24.5.2023(Monday )
9:00 Am
"သားဖို့ထမင်းချိုင့်မထည့်ပေးလည်းရပါတယ် စိမ့်ငယ်ရဲ့"
"ဘာလို့လဲ ငါပြင်ပြီးနေပြီ "
"ကျောင်းမှာ ကန်တင်းရှိတယ်လေ စိမ့်ငယ်ရဲ့ ထမင်းချိုင့်မလိုဘူး ကိုယ်သားအတွက် special chefs တွေငှားပေးထားတာ"
"ငါအပိုတွေလုပ်မိသွားပြီထင်တယ် ငယ်ငယ်ကဆိုငါ့မေမေက ငါ့အတွက် ထမင်းချိုင့်ပြင်နေကျဆိုတော့ ငါလည်းသားအတွက်ပြင်ပေးတာ ဒါဆို သွားပြန်ထားလိုက်အုံးမယ်"
စိမ့်ကချက်ချင်းလှည့်ထွက်ကာ မီးဖိုခန်းထဲပြေးဖို့လုပ်နေတာ ကြောင့်ကောင်းကင် သူ့လက်ကို ဖမ်းဆွဲလိုက်သည်။စိမ့်ငယ်ဘယ်လောက်အတွေးများလဲဆိုတာ သူသိနေတာတယ်။ဒါတောင် ကောင်းကင်က စကားကို ဂရုစိုက်မပြောမိပြန်ဘူးတဲ့လေ။ တကယ်တော့ မနက်အစောကြီးဆိုလည်း မနက်စာထပြင်တယ် ထမင်းတွေဟင်းတွေချက်တယ် သားနဲ့ ကောင်းကင် အဝတ်အစားတွေဆိုလည်း စိမ့်က ကိုယ်တိုင်လျှော် ဖွတ်မီးပူတိုက်တာဖြစ်သည်။စိမ့်ငယ် လုပ်နေတဲ့အလုပ်တိုင်းက ပင်ပန်းလွန်းလို့ မလုပ်စေချင်ပေမဲ့ စိမ့်ငယ်တစ်မျိုးတစ်မည်တွေးမှာစိုးလို့ ဒီအတိုင်းပဲ ကောင်းကင်လွှတ်ထားတာ။တကယ်ဆို ကောင်းကင်ရဲ့ အိမ်မှာ အလုပ်သမား အယောက် ၃၀ ကျော်ရှိတယ် သူတို့တာဝန်အသီးသီးရှိကြပေမဲ့ စိမ့်ငယ်ကဝင်လုပ်နေတော့ ကောင်းကင်သဘောမကျ။လူတိုင်းက ကိုယ့်ချစ်သူလေကို မပင်ပန်းစေချင်ကြဘူးမလား။အေးအေးဆေးဆေး ရွေပေါ်မြတင် ထားချင်ကြတဲ့သူတွေချည့်ပဲ။
အခုလည်း တာဝန်တစ်ခုပိုလာသလိုဖြစ်တာကြောင့် သတိလက်လွတ်ပြောမိတာ အပိုအလုပ်တွေ လုပ်နေတယ်လို့ကောင်းကင်က ထင်နေတယ် ဆိုတဲ့မှတ်ချက်ကို သူစဥ်းစားပစ်ပြန်ပြီ
"အပိုအလုပ်ဆိုတာရှိမလားစိမ့်ငယ်ရယ် သူများအတွက် ဒီတာဝန်တွေကို ကိုယ့်အိမ်ထောင်ဖက်က လိုအပ်လိမ့်မယ် သဘောကျရင်ကျလိမ့်မယ် ကိုယ်အတွက်ကတော့ မလိုချင်တာပါ စိမ့်ငယ်ကို ကိုယ်က သက်သောင့်သက်သာလေးပဲနေစေချင်တာ စိမ့်ငယ်လွတ်လွတ်လပ်လပ်နဲ့ shopping ထွက်ချင်တာမျိုး ရုပ်ရှင်ကြည့်နေတာမျိုး စားချင်တဲ့မုန့်လေးတွေစားနေတာမျိုး ပဲမြင်ချင်တာ မနက်အစောကြီးထစရာလည်း မလိုဘူး ကိုယ့်အတွက်ရော သားအတွက် မနက်စာပြင်ပေးစရာလည်းမလိုဘူး စိမ့်ငယ်က ကိုယ်တို့ဘေးမှာလေ ပျော်ပျော်ရွင်ရွင်နဲ့ နေပေးနေရင်ကိုရပြီ "
"အခုလည်း ငါပျော်နေတာပဲလေ"
"ဟုတ်တယ် စိမ့်ငယ် ပျော်နေတာပဲ ကိုယ်သိတာပေါ့ ဒါပေမဲ့ ကိုယ့်အသည်းရယ် ပင်ပန်းတာတွေလုပ်နေတာကိုယ်မလိုချင်ဘူး"
"ငါ့အတွက်မပင်ပန်းဘူး မင်းတို့အတွက် လုပ်ပေးသင့်တာကိုငါလုပ်ပေးနေတာ ကောင်းကင်"
"စိမ့်ငယ်ပျော်ရင် ကိုယ်မတားပါဘူး ကိုယ်မင်းကို အပိုတွေလုပ်နေတာလို့လည်းတစ်ခါမှမတွေးခဲ့ပါဘူး မင်းပင်ပန်းမှာကို ပဲကိုယ်ကစိုးရိမ်တာပါ"
" အင်း... ဒါပေမဲ့ မင်းတို့အတွက် လုပ်ပေးနိုင်သလောက်လေးတော့လုပ်ပေးချင်တာပေါ့"
ခေါင်းငုံ့ကာ စကားဆိုလာသူကြောင့် မေးလေးကနေပင့်ရင်း
"မလုပ်ပေးရင်လည်းကိုယ်ကမငြိုငြင်ဘူးနော် စိမ့်နားချင်တဲ့အခါနားပစ်လိုက် လုပ်ချင်တာတွေရှိရင် ကိုယ့်ကိုပြော အရာအားလုံး ကိုယ်ဖြည့်ဆည်းပေးမှာ သိလား"
"အင်း...."
