"ကိုကိုး ဘာလို့....ဘာလို့ ကိုကိုးအိမ်လဲ"
ညစာသွားစားမယ်ဆိုလို့လိုက်လာမိတဲ့ရိပေါ်တစ်ယောက်ဟာ ရှေ့ကစံအိမ်ကြီးမြင်တော့ လက်တုန်ခြေတုန်ဖြစ်လာတယ်.....၊ ပြသာနာတွေရှင်းသွားပြီးနောက်ပိုင်း မေမေကြီးနဲ့သူမတွေ့ဖြစ်သေးသလို ပိုက်ဆံစုနေသေးတဲ့ရိပေါ်ကလည်း ကိုကိုးဘယ်လိုပင်ဖြေရှင်းပေးပေး ယုံကြည်လို့အပ်နှံထားတဲ့ပိုက်ဆံတွေ ပျောက်သွားရတာဟာ သူနမော်နမဲ့နိုင်လို့ဖြစ်ရတာလို့တွေးမိတာမို့ မဖြစ်မနေပြန်ပေးရမှာဟု ဆုံးဖြတ်ထားသည်....၊ သို့ပေမဲ့ ဖန်ရှင်းနဲ့ချီချီတို့ချေးပေးထားတဲ့ဟာကိုလတ်တလောအရင်ဆပ်ပေးရအုံးမည်မို့ မေမေကြီးကို စိတ်ထဲမှသာတောင်းပန်နေမိတယ်....
"အိမ်တော်ထိန်းကို ညစာစားဖို့အားလုံးပြောထားပြီးပြီဝမ်လေး"
"ဒါပေမဲ့..."
"ကိုကိုးကိုယုံတယ်မလား"
"..."
ခေါင်းငြိမ်လက်ခံမိပေမဲ့ စိတ်ထဲစိုးရိမ်စိတ်ကတော့အပြည့်.....
အိမ်ထဲဝင်တာနဲ့ ကိုကိုးကရိပေါ်ရဲ့လက်ကိုမလွှတ်တမ်းကိုင်ထားပေးတယ်...ထမင်းစားခန်းနားရောက်တော့...
"ပြင်ထားတာများလှချည်လား"
"ဟုတ် အဲဒါ....အစ်ကိုလေးကဧည့်သည်ပါလာမယ်ဆိုလို့ပါ"
"ဧည့်သည်?"
"ဧည့်သည်ဆိုပေမဲ့ သူစိမ်းမဟုတ်ပါဘူးမား"
ထမင်းစားခန်းမှာ အိမ်တော်ထိန်းနဲ့မေမေကြီးပြောနေတုန်း ရိပေါ်လက်ကိုဆွဲပြီးဝင်လာတဲ့ရှောင်းကျန့်ကြောင့် မေမေကြီးမျက်နှာပျက်သွားတယ်....
"ပါပါးရော အိမ်တော်ထိန်းအဆင်သင့်ဖြစ်ပြီဆို ပါပါးကိုခေါ်တော့လေ"
"ဟုတ် ဟုတ်ကဲ့အစ်ကိုလေး"
ရှောင်းကျန့်က ခုံကိုဆွဲကာ ရိပေါ်ကိုနေရာပေးတယ် ရိပေါ်ထိုင်ပြီးမှ ဘေးကနေဝင်ထိုင်လိုက်သည်....
"မာမားထိုင်လေ ထမင်းစားချိန်ရောက်နေပြီမလား ကျွန်တော်အချိန်ကိုက်ဖြစ်အောင်လာခဲ့တာ"
မျက်နှာထားတည်တည်နဲ့မေမေကြီးကြောင့် ရိပေါ်မှာ အသက်ပင်ဝဝမရှူရဲ့ပဲ ခေါင်းကိုသာငုံ့ထားမိသည်....
ခဏနေတော့ ပါပါးဆင်းလာပြီမို့ လူကြီးတွေကိုအရင်ဦးချပြီးနောက် ရိပေါ်ပန်းကန်ထဲသို့ ဟင်းတွေစထည့်ပေးလေတော့သည်...
"ဒါကဘာသဘောလဲကျန့်ကျန့်"
"အာ...ဟုတ်ကဲ့ မာမား ပါပါး ကျွန်တော့်ကိုဝမ်လေးကအဖြေပြန်ပေးလိုက်ပြီ တရားဝင်ချစ်သူတွေဖြစ်သွားပြီမို့ မာမားတို့ရှေ့ခေါ်လာတာပါ"
"ကျန့်ကျန့်! မင်း!"
မေမေကြီးရဲ့ဒေါသသံကြောင့် ရိပေါ်တုန်ခနဲဖြစ်သွားသလို ဥက္ကဌကြီးမှလည်း...
"ကဲ ထမင်းစားနေကြတယ်လေ ဒီသားအမိတွေ....ပြီးတော့ ကျန့်ကျန့် အခုလိုခေါ်လာမယ်ဆိုလဲ လူကြီးတွေကိုကြိုတင်အသိပေးထားသင့်တယ် ပါပါးတို့ကပြသာနာမဟုတ်ပေမဲ့ ဒီကလေး အနေရခက်မှာပေါ့"
"ဟုတ် ကျွန်တော်က ပါပါးတို့ကိုအသိပေးချင်စိတ်စောသွားပေမဲ့ အသိမပေးလို့လဲမရတဲ့အခြေအနေမို့ပါ မာမား ဝမ်လေးကအလုပ်မှာဘာအပြစ်မှမရှိတာသိပြီးပြီနော်"
"ငါသိတယ် အဲတော့ အလုပ်ပြန်ဝင်ချင်လို့လား"
မေမေကြီးစကားကြောင့် ရိပေါ်စားလက်စနှင့်ပင် ခေါင်းတခါခါဖြစ်ရသည်....
