6ခု
Uni
လူတိုင်းမှာမမှတ်မိချင်တော့တဲ့အတိတ်ဆိုးတွေနဲ့ဖုံးကွယ်ထားချင်တဲ့လျို့ဝှက်ချက်တွေရှိတတ်ကြတယ်။အမှောင်ခန်းမှာပိတ်မိနေသရွေ့အလင်းတန်းကိုဘယ်မြင်နိုင်ပါတော့မလဲ..
****
ပိတ်ပိတ်ပိန်းအောင်မှောင်မည်းနေတဲ့အခန်းထဲအလင်းဟူ၍ခေါင်မိုးကတစ်ပေါက်ထဲသောအပေါက်ငယ်ကနေဖြာကျနေသည့်အလင်းသာရှိသည်။နံရံထောင့်မှာဒဏ်ရာအလိမ်းလိမ်းနဲ့နာကျင်မှုကြောင့်ညည်းညူသံကခပ်စိပ်စိပ်ထွက်ပေါ်နေသည်။ဆာလောင်နေတဲ့ဗိုက်ကမခံမရပ်နိုင်အောင်ထိုးအောင့်နေတာမလို့အစာအိမ်ရဲ့ဒုက္ခဝေဒနါကိုအံကြိတ်တင်းခံနေရတယ်။မြေပေါ်ကတစ်စွန်းတစ်စကျကျန်နေတဲ့မုန့်အပိုင်းအစတွေကိုအသဲအသန်ရှာဖွေပြီးပေါက်ပြဲနေတဲ့လက်သေးသေးလေးတွေဖြင့်ကောက်ယူပြီးပါးစပ်ထဲသိပ်သွင်းတော့သည်။
သဲမှုန်တွေကပါးစပ်ထဲဝင်လာတာကိုမထွေးထုတ်မိသလိုအရသာလဲမခံနိုင်တော့ပါ။ဒီအခန်းထဲမှာဘယ်ချိန်ထိပိတ်လှောင်ခံထားရမလဲမသိ။မိဘမဲ့တစ်ကောင်ကြွက်လူမှန်းသိတတ်စအရွယ်ထဲကလမ်းပေါ်မှာပဲကြီးပြင်းလာခဲ့ပြီးတွေ့ရာနေရာချောင်ကျိုချောင်ကြားတွေမှာအိပ်သည်။အရွယ်နဲ့မလိုက်အောင်ဒုက္ခမျိုးစုံကိုခံရတယ်။
ဗိုက်ဆာလာရင်လုယက်တယ်။အိပ်ချင်ရင်လဲလက်ဘေးပလက်ဖောင်းပါမကျန်ထိုးအိပ်တယ်။ဒီလိုဘဝနဲ့ရှင်သန်လာခဲ့တဲ့သူ့ကိုလူတစ်ချို့ကဖမ်းခေါ်လာပြီးဒီဘာမှန်းမသိတဲ့အခန်းထဲထည့်ပိတ်ထားကြသည်။အပြင်လောကကိုဘာမှန်းမသိရလောက်အောင်အဆက်အသွယ်ပြတ်ပြီးဒီထဲပိတ်ထားတာ၂နှစ်ကျော်ရှိပြီ။ခုသူ့အသက်က၁၂နှစ်ရှိပြီဖြစ်သည်။သူ့မှာမိသားစုမရှိဘူးသူငယ်ချင်းဆိုတာလဲဘာမှန်းမသိဘူးနောက်ဆုံးသူ့မှာနာမည်လေးတစ်ခုတောင်ရှိမနေပါ။
ကျွီ~~
ထုထည်ကြီးမားလှတဲ့သံတံခါးကြီးပွင့်သွားခြင်းနဲ့အတူအခန်းထဲလူကြီးလူကောင်းပုံစံနဲ့လူတစ်ယောက်ရယ်အနောက်ကတပည့်ဖြစ်ဟန်တူတဲ့လူသုံးယောက်ရယ်ထို့နောက်ကြိုးတုတ်ထားတဲ့လူရယ်ဝင်လာကြသည်။လူကြီးလူကောင်းကသူ့ရှေ့မှာရပ်တော့မော့ကြည့်နေမိတယ်။
"တူလွန်းတယ်..တကယ်ကိုချွတ်စွပ်တူတာပဲ..ဒီမျက်နှာကိုဝမ်လုချင်းသာတွေ့ရင်ဘယ်လောက်တောင်အံ့သြနေလိမ့်မလဲ...သူ့ဇနီးအမြွှာများမွေးထားတာလားလို့တောင်ထင်လိမ့်မယ်..ဟား.."
ထိုလူကြီးကသူ့ရှေ့ဒူးကွေးထောက်ထိုင်ချပြီးပြုံးပြသည်။ပေတလူးနေတဲ့မျက်နှာနဲ့ဖောင်းကားနေတဲ့ပါးတွေနဲ့မလိုက်ဖက်စွာစူးရဲနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်တော့သဘောကျသလိုတဟားဟားအော်ရယ်နေသည်။
"ဗိုက်ဆာနေပြီလား"
ခေါင်းငြိမ့်ပြလိုက်တော့ထိုလူကသူ့လက်ထဲသေနတ်တစ်လက်ကမ်းပေးလာတယ်။သူ့တွေ့ဖူးတဲ့ကလေးတွေဆော့တဲ့ကစားစရာသေနတ်မဟုတ်ဘူးဆိုတာကောင်းကောင်းကြီးသိတယ်။
"ဒီသေနတ်နဲ့ဟိုကလူကိုပစ်သတ်နိုင်ရင်မင်းစားချင်တာတွေအများကြီးကျွေးမယ်..ဘယ်လိုလဲ"
မျက်ခုံးပင့်မေးနေတဲ့လူရဲ့စကားအဆုံးပေါက်ပြဲနေတဲ့ဒဏ်ရာတွေနဲ့လက်သေးသေးလေးကသေနတ်ကိုကိုင်လိုက်သည်။ထိုလူကြီးညွှန်ပြတဲ့ကြိုးတုတ်ထားတဲ့လူကတော့ကြောက်ရွံတုန်လှုပ်စွာခေါင်းကိုပြုတ်ထွက်မတတ်ခါရမ်းနေတယ်။ပါးစပ်ထဲအဝတ်စထိုးထည့်ထားတာမလို့အော်ဟစ်အကူအညီတောင်းပေမဲ့လဲဝူးဝူးဝါးဝါးအသံတွေကလွဲဘာသံမှထွက်မလာခဲ့ဘူး။တုန်လှုပ်ခြင်းမရှိစွာသေနတ်နဲ့ထိုလူကိုချိန်လိုက်သည်။
ဒိုင်း!!!
အကွာအဝေးကသိပ်မလှမ်းတာမလို့ကျည်ဆံကလွဲချော်ခြင်းမရှိစွာထိုလူရဲ့လည်ပင်းကိုကျွံဝင်ဖောက်ထွက်သွားသည်။ဝူးဝူးဝါးဝါးအသံတွေကတိခနဲတိတ်ကျသွားပြီးလူကလဲမျက်လုံးကြီးပြူးကာမရှုမလှဗိုင်းခနဲပစ်လဲကျသွားတယ်။ဒီလူကိုသတ်လိုက်နိုင်ပြီမလို့သူ့ရဲ့ဆာလောင်မှုကိုချွေးသိမ့်လို့ရပြီ..
"တော်တယ်...အရမ်းတော်တယ်...မင်းကအတော်လေးသတ္တိရှိတာပဲ..ပြောမင်းဘာစားချင်လဲ"
"ပေါက်ဆီ"
"ဟမ်..ဒါလေးပဲလားစားစမ်းပါတခြားကောင်းတာတွေ"
"ပေါက်ဆီ."
"မင်းဘာလို့ပေါက်ဆီပဲစားတာလဲ..အဟက်...ကောင်လေးမင်းနေရာမှာတခြားကလေးသာဆိုရင်တခြားအရာတွေအများကြီးတောင်းဆိုမှာမင်းကဘာလို့လဲ"
"......."
"ကောင်းပြီလေငါမင်းလိုချင်တဲ့ပေါက်ဆီကိုအမြန်ဆုံးရအောင်လုပ်ပေးမယ်ဒါကဒီနေ့အတွက်မင်းနဲ့ငါရဲ့အပေးအယူပဲ.."
ထိုနေ့ကသူပေါက်ဆီတွေတဝကြီးစားလိုက်ရသည်။အဆမတန်စားလို့အန်ပါအန်ထွက်သေးတယ်။နောက်တစ်ရက်နေ့လားညလားမသိတဲ့အချိန်မှာသူနိုးထလာပြန်တယ်။လက်ကျန်ချဥ်တင်တင်ဖြစ်နေတဲ့ပေါက်ဆီလေးကိုစားပြီးငုတ်တုတ်လေးထိုင်ကာမြေပြင်ကိုပဲအကြောင်းမဲ့စိုက်ကြည့်နေတယ်။သူ့ဘဝကြီးရဲ့အစကိုတစ်ခါမှမတွေးခဲ့ဖူးဘူးအနာဂတ်နဲ့အဆုံးသတ်ကိုလဲမတွေးဘူး။သူတွေးတာကပစ္စုပ္ပန်ပဲ...လက်ရှိအချိန်မှာဘယ်လိုအသက်ရှင်ရမလဲဆာလောင်မှုကိုဘယ်လိုဖြေသိမ့်ရမလဲဒါပဲသူတွေးတယ်။
သံတံခါးကြီးပွင့်လာပြီးလူတစ်ယောက်ကခွေးနက်အကောင်ကြီးကြီးတစ်ကောင်ဆွဲပြီးရောက်လာတယ်။အစွယ်တွေဖွေးဖွေးနဲ့သွားကြီးဖြီးပြီးမာန်ဖီနေတဲ့ခွေးကြီးကအရမ်းကြောက်ဖို့ကောင်းတယ်။သူ့ဆီဓားမြှောင်တစ်ချောင်းပစ်ပေးပြီးထိုလူကတည်တင်းနေတဲ့မျက်နှာနဲ့ပြောသည်
"ဒီခွေးကိုနိုင်အောင်တိုက်နိုင်ရင်ဒီနေ့အတွက်မင်းစားချင်တာကျွေးမယ်"
ထိန်းကိုင်ထားတဲ့ကြိုးကိုလွှတ်ပေးလိုက်တော့ခွေးကြီးကသူ့ဆီကိုတရှိန်ထိုးပြေးဝင်လာသည်။ဟိုလူကတော့အခန်းထဲကထွက်သွားပြီးတံခါးကြီးကိုပြန်ပိတ်လိုက်သည်။တဟုန်ထိုးပြေးဝင်လာတဲ့ခွေးကသူ့ကိုခုန်အုပ်တော့မဲ့အခါဘေးကိုရှောင်တိမ်းလိုက်သည်။ဝံပုလွေလားခွေးလားမသဲကွဲရအောင်အကောင်ကြီးပြီးအားလဲအတော်သန်တယ်။
၁၂နှစ်အရွယ်ကောင်လေးကခွေးနက်ကြီးနဲ့နပန်းလုံးသတ်ပုတ်နေရတာဘယ်လိုလုပ်လွယ်ကူမှာလဲ။တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းနဲ့မြင်မကောင်းလောက်အောင်ဒဏ်ရာတွေရှိနေတယ်။ခွေးကလဲသူ့ရဲ့လက်ချက်ကြောင့်ဓားဒဏ်ရာတွေနဲ့မရှုမလှဖြစ်နေပြီး။နပန်းလုံးနေရင်းမျက်လုံးကိုဓားနဲ့ရွယ်လိုက်ချိန်ခွေးကသူ့ဓားကိုလှမ်းကိုက်ထားသည်။
ဂီး..ဂိး..ဂါး.
