Sweet Love [Complete]

KrystalJeon_23 द्वारा

4.6K 306 19

A Jaywon Fanfiction(Myanmar) अधिक

2
3
sorry
4
5
6
7
8
9
𝑬𝒏𝒅𝒊𝒏𝒈
Extra

1

1.2K 43 5
KrystalJeon_23 द्वारा

Unicode

"အားး!!"
"ဆောရီး ရရဲ့လား"
"ခင်ဗျား လူတစ်ယောက်လုံးကိုမမြင်ဘူးလား"

အလုပ်ကနေအိမ်ကိုပြန်လာတဲ့အချိန်မှာကားအရှေ့ကနေဖြတ်ပြေးလာတဲ့ကောင်လေးတစ်ယောက် မီးစိမ်းနေတာကိုမမြင်ဘဲသူကလည်းဖြတ်ပြေးသေးတယ် ကိုယ့်ကိုလည်းပြန်အော်နေတယ် မတတ်နိုင်ဘူးလေ အကြီးဖြစ်တဲ့ကိုယ်ကပဲအလျှော့ပေးလိုက်ပါ့မယ် တခြားသူတွေကိုဆိုဘာပဲဖြစ်နေဖြစ်နေလုံးဝအလျှော့မပေးတာကတော့လျှို့ဝှက်ချက်ပေါ့နော်

"ဆောရီး ကိုယ်မမြင်လိုက်လို့ပါ ဘယ်နားထိသွားသေးလဲ"
"ခြေထောက်ထိသွားပြီနဲတူတယ် အိုမားရေသားကိုကယ်ပါအုံး အီးဟီး"
"ဟေ့ ကလေးမငိုနဲ့လေကွာ"
"ဘာကိုကလေးလဲကျွန်တော်က ကလေးမဟုတ်ဘူး"
ခြေထောက်နာနေရတဲ့ကြားထဲကိုယ့်ကိုကလေးတဲ့ ဘာကိုကလေးလဲ တကယ်ပဲ

သူ့ကိုကလေးလို့လည်းပြောလိုက်ရော နှုတ်ခမ်းတဆူဆူနဲ့ရန်ပြန်တွေ့တာ အဲ့တာကိုကလေးမဟုတ်ဘူးတဲ့ ယုံချင်စရာပဲ

"မင်းပုံစံကြည့်ရတာ ၁၇ ၁၈ လောက်ပဲရှိအုံးမယ်ထင်လို့ ကလေးလို့ပြောတာကို ထဆေးရုံသွားမယ်"
"......"
"ဟိတ်ကလေး ထလို့ဆိုတာကို"

မထဘဲနဲ့ထိုင်ငိုနေတဲ့ကလေးလိုလိုဘာလိုလိုကောင်လေးဆီကထွက်လာတဲ့စကားကတော့
"ခြေထောက်နာနေတာကိုဘယ်လိုထမလဲ ခင်ဗျားကရပ်ကြည့်မနေနဲ့လေ နည်းနည်းပါးပါးထူပေးပါလား"တဲ့
"ဟုတ်ပါပြီကွာ"

ကိုယ်လည်းသူမထနိုင်မှန်းသိတာနဲ့တွဲပြီးထူလိုက်တယ် ဒါပေမဲ့အဲ့ကလေးကတော်တော်နာနေတဲ့ပုံ ခြေထောက်တောင်ကောင်းကောင်းမထောက်နိုင်ပဲပြန်လဲကျတော့မလိုဖြစ်သွားတာကြောင့် ခါးကိုလှမ်းဖက်လိုက်မိတယ် ဟိုကလေးကတော့ဘယ်လိုနေလဲမသိ ကျွန်တော့်ဘယ်ဘက်ရင်ဘတ်ထဲကအကောင်ပေါက်လေးကတော့ ငြိမ်ငြိမ်မနေတော့ ဘေးက ကလေးပေါက်စကိုကြည့်လိုက်တော့လည်းငိုမဲ့မဲ့နဲ့ သူ့ကိုဖက်ထားကိုလည်းသိတဲ့ပုံမပေါ် ခြေထောက်နာတာကိုပဲအာရုံရောက်နေတာ ကားဆီရောက်ဖို့ကလည်းငါးလှမ်းခြောက်လှမ်းလောက်သွားရဦးမှာ ဒီတိုင်းဆက်သွားလို့လည်းမဖြစ်တာကြောင့် သူ့ကိုဆွဲပွေ့လိုက်တော့ မျက်လုံးအဝိုင်းသားလေးနဲ့လှမ်းကြည့်လာတာ ကြည့်တော့လည်းကြည့်ပါစေပေါ့ ချောလို့ကြည့်လိုက်လို့ပဲသတ်မှတ်လိုက်တော့မယ် ရင်ဘတ်ထဲကသံစုံတီးဝိုင်းဖြစ်နေတဲ့ရင်ခုန်သံတွေကိုမသိချင်ယောင်ဆောင်ပြီးတော့ပေါ့

ဆေးရုံလည်းရောက်ရောအဆစ်လွဲသွားတာတဲ့ အိမ်ပြန်လိုက်ပို့တာကိုလမ်းမှာလည်းတစ်လမ်းလုံးငိုလာတာဆိုတော့သူ့အိမ်လည်းရောက်ရောအိပ်ပျော်နေပြီလေ စောနကတော့ဒဏ်ရာကြီးကြီးမားမားများရသွားမလားဆိုပြီးစိတ်ပူနေလို့ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့တာ