..........
ရောင်လေးပြင်ဆင်ပြီးတော့ ဘေးက အိမ်ကဝန်ထမ်းမလေးနှစ်ယောက်နဲ့အတူ အောက်ထပ်ကိုဆင်းလာတာဖြစ်သည်။ယောင်လေးက အရှေ့မှာ ရပ်နေတာဖြစ်ပြီး ထိုဝန်ထမ်းနှစ်ယောက်က အနောက်မှာရပ်နေကြတာဖြစ်သည်။
"အိမ်ကိုရောက်တာတစ်လမပြည့်သေးဘူး အိမ်ကိုမောင်ပိုင်စီးနေသလိုခံစားရတယ်"
"အေးဟယ် သူဌေးကသာ သခင်လေးကို အဲ့ကောင်မွေးပေးထားတယ်ပြောတယ် ယောက်ျားလေးကဘယ်လိုလုပ်ကိုယ်ဝန်လွယ်နိုင်မှာလဲ သက်သက် နော် သူဌေးကိုမြှူဆွယ်ပြီး အပိုင်ကြံနေတာပဲ သခင်လေးယုံအောင်ပြောထားတယ်လို့ပဲငါကတော့ထင်တယ်"
"ဒါပေမဲ့လည်း ဟိုးအရင်ကအိမ်အကူတွေပြောတာတော့ သူကတကယ်ဗိုက်ကြီးခဲ့တာတဲ့"
"တစ်လတစ်ခါလောက် အိမ်အကူတွေပြောင်းနေတာ ငါတို့တောင်ကံကောင်းလို့တစ်နှစ်လောက်နေနေရတာ ငါတို့တောင်မသိတာနောက်ပေါက်လေးတွေပြောတာနင်ကယုံနေတာလား"
"အေး မသိပါဘူးဟယ်ငါလည်း"
ရောင်လေးအနောက်မှ တီးတိုးပြောသံကို တကယ်အတိုင်းသားကြားနေရတာဖြစ်သည်။သူကိုယ်တိုင်ဒီပြသနာကိုဖြေရှင်းလိုက်ရင် ဖေ အရှေ့မှာ ကလေးလိုဆက်နေနိုင်ဖို့ဆိုတာ မရှိနိုင်တော့ ။ ဖေ့ရှေ့မှာ သူကကလေးပဲဖြစ်ချင်သေးတာဖြစ်၏။ဖေကနူးညံ့ပြီး ရိုးစင်းတယ် ဒီလောက်သူတို့အပေါ်ကောင်းပေးပြီး နေတိုင်း အိမ်အကူတွေဖို့ပါ ဟင်းချက်ပေးနေတာ စားကောင်းသောက်ဖွယ်တွေပေး။အဝတ်အစားတွေ ဝေငှပေးနေတာ ဒါတောင် ဖေ့အကြောင်းကို အတင်းပြောနေကြတာ ဘယ်လောက်တောင်စိတ်ဓာတ်အောက်တန်းကျ ကြသလဲ
မြေညီထပ်ကိုရောက်တော့ elevator တံခါးပွင့်တော့ daddy ကသူ့ကို ပြုံးပြလာသည်။ daddy နဲ့ရောင်လေးက မျက်နှာချင်းဆိုင်ပေမဲ့ ဖေနဲ့ကတော့ မဟုတ်
ရောင်လေးထွက်ထွက်ချင်းကြမ်းပြင်ပေါ်လဲချလျှက်
"အီး......ဖေ့.....ဟင့်...ဖေဖေ.....daddy သားနာ သွားပြီ အင့်"
ထိုအခါ ကောင်းကင်က တအံ့တသြကြည့်နေပေမဲ့ စိမ့်ငယ်ကတော့ သားဆီပြေးသွားသည်။ကောင်းကင်လည်းပြေးလာပြီး သားကိုပွေ့ချီကာ ဒဏ်ရာကြည့်၏။နီရဲနေတဲ့ဒူးဆစ်လေးကြောင့်
"Emergency box သွားယူ ဘာကြောင်ကြည့်နေတာလဲ..... "
"သား အရမ်းနာနေတာလားဟင် ဖေ့ဆီလာပါအုံး"
"ဟင့် .....! ဖေ သူတို့သားကိုနိုင်ကျင့်"
"ဘာ...!"
ကောင်းကင် သိသည်။သူ့ ဘာသာသူချော်လဲတာကို ဒါပေမဲ့ သားဘာကြောင့်ပြောနေမှန်းမသိပေမဲ့ စိမ့်ငယ်ရဲ့အော်သံက အတော်လေးဒေါသသံပါနေ၏။
"သားကိုအနိုင့်ကျင့်တယ် သားဘယ်နားတွေနာနေသေးလဲ ဖေ့ကိုပြော"
"အင့်..! Daddy သူတို့ကိုမောင်း ထုတ်ပေး...အားလုံးကိုမောင်း ထုတ်ပေး"
"ဟုတ်ပြီ daddy ဦးဦးရာဇာကို ဖုန်းဆက်
ပေးမယ် နော်"
........
