π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

34K 3.7K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23

Episode: 16

1.3K 157 89
By sunflower06h

အခြေအနေမှန်တို့ကို လှစ်လျူရှူရင်း အချစ်ပင်လယ်ထဲ ကူးခတ်ခဲ့ကြသည်မှာ အရှင့်Heatနှင့် alpha၏ rut နှစ်ခုပေါင်း ၅ရက်တာကြာမြင့်သည် အထိပင်။ အချစ်ညလယ်တို့ကို ဖန်တီးချိန်တွင်တော့ တိုင်းပြည်အရှင်နှင့် ကိုယ်ရံတော်ဆိုသည့် ဂုဏ်ပုဒ်တို့ကိုလည်း မေ့လျော့ကာ၊ ကိုယ်ပိုင်ကမ္ဘာလေးအတွင်း mateနှစ်ဦး အနေဖြင့်သာ အလှပဆုံး ပုံဖော်ခဲ့ကြသည်လေ။

သို့သော်လည်း ၅ရက်တာကုန်လွန်၍ အခြေအနေမှန်တို့ပြန်လည်ထင်ဟပ်လာသည့်အခါ နန်းတော်သို့ ပြန်ရမည့်အချိန်အခါသို့ ရောက်လာတော့မည်။ ထုတ်၍သာမပြောသော်လည်း သည်ကိုယ်ပိုင်ကမ္ဘာလေးအား နှစ်ဦးသားလုံး မခွဲခွာချင်သေးသည်မှာတော့ ညာ၍မရ။

"နိုးပြီလား အရှင်။ ကျုပ်သားကောင်ဖမ်းပြီး ကင်ပေးထားတယ်။ ခဏနေရင် စားလို့ရပါပြီ"

"ခက်ခက်ခဲခဲ ဘာလို့သားကောင်သွားဖမ်းတာလဲ။ ဒီအတိုင်း အသီးပဲစားလိုက်ရင်လည်း ဖြစ်နေတာပဲဟာ"

"မခက်ခဲပါဘူး အရှင်ရဲ့။ ကျုပ်က အရင်က မုဆိုးလုပ်ခဲ့တဲ့သူလေ။ နောက်ပြီး အဓိကက လာဗင်ဒါ့အတွက် ဖမ်းပေးထားတာ။ ကျုပ်ချစ်ထားတာတွေကြာင့် အားပြတ်နေမှာ စိုးလို့လေ"

"ကင်မ်ထယ်ဟျောင်း!"

ရှက်ရှက်ဖြင့် အနီးရှိ ပန်းသီးဖြင့် ကောက်ပစ်လိုက်ရာ အပေါ်ပိုင်းဗလာဖြင့် ပြုံးစစလုပ်နေသော alpha၏ နဖူးထိပ်သို့ တည့်တည့်ပါလေ။ အနားရှိသည်က ပန်းသီးမို့တော်ပါသေးသည်။ ဖရဲသီး အုန်းသီးကဲ့သို့ ထုထည်ကြီးမားသည့်အသီးများသာဆို alpha့ဘဝမတွေးရဲပါ။

"အားပါးး လက်သံပြောင်လိုက်တာ အရှင်ရာ။ ကိုယ့်mateကို ဒီလိုလုပ်ရက်တယ်ပေါ့"

"mateဖြစ်လည်း မဖွယ်မရာတွေပြောရင်တော့ ခံရမှာပဲ ခင်ဗျား"

"မဖွယ်မရာမဟုတ်ရပါဘူး အရှင်ရယ်။ အဲ့လို စနောက်လိုက်ရင် ဖြစ်သွားတဲ့ မျက်နှာလေးက သိပ်အသည်းယားဖို့ကောင်းတော့ သဘောကျလွန်းလို့ စနောက်ချင်နေမိတာ"

"တော်ပါ။ လုပ်စရာရှိတာ လုပ်တော့။ သွားသွား"

ပါးမို့ကလေးရဲကာ ခပ်စွာစွာနှင်သော အရှင့်ပုံစံလေးအား အသည်းယားမိလွန်းသည်ကြောင့် ထပ်၍ စနောက်ချင်မိသော်လည်း လက်စကို သိနေသည်ကြောင့် နောက်ထပ် ပန်းသီးတစ်လုံး လေပေါ်လွင့်မလာခင် ရှောင်ရပါမည်လေ။

"ခဏလေး"

ခပ်ဝေးဝေး မရောက်ခင်မှာပင် လှမ်းခေါ်သည့် အရှင့်အသံကြောင့် ပြုံးမိကာ ချက်ချင်း အနားသို့ ပြန်ရောက်သွားတော့သည်။

"အင်း ပြော။ ကျုပ် ဘာလုပ်ပေးရမလဲ။ ဘာလိုအပ်လဲ လာဗင်ဒါ"

"ကိုယ်တော့်ပုံစံက အခု ဘယ်လိုဖြစ်နေလဲ"

"အရှင့်ပုံစံ?"

"အင်း။ ကိုယ်တော့်ပုံစံက ဘယ်လိုဖြစ်နေလဲ alpha"

မမျှော်လင့်ပဲ တည်းခိုလိုက်ရသည်မို့ အိမ်တွင်းရှိ သူ့ရှပ်အင်္ကျီ နွမ်းနွမ်းကိုသာ ဝတ်ဆင်ထားသူ အရှင်လာဗင်ဒါလေး။ ခန္ဓာကိုယ် အရွယ်အစားအားဖြင့် အများအပြားကွာခြားမှုမရှိသည့်တိုင် alphaဖြစ်သော သူက ပုခုံးပိုကျယ်ကာ ထွားသည်မို့ သူအင်္ကျီကို ဝတ်ဆင်ထားမိသော အရှင်မှာ ညှပ်ရိုးထင်းထင်းနှင့် ပုခုံးသားဖွေးဖွေးတို့ထက် နေရာယူလျက်ရှိသော အချစ်သက်သေ အမှတ်အသားအချို့က အတိုင်းသားပင်။

ထို့အပြင် ဖုံးကွယ်ထားခြင်းမရှိသည်ကြောင့် အတိုင်းသားပေါ်လွင်နေသည့် ခရမ်းစွဲရောင် မျက်ဝန်းတို့၊ ရမ္မက်ခိုးဝေသည့် အကြင်နာစစ်ပွဲတို့ကြောင့် နီမြန်းဖူးယောင်လျက်ရှိသော နှုတ်ခမ်းရဲရဲတို့က ဖြူဝင်းသည့် အရှင့်မျက်နှာချောချောဖြင့် သိပ်ပနံသင့်လှသည်မို့ နှုတ်မှ ထွက်လာသည့်စကားကား

"လှတယ်"

"ဟာ! အကောင်းမေးနေတာကို"

"ကျုပ်ကလည်း အကောင်းဖြေတာလေ။ လှတယ် ကျုပ်ရဲ့ အရှင်လာဗင်ဒါက ဘယ်လိုနေနေ သိပ်လှတာလေ"

"ချီးမွမ်းခန်းဖွင့်တာတွေ တော်ပါတော့ ။ ဒီပုံအတိုင်း နန်းတော်ကို ပြန်လို့ဖြစ်မဖြစ် သိချင်လို့မေးတာကို ဘာတွေပြောမှန်းမသိဘူး"

"မညာတမ်းပြောရရင်တော့ နှုတ်ခမ်းလေး နည်းနည်းယောင်နေတာက လွဲရင် ကျန်တာက ဖုံးလို့ရပါတယ်။ ဒါနဲ့ အမှတ်နေရာကရော သက်သာပြီလား။ နာနေသေးလား"

mateအမှတ်အသားသည် တသက်တာ ကိုယ်ပေါ်စွဲထင်ကျန်ရစ်သည့်အရာပေမို့ အနာကျက်ရန်တော့ ရက်ပိုင်းမျှ အချိန်ယူရတတ်သည်။ ထိုသို့အချိန်ယူရာတွင်လည်း alphaများထက် omegaတို့က အနာကျက်နှေးတတ်သည်မို့ စိုးရိမ်စွာမေးလိုက်မိခြင်းပင်။

"သိပ်တော့ မနာတော့ပါဘူး။ ရုတ်တရက် ပုခုံးကို မဆင်မခြင်လှုပ်ရှားလိုက်မိတာဆိုရင် နာတာမျိုးတော့ ရှိတာပေါ့လေ"

alphaက စကားတစုံတရာ ထပ်မဆိုတော့ပဲ အနားတိုးလာကာ နောက်ကျောဘက်မှ အုပ်မိုးပွေ့ဖက်သည်။ ထို့နောက်တွင်တော့ mateအမှတ်အသားနေရာကို ရွှတ်ခနဲနေအောင် နမ်းရှုံ့သည်။ တဆက်တည်းမှာပင် ကိုယ်နှစ်ခုကို အသာယိမ်းထိုးစေရင်း လည်တိုင်တလျှောက် အနမ်းဖွဖွတို့ကိုပေးလေတော့သည်။

အသည်းယားဖွယ်ကောင်းသော်လည်း နီးကပ်နေသည့် အနေအထားအရ လွှမ်းခြုံထားသော မိုးရနံ့သင်းသင်းတို့နှင့် alpha၏ အနမ်းနုနုတို့သည် ဝေဒနာကို တဝက်သက်သာစေသလို လုံခြုံမှုကိုပါ ခံစားရစေသည်မှာ ညာ၍မရ။

"အခုရော သက်သာလား"

"အင်း ခုနကထက် ပိုပြီး"

လေထုထဲတွင် မိုးရနံ့နှင့် လာဗင်ဒါ ရနံ့တို့က နူးညံ့စွာ ရောယှက်နေသလို ကိုယ်နှစ်ခုမှာလည်း ကြည်နူးမှု ဘုံဗိမာန်လေးထဲ စီးမျောကာ လက်တွေ့အခြေအနေများကိုပါ မေ့ပျောက်နေလေဟန်ပါပင်။

"ဒါနဲ့ နန်းတော်ကို ဘယ်လိုထားခဲ့လဲ"

"သမားတော်မင်ကို ကြည့်ပြောခိုင်းခဲ့တယ်။ သူကြည့်စီစဥ်မှာပေါ့"

"သမားတော်မင်လည်း ဒုက္ခများရပြီပဲ။ alphaပျောက်လို့ လိုက်ရှာတဲ့ တစုံတယောက်ကြောင့်"

အရှင့်မျက်နှာလှလှက ပြုံးစစမှ ချက်ချင်း သုန်မှုန်သွားကာ

"ဘယ်သူက အရင် မပြောမဆိုနဲ့ ထားခဲ့တာလဲ။ ဘယ်သူက အရင် ကိုယ်တော့်ကို လျစ်လျူရှူတာလဲ။ အဲ့တုန်းက ကိုယ်တော် တကယ် စိတ်မကောင်းဖြစ်ခဲ့တာ"

"အရှင်လည်း ကျုပ်ကို စိတ်မကောင်းဖြစ်အောင် လုပ်တာပဲလေ... ကြင်ယာတော် ကိစ္စနဲ့ရော၊ ဝတ်ရုံကိုရော.."

"ဂျီဂျီ ဂျီဂျီဆိုပြီး ကိုယ်တော့်ကို မရှိသလိုလုပ်တာ ခင်ဗျားက အရင်လေ... နောက်ပြီး အလုပ်တာဝန်ဆိုပြီးလည်း သုံးနှုန်းခဲ့သေးတာ... "

ပူပူနွေးနွေးပင် mateဖြစ်ထားရုံရှိသေး ရန်ဖြစ်တော့မည့်အနေအထားကြောင့် alphaလည်းဖြစ် ကိုယ်ရံတော်လည်း ဖြစ်သော သူကပင် လျော့လိုက်တော့သည်။ ပိုချစ်သူက ပိုအလျှော့ပေးသည်မှာ ချစ်ခြင်းမေတ္တာ၏ ထုံးစံပင် မဟုတ်လား

ထို့အပြင် ချစ်ခြင်းမေတ္တာနှင့် အစိမ်းသက်သက်ဖြစ်သော အရှင့်အား သင်ပြပေးနေစဥ် စပ်ကြားအတွင်း ပဋိပက္ခဆိုသည်မျိုးလည်း မရှိချင်ပါ။ တစ်ဦးတည်းသော တိုင်းပြည်အရှင်ဖြစ်သည့်အလျောက် အနိုင်လိုချင်စိတ်ကလေးက ပင်ကိုယ်ရှိနေသေးသည်မို့ သူကတင်းလျှင် ကိုယ်က လျှော့ကာမှ တော်ကာကျမည်လေ။

"ထားပါတော့။ ကျုပ်က ပိုမှားခဲ့ပါတယ်။ အခုတော့ ကျုပ်စိတ်ထဲမှာရှိနေတဲ့ omegaက ဘယ်သူဆိုတာ အရှင်ယုံပြီမလား"

"မယုံဘူး ခင်ဗျားကို စောင့်ကြည့်ဦးမှာ"

"ဟောဗျာ။ ခက်တော့တာပဲ"

စကားအဆုံးမှာပင် alphaက ကိုယ်နှစ်ခုအား မျက်နှာချင်းဆိုင်အဖြစ် နီးကပ်စေရင်း ရီဝေဝေ မျက်ဝန်းတို့ဖြင့် ကြည့်သည်။ ထို့နောက်တွင်တော့ နဖူးပြင်ထက် နွေးထွေးနူးညံ့သော အထိအတွေ့ကို ခံစားရစေသည်။ ကကြီးပုံ နှုတ်ခမ်းတို့၏ နူးညံ့မှုကား နဖူးပြင်မှသည် တကိုယ်လုံးရှိ အာရုံကြောများသို့ ပျံ့နှံ့သွားသယောင် အရှင့်စိတ်ကလေးအား အလိုလို တည်ငြိမ်သွားစေပါသည်။ ဒါသည်လည်း alpha၏ ချော့နည်းတမျိုးပါလေ။

"ယုံပြီလား အခု"

"မသိဘူး...မပြောတတ်ဘူး"

မျက်လုံးချင်းဆုံရာမှ ခေါင်းငုံ့ကာ ဖြေမိတော့ မေးဖျားမှ ခပ်ဖွဖွ ဆွဲမော့ရင်း

"လာဗင်ဒါလေးကတော့ အသိသာကြီးကို ဒီalphaကို ရစ်နေပြန်ပါကောလား"

ကြမ်းတမ်းတလှည့် နူးညံ့တလှည့်ဖြင့် သူတို့နှစ်ဦး ဆက်ဆံရေးမှာ ရယ်ဖွယ်လည်း ကောင်းသလို ကြည်နူးစရာလည်း ကောင်းသော ထူးခြားသည့် ဆက်ဆံရေးလေးပင်။

"မွှေးလိုက်တာ။ ကျုပ်ဖြင့် မင်းအနံ့လေးကို သိပ်ရူးမိတာပဲ လာဗင်ဒါ။"

"အပိုတွေ..ဒီလောက် ခေါင်းမူးစရာကောင်းတာကို..."

