အချစ်လွန် သို့' အချစ်ကျွန် Co...

Bởi Nyothitwai

24K 636 110

#extremely loveအ​ကြောင်းဖြစ်လို့ ဖြစ်နိုင်ပါ့မလားမ​တွေးထားတာ​တွေလည်း ဖတ်ရနိုင်ပါတယ် #punishment ပုံစံသ​ဘောမျ... Xem Thêm

​အချစ်လွန် သို့' အချစ်ကျွန်(Extremely Love) R1
အချစ်လွန် သို့' အချစ်ကျွန် Extremely Love R2
အချစ်လွန် သို့ အချစ်ကျွန် Room3
Hello! Reader🤎
Good Night Reader🤎
အချစ် ''လွန် သို့ အချစ်''ကျွန် Room 4
အချစ်လွန် သို့' အချစ်ကျွန် Room 5 ​
အချစ်လွန် သို့' အချစ်ကျွန် Room6
အချစ်လွန် သို့ အချစ်ကျွန် Room 7
အချစ်လွန် သို့ အချစ်ကျွန် Room 8
အချစ်လွန် သို့ အချစ်ကျွန် Room9
အချစ်လွန်' သို့ အချစ်ကျွန် Room 10
အချစ်လွန်' သို့ အချစ်ကျွန်' Room11
အချစ်လွန်' သို့ အချစ်ကျွန်' Room 12
အချစ်လွန်' သို့ အချစ်ကျွန်' Room 13
အချစ်လွန် သို့ အချစ်ကျွန် Room14
အချစ်လွန် သို့ အချစ်ကျွန် Room15
အချစ်လွန် သို့" အချစ်ကျွန် Room 16
အချစ်လွန်သို့အချစ်ကျွန် Room17
အချစ်လွန် သို့ အချစ်ကျွန် Room18
အချစ်လွန်သို့အချစ်ကျွန် Room 19
အချစ်လွန်သို့အချစ်ကျွန် Room21
အချစ်လွန်သို့အချစ်ကျွန် Room22
အချစ်လွန် သို့ အချစ်ကျွန် Room23
အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)
အချစ်လွန် သို့ အချစ်ကျွန် Final Room

အချစ်လွန် သို့ အချစ်ကျွန် Room20

424 17 0
Bởi Nyothitwai

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room20

မောင်ရဲ့ လက်ကလေးပေါ်ကို
ပါးလေးအပ်မိတော့ နာလိုက်တာ မောင်ရေ
မောင်သိတယ်မလား
မနေ့က မောင့်ဖေဖေလူတွေနဲ့
စကားပြောရင်း ရန်ဖြစ်ရင်းဆိုတာကို😅
မောင်ခန့်မှန်းမိတယ်မလား

မောင်..
ခင်ဗျားဖေဖေကလေ ကမ္ဘာမှာ အချစ်တတ်ဆုံးနဲ့
အယုတ်မာဆုံးလူဆိုတာ ခင်ဗျားသိလား
ချစ်တတ်တာက ခင်ဗျားအတွက်တော့မဟုတ်ဘူး
ခင်ဗျားမမအတွက်
ယုတ်မာတာကတော့ မောင့်အတွက်ပေါ့ဗျာ😞

မောင် ခင်ဗျားကို ကျနော် ဝန်ခံစရာတစ်ခုရှိတယ်
မောင့်ဆီက ဖုန်းနံပတ်တစ်ခု
ကျနော် မှတ်ထားခဲ့ဘူးတယ်
Dangerဆိုတာလေး...
ကျနော် မောင့်ရဲ့
privacyကိုကျူးတာမဟုတ်ဘူးနော်
မောင့်အတွက် လိုအပ်ရင်ဖြည့်ပေးချင်လို့
ကျနော်မှတ်ထားလိုက်မိတာ
ကျနော်စုံစမ်းကြည့်တော့
အဲ့ဖုန်းနံပတ်ပိုင်ရှင်က မောင့်ဖေဖေဖြစ်နေရော
ကျနော် လုံးဝမယုံကြည်နိုင်ပေမယ့်
မနေ့က အတည်ပြုလို့ရခဲ့တယ် မောင်

မောင့်ကို Video Fileတွေပို့နေတာရော
မောင့်ဖေဖေဘဲ
မောင် အံ့သြလား
ပိုပြီးအံသြစရာပြောပြပါဆိုရင်

