Unicode
လင်းဆွေ့ယန်သည် အသံကြားသည်နှင့် တစ်ပတ်လှည့်ကြည့်လိုက်ချိန် စူးယွီလီက မလှမ်းမကမ်းနေရာလေးမှ ရပ်၍ သူ့ကို လက်ဝေ့ယမ်းပြနေသည်။သူ့မျက်လုံးလေးများထဲမှ လင်းလက်မှုဟာဆိုရင် နွေညကောင်းကင်ထက်မှာ ပြန့်ကျဲနေသည့် ကြယ်ရောင်စုံထက်တောင် ပိုတောက်ပနေ၏။
တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာ မဆိုထားနှင့် လင်းဆွေ့ယန်ရဲ့ မျက်လုံးထဲမှာတောင် စူးယွီလီမျက်လုံးထဲမှ လင်းဆွေ့ယန်အတွက် ချစ်ခင်တွယ်တာမှုလေးတွေပြည့်နေကြောင်း တွေ့နေရ၏။စူးယွီလီ၏ စိတ်ထဲမှာတော့ ဆိုးရွားတဲ့ အကြံတွေဆင်နေကြောင်း သူ့ကိုယ်သူသာသိသည်။
စူးယွီလီရဲ့ လှမ်းခေါ်မှုက လင်းဆွေ့ယန်ကိုသာမက ဘေးမှလူများ၏ အာရုံကိုပါဖမ်းစားသွား၏။စူးယွီလီ မျှော်လင့်ထားသလိုပင် လင်းဆွေ့ယန်က အလျင်စလိုလော်ရှင်းကို လွှတ်ချလိုက်ကာ လွှားခနဲကျော်ခွ၍ လျှောက်လာသည်။
စူးယွီလီမှာ ချစ်ခြင်းမေတ္တာနှင့် ချိုမြိန်မှုတွေ ရောယှက်ပြည့်နှက်နေသည့် ပုံလေးဖြစ်နေသော်ငြား စိတ်ထဲမှာတော့ နှာမှုတ်နေမိတယ်။လင်းဆွေ့ယန်က လော်ရှင်းကို ကွာကွယ်ပြီး ဝေဒနာကြီးကြီးပေးခဲ့ပြီ။ သူစိမ်းတွေရှေ့မှာ အချစ်ရူးနေတဲ့ လူကြီးနေရာက သရုပ်ဆောင်ဖို့အတွက်နဲ့ သူ့အသည်းအသက်လေး နာကျင်သွားမှာကိုတောင် ကြောက်မနေခဲ့ပါ။
စူးယွီလီသည် မလှုပ်မယှက်ဖြစ်နေသည့် လော်ရှင်းဘက်လှမ်းကြည့်လိုက်ချိန် သဝန်တိုနေသည့် လော်ရှင်းကို တွေ့လိုက်ရ၏။သို့သော် သူက တည်ငြိမ်ချင်ယောင်ဆောင်နေဆဲပင်။ထို့ကြောင့် စူးယွီလီစိတ်ထဲ နည်းနည်းတောင်ပျော်လာမိ၏။
သူအခု ဝမ်ကျင်းဖြစ်နေပြီလေ။ဘယ်သူမှ သူ့ကို စိတ်ပျက်စရာကောင်းတယ်ထင်ကြမှာမဟုတ်။
စူးယွီလီသည် လော်ရှင်းကို လျစ်လျူရှု၍ အဝေးကို အကြည့်လွှဲလိုက်တယ်။လင်းဆွေ့ယန်အနားရောက်လာသည့် အချိန် လင်းဆွေ့ယန်ရဲ့ လက်မောင်းကို တယုတယ ဆွဲယူလိုက်ပြီး ပြုံးရွှင်စွာနှင့်-
“ယောက်ျား...ကျွန်တော်ခုနက စီနီယာနဲ့ အရင်အကြောင်းလေးတွေပြောနေရင်းကြာသွားလို့ ယောက်ျားကို စောင့်စေခဲ့မိရင် တောင်းပန်ပါတယ်နော်”
လင်းဆွေ့ယန်သည် ပါးလျသော မျက်ခုံးများကိုပင့်၍ မုလန်ထံသို့ အပြုံးတစ်ခုနှင့် လှမ်းကြည့်သည်။
“စီနီယာဆိုပါလား?”
မုလန်ကပြုံးရင်းပြန်ပြောလေသည် ။
“ဝမ်ကျင်းနဲ့စကားပြောကြည့်တော့မှ သူလည်းAတက္ကသိုလ်က ကျောင်းသားတစ်ယောက်ဆိုတာသိလိုက်ရတယ်လေ။အဲ့တာကြောင့် သူက ငါ့ကို စီနီယာလို့ခေါ်တာ”
လင်းဆွေ့ယန် ပြုံးလိုက်၏။
“ဪ”
ခဏလောက်စကားပြောကြပြီးနောက် စူးယွီလီသည် ယစ်ပြီး ဟိုဟိုဒီဒီလျှောက် ပြောနေသည့် လင်းဆွေ့ယန်အား အဝေးဆွဲထုတ်သွားတော့သည်။
စူးယွီလီနှင့် လင်းဆွေ့ယန်တို့ ထွက်သွားကြပြီးနောက် မုလန်သည် ထိုလူနှစ်ယောက်၏ ကျောအား စိုက်ကြည့်နေလေသည်။သူ့မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့လာပြီး လက်ထဲမှ ဝိုက်ခွက်အား လှည့်နေ၏။ထိုလူနှစ်ယောက်ကိုကြည့်နေသည့် သူ့အကြည့်တွေက အဓိပ္ပါယ်ဖွင့်ဆိုရခက်လွန်းနေခဲ့သည်။
နောက်ဆုံးတော့ သူသည် ဝိုင်ခွက်အား မော့သောက်လိုက်တော့သည်။
စူးယွီလီသည် လင်းဆွေ့ယန်နှင့်လော်ရှင်းအား အတူရှိနေခွင့်မပေးဘဲ မင်္ဂလာပွဲပြီးသည်အထိ ကိုယ်ချင်းဆက်အမွှာလိုလင်းဆွေ့ယန်အနားမှာပဲ ကပ်နေခဲ့၏။
အားလုံးပြီးစီးသွားသည့် အချိန်၌ စူးယွီလီတစ်ယောက် လင်းမိသားစုဆီ ပြန်ရ၏။သူ့အခန်းထဲရောက်တာနဲ့ အိပ်ရာပေါ်ပစ်လှဲချလိုက်သည်။ သူ့လက်တစ်ချောင်းတောင် မလှုပ်နိုင်တော့ပေ။လည်စည်းအား ဖြေလျော့လိုက်ရင်း မင်္ဂလာပွဲက အရမ်းစိတ်ညစ်စရာကောင်းလွန်းတယ်ဟု သူ့ဘာသာ တွေးမိ၏။ ရယ်ပြရလွန်း၍ သူ့မျက်နှာကြီးပါ တောင့်နေပြီဖြစ်သည်။
စူးယွီလီ၏မျက်ခွံတွေ လေလံနေပြီး ဒီတိုင်းပဲ အိပ်ပစ်လိုက်ချင်သော်လည်း ငယ်ငယ်တည်းက တစ်ကိုယ်ရည်သန့်ရှင်းပြီးမှ အိပ်တတ်သည့် အကျင့်ကြီးကြောင့် အိပ်မရခဲ့ပါ။
စူးယွီလီဟာ အိပ်ချင်မူးတူးနဲ့ပဲ ထရပ်လိုက်၏။သူ့ဝတ်စုံအား ချွတ်ပြီး နက်တိုင်ဖြည်နေသည့် အချိန် "ကလစ်" ခနဲ အသံတိုးတိုးလေးကို ကြားလိုက်ရသည်။သူလှည့်ကြည့်လိုက်တော့ လင်းဆွေ့ယန် အခန်းထဲဝင်လာခြင်းဖြစ်နေ၏။
စူးယွီလီ မျက်မှောင်ကြုံ့ပြီး အခန်းထဲဝင်လာသည့် လူကို ကြည့်လိုက်ကာ-
“အခန်းထဲဝင်တာ ဘာဖြစ်လို့ တံခါးမခေါက်တာလဲ”