ဓားကိုဘယ်လိုမှပြန်ဆွဲထုတ်လို့မရတော့တာကြောင့်အနီးကပ်မြင်နေရတဲ့ခွေးမျက်လုံးတွေကိုလက်ချောင်းတွေနဲ့ထိုးဖောက်ကလော်လိုက်သည်။စူးဝါးစွာအော်သံနဲ့အတူခွေးကလူးလိမ့်နေပြီးဓားကလဲလွတ်ကျသွားတယ်။အားယူကုန်းထပြီးဓားကိုကောက်ကာလူးလိမ့်နေတဲ့ခွေးကိုအဆက်မပြတ်ဓားချက်ပေါင်းများစွာထိုးသွင်းနေတော့သည်။
ငြိမ်ကျတဲ့ခွေးကသေသွားပြီဆိုတာသိပေမဲ့ဓားချက်တွေကိုတော့မရပ်တန့်ခဲ့ဘူး။
ဖြောင်း..ဖြောင်း..ဖြောင်း..
တစ်ချက်ချင်းထွက်ပေါ်လာတဲ့လက်ခုပ်သံကြောင့်ဓားကိုင်ထားတဲ့လက်ကရပ်သွားပြီးမတ်တပ်ထရပ်လိုက်တယ်။လူကြီးလူကောင်းပုံစံနဲ့လူ..ဒါပေမဲ့သူသတ်လိုက်တဲ့ခွေးထက်တောင်နိမ့်ကျနေတယ်..
"ကောင်းတယ်..အရမ်းကောင်းတယ်...မင်းကငါ့ကိုစိတ်မပျက်စေဘူးပဲ"
ချလွင်!
ဓားမြှောင်ကလက်ထဲကလွတ်ကာမြေပေါ်ကျသွားသည်။သွေးအလိမ်းလိမ်းနဲ့သူကရုပ်လုံးတောင်မပေါ်ချင်တော့ဘူး...မျက်နှာသေနဲ့မခန့်မှန်းနိုင်တဲ့မျက်ဝန်းသေတွေဖြင့်သာစိုက်ကြည့်နေသည်။ယိုင်နဲ့နဲ့ဖြစ်နေတဲ့သူ့အနားထိုလူကြီးကရောက်လာပြီးသူ့ပုခုံးကိုကိုင်လိုက်သည်။
"မင်းကခုချိန်ကစပြီးငါ့လူဖြစ်သွားပြီး..ဘယ်အရာကမှမင်းကိုအန္တရာယ်ပေးလို့မရတော့ဘူး..ရော့ဒီတံဆိပ်ပြားကမင်းအပိုင်..သေချာသိမ်းထား"
ကမ်းပေးလာတဲ့ကြေးတံဆိပ်ပြားဝိုင်းကိုလှမ်းယူလိုက်တော့ကျားခေါင်းပုံစံနဲ့အလယ်မှာသူဖတ်မတတ်တဲ့စာလုံးတစ်လုံးရှိနေတယ်။သူ့လက်ထဲရောက်လာတဲ့တံဆိပ်ပြားကသွေးတွေပေကျံသွားခဲ့သည်။
"မင်းမှာနာမည်မရှိဘူးမလား..ငါမင်းအတွက်နာမည်တစ်ခုစဥ်းစားထားတယ်"
"....."
"ခုချိန်ကစပြီးမင်းနာမည် ဝမ် ရိ ပေါ်...မင်းနာမည်ဝမ်ရိပေါ်ဖြစ်သွားပြီ"
"ဝမ်..ရိ...ပေါ်..."
တစ်လုံးချင်းစီနှုတ်ကမပွင့်တပွင့်ရေရွတ်ပြီးနောက်သူ့လောကကြီးအမှောင်ကျသွားတော့သည်။အဲ့ဒီနေ့ကထိုဘာမှန်းမသိတဲ့အခန်းကြီးမှာနေရတဲ့နောက်ဆုံးနေ့ဖြစ်သည်။သူနိုးလာတဲ့အချိန်မှာဒဏ်ရာတွေလဲကောင်းမွန်လာပြီဖြစ်သလိုကာကွယ်ဆေးတွေလဲထိုးခဲ့ရတယ်...ပြင်ပလေကိုတဝကြီးပြန်လည်ရူရှိုက်ခွင့်ရခဲ့သည်။အင်း..နာမည်သစ်လေးကလဲအရမ်းလှခဲ့တယ်...
သူငယ်ငယ်ထဲကခွေးကြောက်သည်။အကြောက်ဆုံးသတ္တဝါဖြစ်တဲ့ခွေးကိုအနိုင်ယူနိုင်ခဲ့ပေမဲ့သူ့ရင်ထဲကြောက်စိတ်တွေကပျောက်ပျယ်မသွားခဲ့ဘူး။အတိတ်ဆိုးကိုကျော်လွှားနိုင်ခဲ့ပေမဲ့အိမ်မက်ဆိုးအဖြစ်တော့ကျန်ရစ်နေဆဲပင်...
^^
ချွေးတွေရွဲနစ်ပြီးအသက်ရူသံပြင်းပြင်းတွေကြားရတာကြောင့်တာ့ဟုန်နိုးလာခဲ့တယ်။ဘေးဘက်ကိုကြည့်တော့အိမ်မက်ဆိုးမက်နေဟန်ရိပေါ်ကလူးလိမ့်နေသည်။ကုတင်ပေါ်အိပ်နေရင်းခြေတယမ်းယမ်း လက်တယမ်းယမ်းဖြစ်နေတာကြောင့်တာ့ဟုန်ဖမ်းချုပ်ထားလိုက်တယ်
"ရိပေါ်...ရိပေါ်..ထတော့..ရိပေါ်..ထတော့"
"......"
သူဖိချုပ်ထားတာတောင်အတင်းရုန်းကန်နေတဲ့သူကြောင့်ပါးကိုခပ်ဆတ်ဆတ်ရိုက်ကာနှိုးလိုက်သည်။ထိုတော့မှမျက်လုံးတွေပွင့်လာကာသူ့ကိုကြည့်နေတယ်။အသက်ရူသံတွေကပြင်းထန်ပြီးမူမမှန်ဖြစ်နေတုန်းပင်
"အိမ်မက်ဆိုးမက်ပြန်ပြီလား"
လှဲနေရာကဆွဲထူပေးပြီးစားပွဲပေါ်ကရေတစ်ခွက်ငှဲ့ပေးကာမေးလိုက်တော့ခေါင်းညိမ့်ပြလာတယ်။ရေကိုအဆက်မပြတ်မော့သောက်နေတော့ကျောပြင်ကိုအသာပွတ်ချပေးနေမိသည်။ကျောပြင်တစ်ခုလုံးရေချိုးထားသလိုချွေးတွေနစ်နေတာပဲ
"မင်းဆေးရောပုံမှန်သောက်ရဲ့လား"
မေးတာကိုမဖြေပဲရေခွက်ကိုကမ်းပေးပြီးမျက်လွှာချထားသည်။တာ့ဟုန်ကစုတ်တစ်ချက်သပ်ပြီး
"ဆေးတွေကအလကားဝယ်ထားတာမဟုတ်ဘူးကွဘယ်မှာလဲဆေးခုချက်ချင်းငါရှေ့မှာသောက်.."
"မရှိတော့ဘူး"
"မရှိတော့ဘူး?ဘယ်ရောက်သွားတာလဲ"
"လွင့်ပစ်လိုက်ပြီ"
"ဘာ!!. .ဝမ်ရိပေါ်မင်းရူးနေလား..ဘာလို့ဆေးတွေလွင့်ပစ်ရတာလဲအဲ့ဒါကြောင့်မင်းအိမ်မက်ဆိုးတွေထပ်မက်နေတာ..အတိတ်ကိုအတိတ်မှာပဲမထားခဲ့နိုင်ဖြစ်နေတာကွ..."
တာ့ဟုန်ကစိတ်ဆိုးပြီးအော်တော့သည်။ရိပေါ်ကတော့မထုံတတ်သေးပုံစံနှင့်သာကုတင်ပေါ်ပြန်လှဲချနေလိုက်တယ်။တာ့ဟုန်မှာဖြင့်အံတကြိတ်ကြိတ်နှင့်လက်ညိုးထိုးကာဘာမှမပြောနိုင်...သက်ပြင်းကိုသာအကြီးကြီးချပြီး
"ရိပေါ်..မနက်ဖြန်မင်းမျက်လှည့်ပွဲရှိတယ်မလား"
"......."
"Peninusla မှာမလား"
"........."
"ငါတို့လဲအဲ့မှာအလုပ်ကိစ္စရှိတယ်..သေးသေးဖြစ်နိုင်သလိုကြီးကြီးလဲဖြစ်နိုင်တယ်အဲ့ဒါကြောင့်ဂရုစိုက်ပါ...ငါဒါပဲပြောချင်တယ်"
"........"
"ငါပြောတာကြာလား"
".........."
"ဝမ်ရိပေါ်!!. .."
"......."
"ရေခဲတုံးကောင်....."
"........"
"ငါပြောတာကြားလား..ခေါင်းတလား"
"ပါးစပ်ပိတ်.ဆက်မခေါ်နဲ့.."
"အော်.အော်..ခေါင်းတလားလို့ပြောတော့နာတယ်ပေါ့..ခေါ်မယ်ကွာ..ခေါင်းတလားလိုကောင်..ခေါင်းတလားကြီး."
"အသွားချင်လား..."
".........."
*^^*
ကြည်လင်တဲ့မှန်ပြတင်းတွေကနေမြင်နေရတဲ့နီယွန်မီးတွေထိန်ထိန်သာနေတဲ့အဆောက်အအုံကြီးတွေအဆင့်မြင့်အထပ်ပေါင်းများစွာနဲ့ကြီးကျယ်ခမ်းနားလှသည့်အဆောက်အအုံတွေကိုတိတ်တဆိတ်သာငေးကြည့်နေမိသည်။ဝိုင်ခွက်ထဲဝိုင်တွေငှဲ့ထည့်နေတဲ့အသံကိုနားစွင့်ပြီးသူ့နှုတ်ခမ်းတွေကအလိုလိုပြုံးမိတယ်။ရှောင်းကျန့်ကသူ့အတွက်အမြဲဝိုင်ငှဲ့ပေးတာကိုသဘောကျသည်။
မျက်စိရှေ့ကမ်းပေးလာတဲ့ဝိုင်ခွက်ကိုယူပြီးဇိမ်ပြေနပြေသာအရသာခံသောက်နေလိုက်သည်။အကြည့်ကိုမှန်ပြတင်းရဲ့အပြင်ဘက်ကိုပို့ထားပေမဲ့မျက်စိထောင့်ကမြင်နေရတဲ့သူ့ကိုစိုက်ကြည့်နေတဲ့လူလေးကိုတော့လျစ်လျူမရှုထားမိပါဘူး။ရှောင်းကျန့်ကသူ့ကိုအတန်ကြာစိုက်ကြည့်နေပြီးမှအရှေ့ကမြင်ကွင်းကိုအကြည့်ရောက်သွားတယ်။ထို့နောက်မကြာခဏမေးနေကျစကားကိုမေးလာသည်။
"ဟောင်ကောင်ကလှတယ်မလား.."