"ကျုပ်အတွက်တော့ စွဲမက်စရာပါပဲ။ မြတ်နိုးမိစေသလို တချိန်တည်းမှာပဲ အသိစိတ်ပျောက်အောင်လည်း ဆွဲဆောင်နိုင်တဲ့ အနံ့လေးလေ"

"ခင်ဗျားက သိပ်မြှောက်ပင့်တတ်တာပဲ alpha"

"အမှန်တရားတွေဆိုရင်ကော လာဗင်ဒါရဲ့"

"ခင်ဗျားကိုတော့ တကယ်မနိုင်ပါဘူး"

ပြုံးစစဖြင့် ခေါင်းယမ်းသည့် အရှင်လေးမှာ ချီးမွမ်းစကားကို မနှစ်သက်လေဟန် မူပိုပြနေသော်လည်း ခပ်မြန်မြန် နှလုံးခုန်သံတို့မှ တစ်ဆင့် သဘောကျနေကြောင်းကို alphaတစ်ယောက် ကောင်းကောင်းရိပ်စားမိပါသည်လေ။

အရာရာ ထူးချွန်သော အရှင်လေးမှာ ချစ်ခြင်းမေတ္တာတွင်တော့ အစိမ်းသက်သက်ဖြစ်သည်မို့ အသေအချာမဖော်ပြတတ်သော်လည်း နူးညံ့လာသည့် တဖက်ခြမ်းလေးက alphaနှင့်မှ ပေါ်ထွက်လာတတ်သည်မှာ သိသာပါသည်။

ဪ.. ချစ်ခြင်းမေတ္တာသည် လူကိုနူးညံ့စေပုံများ...

"အာ ဟုတ်သား။ ခုမှ သတိရတယ်။ လွှတ်ဦး ခဏ"

သိုင်းဖက်ထားရာမှ ရုန်းထွက်ကာ အခန်းဘက်သို့ ခပ်သုတ်သုတ် ထွက်သွားလေတော့ ထယ်ဟျောင်းမှာ ကြောင်လျက်သာ ကျန်ခဲ့သည်။ အရှင်လေး ဘာလုပ်ဦးမှာများလဲ။

သို့သော် ပြန်ထွက်လာသည့်အရိပ်ငယ်နှင့်တူတူ ပါလာသည့် ပစ္စည်းကား ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်စေပါသည်လေ။

"အရှင်... ဒါက..."

"အင်း..ကိုယ်တော်ဖျက်ဆီးခဲ့မိတဲ့ ခင်ဗျားရဲ့ ဝတ်ရုံပဲ... စိတ်လိုက်မာန်ပါလုပ်မိတာကြောင့် အားနာမိလို့ ကိုယ်တော်ကိုယ်တိုင် ပြန်ပြင်ဆင်ခဲ့တာ"

ဝတ်ရုံ...

သူ၏ အဖိုးတန် အမွေဖြစ်သော ထိုဝတ်ရုံ...

သာမန်ဝတ်ရုံ ခပ်နွမ်းနွမ်းဟု ထင်ရသော်လည်း သည်ဝတ်ရုံ၏ အခရာကျပုံကို မိမိနှင့် လူအချို့မှလွဲ၍ သိနိုင်မည်မှ မဟုတ်ပဲ။

အရှင့်ဒေါသကြောင့် ပျက်စီးသွားခဲ့ပြီ ထင်ခဲ့သော ထိုဝတ်ရုံက အကောင်းနီးနီး သူ့ရှေ့ပြန်ရောက်လာခဲ့သည်လေ။

သို့သော် ဓားကိုင် မြှားပစ်သာ ကျွမ်းကျင်ခဲ့သူ အရှင်က သည်ဝတ်ရုံကို ကိုယ်တိုင် ပြန်ပြင်ဆင်ခဲ့သည်တဲ့လား..။ ဒါဖြင့် လက်ဖြူဖြူလေးများပင် ထိခိုက်လုပြီပေါ့။

alphaက စကားတစုံတရာမပြောပဲ အရှင့်လက်ချောင်းလေးများအား ဆွဲယူကာ ကြည့်မိတော့ ထင်သည့်အတိုင်းပါပင်။ အပ်စူးသည့် အမာရွတ်အချို့နှင့် အသားမာတက်နေသည့် လက်ချောင်းတို့က သူ့အား စိတ်မကောင်းဖြစ်စေတော့သည်။

"ပထမဆုံး အပ်ချုပ်ခဲ့တာလား အရှင်"

"အဲ့လို မပြောပါနဲ့... ပထမဆုံးဆိုပေမယ့် ကိုယ်တော် ကြိုးစားပြီးလုပ်ထားခဲ့တာပါနော်။ မသေသပ်လို့လား။ ကိုယ်တော်ပြန်ပြင်ပေးရ---"

စကားမဆုံးခင်မှာပင် လက်ချောင်းထိပ်လေးများအား နမ်းရှိုက်လိုက်သူကြောင့် အရှင့်မှာ ကြောင်ကြောင်ကလေး ကြည့်နေမိတော့သည်။ မထင်ရင်မထင်သလို ထနူးညံ့တတ်လိုက်ပုံများ။

"ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ အားနာတယ်။ ကျုပ်အတွက်နဲ့ ဒီလိုမလုပ်ဖူးတာတွေပါလုပ်ပြီး ဝေဒနာဖြစ်ရလို့"

"အပ်စူးတာလောက်များ အဆန်းလုပ်လို့။ အပ်ထက် အဆမတန်ကြီးတဲ့ဟာကြီးကြောင့် ဝေဒနာဖြစ်ရတာကျ ကိုယ်တော့်ကို အားမနာဘူးလား"

စကားဝှက်ပါသော အရှင့်စကားအား သေချာစဥ်းစားနေမိသော alpha။ အထာပေါက်သွားချိန်တွင်တော့ မျက်နှာပူလာသည်ကြောင့်

"ဟာ အရှင်!"

"ဘာလဲ။ ခစ်ခစ် ခင်ဗျားက ရှက်နေတယ်။ ဒုက္ခပဲ alphaကြီးရယ်"

အရှင်က သူ့အားကြည့်ရင်း တခစ်ခစ်ဖြင့် မျက်လုံးလေးများ မှိတ်သွန်သည်အထိ ရယ်မောနေလေတော့သည်။ တဖက်မှ alphaသည်တော့ တော်ရုံလူမတွေ့ဖူးသည့် အရှင့်၏ ပုံစံလေးကို တမေတမော ငေးခွင့်ရသည့် မိမိက ဘယ်လောက်ထိ ကံကောင်းကြောင်းကိုလည်း တွေးရင်း ကြည်နူးနေမိပါတော့သည်။

တဖက်မှ အရှင်လေးသည်လည်း သည်အရွယ်ရောက်သည်အထိ တိုင်းပြည်နှင့် နန်းတော်အရေးသာ ခေါင်းထဲရှိခဲ့သည်ကြောင့် ချစ်ခြင်းမေတ္တာဆိုသည့်အရာအား ထဲထဲဝင်ဝင် သိခွင့်မရှိခဲ့သော်လည်း သည် alphaနှင့်မှ ခံစားရသည့် နွေးထွေးတလှည့် ကြည်နူးတလှည့် ခံစားမှူတို့ကြောင့် ရုန်းမထွက်နိုင်သော မေတ္တာနွံထဲ တိုးဝင်နေမိပြီပင် ဖြစ်သည်။

•••••

နန်းတွင်းသို့ မပြန်ခင် အိုအေစစ်လေးတွင် ကိုယ်လက်သန့်စင်ချင်သည်ဆိုသည့် အရှင့်ဆန္ဒလေးကြောင့် အပြန်ခရီးမစမီ လှိုင်ဂူဘေးမှ ရေအိုင်လေးထံသို့ ဦးတည်ခဲ့ကြပြန်သည်။

"ကိုယ်တော်ရေချိုးတာကို ခိုးမကြည့်နဲ့နော်"

"ပထမဆုံးအကြိမ် မြင်ဖူးတာလဲ မဟုတ်တာကို အရှင်ကလည်း"

"ခင်ဗျားတော့ မင်းမျက်သင့်ချင်ပြီ ထင်တယ်"

"မင်းမျက်သင့်ပြီး တသက်လုံးဘေးမှာ တာဝန်ထမ်းဆောင်ဖို့ အပြစ်ပေးလိုက်မယ်ဆိုလည်း ကျုပ်အဆင်ပြေပါတယ် အရှင်ရယ်"

"ရော်။ ခင်ဗျား ဘာလို့ ဒီလောက်ထိ စကားတတ်ပြီး ပြောရခက်နေသလဲ ကင်မ်ထယ်ဟျောင်းရဲ့"

"အရှင့် alphaမို့လေ"

"ကျစ်။ ခင်ဗျားကတော့"

စုတ်သပ်ရင်း မြည်တွမ်းလိုက်မိသည့် စကား။ မိမိက ပြောရခက်သည်ကြောင့် မိမိ၏ alphaဖြစ်သော သူကပါ ပြောရခက်သည်ဆိုသည့် အဓိပ်ပါယျပေါကျသညျ့ ထိုသူ့စကားကြောင့် အရှင့်မှာ ခြေချုပ်မိရသည်ပင်။ တယ်လည်း စကားအရာကျွမ်းကျင်သူပါလေ။

"ဒီနေရာကို သိပ်သဘောကျတာပဲ။ စိတ်ရှုပ်စရာရှိခဲ့ရင်တောင်မှ ဒီကိုလာလိုက်ရင် အများကြီး စိတ်သက်သာသွားတယ်"

"ကျုပ်လည်း တူတူပါပဲ အရှင်။ တောထဲမှာရှိနေတုန်းက ဒီနေရာလေးက အပန်းဖြေစရာနေရာဖြစ်ခဲ့တာ။

"နောက်ပြီး ဒီနေရာလေး ကျေးဇူးနဲ့ပဲ ဟောဒီက အလှနတ်ဘုရားလေးကို တွေ့ခဲ့ရတာလေ"

"စလာပြန်ပြီ။ ခင်ဗျားကတော့နော်"

မျက်စောင်းသဲ့သဲ့ထိုးရင်း ကျောက်ဆောင်ရှိရာဘက်သို့ ကူးခတ်သွားသည့် အရှင်လေးကြောင့် သဘောကျစွာရယ်မိရင်း အနီးသို့ တဖန် သွားမိပြန်သည်။ ကျောက်ဆောင်ကို မှီကာ မျက်လုံးများ မှိတ်သွန်ရင်း ရေစိမ်နေသည်က ပထမဆုံးheatအချိန်က အဖြစ်အပျက်တို့ကိုပင် သတိရစေသည်မို့ ပြုံးလိုက်ရင်း ခါးကျဥ်းကျဥ်းကို ဖွဖွ ထိတွေ့ကာ ကိုယ်နှစ်ခုကို နီးကပ်စေမိသည်။

"ကျုပ်ကတော့လေ နန်းတော်ကိုတောင် မပြန်ချင်တော့ဘူး အရှင်ရယ်"

"alpha..."

ရီဝေဝေ ခရမ်းစွဲရောင် မျက်ဝန်းလေးများနှင့် တိုးညှင်းစွာဆိုလာသော alphaဆိုသည့်အသံငယ်က သိပ်စွဲမက်စရာကောင်းပါသည်။ အရှင့်၏ အလှနှင့် လာဗင်ဒါနံ့ ပျံ့ပျံ့သည် ထယ်ဟျောင်းစိတ်တို့ကို ဂနာမငြိမ်ဖြစ်စေရန် လုံလောက်သော်လည်း alphaဆိုသည့် နာမ်စားသည်တော့ ရူးသွပ်လုနီးပင် စိတ်တို့ကို လွတ်ထွက်မတတ်ဖြစ်စေသည်လေ။

"ဒါပေမယ့် မပြန်လို့ မဖြစ်ဘူးလေ။ ကျုပ်သိပါတယ်။ တိုင်းပြည်အရှင်လေးကိုမှ ချစ်မိတာမို့ ကျုပ်က အများကြီး နားလည်နိုင်ရမှာပေါ့"

"ဒီခရမ်းစွဲရောင် မျက်ဝန်းလေးတွေနဲ့ alphaဆိုနဲ့အသံလေးကို မကြားရမှာက လွဲရင် ကျုပ်အတွက် အဆင်ပြေပါတယ်"

"ကိုယ်တော်တို့ ၂ယောက်တည်း ရှိမယ့်အချိန်တွေ မရှိမှာမှ မဟုတ်တာ"

"အဲ့အချိန်ကျရင် အခုလို နေလို့ရတယ်လေ။ သာမန်အချိန်မှာ တိုင်းပြည်အရှင်ပေမယ့် အခြားအချိန်တွေမှာ ခင်ဗျားရဲ့ လာဗင်ဒါအနေနဲ့လည်း ရှိနေပေးနိုင်တယ်လေ alpha"

"ဒီတခါတော့ သိပ်တတ်တာက အရှင်ပါပဲလား။ ထပ်ခေါ်ပေးပါဦး။ တဝကြီး နားထောင်ချင်လို့"

"alpha"

"နောက်ထပ် ထပ်ပြီး.."

"alpha...ကိုယ်တော့်ရဲ့ alpha"

alphaဆိုသည့် အခေါ်အဝေါ် တခါဆုံးတိုင်း ခါးသိမ်ကလေးအား ဖက်တွယ်ထားသည့် လက်တို့က ပို၍ တင်းကျပ်လာသလို ခန္ဓာကိုယ်နှစ်ခုသည်လည်း ပို၍နီးကပ်လာသည်ကို ခံစားမိသည်ကြောင့် အရှင်လေးမှာ ပြုံးမိရင်း မိမိရှေ့မှ alpha့ လည်တိုင်ကို သိုင်းဖက်ကာ နဖူးချင်း ထိကပ်ထားမိတော့သည်။ သည် မျက်ဝန်းစိမ်းဖြင့် လူသားမှာ ထိုအခေါ်အဝေါ်နှင့် ပတ်သက်လျှင် တုံ့ပြန်မှု သိပ်မြန်ဆန်ပါသည်လေ။

"လာဗင်ဒါ"

"hmm"

"မပြန်ခင် နောက်ဆုံးတခေါက်လောက်? ဖြစ်နိုင်ဦးမလား"

"အမှတ်အသားတွေ မချန်ဘူးလို့ အာမခံနိုင်ရင်ပေါ့"

ထိုစကားတခွန်းနှင့်အတူ ခေါင်းငြိမ့်ကာ လိုက်လျောမိတော့ alphaက အရှင့်အား ပေါင်တံကျစ်ကျစ်တို့မှ ပွေ့ချီကာ ကျောက်ဆောင်သို့ ထိကပ်စေရင်း အနမ်းချွေတော့သည်။

ထို့နောက် ပို၍နယ်ကျွံလာသော လက်များ၊ ပြန်၍ ဆက်သွယ်လာသည့် လတ်တလောရင်းနှီးထားသည့် ရပ်ဝန်းနှစ်ခု၊ လေထုထဲတွင် လိုက်လျောညီထွေပေါင်းစပ်နေသည့် မိုးရနံ့နှင့် လာဗင်ဒါရနံ့တို့အပြင် မညီမညာ သံစဥ်အချို့က မိုးမခတောအတွင်း အချစ်သက်သေပြုကာနေသော ပူပူနွေးနွေး အချစ်ငှက်နှစ်ဦးအား ကိုယ်စားပြု ဖော်ပြနေတော့သည်။

•••••

"သမားတော်မင် ဆေးမြစ်ရှာဖို့ သွားတယ် အရှင်"

"ကိုယ်တော် သိပါတယ်။ အခုကိုယ်တော်က သခင်လေး ပတ်ခ်ကို တွေ့ဖို့ လာခဲ့တာပါ"

နန်းတော်သို့ ပြန်ရပြီဖြစ်သည်ကြောင့် မပြီးမပြတ်ထားခဲ့သော ပြဿနာအား ရှင်းလင်းရပါမည်လေ။ alphaအပေါ် ကြင်ယာတော်ကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းပြီးဖြစ်သည့်တိုင် နှစ်ဦးတည်း ဖြေရှင်း၍ မဖြစ်သည့် ကိစ္စပေမို့ ကာယကံရှင် omegaကိုပါ ဖြေရှင်းချက်ပေးရင်း စစ်ကူတောင်းရပါမည်လေ။