သားကိုကျောင်းပို့ပေးပြီးအပြန်လမ်းတွင်ဖြစ်သည်။
"ကောင်းကင် ငါသားကိုစိတ်မချဘူး "
"ဘာမှမဖြစ်ပါဘူး ဆရာမတွေကိုသေချာစောင့်ကြည့်ဖို့ ကိုယ်ပြောထားတယ်"
"သားကသေးသေးညှပ်ညှပ်ကလေးရယ် သူများတွေနဲ့ မတူဘဲ မျက်မှန်လည်းအသုံးပြုရသေးတယ် အားနည်းတယ်ဆိုပြီး သားကို အနိုင်ကျင့်ကြရင်ဘယ်လိုလုပ်မလဲ"
"ကိုယ့်အသည်းရယ် သားကိုအရမ်းစိတ်ပူမနေပါနဲ့ အဲ့တာ သူပိုင်တဲ့ကျောင်းပဲ ဘယ်သူမှ မော်ကြည့်ရဲမှာမဟုတ်ဘူးသားကို"
"ဒါပေမဲ့လည်း ငါ့လိုဖြစ်မှာစိုးတယ်"
အစိုးရိမ်လွန်နေသည့် စိမ့်ငယ်ဟာ သူ့ငယ်ဘဝအကြောင်းပြောပြလာသည်။ထိုအခါကောင်းကင် ကပိုအသနားပိုမိပြန်သည်။ကိုယ့်အသည်း ဖြတ်သန်းလာရတဲ့ခရီးတစ်လျှောက်လုံးကပင်ပန်းလွန်းနေပါပြီ
......
"ကယ် ကိုယ့်အသည်း ဘယ်သွားချင်လဲ "
Company ရုံးခန်းမှာ အရေးကြီး လက်မှတ်ထိုးစရာရှိတာကြောင့် သူနဲ့စိမ့်ငယ်ရုံးကိုလာခဲ့ကြတာဖြစ်သည်။စစ်ဆေးပြီး လက်မှတ်ထိုးကြီးတော့ ဆိုဖာပေါ်မှ magazine စာအုပ်ဖတ်နေတဲ့ စိမ့်ငယ်အနားသွားရင်းမေးတော့ စိမ့်ငယ်က ဓာတ်ပုံတစ်ပုံကိုကြည့်နေလျှက်
Date က 29.5,2022 တဲ့လေ
ပုံထဲမှာကောင်းကင်ပုံဖြစ်ပြီး တရားရုံးထဲကကထွက်လာသည့်ပုံဖြစ်သလို ကောင်းကင်က ချောင်ကျနေတဲ့မျက်နှာနှင့်အတူ လသားအရွယ်အနှီးထုတ်ကလေးအားပွေ့ပိုက်ထားလျှက် ပုံပင်ဖြစ်သည်။
"ဒါ ဖေဖေ၊မေမေတို့ရဲ့ အမှုအတွက်လား"
"ဟုတ်တယ် ကိုယ်အမှုတွေအားလုံးနိုင်ပြီး အာကာထက်ကို အနှစ်၂၀ ထောင်ချနိုင်လိုက်တာ"
"ဖေဖေနဲ့ မေမေရှိနေရင်ကောင်းမယ်နော် "
"ကိုယ်တောင်းပန်ပါတယ် "
"မင်းအမှားမှ မဟုတ်တာ ဒါပေမဲ့ အခုလိုတရားမျှတမှုရအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဒါကိုကိုယ့်ကို မနမ်းချင်ဘူးလား"
"မရဘူး ရုံးခန်းကြီးထဲမှာကို"
"လုပ်ပါတစ်ခါပဲလေ"
အရမ်းအနမ်းခံချင် နေတဲ့ သူကြောင့်စိမ့်ကသူ့ပါးအားဖွဖွလေး အနမ်းပေးလိုက်သည်။
"နှုတ်ခမ်းကိုလေ ကိုယ့်အသည်းရဲ့"
"မရပါဘူး "
"တစ်ခါပဲလေ"
"ကိုကိုနော်.....!"
"ဟုတ်ပြီ ဟုတ်ပြီ ကိုယ့်အသည်းသဘောနော်"
စိမ့်နဖူးအား သူ့နဖူးနဲ့ခပ်ဖွဖွလေးတိုက်ပြီး မျက်နှာချိုသွေး၏။ကောင်းကင်ထက်ယံက ဘယ်လောက်တောင်ချစ်စရာကောင်းနေမှန်း သူကိုယ်တိုင်တောင်သိရဲ့လား
......