"ရှောင်းကျန့်ကပိုလှတယ်"
မေးခွန်းမမည်တဲ့မေးခွန်းလေးအတွက်တိကျတဲ့ဖြေနေကျအဖြေပါပဲ။ရှောင်းကျန့်ကသဘောကျသွားလို့ထင်ပါရဲ့ပါးချိုင့်ရေးရေးလေးထင်သည်ထိပြုံးလို့နေသည်။ဝမ်ရိပေါ်ကထိုအပြုံးကိုငေးမောနေရင်းရှောင်းကျန့်မျက်နှာအနားတိုးကပ်သွားတယ်။သေချာပေါက်သူ့ဦးတည်ရာကနှုတ်ခမ်းလှလှလေးဆီကိုပေါ့
နှုတ်ခမ်းတွေမထိကပ်ခင်မှာပဲရှောင်းကျန့်လက်ကသူ့နှုတ်ခမ်းကိုပိတ်ပင်တားဆီးလိုက်သည်။ထိကပ်တော့မဲ့နှုတ်ခမ်းတစ်စုံကြားမှာလက်ဖဝါးနုနုကကိုးလို့ကန့်လန့်ဖြင့်သာ။
"မင်းကနမ်းရုံနဲ့မပြီးဘူးငါရင်ဘက်တွေနာနေပြီးအင်္ကျီနဲ့များပွတ်မိရင်ကျိန်းစပ်နေတာပဲပြီးတော့အောင့်လဲအောင့်နေသေးတယ်..ငါ့ကိုထပ်မနှိပ်စက်နဲ့တော့"
အရည်လဲ့နေတဲ့ဖန်ဂေါ်လီလုံးလိုမျက်လုံးတွေကဆွဲငင်အားပြင်းလှသည်။တောင်းဆိုတာလဲမဟုတ်အမိန့်ပေးနေခြင်းမျိုးလဲမဟုတ်တဲ့ရှောင်းကျန့်စကားတွေကညည်းညူနေတာမျိုးလား..ဝမ်ရိပေါ်ကခပ်တွန့်တွန့်ပြုံးလိုက်ပြီးချစ်ရသူအလိုကျလိုက်လျောပေးမိသည်။ဟုတ်လဲဟုတ်တာပဲ သူကနမ်းရရုံနဲ့မတင်းတိမ်နိုင်ဘူး
"Boss. .ကျွန်တော်တို့သူလျိုကိုမိပါပြီ"
အားလိန်နဲ့အတူJacksonနဲ့Chuoတို့ပါသူ့ဆီရောက်လာပြီးသူလျှိုလို့ထင်ရတဲ့လူကိုတော့သူ့ရှေ့တွန်းလွှတ်လိုက်တာမလို့ဒူးထောက်လျက်လဲကျသွားသည်။အနောက်ဘက်သိုလှောင်ရုံကစားဖိုမှူးပဲ...ဝမ်ရိပေါ်ကမျက်လုံးတွေမှေးစင်းပြီးစိုက်ကြည့်ကာရှောင်းကျန့်ခါးမှာလက်ကိုရစ်တွယ်သိုင်းဖက်ထားလိုက်သည်။ရှောင်းကျန့်ကကုန်သွားပြီဖြစ်တဲ့ဝိုင်ခွက်ထဲဝိုင်တွေထပ်ငှဲ့ပေးနေတယ်။
"သခင်ကြီးအသက်ချမ်းသာပေးပါ..ကျွန်တော်..ကျွန်တော်မရည်ရွယ်ပါဘူး"
"အဓိပ္ပါယ်မရှိလိုက်တာသူလျှိုတစ်ယောက်လုပ်ပြီးတော့မရည်ရွယ်ဘူးဆိုတဲ့စကားထွက်လာတာမင်းဦးနှောက်ကြွက်ချီသွားလို့လာ"
အားလိန်ကစားဖိုမှူးရဲ့ကျောပြင်ကိုကန်ကျောက်ပြီးပြောသည်။ဝမ်ရိပေါ်ကရှောင်းကျန့်ငှဲ့ထားပေးတဲ့ဝိုင်ကိုမော့သောက်ပြီးခပ်ပြုံးပြုံးသာကြည့်နေသည်။
"ပြောပါအုံး..ဘာလို့ဒီလိုလုပ်တာလဲ"
"ကျွန်တော်...ကျွန်တော်တကယ်မလုပ်ချင်ခဲ့ပါဘူးသူတို့ကအတင်းခိုင်းလို့လုပ်မိတာပါ.."
"သူတို့ဆိုတာက?"
"ဖန်းအိမ်တော်ပါ"
ဝမ်ရိပေါ်မျက်ခုံးတစ်ဖက်မြှောက်တက်သွားတယ်။အလွယ်တကူထွက်ဆိုတာပဲ..ဖန်းအိမ်တော်ကသစ္စာရှိတဲ့သူလျှိုကိုလွှတ်လိုက်တာက..အရမ်းရယ်ရတယ်မလား။သေနတ်ကိုထုတ်ပြီးတစစီဖြုတ်ကာအေးဆေးစွာပြန်တပ်နေလိုက်တယ်။သူ့ရှေ့ကလူကတော့ကြောက်လွန်း၍တကိုယ်လုံးတုန်ယင်နေသည်။
"သခင်ကြီးအသက်ချမ်းသာပေးပါ..ကျွန်တော့်ကိုမသတ်ပါနဲ့...ကျွန်တော်ကျွန်တော်သခင်ကြီးဆီမှာတစ်သက်လုံးအလုပ်အကျွေးပြုပါ့မယ်...ကျွန်တော့်ကိုယုံပါသစ္စာရှိပါ့မယ်..မသတ်ပါနဲ့"
"အို...မင်းကသစ္စာရှိမယ်ပြောတာငါကဘာကြည့်ပြီးယုံပေးရမလဲ"
သေနတ်ထဲကျည်ဆံတောင့်တွေထည့်နေရင်းမေးတော့စားဖိုမှူးကတစ်ခုခုကိုအပီအပြင်ပြောပြမဲ့ဟန်လုပ်သည်။
"ကျွန်တော်သခင်ကြီးကိုကိစ္စအကြီးကြီးတစ်ခုပြောပြပါမယ်ဒါကဖန်းအိမ်တော်ရဲ့လျို့ဝှက်လုပ်ဆောင်နေတဲ့အရာပါ..."
"စိတ်ဝင်စားစရာပဲ.ပြော"
"ဖန်းအိမ်တော်ကတိုင်းတပါးနဲ့လက်နက်အရောင်းအဝယ်တွေလုပ်နေပါတယ်..မ..မနက်ဖြန်ည ပဲရစ်ကဧည့်သည်တွေနဲ့Peninsula မှာတွေ့ဖို့ချိန်းထားကြတယ်..သူတို့ဆီကလက်နက်တွေနဲ့သခင်ကြီးဆီကခိုးထုတ်သွားတဲ့ပစ္စည်းတွေကိုလဲလှယ်မှာပါ...သ.သခင်ကြီးအချိန်မှီတားလို့ရပါတယ်ဒါမှမဟုတ်ဖြတ်လုမယ်ဆိုရင်လဲရပါတယ်...ဒါ..ဒါတွေကအမှန်ပါ."
ထစ်ငေါ့စွာကတုန်ကရင်ပြောနေတဲ့စကားတွေအဆုံးဝမ်ရိပေါ်ရဲ့နဖူးကြောတွေကတင်းမာလာသည်။ဒါပေမဲ့အပြုံးမပျက်စွာနဲ့ခနဲ့တဲ့တဲ့ပြုံးလို့နေတယ်။
"ဒီအဖိုးကြီးကတော့..တပါးသူပစ္စည်းတွေနဲ့လုပ်စားချင်နေတာပဲ..ကောင်းပြီလေဒီလိုဆိုမှတော့လဲငါကလဲငဲ့ညှာမနေတော့ဘူးပေါ့.."
"ဟုတ်ပါတယ်သခင်ကြီး..ငဲ့ညှာလို့မရပါဘူးသခင်ကြီးသာသူတို့ကြားကနေဖြတ်ခုတ်မယ်ဆိုရင်ပစ္စည်းလဲပြန်ရမယ်အပိုလက်ဆောင်တွေပါရအုံးမှာပါ"
"အဟက်..ဘယ်ဆိုးလို့လဲမင်းကတော်သားပဲ..ဒီ့အတွက်မင်းကိုထိုက်သင့်တဲ့ဆုချီးမြှင့်မှာပါ..Chuo!"
Chuoကိုမျက်စပစ်ပြတော့Chuoကထွက်သွားသည်။ခဏအကြာသေတ္တာတစ်လုံးနဲ့ပြန်လာတယ်။ထိုသေတ္တာကိုစားဖိုမှူးရှေ့ဖွင့်ပြလိုက်တော့အထဲမှာတလက်လက်တောက်နေတဲ့ရွှေချောင်းတွေကအပြည့်ပင်။စားဖိုးမှူးမျက်နှာကအားရဝမ်းသာစွာဖြင့်ဝင်းပသွားပြီးရှောင်းကျန့်မှာတော့မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေသည်။
"ဒါတွေနဲ့ဆိုမင်းရောမင်းမိသားစုရောတစ်ဘဝလုံးစာအတွက်လုံလောက်ပြီပေါ့.."
"ကျေးဇုတင်ပါတယ်သခင်ကြီး..ကျေးဇုတင်ပါတယ်..ကျွန်တော်သခင်ကြီးဆီမှာအလုပ်အကျွေးပြုပါ့မယ်"
ရွှေချောင်းတွေကိုမမြင်ဖူးသလိုလောဘဇောတက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးကျေးဇုတွေဇွတ်တင်နေတော့သည်။ဝမ်ရိပေါ်ကမဲ့ခနဲပြုံးပြီးရှောင်းကျန့်ရဲ့ပခုံးကိုသိုင်းဖက်လိုက်တယ်။ဖက်တယ်ဆိုတာထက်လက်ဖဝါးနဲ့ပုခုံးကိုဖိထားသည်။စားဖိုမှုးကိုခပ်မဲ့မဲ့စိုက်ကြည့်ကာ
"အပေးရှိရင်အယူရှိတယ်..ဒါကမင်းနဲ့ထိုက်သင့်လို့ရတာပဲကျေးဇုတင်မစောနဲ့...ဟက်"
ဒိုင်း!!!