အခုမှသေချာကြည့်မိတော့ကောင်လေးကချစ်စရာလေးပါကြောင်ပေါက်လေးနဲ့တောင်တူသလိုပဲ ပြီးတော့မေးရိုးပေါ်ကမှည့်လေးကလည်းသူ့နဲ့လိုက်ဖက်ညီနေသလိုပဲ အရမ်းချစ်ဖို့ကောင်းတာပဲ နေပါအုံး အခုငါဒီကောင်လေးကိုချစ်ဖို့ကောင်းတယ်လို့ပြောနေတာလား ချစ်ဖို့ကောင်းတယ်လို့ပြောမိရုံတင်မကရင်ပါခုန်နေတာ ငါကလေယောကျာ်းလေးတစ်ယောက်ကိုလေ မဖြစ်နိုင်တာ ကိုယ့်အတွေးနဲ့ကိုယ်ကြောင်တောင်တောင်ဖြစ်နေတုန်း နိုးလာတဲ့ကြောင်ပေါက်လေး

"ဟင် ဦးလေးကြီး အိမ်ရောက်ပြီပဲ"
"ဟင် အင်းရောက်ပြီ"
"နှိုးလိုက်တာမဟုတ်ဘူး ရောက်တာကြာပြီလား"
အားနာသလိုလေးကြည့်လာတော့ ကိုယ်တိုင်တောင်မသိလိုက် ပြောလိုက်တာကတခြား ပြောဖို့စကားကတစ်ခြား
"မဟုတ်ပါဘူး အခုပဲရောက်တာ"
"အာ ဟုတ် လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ်"
"အင်း"
"သွားပြီနော်"
"ခဏ"
တံခါးဖွင့်ပြီးထွက်သွားဖို့လုပ်နေတဲ့ ကောင်လေးရဲ့လက်ကိုလှမ်းဆွဲလိုက်တော့ မျက်လုံးဝိုင်းလေးတွေနဲ့ပြန်ကြည့်လာသူ

"ဘာဖြစ်လို့လဲ"
"အာ မင်းနာမည်ဘယ်လိုခေါ်လဲ"
"ဂျောင်ဝန်းပါ ယန်းဂျောင်ဝန်း"
"ဂျောင်ဝန်း"
"ဟုတ် သွားပြီနော်ဦးလေးကြီး"
သွားသည့်သူကတော့အပြင်ရောက်လို့အိမ်ထဲတောင်ဝင်သွားပြီ ကားပေါ်မှာကျန်ခဲ့တဲ့ဦးလေးကြီး တစ်နည်းအားဖြင့် ပတ်ဂျေးကတော့
ဂျောင်ဝန်းဆိုတဲ့နာမည်နဲ့ကောင်လေးတစ်ယောက်ကြောင့် ရင်ဘတ်ထဲမှာပန်းတွေရောလိပ်ပြာတွေရော မရေတွက်နိုင်အောင်ပွင့်လာသလိုဖြစ်နေလေသည်

.................

"ဂျောင်ဝန်းနီး မင်းခြေထောက်အဆင်ပြေရဲ့လား"
"ဟုတ်ပြေပါတယ်"
"မသက်သာရင်နားလိုက်နော်"
"သက်သာပါတယ် အမေရဲ့ ဘာမှမဖြစ်ပါဘူး"
"မဟုတ်ပါဘူး အေမက ဂျောင်ဝန်းနီးလေးကိုစိတ်ပူလို့ပြောတာပါ"
"အမေကလည်းကျွန်တော်က ကလေးမဟုတ်တော့ဘူးနော်"
"ဟုတ်ပါပြီ လူကြီးပေါက်စလေးရဲ့"
"တကယ်ပဲ"

အေမကအဲ့လိုပါဆို ကျွန်တော့်အသက်ကိုလည်းကြည့်ဦး 24 နှစ်ဖြစ်နေပြီ အဲ့တာကိုအခုထိကလေးလိုဆက်ဆံနေတုန်း အခုလည်းကြည့် မနေ့ကရှေ့မကြည့်နောက်မကြည့်မီးစိမ်းနေတာကိုမတွေ့ဘဲကားအရှေ့ဖြတ်ပြေးမိလို့ခြေခေါက်ပြီးအဆစ်လွဲသွားတာလေးကို မသိတဲ့သူကြားရင် ဒဏ်ရာကြီးကြီးမားမားရတယ်ထင်အုံးမယ်

ဒါနဲ့ကလေးဆိုလို့ လူတစ်ယောက်ကိုတောင်သတိရသွားပြီ ဟီးဟီး အဲ့ဦးလေးကြီးကတော်တော်ချောတာပဲ ကြည့်လိုက်ရင်တော့မာနကြီးမယ့်ပုံပေါက်ပေမယ့်လည်း တကယ်တော့သဘောကောင်းမယ့်ပုံပါပဲ ပြီးတော့ယောကျာ်းလေးချင်းကြည့်တာတောင်ကြွေချင်စရာကြီး မိန်းကလေးတွေဆိုဘယ်လောက်တောင်ဝိုင်းနေမလဲမသိဘူး ပြီးသွားတော့ မနေ့ညကကျွန်တော့်ကို ဆွေ့ကနဲပွေ့ချီလိုက်တာမသိရင် ရုပ်ရှင်ထဲကလို မင်းသားကမင်းသမီးကိုဆွဲပွေ့ချီလိုက်သလိုပဲ ရုတ်တရက်ဇာတ်လိုက်ဖြစ်သွားတဲ့ခံစားချက်ကဘယ်လိုမှန်းကိုမသိတာ အတွေးထဲမြောနေတာဘယ်လောက်ကြာသွားမှန်းမသိဘူး "ဂျောင်ဝန်းနား မေးနေတာကိုစိတ်ကဘယ်ရောက်နေတာလဲ" ဆိုတဲ့အမေရဲ့အသံကြားမှတွေးနေတာတွေတောင်ကြက်ပျောက်ငှက်ပျောက်

"ဘာကိုလဲအမေ"
"ဒီနေ့အလုပ်သွားမှာလားလို့မေးနေတာ"
"သွားရမှာပေါ့ ဒီနေ့CEO အသစ်ရောက်မှာလေ"
"အဲ့တာဆိုလည်းသွားတော့ နောက်ကျနေလိမ့်မယ် သတိထားသွားဦးနော်"
"ဟုတ် သွားပြီအမေ"

................