"မဟုတ်ပါဘူး အဲဆိုင်မှာလဲဝမ်လေးကိုမလုပ်ခိုင်းတော့ဘူး အခုကစပြီး ကျွန်တော့အနီးဆုံးမှာထားတော့မှာ"
အဟွတ် အဟွတ် ဟွတ်!
*ကိုကိုးရယ် လူကြီးရှေ့ကိုစိတ်ညစ်လာပြီ
ရေသောက်လက်စနဲ့ရိပေါ်က ရှောင်းကျန့်ကိုကြည့်မိတယ်....
ရိပေါ်ကြည့်နေတာသိပေမဲ့ ရှောင်းကျန့်ကလက်လျှော့မဲ့ပုံမပေါ်ဘူး ဒီညတော့ ဒီအသားအမိကြားမှာ သူကဓားစာခံပါပဲ....
"မင်းတို့နှစ်ယောက်ကို ငါသဘောတူတယ်လို့မပြောရသေးဘူးနော် ကျန့်ကျန့် ကောင်လေးရဲ့နောက်ခံကိုလည်းမင်းသိပါတယ် ဖြစ်နိုင်လား မဖြစ်နိုင်လားစဉ်းစားပေါ့ တနေ့မှာစည်းစိမ်တွေကုန်သွားမှ မှားပါတယ်မလုပ်နဲ့"
"ဟက်! နောက်ခံမကောင်းတော့လည်းဘာဖြစ်လည်းမာမားရဲ့ ကျွန်တော့ရဲ့မြတ်နိုးရာက ဝမ်လေးပဲလေ မာမားသိပါတယ် ကျွန်တော်က ဘယ်အရာကိုမှပေါ့ပေါ့တန်တန်သဘောမထားဘူးဆိုတာ...စည်းစိမ်ဟုတ်လား မဖြစ်နိုင်ပါဘူးဆိုပြီး ရှယ်ယာရှင်လူကြီးတွေအော်နေကြတဲ့ project တွေကို အောင်မြင်အောင်လုပ်နိုင်ခဲ့တာဘယ်သူလဲ.....ဝမ်လေးရဲ့နောက်ခံမိသားစုကိုစိတ်မပူပါနဲ့ ဝမ်လေးရဲ့အမေနဲ့အစ်ကိုက ဝါသနာအရဆော့နေကြတာ လုပ်ငန်းခွင်ထဲထည့်ပေးလိုက်ရင် လက်ကြောတင်းအောင်လုပ်မဲ့သူတွေပါမား"
"ဟင်း...သူ့ဇာတ်နဲ့သူတော့ဟုတ်နေတာပဲ"
"သား ကျန့်ကျန့် ဒီကလေးရဲ့အိမ်ကရောသိပြီးပြီလား ပြောရရင် သားတို့နှစ်ယောက်ကယျောင်္ကျားလေးတွေ"
"သူ့မိဘတွေအတွက်စိတ်မပူပါနဲ့ ကျွန်တော်ကိုင်တွယ်နိုင်ပါတယ် အဓိကက ပါပါးနဲ့မာမားတို့ရဲ့ခွင့်ပြုချက်ပဲ"
ရှောင်းကျန့်စကားကြောင့် မေမေကြီးကစားနေရာမှထထွက်သွားသည်....ဥက္ကဌကြီးကတော့ ထွက်သွားတဲ့မိန်းမကိုကြည့်ကာ သက်ပြင်းချရင်း....
"ပါပါးကတော့ သားဆန္ဒပါပဲ သားကိုယုံတယ်"
"ဟုတ် ကျေးဇူးတင်ပါတယ်ပါပါး မာမားခွင့်ပြုအောင်လည်း ကျွန်တော်တို့ကြိုးစားမှာပါ"
"အေးအေးကောင်းတယ် ကောင်လေး ဘာမှစိုးရိမ်မနေနဲ့ သက်တောင်သက်သာနေ ဟုတ်ပြီလား"
"ဟုတ် ဟုတ်ကဲ့ပါဥက္ကဌကြီး"
ဥက္ကဌကြီးမှလည်း ပြောဆိုပြီးတာနဲ့ထွက်သွားပြန်တော့ ထမင်းစားခန်းထဲ ရှောင်းကျန့်နဲ့ရိပေါ်သာကျန်ခဲ့တော့သည်...