လင်းဆွေ့ယန်တစ်ယောက် အဲ့လို အပြောခံရမယ် မထင်ထားခဲ့။သူနည်းနည်းအံ့ဩသွားသော်လည်း မနိုင်သည့် အပြုံးလေး မျက်နှာပေါ် ထင်ဟပ်လာသည်။သူက နောက်ပြန်ဆုတ်၍ အခန်းတံခါးအား နှစ်ချက်ခေါက်ကာ နွေးထွေးသည့် အသံဖြင့် ဆိုသည်။
“ကိုယ်ဝင်လာလို့ရမလား”
လင်းဆွေ့ယန်၏အကူအညီမဲ့နေသည့်အပြုံးလေးရော ချစ်ခြင်းမှာ ပျော်ဝင်နေသည့်အပြုံးလေးကပါ အမှန်တကယ်ကို ခန့်ညားလွန်းလှသည်ကိုတော့ဖြင့် ဝန်ခံရပေမည်။ဒါပေမယ့် စူးယွီလီဆိုတာ ဒီဆန်ကုန်မြေလေးကောင်ကြောင့် ယိမ်းယိုင်းသွားမဲ့ သူမျိုးမှ မဟုတ်လေဘဲ။သူသည် အဝေးကိုသာ အကြည့်ပို့ရင်း စိတ်ထဲ၌ အေးစက်စွာ နှာခေါင်းရှုံ့မိချေသည်။သူ့ဇာတ်ကောင်ပျက်စီးသွားမှာ ကြောက်လို့သာ ငြင်ငြင်သာသာဟန်လေး သရုပ်ဆောင်နေရခြင်းပင်။သူ စီးပွားရေးလောကထဲ မဝင်လိုက်ရတာတော့ သိပ်နာ၏။
စူးယွီလီသည် ထိုအကြောင်းတွေးနေရင်း သူမုန်းနေတဲ့ အကြောင်း လင်းဆွေ့ယန် မရိပ်မိသွားဖို့ မျက်နှာကြော ထိန်းနေရသေး၏။
စူးယွီလီတစ်ယောက် နှုတ်ခမ်းစွန်းတွေ ပင့်တင်လိုက်သဖြင့် မျက်လုံးလေးများကလည်း အထက်သို့ ကော့ညွှတ်သွားလေသည်။သူသည် ကစားလိုဟန်အပြည့်ဖြင့် ယဉ်ယဉ်ကျေးကျေးလေးပြန်ဖြေလိုက်သည်။
“ဝင်လာခဲ့ပါ”
လင်းဆွေ့ယန်သည် စူးယွီလီအနားသို့ လျှောက်သွားလိုက်ပြီး တစ်ဖက်လူအခုမှ အိပ်ရာပေါ်ပစ်ထုတ်လိုက်သည့် ကုတ်အင်္ကျီအား ကြည့်ကာ မေးလိုက်တယ်။
“မင်းရေချိုးတော့မို့လား”
“အင်း”
စူးယွီလီတစ်ယောက် ခေါင်းညိမ့်ပြလိုက်ပြီးမှ စိတ်ထဲ ခေါင်းလောင်းသံတွေ တဒေါင်ဒေါင် မြည်လာသည်။သူ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တော့ ညရောက်နေပြီဖြစ်၏။ ဆိုတော့ ဒီညက သူတို့ မင်္ဂလာဦးညပေါ့နော်....
"အစားထိုး" စာအုပ်ထဲမှ လင်းဆွေ့ယန်နဲ့ဝမ်ကျင်းတို့ မင်္ဂလာဦးညအကြောင်း စာရေးသူရေးထားသည့်အား စူးယွီလီသတိရသွား၏။အရမ်းလှပတယ်လို့ ပြောလို့ရသည့် ညတစ်ညပင်။
ဒီအင်နိုးစန့် လူပျိုပေါက်လေး ရဲ့ ပါးလေးတွေ နီရဲလာပြီနော်........မတွေးဘဲကို မနေနိုင်တော့ဘူးလို့.......
အိပ်မက်မက်နေတာပါလို့ တွေးမိတဲ့အချိန်တုန်းကတော့ စူးယွီလီနည်းနည်း မျှော်လင့်မိခဲ့သည်။အခုအမှန်ကို သိသွားချိန် စူးယွီလီစိတ်ထဲမှာ ငြင်းဆန်မှုပေါင်းရာချီနေပြီဖြစ်၏။သူ ဒီဆန်ကုန်မြေလေးကောင်နဲ့ အိပ်ရာပေါ်မှာမလူးလိမ့်နိုင်ပေ။သူ့မှာရောဂါရလာရင်ရော? ဘယ်သူမှ အတတ်ပြောနိုင်တာမဟုတ်ဘူးလေ။
စာအုပ်ထဲမှာတော့ ရေးထားတာကတော့ လင်းဆွေ့ယန်သည် သူ့စိတ်နှလုံး လော်ရှင်းထုံးနှလုံးမူထားသဖြင့် သူ့ကိုယ်သူ သန့်ရှင်းအောင်နေပြီး တစ်ခြားဘယ်သူ့ကိုမှ မထိခဲ့ပေ။ စူးယွီလီကတော့ သဘောမကျနေဆဲပင်။
ဒါပေမယ့်လည်း ပြောကြကြေးဆို လင်းဆွေ့ယန်ရဲ့ အနေအထားမျိုးနှင့် အခုလိုမျိုးအသက် နှစ်ဆယ့်ခြောက်နှစ်ရှိနေတာတောင် လိင်မဆက်ဆံဖူးဘူးဆိုတာက အရမ်းသန့်စင်လွန်းအားကြီးနေပြီလေ။
စူးယွီလီမှာ စိတ်တွေပျံ့လွင့်နေလျက်။ဒီလင်းဆွေ့ယန်က သီအိုရီကိုသာ သိနေသည်ဆိုသော်လည်း သူစကေးတွေကတော့ လေ့ကျင့်စရာမလိုဘဲနဲ့ကို ထိပ်တန်းဖြစ်နေသည်။အင်းပေါ့လေ ဇာတ်လိုက်တစ်ယောက်အတွက်ဆို ဒါက မရှိမဖြစ်အရည်အချင်းပဲ မဟုတ်ပါလား?
သူ့ဘာသာတွေးနေရင်း သူ့ဘာသာအတွေးပေါက်ကာ စူးယွီလီရဲ့ ပါးလေးတွေ ရဲသွား၏။ သူ့ခေါင်းကို ယမ်းရင်း ထိုကျန်းမာရေးနဲ့ မညီညွှတ်တဲ့အရာတွေအား အတွေးထဲမှ ထုတ်လိုက်သည်။
စူးယွီလီ အာရုံပျံ့လွင့်နေသည်ကို သတိထားမိသွားသည့် လင်းဆွေ့ယန်က နေမကောင်းဘူးထင်ကာ နဖူးပေါ် လက်တင်ကာ စမ်းလိုက်မိသည်။
“နေမကောင်းဘူးလား”
လင်းဆွေ့ယန်၏လက်ချောင်းများက သွယ်လျပြီး အင်အားပြည့်ကာ နွေးနွေးလေးဖြစ်၏။သူ့လက်များက စူးယွီလီကို လောင်ကျွမ်းတော့မလိုမျိုး ခံစားရစေသည်။လက်က သူ့နဖူးကို ထိရုံရှိသေး ဆတ်ခနဲ နောက်ဆုတ်မိသွားသည်။သူမေ့သွားသည်မှာ သူခုနက ကုတင်အစွန်းမှာ ရပ်နေခြင်းဖြစ်၍ နောက်ဆုတ်လိုက်သည်နှင့် အိပ်ရာပေါ် တန်းလဲကျသွားတော့သည်။
စူးယွီလီမှာ တစ်ခြားအရာတွေ တွေးတောနိုင်စွမ်းမရှိတော့ဘဲ လက်နှစ်ဖက်အား ကြက်ခြေခတ်ပုံစံဖြင့် ရင်ဘက်ရှေ့ကာကာ ကာကွယ်မည့်ပုံစံချက်ချင်းပြင်လိုက်သည်။
စူးယွီလီ၏ အမူအရာအတွဲလိုက်ကြီးရော နီရဲရဲနားရွက်လေးများကိုပါ ငုံ့ကြည့်နေသည့် လင်းဆွေ့ယန်၏ မျက်လုံးအိမ်အောက်ခြေ၌ နူးညံ့ညံ့အပြုံးလေး ပေါ်ထွက်လာသည်။
သူက ရှက်နေတာပဲကိုး.....
