(Unicode)
"တင်းတောင်"
"တင်းတောင်"
ညကအရှိန်ဖြင့် ဧည့်ခန်းဆိုဖာပေါ်တွင်မိုင်ကုန်သွားသောသူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ နားထဲဘဲလ်အဆက်မပျက်တီးသံကြောင့် မဖွင့်ချင်သောမျက်လုံးကို အတင်းစုံကန်ကာဖွင့်နေရသည်။
မနေ့ညက စတိုးဆိုင်မှအပြန်ဧည့်ခန်းထဲအရောက် ပူလောင်ရူပ်ထွေးနေသောစိတ်တို့ကို ဆိုဂျူတပုလင်းနဲ့အတူမော့ချမိသည်။သို့သော် အရက်မသောက်နိုင်သူပီပီ ပုလင်းတဝက်ပင်မကျိုးသေး မှောက်သွားရတော့သည်။
ခုလည်းဘာထူးလဲ ရင်ဘက်ထဲပူနေတာပဲ။ဒါပေမဲ့ ဒါဟာ ဆိုဂျူကြောင့်သပ်သပ်ပင်....။
"တင်းတောင်"
ထပ်ပေါ်လာသောဘဲလ်သံကြောင့် လူးလဲထနေရင်းမှ စိတ်တိုလာရသည်။လူကမျက်လုံးမဖွင့်ချင်နေပါမှ ဘယ်ကဧည့်သည်မှန်းမသိ။
"ချပ်!"
အိပ်ချင်မူးတူးပုံစံဖြင့် တံခါးဖွင့်ပေးလိုက်ကာ ခေါင်းငိုက်စိုက်လျက်တံခါးဘောင်ကိုမှီထားမိသည်။ ခေါင်းငုံ့ထားသဖြင့်မြင်နေရသော ရူးဖိနပ်အနက်ရောင်က ပြောင်လက်စွာ။ထို့နောက် အသားကောင်း၍ အိဖတ်နေပုံရသည့် အချိုးကျသည့်စတိုင်ပန်က ကြည့်ကောင်းသောအောက်ပိုင်းခန္ဓာကိုယ်ထက်ပုံပန်းတကျ။ တဖန်သပ်ရပ်စွာဝတ်ဆင်ထားသော ရှပ်အဖြူနဲ့ကုတ်အနက်၊ ထိုမှတဆင့် လည်ပင်းအထက်ပိုင်းရှိမျက်နှာကိုမော့ကြည့်မိသည်။
"ဟင်!"
အိမ်ရှေ့တွင်ရပ်နေသောလူ၏မျက်နှာကိုမြင်သည်နှင့် မှေးကျဉ်းနေသောမျက်လုံးတို့ပြူးကျယ်သွားရသည်။ထို့နောက်ပြေလျော့နေသောမျက်နှာမှာ တင်းမာလာကာ ကိုင်ထားသောတံခါးကိုချက်ချင်းဆွဲပိတ်ရန်အလုပ်...
"နေ နေပါအုန်း အထဲပေးဝင်ပါအုန်း"
သူပိတ်မဲ့တံခါးကို ထိုအမျိုးသားကအတင်းပြန်တွန်း၍ အထဲပေးဝင်ရန်ပြောလေသည်။
"ကျစ်! ထွက်သွား"
ထိုအမျိုးသားမျက်နှာကိုစေ့စေ့ကြည့်ကာ မောင်းထုတ်ပစ်လိုက်သည်။သို့သော် ထိုအမျိုးသားက စိတ်မဆိုးသည့်အပြင် သူ့အားပြန်လည်ပြုံးပြ၍ အထဲပေးဝင်ရန်မျက်လုံးဖြင့်တိုးလျိုနေသည်။
"ဘာကိစ္စဝင်ချင်ရတာလဲ"
ထယ်ယောင်းစိတ်မရှည်၍ ပိတ်ဖို့လုပ်နေသောတံခါးကို ဆွဲဖွင့်ကာလေသံမာမာဖြင့်မေးလိုက်သည်။
"ခင်ဗျားနဲ့ကျနော်နဲ့ ရှင်းရမဲ့ကိစ္စတွေရှိသေးတယ်လေဗျာ"
"ဘာ!"
ထိုစကားကြောင့်သူအံ့သြထိတ်လန့်သွားစဉ် ထိုအမျိုးသားက သူ့အားတွန်းတိုက်ကာအထဲဝင်လာခဲ့သည်။ထိုအမျိုးသားကိုသူမမြင်ချင်၊မတွေ့ချင်ပေ။သေချာသည်က တွေ့ဖို့ရန်သူအဆင်သင့်မဖြစ်သေးပေ။
"ထွက်သွားပါ"
"......."
"မင်း မထွက်သွားရင်ငါရဲခေါ်ရလိမ့်မယ်"
"သဘောပါဗျာ"
"ဘာ!ပတ်ဂျီမင် မင်း!"
ဟုတ်တယ်..ထိုအမျိုးသားနာမည်က ပတ်ဂျီမင်။သူတသတ်လုံးပြန်ခေါ်စရာမလိုတော့ဘူးထင်တဲ့ နာမည်ကိုခုသူပြန်ခေါ်မိခဲ့သည်။သို့သော် ထိုနာမည်ကိုခေါ်လိုက်တဲ့ခဏ သူ့ရင်ဘက်ကအောင့်သက်လာသည်။
"အ!"
"ဟင်!ခင်ဗျားအဆင်ပြေရဲ့လား ထယ်ယောင်းရှီ"
"မထိနဲ့"
သူ့ရင်ဘက်ပေါ်လက်ဖိကာ ဆိုဖာထက်ထိုင်ချမိစဉ် စိုးရိမ်သောလေသံဖြင့်သူ့အနားပြေးလာသည့် ဂျီမင်ကိုဟန့်တားပစ်သည်။သူ့မျက်လုံးများမှိတ်ထားမိသည်။ရင်ထဲတဆတ်ဆတ်ခါရမ်းနေသော နှလုံးသားက သူမျက်ဝန်းဆီသို့အရည်တချို့တွန်းပို့နေသည်ကိုခံစားနေရသည်။မျက်ရည်ကျလို့မဖြစ်။
"ခင်ဗျား အဆင်မပြေရင် နောက်ရက်မှပြန်လာခဲ့မယ်"
"........."
"ကျနော် လာရတဲ့အကြောင်းအရင်းက ခင်ဗျားအမေရဲ့အမွေကိစ္စကြောင့်ပဲ"
"ဘာ!"
နားကြားမှားတာလား။မေမေ့ရဲ့အမွေကိစ္စက ပတ်ဂျီမင်နဲ့ဘာဆိုင်လို့လဲ။အထူးသဖြင့် မေမေအရမ်းမုန်းခဲ့တဲ့သူတို့တွေက မေမေနဲ့ဘာပတ်သတ်နေပြန်တာလဲ။သူမသိခဲ့တာတွေရှိသေးတာလား။
"ကျနော်ပြန်မယ်"
ပတ်ဂျီမင်က သူ့အားတချက်ဝေ့ကြည့်ကာ လာလမ်းအတိုင်းပြန်ထွက်သွားခဲ့သည်။
သူသိချင်သည်။မေမေနဲ့ပတ်ဂျီမင် ဘယ်လိုပတ်သတ်နေသနည်း။ဖုန်း...။မေမေ့ရှေ့နေရဲ့ဖုန်းနံပါတ်က သူဆီမှာရှိသည်။ထို့ကြောင့် ထယ်ယောင်းဖုန်းထုတ်ကာ မှတ်သားထားသောနံပါတ်တခုကို ခေါ်ဆိုလိုက်သည်။
"တူ တူ"
ထိုအချိန် တံခါးပေါက်ဝတွင် ပတ်ဂျီမင်ပြန်ပေါ်လာသဖြင့် သူမျက်နှာထားပြန်တင်းထားမိသည်။သို့သော် သူသတိထားမိသည့်တခုက ဂျီမင်လက်ထဲမှဖုန်းက တုန်ခါနေလေသည်။ထိုအချိန်တွင် ပတ်ဂျီမင်က ထိုဖုန်းကိုကောက်ကိုင်လိုက်ကာ..
