Falling For You

By KThiMOo

124K 9.7K 399

အချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး.... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
.
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
.
33
34
Sorry...
36
37
38
Save The Date(WN-25-3-23)
39
40
41 (Final ♥️💚)

35

2.6K 253 22
By KThiMOo

X Beauty Saloon ဟာ လုပ်ငန်းချိန်အတွင်း ဆိုင်မပိတ်စဖူးပိတ်ကာ တစ်ဆိုင်လုံးအစည်းအဝေးခေါ်သည်မို့ အားလုံးဟာ အနည်းငယ်ထိတ်လန့်နေမှုတော့ရှိနေကြသည်....
အစည်းအဝေးခေါ်သူက ဥက္ကဌရှောင်းကျန့်ဖြစ်နေသည်မို့ လုပ်ငန်းခွင်အတွင်း ပြောင်းလဲမှုများရှိနေလို့လားဆိုတဲ့စိုးရိမ်စိတ်တွေကလဲအပြည့်.....

ဝန်ထမ်းအားလုံးရဲ့ရှေ့ဆုံးမှာရှိနေတဲ့ ဘော့စ်ရဲ့ဘေးမှာ ဝမ်ရိပေါ်ကိုတွေ့ရသည့်အပြင် မျက်နှာထားတည်တင်းစွာရှိနေတဲ့ဘော့စ်ဟာ လူမစုံစုံအောင်စောင့်နေပုံရတယ်....

"မန်နေဂျာကျူး လူစုံပြီလား"

"ဟုတ်ကဲ့ဘော့စ် စုံပါပြီ"

မန်နေဂျာကျူးဆီကအတည်ပြုချက်ရတာနဲ့ ရှောင်းကျန့်ဟာ ထိုင်နေရာမှထလာတယ်...

"အားလုံးထူးဆန်းနေမယ်ထင်တယ် ရုတ်တရတ်ဆိုင်ပိတ်လိုက်ရလို့"

"...."

"ကိုယ်တို့ X Beauty Saloon က လည်ပတ်လာတာ ဒီနှစ်ဆို ၅နှစ်ရှိပြီ ဆိုင်ခွဲကလဲ ၃ဆိုင်ဖွင့်နိုင်ခဲ့တယ်နော်...၅နှစ်အတွင်းမှာ ကိုယ်တို့အလုပ်ထုတ်ခဲ့တဲ့ဝန်ထမ်းတွေလည်း အတော်အသင့်ရှိခဲ့မှာပဲ....ဘယ်အရာကအများဆုံးအထုတ်ခံခဲ့ရလဲ မန်နေဂျာကျူး ဒီဆိုင်ပဲပြောတာမဟုတ်ဘူးနော် ၃ဆိုင်လုံးအတွက်"

"ဟုတ်ကဲ့ပါဘော့စ် ဘယ်ဆိုင်ပဲဖြစ်ဖြစ်ပါ အကျင့်စာရိတ္တပျက်ပြားတာနဲ့တန်းပြီးတော့ အလုပ်ထုတ်ခံရတာများပါတယ်ဘော့စ်"

"အင်း...အလုပ်မှာအမှားအယွင်းရှိတာကို ကိုယ်တို့နားလည်ပေးထားတယ် ဒါပေမဲ့ အကျင့်စာရိတ္တပျက်ပြားပြီး သူများကိုချောက်တွန်းတာမျိုးလဲလက်ခံနိုင်စရာအကြောင်းမရှိဘူး ဟုတ်တယ်နော်"

"...."

"ပြီးခဲ့တဲ့အပတ်က ကိုယ်ခရီးသွားနေတုန်းမှာ ပြသာနာတက်ခဲ့တယ်ကြားတယ် အခု ကိုယ့်ဘေးမှာရှိတဲ့ဝမ်ရိပေါ်က ငွေအလွဲသုံးစားလုပ်လို့အထုတ်ခံရတယ်ဆို ဟုတ်လား"

ဘယ်သူ့ကိုမေးတယ်ရယ်လို့မရှိပဲ အားလုံးကိုခြုံပြီးမေးလိုက်သလိုမို့ ဝန်ထမ်းတွေလဲခေါင်းငြိမ့်တဲ့သူကငြိမ့်မိကြတယ်...

"ထူးဆန်းတယ် အဲပိုက်ဆံကိစ္စက မားနဲ့ရိပေါ်ပဲသိတဲ့ကိစ္စဖြစ်သလို ရိပေါ်ကလဲ သူ့ပိုက်ဆံဘယ်မှာသိမ်းထားကြောင့် ဘယ်သူ့ကိုမှမပြောဘူးလို့ဖြေထားတယ် ဒါဆို အဲပိုက်ဆံတွေဘယ်ရောက်သွားလဲ ? ? "

ဘော့စ်ရဲ့ပုံစံက တရားခံစစ်နေတာနဲ့တူနေပြီမို့ အားလုံးဟာစိတ်မသက်မသာဖြစ်နေကြတယ်....

"ဖြစ်တဲ့နေ့ရဲ့ cctv ကလဲပျက်နေတယ်တဲ့ ဟက်! ကိုယ်တို့ဆိုင်ရဲ့လုံခြုံရေးလဲတော်တော်ဆိုးနေတာပဲ.... ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ ကိုယ့်မှာကလည်း ပျက်နေတာကိုမှ data တွေ ရအောင်ယူပေးနိုင်တဲ့အဖွဲ့အစည်းကလဲရှိနေပြန်တယ်"

နောက်ဆုံးစကားကို ရှေ့မှလူအုပ်ကိုကြည့်ရင်း တစ်လုံးချင်းသေချာပြောလိုက်တော့ ထိတ်လန့်သွားတဲ့မျက်လုံးတချို့ကို မြင်လိုက်ရတယ်...

ရှောင်းကျန့်အချက်ပြလိုက်တာနဲ့ အတွင်းရေးမှူးယွီပင်းမှ လက်တော့ပ်ကနေ ခလုတ်တချက်နှိပ်ချလိုက်တော့ အားလုံးရဲ့ရှေ့မှာ cctv record video ပေါ်လာသည်....