“ခုနပဲ ကုမ္ပဏီကဖုန်းဝင်လာတယ်။အရေးကြီး အလုပ်တစ်ချို့ လုပ်စရာရှိလို့တဲ့။ကိုယ်အခုပဲ အဲ့ကို သွားမှရမယ်”လင်းဆွေ့ယန်ပြောလိုက်သည်။
လင်းဆွေ့ယန်အပြင်သွားရမယ်ဆိုတော့ စူးယွီလီမှာစိတ်အေးသွားသည်။ဒါပေမယ့် စိတ်ပျက်ဟန်လေးလုပ်လိုက်ဆဲပင်။
“ခင်ဗျားကအခုပဲသွားတော့မို့လား”
တကယ်တော့ သူအရမ်းအရမ်းအရမ်းပျော်နေတာဖြစ်၏။ သွား! သွား! သွား! ငါ့ကို မနှောင့်ယှက်နဲ့ ! လို့တောင် အော်ထုတ်လိုက်ချင်တယ်!
လင်းဆွေ့ယန်ကတော့ စူးယွီလီစိတ်ထဲ ဘာတွေတွေးနေလဲမသိပေ။ မျက်မှောင်ကြုတ်ထားသူလေးကြောင့် ချစ်မြတ်နိုးစွာဖြင့် စူးယွီလီဆံပင်လေးတွေကို ထိကာ နှစ်သိမ်ဖို့ပြင်၏။
“တောင်းပန်ပါတယ်ကွာ....ဒီနေ့က......”
စူးယွီလီလေး အရမ်းအရမ်းပျော်နေသည်။သူက မော့ကြည့်သလိုဖြင့် လင်းဆွေ့ယန်လက်ကို ရှောင်ကာ နာနာခံခံလေးပြုံးသည်။
“မဟုတ်တာ...ခင်ဗျားအလုပ်ကဘယ်လောက်အရေးကြီးလဲ ကျွန်တော်သိတာပေါ့။အလုပ်ကို အရင်သွားလိုက်နော်။ကျွန်တော် ဒီနားလေးမှာထိုင်ပြီး ခင်ဗျားပြန်လာတာကို စောင့်နေမယ်”
စူးယွီလီမျက်လုံးထဲမှ တွယ်တာမှု၊ယုံကြည်မှုလေးတွေကို ကြည့်နေသည့် လင်းဆွေ့ယန် နှလုံးသားလေး ပျော့ပျောင်းသွားသည်။သူ့နှုတ်ခမ်းထောင့်များက ခပ်ပါးပါးလေး ကော့ညွှတ်တက်သွားပြီး ညင်သာစွာ စကားဆိုလိုက်သည်။
“မင်းအိပ်ချင်ရင် အိပ်လိုက်ပါ။ကိုယ့်ကို စောင့်စရာမလိုဘူး”
“အွန်း”
စူးယွီလီခေါင်းလေးညိမ့်ပြလျက် လင်းဆွေ့ယန် ကျောပြင်ကိုကြည့်ကာ အကျင့်အတိုင်း good night လို့ပြောမိသွားသည်။
အိမ်မှာသူအိပ်တော့မည်ဆိုပါက မိသားစုကိုပဲဖြစ်ဖြစ် သူငယ်ချင်းကိုပဲဖြစ်ဖြစ် good night ဟု ပြောမှ အိပ်ဖြစ်သည် ။ ဒါ သူ့ကလေးဘဝတည်းက အကျင့်ကြီးတစ်ခုပင်။
တံခါးဆီလျှောက်သွားနေသော လင်းဆွေ့ယန်က သူ့စကားသံကြောင့် တန့်သွားပြီး နောက်ပြန်လှည့်လာသည်။
စူးယွီလီ သူ့ကိုမော့ကြည့်လိုက်ကာ-
“ကျွန်တော် မေ့သွား.....”
ရုတ်တရက်ဆိုသလို လင်းဆွေ့ယန်က ကိုယ်တစ်ဝက်ကိုင်း၍ ပုစဉ်းလေးတစ်ကောင်နားသွားသလိုမျိုး နဖူးပေါ် အနမ်းတစ်ပွင့် ပေးလာသည်။ပြီးမှ ကိုယ်ပြန်မတ်၍ သူ့ဆံပင်လေးတွေကို ပွတ်သပ်လာ၏။
“good nightပါ”
လင်းဆွေ့ယန် ထွက်သွားပြီးတာတောင် စူးယွီလီစိတ်ရှုပ်နေဆဲ။သူလက်မြှောက်၍ နဖူးကို ပြန်စမ်းလိုက်သည်။
အခုပဲ အဲ့ဆန်ကုန်မြေလေးကောင်က သူ့ကို နမ်းသွားတာလား?
စူးယွီလီမျက်မှောင်ကြုံ့ကာ သူ့ပထမဆုံးတုံ့ပြန်ချက်က ဒေါသထွက်နေတာမဟုတ်ပေ။ခုနသူ့ကို goodnight လို့ပြောသွားတဲ့ လင်းဆွေ့ယန်မျက်လုံးထဲက အကြည့်တွေကလေ သူ့အစ်ကိုအကြီးဆုံး သူ့ကိုချော့သိပ်တဲ့ အချိန်တွေလိုမျိူး ထိုအချိန်တွေအား သွားသတိရစေသည်။ထိုနက်မှောင် တောက်ပနေသည့် မျက်လုံးများ၌ အချစ်တို့အပြည့်ပင် ။
အချစ်တဲ့လား?
စူးယွီလီမှာ ထိုအတွေးကြောင့် ထိတ်လန့်သွား၏။လင်းဆွေ့ယန်သာ ဝမ်ကျင်းကို ချစ်ခဲ့ရင် ရေနက်ထဲဆွဲချခဲ့မှာမဟုတ်ပါ။
စူးယွီလီသည် မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်လိုက်သည်။ သူခေါင်းမော့၍ မှန်ထဲမှ သူ့ကိုယ်သူ ကြည့်လိုက်သည်။ ရုတ်ခြည်းမှတ်မိသွားတာက ကုမ္ပဏီမှာ အလုပ်ရှိတာမဟုတ်ပေ။စာအုပ်ထဲမှာဆို လင်းဆွေ့ယန်မှာ လှပတဲ့ မင်္ဂလာဦးညလေးရှိခဲ့ပြီး ကုမ္ပဏီမှာဘာမှမဖြစ်ခဲ့ပါ။
ကုန်ကုန်ပြောရရင် ကုမ္ပဏီမှာ ပြဿနာတက်လညရင်တောင် လင်းဆွေ့ယန်လက်အောက်က လူတွေဟာ ပေါ့ပြက်ပြက်သမားတွေမှမဟုတ်ဘဲ။ဘယ်လိုလုပ်ပြီး သူတို့ သူဋ္ဌေးရဲ့ ဒီလိုမျိူးအချိန်ကို ဖျက်ဆီးကြပါ့မလဲ? သူတို့ လုံးဝအလုပ်မလုပ်ချင်မှပဲဖြစ်မယ်။
စူးယွီလီသည် မေးစေ့မှ ရေစက်တွေကို သပ်ချ၍ လှပသည့် မျက်လုံးလေးများကို ကျဉ်းမြောင်းလိုက်သည်။သူ လင်းဆွေ့ယန်နဲ့ တစ်ချိန်လုံးရှိနေခဲ့ပြီး လော်ရှင်းနဲ့ ဆက်သွယ်ခွင့်မပေးခဲ့သဖြင့် ဇာတ်ကြောင်းပြောင်းသွားတာများလား သူသိချင်လာ၏။
လင်းဆွေ့ယန်သွားတာ ကုမ္ပဏီတော့ မဟုတ်တန်ပေ။လော်ရှင်းကို သွားချော့တာသာ ဖြစ်လိမ့်မည်။
စူးယွီလီ အံတင်းတင်းကြိတ်လိုက်၏။
လင်းဆွေ့ယန်က ဘာသဘောလဲ?
