က္ႏွာေလးမျမင္ရတဲ့ေန႔ရက္တိုင္းကအရွင္လတ္လတ္ငရဲပဲ။မင္းမုန္းပါ..ႀကိဳက္ေသေလာက္မုန္းမင္းမုန္းသေလာက္ငါခ်စ္ေပးမယ္.....

လက္ထဲကမကုန္ေသးတဲ့ေဆးလိပ္ကိုပစ္ခ်ၿပီးေျခေထာက္နဲ႔နင္းေျခလိုက္သည္။အခ်ိန္အခါသင့္႐ြာခ်လာတဲ့မိုးကသူ႔မ်က္ရည္ေတြဘယ္သူမွမေတြ႕ေအာင္ကူညီေပးေနတာလား။ေက်းဇုတင္ပါတယ္..ဒါေပမဲ့ဒီေနရာမွာသူကလြဲၿပီးဘယ္သူမွမရွိဘူးလြတ္လြတ္လပ္လပ္ငိုလို႔ရတယ္မလား။

တေဝါေဝါ႐ြာခ်ေနတဲ့မိုးေတြေၾကာင့္ေကာင္ေလးႏွစ္ေယာက္ရဲ႕ပါးျပင္ကမ်က္ရည္ေတြကမိုးေရေတြနဲ႔ေရာေႏွာကုန္သည္။

ေရွာင္းက်န္႔ကပါးကမိုးေရလားမ်က္ရည္လားမသိတဲ့အရာေတြကိုပြတ္သပ္လိုက္သည္။အက်ယ္ႀကီးေအာ္ငိုခ်င္တယ္...ရင္ထဲတင္းၾကပ္ေနတာေတြေပါ့သြားေအာင္ငိုခ်င္သည္။ငယ္ငယ္ကမားရဲ႕ရင္ခြင္ထဲတိုးဝင္ၿပီးေအာ္ငိုခဲ့သလိုမ်ိဳး။

ငါလုပ္ေနတာေတြကမင္းအတြက္ခ်ည္းပါပဲ...ငါတို႔ႏွစ္ေယာက္ကလုံးဝမျဖစ္သင့္တဲ့သူေတြမင္းကငါ့ရန္သူ...ငါမင္းကိုသတ္ခ်င္တယ္..မုန္းတယ္..ဟုတ္တယ္ငါမင္းကိုအရမ္းမုန္းတယ္..မုန္းလြန္းလို႔၇ႏွစ္ေက်ာ္မင္းအနားမွာေနခဲ့တာ..မင္းကိုသတ္ဖို႔အခြင့္အေရးေတြအမ်ားႀကီးရေပမဲ့ငါမသတ္ခဲ့တာကမုန္းလို႔...မင္းအႏၲာရာယ္ၾကားထဲေရာက္ေနတာသိေတာ့မေနႏိုင္မထိုင္ႏိုင္ရင္ထဲပူေလာင္ၿပီးဝင္ကယ္ေပးခဲ့တာမုန္းလို႔...မင္းကိုမုန္းလို႔...မင္းကိုေစာက္ရမ္းမုန္းလြန္းလို႔မင္းကိုသတ္မဲ့လူအနားခ်ည္းကပ္သြားခဲ့တာ...Lao Wangကငါ့ရန္သူကိုသတ္ခ်င္ေနတာေလ..ငါခြင့္မျပဳႏိုင္ဘူးငါတစ္ေယာက္ပဲမင္းကိုထိခြင့္ရွိတယ္...

ဒါေပမဲ့သူအရမ္းမွားခဲ့တာတစ္ခုကLao WangကBoss Wangကိုမသတ္ခ်င္ဘူးဆိုတာပဲ။ဘာမွေသေသခ်ာခ်ာမသိပဲထင္ရာေတြဇြတ္လုပ္ခဲ့တယ္။ကိုယ့္သေဘာနဲ႔ကိုယ္လုပ္ခ်င္တာလုပ္ၿပီးမွကိုယ့္ဇာတ္ကိုယ္မႏိုင္ေတာ့ဘူး။ဘာဆက္လုပ္ရမွန္းမသိေအာင္လမ္းေပ်ာက္သြားခဲ့တယ္။

