>>ဖြတ်ပစ်ရမဲ့ကြိုးများထဲမှာ သံယောဇဥ်နွယ်ကြိုးကအခတ်ဆုံးဆိုရင် သူငယ်ချင်းသံယောဇဥ်ကအခတ်ဆုံးဖြစ်မလား နှလုံးသားသံယောဇဥ်ကအခတ်ဆုံးဖြစ်လေမလား<<
သူမရဲ့တနေ့တာအချိန်ဇယားက မျက်လုံးနှစ်လုံးပွင့်တာနှင့် မျက်နှာသစ်သွားတိုက်အချိန်မှစလို့ သူမ၏အချိန်ဇယားအားလုံးဟာသက်မှတ်ပုံစံခွက်အတိုင်းကစလေတယ်။
ငယ်ငယ်ကထဲက စည်းကမ်းဆိုတာဘယ်လိုမျိုးဆိုပြီးသင်ယူခဲ့ရတဲ့သူမအတွက် time management သည်လဲ အရေးပါနေခဲ့တယ်။ လူမှန်းသိတက်စကထဲက ဖခင်ဖြစ်သူ၏ management control ကြောင့် ဘေးလူကြည့်လျှင်တော့သူမဘဝကပျင်းစရာကောင်းနေမည်ဖြစ်သည်။
ရုံးစရောက်ကထဲက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သူမလက်မှတ်ပါမှအဆင်ပြေမည့်စာရွက်စာတမ်းများအားစစ်ဆေးကာလက်မှတ်ထိုးပေးနေရသည်။ ပြီးသည့်နောက်တွင် ရုံးတွင်းအစည်းအဝေးထိုင်ရပြန်သည်။ သူမ၏တနေ့တာသည် အလုပ်နှင့်စပြီး အလုပ်နှင့်အဆုံးသတ်ရသည်။
တီတီတီ တီတီတီတီ
"ဟယ်လို"
"ဟယ်လို"
တစ်ဖတ်ကအသံသေးသေးလေးဖြစ်သောကြောင့် ဖုန်းကိုပြန်ကြည့်တော့ unknow contact တစ်ခု။
"ဟယ်လို nowl လား"
"ဟုတ်ပါတယ် နိုဝယ်ပါ"
"ဘယ်လိုဖြစ်တာလဲ အရေးကြီးအကြောင်းကိစ္စများရှိလို့လားတို့ကိုဒီအချိန်ကြီးဖုန်းဆက်တာ"
လက်ပတ်နာရီကိုကြည့်တော့ ၆နာရီခွဲကျော်။ နိုဝယ့်ဘက်ကဘာစကားမှမစရသေးပေမဲ့ ဒဏ္ဏာရီ ဆိုသောသူမက လက်ထဲမှဘောပင်ကိုချပြီး ကြည့်လက်စစာရင်းဖိုင်ကိုပါပိတ်ကာ ကားသော့နှင့်သူမ၏ပိုက်ဆံအိတ်ကိုဆွဲကိုင်ပြီးဖြစ်သည်။
"နိုဝယ် သာကေတကအသိအိမ်ကိုလာတာလေ အဲ့တာလမ်းမှာပိုက်ဆံအိတ်လုခံလိုက်ရတာ ဖုန်းကောပိုက်ဆံအိတ်ကောပါသွားတာ နိုဝယ်လဲဘာလုပ်ရမှန်းမသိတော့လို့ နောက် တလောကတွေ့တုန်းက နိုဝယ့်ကို လိပ်စာကဒ်ပေးထားတာလေအဲ့တာ အိတ်ကပ်ထဲဟိုစမ်းဒီစမ်းနဲ့တွေ့တော့ အကူအညီတောင်းမလို့ဆက်ကြည့်တာ အနှောင့်အယှက်များဖြစ်သွားလားဟင်"
"အခု မင်းဘယ်မှာလဲ တို့လာခဲ့မယ်"
"...."