ဘယ်နေရာမဆို ထူးချွန်ထင်ရှားလွန်းနေတဲ့သူ့ကိုများ မင်္ဂလာဦးညကြီး ထားသွားရဲတယ်! တကယ် ကန်းနေတဲ့ကောင်!
စူးယွီလီရဲ့ စိတ်အခြေအနေက အတော် ရှုပ်ထွေးနေသည်။ဒီကပ်ဘေးက လွှတ်သွားလို့ သူပျော်နေသင့်ပေမယ့် စိတ်ထဲမှာတော့ ဒေါသတွေချည်းထွက်နေတာ ထိန်းမရ။
သူ့ရဲ့ ဆွဲဆောင်မှုတွေကို လင်းဆွေ့ယန် လျစ်လျူရှုသွားတာက သူ့ကို စော်ကားလိုက်သလိုပဲ!
နောက်ဆုံးတော့ စူးယွီလီ သရော်ပြုံးပြုံးလိုက်တော့သည်။ ဒါပေမယ့် ထပ်ပြီးတွေးမိတာက -
လင်းဆွေ့ယန် မွေးကတည်းက ကန်းနေတဲ့ကောင်!
သူအခုပဲ အိမ်ပြန်ချင်သည်။သူ နည်လမ်းရှာမတွေ့ခင်အထိတော့ သူနဲ့ လင်းဆွေ့ယန်တို့ အချင်းချင်း အသုံးချရုံပဲ ရှိတော့သည်။
လင်းဆွေ့ယန်ရဲ့ နှလုံးသားထဲမှာဘယ်သူရှိရှိ သူနဲ့မသက်ဆိုင်ပါ။ လော်ရှင်းကလည်း အခုချိန်မှာ လင်းဆွေ့ယန်နဲ့ တွဲဖို့ သတ္တိမရှိသေးပေ။
လင်းဆွေ့ယန်ကလည်း ပီပြင်အောင် သူ့ချစ်ဇနီးလေးနှင့် အပြုအမူကောင်းတွေကို တစ်ခြားသူတွေရှေ့မှာ ထိန်းထားဦးမှာဖြစ်သည်။
စူးယွီလီသည် ရှပ်အင်္ကျီချွတ်၍ မှန်ထဲမှ ပိန်းပါးသော အပေါ်ပိုင်းအား ကြည့်လိုက်တယ်။သူ့လက်မောင်းသားတွေအား မကျေမနပ်ညှစ်လိုက်ချိန်.....လုံးလုံး နူးညံ့နေပြီး အားတစ်စက်မှ ရှိမနေပါပေ....
သူ့ကိုယ်သူ သေသေချာချာ စမ်းစစ်ကြည့်မှ သူ့ခန္ဓာကိုယ်ဟာ ကျန်းမာတယ်ပဲ ပြောလို့ရအောင် ပိန်လွန်းနေတာဖြစ်သည်။တကယ်လို သူသာ တစ်ခြားသူနဲ့ ရန်ဖြစ်လို့ကတော့ သောက်ကျိုးတွေ နည်းကုန်တော့မှာပင်။
စူးယွီလီသည် လက်ကောက်ဝတ်တွေကို လှုပ်ရှားလိုက်ပြီး သူ့အချိန်ဇယားထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့ ထပ်ပေါင်းထည့်ရန် ဆုံးဖြတ်လိုက်သည်။သူ မြန်မြန်ပဲ ရေမိုးချိုးပြီး ဆံပင် အခြောက်ခံ၍ နူးညံ့သောစောင်လေးထဲ ဝင်ခွေနေလိုက်တော့သည်။
-
စူးယွီလီတစ်ယောက် အာရုဏ်တက်ချိန် နိုးလာပြီး မရင်းနှီးသော ပတ်ဝန်းကျင်အားကြည့်၍ ငေးကြောင်နေ၏။ခဏနေတော့ သူထထိုင်၍ ဆံပင်တွေ ဆွဲဖွကာ ပိုရှုပ်သွားစေလိုက်သည်။
ကြည့်ရတာ အိမ်ပြန်လို့မရနိုင်သေးပုံပင်။စူးယွီလီလည်း စောင်တွေကို တွန်းဖယ်၍ ရေချိုးခန်းဝင်လိုက်သည်။
စူးယွီလီသည် ရေချိုးပြီးသည်နှင့် အဝတ်အစားလဲကာ အောက်ထပ်သို့ ဆင်လာသည်။မနက်စာက အဆင့်သင့်ရှိနေပြီဖြစ်၏။စားပွဲ၌ အနောက်တိုင်းဝတ်စုံနှင့်သားရေရှူးဖိနပ်တို့ စီးထားသည့် လင်းဆွေ့ယန်က သူ့ကို ထိုင်စောင့်နေလေသည်။
မနေ့ကတွေ့ပြီးပြီဆိုပေမယ့် ဒီနေ့ထပ်ကြည့်ပြန်တော့လည်း လင်းဆွေ့ယန်က ချောနေဆဲဖြစ်ကြောင်း စူးယွီလီလက်ခံရမည်ဖြစ်သည်။
လင်းဆွေ့ယန်အကြောင်း တွေးနေမိကြောင်း သဘောပေါက်သွားချိန်မှာတော့ စူးယွီလီ၏နှုတ်ခမ်းများက မနှစ်မြို့စွာ ရှုံ့တွသွားတော့သည်.....
ခြေသံကြားတာနဲ့ လင်းဆွေ့ယန်က ခေါင်းမော့လာပြီး စူးယွီလီကို ပြုံးပြလာ၏။
“Good morning”
<<
>>
စော်ကားလိုက်သလိုပဲလို့ ပြောတဲ့အခန်းမှာ တစ်စုံတစ်ယောက်ကို သွားသတိရမိ😂
စူးစူးတို့ကတော့ သူပဲ မယိမ်းယိုင်ဘူး ဘာဘူးနဲ့ အတွေးတွေက ကျွန်မတို့လိုပဲ😄 ဟိုက ဘာမှ မလုပ်တော့ အိမ်တောင်ပြန်ချင်နေပြီ ဟိုကလုပ်ရင်လည်း သူကကာကွယ်ဦးမယ်(◡ ω ◡)
★Spoil တွေမမန့်ကြပါနဲ့ နော်★
********************
Zawgyi
လင္းေဆြ႕ယန္သည္ အသံၾကားသည္ႏွင့္ တစ္ပတ္လွည့္ၾကည့္လိုက္ခ်ိန္ စူးယြီလီက မလွမ္းမကမ္းေနရာေလးမွ ရပ္၍ သူ႕ကို လက္ေဝ့ယမ္းျပေနသည္။သူ႕မ်က္လုံးေလးမ်ားထဲမွ လင္းလက္မႈဟာဆိုရင္ ေႏြညေကာင္းကင္ထက္မွာ ျပန္႔က်ဲေနသည့္ ၾကယ္ေရာင္စုံထက္ေတာင္ ပိုေတာက္ပေန၏။
တစ္ျခားသူေတြရဲ႕ မ်က္လုံးထဲမွာ မဆိုထားႏွင့္ လင္းေဆြ႕ယန္ရဲ႕ မ်က္လုံးထဲမွာေတာင္ စူးယြီလီမ်က္လုံးထဲမွ လင္းေဆြ႕ယန္အတြက္ ခ်စ္ခင္တြယ္တာမႈေလးေတြျပည့္ေနေၾကာင္း ေတြ႕ေနရ၏။စူးယြီလီ၏ စိတ္ထဲမွာေတာ့ ဆိုး႐ြားတဲ့ အၾကံေတြဆင္ေနေၾကာင္း သူ႕ကိုယ္သူသာသိသည္။
