နောင့်ခွန်း မနက်အိပ်ယာနိုးတာနဲ့ မိုင်ငယ်ပြင်ပေးထားတဲ့ မနက်စာစားပြီး စခန်းဘက်သို့သာထွက်လာခဲ့သည်။နောင့်ခွန်းရဲ့ ဆိုင်ကယ်ကိုမစီးပေမဲ့ အမြဲတမ်းဆေးပေးထားပုံပင် အိမ်ထဲကဂိုထောင်ထဲမှာ ဒီအတိုင်းထားပေးထားတာမို့ အဆင်သင့်ထုတ်စီးလာခဲ့သည်။
"ကဲ ကဲ လူစုမယ် "
"ဟုတ် ခေါင်းဆောင်"
"ငါမင်းတို့ကို ပြောစရာရှိတယ် အခုဟိုဘက်ကမ်းကအဖွဲ့ကကောင်တွေဆို သိပြီးသားဖြစ်မှာပေါ့ အခုငါတို့အဖွဲ့ကို လာတိုက်ခိုက်တဲ့အဖွဲ့ရှိတယ် သူတို့အဖွဲ့က တက်သစ်စအဖွဲ့လေးဆိုပေမဲ့ တိုက်ရည်ခိုက်ရည်တော်တော်ရှိတယ် ဒါပေမဲ့ ငါတို့အဖွဲ့ကလူဟောင်းတွေလို စနစ်ကျနေတာမဟုတ်ဘူး အဲ့တာကြောင့် ဟိုဘက်ကမ်းကအဖွဲ့ထဲကို အဖွဲ့ခွဲခေါင်းဆောင်အဖြစ် ငါကဒီထဲကလူရွေးပြီး စေလွှတ်ချင်တယ် သွားချင်တဲ့သူတွေ ရှေ့ထွက်လာခဲ့"
အယောက်နှစ်ရာကျော် တန်းစီရပ်နေရာမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ဒီလိုအခွင့်အရေးမျိုးသူတို့လက်မလွတ်ချင်ကြမှန်းသိပေမဲ့ သူတို့ကအဖွဲ့ထဲကညီအစ်ကိုချင်းအရမ်းသစ္စာရှိကြသည်။ ထို့ကြောင့် သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူတို့ချင်းသာနားလည်ကြသည့် အကြည့်မျိုးဖြင့် မင်းသွားလိုက်ငါသွားလိုက် လုပ်နေကြတာ နောင့်ခွန်းသိတာပေါ့။ထို့ကြောင့် သူတို့စဉ်းစားလို့ရအောင် အချိန်ခဏပေးလိုက်သည်။
"ငါ့စိတ်တိုင်းကျ ရွေးလွှတ်လို့ရတဲ့သူတွေရှိပေမဲ့ ငါမင်းတို့ဆန္ဒအလျောက်ရွေးချယ်ခွင့်ပေးချင်တယ် အဲ့တာကြောင့် သေချာစဉ်းစားပြီးပြီဆိုရင် ရှေ့ထွက်ခဲ့"
တဖြည်းဖြည်းချင်း ရှေ့သို့ထွက်လာကြလေသည်။အကုန်လုံး 56 ယောက်ရှိသည်။
"ကျန်တဲ့သူတွေ မထွက်တော့ဘူးဆို ကိုယ့်အလုပ်ကိုယ်သွားလုပ်လို့ရပြီ ဒီလူတွေကငါ့နောက်လိုက်ခဲ့"
"ဟုတ် ခေါင်းဆောင်"
56 ယောက်က နောင့်ခွန်းနဲ့အတူ ဂိုထောင်တစ်ခုဆီသို့လိုက်လာခဲ့သည်။
"မင်းတို့ အားလုံးလေ့ကျင့်ရေးဆင်းရမယ် ပြင်းထန်တာလည်းရှိမယ် ပျော့တာလည်းရှိမယ် ပြီးရင် ဒီလူတွေအကုန်လုံးကို ငါရွေးမာ်လို့မဆိုလိုဘူး မင်းတို့လေ့ကျင့်နေတဲ့အချိန်မှာ အချင်းချင်းပြိုင်ဆ်ုင်ရမှာတွေရှိမယ် အဲ့အချိန်မှာ နောက်ကျကျန်ခဲ့တဲ့သူကို ငါကဖြုတ်မှာပဲ"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
"ပြီးတော့ မင်းတို့အတွက် ဆုပေးဒဏ်ပေးစနစ်ရှိမယ် နောက်ဆုံးအထိကျန်ရစ်နိုင်မဲ့သူတွေအတွက်လည်း အခွင့်အရေးတစ်ခုရှိတယ် အဲ့တာက အဲ့ချိန်မှပြောမယ် ဒီနေ့ မင်းတို့ပစ္စည်းတွေသိမ်းလာခဲ့ မင်းတို့နဲ့ငါက တောင်ကြောဟိုဘက်က ကွင်းမှာ လေ့ကျင့်ရေးအတွက် စခန်းသွင်းမှာမို့ လိုအပ်တာတွေယူခဲ့ အခုချိန် နောက်ဆုံးချင်ရင်မှီသေးတယ်နော်"
"ကျွန်တော်တို့ ခေါင်းဆောင် နောက်ကလိုက်မှာပါ"
"ဟုတ်ပြီ ပစ္စည်းတွေသိမ်းလာခဲ့ ဒီညနေလေ့ကျင့်ရေးစမယ်"
"ဟုတ် ခေါင်းဆောင်"
သူတြိုအားလုံးထွက်သွားပြီး ပစ္စည်းတွေသွားသိမ်းကြတော့မှ နောင့်ခွန်းလည်း စခန်းထဲကပြောင်းလဲမှုအခြေအနေတွေလိုက်ကြည့်ရသည်။မိုင်ငယ်ကအကုန်လုံးကိုအကောင်းဆုံးလုပ်ထားနိုင်တာတွေ့ရတော့ ညီမငယ်ကနောင့်ခွန်းလောင်းရိပ်အောက်ကနေမဟုတ်ပဲ သူ့ဘာသာလုပ်နိုင်တဲ့အစွမ်းအစရှိကြောင်း အသိအမှတ်ပြုမိသည်။
လေ့ကျင့်ရေးတွေ ခန္ဓာကိုယ်ကြံခိုင်မှုတွေထက်အရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်အသက်ကိုကယ်နိုင်မဲ့ အရေးပေါ်နည်းလမ်းဖြစ်တဲ့ ပြေးနိုင်မှလွတ်မယ်ဆိုသော စကားအတိုင်း အဖွဲ့သားတွေကို ညနေဆည်းဆာနဲ့အပြိုင် တောင်ကြောတဝိုက်တွင် ပြေးခိုင်းထားသည်။သူတို့ကို စမှတ်နဲ့ဆုံးမှတ် သတ်မှတ်ပေးထားပြီး ငါးကြိမ်ပြေးရမှာဖြစ်သည်။ငါးကြိမ်လုံးအတွင်း နောက်ဆုံးကျန်သော ဆယ်ယောက်ကိုပြန်ပြိုင်ခိုင်းပြီး ငါးယောက်ထုတ်ပစ်မှာဖြစ်သည်။နည်းနည်းရက်စက်ရာကျပေမဲ့ ပြိုင်ပွဲဆိုတည်းက အနိုင်နဲ့အရှုံးတော့ရှိမှာပဲမဟုတ်လား။
