"ရားး လင်းရောင်ခြည်!"
သစ်မေနဲ့လင်းတို့ မနက်စာပြင်နေကြတုန်း အပေါ်ထပ်အခန်းက ကိုးငယ်အသံကြောင့် လင်းကို လှမ်းကြည့်တော့....
"ဟီး စောင်တွေနဲ့လုံးပေးထားခဲ့တာ ကိုးကို"
"ကိုးကိုကွာ ပူနေမှာပေါ့ သွားဖြည်ပေးချည်"
"တီသစ် သွားလိုက်တာပိုကောင်းမယ်ရယ်"
"အဟင်း သိနေတယ်နော် သူ့ရန်လုပ်မှာကြောက်တိုင်း"
"တီသစ်ကလည်း"
တူမတော်ကို မျက်စောင်းထိုးထားခဲ့ပြီး သစ်မေအပေါ်တက်ခဲ့လိုက်သည်။
အပေါ်က ကိုးငယ် ဘယ်လောက်ပူနေမယ်မသိ။
မီးပျက်သွား၍ airconမရှိတော့သော အခန်းထဲ စောင်နဲ့လုံးခံထားရတော့ စိတ်လေးကတိုနေရောပေါ့။
ကျွီ!
"အမေ့! အိုကွယ် ကိုးငယ်"
သစ်မေ ကိုးငယ်အခန်းကို ခေါက်မယ်ပြုတဲ့ လက်ကို အထဲကနေ ဆွဲကာ အိပ်ယာပေါ် အလှဲခံလိုက်ရရင်း အုပ်မိုးခံလိုက်ရတာမို့ သစ်မေ လန့်သွားရသည်။
"ကိုး........ကိုးငယ်......."
"အာ ဟို လင်း......လင်းမှတ်လို့"
"အပေါ်က ဖယ်ပါဦးကွယ် တို့ အနေရခက်လို့"
"ဟုတ်သား အဟမ်း! အန်....အန်တီ ဘာလာလုပ်တာလဲ"
"အားသန်လိုက်တာကွယ် လက်တောင် နာတယ် မင်းကို စောင်နဲ့လုံးထားခဲ့တယ်ဆိုလို့ တို့လာကူဖြည်တာ"
"ဪ နာသွားလား အန်တီ လင်းမှတ်လို့ နပန်းလုံးတော့မလို့ရယ် ဟဲဟဲ"
"ကျွန်မကို လုံးလို့ကတော့ ပြန်လုံးမှာနော် ကျွန်မကတော့ အဟွန်း!"
"အန်တီနော်"
"အိုကွယ် မျက်နှာလေးပါ နီလာပါရော ရှက်တတ်လိုက်တာကွာ"
"အန်တီ့! လာမစနဲ့ကွာ ထွက်တော့ သွား"
"စချင်တာကိုကွာ ကိုးငယ်ရှက်တာလေးက ရင်ခုန်ချင်စရာလေးကို တို့ကရင်ခုန်လို့"
"ဒေါ်နန်းခေတ်သစ်မေ အပြင်ထွက်တော့လို့ဆို"
"အဟင်း! မထွက်ချင်ပေမဲ့ တို့အနာဂတ် အမျိုးသမီးလေးက ထွက်ခိုင်းတော့လည်း ထွက်ရတာပေါ့ကွာ"
"ဘယ်သူက အန်တီ့အနာဂတ်အမျိုးသမီးလဲ"
"မင်းပေါ့ကွာ ကိုကိုးငယ်ဆိုတဲ့ မင်းလေးပေါ့"
"ဟွန့်! အိမ်မက်မက်နေလိုက်"
"အိမ်မက်မမက်ပါနော် တို့က လက်တွေ့သမား ကလေးလေးရဲ့ မွ! Morning Kiss သန့်ရှင်းပြီး ဆင်းလာလေ မနက်စာပြင်ပြီးပြီ"
"............အန်တီ!!!!"
ပါးပြင်ပေါ်ထိတွေ့ခံလိုက်ရတဲ့ အထိအတွေ့ကြောင့် ကိုး စက္ကန့်တစ်ချို့ ကြောင်အမိနေတာပင်။
အသိဝင်လာတဲ့အခါ တရားခံက အောက်ထပ်ရောက်သွားလေပြီ။
ဒေါ်နန်းခေတ်သစ်မေတော့လား!!
"အားး!!!! ငါဥထားတာကို ပါသွားပြီ shitt!!!"
// //
"ဟဲ့ ကိုး နင့်မျက်နှာ ဘာလို့နီနေတာလဲ"
"အဟွတ်! အဟွတ်!"
"ဪ ကိုးငယ်ကွာ သီးကုန်ပြီ ဂရုစိုက်လေကွယ်"
"အေးလေ ကလေးမဟုတ်ပဲနဲ့ ထမင်းစားရင်း သီးရတယ်လို့"
"နင် တိတ်တိတ်နဲ့ငြိမ်ငြိမ် နေစမ်း လင်းရောင်ခြည်!"
"ဟာ ငါနဲ့မဆိုင်ပဲနဲ့ လာဟောက်နေတာ"
"ဘာဖြစ်ချင်လဲ အဲ့တော့"
"ရားးး ကိုးငယ်!"
