March 1-2038
ကောင်းကင် ဒီနေ့အလုပ်တွေရှုပ်လွန်းလို့ အိမ်အထိပါသယ်လာပြီးအရေးကြီး Project အတွက် လုံးပန်းနေရသည်။စိမ့်ငယ်ထမင်းစားဖို့လာခေါ်လာတာတောင် သူထွက်စားဖို့မအား project manager တွေနဲ့ Zoom meeting လုပ် တိုင်ပင်ဆွေးနွေးရ ဟိန်းဇက် နဲ့အစ်ကိုမိုးထက်နဲ့ တိုင်ပင်ရနဲ့ မနက်ဖြန်အတွက် အဆင်သင့်ဖြစ်မှကိုရမှာ။
"ကောင်းကင် 10 ခွဲနေပြီ ဘာလို့မနားသေးတာလဲ"
"ကိုယ့်အသည်းအိပ်တော့ ကိုယ်အလုပ်မပြီးသေးလို့"
"ဒါပေမဲ့ အခုကအိပ်ချိန်ရောက်နေပြီလေ ဘာပဲဖြစ်ဖြစ် အိပ်ချိန်ကတော့ အိပ်အုံးမှာပေါ့ "
"အင်းပါ ကိုယ်ခဏနေရင်တတ်ခဲ့မယ် စိမ့်ငယ် အိပ်နှင့်"
ကိုယ်က သူ့ရဲ့ကျန်းမာရေးကိုစိတ်ပူလို့လာခေါ်နေတာ။stress ပိရင် ဖျားတတ်လွန်းလို့ ဖျားရင်တောင် ဒီလူက ဘာမှမပြောဘူး။သူ့ဟာသူ ဆေးတစ်လုံးလောက်သောက်ပြီး သာမန်လိုနေတာ စိမ့်ကသာ မျက်နှာချောင်ကျနေမှ ဖျားမှန်းနာမှန်းသိရတဲ့အထိ ။ကိုယ့် ကိုပဲ အရာရာ ဂရုတစိုက်လုပ်ပေးတာ သူကိုယ်တိုင်ကျ နည်းနည်းမှမကြင်နာ နည်းနည်းမှ ဂရုစိုက်တဲ့သူမဟုတ်။ဒါ့ကြောင့် စိမ့်က အရာရာ လိုက်ကြည့်ပြီး ထမင်းစားပါအုံး နားပါအုံး လုပ်ခိုင်းနေရတာ သူ့အတွက် ပစိပစပ် များတဲ့လူဖြစ်နေပြီလားတောင်မတွေးတတ် မဖြစ်သေးပါဘူး ကျန်းမာရေးထက် ဘယ်ဟာကပိုအရေးပါနေလို့လဲ
"ကိုကို....အိပ်ကြရအောင် တူတူအိပ်ကြရအောင်နော်"
ကောင်းကင်ထိုင်နေသည့် အနားသွားကာနောက်ကျောကနေပွေ့ဖက်လိုက်သည်။ဒီလိုမှ ကောင်းေကာင်းပြောလို့မရသေးရင် ဘေးနားကပန်းအိုးနဲ့ ခေါင်းအားရိုက်ခွဲဖို့ပဲရှိတော့မည်။
"ကိုကို...."
"ဟုတ်ပြီ....ဟုတ်ပြီ မွ"
စိမ့်ပါးလေးကို နမ်းပြီး လုပ်လက်စအလုပ်အား save ကာ laptop ကိုပိတ်သည်။ပြီးတော့ အတူတူ သူတို့တတ်လာလျှက်
.......
"ငါနှိပ်ပေးရအုံးမလား"
"ရတယ် ရတယ် ကိုယ့်အသည်းလက်ကလေးတွေနာကုန်မယ်"
ပုခုံးပေါ်ကလက်ကလေးတွေဆုပ်ကိုင်လျှက် ပါးပြင်လေးကို ထပ်မံအနမ်းပေး၏။
"စိမ့်ငယ် ကိုယ့်ကိုချစ်သလားဟင်"
စိမ့်ထိုသို့တိုက်ရိုက်အမေးခံရတဲ့အခါ သူတစ်ခါမှကောင်းကင်အားချစ်တယ်ဟုဖွင့်မပြောဖူးမှန်းသတိရမိသည်။အမြဲချစ်ကြောင်းတဖွဖွပြောခဲ့သူမှာကောင်းကင်သာဖြစ်၏။ဒီလိုဆိုတော့လည်း ကောင်းကင်သာသူ့လို အတွေးများသူဖြစ်ပါလျှင် ဝမ်နည်းအားငယ်နေမှာ အသေအချာပင်ဖြစ်လေ၏။
"ကိုယ့်အသည်းအဆင်သင့်မဖြစ်သေးရင်လည်း..."
"သားတောင်အသက် 16 ပြည့်တော့မယ် ငါတို့လက်ထပ်ခဲ့ကြတာဘယ်နှနှစ်ရှိပြီလဲကောင်းကင်"
"17 နှစ်~~~~"
"ဒီနှစ်တွေကြားထဲတောင်ချစ်တယ်မပြောမိဘူးငါတော်တော်ဆိုးတာပဲ "
"မဟုတ်ပါဘူး.."