နောက်တစ်နေ့တွင် သူတို့၏ခန္ဓာကိုယ်ကြံခိုင်မှုကို စတင်စစ်ဆေးရသည်။ပုံစံထိုင်ခိုင်းကာ ဘယ်လောက်ထိတောင့်ခံနိုင်သလဲဆိုတာ နောင့်ခွန်းက အချိန်သတ်မှတ်ပြီး စောင့်ကြည့်ခြင်းဖြစ်သည်။ဒီတဆင့်ကတော့ ထုတ်ပယ်ခြင်းမရှိပေမဲ့ သတ်မှတ်အချိန်အတိုင်းနေနိုင်အောင် နည်းနည်းဖိအားပေးရတာတော့ရှိသည်။မနက်ပိုင်း စစ်ဆေးရေးအပြီးတွင် သူတို့ကို နားချိန်ပေးကာ နောင့်ခွန်းလည်း အိမ်ဘက်သို့ခဏပြန်လာပြီး လိုအပ်တာတွေလာယူရသည်။အစက သူတို့နဲ့အတူနေဖို့ စိတ်ကူးမရှိပေမဲ့ အခုကျကြပ်ကြပ်မတ်မတ်ဘေးကနေလေ့ကျင့်ပေးနိုင်ရန် နောင့်ခွန်းကိုယ်တိုင် သူတို့အတွက်သီးသန့်လုပ်ပေးထားသော စခန်းတွင်သွားနေရန်ဆုံးဖြတ်လိုက်သည်။
ညစာကိုတော့ ပင်မစခန်းကနေပဲချက်ပြုတ်ပြီးလာပို့ပေးတာကိုစားကြရသည်။နောင့်ခွန်းလည်း အလုပ်တွေသာဖိလုပ်နေမိသည် မဟုတ်ရင် စေကိုးကိုသတိရတဲ့စိတ်ကြောင့် မန္တလေးကိုပြန်ပြေးမိသွားလိမ့်မည်။
"ဒေါင် ဒေါင် ဒေါင်"
"ဟမ် ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"
အကုန်အိပ်မှုန်စုံမွှားဖြင့်ထလာပြီး ပြေးထွက်လာကြသည်။
"ကဲ အကုန်လုံး အသင့်ပြင်ဖို့ဆယ့်ငါးမိနစ်အချိန်ပေးမယ် လေ့ကျင့်ရေးရှိတယ်"
"ဗျာ အခုမှ မနက်သုံးနာရီပဲရှိသေးတယ်လေ ခေါင်းဆောင်"
"အချိန်စပြီ နောက်ကျတဲ့ကောင် ငါ့ကိုအပြစ်မဆိုနဲ့"
သူတို့ပြောတာ မကြားချင်ယောင်ဆောင်ပြီး နောင့်ခွန်းကသတိပေးစကားကိုသာဆိုလိုက်မှ အကုန်အမြန်အပြေးအလွှားလုပ်ကြသည်။အခုဆို 51 ယောက်သာကျန်တော့သည်။ဒီနေ့လေ့ကျင့်ရေးကလည်း ဖြုတ်ခံရတဲ့သူတွေရှိဦးမှာပဲ။
နောက်ထပ်ဆယ့်ငါးမိနစ်အကြာတွင် မနက်အလင်းရောင်တောင်မရောက်သေးသောမြူနှင်းတွေကြားထဲ နောင့်ခွန်းကိုယ်တိုင်ဦးဆောင်ကာ တောင်ကြောဝန်းကျင်တွင် ရှမ်းရိုးရာသီချင်းတစ်ပုဒ်ကိုသီဆိုရင်းပြေးနေကြသည်။မနက်သွေးပူလေ့ကျင့်ခန်းပေါ့။
မနက် ခြောက်နာရီလောက်တွင်ပြေးခြင်းကိုအဆုံးသတ်ပြီး ပင်မစခန်းမှလာပို့သော မနက်စာကိုစားကြသည်။
"ဒီနေ့ ဆယ်နာရီမှာ တိုက်ခိုက်မှုအခြေခံကိုပြန်စစ်မယ် မင်းတို့အခုနားချိန်ပေးတယ်"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
နေ့လည်ဆယ်နာရီတွင် နှစ်ယောက်တွဲလေ့ကျင့်မှုဖြင့် တိုက်ခိုက်မှုပုံစံအခြေခံခိုင်မခိုင်ကိုစစ်ဆေးပြီးနောက်တွင် သုံးယောက်ထုတ်ပယ်ခံလိုက်ရသည်။ညနေခြောက်နာရီမှ စစ်ဆေးခြင်းပြီးဆုံးခဲ့သည်မို့ နားခွင့်သာပေးလိုက်သည်။ပင်ပန်းနေမှာသိပေမဲ့ ညစာလာမပို့ခိုင်းပဲ နောင့်ခွန်းကိုယ်တိုင်ပါအငတ်ခံကာ သူတို့ရဲ့အရေးပေါ်အခြေအနေပေါ်မူတည်ပြီး အမောခံနိုင်မှု အဆာခံနိုင်မှုတွေကို တဆက်တည်းစမ်းသပ်ခဲ့သည်။
နောက်တစ်ရက်တွင် တောင်စောင်းအနောက်မှာရှိသော ရေတံခွန်ဆီသို့ ပြေးခိုင်းကာ ရေတံခွန်အောက်က ရေချောင်းတွင် ရေကူးပြိုင်ခိုင်းသည်။ကောင်လေးနှစ်ယောက်က ရေမကူးတတ်လို့ ထုတ်ပစ်ချင်ပေမဲ့ သူတို့နှစ်ယောက်ကအရင်စစ်ဆေး မှုတွေမှာ အခြေအနေတော်တော်ကောင်းတဲ့လူတွေမို့ သူတို့နှစ်ယောက်ကို ရေကူးသင်ပေးဖို့အဖွဲ့သားတစ်ယောက်ကိုအကူအညီတောင်းကာသင်ခိုင်းပြီး ကျန်လူတွေကိုတော့ ရေကူးပြိုင်တာကိုဆက်လက်စောင့်ကြည့်ရသည်။ရေငုပ်နိုင်တာဘယ်လောက်ကြာကြာငုပ်နိုင်မလဲ ရေအောက်မှာအသက်အောင့်ပြီးကြာကြာနေနိုင်တဲ့အချိန်တွေကို တစ်ယောက်စီသေချာလိုက်မှတ်ပြီး စမ်းသပ်သည်။အခုမှစသင်တဲ့နှစ်ယောက်ကိုတော့ နောက်ရက်မှတစ်ခါပြန်စစ်ဆေးဖို့ ဖယ်ထားလိုက်သည်။ဒီစစ်ဆေးမှုတွင် ထုတ်ပယ်ခြင်းမရှိပေ။ရေထဲတွင် ကြာကြာနေရင်ဖျားနာကုန်မှာစိုးရသည်ဆိုပေမဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေတော့လုပ်ရမည်လေ။ထို့ကြောင့် ညနေသုံးနာရီလောက်မှ သီးသန့်စခန်းသို့ပြန်လာခဲ့သည်။
ကြားရက်တွေမှာတော့ ခန္ဓာကိုယ်နဲ့ပတ်သတ်တဲ့လေ့ကျင့်ခန်းတွေကိုများများခိုင်းပြီး ကြိုးတွေနဲ့တွယ်တက်တာတွေ အပင်အမြင့်တက်တာတွေကအစ တွားသွားတာ တန်းမြင့်ခုန်တာ သဲအိတ်တွေကိုခါးမှာကြိုးနဲ့ဆွဲပြီးပြေးတာတွေအထိ လေ့ကျင့်ပေးခဲ့သည်။အခုဆို အဖွဲ့သားတွေကထုတ်ပယ်ခံရမှုတွေကြောင့် 25 ယောက်သာကျန်တော့သည်။
