Unicode ✅
-THAT MAN-
လမ်းမထက် အပြေးအလွှား သူ့ထက်ငါအပြိုင် မောင်းနင်းနေသည့် ဆိုင်ကယ်တွေမှာ မြို့ထဲဆူညံပွက်လောရိုက်နေပြီး ထိုဆူညံသံတွေမှာ မြို့ထဲကလူတွေအတွက်တော့ ရင်းနှီးနေသယောင်။
ဘယ်သူဘာမှ ဝင်မဟရဲ။ မတားရဲတဲ့အထိ ထိုဆူညံသံတွေ၏ ပိုင်ရှင်တွေမှာ သူတို့်မြို့ထဲ၌ နာမည်ကြီးလှသည်။ သို့သော် ထိုလူတွေမှာ လူဆိုးဂိုဏ်းတွေလည်းမဟုတ်သလို လူကောင်းတွေအဖြစ်လည်း သတ်မှတ်လို့မရပြန်ပေ။
“ပြန်ပေးပါ ကျွန်တော်ပိုက်ဆံတွေ ပြန်ပေးပါ”
“ဒီမှာကောင်လေး မင်းပိုက်ဆံ ပြန်လိုချင်လား”
လက်ထဲက အရက်ပုလင်းအား တစ်ချက်မော့သောက်ကာ သူ့ရှေ့က အထက်တန်းကျောင်းသားအား လက်ညှိုးဖြင့်ထိုးကာ မေးလာတဲ့ အရက်သမား။
“အဲ့ဒီငွေက ကျွန်တော်ကျောင်းလစာ ပေးရမဲ့ငွေဖြစ်တာကြောင့် ပြန်ပေးပါ တောင်းပန်ပါတယ်”
ထိုကောင်လေးမှာ မျက်ရည်စမ်းတမ်းနှင့် ဒူးထောက်မတက် သူပိုက်ဆံအား ပြန်တောင်းနေသော်လည်း ရှေ့ကအရက်သမားကတော့ ဂရုပင်မစိုက်။ သူသောက်စရာရှိတာသောက်ရင်း ထိုကောင်လေးငိုယိုနေပုံကို ဟားတိုက်သလို လှောင်ရယ်နေလေသည်။
“တောင်းပန်ပါတယ် ပြန်ပေးပါ”
“မင်းပိုက်ဆံကိုတော့ ပြန်ပေးဖို့ အစီအစဉ်မရှိဘူး အကယ်၍ မင်းပြန်လိုချင်တယ်ဆိုရင်”
ဆက်မပြောပဲ ထိုကောင်လေးအား ခေါင်းအစခြေအဆုံး နှုတ်ခမ်းသပ်ကာ ကြည့်လာတဲ့ အရက်သမားကြောင့် ထိုကောင်လေးမှာ ကြောက်လာဟန်။ အင်္ကျီအောက်နားစအား ခပ်ကျစ်ကျစ်ဆုပ်ကိုင်ရင်း ထိုနေရာကနေ ထွက်သွားဖို့ပြင်တော့၏။
သို့သော်။ ရုတ်တရက်ဆိုသလို ထိုကောင်လေး၏ လက်တွေအား ခပ်တင်းတင်းဆုပ်ကိုင်ရင်း လှမ်းတားလိုက်တဲ့ အရက်သမားကြောင့် ထိုကောင်လေးမှာ ကြောက်လို့ ပို၍ငိုလေပြီ။
“လွှတ် ကျွန်တော်ကိုလွှတ်”
“မင်းပိုက်ဆံပြန်ယူချင်တယ်ဆို”
“ဟင့်အင်း မယူဘူး လွှတ်”
“ဟားဟား မင်းကဘယ်ဆိုးလို့လဲ ယောင်္ကျားလေးဆိုပေမဲ့လှသားပဲ”
အကြည့်တွေမှာ ရွံရှာဖွယ်ရာကောင်းသလို ထိုကောင်လေး၏ခန္ဓာအား အရသာခံကြည့်နေတဲ့ ထိုအရက်သမားလက်ထဲ၌ ထိုကောင်လေးမှာ ကူကယ်ရာမဲ့ဖြစ်နေရှာသည်။
“မင်းဆီကယူထားတဲ့ ပိုက်ဆံထက် ပိုပေးမယ်လေ သဘောတူ-”
“Oh hey ဆက်လုပ်လေ”
ရုတ်တရက်ဆိုသလို လမ်းကြားထဲ၌ ထွက်ပေါ်လာသည့် အသံနှင့်အတူ ထိုကောင်လေးနဲ့ အရက်သမားအား ဆိုင်ကယ်ပေါ်ကနေ ပြုံးရင်းကြည့်နေသည့် လူတစ်ယောက်။
ထိုလူအားမြင်တော့ အရက်သမားမှာ ကြောက်လန့်သွားဟန်။ သူဆွဲထားသည့် ကောင်လေး၏ လက်တွေအား လွှတ်ပေးပြီး တုန်ရီစွာ နောက်သို့ ခြေလှမ်းနှစ်လှမ်းလောက် ဆုတ်သွားလေ၏။
“Garrrz အဲ့ဒါဘယ်တုန်းကွ ငါတို့က မင်းတို့ရဲ့ Live ဖျော်ဖြေမှုကို ကြည့်ဖို့စောင့်နေတာလေ”
ထိုလူ၏အပြောကြောင့် ကောင်လေးမှရှက်ရွံသလို လွယ်အိတ်အား ရင်ဘတ်ထက်ကပ်လိုက်ပြီး အောက်နှုတ်ခမ်းအား ခပ်တင်းတင်းဖိကိုက်လေသည်။ ဒါကိုသေချာကြည့်နေသည့် ဆိုင်ကယ်ပေါ်ကလူကတော့ အပြုံးပင်မပျက်ချေ။
“တောင်းပန်ပါတယ် တောင်းပန်ပါတယ်”
ခါးအားအောက်သို့ညွှန့်ကာ တောင်းပန်စကားကိုသာ ဆက်တိုက်ရွတ်နေသည့် အရက်သမားအားကြည့်ပြီး ထိုလူကဆိုင်ကယ်ပေါ်ကနေ ဆင်းလာသည်။ ထို့နောက် သူဘေးက ကောင်လေးအား တစ်ချက်စိုက်ကြည့်ပြီး အရက်သမားအနား ကပ်သွားလေရဲ့။
“မင်းသူ့ဆီက ပိုက်ဆံဘယ်လောက် ယူထားတာလဲ ငါ့ကောင်”
“ဒါ..ဒါ..ဒါအကုန်..အကုန်ပါ..ပဲ”
အထစ်ထစ်အငေါ့အငေါ့ဖြင့် ကောင်လေး၏ပိုက်ဆံတွေအား ထုတ်ပေးလာတဲ့ အရက်သမား။
“ဟိုစောက်ကလေး ဒါမင်းပိုက်ဆံတွေလား”
ထိုလူ၏အမေးအား ထိုကောင်လေးခေါင်းတစ်ချက်သာ ညိတ်ပြလေရဲ့။ ထိုလူကတော့ သူ့လက်ထဲကပိုက်ဆံတွေကို ထိုကောင်လေးဆီ ပြစ်ပေးပြီး သူ့အိတ်ကပ်ထဲက ထုတ်လိုက်တဲ့ ပိုက်ဆံအထပ်လိုက်ကိုတော့ အရက်သမားအိတ်ကပ်ထဲ ထည့်ပေးလေ၏။
“မင်းအတွက် အရက်ဖိုးနဲ့ ဟိုနေရာမှာသုံးဖို့ ပိုက်ဆံ”
ခပ်ပြုံးပြုံးမျက်နှာနဲ့ အိတ်ကပ်ထဲက ပိုက်ဆံတွေထည့်ပေးနေသည့် ထိုလူကြောင့် အရက်သမားက ပျော်သွားဟန် ပြုံးတော့သည်။
ထို့နောက်။
“သူ့ကိုတော့ ဆရာတို့ သုံးဖို့လား”
အရက်သမား၏အမေးကြောင့် ကောင်လေးမှာကြောက်သွားဟန်။ ထိုလူနှင့် ထိုလူ၏ အပေါင်းအပါး သူငယ်ချင်းတွေဆီ အကြည့်ပို့ကာ မျက်ရည်စတွေ ရစ်သီးလာလေရဲ့။
“ဟေ့ စောက်ကလေး ဒီလာဦး”
ထိုလူ၏အခေါ်ကြောင့် ထိုကောင်လေးမှာ နောက်သို့ခြေလှမ်းဆုတ်သွားပြီး ထွက်သွားဖို့ ပြင်လေရဲ့။
သို့သော်။
“အာ့!”
