I am not girl(Complete)
By Period-K
420K 24K 923
I am not girl (Own Creation Mm )(Mpreg) Author by Period-K Main Lead Couple Kaungkin Htet Yan + Saint Bhone M... More
Character Fact, memes and Dialogue
That a boy
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50(Final)
Extra 1
Bd Present 💛
ဟိန်းဇက်အတွဲ
Side Story(Moe Htet Yan+Shine Yewai - 1)
Part 2
Part 3
Extra-2
6.9K 303 64
By Period-K
ကောင်းကင်အလုပ်ကနေအပြန် နောက်ကျနေတာကြောင့်  စိမ့်ငယ်စိတ်ကောက်မှာစိုး၍ ဖုန်းခေါ်၏။ဒါပေမဲ့ စိမ့်ငယ်က ဖုန်းမကိုင် ။နေ့လည်က ဖုန်းခေါ်ကတည်းကမကိုင်တာဖြစ်သည်။ဒီနေ့တနင်္ဂနွေနေ့ကြီး ရုံးကအရေးကြီးအလုပ်ပေါ်တာကြောင့် မနက်က သားကိုတောင် Pj အတွက် ခေါ်သွားရသေးသည်။ နေ့လည်လောက်သားကိုပြန်လွှတ်လိုက်ပေမဲ့ သားကိုဖုန်းမဆက်ချင် ။ အရမ်းပင်ပန်းနေမှန်းသိတာကြောင့် အိမ်ပြန်ပြီး အိပ်ခိုင်းပြီး ဖုန်းတဂွမ်ဂွမ်ဆို အချည်းအနှီးသာ ဖြစ်၏။ခြံဝန်းထဲဝင်သည်အထိကို ကောင်းကင် ဖုန်းခေါ်တာမရပ်မိ။
အိမ်ထဲဝင်တော့အရင်လို ဧည့်ခန်းမှာ သူ့အားထွက်မကြိုနေ။စိတ်ကောက်နေတာ ပဲဖြစ်မည်။အလုပ်နားရက်တောင်မနားဘူးဆိုကာပြောနေတာ။ အမှန်တော့ကိုယ်ပင်ပန်းပြီးဖျာမှာနာမှာကို သူကစိတ်ပူပေးတာကိုကောင်းကင်သိသည်။ ဒါ့ကြောင့် လည်းပိုပြီး အချစ်ပိုအသနားပိုနေရတာဖြစ်၏။ အခန်းထဲဝင်သွားတော့လည်း တိတ်ဆိတ်နေ၏။ မှန်တင်ခုံပေါ်က မိတ်ကပ်ပစွည်းအနည်းငယ်ကြောင့် မျက်ခုံးတွန်းကျိုးသွားလျှက်
အိမ်ကဝန်ထမ်းတစ်ချို့ကို ကောင်းကင်ခေါ်ကာမေးတော့
"ဟို သူဌေးရဲ့ အမျိုးသား ကမနက်က တော့အဆင်ပြေနေပါတယ် စားစရာတွေချက်ပြုတ်ပြီး ကွတ်ကီးဖုတ်ပါတယ် သခင်လေးပြန်လာတော့ အပေါ်လိုက်သွားပါတယ် သူဌေးပြီးတော့ အောက်ပြန်ဆင်းလာပြီး ကွတ်ကီးတွေယူပြီး အပေါ်ပြန်တတ်သွားတယ် အဲ့အထိအကုန်ကောင်းပါတယ်သူဌေး"
"ဆက်ပြောလေ "
"ဟုတ် ပြန်ဆင်းလာတော့ မျက်နှာမကောင်းတာပါ ငိုထားသလိုပါပဲ သူဌေး ယူသွားတဲ့ကွတ်ကီးတွေလည်း ဒီအတိုင်းပြန်ပါလာပါတယ်
ပြီးတော့ သူအပြင်ထွက်သွားတယ် လက်ထဲမှာ ပစ္စည်းတွေအများကြီး ဝယ်လာပါတယ်"