"ဟဲလို"
ဂျီမင်ထူးသံနှင့်အတူ သူ့ဖုန်းထဲမှာလဲပြန်ထူးသံကြားလိုက်ရသည်။
"မင်း!မင်းက မေမေ့ရှေ့နေလား"
"ဟုတ်ပါတယ် ကျနော်က ခင်ဗျားအမေရဲ့သေတမ်းစာကို စီစဉ်ပေးရမဲ့ ရှေ့နေပတ်ဂျီမင်ပါ"
🍀🍀🍀🍀🍀🍀🍀
"ဖလော~~"
အဆက်မပျက်ကျနေသော ရေပန်းအောက်မိနစ်အနည်းငယ်နေလိုက်မှ နောက်ကျိနေသောခန္ဓာနှင့်စိတ်တို့မှာ အနည်းငယ်လန်းဆန်းလာရသည်။ထို့နောက် ရေပန်းပိတ်၍ တဘက်တထည်ပတ်ကာ ရေချိုးခန်းမှထွက်လာခဲ့သည်။
မေမေ့အခန်း၊ နှစ်ပေါင်းကြာရှည်တိုင်အောင် မေမေ့အငွေ့အသက်တို့ရှိနေခဲ့သောနေရာ။ အစောနကအဖြစ်အပျက်များပြီးသည့်နောက် ဂျီမင်ကိုဧည့်ခန်းထဲပစ်ထားခဲ့ကာ သူကမေမေ့အိပ်ခန်းထဲလာ၍ ရေမိုးချိုးပစ်လိုက်သည်။ ထို့နောက် အိတ်ထဲမှပေါ့ပေါ့ပါးပါး အဝတ်တစုံကိုထုတ်ကာ ဝတ်ထားလိုက်သည်။ရေစိုနေသောခေါင်းကို လက်ဖြင့်တချက်သတ်ကာ အိပ်ယာထက်တင်ထားသော နာရီကိုကောက်ပတ်မည်အပြု မပတ်ချင်တော့၍ ကုတင်ဘေးပတ်လာကာ စားပွဲပုပေါ်တွင်တင်ထားလိုက်သည်။
"ဆောင်း"
စားပွဲပုလေးထက်တွင်တင်ထားသော ဓာတ်ပုံဘောင်တခုကိုယူ၍အသာပွတ်ကြည့်ရင်းခေါ်လိုက်သည်။ဒီဓာတ်ပုံက သူ့အိမ်ဧည့်ခန်းမှာထားသော ကောင်လေးနှစ်ယောက်ပြုံးနေသည့်ပုံပင်ဖြစ်သည်။
"အာ့ပုံလေးရှိသေးတာပဲ"
အိပ်ခန်းတံခါးဝဆီမှ ထွက်လာသောဂျီမင်အသံကြောင့် ထယ်ယောင်းကိုယ်မှာဆတ်ခနဲ မသိမသာတုန်သွားရသည်။ထို့ကြောင့်ကိုင်ထားသော ဓာတ်ပုံဘောင်ကိုချကာ အဝတ်အိတ်ကိုဇစ်ပိတ်၍ ဂျီမင်ကိုတိုက်ချကာအခန်းထဲမှထွက်လာခဲ့သည်။
"လိုရင်းပြော"
ဧည့်ခန်းအရောက် ဆိုဖာထက်ထိုင်ချရင်း ပြောလိုက်လျှင်ဂျီမင်ကခေါင်းငြိမ့်ပြုံးပြကာ သူ့လက်ဆွဲအိတ်ထဲမှ စာရွက်တချို့ကိုယူ၍ ထယ်ယောင်းဆီကမ်းပေးလိုက်သည်။
"စာရွက်ပါ အကြောင်းအရာတွေကို သေချာဖတ်ပါ တချို့တလေကို ခွဲဝေလှူတန်းထားတာတွေလည်းရှိပါတယ်"
ထိုကောင်လေးက ရှေ့နေတဲ့လား။ သူ့အသက်မွေးဝမ်းကြောင်းအလုပ်မှာတော့ဆရာကျပုံရသည်။
"မေးချင်တာရှိပါသလား ကင်ထယ်ယောင်းရှီ"
"ဒီကရတဲ့ငွေတွေက ဘယ်ကို...."
ထယ်ယောင်းက ခပ်တောင့်တောင့်လေသံဖြင့် သိလိုသည်များကိုသာမေး၍ အပိုစကားမဆိုသလို။ဂျီမင်သည်လည်း မေးတာကိုသာဖြေ၍ ခပ်ဆိတ်ဆိတ်သာနေလေသည်။
"ဘယ်မှာလက်မှတ်ထိုးရမှာလဲ"
"ဒီမှာပါ"
လက်မှတ်ထိုးရမည့်နေရာကို ဂျီမင် လက်ညိုးဖြင့်ညွှန်လာရင်းမှ ထိုလက်ပေါ်ရှိတစုံတခုကို သတိထားမိသည်။
"ဒေါက် ဒေါက်"
သူတို့စာရွက်စာတမ်းကိစ္စရှင်းနေတုန်း ဖွင့်ထားသောတံခါးကိုခေါက်သံကြား၍ လှည့်ကြည့်မိကြသည်။
"မားး"
ဂျီမင်က မျက်လုံးများမှေးကျဉ်းသည်အထိရယ်ပြလေသည်။
"လာပါ မစ္စဂျန်"
ထယ်ယောင်းက ဆိုဖာနားလာထိုင်ရန်ဖိတ်လိုက်လျှင် မစ္စဂျန်ကလက်ကာပြလေသည်။
"မထိုင်တော့ဘူး ဟိုဘက်အိမ်မှာချက်ပြုတ်လျက်စတွေရှိသေးတယ်...သား ထယ်ယောင်းကို အန်တီက လာဖိတ်တာ"
"ဗျာ...ဘာအတွက်"
"အော်...ညနေ အိမ်မှာညစာ လာစားလို့...လူတွေစုံတုန်းဝိုင်းဖွဲ့စားရအောင်လို့ လာမယ်မလား"
သူဘာပြန်ပြောရမှန်းမသိ။ခေါင်းမငြိမ့်လျှင်လဲ မစ္စဂျန်ကိုအားနာစရာကောင်းသည်။ခေါင်းငြိမ့်ပြန်ရင်လည်း မမြင်ချင်တဲ့မျက်နှာကိုမြင်ရအုန်းမည်။ခက်၏..။
သူစဉ်းစားနေရင်းမှ ဘာဖြစ်ဖြစ်ငြင်းရန်သာဆုံးဖြတ်လိုက်ကာ ခေါင်းအမော့သူ့အားစူးစမ်းသော မျက်ဝန်းတစုံနှင့်စုံသဖြင့် အို့တို့အန်းတမ်းဖြစ်သွားရသည်။
"ကဲပါ လာခဲ့ အန်တီမျှော်နေမယ် ဟုတ်ပြီလား"
*သွားပြီ*
သူငြင်းချိန်မရလိုက် မစ္စဂျန်ကပြန်ထွက်သွားခဲ့လေပြီ။ထိုအခိုက်မျက်ဝန်းထောင့်၌ လစ်ခနဲရီကာတဖက်လှည့်သွားသော ဂျီမင်ကိုမြင်လိုက်ရသဖြင့် စိတ်တိုလာရသည်။
"ပြန်တော့"