"သုံးဆောင်ပါ အရှင်"

လက်ဖက်ရည် ငှဲ့ပေးသော သခင်လေးပတ်ခ်က အမှန်ပင် စွဲမက်ဖွယ်ကောင်းအောင် လှပပါသည်။ omegaပီသသော အလှ၊ omegaပီသသော နူးညံ့မှုတို့နှင့် ပြည့်စုံသည်ကြောင့် ဖခင်ဖြစ်သူ ခေါင်းဆောင်ပတ်ခ်က ဘုရင့်ကြင်ယာနေရာထိ လောဘတက်သည်မှာ မဆန်းပြားပေ။ သည်လောက်နူးညံ့ချောမောသည့် omegaအား မနှစ်သက်မည့် alphaဟူသည် ရှိနိုင်မည်တဲ့လား။ သည်ထဲ မိမိalphaဖြစ်သူတောင် ပါနိုင်ပါသေးသည်။

မဖြစ်ပါ။ မဟုတ်သည့်အတွေးများ ဝင်လာပြန်သည်မဟုတ်လား။ သည့်ထက်ကြာကြာ အတွေးလွန်မိပါလျှင် alphaအား စွပ်စွဲကာ ဒေါသပုံမိလိမ့်ဦးမည်ထင်။

"သခင်လေး ပတ်ခ်။ ဘယ်အချိန်ထိ ကိုယ်တော့်ကို ခပ်တန်းတန်းဆက်ဆံနေမှာလဲ"

"အရှင့်ဆန္ဒကို ကျနော် ငြင်းဆန်ခွင့် မရှိတာမို့ နေသားကျဖို့ကိုတော့ ခဏလောက် အချိန်ပေးမယ်ဆို ကျေးဇူးတင်မိမှာပါ အရှင်"

"ဘယ်သူပြောလဲ သခင်လေးမှာ ငြင်းခွင့်မရှိဘူးလို့"

"ကျနော်ငြင်းဆန်ရင်တောင် အာဏာရှိတဲ့ အရှင့်ရဲ့ အမိန့်တော်ကို လွန်ဆန်လို့မှ မရနိုင်ပဲ..အခုတောင် ကျနော့်ကို မျှော်လင့်ချက်တွေပေးပြီး နောက်ဆုံး အရှင့်ဆန္ဒအတိုင်း ခေါ်ယူလာတာပဲ မဟုတ်လား"

"သခင်လေးပဲ အဲ့နေရာကနေ ရုန်းထွက်ချင်တယ်ဆို။ ဒါကြောင့်ရတဲ့နည်းနဲ့ ခေါ်ထုတ်လာခဲ့တာလေ"

တစုံတဦးအား မကျေမချမ်းဖြစ်သော အကြောင်းပြချက်ဖြင့် စိတ်လိုက်မာန်ပါ ဆုံးဖြတ်မိသည်က သည်omegaလေးအတွက် ရိုက်ခတ်မှု ပြင်းထန်သွားသည်ကြောင့် အားနာမိသော်လည်း လူသိခံ၍ မဖြစ်သော လျို့ဝှက်ချက်တို့ကြောင့် မိမိအလွန်မဖြစ်အောင် ပြောဆိုရပြန်တော့သည်။

"ဒီကိုရောက်တော့လည်း ကိုယ်တော် မင်းကို ထိတွေ့ခဲ့ဖူးလို့လား သခင်လေး။ သမားတော်မင်ဆီမှာ တည်းခိုပြီး သခင်လေးသင်ချင်တဲ့ ဆေးပညာကို သင်ယူခိုင်းနေတာပဲလေ။ ကိုယ်တော့် စေတနာကို တကယ်ပဲ မရိပ်မိတာလား"

မိမိစကားအဆုံးပျက်ယွင်းသွားသော ထိုomega၏ မျက်နှာကိုကြည့်ရင်း ပို၍အားနာမိသော်လည်း ဟန်ကိုယ်ဖို့လုပ်ရင်း မျက်နှာတည်ဖြင့် နေရတော့သည်။ တနေရာရာများ မူပျက်သွားပါလျှင် ရိပ်မိကာ အလကားဖြစ်နိုင်သည်လေ။

"စိုးရွံ့ပါတယ် အရှင်။ ကျနော်မျိုး မသိဘဲ အရှင့်စေတနာကို စော်ကားမိပါတယ်"

"မလိုဘူး။ ကိုယ်တော် အခုလာခဲ့တာက တောင်းပန်ခံဖို့မဟုတ်ပဲ အခုလို မတင်မကျဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းဖို့ပဲ။ အခု သခင်လေးလည်း သဘောပေါက်ပြီဆိုတော့ ဒီ့ထက်ပိုပြီး ကိုယ်တော့်ကို အထင်မလွဲတော့ဖို့ မျှော်လင့်တယ်"

"ဖခင်ဖြစ်သူကိုလည်း အဆင်ပြေသလို နားချပေးပါ။ ကိုယ်တော်က ဘုရင်ဖြစ်တာမို့ စကားနှစ်မျိုးပြောရင် အဆင်မပြေတာကြောင့် သခင်လေးက ကူညီပေးရင် ကောင်းမှာ"

"ကျနော် ကြိုးစားပါမယ် အရှင်။ ကျေးဇူးတင်ပါတယ်"

"ရပါတယ် သခင်လေးပတ်ခ်။ ကိုယ်တော်တို့ အချင်းချင်း အကူအညီပြုရင်း နေကြတာပေါ့။"

မကျေမချမ်းဖြစ်နေဟန်ရှိသော လေထုက ထိုအခါမှ သက်တောင့်သက်သာ ဖြစ်ဟန်ပေါ်ကာ သခင်လေး ငှဲ့ပေးသော လက်ဖက်ရည်ကြမ်းအား သောက်မိတော့သည်။ နဂိုကမှ မိတ်ဆွေစစ်ရှားသော မိမိအနေအထားတွင် ရန်သူမွေးရန် မသင့်တော်သည်မို့ နှစ်ဖက်အလွန်မဖြစ်စေသော ဖြေရှင်းနည်းတို့မှာ အရေးကြီးပါသည်လေ။

ထို့အပြင် ဘဝတူ omegaချင်းဖြစ်သည်မို့ ထိုomegaအား ရန်ငြိုးဖွဲ့ရန် စိတ်ကူးလည်း မရှိပါလေ။ ပို၍တောင် ထောက်ပံ့ကူညီချင်ပါသေးသည်။

သို့သော်လည်း ရှေ့ဆက်လာသော ထိုomega၏ အမေးက အရှင်လေး အတွေးတို့အား အနည်းငယ်ပင် ယိမ်းယိုင်စေတော့သည်။

"ဒါနဲ့ အရှင်။ ထယ်ထယ်ကော ဒီကြားထဲ အဆင်ပြေရဲ့လား။ မတွေ့ရတာ အတော်လေးကြာပြီမို့"

ထယ်ထယ်။ ထယ်ထယ်ဟူ၍ပင်။ ဘာကြောင့်မှန်းမသိ အတော်လေး နားကြားပြင်းကပ်သော နာမ်စားပင်ဖြစ်သည်။

သို့ပေမယ့်လည်း ဘာအရေးလဲ။ alphaဟု ခေါ်ဆိုသူကတော့ မိမိတစ်ယောက်သာ ရှိသည်မဟုတ်လား။

"ကိုယ်ရံတော်ကင်မ်က ကိုယ်တော့်အနားမှာ အဆင်ပြေပြေရှိခဲ့ပါတယ်။ ဘာအကြောင်းရှိလို့များလဲ သခင်လေးပတ်ခ်"

"ဒီအတိုင်း မတွေ့ရတာကြာလို့ စိတ်ပူမိလို့ပါ အရှင်"

"ကိုယ်ရံတော်ကင်မ့်အပေါ် မေတ္တာရှိနေတာလား သခင်လေး"

မိမိစကားအဆုံး ခေါင်းလေးငုံ့ကာ လက်ချောင်းလေးများ သိုင်းယှက်ကာ ဆော့ကစားနေသော ထိုomegaကို ကြည့်ရင်း စိတ်ထဲ မရိုးမရွပင် ဖြစ်လာသည်။ alpha့ဘက်က စိတ်သန့်သော်လည်း သည်omegaက အဖြူရောင်သံယောဇဥ်သက်သက် မဟုတ်ချေဘူးပဲ။

ဘယ်လိုပင် mateဖြစ်ပါစေ။ တဖက်က နှစ်ချီသံယောဇဥ်ရှ်သူမို့ ရှေ့လျှောက် သတိထားမှ ဖြစ်ပါတော့မည်။ တော်ကြာ မိမိရှေ့မှ နူးညံ့သူလေးထံ ကောက်ကောက်ပါသွားခဲ့ပါလျှင်--

တဆိတ်... သည်ခံစားချက်က သဝန်တိုသည်ဟူသည့် ခံစားချက်ပင်လား။ ထိုalphaကြောင့် အမျိုးစုံသော ခံစားချက်တို့ကို ခံစားဖူးနေပြီပင် ဖြစ်သည်။

"တကယ်တော့ ကျနော်---"

"အာ့..."

ထိူomega၏ စကားမဆုံးခင်မှာပင် ကိုယ်တွင်းမှ ဖြစ်ပေါ်လာသော စူးရှသည့် နာကျင်မှုကြောင့် ဟန်မဆောင်နိုင်စွာ အာမေဋိတ်သံပင်ပြုမိတော့သည်။ heatကြောင့် နာကျင်သလိုလည်းမဟုတ်ပဲ သည်ဝေဒနာသည် ဘာများလဲ။ ဆေးများ၏ ဘေးထွက်ဆိုးကျိုး နောက်တခုပင်ဖြစ်သည်လား။

"အရှင်?"

ဝမ်းဗိုက်အောက်ပိုင်းအား ဖိကာ နာကျင်စွာ ညည်းညူလာသည့် အရှင်ကြောင့် သခင်လေးပတ်ခ်မှာ ပြောလက်စ စကားပင်ပြတ်တောက်ကာ အလန့်တကြားဖြစ်ရတော့သည်။ မိမိနင့် ရေနွေးကြမ်းသောက်နေရင်း ဖြစ်သည်မို့ မမျှော်လင့်ပဲ မိမိကြောင့်သာ ဆိုလျှင်...

"အရှင်...အဆင်ပြေရဲ့လား"

အခန်းပြင်ရှိ alphaမှာ နာကျင်စွာညည်းညူသံတို့အား ကြားသွားဟန်တူသည်။ ချက်ချင်းပင် ပြေးဝင်လာကာ အရှင့်အား စိုးရိမ်ပုံမှာ အနားရှိ ဂျီမင်းကိုတောင် တွန်းထုတ်မိသည်အထိ။

"နာတယ်... ဒီထဲက..အရမ်းနာတယ်"

"ခဏလေး။ ကျုပ် သမားတော်မင်ဆီ ခေါ်သွားပေးမယ် အရှင်"

ရက်သတ္တပတ်ကြာ မတွေ့ခဲ့ရသည့် alphaက တွေ့တွေ့ချင်းမှာပင် နှုတ်မဆက်နိုင်ပဲ အရှင်သခင်ဖြစ်သူအား ​ပွေ့ချီရင်း အမြန်ထွက်သွားလေတော့ ဂျီမင်စိတ်ထဲ တမျိုးပင်ဖြစ်ရသည်။ တာဝန်အရဆိုသည်ကို နားလည်သော်လည်း ခံစားချက်က မကောင်းပါလေ။ ဒါ့အပြင် တသက်တာလုံး မလုပ်ဖူးသည့် အပြုအမူကိုလည်း သတိလက်လွတ်ဖြင့် ပြုခဲ့သည်ပင် မဟုတ်လား။

"တွန်းခဲ့တယ်... မင်းငါ့ကို တွန်းထုတ်ခဲ့တာပဲ ထယ်ထယ်"

•••••
"ကိုယ်ရံတော်ကင်မ် ဘယ်လိုလုပ်--- ဟင် အရှင်!"

ဆေးမြစ်ရှာရာမှ လတ်တလောပင် ပြန်ရောက်ဟန်ရှိသော သမားတော်မင်။ ရောက်ရောက်ချင်းပင် မျက်စိရှေ့မှ အရှင့်ပုံစံကြောင့် အမောဆို့ရလေတော့သည်။ alphaဖြစ်သူအား လိုက်ရှာမည်ဆိုကာ မိမိအား မီးစင်ကြည့်ကခိုင်းရင်း ထွက်ခွာသွားခဲ့သူက နာကျင်နေသည့်ဟန်ဖြင့် ပြန်ရောက်လာသည့်အခါ စိုးရိမ်မှုက အထွဋ်အထိပ်ပင် ဖြစ်ရသည်လေ။

"စစ်ဆေးဖို့အတွက် အရှင့်အဝတ်တွေ ခဏလေးတော့ ဖယ်မှ ရပါမယ်။ ကိုယ်ရံတော်ကင်မ် အပြင်ထွက်ပေးပါ"

စစ်ဆေးမှုအတွက်မှန်း သိသည့်တိုင် သမားတော်မင်အား ထယ်ဟျောင်း ဘုကြည့်ကြည့်လိုက်မိသည်။ တကယ်ဆို သူကမှ အရှင့်alphaကို။ အခြားသူက အရှင့်ကို ဝတ်လစ်စလစ်ဖြင့် စစ်ဆေးရန် ရှောင်ပေးရမည်တဲ့လား။ မတရားလိုက်ပုံများ။

"ရပါတယ်။ ကျုပ်ဒီမှာပဲနေမယ်"

"ခင်ဗျားနှာဘူးလား။ alphaဖြစ်ပြီး om---"

အခန်းတောင့်တွင် မဝံ့မရဲချောင်းကြည့်နေသော ဂျီမင်အား သတိထားမိသွားသည်ကြောင့် စကားစအမြန်ဖြတ်လိုက်ကာ..

"သခင်လေး ပတ်ခ်ကို အဖော်ပြုပေးလိုက်ပါ။ ကျုပ်အရှင့်ကို စစ်ဆေးပေးထားမှာမို့ စိတ်ချလက်ချသာထားခဲ့"

"သွားလိုက်ပါ ကိုယ်ရံတော်ကင်မ်. သမားတော်မင်က စိတ်ချရပါတယ်"

ဝေဒနာကြားမှ ခပ်တိုးတိုးပြောလာသည့် အရှင့်စကားကြောင့် နောက်ဆံတင်းသော်လည်း ထွက်ခွာလာခဲ့ရသည်။ မူမမှန်သည့် နာကျင်မှုကို ခံစားနေရဟန်ပေါ်သည့် အရှင့်ကိုကြည့်ရင်း သူကိုယ်တိုင်ပင် ကိုယ်တွင်းအင်္ဂါများ ပြောင်းပြန်လန်လာသလိုပါပင်။ ဘေးမှ နှုတ်ဆက်လာသည့် ဂျီမင်ကိုပင် ဟန်ဆောင်ကာ ပြုံးမပြနိုင်သည်အထိ စိုးရိမ်စိတ်တို့ ဖြစ်ပေါ်နေမိတော့သည်။

တဖက်တွင်လည်း ဗိုက်ကို ဖိမိသည့်အခါ မခံမရပ်နိုင်ပုံပေါက်သည်အထိ လူးလှိမ့်နေသည့် အရှင့်ကြောင့် သမားတော်မင် စိုးရိမ်စိတ်ရေမှတ်တို့ မြင့်တက်လာသည်။ အဆိပ်များ မိလေသည်လား။ သို့မဟုတ် ကိုယ်တွင်းအင်္ဂါတစ်ခုခု ချို့ယွင်းထိခိုက်မိသည်များလား။

ထို့ကြောင့် အပေါ်ပိုင်း အဝတ်အစားတို့ကို လှန်လှောကာ စစ်ဆေးမည်ပြုတော့ ဗိုက်သားချပ်ချပ်ပေါ်မှ နီပုပ်ပုပ် အရာအချို့ကြောင့် သမားတော်မင် မျက်ခုံးတို့ပင် ပင့်တက်သွားတော့သည်။

"မဟုတ်မှလွဲရော.. ငါထင်သလိုတော့ မဟုတ်ပါဘူးနော်.."