အစပထမပိုင်းမှာ ရိပေါ်ရဲ့ စိတ်မချမှုနဲ့ locker ခန်းထဲပိုက်ဆံထုတ်ပြေးပြေးစစ်နေတဲ့ပုံရိပ်တွေ....
တတိယအကြိမ်မြောက် locker ခန်းထဲသွားနေတဲ့ရိပေါ်ရဲ့နောက်ကို မိန်းကလေးနှစ်ယောက်လိုက်ချောင်းနေတဲ့ပုံရိပ်တွေ....
နောက်ဆုံး ရိပေါ်မသိအောင် ရိပေါ်ရဲ့locker အကန့်ထဲကပိုက်ဆံထုတ်ကို ထိုမိန်းကလေးနှစ်ယောက်ယူသွားတာတွေ.....

ရှင်းလင်းစွာမြင်လိုက်ရတဲ့ video မှတ်တမ်းကြောင့် အားလုံးရဲ့အာရုံက ဝန်ထမ်းတွေကြားထဲရပ်နေတဲ့မိန်းကလေးနှစ်ယောက်ဆီသို့...

ငြင်းဆိုမှုမလုပ်နိုင်အောင် သက်သေကထင်ရှားနေတာမို့ ထိုမိန်းကလေးနှစ်ယောက်ဟာ ခေါင်းငုံ့နေရုံမှအပ.....

ရှေ့ဆုံးကနေတစ်လှမ်းခြင်းလျှောက်လာနေတဲ့ဘော့စ်ကြောင့် ဝန်ထမ်းတစ်ချို့ဘေးသို့ကပ်လိုက်ကြပြီး ဘော့စ်၏ခြေလှမ်းတွေက တရားခံမိန်းကလေးတွေရှေ့မှာ....

"ဘယ်သူခိုင်းတာလဲ"

"..."

"ငါမေးနေတယ်လေ!!!"

X Beauty Saloon က ဝန်ထမ်းတွေဟာ ဥက္ကဌရှောင်းကျန့်ရဲ့ ဒေါသသံကိုမကြားဖူးတာမို့ အားလုံးဟာ ထိတ်လန့်ပြီး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေကြတယ်...

"စူးစူး" "ရီကျင်း"

"..."

"ဟက်! ကဲ မင်းတို့နှစ်ယောက်ထဲက ဘယ်သူအရင်ဖြေမလဲ အချိန်ဆွဲနေအုံးမယ်ဆိုရင် ဘာမှမမေးတော့ပဲ ရဲလက်တစ်ခါထဲအပ်လိုက်မယ် ဘယ်လိုလဲ"

"ဟို....စူးစူးဖြေပါ့မယ်ဘော့စ်"

စူးစူးဆိုသည့်မိန်းကလေးဆီမှအသံထွက်လာတော့ ဘေးတွင်ရှိသော ရီကျင်းက စူးစူးကို ဖြတ်ကနဲကြည့်တယ်...

"တကယ်တော့....စူးစူးတို့ရိပေါ်ကိုမနာလိုဖြစ်ခဲ့ကြပါတယ်...ပြီးတော့ ယွင်မမလေးကလဲ ရိပေါ်ကိုမနှစ်သက်တာမို့ ရိပေါ်ကိုမကျေနပ်တာတွေပြောဖြစ်ခဲ့ကြပါတယ်...အလုပ်မှာနေရာရအောင် ယွင်မမလေးရဲ့အကြိုက်လိုက်ပြီနေခဲ့ကြတာ တစ်ရက်မှာ...ရိပေါ်ပုံစံကမဟုတ်တာလုပ်နေတာနဲ့တူလို့လိုက်ကြည့်ရင်း အခုလိုအခြေအနေဖြစ်သွားတာပါ....အစကအဲပိုက်ဆံတွေယူသွားဖို့အစီအစဉ်မရှိခဲ့ပါဘူး ယွင်မမလေးဆီအကျိုးအကြောင်းလှမ်းပြောပြမှ သူပြောသလိုလုပ်ဆိုတာနဲ့အခုလိုတွေဖြစ်သွားရတာပါ"

စူးစူးကပြောပြီးတာနဲ့ခေါင်းကိုအရင်ကထက်ပိုငုံ့နေလိုက်သည်...၊

"တောက်!!!"

"...."

"ဘယ်လိုမှခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူး...ယွီပင်း အခုဖြစ်နေတာတွေ မားဆီတိုက်ရိုက်ရောက်ရဲ့လား"

လက်ထဲတွင် iPad ကိုင်ထားသော ယွီပင်းမှ မေးလာသောဘော့စ်ကို ခေါင်းငြိမ့်ပြလိုက်သည်...

"ဝမ်ရိပေါ်က ကိုယ်နဲ့ပတ်သတ်မှုရှိနေတာတော့ဝန်ခံတယ်...ဒါပေမဲ့ အလုပ်မှာအရည်အချင်းမရှိပဲ ပက်စားပေးရလောက်အောင် သူလဲမလိုလားသလို ကိုယ်လဲလက်ခံမထားဘူး၊ ပြသာနာတွေအားလုံးက ဒီဆိုင်နဲ့ဘာမှမဆိုင်တဲ့လူဆီကဖြစ်သလို ဝန်ထမ်းအချင်းချင်း မနာလိုစိတ်နဲ့ချောက်တွန်းတာကစတယ်၊ စူးစူးနဲ့ရီကျင်းကြောင့် ရိပေါ်အများကြီးထိခိုက်နစ်နာသွားရတယ် တကယ်ဆို မင်းတို့နှစ်ယောက်က တရားဥပဒေကပေးတဲ့အပြစ်ကိုခံယူရမဲ့အပြင် ကိုယ်တို့ရဲ့ black list စာရင်းထဲထည့်ခံရမဲ့အနေအထားမှာရှိနေတယ်"

X Group ကနေ black list သွင်းခံရမည်ဆိုလျှင် ဒီနိုင်ငံအတွင်းအလုပ်ရဖို့ဆိုတာမသေချာနိုင်တော့ဘူး၊
ဒါကိုသိတဲ့ စူးစူးနဲ့ရီကျင်းဟာ ဒူးထောက်ပြီးဘော့စ်ကိုတောင်းပန်ရတော့တယ်...