"သခင်လေးနေရောင်သွေးသစ် ငါဒီနားမှာထိုင်လို့ရမလား"
"မရဘူး ဝေးဝေးနေ "
" အတန်းကခုံတိုင်းလူပြည့်နေလို့ပါ"
ရောင်လေး စာရေးနေရင်းဘေးနားက တတွတ်တွတ် ပြောနေသူကို မျက်လုံး လှန်ကြည့်ကာ ထွက်သွားဆိုသည့် အကြည့်နဲ့သာ တုံ့ပြန်လိုက်သည်။
ထိုကလေးက သူ့ထက် အနည်းငယ်လူေကာင်ကြီးကာ ပေါတောတောရုပ်နှင့်ပင်ဖြစ်သည်။ပါးစပ်က သကြားလုံးစားနေပြီး ပြုံးဖြီးဖြီးနေတာ
သကြားလုံးစားရင်းစကားပြောနေတော့ရောင်လေးကို တံတွေးအချို့စင်လာသည်။
ရောင်လေး အိတ်ကပ်ထဲက tissue အချို့ကိုထုတ်ကာစင်သွားတဲ့နေရာကို သုတ်လိုက်ပြီး
"ထွက်သွား"
"ဒီအတန်းမှာ ဒီနေရာပဲလွတ်တော့လို့ ထိုင်ခိုင်းပါ "
ထပ်စင်လာတဲ့ တံတွေးအချို့ကြောင့် မတ်တပ်ရပ်ကာ ထိုကလေး၏ အရှိုက်တည့်တည့်ကို လက်သီးနဲ့ပစ်ထိုးလိုက်သည်။
"ခုံမလွတ်တော့ရင် နောက်တစ်ခန်းကိုသွားလိုက် မင်းကို ထွက်သွားလို့ပြောနေရင်ထွက်သွားရမှာပေါ့ ဘာလို့ ငါ့ကိုအာရုံလာစားနေတာလဲ"
"အီးဟီး.....ဆရာမရေ ..... ဆရာမပြောခိုင်းလို့ပြောတာသားကို အီး.....သားကိုထိုးတယ်"
ထိုကလေးငိုယိုကာ ဆရာမဆီပြေးသွားလေသည်။အခန်းအပြင်မှာရှိတဲ့ ဆရာမကလည်း ထိုကလေးကိုခေါ်ကာ ကျောင်းဆေးခန်းသွားလိုက်ပို့ရသည်ပင်ဖြစ်လိမ့်မည်။
ရောင်လေးအားတစ်ခန်းလုံးက ကလေးတွေကကြောက်နေသည့် မျက်ဝန်းတွေနဲ့ဝိုင်းကြည့်နေပေမဲ့ ရောင်လေးကတော့ ရေးလက်စ အင်္ဂလိပ် မီးနင်း တွေအား အာရုံစိုက်ကာရေးနေဆဲပင်ဖြစ်သည်။
ဆရာမတွေက အချိန်တစ်ခုဆီပြောင်းလဲနေကြပြီး သင်ရိုးသစ်တွေသင်ကာ အစဥ်မပြတ်ပေ။ကျောင်းနေ့လည်စာ စားချိန်ပြီးတော့လည်း အခန်းထဲနောက်တစ်ယောက်ဝင်လာကာ ရောင်လေးအရှေ့မတ်တပ်လာရပ်ပြန်သည်။
"ဟေး ဟိုကောင်လေး မင်းအထိုးမခံချင်ရင် တခြားအခန်းသွား"
ထိုကလေးငယ်က ပိန်ပိန်ရှည်ရှည် ပုံသဏ္ဌာန် ရှိပြီးဘေး နားက သတိပေးလာတဲ့ အတန်းဖော်ကို မျက်လုံးတစ်ဖက်မှိတ်ပြလျှက်
"ငါက လေးဟိန်းရဲ့ တူဝမ်းကွဲပါ မင်းက ဦးကောင်းကင် ရဲ့သားမလား"
လေးဟိန်းဆိုသည့် နာမည်ကြောင့် ရောင်လေးသူ့အားမော့ကြည့်လိုက်သည်။ကလေးေပမဲ့ သန့်ပြန့်နေတဲ့ပုံဖြစ်ပြီး လေးဟိန်းနဲ့အနည်းငယ်ခပ်ဆင်ဆင်ရှိလေသည်။ ဒါကြောင့် ရောင်လေးလည်း မတ်တပ်ရပ်လျှက်
ဒါပေမဲ့ ရောင်လေးမတ်တပ်ရပ်တော့ အတန်းဖော်တွေက မျက်နှာကိုလက်နဲ့အုပ်သွားကြသည်။ Why...? သူကအရမ်းကြောက်စရာကောင်းနေလို့လား ဒီကလေးတွေကတော့လေ ဟု တွေးရင်း ခေါင်းပင်ခါလိုက်သေးသည်။
"နေရောင်သွေးသစ်"
"အဲရာဇ်ဟိန်း"
လက်ချင်းတွဲနှုတ်ဆက်ရင်း နှစ်ယောက်သားအပြန်အလှန်ပြုံးပြကာ ရောင်လေးရဲ့ဘေးခုံ ကိုအေးဆေးဝင်ထိုင်လိုက်သည်။
ဘေးနားက အတန်းဖော်က ဟိန်းဟိန်းကို အနောက်က လက် ကုတ်ကာ နားနားတိုးကပ်ရင်း
"မင်းကဘာလို့နောက်ကျနေတာလဲ"
"သြော် ငိုနေတဲ့ ခွေးမသားလေး ကို နေရာဖယ်ပေးလိုက်တာလေ S ခန်းမှာနေရာလွတ်ရှိတယ်ဆိုလို့ ရွေ့လာတာပါကွာ"
ခပ်မြူးမြူးပြန်ဖြေလိုက်သည့်စကားတွင် အဆဲလေးပါလာသေးသည်။ ရောင်လေးကတော့ လေးဟိန်းကို ဖုန်းဆက်မေးစရာပင်မလိုတော့ပြီ
@Period-K
💛
Zawgyi