စူးယြီလီရဲ႕ လွမ္းေခၚမႈက လင္းေဆြ႕ယန္ကိုသာမက ေဘးမွလူမ်ား၏ အာ႐ုံကိုပါဖမ္းစားသြား၏။စူးယြီလီ ေမွ်ာ္လင့္ထားသလိုပင္ လင္းေဆြ႕ယန္က အလ်င္စလိုေလာ္႐ွင္းကို လႊတ္ခ်လိုက္ကာ လႊားခနဲေက်ာ္ခြ၍ ေလွ်ာက္လာသည္။
စူးယြီလီမွာ ခ်စ္ျခင္းေမတၱာႏွင့္ ခ်ိဳၿမိန္မႈေတြ ေရာယွက္ျပည့္ႏွက္ေနသည့္ ပုံေလးျဖစ္ေနေသာ္ျငား စိတ္ထဲမွာေတာ့ ႏွာမႈတ္ေနမိတယ္။လင္းေဆြ႕ယန္က ေလာ္႐ွင္းကို ကြာကြယ္ၿပီး ေဝဒနာႀကီးႀကီးေပးခဲ့ၿပီ။ သူစိမ္းေတြေ႐ွ႕မွာ အခ်စ္႐ူးေနတဲ့ လူႀကီးေနရာက သ႐ုပ္ေဆာင္ဖို႔အတြက္နဲ႔ သူ႕အသည္းအသက္ေလး နာက်င္သြားမွာကိုေတာင္ ေၾကာက္မေနခဲ့ပါ။
စူးယြီလီသည္ မလႈပ္မယွက္ျဖစ္ေနသည့္ ေလာ္႐ွင္းဘက္လွမ္းၾကည့္လိုက္ခ်ိန္ သဝန္တိုေနသည့္ ေလာ္႐ွင္းကို ေတြ႕လိုက္ရ၏။သို႔ေသာ္ သူက တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနဆဲပင္။ထို႔ေၾကာင့္ စူးယြီလီစိတ္ထဲ နည္းနည္းေတာင္ေပ်ာ္လာမိ၏။
သူအခု ဝမ္က်င္းျဖစ္ေနၿပီေလ။ဘယ္သူမွ သူ႕ကို စိတ္ပ်က္စရာေကာင္းတယ္ထင္ၾကမွာမဟုတ္။
စူးယြီလီသည္ ေလာ္႐ွင္းကို လ်စ္လ်ဴ႐ႈ၍ အေဝးကို အၾကည့္လႊဲလိုက္တယ္။လင္းေဆြ႕ယန္အနားေရာက္လာသည့္ အခ်ိန္ လင္းေဆြ႕ယန္ရဲ႕ လက္ေမာင္းကို တယုတယ ဆြဲယူလိုက္ၿပီး ျပဳံး႐ႊင္စြာႏွင့္-
“ေယာက်္ား...ကြၽန္ေတာ္ခုနက စီနီယာနဲ႔ အရင္အေၾကာင္းေလးေတြေျပာေနရင္းၾကာသြားလို႔ ေယာက်္ားကို ေစာင့္ေစခဲ့မိရင္ ေတာင္းပန္ပါတယ္ေနာ္”
လင္းေဆြ႕ယန္သည္ ပါးလ်ေသာ မ်က္ခုံးမ်ားကိုပင့္၍ မုလန္ထံသို႔ အျပဳံးတစ္ခုႏွင့္ လွမ္းၾကည့္သည္။
“စီနီယာဆိုပါလား?”
မုလန္ကျပဳံးရင္းျပန္ေျပာေလသည္ ။
“ဝမ္က်င္းနဲ႔စကားေျပာၾကည့္ေတာ့မွ သူလည္းAတကၠသိုလ္က ေက်ာင္းသားတစ္ေယာက္ဆိုတာသိလိုက္ရတယ္ေလ။အဲ့တာေၾကာင့္ သူက ငါ့ကို စီနီယာလို႔ေခၚတာ”
လင္းေဆြ႕ယန္ ျပဳံးလိုက္၏။
“ဪ”
ခဏေလာက္စကားေျပာၾကၿပီးေနာက္ စူးယြီလီသည္ ယစ္ၿပီး ဟိုဟိုဒီဒီေလွ်ာက္ ေျပာေနသည့္ လင္းေဆြ႕ယန္အား အေဝးဆြဲထုတ္သြားေတာ့သည္။
စူးယြီလီႏွင့္ လင္းေဆြ႕ယန္တို႔ ထြက္သြားၾကၿပီးေနာက္ မုလန္သည္ ထိုလူႏွစ္ေယာက္၏ ေက်ာအား စိုက္ၾကည့္ေနေလသည္။သူ႕မ်က္ႏွာေပၚမွ အျပဳံးသည္ တျဖည္းျဖည္း မွိန္ေဖ်ာ့လာၿပီး လက္ထဲမွ ဝိုက္ခြက္အား လွည့္ေန၏။ထိုလူႏွစ္ေယာက္ကိုၾကည့္ေနသည့္ သူ႕အၾကည့္ေတြက အဓိပၸါယ္ဖြင့္ဆိုရခက္လြန္းေနခဲ့သည္။
ေနာက္ဆုံးေတာ့ သူသည္ ဝိုင္ခြက္အား ေမာ့ေသာက္လိုက္ေတာ့သည္။
စူးယြီလီသည္ လင္းေဆြ႕ယန္ႏွင့္ေလာ္႐ွင္းအား အတူ႐ွိေနခြင့္မေပးဘဲ မဂၤလာပြဲၿပီးသည္အထိ ကိုယ္ခ်င္းဆက္အမႊာလိုလင္းေဆြ႕ယန္အနားမွာပဲ ကပ္ေနခဲ့၏။
အားလုံးၿပီးစီးသြားသည့္ အခ်ိန္၌ စူးယြီလီတစ္ေယာက္ လင္းမိသားစုဆီ ျပန္ရ၏။သူ႕အခန္းထဲေရာက္တာနဲ႔ အိပ္ရာေပၚပစ္လွဲခ်လိုက္သည္။ သူ႕လက္တစ္ေခ်ာင္းေတာင္ မလႈပ္ႏိုင္ေတာ့ေပ။လည္စည္းအား ေျဖေလ်ာ့လိုက္ရင္း မဂၤလာပြဲက အရမ္းစိတ္ညစ္စရာေကာင္းလြန္းတယ္ဟု သူ႕ဘာသာ ေတြးမိ၏။ ရယ္ျပရလြန္း၍ သူ႕မ်က္ႏွာႀကီးပါ ေတာင့္ေနၿပီျဖစ္သည္။
စူးယြီလီ၏မ်က္ခြံေတြ ေလလံေနၿပီး ဒီတိုင္းပဲ အိပ္ပစ္လိုက္ခ်င္ေသာ္လည္း ငယ္ငယ္တည္းက တစ္ကိုယ္ရည္သန္႔႐ွင္းၿပီးမွ အိပ္တတ္သည့္ အက်င့္ႀကီးေၾကာင့္ အိပ္မရခဲ့ပါ။
စူးယြီလီဟာ အိပ္ခ်င္မူးတူးနဲ႔ပဲ ထရပ္လိုက္၏။သူ႕ဝတ္စုံအား ခြၽတ္ၿပီး နက္တိုင္ျဖည္ေနသည့္ အခ်ိန္ "ကလစ္" ခနဲ အသံတိုးတိုးေလးကို ၾကားလိုက္ရသည္။သူလွည့္ၾကည့္လိုက္ေတာ့ လင္းေဆြ႕ယန္ အခန္းထဲဝင္လာျခင္းျဖစ္ေန၏။
စူးယြီလီ မ်က္ေမွာင္ၾကဳံ႕ၿပီး အခန္းထဲဝင္လာသည့္ လူကို ၾကည့္လိုက္ကာ-
“အခန္းထဲဝင္တာ ဘာျဖစ္လို႔ တံခါးမေခါက္တာလဲ”
လင္းေဆြ႕ယန္တစ္ေယာက္ အဲ့လို အေျပာခံရမယ္ မထင္ထားခဲ့။သူနည္းနည္းအံ့ဩသြားေသာ္လည္း မႏိုင္သည့္ အျပဳံးေလး မ်က္ႏွာေပၚ ထင္ဟပ္လာသည္။သူက ေနာက္ျပန္ဆုတ္၍ အခန္းတံခါးအား ႏွစ္ခ်က္ေခါက္ကာ ေႏြးေထြးသည့္ အသံျဖင့္ ဆိုသည္။
“ကိုယ္ဝင္လာလို႔ရမလား”