ကျယ်လောင်လှတဲ့သေနတ်သံကြီးကြောင့်ရှောင်းကျန့်ရဲ့ပခုံးတွေကဝမ်ရိပေါ်ဖိထားတဲ့ကြားကတောင်တုန်တက်သွားပြီးမျက်လုံးလေးတွေပြူးကြောင်သွားသည်။စားဖိုမှုးကတော့နဖူးတည့်တည့်မှာအပေါက်ကြီးနဲ့အသက်ထွက်သွားရှာပြီ။သေနတ်ပြောင်းဝကိုလေနဲ့မှုတ်ပြီးစားပွဲပေါ်ပစ်တင်ကာစီးကရက်ဘူးထဲကဆေးလိတ်တစ်လိတ်ထုတ်ပြီးပါးစပ်မှာတေ့ခဲထားလိုက်တယ်။
ရှောင်းကျန့်ကမီးခြစ်ဆံနဲ့မီးညှိပြီးဆေးလိတ်အဖျားကိုမီးညှိပေးသည်။သူ့လက်တွေကမသိမသာတုန်ယင်နေတာမလို့ဝမ်ရိပေါ်ကမျက်လုံးလှန်ကြည့်လာတယ်။ခေါင်းကိုငုံ့ချကာအကြည့်လွဲလိုက်သည်။ဝမ်ရိပေါ်ကဆေးလိတ်ကိုရှိုက်ဖွာပြီးလဲကျသေဆုံးနေတဲ့စားဖိုးမှူးကိုမဲ့ပြုံးပြုံးကာကြည့်သည်။
"တစ်ခါသစ္စာဖောက်ဖူးတဲ့သူကနောက်ထပ်သစ္စာမဖောက်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူး...ငါကငါ့ကိုယ်ငါတောင်မယုံတဲ့သူလေ...အဟက်.."
"Chuo!"
"ဟုတ်ကဲ့Boss"
"ဒီသေတ္တာကိုသူ့မိသားစုဆီပို့ပေးလိုက်ဝမ်ကပေးတာမသိစေနဲ့သူ့ခင်ပွန်းတစ်သက်လုံးစုဆောင်းထားခဲ့တာလို့ပြောလိုက်"
"ဟုတ်ကဲ့ကျွန်တော်တာဝန်ကျေပွန်ပါ့မယ်"
ရှောင်းကျန့်ကဘာမှမပြောနိုင်လောက်အောင်ဆွံအနေမိတယ်။Boss Wangကအဲ့လိုလူမျိုး..
Chuoကသ္တောကိုမ ပြီးထွက်သွားဖို့လုပ်တော့Jacksonကသူလဲလိုက်ချင်တဲ့အကြောင်းပြောတယ်။ChuoကJacksonကိုခြေဆုံးခေါင်းဆုံးကြည့်ပြီးဘာမှပြန်မပြောရသေးခင်Bossကလှမ်းပြောသည်။
"Jacksonမင်းနေခဲ့"
"ဟုတ်ကဲ့"
သိပ်မကျေနပ်ချင်ပေမဲ့လဲပြန်မပြောရဲပါလောလောလတ်လတ်ကြီးလူသတ်ထားတာနောက်ထပ်သတ်ဖို့ဆိုတာBossအတွက်သိပ်လွယ်ကူလွန်းတယ်။Chuoထွက်သွားတော့Jacksonကဝမ်ရိပေါ်ကိုမှုန်တေတေကြည့်သည်
"Boss. .ကျွန်တော်သွားပို့ရင်ပိုအဆင်ပြေတာကိုChuoကစကားလဲသိပ်ပြောတာမဟုတ်ဘူးသစ်ငုတ်တိုကြီးလိုလူကိုဘာလို့လွတ်လိုက်တာလဲ..ကျွန်တော်ကစကားပရိယယ်မှာကြွယ်ဝပါတယ်အဆင်ပြေအောင်ကြည့်ကြပ်ပြောလို့တတ်တယ်Chuoကမလိမ်တတ်လိမ်တတ်နဲ့အကုန်ပေါ်ကုန်မှာစိုးရတယ်...တကယ်ဆိုကျွန်တော်သွားပို့ရမှာ"
"Chuoကဦးနှောက်ရှိတယ်"
ဝမ်ရိပေါ်ရဲ့တစ်ခွန်းထဲသောစကားကြောင့်Jacksomပါးစပ်လေးပိတ်သွားသည်။အားနေသူတုံးအတာကိုပဲအပစ်ပြောနေတယ်။
"မင်းကိုမသွားစေချင်တာကငါနဲ့အတူလုပ်ရမဲ့အလုပ်ရှိလို့ပဲ.."
"ဘာအလုပ်လဲ"
"မနက်ဖြန်Peninuslaသွားမယ်.."
"ကျွန်တော်တို့နှစ်ယောက်ပဲလား"
"အင်း.."
Jacksonကခေါင်းတငြိမ့်ငြိမ့်လုပ်နေပြီးဝမ်ရိပေါ်ကရှောင်းကျန့်ကိုသာစိုက်ကြည့်နေလိုက်သည်။ရှောင်းကျန့်ကတော့ဝိုင်ခွက်ကိုလှုပ်ယမ်းပြီးအတွေးများနေတော့သည်..
*^^*
ခြံကျယ်ကြီးထဲအပျင်းပြေလမ်းလျောက်နေတုန်းအစေခံမလေးတစ်ယောက်ကသူ့အနားရောက်လာသည်။
"သခင်လေးအတွက်စာလာပါတယ်"
ကောင်မလေးကစာအိတ်အဝါလေးကိုသူ့လက်ထဲထည့်ပေးပြီးလစ်ခနဲအိမ်တော်ကြီးထဲပြေးဝင်သွားသည်။သူ့မှာလှမ်းတားချိန်တောင်မရလိုက်ပေ။ဒီအိမ်ကလူတွေကအကြောင်းမရှိပဲသူနဲ့စကားပြောဖို့ကြောက်ရွံ့စွာတွန့်ဆုတ်နေတတ်ကြတယ်။Boss Wangရဲ့စနက်တွေပေါ့။တခြားလူတွေနဲ့တရင်းတနှီးပြုံးပြုံးရွှင်ရွှင်နေမိရင်မဟုတ်မဟတ်စကားတွေနဲ့စွပ်စွဲတယ်။အလုပ်သမားတွေကိုဖော်ရွေစွာပြုံးပြမိရင်ရှာလကာရည်အပုံးလိုက်မှောက်တော့တာပဲ။နေသားကျနေပြီမလို့Boss Wangရဲ့ဒီလိုပုံစံတွေကိုအနေခတ်တာမျိုးမရှိတော့ပါဘူး။ဒါပေမဲ့သဘောတော့မကျဘူး..ရှောင်းကျန့်ကလွတ်လပ်ခြင်တယ်။
စာအိတ်အဝါလေးကိုကိုင်ပြီးအိမ်တော်ထဲကအခန်းထဲကိုပဲပြန်လာခဲ့သည်။စားပွဲပေါ်ကစာအိတ်ကိုကြည့်ပြီးဘယ်သူ့ဆီကများပို့လိုက်တာလဲဟုတွေးကြည့်နေမိတယ်
သူ့မှာအသိမိတ်ဆွေတွေသိပ်မရှိတာကို..ဘယ်သူကများပို့လိုက်တာလဲ..ဖေးဖေးလား..မဖြစ်နိုင်ပါဘူးဖေးဖေးကသူဒီမှာနေတယ်ဆိုတာကိုမသိတာပဲ.ဘာပဲဖြစ်ဖြစ်ဖွင့်ကြည့်မှသိမှာပေါ့
စာအိတ်အဝါကိုကပ်ကြေးနဲ့ထိပ်ကညှပ်ဖြတ်လိုက်တော့အထဲကစာရွက်ခေါက်တစ်ရွက်နဲ့လက်မှတ်တစ်စောင်ထွက်လာသည်။စာရွက်ခေါက်ကိုအရင်ဖွင့်ဖတ်လိုက်တယ်။
မနက်ဖြန်မင်းအတွက်မထင်ထားလောက်တဲ့ပွဲကြီးပွဲကောင်းရှိတယ်စိတ်ဝင်စားတယ်သိချင်တယ်ဆိုရင်Peninsulaကိုလာခဲ့
စာကိုဖတ်ပြီးရှောင်းကျန့်မျက်ခုံးတွေတွန့်ချိုးသွားတယ်။ပေးပို့သူရဲ့အမည်နာမကိုဖော်ပြထားခြင်းမရှိသလိုလျှိဝှက်ချက်တွေအပြည့်နဲ့စာတိုကိုလဲသူနားမလည်နိုင်။မနက်ဖြန်Peninsulaကိုသွားခဲ့ရင်တော့နားလည်နိုင်မယ်ထင်တယ်။
"Peninsula"
ကျန်ရှိနေသေးတဲ့လက်မှတ်ကိုယူကြည့်လိုက်တော့ရှောင်းကျန့်မျက်ခုံးတွေပိုတွန့်ချိုးသွားသည်။လက်မှတ်ကမျက်လှည့်ပွဲလက်မှတ်ပဲ...Lao Wangရဲ့မျက်လှည့်ပွဲလက်မှတ်...
💚💛❤
Victoria peakကနေဟောင်ကောင်မြင်ကွင်း
Peninsula hotel
6ခု
Zaw
လူတိုင္းမွာမမွတ္မိခ်င္ေတာ့တဲ့အတိတ္ဆိုးေတြနဲ႔ဖုံးကြယ္ထားခ်င္တဲ့လ်ိဳ႕ဝွက္ခ်က္ေတြရွိတတ္ၾကတယ္။အေမွာင္ခန္းမွာပိတ္မိေနသေ႐ြ႕အလင္းတန္းကိုဘယ္ျမင္ႏိုင္ပါေတာ့မလဲ..