"ဂျောင်ဝန်း ရောက်ပြီလား"
"ဂျိတ်ဟျောင်း အစောကြီးရောက်နေတာပဲ"
"ဘယ်ကသာ ငါလည်းအခုမှရောက်တာ ဒါနဲ့ခြေထောက်ကဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူး ဒီတိုင်းအဆစ်လွဲသွားတာ"
"သတိလေးထားစမ်းပါ ယန်းဂျောင်ဝန်းရဲ့ မင်းဟာလေ နာရောနာနေသေးလား"
"နည်းနည်းပဲနာတော့တာပါ CEO အသစ်ရောရောက်နေပြီလား"
"ရောက်နေပြီ"
"ဘယ်လိုလဲ သဘောကောင်းလောက်လား အရမ်းကြီးတော့မဆူမငေါက်လောက်ပါဘူးနော်"
"အဲ့တာတော့ ဘယ်သိမလဲ"
"ဟုတ်သားပဲ ဟျောင်းလည်းအခုမှတွေ့ဖူးတာကို"
"ကိုယ့်နေရာကိုယ်သွားတော့"
"ဟုတ်"
"ဒီကလေးကတော့လေတကယ်ပဲ"

ဂျောင်ဝန်းတစ်ယောက်ကိုယ့်နေရာကိုယ်လာရင်းလမ်းမှာလည်းအတွေးပေါင်းသောင်းခြောက်ထောင်နဲ့
တကယ်ပါဆို CEO အသစ်ကသဘောကောင်းလားမကောင်းလားတော့မသိဘူး အရင် CEO ကလည်းသူ့သားကိုလွှဲပေးပြီးတော့ ကျွန်တော့်ကိုအတွင်းရေးမှူးလုပ်ခိုင်းတယ် ပြီးတော့ပြောပါသေးတယ် သူ့သားကခေါင်းမာပြီးအကြောတင်းတယ်တဲ့ သူ့သားကိုလည်းတစ်ခါမှမတွေဖူးဘူးလေ အဲ့တာမီးစင်ကြည့်ကရမလိုဖြစ်နေတာပေါ့

"ဟူး ငါနှယ့်ဘယ်လိုလုပ်ရမှာပါလိမ့်"
"ဘာကိုဘယ်လိုလုပ်မှာလဲ"
"အမေရေ!!"
တစ်ယောက်တည်းကြားရုံသာတိုးတိုးလေးရေရွတ်လိုက်ပေမယ့် ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ဟီဆွန်းဟျောင်းက နားနားကပ်ပြီးလာပြောတော့ အလန့်တကြားထအော်မိတာအမှန်
"ဟီဆွန်းဟျောင်း"
"ဆောရီး လန့်သွားတာလား"
"မလန့်ဘဲနေမလား"
"ဆောရီးပါ ဒါနဲ့ CEO ကမင်းရောက်ရင်အခန်းထဲလာခဲ့ဦးတဲ့"
"CEO လား"
"အွန်း ဂျောင်ဝန်း မင်းခြေထောက်ဘာဖြစ်တာလဲ"
ခြေထောက်ကပတ်တီးကိုလည်းမြင်ရော စိတ်ပူပြီးမေးလာပြန်ပြီလေ အဲ့လိုပါဆို ဟီဆွန်းဟျောင်းနဲ့ ဂျိတ်ဟျောင်းက ကျွန်တော့်ကိုဆိုအမြဲစိတ်ပူနေကြတာ

"ဘာမှမဖြစ်ပါဘူးဒီတိုင်းအဆစ်လွဲသွားတာပါ စိတ်ပူစရာမလိုဘူး"
"နာနေသေးလား အဲ့တာများဒီနေ့ရုံးလာနေသေး နားလိုက်တာမဟုတ်ဘူး"
"ရပါတယ်ဟျောင်းရဲ့ ဒါနဲ့လေ CEO ကသဘောကောင်းရဲ့လားဟင်"
မနက်ရုံးရောက်တည်းကနေ CEO ကိုသဘောကောင်းလားဆိုတာကိုပဲမေးနေမိတာ ဒါနဲ့ဆိုဘယ်နှကြိမ်လည်းမသိတော့

"ကောင်းပါတယ် ဘာလို့လဲ"
"မေးကြည့်တာလေ ဟျောင်းကတော့သိမယ်ထင်လို့"
"ဟားဟား ဘာမှကြောက်စရာမလိုဘူး သွားတော့သွား"

ထပ်ပြောနေရင်အရစ်ရှည်နေမှာစိုးလို့ရုံးခန်းရှေ့ကိုသာတွန်းပို့ပေးလိုက်ရတယ် တကယ်ပါ အဲ့ကောင်လေးကလေပြောလို့သာယုံရသာ 24 နှစ်ဆိုတာယုံချင်စရာကိုမရှိဘူး မသိတဲ့သူတွေဆိုအသက်လိမ်ထားတယ်လို့ထင်မှာအသေအချာ