သူခပ်တည်တည်ပဲ မောင်းထုတ်ကာ စာရွတ်စာတမ်းများကို ယူ၍မေမေ့အိပ်ခန်းထဲသို့ဝင်ချလာလိုက်သည်။မကြာပါ ဆိုဖာမှထသံ၊လမ်းလျှောက်သံ တံခါးပိတ်သံများကို တရစပ်ကြားလိုက်ရသည်။ဂျီမင်ပြန်သွားခဲ့ပြီ။
"ဝုတ်"
သူထိုင်နေသော အိပ်ယာနားပြေးလာကာ ခုန်တတ်လာသောယွန်တန်ကိုကြည့်၍ ပွေ့ချီလိုက်သည်။
"တူ တူ တူ"
ထိုခဏ ဖုန်းလာနေသဖြင့် ယွန်တန်ကိုပွေ့ထားလက်စဖြင့် ဖွင့်ကြည့်လိုက်လျှင် ဟိုဆော့ဟျောင်းဆီကဖြစ်နေသည်။
"ဟျောင်း"
"အေး မနက်ဖြန်ငါလိုက်လာခဲ့မယ်သိလား"
"မလာတော့နဲ့ဟျောင်း"
"ဟမ်!ဘာလို့လဲ"
အမွေကိစ္စနဲ့ပတ်သတ်ပြီး အကုန်ရှင်းပြီးသွားကြောင်း မကြာခင်ပြန်လာတော့မည်ဖြစ်ကြောင်း လာကြိုရန်မလိုကြောင်း ပြောလိုက်သည်။
"အေး ဒါဆိုကောင်းပြီ ဖြည်းဖြည်းပြန်ခဲ့"
"အင်း"
ထို့နောက် ထယ်ယောင်းဖုန်းပိတ်၍ အိပ်ယာထက်လဲချကာ မျက်လုံးများစုံမှိတ်ထားလိုက်မိသည်။ သိပ်မကြာခင်မှာပင် အိမ်မက်လိုလိုတကယ်လိုလိုဖြစ်နေသော ကမ္ဘာတခုစီသို့ တဖြည်းဖြည်း ရောက်သွားတော့သည်။
🍀🍀🍀🍀🍀🍀🍀
"ခစ်...ခစ်...ခစ်"
"ဟားးးဟားးးဟားးး"
"ယောင်းရေ ဘောလုံးဖေ့ဆီကိုပစ်ပေး"
တဖက်ခြမ်းမှဖခင်လုပ်သူက ဘောလုံးပစ်ပေးရန်ပြောသဖြင့် ထယ်ယောင်းသူ့လက်ထဲမှဘောလုံးကို တချက်ကြည့်ကာ ဖခင်ထံပစ်ပေးလိုက်သည်။
"ဆောင်းရေ ဘောလုံးဖေ့ဆီမှာကွ လာ လာယူလေ"
"ဟားးဟားးဟားး"
ဖခင်က ဆောင်းကိုခေါ်ခါ ဘောလုံးလုကြေးကစားရင်း အိမ်ရှေ့မြက်ခင်းပြင်တွင်ပြေးလွှားနေသည်။ဖခင်နောက်တွင်တော့8နှစ်အရွယ်ကလေး တယောက်ပြေးလိုက်နေလေသည်။
ဖခင်လက်ထဲမှဘောလုံးကို လုခြင်ဇောဖြင့် အတင်းပြေးလိုက်နေသော ထိုကလေးမှာထယ်ယောင်းမျက်လုံးထဲတွင် မပီမသ။သို့သော် အတင်းပြေးလိုက်နေသဖြင့် ချော်လဲမည်ကို သူစိုးရိမ်နေမိသည်။
"ဆောင်း ဖြေးဖြေးပြေးလေ"
လှမ်းသတိပေးသော သူ့စကားကိုဖခင်ရောဆောင်းပါ ကြားပုံမရ။ပြေးဆော့တိုင်းဆော့နေလျက်ရှိသည်။
ထိုသို့သူကြည့်နေရင်းမှ ပြေးဆော့နေသောဆောင်းသည် တဖြည်းဖြည်းယိုင်နဲ့လာကာ ခွေခေါက်လဲတော့မည့်ပုံရှိလေသည်။
"ဆောင်း!"
သူအလန့်တကြားဖြစ်ကာ လဲကျတော့မည့်ဆောင်းဆီသို့ မိုင်ကုန်ပြေးသွားလိုက်သည်။သို့သော် သိပ်မဝေးသော အကွာအဝေးပင်ဖြစ်ပေမဲ့ သူဆောင်းဆီရောက်ရန်အလွန်ကြန့်ကြာနေသည်။မျက်လုံးရှေ့တွင်ဆောင်းလဲကျသွားပေမဲ့ ဆောင်းဆီရောက်ဖို့ရန် သူအားစိုက်နေရကာ လူကတကိုယ်လုံးချွေးစေးများပင်ပြန်လာရသည်။
"ထယ်ဆောင်းရ!"
ကြည့်နေရင်းမှ လဲကျနေသောထယ်ဆောင်းအောက်ဖက်မှ ရဲခနဲဖြစ်လာသော သွေးကွက်ကြီးကိုကြည့်ကာ ထယ်ယောင်းခြေဖျားလက်ဖျားများအေးစက်လာရသည်။
"မဖြစ်ဘူး!ထယ်ဆောင်းရ မဖြစ်ရဘူး"
များပြားလာသောသွေးကွက်ကြီးကိုကြည့်ကာ ထယ်ဆောင်းဆီရောက်ရန် သူအားကုန်စိုက်ကာပြေးလိုက်လျှင် ထယ်ဆောင်း၏မလှမ်းမကမ်းဆီသို့ရောက်သွားသည်။
"ညီလေး!"
အနားရောက်လျှင် ဖခင်ဖြစ်သူကထယ်ဆောင်းခန္ဓာကိုယ်ကိုပွေ့ဖက်ထားကာ မျက်ရည်လည်ရွဲဖြင့်သူ့အား လှည့်ကြည့်နေလေသည်။
"ဖေဖေ"
"သား"
ထယ်ဆောင်းကိုပွေ့ဖက်ထားသော ဖေဖေသည် သူ့အားခေါ်ပြီးနောက် ဖေဖေ့ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်းတုန်ခါလာလေသည်။
"အားးးး"
ဖခင်၏အသံနက်ကြီးက သူ့အားကြက်သီးတဖြန်းဖြန်းထစေကာ သူ့ရင်ဘက်ထဲတွင်လဲလှိုင်းတံပိုးထန်လာ၍ မျက်ရည်မိုးတို့စိုရွှဲစွာယိုကြလာရသည်။
"ထယ်ဆောင်းးးရ"
သူခုမှထယ်ဆောင်းကို ထိတွေ့ရန်သတိရသဖြင့် ဆောင်းအနီးသို့တိုးကပ်ပြေးသွားမိသည်။သိူ့သော် သူ့စိတ်ကသာပြေးလွှားနေကာ လူကနေရာမှာပင်ရပ်မြဲတိုင်းရပ်၍ လက်နှစ်ဖက်လုံးဆွဲချူပ်ခံထားရသည်။
"လွှတ်စမ်း!ထယ်ဆောင်းဆီသွားမလို့"
"မသွားပါနဲ့ မသွားပါနဲ့သားရယ် ဟင့်!"