"စားကောင်းရဲ့လား ဝမ်လေးကြိုက်တတ်တာတွေပဲချက်ခိုင်းထားတာ"
"ကိုကိုးကလဲ ဘာမှကိုမတိုင်ပင်ပဲဇွတ်လုပ်နေတော့တာ ကျွန်တော့မှာသေတော့မလို့"
"ဒီလိုမှမဟုတ်ရင် ကိုယ်တို့နောက်ကွယ်မှာမာမားတို့လွှတ်ထားတဲ့လူတွေကြောင့် ကိုယ်တို့ဖွင့်မပြောခင်အရင်သိသွားကြမှာပေါ့ အဲကျရင်မလိုလားအပ်တာတွေဖြစ်လာနိုင်သလို ကိုယ်မသိလိုက်ခင် ဝမ်လေးကိုအန္တာရယ်ပေးကြမှာ ကိုယ်ကြောက်တယ်....အခုလိုကိုယ့်ဘက်ကအရင်ဖွင့်ပြောလိုက်တော့ မာမားတို့ဘာမှမတတ်နိုင်တော့ဘူးလေ"
"ဒါပေမဲ့လည်း ကိုကိုးရယ်...သဘောမတူတာကမတူတာပဲဟာ....ဒီတိုင်း...ဘယ်သူမှမသိ ဘယ်သူမှလက်မခံလည်း ကိုကိုးကို ကျွန်တော်ချစ်နေနိုင်ပါတယ်"
"ကိုကိုးမင်းကို လူမသိသူမသိတွဲဖို့စိတ်ကူးကိုမရှိဘူးဝမ်လေး....ဘာတွေပဲဖြစ်လာဖြစ်လာ ကိုကိုးလက်တွဲဖော်ဟာဝမ်လေးပဲဖြစ်ရမယ်.....မင်းလဲကိုကိုးကိုထားသွားဖို့ဘယ်တော့မှမစဉ်းစားနဲ့"
ရှောင်းကျန့်လေသံအနည်းငယ်မာသွားတာကြောင့် ရိပေါ်ခေါင်းငုံ့သွားသည်....သေချာတာကတော့ မျက်ရည်ဝဲနေပြီ၊
"ဆောရီး ကိုကိုးမင်းကိုအော်တာမဟုတ်ဘူး ထမင်းထပ်ယူအုံးမလား"
"တော်ပြီ"
"ဒါဆို ကိုယ့်အခန်းသွားရအောင်"
အခန်းထဲရောက်တာနဲ့ ရိပေါ်ကိုကုတင်ပေါ်တွန်းချလိုက်ကာ အပေါ်ကအုပ်မိုးလာတဲ့ကိုကိုးကြောင့်....
"ကို ကို ကိုး....."
"ကိုယ်မင်းကိုပိုင်ဆိုင်ချင်လွန်းလို့ ရူးတော့မှာပဲ"
ရီဝေဝေအကြည့်တွေကြားမှာ ရိပေါ်ကိုယ်တိုင်လဲအကြည့်မလွဲဖြစ်.....
"ဘဝမှာ ဒီဖြူလုံးလေးကိုချစ်မိသွားမယ်လို့မထင်ခဲ့ဘူးကွာ....မင်းကြောင့် ကိုယ့်မာမားရဲ့ထိန်းချုပ်မှုတွေကထွက်ဖြစ်ခဲ့တယ် မင်းကြောင့် ကိုယ့်အနာဂတ်အတွက်အစီအစဉ်တွေဆွဲရတယ် မင်းကြောင့်စိုးရိမ်စိတ်တွေ ပူပန်မှုတွေများလာတတ်တယ် ကိုယ်ဘယ်လိုလုပ်ရမလဲဟင်"
"........ ကိုကိုး.....ကျွန်တော့အိမ်ကလည်း သဘောမတူရင်ဘယ်လိုလုပ်မလဲဟင်"
"အဓိကမင်းပါပါးပါ...ကိုယ်သူခွင့်ပြုချက်ရအောင်တောင်းမှာမို့ စိတ်မပူနဲ့ အမြဲတမ်း မိသားစုအတွက်ပင်ပန်းလာရတဲ့မင်း တခါတလေကိုယ့်အတွက်ကိုတွေးကြည့်စမ်းပါလား....မင်းမာမားနဲ့အစ်ကိုကိုလည်း ကိုယ်စကားပြောကြည့်မယ် အချိုးမပြေရင် တစ်ခုခုတော့လုပ်ရမှာပဲ"
"မာမားတို့ကိုဘာမှမလုပ်ပါနဲ့ သူတို့ကတခါတလေကျွန်တော့ကိုဂရုစိုက်ပါတယ်"
"လစာထုတ်ရက်မှဂရုစိုက်တာလား....."
"အဲလိုလည်းမဟုတ်ပါဘူး"
နှုတ်ခမ်းစူကာတဖက်လှည့်သွားတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ကပြုံးလိုက်ရင်း မေးလေးကိုဆွဲလို့အကြည့်ချင်းပြန်ဆုံစေတယ်....
"ကိုယ်ကစတာပါ ဝမ်လေးမိသားစုကကိုယ့်မိသားစုပဲလေ သူတို့လမ်းမှားနေတာရှိရင် ကိုယ်ကပြင်ပေးမှာပေါ့ စိတ်ချထား"
"အွန်း ကိုကိုးကကျွန်တော့အားကိုးရာကြီး"
ရှောင်းကျန့်ရဲ့ဂုတ်ကိုသိုင်းဖက်ကာပြောလာသောရိပေါ်ကြောင့် ဘာစကားမှထပ်မဆက်မိတော့ပဲ အပြုံးတွေနဲ့သာကြည့်နေမိတော့သည်.....
တစ်ယောက်ရင်ခုန်သံတစ်ယောက်ကြားနေရင်း နီးကပ်သွားတဲ့မျက်နှာပြင်ဟာ နှုတ်ခမ်းချင်းထပ်တူကျမှုဖြစ်လာတယ်.....
ငြှင်သာစွာနမ်းနေတဲ့အနမ်းတွေကြားမှာ လွတ်ထွက်သွားမှာစိုးသည့်အလား သိုင်းဖက်ထားတဲ့လက်တွေပိုတင်းကြပ်လာတာကြောင့် ရှောင်းကျန့်ရဲ့ရမက်တွေဟာ ပိုမိုးနှိုးကြွလာသလို......
လျှာဖျားလေးကတဆင့်တိုးဝင်မိတော့ အလိုက်သင့်လေးနေပေးတယ်....အာခံတွင်းမှာကျင်လည်စွာကစားနေပေးရင်း လက်တွေက မြတ်နိုးရသူရဲ့ခန္ဓာကိုယ်ကိုပွတ်သပ်နေမိတော့တာ.....
အသက်ရှူသံတွေပြင်းလာလေ ပိုပြီးလွတ်မထွက်သွားအောင်နမ်းလာလေ......