လိပ်စာသိပြီးသည့်နောက် သူမ၏ကားလေးကနိုဝယ်ပြောသောနေရာဆီသို့ဦးတည်လေသည်။ ညနေစောင်းလဲဖြစ်မိုးချုပ်နေ၍ မီးရောင်မှိန်မှိန်ဖွင့်ထားသောမုန့်ဆိုင်ရှေ့လေး၌ စောင့်ကြောင့်လေးထိုင်နေပါသောနိုဝယ်။ သူမကားဟွန်းတီးသည့်အခါ ခလေးတစ်ယောက်လိုဖြူစင်တဲ့အပြုံးနဲ့သူမကိုကြည့်နေသောနိုဝယ်။
"ဘယ်လိုဖြစ်တာလဲ"
"တကယ်ရောက်လာပေးတာပဲ ကျေးဇူးတင်လိုက်တာ"
"ပြောပါအုန်းတို့ကို မင်းတစ်ခုခုများထိခိုက်သွားသေးလား"
"ဟင့်အင်း လူကဘာမှမဖြစ်ပါဘူး တစ်ခုပဲ ဟိုလေ ပိုက်ဆံနည်းနည်းလောက်ချေးပါလားဟင် ခုနကဖုန်းပြောထားတာအဲ့တာ သူတို့ဆီမှာမုန့်ဝယ်ရင်ဖုန်းပေးပြောမယ်ဆိုလို့လေ"
"ကျစ်...ရော့အကုန်ယူလို့ပြောလိုက်"
တစ်သောင်းတန်တစ်ရွက်ကို ပိုက်ဆံအိတ်ထဲမှ ဇာက်ခနဲထုတ်ပေးပြီးနောက် ဆိုင်ထဲမှပြန်ထွက်လာသော နိုဝယ့်ကို ချက်ချင်းဆိုသလို လက်ကနေဆွဲပြီးကားထဲဆွဲသွင်းကာ တစ်ဖတ်ကိုဝင်ထိုင်ပြီးနောက် ချက်ချင်းဆိုသလိုထိုနေရာမှထွက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်နော် နိုဝယ့်ကိုကူညီပေးတာ ဖုန်းပါပါသွားတော့ နိုဝယ်မစဥ်းစားမိပဲဖုန်းဆက်လိုက်မိတာ ဖုန်းဆက်ပြီးမှစဥ်းစားမိတာ taxi နဲ့အလုပ်ကိုသွားလို့ရတာပဲဆိုတာကို"
"အခုတို့ကိုမင်းဖုန်းဆက်လိုက်လို့လဲဘာမှမဖြစ်သွားပါဘူး ဒါနဲ့အလုပ်ကသွားရအုန်းမှာလား"
"ဒီနေ့ off တယ်လေ အဲ့တာကြောင့်လေ အသိတစ်ယောက်အိမ်ကိုလာတာ အခုလိုတွေဖြစ်သွားတာပါပဲ"
ဘေးကိုစောင်းငဲ့ကြည့်တော့ ဆူပုတ်စွာဖြင့် ခလေးတစ်ယောက်မှလူကြီးတစ်ယောက်ကိုသူဖြစ်ပျက်ခဲ့သည့်အကြောင်းအရာအားပြန်တိုင်နေသကဲ့သို့။
"ကဲပါဖြစ်ပြီးတာတွေပြန်ပြောမနေပါနဲ့တော့ ညစာကောစားပြီးပြီလား"
"ဟင့်အင်း အိမ်ရောက်မှစားမှာ"
"ဒါဆို တို့နဲ့အတူညစာလိုက်စားပေးပါလား တို့နေ့လည်ထဲကဘာမှမစားရသေးဘူး"