အားလုံးကသူ႔ေၾကာင့္ပဲ..သူ႔လုပ္ရပ္ေတြေၾကာင့္အားလုံးနာက်င္ရေတာ့မယ္။တစ္ဖက္ကိုလဲမခ်စ္ပါနဲ႔ေတာ့လို႔တားလို႔မရသလိုတစ္ဖက္ကလဲလုံးဝမျဖစ္သင့္တဲ့လူ။ေျပာပါအုံး..ေရွာင္းက်န္႔ဘာလုပ္ရမလဲ..အေၾကာင္းအရာတစ္ခုကိုေသခ်ာမေလ့လာပဲလုပ္ခဲ့မိတဲ့သူ႔ရဲ႕အမွားေတြေပါ့။

အစထဲကဒီလိုမဆုံးျဖတ္ခဲ့ရင္Boss Wangကိုလဲနာက်င္ေစမွာမဟုတ္သလိုLao Wangကိုလဲအားနာစရာမလိုေတာ့ဘူး။

မိုးေရေတြၾကားထဲငုတ္တုတ္ထိုင္ေနတဲ့လူကိုတိတ္တိတ္ေလးေခ်ာင္းၾကည့္လိုက္ေတာ့ေက်ာက္႐ုပ္ႀကီးလိုၿငိမ္ေနသည္။သူတစ္ခုခုေတာ့ဆုံးျဖတ္သင့္ၿပီထင္တယ္အားလုံးအတြက္အဆင္ေျပမဲ့နည္းေပါ့..

မင္းသိလားBoss Wang. .ငါမခ်စ္တဲ့သူအနားမွာ၇ႏွစ္ေက်ာ္သည္းခံၿပီးေနႏိုင္မွာမဟုတ္ဘူး..မင္းအတြက္ငါ့ကိုယ္ငါအနစ္နာခံမယ္လို႔ေတြးခဲ့ေပမဲ့ငါ့နည္းလမ္းကမွားယြင္းသြားခဲ့တယ္..အားလုံးကိုနာက်င္ေစခဲ့တယ္...ငါမင္းကိုခ်စ္တယ္လို႔မေျပာခ်င္ဘူးငါတို႔ၾကားမွာအမုန္းေတြပဲရွိသင့္တာ..ငါမုန္းသေလာက္မၿငီးမျငဴခ်စ္ေနေပးတဲ့မင္းကိုမုန္းတယ္..ငါမႀကိဳက္တာသိလို႔နမ္း႐ုံေလးကမပိုပဲဆႏၵေတြထိန္းခ်ဳပ္ထားတတ္တဲ့မင္းကိုမုန္းတယ္...ငယ္ငယ္ေလးထဲကေနအရိပ္တၾကည့္ၾကည့္နဲ႔ေနာက္ကြယ္ကေနေစာင့္ေရွာက္ေပးတဲ့မင္းကိုမုန္းတယ္..ငါ့ကိုအရမ္းခ်စ္ေပးတဲ့မင္းကိုရင္ဘက္ႀကီးနဲ႔မဆန္႔ေအာင္မုန္းလိုက္တာ....

ေရွာင္းက်န္႔ကငိုေႂကြးေနရင္းျဖင့္မိုးေရထဲထြက္သြားေတာ့သည္။က်န္ရစ္ခဲ့တဲ့သူကထိုင္ေနရာကမထပဲမ်က္ဝန္းေတြနီရဲေနေလသည္။သူငိုေနတာလားမငိုတာလားသူကိုယ္တိုင္ပဲသိပါလိမ့္မည္။

အမုန္းေတြတရစ္ရစ္တိုးရင္းမသိစိတ္ကအခ်စ္ေတြကတရိပ္ရိပ္တိုးေနတတ္ပါသည္။

*^^*

မိုးမိသြားတာေၾကာင့္ညသန္းေခါင္ႀကီးေရွာင္းက်န႔္ဖ်ားေတာ့သည္။တစ္ကိုယ္လုံးက်စ္က်စ္ေတာက္ပူကာကေယာင္ကတမ္းေတြ႐ြတ္ေနတယ္။ေစာင္တျခားကိုယ္တျခားျဖစ္ကာေကြးေကြးေလးျဖစ္ေနသည္။

ရိေပၚကေရထေသာက္ရန္အခန္းထဲကထြက္လာေတာ့ေရွာင္းက်န႔္အခန္းထဲကညည္းညဴသံေတြေၾကာင့္တံခါးေခါက္သည္။ျပန္ေျဖသံမၾကားေတာ့တံခါးဖြင့္ဝင္သြားတယ္။တံခါးေလာ့ပ်က္ေနတာမလို႔ေတာ္ေသးသည္အခန္းထဲေနမေကာင္းျဖစ္ေနတဲ့ေရွာင္းက်န႔္ကကုတင္ေပၚလူးလိမ့္ေနတယ္။

"ေရွာင္းက်န႔္...ေရွာင္းက်န႔္...တစ္ကိုယ္လုံးပူက်စ္ေနတာပဲဘယ္လိုျဖစ္ရတာလဲကြာ..ခဏေလးငါေရပတ္တိုက္ေပးမယ္.."