သူရုန်းကန်နေရင်းမှ ဘေးဖက်ဆီမှမိခင်ဖြစ်သူ၏အသံကိုကြား၍ လှည့်ကြည့်မိလျှင်မို့အစ်နေသောမျက်နှာနှင့် ဖရိုဖရဲဖြစ်နေသော အနက်ရောင်အဝတ်အစားက သူ့စိတ်အားအနှောက်အယှက်ပေးနေသည်။
"မေမေ! မေမေ ဘာလို့ဒါကြီးဝတ်ထားတာလဲ ဟင့်အင်း မဟုတ်ဘူးမလား"
ထိုချိန်သူ့ပတ်ဝန်းကျင်တခုလုံး အနက်ရောင်ပြောင်းကာ တနေရာဆီမှ မီးတောက်ကြီးကိုမြင်လိုက်ရသည်။
*သူတို့ ညီလေးကိုမီးရိူ့လိုက်ကြပြီ။ညီလေးကို သူမတွေ့ရသေးဘူးလေ။ သူနူတ်လဲမဆက်ရသေးဘူး။ ဘာလို့လဲ ဘာလို့လဲ ဟင့်!ရွှတ်!*
မီးတောက်ကြီးကိုကြည့်ကာ နေရာမှာပင်ထိုင်ချ၍ သူလူးလိမ့်ကာငိုမိသည်။ထိုအချိန်မှာပင်...
"မငိုပါနဲ့ ဟင့်!"
သူ့ဝမ်းနည်းစွာငိုကြွေးနေသည်ဘေးမှ ညင်သာပျော့ပြောင်းသောလေသံလေးဖြင့် သူ့အားချော့မော့နေသူအား မော့ကြည့်မိသည်။
"ဂျီမင်းရ"
"အင်း ငါရှိတယ်လေ"
"ညီလေးမရှိတော့ဘူး"
"မငိုပါနဲ့ ငါဝမ်းနည်းလို့"
ဂျီမင်ကသူ့လက်နူးနူးညံ့ညံ့များဖြင့် သူ့မျက်နှာကိုထိတွေ့ကာ မျက်ရည်များသုတ်ပေးလေသည်။
"မငိုပါနဲ့ တောင်းပန်ပါတယ်"
သူငိုနေတာကိုကြည့်၍ လိုက်ငိုနေသောဂျီမင်ကြောင့် သူမျက်နှာလွှဲလိုက်မိသည်။
"ထွက်သွား"
"ဟင့်!"
"မငိုပဲနဲ့ ငါ့ဆီကထွက်သွား"
သူလဲနေရာမှထကာ ဂျီမင်ကိုမောင်းထုတ်မိသည်။ဂျီမင်မှာ မျက်နှာသူငယ်ဖြင့် တရူံ့ရူံ့ငိုကာရပ်မြဲတိုင်းရပ်နေလေသည်။
"ချစ်တယ် ထယ်ယောင်းရ ငါမင်းကိုမင်းချစ်တယ်"
မကြားချင်။ထိုစကားကြားလျှင့် သူ့ခံစားချက်များကရူပ်ထွေးသွားရကာ မွန်းကျပ်ပိတ်လှောင်လာသည်။
"ငါပြောနေတယ်လေ ထွက်သွားစမ်း!"
သူလေသံမာကာ ငိုနေသောဂျီမင်ကို မောင်းထုတ်ပစ်သည်။သူ့ရင်ထဲစစ်ခနဲဖြစ်သွားရသည်။ဘာကြောင့်မှန်းသူမသိ။
"မသွားဘူး မသွားချင်ဘူး"
ဂျီမင်ကသူ့စကားကို ကလန်ကဆန်ပြုကာ သူအားအတင်းကာရောပွေ့ဖက်လာသည်။ဂျီမင်ပွေ့ဖက်လာသည်နှင့်အမျှသူမွန်းကျပ်လာကာ အသက်ရူမရဖြစ်လာသည်။
"ဖယ်စမ်း!လွှတ်! ဟာကွာ တောက်!"
"ဝုန်း!!"
အတင်းဆွဲဖက်ထားသော ဂျီမင်၏လက်နှစ်ဖက်ကို အားကုန်သုံးကာဆွဲဖြုတ်၍ ဝေးရာသို့တွန်းထုတ်ပစ်လိုက်သည်။ထိုခဏ လဲကျနေသောဂျီမင်က လူးလဲထကာသူ့အားအမည်ဖော်မရသော အကြည့်စူးစူးဖြင့်တချက်ကြည့်က၍ ချာခနဲလှည့်သွားတော့သည်။
နာသည်။ရင်ဘက်ထဲတွင်အောင့်၍နာသည်။ငိူချင်သည်။ဗလာကျင်းသွားသော သူ့ပတ်ဝန်းကျင်တွင်သူတယောက်ထဲသာရှိ၍ အထီးကျန်ကာကြောက်ရွံ့မိသည်။
"တောင်းပန်ပါတယ် ဂျီမင်ရ...ငါ့ကို ပစ်မသွားပါနဲ့ တောင်းပန်ပါတယ် အဟင့်!အဟင့်!"
ဝမ်းနည်းလွန်း၍ သူငိုကြွေးနေသည်မှာ ရင်ဘတ်ထဲကောလူပါနူန်းချိလာရသည်။သူမောနေပြီ။ဆက်မငိုနိုင်တော့ဘူး။အရာအားလုံးကိုပြီးဆုံးသွားစေချင်ပြီ။တကယ်ပြီးဆုံးစေချင်ပြီ။
++++++++++++
ဖတ်ရတာအဆင်ပြေကြရဲ့လား...။
🍀🍀🍀🍀🍀🍀🍀
(Zawgyi)
"တင္းေတာင္"
"တင္းေတာင္"
ညကအရွိန္ျဖင့္ ဧည့္ခန္းဆိုဖာေပၚတြင္မိုင္ကုန္သြားေသာသူက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနရာမွ နားထဲဘဲလ္အဆက္မပ်က္တီးသံေၾကာင့္ မဖြင့္ခ်င္ေသာမ်က္လုံးကို အတင္းစုံကန္ကာဖြင့္ေနရသည္။
မေန႕ညက စတိုးဆိုင္မွအျပန္ဧည့္ခန္းထဲအေရာက္ ပူေလာင္႐ူပ္ေထြးေနေသာစိတ္တို႔ကို ဆိုဂ်ဴတပုလင္းနဲ႕အတူေမာ့ခ်မိသည္။သို႔ေသာ္ အရက္မေသာက္နိုင္သူပီပီ ပုလင္းတဝက္ပင္မက်ိဳးေသး ေမွာက္သြားရေတာ့သည္။
ခုလည္းဘာထူးလဲ ရင္ဘက္ထဲပူေနတာပဲ။ဒါေပမဲ့ ဒါဟာ ဆိုဂ်ဴေၾကာင့္သပ္သပ္ပင္....။
"တင္းေတာင္"
ထပ္ေပၚလာေသာဘဲလ္သံေၾကာင့္ လူးလဲထေနရင္းမွ စိတ္တိုလာရသည္။လူကမ်က္လုံးမဖြင့္ခ်င္ေနပါမွ ဘယ္ကဧည့္သည္မွန္းမသိ။
"ခ်ပ္!"