"အဆင်သင့်မဖြစ်စရာဘာရှိလို့လဲကောင်းကင် ..... ငါမင်းလောက်မချစ်တတ်ရင်တောင် မင်အောက်တော့မလျော့ဘူး ငါမင်းကိုချစ်တယ် ငါမင်းကိုသိပ်ချစ်တာ"
"......"
ကောင်းကင်က ပြုံးသည်။မျက်ရည်များနှင့်ပြည့်လျှံနေသည့် မျက်ဝန်းကအစပြုံးနေပါ၏။
"ချစ်တယ် အများကြီးချစ်တယ် အဆုံးအရှုံးမခံနိုင်လောက်အောင်ချစ်တာ"
"အင်း အင်း ကိုယ်သိပါပြီ.....ကိုယ့်သိပါပြီ ကိုယ့်အသည်းရယ်"
38 နှစ်သော ယောက်ျားသည်ငိုယိုကာ သူ့အားပွေ့ဖက်၏။နှစ်သိမ့်အနမ်းခြွေရင်း အတူတူအိပ်စက်လျှက်။
မနက်ရောက်တော့ ထုံးစံအတိုင်းပြင်ဆင်ပေးရင်း ကောင်းကင်က ဒီနေ့ကျအလောတကြီးဖြစ်နေ၏။ ကြယ်သီးအစုံတပ်ပြီးပြီးချင်း ဖုန်းအားကောက်ကိုင်ကာ ကိုမိုးဆီဆက်၏။
"အစ်ကို meeting ကို ညနေရွေ့လိုက်တော့ ကျွန်တော် Project ကို ညနေအပြီးရအောင်လုပ်ပေးမယ်"
"ကောင်းကင် မင်းဘာတွေပြောနေတာလဲ"
"ဒီနေ့ရဲ့ အရေးကြီး project လေ"
"SWS Project လား"
"ဟုတ်တယ်လေ စိတ်မပူနဲ့ ညနေ ရကိုရစေရမယ်"
"မင်းပဲ တစ်နာရီလောက်က ငါ့ဆီ mail နဲ့ပို့ထားပြီးပြီလေ လုံးဝ Perfect plan ကြောင့် ငါတောင်အံ့သြနေတာ မင်း stress များပြီးရူးသွားတာလား"
"မဟုတ်တာပဲ နေအုံး ဒါဆို ကုမ္ပဏီ ရောက်မှတွေ့မယ်အစ်ကို...."
ကောင်းကင် မျက်မှောင်ကုတ်လျှက်သားရယ်။စိမ့်ကစိတ်ပူစွာအနားတိုးကပ်လာတော့ ဖျော့တော့စွာရယ်ပြ၏။ကောင်းကင်က သူ့အရှေ့မှာဆို စိတ်ဆိုးဒေါသထွက်တဲ့အပြုအမူဘယ်တော့မှမလုပ်တတ် ဒါ့ကြောင့်လည်း စိမ့်သဘောမကျတာ
သူတို့အတူ အောက်ထပ်ကိုဆင်းလာကြတော့ သားကမနက်စာစားပွဲမှာထိုင်လျှက် စာလုပ်ရင်းတန်းလန်း
"ဟေ့ကောင် "
ကောင်းကင်က သားဆိုအဲ့သလိုပင် ။ပြီးရင်မချစ်တာလည်းမဟုတ်
"ဂျာ daddy "
"နေရောင်သွေးသစ် daddy မင်းကိုဘာပြောထားလဲ စာမေးပွဲနီးပြီမို့လို့ စာလုပ်မယ် စောစော အိပ်မယ်ပြောမထားဘူးလား"
"ဟုတ် အင့် ဖေ့!"
"နေရောင်သွေးသစ် ကလေးလုပ်မနေနဲ့ သားအခုလိုကူညီတာကို daddy ကျေးဇူးတင်ရမှာမှန်တယ် daddy သားကျန်းမာရေးအတွက်ပြောနေတာ daddy ပြောပြီးသား အရာအားလုံးသားသဘောတိုင်းလုပ်ပေးမှာ သားကျန်းမာရေးအရ daddy နဲ့ မင်းဖေ သတ်မှတ်ပေးထားတဲ့အရာတွေအတိအကျလိုက်နာဖို့ပြောပြီးသား "
"ကောင်းကင် ...."
သားက တကယ်ငိုနေတာဖြစ်သည်။ကောင်းကင်ကလည်း သူ့အိပ်ချိန်သာမမှန်တာ စိမ့်နဲ့သား အိပ်ချိန်ကိုအရမ်း sensitive ဖြစ်လွန်းတယ်။အခု ဒေါသသံပါတာကြောင့် အိမ်ကဝန်ထမ်းတွေတောင်တုန်ယင်နေ၏။သားဘဝရဲ့ ပထမဆုံး ဒေါသထွက်ခံခြင်းဖြစ်တာကြောင့် သားကတကယ်ငိုနေတာဖြစ်သည်။
စိမ့် ကောင်းကင်လက်မောင်းကိုဆုပ်ကိုင်ပြီးတိုးတိုးလေးခေါ်လိုက်၏။သားငိုနေရင် သူပဲစိတ်မသက်မသာဖြစ်ရတာမဟုတ်လား
"Daddyက သားကိိုစိတ်ပူတာပါကွာ...!"
