ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ရဲ့ နေ့ရက်တွေက ဖြူဖြူစင်စင်နဲ့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလို့ သွားတယ်။
ကျိုးချန်က သူ့ရဲ့ခွင့်ရက်တွေကုန်လို့ ပြန်ရောက်လာတော့မယ်။
"ဟင်းးးးးးးး"
ဝမ်ရိပေါ်က TV ရှေ့မှာ စိတ်ပျက်လက်ပျက်ထိုင်နေမိတယ်။ ဘာလဲ ရှောင်းကျန့်က ဘုန်းကြီးသေလို့ ဝင်စားတာလား? သမာဓိအားကတော့ တကယ်ကောင်းတယ်။ ညတိုင်း နှစ်ယောက်အတူတူ အိပ်ရာတစ်ခုတည်းမှာ အိပ်တာတောင် နေနိုင်လိုက်တာ။
ကျိုးချန် အိမ်တံခါးကို တွန်းဖွင့်လို့ ဝင်လိုက်တာနဲ့ ဝမ်ရိပေါ်ရဲ့ ပျော်ရွှင်မှုကင်းမဲ့နေတဲ့ မျက်နှာက ဆီးကြိုနေတယ်။ ကျိုးချန်က ဝမ်ရိပေါ်ကိုလှမ်းခေါ်လိုက်တယ်..
"ရိပေါ်! ငါ့ကို အိတ်လေးဘာလေး လာသယ်ပေးပါဦး"
ဝမ်ရိပေါ်က စိတ်မပါစွာနဲ့ ကျိုးချန်ကိုတစ်ချက်လှမ်းကြည့်ပြီး...
"လေဆိပ်မှာတုန်းက တစ်ယောက်တည်းသယ်လာတာမှတ်လား! အိမ်ဝပဲရောက်နေပြီကို! " ပြောပြီးတာနဲ့ မျက်နှာလွှဲသွားတယ်။
ကျိုးချန်တစ်ယောက် ပါးစပ်ဟောင်းလောင်း ဖြစ်သွားပြီးနောက် ဒေါသထွက်လာရတယ်။
"အေး! မင်းရဲ့ ရှောင်းကျန့်က လာကြိုမယ်ဆိုပြီး အလုပ်ပေါ်လာလို့ ရောက်မလာဘူးလေ! ဒါ့ကြောင့် ငါတစ်ယောက်တည်း သယ်လာရတာပေါ့! ပြီးတော့ မင်းပစ္စည်းတွေချည်းပဲ! ချီးးးးးးးးး"
"ဟမ်? ရိပေါ် ဘာမှလည်း မမှာလိုက်ပါဘူး!"
ဝမ်ရိပေါ်က ထိုင်ရာမထပဲ ဘုတောလိုက်တယ်။
ကျိုးချန်ရဲ့ ဒေါသက ငယ်ထိပ်ရောက်သွားရပြီ...
"မင်းအဖေ ငါ့ဦးလေး ထည့်ပေးလိုက်တာ! ငါ သယ်ချင်လို့သယ်လာတာမဟုတ်ဘူး!, ပြီးတော့ ဒီအိတ်အကြီးကြီးက ရှောင်းကျန့်မှာလိုက်တာတွေကွ! "
ရှောင်းကျန့်ဆိုတဲ့ နာမည်ကြားတာနဲ့ ဝမ်ရိပေါ်က ဆက်ကနဲ ထလာပြီး အိတ်အကြီးကိုဆွဲယူသွားတော့တယ်။
ကျိုးချန်: ". . . . ."
*ဒီ ဘိုးဘေးလေးကတော့*
ရှောင်းကျန့် အိမ်ပြန်ရောက်ချိန်က နောက်ကျတယ်။ ဒါ့ကြောင့် ညစာချက်စားဖို့ကလည်း အရမ်းပင်ပန်းနေပြီ။
"ဝမ်ဝမ်... ဒီညတော့ မှာစားရအောင်... ဘာစားချင်လဲ?"