ကိုယ်တွင်းဝင်လာတဲ့လက်တွေကလည်း ပွတ်သပ်နေရင်းမှ ရင်ဘက်ပေါ်က အထိမခံသောနေရာလေးကိုရောက်သွားတဲ့အခါ...
အင်း.......
နှုတ်ခမ်းကနေ လည်တိုင်ဆီသို့နေရာပြောင်းလိုက်တော့ ကြွတက်လာတဲ့ခန္ဓာကိုယ်လေး......
လျှာဖျားလေးတွေတတိတိနဲ့လည်တိုင်တလျှောက်ဆော့ကစားနေသလို တချက်ချက်နားအနောက်နားဆီရောက်သွားတော့....
ငြီးသံလေးတွေတစစထွက်လာတော့တယ်.....
"ကိုကိုး......"
"အင်း ကိုယ်သိတယ်....ကိုကိုးမင်းကိုပိုင်ဆိုင်ချင်ပေမဲ့ တန်ဖိုးထားတာကပိုတယ်"
မျက်ရည်အဝဲသားနဲ့ဝမ်လေးက ရှောင်းကျန့်ကိုတင်းကြပ်နေအောင်ဖက်ထားပါတော့တယ်.......
အနမ်းတွေကြားမောသွားတဲ့ရိပေါ်ဟာ ရှောင်းကျန့်ရဲ့အိပ်ယာပေါ်မှာပဲ အပူပင်ကင်းကင်းနဲ့အိပ်ပျော်သွားသည်.....
"ကိုယ့်မထိရက်မကိုင်ရက်လေး....အရမ်းချစ်တယ်"
အိပ်ပျော်နေသူကို နဖူးထက်အနမ်းတပွင့်ခြွေကာ ဝရံတာမှာဆေးလိပ်ထွက်သောက်ချိန် မြည်လာတဲ့ဖုန်းသံကြောင့် နားထောင်လိုက်သည်.....
📲 ဘော့စ် xxxက စက်ရုံမီးလောင်လို့
📲 ဟက််! သူတို့ဘက်ကစလာပြီပေါ့ အိုကေလေ ဒါဆိုလည်း ပြောထားတဲ့အတိုင်းဆက်လုပ်ပါယွီပင်း
ဖုန်းချပြီးနောက် ဆေးလိပ်ကိုခဲရင်း ရှေ့မှမြင်ကွင်းကိုကြည့်ကာ တွေးတောနေမိတာ....
ယွင်ဥက္ကဌနဲ့ကောင်းမုဟာ ယွင်အာနဲ့စေ့စပ်ပွဲဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း ရှောင်းကျန့်ကိုနောက်ကွယ်ကနေအမျိုးမျိုးတိုက်ခိုက်လာတာ....
ယွင်ဥက္ကဌရဲ့ခြေလှမ်းက X Group ဆို ကောင်းမုရဲ့ခြေလှမ်းကရိပေါ်ပင်....
ရိပေါ်ကသာဘာမှမသိတာ ရှောင်းကျန့်လွှတ်ထားတဲ့လူတွေကြောင့် ရိပေါ်ကိုဖမ်းခေါ်မဲ့ကောင်းမုရဲ့အစီအစဉ်တွေဟာပျက်ပျက်သွားမြဲ....
တရားဝင်လုပ်ငန်းတွေကသာအရှုံးပေါ်နေတာ ဒုစရိုက်လုပ်ငန်းတွေကတော့အောင်မြင်နေတဲ့ ယွင်မိသားစုနောက်ကို လိုက်ရတာ ရှောင်းကျန့်အနေနဲ့အတော်လေးခက်ခဲရပါတယ်....
ကောင်းမုဟာခြေလှမ်းသွက်တယ်ဆိုရမယ်...ရိပေါ်သတိမထားမိခင် ရှောင်းကျန့်အလုပ်ကိစ္စနဲ့ခရီးသွားချိန်မှာ ရိပေါ်ရဲ့အမေနဲ့အကိုကို တော်တော်လေးချဉ်းကပ်ထားပုံရတယ်....
လောင်းကစားနယ်ပယ်ချင်းတူသူမို့ ကောင်းမုကိုဆို ရိပေါ်အမေတို့က သဘောအကျကြီးကျနေတာကိုသတင်းရမိသည်.....
ရိပေါ်ရှေ့ပေါ်တင်ရောက်မလာသေးပေမဲ့ ကောင်းမုအနေနဲ့တစ်နေ့တော့လူလုံးထွက်ပြလာမှာပဲ....ထိုအချိန်ကျရင် ဝမ်လေးဟာ အမေနဲ့အစ်ကို့ရဲ့အမိန့်တွေလွန်ဆန်နိုင်ပါ့လား......။
>>>
———————————————————————————
Zawgyi
"ကိုကိုး ဘာလို႔....ဘာလို႔ ကိုကိုးအိမ္လဲ"
ညစာသြားစားမယ္ဆိုလို႔လိုက္လာမိတဲ့ရိေပၚတစ္ေယာက္ဟာ ေရွ႕ကစံအိမ္ႀကီးျမင္ေတာ့ လက္တုန္ေျခတုန္ျဖစ္လာတယ္.....၊ ျပသာနာေတြရွင္းသြားၿပီးေနာက္ပိုင္း ေမေမႀကီးနဲ႔သူမေတြ႕ျဖစ္ေသးသလို ပိုက္ဆံစုေနေသးတဲ့ရိေပၚကလည္း ကိုကိုးဘယ္လိုပင္ေျဖရွင္းေပးေပး ယုံၾကည္လို႔အပ္ႏွံထားတဲ့ပိုက္ဆံေတြ ေပ်ာက္သြားရတာဟာ သူနေမာ္နမဲ့ႏိုင္လို႔ျဖစ္ရတာလို႔ေတြးမိတာမို႔ မျဖစ္မေနျပန္ေပးရမွာဟု ဆုံးျဖတ္ထားသည္....၊ သို႔ေပမဲ့ ဖန္ရွင္းနဲ႔ခ်ီခ်ီတို႔ေခ်းေပးထားတဲ့ဟာကိုလတ္တေလာအရင္ဆပ္ေပးရအုံးမည္မို႔ ေမေမႀကီးကို စိတ္ထဲမွသာေတာင္းပန္ေနမိတယ္....