"ပြန်လာပြီပေါ့ ဒါဆိုဘယ်မှာလဲ"
"ဟုတ်သူဌေးတို့အခန်းရဲ့ မျက်နှာချင်းဆိုင် သခင်လေး ငယ်ငယ်ကနေခဲ့တဲ့ အခန်းပါ "
စိမ့်ငယ်က ဘာကြောင့် သားဆီကအပြန် ငိုနေတာလဲ ဆိုတာသူစဥ်းစားလို့မရ အတိတ်ကအကြောင်းတွေအားစဥ်းစားပြီးငိုနေတာလား။ဘယ်လိုပဲဖြစ်နေပါစေ ဒီလောက်စိတ်ဆင်းရဲနေတဲ့ သူ့အသည်းလေးကို တစ်ယောက်တည်းမထားချင်
အပေါ်ထပ်ပြန်ရောက်တော့ တစ်ပါတည်းဆောင်လာသည့် သော့နှင့် အခန်းတံခါးအားတွန်းတိုက်ဖွင့်မိသည်။သားငယ်ငယ်က ပုခတ်သေးသေးလေးဘေး ကျုံ့ကျုံ့လေးထိုင်နေတာတွေ့တော့ ရင်ထဲက အပူက နှသားကို လောင်မြိုက်နေပြီဖြစ်၏။
အနားတိုးကပ်သွားလေလေ သိမ့်ငယ်၏ ဝတ်စုံသည် အမျိုးသမီးဝတ်စုံဖြစ်သလို ရင်ဖုံးနှင့်ထဘီဆိုတာ အသေအချာပင်။ စိမ့်ငယ်အမုန်းဆုံးက ဒီအဝတ်အစားတွေမဟုတ်လား ဒါဆိုဘာကြောင့်
"စိမ့်ငယ်..."
"ဟင် ကောင်း...ကောင်းကင် ငါလှလားဟင် ငါ....ငါ မိန်းမနဲ့တူသွားပြီလား ဟင်..."
ကောင်းကင် ခေါင်းခါမိသည်။ဘာလို့ဒီလိုမေးနေမှန်းသူစဥ်းစားမရနိုင် မျက်ရည်တွေကိုသုတ်ပေးပေမဲ့ ထပ်မံစီးကျနေဆဲဖြစ်၏။
"ဘာလို့လဲ ကိုယ့်အသည်းရယ်"
"မတူသေးဘူးလား ငါမိန်းမနဲ့ မတူသေးဘူးလားဟင် "
"စိမ့်ငယ်စိတ်ထိန်းပါအုံး ဘာလို့ဒီလိုတွေလုပ်နေရတာလဲ"
ခေါင်းခါ၏။ရင်ခွင်ထဲတိုးဝင်းကာ တုန်ယင်စွာ ငိုကြွေးပြန်သည်။ရှိုက်တတ်နေတဲ့အစက်ရှူသံပြင်းပြင်းကြောင့် ကောင်းကင်ရင်ထဲတစ်ဆစ်ဆစ် နှင့်
"ဘာလို့လဲ ကိုယ်ဘာလုပ်ပေးရမလဲ စိမ့်ငယ်ရယ် မငိုပါနဲ့ကွာ မငိုပါနဲ့"
"ဟင့်အင်း ငါ့ကိုဖက်ထားပါ"
"ကိုယ့်ကိုမှမပြောရင် ဘယ်သူ့ကိုပြောမှာလဲ ကိုယ်မင်းအနားမှာရှိနေတယ်လေ "
"ကောင်းကင်..."
"ကိုယ့်အသည်း  ကိုယ်နားထောင်နေတယ်နော်"
"ငါသားဖို့ ကွတ်ကီးတွေသွားပို့ခဲ့တယ် သားကရေချိုးနေတာမို့ ခဏလေးထိုင်စောင့်နေတာ အဲ့မှာ ဖုန်း....ဖုန်းတစ်ခုဝင်လာတယ် ငါလည်းအရေးတကြီး ဖုန်ထင်လိုက်တယ် ကောင်းကင် သားဖုန်းကို ကိုင်ပြီး သားရေချိုးနေလို့ခဏစောင့်ပေးဖို့ ပြောမလိုဘဲ ဒါပေမဲ့ ဟိုဘက်....ဟိုဘက်ကလေ ကောင်းကင် အင့်.....ဟိုဘက်....အင့်...ဟင့်....ဟင့်....ကောင်းကင်..."
"ကိုယ်ရှိတယ် ကိုယ်မင်းအနားမှာရှိတယ်လေ.."