"ကဲ တော်ကြတော့! ဘာလို့လဲ မနက်စာစားရင်းကိုကွယ် ရန်မဖြစ်ကြနဲ့တော့"
"တီသစ် ကလေးလေးဆိုတာကိုပြော"
"အန်တီ့ တူမကိုပြော"
"ဟွန့်!"×2
စကားပြိုင်ပြောပြီး တဖက်လှည့်သွားကြတဲ့ ကလေးနှစ်ယောက်ကိုကြည့်ကာ သစ်မေခေါင်းတခါခါ။
နှုတ်ခမ်းစူကာ ပွစိပွစိလုပ်နေတဲ့ ကိုးငယ်ကြောင့်လည်း အသည်းတော်တော်ယားနေပြီပင်။
ခုနက မိမိခိုဝင် နစ်ဝင်ခဲ့မိသော ပါးမို့မို့လေးကို ငေးမိတော့ သစ်မေတံဆိပ်နှိပ်လိုက်တယ်ဆိုတဲ့ အတွေးလေးဝင်လာပြီး ကြည်နူးမိသည်။
//
မနက်စာစားပြီးနောက် သစ်မေ ပန်းကန်အားလုံးဆေးကြောနေစဉ်အတွင် ခုနက စိတ်ကောက်နေကြတဲ့ ကလေးနှစ်ယောက် ဘယ်ရောက်သွားလဲမသိပေ။
"ကိုးငယ် လင်း ဘယ်ရောက်သွားကြတာ လင်းရေ ကိုးငယ်ရေ! ဗုဒ္ဒေါ!"
"ဟား ဟား တီသစ်တော့ မိသွားပြီ"
"အန်တီ့ကိုဖမ်းလိုက်ပြီကွ ဟေး!"
ခြံရှေ့မှာမတွေ့လို့ မီးဖိုချောင်ကိုဖြတ်ပြီး အနောက်ကိုဆင်းလာတော့ အနောက်တံခါးဘေးက သစ်ပင်ကနေ ချည်ပြီး ဒန်းလုပ်ထားတဲ့ ပိုက်ကွန်သုံးခုဆက်က သစ်မေကို အုပ်ပြီး သားကောင်ဖမ်းသလိုဖြစ်သွားသည်။
ဒီအဖြစ်ကိုကြည့်ရင်း လှောင်နေကြသော ကလေးနှစ်ယောက်ပုံစံအရ သေချာပေါက် သူတို့လက်ချက်သာ။
ပါးမို့မို့လေးတွေလှုပ်အောင်ထိ ရယ်နေတဲ့ ကိုးငယ်ကြောင့် သစ်မေမှာ ပိုက်ကွန်အုပ်လျက်သားနဲ့ပင် စိတ်မဆိုးနိုင်ပဲ သဘောကျနေမိတယ်။
"ကဲ ရယ်လို့ဝကြရင် ဖယ်ပေးကြစမ်းကွယ် နေရကြပ်လာပြီ"
"ဟဟ တီသစ်ရယ် အလကားတော့ရမလား ဟုတ်တယ်နော် ကိုး"
"ဒါပေါ့ အန်တီရဲ့ တန်ရာတန်ကြေးပေးမှ လွှတ်ပေးမယ် အဟွန်း!"
ဘာတွေကြံစည်နေပြန်လဲ မသိတဲ့နှစ်ယောက်ကတော့ ပြုံးစိစိနဲ့ပင်။
သစ်မေမှာ ပြန်တောင်ဖျားချင်လာသလို။
"ဘာလိုချင်ကြသလဲ ပေးမယ်ကွယ် ခုဖြည်ပေး"
"လောလိုက်တာ အန်တီရယ်"
"အဟင်း! မင်းသမီးလေး ပိုက်ကွန်ထဲကထွက်ဖို့ ကယ်မဲ့ မင်းသားကလည်းကြံရာပါနေသကိုး ဟား ဟား"
"ဟဲ့ လင်းရောင်ခြည် ရှည်မနေနဲ့ ပြောလိုက်"
"တီသစ် Bakeryမှာ တစ်နေ့စာ free ticketပေး"
"မွဲတော့မှာပဲ"
"တီသစ် အဲ့ထဲကမထွက်တော့ပူးပေါ့"
"ကိုးငယ် တို့ကို ရက်စက်ချင်နေတာလားကွယ်"
"ကိုးကကြံရာပဲပါတာ ကျန်တာ လင်းအပိုင်းလေ ဟီး"
"ဟုတ်ပြီ ပေးမယ်ကွာ မင်းတို့ပိုက်ကွန်ကိုပြန်တင်တော့"
"ကဲ ရေသူမလေးကို လွှတ်ပေးပြီဖြစ်ပါတယ်"
"ရေး! ကဒ်! ဇာတ်လမ်းပြီးပြီ"
ပျော်ရွှင်နေပုံရတဲ့ ကိုးငယ်လေးကတော့ ဇာတ်လမ်းရိုက်နေတဲ့ ဒါရိုက်တာလို လုပ်နေတယ်။
"အန်တီ"
"ရှင် ကိုးငယ်လေး"
"ထူးတာကြီးကလည်း"
"ဟောတော် ကျွန်မငြင်ငြင်သာသာပဲပြောလိုက်တာပါရှင်ရယ်"