"အင့် ..... daddy ရုပ်ဆိုး..."
သားက သူ့daddy ကိုဖက်ကာ ချွဲပါသည်။
သားအဖနှစ်ယောက် ရန်ဖြစ်ပြီးတော့မနက်စာစားရင်း ကောင်းကင်က သူ့သားတော်ကြောင်း ချီးမွမ်း ခန်းစဖွင့်ပါတော့သည်။စိမ့်ကဘေးကပြုံးပြုံးလေးသာနားထောင်နေတော့သည်။ကောင်းကင်အလုပ်သွာတော့ သားက သားနဲ့ သူက ဧည့်ခန့်ထဲမှာထိုင်ပြီးသားက သူ့ပေါင်ခေါင်းအုံးကာ စာတွေပြန်ဖတ်ပြန်နွေးနေ၏။
ဖေဖေ့အနားမှာ နေရင်းစာကျက်ရင်စာတွေပိုရပါသတဲ့။ဒီအတတ်ကလေးကညာစားနေတော့တာပဲ
......
"သင်္ချာတွက်ထားနှင့် ဖေ ကွတ်ကီးဖုတ်ပေးမယ်လေ"
"ဟုတ်ဖေ..."
......
ညနေ ကောင်းကင်ပြန်လာတော့ လက်ထဲမှာ ပစ္စည်းတွေမနည်းမနော ကိုမိုးပါပါလာပြီး ဝိုင်းကူသယ်ပေးလာရသည်အထိပင်။
"ကောင်းကင် ဘာတွေတုန်း "
"သြော် သားစာမေးပွဲပြီးရင် studio တစ်ခန်းလုပ်ပေးမလို့ လိုအပ်တာနည်းနည်းဝယ်လာတာ"
အိမ်အကူ အယောက်သုံးဆယ်လောက်အပြင် မင်းနဲ့ အစ်ကိုပါသယ်လာတာ အဲ့တာတောင်မကုန်သေးတာ နည်းနည်းလားကောင်းကင်"
"သားအတွက်ပဲကို "
"သားအတွက်မို့ အများကြီးမပြောတာပေါ့,.. သားလိုချင်ရဲ့လား မလိုပဲအတင်းပေးနေရင် သားစိတ်ညစ်မယ်လေ "
ကောင်းကင်က ပစ္စည်းတွေဘေးချကာ စိမ့်ငယ်ပုခုံးကိုဖက်လိုက်၏။
"သားက တောင်းဆိုထားတာပါ ကွာ ပြီးတော့ ဒါတွေဝယ်တာက သူပေးထားတဲ့စာရင်းအတိုင်းပဲလေ ကိုယ့်ပိုက်ဆံနဲ့လည်းမဟုတ်ဘူး သူ့ကဒ်နဲ့ငွေချေလာတာ"
"ဘာလို့ သားပိုက်ဆံသွားထိတာလဲ သားကသူ့ပိုက်ဆံသူသုံးမယ်ဆိုရင်တောင် မင်းကနည်းနည်းပါးပါး"
"ကိုယ်ပြောတာ နားထောင်ပါအုံးကွာ မင်းကမင်းသားကျ မဆူရက် မပြောရက် ကိုယ့်ကျအရမ်းနိုင်တာပဲ"
စိတ်ဆိုးလို့ပြောသည်မဟုတ်။အနည်းငယ်ချွဲကြည့်ခြင်းသာဖြစ်သည်။ သူ့ပုခုံးပေါ်ခေါင်းမှီကာ ခါးလေးဖက်ထားတော့ လက်သေးသေးက ကောင်းကင်လက်မောင်းအားလိမ်ဆွဲ၏။
"နိုင်တယ် ဘာဖြစ်လဲ ကိုယ့်ယောက်ျားကို မနိုင်လို့ ဘာလုပ်ရမှာလဲ လူဆိုတာ ကိုယ့်ကိုချစ်တဲ့ သူကိုပဲနိုင်တာ ကိုယ့်ကိုချစ်မှန်းသိလို့ ယုံကြည်လို့လေ ငါကနိုင်တာဆိုတာကလည်းမင်းကိုချစ်လို့ "
"ဟုတ်တာပေါ့ ကိုယ့်အသည်းက ကိုယ့်ကို ချစ်တာကြိုက်သလောက် နိုင်ဗျာ ကိုယ့်အသည်းလေး သဘော ကိုယ့်အသည်းလေးစိတ်တိုင်းကျပါခင်ဗျာ"
မိုးထက်ကောင်းကင် လက်ထဲအား ဗူးလေးတစ်ဗူးအားပေးပြီး အပြင်ပြန်ထွက်သွား၏။
စိမ့်ငယ်က ဘာလဲဟု မေးသည့်အခါခေါင်းခါပြီးသာငြင်းရ၏။
"Daddy ပြန်လာပြီပဲ "
"အင်း သား ပစ္စည်းတွေအကုန်ပါလာတယ် ဒုတိယအလွှာမှာပဲထားမှာလား"
"ဟုတ် daddy သားစာမေးပွဲပြီးရင် အခန်းပြောင်းမှာဆိုတော့ အဲ့မှာပဲ ထားမယ်"
"အင်း service ကမနက်ဖြန်လာဆင် ပေးလိမ့်မယ် သား design ထားခဲ့လိုက် မနက်ဖြန် စာမေးပွဲမလား "
"ဟုတ် daddy "
"ကဲ ဒါဆို စိမ့်ငယ်...."