"ကျွန်မတို့မှားပါတယ်ဘော့စ် ခွင့်လွှတ်ပေးပါနော် black list သာသွင်းခံရရင် ကျွန်မတို့မိသားစုမှာ စားဝတ်နေရေးအဆင်မပြေဖြစ်တော့မှာပါရှင်"

"တောင်းပန်ပါတယ်ဘော့စ် ကျွန်မတို့တောင်းပန်ပါတယ်"

ဒူးထောက်ပြီး နဖူးနဲ့ကြမ်းပြင်ထိမတတ်တောင်းပန်နေတဲ့ ထိုမိန်းကလေးနှစ်ယောက်ကိုကြည့်ပြီး ရှောင်းကျန့်ကကျစ်စုတ်တယ်...
ရိပေါ်ကိုကြည့်လိုက်တော့လည်း စိတ်မကောင်းနဲ့မျက်နှာအနေအထားနဲ့....

"ဒါဆိုရင်....ကိုယ်ခိုင်းတာမင်းတို့လုပ်မယ်ဆိုရင် ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်လေ"

"လုပ်ပါမယ် ဘော့စ်ခိုင်းတာမှန်သမျှကျွန်မတို့လုပ်မှာမို့ black list တော့မသွင်းလိုက်ပါနဲ့..."

ရှောင်းကျန့်ကကျေနပ်စွာတစ်ချက်ပြုံးတယ်...
ရိပေါ်အပါအဝင် ကျန်တဲ့သူအားလုံးဟာ စူးစူးနဲ့ရီကျင်းကိုခိုင်းလာမယ့် ဘော့စ်ရဲ့အသံကိုသာနားစွင့်နေကြသည်....

"အခုချက်ချင်း မင်းတို့ social account ကနေ ဖြစ်ခဲ့သမျှပြသာနာကိုရေးတင်ပါ အဓိကကတော့ မင်းတို့ကိုခိုင်းတဲ့ ယွင်အာရဲ့နာမည်ပါပါစေ နောက်ပြီး ကိုယ်တို့ ဆိုင်ကိုလဲ mention လုပ်ဖို့မမေ့နဲ့ပေါ့"

ဘော့စ်ရဲ့စကားသံအဆုံး စူးစူးနဲ့ရီကျင်းတို့ကမော့ကြည့်လာတယ်...
သူများမကောင်းကြံတဲ့ကိစ္စကို social media မှာသာတင်လိုက်ရင် အဆဲခံရမယ့်အပြင် လုပ်ငန်းခွင်မှာ ethic မရှိတဲ့သူလို့ထင်သွားနိုင်သည်....

"ဘော့စ် ဒါက..."

"ပြောတဲ့အတိုင်းလုပ်ရင် black list သွင်းဖို့ကိစ္စ ပြန်စဉ်းစားပေးမယ်"

ထိုသို့ဆိုလိုက်တာနဲ့ ပါလာတဲ့ဖုန်းကိုဖွင့်ပြီး စာတွေတတောက်တောက်ရိုက်နေကြတဲ့ စူးစူးနဲ့ရီကျင်းကြောင့် ရှောင်းကျန့်ပြုံးလိုက်သည်....

တခဏနေတော့ noti တက်သံတွေကြားရပြီး အခန်းတွင်းရှိနေတဲ့ ဝန်ထမ်းတွေပါဖုန်းထုတ်ကာကြည့်ကြတော့သည်...

ရှောင်းကျန့်ကိုယ်တိုင်လည်း ဖုန်းကိုကြည့်ရင်းကျေနပ်စွာ ပြုံးနေမိတယ်...

စူးစူးနဲ့ရီကျင်းက သူမတို့ရဲ့မနာလိုစိတ်ကြောင့် ရိပေါ်မတရားခံရပြီး ယွင်အာကလည်း ရိပေါ်ကိုမကြိုက်လို့ နောက်ကွယ်ကနေ ရိပေါ် နာမည်ပျက်နဲ့အလုပ်ထုတ်ခံရအောင် ကြံစည်ထားကြောင်းရေးထားတဲ့အပြင် သူမတို့အနေနဲ့ရိပေါ်ကိုတောင်းပန်ထားသည့်စာပါဖြည့်စွက်ထားတာတွေ့ရသည်...

Post ရဲ့အောက်မှာတော့ X Group ရဲ့ အမြဲတမ်း customer တွေရဲ့မှတ်ချက်တွေရောက်လာပြီး ယွင်အာကိုလဲပြောဆိုထားကြတာတွေ့ရသည်...

ယွင်အာနဲ့စေ့စပ်ပွဲပျက်သွားတာကိုဝမ်းသာနေကြတဲ့အပြင် ယွင်လုပ်ငန်းစုမှ ဘာ product ပဲထုတ်ထုတ် အားမပေးကြဖို့တွေလဲပါသေးသည်...၊

ထိုမျှမက ယွင်လုပ်ငန်းစုရဲ့မကောင်းတဲ့လုပ်ငန်းတွေအကြောင်းပါ မှတ်ချက်ရေးသူထဲပါလာတာမို့ ပွဲကတဖြေးဖြေးပိုဆူလာလေသည်....

"ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်ကိုအလုပ်ထုတ်လိုက်ပြီ ကိုယ်တို့ဘက်ကအလုပ်ထုတ်တာမို့ ပုံမှန်ဆို ၃လစာပေးရမယ်ဆိုပေမဲ့ ရိပေါ်ရဲ့ပိုက်ဆံထုတ်ကိုမင်းတို့ယူသွားတာဖြစ်တဲ့အတွက် အဲဒါကိုနစ်နာကြေးလိုပဲသဘောထားလိုက်တော့.... အားလုံးသွားလို့ရပြီ"

ကိစ္စများပြီးသွားတာနဲ့ ရိပေါ်ရဲ့လက်ကိုဆွဲပြီးအခန်းထဲမှထွက်သွားတော့ ယွီပင်းလဲအနောက်မှလိုက်သွားရသည်...၊

"ကျေး ကျေးဇူးတင်ပါတယ်ဘော့စ်

ဘော့စ်တို့ထွက်သွားမှ အသံတွေပြန်ဆူလာပြီး စူးစူးနဲ့ရီကျင်းကို တီးတိုးပြောဆိုသွားကြကာ အခန်းတွင်းမှ အစီအရီထွက်သွားကြသည်....ထိုထဲတွင်တော့ ဖန်ရှင်းနဲ့ချီချီကအဆိုးဆုံး...စူးစူးနဲ့ရီကျင်းကိုလက်ညိုးငေါက်ငေါက်ထိုးလို့ အားရအောင်ပြောဆိုပြီးမှ အခန်းထဲကထွက်သွားကြတယ်....