"အိမ္ေတာ္ထိန္းကို ညစာစားဖို႔အားလုံးေျပာထားၿပီးၿပီဝမ္ေလး"
"ဒါေပမဲ့..."
"ကိုကိုးကိုယုံတယ္မလား"
"..."
ေခါင္းၿငိမ္လက္ခံမိေပမဲ့ စိတ္ထဲစိုးရိမ္စိတ္ကေတာ့အျပည့္.....
အိမ္ထဲဝင္တာနဲ႔ ကိုကိုးကရိေပၚရဲ႕လက္ကိုမလႊတ္တမ္းကိုင္ထားေပးတယ္...ထမင္းစားခန္းနားေရာက္ေတာ့...
"ျပင္ထားတာမ်ားလွခ်ည္လား"
"ဟုတ္ အဲဒါ....အစ္ကိုေလးကဧည့္သည္ပါလာမယ္ဆိုလို႔ပါ"
"ဧည့္သည္?"
"ဧည့္သည္ဆိုေပမဲ့ သူစိမ္းမဟုတ္ပါဘူးမား"
ထမင္းစားခန္းမွာ အိမ္ေတာ္ထိန္းနဲ႔ေမေမႀကီးေျပာေနတုန္း ရိေပၚလက္ကိုဆြဲၿပီးဝင္လာတဲ့ေရွာင္းက်န္႔ေၾကာင့္ ေမေမႀကီးမ်က္ႏွာပ်က္သြားတယ္....
"ပါပါးေရာ အိမ္ေတာ္ထိန္းအဆင္သင့္ျဖစ္ၿပီဆို ပါပါးကိုေခၚေတာ့ေလ"
"ဟုတ္ ဟုတ္ကဲ့အစ္ကိုေလး"
ေရွာင္းက်န္႔က ခုံကိုဆြဲကာ ရိေပၚကိုေနရာေပးတယ္ ရိေပၚထိုင္ၿပီးမွ ေဘးကေနဝင္ထိုင္လိုက္သည္....
"မာမားထိုင္ေလ ထမင္းစားခ်ိန္ေရာက္ေနၿပီမလား ကြၽန္ေတာ္အခ်ိန္ကိုက္ျဖစ္ေအာင္လာခဲ့တာ"
မ်က္ႏွာထားတည္တည္နဲ႔ေမေမႀကီးေၾကာင့္ ရိေပၚမွာ အသက္ပင္ဝဝမရႉရဲ႕ပဲ ေခါင္းကိုသာငုံ႔ထားမိသည္....
ခဏေနေတာ့ ပါပါးဆင္းလာၿပီမို႔ လူႀကီးေတြကိုအရင္ဦးခ်ၿပီးေနာက္ ရိေပၚပန္းကန္ထဲသို႔ ဟင္းေတြစထည့္ေပးေလေတာ့သည္...
"ဒါကဘာသေဘာလဲက်န္႔က်န္႔"
"အာ...ဟုတ္ကဲ့ မာမား ပါပါး ကြၽန္ေတာ့္ကိုဝမ္ေလးကအေျဖျပန္ေပးလိုက္ၿပီ တရားဝင္ခ်စ္သူေတြျဖစ္သြားၿပီမို႔ မာမားတို႔ေရွ႕ေခၚလာတာပါ"
"က်န္႔က်န္႔! မင္း!"
ေမေမႀကီးရဲ႕ေဒါသသံေၾကာင့္ ရိေပၚတုန္ခနဲျဖစ္သြားသလို ဥကၠဌႀကီးမွလည္း...
"ကဲ ထမင္းစားေနၾကတယ္ေလ ဒီသားအမိေတြ....ၿပီးေတာ့ က်န္႔က်န္႔ အခုလိုေခၚလာမယ္ဆိုလဲ လူႀကီးေတြကိုႀကိဳတင္အသိေပးထားသင့္တယ္ ပါပါးတို႔ကျပသာနာမဟုတ္ေပမဲ့ ဒီကေလး အေနရခက္မွာေပါ့"
"ဟုတ္ ကြၽန္ေတာ္က ပါပါးတို႔ကိုအသိေပးခ်င္စိတ္ေစာသြားေပမဲ့ အသိမေပးလို႔လဲမရတဲ့အေျခအေနမို႔ပါ မာမား ဝမ္ေလးကအလုပ္မွာဘာအျပစ္မွမရွိတာသိၿပီးၿပီေနာ္"
"ငါသိတယ္ အဲေတာ့ အလုပ္ျပန္ဝင္ခ်င္လို႔လား"
ေမေမႀကီးစကားေၾကာင့္ ရိေပၚစားလက္စႏွင့္ပင္ ေခါင္းတခါခါျဖစ္ရသည္....
"မဟုတ္ပါဘူး အဲဆိုင္မွာလဲဝမ္ေလးကိုမလုပ္ခိုင္းေတာ့ဘူး အခုကစၿပီး ကြၽန္ေတာ့အနီးဆုံးမွာထားေတာ့မွာ"
အဟြတ္ အဟြတ္ ဟြတ္!