ရုတ်ချည်း လူရှေ့ ဒူးထောက်ချသည်ကြောင့် စိမ့်တောင် ကြောင်အမ်းအမ်းဖြစ်သွားရသည်။ခုနက ဘာမှမဟုတ်ပါဘူးဆိုတဲ့ ဗူးအားဖွင့်လိုက်တဲ့အခါ စိန်လက်စွပ်တစ်ကွင်း
"ကိုယ်တို့ လက်ထပ်ကြမယ်လေ"
"..."
"ဖေချော လက်ခံလိုက်လေ ဟီး.."
စိမ့် ကောင်းကင်အားကြည့်နေရင်း ဘေးက ဝန်ထမ်းတွေကလည်းကြည့်နေတာကြောင့် သူ့မှာမနေတတ်စွာ။နားရွက်ဖျားလေးတွေနီရဲလာပြီး ကောင်းကင်ရှေ့ လက်ကမ်းပေးလိုက်၏။
ကောင်းကင် ကလက်စွပ်အားယူပြီး စိမ့်ငယ်လက်၌စွပ်ပေး၏။ထိုအခါ အပြင်က ဝင်လာသည့် ရှေ့နေ နှစ်ယောက် အပြင်
ကိုမိုးတို့အတွဲနှင့် ဟိန်းဇက်တို့ အတွဲပါ ပါလာကြသည်။
"Surprise !!"
3.2.2038 .... လက်ထပ်ပြီး 17 နှစ် အကြာမှာ စိမ့်ဆန္ဒ စိမ့်သဘောနှင့်အတူ တရားဝင် တစ်ဖန် လက်ထပ်ထိန်းမြားခဲ့ကြ၏။ဤလက်ထပ်ပွဲ၌ သူတို့နှစ်ယောက်လုံးဟာ ပျော်ရွင်မှုကြောင့်မျက်ရည်ကျရပြန်သည်။အားလုံး ပြီးစီးသွားတဲ့အခါခြံထဲမှာ ညစာအတူစားကြပြီး ဂုဏ်ပြုချီးမြှင့်ကြပြန်သည်။
"စိမ့်ငယ် မင်္ဂလာပွဲလုပ်ချင်လား"
"ဟင့်အင်း ငါလုံးဝမလုပ်ချင်ဘူး အခုလိုလေးကိုပိုသဘောကျ ပြီးတော့ မင်းကို တခြားသူတွေမြင်ရင် လုသွားမှာစိုးလို့"
"ဟား...ဟ...ဘယ်လိုအတတ်လေးလဲကွာ.."
"ဒါနဲ့ လက်စွပ်က ဘယ်လောက်လဲ"
စိမ့်၏အမေးစကားကြောင့် မျက်နှာချင်းဆိုင်က ဟိန်းဇက်ကပါ ကြည့်လာ၏။ကောင်းကင်က သူ့အားမျက်နှာချိုသွေးရင်း
"ကိုယ့်အသည်းရယ် 50000 ဝန်းကျင်လေးရယ်"
"တော်သေးတာပေါ့ ငါကစျေးအရမ်းကြီးမယ်ထင်တာ"
စိမ့်စိတ်အေးသွားဟန်ဖြင့်ပြောသည်။သောင်းဂဏန်းဝန်းကျင်လေးပေမဲ့ ေကာင်းကင်၏ အချစ်တွေနှင့်ပြည့်နေသည့်လက်စွပ်လေးကိုသူသဘောကျပါ၏။
"စိမ့်ဘုန်းမြတ် ဒေါ်လာ"
"ဟင်"
"ဟိန်းဇက်....!"