"စီချွမ်ဟင်း..."
"စီချွမ်ဟင်းတွေက စပ်တယ်နော်"
"ရပါတယ်... ဝမ်ဝမ် အစပ်စားနိုင်နေပါပြီ"
"အင်း အင်း အစပ်လျော့ခိုင်းလိုက်မယ်"
အစားအစာတွေရောက်လာလို့ စားပွဲမှာခင်းကျင်းပြီးတာနဲ့ ဝမ်ရိပေါ်က စားတော့တာပါပဲ။
"ဝမ်ဝမ်~ ကျိုးချန်ကိုစောင့်ဦးလေ~"
အဲဒီအချိန်မှာပဲ ကျိုးချန်က အိပ်ချင်မူးတူးနဲ့ ထမင်းစားခန်းထဲဝင်လာတယ်။ ဝမ်ရိပေါ်က စားနေရင်းနဲ့ပဲ
"ဟိုမှာ ဝင်လာပြီ"
ရှောင်းကျန့်က နောက်လှည့်ကြည့်တော့ ကျိုးချန်ကိုတွေ့သွားတယ်။
"ငါ ပြန်လာတာနောက်ကျနေတာနဲ့ ညစာကို စီချွမ်ဟင်းတွေပဲ မှာလိုက်တော့တယ်"
"ရပါတယ်။ ဘာဖြစ်ဖြစ်... ငါလည်း ဗိုက်ဆာနေပြီ"
"ခုတော့ အဆင်သင့်ထိုင်စား! ပြီးရင် ပန်းကန်ဆေးဖို့တာဝန်ယူ"
ဝမ်ရိပေါ်က အစားစားမပျက်ဘဲ ဘောက်ဆက်ဆက် ပြောလိုက်တယ်။
ရှောင်းကျန့်က ဝမ်ရိပေါ်ကို လှမ်းထိန်းရတယ်။
"ရိပေါ်... ကျိုးချန်က လေယာဉ်စီးရတာနဲ့ ပင်ပန်းနေပြီလေ~
ကျိုးချန်ရေ------ မင်းညီကတော့ သိတဲ့အတိုင်း သူ့စကားကို စိတ်ထဲမထားနဲ့"
ကျိုးချန်မှာ သူ့ကိုယ်သူ ဧည့်သည်တစ်ယောက်လို ခံစားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် အစားစားတာပဲ ကောင်းတယ်။ ကျိုးချန်က ထိုင်ခုံမှာနေရာယူလိုက်တော့တယ်။
××××
"အစ်ကိုကျိုးချန် မြန်မြန်လုပ်! ကျောင်းနောက်ကျတော့မယ်"
ဝမ်ရိပေါ်က ကျောင်းစတက်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်။
"လာပါပြီကွာ.... ရှောင်းကျန့်ရော?"
"ငါက အဆင်သင့်ပါပဲ"
သုံးယောက်သား Columbia University ကို ထွက်လာကြတယ်။ ကျောင်းရောက်တာနဲ့ အတွေ့အကြုံရှိတဲ့ ကျိုးချန်က ဝမ်ရိပေါ်ကို ကျောင်းဝန်းထဲလိုက်ပို့ပြီး မှာစရာရှိတာမှာရတယ်။ သူတို့တွေ လျှောက်သွားနေရင်း....
"ဟင်! နင် ကျိုးချန်မလား?"
"ဟာ မုန့်ဇီယီ! နင်က?"