မန်နေဂျာကျူးကတော့ သက်ပြင်းသာသာချရင်း သူမတို့အနားလာကာ...

"နင်တို့နှစ်ယောက်က အမြဲရိပေါ်ကိုမနာလိုဖြစ်တာ သိပ်ပေါ်လွင်ခဲ့တာနော် ငါလဲသတိထားမိခဲ့သင့်တယ်....ဘော့စ်ရဲ့စိတ်နဲ့ဆို နင်တို့ကို black list သွင်းပြီး ဆိုင်ထဲကနေမောင်းထုတ်လိမ့်မှာ ရိပေါ်ကအဲလိုမလုပ်ဖို့ပြောပေးလို့ ဝန်ထမ်းအချင်းချင်းကိုယ်ချင်းစာတယ်ဆိုပြီးပြောပေးလို့ နင်တို့သိလား"

မန်နေဂျာကျူးရဲ့ရှင်းပြချက်မှာ စူးစူးနဲ့ရီကျင်းတို့ငိုနေရုံသာရှိတော့တယ်...

"အခုလဲကောင်းပါတယ် ငါတာဝန်ယူနေရတဲ့ဆိုင် သန့်သွားတာပေါ့"

မန်နေဂျာကျူးလဲပြောပြီးတာနဲ့ထွက်သွားတော့ စူးစူးနဲ့ရီကျင်းတို့ဟာ အခန်းတွင်း နောင်တတွေနဲ့သာကျန်ခဲ့တယ်....၊


.......




အင့်!

VIP room ထဲဆွဲခေါ်ခံလာရတဲ့ရိပေါ်ဟာ အခန်းတံခါးပိတ်ပြီးတာနဲ့ နံရံမှာပဲ ကပ်ခံလိုက်ရတယ်....

"ကိုကိုး....."

"အဖြေပေးတော့"

"ဘာ...ဘာအဖြေ အွန့်!"

နှုတ်ခမ်းတွေကိုအကြမ်းပတမ်းနမ်းလာတဲ့ကိုကိုးကြောင့် ရိပေါ်ရှောင်ချိန်မရပဲ ကိုကိုးပြုသမျှနုရတယ်....
အသက်ရှူမဝဖြစ်လာရလို့ လက်သီးစုပ်တွေနဲ့ပဲထုပြီး သတိပေးရတဲ့အခါ.....

"ပေးထားတဲ့ကတိကိုမေ့တာလား"

ရိပေါ်က မျက်နှာကိုတဖက်လှည့်လိုက်ပြီး....

"ဘယ်သူမှမမေ့ဘူး သူကဖြင့် အကြမ်းပတမ်းနဲ့လုပ်နေပြီးတော့"

"ဟား.....ဟုတ်ပါပြီကွာ ဒါဆို......"

ရိပေါ်ကိုယ်လေးကိုပွေ့ချီပြီး ခေါင်းလျှော်သည့်အိပ်စင်ပေါ်တင်လိုက်ကာ ရှောင်းကျန့်က ဘေးတစ်ဖက်တချက်မှာ လက်ကိုထောက်ထားပြီး နှစ်ယောက်လုံးကို အနီးကပ်အနေအထားနဲ့ရှိစေတယ်...

"ကိုကိုးက ငြင်သာလိုက်ပြီမို့ အဖြေပေးတော့"

"ဟို...ကတိပေးထားသလို အပြစ်ကင်းကြောင်းဖော်ထုတ်ပေးလို့အဖြေပေးမှာမဟုတ်ဘူး ကိုကိုးကို ဒီတိုင်း....ဒီတိုင်း....အစကတည်းကချစ်တာ"

အဖြေပေးတော့လည်း ရုတ်တရတ်မို့ ရှောင်းကျန့်အံ့ဩသွားရတယ်...

"မျက်နှာကိုဟိုဘက်မလှည့်ပဲ ကိုယ့်ကိုကြည့်ဖြေပေးလေကွာ"

"အာ...ရှက်စရာကြီး"

"မဖြေရင်... ခုနကလို..."

"ကိုကိုးနော်"

ရန်တွေ့ချင်ရင်တော့ဖြင့် မျက်လုံးချင်ဆုံအောင်ကြည့်ပြီးနှုတ်ခမ်းဆူလာတဲ့ရိပေါ်ကို ရှောင်းကျန့်ကအသဲတယားယားဖြစ်ရတယ်....

"ချစ်တယ် ကိုယ့်ကလေးလေး ဒီကိုကိုးက မင်းကို အရမ်းစောင့်ရှောက်ချင်နေပြီ"

တင်းကြပ်စွာဖက်တွယ်လာမှုအပေါ် ရုန်းကန်ခြင်းမပြုတော့ပဲ ပြန်လည်ဖက်တွယ်ထားတဲ့လက်ကလေး.......။

>>>

*မျှော်နေသူတွေအတွက် ☺️ *

————————————————————————————

Zawgyi

X Beauty Saloon ဟာ လုပ္ငန္းခ်ိန္အတြင္း ဆိုင္မပိတ္စဖူးပိတ္ကာ တစ္ဆိုင္လုံးအစည္းအေဝးေခၚသည္မို႔ အားလုံးဟာ အနည္းငယ္ထိတ္လန္႔ေနမႈေတာ့ရွိေနၾကသည္....
အစည္းအေဝးေခၚသူက ဥကၠဌေရွာင္းက်န္႔ျဖစ္ေနသည္မို႔ လုပ္ငန္းခြင္အတြင္း ေျပာင္းလဲမႈမ်ားရွိေနလို႔လားဆိုတဲ့စိုးရိမ္စိတ္ေတြကလဲအျပည့္.....

ဝန္ထမ္းအားလုံးရဲ႕ေရွ႕ဆုံးမွာရွိေနတဲ့ ေဘာ့စ္ရဲ႕ေဘးမွာ ဝမ္ရိေပၚကိုေတြ႕ရသည့္အျပင္ မ်က္ႏွာထားတည္တင္းစြာရွိေနတဲ့ေဘာ့စ္ဟာ လူမစုံစုံေအာင္ေစာင့္ေနပုံရတယ္....