"ဒေါ်လာ ငါးသောင်းလို့ ခွေးသားရဲ့",
@Period-K
Zawgyi
March 1-2038
ေကာင္းကင္ ဒီေန႕အလုပ္ေတြရႈပ္လြန္းလို႔ အိမ္အထိပါသယ္လာၿပီးအေရးႀကီး Project အတြက္ လုံးပန္းေနရသည္။စိမ့္ငယ္ထမင္းစားဖို႔လာေခၚလာတာေတာင္ သူထြက္စားဖို႔မအား project manager ေတြနဲ႕ Zoom meeting လုပ္ တိုင္ပင္ေဆြးေႏြးရ ဟိန္းဇက္ နဲ႕အစ္ကိုမိုးထက္နဲ႕ တိုင္ပင္ရနဲ႕ မနက္ျဖန္အတြက္ အဆင္သင့္ျဖစ္မွကိုရမွာ။
"ေကာင္းကင္ 10 ခြဲေနၿပီ ဘာလို႔မနားေသးတာလဲ"
"ကိုယ့္အသည္းအိပ္ေတာ့ ကိုယ္အလုပ္မၿပီးေသးလို႔"
"ဒါေပမဲ့ အခုကအိပ္ခ်ိန္ေရာက္ေနၿပီေလ ဘာပဲျဖစ္ျဖစ္ အိပ္ခ်ိန္ကေတာ့ အိပ္အုံးမွာေပါ့ "
"အင္းပါ ကိုယ္ခဏေနရင္တတ္ခဲ့မယ္ စိမ့္ငယ္ အိပ္ႏွင့္"
ကိုယ္က သူ႕ရဲ႕က်န္းမာေရးကိုစိတ္ပူလို႔လာေခၚေနတာ။stress ပိရင္ ဖ်ားတတ္လြန္းလို႔ ဖ်ားရင္ေတာင္ ဒီလူက ဘာမွမေျပာဘူး။သူ႕ဟာသူ ေဆ်းတစ္လုံးေလာက္ေသာက္ၿပီး သာမန္လိုေနတာ စိမ့္ကသာ မ်က္ႏွာေခ်ာင္က်ေနမွ ဖ်ားမွန္းနာမွန္းသိရတဲ့အထိ ။ကိုယ့္ ကိုပဲ အရာရာ ဂ႐ုတစိုက္လုပ္ေပးတာ သူကိုယ္တိုင္က် နည္းနည္းမွမၾကင္နာ နည္းနည္းမွ ဂ႐ုစိုက္တဲ့သူမဟုတ္။ဒါ့ေၾကာင့္ စိမ့္က အရာရာ လိုက္ၾကည့္ၿပီး ထမင္းစားပါအုံး နားပါအုံး လုပ္ခိုင္းေနရတာ သူ႕အတြက္ ပစိပစပ္ မ်ားတဲ့လူျဖစ္ေနၿပီလားေတာင္မေတြးတတ္ မျဖစ္ေသးပါဘူး က်န္းမာေရးထက္ ဘယ္ဟာကပိုအေရးပါေနလို႔လဲ
"ကိုကို....အိပ္ၾကရေအာင္ တူတူအိပ္ၾကရေအာင္ေနာ္"
ေကာင္းကင္ထိုင္ေနသည့္ အနားသြားကာေနာက္ေက်ာကေနေပြ႕ဖက္လိုက္သည္။ဒီလိုမွ ေကာင္းေကာင္းေျပာလို႔မရေသးရင္ ေဘးနားကပန္းအိုးနဲ႕ ေခါင္းအားရိုက္ခြဲဖို႔ပဲရွိေတာ့မည္။
"ကိုကို...."
"ဟုတ္ၿပီ....ဟုတ္ၿပီ မြ"
စိမ့္ပါးေလးကို နမ္းၿပီး လုပ္လက္စအလုပ္အား save ကာ laptop ကိုပိတ္သည္။ၿပီးေတာ့ အတူတူ သူတို႔တတ္လာလွ်က္
.......
"ငါႏွိပ္ေပးရအုံးမလား"
"ရတယ္ ရတယ္ ကိုယ့္အသည္းလက္ကေလးေတြနာကုန္မယ္"
ပုခုံးေပၚကလက္ကေလးေတြဆုပ္ကိုင္လွ်က္ ပါးျပင္ေလးကို ထပ္မံအနမ္းေပး၏။
"စိမ့္ငယ္ ကိုယ့္ကိုခ်စ္သလားဟင္"
စိမ့္ထိုသို႔တိုက္ရိုက္အေမးခံရတဲ့အခါ သူတစ္ခါမွေကာင္းကင္အားခ်စ္တယ္ဟုဖြင့္မေျပာဖူးမွန္းသတိရမိသည္။အၿမဲခ်စ္ေၾကာင္းတဖြဖြေျပာခဲ့သူမွေကာင္းကင္သာျဖစ္၏။ဒီလိုဆိုေတာ့လည္း ေကာင္းကင္သာသူ႕လို႔ အေတြးမ်ားသူျဖစ္ပါလွ်င္ ဝမ္နည္းအားငယ္ေနမွာ အေသအခ်ာပင္ျဖစ္ေလ၏။
"ကိုယ့္အသည္းအဆင္သင့္မျဖစ္ေသးရင္လည္း..."
"သားေတာင္အသက္ 16 ျပည့္ေတာ့မယ္ ငါတို႔လက္ထပ္ခဲ့ၾကတာဘယ္ႏွႏွစ္ရွိၿပီလဲေကာင္းကင္"
"17 ႏွစ္~~~~"
"ဒီႏွစ္ေတြၾကားထဲေတာင္ခ်စ္တယ္မေျပာမိဘူးငါေတာ္ေတာ္ဆိုးတာပဲ "
"မဟုတ္ပါဘူး.."
"အဆင္သင့္မျဖစ္စရာဘာရွိလို႔လဲေကာင္းကင္ ..... ငါမင္းေလာက္မခ်စ္တတ္ရင္ေတာင္ မင္ေအာက္ေတာ့မေလ်ာ့ဘူး ငါမင္းကိုခ်စ္တယ္ ငါမင္းကိုသိပ္တာ"
"......"