"ငြင်သာလွန်းနေလို့လေ"
"အိုကွယ် တို့ချစ်တဲ့သူကို ငြင်သာလွန်းနေတာ ဘာဖြစ်လဲကွယ် ဟင်"
"အူယားတာပါ"
"ချစ်နေတာ မဖြစ်နိုင်ပူးလား"
"ဟင့်အင်း"
"အိုး ဟုတ်ပါပြီ ဒါနဲ့ ဘာလုပ်မို့"
"ဖျားသေးလားလို့ ကိုယ်ပူစမ်းမလို့"
"ဪ စမ်းလေ ရော့"
ကိုးက ကိုယ်ပူစမ်းပေးမို့ဆိုတော့ သူမရဲ့ မဟာနှဖူးလေးကို ဆံမြိတ်လေးတွေ သပ်ပြီး ရှေ့တိုးပေးတဲ့ အန်တီ။
"အဟမ်း! ကြည်နူးနေတဲ့ အခိုက်လေးကို နှောင့်ယှက်ပါရစေပေါ့နော်"
အန်တီ့ကို ကိုယ်ပူစမ်းပေးတုန်း အပေါ်က ဆင်းလာတဲ့ လင်းရောင်ခြည်က ပြောတာကြောင့် နှစ်ယောက်လုံး ရှက်ကိုးရှက်ကန်းနဲ့ ဟိုလှည့်ဒီလှည့်လုပ်နေမိကြသည်။
"အမလေး အခုမှ ရှက်ပြနေကြတယ် သွားမယ်! သွားမယ်"
"အွန်း သွားမယ်လေ"
လင်းရောင်ခြည်နှောက်လို့ ကိုးမှာ ကိုယ်ပူတောင် ကောင်းကောင်းမစမ်းပေးလိုက်ရ။
တူမတော်မွှေလို့ ချစ်ရတဲ့သူရဲ့ လက်ဖဝါးနုနု အထိအတွေ့ကို ကြာကြာမခံစားမိလိုက်ရ၍ သစ်မေသိပ်တော့ မကျေနပ်မိပါ။
"အဲ့တာ ဘယ်တက်တာလဲ သွား အနောက်သွားထိုင်"
"အယ်! တီသစ်ကလည်း ဘလိုင်းကြီး"
"ကိုးငယ် လာလေ ဒီလာထိုင် လင်း သူ့ဟာသူ နေပေ့စေ"
"အာ.....ဟုတ်"
"ဟွန့်! သူ့ကလေးလေးကျ ကိုးငယ် ကိုးငယ်နဲ့"
"လင်းရောင်ခြည်!"
"ဗျာ လင်းဘာမှမပြောပူး တီသစ်"
လင်းက ရှေ့ခန်းက တက်မယ်လုပ်တော့ အော်လွှတ်တဲ့ တီသစ်က ကိုးကိုကျ ချိုသာလို့။
"ThitCoe Cafe&Bakery"
အန်တီရဲ့ Cafeကိုရောက်တော့ ကိုးနဲ့လင်းကအရင်ဆင်းလိုက်ပြီး အန်တီက နောက်က ကပ်လျက်ပါလာသည်။
ဆိုင်ရဲ့မှန်တံခါးလေးကို တွန်းဖွင့်လိုက်တော့.....
"ကိုကိုးးးးးးးးး.........."
//\\//\\//\\//\\//\\//\\//\\//\\
Hello!!
"ကိုကိုးးးးးးးးး" တဲ့။
ဘူလေးလဲ သိပူးနော်။
Zawgyi .....
"ရားး လင်းရောင်ခြည်!"
"တီသစ်ကလည်း"
ကျွီ!
"အမေ့! အိုကွယ် ကိုးငယ်"
"ကိုး........ကိုးငယ်......."
"အန်တီနော်"
"............အန်တီ!!!!"
// //
"အဟွတ်! အဟွတ်!"
"ဘာဖြစ်ချင်လဲ အဲ့တော့"
"ရားးး ကိုးငယ်!"
"အန်တီ့ တူမကိုပြော"
"ဟွန့်!"×2
//
"လောလိုက်တာ အန်တီရယ်"
"မွဲတော့မှာပဲ"
"အန်တီ"
"ရှင် ကိုးငယ်လေး"
"ထူးတာကြီးကလည်း"
"ငြင်သာလွန်းနေလို့လေ"
"အူယားတာပါ"
"ဟင့်အင်း"
"ဪ စမ်းလေ ရော့"
"အွန်း သွားမယ်လေ"
"အာ.....ဟုတ်"
"လင်းရောင်ခြည်!"
"ThitCoe Cafe&Bakery"
"ကိုကိုးးးးးးးးး.........."
//\\//\\//\\//\\//\\//\\//\\//\\
Hello!!
"ကိုကိုးးးးးးးးး" တဲ့။
ဘူလေးလဲ သိပူးနော်။