"မန္ေနဂ်ာက်ဴး လူစုံၿပီလား"

"ဟုတ္ကဲ့ေဘာ့စ္ စုံပါၿပီ"

မန္ေနဂ်ာက်ဴးဆီကအတည္ျပဳခ်က္ရတာနဲ႔ ေရွာင္းက်န္႔ဟာ ထိုင္ေနရာမွထလာတယ္...

"အားလုံးထူးဆန္းေနမယ္ထင္တယ္ ႐ုတ္တရတ္ဆိုင္ပိတ္လိုက္ရလို႔"

"...."

"ကိုယ္တို႔ X Beauty Saloon က လည္ပတ္လာတာ ဒီႏွစ္ဆို ၅ႏွစ္ရွိၿပီ ဆိုင္ခြဲကလဲ ၃ဆိုင္ဖြင့္ႏိုင္ခဲ့တယ္ေနာ္...၅ႏွစ္အတြင္းမွာ ကိုယ္တို႔အလုပ္ထုတ္ခဲ့တဲ့ဝန္ထမ္းေတြလည္း အေတာ္အသင့္ရွိခဲ့မွာပဲ....ဘယ္အရာကအမ်ားဆုံးအထုတ္ခံခဲ့ရလဲ မန္ေနဂ်ာက်ဴး ဒီဆိုင္ပဲေျပာတာမဟုတ္ဘူးေနာ္ ၃ဆိုင္လုံးအတြက္"

"ဟုတ္ကဲ့ပါေဘာ့စ္ ဘယ္ဆိုင္ပဲျဖစ္ျဖစ္ပါ အက်င့္စာရိတၱပ်က္ျပားတာနဲ႔တန္းၿပီးေတာ့ အလုပ္ထုတ္ခံရတာမ်ားပါတယ္ေဘာ့စ္"

"အင္း...အလုပ္မွာအမွားအယြင္းရွိတာကို ကိုယ္တို႔နားလည္ေပးထားတယ္ ဒါေပမဲ့ အက်င့္စာရိတၱပ်က္ျပားၿပီး သူမ်ားကိုေခ်ာက္တြန္းတာမ်ိဳးလဲလက္ခံႏိုင္စရာအေၾကာင္းမရွိဘူး ဟုတ္တယ္ေနာ္"

"...."

"ၿပီးခဲ့တဲ့အပတ္က ကိုယ္ခရီးသြားေနတုန္းမွာ ျပသာနာတက္ခဲ့တယ္ၾကားတယ္ အခု ကိုယ့္ေဘးမွာရွိတဲ့ဝမ္ရိေပၚက ေငြအလြဲသုံးစားလုပ္လို႔အထုတ္ခံရတယ္ဆို ဟုတ္လား"

ဘယ္သူ႔ကိုေမးတယ္ရယ္လို႔မရွိပဲ အားလုံးကိုၿခဳံၿပီးေမးလိုက္သလိုမို႔ ဝန္ထမ္းေတြလဲေခါင္းၿငိမ့္တဲ့သူကၿငိမ့္မိၾကတယ္...

"ထူးဆန္းတယ္ အဲပိုက္ဆံကိစၥက မားနဲ႔ရိေပၚပဲသိတဲ့ကိစၥျဖစ္သလို ရိေပၚကလဲ သူ႔ပိုက္ဆံဘယ္မွာသိမ္းထားေၾကာင့္ ဘယ္သူ႔ကိုမွမေျပာဘူးလို႔ေျဖထားတယ္ ဒါဆို အဲပိုက္ဆံေတြဘယ္ေရာက္သြားလဲ ? ? "

ေဘာ့စ္ရဲ႕ပုံစံက တရားခံစစ္ေနတာနဲ႔တူေနၿပီမို႔ အားလုံးဟာစိတ္မသက္မသာျဖစ္ေနၾကတယ္....

"ျဖစ္တဲ့ေန႔ရဲ႕ cctv ကလဲပ်က္ေနတယ္တဲ့ ဟက္! ကိုယ္တို႔ဆိုင္ရဲ႕လုံၿခဳံေရးလဲေတာ္ေတာ္ဆိုးေနတာပဲ.... ဒါေပမဲ့ ဘယ္လိုလုပ္ရမလဲ ကိုယ့္မွာကလည္း ပ်က္ေနတာကိုမွ data ေတြ ရေအာင္ယူေပးႏိုင္တဲ့အဖြဲ႕အစည္းကလဲရွိေနျပန္တယ္"

ေနာက္ဆုံးစကားကို ေရွ႕မွလူအုပ္ကိုၾကည့္ရင္း တစ္လုံးခ်င္းေသခ်ာေျပာလိုက္ေတာ့ ထိတ္လန္႔သြားတဲ့မ်က္လုံးတခ်ိဳ႕ကို ျမင္လိုက္ရတယ္...

ေရွာင္းက်န္႔အခ်က္ျပလိုက္တာနဲ႔ အတြင္းေရးမႉးယြီပင္းမွ လက္ေတာ့ပ္ကေန ခလုတ္တခ်က္ႏွိပ္ခ်လိုက္ေတာ့ အားလုံးရဲ႕ေရွ႕မွာ cctv record video ေပၚလာသည္....

အစပထမပိုင္းမွာ ရိေပၚရဲ႕ စိတ္မခ်မႈနဲ႔ locker ခန္းထဲပိုက္ဆံထုတ္ေျပးေျပးစစ္ေနတဲ့ပုံရိပ္ေတြ....
တတိယအႀကိမ္ေျမာက္ locker ခန္းထဲသြားေနတဲ့ရိေပၚရဲ႕ေနာက္ကို မိန္းကေလးႏွစ္ေယာက္လိုက္ေခ်ာင္းေနတဲ့ပုံရိပ္ေတြ....
ေနာက္ဆုံး ရိေပၚမသိေအာင္ ရိေပၚရဲ႕locker အကန္႔ထဲကပိုက္ဆံထုတ္ကို ထိုမိန္းကေလးႏွစ္ေယာက္ယူသြားတာေတြ.....

ရွင္းလင္းစြာျမင္လိုက္ရတဲ့ video မွတ္တမ္းေၾကာင့္ အားလုံးရဲ႕အာ႐ုံက ဝန္ထမ္းေတြၾကားထဲရပ္ေနတဲ့မိန္းကေလးႏွစ္ေယာက္ဆီသို႔...