“မင်းကိုဘယ်သူက သွားခွင့်ပြုလိုက်လို့လဲ Oh hey မင်းက တကယ်လှသားပဲ”
“လွှတ်....”
“ဒီကိုလာ စောက်ကလေး”
ဆက်ခနဲ ဆွဲဆောင့်ခံလိုက်ရတဲ့ လက်တွေနဲ့အတူ ထိုကောင်လေးအား အရက်သမားရှေ့၌ နေရာယူစေသည်။ ပြီးသည်နှင့် ထိုလူဟာ အရက်သမားအား စိုက်ကြည့်ကာ ခပ်ထေးထေးပြုံးလေရဲ့။
ထို့နောက်။
“Gomenasai”
“အာ့!!”
ထိုလူဟာ ဂျပန်လိုတောင်းပန်စကား ဆိုပြီးချိန်မှာတော့ ခပ်ပြုံးပြုံးမျက်နှာထားဖြင့် သူ့ရှေ့က အရက်သမားမျက်နှာအား အားပါပါကန်ချပြစ်လိုက်လေ၏။
ထိုလူ၏လုပ်ရက်ကြောင့် ထိုလူဘေးကကောင်လေးမှာ အံ့ဩသလိုဖြစ်သွားပြီး အရက်သမားကတော့ ထိုလူ၏ကန်ချက်တစ်ချက်တည်းနဲ့တောင် နှာခေါင်းထဲကနေ မြင်မကောင်းအောင် သွေးနီနီစီးကျလာရင်း မြေပြင်ထက် လဲကျသွားလေရဲ့။
“မင်းသွားလို့ရပြီ”
ထိုလူ၏သတိပေးဟန် စကားနောက် ကြမ်းပြင်ထက်က အရက်သမားမှာ ချက်ချင်းဆိုသလို သူတို့ရှေ့ကနေ ထွက်ပြေးသွားလေရဲ့။
အဲ့ဒီနောက် ထိုလူဟာ သူ့ရင်ခွင်ထဲရောက်ခါနီးဖြစ်နေသည့် ကောင်လေးအားငုံ့ကြည့်ကာ။
“မင်းအကြည့်ကဘာလဲ စောက်ကလေး ငါ့ရုပ်က နှာဘူးရုပ်ပေါက်နေလို့လား Hey"
ထိုလူမေးတော့ ကောင်လေးကခေါင်းခါသည်။
“Ren”
ရုတ်တရက် ခပ်အေးအေးထွက်လာတဲ့ အသံနှင့်အတူ ကောင်လေးဘေးက ထိုလူ၏နာမည်မှာ Ren သာဖြစ်သည်။
“Oh hey မင်းမဟုတ်မှလွဲ-”
*ဖြောင်း!*
Ren တားချိန်တောင်မရလိုက်။ Ren ဘေးကကောင်လေးပါးအား အားပါပါရိုက်ချပြစ်လိုက်တဲ့ သူ။
“Suga! မင်းကတော့ကွာ”
ဟုတ်တယ်။ ထိုကောင်လေးပါးကို အေးအေးလူလူနဲ့ ရိုက်ချပြစ်လိုက်တဲ့ သူတို့အားလုံးရဲ့ Leader လို့ သတ်မှတ်ထားတဲ့ Suga ဆိုတဲ့သူ။
“မပျော့ညံ့နဲ့ မင်းဒီလိုငိုဖို့ပဲတက်ပြီး ပျော့ညံ့နေဦးမယ်ဆိုရင် အခုမဟုတ်ရင်တောင် နောက်တစ်ကြိမ်မှာ အဲ့ဒီလိုကောင်တွေက မင်းကိုတက်ပြီး F**k သွားလိမ့်မယ်”
“Shit man ကလေးကို အဲ့ဒီလိုဒဲ့ကြီးမပြောနဲ့လေကွာ”
ပြောပါတယ်။ ဒီလူတွေက လူဆိုးဂိုဏ်တွေလည်းမဟုတ်သလို။ လူကောင်းတွေလို့လည်း သတ်မှတ်လို့မရပါဘူးလို့။ သူတို့အားလုံးက ပိုက်ဆံရှိ သူဌေးသားတွေဆိုတော့ မြို့ထဲမှာ ပြဿနာမျိုးစုံရှာပြီး ပတ်သောင်းကျန်းနေကြတာ။
ဒါပေမဲ့ မဟုတ်တာတော့ ဒီကောင်တွေမလုပ်ဘူး။ ယုတ်မာဖို့ဆို ပိုတောင်ဝေးသေး။ တနေ့တနေ့ သူတို့ရန်ပွဲနဲ့သူတို့တောင် အချိန်မလောက်တဲ့ကောင်တွေ။
သူတို့အဖွဲ့က လူငယ်တွေအများကြီးနဲ့ ဖွဲ့စည်းထားတာဆိုပေမဲ့ သူတို့အဖွဲ့မှာ နာမည်ကြီးဆုံးက Leader လို့ အားလုံးသတ်မှာထားတဲ့ Suga ဆိုတဲ့ဘဲရယ်။ Ren ဆိုတဲ့ဘဲရယ်။
Suga နဲ့ Ren တို့က သူငယ်ချင်း အရင်းကြီးဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ပုံစံချင်းကလုံးဝမတူဘူး။ Ren က ဂျပန်လူမျိုးစစ်စစ်ကိုမှ ကိုရီးယားမှာရှိတဲ့ Suga နဲ့ အတူတူသောင်းကျန်းချင်လို့ကို ကိုရီးယားမှာ ပလိန်းကြီးလာနေတဲ့ဘဲ။
သူကအပြောချိုပြီး အမြဲတမ်းခပ်ပြုံးပြုံးနေတက်ပေမဲ့ သူ့ရဲ့ကန်ချက်တွေကိုတောင် ဘယ်ကောင်မှမခံနိုင်ဘူး။ သူကတရားတဲ့ဘက်မှာ အမြဲရပ်တည်နေတဲ့ တရားသူကြီးလေ။
ဒါဆို Suga ဆိုတဲ့ဘဲကရော။
“Oh hey စောက်ကလေး ငါတို့ကိုမကြောက်နဲ့ ငါတို့ကလူယုတ်မာတွေ မဟုတ်ဘူး”
“လူကောင်းတွေလည်းမဟုတ်ဘူး”
“Suga”
“Haa~မှန်တာပြောတာ”
Ren ကကောင်လေးမကြောက်ဖို့ ထိန်းပြောနေပေမဲ့ Suga ကတော့ အထိန်းအကွပ်မဲ့ ဒဲ့တွေကြီး ပြောနေတာမို့ ကောင်လေးမှာ သူတို့အား ကြောက်ရနိုးနိုး မကြောက်ရနိုးနိုးနဲ့ ကြောင်တောင်တောင်လေး ဖြစ်နေရှာလေ၏။
“အချိန်းမဖြုန်းနဲ့ Ren ဟိုကောင်တွေနဲ့ချိန်းထားတာ နောက်ကျလို့မဖြစ်ဘူး”
“Alright”
Suga ဆိုင်ကယ်ပေါ် ပြန်ရောက်သွားတော့ Ren လည်း သူ့ဆိုင်ကယ်ဆီ ပြန်ရောက်သွားလေရဲ့။
ထို့နောက် ထွက်မသွားခင် သူ့အား အခုထိစိုက်ကြည့်နေသေးသည့် ကောင်လေးအား Ren တစ်ချက်လှမ်းကြည့်ကာ။
“Hey စောက်ကလေး နောက်တစ်ခါ ပြန်တွေ့ခဲ့ရင် မင်းနာမည်အရင်ပြောရမယ် ကြားလား”
Ren ပြုံးရင်ဆိုလေတော့ ထိုကောင်လေးက ခေါင်းတစ်ချက် ညိတ်ပြလေတယ်။ Ren က ထိုကောင်လေးပြုမှုပုံကို သဘောကျသွားပုံပါပဲ။ ခပ်ဖွဖွပြုံးရင်းထွက်သွားတော့ ကျန်နေခဲ့တဲ့ ထိုကောင်လေးကလည်း ထွက်သွားတဲ့ Ren ဆိုင်ကယ်ကိုသာ ငေးကြည့်ရင်းကျန်ခဲ့လေရဲ့။
“Haa~ မင်းမျက်ခွက်ကို ဆွဲထိုးမိတော့မယ်”
သူ့ဘေးကဆိုင်ကယ်ပေါ်မှာ ပြုံးနေတဲ့ Ren ကိုကြည့်ပြီး Suga ထိုသို့ဆိုတော့ Ren ကခပ်ဟဟရယ်တော့တာပဲ။
“Gomen Gomenasai HaHa”
“Baka”
“မင်းတောင်ဂျပန်လိုတက်နေပြီပဲ ဟားဟား”
တက်ပါတယ်။ တစ်လုံးနှစ်လုံး။
.