*ကိုကိုးရယ္ လူႀကီးေရွ႕ကိုစိတ္ညစ္လာၿပီ
ေရေသာက္လက္စနဲ႔ရိေပၚက ေရွာင္းက်န္႔ကိုၾကည့္မိတယ္....
ရိေပၚၾကည့္ေနတာသိေပမဲ့ ေရွာင္းက်န္႔ကလက္ေလွ်ာ့မဲ့ပုံမေပၚဘူး ဒီညေတာ့ ဒီအသားအမိၾကားမွာ သူကတန္ဆာခံပါပဲ....
"မင္းတို႔ႏွစ္ေယာက္ကို ငါသေဘာတူတယ္လို႔မေျပာရေသးဘူးေနာ္ က်န္႔က်န္႔ ေကာင္ေလးရဲ႕ေနာက္ခံကိုလည္းမင္းသိပါတယ္ ျဖစ္ႏိုင္လား မျဖစ္ႏိုင္လားစဥ္းစားေပါ့ တေန႔မွာစည္းစိမ္ေတြကုန္သြားမွ မွားပါတယ္မလုပ္နဲ႔"
"ဟက္! ေနာက္ခံမေကာင္းေတာ့လည္းဘာျဖစ္လည္းမာမားရဲ႕ ကြၽန္ေတာ့ရဲ႕ျမတ္ႏိုးရာက ဝမ္ေလးပဲေလ မာမားသိပါတယ္ ကြၽန္ေတာ္က ဘယ္အရာကိုမွေပါ့ေပါ့တန္တန္သေဘာမထားဘူးဆိုတာ...စည္းစိမ္ဟုတ္လား မျဖစ္ႏိုင္ပါဘူးဆိုၿပီး ရွယ္ယာရွင္လူႀကီးေတြေအာ္ေနၾကတဲ့ project ေတြကို ေအာင္ျမင္ေအာင္လုပ္ႏိုင္ခဲ့တာဘယ္သူလဲ.....ဝမ္ေလးရဲ႕ေနာက္ခံမိသားစုကိုစိတ္မပူပါနဲ႔ ဝမ္ေလးရဲ႕အေမနဲ႔အစ္ကိုက ဝါသနာအရေဆာ့ေနၾကတာ လုပ္ငန္းခြင္ထဲထည့္ေပးလိုက္ရင္ လက္ေၾကာတင္းေအာင္လုပ္မဲ့သူေတြပါမား"
"ဟင္း...သူ႔ဇာတ္နဲ႔သူေတာ့ဟုတ္ေနတာပဲ"
"သား က်န္႔က်န္႔ ဒီကေလးရဲ႕အိမ္ကေရာသိၿပီးၿပီလား ေျပာရရင္ သားတို႔ႏွစ္ေယာက္ကေယ်ာက်ၤားေလးေတြ"
"သူ႔မိဘေတြအတြက္စိတ္မပူပါနဲ႔ ကြၽန္ေတာ္ကိုင္တြယ္ႏိုင္ပါတယ္ အဓိကက ပါပါးနဲ႔မာမားတို႔ရဲ႕ခြင့္ျပဳခ်က္ပဲ"
ေရွာင္းက်န္႔စကားေၾကာင့္ ေမေမႀကီးကစားေနရာမွထထြက္သြားသည္....ဥကၠဌႀကီးကေတာ့ ထြက္သြားတဲ့မိန္းမကိုၾကည့္ကာ သက္ျပင္းခ်ရင္း....
"ပါပါးကေတာ့ သားဆႏၵပါပဲ သားကိုယုံတယ္"
"ဟုတ္ ေက်းဇူးတင္ပါတယ္ပါပါး မာမားခြင့္ျပဳေအာင္လည္း ကြၽန္ေတာ္တို႔ႀကိဳးစားမွာပါ"
"ေအးေအးေကာင္းတယ္ ေကာင္ေလး ဘာမွစိုးရိမ္မေနနဲ႔ သက္ေတာင္သက္သာေန ဟုတ္ၿပီလား"
"ဟုတ္ ဟုတ္ကဲ့ပါဥကၠဌႀကီး"
ဥကၠဌႀကီးမွလည္း ေျပာဆိုၿပီးတာနဲ႔ထြက္သြားျပန္ေတာ့ ထမင္းစားခန္းထဲ ေရွာင္းက်န္႔နဲ႔ရိေပၚသာက်န္ခဲ့ေတာ့သည္...