24.5.2023(Monday )
9:00 Am
"သားဖို႔ထမင္းခ်ိဳင့္မထည့္ေပးလည္းရပါတယ္ စိမ့္ငယ္ရဲ႕"
"ဘာလို႔လဲ ငါျပင္ၿပီးေနၿပီ "
"ေက်ာင္းမွာ ကန္တင္းရွိတယ္ေလ စိမ့္ငယ္ရဲ႕ ထမင္းခ်ိဳင့္မလိုဘူး ကိုယ္သားအတြက္ special chefs ေတြငွားေပးထားတာ"
"ငါအပိုေတြလုပ္မိသြားၿပီထင္တယ္ ငယ္ငယ္ကဆိုငါ့ေမေမက ငါ့အတြက္ ထမင္းခ်ိဳင့္ျပင္ေနက်ဆိဳေတာ့ ငါလည္းသားအတြက္ျပင္ေပးတာ ဒါဆို သြားျပန္ထားလိုက္အုံးမယ္"
စိမ့္ကခ်က္ခ်င္းလွည့္ထြက္ကာ မီးဖိုခန္းထဲေျပးဖို႔လုပ္ေနတာ ေၾကာင့္ေကာင္းကင္ သူ႕လက္ကို ဖမ္းဆြဲလိုက္သည္။စိမ့္ငယ္ဘယ္ေလာက္အေတြးမ်ားလဲဆိုတာ သူသိေနတာတယ္။ဒါေတာင္ ေကာင္းကင္က စကားကို ဂ႐ုစိုက္မေျပာမိျပန္ဘူးတဲ့ေလ။ တကယ္ေတာ့ မနက္အေစာႀကီးဆိုလည္း မနက္စာထျပင္တယ္ ထမင္းေတြဟင္းေတြခ်က္တယ္ သားနဲ႕ ေကာင္းကင္ အဝတ္အစားေတြဆိုလည္း စိမ့္က ကိုယ္တိုင္ေလွ်ာ္ ဖြတ္မီးပူတိုက္တာျဖစ္သည္။စိမ့္ငယ္ လုပ္ေနတဲ့အလုပ္တိုင္းက ပင္ပန္းလြန္းလို႔ မလုပ္ေစခ်င္ေပမဲ့ စိမ့္ငယ္တစ္မ်ိဳးတစ္မည္ေတြးမွာစိုးလို႔ ဒီအတိုင္းပဲ ေကာင္းကင္လႊတ္ထားတာ။တကယ္ဆို ေကာင္းကင္ရဲ႕ အိမ္မွာ အလုပ္သမား အေယာက္ ၃၀ ေက်ာ္ရွိတယ္ သူတို႔တာဝန္အသီးသီးရွိၾကေပမဲ့ စိမ့္ငယ္ကဝင္လုပ္ေနေတာ့ ေကာင္းကင္သေဘာမက်။လူတိုင္းက ကိုယ့္ခ်စ္သူေလကို မပင္ပန္းေစခ်င္ၾကဘူးမလား။ေအးေအးေဆးေဆး ေ႐ြေပၚျမတင္ ထားခ်င္ၾကတဲ့သူေတြခ်ည့္ပဲ။
အခုလည္း တာဝန္တစ္ခုပိုလာသလိုျဖစ္တာေၾကာင့္ သတိလက္လြတ္ေျပာမိတာ အပိုအလုပ္ေတြ လုပ္ေနတယ္လို႔ေကာင္းကင္က ထင္ေနတယ္ ဆိုတဲ့မွတ္ခ်က္ကို သူစဥ္းစားပစ္ျပန္ၿပီ
"အပိုအလုပ္ဆိုတာရွိမလားစိမ့္ငယ္ရယ္ သူမ်ားအတြက္ ဒီတာဝန္ေတြကို ကိုယ့္အိမ္ေထာင္ဖက္က လိုအပ္လိမ့္မယ္ သေဘာက်ရင္က်လိမ့္မယ္ ကိုယ္အတြက္ကေတာ့ မလိုခ်င္တာပါ စိမ့္ငယ္ကို ကိုယ္က သက္ေသာင့္သက္သာေလးပဲေနေစခ်င္တာ စိမ့္ငယ္လြတ္လြတ္လပ္လပ္နဲ႕ shopping ထြက္ခ်င္တာမ်ိဳး ႐ုပ္ရွင္ၾကည့္ေနတာမ်ိဳး စားခ်င္တဲ့မုန့္ေလးေတြစားေနတာမ်ိဳး ပဲျမင္ခ်င္တာ မနက္အေစာႀကီးထစရာလည္း မလိုဘူး ကိုယ့္အတြက္ေရာ သားအတြက္ မနက္စာျပင္ေပးစရာလည္းမလိုဘူး စိမ့္ငယ္က ကိုယ္တို႔ေဘးမွာေလ ေပ်ာ္ေပ်ာ္႐ြင္႐ြင္နဲ႕ ေနေပးေနရင္ကိုရၿပီ "
"အခုလည္း ငါေပ်ာ္ေနတာပဲေလ"
"ဟုတ္တယ္ စိမ့္ငယ္ ေပ်ာ္ေနတာပဲ ကိုယ္သိတာေပါ့ ဒါေပမဲ့ ကိုယ့္အသည္းရယ္ ပင္ပန္းတာေတြလုပ္ေနတာကိုယ္မလိုခ်င္ဘူး"
"ငါ့အတြက္မပင္ပန္းဘူး မင္းတို႔အတြက္ လုပ္ေပးသင့္တာကိုငါလုပ္ေပးေနတာ ေကာင္းကင္"
"စိမ့္ငယ္ေပ်ာ္ရင္ ကိုယ္မတားပါဘူး ကိုယ္မင္းကို အပိုေတြလုပ္ေနတာလို႔လည္းတစ္ခါမွမေတြးခဲ့ပါဘူး မင္းပင္ပန္းမွာကို ပဲကိုယ္ကစိုးရိမ္တာပါ"
" အင္း... ဒါေပမဲ့ မင္းတို႔အတြက္ လုပ္ေပးနိုင္သေလာက္ေလးေတာ့လုပ္ေပးခ်င္တာေပါ့"
ေခါင္းငုံ႕ကာ စကားဆိုလာသူေၾကာင့္ ေမးေလးကေနပင့္ရင္း
"မလုပ္ေပးရင္လည္းကိုယ္ကမၿငိဳျငင္ဘူးေနာ္ စိမ့္နားခ်င္တဲ့အခါနားပစ္လိုက္ လုပ္ခ်င္တာေတြရွိရင္ ကိုယ့္ကိုေျပာ အရာအားလုံး ကိုယ္ျဖည့္ဆည္းေပးမွာ သိလား"
"အင္း...."