****
ပိတ္ပိတ္ပိန္းေအာင္ေမွာင္မည္းေနတဲ့အခန္းထဲအလင္းဟူ၍ေခါင္မိုးကတစ္ေပါက္ထဲေသာအေပါက္ငယ္ကေနျဖာက်ေနသည့္အလင္းသာရွိသည္။နံရံေထာင့္မွာဒဏ္ရာအလိမ္းလိမ္းနဲ႔နာက်င္မႈေၾကာင့္ညည္းညဴသံကခပ္စိပ္စိပ္ထြက္ေပၚေနသည္။ဆာေလာင္ေနတဲ့ဗိုက္ကမခံမရပ္ႏိုင္ေအာင္ထိုးေအာင့္ေနတာမလို႔အစာအိမ္ရဲ႕ဒုကၡေဝဒနါကိုအံႀကိတ္တင္းခံေနရတယ္။ေျမေပၚကတစ္စြန္းတစ္စက်က်န္ေနတဲ့မုန္႔အပိုင္းအစေတြကိုအသဲအသန္ရွာေဖြၿပီးေပါက္ၿပဲေနတဲ့လက္ေသးေသးေလးေတြျဖင့္ေကာက္ယူၿပီးပါးစပ္ထဲသိပ္သြင္းေတာ့သည္။
သဲမႈန္ေတြကပါးစပ္ထဲဝင္လာတာကိုမေထြးထုတ္မိသလိုအရသာလဲမခံႏိုင္ေတာ့ပါ။ဒီအခန္းထဲမွာဘယ္ခ်ိန္ထိပိတ္ေလွာင္ခံထားရမလဲမသိ။မိဘမဲ့တစ္ေကာင္ႂကြက္လူမွန္းသိတတ္စအ႐ြယ္ထဲကလမ္းေပၚမွာပဲႀကီးျပင္းလာခဲ့ၿပီးေတြ႕ရာေနရာေခ်ာင္က်ိဳေခ်ာင္ၾကားေတြမွာအိပ္သည္။အ႐ြယ္နဲ႔မလိုက္ေအာင္ဒုကၡမ်ိဳးစုံကိုခံရတယ္။
ဗိုက္ဆာလာရင္လုယက္တယ္။အိပ္ခ်င္ရင္လဲလက္ေဘးပလက္ေဖာင္းပါမက်န္ထိုးအိပ္တယ္။ဒီလိုဘဝနဲ႔ရွင္သန္လာခဲ့တဲ့သူ႔ကိုလူတစ္ခ်ိဳ႕ကဖမ္းေခၚလာၿပီးဒီဘာမွန္းမသိတဲ့အခန္းထဲထည့္ပိတ္ထားၾကသည္။အျပင္ေလာကကိုဘာမွန္းမသိရေလာက္ေအာင္အဆက္အသြယ္ျပတ္ၿပီးဒီထဲပိတ္ထားတာ၂ႏွစ္ေက်ာ္ရွိၿပီ။ခုသူ႔အသက္က၁၂ႏွစ္ရွိၿပီျဖစ္သည္။သူ႔မွာမိသားစုမရွိဘူးသူငယ္ခ်င္းဆိုတာလဲဘာမွန္းမသိဘူးေနာက္ဆုံးသူ႔မွာနာမည္ေလးတစ္ခုေတာင္ရွိမေနပါ။
ကြၽီ~~
ထုထည္ႀကီးမားလွတဲ့သံတံခါးႀကီးပြင့္သြားျခင္းနဲ႔အတူအခန္းထဲလူႀကီးလူေကာင္းပုံစံနဲ႔လူတစ္ေယာက္ရယ္အေနာက္ကတပည့္ျဖစ္ဟန္တူတဲ့လူသုံးေယာက္ရယ္ထို႔ေနာက္ႀကိဳးတုတ္ထားတဲ့လူရယ္ဝင္လာၾကသည္။လူႀကီးလူေကာင္းကသူ႔ေရွ႕မွာရပ္ေတာ့ေမာ့ၾကည့္ေနမိတယ္။
"တူလြန္းတယ္..တကယ္ကိုခြၽတ္စြပ္တူတာပဲ..ဒီမ်က္ႏွာကိုဝမ္လုခ်င္းသာေတြ႕ရင္ဘယ္ေလာက္ေတာင္အံ့ၾသေနလိမ့္မလဲ...သူ႔ဇနီးအႁမႊာမ်ားေမြးထားတာလားလို႔ေတာင္ထင္လိမ့္မယ္..ဟား.."
ထိုလူႀကီးကသူ႔ေရွ႕ဒူးေကြးေထာက္ထိုင္ခ်ၿပီးၿပဳံးျပသည္။ေပတလူးေနတဲ့မ်က္ႏွာနဲ႔ေဖာင္းကားေနတဲ့ပါးေတြနဲ႔မလိုက္ဖက္စြာစူးရဲေနတဲ့မ်က္လုံးေတြနဲ႔စိုက္ၾကည့္ေတာ့သေဘာက်သလိုတဟားဟားေအာ္ရယ္ေနသည္။
"ဗိုက္ဆာေနၿပီလား"
ေခါင္းၿငိမ့္ျပလိုက္ေတာ့ထိုလူကသူ႔လက္ထဲေသနတ္တစ္လက္ကမ္းေပးလာတယ္။သူ႔ေတြ႕ဖူးတဲ့ကေလးေတြေဆာ့တဲ့ကစားစရာေသနတ္မဟုတ္ဘူးဆိုတာေကာင္းေကာင္းႀကီးသိတယ္။
"ဒီေသနတ္နဲ႔ဟိုကလူကိုပစ္သတ္ႏိုင္ရင္မင္းစားခ်င္တာေတြအမ်ားႀကီးေကြၽးမယ္..ဘယ္လိုလဲ"
မ်က္ခုံးပင့္ေမးေနတဲ့လူရဲ႕စကားအဆုံးေပါက္ၿပဲေနတဲ့ဒဏ္ရာေတြနဲ႔လက္ေသးေသးေလးကေသနတ္ကိုကိုင္လိုက္သည္။ထိုလူႀကီးၫႊန္ျပတဲ့ႀကိဳးတုတ္ထားတဲ့လူကေတာ့ေၾကာက္႐ြံတုန္လႈပ္စြာေခါင္းကိုျပဳတ္ထြက္မတတ္ခါရမ္းေနတယ္။ပါးစပ္ထဲအဝတ္စထိုးထည့္ထားတာမလို႔ေအာ္ဟစ္အကူအညီေတာင္းေပမဲ့လဲဝူးဝူးဝါးဝါးအသံေတြကလြဲဘာသံမွထြက္မလာခဲ့ဘူး။တုန္လႈပ္ျခင္းမရွိစြာေသနတ္နဲ႔ထိုလူကိုခ်ိန္လိုက္သည္။
ဒိုင္း!!!
အကြာအေဝးကသိပ္မလွမ္းတာမလို႔က်ည္ဆံကလြဲေခ်ာ္ျခင္းမရွိစြာထိုလူရဲ႕လည္ပင္းကိုကြၽံဝင္ေဖာက္ထြက္သြားသည္။ဝူးဝူးဝါးဝါးအသံေတြကတိခနဲတိတ္က်သြားၿပီးလူကလဲမ်က္လုံးႀကီးျပဴးကာမရႈမလွဗိုင္းခနဲပစ္လဲက်သြားတယ္။ဒီလူကိုသတ္လိုက္ႏိုင္ၿပီမလို႔သူ႔ရဲ႕ဆာေလာင္မႈကိုေခြၽးသိမ့္လို႔ရၿပီ..
"ေတာ္တယ္...အရမ္းေတာ္တယ္...မင္းကအေတာ္ေလးသတၱိရွိတာပဲ..ေျပာမင္းဘာစားခ်င္လဲ"
"ေပါက္ဆီ"
"ဟမ္..ဒါေလးပဲလားစားစမ္းပါတျခားေကာင္းတာေတြ"
"ေပါက္ဆီ."
"မင္းဘာလို႔ေပါက္ဆီပဲစားတာလဲ..အဟက္...ေကာင္ေလးမင္းေနရာမွာတျခားကေလးသာဆိုရင္တျခားအရာေတြအမ်ားႀကီးေတာင္းဆိုမွာမင္းကဘာလို႔လဲ"
"......."
"ေကာင္းၿပီေလငါမင္းလိုခ်င္တဲ့ေပါက္ဆီကိုအျမန္ဆုံးရေအာင္လုပ္ေပးမယ္ဒါကဒီေန႔အတြက္မင္းနဲ႔ငါရဲ႕အေပးအယူပဲ.."
ထိုေန႔ကသူေပါက္ဆီေတြတဝႀကီးစားလိုက္ရသည္။အဆမတန္စားလို႔အန္ပါအန္ထြက္ေသးတယ္။ေနာက္တစ္ရက္ေန႔လားညလားမသိတဲ့အခ်ိန္မွာသူႏိုးထလာျပန္တယ္။လက္က်န္ခ်ဥ္တင္တင္ျဖစ္ေနတဲ့ေပါက္ဆီေလးကိုစားၿပီးငုတ္တုတ္ေလးထိုင္ကာေျမျပင္ကိုပဲအေၾကာင္းမဲ့စိုက္ၾကည့္ေနတယ္။သူ႔ဘဝႀကီးရဲ႕အစကိုတစ္ခါမွမေတြးခဲ့ဖူးဘူးအနာဂတ္နဲ႔အဆုံးသတ္ကိုလဲမေတြးဘူး။သူေတြးတာကပစၥဳပၸန္ပဲ...လက္ရွိအခ်ိန္မွာဘယ္လိုအသက္ရွင္ရမလဲဆာေလာင္မႈကိုဘယ္လိုေျဖသိမ့္ရမလဲဒါပဲသူေတြးတယ္။
သံတံခါးႀကီးပြင့္လာၿပီးလူတစ္ေယာက္ကေခြးနက္အေကာင္ႀကီးႀကီးတစ္ေကာင္ဆြဲၿပီးေရာက္လာတယ္။အစြယ္ေတြေဖြးေဖြးနဲ႔သြားႀကီးၿဖီးၿပီးမာန္ဖီေနတဲ့ေခြးႀကီးကအရမ္းေၾကာက္ဖို႔ေကာင္းတယ္။သူ႔ဆီဓားေျမႇာင္တစ္ေခ်ာင္းပစ္ေပးၿပီးထိုလူကတည္တင္းေနတဲ့မ်က္ႏွာနဲ႔ေျပာသည္
"ဒီေခြးကိုႏိုင္ေအာင္တိုက္ႏိုင္ရင္ဒီေန႔အတြက္မင္းစားခ်င္တာေကြၽးမယ္"
ထိန္းကိုင္ထားတဲ့ႀကိဳးကိုလႊတ္ေပးလိုက္ေတာ့ေခြးႀကီးကသူ႔ဆီကိုတရွိန္ထိုးေျပးဝင္လာသည္။ဟိုလူကေတာ့အခန္းထဲကထြက္သြားၿပီးတံခါးႀကီးကိုျပန္ပိတ္လိုက္သည္။တဟုန္ထိုးေျပးဝင္လာတဲ့ေခြးကသူ႔ကိုခုန္အုပ္ေတာ့မဲ့အခါေဘးကိုေရွာင္တိမ္းလိုက္သည္။ဝံပုေလြလားေခြးလားမသဲကြဲရေအာင္အေကာင္ႀကီးၿပီးအားလဲအေတာ္သန္တယ္။
၁၂ႏွစ္အ႐ြယ္ေကာင္ေလးကေခြးနက္ႀကီးနဲ႔နပန္းလုံးသတ္ပုတ္ေနရတာဘယ္လိုလုပ္လြယ္ကူမွာလဲ။တစ္ကိုယ္လုံးေသြးအလိမ္းလိမ္းနဲ႔ျမင္မေကာင္းေလာက္ေအာင္ဒဏ္ရာေတြရွိေနတယ္။ေခြးကလဲသူ႔ရဲ႕လက္ခ်က္ေၾကာင့္ဓားဒဏ္ရာေတြနဲ႔မရႈမလွျဖစ္ေနၿပီး။နပန္းလုံးေနရင္းမ်က္လုံးကိုဓားနဲ႔႐ြယ္လိုက္ခ်ိန္ေခြးကသူ႔ဓားကိုလွမ္းကိုက္ထားသည္။
ဂီး..ဂိး..ဂါး.