မျှော်လင့်တကြီးဖြင့် လည်တိုင်အောက်ခြေထိပါ ဖုံးလွှမ်းနေသော အင်္ကျီစအား ဖယ်လိုက်သည့်အခါတွင်တော့

"ဒ-ဒါ mate အမှတ်အသားမဟုတ်ဘူးလား..."

အလျင်အမြန်ပင် အောက်ပိုင်းကိုပါ စစ်ဆေးရန် ပြုမိတော့ အရှင်က တားမြစ်သော်လည်း နာကျင်မှုကြောင့် အားအင်ဖျော့တော့နေသည်ကြောင့် အရာမထင်ပါလေ။ ခြောက်သွေ့စပြုရုံသာရှိသေးသော အဖြူရောင်အရာအချို့က နေရာယူနေသည့် အထိမခံသည့် ရပ်ဝန်းငယ်နှင့် မိတ်ဆက်လိုက်ရသည့် အခါတွင်တော့ ပြဿနာ အရင်းခံကို သဘောပေါက်လိုက်တော့သည်။

"အရှင်"

"ဟ-ဟင်"

"ကျနော်က အရှင့်သမားတော်ဖြစ်တာမို့ ကျနော်မေးတာတွေ ပွင့်ပွင့်လင်းလင်းဖြေမှ အရှင့်ဝေဒနာကို ကုသနိုင်မယ့် နည်းလမ်းတွေ့မယ်ဆိုတာ သိတယ်မဟုတ်လား"

"အင်း။ အဲ့ဒါဘာလို့လဲ"

"ဒါဆို ကျနော်မေးတာ အမှန်အတိုင်း ဖြေပေးပါအရှင်။ အရှင်နဲ့ အရှင့်alpha အခြေအနေတစ်ခုထိ ရောက်ပြီးကြပြီ မဟုတ်လား"

"ဘ-ဘာလို့ အဲ့လိုမေးတာလဲ။ ခုဖြစ်တဲ့ဝေဒနာက အဲ့ဒါနဲ့ဆိုင်နေလို့လား"

"အများကြီး သက်ဆိုင်တာပေါ့အရှင်။ ကျနော်ပြောတဲ့ အခြေအနေတစ်ခုဆိုတာ knotဖြစ်တဲ့အထိဆိုလိုတာပါ"

နှုတ်မှ တိုက်ရိုက်ဖြေရန် မဝံ့သည်မို့ အောက်နှုတ်ခမ်းကို ဖိကိုက်ကာ ခေါင်းငြှိ့မ်မိသည်။ ထို့နောက်မှ ခပ်တိုးတိုးလေသံဖြင့်

"ကိုယ်တော်တို့ လွန်ကျူးခဲ့ကြပြီးပါပြီ....ဒါပေမယ့် knotဖြစ်ခဲ့တာကတော့ တကြိမ်တည်း..."

"တကြိမ်တည်းတဲ့လား..? တကြိမ်တည်းနဲ့ ဘယ်လိုဖြစ်ပြီး.."

"ဘ-ဘာလို့လဲ သမားတော်မင်။ အဲ့ဒီကိစ္စနဲ့ ဘယ်လို သက်ဆိုင်လို့လဲ"

သမားတော်မင်က သက်ပြင်းချလိုက်ရင်း..

"ခုနက အရှင့်ကို စစ်ဆေးမိတော့ လတ်တလောမှ စွန့်ထုတ်ထားတယ်လို့ ထင်ရတဲ့ အရည်အချို့ကို တွေ့ရတယ်။ အခု အရှင် ဗိုက်အောင့်တာဖြစ်နိုင်တာက အဲ့အရည်တွေက အရှင့်ကိုယ်ထဲမှာ မျိုးအောင်ဖို့ ကြိုးစားနေကြတာကြောင့်ပဲ"

"ဘယ်လို ဘယ်လို"

"alphaတစ်ယောက်ဆီက knotကို လက်ခံထားမိရင် သန္ဓေတည်နိုင်ချေမြင့်မားပါတယ် အရှင်။ heatတောင် ၃ကြိမ်ပြည့်အောင် အသေအချာမဖြစ်ရသေးတဲ့ အရှင့်ခန္ဓာက သန္ဓေသားဖြစ်လာနိုင်လောက်တဲ့အထိ ပြည့်ပြည့်စုံစုံ မဖွံ့ဖြိုးသေးတာမို့ ခုလို ဝေဒနာတွေဖြစ်တာပါ"

ခန္ဓာကိုယ်က အရွယ်ရောက်သင့်သည့်အချိန်တွင် အရွယ်ရောက်ပြီး ဖြစ်သည့်တိုင် innerwolfသည်တော့ ဆေးများဖြင့် ထိန်းချုပ်ထားသည်ကြောင့် ဖွံ့ဖြိုးမှုနောက်ကျလေသော အရှင်သည် alphaနှင့် စပ်ယှက်ကာ သန္ဓေတည်ခဲ့ပါလျှင် ဝေဒနာ တို့အပြင် ပိုမည်မဟုတ်သည်လေ။ အရှင့်ကို ထိုအချက်နှင့် ပတ်သက်၍ သတိပေးရန် ပေါ့လျော့ခဲ့သော မိမိ အမှားပါလေ။

သို့သော်လည်း သည်လောက်ထိ မြန်မြန် အဆင့်တက်လိမ့်ကြမည်မှန်းမှ မထင်ခဲ့သည်ပဲ။ လွန်ခဲ့သော ရက်သတ္တပတ်ကအထိ ကိုယ်ရံတော်ကင်မ်အား ခါးခါးသီးသီး ငြင်းဆိုနေဆဲဖြစ်သော အရှင်ပင် မဟုတ်လားလေ။

"ဒါပေမယ့် မပူပါနဲ့ အရှင်။ တကြိမ်တည်း knotဖြစ်ခဲ့တာမို့ သန္ဓေမတည်နိုင်သေးပါဘူး။ ဆေးလည်းပေးလိုက်မှာမို့ ဝေဒနာလည်း သက်သာလာပါလိမ့်မယ်"

"ကျေးဇူးပါ သမားတော်မင်။ ခင်ဗျားလည်း ကိုယ်တော့်ကြောင့် ဒုက္ခများပြန်ပြီ"

"ဒါက ကျနော့်ရဲ့ တာဝန်ပဲလေ အရှင်ရဲ့။ ဒုက္ခမများပါဘူး။"

"ဒါဖြင့်ရင် အချစ်ကြမ်းတဲ့ အရှင့် alphaကို ခေါ်ပေးခဲ့မယ်နော် ကျုပ်ဆေးဖော်ဖို့ သွားရမှာမို့။ စိတ်ချရအောင် နောက်ထပ် ဆက်ဆံတဲ့အခါတော့ အထဲမှာ မစွန့်ထုတ်ဖို့တော့ သတိထားခိုင်းပေါ့ အရှင်။ မဟုတ်ရင် စောစောစီးစီး နန်းမွေနန်းလျာလေးတွေ ရနေမယ်"

"ဟာ သမားတော်မင်!"

နေထိုင်မကောင်းသော်လည်း အရှင်ဟာ ရန်တွေ့နိုင်သေးဟန်ပင်။ အမျက်တော်မရှစေရန် ခိုးရယ်မိကာ အသင့်စောင့်နေသော မျက်ဝန်းစိမ်းalphaအား အရှင့်ဆီ သွားစေ၍ သူကတော့ သခင်လေးပတ်ခ်နှင့်အတူ ဆေးဖော်ဆောင်သို့ ဦးတည်မိတော့သည်။

"အရှင် သက်သာရဲ့လား သမားတော်မင်"

"သက်သာပါတယ်။ အစာမရှိပဲ လက်ဖက်ရည်ကြမ်းသောက်လိုက်တာကြောင့် ကိုယ်တွင်းမှာ လေခံသလိုဖြစ်သွားတာ"

"ကျနော့်ကြောင့် ထင်တယ်... အားနာလို့ဘယ်လိုလုပ်ရမလဲ.."

"မဟုတ်တာ သခင်လေးရယ်။ အရှင်ကလည်း အပြစ်မယူပါဘူး။ ဒါနဲ့ ကျုပ်ကို ဆေးရွက်အချို့သွားခူးပေးမလား။ ကျုပ်အရှင့်အတွက် ဆေးဖော်ပေးရမှာမို့"

မေးခွန်းများ တိုးမလားစေရန်နှင့် အပြစ်ရှိစိတ်ဝင်မနေစေရန် စကားလမ်းကြောင်းပြောင်းကာ ဆေးရွက်ရှာစေတော့ သခင်လေး မျက်လုံးတို့က အရောင်တလက်လက်ပင်။ ဆေးပညာကို သိပ်ဝါသနာထုံပုံပေါ်သော သခင်လေးမှာ အရပ်ဒေသ၏ သတ်မှတ်ချက်တို့ကြောင့် လေ့လာခွင့်မရှိခဲ့သည်မှာ သနားစရာပင်။

သခင်လေးထွက်သွားသည့်အခါမှ သမားတော်မင်တစ်ယောက် ထိုင်ချမိရင်း သက်ပြင်းရှည်ကို ချမိတော့သည်။ အရှင့်ကိုသာ မစိုးရိမ်စေရန် သင့်တင့်စွာပြောခဲ့သော်လည်း သမားတော်မင် စိတ်ထဲတွင် မတင်မကျဖြစ်သော မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်နေပြီပင် ဖြစ်သည်လေ။

အရှင်က omegaဖြစ်သော်လည်း မျိုးရိုးမြင့်တော်ဝင်မျိုးရိုးပေမို့ mateဖြစ်လျှင်တောင် တော်ရုံAlpha၏ မျိုးစေ့က ဝေဒနာဖြစ်ရန် စွမ်းဆောင်နိုင်ဖို့မှာ မလွယ်ပါလေ။ alphaနှင့် omegaဖြစ်သည့်တိုင် မျိုးရိုးမြင့်တို့က ကိုယ်တွင်းဖွဲ့စည်းပုံလည်း ပို၍ရှုပ်ထွေးကာ သန်မာသည်မို့ပင်။

သို့သော်လည်း သည်alphaက knotတကြိမ်တည်းနှင့်ပင် အရှင့်အား ဝေဒနာဖြစ်စေသည်မို့ ထူးဆန်းသည့် ကိစ္စရပ်ပင် မဟုတ်လား။ ဘာထူးခြားမှုမှ မရှိသည့် သာမန်alpha၊ သင်းကွဲalphaကတဲ့လေ။ သမားတော်မင် ခေါင်းစားရပါတော့သည်။

တဆက်တည်းမှာပင် မေးခွန်းတခုအား အကြိမ်ကြိမ်ထုတ်ရင်း အတွေးများနေမိတော့သည်။ ထိုမေးခွန်းကား..

ကိုယ်ရံတော်ကင်မ်က တကယ်ပဲ သင်းကွဲalpha ဟုတ်ရဲ့လားဟူ၍ပင်။

#Tbc

A/N: First of all, sorry for late update 😿
နောက်ပြီး plotline ၂ခုကို တူတူခေါင်းစားပေးတဲ့အတွက် ကျေးဇူးအများးကြီးတင်ပါတယ် >< I appreciate all of your opinions!❤🙆
အကြံရသွားပြီမို့ အတတ်နိုင်ဆုံး ဒါဒါnimတို့ စိတ်မပျက်အောင် ဖန်တီးကြည့်သွားပါမယ်ရှင် ><

See u in next episode~

- 해바라기

ZG

အေျခအေနမွန္တို႔ကို လွစ္လ်ဴရႉရင္း အခ်စ္ပင္လယ္ထဲ ကူးခတ္ခဲ့ၾကသည္မွာ အရွင့္Heatႏွင့္ alpha၏ rut ႏွစ္ခုေပါင္း ၅ရက္တာၾကာျမင့္သည္ အထိပင္။ အခ်စ္ညလယ္တို႔ကို ဖန္တီးခ်ိန္တြင္ေတာ့ တိုင္းျပည္အရွင္ႏွင့္ ကိုယ္ရံေတာ္ဆိုသည့္ ဂုဏ္ပုဒ္တို႔ကိုလည္း ေမ့ေလ်ာ့ကာ၊ ကိုယ္ပိုင္ကမၻာေလးအတြင္း mateႏွစ္ဦး အေနျဖင့္သာ အလွပဆုံး ပုံေဖာ္ခဲ့ၾကသည္ေလ။

သို႔ေသာ္လည္း ၅ရက္တာကုန္လြန္၍ အေျခအေနမွန္တို႔ျပန္လည္ထင္ဟပ္လာသည့္အခါ နန္းေတာ္သို႔ ျပန္ရမည့္အခ်ိန္အခါသို႔ ေရာက္လာေတာ့မည္။ ထုတ္၍သာမေျပာေသာ္လည္း သည္ကိုယ္ပိုင္ကမၻာေလးအား ႏွစ္ဦးသားလုံး မခြဲခြာခ်င္ေသးသည္မွာေတာ့ ညာ၍မရ။

"နိုးၿပီလား အရွင္။ က်ဳပ္သားေကာင္ဖမ္းၿပီး ကင္ေပးထားတယ္။ ခဏေနရင္ စားလို႔ရပါၿပီ"

"ခက္ခက္ခဲခဲ ဘာလို႔သားေကာင္သြားဖမ္းတာလဲ။ ဒီအတိုင္း အသီးပဲစားလိုက္ရင္လည္း ျဖစ္ေနတာပဲဟာ"

"မခက္ခဲပါဘူး အရွင္ရဲ႕။ က်ဳပ္က အရင္က မုဆိုးလုပ္ခဲ့တဲ့သူေလ။ ေနာက္ၿပီး အဓိကက လာဗင္ဒါ့အတြက္ ဖမ္းေပးထားတာ။ က်ဳပ္ခ်စ္ထားတာေတြၾကာင့္ အားျပတ္ေနမွာ စိုးလို႔ေလ"

"ကင္မ္ထယ္ေဟ်ာင္း!"