"စားေကာင္းရဲ႕လား ဝမ္ေလးႀကိဳက္တတ္တာေတြပဲခ်က္ခိုင္းထားတာ"
"ကိုကိုးကလဲ ဘာမွကိုမတိုင္ပင္ပဲဇြတ္လုပ္ေနေတာ့တာ ကြၽန္ေတာ့မွာေသေတာ့မလို႔"
"ဒီလိုမွမဟုတ္ရင္ ကိုယ္တို႔ေနာက္ကြယ္မွာမာမားတို႔လႊတ္ထားတဲ့လူေတြေၾကာင့္ ကိုယ္တို႔ဖြင့္မေျပာခင္အရင္သိသြားၾကမွာေပါ့ အဲက်ရင္မလိုလားအပ္တာေတြျဖစ္လာႏိုင္သလို ကိုယ္မသိလိုက္ခင္ ဝမ္ေလးကိုအႏၲာရယ္ေပးၾကမွာ ကိုယ္ေၾကာက္တယ္....အခုလိုကိုယ့္ဘက္ကအရင္ဖြင့္ေျပာလိုက္ေတာ့ မာမားတို႔ဘာမွမတတ္ႏိုင္ေတာ့ဘူးေလ"
"ဒါေပမဲ့လည္း ကိုကိုးရယ္...သေဘာမတူတာကမတူတာပဲဟာ....ဒီတိုင္း...ဘယ္သူမွမသိ ဘယ္သူမွလက္မခံလည္း ကိုကိုးကို ကြၽန္ေတာ္ခ်စ္ေနႏိုင္ပါတယ္"
"ကိုကိုးမင္းကို လူမသိသူမသိတြဲဖို႔စိတ္ကူးကိုမရွိဘူးဝမ္ေလး....ဘာေတြပဲျဖစ္လာျဖစ္လာ ကိုကိုးလက္တြဲေဖာ္ဟာဝမ္ေလးပဲျဖစ္ရမယ္.....မင္းလဲကိုကိုးကိုထားသြားဖို႔ဘယ္ေတာ့မွမစဥ္းစားနဲ႔"
ေရွာင္းက်န္႔ေလသံအနည္းငယ္မာသြားတာေၾကာင့္ ရိေပၚေခါင္းငုံ႔သြားသည္....ေသခ်ာတာကေတာ့ မ်က္ရည္ဝဲေနၿပီ၊
"ေဆာရီး ကိုကိုးမင္းကိုေအာ္တာမဟုတ္ဘူး ထမင္းထပ္ယူအုံးမလား"
"ေတာ္ၿပီ"
"ဒါဆို ကိုယ့္အခန္းသြားရေအာင္"
အခန္းထဲေရာက္တာနဲ႔ ရိေပၚကိုကုတင္ေပၚတြန္းခ်လိုက္ကာ အေပၚကအုပ္မိုးလာတဲ့ကိုကိုးေၾကာင့္....
"ကို ကို ကိုး....."
"ကိုယ္မင္းကိုပိုင္ဆိုင္ခ်င္လြန္းလို႔ ႐ူးေတာ့မွာပဲ"
ရီေဝေဝအၾကည့္ေတြၾကားမွာ ရိေပၚကိုယ္တိုင္လဲအၾကည့္မလြဲျဖစ္.....
"ဘဝမွာ ဒီျဖဴလုံးေလးကိုခ်စ္မိသြားမယ္လို႔မထင္ခဲ့ဘူးကြာ....မင္းေၾကာင့္ ကိုယ့္မာမားရဲ႕ထိန္းခ်ဳပ္မႈေတြကထြက္ျဖစ္ခဲ့တယ္ မင္းေၾကာင့္ ကိုယ့္အနာဂတ္အတြက္အစီအစဥ္ေတြဆြဲရတယ္ မင္းေၾကာင့္စိုးရိမ္စိတ္ေတြ ပူပန္မႈေတြမ်ားလာတတ္တယ္ ကိုယ္ဘယ္လိုလုပ္ရမလဲဟင္"
"........ ကိုကိုး.....ကြၽန္ေတာ့အိမ္ကလည္း သေဘာမတူရင္ဘယ္လိုလုပ္မလဲဟင္"
"အဓိကမင္းပါပါးပါ...ကိုယ္သူခြင့္ျပဳခ်က္ရေအာင္ေတာင္းမွာမို႔ စိတ္မပူနဲ႔ အၿမဲတမ္း မိသားစုအတြက္ပင္ပန္းလာရတဲ့မင္း တခါတေလကိုယ့္အတြက္ကိုေတြးၾကည့္စမ္းပါလား....မင္းမာမားနဲ႔အစ္ကိုကိုလည္း ကိုယ္စကားေျပာၾကည့္မယ္ အခ်ိဳးမေျပရင္ တစ္ခုခုေတာ့လုပ္ရမွာပဲ"
"မာမားတို႔ကိုဘာမွမလုပ္ပါနဲ႔ သူတို႔ကတခါတေလကြၽန္ေတာ့ကိုဂ႐ုစိုက္ပါတယ္"
"လစာထုတ္ရက္မွဂ႐ုစိုက္တာလား....."
"အဲလိုလည္းမဟုတ္ပါဘူး"
ႏႈတ္ခမ္းစူကာတဖက္လွည့္သြားတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န္႔ကၿပဳံးလိုက္ရင္း ေမးေလးကိုဆြဲလို႔အၾကည့္ခ်င္းျပန္ဆုံေစတယ္....
"ကိုယ္ကစတာပါ ဝမ္ေလးမိသားစုကကိုယ့္မိသားစုပဲေလ သူတို႔လမ္းမွားေနတာရွိရင္ ကိုယ္ကျပင္ေပးမွာေပါ့ စိတ္ခ်ထား"
"အြန္း ကိုကိုးကကြၽန္ေတာ့အားကိုးရာႀကီး"
ေရွာင္းက်န္႔ရဲ႕ဂုတ္ကိုသိုင္းဖက္ကာေျပာလာေသာရိေပၚေၾကာင့္ ဘာစကားမွထပ္မဆက္မိေတာ့ပဲ အၿပဳံးေတြနဲ႔သာၾကည့္ေနမိေတာ့သည္.....
တစ္ေယာက္ရင္ခုန္သံတစ္ေယာက္ၾကားေနရင္း နီးကပ္သြားတဲ့မ်က္ႏွာျပင္ဟာ ႏႈတ္ခမ္းခ်င္းထပ္တူက်မႈျဖစ္လာတယ္.....
ျငႇင္သာစြာနမ္းေနတဲ့အနမ္းေတြၾကားမွာ လြတ္ထြက္သြားမွာစိုးသည့္အလား သိုင္းဖက္ထားတဲ့လက္ေတြပိုတင္းၾကပ္လာတာေၾကာင့္ ေရွာင္းက်န္႔ရဲ႕ရမက္ေတြဟာ ပိုမိုးႏႈိးႂကြလာသလို......