.
.
*ခွမ်း!!*
တိတ်ဆိတ်နေတဲ့ ကော်ဖီဆိုင်ထဲ ထွက်ပေါ်လာတဲ့ အသံကြောင့် အားလုံးရဲ့အကြည့်တွေမှာ အသံလာရာဆီ။ ထိုကော်ဖီဆိုင်ထဲမှာ တစ်စုံတစ်ယောက်လည်း ရှိနေခဲ့လေရဲ့။
ထိုသူမှာတော့ Ren အလာကို စောင့်နေတဲ့ Suga ပင်။
Suga အသံလာရာဆီ အကြည့်ပို့မိတော့ ဆိုင်ထဲက ဝိုင်းတစ်ခု၌ လူတစ်ယောက်မှာ အရိုက်ခွဲခံထားရတဲ့ခေါင်းထက် သွေးနီနီတွေစီးကျနေကာ ကြမ်းပြင်ထက်လဲကျနေပြီး ဘေးဘက်၌ အေးအေးလူးလူး မတ်တပ်ရပ်နေသည့် ကောင်လေးတစ်ယောက်လည်း ရှိနေလေ၏။
“မင်း မင်း မင်းကိုတရားစွဲမယ်”
သွေးတွေစီးကျနေသည့် ခေါင်းအားထိန်းကိုင်ကာ တုန်တုန်ရီရီဆိုလာသည့် ထိုလူအား ရပ်ကြည့်နေတဲ့ ကောင်လေးပုံစံမှာ တည်တည်ငြိမ်ငြိမ်သာပင်။
“လူကြီးမင်း ကျွန်တော်သိချင်တာကိုပဲ ဖြေပေးပါ”
“မဖြေနိုင်ဘူးလို့ မင်းကိုပြောပြီးသား! မင်းတို့လိုကောင်တွေက ဘာတွေများ အားကိုးနေရလို့လဲ! ဟိုစစ်မေး ဒီစစ်မေးနဲ့ ပြီးရင် ဘယ်တုန်းကများ အမှူနိုင်ဖူးလို့လဲ!”
ထိုလူအပြောကြောင့် ထိုကောင်လေးက ဘာစကားမှမတုံ့ပြန်ပဲ ထိုလူကိုသာ ငုံ့ကြည့်နေသည်။
“မင်းတို့ကိုယုံလည်းမယုံဘူး အားလည်းမကိုးဘူး! ပိုက်ဆံသာရှိရင် ဘာမဆိုလုပ်လို့ရတဲ့ လောကကြီးမှာ မင်းတို့လို စုံထောက်တွေက ဘယ်နေရာမှာမှ ဘောင်မဝင်ဘူးဆိုတာ သိထား!”
ထပ်မံပြီး ပြောဆိုလာတဲ့ ထိုလူစကားတွေမှာ သာမန်လူသာဆိုရင် ကျိန်းသေပေါက် ဒေါသထွက်လာပြီး နောက်ထပ်တစ်ကြိမ် ရိုက်ခွဲမိမှာ သေချာပေမဲ့ ထိုကောင်လေးကတော့ ဘာမှမခံစားရသလို တည်တည်ငြိမ်ငြိမ်သာ ရပ်နေခဲ့လေ၏။
“ထပ်ပြောလိုက်မယ် မင်းတို့ကောင်တွေ ဘာစောက်ဆင့်မှမရှိ-”
*အာ့!!*
ဒီတစ်ကြိမ်တော့ ဝမ်းဗိုက်ထက် ဖျက်ကန်လာသည့် ထိုကောင်လေးကြောင့် ထိုလူမှာ ကြမ်းပြင်ထက်လူးလိမ့်ရင်း နာကျင်စွာအော်ဟစ်လေရဲ့။
“အဖြေကိုအဆင်သင့်လုပ်ထားပါ လူကြီးမင်း”
အေးအေးလူလူဆိုပြီးသည်နှင့် ထိုကောင်လေးဟာ ဆိုင်ထဲကနေ ထွက်သွားလေသည်။ ကျန်ခဲ့သည့် ထိုလူမှာတော့ ဒေါတသကြီးအော်ဟစ်ရင်း မကျေမနပ်နိုင်ဖြစ်နေလေ၏။
ထို့နောက် ထွက်သွားတဲ့ ကျောပြင်းအား Suga ကြည့်ရင်း ။
“မင်းကဘယ်သူလဲ”
“Oh hey ပွဲကောင်းကြည့်လိုက်ရတာပဲ”
ဆိုင်ထဲဝင်လာတဲ့ Ren စကားကြောင့် ကြမ်းပြင်ထက်ကလူမှာ Ren အား ဘုကြည့် ကြည့်လေတော့ ။
“ဟိုတစ်ယောက်က နှစ်ချက်ပဲ စော်သွားတာမလား ငါ့ကောင် ငါကတော့ နှစ်ချက်တည်းနဲ့ ရပ်မဲ့ကောင် မဟုတ်ဘူးနော်”
“ချီး!”
Ren အပြောကြောင့် ကြမ်းပြင်ထက်က ထသွားတဲ့ထိုလူ။ Ren ကတော့ သူ့ပုံစံအတိုင်း ခပ်ဟဟရယ်ရင်း Suga ဘေး၌ ဝင်ထိုင်လေရဲ့။
“စုံထောက်ပတ်ခ်တဲ့ အမှူတွေစစ်တဲ့နေရာမှာ သူကဘုရင်ပဲ စကားပြောနည်းတယ် အလုပ်လုပ်တာ တိကျတယ်”
Suga မမေးတာတောင် Suga စိတ်ထဲဘာတွေ တွေးနေပြီး ဘာတွေသိချင်နေလဲ Ren က အတက်သိနေတာမျိုး။ ဘာကြောင်လဲဆိုတော့ ဆိုင်ထဲ Ren ဝင်လာကတည်းက ဖြစ်စဉ်အစအဆုံး မြင်ခဲ့ရသလို စုံထောက်ပတ်ခ်အား စိတ်ဝင်တစားကြည့်နေခဲ့တဲ့ Suga ပုံစံကိုလည်း Ren သတိထားမိခဲ့တာကြောင့်ပင်။
“Park တစ်လုံးထဲလား”
“နာမည်အပြည့်အစုံက Park Jimin”
“သူ့ပုံစံက စိတ်ဝင်စားစရာပဲ”
“HaHa မင်းလိုကောင်နဲ့ သူ့လိုလူနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ”
Ren အပြောကို Suga ဘက်က နှုတ်ခမ်းလှုပ်ရုံမျှပြုံးပြီး တစ်ခုခုကို တွေးတောနေသလို ခဏတာငြိမ်သက်နေလေရဲ့။ နောက်တော့ အတွေးရတော့မှ ကော်ဖီခွက်အား ခုံထက်ချလိုက်ပြီး Ren ဆီအကြည့်ပို့လိုက်လေ၏။
“Ren ငါမင်းအကူညီလိုတယ်”
“Humm? Haha Alright!”
သူငယ်ချင်းနှစ်ယောက် သဘောပေါက်သွားသလို တစ်ယောက်ကိုတစ်ယောက် ပြုံးပြရင်း တစ်ခုခုအားလုပ်ဖို့ ကြံရွယ်လေရဲ့။
ကျိန်းသေပေါက် Ren ရဲ့ ပေါက်ကရအကြံစည်တွေပေါ့။
.
.
.