ျငင္းဆိုမႈမလုပ္ႏိုင္ေအာင္ သက္ေသကထင္ရွားေနတာမို႔ ထိုမိန္းကေလးႏွစ္ေယာက္ဟာ ေခါင္းငုံ႔ေန႐ုံမွအပ.....

ေရွ႕ဆုံးကေနတစ္လွမ္းျခင္းေလွ်ာက္လာေနတဲ့ေဘာ့စ္ေၾကာင့္ ဝန္ထမ္းတစ္ခ်ိဳ႕ေဘးသို႔ကပ္လိုက္ၾကၿပီး ေဘာ့စ္၏ေျခလွမ္းေတြက တရားခံမိန္းကေလးေတြေရွ႕မွာ....

"ဘယ္သူခိုင္းတာလဲ"

"..."

"ငါေမးေနတယ္ေလ!!!"

X Beauty Saloon က ဝန္ထမ္းေတြဟာ ဥကၠဌေရွာင္းက်န္႔ရဲ႕ ေဒါသသံကိုမၾကားဖူးတာမို႔ အားလုံးဟာ ထိတ္လန္႔ၿပီး အပ္က်သံပင္မၾကားရေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနၾကတယ္...

"စူးစူး" "ရီက်င္း"

"..."

"ဟက္! ကဲ မင္းတို႔ႏွစ္ေယာက္ထဲက ဘယ္သူအရင္ေျဖမလဲ အခ်ိန္ဆြဲေနအုံးမယ္ဆိုရင္ ဘာမွမေမးေတာ့ပဲ ရဲလက္တစ္ခါထဲအပ္လိုက္မယ္ ဘယ္လိုလဲ"

"ဟို....စူးစူးေျဖပါ့မယ္ေဘာ့စ္"

စူးစူးဆိုသည့္မိန္းကေလးဆီမွအသံထြက္လာေတာ့ ေဘးတြင္ရွိေသာ ရီက်င္းက စူးစူးကို ျဖတ္ကနဲၾကည့္တယ္...

"တကယ္ေတာ့....စူးစူးတို႔ရိေပၚကိုမနာလိုျဖစ္ခဲ့ၾကပါတယ္...ၿပီးေတာ့ ယြင္မမေလးကလဲ ရိေပၚကိုမႏွစ္သက္တာမို႔ ရိေပၚကိုမေက်နပ္တာေတြေျပာျဖစ္ခဲ့ၾကပါတယ္...အလုပ္မွာေနရာရေအာင္ ယြင္မမေလးရဲ႕အႀကိဳက္လိုက္ၿပီေနခဲ့ၾကတာ တစ္ရက္မွာ...ရိေပၚပုံစံကမဟုတ္တာလုပ္ေနတာနဲ႔တူလို႔လိုက္ၾကည့္ရင္း အခုလိုအေျခအေနျဖစ္သြားတာပါ....အစကအဲပိုက္ဆံေတြယူသြားဖို႔အစီအစဥ္မရွိခဲ့ပါဘူး ယြင္မမေလးဆီအက်ိဳးအေၾကာင္းလွမ္းေျပာျပမွ သူေျပာသလိုလုပ္ဆိုတာနဲ႔အခုလိုေတြျဖစ္သြားရတာပါ"

စူးစူးကေျပာၿပီးတာနဲ႔ေခါင္းကိုအရင္ကထက္ပိုငုံ႔ေနလိုက္သည္...၊

"ေတာက္!!!"

"...."

"ဘယ္လိုမွခြင့္လႊတ္ႏိုင္စရာအေၾကာင္းမရွိဘူး...ယြီပင္း အခုျဖစ္ေနတာေတြ မားဆီတိုက္႐ိုက္ေရာက္ရဲ႕လား"

လက္ထဲတြင္ iPad ကိုင္ထားေသာ ယြီပင္းမွ ေမးလာေသာေဘာ့စ္ကို ေခါင္းၿငိမ့္ျပလိုက္သည္...

"ဝမ္ရိေပၚက ကိုယ္နဲ႔ပတ္သတ္မႈရွိေနတာေတာ့ဝန္ခံတယ္...ဒါေပမဲ့ အလုပ္မွာအရည္အခ်င္းမရွိပဲ ပက္စားေပးရေလာက္ေအာင္ သူလဲမလိုလားသလို ကိုယ္လဲလက္ခံမထားဘူး၊ ျပသာနာေတြအားလုံးက ဒီဆိုင္နဲ႔ဘာမွမဆိုင္တဲ့လူဆီကျဖစ္သလို ဝန္ထမ္းအခ်င္းခ်င္း မနာလိုစိတ္နဲ႔ေခ်ာက္တြန္းတာကစတယ္၊ စူးစူးနဲ႔ရီက်င္းေၾကာင့္ ရိေပၚအမ်ားႀကီးထိခိုက္နစ္နာသြားရတယ္ တကယ္ဆို မင္းတို႔ႏွစ္ေယာက္က တရားဥပေဒကေပးတဲ့အျပစ္ကိုခံယူရမဲ့အျပင္ ကိုယ္တို႔ရဲ႕ black list စာရင္းထဲထည့္ခံရမဲ့အေနအထားမွာရွိေနတယ္"

X Group ကေန black list သြင္းခံရမည္ဆိုလွ်င္ ဒီႏိုင္ငံအတြင္းအလုပ္ရဖို႔ဆိုတာမေသခ်ာႏိုင္ေတာ့ဘူး၊
ဒါကိုသိတဲ့ စူးစူးနဲ႔ရီက်င္းဟာ ဒူးေထာက္ၿပီးေဘာ့စ္ကိုေတာင္းပန္ရေတာ့တယ္...

"ကြၽန္မတို႔မွားပါတယ္ေဘာ့စ္ ခြင့္လႊတ္ေပးပါေနာ္ black list သာသြင္းခံရရင္ ကြၽန္မတို႔မိသားစုမွာ စားဝတ္ေနေရးအဆင္မေျပျဖစ္ေတာ့မွာပါရွင္"

"ေတာင္းပန္ပါတယ္ေဘာ့စ္ ကြၽန္မတို႔ေတာင္းပန္ပါတယ္"

ဒူးေထာက္ၿပီး နဖူးနဲ႔ၾကမ္းျပင္ထိမတတ္ေတာင္းပန္ေနတဲ့ ထိုမိန္းကေလးႏွစ္ေယာက္ကိုၾကည့္ၿပီး ေရွာင္းက်န္႔ကက်စ္စုတ္တယ္...
ရိေပၚကိုၾကည့္လိုက္ေတာ့လည္း စိတ္မေကာင္းနဲ႔မ်က္ႏွာအေနအထားနဲ႔....