အိပ္ခ်င္မူးတူးပုံစံျဖင့္ တံခါးဖြင့္ေပးလိုက္ကာ ေခါင္းငိုက္စိုက္လ်က္တံခါးေဘာင္ကိုမွီထားမိသည္။ ေခါင္းငုံ႕ထားသျဖင့္ျမင္ေနရေသာ ႐ူးဖိနပ္အနက္ေရာင္က ေျပာင္လက္စြာ။ထို႔ေနာက္ အသားေကာင္း၍ အိဖတ္ေနပုံရသည့္ အခ်ိဳးက်သည့္စတိုင္ပန္က ၾကည့္ေကာင္းေသာေအာက္ပိုင္းခႏၶာကိုယ္ထက္ပုံပန္းတက်။ တဖန္သပ္ရပ္စြာဝတ္ဆင္ထားေသာ ရွပ္အျဖဴနဲ႕ကုတ္အနက္၊ ထိုမွတဆင့္ လည္ပင္းအထက္ပိုင္းရွိမ်က္ႏွာကိုေမာ့ၾကည့္မိသည္။
"ဟင္!"
အိမ္ေရွ႕တြင္ရပ္ေနေသာလူ၏မ်က္ႏွာကိုျမင္သည္ႏွင့္ ေမွးက်ဥ္းေနေသာမ်က္လုံးတို႔ျပဴးက်ယ္သြားရသည္။ထို႔ေနာက္ေျပေလ်ာ့ေနေသာမ်က္ႏွာမွာ တင္းမာလာကာ ကိုင္ထားေသာတံခါးကိုခ်က္ခ်င္းဆြဲပိတ္ရန္အလုပ္...
"ေန ေနပါအုန္း အထဲေပးဝင္ပါအုန္း"
သူပိတ္မဲ့တံခါးကို ထိုအမ်ိဳးသားကအတင္းျပန္တြန္း၍ အထဲေပးဝင္ရန္ေျပာေလသည္။
"က်စ္! ထြက္သြား"
ထိုအမ်ိဳးသားမ်က္ႏွာကိုေစ့ေစ့ၾကည့္ကာ ေမာင္းထုတ္ပစ္လိုက္သည္။သို႔ေသာ္ ထိုအမ်ိဳးသားက စိတ္မဆိုးသည့္အျပင္ သူ႕အားျပန္လည္ၿပဳံးျပ၍ အထဲေပးဝင္ရန္မ်က္လုံးျဖင့္တိုးလ်ိဳေနသည္။
"ဘာကိစၥဝင္ခ်င္ရတာလဲ"
ထယ္ေယာင္းစိတ္မရွည္၍ ပိတ္ဖို႔လုပ္ေနေသာတံခါးကို ဆြဲဖြင့္ကာေလသံမာမာျဖင့္ေမးလိုက္သည္။
"ခင္ဗ်ားနဲ႕က်ေနာ္နဲ႕ ရွင္းရမဲ့ကိစၥေတြရွိေသးတယ္ေလဗ်ာ"
"ဘာ!"
ထိုစကားေၾကာင့္သူအံ့ၾသထိတ္လန့္သြားစဥ္ ထိုအမ်ိဳးသားက သူ႕အားတြန္းတိုက္ကာအထဲဝင္လာခဲ့သည္။ထိုအမ်ိဳးသားကိုသူမျမင္ခ်င္၊မေတြ႕ခ်င္ေပ။ေသခ်ာသည္က ေတြ႕ဖို႔ရန္သူအဆင္သင့္မျဖစ္ေသးေပ။
"ထြက္သြားပါ"
"......."
"မင္း မထြက္သြားရင္ငါရဲေခၚရလိမ့္မယ္"
"သေဘာပါဗ်ာ"
"ဘာ!ပတ္ဂ်ီမင္ မင္း!"
ဟုတ္တယ္..ထိုအမ်ိဳးသားနာမည္က ပတ္ဂ်ီမင္။သူတသတ္လုံးျပန္ေခၚစရာမလိုေတာ့ဘူးထင္တဲ့ နာမည္ကိုခုသူျပန္ေခၚမိခဲ့သည္။သို႔ေသာ္ ထိုနာမည္ကိုေခၚလိုက္တဲ့ခဏ သူ႕ရင္ဘက္ကေအာင့္သက္လာသည္။
"အ!"
"ဟင္!ခင္ဗ်ားအဆင္ေျပရဲ႕လား ထယ္ေယာင္းရွီ"
"မထိနဲ႕"
သူ႕ရင္ဘက္ေပၚလက္ဖိကာ ဆိုဖာထက္ထိုင္ခ်မိစဥ္ စိုးရိမ္ေသာေလသံျဖင့္သူ႕အနားေျပးလာသည့္ ဂ်ီမင္ကိုဟန့္တားပစ္သည္။သူ႕မ်က္လုံးမ်ားမွိတ္ထားမိသည္။ရင္ထဲတဆတ္ဆတ္ခါရမ္းေနေသာ ႏွလုံးသားက သူမ်က္ဝန္းဆီသို႔အရည္တခ်ိဳ႕တြန္းပို႔ေနသည္ကိုခံစားေနရသည္။မ်က္ရည္က်လိဳ႕မျဖစ္။
"ခင္ဗ်ား အဆင္မေျပရင္ ေနာက္ရက္မွျပန္လာခဲ့မယ္"
"........."
"က်ေနာ္ လာရတဲ့အေၾကာင္းအရင္းက ခင္ဗ်ားအေမရဲ႕အေမြကိစၥေၾကာင့္ပဲ"
"ဘာ!"
နားၾကားမွားတာလား။ေမေမ့ရဲ႕အေမြကိစၥက ပတ္ဂ်ီမင္နဲ႕ဘာဆိုင္လို႔လဲ။အထူးသျဖင့္ ေမေမအရမ္းမုန္းခဲ့တဲ့သူတို႔ေတြက ေမေမနဲ႕ဘာပတ္သတ္ေနျပန္တာလဲ။သူမသိခဲ့တာေတြရွိေသးတာလား။
"က်ေနာ္ျပန္မယ္"
ပတ္ဂ်ီမင္က သူ႕အားတခ်က္ေဝ့ၾကည့္ကာ လာလမ္းအတိုင္းျပန္ထြက္သြားခဲ့သည္။
သူသိခ်င္သည္။ေမေမနဲ႕ပတ္ဂ်ီမင္ ဘယ္လိုပတ္သတ္ေနသနည္း။ဖုန္း...။ေမေမ့ေရွ႕ေနရဲ႕ဖုန္းနံပါတ္က သူဆီမွာရွိသည္။ထို႔ေၾကာင့္ ထယ္ေယာင္းဖုန္းထုတ္ကာ မွတ္သားထားေသာနံပါတ္တခုကို ေခၚဆိုလိုက္သည္။
"တူ တူ"
ထိုအခ်ိန္ တံခါးေပါက္ဝတြင္ ပတ္ဂ်ီမင္ျပန္ေပၚလာသျဖင့္ သူမ်က္ႏွာထားျပန္တင္းထားမိသည္။သို႔ေသာ္ သူသတိထားမိသည့္တခုက ဂ်ီမင္လက္ထဲမွဖုန္းက တုန္ခါေနေလသည္။ထိုအခ်ိန္တြင္ ပတ္ဂ်ီမင္က ထိုဖုန္းကိုေကာက္ကိုင္လိုက္ကာ..