မောင့်မမဆီ Video Fileပို့ခဲ့တာလည်း
မောင့်ဖေဖေဘဲ

သူသိပ်ချစ်တဲ့သမီး တခြားတစ်ယောက်ရင်ခွင်စီ
မရောက်ဖို့ ကြိုးစားခဲ့တဲ့နည်းလမ်းတွေထဲကတစ်ခုပေါ့ မောင်ကကြားထဲက ဓားစာခံဖြစ်ခဲ့ရတာ
မောင့်မမသေရတာ မောင့်ကြောင့်လို့
မောင်ယူဆရင်
သေစေတဲ့ ဒဏ်ရာက မောင့်ဖေဖေမို့
မောင့်မှာ ဘာအပြစ်မှ မရှိဘူးဗျ

မောင့် ဆီက မျက်ရည်စတစ်ချို့
ကျနော်စပြီးမြင်လိုက်ရတယ်

ကျနော်ဆုပ်ကိုင်ထားတဲ့ မောင်လက်ကလေးက
တင်းလာတယ်

မောင်သတိရ​တာလား မောင်....
ကျနော်ပြောတာကြားလား မောင်

ဒေါက်တာ ဒေါက်တာ...

နှလုံးခုန်သံတွေမြန်လာတဲ့ မောင်က
အသက်ရှုသံတွေခပ်ပြင်းပြင်းနဲ့
ပါးပေါ်ကမောင့်မျက်ရည်တွေက
ဝမ်းနည်းစေပေမယ့် မောင့်အသိတွေနိုးထလို့ပျော်ရတယ်

မောင်ကအားယူပြီးစကားပြောဖို့ထိကြိုးစားနေပြီ

"ကို​ဇေဝါ့မောင့် အခြေအနေက
အရမ်းအားရဖို့ကောင်းတယ်
ကိုကောင်းလင်းပိုင်
မြန်မြန်တိုးတက်လာတယ်ပြောရမယ်"

ဟုတ်ကဲ့ ဒေါက်တာတို့ ကျေးဇူးတွေပါဗျာ""

ကိုကောင်း ရဲ့ဂရုစိုက်မှု့နဲ့ကြင်နာမှု့တွေကသာ
အဓိကကျတာပါဗျာ""

မောင်ရဲ့လှုပ်ရှားမှု့တွေနဲ့ အတူ
ပြန်လည်ထိတွေ့ရချိန်
မောင်ဟာ
သိပ်ကိုချစ်ဖို့ကောင်းတဲ့
ကောင်လေးတစ်ယောက်ပါဘဲ

မောင်က စကားပြောနိုင်လာတော့
ကြက်တူရွေးလို သူသိချင်တာ
တရစပ်မေးတော့တာ
"
ပိုင် ဆက်ပြောပြပါဦး ပြောပြဦးဆို"
"ဘာလဲ မောင်"
"မောင့်ဖေဖေနဲ့ပတ်သတ်ပြီးပေါ့"
"ဘာလို့လောနေရတာလဲ မောင်ရ
ပြောပြမှာ နားနားပြီးနားထောင်"

ဒီနေ့လည်း မောင့်ကိုလေကောင်းလေသန့်ရဖို့တဲ့
ပန်းခြံခေါ်သွားပေးတယ် ​ပြီးတော့
လမ်းလျှောက်နေတဲ့မောင့်ဘေးမှာ စစ်ရန်မှူး😌

ကျနော်ပျိုးပြီး တခြားသူပန်ရမယ်ဆိုပေမယ့်
အလန်းဆုံးနဲ့အမွှေးဆုံးပန်းလေးဖြစ်စေချင်ခဲ့တာ
ကျနော့်စိတ်ရင်းပါ🖤🖤

လေစိမ်းတွေတိုက်လို့ မောင်ဖျားမှာစိုးရိမ်စိတ်နဲ့
ကားပေါ်က ခြုံထည်လေးယူသွားပေးချိန်
မောင့်ပုခုံးပေါ်မှာ
စစ်ရန်မှူး ရဲ့ အနွေးလက်ရှည်လေး

ပြန်လှည့်ထွက်တေ့ာ

ပိုင် နေဦး ""
ပြောလေ မောင်""
မောင် ဆေးတွေမသောက်ချင်ဘူး""
မရဘူးနော် မောင် ခင်ဗျားမဆိုးနဲ့"

"ဆိုးမယ် ပိုင်နော် မောင့်ကို အနိုင်မကျင့်နဲ့
မောင်ကနေကောင်းသေးတာမဟုတ်ဘူး"