ကလေးတစ်ယောက်လိုမျိုးပဲမလို့ အမြဲတမ်းလိုက်ထိန်းနေရတာတော့ ကျွန်တော်တို့အလုပ်တစ်ခုလိုဖြစ်နေတာပေါ့ ကျွန်တော်တို့ဆိုတာတော့တခြားမဟုတ် ကျွန်တော်နဲ့ဂျိတ်နဲ့ပေါ့ ငယ်ငယ်လေးထဲကနေသိနေတဲ့အတွက်ညီအရင်းတစ်ယောက်လိုပဲဖြစ်နေတာ အခုလည်းတခြားဌာနမှာဆိုစိတ်မချလို့ ကျွန်တော်တို့ရှိတဲ့ဌာနကိုပဲခေါ်ထားရတာ အဲ့တာတောင်မှတစ်နေ့တစ်မျိုးမရိုးနိုင်အောင်ပြဿနာရှာနေသေးတာ မျက်စိရှေ့မှာထားထားပေလို့ပဲ မဟုတ်ရင် တစ်နေ့တစ်နေ့သူ့ကိုစိတ်ပူနေရတာနဲ့အလုပ်တောင်ပြီးမှာမဟုတ် အခုတော့ CEO အသစ်စိတ်ကလက်တဆစ် angry bird နဲ့တော့ဘယ်လိုစခန်းသွားမလဲဆိုတာတော့စိတ်ဝင်စားစရာပဲ စောင့်ကြည့်ရဦးမှာပေါ့ သေချာတာကတော့နေ့မကူးဘူး ပြဿနာရှာလာလိမ့်မယ်

"ဒေါက်ဒေါက်"{တံခါးခေါက်သံ}
"ဝင်ခဲ့ပါ"
လို့ပြောလိုက်တဲ့အသံကလုံးဝကိုတည်ကြည်ပြတ်သားနေတာ မျက်နှာကိုတော့မမြင်ရသေး
အသံနဲ့တင်လူကကြောက်နေပြီ ရှိတဲ့ဘုရားကူညီတော်မူပါ

"မင်္ဂလာပါ ကျွန်တော်ကတော့ CEO ရဲ့အတွင်းရေးမှူးပါ"
"........."
"ဟို CEO"
"အွန်း"
"ကျွန်တော့်ကိုခေါ်တာဘာဖြစ်လို့လဲမသိဘူး"
"အတွင်းရေးမှူးကဘယ်သူလဲသိချင်လို့..."

ဝင်လာတာကိုလည်းသိတယ် သူ့ကိုယ်သူမိတ်ဆက်နေတာကိုလည်းသိပေမယ့် အရေးကြီးတဲ့စာရွက်စာတမ်းဖြစ်တာကြောင့်သေချာကြည့်နေရတာ ပြီးသွားတော့မှ စကားပြောဖို့မော့ကြည့်လိုက်တော့ လုံးဝကိုမထင်မှတ်ထားတဲ့သူ ကျွန်တော့်ရဲ့ကြောင်ပေါက်လေး
"ဟင်ဦးလေးကြီး"

......................

ဟဲဟဲ Intro တော့တင်ပြီးသွားဆိုတော့ နောက်အပိုင်းတွေဆက်ရေးရဦးမယ် ရေးဖို့စီစဉ်ထားတာကြာပြီ ဘာမှစဉ်းစားမရလို့ ဒီနေ့မှရေးဖြစ်တာ နောက်အပိုင်းလေးတွေဖတ်ပေးကြမယ်မလား
Update ကတော့နည်းနည်းကြာလောက်တယ် အဆင်ပြေမယ်ဆိုရင်တော့တစ်ပတ်တစ်ပိုင်းတော့ up ပေးပါ့မယ်

Thanks for reading

Zawgyi

"အားး!!"
"ေဆာရီး ရရဲ႕လား"
"ခင္ဗ်ား လူတစ္ေယာက္လုံးကိုမျမင္ဘူးလား"

အလုပ္ကေနအိမ္ကိုျပန္လာတဲ့အခ်ိန္မွာကားအေရွ႕ကေနျဖတ္ေျပးလာတဲ့ေကာင္ေလးတစ္ေယာက္ မီးစိမ္းေနတာကိုမျမင္ဘဲသူကလည္းျဖတ္ေျပးေသးတယ္ ကိုယ့္ကိုလည္းျပန္ေအာ္ေနတယ္ မတတ္နိုင္ဘူးေလ အႀကီးျဖစ္တဲ့ကိုယ္ကပဲအေလွ်ာ့ေပးလိုက္ပါ့မယ္ တျခားသူေတြကိုဆိုဘာပဲျဖစ္ေနျဖစ္ေနလုံးဝအေလွ်ာ့မေပးတာကေတာ့လွ်ို႔ဝွက္ခ်က္ေပါ့ေနာ္

"ေဆာရီး ကိုယ္မျမင္လိုက္လို႔ပါ ဘယ္နားထိသြားေသးလဲ"
"ေျခေထာက္ထိသြားၿပီနဲတူတယ္ အိုမားေရသားကိုကယ္ပါအုံး အီးဟီး"
"ေဟ့ ကေလးမငိုနဲ႕ေလကြာ"
"ဘာကိုကေလးလဲကြၽန္ေတာ္က ကေလးမဟုတ္ဘူး"
ေျခေထာက္နာေနရတဲ့ၾကားထဲကိုယ့္ကိုကေလးတဲ့ ဘာကိုကေလးလဲ တကယ္ပဲ