"ဟဲလို"
ဂ်ီမင္ထူးသံႏွင့္အတူ သူ႕ဖုန္းထဲမွာလဲျပန္ထူးသံၾကားလိုက္ရသည္။
"မင္း!မင္းက ေမေမ့ေရွ႕ေနလား"
"ဟုတ္ပါတယ္ က်ေနာ္က ခင္ဗ်ားအေမရဲ႕ေသတမ္းစာကို စီစဥ္ေပးရမဲ့ ေရွ႕ေနပတ္ဂ်ီမင္ပါ"
🍀🍀🍀🍀🍀🍀🍀
"ဖေလာ~~"
အဆက္မပ်က္က်ေနေသာ ေရပန္းေအာက္မိနစ္အနည္းငယ္ေနလိုက္မွ ေနာက္က်ိေနေသာခႏၶာႏွင့္စိတ္တို႔မွာ အနည္းငယ္လန္းဆန္းလာရသည္။ထို႔ေနာက္ ေရပန္းပိတ္၍ တဘက္တထည္ပတ္ကာ ေရခ်ိဳးခန္းမွထြက္လာခဲ့သည္။
ေမေမ့အခန္း၊ ႏွစ္ေပါင္းၾကာရွည္တိုင္ေအာင္ ေမေမ့အေငြ႕အသက္တို႔ရွိေနခဲ့ေသာေနရာ။ အေစာနကအျဖစ္အပ်က္မ်ားၿပီးသည့္ေနာက္ ဂ်ီမင္ကိုဧည့္ခန္းထဲပစ္ထားခဲ့ကာ သူကေမေမ့အိပ္ခန္းထဲလာ၍ ေရမိုးခ်ိဳးပစ္လိုက္သည္။ ထို႔ေနာက္ အိတ္ထဲမွေပါ့ေပါ့ပါးပါး အဝတ္တစုံကိုထုတ္ကာ ဝတ္ထားလိုက္သည္။ေရစိုေနေသာေခါင္းကို လက္ျဖင့္တခ်က္သတ္ကာ အိပ္ယာထက္တင္ထားေသာ နာရီကိုေကာက္ပတ္မည္အျပဳ မပတ္ခ်င္ေတာ့၍ ကုတင္ေဘးပတ္လာကာ စားပြဲပုေပၚတြင္တင္ထားလိုက္သည္။
"ေဆာင္း"
စားပြဲပုေလးထက္တြင္တင္ထားေသာ ဓာတ္ပုံေဘာင္တခုကိုယူ၍အသာပြတ္ၾကည့္ရင္းေခၚလိုက္သည္။ဒီဓာတ္ပုံက သူ႕အိမ္ဧည့္ခန္းမွာထားေသာ ေကာင္ေလးႏွစ္ေယာက္ၿပဳံးေနသည့္ပုံပင္ျဖစ္သည္။
"အာ့ပုံေလးရွိေသးတာပဲ"
အိပ္ခန္းတံခါးဝဆီမွ ထြက္လာေသာဂ်ီမင္အသံေၾကာင့္ ထယ္ေယာင္းကိုယ္မွာဆတ္ခနဲ မသိမသာတုန္သြားရသည္။ထို႔ေၾကာင့္ကိုင္ထားေသာ ဓာတ္ပုံေဘာင္ကိုခ်ကာ အဝတ္အိတ္ကိုဇစ္ပိတ္၍ ဂ်ီမင္ကိုတိုက္ခ်ကာအခန္းထဲမွထြက္လာခဲ့သည္။
"လိုရင္းေျပာ"
ဧည့္ခန္းအေရာက္ ဆိုဖာထက္ထိုင္ခ်ရင္း ေျပာလိုက္လွ်င္ဂ်ီမင္ကေခါင္းၿငိမ့္ၿပဳံးျပကာ သူ႕လက္ဆြဲအိတ္ထဲမွ စာ႐ြက္တခ်ိဳ႕ကိုယူ၍ ထယ္ေယာင္းဆီကမ္းေပးလိုက္သည္။
"စာ႐ြက္ပါ အေၾကာင္းအရာေတြကို ေသခ်ာဖတ္ပါ တခ်ိဳ႕တေလကို ခြဲေဝလႉတန္းထားတာေတြလည္းရွိပါတယ္"
ထိုေကာင္ေလးက ေရွ႕ေနတဲ့လား။ သူ႕အသက္ေမြးဝမ္းေၾကာင္းအလုပ္မွာေတာ့ဆရာက်ပဳံရသည္။
"ေမးခ်င္တာရွိပါသလား ကင္ထယ္ေယာင္းရွီ"
"ဒီကရတဲ့ေငြေတြက ဘယ္ကို...."
ထယ္ေယာင္းက ခပ္ေတာင့္ေတာင့္ေလသံျဖင့္ သိလိုသည္မ်ားကိုသာေမး၍ အပိုစကားမဆိုသလို။ဂ်ီမင္သည္လည္း ေမးတာကိုသာေျဖ၍ ခပ္ဆိတ္ဆိတ္သာေနေလသည္။
"ဘယ္မွာလက္မွတ္ထိုးရမွာလဲ"
"ဒီမွာပါ"
လက္မွတ္ထိုးရမည့္ေနရာကို ဂ်ီမင္ လက္ညိုးျဖင့္ၫႊန္လာရင္းမွ ထိုလက္ေပၚရွိတစုံတခုကို သတိထားမိသည္။
"ေဒါက္ ေဒါက္"
သူတို႔စာ႐ြက္စာတမ္းကိစၥရွင္းေနတုန္း ဖြင့္ထားေသာတံခါးကိုေခါက္သံၾကား၍ လွည့္ၾကည့္မိၾကသည္။
"မားး"
ဂ်ီမင္က မ်က္လုံးမ်ားေမွးက်ဥ္းသည္အထိရယ္ျပေလသည္။
"လာပါ မစၥဂ်န္"
ထယ္ေယာင္းက ဆိုဖာနားလာထိုင္ရန္ဖိတ္လိုက္လွ်င္ မစၥဂ်န္ကလက္ကာျပေလသည္။
"မထိုင္ေတာ့ဘူး ဟိုဘက္အိမ္မွာခ်က္ျပဳတ္လ်က္စေတြရွိေသးတယ္...သား ထယ္ေယာင္းကို အန္တီက လာဖိတ္တာ"
"ဗ်ာ...ဘာအတြက္"
"ေအာ္...ညေန အိမ္မွာညစာ လာစားလို႔...လူေတြစုံတုန္းဝိုင္းဖြဲ႕စားရေအာင္လို႔ လာမယ္မလား"
သူဘာျပန္ေျပာရမွန္းမသိ။ေခါင္းမၿငိမ့္လွ်င္လဲ မစၥဂ်န္ကိုအားနာစရာေကာင္းသည္။ေခါင္းၿငိမ့္ျပန္ရင္လည္း မျမင္ခ်င္တဲ့မ်က္ႏွာကိုျမင္ရအုန္းမည္။ခက္၏..။