"အေး... ငါ ဒီမှာ Tuitor လုပ်နေတာ"
"ဟုတ်လား? ငါက နင် ကျောင်းပြီးတာနဲ့ ပြန်သွားပြီထင်နေတာ"
"ငါ Master ဆက်တက်ဖြစ်တယ်လေ။ နင်နဲ့ ထပ်မတွေ့ဖြစ်တော့ နင် ဘယ်သိမလဲ"
"ဒါဆိုအတော်ပဲ... ဒါ ငါ့ညီဝမ်းကွဲ ဝမ်ရိပေါ်တဲ့။ ဒီနှစ်မှ စ,တက်မှာ"
ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်က ကျိုးချန်နဲ့ မိန်းမလှလေးကို တစ်လှည်ဆီကြည့်နေရတယ်။ ကျိုးချန်ရဲ့ မျက်နှာကြီးက ပြုံးဖြီးနေလိုက်တာ... ပါးစပ်က နားရွက်တက်ချိတ်တော့မယ် လို့ ဝမ်ရိပေါ်က နှုတ်ခမ်းကိုမဲ့ရင်း တွေးလိုက်တယ်။
ထိုမိန်းမလှလေးက ဝမ်ရိပေါ်ကို ရယ်ပြရင်း
"အစ်မက မုန့်ဇီယီပါ"
"ဟုတ်! ဝမ်ရိပေါ်ပါ"
နောက်တော့ မုန့်ဇီယီရဲ့ အကြည့်က ဝမ်ရိပေါ်ဘေးက ရှောင်းကျန့်ဆီရောက်သွားတော့ ကျိုးချန်က
"သူက ရှောင်းကျန့်။ ငါ့ လုပ်ဖော်ကိုင်ဖက်။ ပြီးတော့ ငါ့ညီ အထက်တန်းတုန်းက guide ပေါ့။ ရှောင်းကျန့် သူက မုန့်ဇီယီ။ ဒီမှာကျောင်းတက်ရင်း သိကြတာ"
ရှောင်းကျန့်က ယဉ်ကျေးစွာပဲ ပြုံးပြလိုက်ပြီး နုတ်ဆက်လိုက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်"
"ကျွန်မလည်း အတူတူပါပဲ"
မုန့်ဇီယီက ချောမောပြီးကြည့်ကောင်းတဲ့ ရှောင်းကျန့်ကို စိတ်ဝင်စားပုံပေါ်တယ်။ ဒါကိုသတိထားမိတဲ့ ဝမ်ရိပေါ်က
"အစ်ကိုတို့ ပြန်တော့လေ။ ရိပေါ် လိုအပ်တဲ့အကူအညီရှိရင် ဒီအစ်မကိုပဲ ပြောလိုက်မယ်"
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ခေါင်းလေးကို ခပ်ဖွဖွလေး ပုတ်လိုက်ပြီး နူးညံ့စွာပြောလိုက်တယ်...
"ကောင်းပါပြီဗျာ~ အစ်ကိုတို့ပြန်တော့မယ်နော်~"
ကျိုးချန်ကတော့ မုန့်ဇီယီကိုနုတ်ဆက်လိုက်တယ်။
"ငါတို့ပြန်ပြီ။ ငါ့ညီလေးကို စောင့်ရှောက်ပေးပါဦး။ နောက်မှ နင့်ကို တစ်ခုခုလိုက်ကျွေးမယ်"
"ရပါတယ်။ အချင်းချင်းတွေပဲ"
မုန့်ဇီယီက ကျိုးချန်ကို နှုတ်ဆက်နေပေမယ့် သူမ မျက်လုံးတွေက ရှောင်းကျန့်ဆီ ရောက်ရောက်သွားတယ်။
ဝမ်ရိပေါ်က
"အစ်မ ရိပေါ့်ကို အစ်မ ဖုန်းနံပါတ်လေး... Please "
"ဪ..... အင်း .... xxxxxxxxxx"
××××
ဝမ်ရိပေါ်က စာသင်ခန်းထဲမှာ နေရာယူပြီးလို့ ဟိုဟိုဒီဒီလျှောက်ကြည့်နေတုန်း.... ရင်းနှီးတဲ့ မိန်းကလေးအသံကိုကြားလိုက်ရတယ်...
"ဝမ်ရိပေါ်!!!"
ဝမ်ရိပေါ် အသံလာရာကို လှည့်ကြည့်လိုက်တော့...