လင္းေဆြ႕ယန္၏အကူအညီမဲ့ေနသည့္အျပဳံးေလးေရာ ခ်စ္ျခင္းမွာ ေပ်ာ္ဝင္ေနသည့္အျပဳံးေလးကပါ အမွန္တကယ္ကို ခန္႔ညားလြန္းလွသည္ကိုေတာ့ျဖင့္ ဝန္ခံရေပမည္။ဒါေပမယ့္ စူးယြီလီဆိုတာ ဒီဆန္ကုန္ေျမေလးေကာင္ေၾကာင့္ ယိမ္းယိုင္းသြားမဲ့ သူမ်ိဳးမွ မဟုတ္ေလဘဲ။သူသည္ အေဝးကိုသာ အၾကည့္ပို႔ရင္း စိတ္ထဲ၌ ေအးစက္စြာ ႏွာေခါင္း႐ႈံ႕မိေခ်သည္။သူ႕ဇာတ္ေကာင္ပ်က္စီးသြားမွာ ေၾကာက္လို႔သာ ျငင္ျငင္သာသာဟန္ေလး သ႐ုပ္ေဆာင္ေနရျခင္းပင္။သူ စီးပြားေရးေလာကထဲ မဝင္လိုက္ရတာေတာ့ သိပ္နာတယ္။
စူးယြီလီသည္ ထိုအေၾကာင္းေတြးေနရင္း သူမုန္းေနတဲ့ အေၾကာင္း လင္းေဆြ႕ယန္ မရိပ္မိသြားဖို႔ မ်က္ႏွာေၾကာ ထိန္းေနရေသး၏။
စူးယြီလီတစ္ေယာက္ ႏႈတ္ခမ္းစြန္းေတြ ပင့္တင္လိုက္သျဖင့္ မ်က္လုံးေလးမ်ားကလည္း အထက္သို႔ ေကာ့ၫႊတ္သြားေလသည္။သူသည္ ကစားလိုဟန္အျပည့္ျဖင့္ ယဥ္ယဥ္ေက်းေက်းေလးျပန္ေျဖလိုက္သည္။
“ဝင္လာခဲ့ပါ”
လင္းေဆြ႕ယန္သည္ စူးယြီလီအနားသို႔ ေလွ်ာက္သြားလိုက္ၿပီး တစ္ဖက္လူအခုမွ အိပ္ရာေပၚပစ္ထုတ္လိုက္သည့္ ကုတ္အက်ႌအား ၾကည့္ကာ ေမးလိုက္တယ္။
“မင္းေရခ်ိဳးေတာ့မို႔လား”
“အင္း”
စူးယြီလီတစ္ေယာက္ ေခါင္းညိမ့္ျပလိုက္ၿပီးမွ စိတ္ထဲ ေခါင္းေလာင္းသံေတြ တေဒါင္ေဒါင္ ျမည္လာသည္။သူ ျပတင္းေပါက္ကိုလွမ္းၾကည့္လိုက္ေတာ့ ညေရာက္ေနၿပီျဖစ္၏။ ဆိုေတာ့ ဒီညက သူတို႔ မဂၤလာဦးညေပါ့ေနာ္....
"အစားထိုး" စာအုပ္ထဲမွ လင္းေဆြ႕ယန္နဲ႔ဝမ္က်င္းတို႔ မဂၤလာဦးညအေၾကာင္း စာေရးသူေရးထားသည့္အား စူးယြီလီသတိရသြား၏။အရမ္းလွပတယ္လို႔ ေျပာလို႔ရသည့္ ညတစ္ညပင္။
ဒီအင္ႏိုးစန္႔ လူပ်ိဳေပါက္ေလး ရဲ႕ ပါးေလးေတြ နီရဲလာၿပီေနာ္........မေတြးဘဲကို မေနႏိုင္ေတာ့ဘူးလို႔.......
အိပ္မက္မက္ေနတာပါလို႔ ေတြးမိတဲ့အခ်ိန္တုန္းကေတာ့ စူးယြီလီနည္းနည္း ေမွ်ာ္လင့္မိခဲ့သည္။အခုအမွန္ကို သိသြားခ်ိန္ စူးယြီလီစိတ္ထဲမွာ ျငင္းဆန္မႈေပါင္းရာခ်ီေနၿပီျဖစ္၏။သူ ဒီဆန္ကုန္ေျမေလးေကာင္နဲ႔ အိပ္ရာေပၚမွာမလူးလိမ့္ႏိုင္ေပ။သူ႕မွာေရာဂါရလာရင္ေရာ? ဘယ္သူမွ အတတ္ေျပာႏိုင္တာမဟုတ္ဘူးေလ။
စာအုပ္ထဲမွာေတာ့ ေရးထားတာကေတာ့ လင္းေဆြ႕ယန္သည္ သူ႕စိတ္ႏွလုံး ေလာ္႐ွင္းထုံးႏွလုံးမူထားသျဖင့္ သူ႕ကိုယ္သူ သန္႔႐ွင္းေအာင္ေနၿပီး တစ္ျခားဘယ္သူ႕ကိုမွ မထိခဲ့ေပ။ စူးယြီလီကေတာ့ သေဘာမက်ေနဆဲပင္။
ဒါေပမယ့္လည္း ေျပာၾကေၾကးဆို လင္းေဆြ႕ယန္ရဲ႕ အေနအထားမ်ိဳးႏွင့္ အခုလိုမ်ိဳးအသက္ ႏွစ္ဆယ့္ေျခာက္ႏွစ္႐ွိေနတာေတာင္ လိင္မဆက္ဆံဖူးဘူးဆိုတာက အရမ္းသန္႔စင္လြန္းအားႀကီးေနၿပီေလ။
စူးယြီလီမွာ စိတ္ေတြပ်ံ႕လြင့္ေနလ်က္။ဒီလင္းေဆြ႕ယန္က သီအိုရီကိုသာ သိေနသည္ဆိုေသာ္လည္း သူစေကးေတြကေတာ့ ေလ့က်င့္စရာမလိုဘဲနဲ႔ကို ထိပ္တန္းျဖစ္ေနသည္။အင္းေပါ့ေလ ဇာတ္လိုက္တစ္ေယာက္အတြက္ဆို ဒါက မ႐ွိမျဖစ္အရည္အခ်င္းပဲ မဟုတ္ပါလား?
သူ႕ဘာသာေတြးေနရင္း သူ႕ဘာသာအေတြးေပါက္ကာ စူးယြီလီရဲ႕ ပါးေလးေတြ ရဲသြား၏။ သူ႕ေခါင္းကို ယမ္းရင္း ထိုက်န္းမာေရးနဲ႔ မညီၫႊတ္တဲ့အရာေတြအား အေတြးထဲမွ ထုတ္လိုက္သည္။
စူးယြီလီ အာ႐ုံပ်ံ႕လြင့္ေနသည္ကို သတိထားမိသြားသည့္ လင္းေဆြ႕ယန္က ေနမေကာင္းဘူးထင္ကာ နဖူးေပၚ လက္တင္ကာ စမ္းလိုက္မိသည္။
“ေနမေကာင္းဘူးလား”
လင္းေဆြ႕ယန္၏လက္ေခ်ာင္းမ်ားက သြယ္လ်ၿပီး အင္အားျပည့္ကာ ေႏြးေႏြးေလးျဖစ္၏။သူ႕လက္မ်ားက စူးယြီလီကို ေလာင္ကြၽမ္းေတာ့မလိုမ်ိဳး ခံစားရေစသည္။လက္က သူ႕နဖူးကို ထိ႐ုံ႐ွိေသး ဆတ္ခနဲ ေနာက္ဆုတ္မိသြားသည္။သူေမ့သြားသည္မွာ သူခုနက ကုတင္အစြန္းမွာ ရပ္ေနျခင္းျဖစ္၍ ေနာက္ဆုတ္လိုက္သည္ႏွင့္ အိပ္ရာေပၚ တန္းလဲက်သြားေတာ့သည္။
စူးယြီလီမွာ တစ္ျခားအရာေတြ ေတြးေတာႏိုင္စြမ္းမ႐ွိေတာ့ဘဲ လက္ႏွစ္ဖက္အား ၾကက္ေျခခတ္ပုံစံျဖင့္ ရင္ဘက္ေ႐ွ႕ကာကာ ကာကြယ္မည့္ပုံစံခ်က္ခ်င္းျပင္လိုက္သည္။
စူးယြီလီ၏ အမူအရာအတြဲလိုက္ႀကီးေရာ နီရဲရဲနား႐ြက္ေလးမ်ားကိုပါ ငုံ႔ၾကည့္ေနသည့္ လင္းေဆြ႕ယန္၏ မ်က္လုံးအိမ္ေအာက္ေျခ၌ ႏူးညံ့ညံ့အျပဳံးေလး ေပၚထြက္လာသည္။
သူက ႐ွက္ေနတာပဲကိုး.....