သူ႕ကိုကေလးလို႔လည္းေျပာလိုက္ေရာ ႏႈတ္ခမ္းတဆူဆူနဲ႕ရန္ျပန္ေတြ႕တာ အဲ့တာကိုကေလးမဟုတ္ဘူးတဲ့ ယုံခ်င္စရာပဲ

"မင္းပုံစံၾကည့္ရတာ ၁၇ ၁၈ ေလာက္ပဲရွိအုံးမယ္ထင္လို႔ ကေလးလို႔ေျပာတာကို ထေဆး႐ုံသြားမယ္"
"......"
"ဟိတ္ကေလး ထလို႔ဆိုတာကို"

မထဘဲနဲ႕ထိုင္ငိုေနတဲ့ကေလးလိုလိုဘာလိုလိုေကာင္ေလးဆီကထြက္လာတဲ့စကားကေတာ့
"ေျခေထာက္နာေနတာကိုဘယ္လိုထမလဲ ခင္ဗ်ားကရပ္ၾကည့္မေနနဲ႕ေလ နည္းနည္းပါးပါးထူေပးပါလား"တဲ့
"ဟုတ္ပါၿပီကြာ"

ကိုယ္လည္းသူမထနိုင္မွန္းသိတာနဲ႕တြဲၿပီးထူလိုက္တယ္ ဒါေပမဲ့အဲ့ကေလးကေတာ္ေတာ္နာေနတဲ့ပုံ ေျခေထာက္ေတာင္ေကာင္းေကာင္းမေထာက္နိုင္ပဲျပန္လဲက်ေတာ့မလိုျဖစ္သြားတာေၾကာင့္ ခါးကိုလွမ္းဖက္လိုက္မိတယ္ ဟိုကေလးကေတာ့ဘယ္လိုေနလဲမသိ ကြၽန္ေတာ့္ဘယ္ဘက္ရင္ဘတ္ထဲကအေကာင္ေပါက္ေလးကေတာ့ ၿငိမ္ၿငိမ္မေနေတာ့ ေဘးက ကေလးေပါက္စကိုၾကည့္လိုက္ေတာ့လည္းငိုမဲ့မဲ့နဲ႕ သူ႕ကိုဖက္ထားကိုလည္းသိတဲ့ပုံမေပၚ ေျခေထာက္နာတာကိုပဲအာ႐ုံေရာက္ေနတာ ကားဆီေရာက္ဖို႔ကလည္းငါးလွမ္းေျခာက္လွမ္းေလာက္သြားရဦးမွာ ဒီတိုင္းဆက္သြားလို႔လည္းမျဖစ္တာေၾကာင့္ သူ႕ကိုဆြဲေပြ႕လိုက္ေတာ့ မ်က္လုံးအဝိုင္းသားေလးနဲ႕လွမ္းၾကည့္လာတာ ၾကည့္ေတာ့လည္းၾကည့္ပါေစေပါ့ ေခ်ာလို႔ၾကည့္လိုက္လို႔ပဲသတ္မွတ္လိုက္ေတာ့မယ္ ရင္ဘတ္ထဲကသံစုံတီးဝိုင္းျဖစ္ေနတဲ့ရင္ခုန္သံေတြကိုမသိခ်င္ေယာင္ေဆာင္ၿပီးေတာ့ေပါ့

ေဆး႐ုံလည္းေရာက္ေရာအဆစ္လြဲသြားတာတဲ့ အိမ္ျပန္လိုက္ပို႔တာကိုလမ္းမွာလည္းတစ္လမ္းလုံးငိုလာတာဆိုေတာ့သူ႕အိမ္လည္းေရာက္ေရာအိပ္ေပ်ာ္ေနၿပီေလ ေစာနကေတာ့ဒဏ္ရာႀကီးႀကီးမားမားမ်ားရသြားမလားဆိုၿပီးစိတ္ပူေနလို႔ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနခဲ့တာ

အခုမွေသခ်ာၾကည့္မိေတာ့ေကာင္ေလးကခ်စ္စရာေလးပါေၾကာင္ေပါက္ေလးနဲ႕ေတာင္တူသလိုပဲ ၿပီးေတာ့ေမးရိုးေပၚကမွည့္ေလးကလည္းသူ႕နဲ႕လိုက္ဖက္ညီေနသလိုပဲ အရမ္းခ်စ္ဖို႔ေကာင္းတာပဲ ေနပါအုံး အခုငါဒီေကာင္ေလးကိုခ်စ္ဖို႔ေကာင္းတယ္လို႔ေျပာေနတာလား ခ်စ္ဖို႔ေကာင္းတယ္လို႔ေျပာမိ႐ုံတင္မကရင္ပါခုန္ေနတာ ငါကေလေယာက်ာ္းေလးတစ္ေယာက္ကိုေလ မျဖစ္နိုင္တာ ကိုယ့္အေတြးနဲ႕ကိုယ္ေၾကာင္ေတာင္ေတာင္ျဖစ္ေနတုန္း နိုးလာတဲ့ေၾကာင္ေပါက္ေလး