ဓားကိုဘယ္လိုမွျပန္ဆြဲထုတ္လို႔မရေတာ့တာေၾကာင့္အနီးကပ္ျမင္ေနရတဲ့ေခြးမ်က္လုံးေတြကိုလက္ေခ်ာင္းေတြနဲ႔ထိုးေဖာက္ကေလာ္လိုက္သည္။စူးဝါးစြာေအာ္သံနဲ႔အတူေခြးကလူးလိမ့္ေနၿပီးဓားကလဲလြတ္က်သြားတယ္။အားယူကုန္းထၿပီးဓားကိုေကာက္ကာလူးလိမ့္ေနတဲ့ေခြးကိုအဆက္မျပတ္ဓားခ်က္ေပါင္းမ်ားစြာထိုးသြင္းေနေတာ့သည္။
ၿငိမ္က်တဲ့ေခြးကေသသြားၿပီဆိုတာသိေပမဲ့ဓားခ်က္ေတြကိုေတာ့မရပ္တန္႔ခဲ့ဘူး။
ေျဖာင္း..ေျဖာင္း..ေျဖာင္း..
တစ္ခ်က္ခ်င္းထြက္ေပၚလာတဲ့လက္ခုပ္သံေၾကာင့္ဓားကိုင္ထားတဲ့လက္ကရပ္သြားၿပီးမတ္တပ္ထရပ္လိုက္တယ္။လူႀကီးလူေကာင္းပုံစံနဲ႔လူ..ဒါေပမဲ့သူသတ္လိုက္တဲ့ေခြးထက္ေတာင္နိမ့္က်ေနတယ္..
"ေကာင္းတယ္..အရမ္းေကာင္းတယ္...မင္းကငါ့ကိုစိတ္မပ်က္ေစဘူးပဲ"
ခ်လြင္!
ဓားေျမႇာင္ကလက္ထဲကလြတ္ကာေျမေပၚက်သြားသည္။ေသြးအလိမ္းလိမ္းနဲ႔သူက႐ုပ္လုံးေတာင္မေပၚခ်င္ေတာ့ဘူး...မ်က္ႏွာေသနဲ႔မခန္႔မွန္းႏိုင္တဲ့မ်က္ဝန္းေသေတြျဖင့္သာစိုက္ၾကည့္ေနသည္။ယိုင္နဲ႔နဲ႔ျဖစ္ေနတဲ့သူ႔အနားထိုလူႀကီးကေရာက္လာၿပီးသူ႔ပုခုံးကိုကိုင္လိုက္သည္။
"မင္းကခုခ်ိန္ကစၿပီးငါ့လူျဖစ္သြားၿပီး..ဘယ္အရာကမွမင္းကိုအႏၲရာယ္ေပးလို႔မရေတာ့ဘူး..ေရာ့ဒီတံဆိပ္ျပားကမင္းအပိုင္..ေသခ်ာသိမ္းထား"
ကမ္းေပးလာတဲ့ေၾကးတံဆိပ္ျပားဝိုင္းကိုလွမ္းယူလိုက္ေတာ့က်ားေခါင္းပုံစံနဲ႔အလယ္မွာသူဖတ္မတတ္တဲ့စာလုံးတစ္လုံးရွိေနတယ္။သူ႔လက္ထဲေရာက္လာတဲ့တံဆိပ္ျပားကေသြးေတြေပက်ံသြားခဲ့သည္။
"မင္းမွာနာမည္မရွိဘူးမလား..ငါမင္းအတြက္နာမည္တစ္ခုစဥ္းစားထားတယ္"
"....."
"ခုခ်ိန္ကစၿပီးမင္းနာမည္ ဝမ္ ရိ ေပၚ...မင္းနာမည္ဝမ္ရိေပၚျဖစ္သြားၿပီ"
"ဝမ္..ရိ...ေပၚ..."
တစ္လုံးခ်င္းစီႏႈတ္ကမပြင့္တပြင့္ေရ႐ြတ္ၿပီးေနာက္သူ႔ေလာကႀကီးအေမွာင္က်သြားေတာ့သည္။အဲ့ဒီေန႔ကထိုဘာမွန္းမသိတဲ့အခန္းႀကီးမွာေနရတဲ့ေနာက္ဆုံးေန႔ျဖစ္သည္။သူႏိုးလာတဲ့အခ်ိန္မွာဒဏ္ရာေတြလဲေကာင္းမြန္လာၿပီျဖစ္သလိုကာကြယ္ေဆးေတြလဲထိုးခဲ့ရတယ္...ျပင္ပေလကိုတဝႀကီးျပန္လည္႐ူရႈိက္ခြင့္ရခဲ့သည္။အင္း..နာမည္သစ္ေလးကလဲအရမ္းလွခဲ့တယ္...
သူငယ္ငယ္ထဲကေခြးေၾကာက္သည္။အေၾကာက္ဆုံးသတၱဝါျဖစ္တဲ့ေခြးကိုအႏိုင္ယူႏိုင္ခဲ့ေပမဲ့သူ႔ရင္ထဲေၾကာက္စိတ္ေတြကေပ်ာက္ပ်ယ္မသြားခဲ့ဘူး။အတိတ္ဆိုးကိုေက်ာ္လႊားႏိုင္ခဲ့ေပမဲ့အိမ္မက္ဆိုးအျဖစ္ေတာ့က်န္ရစ္ေနဆဲပင္...
^^
ေခြၽးေတြ႐ြဲနစ္ၿပီးအသက္႐ူသံျပင္းျပင္းေတြၾကားရတာေၾကာင့္တာ့ဟုန္ႏိုးလာခဲ့တယ္။ေဘးဘက္ကိုၾကည့္ေတာ့အိမ္မက္ဆိုးမက္ေနဟန္ရိေပၚကလူးလိမ့္ေနသည္။ကုတင္ေပၚအိပ္ေနရင္းေျခတယမ္းယမ္း လက္တယမ္းယမ္းျဖစ္ေနတာေၾကာင့္တာ့ဟုန္ဖမ္းခ်ဳပ္ထားလိုက္တယ္
"ရိေပၚ...ရိေပၚ..ထေတာ့..ရိေပၚ..ထေတာ့"
"......"
သူဖိခ်ဳပ္ထားတာေတာင္အတင္း႐ုန္းကန္ေနတဲ့သူေၾကာင့္ပါးကိုခပ္ဆတ္ဆတ္႐ိုက္ကာႏႈိးလိုက္သည္။ထိုေတာ့မွမ်က္လုံးေတြပြင့္လာကာသူ႔ကိုၾကည့္ေနတယ္။အသက္႐ူသံေတြကျပင္းထန္ၿပီးမူမမွန္ျဖစ္ေနတုန္းပင္
"အိမ္မက္ဆိုးမက္ျပန္ၿပီလား"
လွဲေနရာကဆြဲထူေပးၿပီးစားပြဲေပၚကေရတစ္ခြက္ငွဲ႔ေပးကာေမးလိုက္ေတာ့ေခါင္းညိမ့္ျပလာတယ္။ေရကိုအဆက္မျပတ္ေမာ့ေသာက္ေနေတာ့ေက်ာျပင္ကိုအသာပြတ္ခ်ေပးေနမိသည္။ေက်ာျပင္တစ္ခုလုံးေရခ်ိဳးထားသလိုေခြၽးေတြနစ္ေနတာပဲ
"မင္းေဆးေရာပုံမွန္ေသာက္ရဲ႕လား"
ေမးတာကိုမေျဖပဲေရခြက္ကိုကမ္းေပးၿပီးမ်က္လႊာခ်ထားသည္။တာ့ဟုန္ကစုတ္တစ္ခ်က္သပ္ၿပီး
"ေဆးေတြကအလကားဝယ္ထားတာမဟုတ္ဘူးကြဘယ္မွာလဲေဆးခုခ်က္ခ်င္းငါေရွ႕မွာေသာက္.."
"မရွိေတာ့ဘူး"
"မရွိေတာ့ဘူး?ဘယ္ေရာက္သြားတာလဲ"
"လြင့္ပစ္လိုက္ၿပီ"
"ဘာ!!. .ဝမ္ရိေပၚမင္း႐ူးေနလား..ဘာလို႔ေဆးေတြလြင့္ပစ္ရတာလဲအဲ့ဒါေၾကာင့္မင္းအိမ္မက္ဆိုးေတြထပ္မက္ေနတာ..အတိတ္ကိုအတိတ္မွာပဲမထားခဲ့ႏိုင္ျဖစ္ေနတာကြ..."
တာ့ဟုန္ကစိတ္ဆိုးၿပီးေအာ္ေတာ့သည္။ရိေပၚကေတာ့မထုံတတ္ေသးပုံစံႏွင့္သာကုတင္ေပၚျပန္လွဲခ်ေနလိုက္တယ္။တာ့ဟုန္မွာျဖင့္အံတႀကိတ္ႀကိတ္ႏွင့္လက္ညိဳးထိုးကာဘာမွမေျပာႏိုင္...သက္ျပင္းကိုသာအႀကီးႀကီးခ်ၿပီး
"ရိေပၚ..မနက္ျဖန္မင္းမ်က္လွည့္ပြဲရွိတယ္မလား"
"......."
"Peninusla မွာမလား"
"........."
"ငါတို႔လဲအဲ့မွာအလုပ္ကိစၥရွိတယ္..ေသးေသးျဖစ္ႏိုင္သလိုႀကီးႀကီးလဲျဖစ္ႏိုင္တယ္အဲ့ဒါေၾကာင့္ဂ႐ုစိုက္ပါ...ငါဒါပဲေျပာခ်င္တယ္"
"........"
"ငါေျပာတာၾကာလား"
".........."
"ဝမ္ရိေပၚ!!. .."
"......."
"ေရခဲတုံးေကာင္....."
"........"
"ငါေျပာတာၾကားလား..ေခါင္းတလား"
"ပါးစပ္ပိတ္.ဆက္မေခၚနဲ႔.."
"ေအာ္.ေအာ္..ေခါင္းတလားလို႔ေျပာေတာ့နာတယ္ေပါ့..ေခၚမယ္ကြာ..ေခါင္းတလားလိုေကာင္..ေခါင္းတလားႀကီး."
"အသြားခ်င္လား..."
".........."
*^^*
ၾကည္လင္တဲ့မွန္ျပတင္းေတြကေနျမင္ေနရတဲ့နီယြန္မီးေတြထိန္ထိန္သာေနတဲ့အေဆာက္အအုံႀကီးေတြအဆင့္ျမင့္အထပ္ေပါင္းမ်ားစြာနဲ႔ႀကီးက်ယ္ခမ္းနားလွသည့္အေဆာက္အအုံေတြကိုတိတ္တဆိတ္သာေငးၾကည့္ေနမိသည္။ဝိုင္ခြက္ထဲဝိုင္ေတြငွဲ႔ထည့္ေနတဲ့အသံကိုနားစြင့္ၿပီးသူ႔ႏႈတ္ခမ္းေတြကအလိုလိုၿပဳံးမိတယ္။ေရွာင္းက်န္႔ကသူ႔အတြက္အၿမဲဝိုင္ငွဲ႔ေပးတာကိုသေဘာက်သည္။
မ်က္စိေရွ႕ကမ္းေပးလာတဲ့ဝိုင္ခြက္ကိုယူၿပီးဇိမ္ေျပနေျပသာအရသာခံေသာက္ေနလိုက္သည္။အၾကည့္ကိုမွန္ျပတင္းရဲ႕အျပင္ဘက္ကိုပို႔ထားေပမဲ့မ်က္စိေထာင့္ကျမင္ေနရတဲ့သူ႔ကိုစိုက္ၾကည့္ေနတဲ့လူေလးကိုေတာ့လ်စ္လ်ဴမရႈထားမိပါဘူး။ေရွာင္းက်န္႔ကသူ႔ကိုအတန္ၾကာစိုက္ၾကည့္ေနၿပီးမွအေရွ႕ကျမင္ကြင္းကိုအၾကည့္ေရာက္သြားတယ္။ထို႔ေနာက္မၾကာခဏေမးေနက်စကားကိုေမးလာသည္။
"ေဟာင္ေကာင္ကလွတယ္မလား.."