ရိေပၚကစိုးရိမ္စြာေျပာၿပီးေရခ်ိဳးခန္းထဲဝင္သြားသည္။ခဏအၾကာမွာေတာ့ေရဇလုံနဲ႔ပုဝါတစ္ထည္ယူကာျပန္ထြက္လာသည္။ကုတင္ေဘးမွာခ်ကာေရွာင္းက်န႔္ကိုဂ႐ုတစိုက္ေရပတ္တိုက္ေပးေနတယ္။

မ်က္ခုံးေတြကအလိုမက်စြာတြန႔္ခ်ိဳးေနၿပီးသူ႔ရင္ထဲပူေလာင္ေနတာဘယ္သူသိႏိုင္မွာလဲ။

"အင့္ဟင့္ဟင့္..ပါး..မား.."

အိမ္မက္ေယာင္ၿပီးငိုေနတဲ့သူေလးရဲ႕ရင္ဘက္ကိုဖြဖြေလးပုတ္ေပးလိုက္သည္။

"ငါရွိတယ္..ငါရွိေနေပးတယ္ေနာ္ဘာမွမျဖစ္ဘူးအဆင္ေျပသြားလိမ့္မယ္..မငိုနဲ႔ေတာ့တိတ္ တိတ္."

ေခ်ာ့ေမာ့ေပးေတာ့ၿငိမ္က်သြားသည္။လက္ေခ်ာင္းၾကားေတြပါမက်န္ေသခ်ာသန႔္စင္ေပးၿပီးအပူက်ေအာင္လုပ္ေပးေနသည္။ဒီလိုလုပ္ေပးေနရတာသူအရမ္းေပ်ာ္တယ္။အေၾကာင္းျပခ်က္မရွိဘူး..ေရွာင္းက်န႔္ကိုခ်စ္တာလဲသူ႔မွာအေၾကာင္းျပခ်က္မရွိဘူး။ဒီတိုင္းသူ႔အခ်စ္ကေရွာင္းက်န႔္ျဖစ္ေနလို႔ပဲ။ေရွာင္းက်န႔္ရဲ႕ျဖဴေဖ်ာ့ေနတဲ့ႏႈတ္ခမ္းေတြကမပြင့္တပြင့္ႏွင့္လႈပ္ၿပီးတစ္ခုခုေျပာေနသည္။ရိေပၚကေရွာင္းက်န႔္မ်က္ႏွာအနားကိုင္းၿပီးပါးစပ္အနားကိုနားကပ္ကာေသခ်ာနားေထာင္လိုက္သည္။

"Boss Wang~~ Boss Wang~~ ...နာက်င္ေအာင္မလုပ္ပါနဲ႔...""

တိုးေဖ်ာ့ေနတဲ့အသံေလးကသူ႔နားထဲမိုင္းဆယ္လုံးခြဲလိုက္သလိုပဲ။ရိေပၚအင္အားေတြျပဳတ္က်သြားရသည္။အၿပဳံးေရးေရးေလးတစ္ခုဖန္တီးၿပီးေရွာင္းက်န႔္ေဘးဝင္လွဲလိုက္တယ္။

"ခ်မ္းေနလားငါမင္းေႏြးသြားေအာင္ေပြ႕ဖက္ထားေပးမယ္"

ေရွာင္းက်န႔္ကိုယ္ေလးကိုတင္းၾကပ္စြာေပြ႕ဖက္ထားၿပီးလႊတ္ထြက္သြားမွာစိုးေနမိသည္။သူ႔ရင္ထဲဆုံးရႈံးသြားတဲ့ခံစားခ်က္ႀကီးကိုအရမ္းေၾကာက္တာပဲ။လက္ေမာင္းေတြၾကားတင္းတင္းဖက္ထားမိတဲ့သူကအမည္နာမတစ္ခုကိုသာအႀကိမ္ႀကိမ္ေရ႐ြတ္ေနသည္။ရိေပၚကေရွာင္းက်န႔္မ်က္ႏွာျဖဴျဖဴေလးကိုစိုက္ၾကည့္ၿပီးဒီလို႐ြတ္ေနတဲ့အသံကိုသူမၾကားျခင္ေတာ့ဘူး။ဒါေၾကာင့္ေရွာင္းက်န႔္အသံတိတ္သြားေအာင္ႏႈတ္ခမ္းနဲ႔ပိတ္ပစ္လိုက္သည္။