"ဟင္ ဦးေလးႀကီး အိမ္ေရာက္ၿပီပဲ"
"ဟင္ အင္းေရာက္ၿပီ"
"ႏွိုးလိုက္တာမဟုတ္ဘူး ေရာက္တာၾကာၿပီလား"
အားနာသလိုေလးၾကည့္လာေတာ့ ကိုယ္တိုင္ေတာင္မသိလိုက္ ေျပာလိုက္တာကတျခား ေျပာဖို႔စကားကတစ္ျခား
"မဟုတ္ပါဘူး အခုပဲေရာက္တာ"
"အာ ဟုတ္ လိုက္ပို႔ေပးလို႔ေက်းဇူးတင္ပါတယ္"
"အင္း"
"သြားၿပီေနာ္"
"ခဏ"
တံခါးဖြင့္ၿပီးထြက္သြားဖို႔လုပ္ေနတဲ့ ေကာင္ေလးရဲ႕လက္ကိုလွမ္းဆြဲလိုက္ေတာ့ မ်က္လုံးဝိုင္းေလးေတြနဲ႕ျပန္ၾကည့္လာသူ

"ဘာျဖစ္လို႔လဲ"
"အာ မင္းနာမည္ဘယ္လိုေခၚလဲ"
"ေဂ်ာင္ဝန္းပါ ယန္းေဂ်ာင္ဝန္း"
"ေဂ်ာင္ဝန္း"
"ဟုတ္ သြားၿပီေနာ္ဦးေလးႀကီး"
သြားသည့္သူကေတာ့အျပင္ေရာက္လို႔အိမ္ထဲေတာင္ဝင္သြားၿပီ ကားေပၚမွာက်န္ခဲ့တဲ့ဦးေလးႀကီး တစ္နည္းအားျဖင့္ ပတ္ေဂ်းကေတာ့
ေဂ်ာင္ဝန္းဆိုတဲ့နာမည္နဲ႕ေကာင္ေလးတစ္ေယာက္ေၾကာင့္ ရင္ဘတ္ထဲမွာပန္းေတြေရာလိပ္ျပာေတြေရာ မေရတြက္နိုင္ေအာင္ပြင့္လာသလိုျဖစ္ေနေလသည္

.................

"ေဂ်ာင္ဝန္းနီး မင္းေျခေထာက္အဆင္ေျပရဲ႕လား"
"ဟုတ္ေျပပါတယ္"
"မသက္သာရင္နားလိုက္ေနာ္"
"သက္သာပါတယ္ အေမရဲ႕ ဘာမွမျဖစ္ပါဘူး"
"မဟုတ္ပါဘူး ေအမက ေဂ်ာင္ဝန္းနီးေလးကိုစိတ္ပူလို႔ေျပာတာပါ"
"အေမကလည္းကြၽန္ေတာ္က ကေလးမဟုတ္ေတာ့ဘူးေနာ္"
"ဟုတ္ပါၿပီ လူႀကီးေပါက္စေလးရဲ႕"
"တကယ္ပဲ"

ေအမကအဲ့လိုပါဆို ကြၽန္ေတာ့္အသက္ကိုလည္းၾကည့္ဦး 24 ႏွစ္ျဖစ္ေနၿပီ အဲ့တာကိုအခုထိကေလးလိုဆက္ဆံေနတုန္း အခုလည္းၾကည့္ မေန႕ကေရွ႕မၾကည့္ေနာက္မၾကည့္မီးစိမ္းေနတာကိုမေတြ႕ဘဲကားအေရွ႕ျဖတ္ေျပးမိလို႔ေျခေခါက္ၿပီးအဆစ္လြဲသြားတာေလးကို မသိတဲ့သူၾကားရင္ ဒဏ္ရာႀကီးႀကီးမားမားရတယ္ထင္အုံးမယ္

ဒါနဲ႕ကေလးဆိုလို႔ လူတစ္ေယာက္ကိုေတာင္သတိရသြားၿပီ ဟီးဟီး အဲ့ဦးေလးႀကီးကေတာ္ေတာ္ေခ်ာတာပဲ ၾကည့္လိုက္ရင္ေတာ့မာနႀကီးမယ့္ပုံေပါက္ေပမယ့္လည္း တကယ္ေတာ့သေဘာေကာင္းမယ့္ပုံပါပဲ ၿပီးေတာ့ေယာက်ာ္းေလးခ်င္းၾကည့္တာေတာင္ေႂကြခ်င္စရာႀကီး မိန္းကေလးေတြဆိုဘယ္ေလာက္ေတာင္ဝိုင္းေနမလဲမသိဘူး ၿပီးသြားေတာ့ မေန႕ညကကြၽန္ေတာ့္ကို ေဆြ႕ကနဲေပြ႕ခ်ီလိုက္တာမသိရင္ ႐ုပ္ရွင္ထဲကလို မင္းသားကမင္းသမီးကိုဆြဲေပြ႕ခ်ီလိုက္သလိုပဲ ႐ုတ္တရက္ဇာတ္လိုက္ျဖစ္သြားတဲ့ခံစားခ်က္ကဘယ္လိုမွန္းကိုမသိတာ အေတြးထဲေျမာေနတာဘယ္ေလာက္ၾကာသြားမွန္းမသိဘူး "ေဂ်ာင္ဝန္းနား ေမးေနတာကိုစိတ္ကဘယ္ေရာက္ေနတာလဲ" ဆိုတဲ့အေမရဲ႕အသံၾကားမွေတြးေနတာေတြေတာင္ၾကက္ေပ်ာက္ငွက္ေပ်ာက္

"ဘာကိုလဲအေမ"
"ဒီေန႕အလုပ္သြားမွာလားလို႔ေမးေနတာ"
"သြားရမွာေပါ့ ဒီေန႕CEO အသစ္ေရာက္မွာေလ"
"အဲ့တာဆိုလည္းသြားေတာ့ ေနာက္က်ေနလိမ့္မယ္ သတိထားသြားဦးေနာ္"
"ဟုတ္ သြားၿပီအေမ"

................