..........
ေရာင္ေလးျပင္ဆင္ၿပီးေတာ့ ေဘးက အိမ္ကဝန္ထမ္းမေလးႏွစ္ေယာက္နဲ႕အတူ ေအာက္ထပ္ကိုဆင္းလာတာျဖစ္သည္။ေယာင္ေလးက အေရွ႕မွာ ရပ္ေနတာျဖစ္ၿပီး ထိုဝန္ထမ္းႏွစ္ေယာက္က အေနာက္မွာရပ္ေနၾကတာျဖစ္သည္။
"အိမ္ကိုေရာက္တာတစ္လမျပည့္ေသးဘူး အိမ္ကိုေမာင္ပိုင္စီးေနသလိုခံစားရတယ္"
"ေအးဟယ္ သူေဌးကသာ သခင္ေလးကို အဲ့ေကာင္ေမြးေပးထားတယ္ေျပာတယ္ ေယာက္်ားေလးကဘယ္လိုလုပ္ကိုယ္ဝန္လြယ္နိုင္မွာလဲ သက္သက္ ေနာ္ သူေဌးကိုျမႇူဆြယ္ၿပီး အပိုင္ႀကံေနတာပဲ သခင္ေလးယုံေအာင္ေျပာထားတယ္လို႔ပဲငါကေတာ့ထင္တယ္"
"ဒါေပမဲ့လည္း ဟိုးအရင္ကအိမ္အကူေတြေျပာတာေတာ့ သူကတကယ္ဗိုက္ႀကီးခဲ့တာတဲ့"
"တစ္လတစ္ခါေလာက္ အိမ္အကူေတြေျပာင္းေနတာ ငါတို႔ေတာင္ကံေကာင္းလို႔တစ္ႏွစ္ေလာက္ေနေနရတာ ငါတို႔ေတာင္မသိတာေနာက္ေပါက္ေလးေတြေျပာတာနင္ကယုံေနတာလား"
"ေအး မသိပါဘူးဟယ္ငါလည္း"
ေရာင္ေလးအေနာက္မွ တီးတိုးေျပာသံကို တကယ္အတိုင္းသားၾကားေနရတာျဖစ္သည္။သူကိုယ္တိုင္ဒီျပသနာကိုေျဖရွင္းလိုက္ရင္ ေဖ အေရွ႕မွာ ကေလးလိုဆက္ေနနိုင္ဖို႔ဆိုတာ မရွိနိုင္ေတာ့ ။ ေဖ့ေရွ႕မွာ သူကကေလးပဲျဖစ္ခ်င္ေသးတာျဖစ္၏။ေဖကႏူးညံ့ၿပီး ရိုးစင္းတယ္ ဒီေလာက္သူတို႔အေပၚေကာင္းေပးၿပီး ေနတိုင္း အိမ္အကူေတြဖို႔ပါ ဟင္းခ်က္ေပးေနတာ စားေကာင္းေသာက္ဖြယ္ေတြေပး။အဝတ္အစားေတြ ေဝငွေပးေနတာ ဒါေတာင္ ေဖ့အေၾကာင္းကို အတင္းေျပာေနၾကတာ ဘယ္ေလာက္ေတာင္စိတ္ဓာတ္ေအာက္တန္းက် ၾကသလဲ
ေျမညီထပ္ကိုေရာက္ေတာ့ elevator တံခါးပြင့္ေတာ့ daddy ကသူ႕ကို ၿပဳံးျပလာသည္။ daddy နဲ႕ေရာင္ေလးက မ်က္ႏွာခ်င္းဆိုင္ေပမဲ့ ေဖနဲ႕ကေတာ့ မဟုတ္
ေရာင္ေလးထြက္ထြက္ခ်င္းၾကမ္းျပင္ေပၚလဲခ်လွ်က္
"အီး......ေဖ့.....ဟင့္...ေဖေဖ.....daddy သားနာ သြားၿပီ အင့္"
ထိုအခါ ေကာင္းကင္က တအံ့တၾသၾကည့္ေနေပမဲ့ စိမ့္ငယ္ကေတာ့ သားဆီေျပးသြားသည္။ေကာင္းကင္လည္းေျပးလာၿပီး သားကိုေပြ႕ခ်ီကာ ဒဏ္ရာၾကည့္၏။နီရဲေနတဲ့ဒူးဆစ္ေလးေၾကာင့္
"Emergency box သြားယူ ဘာေၾကာင္ၾကည့္ေနတာလဲ..... "
"သား အရမ္းနာေနတာလားဟင္ ေဖ့ဆီလာပါအုံး"
"ဟင့္ .....! ေဖ သူတို႔သားကိုနိုင္က်င့္"
"ဘာ...!"
ေကာင္းကင္ သိသည္။သူ႕ ဘာသာသူေခ်ာ္လဲတာကို ဒါေပမဲ့ သားဘာေၾကာင့္ေျပာေနမွန္းမသိေပမဲ့ စိမ့္ငယ္ရဲ႕ေအာ္သံက အေတာ္ေလးေဒါသသံပါေန၏။
"သားကိုအနိုင့္က်င့္တယ္ သားဘယ္နားေတြနာေနေသးလဲ ေဖ့ကိုေျပာ"
"အင့္..! Daddy သူတို႔ကိုေမာင္း ထုတ္ေပး...အားလုံးကိုေမာင္း ထုတ္ေပး"
"ဟုတ္ၿပီ daddy ဦးဦးရာဇာကို ဖုန္းဆက္
ေပးမယ္ ေနာ္"
........