ဖိကပ္နမ္းထားတဲ့ႏႈတ္ခမ္းေတြကပူေလာင္ေနသည္။ေရွာင္းက်န႔္ရဲ႕ခံတြင္းထဲတိုးဝင္မိေတာ့မီးေတာက္ေတြလိုပဲ...ခုခ်ိန္သူ႔ရင္ထဲမွာလဲထိုနည္းတူပူေလာင္လြန္းလွတယ္။ႏႈတ္ခမ္းသားေတြကိုအားရသည္ထိစုပ္ယူနမ္းၿပီးမွလႊတ္ေပးလိုက္တယ္။နမ္းေနရင္းအိပ္ေမာက်သြားတဲ့ေရွာင္းက်န႔္ကသူမၾကားခ်င္တဲ့နာမည္ကိုမေျပာေတာ့ဘူး။ပါးကိုပြတ္သပ္ေနၿပီး

"ေရွာင္းက်န႔္..ငါတစ္ေယာက္ပဲမင္းကိုပိုင္ဆိုင္ခ်င္တယ္.."

အိပ္ေနတဲ့သူေလးကေတာ့မၾကားေတာ့ပါ။ထို႔ေနာက္သူလဲေရွာင္းက်န႔္ကိုရင္ခြင္ထဲသြင္းၿပီးအိပ္စက္လိုက္သည္။

သူ႔ရင္ထဲဘယ္သူရွိေနလဲသိေပမဲ့ရသေလာက္ေတာ့ဆြဲထားခ်င္ၾကတယ္မလား။လက္လႊတ္မခံႏိုင္ပဲဆုံးရႈံးရမွာေၾကာက္တာေပါ့။ျပန္ခ်စ္သည္ျဖစ္ေစမခ်စ္သည္ျဖစ္ေစခ်စ္ေနခြင့္ေလးေတာ့ရခ်င္မိသား....ဒါဆိုလဲေက်နပ္မိမွာပါ...

မနက္ခင္းေနျခည္ႏုႏုနဲ႔အတူေရွာင္းက်န႔္ႏိုးထလာသည္။တစ္ကိုယ္လုံးကိုင္႐ိုက္ထားသလိုနာက်င္ေနၿပီးလႈပ္လို႔ေတာင္မရ။ညကသူဖ်ားေနတာေတာ့သိသည္။

မ်က္လုံးေတြဖြင့္ၾကည့္ေတာ့ျမင္ရတာကရိေပၚရဲ႕မ်က္ႏွာေခ်ာေခ်ာပင္။ေရွာင္းက်န႔္ကရိေပၚမ်က္ႏွာကိုလက္ညိဳးေလးနဲ႔ထိေတြ႕ၿပီး

"ေတာင္းပန္ပါတယ္..ၿပီးေတာ့ေက်းဇုလဲတင္တယ္"

ရိေပၚရဲ႕မ်က္လုံးေတြကဖြင့္လာၿပီးသူ႔ကိုၿပဳံးျပသည္။ေရွာင္းက်န႔္ကထထိုင္ေတာ့ရိေပၚကထူေပးတယ္။

ေရွာင္းက်န႔္မ်က္ႏွာသစ္ဖို႔သန႔္စင္ဖို႔အစရိေပၚကကလုပ္ေပးေနတာကိုေရွာင္းက်န႔္ေငးၾကည့္ေနမိသည္။

"ေရွာင္းက်န႔္ငါဆန္ျပဳတ္ လုပ္ထားတယ္ဒီမနက္အဲ့ဒါေလးပဲစားလိုက္ေနာ္...ၿပီးရင္ေဆးတစ္ခြက္ေသာက္ မသက္သာရင္ဆရာဝန္ပင့္ၾကတာေပါ့.."

ရိေပၚစကားကိုေရွာင္းက်န႔္မတုံ႔ျပန္မိပါ။ရိေပၚကအခန္းထဲကထြက္သြားၿပီးမီးဖိုခန္းထဲဝင္သြားသည္။

ဆန္ျပဳတ္ပန္ကန္ယူၿပီးအခန္းထဲျပန္ဝင္လာေတာ့ေရွာင္းက်န႔္ကကုတင္ေပၚငုတ္တုတ္ေလးထိုင္ေနတယ္။သူလုပ္သမွ်လိုက္ၾကည့္ေနသည္။

"ငါခြံ႕ေကြၽးမယ္ေနာ္...အာ.."