"အင့်....သားတဲ့ သားကိုသူက သားလို့ခေါ်တယ် ကောင်းကင် ပြီးတော့လေ သူ့ကိုယ်သူ mommy တဲ့ ငါဖုန်းမှားနေတယ်ထင်လိုက်လိ့ ဖုန်းနံပါတ်ကို ကြည့်တဲ့အချိန်သားက သူ့ကို...သူ့ကို Mommy လို့မှတ်ထားတယ် ....ငါသိတ် သားင့ါကို မလိုချင်ဘူး ငါကသူ့ကိုအရှက်ရစေတာ....ငါက...ငါက... ဟင့်...အင့်...အစ်....ကောင်းကင် ငါမကောင်းတာ ငါမကောင်းတာပါ"
"စိမ့်ငယ် စိတ်ကိုလျော့အုံး ကိုယ်တို့သားကိုသွားမေးကြမယ် စိမ့်ငယ်ဘာလို့ တစ်ယောက်တည်းနာကျင်နေရတာလဲ ကိုယ်တို့ သားက ကိုယ့်အသည်းကိုသိပ်ချစ်တာလေ စိမ့်ငယ် နားလည်မှုလွဲတာလည်းဖြစ်နိုင်တယ် "
"အင့်...မဟုတ်ဘူး ... သားက အမေလိုချင်တယ်ဆိုရင်ရော ငါ့ကိုမုန်းသွားရင်ရော မင်းရော ငါ့ကိုမုန်းလား ဟင် ငါ့မှာ မင်းတို့ပဲရှိတော့တာ မင်းတို့က ငါ့ရဲ့ဘဝလေ ငါမင်းတို့ဆုံးရှုံးရရင်.."
"မဟုတ်ဘူး မဟုတ်ဘူး ကိုယ်တို့တွေကမင်းကိုချစ်တယ် မင်းထင်ထားထက် တွေးထားထက် ပိုချစ်ကြတယ် မင်အထင်မှားတာပါ ကိုယ့်အသည်းမငိုနဲ့တော့ ကိုယ်ရင်တွေနာလို့ပါ ကိုယ့်အသည်းရယ်"
သတိလက်လွတ်ဖြစ်နေသည့်စိမ့်ငယ်အား တင်းကြပ်စွာဖက်ထားမိပြန်၏။သူအလုပ်ကြောင့် stress ပိရင်ဖျားတယ်ဆိုပြီးစိတ်ပူတတ်တဲ့ အသည်းဟာ သူ့ရောဂါသူမေ့နေပြန်ပြီထင်ပါရဲ့။စိမ့်ငယ်ဟာ စိတ်ကျရောဂါ ဖြစ်ဖူးတဲ့သူဖြစ်သလို ဒီလိုရောဂါတွေဟာအရှင်းပျောက်သွားတယ်လို့မရှိ ။ စိမ့်ငယ်က အရမ်းငိုရှိုက်လာပြီ မွန်းကြပ်လာပြီဆိုရင် သူ့ရဲ့အတွေးတွေ ကအဆုံးအစွန်ထိရောက်ကာ ထပ်တလဲလဲ ဝမ်းနည်းကြေကွဲစွာ ငိုယိုတတ်၏။ဘယ်သူမှ ထိန်းချုပ်လို့မရနိုင်အောင်ပေါ့
ကောင်းကင် ဆရာဝန်ဆီ တစ်ဖက်ကဖုန်း‌ေခါ်ကာ စိမ့်ငယ်ကို တင်းကြပ်စွာပွေ့ဖက်ပေးထားဆဲဖြစ်၏။
" ငါ့ကိုချစ်သလား"
"ကိုယ်ချစ်တာပေါ့ ကိုယ့်အသည်းရယ် အများကြီးချစ်တာ"
"မဟုတ်ဘူး မင်းငါ့ကိုမချစ်ဘူး"
"ကိုယ့်အသည်းကကွာ....ကျေးဇူးပြုပြီး စိတ်လျော့ပါအုံး"
ကောင်းကင် မခံစားနိုင်လွန်းတော့တာမို့ဘအော်ဟစ်ကာငိုမိ၏။ဘယ်လိုလုပ်ရမလဲ စိမ့်စိတ်မလွတ်သွားခင် ဒီကကောင်ကရူးတော့မယ် ဒီကကောင်ရူးတော့မယ် ကိုယ့်အသည်းရယ်
ဒေါက်တာရောက်လာတော့ ထိုအခန်းထဲကထွက်ကာ သူတို့အခန်းထဲလာခဲ့၍ စိမ့်ငယ်အားခုတင်ပေါ်တင်ပေးလိုက်၏။လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်ကြောင့် ကောင်းကင်လည်းလွှတ်ပေးလိုက်ဖို့ဆန္ဒမရှိ