သားကိုေက်ာင္းပို႔ေပးၿပီးအျပန္လမ္းတြင္ျဖစ္သည္။
"ေကာင္းကင္ ငါသားကိုစိတ္မခ်ဘဴး "
"ဘာမွမျဖစ္ပါဘူး ဆရာမေတြကိုေသခ်ာေစာင့္ၾကည့္ဖို႔ ကိုယ္ေျပာထားတယ္"
"သားကေသးေသးညွပ္ညွပ္ကေလးရယ္ သူမ်ားေတြနဲ႕ မတူဘဲ မ်က္မွန္လည္းအသုံးျပဳရေသးတယ္ အားနည္းတယ္ဆိုၿပီး သားကို အနိုင္က်င့္ၾကရင္ဘယ္လိုလုပ္မလဲ"
"ကိုယ့္အသည္းရယ္ သားကိုအရမ္းစိတ္ပူမေနပါနဲ႕ အဲ့တာ သူပိုင္တဲ့ေက်ာင္းပဲ ဘယ္သူမွ ေမာ္ၾကည့္ရဲမွာမဟုတ္ဘူးသားကို"
"ဒါေပမဲ့လည္း ငါ့လိုျဖစ္မွာစိုးတယ္"
အစိုးရိမ္လြန္ေနသည့္ စိမ့္ငယ္ဟာ သူ႕ငယ္ဘဝအေၾကာင္းေျပာျပလာသည္။ထိုအခါေကာင္းကင္ ကပိုအသနားပိုမိျပန္သည္။ကိုယ့္အသည္း ျဖတ္သန္းလာရတဲ့ခရီးတစ္ေလွ်ာက္လုံးကပင္ပန္းလြန္းေနပါၿပီ
......
"ကယ္ ကိုယ့္အသည္း ဘယ္သြားခ်င္လဲ "
Company ႐ုံးခန္းမွာ အေရးႀကီး လက္မွတ္ထိုးစရာရွိတာေၾကာင့္ သူနဲ႕စိမ့္ငယ္႐ုံးကိုလာခဲ့ၾကတာျဖစ္သည္။စစ္ေဆးၿပီး လက္မွတ္ထိုးႀကီးေတာ့ ဆိုဖာေပၚမွ magazine စာအုပ္ဖတ္ေနတဲ့ စိမ့္ငယ္အနားသြားရင္းေမးေတာ့ စိမ့္ငယ္က ဓာတ္ပုံတစ္ပုံကိုၾကည့္ေနလွ်က္
Date က 29.5,2022 တဲ့ေလ
ပုံထဲမွာေကာင္းကင္ပုံျဖစ္ၿပီး တရား႐ုံးထဲကကထြက္လာသည့္ပုံျဖစ္သလို ေကာင္းကင္က ေခ်ာင္က်ေနတဲ့မ်က္ႏွာႏွင့္အတူ လသားအ႐ြယ္အႏွီးထုတ္ကေလးအားေပြ႕ပိုက္ထားလွ်က္ ပုံပင္ျဖစ္သည္။
"ဒါ ေဖေဖ၊ေမေမတို႔ရဲ႕ အမႈအတြက္လား"
"ဟုတ္တယ္ ကိုယ္အမႈေတြအားလုံးနိုင္ၿပီး အာကာထက္ကို အႏွစ္၂၀ ေထာင္ခ်နိဳင္လိုက္တာ"
"ေဖေဖနဲ႕ ေမေမရွိေနရင္ေကာင္းမယ္ေနာ္ "
"ကိုယ္ေတာင္းပန္ပါတယ္ "
"မင္းအမွားမွ မဟုတ္တာ ဒါေပမဲ့ အခုလိုတရားမွ်တမႈရေအာင္လုပ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"
"ဒါကိုကိုယ့္ကို မနမ္းခ်င္ဘူးလား"
"မရဘူး ႐ုံးခန္းႀကီးထဲမွာကို"
"လုပ္ပါတစ္ခါပဲေလ"
အရမ္းအနမ္းခံခ်င္ ေနတဲ့ သူေၾကာင့္စိမ့္ကသူ႕ပါးအားဖြဖြေလး အနမ္းေပးလိုက္သည္။
"ႏႈတ္ခမ္းကိုေလ ကိုယ့္အသည္းရဲ႕"
"မရပါဘူး "
"တစ္ခါပဲေလ"
"ကိုကိုေနာ္.....!"
"ဟုတ္ၿပီ ဟုတ္ၿပီ ကိုယ့္အသည္းသေဘာေနာ္"
စိမ့္နဖူးအား သူ႕နဖူးနဲ႕ခပ္ဖြဖြေလးတိုက္ၿပီး မ်က္ႏွာခ်ိဳေသြး၏။ေကာင္းကင္ထက္ယံက ဘယ္ေလာက္ေတာင္ခ်စ္စရာေကာင္းေနမွန္း သူကိုယ္တိုင္ေတာင္သိရဲ႕လား
......