ရွက္ရွက္ျဖင့္ အနီးရွိ ပန္းသီးျဖင့္ ေကာက္ပစ္လိုက္ရာ အေပၚပိုင္းဗလာျဖင့္ ၿပဳံးစစလုပ္ေနေသာ alpha၏ နဖူးထိပ္သို႔ တည့္တည့္ပါေလ။ အနားရွိသည္က ပန္းသီးမို႔ေတာ္ပါေသးသည္။ ဖရဲသီး အုန္းသီးကဲ့သို႔ ထုထည္ႀကီးမားသည့္အသီးမ်ားသာဆို alpha့ဘဝမေတြးရဲပါ။

"အားပါးး လက္သံေျပာင္လိုက္တာ အရွင္ရာ။ ကိုယ့္mateကို ဒီလိုလုပ္ရက္တယ္ေပါ့"

"mateျဖစ္လည္း မဖြယ္မရာေတြေျပာရင္ေတာ့ ခံရမွာပဲ ခင္ဗ်ား"

"မဖြယ္မရာမဟုတ္ရပါဘူး အရွင္ရယ္။ အဲ့လို စေနာက္လိုက္ရင္ ျဖစ္သြားတဲ့ မ်က္ႏွာေလးက သိပ္အသည္းယားဖို႔ေကာင္းေတာ့ သေဘာက်လြန္းလို႔ စေနာက္ခ်င္ေနမိတာ"

"ေတာ္ပါ။ လုပ္စရာရွိတာ လုပ္ေတာ့။ သြားသြား"

ပါးမို႔ကေလးရဲကာ ခပ္စြာစြာႏွင္ေသာ အရွင့္ပုံစံေလးအား အသည္းယားမိလြန္းသည္ေၾကာင့္ ထပ္၍ စေနာက္ခ်င္မိေသာ္လည္း လက္စကို သိေနသည္ေၾကာင့္ ေနာက္ထပ္ ပန္းသီးတစ္လုံး ေလေပၚလြင့္မလာခင္ ေရွာင္ရပါမည္ေလ။

"ခဏေလး"

ခပ္ေဝးေဝး မေရာက္ခင္မွာပင္ လွမ္းေခၚသည့္ အရွင့္အသံေၾကာင့္ ၿပဳံးမိကာ ခ်က္ခ်င္း အနားသို႔ ျပန္ေရာက္သြားေတာ့သည္။

"အင္း ေျပာ။ က်ဳပ္ ဘာလုပ္ေပးရမလဲ။ ဘာလိုအပ္လဲ လာဗင္ဒါ"

"ကိုယ္ေတာ့္ပုံစံက အခု ဘယ္လိုျဖစ္ေနလဲ"

"အရွင့္ပုံစံ?"

"အင္း။ ကိုယ္ေတာ့္ပုံစံက ဘယ္လိုျဖစ္ေနလဲ alpha"

မေမွ်ာ္လင့္ပဲ တည္းခိုလိုက္ရသည္မို႔ အိမ္တြင္းရွိ သူ႕ရွပ္အကၤ်ီ ႏြမ္းႏြမ္းကိုသာ ဝတ္ဆင္ထားသူ အရွင္လာဗင္ဒါေလး။ ခႏၶာကိုယ္ အ႐ြယ္အစားအားျဖင့္ အမ်ားအျပားကြာျခားမႈမရွိသည့္တိုင္ alphaျဖစ္ေသာ သူက ပုခုံးပိုက်ယ္ကာ ထြားသည္မို႔ သူအကၤ်ီကို ဝတ္ဆင္ထားမိေသာ အရွင္မွာ ညွပ္ရိုးထင္းထင္းႏွင့္ ပုခုံးသားေဖြးေဖြးတို႔ထက္ ေနရာယူလ်က္ရွိေသာ အခ်စ္သက္ေသ အမွတ္အသားအခ်ိဳ႕က အတိုင္းသားပင္။

ထို႔အျပင္ ဖုံးကြယ္ထားျခင္းမရွိသည္ေၾကာင့္ အတိုင္းသားေပၚလြင္ေနသည့္ ခရမ္းစြဲေရာင္ မ်က္ဝန္းတို႔၊ ရမၼက္ခိုးေဝသည့္ အၾကင္နာစစ္ပြဲတို႔ေၾကာင့္ နီျမန္းဖူးေယာင္လ်က္ရွိေသာ ႏႈတ္ခမ္းရဲရဲတို႔က ျဖဴဝင္းသည့္ အရွင့္မ်က္ႏွာေခ်ာေခ်ာျဖင့္ သိပ္ပနံသင့္လွသည္မို႔ ႏႈတ္မွ ထြက္လာသည့္စကားကား

"လွတယ္"

"ဟာ! အေကာင္းေမးေနတာကို"

"က်ဳပ္ကလည္း အေကာင္းေျဖတာေလ။ လွတယ္ က်ဳပ္ရဲ႕ အရွင္လာဗင္ဒါက ဘယ္လိုေနေန သိပ္လွတာေလ"

"ခ်ီးမြမ္းခန္းဖြင့္တာေတြ ေတာ္ပါေတာ့ ။ ဒီပုံအတိုင္း နန္းေတာ္ကို ျပန္လို႔ျဖစ္မျဖစ္ သိခ်င္လို႔ေမးတာကို ဘာေတြေျပာမွန္းမသိဘူး"

"မညာတမ္းေျပာရရင္ေတာ့ ႏႈတ္ခမ္းေလး နည္းနည္းေယာင္ေနတာက လြဲရင္ က်န္တာက ဖုံးလို႔ရပါတယ္။ ဒါနဲ႕ အမွတ္ေနရာကေရာ သက္သာၿပီလား။ နာေနေသးလား"

mateအမွတ္အသားသည္ တသက္တာ ကိုယ္ေပၚစြဲထင္က်န္ရစ္သည့္အရာေပမို႔ အနာက်က္ရန္ေတာ့ ရက္ပိုင္းမွ် အခ်ိန္ယူရတတ္သည္။ ထိုသို႔အခ်ိန္ယူရာတြင္လည္း alphaမ်ားထက္ omegaတို႔က အနာက်က္ႏွေးတတ္သည္မို႔ စိုးရိမ္စြာေမးလိုက္မိျခင္းပင္။

"သိပ္ေတာ့ မနာေတာ့ပါဘူး။ ႐ုတ္တရက္ ပုခုံးကို မဆင္မျခင္လႈပ္ရွားလိုက္မိတာဆိုရင္ နာတာမ်ိဳးေတာ့ ရွိတာေပါ့ေလ"

alphaက စကားတစုံတရာ ထပ္မဆိုေတာ့ပဲ အနားတိုးလာကာ ေနာက္ေက်ာဘက္မွ အုပ္မိုးေပြ႕ဖက္သည္။ ထို႔ေနာက္တြင္ေတာ့ mateအမွတ္အသားေနရာကို ႐ႊတ္ခနဲေနေအာင္ နမ္းရႈံ႕သည္။ တဆက္တည္းမွာပင္ ကိုယ္ႏွစ္ခုကို အသာယိမ္းထိုးေစရင္း လည္တိုင္တေလွ်ာက္ အနမ္းဖြဖြတို႔ကိုေပးေလေတာ့သည္။

အသည္းယားဖြယ္ေကာင္းေသာ္လည္း နီးကပ္ေနသည့္ အေနအထားအရ လႊမ္းၿခဳံထားေသာ မိုးရနံ႕သင္းသင္းတို႔ႏွင့္ alpha၏ အနမ္းႏုႏုတို႔သည္ ေဝဒနာကို တဝက္သက္သာေစသလို လုံၿခဳံမႈကိုပါ ခံစားရေစသည္မွာ ညာ၍မရ။

"အခုေရာ သက္သာလား"

"အင္း ခုနကထက္ ပိုၿပီး"

ေလထုထဲတြင္ မိုးရနံ႕ႏွင့္ လာဗင္ဒါ ရနံ႕တို႔က ႏူးညံ့စြာ ေရာယွက္ေနသလို ကိုယ္ႏွစ္ခုမွာလည္း ၾကည္ႏူးမႈ ဘုံဗိမာန္ေလးထဲ စီးေမ်ာကာ လက္ေတြ႕အေျခအေနမ်ားကိုပါ ေမ့ေပ်ာက္ေနေလဟန္ပါပင္။

"ဒါနဲ႕ နန္းေတာ္ကို ဘယ္လိုထားခဲ့လဲ"

"သမားေတာ္မင္ကို ၾကည့္ေျပာခိုင္းခဲ့တယ္။ သူၾကည့္စီစဥ္မွာေပါ့"

"သမားေတာ္မင္လည္း ဒုကၡမ်ားရၿပီပဲ။ alphaေပ်ာက္လို႔ လိုက္ရွာတဲ့ တစုံတေယာက္ေၾကာင့္"

အရွင့္မ်က္ႏွာလွလွက ၿပဳံးစစမွ ခ်က္ခ်င္း သုန္မႈန္သြားကာ

"ဘယ္သူက အရင္ မေျပာမဆိုနဲ႕ ထားခဲ့တာလဲ။ ဘယ္သူက အရင္ ကိုယ္ေတာ့္ကို လ်စ္လ်ဴရႉတာလဲ။ အဲ့တုန္းက ကိုယ္ေတာ္ တကယ္ စိတ္မေကာင္းျဖစ္ခဲ့တာ"

"အရွင္လည္း က်ဳပ္ကို စိတ္မေကာင္းျဖစ္ေအာင္ လုပ္တာပဲေလ... ၾကင္ယာေတာ္ ကိစၥနဲ႕ေရာ၊ ဝတ္႐ုံကိုေရာ.."

"ဂ်ီဂ်ီ ဂ်ီဂ်ီဆိုၿပီး ကိုယ္ေတာ့္ကို မရွိသလိုလုပ္တာ ခင္ဗ်ားက အရင္ေလ... ေနာက္ၿပီး အလုပ္တာဝန္ဆိုၿပီးလည္း သုံးႏႈန္းခဲ့ေသးတာ... "

ပူပူႏြေးႏြေးပင္ mateျဖစ္ထား႐ုံရွိေသး ရန္ျဖစ္ေတာ့မည့္အေနအထားေၾကာင့္ alphaလည္းျဖစ္ ကိုယ္ရံေတာ္လည္း ျဖစ္ေသာ သူကပင္ ေလ်ာ့လိုက္ေတာ့သည္။ ပိုခ်စ္သူက ပိုအေလွ်ာ့ေပးသည္မွာ ခ်စ္ျခင္းေမတၱာ၏ ထုံးစံပင္ မဟုတ္လား

ထို႔အျပင္ ခ်စ္ျခင္းေမတၱာႏွင့္ အစိမ္းသက္သက္ျဖစ္ေသာ အရွင့္အား သင္ျပေပးေနစဥ္ စပ္ၾကားအတြင္း ပဋိပကၡဆိုသည္မ်ိဳးလည္း မရွိခ်င္ပါ။ တစ္ဦးတည္းေသာ တိုင္းျပည္အရွင္ျဖစ္သည့္အေလ်ာက္ အနိုင္လိုခ်င္စိတ္ကေလးက ပင္ကိုယ္ရွိေနေသးသည္မို႔ သူကတင္းလွ်င္ ကိုယ္က ေလွ်ာ့ကာမွ ေတာ္ကာက်မည္ေလ။

"ထားပါေတာ့။ က်ဳပ္က ပိုမွားခဲ့ပါတယ္။ အခုေတာ့ က်ဳပ္စိတ္ထဲမွာရွိေနတဲ့ omegaက ဘယ္သူဆိုတာ အရွင္ယုံၿပီမလား"

"မယုံဘူး ခင္ဗ်ားကို ေစာင့္ၾကည့္ဦးမွာ"

"ေဟာဗ်ာ။ ခက္ေတာ့တာပဲ"

စကားအဆုံးမွာပင္ alphaက ကိုယ္ႏွစ္ခုအား မ်က္ႏွာခ်င္းဆိုင္အျဖစ္ နီးကပ္ေစရင္း ရီေဝေဝ မ်က္ဝန္းတို႔ျဖင့္ ၾကည့္သည္။ ထို႔ေနာက္တြင္ေတာ့ နဖူးျပင္ထက္ ႏြေးေထြးႏူးညံ့ေသာ အထိအေတြ႕ကို ခံစားရေစသည္။ ကႀကီးပုံ ႏႈတ္ခမ္းတို႔၏ ႏူးညံ့မႈကား နဖူးျပင္မွသည္ တကိုယ္လုံးရွိ အာ႐ုံေၾကာမ်ားသို႔ ပ်ံ့ႏွံ႕သြားသေယာင္ အရွင့္စိတ္ကေလးအား အလိုလို တည္ၿငိမ္သြားေစပါသည္။ ဒါသည္လည္း alpha၏ ေခ်ာ့နည္းတမ်ိဳးပါေလ။

"ယုံၿပီလား အခု"

"မသိဘူး...မေျပာတတ္ဘူး"

မ်က္လုံးခ်င္းဆုံရာမွ ေခါင္းငုံ႕ကာ ေျဖမိေတာ့ ေမးဖ်ားမွ ခပ္ဖြဖြ ဆြဲေမာ့ရင္း

"လာဗင္ဒါေလးကေတာ့ အသိသာႀကီးကို ဒီalphaကို ရစ္ေနျပန္ပါေကာလား"

ၾကမ္းတမ္းတလွည့္ ႏူးညံ့တလွည့္ျဖင့္ သူတို႔ႏွစ္ဦး ဆက္ဆံေရးမွာ ရယ္ဖြယ္လည္း ေကာင္းသလို ၾကည္ႏူးစရာလည္း ေကာင္းေသာ ထူးျခားသည့္ ဆက္ဆံေရးေလးပင္။

"ေမႊးလိုက္တာ။ က်ဳပ္ျဖင့္ မင္းအနံ႕ေလးကို သိပ္႐ူးမိတာပဲ လာဗင္ဒါ။"

"အပိုေတြ..ဒီေလာက္ ေခါင္းမူးစရာေကာင္းတာကို..."

"က်ဳပ္အတြက္ေတာ့ စြဲမက္စရာပါပဲ။ ျမတ္နိုးမိေစသလို တခ်ိန္တည္းမွာပဲ အသိစိတ္ေပ်ာက္ေအာင္လည္း ဆြဲေဆာင္နိုင္တဲ့ အနံ႕ေလးေလ"

"ခင္ဗ်ားက သိပ္ျမႇောက္ပင့္တတ္တာပဲ alpha"

"အမွန္တရားေတြဆိုရင္ေကာ လာဗင္ဒါရဲ႕"

"ခင္ဗ်ားကိုေတာ့ တကယ္မနိုင္ပါဘူး"

ၿပဳံးစစျဖင့္ ေခါင္းယမ္းသည့္ အရွင္ေလးမွာ ခ်ီးမြမ္းစကားကို မႏွစ္သက္ေလဟန္ မူပိုျပေနေသာ္လည္း ခပ္ျမန္ျမန္ ႏွလုံးခုန္သံတို႔မွ တစ္ဆင့္ သေဘာက်ေနေၾကာင္းကို alphaတစ္ေယာက္ ေကာင္းေကာင္းရိပ္စားမိပါသည္ေလ။

အရာရာ ထူးခြၽန္ေသာ အရွင္ေလးမွာ ခ်စ္ျခင္းေမတၱာတြင္ေတာ့ အစိမ္းသက္သက္ျဖစ္သည္မို႔ အေသအခ်ာမေဖာ္ျပတတ္ေသာ္လည္း ႏူးညံ့လာသည့္ တဖက္ျခမ္းေလးက alphaႏွင့္မွ ေပၚထြက္လာတတ္သည္မွာ သိသာပါသည္။

ဪ.. ခ်စ္ျခင္းေမတၱာသည္ လူကိုႏူးညံ့ေစပုံမ်ား...

"အာ ဟုတ္သား။ ခုမွ သတိရတယ္။ လႊတ္ဦး ခဏ"

သိုင္းဖက္ထားရာမွ ႐ုန္းထြက္ကာ အခန္းဘက္သို႔ ခပ္သုတ္သုတ္ ထြက္သြားေလေတာ့ ထယ္ေဟ်ာင္းမွာ ေၾကာင္လ်က္သာ က်န္ခဲ့သည္။ အရွင္ေလး ဘာလုပ္ဦးမွာမ်ားလဲ။

သို႔ေသာ္ ျပန္ထြက္လာသည့္အရိပ္ငယ္ႏွင့္တူတူ ပါလာသည့္ ပစၥည္းကား ခံစားခ်က္ေပါင္းစုံ ျဖစ္ေပၚေစပါသည္ေလ။

"အရွင္... ဒါက..."