"ရှောင်ထုံ"
ဝမ်ရိပေါ်က အံ့အားသင့်စွာနဲ့ ရှောင်ထုံကိုကြည့်နေတုန်း သူမက သူ့(ရိပေါ်)ဘေးမှာ ထိုင်လာတယ်။
"ဟူးးးးးး... တော်သေးတယ်။ နင့်ကိုတွေ့ပါ့မလားလို့"
"ဟမ်? နင်က ဘယ်လိုလုပ်ပြီးးးးးး......."
"အဟိ.. နင် အံ့ဩသွားတယ်မလား? လုံးဝ မထင်ထားဘူးမလား? ဟဟ!"
ဝမ်ရိပေါ်က ရှောင်ထုံကို ကြောင်တက်တက်လေးကြည့်နေမိတယ်။ သူမက သူ့ရဲ့ဖြစ်ပျက်သွားတဲ့ပုံစံကို သဘောကျစွာကြည့်ပြီး....
"နင်က နိုင်ငံခြားမှာ ကျောင်းတက်မှာလားလို့ ငါ မေးတုန်းကတော့ မပြောပြဘူးလေ။ နင် ဒီကိုထွက်သွားပြီး... ငါ နင့်အဖေနဲ့တွေ့မှ သိရတာ။ ငါ့မှာ ကံကောင်းလို့.... ဝင်ခွင့်ပိတ်ခါနီးလေး ကပ်ရသွားတာ။ သေနာကောင်! ငါက နိုင်ငံခြားမှာ ကျောင်းတက်ချင်လို့ အဖော်ရှာနေတာကို--- နင်က အကျင့်ပုပ်တယ်"
ရှောင်ထုံက သူမရဲ့ မကျေနပ်ချက်တွေကို တရစပ်ပြောတော့တာပဲ။ ဝမ်ရိပေါ်ကတော့ နားကို နားကျပ်လေးတပ်ပြီး သီချင်းပဲ နားထောင်နေလိုက်တော့တယ်။
Columbia University ရဲ့ကျောင်းဝင်းကြီးက ကျယ်လွန်းလှတယ်။ ကမ္ဘာ့ထိပ်တန်းဝင် တက္ကသိုလ်လို့ပြောစရာမလိုအောင်ပဲ ခမ်းနားထည်ဝါလွန်းလှတယ်။
မုန့်ဇီယီက နေ့လယ်ရောက်တော့ ဝမ်ရိပေါ်ဆီရောက်လာတယ်။ နေ့လယ်စာစားရမယ့်နေရာတွေကို ပြောပြပြီး ဦးဆောင်ခေါ်သွားတယ်။
"နောက်ဆိုရင် ဘယ်နေရာ ဘာရှိတယ် အကုန်သိသွားမှာပါ"
"ဟုတ်ကဲ့ ကျေးဇူးပါ။ ဒီနေ့ နေ့လယ်စာ ရိပေါ်ကျွေးပါရစေ"
"ရိပေါ် ငါ့ကိုလည်း ဒကာခံနော်"
ရှောင်ထုံက ကုန်းဆင်းလိုက်ဖို့ကြံတယ်။
"ဆုတောင်းလေ။ အစ်မကိုပဲ ကျွေးမှာ! နင့်လို သူဌေးသမီးကိုတော့ sorry "
"ရိပေါ် အူပုတ်!"
"နင် သိရင်ပြီးတာပဲ"
"နင်လဲ သူဌေးသားပဲ။ နင့်အဖေက ငါ့အဖေထက် ချမ်းသာတယ်လေ"
"အဲဒါ အဖေချမ်းသာတာလေ! ငါ ချမ်းသာတာမှ မဟုတ်တာ!"
"ဒါဆို နင့်အဖေ ပေးတဲ့ပိုက်ဆံတွေ မသုံးနဲ့ပေါ့!"
"ငါလည်း မသုံးချင်ပါဘူးးးးးးးးးးး .......