"ေဂ်ာင္ဝန္း ေရာက္ၿပီလား"
"ဂ်ိတ္ေဟ်ာင္း အေစာႀကီးေရာက္ေနတာပဲ"
"ဘယ္ကသာ ငါလည္းအခုမွေရာက္တာ ဒါနဲ႕ေျခေထာက္ကဘာျဖစ္တာလဲ"
"ဘာမွမျဖစ္ပါဘူး ဒီတိုင္းအဆစ္လြဲသြားတာ"
"သတိေလးထားစမ္းပါ ယန္းေဂ်ာင္ဝန္းရဲ႕ မင္းဟာေလ နာေရာနာေနေသးလား"
"နည္းနည္းပဲနာေတာ့တာပါ CEO အသစ္ေရာေရာက္ေနၿပီလား"
"ေရာက္ေနၿပီ"
"ဘယ္လိုလဲ သေဘာေကာင္းေလာက္လား အရမ္းႀကီးေတာ့မဆူမေငါက္ေလာက္ပါဘူးေနာ္"
"အဲ့တာေတာ့ ဘယ္သိမလဲ"
"ဟုတ္သားပဲ ေဟ်ာင္းလည္းအခုမွေတြ႕ဖူးတာကို"
"ကိုယ့္ေနရာကိုယ္သြားေတာ့"
"ဟုတ္"
"ဒီကေလးကေတာ့ေလတကယ္ပဲ"

ေဂ်ာင္ဝန္းတစ္ေယာက္ကိုယ့္ေနရာကိုယ္လာရင္းလမ္းမွာလည္းအေတြးေပါင္းေသာင္းေျခာက္ေထာင္နဲ႕
တကယ္ပါဆို CEO အသစ္ကသေဘာေကာင္းလားမေကာင္းလားေတာ့မသိဘူး အရင္ CEO ကလည္းသူ႕သားကိုလႊဲေပးၿပီးေတာ့ ကြၽန္ေတာ့္ကိုအတြင္းေရးမႉးလုပ္ခိုင္းတယ္ ၿပီးေတာ့ေျပာပါေသးတယ္ သူ႕သားကေခါင္းမာၿပီးအေၾကာတင္းတယ္တဲ့ သူ႕သားကိုလည္းတစ္ခါမွမေတြဖူးဘူးေလ အဲ့တာမီးစင္ၾကည့္ကရမလိုျဖစ္ေနတာေပါ့

"ဟူး ငါႏွယ့္ဘယ္လိုလုပ္ရမွာပါလိမ့္"
"ဘာကိုဘယ္လိုလုပ္မွာလဲ"
"အေမေရ!!"
တစ္ေယာက္တည္းၾကား႐ုံသာတိုးတိုးေလးေရ႐ြတ္လိုက္ေပမယ့္ ဘယ္ကေနဘယ္လိုေရာက္လာမွန္းမသိတဲ့ဟီဆြန္းေဟ်ာင္းက နားနားကပ္ၿပီးလာေျပာေတာ့ အလန႔္တၾကားထေအာ္မိတာအမွန္
"ဟီဆြန္းေဟ်ာင္း"
"ေဆာရီး လန႔္သြားတာလား"
"မလန႔္ဘဲေနမလား"
"ေဆာရီးပါ ဒါနဲ႕ CEO ကမင္းေရာက္ရင္အခန္းထဲလာခဲ့ဦးတဲ့"
"CEO လား"
"အြန္း ေဂ်ာင္ဝန္း မင္းေျခေထာက္ဘာျဖစ္တာလဲ"
ေျခေထာက္ကပတ္တီးကိုလည္းျမင္ေရာ စိတ္ပူၿပီးေမးလာျပန္ၿပီေလ အဲ့လိုပါဆို ဟီဆြန္းေဟ်ာင္းနဲ႕ ဂ်ိတ္ေဟ်ာင္းက ကြၽန္ေတာ့္ကိုဆိုအၿမဲစိတ္ပူေနၾကတာ

"ဘာမွမျဖစ္ပါဘူးဒီတိုင္းအဆစ္လြဲသြားတာပါ စိတ္ပူစရာမလိုဘူး"
"နာေနေသးလား အဲ့တာမ်ားဒီေန႕႐ုံးလာေနေသး နားလိုက္တာမဟုတ္ဘူး"
"ရပါတယ္ေဟ်ာင္းရဲ႕ ဒါနဲ႕ေလ CEO ကသေဘာေကာင္းရဲ႕လားဟင္"
မနက္႐ုံးေရာက္တည္းကေန CEO ကိုသေဘာေကာင္းလားဆိုတာကိုပဲေမးေနမိတာ ဒါနဲ႕ဆိုဘယ္ႏွႀကိမ္လည္းမသိေတာ့

"ေကာင္းပါတယ္ ဘာလို႔လဲ"
"ေမးၾကည့္တာေလ ေဟ်ာင္းကေတာ့သိမယ္ထင္လို႔"
"ဟားဟား ဘာမွေၾကာက္စရာမလိုဘူး သြားေတာ့သြား"

ထပ္ေျပာေနရင္အရစ္ရွည္ေနမွာစိုးလို႔႐ုံးခန္းေရွ႕ကိုသာတြန္းပို႔ေပးလိုက္ရတယ္ တကယ္ပါ အဲ့ေကာင္ေလးကေလေျပာလို႔သာယုံရသာ 24 ႏွစ္ဆိုတာယုံခ်င္စရာကိုမရွိဘူး မသိတဲ့သူေတြဆိုအသက္လိမ္ထားတယ္လို႔ထင္မွာအေသအခ်ာ