“ဆိုတော့ တရားခံတွေကို မမိလိုက်ဘူးပေါ့”
“ဟုတ်ပါတယ် စုံထောက်ပတ်ခ် ဒါပေမဲ့ အားလုံးထဲမှာ ထွက်မပြေးပဲ ကျန်ခဲ့တဲ့တစ်ယောက် ရှိပါတယ် ကျွန်တော်တို့ သူ့ကိုဖမ်းထားတာမို့ စုံထောက်ပတ်ခ် သိချင်တာရှိရင် သူ့ကိုစစ်မေးလို့ရပါတယ်”
“ကောင်းပြီ”
သောက်လက်စကော်ဖီခွက်အား အမှိုက်ပုံးထဲထည့်ကာ အမှုစစ်တဲ့အခန်းထဲသို့ စုံထောက်ပတ်ခ် ဝင်သွားလေသည်။ မီရောင်ဖျော့ဖျော့သာ လင်းနေသည့် အမှူစစ်အခန်းထဲရောက်တော့ စုံထောက်ပတ်ခ်ဟာ သူဝတ်ထားတဲ့ အင်္ကျီဖြူလက်ရှည်အား ခပ်ဖြေးဖြေးဆွဲတင်လိုက်ပြီး တရားခံရှိရာဆီ လှမ်းသွားလေ၏။
“Suga”
စုံထောက်ပတ်ခ်ဆီက ထွက်လာတဲ့ ပထမဦးဆုံး စကားသံမှာ သူ့ရှေ့၌ရှိနေသည့် တရားခံ Suga ၏ နာမည်သာ။
“ကိုယ်မမိတ်ဆက်ရသေးဘူးလေ Little Park”
“Little Park....”
Suga ခေါ်လိုက်တဲ့ Little Park ဆိုသည့် နာမ်စားအား စုံထောက်ပတ်ခ်တစ်ယောက် သံယောင်လိုက်ကာ သူ့ရှေ့က Suga အား တစ်ချက်စိုက်ကြည့်လေရဲ့။
“လူကြီးမင်း ကျွန်တော်ဆီ ရောက်လာတာ နောက်ကျတာပဲ”
စုံထောက်ပတ်ခ် စကားကြောင့် Suga နားမလည်သလို မျက်မှောင်ကြုတ်သွားလေတယ်။ စုံထောက်ပတ်ခ်ပြောချင်တဲ့ အဓိပ္ပာယ်က သူကလူသတ်သမားလိုလို။ သူခိုးဂျပိုးလိုလို။ စုံထောက်ပတ်ခ်ဆီကို သူအခုရောက်လာတာ အဲ့ဒီကိစ္စတွေကြောင့်မှမဟုတ်ဘဲ။
“ကိုယ့်အကြောင်း မင်းဘယ်လောက်သိထားလဲ”
“စိတ်မဝင်စားပါဘူး”
စုံထောက်ပတ်ခ် ပြန်ဖြေပုံမှာ ဒဲ့တိုးကြီးမို့ Suga မျက်နှာမသာတော့။ မကြည်သလို စုံထောက်ပတ်ခ်မျက်နှာနုနုအား ဝါးစားမတက် စိုက်ကြည့်နေပေမဲ့ စုံထောက်ပတ်ခ်ကတော့ အေးအေးလူလူသား သူမေးစရာရှိတာမေးဖို့ ပြင်နေလေရဲ့။
“ကျွန်တော်စမေးမယ် လူကြီးမင်း ဘာကြောင့် အဲ့ဒီနေရာမှာ ရှိနေရတာလဲ”
“မင်းနှုတ်ခမ်းလေးက သိပ်လှတာပဲ”
“လူကြီးမင်း ဒီအမှူနဲ့ပတ်သတ်ပြီး တစ်စုံတရာသိထားတာရှိရင် ကျွန်တော်ကို အကုန်ပြောပြပေးပါ”
“မင်းအကြောင်းပဲသိထားတာ Little Park”
“လူကြီးမင်း အမှူနဲ့ဆိုင်တာပဲပြောပါ”
“စိတ်ရှုပ်သွားတဲ့ မျက်နှာလေးကအစ ရူးချင်စရာလေးပဲ”
ခပ်ထေးထေးပြုံးရင်း စုံထောက်ပတ်ခ်မျက်နှာအား စိုက်ကြည့်နေသည့် Suga အား စုံထောက်ပတ်ခ်သည် သိပ်မကြည်ချင်တော့။ ဆက်ပြီးမေးနေလည်း အပိုပဲဖြစ်တာမို့ အမှူအားဆက်မစစ်တော့ပဲ နာရီအားတစ်ချက်ကြည့်လေရဲ့။
“လူကြီးမင်း ဒီအမှူနဲ့ ဘာမှမပတ်သတ်ဘူးဆိုတာ ကျွန်တော်သိတယ် ဒီတော့ လူကြီးမင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ”
ပွင့်ပွင့်လင်းလင်းထုတ်မေးလာတဲ့ စုံထောက်ပတ်ခ်ပုံစံက အရှိန်အဝါတွေအပြည့်ပဲ။ ခပ်တည်တည် မျက်နှာအနေအထားကနေ အကြည့်အေးအေးကအစ တစ်ဖက်သူ မလိမ်နိုင်အောင် ဆွဲဆောင်နေသလိုပါပဲ။
ဒါကြောင့်လည်း တမိုးအောက် Suga တို့ ကြွေသွားခဲ့တာပေါ့။
“ကိုယ့်ကောင်လေးလုပ်မလား ဒါမှမဟုတ် ကိုယ့်ကိုမင်းကောင်လေးပေးလုပ်မလား”
“လူကြီးမင်း ပြန်လို့ရပြီ”
မေးတာတစ်ခု။ ပြန်ပြောတာတစ်ခု။ ဟုတ်တော့ဟုတ်နေပါပြီ။ သူ့လိုကောင်က ဒီထိရောက်လာပြီး ရည်းစားစကားပြောနေတာတောင် စုံထောက်ပတ်ခ်တို့များ အဖတ်တောင်မလုပ်။ ချေတာတောင်မဟုတ်ပဲ။ သူ့ကိုလူလို့တောင်မြင်ရဲ့လားမသိ။
“စုံထောက်ပတ်ခ် ကိုယ်တို့တွဲကြည့်ကြမလား”
“စိတ်မဝင်စားဘူး”
“Little Park”
“ကျွန်တော်ကို လေးလေးစားစားဆက်ဆံပါ လူကြီးမင်း”
“လေးလေးစားစားတော့မဆက်ဆံချင်ဘူး Role Play ဆိုရင်တော့ မဆိုးပါဘူး”
TBC ✓
Role Play ကို သိတယ်မလား 🤣🫶
ဒါလေးကို ၅ပိုင်းလောက်ပဲရေးမှာမို့ Ongoing လေး လိုက်ပေးကြနော် သဲတုံးတို့။ စုံထောက်ပတ်ခ်တို့ အတွဲလေးအပြင် ချစ်စရာကောင်းတဲ့ Ren [Oc Character] တို့အတွဲလေးပါ ရေးပေးမှာမို့ စောင့်မျှော်ပေးကြပါဦးရှင့်။
ပြန်တွေ့ကြမယ်။ 🖤
______________________________________________
Zawgyi ✅
-THAT MAN-
လမ္းမထက္ အေျပးအလႊား သူ႔ထက္ငါအၿပိဳင္ ေမာင္းနင္းေနသည့္ ဆိုင္ကယ္ေတြမွာ ၿမိဳ႕ထဲဆူညံပြက္ေလာ႐ိုက္ေနၿပီး ထိုဆူညံသံေတြမွာ ၿမိဳ႕ထဲကလူေတြအတြက္ေတာ့ ရင္းႏွီးေနသေယာင္။
ဘယ္သူဘာမွ ဝင္မဟရဲ။ မတားရဲတဲ့အထိ ထိုဆူညံသံေတြ၏ ပိုင္ရွင္ေတြမွာ သူတို႔္ၿမိဳ႕ထဲ၌ နာမည္ႀကီးလွသည္။ သို႔ေသာ္ ထိုလူေတြမွာ လူဆိုးဂိုဏ္းေတြလည္းမဟုတ္သလို လူေကာင္းေတြအျဖစ္လည္း သတ္မွတ္လို႔မရျပန္ေပ။