လွ်ာဖ်ားေလးကတဆင့္တိုးဝင္မိေတာ့ အလိုက္သင့္ေလးေနေပးတယ္....အာခံတြင္းမွာက်င္လည္စြာကစားေနေပးရင္း လက္ေတြက ျမတ္ႏိုးရသူရဲ႕ခႏၶာကိုယ္ကိုပြတ္သပ္ေနမိေတာ့တာ.....
အသက္ရႉသံေတြျပင္းလာေလ ပိုၿပီးလြတ္မထြက္သြားေအာင္နမ္းလာေလ......
ကိုယ္တြင္းဝင္လာတဲ့လက္ေတြကလည္း ပြတ္သပ္ေနရင္းမွ ရင္ဘက္ေပၚက အထိမခံေသာေနရာေလးကိုေရာက္သြားတဲ့အခါ...
အင္း.......
ႏႈတ္ခမ္းကေန လည္တိုင္ဆီသို႔ေနရာေျပာင္းလိုက္ေတာ့ ႂကြတက္လာတဲ့ခႏၶာကိုယ္ေလး......
လွ်ာဖ်ားေလးေတြတတိတိနဲ႔လည္တိုင္တေလွ်ာက္ေဆာ့ကစားေနသလို တခ်က္ခ်က္နားအေနာက္နားဆီေရာက္သြားေတာ့....
ၿငီးသံေလးေတြတစစထြက္လာေတာ့တယ္.....
"ကိုကိုး......"
"အင္း ကိုယ္သိတယ္....ကိုကိုးမင္းကိုပိုင္ဆိုင္ခ်င္ေပမဲ့ တန္ဖိုးထားတာကပိုတယ္"
မ်က္ရည္အဝဲသားနဲ႔ဝမ္ေလးက ေရွာင္းက်န္႔ကိုတင္းၾကပ္ေနေအာင္ဖက္ထားပါေတာ့တယ္.......
အနမ္းေတြၾကားေမာသြားတဲ့ရိေပၚဟာ ေရွာင္းက်န္႔ရဲ႕အိပ္ယာေပၚမွာပဲ အပူပင္ကင္းကင္းနဲ႔အိပ္ေပ်ာ္သြားသည္.....
"ကိုယ့္မထိရက္မကိုင္ရက္ေလး....အရမ္းခ်စ္တယ္"
အိပ္ေပ်ာ္ေနသူကို နဖူးထက္အနမ္းတပြင့္ေႁခြကာ ဝရံတာမွာေဆးလိပ္ထြက္ေသာက္ခ်ိန္ ျမည္လာတဲ့ဖုန္းသံေၾကာင့္ နားေထာင္လိုက္သည္.....
📲 ေဘာ့စ္ xxxက စက္႐ုံမီးေလာင္လို႔
📲 ဟက္္! သူတို႔ဘက္ကစလာၿပီေပါ့ အိုေကေလ ဒါဆိုလည္း ေျပာထားတဲ့အတိုင္းဆက္လုပ္ပါယြီပင္း
ဖုန္းခ်ၿပီးေနာက္ ေဆးလိပ္ကိုခဲရင္း ေရွ႕မွျမင္ကြင္းကိုၾကည့္ကာ ေတြးေတာေနမိတာ....
ယြင္ဥကၠဌနဲ႔ေကာင္းမုဟာ ယြင္အာနဲ႔ေစ့စပ္ပြဲဖ်က္သိမ္းလိုက္ၿပီးေနာက္ပိုင္း ေရွာင္းက်န္႔ကိုေနာက္ကြယ္ကေနအမ်ိဳးမ်ိဳးတိုက္ခိုက္လာတာ....
ယြင္ဥကၠဌရဲ႕ေျခလွမ္းက X Group ဆို ေကာင္းမုရဲ႕ေျခလွမ္းကရိေပၚပင္....
ရိေပၚကသာဘာမွမသိတာ ေရွာင္းက်န္႔လႊတ္ထားတဲ့လူေတြေၾကာင့္ ရိေပၚကိုဖမ္းေခၚမဲ့ေကာင္းမုရဲ႕အစီအစဥ္ေတြဟာပ်က္ပ်က္သြားၿမဲ....
တရားဝင္လုပ္ငန္းေတြကသာအရႈံးေပၚေနတာ ဒုစ႐ိုက္လုပ္ငန္းေတြကေတာ့ေအာင္ျမင္ေနတဲ့ ယြင္မိသားစုေနာက္ကို လိုက္ရတာ ေရွာင္းက်န္႔အေနနဲ႔အေတာ္ေလးခက္ခဲရပါတယ္....
ေကာင္းမုဟာေျခလွမ္းသြက္တယ္ဆိုရမယ္...ရိေပၚသတိမထားမိခင္ ေရွာင္းက်န္႔အလုပ္ကိစၥနဲ႔ခရီးသြားခ်ိန္မွာ ရိေပၚရဲ႕အေမနဲ႔အကိုကို ေတာ္ေတာ္ေလးခ်ဥ္းကပ္ထားပုံရတယ္....
ေလာင္းကစားနယ္ပယ္ခ်င္းတူသူမို႔ ေကာင္းမုကိုဆို ရိေပၚအေမတို႔က သေဘာအက်ႀကီးက်ေနတာကိုသတင္းရမိသည္.....
ရိေပၚေရွ႕ေပၚတင္ေရာက္မလာေသးေပမဲ့ ေကာင္းမုအေနနဲ႔တစ္ေန႔ေတာ့လူလုံးထြက္ျပလာမွာပဲ....ထိုအခ်ိန္က်ရင္ ဝမ္ေလးဟာ အေမနဲ႔အစ္ကို႔ရဲ႕အမိန္႔ေတြလြန္ဆန္ႏိုင္ပါ့လား......။
>>>