"စိတ်ငြိမ်ဆေးရော အိပ်ဆေးနည်းနည်းထည့်ထိုးပေးလိုက်ပါတယ် ဥက္ကဌ ၊ ဒီညတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါလိမ့်မယ်"
"အင်း"
"အရင်က စိတ်နဲ့ဆိုင်တဲ့ ဝေဒနာတွေခံစားရဖူးလား"
"အင်း အရမ်းဆိုးဆိုးဝါးဝါး စိတ်ကျရောဂါဖြစ်ခဲ့ဖူးတယ် "
"ဟုတ်ကဲ့ လူနာက စိတ်ကစဥ့်ကလျားဘက်ကိုရောက်တော့မတတ်ဖြစ်နေပါတယ် နှလုံးခုန်နှုန်းကလည်းအခုန်မြန်နေပါတယ် ဥက္ကဋ္ဌ အသက်က 35 ကျော် 36 ထဲဝင်နေပြီ လူကြီးပိုင်းထဲရောက်တော့မှာဆိုတော့ ကျန်းမာရေးပိုင်းအတော်လေးဂရုစိုက်ပါ စိတ်ပိုင်းဆိုင်ရာပြသနာတွေကို တတ်နိုင်သလောက်ရှောင်ပါ မဟုတ်ရင် လူကို ရောဂါက နိုင်သွားပါလိမ့်မယ် "
"အခု...အခုရော"
"အခုက စိုးရိမ်စရာမရှိပါဘူး ဖြစ်တတ်တာလေးတွေပြောပြပေးတာပါ ဥက္ကဌရဲ့အမျိုးသားကို တော်တော်လေးဂရုစိုက်ပေးနိုင်မှ ရပါမယ် "
"အင်း"
ကောင်းကင် စိမ့်ငယ်ကို ကြည့်ပြီးမှိုင်နေ
လျှက်။ ဝမ်းလည်းနည်းသည် ဘာမှမစဥ်းနိုင်အောင် စိမ့်ကိုပဲစိတ်ပူလောကြီးနေမိသည်။စိမ့်ငယ် ကို ဒီလိုမျိုးထပ်မြင်ရရင် သူပါရူးတော့မှာ။ သူ့အမှား ဒီနေ့ အလုပ်သွားမိတာကို မှားတာ သူကိုကမှားတာ
"ဖေချော....ဖေချောဘာဖြစ်လို့လဲ daddy"
"မင်းထွက်သွားစမ်း နေရောင်သွေးသစ်"
"Daddy..... ဖေ ဘာဖြစ်တာလဲ သားကိုမနှင်ထုတ်ပါနဲ့ daddy ရယ်"
ရောင်လေး elevator ထဲ၌ ဒေါက်တာကိုတွေ့လိုက်ရတော့ ဘယ်သူဘာဖြစ်တာလဲမေးမိသည်။ဒေါက်တာက ဖေဖေဖြစ်ကြောင်း အခုသက်သာနေပြီဖြစ်ကြောင်းပြောပေမဲ့လည်းရောင်လေးရဲ့စိုးရိမ်ရေအမှတ်ဟာ အတော်လေးမြင့်တတ်လျှက်။ သူ အပေါ်ထပ်ကိုရောက်တော့ အခန်းထဲအပြေးအလွှားပင်။
အိပ်ယာပေါ်လှဲနေသည့် ဖေက အတော်လေးငိုထားပုံရသလို သတိလစ်မေ့မျောနေသယောင်  daddy ကပါ သူ့ကိုနှင်ထုတ်တဲ့အခါ သူအတော်လေးဝမ်းနည်းနေ၏။ daddy ခြေထောက်နားဒူးထောက်ကာကို ငိုနေမိတာ
"မင်းနဲ့ငါစာရင်းရှင်းမယ် နေရောင်သွေးသစ် ခြံထဲသွားမယ်"
ကောင်းကင် သားကို ဆွဲခေါ်လာခဲ့သည်။စံကားဝါပင်အောက် ရောက်တော့သားလက်ကို စောင့်ကာလွတ်ချရင်း ဒေါသတစ်ချို့ကိုမြိုသိမ့်ရင်း
"မင်းဖုန်း contact ထဲက mommy ဆိုတာဘယ်သူလဲ နေဝါလား"
"ဗျာ....အဲ့တာက....daddy"
"ဟုတ်လား၊မဟုတ်ဘူးလား"
"ဟုတ်ပါတယ် Daddy"
"စိမ့်ငယ်ကမင်းကြောင့်အခုလိုဖြစ်ရတာ"
"...."