ဒီနေ့က ဓားပေါက်တာ လေ့ကျင့်ရမှာဖြစ်သည်။ပစ်မှတ်တွေကို သစ်ပင်တွေမှာချိတ်ဆွဲပေးထားပြီး ပစ်မှတ်ကိုကွက်တိဖြစ်စေ အနီးစပ်ဆုံးဖြစ်စေ ပေါက်ဓားဖြင့်လှမ်းပေါက်ရတာမျိုးဖြစ်သည်။အကွာအဝေးက တစ်ခါပြီးတိုင်း တစ်ခါတိုးသွားမှာဖြစ်သည်။ပထမအကြိမ် ကိုယ့်ရှေ့က ငါးပေအကွာမှာရှိသော ပစ်မှတ်ကိုပေါက်ဓားဖြင့်ထိအောင်ပေါက်ရမှာဖြစ်ပြီး နောက်တစ်ခါမှာ ရှစ်ပေ ဆယ့်နှစ်ပေ စသဖြင့်တိုးသွားပြီး နောက်ဆုံးပေနှစ်ဆယ်အထိဖြစ်သည်။ဒီအဆင့်တွင်လည်း ထုတ်ပယ်ခြင်းရှိသည်မို့ သေချာအာရုံစူးစိုက်ပြီးလုပ်နိုင်မှအဆင်ပြေမည်။
သူတို့အတွက် လေ့ကျင့်ရေးက တစ်လတိတိပြည့်သွားပြီမို့ ဒီနေ့တော့ တစ်ရက်လုံးနားရက်ပေးကာ နောင့်ခွန်းကိုယ်တိုင်လည်း အိမ်သို့ပြန်လာခဲ့သည်။မိုင်ငယ်ကတော့ နောင့်ခွန်းကြိုက်တတ်တဲ့ဟင်းတွေချက်ထားပေးသည်။မိုင်ငယ် ဟင်းချက်နေတုန်း ယောက်ဖဖြစ်သူ လင်းဆက်နဲ့နောင့်ခွန်းက လုပ်ငန်းအကြောင်းတွေ စကားစမြည်ပြောဖြစ်ကြသည်။
'တူလေးတွေတူမလေးတွေ လိုချင်ပြီကွ 'လို့ဆိုတော့ လင်းဆက်ကနားရွက်ဖျားတွေနီသည်အထိရှက်နေသည်။
"ကိုကြီး ပီအိုက်ကို ဘာတွေပြောနေတာလဲ ပီအိုက်ကလည်း ခေါင်းငုံ့နေတာ အိမ်ကြမ်းခင်းထဲဝင်သွားဦးမယ်"
"ကိုကြီး တူလေးတွေ တူမလေးတွေ ဘယ်တော့ချီရမလဲ မေးနေတာ"
"ဟာ ကိုကြီး !!! "
"ဟားးး ဟားးး ဟားးး "
ညီမဖြစ်သူပါ အရှက်သည်းစွာ ဆူအောင့်အောင့်လေးအော်လာတော့ နောင့်ခွန်းမနေနိုင်တော့ပဲ အော်ရီမိတော့သည်။
"တော်တော့ မရီနဲ့တော့ အခုထမင်းစားကြမယ်လာခေါ်တာ "
"ဟုတ်ပြီ ငါ့ညီမလက်ရာကို မစားရတာတောင် ကြာနေပြီ "
"ကိုကြီးကြိုက်တာတွေအများကြီးချက်ထားတယ် လာ လာ"
နေ့လည်စာစားပြီးတဲ့အချိန်မှာ လင်းဆက်က မိုင်ငယ့်ကိုပန်းကန်တွေသိမ်းကူပြီး ပန်းကန်ဆေးဖို့ပါလုပ်ကူနေတာမို့ နောင့်ခွန်းကိုယ့်အိပ်ခန်းထဲသို့သာ ဝင်လာခဲ့လိုက်သည်။အပြင်က အချစ်ငှက်နှစ်ကောင်ကြောင့် နောင့်ခွန်းလည်း စေကိုးကိုသတိရမိသွားသည်။အိပ်ခန်းထဲ ဝေ့ဝိုက်ကြည့်မိတော့လည်း စေကိုးရဲ့အငွေ့အသက်တွေ ပုံရိပ်တွေက နေရာတိုင်းမှာပေါ်လာရသည်။ဒီအခန်းထဲကရောက်ခါစက ကြောက်နေတဲ့ မဝံ့မရဲကောင်လေးရဲ့ပုံတွေ နောင့်ခွန်းကိုစောင့်ပေးမယ်ပြောပြီး သူကိုယ်တိုင်ဖျားသွားရတာတွေ ချစ်သူဘဝရောက်တော့လည်း အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ ကောင်ဆိုးလေးရဲ့ပုံရိပ်တွေက အတွေးထဲမှာ တဝဲလည်လည်ပေါ်လာပြန်သည်။
အခန်းထဲမှာ ထိုင်လိုက် ကုတင်ပေါ်တက်အိပ်လိုက်နဲ့ စေကိုးဆီ ဖုန်းခေါ်ရင်ကောင်းမလား မကောင်းမလားစဉ်းစားရင်းကနေ ဘယ်လိုအိပ်ပျော်သွားသည်မသိ ကုတင်ပေါ်မှာ ကန့်လန့်ကြီးအိပ်ပျော်သွားခဲ့သည်။
အိပ်ယာနိုးတော့ ညနေသုံးနာရီထိုးနေချေပြီ။တောင်တွေဝန်းရံထားတဲ့ရွာလေးမို့ ညနေသုံးနာရီလောက်ဆို နေအရမ်းမပူတော့ပေ။လေနုအေးလေးတွေနှင့် နေလို့ကောင်းသောအချိန်ဖြစ်သည်။အိပ်ယာနိုးကာစဆိုတော့ နည်းနည်းမလန်းတာကြောင့် ရေချိုးပစ်လိုက်သည်။ရေချိုးပြီး အဝတ်အစားလဲတော့ ဗီရိုဘေးမှာထောင်ထားတဲ့ မတီးဖြစ်တာကြာပြီဖြစ်သော ဂစ်တာကိုတွေ့ရသည်။ဂစ်တာကို အိတ်ထဲမှထုတ်ကာ ကြိုးသေချာပြန်ညှိပြီး အသံစမ်းကာ ဂစ်တာကိုဆွဲပြီးခြံထဲဆင်းလာခဲ့သည်။အိမ်ရှေ့က ချယ်ရီပင်ကြီးအောက်ကခုံတန်းလေးမှာထိုင်ပြီး စိတ်ထဲမှာပေါ်လာသော သီချင်းတစ်ပုဒ်၏သံစဉ်တွေကို ဖြည်းဖြည်းချင်းတီးခတ်လိုက်သည်။ထို့နောက် အိမ်ရှေ့တောင်ကြာပေါ်ကဆင်းသောလမ်းလေးကိုငေးရင်း လွမ်းနေရသူကိုရည်ရွယ်၍ သီချင်းတစ်ပုဒ်ညည်းမိသည်။
"ဒီအချိန်ကိုရောက်ရင် တို့ နှစ်ယောက် အမြဲ တွေ့နေကျ...
ဒီ နေရာလေးမှာ တို့ နှစ်ယောက် လမ်း လျှောက်နေကျ..
အရာ ရာတိုင်းဟာ....မင်း..အကြောင်းနဲ့နွယ်ဆက်လာ....
ဘယ်သူ ကိုတွေ့တွေ့ မင်း အရိပ်ပဲ တွေ့မြင်လာ..
ဘာအသံ ကို ကြားကြား မင်း စကားပဲ ကြားယောင်လာ...
ဘယ်လိုနေရမလဲ ....မင်း မရှိတဲ့ ဒီဘဝမှာ....
မောင်..မနေတတ်ဘူး ယောင်ချာချာအရူးတပိုင်း ဖြစ်နေပြီ...
ဘာတွေပဲလုပ်လုပ် ဟာတာတာ..ရင်မှာ ကျန်နေမြဲ....
မောင်..မနေတတ်ဘူး...အတူနေစဉ်တုန်းကဘဝကိုပဲ...
ပြန်လည်...သတိရနေ..မောင်...မနေတတ်ဘူး...