ဆန္ျပဳတ္တစ္ဇြန္းခတ္ၿပီးသူ႔ပါးစပ္နားေတ့ေပးေတာ့ေရွာင္းက်န႔္ပါးစပ္ဟေပးလိုက္သည္။ပူပူေႏြးေႏြးဆန္ျပဳတ္ေတြပါးစပ္ထဲဝင္လာၿပီးဝါးေတာင္မဝါးပဲၿမိဳခ်လိုက္တယ္။

"ဘာလို႔မဝါးတာလဲ...ဆန္ျပဳတ္ေတြမေက်ပဲအစာအိမ္နာေနအုံးမယ္"

"ဆန္ျပဳတ္ကဝါးစရာမလိုပါဘူး"

".ေနာက္တစ္ဇြန္း.."

ရိေပၚကဆန္ျပဳတ္တစ္ဇြန္းထပ္ခတ္ၿပီးမႈတ္ေပးကာခြံ႕သည္။ေရွာင္းက်န႔္ရိေပၚခြံ႕ေကြၽးတာေတြစားၿပီးေငးသာေငးၾကည့္ေနမိတယ္။ေသခ်ာၾကည့္ရင္သူ႔မ်က္ဝန္းထဲအားနာရိပ္ေတြျမင္ရပါလိမ့္မယ္။

"Lao Wang. .ငါ..."

ေရွာင္းက်န႔္ထိုစကားေျပာဖို႔အေတာ္ေလးအားယူေနရသည္။သူ႔ႏႈတ္ကရိေပၚကိုေျပာမထြက္ဘူးျဖစ္ေနတယ္။

"ငါ...ျပန္ေတာ့မယ္..ငါလာခဲ့တဲ့ေနရာကိုျပန္ေတာ့မယ္"

ရိေပၚရဲ႕ဇြန္းကိုင္ထားတဲ့လက္ကတင္းၾကပ္သြားသည္။ေရွာင္းက်န္႔ကရိေပၚရဲ႕မ်က္ႏွာကိုမ်က္ေတာင္မခတ္စိုက္ၾကည့္ေနသည္။ရိေပၚကနဂိုမ်က္ႏွာေသျဖင့္သာတုံ႔ျပန္မႈမရွိ။

"ေနာက္တစ္ဇြန္းဆက္စားလိုက္အုံးေအးသြားရင္မေကာင္းဘူး"

"ငါမင္းကိုအိမ္မရွိဘူးလို႔ေျပာတာလိမ္ခဲ့တာ...တကယ္ေတာ့ငါ့မွာျပန္ရမဲ့ေနရာရွိတယ္ငါ့ကိုေစာင့္ေနတဲ့သူရွိတယ္..ေတာင္းပန္ပါတယ္"

"ဆန္ျပဳတ္ေသာက္ၿပီးေဆးေသာက္ရမယ္ေဆးကမခါးပါဘူး"

သူေမးတာေတြကိုတမင္လ်စ္လ်ဴရႈၿပီးဆန္ျပဳတ္ေတြေျပာင္စင္ေအာင္သာခြံ႕ေပးေနတဲ့ရိေပၚဘယ္လိုခံစားေနရလဲမ်က္ႏွာမွာမေဖာ္ျပေပမဲ့သူနားလည္ပါတယ္။ဆန္ျပဳတ္ကုန္သြားေတာ့စားပြဲေပၚကေရဖန္ခြက္တစ္ခြက္နဲ႔ေဆးေတြကိုယူၿပီးသူ႔ပါးစပ္ထဲေဆးထည့္ေပးၿပီးေရပါတိုက္လိုက္သည္။

"Lao Wangငါမင္းအနားေရာက္လာတာကေလ တကယ္ေတာ့"

"အနားယူလိုက္အုံး..အိပ္ယာကႏိုးရင္မင္းေနေကာင္းသြားမွာပါ"

ရိေပၚကသူ႔ကိုကုတင္ေပၚလွဲေစၿပီးေစာင္ကိုၿခဳံလႊမ္းေပးသည္။

"ေခါင္းတလား"

"ငါဒီနာမည္ကိုတကယ္မႀကိဳက္ဘူး..ဒါေပမဲ့မင္းေခၚတာေတာ့သေဘာက်မိတယ္"