"မင်းကိုငါမပြောဘူးလား နေရောင်သွေးသစ် မင်းကိုငါပြတ်ပြတ်သားသားပြောပြီးသား အဲ့မိန်းမနဲ့မပတ်သတ်ဖို့ မဆက်နွယ်ဖို့.."
"သားက..."
"မင်းကို မင်းဖေဖေကမွေးထားတာ မင်းကိုအဲ့မိန်းမမွေးထားတာမဟုတ်ဘူး မင်းကို စိမ့်ဘုန်းမြတ်ကမွေးထုတ်ထားတာ ဆယ်လ ဆယ်လတောင်လွယ်ခဲ့ရတာ မင်းသိလား မင်းအဲ့တာတွေသိရက်နဲ့"
"...."
" မင်းဘာလို့ သူ့ကို အမေတော်ချင်နေတာလဲဆိုတာ အရင်ပြော"
"သားမပြောနိုင်ဘူး daddy"
ခွပ်.....!
"မင်းတစ်ယောက်တည်း စောက်ခေါင်းကြောမာတာမဟုတ်ဘူး နေရောင်သွေးသစ်..!"
"Daddy.... သား ...... သားလည်း အမေတစ်ယောက်လိုချင်နေတာမ ....."
ရှပ်....ရှပ်.....ဒုန်း
ပြေးထွက်သွားတဲ့ခြေသံ....အသံလာရာအားကြည့်လိုက်တဲ့အချိန် ပြေးထွက်သွားသူ၏ နောက်ကျောအားတွေ့လိုက်ရ၏။
"ဖေ......မဟုတ်ဘူး ဖေချော သားပြောတာ သေချာနားထောင်ပေးပါအုံး ..."
"စိမ့်ငယ် ....... "
သူတို့နှစ်ယောက်လုံး ကျောပြင်သေးသေးလေးပြေးထွက်သွားရာနောက်ပြေးလိုက်ရင်း ခြံဝရောက်ခါနီးမှာပင် အမိဖမ်းလိုက်နိုင်၏။ကောင်းကင် တုန်ယင်နေတဲ့ ကျောပြင်လေးကို သူ့ရင်ခွင်ထဲနှစ်မြုပ်သည်အထိ ထည့်သိမ်းထားမိသည်။သားက စကားကြောရှည်မနေဘဲ စိမ့်ငယ်အနားရောက်သည်နှင့်
"သားဘဝမှာ ဖေနဲ့ daddyကိုပဲလိုချင်တာပါ ဘယ်အမေမှ မလိုချင်ခဲ့ဘူး အဲ့မိန်းမကိုဘသားနည်းသားဟန်နဲ့သားတို့ မိသားစုနဲ့ဝေးရာကို ဖယ်ထုတ်ပစ်ချင်တာကြောင့်သားတစ်ယောက်တည်းစီစဥ်နေခဲ့တာ ပါဖေရယ် သားကိုမမုန်းပါနဲ့ ထွက်မသွားပါနဲ့ သားက ဖေနဲ့ daddy ကိုပဲ လိုချင်တာပါ"
စိမ့်ငယ်က ဖက်ထားတဲ့ သူ့လက်တွေကို ဆုပ်ကိုင်ရင်း ငိုနေလေသည်။သားက စိမ့်ငယ်အနားတိုးလာပြီး စိမ့်ငယ်ကိုပွေ့ဖက်လျှက်
"သားကိုမမုန်းပါနဲ့ သားတောင်းပန်ပါတယ် သား ဖေတို့ကို တိုင်ပင်သင့်တာ သားတောင်းပန်ပါတယ်  သားကိုထိုးချင်ရင်ထပ်ထိုးပါ သားအမှားပါ ဒါပေမဲ့ ထွက်မသွားပါနဲ့ ဖေရယ်...."
"...."
"...."
...........