"အင္း..ကိုယ္ေတာ္ဖ်က္ဆီးခဲ့မိတဲ့ ခင္ဗ်ားရဲ႕ ဝတ္႐ုံပဲ... စိတ္လိုက္မာန္ပါလုပ္မိတာေၾကာင့္ အားနာမိလို႔ ကိုယ္ေတာ္ကိုယ္တိုင္ ျပန္ျပင္ဆင္ခဲ့တာ"

ဝတ္႐ုံ...

သူ၏ အဖိုးတန္ အေမြျဖစ္ေသာ ထိုဝတ္႐ုံ...

သာမန္ဝတ္႐ုံ ခပ္ႏြမ္းႏြမ္းဟု ထင္ရေသာ္လည္း သည္ဝတ္႐ုံ၏ အခရာက်ပဳံကို မိမိႏွင့္ လူအခ်ိဳ႕မွလြဲ၍ သိနိုင္မည္မွ မဟုတ္ပဲ။

အရွင့္ေဒါသေၾကာင့္ ပ်က္စီးသြားခဲ့ၿပီ ထင္ခဲ့ေသာ ထိုဝတ္႐ုံက အေကာင္းနီးနီး သူ႕ေရွ႕ျပန္ေရာက္လာခဲ့သည္ေလ။

သို႔ေသာ္ ဓားကိုင္ ျမႇားပစ္သာ ကြၽမ္းက်င္ခဲ့သူ အရွင္က သည္ဝတ္႐ုံကို ကိုယ္တိုင္ ျပန္ျပင္ဆင္ခဲ့သည္တဲ့လား..။ ဒါျဖင့္ လက္ျဖဴျဖဴေလးမ်ားပင္ ထိခိုက္လုၿပီေပါ့။

alphaက စကားတစုံတရာမေျပာပဲ အရွင့္လက္ေခ်ာင္းေလးမ်ားအား ဆြဲယူကာ ၾကည့္မိေတာ့ ထင္သည့္အတိုင္းပါပင္။ အပ္စူးသည့္ အမာ႐ြတ္အခ်ိဳ႕ႏွင့္ အသားမာတက္ေနသည့္ လက္ေခ်ာင္းတို႔က သူ႕အား စိတ္မေကာင္းျဖစ္ေစေတာ့သည္။

"ပထမဆုံး အပ္ခ်ဳပ္ခဲ့တာလား အရွင္"

"အဲ့လို မေျပာပါနဲ႕... ပထမဆုံးဆိုေပမယ့္ ကိုယ္ေတာ္ ႀကိဳးစားၿပီးလုပ္ထားခဲ့တာပါေနာ္။ မေသသပ္လို႔လား။ ကိုယ္ေတာ္ျပန္ျပင္ေပးရ---"

စကားမဆုံးခင္မွာပင္ လက္ေခ်ာင္းထိပ္ေလးမ်ားအား နမ္းရွိုက္လိုက္သူေၾကာင့္ အရွင့္မွာ ေၾကာင္ေၾကာင္ကေလး ၾကည့္ေနမိေတာ့သည္။ မထင္ရင္မထင္သလို ထႏူးညံ့တတ္လိုက္ပုံမ်ား။

"ေက်းဇူးတင္ပါတယ္။ ေနာက္ၿပီးေတာ့ အားနာတယ္။ က်ဳပ္အတြက္နဲ႕ ဒီလိုမလုပ္ဖူးတာေတြပါလုပ္ၿပီး ေဝဒနာျဖစ္ရလို႔"

"အပ္စူးတာေလာက္မ်ား အဆန္းလုပ္လို႔။ အပ္ထက္ အဆမတန္ႀကီးတဲ့ဟာႀကီးေၾကာင့္ ေဝဒနာျဖစ္ရတာက် ကိုယ္ေတာ့္ကို အားမနာဘူးလား"

စကားဝွက္ပါေသာ အရွင့္စကားအား ေသခ်ာစဥ္းစားေနမိေသာ alpha။ အထာေပါက္သြားခ်ိန္တြင္ေတာ့ မ်က္ႏွာပူလာသည္ေၾကာင့္

"ဟာ အရွင္!"

"ဘာလဲ။ ခစ္ခစ္ ခင္ဗ်ားက ရွက္ေနတယ္။ ဒုကၡပဲ alphaႀကီးရယ္"

အရွင္က သူ႕အားၾကည့္ရင္း တခစ္ခစ္ျဖင့္ မ်က္လုံးေလးမ်ား မွိတ္သြန္သည္အထိ ရယ္ေမာေနေလေတာ့သည္။ တဖက္မွ alphaသည္ေတာ့ ေတာ္႐ုံလူမေတြ႕ဖူးသည့္ အရွင့္၏ ပုံစံေလးကို တေမတေမာ ေငးခြင့္ရသည့္ မိမိက ဘယ္ေလာက္ထိ ကံေကာင္းေၾကာင္းကိုလည္း ေတြးရင္း ၾကည္ႏူးေနမိပါေတာ့သည္။

တဖက္မွ အရွင္ေလးသည္လည္း သည္အ႐ြယ္ေရာက္သည္အထိ တိုင္းျပည္ႏွင့္ နန္းေတာ္အေရးသာ ေခါင္းထဲရွိခဲ့သည္ေၾကာင့္ ခ်စ္ျခင္းေမတၱာဆိုသည့္အရာအား ထဲထဲဝင္ဝင္ သိခြင့္မရွိခဲ့ေသာ္လည္း သည္ alphaႏွင့္မွ ခံစားရသည့္ ႏြေးေထြးတလွည့္ ၾကည္ႏူးတလွည့္ ခံစားမႉတို႔ေၾကာင့္ ႐ုန္းမထြက္နိုင္ေသာ ေမတၱာႏြံထဲ တိုးဝင္ေနမိၿပီပင္ ျဖစ္သည္။

•••••

နန္းတြင္းသို႔ မျပန္ခင္ အိုေအစစ္ေလးတြင္ ကိုယ္လက္သန့္စင္ခ်င္သည္ဆိုသည့္ အရွင့္ဆႏၵေလးေၾကာင့္ အျပန္ခရီးမစမီ လွိုင္ဂူေဘးမွ ေရအိုင္ေလးထံသို႔ ဦးတည္ခဲ့ၾကျပန္သည္။

"ကိုယ္ေတာ္ေရခ်ိဳးတာကို ခိုးမၾကည့္နဲ႕ေနာ္"

"ပထမဆုံးအႀကိမ္ ျမင္ဖူးတာလဲ မဟုတ္တာကို အရွင္ကလည္း"

"ခင္ဗ်ားေတာ့ မင္းမ်က္သင့္ခ်င္ၿပီ ထင္တယ္"

"မင္းမ်က္သင့္ၿပီး တသက္လုံးေဘးမွာ တာဝန္ထမ္းေဆာင္ဖို႔ အျပစ္ေပးလိုက္မယ္ဆိုလည္း က်ဳပ္အဆင္ေျပပါတယ္ အရွင္ရယ္"

"ေရာ္။ ခင္ဗ်ား ဘာလို႔ ဒီေလာက္ထိ စကားတတ္ၿပီး ေျပာရခက္ေနသလဲ ကင္မ္ထယ္ေဟ်ာင္းရဲ႕"

"အရွင့္ alphaမို႔ေလ"

"က်စ္။ ခင္ဗ်ားကေတာ့"

စုတ္သပ္ရင္း ျမည္တြမ္းလိုက္မိသည့္ စကား။ မိမိက ေျပာရခက္သည္ေၾကာင့္ မိမိ၏ alphaျဖစ္ေသာ သူကပါ ေျပာရခက္သည္ဆိုသည့္ အဓိပ္ပါယ်ေပါက်သည့် ထိုသူ႕စကားေၾကာင့္ အရွင့္မွာ ေျခခ်ဳပ္မိရသည္ပင္။ တယ္လည္း စကားအရာကြၽမ္းက်င္သူပါေလ။

"ဒီေနရာကို သိပ္သေဘာက်တာပဲ။ စိတ္ရႈပ္စရာရွိခဲ့ရင္ေတာင္မွ ဒီကိုလာလိုက္ရင္ အမ်ားႀကီး စိတ္သက္သာသြားတယ္"

"က်ဳပ္လည္း တူတူပါပဲ အရွင္။ ေတာထဲမွာရွိေနတုန္းက ဒီေနရာေလးက အပန္းေျဖစရာေနရာျဖစ္ခဲ့တာ။

"ေနာက္ၿပီး ဒီေနရာေလး ေက်းဇူးနဲ႕ပဲ ေဟာဒီက အလွနတ္ဘုရားေလးကို ေတြ႕ခဲ့ရတာေလ"

"စလာျပန္ၿပီ။ ခင္ဗ်ားကေတာ့ေနာ္"

မ်က္ေစာင္းသဲ့သဲ့ထိုးရင္း ေက်ာက္ေဆာင္ရွိရာဘက္သို႔ ကူးခတ္သြားသည့္ အရွင္ေလးေၾကာင့္ သေဘာက်စြာရယ္မိရင္း အနီးသို႔ တဖန္ သြားမိျပန္သည္။ ေက်ာက္ေဆာင္ကို မွီကာ မ်က္လုံးမ်ား မွိတ္သြန္ရင္း ေရစိမ္ေနသည္က ပထမဆုံးheatအခ်ိန္က အျဖစ္အပ်က္တို႔ကိုပင္ သတိရေစသည္မို႔ ၿပဳံးလိုက္ရင္း ခါးက်ဥ္းက်ဥ္းကို ဖြဖြ ထိေတြ႕ကာ ကိုယ္ႏွစ္ခုကို နီးကပ္ေစမိသည္။

"က်ဳပ္ကေတာ့ေလ နန္းေတာ္ကိုေတာင္ မျပန္ခ်င္ေတာ့ဘူး အရွင္ရယ္"

"alpha..."

ရီေဝေဝ ခရမ္းစြဲေရာင္ မ်က္ဝန္းေလးမ်ားႏွင့္ တိုးညွင္းစြာဆိုလာေသာ alphaဆိုသည့္အသံငယ္က သိပ္စြဲမက္စရာေကာင္းပါသည္။ အရွင့္၏ အလွႏွင့္ လာဗင္ဒါနံ႕ ပ်ံ့ပ်ံ့သည္ ထယ္ေဟ်ာင္းစိတ္တို႔ကို ဂနာမၿငိမ္ျဖစ္ေစရန္ လုံေလာက္ေသာ္လည္း alphaဆိုသည့္ နာမ္စားသည္ေတာ့ ႐ူးသြပ္လုနီးပင္ စိတ္တို႔ကို လြတ္ထြက္မတတ္ျဖစ္ေစသည္ေလ။

"ဒါေပမယ့္ မျပန္လို႔ မျဖစ္ဘူးေလ။ က်ဳပ္သိပါတယ္။ တိုင္းျပည္အရွင္ေလးကိုမွ ခ်စ္မိတာမို႔ က်ဳပ္က အမ်ားႀကီး နားလည္နိုင္ရမွာေပါ့"

"ဒီခရမ္းစြဲေရာင္ မ်က္ဝန္းေလးေတြနဲ႕ alphaဆိုနဲ႕အသံေလးကို မၾကားရမွာက လြဲရင္ က်ဳပ္အတြက္ အဆင္ေျပပါတယ္"

"ကိုယ္ေတာ္တို႔ ၂ေယာက္တည္း ရွိမယ့္အခ်ိန္ေတြ မရွိမွာမွ မဟုတ္တာ"

"အဲ့အခ်ိန္က်ရင္ အခုလို ေနလို႔ရတယ္ေလ။ သာမန္အခ်ိန္မွာ တိုင္းျပည္အရွင္ေပမယ့္ အျခားအခ်ိန္ေတြမွာ ခင္ဗ်ားရဲ႕ လာဗင္ဒါအေနနဲ႕လည္း ရွိေနေပးနိုင္တယ္ေလ alpha"

"ဒီတခါေတာ့ သိပ္တတ္တာက အရွင္ပါပဲလား။ ထပ္ေခၚေပးပါဦး။ တဝႀကီး နားေထာင္ခ်င္လို႔"

"alpha"

"ေနာက္ထပ္ ထပ္ၿပီး.."

"alpha...ကိုယ္ေတာ့္ရဲ႕ alpha"

alphaဆိုသည့္ အေခၚအေဝၚ တခါဆုံးတိုင္း ခါးသိမ္ကေလးအား ဖက္တြယ္ထားသည့္ လက္တို႔က ပို၍ တင္းက်ပ္လာသလို ခႏၶာကိုယ္ႏွစ္ခုသည္လည္း ပို၍နီးကပ္လာသည္ကို ခံစားမိသည္ေၾကာင့္ အရွင္ေလးမွာ ၿပဳံးမိရင္း မိမိေရွ႕မွ alpha့ လည္တိုင္ကို သိုင္းဖက္ကာ နဖူးခ်င္း ထိကပ္ထားမိေတာ့သည္။ သည္ မ်က္ဝန္းစိမ္းျဖင့္ လူသားမွာ ထိုအေခၚအေဝၚႏွင့္ ပတ္သက္လွ်င္ တုံ႕ျပန္မႈ သိပ္ျမန္ဆန္ပါသည္ေလ။

"လာဗင္ဒါ"

"hmm"

"မျပန္ခင္ ေနာက္ဆုံးတေခါက္ေလာက္? ျဖစ္နိုင္ဦးမလား"

"အမွတ္အသားေတြ မခ်န္ဘူးလို႔ အာမခံနိုင္ရင္ေပါ့"

ထိုစကားတခြန္းႏွင့္အတူ ေခါင္းၿငိမ့္ကာ လိုက္ေလ်ာမိေတာ့ alphaက အရွင့္အား ေပါင္တံက်စ္က်စ္တို႔မွ ေပြ႕ခ်ီကာ ေက်ာက္ေဆာင္သို႔ ထိကပ္ေစရင္း အနမ္းေခြၽေတာ့သည္။

ထို႔ေနာက္ ပို၍နယ္ကြၽံလာေသာ လက္မ်ား၊ ျပန္၍ ဆက္သြယ္လာသည့္ လတ္တေလာရင္းႏွီးထားသည့္ ရပ္ဝန္းႏွစ္ခု၊ ေလထုထဲတြင္ လိုက္ေလ်ာညီေထြေပါင္းစပ္ေနသည့္ မိုးရနံ႕ႏွင့္ လာဗင္ဒါရနံ႕တို႔အျပင္ မညီမညာ သံစဥ္အခ်ိဳ႕က မိုးမခေတာအတြင္း အခ်စ္သက္ေသျပဳကာေနေသာ ပူပူႏြေးႏြေး အခ်စ္ငွက္ႏွစ္ဦးအား ကိုယ္စားျပဳ ေဖာ္ျပေနေတာ့သည္။

•••••

"သမားေတာ္မင္ ေဆးျမစ္ရွာဖို႔ သြားတယ္ အရွင္"

"ကိုယ္ေတာ္ သိပါတယ္။ အခုကိုယ္ေတာ္က သခင္ေလး ပတ္ခ္ကို ေတြ႕ဖို႔ လာခဲ့တာပါ"

နန္းေတာ္သို႔ ျပန္ရၿပီျဖစ္သည္ေၾကာင့္ မၿပီးမျပတ္ထားခဲ့ေသာ ျပႆနာအား ရွင္းလင္းရပါမည္ေလ။ alphaအေပၚ ၾကင္ယာေတာ္ကိစၥႏွင့္ ပတ္သက္၍ ေျဖရွင္းၿပီးျဖစ္သည့္တိုင္ ႏွစ္ဦးတည္း ေျဖရွင္း၍ မျဖစ္သည့္ ကိစၥေပမို႔ ကာယကံရွင္ omegaကိုပါ ေျဖရွင္းခ်က္ေပးရင္း စစ္ကူေတာင္းရပါမည္ေလ။