ေကာင္းကင္က ၿပဳံးသည္။မ်က္ရည္မ်ားႏွင့္ျပည့္လွ်ံေနသည့္ မ်က္ဝန္းကအစၿပဳံးေနပါ၏။
"ခ်စ္တယ္ အမ်ားႀကီးခ်စ္တယ္ အဆုံးအရႈံးမခံနိုင္ေလာက္ေအာင္ခ်စ္တာ"
"အင္း အင္း ကိုယ္သိပါၿပီ.....ကိုယ့္သိပါၿပီ ကိုယ့္အသည္းရယ္"
38 ႏွစ္ေသာ ေယာက္်ားသည္ငိုယိုကာ သူ႕အားေပြ႕ဖက္၏။ႏွစ္သိမ့္အနမ္းေႁခြရင္း အတူတူအိပ္စက္လွ်က္။
မနက္ေရာက္ေတာ့ ထုံးစံအတိုင္းျပင္ဆင္ေပးရင္း ေကာင္းကင္က ဒီေန႕က်အေလာတႀကီးျဖစ္ေန၏။ ၾကယ္သီးအစုံတပ္ၿပီးၿပီးခ်င္း ဖုန္းအားေကာက္ကိုင္ကာ ကိုမိုးဆီဆက္၏။
"အစ္ကို meeting ကို ညေနေ႐ြ႕လိုက္ေတာ့ ကြၽန္ေတာ္ Project ကို ညေနအၿပီးရေအာင္လုပ္ေပးမယ္"
"ေကာင္းကင္ မင္းဘာေတြေျပာေနတာလဲ"
"ဒီေန႕ရဲ႕ အေရးႀကီး project ေလ"
"SWS Project လား"
"ဟုတ္တယ္ေလ စိတ္မပူနဲ႕ ညေန ရကိုရေစရမယ္"
"မင္းပဲ တစ္နာရီေလာက္က ငါ့စီ mail နဲ႕ပို႔ထားၿပီးၿပီေလ လုံးဝ Perfect plan ေၾကာင့္ ငါေတာင္အံ့ၾသေနတာ မင္း stress မ်ားၿပီး႐ူးသြားတာလား"
"မဟုတ္တာပဲ ေနအုံး ဒါဆို ကုမၸဏီ ေရာက္မွေတြ႕မယ္အကို...."
ေကာင္းကင္ မ်က္ေမွာင္ကုတ္လွ်က္သားရယ္။စိမ့္ကစိတ္ပူစြာအနားတိုးကပ္လာေတာ့ ေဖ်ာ့ေတာ့စြာရယ္ျပ၏။ေကာင္းကင္က သူ႕အေရွ႕မွာဆို စိတ္ဆိုးေဒါသထြက္တဲ့အျပဳအမူဘယ္ေတာ့မွမလုပ္တတ္ ဒါ့ေၾကာင့္လည္း စိမ့္သေဘာမက်တာ
သူတို႔အတူ ေအာက္ထပ္ကိုဆင္းလာၾကေတာ့ သားကမနက္စာစားပြဲမွာထိုင္လွ်က္ စာလုပ္ရင္းတန္းလန္း
"ေဟ့ေကာင္ "
ေကာင္းကင္က သားဆိုအဲ့သလိုပင္ ။ၿပီးရင္မခ်စ္တာလည္းမဟုတ္
"ဂ်ာ daddy "
"ေနေရာင္ေသြးသစ္ daddy မင္းကိုဘာေျပာထားလဲ စာေမးပြဲနီးၿပီမို႔လို႔ စာလုပ္မယ္ ေစာေစာ အိပ္မယ္ေျပာမထားဘူးလား"
"ဟုတ္ အင့္ ေဖ့!"
"ေနေရာင္ေသြးသစ္ ကေလးလုပ္မေနနဲ႕ သားအခုလိုကူညီတာကို daddy ေက်းဇူးတင္ရမွာမွန္တယ္ daddy သားက်န္းမာေရးအတြက္ေျပာေနတာ daddy ေျပာၿပီးသား အရာအားလုံးသားသေဘာတိုင္းလုပ္ေပးမွာ သားက်န္းမာေရးအရ daddy နဲ႕ မင္းေဖ သတ္မွတ္ေပးထားတဲ့အရာေတြအတိအက်လိဳက္နာဖို႔ေျပာၿပီးသား "
"ေကာင္းကင္ ...."
သားက တကယ္ငိုေနတာျဖစ္သည္။ေကာင္းကင္ကလည္း သူ႕အိပ္ခ်ိန္သာမမွန္တာ စိမ့္နဲ႕သား အိပ္ခ်ိန္ကိုအရမ္း sensitive ျဖစ္လြန္းတယ္။အခု ေဒါသသံပါတာေၾကာင့္ အိမ္ကဝန္ထမ္းေတြေတာင္တုန္ယင္ေန၏။သားဘဝရဲ႕ ပထမဆုံး ေဒါသထြက္ခံျခင္းျဖစ္တာေၾကာင့္ သားကတကယ္ငိုေနတာျဖစ္သည္။
စိမ့္ ေကာင္းကင္လက္ေမာင္းကိုဆုပ္ကိုင္ၿပီးတိုးတိုးေလးေခၚလိုက္၏။သားငိုေနရင္ သူပဲစိတ္မသက္မသာျဖစ္ရတာမဟုတ္လား
"Daddyက သားကိိုစိတ္ပူတာပါကြာ...!"