အဖေစိတ်ချမ်းသာအောင် သုံးပေးရတာ"
မုန့်ဇီယီက ဝမ်ရိပေါ်နဲ့ ရှောင်ထုံတို့ အပြန်အလှန် စကားနိုင်လုပြောနေတာကြည့်ပြီး သဘောကျနေတယ်။ * ချမ်းသာတဲ့ မိသားစုက လူငယ်တွေရဲ့ ဘဝက ကောင်းလိုက်တာ* လို့လဲတွေးနေမိတယ်။ သူမ မိဘတွေကတော့ သာမန်လောက်ပဲ။ သူမက scholarship ရအောင်ကြိုးစားပြီး ကျောင်းတက်ခဲ့ရတာ။
ရှောင်းကျန့် စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေတုန်း ဝမ်ရိပေါ်ရောက်လာတယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်နားကပ်ပြီး
"ကိုကို~~"
"အာ ဝမ်ဝမ်! အိမ်ကိုမပြန်ဘူးလား?"
"အိမ်ပြန်ရင် တစ်ယောက်တည်း ပျင်းစရာကြီး...."
"ကျောင်းမှာ အဆင်ပြေလား"
"အွန်း !"
"ရိပေါ်! မင်းအစ်ကိုက ဒီမှာလေ!!!!!!!!"
ကျိုးချန်က အသံကျယ်ကျယ်နဲ့ သူ့အခန်းထဲကထွက်လာတယ်။
ဝမ်ရိပေါ်က မျက်စောင်းလှန်ထိုးရင်း....
"သိတယ်!"
"ဪ....... ငါက မေ့နေပြီထင်တာ....."
ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့ကျိုးချန်ကို ကြည့်ပြီးရယ်နေရတယ်။
"ကဲကဲ ဒီနှစ်ယောက်တော်တော့။ ဒီနေ့ ရိပေါ်ကျောင်းစတက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ညစာကိုအပြင်မှာစားကြရအောင်"
ကျိုးချန်က ဝမ်းသာအားရပဲ...
"Wow! ဒါအကောင်းဆုံးပေါ့! ဆိုင်ကောင်းကောင်းမှာ စားမှာနော်"
"အင်း ငါ 5th Rooftop မှာ Dinner Package Booking တင်ထားပြီးပြီ"
"Wow, Wow, Wow! Cool.....!"
"အစ်ကိုရှောင်းကျန့် အိမ်မှာပဲစားမယ်! ပိုက်ဆံကုန်မယ်"
"တစ်ခါတစ်လေပဲ ရိပေါ်ရယ်... ပြီးတော့ အစ်ကိုလည်း တစ်လတစ်လ ဘာမှ,မှ မကုန်တာ"
ရှောင်းကျန့်က ပြောရင်း ဝမ်ရိပေါ်ရဲ့ နှာခေါင်းလေးကို လက်ညှိုးလေးနဲ့ လှမ်းတို့လိုက်တယ်။
ကျိုးချန်:". . . . ."
* ဒါက ဘယ်လိုမြင်ကွင်းကြီးလဲ?????*
"ရိပေါ်က ငြိမ်ငြိမ်လေးနေနော်... အစ်ကို အလုပ်မြန်မြန်ပြီးအောင် လုပ်လိုက်ဦးမယ်....
ကျိုးချန်... မင်းလည်းမြန်မြန်ပြီးအောင်လုပ်။ ရုံးဆင်းတာနဲ့ သွားမယ်"
"အိုကေ!"
5th Rooftop Bar ကနေ ညနေနေဝင်ချိန်ရှုခင်းကိုကြည့်ရတာ အရမ်းလှပတယ်။ New York City ရှိ အဆောက်အအုံကြီးများကိုလည်း လှမ်းမြင်နေရတယ်။
Dinner Package ဖြစ်တဲ့ Steak Frites နဲ့ ရွက်စုံသုပ်ကို အေးအေးဆေးဆေးစားကြတယ်။
ဝမ်ရိပေါ်က တက်တက်ကြွကြွနဲ့
"ဒီနေရာကို ရောက်ဖူးချင်နေတာ... New York ကိုရောက်ရင် ဒီ 5th Rooftop Bar ကိုရောက်ရမယ်"
"အင်း~ ကိုယ်ရောပဲ"
ကျိုးချန်ကလည်း...