"ေရွာင္းက်န္႔ကပိုလွတယ္"
ေမးခြန္းမမည္တဲ့ေမးခြန္းေလးအတြက္တိက်တဲ့ေျဖေနက်အေျဖပါပဲ။ေရွာင္းက်န္႔ကသေဘာက်သြားလို႔ထင္ပါရဲ႕ပါးခ်ိဳင့္ေရးေရးေလးထင္သည္ထိၿပဳံးလို႔ေနသည္။ဝမ္ရိေပၚကထိုအၿပဳံးကိုေငးေမာေနရင္းေရွာင္းက်န္႔မ်က္ႏွာအနားတိုးကပ္သြားတယ္။ေသခ်ာေပါက္သူ႔ဦးတည္ရာကႏႈတ္ခမ္းလွလွေလးဆီကိုေပါ့
ႏႈတ္ခမ္းေတြမထိကပ္ခင္မွာပဲေရွာင္းက်န္႔လက္ကသူ႔ႏႈတ္ခမ္းကိုပိတ္ပင္တားဆီးလိုက္သည္။ထိကပ္ေတာ့မဲ့ႏႈတ္ခမ္းတစ္စုံၾကားမွာလက္ဖဝါးႏုႏုကကိုးလို႔ကန္႔လန္႔ျဖင့္သာ။
"မင္းကနမ္း႐ုံနဲ႔မၿပီးဘူးငါရင္ဘက္ေတြနာေနၿပီးအက်ႌနဲ႔မ်ားပြတ္မိရင္က်ိန္းစပ္ေနတာပဲၿပီးေတာ့ေအာင့္လဲေအာင့္ေနေသးတယ္..ငါ့ကိုထပ္မႏွိပ္စက္နဲ႔ေတာ့"
အရည္လဲ့ေနတဲ့ဖန္ေဂၚလီလုံးလိုမ်က္လုံးေတြကဆြဲငင္အားျပင္းလွသည္။ေတာင္းဆိုတာလဲမဟုတ္အမိန္႔ေပးေနျခင္းမ်ိဳးလဲမဟုတ္တဲ့ေရွာင္းက်န္႔စကားေတြကညည္းညဴေနတာမ်ိဳးလား..ဝမ္ရိေပၚကခပ္တြန္႔တြန္႔ၿပဳံးလိုက္ၿပီးခ်စ္ရသူအလိုက်လိုက္ေလ်ာေပးမိသည္။ဟုတ္လဲဟုတ္တာပဲ သူကနမ္းရ႐ုံနဲ႔မတင္းတိမ္ႏိုင္ဘူး
"Boss. .ကြၽန္ေတာ္တို႔သူလ်ိဳကိုမိပါၿပီ"
အားလိန္နဲ႔အတူJacksonနဲ႔Chuoတို႔ပါသူ႔ဆီေရာက္လာၿပီးသူလွ်ိဳလို႔ထင္ရတဲ့လူကိုေတာ့သူ႔ေရွ႕တြန္းလႊတ္လိုက္တာမလို႔ဒူးေထာက္လ်က္လဲက်သြားသည္။အေနာက္ဘက္သိုေလွာင္႐ုံကစားဖိုမႉးပဲ...ဝမ္ရိေပၚကမ်က္လုံးေတြေမွးစင္းၿပီးစိုက္ၾကည့္ကာေရွာင္းက်န္႔ခါးမွာလက္ကိုရစ္တြယ္သိုင္းဖက္ထားလိုက္သည္။ေရွာင္းက်န္႔ကကုန္သြားၿပီျဖစ္တဲ့ဝိုင္ခြက္ထဲဝိုင္ေတြထပ္ငွဲ႔ေပးေနတယ္။
"သခင္ႀကီးအသက္ခ်မ္းသာေပးပါ..ကြၽန္ေတာ္..ကြၽန္ေတာ္မရည္႐ြယ္ပါဘူး"
"အဓိပၸါယ္မရွိလိုက္တာသူလွ်ိဳတစ္ေယာက္လုပ္ၿပီးေတာ့မရည္႐ြယ္ဘူးဆိုတဲ့စကားထြက္လာတာမင္းဦးေႏွာက္ႂကြက္ခ်ီသြားလို႔လာ"
အားလိန္ကစားဖိုမႉးရဲ႕ေက်ာျပင္ကိုကန္ေက်ာက္ၿပီးေျပာသည္။ဝမ္ရိေပၚကေရွာင္းက်န္႔ငွဲ႔ထားေပးတဲ့ဝိုင္ကိုေမာ့ေသာက္ၿပီးခပ္ၿပဳံးၿပဳံးသာၾကည့္ေနသည္။
"ေျပာပါအုံး..ဘာလို႔ဒီလိုလုပ္တာလဲ"
"ကြၽန္ေတာ္...ကြၽန္ေတာ္တကယ္မလုပ္ခ်င္ခဲ့ပါဘူးသူတို႔ကအတင္းခိုင္းလို႔လုပ္မိတာပါ.."
"သူတို႔ဆိုတာက?"
"ဖန္းအိမ္ေတာ္ပါ"
ဝမ္ရိေပၚမ်က္ခုံးတစ္ဖက္ေျမႇာက္တက္သြားတယ္။အလြယ္တကူထြက္ဆိုတာပဲ..ဖန္းအိမ္ေတာ္ကသစၥာရွိတဲ့သူလွ်ိဳကိုလႊတ္လိုက္တာက..အရမ္းရယ္ရတယ္မလား။ေသနတ္ကိုထုတ္ၿပီးတစစီျဖဳတ္ကာေအးေဆးစြာျပန္တပ္ေနလိုက္တယ္။သူ႔ေရွ႕ကလူကေတာ့ေၾကာက္လြန္း၍တကိုယ္လုံးတုန္ယင္ေနသည္။
"သခင္ႀကီးအသက္ခ်မ္းသာေပးပါ..ကြၽန္ေတာ့္ကိုမသတ္ပါနဲ႔...ကြၽန္ေတာ္ကြၽန္ေတာ္သခင္ႀကီးဆီမွာတစ္သက္လုံးအလုပ္အေကြၽးျပဳပါ့မယ္...ကြၽန္ေတာ့္ကိုယုံပါသစၥာရွိပါ့မယ္..မသတ္ပါနဲ႔"
"အို...မင္းကသစၥာရွိမယ္ေျပာတာငါကဘာၾကည့္ၿပီးယုံေပးရမလဲ"
ေသနတ္ထဲက်ည္ဆံေတာင့္ေတြထည့္ေနရင္းေမးေတာ့စားဖိုမႉးကတစ္ခုခုကိုအပီအျပင္ေျပာျပမဲ့ဟန္လုပ္သည္။
"ကြၽန္ေတာ္သခင္ႀကီးကိုကိစၥအႀကီးႀကီးတစ္ခုေျပာျပပါမယ္ဒါကဖန္းအိမ္ေတာ္ရဲ႕လ်ိဳ႕ဝွက္လုပ္ေဆာင္ေနတဲ့အရာပါ..."
"စိတ္ဝင္စားစရာပဲ.ေျပာ"
"ဖန္းအိမ္ေတာ္ကတိုင္းတပါးနဲ႔လက္နက္အေရာင္းအဝယ္ေတြလုပ္ေနပါတယ္..မ..မနက္ျဖန္ည ပဲရစ္ကဧည့္သည္ေတြနဲ႔Peninsula မွာေတြ႕ဖို႔ခ်ိန္းထားၾကတယ္..သူတို႔ဆီကလက္နက္ေတြနဲ႔သခင္ႀကီးဆီကခိုးထုတ္သြားတဲ့ပစၥည္းေတြကိုလဲလွယ္မွာပါ...သ.သခင္ႀကီးအခ်ိန္မွီတားလို႔ရပါတယ္ဒါမွမဟုတ္ျဖတ္လုမယ္ဆိုရင္လဲရပါတယ္...ဒါ..ဒါေတြကအမွန္ပါ."
ထစ္ေငါ့စြာကတုန္ကရင္ေျပာေနတဲ့စကားေတြအဆုံးဝမ္ရိေပၚရဲ႕နဖူးေၾကာေတြကတင္းမာလာသည္။ဒါေပမဲ့အၿပဳံးမပ်က္စြာနဲ႔ခနဲ႔တဲ့တဲ့ၿပဳံးလို႔ေနတယ္။
"ဒီအဖိုးႀကီးကေတာ့..တပါးသူပစၥည္းေတြနဲ႔လုပ္စားခ်င္ေနတာပဲ..ေကာင္းၿပီေလဒီလိုဆိုမွေတာ့လဲငါကလဲငဲ့ညႇာမေနေတာ့ဘူးေပါ့.."
"ဟုတ္ပါတယ္သခင္ႀကီး..ငဲ့ညႇာလို႔မရပါဘူးသခင္ႀကီးသာသူတို႔ၾကားကေနျဖတ္ခုတ္မယ္ဆိုရင္ပစၥည္းလဲျပန္ရမယ္အပိုလက္ေဆာင္ေတြပါရအုံးမွာပါ"
"အဟက္..ဘယ္ဆိုးလို႔လဲမင္းကေတာ္သားပဲ..ဒီ့အတြက္မင္းကိုထိုက္သင့္တဲ့ဆုခ်ီးျမႇင့္မွာပါ..Chuo!"
Chuoကိုမ်က္စပစ္ျပေတာ့Chuoကထြက္သြားသည္။ခဏအၾကာေသတၱာတစ္လုံးနဲ႔ျပန္လာတယ္။ထိုေသတၱာကိုစားဖိုမႉးေရွ႕ဖြင့္ျပလိုက္ေတာ့အထဲမွာတလက္လက္ေတာက္ေနတဲ့ေ႐ႊေခ်ာင္းေတြကအျပည့္ပင္။စားဖိုးမႉးမ်က္ႏွာကအားရဝမ္းသာစြာျဖင့္ဝင္းပသြားၿပီးေရွာင္းက်န္႔မွာေတာ့မ်က္လုံးျပဴးမ်က္ဆံျပဴးျဖစ္ေနသည္။
"ဒါေတြနဲ႔ဆိုမင္းေရာမင္းမိသားစုေရာတစ္ဘဝလုံးစာအတြက္လုံေလာက္ၿပီေပါ့.."