"အင့္ ..... daddy ႐ုပ္ဆိုး..."
သားက သူ႕daddy ကိုဖက္ကာ ခြၽဲပါသည္။
သားအဖႏွစ္ေယာက္ ရန္ျဖစ္ၿပီးေတာ့မနက္စာစားရင္း ေကာင္းကင္က သူ႕သားေတာ္ေၾကာင္း ခ်ီးမြမ္း ခန္းစဖြင့္ပါေတာ့သည္။စိမ့္ကေဘးကၿပဳံးၿပဳံးေလးသာနားေထာင္ေနေတာ့သည္။ေကာင္းကင္အလုပ္သြာေတာ့ သားက သားနဲ႕ သူက ဧည့္ခန့္ထဲမွာထိုင္ၿပီးသားက သူ႕ေပါင္ေခါင္းအုံးကာ စာေတြျပန္ဖတ္ျပန္ေႏြးေန၏။
ေဖေဖ့အနားမွာ ေနရင္းစာက်က္ရင္စာေတြပိုရပါသတဲ့။ဒီအတတ္ကေလးကညာစားေနေတာ့တာပဲ
......
"သခၤ်ာတြက္ထားႏွင့္ ေဖ ကြတ္ကီးဖုတ္ေပးမယ္ေလ"
"ဟုတ္ေဖ..."
......
ညေန ေကာင္းကင္ျပန္လာေတာ့ လက္ထဲမွာ ပစၥည္းေတြမနည္းမေနာ ကိုမိုးပါပါလာၿပီး ဝိုင္းကူသယ္ေပးလာရသည္အထိပင္။
"ေကာင္းကင္ ဘာေတြတုန္း "
"ေၾသာ္ သားစာေမးပြဲၿပီးရင္ studio တစ္ခန္းလုပ္ေပးမလို႔ လိုအပ္တာနည္းနည္းဝယ္လာတာ"
အိမ္အကူ အေယာက္သုံးဆယ္ေလာက္အျပင္ မင္းနဲ႕ အစ္ကိုပါသယ္လာတာ အဲ့တာေတာင္မကုန္ေသးတာ နည္းနည္းလားေကာင္းကင္"
"သားအတြက္ပဲကို "
"သားအတြက္မို႔ အမ်ားႀကီးမေျပာတာေပါ့,.. သားလိုခ်င္ရဲ႕လား မလိုပဲအတင္းေပးေနရင္ သားစိတ္ညစ္မယ္ေလ "
ေကာင္းကင္က ပစၥည္းေတြေဘးခ်ကာ စိမ့္ငယ္ပုခုံးကိုဖက္လိုက္၏။
"သားက ေတာင္းဆိုထားတာပါ ကြာ ၿပီးေတာ့ ဒါေတြဝယ္တာက သူေပးထားတဲ့စာရင္းအတိုင္းပဲေလ ကိုယ့္ပိုက္ဆံနဲ႕လည္းမဟုတ္ဘူး သူ႕ကဒ္နဲ႕ေငြေခ်လာတာ"
"ဘာလို႔ သားပိုက္ဆံသြားထိတာလဲ သားကသူ႕ပိုက္ဆံသူသုံးမယ္ဆိုရင္ေတာင္ မင္းကနည္းနည္းပါးပါး"
"ကိုယ္ေျပာတာ နားေထာင္ပါအုံးကြာ မင္းကမင္းသားက် မဆူရက္ မေျပာရက္ ကိုယ့္က်အရမ္းနိုင္တာပဲ"
စိတ္ဆိုးလို႔ေျပာသည္မဟုတ္။အနည္းငယ္ခြၽဲၾကည့္ျခင္းသာျဖစ္သည္။ သူ႕ပုခုံးေပၚေခါင္းမွီကာ ခါးေလးဖက္ထားေတာ့ လက္ေသးေသးက ေကာင္းကင္လက္ေမာင္းအားလိမ္ဆြဲ၏။
"နိုင္တယ္ ဘာျဖစ္လဲ ကိုယ့္ေယာက္်ားကို မနိုင္လို႔ ဘာလုပ္ရမွာလဲ လူဆိုတာ ကိုယ့္ကိုခ်စ္တဲ့ သူကိုပဲနိုင္တာ ကိုယ့္ကိုခ်စ္မွန္းသိလို႔ ယုံၾကည္လို႔ေလ ငါကနိုင္တာဆိုတာကလည္းမင္းကိုခ်စ္လို႔ "
"ဟုတ္တာေပါ့ ကိုယ့္အသည္းက ကိုယ့္ကို ခ်စ္တာႀကိဳက္သေလာက္ နိုင္ဗ်ာ ကိုယ့္အသည္းေလး သေဘာ ကိုယ့္အသည္းေလးစိတ္တိုင္းက်ပါခင္ဗ်ာ"
မိုးထက္ေကာင္းကင္ လက္ထဲအား ဗူးေလးတစ္ဗူးအားေပးၿပီး အျပင္ျပန္ထြက္သြား၏။
စိမ့္ငယ္က ဘာလဲဟု ေမးသည့္အခါေခါင္းခါၿပီးသာျငင္းရ၏။
"Daddy ျပန္လာၿပီပဲ "
"အင္း သား ပစၥည္းေတြအကုန္ပါလာတယ္ ဒုတိယအလႊာမွာပဲထားမွာလား"
"ဟုတ္ daddy သားစာေမးပြဲၿပီးရင္ အခန္းေျပာင္းမွာဆိုေတာ့ အဲ့မွာပဲ ထားမယ္"
"အင္း service ကမနက္ျဖန္လာဆင္ ေပးလိမ့္မယ္ သား design ထားခဲ့လိုက္ မနက္ျဖန္ စာေမးပြဲမလား "
"ဟုတ္ daddy "
"ကဲ ဒါဆို စိမ့္ငယ္...."