“ျပန္ေပးပါ ကြၽန္ေတာ္ပိုက္ဆံေတြ ျပန္ေပးပါ”
“ဒီမွာေကာင္ေလး မင္းပိုက္ဆံ ျပန္လိုခ်င္လား”
လက္ထဲက အရက္ပုလင္းအား တစ္ခ်က္ေမာ့ေသာက္ကာ သူ႔ေရွ႕က အထက္တန္းေက်ာင္းသားအား လက္ညႇိဳးျဖင့္ထိုးကာ ေမးလာတဲ့ အရက္သမား။
“အဲ့ဒီေငြက ကြၽန္ေတာ္ေက်ာင္းလစာ ေပးရမဲ့ေငြျဖစ္တာေၾကာင့္ ျပန္ေပးပါ ေတာင္းပန္ပါတယ္”
ထိုေကာင္ေလးမွာ မ်က္ရည္စမ္းတမ္းႏွင့္ ဒူးေထာက္မတက္ သူပိုက္ဆံအား ျပန္ေတာင္းေနေသာ္လည္း ေရွ႕ကအရက္သမားကေတာ့ ဂ႐ုပင္မစိုက္။ သူေသာက္စရာရွိတာေသာက္ရင္း ထိုေကာင္ေလးငိုယိုေနပုံကို ဟားတိုက္သလို ေလွာင္ရယ္ေနေလသည္။
“ေတာင္းပန္ပါတယ္ ျပန္ေပးပါ”
“မင္းပိုက္ဆံကိုေတာ့ ျပန္ေပးဖို႔ အစီအစဥ္မရွိဘူး အကယ္၍ မင္းျပန္လိုခ်င္တယ္ဆိုရင္”
ဆက္မေျပာပဲ ထိုေကာင္ေလးအား ေခါင္းအစေျခအဆုံး ႏႈတ္ခမ္းသပ္ကာ ၾကည့္လာတဲ့ အရက္သမားေၾကာင့္ ထိုေကာင္ေလးမွာ ေၾကာက္လာဟန္။ အက်ႌေအာက္နားစအား ခပ္က်စ္က်စ္ဆုပ္ကိုင္ရင္း ထိုေနရာကေန ထြက္သြားဖို႔ျပင္ေတာ့၏။
သို႔ေသာ္။ ႐ုတ္တရက္ဆိုသလို ထိုေကာင္ေလး၏ လက္ေတြအား ခပ္တင္းတင္းဆုပ္ကိုင္ရင္း လွမ္းတားလိုက္တဲ့ အရက္သမားေၾကာင့္ ထိုေကာင္ေလးမွာ ေၾကာက္လို႔ ပို၍ငိုေလၿပီ။
“လႊတ္ ကြၽန္ေတာ္ကိုလႊတ္”
“မင္းပိုက္ဆံျပန္ယူခ်င္တယ္ဆို”
“ဟင့္အင္း မယူဘူး လႊတ္”
“ဟားဟား မင္းကဘယ္ဆိုးလို႔လဲ ေယာက်ၤားေလးဆိုေပမဲ့လွသားပဲ”
အၾကည့္ေတြမွာ ႐ြံရွာဖြယ္ရာေကာင္းသလို ထိုေကာင္ေလး၏ခႏၶာအား အရသာခံၾကည့္ေနတဲ့ ထိုအရက္သမားလက္ထဲ၌ ထိုေကာင္ေလးမွာ ကူကယ္ရာမဲ့ျဖစ္ေနရွာသည္။
“မင္းဆီကယူထားတဲ့ ပိုက္ဆံထက္ ပိုေပးမယ္ေလ သေဘာတူ-”
“Oh hey hey hey ဆက္လုပ္ေလ”
႐ုတ္တရက္ဆိုသလို လမ္းၾကားထဲ၌ ထြက္ေပၚလာသည့္ အသံႏွင့္အတူ ထိုေကာင္ေလးနဲ႔ အရက္သမားအား ဆိုင္ကယ္ေပၚကေန ၿပဳံးရင္းၾကည့္ေနသည့္ လူတစ္ေယာက္။
ထိုလူအားျမင္ေတာ့ အရက္သမားမွာ ေၾကာက္လန႔္သြားဟန္။ သူဆြဲထားသည့္ ေကာင္ေလး၏ လက္ေတြအား လႊတ္ေပးၿပီး တုန္ရီစြာ ေနာက္သို႔ ေျခလွမ္းႏွစ္လွမ္းေလာက္ ဆုတ္သြားေလ၏။
“Garrrz အဲ့ဒါဘယ္တုန္းကြ ငါတို႔က မင္းတို႔ရဲ႕ Live ေဖ်ာ္ေျဖမႈကို ၾကည့္ဖို႔ေစာင့္ေနတာေလ”
ထိုလူ၏အေျပာေၾကာင့္ ေကာင္ေလးမွရွက္႐ြံသလို လြယ္အိတ္အား ရင္ဘတ္ထက္ကပ္လိုက္ၿပီး ေအာက္ႏႈတ္ခမ္းအား ခပ္တင္းတင္းဖိကိုက္ေလသည္။ ဒါကိုေသခ်ာၾကည့္ေနသည့္ ဆိုင္ကယ္ေပၚကလူကေတာ့ အၿပဳံးပင္မပ်က္ေခ်။
“ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္”
ခါးအားေအာက္သို႔ၫႊန႔္ကာ ေတာင္းပန္စကားကိုသာ ဆက္တိုက္႐ြတ္ေနသည့္ အရက္သမားအားၾကည့္ၿပီး ထိုလူကဆိုင္ကယ္ေပၚကေန ဆင္းလာသည္။ ထို႔ေနာက္ သူေဘးက ေကာင္ေလးအား တစ္ခ်က္စိုက္ၾကည့္ၿပီး အရက္သမားအနား ကပ္သြားေလရဲ႕။
“မင္းသူ႔ဆီက ပိုက္ဆံဘယ္ေလာက္ ယူထားတာလဲ ငါ့ေကာင္”
“ဒါ..ဒါ..ဒါအကုန္..အကုန္ပါ..ပဲ”
အထစ္ထစ္အေငါ့အေငါ့ျဖင့္ ေကာင္ေလး၏ပိုက္ဆံေတြအား ထုတ္ေပးလာတဲ့ အရက္သမား။
“ဟိုေစာက္ကေလး ဒါမင္းပိုက္ဆံေတြလား”
ထိုလူ၏အေမးအား ထိုေကာင္ေလးေခါင္းတစ္ခ်က္သာ ညိတ္ျပေလရဲ႕။ ထိုလူကေတာ့ သူ႔လက္ထဲကပိုက္ဆံေတြကို ထိုေကာင္ေလးဆီ ျပစ္ေပးၿပီး သူ႔အိတ္ကပ္ထဲက ထုတ္လိုက္တဲ့ ပိုက္ဆံအထပ္လိုက္ကိုေတာ့ အရက္သမားအိတ္ကပ္ထဲ ထည့္ေပးေလ၏။
“မင္းအတြက္ အရက္ဖိုးနဲ႔ ဟိုေနရာမွာသုံးဖို႔ ပိုက္ဆံ”
ခပ္ၿပဳံးၿပဳံးမ်က္ႏွာနဲ႔ အိတ္ကပ္ထဲက ပိုက္ဆံေတြထည့္ေပးေနသည့္ ထိုလူေၾကာင့္ အရက္သမားက ေပ်ာ္သြားဟန္ ၿပဳံးေတာ့သည္။
ထို႔ေနာက္။
“သူ႔ကိုေတာ့ ဆရာတို႔ သုံးဖို႔လား”
အရက္သမား၏အေမးေၾကာင့္ ေကာင္ေလးမွာေၾကာက္သြားဟန္။ ထိုလူႏွင့္ ထိုလူ၏ အေပါင္းအပါး သူငယ္ခ်င္းေတြဆီ အၾကည့္ပို႔ကာ မ်က္ရည္စေတြ ရစ္သီးလာေလရဲ႕။
“ေဟ့ ေစာက္ကေလး ဒီလာဦး”
ထိုလူ၏အေခၚေၾကာင့္ ထိုေကာင္ေလးမွာ ေနာက္သို႔ေျခလွမ္းဆုတ္သြားၿပီး ထြက္သြားဖို႔ ျပင္ေလရဲ႕။
သို႔ေသာ္။
“အာ့!”
“မင္းကိုဘယ္သူက သြားခြင့္ျပဳလိုက္လို႔လဲ Oh hey hey hey မင္းက တကယ္လွသားပဲ”
“လႊတ္....”
“ဒီကိုလာ ေစာက္ကေလး”
ဆက္ခနဲ ဆြဲေဆာင့္ခံလိုက္ရတဲ့ လက္ေတြနဲ႔အတူ ထိုေကာင္ေလးအား အရက္သမားေရွ႕၌ ေနရာယူေစသည္။ ၿပီးသည္ႏွင့္ ထိုလူဟာ အရက္သမားအား စိုက္ၾကည့္ကာ ခပ္ေထးေထးၿပဳံးေလရဲ႕။
ထို႔ေနာက္။
“Gomenasai”
“အာ့!!”