နောက်နေ့မနက် စိမ့်ငယ်လည်းဖျား သားလည်းဖျားနေ၏။ စိမ့်ငယ်က ညကအရှိန်ကြောင့် မှိန်းနေ၏။ နှစ်ယောက်စလုံးကို ကောင်းကင် တစ်ညလုံးပြုစုပေးရင်း မနက်ကျတော့လည်း မျက်နှာသစ်သပ်ပေးကာ ဆန်ပြုတ်လည်းကိုယ်တိုင်ပြုတ်ပြီး ယူလာ၏။ ဆန်ပြုတ်သောက်ပြီး သည်နှင့် သားက သူ့အဖေဘက်ကို လှည့်ကာ သူ့ခန္ဓာကိုယ်မှ အားမနာ ရင်ခွင် ထဲတိုးတင်နေ၏။
"ဖေချော.."
"ဗျာ ..."
"Daddy.."
"ဗျာ..."
"သားတောင်းပန်ပါတယ် သားကြောင့် ဖေဖျားရတာ daddy လည်းပင်ပန်းရတယ်"
ကောင်းကင်ကပါ စိမ့်ငယ်ဘေးနားဝင်အိပ်ပြီး စိမ့်ငယ်ကို အလယ်မှာထားရင်း သားဆီမထိ လှမ်းဖက်လိုက်သည်။စိမ့်ငယ်က သူ့သားကိုကြည့်ပြီး ပြုံးပြကာ ကောင်းကင်လက်ကို ဖွဖွကလေးဆုပ်ကိုင်၏။ ထိုလက်သွယ်သွယ်လေးတွေဟာ တုန်ယင်နေမှန်း ကောင်းကင်သာသိ၏။
"ဖေ ကမင်းအပေါ် နာကျင်စရာတွေချည့်လုပ်မိနေတယ်"
"မဟုတ်ဘူး လုံးဝမဟုတ်ဘူး ဟင့် ဖေချော "
"တစ်ခုခုဆို ဖေက ရှောင်ပြေးဖို့ပဲတတ်နိုင်တယ်"
"စိမ့်ငယ်ထားလိုက်တော့ ဆက်ပြီးလျှောက်မတွေးနဲ့တော့နော်"
"မင်းအပေါ်လည်း ငါအရမ်းတရားလွန်ခဲ့တယ်""
"ကိုယ့်အသည်း" "ဖေချော"
"ငါကပဲတောင်းပန်ပါတယ် ငါတကယ် ဝန်ထုပ်ဝန်ပိုး တစ်ခုထက်မပိုပါဘူး ငါ့တစ်ယောက်တည်း အတွေးတွေလွန်ပြီးရူးကြောင်နေတာတွေ ကြောင့် မင်းတို့ပါပင်ပန်းရတယ် ငါ့ကြောင့်ပဲ အိမ်ပျက်စီးခဲ့ရတယ် ငါ့မိဘတွေ အပြစ်မရှိတဲ့ဖွားအေးအထိ အကုန်ပျက်စီးပျောက်ကွယ်ခဲ့ကြတယ် ငါသာ မိန်းကလေးလိုမွေးလာခဲ့ရင်တကယ်ပဲ အားလုံးအတွက်အဆင်ပြေနိုင်မှာ"
"မဟုတ်ဘူး" "သားအတွက်ရော ကောင်းကင်အတွက်ရော ငါ့မိဘတွေ ရော ဖွားဖွားမထိပါ အဆင်ပြေမှာ ဖေလည်း အာကာထက်နဲ့အလုပ်တွဲလုပ်ခဲ့မှာမဟုတ်ဘူး သေခဲ့ရမှာမဟုတ်ဘူး ငါ့ကြောင့်ပဲ"
"စိမ့်ငယ်တော်‌တော့" "ငါကမကောင်းဆိုးဝါးပဲ ငါက မကောင်းဆိုးဝါးတစ်ကောင်ပဲ သားကို မွေးပြီးပြီးထားခဲ့တဲ့သူ မင်းအပေါ် မကောင်းခဲ့တဲ့သူ ငါအစက်ရှင်ဖို့တောင် ထိုက်တန်ရဲ့လား"