"နေမကောင်းဘဲ ပန်းခြံထဲဘာလာလုပ်တာလဲ
ဟောကြည့် ပန်းခြံလာရတာမကြိုက်ဘဲ
ဘာလို့လိုက်လာတာလဲ"

ဘာလဲ မောင် ခင်ဗျားက
နှစ်ယောက်တည်းလာချင်လို့လား
ဟုတ်တယ်လေ
ပိုင်နဲ့ နှစ်ယောက်တည်းလာချင်တယ်

"မောင်
ကိုစစ်ရန် ရှိနေတယ်လေ
သူကယ်ပေးလို့ မောင်ဆက်ချစ်လို့ရနေတာ"

"သူမကယ်လို့သေလည်း ဝိဥာဥ်ဘဝနဲ့
ဆက်ချစ်မှာ ပိုင် "

"ပြန်မယ် ပိုင်
မောင့်ကို ဆေးတိုက်ဦး
ဆေးသောက်ပြီး ပြန်မယ်"

"ဟာ မောင် ဒီလိုနေရကြီးမှာ"

"ရတယ်လေ ပိုင် မောင်မသောက်ဘူး"
ကဲဗျာ တိုက်မယ်""

ပိုင်ကဆေးလုံးနဲ့ရေတွေပါးစပ်ထဲထည့်ပြီး
မောင့်နှုတ်ခမ်းနဲ့ တေ့လိုက်တဲ့အခါ
မောင်မသောက်ချင်ဘဲ သောက်လိုက်ရပြန်တယ်

"မောင် ခင်ဗျားဘာတွေဖြစ်နေတာလဲ"
ဘာဖြစ်လို့လဲ ပိုင် ""
ညနေက ပန်းခြံထဲမှာလေ""

"ဟိုကောင်မောင့်ကို
ချစ်တယ်လာပြောနေတယ် ပိုင်
နဂိုကတည်းက မောင်တို့ကြားအခြေအနေကို
ပိုင်သိထားပြီးသားဘဲလေ"

"ပိုင်ရော သိထားပြီးသားလား
ဘာကိုလဲ မောင် ""
"စစ်ရန်မှူး မောင့်ကို ...
ဖြေလေ ပိုင်
သိထားပြီးသားလားလို့
မောင် ခဏတာ အိပ်စက်ချိန်မှာလေ ဟမ်

"ပိုင်က အဲ့လိုသိရက်နဲ့ဘယ်လို စစ်ရန်ဘေးမှာ
မောင့်ကိုထားနိုင်ရတာလဲ"

"ပိုင်မလိုချင်လို့ စွန့်ပစ်နေတာလား
အနာတရဖြစ်ဖူးလို့ လက်လွှတ်တာလား ပိုင်"
ဖျောင်း..
"ရိုက် ပိုင် ထပ်ရိုက်ဦး
ဘာလဲ မောင့်ကို မခံနိုင်တော့ဘူးထင်တာလား"

မောင် ခင်ဗျားဗျာ ဘာတွေပြောနေတာလဲ
မောင်ခံနိုင်ပါသေးတယ် ပိုင်ရဲ့
ဝရံတာဘက်သွားမလား
ရေချိုးခန်ထဲပြီးမလား.
ဧည့်ခန်းထဲမှာ လုပ်မလား

ဖျောင်း
မောင် ခင်ဗျား တော်တော့ဗျာ...
ကြမ်းပေါ်လဲကျသွားတဲ့ မောင့်ကို
ဆွဲထူပေမယ့် မောင်က ကြမ်းပေါ်မှာပေကပ်ပြီး
အိပ်နေခဲ့ပြန်တယ်

မောင်ရာ...

NyoThitWai
7/3/2023
Tue 10:10pm
🏳️‍🌈🖤🏳️‍🌈

Đọc tiếp

Bạn Cũng Sẽ Thích

39.2K 6.9K 42
"කවුරු හරි මගෙන් ඇහෙව්වොත් මන් ඔයාගේ කව්ද කියලා මන් දෙන්න ඕන උත්තරය මොකක්ද ජන්ග්කුක් " "කියන්න ඩෝල් ඔයා තමයි ජන්ග්කුක් ගේ හැමදේයක්ම කියලා "
Twenty Six Revenge Bởi Grey

Bí ẩn / Thriller

597K 39K 49
Khoon Thant Shein Wah+Sunshine SiThu
174K 10.7K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
717K 122K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...