ထိုလူဟာ ဂ်ပန္လိုေတာင္းပန္စကား ဆိုၿပီးခ်ိန္မွာေတာ့ ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားျဖင့္ သူ႔ေရွ႕က အရက္သမားမ်က္ႏွာအား အားပါပါကန္ခ်ျပစ္လိုက္ေလ၏။
ထိုလူ၏လုပ္ရက္ေၾကာင့္ ထိုလူေဘးကေကာင္ေလးမွာ အံ့ဩသလိုျဖစ္သြားၿပီး အရက္သမားကေတာ့ ထိုလူ၏ကန္ခ်က္တစ္ခ်က္တည္းနဲ႔ေတာင္ ႏွာေခါင္းထဲကေန ျမင္မေကာင္းေအာင္ ေသြးနီနီစီးက်လာရင္း ေျမျပင္ထက္ လဲက်သြားေလရဲ႕။
“မင္းသြားလို႔ရၿပီ”
ထိုလူ၏သတိေပးဟန္ စကားေနာက္ ၾကမ္းျပင္ထက္က အရက္သမားမွာ ခ်က္ခ်င္းဆိုသလို သူတို႔ေရွ႕ကေန ထြက္ေျပးသြားေလရဲ႕။
အဲ့ဒီေနာက္ ထိုလူဟာ သူ႔ရင္ခြင္ထဲေရာက္ခါနီးျဖစ္ေနသည့္ ေကာင္ေလးအားငုံ႔ၾကည့္ကာ။
“မင္းအၾကည့္ကဘာလဲ ေစာက္ကေလး ငါ့႐ုပ္က ႏွာဘူး႐ုပ္ေပါက္ေနလို႔လား Hey"
ထိုလူေမးေတာ့ ေကာင္ေလးကေခါင္းခါသည္။
“Ren”
႐ုတ္တရက္ ခပ္ေအးေအးထြက္လာတဲ့ အသံႏွင့္အတူ ေကာင္ေလးေဘးက ထိုလူ၏နာမည္မွာ Ren သာျဖစ္သည္။
“Oh hey hey hey မင္းမဟုတ္မွလြဲ-”
*ေျဖာင္း!*
Ren တားခ်ိန္ေတာင္မရလိုက္။ Ren ေဘးကေကာင္ေလးပါးအား အားပါပါ႐ိုက္ခ်ျပစ္လိုက္တဲ့ သူ။
“Suga! မင္းကေတာ့ကြာ”
ဟုတ္တယ္။ ထိုေကာင္ေလးပါးကို ေအးေအးလူလူနဲ႔ ႐ိုက္ခ်ျပစ္လိုက္တဲ့ သူတို႔အားလုံးရဲ႕ Leader လို႔ သတ္မွတ္ထားတဲ့ Suga ဆိုတဲ့သူ။
“မေပ်ာ့ညံ့နဲ႔ မင္းဒီလိုငိုဖို႔ပဲတက္ၿပီး ေပ်ာ့ညံ့ေနဦးမယ္ဆိုရင္ အခုမဟုတ္ရင္ေတာင္ ေနာက္တစ္ႀကိမ္မွာ အဲ့ဒီလိုေကာင္ေတြက မင္းကိုတက္ၿပီး F**k သြားလိမ့္မယ္”
“Shit man ကေလးကို အဲ့ဒီလိုဒဲ့ႀကီးမေျပာနဲ႔ေလကြာ”
ေျပာပါတယ္။ ဒီလူေတြက လူဆိုးဂိုဏ္ေတြလည္းမဟုတ္သလို။ လူေကာင္းေတြလို႔လည္း သတ္မွတ္လို႔မရပါဘူးလို႔။ သူတို႔အားလုံးက ပိုက္ဆံရွိ သူေဌးသားေတြဆိုေတာ့ ၿမိဳ႕ထဲမွာ ျပႆနာမ်ိဳးစုံရွာၿပီး ပတ္ေသာင္းက်န္းေနၾကတာ။
ဒါေပမဲ့ မဟုတ္တာေတာ့ ဒီေကာင္ေတြမလုပ္ဘူး။ ယုတ္မာဖို႔ဆို ပိုေတာင္ေဝးေသး။ တေန႔တေန႔ သူတို႔ရန္ပြဲနဲ႔သူတို႔ေတာင္ အခ်ိန္မေလာက္တဲ့ေကာင္ေတြ။
သူတို႔အဖြဲ႕က လူငယ္ေတြအမ်ားႀကီးနဲ႔ ဖြဲ႕စည္းထားတာဆိုေပမဲ့ သူတို႔အဖြဲ႕မွာ နာမည္ႀကီးဆုံးက Leader လို႔ အားလုံးသတ္မွာထားတဲ့ Suga ဆိုတဲ့ဘဲရယ္။ Ren ဆိုတဲ့ဘဲရယ္။
Suga နဲ႔ Ren တို႔က သူငယ္ခ်င္း အရင္းႀကီးဆိုေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ ပုံစံခ်င္းကလုံးဝမတူဘူး။ Ren က ဂ်ပန္လူမ်ိဳးစစ္စစ္ကိုမွ ကိုရီးယားမွာရွိတဲ့ Suga နဲ႔ အတူတူေသာင္းက်န္းခ်င္လို႔ကို ကိုရီးယားမွာ ပလိန္းႀကီးလာေနတဲ့ဘဲ။
သူကအေျပာခ်ိဳၿပီး အၿမဲတမ္းခပ္ၿပဳံးၿပဳံးေနတက္ေပမဲ့ သူ႔ရဲ႕ကန္ခ်က္ေတြကိုေတာင္ ဘယ္ေကာင္မွမခံႏိုင္ဘူး။ သူကတရားတဲ့ဘက္မွာ အၿမဲရပ္တည္ေနတဲ့ တရားသူႀကီးေလ။
ဒါဆို Suga ဆိုတဲ့ဘဲကေရာ။
“Oh hey hey hey ေစာက္ကေလး ငါတို႔ကိုမေၾကာက္နဲ႔ ငါတို႔ကလူယုတ္မာေတြ မဟုတ္ဘူး”
“လူေကာင္းေတြလည္းမဟုတ္ဘူး”
“Suga”
“Haa~မွန္တာေျပာတာ”
Ren ကေကာင္ေလးမေၾကာက္ဖို႔ ထိန္းေျပာေနေပမဲ့ Suga ကေတာ့ အထိန္းအကြပ္မဲ့ ဒဲ့ေတြႀကီး ေျပာေနတာမို႔ ေကာင္ေလးမွာ သူတို႔အား ေၾကာက္ရႏိုးႏိုး မေၾကာက္ရႏိုးႏိုးနဲ႔ ေၾကာင္ေတာင္ေတာင္ေလး ျဖစ္ေနရွာေလ၏။
“အခ်ိန္းမျဖဳန္းနဲ႔ Ren ဟိုေကာင္ေတြနဲ႔ခ်ိန္းထားတာ ေနာက္က်လို႔မျဖစ္ဘူး”
“Alright”
Suga ဆိုင္ကယ္ေပၚ ျပန္ေရာက္သြားေတာ့ Ren လည္း သူ႔ဆိုင္ကယ္ဆီ ျပန္ေရာက္သြားေလရဲ႕။
ထို႔ေနာက္ ထြက္မသြားခင္ သူ႔အား အခုထိစိုက္ၾကည့္ေနေသးသည့္ ေကာင္ေလးအား Ren တစ္ခ်က္လွမ္းၾကည့္ကာ။
“Hey ေစာက္ကေလး ေနာက္တစ္ခါ ျပန္ေတြ႕ခဲ့ရင္ မင္းနာမည္အရင္ေျပာရမယ္ ၾကားလား”
Ren ၿပဳံးရင္ဆိုေလေတာ့ ထိုေကာင္ေလးက ေခါင္းတစ္ခ်က္ ညိတ္ျပေလတယ္။ Ren က ထိုေကာင္ေလးျပဳမႈပုံကို သေဘာက်သြားပုံပါပဲ။ ခပ္ဖြဖြၿပဳံးရင္းထြက္သြားေတာ့ က်န္ေနခဲ့တဲ့ ထိုေကာင္ေလးကလည္း ထြက္သြားတဲ့ Ren ဆိုင္ကယ္ကိုသာ ေငးၾကည့္ရင္းက်န္ခဲ့ေလရဲ႕။
“Haa~ မင္းမ်က္ခြက္ကို ဆြဲထိုးမိေတာ့မယ္”
သူ႔ေဘးကဆိုင္ကယ္ေပၚမွာ ၿပဳံးေနတဲ့ Ren ကိုၾကည့္ၿပီး Suga ထိုသို႔ဆိုေတာ့ Ren ကခပ္ဟဟရယ္ေတာ့တာပဲ။
“Gomen Gomenasai HaHa”
“Baka”
“မင္းေတာင္ဂ်ပန္လိုတက္ေနၿပီပဲ ဟားဟား”
တက္ပါတယ္။ တစ္လုံးႏွစ္လုံး။
.