"ဖေချော" "ငါကတကယ်မကောင်းဆိုးဝါးပဲ ငါ့ကြောင့် အရာအားလုံး ကမောက်ကမဖြစ်နေရတာ သားအတွက်မကြည့်ပေးမိဘဲ ငါတစ်ကိုယ်ကောင်းဆန်မိတယ် ငါမိန်းမမဖြစ်ချင်ရင်တောင် မိန်းမတစ်ယောက်လိုနေပေးခဲ့ရင် သားလည်းနာကျင်ရမှာမဟုတ်ဘူး"
"ကိုယ့်အသည်းရယ် ဆက်မပြောပါနဲ့တော့ အသက်ကို ရှူသွင်း အဲ့လိုတွေမလုပ်နဲ့ အသက်ရှူ"
ကောင်းကင် စိမ့်ပါးသပ်အားလက်ဖဝါးနဲ့ ဖိကပ်ကာ စကားဆက်မပြောရန်တား၏။သားကလည်း သူ့ကိုစိုးရိမ်တကြီးကြည့်ကာ ထလာ၏။သားကို ခေါင်းခါပြရင်း စိတ်အေးအေးထားရန်ပြောပြီး စိမ့်ငယ်ကိုတော့အသက်ရှူရန်တိုင်တွန်းသည်။
ထိုအခါမှအသက်ပုံမှန်ပြန်ရှူလာပြီး မျက်စံတွေကတဖြည်းဖြည်းငြိမ်လာပြီး ကောင်းကင်ကိုကြည့်သည်။ လွှတ်ပေးလိုက်တဲ့အချိန် တင်းကြပ်နေအောင်ဖက်ပြန်၏။သားကိုလည်း ကောင်းကင်ဆွဲခေါ်ကာ တစ်မိသားစုလုံး ထွေးပွေ့ထားလျှက်ရှိသည်။သားကိုလည်း သူအမှား ဟုမမြင်အောင် ကောင်းကင် ရှင်းပြရအုံးမည်
"တကယ် ကိုယ်တို့တွေ ကတစ်ယောက်ကို တစ်ယောက်က ကာကွယ်ပေးချင်နေကြတာ
သားက နေဝါလက်ကနေ ကိုယ့်ကို ရော မင်းရော လွတ်အောင် သူ့နည်းသူ့ဟန်နဲ့ ထိန်းချုပ်ပြီး ကိုယ်တို့ကို ကာကွယ်ပေးနေတာ ကိုယ့်အသည်းကတော့ သားကို သာမန်မိသားစုရစေချင်တာမို့ ကြိုးစားကာကွယ်ပေးနေတာပဲ ဘယ်လောက်ချိုမြိန်လိုက်သလဲ ကိုယ်တို့သုံးယောက်လုံးဟာ တစ်ဦးအပေါ်တစ်ဦး ပြောမပြနိုင်တဲ့ ချစ်ခြင်းတွေ မေတ္တာတွေ ထားခဲ့ကြတာ
သားက မေမေမလိုချင်သလို စိမ့်ငယ်က မေမေဖြစ်ပေးစရာမလိုဘူး သားအတွက် စိမ့်ငယ်ဟာ ရှိနေပေးဖို့ပဲ ကိုယ့်အတွက်လည်းယဒီလိုပဲ စိမ့်ငယ်ဆန္ဒအလျောက်ကိုယ့်အနားပျော်ပျော်ရွင်ရွင်ရှိနေဖို့ပဲလိုတာ စိမ့်ငယ်ရဲ့ ဘဝကကိုယ်တို့ပါဆိုရင်ကိုယ့်ဘဝက သားနဲ့မင်းပဲ"
"သားဘဝကလည်း ဖေချောနဲ့ daddy ရုပ်ဆိုးပဲ"
"...."