"သခင္ေလးေနေရာင္ေသြးသစ္ ငါဒီနားမွာထိုင္လို႔ရမလား"
"မရဘူး ေဝးေဝးေန "
" အတန္းကခုံတိုင္းလူျပည့္ေနလို႔ပါ"
ေရာင္ေလး စာေရးေနရင္းေဘးနားက တတြတ္တြတ္ ေျပာေနသူကို မ်က္လုံး လွန္ၾကည့္ကာ ထြက္သြားဆိုသည့္ အၾကည့္နဲ႕သာ တုံ႕ျပန္လိုက္သည္။
ထိုကေလးက သူ႕ထက္ အနည္းငယ္လူေကာင္ႀကီးကာ ေပါေတာေတာ႐ုပ္ႏွင့္ပင္ျဖစ္သည္။ပါးစပ္က သၾကားလုံးစားေနၿပီး ၿပဳံးၿဖီးၿဖီးေနတာ
သၾကားလုံးစားရင္းစကားေျပာေနေတာ့ေရာင္ေလးကို တံေတြးအခ်ိဳ႕စင္လာသည္။
ေရာင္ေလး အိတ္ကပ္ထဲက tissue အခ်ိဳ႕ကိုထုတ္ကာစင္သြားတဲ့ေနရာကို သုတ္လိုက္ၿပီး
"ထြက္သြား"
"ဒီအတန္းမွာ ဒီေနရာပဲလြတ္ေတာ့လို႔ ထိုင္ခိုင္းပါ "
ထပ္စင္လာတဲ့ တံေတြးအခ်ိဳ႕ေၾကာင့္ မတ္တပ္ရပ္ကာ ထိုကေလး၏ အရွိုက္တည့္တည့္ကို လက္သီးနဲ႕ပစ္ထိုးလိုက္သည္။
"ခုံမလြတ္ေတာ့ရင္ ေနာက္တစ္ခန္းကိုသြားလိုက္ မင္းကို ထြက္သြားလို႔ေျပာေနရင္ထြက္သြားရမွာေပါ့ ဘာလို႔ ငါ့ကိုအာ႐ုံလာစားေနတာလဲ"
"အီးဟီး.....ဆရာမေရ ..... ဆရာမေျပာခိုင္းလို႔ေျပာတာသားကို အီး.....သားကိုထိုးတယ္"
ထိုကေလးငိုယိုကာ ဆရာမဆီေျပးသြားေလသည္။အခန္းအျပင္မွာရွိတဲ့ ဆရာမကလည္း ထိုကေလးကိုေခၚကာ ေက်ာင္းေဆးခန္းသြားလိုက္ပို႔ရသည္ပင္ျဖစ္လိမ့္မည္။
ေရာင္ေလးအားတစ္ခန္းလုံးက ကေလးေတြကေၾကာက္ေနသည့္ မ်က္ဝန္းေတြနဲ႕ဝိုင္းၾကည့္ေနေပမဲ့ ေရာင္ေလးကေတာ့ ေရးလက္စ အဂၤလိပ္ မီးနင္း ေတြအား အာ႐ုံစိုက္ကာေရးေနဆဲပင္ျဖစ္သည္။
ဆရာမေတြက အခ်ိန္တစ္ခုဆီေျပာင္းလဲေနၾကၿပီး သင္ရိုးသစ္ေတြသင္ကာ အစဥ္မျပတ္ေပ။ေက်ာင္းေန႕လည္စာ စားခ်ိန္ၿပီးေတာ့လည္း အခန္းထဲေနာက္တစ္ေယာက္ဝင္လာကာ ေရာင္ေလးအေရွ႕မတ္တပ္လာရပ္ျပန္သည္။
"ေဟး ဟိုေကာင္ေလး မင္းအထိုးမခံခ်င္ရင္ တျခားအခန္းသြား"
ထိုကေလးငယ္က ပိန္ပိန္ရွည္ရွည္ ပုံသဏၭာန္ ရွိၿပီးေဘး နားက သတိေပးလာတဲ့ အတန္းေဖာ္ကို မ်က္လုံးတစ္ဖက္မွိတ္ျပလွ်က္
"ငါက ေလးဟိန္းရဲ႕ တူဝမ္းကြဲပါ မင္းက ဦးေကာင္းကင္ ရဲ႕သားမလား"
ေလးဟိန္းဆိုသည့္ နာမည္ေၾကာင့္ ေရာင္ေလးသူ႕အားေမာ့ၾကည့္လိုက္သည္။ကေလးေပမဲ့ သန့္ျပန့္ေနတဲ့ပုံျဖစ္ၿပီး ေလးဟိန္းနဲ႕အနည္းငယ္ခပ္ဆင္ဆင္ရွိေလသည္။ ဒါေၾကာင့္ ေရာင္ေလးလည္း မတ္တပ္ရပ္လွ်က္
ဒါေပမဲ့ ေရာင္ေလးမတ္တပ္ရပ္ေတာ့ အတန္းေဖာ္ေတြက မ်က္ႏွာကိုလက္နဲ႕အုပ္သြားၾကသည္။ Why...? သူကအရမ္းေၾကာက္စရာေကာင္းေနလို႔လား ဒီကေလးေတြကေတာ့ေလ ဟု ေတြးရင္း ေခါင္းပင္ခါလိုက္ေသးသည္။
"ေနေရာင္ေသြးသစ္"
"အဲရာဇ္ဟိန္း"
လက္ခ်င္းတြဲႏႈတ္ဆက္ရင္း ႏွစ္ေယာက္သားအျပန္အလွန္ၿပဳံးျပကာ ေရာင္ေလးရဲ႕ေဘးခုံ ကိုေအးေဆးဝင္ထိုင္လိုက္သည္။
ေဘးနားက အတန္းေဖာ္က ဟိန္းဟိန္းကို အေနာက္က လက္ ကုတ္ကာ နားနားတိုးကပ္ရင္း
"မင္းကဘာလို႔ေနာက္က်ေနတာလဲ"
"ေၾသာ္ ငိုေနတဲ့ ေခြးမသားေလး ကို ေနရာဖယ္ေပးလိုက္တာေလ S ခန္းမွာေနရာလြတ္ရွိတယ္ဆိုလို႔ ေ႐ြ႕လာတာပါကြာ"
ခပ္ျမဴးျမဴးျပန္ေျဖလိုက္သည့္စကားတြင္ အဆဲေလးပါလာေသးသည္။ ေရာင္ေလးကေတာ့ ေလးဟိန္းကို ဖုန္းဆက္ေမးစရာပင္မလိုေတာ့ၿပီ
@Period-K
💛