.
.
*ခြမ္း!!*
တိတ္ဆိတ္ေနတဲ့ ေကာ္ဖီဆိုင္ထဲ ထြက္ေပၚလာတဲ့ အသံေၾကာင့္ အားလုံးရဲ႕အၾကည့္ေတြမွာ အသံလာရာဆီ။ ထိုေကာ္ဖီဆိုင္ထဲမွာ တစ္စုံတစ္ေယာက္လည္း ရွိေနခဲ့ေလရဲ႕။
ထိုသူမွာေတာ့ Ren အလာကို ေစာင့္ေနတဲ့ Suga ပင္။
Suga အသံလာရာဆီ အၾကည့္ပို႔မိေတာ့ ဆိုင္ထဲက ဝိုင္းတစ္ခု၌ လူတစ္ေယာက္မွာ အ႐ိုက္ခြဲခံထားရတဲ့ေခါင္းထက္ ေသြးနီနီေတြစီးက်ေနကာ ၾကမ္းျပင္ထက္လဲက်ေနၿပီး ေဘးဘက္၌ ေအးေအးလူးလူး မတ္တပ္ရပ္ေနသည့္ ေကာင္ေလးတစ္ေယာက္လည္း ရွိေနေလ၏။
“မင္း မင္း မင္းကိုတရားစြဲမယ္”
ေသြးေတြစီးက်ေနသည့္ ေခါင္းအားထိန္းကိုင္ကာ တုန္တုန္ရီရီဆိုလာသည့္ ထိုလူအား ရပ္ၾကည့္ေနတဲ့ ေကာင္ေလးပုံစံမွာ တည္တည္ၿငိမ္ၿငိမ္သာပင္။
“လူႀကီးမင္း ကြၽန္ေတာ္သိခ်င္တာကိုပဲ ေျဖေပးပါ”
“မေျဖႏိုင္ဘူးလို႔ မင္းကိုေျပာၿပီးသား! မင္းတို႔လိုေကာင္ေတြက ဘာေတြမ်ား အားကိုးေနရလို႔လဲ! ဟိုစစ္ေမး ဒီစစ္ေမးနဲ႔ ၿပီးရင္ ဘယ္တုန္းကမ်ား အမႉႏိုင္ဖူးလို႔လဲ!”
ထိုလူအေျပာေၾကာင့္ ထိုေကာင္ေလးက ဘာစကားမွမတုံ႔ျပန္ပဲ ထိုလူကိုသာ ငုံ႔ၾကည့္ေနသည္။
“မင္းတို႔ကိုယုံလည္းမယုံဘူး အားလည္းမကိုးဘူး! ပိုက္ဆံသာရွိရင္ ဘာမဆိုလုပ္လို႔ရတဲ့ ေလာကႀကီးမွာ မင္းတို႔လို စုံေထာက္ေတြက ဘယ္ေနရာမွာမွ ေဘာင္မဝင္ဘူးဆိုတာ သိထား!”
ထပ္မံၿပီး ေျပာဆိုလာတဲ့ ထိုလူစကားေတြမွာ သာမန္လူသာဆိုရင္ က်ိန္းေသေပါက္ ေဒါသထြက္လာၿပီး ေနာက္ထပ္တစ္ႀကိမ္ ႐ိုက္ခြဲမိမွာ ေသခ်ာေပမဲ့ ထိုေကာင္ေလးကေတာ့ ဘာမွမခံစားရသလို တည္တည္ၿငိမ္ၿငိမ္သာ ရပ္ေနခဲ့ေလ၏။
“ထပ္ေျပာလိုက္မယ္ မင္းတို႔ေကာင္ေတြ ဘာေစာက္ဆင့္မွမရွိ-”
*အာ့!!*
ဒီတစ္ႀကိမ္ေတာ့ ဝမ္းဗိုက္ထက္ ဖ်က္ကန္လာသည့္ ထိုေကာင္ေလးေၾကာင့္ ထိုလူမွာ ၾကမ္းျပင္ထက္လူးလိမ့္ရင္း နာက်င္စြာေအာ္ဟစ္ေလရဲ႕။
“အေျဖကိုအဆင္သင့္လုပ္ထားပါ လူႀကီးမင္း”
ေအးေအးလူလူဆိုၿပီးသည္ႏွင့္ ထိုေကာင္ေလးဟာ ဆိုင္ထဲကေန ထြက္သြားေလသည္။ က်န္ခဲ့သည့္ ထိုလူမွာေတာ့ ေဒါတသႀကီးေအာ္ဟစ္ရင္း မေက်မနပ္ႏိုင္ျဖစ္ေနေလ၏။
ထို႔ေနာက္ ထြက္သြားတဲ့ ေက်ာျပင္းအား Suga ၾကည့္ရင္း ။
“မင္းကဘယ္သူလဲ”
“Oh hey hey hey ပြဲေကာင္းၾကည့္လိုက္ရတာပဲ”
ဆိုင္ထဲဝင္လာတဲ့ Ren စကားေၾကာင့္ ၾကမ္းျပင္ထက္ကလူမွာ Ren အား ဘုၾကည့္ ၾကည့္ေလေတာ့ ။
“ဟိုတစ္ေယာက္က ႏွစ္ခ်က္ပဲ ေစာ္သြားတာမလား ငါ့ေကာင္ ငါကေတာ့ ႏွစ္ခ်က္တည္းနဲ႔ ရပ္မဲ့ေကာင္ မဟုတ္ဘူးေနာ္”
“ခ်ီး!”
Ren အေျပာေၾကာင့္ ၾကမ္းျပင္ထက္က ထသြားတဲ့ထိုလူ။ Ren ကေတာ့ သူ႔ပုံစံအတိုင္း ခပ္ဟဟရယ္ရင္း Suga ေဘး၌ ဝင္ထိုင္ေလရဲ႕။
“စုံေထာက္ပတ္ခ္တဲ့ အမႉေတြစစ္တဲ့ေနရာမွာ သူကဘုရင္ပဲ စကားေျပာနည္းတယ္ အလုပ္လုပ္တာ တိက်တယ္”
Suga မေမးတာေတာင္ Suga စိတ္ထဲဘာေတြ ေတြးေနၿပီး ဘာေတြသိခ်င္ေနလဲ Ren က အတက္သိေနတာမ်ိဳး။ ဘာေၾကာင္လဲဆိုေတာ့ ဆိုင္ထဲ Ren ဝင္လာကတည္းက ျဖစ္စဥ္အစအဆုံး ျမင္ခဲ့ရသလို စုံေထာက္ပတ္ခ္အား စိတ္ဝင္တစားၾကည့္ေနခဲ့တဲ့ Suga ပုံစံကိုလည္း Ren သတိထားမိခဲ့တာေၾကာင့္ပင္။
“Park တစ္လုံးထဲလား”
“နာမည္အျပည့္အစုံက Park Jimin”
“သူ႔ပုံစံက စိတ္ဝင္စားစရာပဲ”
“HaHa မင္းလိုေကာင္နဲ႔ သူ႔လိုလူနဲ႔ လုံးဝဆန႔္က်င္ဘက္ပဲ”
Ren အေျပာကို Suga ဘက္က ႏႈတ္ခမ္းလႈပ္႐ုံမွ်ၿပဳံးၿပီး တစ္ခုခုကို ေတြးေတာေနသလို ခဏတာၿငိမ္သက္ေနေလရဲ႕။ ေနာက္ေတာ့ အေတြးရေတာ့မွ ေကာ္ဖီခြက္အား ခုံထက္ခ်လိုက္ၿပီး Ren ဆီအၾကည့္ပို႔လိုက္ေလ၏။
“Ren ငါမင္းအကူညီလိုတယ္”
“Humm? Oh hey hey hey Alright!”