"အင်းတို့မှာ စိမ့်ငယ်ရှိနေရင်ကိုပြည့်စုံနေကြတာ တစ်ခုပဲ အရာရာပွင့်ပွင့်လင်းလင်း ပဲပြောကြရအောင် စိတ်ထဲတွေးနေတာထက်တစ်ခုခုဆို ကိုယ်တို့တစ်ယောက်နဲ့ တစ်ယောက်တိုင်ပင်ကြရအောင် ဒီလိုသာဆို ဘာပြသနာမှရှိမှာမဟုတ်ဘူး ကိုယ့်အသည်းမကျေနပ်တာရှိရင် ကိုယ့်ကို ဆူပစ်ဆဲပစ် နောက်ဆုံးထိုးပါထိုးလို့ရတယ် တစ်ခုပဲ စိမ့်ငယ် အတွေးတွေထဲမျောမနေပါနဲ့ ကတိတစ်ခုပဲပေး ပွင့်ပွင့်လင်းလင်းရှိရအောင်လေ"
"ကတိပေးတယ်"
"သားလည်းပေးပါတယ် နောက်တစ်ခါ တစ်ယောက်တည်းဆုံးဖြတ်ချပ်မချတော့ပါဘူး"
"ဟုတ်ပြီ ဒါမှပေါ့ ကိုယ့်ချစ်စရာလေးတွေရဲ့"
@Period-K
တစ်ခုလောက် များများလေးပြောမယ်နော် ဟဲ"
Extra က အဆက်တွေမဟုတ်ပါဘူး။တစ်ပိုင်းကိုဖြစ်ရပ်တစ်ခုပါ။စိတ်ကူးရတဲ့အခါ စိတ်ကူးပေါက်တဲ့ Plot ကိုရေးပေးမှာပါ အချိန်တွေကလည်းပျောက်သောက်ပေါ့နော် ။ဒီမိသားစုလေးကို အလွမ်းပြေပေါ့
ဒီမှာကျ ကောင်းကင်နဲ့ ဘုန်းမြတ်ကို Main cha အနေနဲ့ထားတာပေါ့နော်
EGO RULE ကျ ဒီကပါတဲ့ အခန်းတွေပါမယ်ထင်ပါတယ် ပါရင်လည်း ‌ေရာင်လေး POV ကိုပဲဦးစားပေးမှာမျိုး သိကြမယ်ထင်ပါတယ်
အဲ့ဆိုတော့ EXTRA ရော EGO ကိုပါယှဥ်ဖတ်ရင် ခံစားချက်တွေထပ်နေမှာမဟုတ်ပါဘူး POV ကွာတာပေါ့ နော်
EGO RULE
နေရောင်သွေးသစ်၊ကြယ်တံခွန်၊ဟိန်းရာဇာ
သူတို့ ကိုလည်းတင်ထားပြီးပါပြီ 2 ပိုင်းတောင်ပြီးပြီသိလား သွားဖတ်ချင် ဖတ်လို့ရပါပြီနော် °<'
Zawgyi
"ဆက်ပြောလေ "
"စိမ့်ငယ်..."
"ကောင်းကင်..."
ကောင်းကင် ဆရာဝန်ဆီ တစ်ဖက်ကဖုန်း‌ခေါ်ကာ စိမ့်ငယ်ကို တင်းကြပ်စွာပွေ့ဖက်ပေးထားဆဲဖြစ်၏။
" ငါ့ကိုချစ်သလား"
"အင်း"
"အခု...အခုရော"
"အင်း"
"ဗျာ....အဲ့တာက....daddy"
"ဟုတ်လား၊မဟုတ်ဘူးလား"
"ဟုတ်ပါတယ် Daddy"
"...."
"သားက..."
"...."
ခွပ်.....!
ရှပ်....ရှပ်.....ဒုန်း
"စိမ့်ငယ် ....... "
"...."
"...."
...........
"ဖေချော.."
"ဗျာ ..."
"Daddy.."
"ဗျာ..."
"ကိုယ့်အသည်း" "ဖေချော"
"...."
"ကတိပေးတယ်"
@Period-K
EGO RULE ကျ ဒီကပါတဲ့ အခန်းတွေပါမယ်ထင်ပါတယ် ပါရင်လည်း ‌ရောင်လေး POV ကိုပဲဦးစားပေးမှာမျိုး သိကြမယ်ထင်ပါတယ်
EGO RULE
Continue Reading
You'll Also Like
946K 2.1K 1
"ငါ့...မိဘတွေကိုသတ်ခဲ့တဲ့....မင်းအဖေကိုလည်းမုန်းတယ်...သူ့သားဖြစ်တဲ့မင်းကိုလည်း သေလောက်အောင်မုန်းတယ်..." ထွဋ်ဝေယံဦ...
1.6K 59 3
A short love story about two lovers who are still in love with each other until their ends.
15.9K 533 40
Uni Sweet Fiction Funny Moment လေးတွေပါမယ် "အကို အကိုရေ ကိုနေ့သစ်သာ အကိုနဲ့မသက်ဆိုင်ခဲ့ရင် လင်းရောင်နဲ့ကျွန်တော်သာ ကွေးရင်လေ အကို့ကို ကျွန်တော်နဲ့...
173K 8.7K 61