“ခုနပဲ ကုမၸဏီကဖုန္းဝင္လာတယ္။အေရးႀကီး အလုပ္တစ္ခ်ိဳ႕ လုပ္စရာ႐ွိလို႔တဲ့။ကိုယ္အခုပဲ အဲ့ကို သြားမွရမယ္”လင္းေဆြ႕ယန္ေျပာလိုက္သည္။
လင္းေဆြ႕ယန္အျပင္သြားရမယ္ဆိုေတာ့ စူးယြီလီမွာစိတ္ေအးသြားသည္။ဒါေပမယ့္ စိတ္ပ်က္ဟန္ေလးလုပ္လိုက္ဆဲပင္။
“ခင္ဗ်ားကအခုပဲသြားေတာ့မို႔လား”
တကယ္ေတာ့ သူအရမ္းအရမ္းအရမ္းေပ်ာ္ေနတာျဖစ္၏။ သြား! သြား! သြား! ငါ့ကို မေႏွာင့္ယွက္နဲ႔ ! လို႔ေတာင္ ေအာ္ထုတ္လိုက္ခ်င္တယ္!
လင္းေဆြ႕ယန္ကေတာ့ စူးယြီလီစိတ္ထဲ ဘာေတြေတြးေနလဲမသိေပ။ မ်က္ေမွာင္ၾကဳတ္ထားသူေလးေၾကာင့္ ခ်စ္ျမတ္ႏိုးစြာျဖင့္ စူးယြီလီဆံပင္ေလးေတြကို ထိကာ ႏွစ္သိမ္ဖို႔ျပင္၏။
“ေတာင္းပန္ပါတယ္ကြာ....ဒီေန႔က......”
စူးယြီလီေလး အရမ္းအရမ္းေပ်ာ္ေနသည္။သူက ေမာ့ၾကည့္သလိုျဖင့္ လင္းေဆြ႕ယန္လက္ကို ေ႐ွာင္ကာ နာနာခံခံေလးျပဳံးသည္။
“မဟုတ္တာ...ခင္ဗ်ားအလုပ္ကဘယ္ေလာက္အေရးႀကီးလဲ ကြၽန္ေတာ္သိတာေပါ့။အလုပ္ကို အရင္သြားလိုက္ေနာ္။ကြၽန္ေတာ္ ဒီနားေလးမွာထိုင္ၿပီး ခင္ဗ်ားျပန္လာတာကို ေစာင့္ေနမယ္”
စူးယြီလီမ်က္လုံးထဲမွ တြယ္တာမႈ၊ယုံၾကည္မႈေလးေတြကို ၾကည့္ေနသည့္ လင္းေဆြ႕ယန္ ႏွလုံးသားေလး ေပ်ာ့ေပ်ာင္းသြားသည္။သူ႕ႏႈတ္ခမ္းေထာင့္မ်ားက ခပ္ပါးပါးေလး ေကာ့ၫႊတ္တက္သြားၿပီး ညင္သာစြာ စကားဆိုလိုက္သည္။
“မင္းအိပ္ခ်င္ရင္ အိပ္လိုက္ပါ။ကိုယ့္ကို ေစာင့္စရာမလိုဘူး”
“အြန္း”
စူးယြီလီေခါင္းေလးညိမ့္ျပလ်က္ လင္းေဆြ႕ယန္ ေက်ာျပင္ကိုၾကည့္ကာ အက်င့္အတိုင္း good night လို႔ေျပာမိသြားသည္။
အိမ္မွာသူအိပ္ေတာ့မည္ဆိုပါက မိသားစုကိုပဲျဖစ္ျဖစ္ သူငယ္ခ်င္းကိုပဲျဖစ္ျဖစ္ good night ဟု ေျပာမွ အိပ္ျဖစ္သည္ ။ ဒါ သူ႕ကေလးဘဝတည္းက အက်င့္ႀကီးတစ္ခုပင္။
တံခါးဆီေလွ်ာက္သြားေနေသာ လင္းေဆြ႕ယန္က သူ႕စကားသံေၾကာင့္ တန္႔သြားၿပီး ေနာက္ျပန္လွည့္လာသည္။
စူးယြီလီ သူ႕ကိုေမာ့ၾကည့္လိုက္ကာ-
“ကြၽန္ေတာ္ ေမ့သြား.....”
႐ုတ္တရက္ဆိုသလို လင္းေဆြ႕ယန္က ကိုယ္တစ္ဝက္ကိုင္း၍ ပုစဥ္းေလးတစ္ေကာင္နားသြားသလိုမ်ိဳး နဖူးေပၚ အနမ္းတစ္ပြင့္ ေပးလာသည္။ၿပီးမွ ကိုယ္ျပန္မတ္၍ သူ႕ဆံပင္ေလးေတြကို ပြတ္သပ္လာ၏။
“good nightပါ”
လင္းေဆြ႕ယန္ ထြက္သြားၿပီးတာေတာင္ စူးယြီလီစိတ္႐ႈပ္ေနဆဲ။သူလက္ေျမႇာက္၍ နဖူးကို ျပန္စမ္းလိုက္သည္။
အခုပဲ အဲ့ဆန္ကုန္ေျမေလးေကာင္က သူ႕ကို နမ္းသြားတာလား?
စူးယြီလီမ်က္ေမွာင္ၾကဳံ႕ကာ သူ႕ပထမဆုံးတုံ႔ျပန္ခ်က္က ေဒါသထြက္ေနတာမဟုတ္ေပ။ခုနသူ႕ကို goodnight လို႔ေျပာသြားတဲ့ လင္းေဆြ႕ယန္မ်က္လုံးထဲက အၾကည့္ေတြကေလ သူ႕အစ္ကိုအႀကီးဆုံး သူ႕ကိုေခ်ာ့သိပ္တဲ့ အခ်ိန္ေတြလိုမ်ိဴး ထိုအခ်ိန္ေတြအား သြားသတိရေစသည္။ထိုနက္ေမွာင္ ေတာက္ပေနသည့္ မ်က္လုံးမ်ား၌ အခ်စ္တို႔အျပည့္ပင္ ။
အခ်စ္တဲ့လား?
စူးယြီလီမွာ ထိုအေတြးေၾကာင့္ ထိတ္လန္႔သြား၏။လင္းေဆြ႕ယန္သာ ဝမ္က်င္းကို ခ်စ္ခဲ့ရင္ ေရနက္ထဲဆြဲခ်ခဲ့မွာမဟုတ္ပါ။
စူးယြီလီသည္ မ်က္ႏွာသစ္ဖို႔ ေရခ်ိဳးခန္းထဲ ဝင္လိုက္သည္။ သူေခါင္းေမာ့၍ မွန္ထဲမွ သူ႕ကိုယ္သူ ၾကည့္လိုက္သည္။ ႐ုတ္ျခည္းမွတ္မိသြားတာက ကုမၸဏီမွာ အလုပ္႐ွိတာမဟုတ္ေပ။စာအုပ္ထဲမွာဆို လင္းေဆြ႕ယန္မွာ လွပတဲ့ မဂၤလာဦးညေလး႐ွိခဲ့ၿပီး ကုမၸဏီမွာဘာမွမျဖစ္ခဲ့ပါ။
ကုန္ကုန္ေျပာရရင္ ကုမၸဏီမွာ ျပႆနာတက္လညရင္ေတာင္ လင္းေဆြ႕ယန္လက္ေအာက္က လူေတြဟာ ေပါ့ျပက္ျပက္သမားေတြမွမဟုတ္ဘဲ။ဘယ္လိုလုပ္ၿပီး သူတို႔ သူေ႒းရဲ႕ ဒီလိုမ်ိဴးအခ်ိန္ကို ဖ်က္ဆီးၾကပါ့မလဲ? သူတို႔ လုံးဝအလုပ္မလုပ္ခ်င္မွပဲျဖစ္မယ္။
စူးယြီလီသည္ ေမးေစ့မွ ေရစက္ေတြကို သပ္ခ်၍ လွပသည့္ မ်က္လုံးေလးမ်ားကို က်ဥ္းေျမာင္းလိုက္သည္။သူ လင္းေဆြ႕ယန္နဲ႔ တစ္ခ်ိန္လုံး႐ွိေနခဲ့ၿပီး ေလာ္႐ွင္းနဲ႔ ဆက္သြယ္ခြင့္မေပးခဲ့သျဖင့္ ဇာတ္ေၾကာင္းေျပာင္းသြားတာမ်ားလား သူသိခ်င္လာ၏။
လင္းေဆြ႕ယန္သြားတာ ကုမၸဏီေတာ့ မဟုတ္တန္ေပ။ေလာ္႐ွင္းကို သြားေခ်ာ့တာသာ ျဖစ္လိမ့္မည္။
စူးယြီလီ အံတင္းတင္းႀကိတ္လိုက္၏။
လင္းေဆြ႕ယန္က ဘာသေဘာလဲ?