သူငယ္ခ်င္းႏွစ္ေယာက္ သေဘာေပါက္သြားသလို တစ္ေယာက္ကိုတစ္ေယာက္ ၿပဳံးျပရင္း တစ္ခုခုအားလုပ္ဖို႔ ႀကံ႐ြယ္ေလရဲ႕။
က်ိန္းေသေပါက္ Ren ရဲ႕ ေပါက္ကရအႀကံစည္ေတြေပါ့။
.
.
.
“ဆိုေတာ့ တရားခံေတြကို မမိလိုက္ဘူးေပါ့”
“ဟုတ္ပါတယ္ စုံေထာက္ပတ္ခ္ ဒါေပမဲ့ အားလုံးထဲမွာ ထြက္မေျပးပဲ က်န္ခဲ့တဲ့တစ္ေယာက္ ရွိပါတယ္ ကြၽန္ေတာ္တို႔ သူ႔ကိုဖမ္းထားတာမို႔ စုံေထာက္ပတ္ခ္ သိခ်င္တာရွိရင္ သူ႔ကိုစစ္ေမးလို႔ရပါတယ္”
“ေကာင္းၿပီ”
ေသာက္လက္စေကာ္ဖီခြက္အား အမႈိက္ပုံးထဲထည့္ကာ အမႈစစ္တဲ့အခန္းထဲသို႔ စုံေထာက္ပတ္ခ္ ဝင္သြားေလသည္။ မီေရာင္ေဖ်ာ့ေဖ်ာ့သာ လင္းေနသည့္ အမႉစစ္အခန္းထဲေရာက္ေတာ့ စုံေထာက္ပတ္ခ္ဟာ သူဝတ္ထားတဲ့ အက်ႌျဖဴလက္ရွည္အား ခပ္ေျဖးေျဖးဆြဲတင္လိုက္ၿပီး တရားခံရွိရာဆီ လွမ္းသြားေလ၏။
“Suga”
စုံေထာက္ပတ္ခ္ဆီက ထြက္လာတဲ့ ပထမဦးဆုံး စကားသံမွာ သူ႔ေရွ႕၌ရွိေနသည့္ တရားခံ Suga ၏ နာမည္သာ။
“ကိုယ္မမိတ္ဆက္ရေသးဘူးေလ Little Park”
“Little Park....”
Suga ေခၚလိုက္တဲ့ Little Park ဆိုသည့္ နာမ္စားအား စုံေထာက္ပတ္ခ္တစ္ေယာက္ သံေယာင္လိုက္ကာ သူ႔ေရွ႕က Suga အား တစ္ခ်က္စိုက္ၾကည့္ေလရဲ႕။
“လူႀကီးမင္း ကြၽန္ေတာ္ဆီ ေရာက္လာတာ ေနာက္က်တာပဲ”
စုံေထာက္ပတ္ခ္ စကားေၾကာင့္ Suga နားမလည္သလို မ်က္ေမွာင္ၾကဳတ္သြားေလတယ္။ စုံေထာက္ပတ္ခ္ေျပာခ်င္တဲ့ အဓိပၸာယ္က သူကလူသတ္သမားလိုလို။ သူခိုးဂ်ပိုးလိုလို။ စုံေထာက္ပတ္ခ္ဆီကို သူအခုေရာက္လာတာ အဲ့ဒီကိစၥေတြေၾကာင့္မွမဟုတ္ဘဲ။
“ကိုယ့္အေၾကာင္း မင္းဘယ္ေလာက္သိထားလဲ”
“စိတ္မဝင္စားပါဘူး”
စုံေထာက္ပတ္ခ္ ျပန္ေျဖပုံမွာ ဒဲ့တိုးႀကီးမို႔ Suga မ်က္ႏွာမသာေတာ့။ မၾကည္သလို စုံေထာက္ပတ္ခ္မ်က္ႏွာႏုႏုအား ဝါးစားမတက္ စိုက္ၾကည့္ေနေပမဲ့ စုံေထာက္ပတ္ခ္ကေတာ့ ေအးေအးလူလူသား သူေမးစရာရွိတာေမးဖို႔ ျပင္ေနေလရဲ႕။
“ကြၽန္ေတာ္စေမးမယ္ လူႀကီးမင္း ဘာေၾကာင့္ အဲ့ဒီေနရာမွာ ရွိေနရတာလဲ”
“မင္းႏႈတ္ခမ္းေလးက သိပ္လွတာပဲ”
“လူႀကီးမင္း ဒီအမႉနဲ႔ပတ္သတ္ၿပီး တစ္စုံတရာသိထားတာရွိရင္ ကြၽန္ေတာ္ကို အကုန္ေျပာျပေပးပါ”
“မင္းအေၾကာင္းပဲသိထားတာ Little Park”
“လူႀကီးမင္း အမႉနဲ႔ဆိုင္တာပဲေျပာပါ”
“စိတ္ရႈပ္သြားတဲ့ မ်က္ႏွာေလးကအစ ႐ူးခ်င္စရာေလးပဲ”
ခပ္ေထးေထးၿပဳံးရင္း စုံေထာက္ပတ္ခ္မ်က္ႏွာအား စိုက္ၾကည့္ေနသည့္ Suga အား စုံေထာက္ပတ္ခ္သည္ သိပ္မၾကည္ခ်င္ေတာ့။ ဆက္ၿပီးေမးေနလည္း အပိုပဲျဖစ္တာမို႔ အမႉအားဆက္မစစ္ေတာ့ပဲ နာရီအားတစ္ခ်က္ၾကည့္ေလရဲ႕။
“လူႀကီးမင္း ဒီအမႉနဲ႔ ဘာမွမပတ္သတ္ဘူးဆိုတာ ကြၽန္ေတာ္သိတယ္ ဒီေတာ့ လူႀကီးမင္းရဲ႕ ရည္႐ြယ္ခ်က္ကဘာလဲ”
ပြင့္ပြင့္လင္းလင္းထုတ္ေမးလာတဲ့ စုံေထာက္ပတ္ခ္ပုံစံက အရွိန္အဝါေတြအျပည့္ပဲ။ ခပ္တည္တည္ မ်က္ႏွာအေနအထားကေန အၾကည့္ေအးေအးကအစ တစ္ဖက္သူ မလိမ္ႏိုင္ေအာင္ ဆြဲေဆာင္ေနသလိုပါပဲ။
ဒါေၾကာင့္လည္း တမိုးေအာက္ Suga တို႔ ေႂကြသြားခဲ့တာေပါ့။
“ကိုယ့္ေကာင္ေလးလုပ္မလား ဒါမွမဟုတ္ ကိုယ့္ကိုမင္းေကာင္ေလးေပးလုပ္မလား”
“လူႀကီးမင္း ျပန္လို႔ရၿပီ”
ေမးတာတစ္ခု။ ျပန္ေျပာတာတစ္ခု။ ဟုတ္ေတာ့ဟုတ္ေနပါၿပီ။ သူ႔လိုေကာင္က ဒီထိေရာက္လာၿပီး ရည္းစားစကားေျပာေနတာေတာင္ စုံေထာက္ပတ္ခ္တို႔မ်ား အဖတ္ေတာင္မလုပ္။ ေခ်တာေတာင္မဟုတ္ပဲ။ သူ႔ကိုလူလို႔ေတာင္ျမင္ရဲ႕လားမသိ။
“စုံေထာက္ပတ္ခ္ ကိုယ္တို႔တြဲၾကည့္ၾကမလား”
“စိတ္မဝင္စားဘူး”
“Little Park”
“ကြၽန္ေတာ္ကို ေလးေလးစားစားဆက္ဆံပါ လူႀကီးမင္း”
“ေလးေလးစားစားေတာ့မဆက္ဆံခ်င္ဘူး Role Play ဆိုရင္ေတာ့ မဆိုးပါဘူး”
TBC ✓
Role Play ကို သိတယ္မလား 🤣🫶
ဒါေလးကို ၅ပိုင္းေလာက္ပဲေရးမွာမို႔ Ongoing ေလး လိုက္ေပးၾကေနာ္ သဲတုံးတို႔။ စုံေထာက္ပတ္ခ္တို႔ အတြဲေလးအျပင္ ခ်စ္စရာေကာင္းတဲ့ Ren [Oc Character] တို႔အတြဲေလးပါ ေရးေပးမွာမို႔ ေစာင့္ေမွ်ာ္ေပးၾကပါဦးရွင့္။
ျပန္ေတြ႕ၾကမယ္။ 🖤