႐ုတ္ခ်ည္း လူေရွ႕ ဒူးေထာက္ခ်သည္ေၾကာင့္ စိမ့္ေတာင္ ေၾကာင္အမ္းအမ္းျဖစ္သြားရသည္။ခုနက ဘာမွမဟုတ္ပါဘူးဆိုတဲ့ ဗူးအားဖြင့္လိုက္တဲ့အခါ စိန္လက္စြပ္တစ္ကြင္း
"ကိုယ္တို႔ လက္ထပ္ၾကမယ္ေလ"
"..."
"ေဖေခ်ာ လက္ခံလိုက္ေလ ဟီး.."
စိမ့္ ေကာင္းကင္အားၾကည့္ေနရင္း ေဘးက ဝန္ထမ္းေတြကလည္းၾကည့္ေနတာေၾကာင့္ သူ႕မွာမေနတတ္စြာ။နား႐ြက္ဖ်ားေလးေတြနီရဲလာၿပီး ေကာင္းကင္ေရွ႕ လက္ကမ္းေပးလိုက္၏။
ေကာင္းကင္ ကလက္စြပ္အားယူၿပီး စိမ့္ငယ္လက္၌စြပ္ေပး၏။ထိုအခါ အျပင္က ဝင္လာသည့္ ေရွ႕ေန ႏွစ္ေယာက္ အျပင္
ကိုမိုးတို႔အတြဲႏွင့္ ဟိန္းဇက္တို႔ အတြဲပါ ပါလာၾကသည္။
"Surprise !!"
3.2.2038 .... လက္ထပ္ၿပီး 17 ႏွစ္ အၾကာမွာ စိမ့္ဆႏၵ စိမ့္သေဘာႏွင့္အတူ တရားဝင္ တစ္ဖန္ လက္ထပ္ထိန္းျမားခဲ့ၾက၏။ဤလက္ထပ္ပြဲ၌ သူတို႔ႏွစ္ေယာက္လုံးဟာ ေပ်ာ္႐ြင္မႈေၾကာင့္မ်က္ရည္က်ရျပန္သည္။အားလုံး ၿပီးစီးသြားတဲ့အခါၿခံထဲမွာ ညစာအတူစားၾကၿပီး ဂုဏ္ျပဳခ်ီးျမႇင့္ၾကျပန္သည္။
"စိမ့္ငယ္ မဂၤလာပြဲလုပ္ခ်င္လား"
"ဟင့္အင္း ငါလုံးဝမလုပ္ခ်င္ဘူး အခုလိုေလးကိုပိုသေဘာက် ၿပီးေတာ့ မင္းကို တျခားသူေတြျမင္ရင္ လုသြားမွာစိုးလို႔"
"ဟား...ဟ...ဘယ္လိုအတတ္ေလးလဲကြာ.."
"ဒါနဲ႕ လက္စြပ္က ဘယ္ေလာက္လဲ"
စိမ့္၏အေမးစကားေၾကာင့္ မ်က္ႏွာခ်င္းဆိုင္က ဟိန္းဇက္ကပါ ၾကည့္လာ၏။ေကာင္းကင္က သူ႕အားမ်က္ႏွာခ်ိဳေသြးရင္း
"ကိုယ့္အသည္းရယ္ 50000 ဝန္းက်င္ေလးရယ္"
"ေတာ္ေသးတာေပါ့ ငါကေစ်းအရမ္းႀကီးမယ္ထင္တာ"
စိမ့္စိတ္ေအးသြားဟန္ျဖင့္ေျပာသည္။ေသာင္းဂဏန္းဝန္းက်င္ေလးေပမဲ့ ေကာင္းကင္၏ အခ်စ္ေတြႏွင့္ျပည့္ေနသည့္လက္စြပ္ေလးကိုသူသေဘာက်ပါ၏။
"စိမ့္ဘုန္းျမတ္ ေဒၚလာ"
"ဟင္"
"ဟိန္းဇက္....!"
"ေဒၚလာ ငါးေသာင္းလို႔ ေခြးသားရဲ႕",
@Period-K