ရိေပၚကေစာင္ကိုၿခဳံေပးၿပီးေျပာသည္။ဒီစကားကိုသူၾကားဖူးေပမဲ့ရိေပၚဘယ္ခ်ိန္ကေျပာမွန္းမမွတ္မိဘူး။သူ႔လက္ႏွစ္ဖက္ကိုေစာင္ေအာက္ထဲေသခ်ာလုံၿခဳံေအာင္ထည့္ေပးၿပီးေခါင္းတစ္လုံးပဲေဖာ္ထားေစသည္။ေရွာင္းက်န္႔ကေစာင္ပုံၾကားထဲျမႇပ္ေနတယ္။

"ငါမင္းကိုေျပာျပခ်င္တယ္...ငါက. ငါ..တကယ္ေတာ့ငါကဝမ္ဂိတ္ကလူပဲ...မင္းအနားေရာက္လာတာကမင္းကBoss Wangကိုသတ္မဲ့သူလို႔ထင္ၿပီးငါမင္းကိုဒုကၡေပးခ်င္လို႔အနီးကပ္ေရာက္လာခဲ့တာ...ငါထင္ေနတာေတြကမွားေနတယ္ဆိုတာေနာက္ေတာ့မွသိလိုက္ရတယ္...ငါမင္းကိုဆက္ၿပီးမနာက်င္ေစခ်င္ေတာ့ဘူးမင္းခံစားခ်က္ေတြကိုမကစားခ်င္ေတာ့ဘူးအဲ့ဒါေၾကာင့္...ငါ..ျပန္ပါ့မယ္"

ေရွာင္းက်န္႔ကထိုစကားေတြကိုအားတင္းၿပီးေျပာလိုက္ေတာ့ရိေပၚကငုံ႔ၾကည့္ေနသည္။ထို႔ေနာက္ကိုယ္ကိုကိုင္းခ်ၿပီးေရွာင္းက်န္႔နဖူးေလးကိုဖြဖြေလးနမ္းလိုက္တယ္။

"ကိုယ္ပူက်သြားၿပီး..ဒီတိုင္းဆိုမင္းျမန္ျမန္ေနေကာင္းမွာပါဆရာဝန္ပင့္စရာမလိုေတာ့ဘူးေပါ့"

ေရွာင္းက်န္႔ရဲ႕မ်က္ေတာင္ဖ်ားေလးေတြကလႈတ္ခတ္သြားသည္။သူ႔ႏႈတ္ခမ္းနဲ႔ကိုယ္ပူတိုင္းတဲ့ရိေပၚကေရွာင္းက်န္႔စကားေတြကိုတမင္မၾကားခ်င္ေယာင္ေဆာင္ေနၿပီးသူတို႔ၾကားဘာမွမျဖစ္သလိုေနေနသည္။ရိေပၚကလွည့္ထြက္ၿပီးအခန္းဝေရာက္ေတာ့ေရွာင္းက်န္႔ကလွမ္းေျပာလိုက္တယ္။

"မင္းခံစားခ်က္ေတြမၿမိဳသိပ္ထားပဲေပါက္ကြဲလို႔ရတယ္ငါ့ကိုထိုးလို႔ရတယ္ငါစိတ္မဆိုးပါဘူး...ဒီလိုႀကီးေတာ့မေနပါနဲ႔မင္းအတြက္ခက္ခဲလြန္းတယ္"

ထိုးရမယ္တဲ့လား...ငါကဘယ္လိုလုပ္ၿပီးမင္းနာက်င္ေအာင္လုပ္ရက္ပါ့မလဲ။မင္းကိုထိုးမဲ့အစားငါ့ကိုယ္ငါပဲနာက်င္ေအာင္လုပ္လိုက္မယ္။

ရိေပၚကေနာက္ကိုလွည့္မၾကည့္ပဲရပ္ေနသည္။ထို႔ေနာက္စကားတစ္ခြန္းကိုေျပာလိုက္တယ္

"ငါသိတယ္...ငါအစထဲကသိၿပီးသားပါမင္းေသနတ္ဒဏ္ရာနဲ႔ဒီကိုေရာက္လာထဲကငါအားလုံးကိုသိတယ္..."