မောင် မနေတတ်ဘူး....မောင်..မနေတတ်ဘူး..."
"အမလေး ကိုကြီးတို့ကတော့ ပိုပြီဟေ့ ခွဲရတာ တလလောက်လေးရှိသေးတာကိုနော် မောင် မနေတတ်ဘူးတွေလုပ်နေပြီ ခွန်းကို ဒီခေါ်ပေးရမလား ကိုကြီး"
သီချင်းမဆုံးခင် ရုတ်တရက်ရောက်လာသော မိုင်ငယ့်အသံကြာင့် ဂစ်တာကြိုးပေါ်ကလက်တို့ တွန့်သွားရသည်။နောင့်ခွန်း အရမ်းများပိုနေသလား ဒါပေမဲ့ တကယ်ကြီးလွမ်းပြီး တကယ်ကြီး မနေတတ်ဖြစ်နေတာကို နောင့်ခွန်းမညာပါဘူး။
^^တကယ် ဘာပဲလုပ်လုပ် စေကိုးအသံလေးတွေ စေကိုးပုံရိပ်လေးတွေမြင်နေတော့လည်း ခက်သား မောင် တကယ်မနေတတ်တော့ဘူး စေကိုးရယ်^^
------
မောင့်ကို အရမ်းလွမ်းနေတာကို မောင်က ခွန်းကို ဖုန်းလေးတစ်ချက်တောင်မဆက် တကယ်ကြီးအဆက်အသွယ်လုံးဝဖြတ်ထားတယ်။မောင့်ကိုစိတ်ပူနေရတဲ့ ဒီကောင်က ရူးမလိုပဲ ဒါပေမဲ့ မောင့်ကိုယုံတာကြောင့် အကုန်လုံးကိုအဆင်ပြေအောင် မောင်လုပ်နိုင်မယ်ဆိုတာ သိပါတယ်လေ။မောင့်သားတွေကလည်း သူတို့ Daddy စကားနားထောင်ကြတဲ့ကောင်တွေဆိုတော့ ခွန်းများအလုပ်ကပြန်တာနောက်ကျရင် စိတ်ကောက်ပြီး နှစ်ကောင်လုံးအနားတောင်မကပ်ကြတော့ဘူး သူတို့လည်း မောင့်ကိုလွမ်းနေကြပုံပင် ခွန်းပြန်လာပြီဆို ကားသံကြားတာနဲ့ မောင်များပါမလားဆိုတဲ့ပုံနဲ့ ဟိုရှာဒီရှာ လုပ်တတ်ကြသေးတာ။
"သားငယ် အပြင်မှာအေးနေပြီလေ အိမ်ထဲဝင်တော့"
"ဟုတ် လာပြီ မေမေ"
"ဘာလဲ အိမ်ပြင်မှာထိုင်ပြီး သားကြီးကိုလွမ်းနေတာလား"
"ဟာဗျာ မေမေကလည်း"
"မဟုတ်ဘူးပေါ့"
"ဟုတ်တယ် မေမေသိလား အဲ့လူကြီးက သားကိုဖုန်းလေးတစ်ချက်တောင်မဆက်ဘူး သားသူ့ကိုစိတ်ပူနေတယ်ဆိုတာ သိသိရက်နဲ့ သားကိုအဆက်အသွယ်ဖြတ်ထားတယ် အီးး ဟီးး ဟီးးး"
ခွန်း မေမေ့ကိုအစက ကပ်ချွဲရုံခါးကိုဖက်လိုက်ပေမဲ့ တကယ်တမ်းအဲ့လူကြီးအကြောင်းတွေပြောတော့ မျက်ရည်ကအလိုလိုကျလာပါလေရော။
"ဟယ် သားငယ်ရယ် မငိုနဲ့လေ သားကြီးသိရင်လည်း ဘယ်စိတ်ကောင်းမလဲ သူကသားကိုအရမ်းချစ်တာ သားလည်းသိတယ်မလား အခုလည်းသူ့အလုပ်တွေမအားသေးလို့နေမှာပါ သားငယ်လေးရယ် မငိုနဲ့တော့နော်"
"အီးးး ဟီးး ဟီးးး သူ့ဘာသာမျက်ရည်ကကျနေတာ မေမေရဲ့ သားငိုတာမဟုတ်ဘူး အီးးး "
"ဟာ ဘယ်လိုဖြစ်နေကြတာလဲ မေကြီး ...ပြန်ဝင်မလာပဲ ကြာနေလို့လိုက်လာတာ ဟိုကောင် မကြီးမငယ်နဲ့ ငိုမနေနဲ့"
"အီးး ဟီးး ဖေကြီးကပါ သားကိုအနိုင်ကျင့်တယ် အမလေး ဒီသားလေးတစ်ယောက်ရှိတာကို ဦးသူရစေ ရက်စက်လှချည်လား "
"ဟာ ဟိုကောင် ငါ့ကိုများ မင်းသေမယ် သေမယ် ငါနဲ့တွေ့မယ်"
"အို အစ်ကိုကလည်း ကလေးကို မစပါနဲ့တော့ သားငယ်လေး အိမ်ထဲဝင်တော့ သွား သွား အစ်ကိုကလည်း လာခဲ့ ချိုနဲ့ အတူတူဝင်မယ်"
"ဟုတ် မေမေ"
"ချို့ကြောင့် မင်းကံကောင်းသွားတယ်မှတ်ပါ"
"ဟဲ ဟဲ"
ကြည့်စမ်း အိမ်ထဲဝင်ခါနီးကို ဖအေဖြစ်သူကိုပြောင်ပြသွားသေးတယ်။လုံးဝသနားစရာမကောင်းတဲ့အကောင်။
------
ဒီနေ့ဟာ အဖွဲ့သားတွေရဲ့ သေနတ်ပစ်စွမ်းရည်ကို စမ်းသပ်မဲ့နေ့ဖြစ်သည်။ပစ်မှတ်အနီးအဝေး သတ်မှတ်ထားပေးသည်။သေနတ် အတိုအရှည် အကုန်အစုံချပေးထားသည်။ကြိုက်ရာ ရွေးယူလို့ရသည်ဆိုပေမဲ့ ဒီမှာချထားသမျှ အကုန်လုံးနဲ့တော့ပစ်ရမှာပင်။လူတိုင်းဟာ သူ့ထူးချွန်ရာဆိုတာရှိတယ်မလား တချို့က ရိုင်ဖယ်နဲ့ပိုတော်ပေမဲ့ ပစ္စတိုကိုမကျွမ်းကျင်တာမျိုး အဲ့လိုမျိုးရှိနိုင်သည့်အတွက် သူတို့ရဲ့ ကျွမ်းကျင်ရာကို အရင်ဆုံးစမ်းသပ်ခွင့်ပြုထားပြီးမှ ကျန်တဲ့အမျိုးအစားနဲ့နောက်ဆုံးမှစမ်းသပ်ခြင်းဖြစ်သည်။
သေနတ်ပစ် လေ့ကျင့်ခြင်းနဲ့စစ်ဆေးခြင်းဟာ သုံးရက်တိတိကြာမြင့်ပြီးနောက်တွင် အဖွဲ့သားတွေက 18 ယောက်သာကျန်တော့သည်။ထိုလူတွေကလည်း အထူးချွန်ဆုံးဆိုတာတွေကျန်ရှိနေခဲ့ခြင်းဖြစ်သည်။မျက်စိမှိတ်ပစ်ရင်တောင် ပစ်မှတ်ကိုမလွဲအောင်ပစ်နိုင်သည်အထိ ယုံကြည်စိတ်ချရသော သူတွေသာ ကျန်ရှိတော့သည်။လေပေါ်မှာ ပျံနေတဲ့ငှက်ကိုတောင် ထိအောင်ပစ်နိုင်တဲ့ကောင်က ငါးယောက်ပါသည်။