ကေလးတစ္ေယာက္လိုမ်ိဳးပဲမလို႔ အၿမဲတမ္းလိုက္ထိန္းေနရတာေတာ့ ကြၽန္ေတာ္တို႔အလုပ္တစ္ခုလိုျဖစ္ေနတာေပါ့ ကြၽန္ေတာ္တို႔ဆိုတာေတာ့တျခားမဟုတ္ ကြၽန္ေတာ္နဲ႕ဂ်ိတ္နဲ႕ေပါ့ ငယ္ငယ္ေလးထဲကေနသိေနတဲ့အတြက္ညီအရင္းတစ္ေယာက္လိုပဲျဖစ္ေနတာ အခုလည္းတျခားဌာနမွာဆိုစိတ္မခ်လိဳ႕ ကြၽန္ေတာ္တို႔ရွိတဲ့ဌာနကိုပဲေခၚထားရတာ အဲ့တာေတာင္မွတစ္ေန႕တစ္မ်ိဳးမရိုးနိုင္ေအာင္ျပႆနာရွာေနေသးတာ မ်က္စိေရွ႕မွာထားထားေပလို႔ပဲ မဟုတ္ရင္ တစ္ေန႕တစ္ေန႕သူ႕ကိုစိတ္ပူေနရတာနဲ႕အလုပ္ေတာင္ၿပီးမွာမဟုတ္ အခုေတာ့ CEO အသစ္စိတ္ကလက္တဆစ္ angry bird နဲ႕ေတာ့ဘယ္လိုစခန္းသြားမလဲဆိုတာေတာ့စိတ္ဝင္စားစရာပဲ ေစာင့္ၾကည့္ရဦးမွာေပါ့ ေသခ်ာတာကေတာ့ေန႕မကူးဘူး ျပႆနာရွာလာလိမ့္မယ္

"ေဒါက္ေဒါက္"{တံခါးေခါက္သံ}
"ဝင္ခဲ့ပါ"
လို႔ေျပာလိုက္တဲ့အသံကလုံးဝကိုတည္ၾကည္ျပတ္သားေနတာ မ်က္ႏွာကိုေတာ့မျမင္ရေသး
အသံနဲ႕တင္လူကေၾကာက္ေနၿပီ ရွိတဲ့ဘုရားကူညီေတာ္မူပါ

"မဂၤလာပါ ကြၽန္ေတာ္ကေတာ့ CEO ရဲ႕အတြင္းေရးမႉးပါ"
"........."
"ဟို CEO"
"အြန္း"
"ကြၽန္ေတာ့္ကိုေခၚတာဘာျဖစ္လို႔လဲမသိဘူး"
"အတြင္းေရးမႉးကဘယ္သူလဲသိခ်င္လို႔..."

ဝင္လာတာကိုလည္းသိတယ္ သူ႕ကိုယ္သူမိတ္ဆက္ေနတာကိုလည္းသိေပမယ့္ အေရးႀကီးတဲ့စာ႐ြက္စာတမ္းျဖစ္တာေၾကာင့္ေသခ်ာၾကည့္ေနရတာ ၿပီးသြားေတာ့မွ စကားေျပာဖို႔ေမာ့ၾကည့္လိုက္ေတာ့ လုံးဝကိုမထင္မွတ္ထားတဲ့သူ ကြၽန္ေတာ့္ရဲ႕ေၾကာင္ေပါက္ေလး
"ဟင္ဦးေလးႀကီး"

......................

ဟဲဟဲ Intro ေတာ့တင္ၿပီးသြားဆိုေတာ့ ေနာက္အပိုင္းေတြဆက္ေရးရဦးမယ္ ေရးဖို႔စီစဥ္ထားတာၾကာၿပီ ဘာမွစဥ္းစားမရလို႔ ဒီေန႕မွေရးျဖစ္တာ ေနာက္အပိုင္းေလးေတြဖတ္ေပးၾကမယ္မလား
Update ကေတာ့နည္းနည္းၾကာေလာက္တယ္ အဆင္ေျပမယ္ဆိုရင္ေတာ့တစ္ပတ္တစ္ပိုင္းေတာ့ up ေပးပါ့မယ္

Thanks for reading

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

IMAGES 🍁 YooN MooN द्वारा

फैनफिक्शन

42.5K 5.2K 29
ကိုယ့် ဆီမှာ ရှိနေတုန်း က တန်ဖိုးမထားဘဲ သူများ ဆီ ရောက်သွားမှ ပြန် လို ချင် နေ လို့ မရဘူးလေ...!! Start _16 Sep 2022 End_20 March 2023 🍁
935K 21.5K 49
In wich a one night stand turns out to be a lot more than that.
52.4K 5.8K 29
အကြောင်းအမျိုးမျိုးကြောင့် အိမ်အငှားအဖြစ်ရောက်လာတဲ့ ကောင်လေးခြောက်ယောက်နှင့်အတူ သီးသန့်နေတတ်တဲ့ အိမ်ပိုင်ရှင် ကောင်လေးတို့ရဲ့ သံယောဇဥ်
94.8K 6.5K 28
Jk - လူဆိုးလေးကို လိမ်မာလာအောင် လုပ်ဖို့က ကို့တာဝန်ထားပါ Jin - ဘိုးတော် အရမ်းမပွားနဲ့ဗျာ နားငြီးလွန်းရင် ကျနော် သည်းမခံနိုင်ဘူးနော်