"ေက်းဇုတင္ပါတယ္သခင္ႀကီး..ေက်းဇုတင္ပါတယ္..ကြၽန္ေတာ္သခင္ႀကီးဆီမွာအလုပ္အေကြၽးျပဳပါ့မယ္"
ေ႐ႊေခ်ာင္းေတြကိုမျမင္ဖူးသလိုေလာဘေဇာတက္ေနတဲ့မ်က္လုံးေတြနဲ႔ၾကည့္ၿပီးေက်းဇုေတြဇြတ္တင္ေနေတာ့သည္။ဝမ္ရိေပၚကမဲ့ခနဲၿပဳံးၿပီးေရွာင္းက်န္႔ရဲ႕ပခုံးကိုသိုင္းဖက္လိုက္တယ္။ဖက္တယ္ဆိုတာထက္လက္ဖဝါးနဲ႔ပုခုံးကိုဖိထားသည္။စားဖိုမႈးကိုခပ္မဲ့မဲ့စိုက္ၾကည့္ကာ
"အေပးရွိရင္အယူရွိတယ္..ဒါကမင္းနဲ႔ထိုက္သင့္လို႔ရတာပဲေက်းဇုတင္မေစာနဲ႔...ဟက္"
ဒိုင္း!!!
က်ယ္ေလာင္လွတဲ့ေသနတ္သံႀကီးေၾကာင့္ေရွာင္းက်န္႔ရဲ႕ပခုံးေတြကဝမ္ရိေပၚဖိထားတဲ့ၾကားကေတာင္တုန္တက္သြားၿပီးမ်က္လုံးေလးေတြျပဴးေၾကာင္သြားသည္။စားဖိုမႈးကေတာ့နဖူးတည့္တည့္မွာအေပါက္ႀကီးနဲ႔အသက္ထြက္သြားရွာၿပီ။ေသနတ္ေျပာင္းဝကိုေလနဲ႔မႈတ္ၿပီးစားပြဲေပၚပစ္တင္ကာစီးကရက္ဘူးထဲကေဆးလိတ္တစ္လိတ္ထုတ္ၿပီးပါးစပ္မွာေတ့ခဲထားလိုက္တယ္။
ေရွာင္းက်န္႔ကမီးျခစ္ဆံနဲ႔မီးညႇိၿပီးေဆးလိတ္အဖ်ားကိုမီးညႇိေပးသည္။သူ႔လက္ေတြကမသိမသာတုန္ယင္ေနတာမလို႔ဝမ္ရိေပၚကမ်က္လုံးလွန္ၾကည့္လာတယ္။ေခါင္းကိုငုံ႔ခ်ကာအၾကည့္လြဲလိုက္သည္။ဝမ္ရိေပၚကေဆးလိတ္ကိုရႈိက္ဖြာၿပီးလဲက်ေသဆုံးေနတဲ့စားဖိုးမႉးကိုမဲ့ၿပဳံးၿပဳံးကာၾကည့္သည္။
"တစ္ခါသစၥာေဖာက္ဖူးတဲ့သူကေနာက္ထပ္သစၥာမေဖာက္ဘူးလို႔ဘယ္သူမွမေျပာႏိုင္ဘူး...ငါကငါ့ကိုယ္ငါေတာင္မယုံတဲ့သူေလ...အဟက္.."
"Chuo!"
"ဟုတ္ကဲ့Boss"
"ဒီေသတၱာကိုသူ႔မိသားစုဆီပို႔ေပးလိုက္ဝမ္ကေပးတာမသိေစနဲ႔သူ႔ခင္ပြန္းတစ္သက္လုံးစုေဆာင္းထားခဲ့တာလို႔ေျပာလိုက္"
"ဟုတ္ကဲ့ကြၽန္ေတာ္တာဝန္ေက်ပြန္ပါ့မယ္"
ေရွာင္းက်န္႔ကဘာမွမေျပာႏိုင္ေလာက္ေအာင္ဆြံအေနမိတယ္။Boss Wangကအဲ့လိုလူမ်ိဳး..
Chuoကေသၱာကိုမ ၿပီးထြက္သြားဖို႔လုပ္ေတာ့Jacksonကသူလဲလိုက္ခ်င္တဲ့အေၾကာင္းေျပာတယ္။ChuoကJacksonကိုေျခဆုံးေခါင္းဆုံးၾကည့္ၿပီးဘာမွျပန္မေျပာရေသးခင္Bossကလွမ္းေျပာသည္။
"Jacksonမင္းေနခဲ့"
"ဟုတ္ကဲ့"
သိပ္မေက်နပ္ခ်င္ေပမဲ့လဲျပန္မေျပာရဲပါေလာေလာလတ္လတ္ႀကီးလူသတ္ထားတာေနာက္ထပ္သတ္ဖို႔ဆိုတာBossအတြက္သိပ္လြယ္ကူလြန္းတယ္။Chuoထြက္သြားေတာ့Jacksonကဝမ္ရိေပၚကိုမႈန္ေတေတၾကည့္သည္
"Boss. .ကြၽန္ေတာ္သြားပို႔ရင္ပိုအဆင္ေျပတာကိုChuoကစကားလဲသိပ္ေျပာတာမဟုတ္ဘူးသစ္ငုတ္တိုႀကီးလိုလူကိုဘာလို႔လြတ္လိုက္တာလဲ..ကြၽန္ေတာ္ကစကားပရိယယ္မွာႂကြယ္ဝပါတယ္အဆင္ေျပေအာင္ၾကည့္ၾကပ္ေျပာလို႔တတ္တယ္Chuoကမလိမ္တတ္လိမ္တတ္နဲ႔အကုန္ေပၚကုန္မွာစိုးရတယ္...တကယ္ဆိုကြၽန္ေတာ္သြားပို႔ရမွာ"
"Chuoကဦးေႏွာက္ရွိတယ္"
ဝမ္ရိေပၚရဲ႕တစ္ခြန္းထဲေသာစကားေၾကာင့္Jacksomပါးစပ္ေလးပိတ္သြားသည္။အားေနသူတုံးအတာကိုပဲအပစ္ေျပာေနတယ္။
"မင္းကိုမသြားေစခ်င္တာကငါနဲ႔အတူလုပ္ရမဲ့အလုပ္ရွိလို႔ပဲ.."
"ဘာအလုပ္လဲ"
"မနက္ျဖန္Peninuslaသြားမယ္.."
"ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပဲလား"
"အင္း.."
Jacksonကေခါင္းတၿငိမ့္ၿငိမ့္လုပ္ေနၿပီးဝမ္ရိေပၚကေရွာင္းက်န္႔ကိုသာစိုက္ၾကည့္ေနလိုက္သည္။ေရွာင္းက်န္႔ကေတာ့ဝိုင္ခြက္ကိုလႈပ္ယမ္းၿပီးအေတြးမ်ားေနေတာ့သည္..
*^^*
ၿခံက်ယ္ႀကီးထဲအပ်င္းေျပလမ္းေလ်ာက္ေနတုန္းအေစခံမေလးတစ္ေယာက္ကသူ႔အနားေရာက္လာသည္။
"သခင္ေလးအတြက္စာလာပါတယ္"
ေကာင္မေလးကစာအိတ္အဝါေလးကိုသူ႔လက္ထဲထည့္ေပးၿပီးလစ္ခနဲအိမ္ေတာ္ႀကီးထဲေျပးဝင္သြားသည္။သူ႔မွာလွမ္းတားခ်ိန္ေတာင္မရလိုက္ေပ။ဒီအိမ္ကလူေတြကအေၾကာင္းမရွိပဲသူနဲ႔စကားေျပာဖို႔ေၾကာက္႐ြံ႕စြာတြန္႔ဆုတ္ေနတတ္ၾကတယ္။Boss Wangရဲ႕စနက္ေတြေပါ့။တျခားလူေတြနဲ႔တရင္းတႏွီးၿပဳံးၿပဳံး႐ႊင္႐ႊင္ေနမိရင္မဟုတ္မဟတ္စကားေတြနဲ႔စြပ္စြဲတယ္။အလုပ္သမားေတြကိုေဖာ္ေ႐ြစြာၿပဳံးျပမိရင္ရွာလကာရည္အပုံးလိုက္ေမွာက္ေတာ့တာပဲ။ေနသားက်ေနၿပီမလို႔Boss Wangရဲ႕ဒီလိုပုံစံေတြကိုအေနခတ္တာမ်ိဳးမရွိေတာ့ပါဘူး။ဒါေပမဲ့သေဘာေတာ့မက်ဘူး..ေရွာင္းက်န္႔ကလြတ္လပ္ျခင္တယ္။
စာအိတ္အဝါေလးကိုကိုင္ၿပီးအိမ္ေတာ္ထဲကအခန္းထဲကိုပဲျပန္လာခဲ့သည္။စားပြဲေပၚကစာအိတ္ကိုၾကည့္ၿပီးဘယ္သူ႔ဆီကမ်ားပို႔လိုက္တာလဲဟုေတြးၾကည့္ေနမိတယ္
သူ႔မွာအသိမိတ္ေဆြေတြသိပ္မရွိတာကို..ဘယ္သူကမ်ားပို႔လိုက္တာလဲ..ေဖးေဖးလား..မျဖစ္ႏိုင္ပါဘူးေဖးေဖးကသူဒီမွာေနတယ္ဆိုတာကိုမသိတာပဲ.ဘာပဲျဖစ္ျဖစ္ဖြင့္ၾကည့္မွသိမွာေပါ့
စာအိတ္အဝါကိုကပ္ေၾကးနဲ႔ထိပ္ကညႇပ္ျဖတ္လိုက္ေတာ့အထဲကစာ႐ြက္ေခါက္တစ္႐ြက္နဲ႔လက္မွတ္တစ္ေစာင္ထြက္လာသည္။စာ႐ြက္ေခါက္ကိုအရင္ဖြင့္ဖတ္လိုက္တယ္။
မနက္ျဖန္မင္းအတြက္မထင္ထားေလာက္တဲ့ပြဲႀကီးပြဲေကာင္းရွိတယ္စိတ္ဝင္စားတယ္သိခ်င္တယ္ဆိုရင္Peninsulaကိုလာခဲ့
စာကိုဖတ္ၿပီးေရွာင္းက်န္႔မ်က္ခုံးေတြတြန္႔ခ်ိဳးသြားတယ္။ေပးပို႔သူရဲ႕အမည္နာမကိုေဖာ္ျပထားျခင္းမရွိသလိုလွ်ိဝွက္ခ်က္ေတြအျပည့္နဲ႔စာတိုကိုလဲသူနားမလည္ႏိုင္။မနက္ျဖန္Peninsulaကိုသြားခဲ့ရင္ေတာ့နားလည္ႏိုင္မယ္ထင္တယ္။
"Peninsula"
က်န္ရွိေနေသးတဲ့လက္မွတ္ကိုယူၾကည့္လိုက္ေတာ့ေရွာင္းက်န္႔မ်က္ခုံးေတြပိုတြန္႔ခ်ိဳးသြားသည္။လက္မွတ္ကမ်က္လွည့္ပြဲလက္မွတ္ပဲ...Lao Wangရဲ႕မ်က္လွည့္ပြဲလက္မွတ္...
💚💛❤
Victoria peakကေနေဟာင္ေကာင္ျမင္ကြင္း
Peninsula hotel