နောက်ထပ် သုံးရက်တိတိ သူတို့ကို စိတ်ကြိုက်သေနတ်ပစ်လေ့ကျင့်ခွင့်ပေးထားသည်။ကိုယ်ကြိုက်ရာအမျိုးအစား ကိုယ်ကျွမ်းကျင်ရာအမျိုးအစားနဲ့ ဆက်လက်လေ့ကျင့်ခိုင်းထားသည်။သေနတ်ပစ်ရာတွင် ပစ်မှတ်ကိုမလွဲစေရန် အရေးကြီးဆုံးက စိတ်တည်ငြိမ်မှုပင်ဖြစ်သည်။ပစ်မှတ်ကိုအာရုံစိုက်၍ပစ်နိုင်ရန် အသက်ရှုခြင်းလုပ်ငန်းစဉ်ကလည်း အရေးပါသည်။ထို့ကြောင့် စိတ်တည်ငြိမ်အောင်ဟု ဆိုကာ အသက်ရှုလေ့ကျင့်ခန်းလုပ်တဲ့သူ တရားထိုင်သည့်သူတွေလည်း ရှိသေးသည်။သူတို့ကိုစိတ်ကြိုက်လေ့ကျင့်ခွင့်ပေးထားတာဖြစ်သည့်အတွက် ကြိုက်ရာလေ့ကျင့်ပဲ နောင့်ခွန်းကဘာတစ်ခုမှဝင်မပြောပေမဲ့ နည်းလမ်းမှန်အောင် နည်းနည်းလိုက်ကြပ်မတ်ပေးတာလောက်သာလုပ်ပေးဖြစ်သည်။
သုံးရက်ကုန်လွန်ပြီးသွားချိန်တွင် တောင်စောင်းပေါ်သို့ ခေါ်သွားကာ အသံ၏လားရာကိုနားထောင်ပြီးရှာ၍ သေနတ်ပစ်ခြင်းကိုလေ့ကျင့်စေသည်။ဒီအဆင့်က လွယ်တယ်ထင်ရပေမဲ့ တကယ်တမ်းကခက်ခဲသည်။တောင်စောင်းဖြစ်သည့်အတွက် လေတိုက်နှုန်းကအရှိန်များသည့်အတွက် အသံဟာလည်းလေလမ်းကြောင်းပေါ်မူတည်၍ လားရာပြောင်းလဲသွားသည်။ထို့ကြောင့် အသံကြားတိုင်းပစ်လို့မရသည့်အခြေအနေဖြစ်သည်။သူတို့တွေက လွယ်လွယ်ကူကူတွေးထားခဲ့ကြပုံပင် ပထမစစ်ဆေးမှုတွင် တစ်ယောက်မှ ပစ်မှတ်မထိပေ။အဲ့ဒီ့အချိန်မှ အကုန်လုံးမလွယ်ကူမှန်းသိကာ အာရုံစိုက်နားထောင်ခြင်းကို တခါပြန်လေ့ကျင့်ပြီးမှ သူတို့ပစ်မှတ်တွေကိုထိအောင်ပစ်နိုင်ရန် ကြိုးစားကြတော့သည်။
နေ့မအား ညမနား ကျားကုတ်ကျားခဲကြိုးစားမှု၏ရလဒ်အဖြစ် လေးရက်အကြာတွင်အကုန်လုံးကဒီအဆင့်ကိုအောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပေမဲ့ ကံမကောင်းစွာ တစ်ယောက်ကပြင်းထန်စွာနေမကောင်းဖြစ်သွားသည့်အတွက် သူ့ကိုပင်မစခန်းသို့ပြန်ပို့ကာ ဆေးကုသမှုခံယူစေသည်။သူ့ကိုနောက်ထပ် စစ်ဆေးမှုကိုဝင်ပြိုင်စေချင်ပေမဲ့ မဖြစ်သာတဲ့အခြေအနေကြောင့် ထုတ်ပယ်လိုက်ရသည်။
သေနတ်ပစ်တတ်ရုံနဲ့မပြီးပဲ သေနတ်တစ်လက်လုံးကိုကိုယ်ကကောင်းစွာနားလည်နေမှ သေနတ်နှင့်ကိုယ်ဟာတသားတည်းကျမယ် လိုအပ်တဲ့အချိန်ကြိုက်တဲ့အချိန်မှာအလျင်မြန်ဆုံးနည်းဖြင့် ဖြုတ်တပ်နိုင်ရမည်ဟု ယူဆထားသော နောင့်ခွန်းရဲ့အယူအဆကြောင့် ကျန်ရှိနေတဲ့ကောင်တွေကို သေနတ်တစ်လက်လုံးအစအဆုံးဖြုတ်ပြီးတပ်ဆင်ခြင်းကို အချိန်မြန်မြန်ဖြင့်ပြီးနိုင်ရန်လေ့ကျင်ခိုင်းသည်။
စစ်ဆေးမှုတွေ အားလုံးကပြီးသလောက်ဖြစ်သွားချိန်တွင် ဒီအထူးအဖွဲ့သားတွေဟာလည်း စိတ်ဓာတ်ပိုင်းစစ်ဆေးစရာမလိုအောင်ကို အချင်းချင်းရိုင်းပင်းကူညီကြသည် တစ်ကိုယ်ကောင်းစိတ်ဓာတ်မရှိပြိုင်ပွဲအနိုင်အရှုံးရှိနေမှန်းသိတာတောင် တစ်ဖက်သားဒုက္ခရောက်နေရင် ကူညီဖေးမဖို့ ဝန်မလေးပေ။ထို့ကြောင့် သူတို့အတွက် စိတ်ဓာတ်စစ်ဆင်ရေးကို သီးသန့်မလုပ်တော့ပဲ အခုနောက်ဆုံးစစ်ဆေးမှုတွေဆီသို့ တိုက်ရိုက်စစ်ဆေးတော့မှာဖြစ်သည်။
"အခု မင်းတို့ရဲ့ နောက်ဆုံးစစ်ဆေးခြင်းကိုရောက်လာပြီ အခုကစပြီး ဘာပဲပြိုင်ပြိုင် အချိန်အကန့်အသတ်နဲ့ဖြစ်သွားပြီ အရင်ပြီးတာ နောက်ကျမှပြီးတာတွေမလိုဘူး ငါသတ်မှတ်ထားတဲ့အချိန်အတွင်းပြီးရင်ထုတ်ပယ်မခံရဘူး သတ်မှတ်ချိန်ကျော်လွန်ရင်တော့ တစ်စက္ကန်တောင်မရဘူး ထုတ်ပယ်ခြင်း ခံရမယ် နားလည်လား"
"ဟုတ်ကဲ့ နားလည်ပါတယ် ခေါင်းဆောင်"
"ဟုတ်ပြီ မနက်ဖြန် မနက်အစောမှစစ်ဆေးခြင်းစတင်မယ် ပြီးတော့ မင်းတို့ကိုပြောထားတဲ့ ဆုပေးဒဏ်ပေးစနစ်အစား နောက်ဆုံးအချိန်ထိ ကျန်နေခဲ့မဲ့လူတွေကို ခရီးစဉ်တစ်ခုလိုက်ပို့ဖို့ စီစဉ်ထားတယ် အင်း တစ်ခုထက်လည်းပိုချင်ပိုမှာပေါ့ မင်းတို့ကြိုးစားဖို့လိုမယ်"