ေရွာင္းက်န္႔ကအနည္းငယ္အံ့အားသင့္သြားသည္။ေရွာင္းက်န္႔ေမ့ေနတာတစ္ခုကသူတို႔ပထမဆုံးစေတြ႕တဲ့အခ်ိန္ပင္။အဲ့ခ်ိန္ထဲကရိေပၚကေရွာင္းက်န္႔ကိုသိေနခဲ့တယ္။သန္႔စင္ခန္းထဲမွာေရွာင္းက်န္႔ကိုလာေခၚသြားတဲ့Jacksonကဝမ္အိမ္ေတာ္ကလူပဲေလ။ရိေပၚအဲ့ေလာက္တုံးအမေနပါဘူး။

"မင္းသိေနတာကိုဘာလို႔အေစာထဲကမေျပာခဲ့တာလဲ...အဲ့ဒါေၾကာင့္ငါ့ကိုအစပိုင္းမွာႏွင္ထုတ္ေနခဲ့တာလားLao Wangမင္းကိုငါဒုကၡေပးမွာသိသိႀကီးနဲ႔လက္ခံခဲ့တာလားမင္းမေၾကာက္ဘူးလား"

ေရွာင္းက်န္႔ကသူ႔ကိုေက်ာခိုင္းထားတဲ့သူကိုသိခ်င္လို႔ေမးလိုက္သည္။ရိေပၚကေလသံေအးေအးနဲ႔ျပန္ေျဖတယ္..

"ငါ...က မင္းငါ့အနားကထြက္သြားမွာကိုပိုေၾကာက္တယ္"

ထြက္သြားတဲ့သူကိုၾကည့္ၿပီးေရွာင္းက်န္႔မ်က္ဝန္းေထာင့္ကမ်က္ရည္တစ္စက္စီးက်သြားသည္။ေလာကႀကီးမွာလူေတြကအခ်စ္နဲ႔ပက္သက္လာရင္တစ္ေယာက္တစ္မ်ိဳးစီ႐ူးၾကတယ္အတၱႀကီးၾကတယ္။ဒါေပမဲ့အခ်စ္ကအခ်စ္ပါပဲ...

ရိေပၚကေရွာင္းက်န္႔ကိုသိေနလို႔ႏွင္ထုတ္ခဲ့ေပမဲ့သူကိုယ္ႏိုင္ခ်ည္ေႏွာင္ခြင့္ေပးခဲ့ျပန္တယ္။အခ်စ္ကလူကိုမိုက္႐ူးရဲဆန္ေစတယ္...ရန္သူကိုကိုယ့္အနားေခၚထားမိၾကတဲ့အထိမိုက္႐ူးရဲဆန္ၾကတယ္။မခ်စ္သင့္တဲ့လူကိုခ်စ္မိၾကတယ္ျမတ္ႏိုးၾကတယ္...ဒီလိုအခ်စ္မ်ိဳးကပူေလာင္လွပါတယ္။ဒါေပမဲ့ပိုၿပီးနက္ရႈိင္းတာကိုေရာသိၾကရဲ႕လား....

*^^*

အခန္းက်ယ္ႀကီးထဲပ်ံ႕လြင့္ေနတဲ့pianoသံကသာယာၿငိမ့္ေညာင္းစြာပင္။ျဖဴလြလြအရိပ္ေလးကအလွဆုံးၿပဳံးေနတယ္။

"သခင္ေလးကြၽန္ေတာ္ေရာက္ပါၿပီ"

Pianoအသံကရပ္သြားၿပီးတိုးေဖ်ာ့ေနတဲ့အသံကထြက္လာတယ္။

"ဘာအေၾကာင္းထူးလဲ"

"ေရွာင္းက်န္႔ကိုဝမ္အပိုင္Casino႐ုံမွာေတြ႕ခဲ့ပါတယ္သခင္ႀကီးဝမ္နဲ႔ေတာ့မေတြ႕ခဲ့ဘူး"

"အဟြန္႔...ဘယ္ေတြ႕လို႔ရမလဲသူတို႔ကလုံးဝမေတြ႕သင့္တဲ့လူေတြပဲမၾကာခင္ငါ့ရည္႐ြယ္ခ်က္ေတြျဖစ္လာေတာ့မွာ"

"ကြၽန္ေတာ္ဘာဆက္လုပ္ရမလဲသခင္ေလးေရွာင္းက်န္႔ကိုေပးသိလိုက္ေတာ့မလား"

"အို..ေစာပါေသးတယ္တကယ့္အခ်ိန္ေကာင္းကိုေစာင့္ရမွာေပါ့...ေရွာင္းက်န္႔လက္နဲ႔ကိုယ္တိုင္ဝမ္ရိေပၚကိုသတ္ပါေစ..သူ႔မိဘအတြက္သူလက္စားေခ်ရမွာေလ...မွန္တယ္မလား"