"ဒါဆိုရင္....ကိုယ္ခိုင္းတာမင္းတို႔လုပ္မယ္ဆိုရင္ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးမယ္ေလ"

"လုပ္ပါမယ္ ေဘာ့စ္ခိုင္းတာမွန္သမွ်ကြၽန္မတို႔လုပ္မွာမို႔ black list ေတာ့မသြင္းလိုက္ပါနဲ႔..."

ေရွာင္းက်န္႔ကေက်နပ္စြာတစ္ခ်က္ၿပဳံးတယ္...
ရိေပၚအပါအဝင္ က်န္တဲ့သူအားလုံးဟာ စူးစူးနဲ႔ရီက်င္းကိုခိုင္းလာမယ့္ ေဘာ့စ္ရဲ႕အသံကိုသာနားစြင့္ေနၾကသည္....

"အခုခ်က္ခ်င္း မင္းတို႔ social account ကေန ျဖစ္ခဲ့သမွ်ျပသာနာကိုေရးတင္ပါ အဓိကကေတာ့ မင္းတို႔ကိုခိုင္းတဲ့ ယြင္အာရဲ႕နာမည္ပါပါေစ ေနာက္ၿပီး ကိုယ္တို႔ ဆိုင္ကိုလဲ mention လုပ္ဖို႔မေမ့နဲ႔ေပါ့"

ေဘာ့စ္ရဲ႕စကားသံအဆုံး စူးစူးနဲ႔ရီက်င္းတို႔ကေမာ့ၾကည့္လာတယ္...
သူမ်ားမေကာင္းႀကံတဲ့ကိစၥကို social media မွာသာတင္လိုက္ရင္ အဆဲခံရမယ့္အျပင္ လုပ္ငန္းခြင္မွာ ethic မရွိတဲ့သူလို႔ထင္သြားႏိုင္သည္....

"ေဘာ့စ္ ဒါက..."

"ေျပာတဲ့အတိုင္းလုပ္ရင္ black list သြင္းဖို႔ကိစၥ ျပန္စဥ္းစားေပးမယ္"

ထိုသို႔ဆိုလိုက္တာနဲ႔ ပါလာတဲ့ဖုန္းကိုဖြင့္ၿပီး စာေတြတေတာက္ေတာက္႐ိုက္ေနၾကတဲ့ စူးစူးနဲ႔ရီက်င္းေၾကာင့္ ေရွာင္းက်န္႔ၿပဳံးလိုက္သည္....

တခဏေနေတာ့ noti တက္သံေတြၾကားရၿပီး အခန္းတြင္းရွိေနတဲ့ ဝန္ထမ္းေတြပါဖုန္းထုတ္ကာၾကည့္ၾကေတာ့သည္...

ေရွာင္းက်န္႔ကိုယ္တိုင္လည္း ဖုန္းကိုၾကည့္ရင္းေက်နပ္စြာ ၿပဳံးေနမိတယ္...

စူးစူးနဲ႔ရီက်င္းက သူမတို႔ရဲ႕မနာလိုစိတ္ေၾကာင့္ ရိေပၚမတရားခံရၿပီး ယြင္အာကလည္း ရိေပၚကိုမႀကိဳက္လို႔ ေနာက္ကြယ္ကေန ရိေပၚ နာမည္ပ်က္နဲ႔အလုပ္ထုတ္ခံရေအာင္ ႀကံစည္ထားေၾကာင္းေရးထားတဲ့အျပင္ သူမတို႔အေနနဲ႔ရိေပၚကိုေတာင္းပန္ထားသည့္စာပါျဖည့္စြက္ထားတာေတြ႕ရသည္...

Post ရဲ႕ေအာက္မွာေတာ့ X Group ရဲ႕ အၿမဲတမ္း customer ေတြရဲ႕မွတ္ခ်က္ေတြေရာက္လာၿပီး ယြင္အာကိုလဲေျပာဆိုထားၾကတာေတြ႕ရသည္...

ယြင္အာနဲ႔ေစ့စပ္ပြဲပ်က္သြားတာကိုဝမ္းသာေနၾကတဲ့အျပင္ ယြင္လုပ္ငန္းစုမွ ဘာ product ပဲထုတ္ထုတ္ အားမေပးၾကဖို႔ေတြလဲပါေသးသည္...၊

ထိုမွ်မက ယြင္လုပ္ငန္းစုရဲ႕မေကာင္းတဲ့လုပ္ငန္းေတြအေၾကာင္းပါ မွတ္ခ်က္ေရးသူထဲပါလာတာမို႔ ပြဲကတေျဖးေျဖးပိုဆူလာေလသည္....

"ဒီေန႔ကစၿပီး မင္းတို႔ႏွစ္ေယာက္ကိုအလုပ္ထုတ္လိုက္ၿပီ ကိုယ္တို႔ဘက္ကအလုပ္ထုတ္တာမို႔ ပုံမွန္ဆို ၃လစာေပးရမယ္ဆိုေပမဲ့ ရိေပၚရဲ႕ပိုက္ဆံထုတ္ကိုမင္းတို႔ယူသြားတာျဖစ္တဲ့အတြက္ အဲဒါကိုနစ္နာေၾကးလိုပဲသေဘာထားလိုက္ေတာ့.... အားလုံးသြားလို႔ရၿပီ"

ကိစၥမ်ားၿပီးသြားတာနဲ႔ ရိေပၚရဲ႕လက္ကိုဆြဲၿပီးအခန္းထဲမွထြက္သြားေတာ့ ယြီပင္းလဲအေနာက္မွလိုက္သြားရသည္...၊

"ေက်း ေက်းဇူးတင္ပါတယ္ေဘာ့စ္

ေဘာ့စ္တို႔ထြက္သြားမွ အသံေတြျပန္ဆူလာၿပီး စူးစူးနဲ႔ရီက်င္းကို တီးတိုးေျပာဆိုသြားၾကကာ အခန္းတြင္းမွ အစီအရီထြက္သြားၾကသည္....ထိုထဲတြင္ေတာ့ ဖန္ရွင္းနဲ႔ခ်ီခ်ီကအဆိုးဆုံး...စူးစူးနဲ႔ရီက်င္းကိုလက္ညိဳးေငါက္ေငါက္ထိုးလို႔ အားရေအာင္ေျပာဆိုၿပီးမွ အခန္းထဲကထြက္သြားၾကတယ္....