"ဟေးးး ဝေးးး တကယ်လား ခေါင်းဆောင် ခရီးစဉ်ရှိတယ်ဆိုတာ မိုက်လိုက်တာ"
"အင်း တကယ်ပေါ့ အခုသွားနားကြတော့ မနက်ဖြန် မနက်အစောမှပြန်တွေ့ကြမယ်"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
နောက်တစ်ရက်မနက်အစော အလင်းရောင်ကောင်းစွာမရသေးချိန် တောင်ကြောပေါ်တွင် မြူတွေဆိုင်းပြီး နှင်းမှုန်စတွေနှင့်လေအေးတချို့တိုက်ခတ်နေပေမဲ့ အဖွဲ့သားတွေကတော့ချမ်းအေးခြင်းကို လျစ်လျူရှု၍သေနတ်ကိုယ်စီဖြင့်သတ်မှတ်ထားသော ပစ်မှတ်တွေကို အပြေးအလွှားရှာဖွေနေရသည်။45 min သာအချိန်ရှိတာမို့ အာရုံစူးစိုက်၍ မြူတွေကြားကပစ်မှတ်ကိုရှာနေရသည်။သတ်မှတ်ချိန်အပြီးတွင် နှစ်ယောက်ထုတ်ပယ်ခံလိုက်ရသည်။
နောက်တဆင့်က ရေတံခွန်အပေါ်မှ ရေစီးကြောင်းနဲ့အတူ အောက်သို့ခုန်ချရခြင်းဖြစ်သည်။ထို့နောက် ရေဆန်ကိုပြန်ကူးလာရခြင်းဖြစ်သည်။နောက်တစ်ခုက သစ်ပင်မှာချိတ်ဆွဲထားသော ပန်းသီးများကို ပေါက်ဓားဖြင့်ပစ်ရခြင်းဖြစ်သည်။နောက်ထပ် ကိုယ်မဲနှိုက်၍ကျသော သေနတ်ဖြင့် တနေရာတည်းမှာရှိသောပစ်မှတ်ကိုထိအောင်ပစ်ရခြင်း ဖြစ်သည်။နောက်ထပ် စစ်ဆေးမှုအချို့အပြီးတွင် နောက်ဆုံးစစ်ဆေးမှုအနေဖြင့် သေနတ်တပ်ဆင်ခြင်းကိုစစ်ဆေးသည်။ဘယ်သူအမြန်ဆုံးပြီးမလဲဆိုတာ stop watch ထားရှိပေးထားပြီး ကိုယ်တိုင်ကြည့်စေသည်။
နောက်ဆုံးစစ်ဆေးမှု အားလုံးပြီးသွားချိန်တွင် ဆယ်ယောက်သာကျန်ရှိတော့သည်။
"အခု မင်းတို့ဆယ်ယောက်က ပထမပါဝင်လာသူ 56 ယောက်ထဲမှာ နောက်ဆုံးချိန်ထိ မင်းတို့အရည်အချင်းတွေကြောင့် ကျန်ရှိခဲ့တဲ့သူတွေပဲ အခုကစပြီး ဟိုဘက်ကမ်းကအဖွဲ့ရဲ့ တာဝန်တွေဟာ မင်းတို့ပုခုံးပေါ်ကိုရောက်ရှိလာခဲ့ပြီ မင်းတို့အားလုံးကြိုးကြိုးစားစားနဲ့တာဝန်ထမ်းဆောင်မယ်လို့ ငါယုံကြည်တယ် ဒါကြောင့် ငါ့ရဲ့ယုံကြည်မှုကို အလေးထားပေးပါ"
"ဟုတ်ကဲ့ပါ ခေါင်းဆောင် ကျွန်တော်တို့ စိတ်မပျက်စေရပါဘူး ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ်"
"ဟုတ်ပြီ မင်းတို့လည်း ဒီနေ့ပင်ပန်းထားတာပဲ နားကြတော့ ငါလည်း အိမ်ပြန်ဦးမယ် မင်းတို့လည်း ပြန်လို့ရပြီ"
"ဟုတ်ကဲ့ ဒါနဲ့လေ ခေါင်းဆောင်"
"အင်း"
"ကျွန်တော်တို့အတွက် ခရီးစဉ်ဆိုတာကကော ဟဲ ဟဲ"
"သဘက်ခါမှာ သွားမယ် အဲ့ကြောင့် မနက်ဖြန် လိုအပ်တာတွေပြင်ဆင်ထားကြ"
"ရေးးး ရွှီးးး "
လက်ခေါက်မှုတ်သူတွေ လက်ခုပ်လက်ဝါးတီးကာပျော်ရွှင်နေသူတွေကို ကျောခိုင်းကာ နောင့်ခွန်းကတော့ အိမ်သို့သာပြန်ခဲ့သည်။
^မောင် ပြန်လာတော့မယ် စေကိုး^
အတွေးနဲ့အတူ နှုတ်ခမ်းပါးတို့က အလိုလိုပြုံးမိပြန်သည်။
Koe: သဲသဲကဲကဲတွေလာပါတော့မယ်ဗျာ
စကားမစပ် နှမတော်တို့အတွက် ရှမ်းကောင်လေးတွေ ထပ်ပါလာပြီနော်
24-2-2023
#PaingKoe 💛
ေနာင့္ခြန္း မနက္အိပ္ယာနိုးတာနဲ႕ မိုင္ငယ္ျပင္ေပးထားတဲ့ မနက္စာစားၿပီး စခန္းဘက္သို႔သာထြက္လာခဲ့သည္။ေနာင့္ခြန္းရဲ႕ ဆိုင္ကယ္ကိုမစီးေပမဲ့ အၿမဲတမ္းေဆးေပးထားပုံပင္ အိမ္ထဲကဂိုေထာင္ထဲမွာ ဒီအတိုင္းထားေပးထားတာမို႔ အဆင္သင့္ထုတ္စီးလာခဲ့သည္။
"ကဲ ကဲ လူစုမယ္ "
"ဟုတ္ ေခါင္းေဆာင္"
"ငါမင္းတို႔ကို ေျပာစရာရွိတယ္ အခုဟိုဘက္ကမ္းကအဖြဲ႕ကေကာင္ေတြဆို သိၿပီးသားျဖစ္မွာေပါ့ အခုငါတို႔အဖြဲ႕ကို လာတိုက္ခိုက္တဲ့အဖြဲ႕ရွိတယ္ သူတို႔အဖြဲ႕က တက္သစ္စအဖြဲ႕ေလးဆိုေပမဲ့ တိုက္ရည္ခိုက္ရည္ေတာ္ေတာ္ရွိတယ္ ဒါေပမဲ့ ငါတို႔အဖြဲ႕ကလူေဟာင္းေတြလို စနစ္က်ေနတာမဟုတ္ဘူး အဲ့တာေၾကာင့္ ဟိုဘက္ကမ္းကအဖြဲ႕ထဲကို အဖြဲ႕ခြဲေခါင္းေဆာင္အျဖစ္ ငါကဒီထဲကလူေ႐ြးၿပီး ေစလႊတ္ခ်င္တယ္ သြားခ်င္တဲ့သူေတြ ေရွ႕ထြက္လာခဲ့"