ဘယ္ေနရာမဆို ထူးခြၽန္ထင္႐ွားလြန္းေနတဲ့သူ႕ကိုမ်ား မဂၤလာဦးညႀကီး ထားသြားရဲတယ္! တကယ္ ကန္းေနတဲ့ေကာင္!
စူးယြီလီရဲ႕ စိတ္အေျခအေနက အေတာ္ ႐ႈပ္ေထြးေနသည္။ဒီကပ္ေဘးက လႊတ္သြားလို႔ သူေပ်ာ္ေနသင့္ေပမယ့္ စိတ္ထဲမွာေတာ့ ေဒါသေတြခ်ည္းထြက္ေနတာ ထိန္းမရ။
သူ႕ရဲ႕ ဆြဲေဆာင္မႈေတြကို လင္းေဆြ႕ယန္ လ်စ္လ်ဴ႐ႈသြားတာက သူ႕ကို ေစာ္ကားလိုက္သလိုပဲ!
ေနာက္ဆုံးေတာ့ စူးယြီလီ သေရာ္ျပဳံးျပဳံးလိုက္ေတာ့သည္။ ဒါေပမယ့္ ထပ္ၿပီးေတြးမိတာက -
လင္းေဆြ႕ယန္ ေမြးကတည္းက ကန္းေနတဲ့ေကာင္!
သူအခုပဲ အိမ္ျပန္ခ်င္သည္။သူ နည္လမ္း႐ွာမေတြ႕ခင္အထိေတာ့ သူနဲ႔ လင္းေဆြ႕ယန္တို႔ အခ်င္းခ်င္း အသုံးခ်႐ုံပဲ ႐ွိေတာ့သည္။
လင္းေဆြ႕ယန္ရဲ႕ ႏွလုံးသားထဲမွာဘယ္သူ႐ွိ႐ွိ သူနဲ႔မသက္ဆိုင္ပါ။ ေလာ္႐ွင္းကလည္း အခုခ်ိန္မွာ လင္းေဆြ႕ယန္နဲ႔ တြဲဖို႔ သတၱိမ႐ွိေသးေပ။
လင္းေဆြ႕ယန္ကလည္း ပီျပင္ေအာင္ သူ႕ခ်စ္ဇနီးေလးႏွင့္ အျပဳအမူေကာင္းေတြကို တစ္ျခားသူေတြေ႐ွ႕မွာ ထိန္းထားဦးမွာျဖစ္သည္။
စူးယြီလီသည္ ႐ွပ္အက်ႌခြၽတ္၍ မွန္ထဲမွ ပိန္းပါးေသာ အေပၚပိုင္းအား ၾကည့္လိုက္တယ္။သူ႕လက္ေမာင္းသားေတြအား မေက်မနပ္ညႇစ္လိုက္ခ်ိန္.....လုံးလုံး ႏူးညံ့ေနၿပီး အားတစ္စက္မွ ႐ွိမေနပါေပ....
သူ႕ကိုယ္သူ ေသေသခ်ာခ်ာ စမ္းစစ္ၾကည့္မွ သူ႕ခႏၶာကိုယ္ဟာ က်န္းမာတယ္ပဲ ေျပာလို႔ရေအာင္ ပိန္လြန္းေနတာျဖစ္သည္။တကယ္လို သူသာ တစ္ျခားသူနဲ႔ ရန္ျဖစ္လို႔ကေတာ့ ေသာက္က်ိဳးေတြ နည္းကုန္ေတာ့မွာပင္။
စူးယြီလီသည္ လက္ေကာက္ဝတ္ေတြကို လႈပ္႐ွားလိုက္ၿပီး သူ႕အခ်ိန္ဇယားထဲမွာ ေလ့က်င့္ခန္းလုပ္ဖို႔ ထပ္ေပါင္းထည့္ရန္ ဆုံးျဖတ္လိုက္သည္။သူ ျမန္ျမန္ပဲ ေရမိုးခ်ိဳးၿပီး ဆံပင္ အေျခာက္ခံ၍ ႏူးညံ့ေသာေစာင္ေလးထဲ ဝင္ေခြေနလိုက္ေတာ့သည္။
-
စူးယြီလီတစ္ေယာက္ အာ႐ုဏ္တက္ခ်ိန္ ႏိုးလာၿပီး မရင္းႏွီးေသာ ပတ္ဝန္းက်င္အားၾကည့္၍ ေငးေၾကာင္ေန၏။ခဏေနေတာ့ သူထထိုင္၍ ဆံပင္ေတြ ဆြဲဖြကာ ပို႐ႈပ္သြားေစလိုက္သည္။
ၾကည့္ရတာ အိမ္ျပန္လို႔မရႏိုင္ေသးပုံပင္။စူးယြီလီလည္း ေစာင္ေတြကို တြန္းဖယ္၍ ေရခ်ိဳးခန္းဝင္လိုက္သည္။
စူးယြီလီသည္ ေရခ်ိဳးၿပီးသည္ႏွင့္ အဝတ္အစားလဲကာ ေအာက္ထပ္သို႔ ဆင္လာသည္။မနက္စာက အဆင့္သင့္႐ွိေနၿပီျဖစ္၏။စားပြဲ၌ အေနာက္တိုင္းဝတ္စုံႏွင့္သားေရ႐ွဴးဖိနပ္တို႔ စီးထားသည့္ လင္းေဆြ႕ယန္က သူ႕ကို ထိုင္ေစာင့္ေနေလသည္။
မေန႔ကေတြ႕ၿပီးၿပီဆိုေပမယ့္ ဒီေန႔ထပ္ၾကည့္ျပန္ေတာ့လည္း လင္းေဆြ႕ယန္က ေခ်ာေနဆဲျဖစ္ေၾကာင္း စူးယြီလီလက္ခံရမည္ျဖစ္သည္။
လင္းေဆြ႕ယန္အေၾကာင္း ေတြးေနမိေၾကာင္း သေဘာေပါက္သြားခ်ိန္မွာေတာ့ စူးယြီလီ၏ႏႈတ္ခမ္းမ်ားက မႏွစ္ၿမိဳ႕စြာ ႐ႈံ႕တြသြားေတာ့သည္.....
ေျခသံၾကားတာနဲ႔ လင္းေဆြ႕ယန္က ေခါင္းေမာ့လာၿပီး စူးယြီလီကို ျပဳံးျပလာ၏။
“Good morning”
<<
>>
စူးစူးတို႔ကေတာ့ သူဘဲ မယိမ္းယိုင္ဘူး ဘာဘူးနဲ႔ အေတြးေတြက ကြၽန္မတို႔လိုပဲ😄 ဟိုက ဘာမွ မလုပ္ေတာ့ အိမ္ေတာင္ျပန္ခ်င္ေနၿပီ ဟိုကလုပ္ရင္လည္း သူကကာကြယ္ဦးမယ္(◡ ω ◡)
★Spoil ေတြမမန္႔ၾကပါနဲ႔ ေနာ္★
********************