မန္ေနဂ်ာက်ဴးကေတာ့ သက္ျပင္းသာသာခ်ရင္း သူမတို႔အနားလာကာ...

"နင္တို႔ႏွစ္ေယာက္က အၿမဲရိေပၚကိုမနာလိုျဖစ္တာ သိပ္ေပၚလြင္ခဲ့တာေနာ္ ငါလဲသတိထားမိခဲ့သင့္တယ္....ေဘာ့စ္ရဲ႕စိတ္နဲ႔ဆို နင္တို႔ကို black list သြင္းၿပီး ဆိုင္ထဲကေနေမာင္းထုတ္လိမ့္မွာ ရိေပၚကအဲလိုမလုပ္ဖို႔ေျပာေပးလို႔ ဝန္ထမ္းအခ်င္းခ်င္းကိုယ္ခ်င္းစာတယ္ဆိုၿပီးေျပာေပးလို႔ နင္တို႔သိလား"

မန္ေနဂ်ာက်ဴးရဲ႕ရွင္းျပခ်က္မွာ စူးစူးနဲ႔ရီက်င္းတို႔ငိုေန႐ုံသာရွိေတာ့တယ္...

"အခုလဲေကာင္းပါတယ္ ငါတာဝန္ယူေနရတဲ့ဆိုင္ သန္႔သြားတာေပါ့"

မန္ေနဂ်ာက်ဴးလဲေျပာၿပီးတာနဲ႔ထြက္သြားေတာ့ စူးစူးနဲ႔ရီက်င္းတို႔ဟာ အခန္းတြင္း ေနာင္တေတြနဲ႔သာက်န္ခဲ့တယ္....၊


.......




အင့္!

VIP room ထဲဆြဲေခၚခံလာရတဲ့ရိေပၚဟာ အခန္းတံခါးပိတ္ၿပီးတာနဲ႔ နံရံမွာပဲ ကပ္ခံလိုက္ရတယ္....

"ကိုကိုး....."

"အေျဖေပးေတာ့"

"ဘာ...ဘာအေျဖ အြန္႔!"

ႏႈတ္ခမ္းေတြကိုအၾကမ္းပတမ္းနမ္းလာတဲ့ကိုကိုးေၾကာင့္ ရိေပၚေရွာင္ခ်ိန္မရပဲ ကိုကိုးျပဳသမွ်ႏုရတယ္....
အသက္ရႉမဝျဖစ္လာရလို႔ လက္သီးစုပ္ေတြနဲ႔ပဲထုၿပီး သတိေပးရတဲ့အခါ.....

"ေပးထားတဲ့ကတိကိုေမ့တာလား"

ရိေပၚက မ်က္ႏွာကိုတဖက္လွည့္လိုက္ၿပီး....

"ဘယ္သူမွမေမ့ဘူး သူကျဖင့္ အၾကမ္းပတမ္းနဲ႔လုပ္ေနၿပီးေတာ့"

"ဟား.....ဟုတ္ပါၿပီကြာ ဒါဆို......"

ရိေပၚကိုယ္ေလးကိုေပြ႕ခ်ီၿပီး ေခါင္းေလွ်ာ္သည့္အိပ္စင္ေပၚတင္လိုက္ကာ ေရွာင္းက်န္႔က ေဘးတစ္ဖက္တခ်က္မွာ လက္ကိုေထာက္ထားၿပီး ႏွစ္ေယာက္လုံးကို အနီးကပ္အေနအထားနဲ႔ရွိေစတယ္...

"ကိုကိုးက ျငင္သာလိုက္ၿပီမို႔ အေျဖေပးေတာ့"

"ဟို...ကတိေပးထားသလို အျပစ္ကင္းေၾကာင္းေဖာ္ထုတ္ေပးလို႔အေျဖေပးမွာမဟုတ္ဘူး ကိုကိုးကို ဒီတိုင္း....ဒီတိုင္း....အစကတည္းကခ်စ္တာ"

အေျဖေပးေတာ့လည္း ႐ုတ္တရတ္မို႔ ေရွာင္းက်န္႔အံ့ဩသြားရတယ္...

"မ်က္ႏွာကိုဟိုဘက္မလွည့္ပဲ ကိုယ့္ကိုၾကည့္ေျဖေပးေလကြာ"

"အာ...ရွက္စရာႀကီး"

"မေျဖရင္... ခုနကလို..."

"ကိုကိုးေနာ္"

ရန္ေတြ႕ခ်င္ရင္ေတာ့ျဖင့္ မ်က္လုံးခ်င္ဆုံေအာင္ၾကည့္ၿပီးႏႈတ္ခမ္းဆူလာတဲ့ရိေပၚကို ေရွာင္းက်န္႔ကအသဲတယားယားျဖစ္ရတယ္....

"ခ်စ္တယ္ ကိုယ့္ကေလးေလး ဒီကိုကိုးက မင္းကို အရမ္းေစာင့္ေရွာက္ခ်င္ေနၿပီ"

တင္းၾကပ္စြာဖက္တြယ္လာမႈအေပၚ ႐ုန္းကန္ျခင္းမျပဳေတာ့ပဲ ျပန္လည္ဖက္တြယ္ထားတဲ့လက္ကေလး.......။

>>>

*ေမွ်ာ္ေနသူေတြအတြက္ ☺️ *

Continue Reading

You'll Also Like

70.7K 9.7K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
27.7K 3K 29
ဝိညာဉ်လေးရဲ့ ချစ်စဖွယ်အမူအရာလေးနဲ့ သူငယ်ချင်း၄ယောက်ပေါင်းလောင်းကျော်မှုတွေ ဟာသလေးနှောပြီးဖတ်ရမှာပါ။ ဝိညာဥ္ေလးရဲ႕ ခ်စ္စဖြယ္အမူအရာေလးနဲ႕ သူငယ္ခ်င္း၄ေယာ...
14.6K 2.4K 19
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...