အေယာက္ႏွစ္ရာေက်ာ္ တန္းစီရပ္ေနရာမွ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ေနၾကသည္။ဒီလိုအခြင့္အေရးမ်ိဳးသူတို႔လက္မလြတ္ခ်င္ၾကမွန္းသိေပမဲ့ သူတို႔ကအဖြဲ႕ထဲကညီအစ္ကိုခ်င္းအရမ္းသစၥာရွိၾကသည္။ ထို႔ေၾကာင့္ သူတို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး သူတို႔ခ်င္းသာနားလည္ၾကသည့္ အၾကည့္မ်ိဳးျဖင့္ မင္းသြားလိုက္ငါသြားလိုက္ လုပ္ေနၾကတာ ေနာင့္ခြန္းသိတာေပါ့။ထို႔ေၾကာင့္ သူတို႔စဥ္းစားလို႔ရေအာင္ အခ်ိန္ခဏေပးလိုက္သည္။
"ငါ့စိတ္တိုင္းက် ေ႐ြးလႊတ္လို႔ရတဲ့သူေတြရွိေပမဲ့ ငါမင္းတို႔ဆႏၵအေလ်ာက္ေ႐ြးခ်ယ္ခြင့္ေပးခ်င္တယ္ အဲ့တာေၾကာင့္ ေသခ်ာစဥ္းစားၿပီးၿပီဆိုရင္ ေရွ႕ထြက္ခဲ့"
တျဖည္းျဖည္းခ်င္း ေရွ႕သို႔ထြက္လာၾကေလသည္။အကုန္လုံး 56 ေယာက္ရွိသည္။
"က်န္တဲ့သူေတြ မထြက္ေတာ့ဘူးဆို ကိုယ့္အလုပ္ကိုယ္သြားလုပ္လို႔ရၿပီ ဒီလူေတြကငါ့ေနာက္လိုက္ခဲ့"
"ဟုတ္ ေခါင္းေဆာင္"
56 ေယာက္က ေနာင့္ခြန္းနဲ႕အတူ ဂိုေထာင္တစ္ခုဆီသို႔လိုက္လာခဲ့သည္။
"မင္းတို႔ အားလုံးေလ့က်င့္ေရးဆင္းရမယ္ ျပင္းထန္တာလည္းရွိမယ္ ေပ်ာ့တာလည္းရွိမယ္ ၿပီးရင္ ဒီလူေတြအကုန္လုံးကို ငါေ႐ြးမာ္လို႔မဆိုလိုဘူး မင္းတို႔ေလ့က်င့္ေနတဲ့အခ်ိန္မွာ အခ်င္းခ်င္းၿပိဳင္ဆ္ုင္ရမွာေတြရွိမယ္ အဲ့အခ်ိန္မွာ ေနာက္က်က်န္ခဲ့တဲ့သူကို ငါကျဖဳတ္မွာပဲ"
"ဟုတ္ကဲ့ပါ ေခါင္းေဆာင္"
"ၿပီးေတာ့ မင္းတို႔အတြက္ ဆုေပးဒဏ္ေပးစနစ္ရွိမယ္ ေနာက္ဆုံးအထိက်န္ရစ္နိုင္မဲ့သူေတြအတြက္လည္း အခြင့္အေရးတစ္ခုရွိတယ္ အဲ့တာက အဲ့ခ်ိန္မွေျပာမယ္ ဒီေန႕ မင္းတို႔ပစၥည္းေတြသိမ္းလာခဲ့ မင္းတို႔နဲ႕ငါက ေတာင္ေၾကာဟိုဘက္က ကြင္းမွာ ေလ့က်င့္ေရးအတြက္ စခန္းသြင္းမွာမို႔ လိုအပ္တာေတြယူခဲ့ အခုခ်ိန္ ေနာက္ဆုံးခ်င္ရင္မွီေသးတယ္ေနာ္"
"ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ ေနာက္ကလိုက္မွာပါ"
"ဟုတ္ၿပီ ပစၥည္းေတြသိမ္းလာခဲ့ ဒီညေနေလ့က်င့္ေရးစမယ္"
"ဟုတ္ ေခါင္းေဆာင္"
သူႀတိဳအားလုံးထြက္သြားၿပီး ပစၥည္းေတြသြားသိမ္းၾကေတာ့မွ ေနာင့္ခြန္းလည္း စခန္းထဲကေျပာင္းလဲမႈအေျခအေနေတြလိုက္ၾကည့္ရသည္။မိုင္ငယ္ကအကုန္လုံးကိုအေကာင္းဆုံးလုပ္ထားနိုင္တာေတြ႕ရေတာ့ ညီမငယ္ကေနာင့္ခြန္းေလာင္းရိပ္ေအာက္ကေနမဟုတ္ပဲ သူ႕ဘာသာလုပ္နိုင္တဲ့အစြမ္းအစရွိေၾကာင္း အသိအမွတ္ျပဳမိသည္။
ေလ့က်င့္ေရးေတြ ခႏၶာကိုယ္ႀကံခိုင္မႈေတြထက္အေရးႀကီးဆုံးျဖစ္တဲ့ ကိုယ့္အသက္ကိုကယ္နိုင္မဲ့ အေရးေပၚနည္းလမ္းျဖစ္တဲ့ ေျပးနိုင္မွလြတ္မယ္ဆိုေသာ စကားအတိုင္း အဖြဲ႕သားေတြကို ညေနဆည္းဆာနဲ႕အၿပိဳင္ ေတာင္ေၾကာတဝိုက္တြင္ ေျပးခိုင္းထားသည္။သူတို႔ကို စမွတ္နဲ႕ဆုံးမွတ္ သတ္မွတ္ေပးထားၿပီး ငါးႀကိမ္ေျပးရမွာျဖစ္သည္။ငါးႀကိမ္လုံးအတြင္း ေနာက္ဆုံးက်န္ေသာ ဆယ္ေယာက္ကိုျပန္ၿပိဳင္ခိုင္းၿပီး ငါးေယာက္ထုတ္ပစ္မွာျဖစ္သည္။နည္းနည္းရက္စက္ရာက်ေပမဲ့ ၿပိဳင္ပြဲဆိုတည္းက အနိုင္နဲ႕အရႈံးေတာ့ရွိမွာပဲမဟုတ္လား။
ေနာက္တစ္ေန႕တြင္ သူတို႔၏ခႏၶာကိုယ္ႀကံခိုင္မႈကို စတင္စစ္ေဆးရသည္။ပုံစံထိုင္ခိုင္းကာ ဘယ္ေလာက္ထိေတာင့္ခံနိုင္သလဲဆိုတာ ေနာင့္ခြန္းက အခ်ိန္သတ္မွတ္ၿပီး ေစာင့္ၾကည့္ျခင္းျဖစ္သည္။ဒီတဆင့္ကေတာ့ ထုတ္ပယ္ျခင္းမရွိေပမဲ့ သတ္မွတ္အခ်ိန္အတိုင္းေနနိုင္ေအာင္ နည္းနည္းဖိအားေပးရတာေတာ့ရွိသည္။မနက္ပိုင္း စစ္ေဆးေရးအၿပီးတြင္ သူတို႔ကို နားခ်ိန္ေပးကာ ေနာင့္ခြန္းလည္း အိမ္ဘက္သို႔ခဏျပန္လာၿပီး လိုအပ္တာေတြလာယူရသည္။အစက သူတို႔နဲ႕အတူေနဖို႔ စိတ္ကူးမရွိေပမဲ့ အခုက်ၾကပ္ၾကပ္မတ္မတ္ေဘးကေနေလ့က်င့္ေပးနိုင္ရန္ ေနာင့္ခြန္းကိုယ္တိုင္ သူတို႔အတြက္သီးသန႔္လုပ္ေပးထားေသာ စခန္းတြင္သြားေနရန္ဆုံးျဖတ္လိုက္သည္။
ညစာကိုေတာ့ ပင္မစခန္းကေနပဲခ်က္ျပဳတ္ၿပီးလာပို႔ေပးတာကိုစားၾကရသည္။ေနာင့္ခြန္းလည္း အလုပ္ေတြသာဖိလုပ္ေနမိသည္ မဟုတ္ရင္ ေစကိုးကိုသတိရတဲ့စိတ္ေၾကာင့္ မႏၲေလးကိုျပန္ေျပးမိသြားလိမ့္မည္။