သူစဥ္းစားေနရင္းမွ ဘာျဖစ္ျဖစ္ျငင္းရန္သာဆုံးျဖတ္လိုက္ကာ ေခါင္းအေမာ့သူ႕အားစူးစမ္းေသာ မ်က္ဝန္းတစုံႏွင့္စုံသျဖင့္ အို႔တို႔အန္းတမ္းျဖစ္သြားရသည္။
"ကဲပါ လာခဲ့ အန္တီေမွ်ာ္ေနမယ္ ဟုတ္ၿပီလား"
*သြားၿပီ*
သူျငင္းခ်ိန္မရလိုက္ မစၥဂ်န္ကျပန္ထြက္သြားခဲ့ေလၿပီ။ထိုအခိုက္မ်က္ဝန္းေထာင့္၌ လစ္ခနဲရီကာတဖက္လွည့္သြားေသာ ဂ်ီမင္ကိုျမင္လိုက္ရသျဖင့္ စိတ္တိုလာရသည္။
"ျပန္ေတာ့"
သူခပ္တည္တည္ပဲ ေမာင္းထုတ္ကာ စာ႐ြတ္စာတမ္းမ်ားကို ယူ၍ေမေမ့အိပ္ခန္းထဲသို႔ဝင္ခ်လာလိုက္သည္။မၾကာပါ ဆိုဖာမွထသံ၊လမ္းေလွ်ာက္သံ တံခါးပိတ္သံမ်ားကို တရစပ္ၾကားလိုက္ရသည္။ဂ်ီမင္ျပန္သြားခဲ့ၿပီ။
"ဝုတ္"
သူထိုင္ေနေသာ အိပ္ယာနားေျပးလာကာ ခုန္တတ္လာေသာယြန္တန္ကိုၾကည့္၍ ေပြ႕ခ်ီလိုက္သည္။
"တူ တူ တူ"
ထိုခဏ ဖုန္းလာေနသျဖင့္ ယြန္တန္ကိုေပြ႕ထားလက္စျဖင့္ ဖြင့္ၾကည့္လိုက္လွ်င္ ဟိုေဆာ့ေဟ်ာင္းဆီကျဖစ္ေနသည္။
"ေဟ်ာင္း"
"ေအး မနက္ျဖန္ငါလိုက္လာခဲ့မယ္သိလား"
"မလာေတာ့နဲ႕ေဟ်ာင္း"
"ဟမ္!ဘာလို႔လဲ"
အေမြကိစၥနဲ႕ပတ္သတ္ၿပီး အကုန္ရွင္းၿပီးသြားေၾကာင္း မၾကာခင္ျပန္လာေတာ့မည္ျဖစ္ေၾကာင္း လာႀကိဳရန္မလိုေၾကာင္း ေျပာလိုက္သည္။
"ေအး ဒါဆိုေကာင္းၿပီ ျဖည္းျဖည္းျပန္ခဲ့"
"အင္း"
ထို႔ေနာက္ ထယ္ေယာင္းဖုန္းပိတ္၍ အိပ္ယာထက္လဲခ်ကာ မ်က္လုံးမ်ားစုံမွိတ္ထားလိုက္မိသည္။ သိပ္မၾကာခင္မွာပင္ အိမ္မက္လိုလိုတကယ္လိုလိုျဖစ္ေနေသာ ကမၻာတခုစီသို႔ တျဖည္းျဖည္း ေရာက္သြားေတာ့သည္။
🍀🍀🍀🍀🍀🍀🍀
"ခစ္...ခစ္...ခစ္"
"ဟားးးဟားးးဟားးး"
"ေယာင္းေရ ေဘာလုံးေဖ့ဆီကိုပစ္ေပး"
တဖက္ျခမ္းမွဖခင္လုပ္သူက ေဘာလုံးပစ္ေပးရန္ေျပာသျဖင့္ ထယ္ေယာင္းသူ႕လက္ထဲမွေဘာလုံးကို တခ်က္ၾကည့္ကာ ဖခင္ထံပစ္ေပးလိုက္သည္။
"ေဆာင္းေရ ေဘာလုံးေဖ့ဆီမွာကြ လာ လာယူေလ"
"ဟားးဟားးဟားး"
ဖခင္က ေဆာင္းကိုေခၚခါ ေဘာလုံးလုေၾကးကစားရင္း အိမ္ေရွ႕ျမက္ခင္းျပင္တြင္ေျပးလႊားေနသည္။ဖခင္ေနာက္တြင္ေတာ့8ႏွစ္အ႐ြယ္ကေလး တေယာက္ေျပးလိုက္ေနေလသည္။
ဖခင္လက္ထဲမွေဘာလုံးကို လုျခင္ေဇာျဖင့္ အတင္းေျပးလိုက္ေနေသာ ထိုကေလးမွာထယ္ေယာင္းမ်က္လုံးထဲတြင္ မပီမသ။သို႔ေသာ္ အတင္းေျပးလိုက္ေနသျဖင့္ ေခ်ာ္လဲမည္ကို သူစိုးရိမ္ေနမိသည္။
"ေဆာင္း ေျဖးေျဖးေျပးေလ"
လွမ္းသတိေပးေသာ သူ႕စကားကိုဖခင္ေရာေဆာင္းပါ ၾကားပုံမရ။ေျပးေဆာ့တိုင္းေဆာ့ေနလ်က္ရွိသည္။
ထိုသို႔သူၾကည့္ေနရင္းမွ ေျပးေဆာ့ေနေသာေဆာင္းသည္ တျဖည္းျဖည္းယိုင္နဲ႕လာကာ ေခြေခါက္လဲေတာ့မည့္ပုံရွိေလသည္။
"ေဆာင္း!"
သူအလန့္တၾကားျဖစ္ကာ လဲက်ေတာ့မည့္ေဆာင္းဆီသို႔ မိုင္ကုန္ေျပးသြားလိုက္သည္။သို႔ေသာ္ သိပ္မေဝးေသာ အကြာအေဝးပင္ျဖစ္ေပမဲ့ သူေဆာင္းဆီေရာက္ရန္အလြန္ၾကန့္ၾကာေနသည္။မ်က္လုံးေရွ႕တြင္ေဆာင္းလဲက်သြားေပမဲ့ ေဆာင္းဆီေရာက္ဖို႔ရန္ သူအားစိုက္ေနရကာ လူကတကိုယ္လုံးေခြၽးေစးမ်ားပင္ျပန္လာရသည္။
"ထယ္ေဆာင္းရ!"
ၾကည့္ေနရင္းမွ လဲက်ေနေသာထယ္ေဆာင္းေအာက္ဖက္မွ ရဲခနဲျဖစ္လာေသာ ေသြးကြက္ႀကီးကိုၾကည့္ကာ ထယ္ေယာင္းေျခဖ်ားလက္ဖ်ားမ်ားေအးစက္လာရသည္။
"မျဖစ္ဘူး!ထယ္ေဆာင္းရ မျဖစ္ရဘူး"
မ်ားျပားလာေသာေသြးကြက္ႀကီးကိုၾကည့္ကာ ထယ္ေဆာင္းဆီေရာက္ရန္ သူအားကုန္စိုက္ကာေျပးလိုက္လွ်င္ ထယ္ေဆာင္း၏မလွမ္းမကမ္းဆီသို႔ေရာက္သြားသည္။
"ညီေလး!"