"ဟယ် ဘာလို့လဲ အလုပ်များနေတာလား နိုဝယ်တော့အလုပ်များနေတဲ့သူကိုအကူအညီတောင်းမိပြီထင်တယ် အားနာလိုက်တာ"
"အားနာတယ်ဆိုရင် တို့နဲ့အတူညစာလိုက်စားပေးပေါ့"
လမ်းမှာ နိုဝယ်က chinese food ကိုသဘောကျတယ်ဆိုသောကြောင့် chinese စားသောက်ဆိုင်ကိုပဲရှာပြီးမောင်းလာခဲ့သည်။ ကားနဲ့ဖျတ်သွားရင်း unique ဖုန်းဆိုင်တွေ့တော့ ကားကိုပြန်လှည့်မိပြန်သည်။
"ဟင် ဘာလို့ကားပြန်လှည့်နေတာလဲ"
သို့သော် အဖြေပြန်လည်ဖြေကြားခြင်းမရှိသည့် ဒဏ္ဏာရီ လေးပါပဲ။
"ခဏစောင့် တို့ပြန်လာခဲမယ်"
နိုဝယ်လဲ သူကိစ္စတစ်ခုရှိလို့နေမှာပါဟူ၍ ကားပေါ်မှာပဲထိုင်စောင့်ရင်း ဏရီ့ကားအတွင်းပိုင်းအပြင်အဆင်ကိုလိုက်ကြည့်နေမိသည်။ ကားစစီးကထဲက သူမရနေသည့်ရနံ့တစ်မျိုးကိုလဲသိချင်မိသည်။ အဝတ်အစားဆိုရိုးရိုးရှင်းရှင်းပဲဝတ်တက်သည့်အပြင် ကားအတွင်းပိုင်းသည်လဲ သန့်သန့်ရှင်းရှင်းဖြစ်နေပြန်သည်။ အနတ်ရောင်အပြင်ပိုင်းကိုမှ အတွင်းထဲမှာတော့ အညိုရောင်ကိုအသားပေးအသုံးပြုထားသည့် ဒဏ္ဏာရီ ၏ကားအတွင်းပိုင်း။
တွီ။
"အမလေး လန့်လိုက်တာရှင်ရယ်"
"sorry ဘာတွေလုပ်နေလို့လန့်သွားတာလဲ"
"ဘာမှမလုပ်ပါဘူးဒီတိုင်းရှင့်ကားကိုလေ့လာနေတာလေ မိုက်တယ်နော် ကားကလဲ သူ့ပိုင်ရှင်လိုပဲသန့်သန့်ပြန်ပြန့်လေး နောက်ပြီးမွှေးနေတာပဲ အနံ့လေးက"
"ဟုတ်ပါပြီ သွားရအောင် မင်းလဲဗိုက်ဆာနေရောပေါ့"
ဗိုက်ဆာနေ၍ပဲလားမသိ စားသောက်ဆိုင်ရောက်တော့ ပုံမှန်နည်းနည်းပဲစားတက်သည့်သူမက dimsum ငါးပွဲလောက်ကုန်အောင်စားမိသွားလေရဲ့။ တစ်ပွဲတစ်ပွဲမှာကလဲ လေးခုကိုမှအကြီးကြီးတွေ။ ဒါ့အပြင်တစ်ခြားဟင်းအမယ်များနှင့်။
"တော်ပြီလား ထပ်စားချင်လဲရတယ်နော်"
"ဟီး တော်ပြီ ဗိုက်တင်းသွားပြီ ညဘက်အရမ်းစားရင်ဗိုက်ပူတယ်တဲ့"
"ဟုတ်ပါပြီ ဒါနဲ့ရော့ လက်ဆောင်"
"ဟင် ဘာကြီးလဲ ဟာ ဖုန်း!"