"ငါတောင် တစ်ခေါက်ပဲ ရောက်ဖူးသေးတာ"
ဝမ်ရိပေါ်က မြူးတူးစွာနဲ့
"နောက်ဆို New York ရဲ့ အထင်ကရ နေရာတွေ လျှောက်လည်မယ်နော်~ ပြီးရင် US တခွင်လုံးကိုလျှောက်သွားမယ်"
"အင်း"
ရှောင်းကျန့်က ထောက်ခံတယ်။
ကျိုးချန်ကလည်း
"ကောင်းတယ်။ ငါလည်း သွားချင်နေတာ"
"အစ်ကို ကျိုးချန်က ဘာလိုက်လုပ်မှာတုန်း! ရိပေါ်က အစ်ကို ရှောင်းကျန့်နဲ့သွားမှာ"
"ငါက ဘာလို့ လိုက်လို့ မရရမှာတုန်း! နော် ရှောင်းကျန့်"
"အေးပါကွာ... သွားမှပဲ ဆက်ဆွေးနွေးကြတာပေါ့"
ရေခဲမုန့်ကို နောက်ဆုံးမှစားကြပေမယ့်လို့ ဝမ်ရိပေါ်ရဲ့ ပူဆာမှုကြောင့် New York City ရဲ့ ညရှုခင်းကိုကြည့်ရင်း ဒီBar ရဲ့ cocktail မြည်းစမ်းကြည့်ပြီးမှ အိမ်ပြန်လာကြတယ်။
ရှောင်းကျန့်က ရီဝေဝေဖြစ်နေတဲ့ ဝမ်ရိပေါ်ကို တွဲလာရတယ်။ကျိုးချန်က တွဲကူမယ်လုပ်တော့ ဝမ်ရိပေါ်က ရုန်းတယ်။ ဒီတော့ ရှောင်းကျန့်ပဲ ဝမ်ရိပေါ်ကို အိပ်ရာ အရောက်ပို့ပေးရတော့တာပေါ့။
"ရှောင်းကျန့်ရေ မင်းပဲ ဒုက္ခခံလိုက်ပါဦး"
ကျိုးချန်က ပြောပြီးတာနဲ့ သူ့အခန်းထဲ ဝင်သွားတော့တယ်။
ရှောင်းကျန့်က ဝမ်ရိပေါ်ကို အိပ်ရာထဲ သေသေချာချာလေး ချထားပြီး ပြန်ထွက်မယ်လုပ်တော့ ဝမ်ရိပေါ်က သူ့ကိုလှမ်းဆွဲတယ်...
"ကိုကို~~ကိုကို~~ ဘယ်~သွား~မလို့လဲ~
ဝမ်ဝမ်နဲ့~ အတူတူ~~ မအိပ်တော့ဘူးလား~အု!"
ရှောင်းကျန့်မှာ ကျိုးချန်ကြားသွားမှာစိုးလို့ ဝမ်ရိပေါ်ရဲ့ ပါးစပ်ကို လှမ်းပိတ်လိုက်ရတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကို အတင်းဆွဲဖယ်ဖို့လုပ်တယ်။
"ကိုကို~ ရေသွားချိုးလိုက်ဦးမယ်နော်~ ဝမ်ဝမ် အရင်အိပ်နှင့်~ လိမ္မာတယ်~"
"အွန်း~~ ပြီးရော~~"
"ဟူးးးးးးးး"
နောက်များတော့ ဒီကောင်လေးကို မူးစေမယ့်အရာတွေ တိုက်လို့မဖြစ်ဘူး....
______________________________TBC
Photos credit to original uploaders.