အနားေရာက္လွ်င္ ဖခင္ျဖစ္သူကထယ္ေဆာင္းခႏၶာကိုယ္ကိုေပြ႕ဖက္ထားကာ မ်က္ရည္လည္႐ြဲျဖင့္သူ႕အား လွည့္ၾကည့္ေနေလသည္။
"ေဖေဖ"
"သား"
ထယ္ေဆာင္းကိုေပြ႕ဖက္ထားေသာ ေဖေဖသည္ သူ႕အားေခၚၿပီးေနာက္ ေဖေဖ့ခႏၶာကိုယ္ႀကီးက တျဖည္းျဖည္းတုန္ခါလာေလသည္။
"အားးးး"
ဖခင္၏အသံနက္ႀကီးက သူ႕အားၾကက္သီးတျဖန္းျဖန္းထေစကာ သူ႕ရင္ဘက္ထဲတြင္လဲလွိုင္းတံပိုးထန္လာ၍ မ်က္ရည္မိုးတို႔စို႐ႊဲစြာယိုၾကလာရသည္။
"ထယ္ေဆာင္းးးရ"
သူခုမွထယ္ေဆာင္းကို ထိေတြ႕ရန္သတိရသျဖင့္ ေဆာင္းအနီးသို႔တိုးကပ္ေျပးသြားမိသည္။သိူ႕ေသာ္ သူ႕စိတ္ကသာေျပးလႊားေနကာ လူကေနရာမွာပင္ရပ္ၿမဲတိုင္းရပ္၍ လက္ႏွစ္ဖက္လုံးဆြဲခ်ဴပ္ခံထားရသည္။
"လႊတ္စမ္း!ထယ္ေဆာင္းဆီသြားမလို႔"
"မသြားပါနဲ႕ မသြားပါနဲ႕သားရယ္ ဟင့္!"
သူ႐ုန္းကန္ေနရင္းမွ ေဘးဖက္ဆီမွမိခင္ျဖစ္သူ၏အသံကိုၾကား၍ လွည့္ၾကည့္မိလွ်င္မို႔အစ္ေနေသာမ်က္ႏွာႏွင့္ ဖရိုဖရဲျဖစ္ေနေသာ အနက္ေရာင္အဝတ္အစားက သူ႕စိတ္အားအႏွောက္အယွက္ေပးေနသည္။
"ေမေမ! ေမေမ ဘာလို႔ဒါႀကီးဝတ္ထားတာလဲ ဟင့္အင္း မဟုတ္ဘူးမလား"
ထိုခ်ိန္သူ႕ပတ္ဝန္းက်င္တခုလုံး အနက္ေရာင္ေျပာင္းကာ တေနရာဆီမွ မီးေတာက္ႀကီးကိုျမင္လိုက္ရသည္။
*သူတို႔ ညီေလးကိုမီးရိူ႕လိုက္ၾကၿပီ။ညီေလးကို သူမေတြ႕ရေသးဘူးေလ။ သူႏူတ္လဲမဆက္ရေသးဘူး။ ဘာလို႔လဲ ဘာလို႔လဲ ဟင့္!႐ႊတ္!*
မီးေတာက္ႀကီးကိုၾကည့္ကာ ေနရာမွာပင္ထိုင္ခ်၍ သူလူးလိမ့္ကာငိုမိသည္။ထိုအခ်ိန္မွာပင္...
"မငိုပါနဲ႕ ဟင့္!"
သူ႕ဝမ္းနည္းစြာငိုေႂကြးေနသည္ေဘးမွ ညင္သာေပ်ာ့ေျပာင္းေသာေလသံေလးျဖင့္ သူ႕အားေခ်ာ့ေမာ့ေနသူအား ေမာ့ၾကည့္မိသည္။
"ဂ်ီမင္းရ"
"အင္း ငါရွိတယ္ေလ"
"ညီေလးမရွိေတာ့ဘူး"
"မငိုပါနဲ႕ ငါဝမ္းနည္းလို႔"
ဂ်ီမင္ကသူ႕လက္ႏူးႏူးညံ့ညံ့မ်ားျဖင့္ သူ႕မ်က္ႏွာကိုထိေတြ႕ကာ မ်က္ရည္မ်ားသုတ္ေပးေလသည္။
"မငိုပါနဲ႕ ေတာင္းပန္ပါတယ္"
သူငိုေနတာကိုၾကည့္၍ လိုက္ငိုေနေသာဂ်ီမင္ေၾကာင့္ သူမ်က္ႏွာလႊဲလိုက္မိသည္။
"ထြက္သြား"
"ဟင့္!"
"မငိုပဲနဲ႕ ငါ့ဆီကထြက္သြား"
သူလဲေနရာမွထကာ ဂ်ီမင္ကိုေမာင္းထုတ္မိသည္။ဂ်ီမင္မွာ မ်က္ႏွာသူငယ္ျဖင့္ တ႐ူံ႕႐ူံ႕ငိုကာရပ္ၿမဲတိုင္းရပ္ေနေလသည္။
"ခ်စ္တယ္ ထယ္ေယာင္းရ ငါမင္းကိုမင္းခ်စ္တယ္"
မၾကားခ်င္။ထိုစကားၾကားလွ်င့္ သူ႕ခံစားခ်က္မ်ားက႐ူပ္ေထြးသြားရကာ မြန္းက်ပ္ပိတ္ေလွာင္လာသည္။
"ငါေျပာေနတယ္ေလ ထြက္သြားစမ္း!"
သူေလသံမာကာ ငိုေနေသာဂ်ီမင္ကို ေမာင္းထုတ္ပစ္သည္။သူ႕ရင္ထဲစစ္ခနဲျဖစ္သြားရသည္။ဘာေၾကာင့္မွန္းသူမသိ။
"မသြားဘူး မသြားခ်င္ဘူး"
ဂ်ီမင္ကသူ႕စကားကို ကလန္ကဆန္ျပဳကာ သူအားအတင္းကာေရာေပြ႕ဖက္လာသည္။ဂ်ီမင္ေပြ႕ဖက္လာသည္ႏွင့္အမွ်သူမြန္းက်ပ္လာကာ အသက္႐ူမရျဖစ္လာသည္။
"ဖယ္စမ္း!လႊတ္! ဟာကြာ ေတာက္!"
"ဝုန္း!!"
အတင္းဆြဲဖက္ထားေသာ ဂ်ီမင္၏လက္ႏွစ္ဖက္ကို အားကုန္သုံးကာဆြဲျဖဳတ္၍ ေဝးရာသို႔တြန္းထုတ္ပစ္လိုက္သည္။ထိုခဏ လဲက်ေနေသာဂ်ီမင္က လူးလဲထကာသူ႕အားအမည္ေဖာ္မရေသာ အၾကည့္စူးစူးျဖင့္တခ်က္ၾကည့္က၍ ခ်ာခနဲလွည့္သြားေတာ့သည္။
နာသည္။ရင္ဘက္ထဲတြင္ေအာင့္၍နာသည္။ငိူခ်င္သည္။ဗလာက်င္းသြားေသာ သူ႕ပတ္ဝန္းက်င္တြင္သူတေယာက္ထဲသာရွိ၍ အထီးက်န္ကာေၾကာက္႐ြံ႕မိသည္။
"ေတာင္းပန္ပါတယ္ ဂ်ီမင္ရ...ငါ့ကို ပစ္မသြားပါနဲ႕ ေတာင္းပန္ပါတယ္ အဟင့္!အဟင့္!"
ဝမ္းနည္းလြန္း၍ သူငိုေႂကြးေနသည္မွာ ရင္ဘတ္ထဲေကာလူပါႏူန္းခ်ိလာရသည္။သူေမာေနၿပီ။ဆက္မငိုနိုင္ေတာ့ဘူး။အရာအားလုံးကိုၿပီးဆုံးသြားေစခ်င္ၿပီ။တကယ္ၿပီးဆုံးေစခ်င္ၿပီ။
++++++++++
ဖတ္ရတာအဆင္ေျပၾကရဲ႕လား...။
April 14,2023
🍀🍀🍀🍀🍀🍀🍀