လက္ေခ်ာင္းေတြနဲ႔pianoခလုတ္ကိုပြတ္သပ္ၿပီးေလသံတိုးတိုးႏွင့္ေအးေဆးေျပာေနတဲ့သခင္ေလးကအမွန္တိုင္းေျပာရရင္အႀကံပက္စက္လြန္းပါသည္။

"ဒါေပမဲ့သခင္ေလးအခ်ိန္ဆြဲေနရင္သူတို႔ႏွစ္ေယာက္သံေယာဇဥ္တြယ္သြားမွာစိုးရတယ္အဲ့လိုဆိုလက္စားေခ်ဖို႔မလြယ္ဘူးေနာ္ေရွာင္းက်န္႔ကေတြေဝေနလိမ့္မယ္"

"မင္းစိတ္မပူပါနဲ႔ငါ့မွာအႀကံလွလွေလးေတြရွိပါတယ္ၿပီးေတာ့ငါေရွာင္းက်န္႔ကိုေကာင္းေကာင္းႀကီးသိတယ္သူဘယ္သူ႔ကိုခ်စ္လဲဆိုတာငါသိၿပီးသားပါ"

သခင္ေလးကေရွာင္းက်န္႔ကိုတကယ္သိပါသည္။ေရွာင္းက်န္႔စိတ္ကိုေရွာင္းက်န္႔ထက္ေတာင္သခင္ေလးကပိုသိေနတာသခင္ေလးရဲ႕အရည္အခ်င္းတစ္ခုပဲ။ဘာလုပ္လုပ္စနစ္က်ၿပီးေစ့စပ္တာမလို႔သူယုံပါတယ္။

".ကြၽန္ေတာ္ဘာလုပ္ရမလဲ"

"ပြဲလွလွေလးတစ္ခုဖန္တီးရမွာေပါ့..."

သခင္ေလးေျပာတာကိုနားမလည္ေပမဲ့သူ႔ကိုစိုက္ၾကည့္ၿပီးၿပဳံးလိုက္ေတာ့နားလည္သြားၿပီးေခါင္းညိမ့္ျပလိုက္သည္။

"ကြၽန္ေတာ္နားလည္ပါၿပီ...သခင္ေလးခိုင္းသလိုလုပ္ပါ့မယ္"

."အဟက္...အားလုံးကငါ့လက္ခုပ္ထဲကေရေတြပဲငါ့ေအာက္မွာရွိေနၾကၿပီးငါေစသလိုလုပ္ေနၾကတာအရမ္းေပ်ာ္ဖို႔ေကာင္းတယ္...ေရွာင္းက်န္႔ေသြးေႂကြးဆပ္မွာကိုေကာင္းေကာင္းႀကီးကူညီရမွာေပါ့...မွတ္ထား...ေရွာင္းက်န္႔ကိုမေသေစနဲ႔သူေသရင္မင္းလဲအသက္ရွင္မယ္မထင္နဲ႔!"

"ကြၽန္ေတာ္မွတ္ထားပါ့မယ္.."

အမိန္႔စကားအဆုံးထြက္သြားတဲ့လူကိုၾကည့္ၿပီးေနာက္ထိုင္ေနရာကေနထကာစားပြဲရွိရာတျဖည္းျဖည္းေ႐ြ႕လ်ားသြားတယ္။စားပြဲေပၚကေဘာင္ခတ္ထားတဲ့ဓာတ္ပုံကိုယူၾကည့္ၿပီးေနာက္သူ႔မ်က္ဝန္းေတြကေလွာင္ရိပ္ေတြေကာက္က်စ္စဥ္းလဲမႈေတြေပ်ာက္ဆုံးၿပီးႏူးညံ့သြားသည္။ဓာတ္ပုံထဲေယာက်ာ္းတစ္ေယာက္နဲ႔မိန္းမတစ္ေယာက္ကအလွဆုံးၿပဳံးေနၾကတာကိုၾကည့္ၿပီးအၿပဳံးေတြကူးစက္ကာသူလဲလိုက္ၿပဳံးမိလိုက္တယ္...ဒီတစ္ခါေတာ့အၿပဳံးတုေတြမဟုတ္ပဲအစစ္အမွန္အသက္ဝင္လွပေနခဲ့သည္....

💚💛❤

Continue Reading

You'll Also Like

4.9K 140 14
Raiden Darkholme is a young teenage mutant and son of Raven Darkholme, aka Mystique. Who recently moved to Middleton with his mother getting away fro...
1.1M 40.6K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
757K 28K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
123我爱 By .

Fanfiction

2.4K 314 3
Ricky Shen × Seok Matthew