"သုံးေဆာင္ပါ အရွင္"

လက္ဖက္ရည္ ငွဲ႕ေပးေသာ သခင္ေလးပတ္ခ္က အမွန္ပင္ စြဲမက္ဖြယ္ေကာင္းေအာင္ လွပပါသည္။ omegaပီသေသာ အလွ၊ omegaပီသေသာ ႏူးညံ့မႈတို႔ႏွင့္ ျပည့္စုံသည္ေၾကာင့္ ဖခင္ျဖစ္သူ ေခါင္းေဆာင္ပတ္ခ္က ဘုရင့္ၾကင္ယာေနရာထိ ေလာဘတက္သည္မွာ မဆန္းျပားေပ။ သည္ေလာက္ႏူးညံ့ေခ်ာေမာသည့္ omegaအား မႏွစ္သက္မည့္ alphaဟူသည္ ရွိနိုင္မည္တဲ့လား။ သည္ထဲ မိမိalphaျဖစ္သူေတာင္ ပါနိုင္ပါေသးသည္။

မျဖစ္ပါ။ မဟုတ္သည့္အေတြးမ်ား ဝင္လာျပန္သည္မဟုတ္လား။ သည့္ထက္ၾကာၾကာ အေတြးလြန္မိပါလွ်င္ alphaအား စြပ္စြဲကာ ေဒါသပုံမိလိမ့္ဦးမည္ထင္။

"သခင္ေလး ပတ္ခ္။ ဘယ္အခ်ိန္ထိ ကိုယ္ေတာ့္ကို ခပ္တန္းတန္းဆက္ဆံေနမွာလဲ"

"အရွင့္ဆႏၵကို က်ေနာ္ ျငင္းဆန္ခြင့္ မရွိတာမို႔ ေနသားက်ဖိဳ႕ကိုေတာ့ ခဏေလာက္ အခ်ိန္ေပးမယ္ဆို ေက်းဇူးတင္မိမွာပါ အရွင္"

"ဘယ္သူေျပာလဲ သခင္ေလးမွာ ျငင္းခြင့္မရွိဘူးလို႔"

"က်ေနာ္ျငင္းဆန္ရင္ေတာင္ အာဏာရွိတဲ့ အရွင့္ရဲ႕ အမိန့္ေတာ္ကို လြန္ဆန္လို႔မွ မရနိုင္ပဲ..အခုေတာင္ က်ေနာ့္ကို ေမွ်ာ္လင့္ခ်က္ေတြေပးၿပီး ေနာက္ဆုံး အရွင့္ဆႏၵအတိုင္း ေခၚယူလာတာပဲ မဟုတ္လား"

"သခင္ေလးပဲ အဲ့ေနရာကေန ႐ုန္းထြက္ခ်င္တယ္ဆို။ ဒါေၾကာင့္ရတဲ့နည္းနဲ႕ ေခၚထုတ္လာခဲ့တာေလ"

တစုံတဦးအား မေက်မခ်မ္းျဖစ္ေသာ အေၾကာင္းျပခ်က္ျဖင့္ စိတ္လိုက္မာန္ပါ ဆုံးျဖတ္မိသည္က သည္omegaေလးအတြက္ ရိုက္ခတ္မႈ ျပင္းထန္သြားသည္ေၾကာင့္ အားနာမိေသာ္လည္း လူသိခံ၍ မျဖစ္ေသာ လ်ိဳ႕ဝွက္ခ်က္တို႔ေၾကာင့္ မိမိအလြန္မျဖစ္ေအာင္ ေျပာဆိုရျပန္ေတာ့သည္။

"ဒီကိုေရာက္ေတာ့လည္း ကိုယ္ေတာ္ မင္းကို ထိေတြ႕ခဲ့ဖူးလို႔လား သခင္ေလး။ သမားေတာ္မင္ဆီမွာ တည္းခိုၿပီး သခင္ေလးသင္ခ်င္တဲ့ ေဆးပညာကို သင္ယူခိုင္းေနတာပဲေလ။ ကိုယ္ေတာ့္ ေစတနာကို တကယ္ပဲ မရိပ္မိတာလား"

မိမိစကားအဆုံးပ်က္ယြင္းသြားေသာ ထိုomega၏ မ်က္ႏွာကိုၾကည့္ရင္း ပို၍အားနာမိေသာ္လည္း ဟန္ကိုယ္ဖို႔လုပ္ရင္း မ်က္ႏွာတည္ျဖင့္ ေနရေတာ့သည္။ တေနရာရာမ်ား မူပ်က္သြားပါလွ်င္ ရိပ္မိကာ အလကားျဖစ္နိုင္သည္ေလ။

"စိုး႐ြံ႕ပါတယ္ အရွင္။ က်ေနာ္မ်ိဳး မသိဘဲ အရွင့္ေစတနာကို ေစာ္ကားမိပါတယ္"

"မလိုဘူး။ ကိုယ္ေတာ္ အခုလာခဲ့တာက ေတာင္းပန္ခံဖို႔မဟုတ္ပဲ အခုလို မတင္မက်ျဖစ္ေနတဲ့ ကိစၥကို ေျဖရွင္းဖို႔ပဲ။ အခု သခင္ေလးလည္း သေဘာေပါက္ၿပီဆိုေတာ့ ဒီ့ထက္ပိုၿပီး ကိုယ္ေတာ့္ကို အထင္မလြဲေတာ့ဖို႔ ေမွ်ာ္လင့္တယ္"

"ဖခင္ျဖစ္သူကိုလည္း အဆင္ေျပသလို နားခ်ေပးပါ။ ကိုယ္ေတာ္က ဘုရင္ျဖစ္တာမို႔ စကားႏွစ္မ်ိဳးေျပာရင္ အဆင္မေျပတာေၾကာင့္ သခင္ေလးက ကူညီေပးရင္ ေကာင္းမွာ"

"က်ေနာ္ ႀကိဳးစားပါမယ္ အရွင္။ ေက်းဇူးတင္ပါတယ္"

"ရပါတယ္ သခင္ေလးပတ္ခ္။ ကိုယ္ေတာ္တို႔ အခ်င္းခ်င္း အကူအညီျပဳရင္း ေနၾကတာေပါ့။"

မေက်မခ်မ္းျဖစ္ေနဟန္ရွိေသာ ေလထုက ထိုအခါမွ သက္ေတာင့္သက္သာ ျဖစ္ဟန္ေပၚကာ သခင္ေလး ငွဲ႕ေပးေသာ လက္ဖက္ရည္ၾကမ္းအား ေသာက္မိေတာ့သည္။ နဂိုကမွ မိတ္ေဆြစစ္ရွားေသာ မိမိအေနအထားတြင္ ရန္သူေမြးရန္ မသင့္ေတာ္သည္မို႔ ႏွစ္ဖက္အလြန္မျဖစ္ေစေသာ ေျဖရွင္းနည္းတို႔မွာ အေရးႀကီးပါသည္ေလ။

ထို႔အျပင္ ဘဝတူ omegaခ်င္းျဖစ္သည္မို႔ ထိုomegaအား ရန္ၿငိဳးဖြဲ႕ရန္ စိတ္ကူးလည္း မရွိပါေလ။ ပို၍ေတာင္ ေထာက္ပံ့ကူညီခ်င္ပါေသးသည္။

သို႔ေသာ္လည္း ေရွ႕ဆက္လာေသာ ထိုomega၏ အေမးက အရွင္ေလး အေတြးတို႔အား အနည္းငယ္ပင္ ယိမ္းယိုင္ေစေတာ့သည္။

"ဒါနဲ႕ အရွင္။ ထယ္ထယ္ေကာ ဒီၾကားထဲ အဆင္ေျပရဲ႕လား။ မေတြ႕ရတာ အေတာ္ေလးၾကာၿပီမို႔"

ထယ္ထယ္။ ထယ္ထယ္ဟူ၍ပင္။ ဘာေၾကာင့္မွန္းမသိ အေတာ္ေလး နားၾကားျပင္းကပ္ေသာ နာမ္စားပင္ျဖစ္သည္။

သို႔ေပမယ့္လည္း ဘာအေရးလဲ။ alphaဟု ေခၚဆိုသူကေတာ့ မိမိတစ္ေယာက္သာ ရွိသည္မဟုတ္လား။

"ကိုယ္ရံေတာ္ကင္မ္က ကိုယ္ေတာ့္အနားမွာ အဆင္ေျပေျပရွိခဲ့ပါတယ္။ ဘာအေၾကာင္းရွိလို႔မ်ားလဲ သခင္ေလးပတ္ခ္"

"ဒီအတိုင္း မေတြ႕ရတာၾကာလို႔ စိတ္ပူမိလို႔ပါ အရွင္"

"ကိုယ္ရံေတာ္ကင္မ့္အေပၚ ေမတၱာရွိေနတာလား သခင္ေလး"

မိမိစကားအဆုံး ေခါင္းေလးငုံ႕ကာ လက္ေခ်ာင္းေလးမ်ား သိုင္းယွက္ကာ ေဆာ့ကစားေနေသာ ထိုomegaကို ၾကည့္ရင္း စိတ္ထဲ မရိုးမ႐ြပင္ ျဖစ္လာသည္။ alpha့ဘက္က စိတ္သန့္ေသာ္လည္း သည္omegaက အျဖဴေရာင္သံေယာဇဥ္သက္သက္ မဟုတ္ေခ်ဘဴးပဲ။

ဘယ္လိုပင္ mateျဖစ္ပါေစ။ တဖက္က ႏွစ္ခ်ီသံေယာဇဥ္ရွ္သူမို႔ ေရွ႕ေလွ်ာက္ သတိထားမွ ျဖစ္ပါေတာ့မည္။ ေတာ္ၾကာ မိမိေရွ႕မွ ႏူးညံ့သူေလးထံ ေကာက္ေကာက္ပါသြားခဲ့ပါလွ်င္--

တဆိတ္... သည္ခံစားခ်က္က သဝန္တိုသည္ဟူသည့္ ခံစားခ်က္ပင္လား။ ထိုalphaေၾကာင့္ အမ်ိဳးစုံေသာ ခံစားခ်က္တို႔ကို ခံစားဖူးေနၿပီပင္ ျဖစ္သည္။

"တကယ္ေတာ့ က်ေနာ္---"

"အာ့..."

ထိူomega၏ စကားမဆုံးခင္မွာပင္ ကိုယ္တြင္းမွ ျဖစ္ေပၚလာေသာ စူးရွသည့္ နာက်င္မႈေၾကာင့္ ဟန္မေဆာင္နိုင္စြာ အာေမဋိတ္သံပင္ျပဳမိေတာ့သည္။ heatေၾကာင့္ နာက်င္သလိုလည္းမဟုတ္ပဲ သည္ေဝဒနာသည္ ဘာမ်ားလဲ။ ေဆးမ်ား၏ ေဘးထြက္ဆိုးက်ိဳး ေနာက္တခုပင္ျဖစ္သည္လား။

"အရွင္?"

ဝမ္းဗိုက္ေအာက္ပိုင္းအား ဖိကာ နာက်င္စြာ ညည္းၫူလာသည့္ အရွင္ေၾကာင့္ သခင္ေလးပတ္ခ္မွာ ေျပာလက္စ စကားပင္ျပတ္ေတာက္ကာ အလန့္တၾကားျဖစ္ရေတာ့သည္။ မိမိနင့္ ေရႏြေးၾကမ္းေသာက္ေနရင္း ျဖစ္သည္မို႔ မေမွ်ာ္လင့္ပဲ မိမိေၾကာင့္သာ ဆိုလွ်င္...

"အရွင္...အဆင္ေျပရဲ႕လား"

အခန္းျပင္ရွိ alphaမွာ နာက်င္စြာညည္းၫူသံတို႔အား ၾကားသြားဟန္တူသည္။ ခ်က္ခ်င္းပင္ ေျပးဝင္လာကာ အရွင့္အား စိုးရိမ္ပုံမွာ အနားရွိ ဂ်ီမင္းကိုေတာင္ တြန္းထုတ္မိသည္အထိ။

"နာတယ္... ဒီထဲက..အရမ္းနာတယ္"

"ခဏေလး။ က်ဳပ္ သမားေတာ္မင္ဆီ ေခၚသြားေပးမယ္ အရွင္"

ရက္သတၱပတ္ၾကာ မေတြ႕ခဲ့ရသည့္ alphaက ေတြ႕ေတြ႕ခ်င္းမွာပင္ ႏႈတ္မဆက္နိုင္ပဲ အရွင္သခင္ျဖစ္သူအား ေပြ႕ခ်ီရင္း အျမန္ထြက္သြားေလေတာ့ ဂ်ီမင္စိတ္ထဲ တမ်ိဳးပင္ျဖစ္ရသည္။ တာဝန္အရဆိုသည္ကို နားလည္ေသာ္လည္း ခံစားခ်က္က မေကာင္းပါေလ။ ဒါ့အျပင္ တသက္တာလုံး မလုပ္ဖူးသည့္ အျပဳအမူကိုလည္း သတိလက္လြတ္ျဖင့္ ျပဳခဲ့သည္ပင္ မဟုတ္လား။

"တြန္းခဲ့တယ္... မင္းငါ့ကို တြန္းထုတ္ခဲ့တာပဲ ထယ္ထယ္"

•••••

"ကိုယ္ရံေတာ္ကင္မ္ ဘယ္လိုလုပ္--- ဟင္ အရွင္!"

ေဆးျမစ္ရွာရာမွ လတ္တေလာပင္ ျပန္ေရာက္ဟန္ရွိေသာ သမားေတာ္မင္။ ေရာက္ေရာက္ခ်င္းပင္ မ်က္စိေရွ႕မွ အရွင့္ပုံစံေၾကာင့္ အေမာဆို႔ရေလေတာ့သည္။ alphaျဖစ္သူအား လိုက္ရွာမည္ဆိုကာ မိမိအား မီးစင္ၾကည့္ကခိုင္းရင္း ထြက္ခြာသြားခဲ့သူက နာက်င္ေနသည့္ဟန္ျဖင့္ ျပန္ေရာက္လာသည့္အခါ စိုးရိမ္မႈက အထြဋ္အထိပ္ပင္ ျဖစ္ရသည္ေလ။

"စစ္ေဆးဖို႔အတြက္ အရွင့္အဝတ္ေတြ ခဏေလးေတာ့ ဖယ္မွ ရပါမယ္။ ကိုယ္ရံေတာ္ကင္မ္ အျပင္ထြက္ေပးပါ"

စစ္ေဆးမႈအတြက္မွန္း သိသည့္တိုင္ သမားေတာ္မင္အား ထယ္ေဟ်ာင္း ဘုၾကည့္ၾကည့္လိုက္မိသည္။ တကယ္ဆို သူကမွ အရွင့္alphaကို။ အျခားသူက အရွင့္ကို ဝတ္လစ္စလစ္ျဖင့္ စစ္ေဆးရန္ ေရွာင္ေပးရမည္တဲ့လား။ မတရားလိုက္ပုံမ်ား။

"ရပါတယ္။ က်ဳပ္ဒီမွာပဲေနမယ္"

"ခင္ဗ်ားႏွာဘူးလား။ alphaျဖစ္ၿပီး om---"

အခန္းေတာင့္တြင္ မဝံ့မရဲေခ်ာင္းၾကည့္ေနေသာ ဂ်ီမင္အား သတိထားမိသြားသည္ေၾကာင့္ စကားစအျမန္ျဖတ္လိုက္ကာ..