"ဟုတ်တယ် မင်းဘာကြိုက်တက်မှန်းမသိတာနဲ့ တို့ဖုန်းနဲ့အမျိုးအစားတူတာပဲဝယ်လိုက်တာ"
"နိုဝယ့်ဖုန်းက samsung လေးပါ နောက်ပြီးဟောင်းနေပါပြီ အခုရှင်ဝယ်ပေးတာက IOS ကြီး 12 လား 13 လားမသိ စျေးကြီးမှာ ဘာလို့ပေးတာလဲ နိုဝယ်အဲတာတွေယူရမှာဝန်လေးတယ်"
"ယူလိုက်ပါ တို့မင်းဆီကနေဘာမှပြန်ရဖို့မမျော်လင့်ထားဘူး ဒီတိုင်း လက်ဆောင်ကတယ်လို့သဘောထားလိုက် ဒါပေမဲ့ မယူပဲငြင်းရင်တော့ တို့စိတ်ဆိုးမိမယ်ထင်တယ်"
ယူရခတ်မယူရင်လဲခတ်သည့်အမျိုးဖြစ်နေပြန်သည်။
"နိုဝယ်တော့ ရှင့်ကိုပြန်ပေးလို့ရတာဘာမှမရှိဘူးဖြစ်နေတယ်"
"ဒီနေ့အခုလိုတို့နဲ့ညစာစားပေးတာကိုကလုံလောက်နေပါပြီ တစ်စုံတစ်ယောက်နဲ့အခုလိုရင်းရင်းနီးနီးညစာမစားဖြစ်တာကြာပြီလေ တို့အိမ်ပြန်ညစာစားရင်လဲတစ်ယောက်ထဲဖြစ်နေမှာ ဒါကြောင့်ကြေပြီလို့မင်းသတ်မှတ်လို့ရပါတယ် မင်းစားပြီးပြီဆိုသွားကျမယ်လေ အိမ်အထိလိုက်ပို့ပေးမယ်"
တစ်လမ်းလုံးနိုဝယ့်ဘက်ကတိတ်ဆိတ်နေခဲ့ပြီး ဒဏ္ဏာရီ ကလဲအေးဆက်ဆက်သာ။ နိုဝယ်တို့လမ်းထဲရောက်တော့ အဆင်ပြေမဲ့နေရာမှာကားရပ်လိုက်လေသည်။
"မင်းအတွက်အဆင်မပြေတာများတို့လုပ်မိလား"
"ဘာလို့အဲ့လိုထင်တာလဲ"
"တစ်လမ်းလုံးမင်းတို့ကိုစကားမပြောဘူးလေ"
"နိုဝယ်ကရှင့်ကိုအားနာနေတာပါ ရှင့်ဆီကပဲနိုဝယ်ကအကူအညီတွေယူနေရသလိုဖြစ်နေတာ အဲ့တာကြောင့်ပါ"
"တို့ကစိတ်ထဲကမပါရင်မလုပ်ပေးတက်ဘူး နောက်ပြီးတို့အခုလိုတွေလုပ်ပေးတာကမင်းအတွက်စိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုရင်တို့ထိန်းပါ့မယ် ကျေနပ်တော့နော် စိတ်မကောင်းတော့မဖြစ်နဲ့ မှောင်နေပြီ ဝင်တော့လေအိမ်ထဲ"
"ဟုတ်"
"ခဏ...တို့ကိုမင်းပေးဖို့တစ်ခုကျန်ခဲ့တယ်"
"ဟင် နိုဝယ်က..."
ဖြတ်ခနဲပါပဲ နို့ဝယ့်ညာလက်ကိုသူဆွဲကိုင်ပြီးလက်ဖမိုးကိုခပ်ဖွဖွလေးနမ်းလိုက်တာ။ ဒါပါနဲ့ဆိုနှစ်ကြိမ်မြောက် သူမရင်ထဲအမျိုးအမည်မသိတဲ့လှိုင်းတွေဖြစ်ထွန်းတာနှစ်ကြိမ်မြောက်။
"ကောင်းကောင်းအိပ်နော် ဂွတ်နိုက်"
ပုရိသတိုင်းသဘောကျနိုင်တဲ့အပြုံးမျိုးနဲ့ ပြုံးပြသွားရဲ့ ဏရီရဲ့ကားကို မျက်စိတစ်ဆုံးငေးကြည့်ပြီးမှ အမျိုးအမည်မသိတဲ့အပြုံးမျိုးနဲ့ပြုံးလိုက်သည့်နိုဝယ်။ ဘာ့ကြောင့်လဲဆိုတာကိုတော့သူမပဲသိနိုင်ပါလိမ့်မည်။
×
tbc
trollz22
×