"သခင္ေလး ပတ္ခ္ကို အေဖာ္ျပဳေပးလိုက္ပါ။ က်ဳပ္အရွင့္ကို စစ္ေဆးေပးထားမွာမို႔ စိတ္ခ်လက္ခ်သာထားခဲ့"

"သြားလိုက္ပါ ကိုယ္ရံေတာ္ကင္မ္. သမားေတာ္မင္က စိတ္ခ်ရပါတယ္"

ေဝဒနာၾကားမွ ခပ္တိုးတိုးေျပာလာသည့္ အရွင့္စကားေၾကာင့္ ေနာက္ဆံတင္းေသာ္လည္း ထြက္ခြာလာခဲ့ရသည္။ မူမမွန္သည့္ နာက်င္မႈကို ခံစားေနရဟန္ေပၚသည့္ အရွင့္ကိုၾကည့္ရင္း သူကိုယ္တိုင္ပင္ ကိုယ္တြင္းအဂၤါမ်ား ေျပာင္းျပန္လန္လာသလိုပါပင္။ ေဘးမွ ႏႈတ္ဆက္လာသည့္ ဂ်ီမင္ကိုပင္ ဟန္ေဆာင္ကာ ၿပဳံးမျပနိုင္သည္အထိ စိုးရိမ္စိတ္တို႔ ျဖစ္ေပၚေနမိေတာ့သည္။

တဖက္တြင္လည္း ဗိုက္ကို ဖိမိသည့္အခါ မခံမရပ္နိုင္ပုံေပါက္သည္အထိ လူးလွိမ့္ေနသည့္ အရွင့္ေၾကာင့္ သမားေတာ္မင္ စိုးရိမ္စိတ္ေရမွတ္တို႔ ျမင့္တက္လာသည္။ အဆိပ္မ်ား မိေလသည္လား။ သို႔မဟုတ္ ကိုယ္တြင္းအဂၤါတစ္ခုခု ခ်ိဳ႕ယြင္းထိခိုက္မိသည္မ်ားလား။

ထို႔ေၾကာင့္ အေပၚပိုင္း အဝတ္အစားတို႔ကို လွန္ေလွာကာ စစ္ေဆးမည္ျပဳေတာ့ ဗိုက္သားခ်ပ္ခ်ပ္ေပၚမွ နီပုပ္ပုပ္ အရာအခ်ိဳ႕ေၾကာင့္ သမားေတာ္မင္ မ်က္ခုံးတို႔ပင္ ပင့္တက္သြားေတာ့သည္။

"မဟုတ္မွလြဲေရာ.. ငါထင္သလိုေတာ့ မဟုတ္ပါဘူးေနာ္.."

ေမွ်ာ္လင့္တႀကီးျဖင့္ လည္တိုင္ေအာက္ေျခထိပါ ဖုံးလႊမ္းေနေသာ အကၤ်ီစအား ဖယ္လိုက္သည့္အခါတြင္ေတာ့

"ဒ-ဒါ mate အမွတ္အသားမဟုတ္ဘူးလား..."

အလ်င္အျမန္ပင္ ေအာက္ပိုင္းကိုပါ စစ္ေဆးရန္ ျပဳမိေတာ့ အရွင္က တားျမစ္ေသာ္လည္း နာက်င္မႈေၾကာင့္ အားအင္ေဖ်ာ့ေတာ့ေနသည္ေၾကာင့္ အရာမထင္ပါေလ။ ေျခာက္ေသြ႕စျပဳ႐ုံသာရွိေသးေသာ အျဖဴေရာင္အရာအခ်ိဳ႕က ေနရာယူေနသည့္ အထိမခံသည့္ ရပ္ဝန္းငယ္ႏွင့္ မိတ္ဆက္လိုက္ရသည့္ အခါတြင္ေတာ့ ျပႆနာ အရင္းခံကို သေဘာေပါက္လိုက္ေတာ့သည္။

"အရွင္"

"ဟ-ဟင္"

"က်ေနာ္က အရွင့္သမားေတာ္ျဖစ္တာမို႔ က်ေနာ္ေမးတာေတြ ပြင့္ပြင့္လင္းလင္းေျဖမွ အရွင့္ေဝဒနာကို ကုသနိုင္မယ့္ နည္းလမ္းေတြ႕မယ္ဆိုတာ သိတယ္မဟုတ္လား"

"အင္း။ အဲ့ဒါဘာလို႔လဲ"

"ဒါဆို က်ေနာ္ေမးတာ အမွန္အတိုင္း ေျဖေပးပါအရွင္။ အရွင္နဲ႕ အရွင့္alpha အေျခအေနတစ္ခုထိ ေရာက္ၿပီးၾကၿပီ မဟုတ္လား"

"ဘ-ဘာလို႔ အဲ့လိုေမးတာလဲ။ ခုျဖစ္တဲ့ေဝဒနာက အဲ့ဒါနဲ႕ဆိုင္ေနလို႔လား"

"အမ်ားႀကီး သက္ဆိုင္တာေပါ့အရွင္။ က်ေနာ္ေျပာတဲ့ အေျခအေနတစ္ခုဆိုတာ knotျဖစ္တဲ့အထိဆိုလိုတာပါ"

ႏႈတ္မွ တိုက္ရိုက္ေျဖရန္ မဝံ့သည္မို႔ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ကာ ေခါင္းျငႇိ့မ္မိသည္။ ထို႔ေနာက္မွ ခပ္တိုးတိုးေလသံျဖင့္

"ကိုယ္ေတာ္တို႔ လြန္က်ဴးခဲ့ၾကၿပီးပါၿပီ....ဒါေပမယ့္ knotျဖစ္ခဲ့တာကေတာ့ တႀကိမ္တည္း..."

"တႀကိမ္တည္းတဲ့လား..? တႀကိမ္တည္းနဲ႕ ဘယ္လိုျဖစ္ၿပီး.."

"ဘ-ဘာလို႔လဲ သမားေတာ္မင္။ အဲ့ဒီကိစၥနဲ႕ ဘယ္လို သက္ဆိုင္လို႔လဲ"

သမားေတာ္မင္က သက္ျပင္းခ်လိဳက္ရင္း..

"ခုနက အရွင့္ကို စစ္ေဆးမိေတာ့ လတ္တေလာမွ စြန့္ထုတ္ထားတယ္လို႔ ထင္ရတဲ့ အရည္အခ်ိဳ႕ကို ေတြ႕ရတယ္။ အခု အရွင္ ဗိုက္ေအာင့္တာျဖစ္နိုင္တာက အဲ့အရည္ေတြက အရွင့္ကိုယ္ထဲမွာ မ်ိဳးေအာင္ဖို႔ ႀကိဳးစားေနၾကတာေၾကာင့္ပဲ"

"ဘယ္လို ဘယ္လို"

"alphaတစ္ေယာက္ဆီက knotကို လက္ခံထားမိရင္ သႏၶေတည္နိုင္ေခ်ျမင့္မားပါတယ္ အရွင္။ heatေတာင္ ၃ႀကိမ္ျပည့္ေအာင္ အေသအခ်ာမျဖစ္ရေသးတဲ့ အရွင့္ခႏၶာက သႏၶေသားျဖစ္လာနိုင္ေလာက္တဲ့အထိ ျပည့္ျပည့္စုံစုံ မဖြံ႕ၿဖိဳးေသးတာမို႔ ခုလို ေဝဒနာေတြျဖစ္တာပါ"

ခႏၶာကိုယ္က အ႐ြယ္ေရာက္သင့္သည့္အခ်ိန္တြင္ အ႐ြယ္ေရာက္ၿပီး ျဖစ္သည့္တိုင္ innerwolfသည္ေတာ့ ေဆးမ်ားျဖင့္ ထိန္းခ်ဳပ္ထားသည္ေၾကာင့္ ဖြံ႕ၿဖိဳးမႈေနာက္က်ေလေသာ အရွင္သည္ alphaႏွင့္ စပ္ယွက္ကာ သႏၶေတည္ခဲ့ပါလွ်င္ ေဝဒနာ တို႔အျပင္ ပိုမည္မဟုတ္သည္ေလ။ အရွင့္ကို ထိုအခ်က္ႏွင့္ ပတ္သက္၍ သတိေပးရန္ ေပါ့ေလ်ာ့ခဲ့ေသာ မိမိ အမွားပါေလ။

သို႔ေသာ္လည္း သည္ေလာက္ထိ ျမန္ျမန္ အဆင့္တက္လိမ့္ၾကမည္မွန္းမွ မထင္ခဲ့သည္ပဲ။ လြန္ခဲ့ေသာ ရက္သတၱပတ္ကအထိ ကိုယ္ရံေတာ္ကင္မ္အား ခါးခါးသီးသီး ျငင္းဆိုေနဆဲျဖစ္ေသာ အရွင္ပင္ မဟုတ္လားေလ။

"ဒါေပမယ့္ မပူပါနဲ႕ အရွင္။ တႀကိမ္တည္း knotျဖစ္ခဲ့တာမို႔ သႏၶေမတည္နိုင္ေသးပါဘူး။ ေဆးလည္းေပးလိုက္မွာမို႔ ေဝဒနာလည္း သက္သာလာပါလိမ့္မယ္"

"ေက်းဇူးပါ သမားေတာ္မင္။ ခင္ဗ်ားလည္း ကိုယ္ေတာ့္ေၾကာင့္ ဒုကၡမ်ားျပန္ၿပီ"

"ဒါက က်ေနာ့္ရဲ႕ တာဝန္ပဲေလ အရွင္ရဲ႕။ ဒုကၡမမ်ားပါဘူး။"

"ဒါျဖင့္ရင္ အခ်စ္ၾကမ္းတဲ့ အရွင့္ alphaကို ေခၚေပးခဲ့မယ္ေနာ္ က်ဳပ္ေဆးေဖာ္ဖို႔ သြားရမွာမို႔။ စိတ္ခ်ရေအာင္ ေနာက္ထပ္ ဆက္ဆံတဲ့အခါေတာ့ အထဲမွာ မစြန့္ထုတ္ဖို႔ေတာ့ သတိထားခိုင္းေပါ့ အရွင္။ မဟုတ္ရင္ ေစာေစာစီးစီး နန္းေမြနန္းလ်ာေလးေတြ ရေနမယ္"

"ဟာ သမားေတာ္မင္!"

ေနထိုင္မေကာင္းေသာ္လည္း အရွင္ဟာ ရန္ေတြ႕နိုင္ေသးဟန္ပင္။ အမ်က္ေတာ္မရွေစရန္ ခိုးရယ္မိကာ အသင့္ေစာင့္ေနေသာ မ်က္ဝန္းစိမ္းalphaအား အရွင့္ဆီ သြားေစ၍ သူကေတာ့ သခင္ေလးပတ္ခ္ႏွင့္အတူ ေဆးေဖာ္ေဆာင္သို႔ ဦးတည္မိေတာ့သည္။

"အရွင္ သက္သာရဲ႕လား သမားေတာ္မင္"

"သက္သာပါတယ္။ အစာမရွိပဲ လက္ဖက္ရည္ၾကမ္းေသာက္လိုက္တာေၾကာင့္ ကိုယ္တြင္းမွာ ေလခံသလိုျဖစ္သြားတာ"

"က်ေနာ့္ေၾကာင့္ ထင္တယ္... အားနာလို႔ဘယ္လိုလုပ္ရမလဲ.."

"မဟုတ္တာ သခင္ေလးရယ္။ အရွင္ကလည္း အျပစ္မယူပါဘူး။ ဒါနဲ႕ က်ဳပ္ကို ေဆး႐ြက္အခ်ိဳ႕သြားခူးေပးမလား။ က်ဳပ္အရွင့္အတြက္ ေဆးေဖာ္ေပးရမွာမို႔"

ေမးခြန္းမ်ား တိုးမလားေစရန္ႏွင့္ အျပစ္ရွိစိတ္ဝင္မေနေစရန္ စကားလမ္းေၾကာင္းေျပာင္းကာ ေဆး႐ြက္ရွာေစေတာ့ သခင္ေလး မ်က္လုံးတို႔က အေရာင္တလက္လက္ပင္။ ေဆးပညာကို သိပ္ဝါသနာထုံပုံေပၚေသာ သခင္ေလးမွာ အရပ္ေဒသ၏ သတ္မွတ္ခ်က္တို႔ေၾကာင့္ ေလ့လာခြင့္မရွိခဲ့သည္မွာ သနားစရာပင္။

သခင္ေလးထြက္သြားသည့္အခါမွ သမားေတာ္မင္တစ္ေယာက္ ထိုင္ခ်မိရင္း သက္ျပင္းရွည္ကို ခ်မိေတာ့သည္။ အရွင့္ကိုသာ မစိုးရိမ္ေစရန္ သင့္တင့္စြာေျပာခဲ့ေသာ္လည္း သမားေတာ္မင္ စိတ္ထဲတြင္ မတင္မက်ျဖစ္ေသာ ေမးခြန္းေပါင္းမ်ားစြာ ျဖစ္ေပၚေနၿပီပင္ ျဖစ္သည္ေလ။

အရွင္က omegaျဖစ္ေသာ္လည္း မ်ိဳးရိုးျမင့္ေတာ္ဝင္မ်ိဳးရိုးေပမို႔ mateျဖစ္လွ်င္ေတာင္ ေတာ္႐ုံAlpha၏ မ်ိဳးေစ့က ေဝဒနာျဖစ္ရန္ စြမ္းေဆာင္နိုင္ဖို႔မွာ မလြယ္ပါေလ။ alphaႏွင့္ omegaျဖစ္သည့္တိုင္ မ်ိဳးရိုးျမင့္တို႔က ကိုယ္တြင္းဖြဲ႕စည္းပုံလည္း ပို၍ရႈပ္ေထြးကာ သန္မာသည္မို႔ပင္။

သို႔ေသာ္လည္း သည္alphaက knotတႀကိမ္တည္းႏွင့္ပင္ အရွင့္အား ေဝဒနာျဖစ္ေစသည္မို႔ ထူးဆန္းသည့္ ကိစၥရပ္ပင္ မဟုတ္လား။ ဘာထူးျခားမႈမွ မရွိသည့္ သာမန္alpha၊ သင္းကြဲalphaကတဲ့ေလ။ သမားေတာ္မင္ ေခါင္းစားရပါေတာ့သည္။

တဆက္တည္းမွာပင္ ေမးခြန္းတခုအား အႀကိမ္ႀကိမ္ထုတ္ရင္း အေတြးမ်ားေနမိေတာ့သည္။ ထိုေမးခြန္းကား..

ကိုယ္ရံေတာ္ကင္မ္က တကယ္ပဲ သင္းကြဲalpha ဟုတ္ရဲ႕လားဟူ၍ပင္။

#Tbc

A/N: First of all, sorry for late update 😿
ေနာက္ၿပီး plotline ၂ခုကို တူတူေခါင္းစားေပးတဲ့အတြက္ ေက်းဇူးအမ်ားးႀကီးတင္ပါတယ္ >< I appreciate all of your opinions!🙆❤
အႀကံရသြားၿပီမို႔ အတတ္နိုင္ဆုံး ဒါဒါnimတို႔ စိတ္မပ်က္ေအာင္ ဖန္တီးၾကည့္သြားပါမယ္ရွင္ ><

See u in next episode~

- 해바라기

Continue Reading

You'll Also Like

247K 7.3K 59
I could say this is one clichΓ© story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
72.6K 1.8K 68
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
1.2M 39.8K 59
Princess Nymeria is well aware that her kingdom is in decline. It has been for hundreds of years after all. Unlike her ancestors, she's willing to re...