"ေဒါင္ ေဒါင္ ေဒါင္"
"ဟမ္ ဘာျဖစ္တာလဲ ဘာျဖစ္တာလဲ"
အကုန္အိပ္မႈန္စုံမႊားျဖင့္ထလာၿပီး ေျပးထြက္လာၾကသည္။
"ကဲ အကုန္လုံး အသင့္ျပင္ဖို႔ဆယ့္ငါးမိနစ္အခ်ိန္ေပးမယ္ ေလ့က်င့္ေရးရွိတယ္"
"ဗ်ာ အခုမွ မနက္သုံးနာရီပဲရွိေသးတယ္ေလ ေခါင္းေဆာင္"
"အခ်ိန္စၿပီ ေနာက္က်တဲ့ေကာင္ ငါ့ကိုအျပစ္မဆိုနဲ႕"
သူတို႔ေျပာတာ မၾကားခ်င္ေယာင္ေဆာင္ၿပီး ေနာင့္ခြန္းကသတိေပးစကားကိုသာဆိုလိုက္မွ အကုန္အျမန္အေျပးအလႊားလုပ္ၾကသည္။အခုဆို 51 ေယာက္သာက်န္ေတာ့သည္။ဒီေန႕ေလ့က်င့္ေရးကလည္း ျဖဳတ္ခံရတဲ့သူေတြရွိဦးမွာပဲ။
ေနာက္ထပ္ဆယ့္ငါးမိနစ္အၾကာတြင္ မနက္အလင္းေရာင္ေတာင္မေရာက္ေသးေသာျမဴႏွင္းေတြၾကားထဲ ေနာင့္ခြန္းကိုယ္တိုင္ဦးေဆာင္ကာ ေတာင္ေၾကာဝန္းက်င္တြင္ ရွမ္းရိုးရာသီခ်င္းတစ္ပုဒ္ကိုသီဆိုရင္းေျပးေနၾကသည္။မနက္ေသြးပူေလ့က်င့္ခန္းေပါ့။
မနက္ ေျခာက္နာရီေလာက္တြင္ေျပးျခင္းကိုအဆုံးသတ္ၿပီး ပင္မစခန္းမွလာပို႔ေသာ မနက္စာကိုစားၾကသည္။
"ဒီေန႕ ဆယ္နာရီမွာ တိုက္ခိုက္မႈအေျခခံကိုျပန္စစ္မယ္ မင္းတို႔အခုနားခ်ိန္ေပးတယ္"
"ဟုတ္ကဲ့ပါ ေခါင္းေဆာင္"
ေန႕လည္ဆယ္နာရီတြင္ ႏွစ္ေယာက္တြဲေလ့က်င့္မႈျဖင့္ တိုက္ခိုက္မႈပုံစံအေျခခံခိုင္မခိုင္ကိုစစ္ေဆးၿပီးေနာက္တြင္ သုံးေယာက္ထုတ္ပယ္ခံလိုက္ရသည္။ညေနေျခာက္နာရီမွ စစ္ေဆးျခင္းၿပီးဆုံးခဲ့သည္မို႔ နားခြင့္သာေပးလိုက္သည္။ပင္ပန္းေနမွာသိေပမဲ့ ညစာလာမပို႔ခိုင္းပဲ ေနာင့္ခြန္းကိုယ္တိုင္ပါအငတ္ခံကာ သူတို႔ရဲ႕အေရးေပၚအေျခအေနေပၚမူတည္ၿပီး အေမာခံနိုင္မႈ အဆာခံနိုင္မႈေတြကို တဆက္တည္းစမ္းသပ္ခဲ့သည္။
ေနာက္တစ္ရက္တြင္ ေတာင္ေစာင္းအေနာက္မွာရွိေသာ ေရတံခြန္ဆီသို႔ ေျပးခိုင္းကာ ေရတံခြန္ေအာက္က ေရေခ်ာင္းတြင္ ေရကူးၿပိဳင္ခိုင္းသည္။ေကာင္ေလးႏွစ္ေယာက္က ေရမကူးတတ္လို႔ ထုတ္ပစ္ခ်င္ေပမဲ့ သူတို႔ႏွစ္ေယာက္ကအရင္စစ္ေဆး မႈေတြမွာ အေျခအေနေတာ္ေတာ္ေကာင္းတဲ့လူေတြမို႔ သူတို႔ႏွစ္ေယာက္ကို ေရကူးသင္ေပးဖို႔အဖြဲ႕သားတစ္ေယာက္ကိုအကူအညီေတာင္းကာသင္ခိုင္းၿပီး က်န္လူေတြကိုေတာ့ ေရကူးၿပိဳင္တာကိုဆက္လက္ေစာင့္ၾကည့္ရသည္။ေရငုပ္နိုင္တာဘယ္ေလာက္ၾကာၾကာငုပ္နိုင္မလဲ ေရေအာက္မွာအသက္ေအာင့္ၿပီးၾကာၾကာေနနိုင္တဲ့အခ်ိန္ေတြကို တစ္ေယာက္စီေသခ်ာလိုက္မွတ္ၿပီး စမ္းသပ္သည္။အခုမွစသင္တဲ့ႏွစ္ေယာက္ကိုေတာ့ ေနာက္ရက္မွတစ္ခါျပန္စစ္ေဆးဖို႔ ဖယ္ထားလိုက္သည္။ဒီစစ္ေဆးမႈတြင္ ထုတ္ပယ္ျခင္းမရွိေပ။ေရထဲတြင္ ၾကာၾကာေနရင္ဖ်ားနာကုန္မွာစိုးရသည္ဆိုေပမဲ့ လိုအပ္တဲ့စစ္ေဆးမႈေတြေတာ့လုပ္ရမည္ေလ။ထို႔ေၾကာင့္ ညေနသုံးနာရီေလာက္မွ သီးသန႔္စခန္းသို႔ျပန္လာခဲ့သည္။
ၾကားရက္ေတြမွာေတာ့ ခႏၶာကိုယ္နဲ႕ပတ္သတ္တဲ့ေလ့က်င့္ခန္းေတြကိုမ်ားမ်ားခိုင္းၿပီး ႀကိဳးေတြနဲ႕တြယ္တက္တာေတြ အပင္အျမင့္တက္တာေတြကအစ တြားသြားတာ တန္းျမင့္ခုန္တာ သဲအိတ္ေတြကိုခါးမွာႀကိဳးနဲ႕ဆြဲၿပီးေျပးတာေတြအထိ ေလ့က်င့္ေပးခဲ့သည္။အခုဆို အဖြဲ႕သားေတြကထုတ္ပယ္ခံရမႈေတြေၾကာင့္ 25 ေယာက္သာက်န္ေတာ့သည္။
ဒီေန႕က ဓားေပါက္တာ ေလ့က်င့္ရမွာျဖစ္သည္။ပစ္မွတ္ေတြကို သစ္ပင္ေတြမွာခ်ိတ္ဆြဲေပးထားၿပီး ပစ္မွတ္ကိုကြက္တိျဖစ္ေစ အနီးစပ္ဆုံးျဖစ္ေစ ေပါက္ဓားျဖင့္လွမ္းေပါက္ရတာမ်ိဳးျဖစ္သည္။အကြာအေဝးက တစ္ခါၿပီးတိုင္း တစ္ခါတိုးသြားမွာျဖစ္သည္။ပထမအႀကိမ္ ကိုယ့္ေရွ႕က ငါးေပအကြာမွာရွိေသာ ပစ္မွတ္ကိုေပါက္ဓားျဖင့္ထိေအာင္ေပါက္ရမွာျဖစ္ၿပီး ေနာက္တစ္ခါမွာ ရွစ္ေပ ဆယ့္ႏွစ္ေပ စသျဖင့္တိုးသြားၿပီး ေနာက္ဆုံးေပႏွစ္ဆယ္အထိျဖစ္သည္။ဒီအဆင့္တြင္လည္း ထုတ္ပယ္ျခင္းရွိသည္မို႔ ေသခ်ာအာ႐ုံစူးစိုက္ၿပီးလုပ္နိုင္မွအဆင္ေျပမည္။
သူတို႔အတြက္ ေလ့က်င့္ေရးက တစ္လတိတိျပည့္သြားၿပီမို႔ ဒီေန႕ေတာ့ တစ္ရက္လုံးနားရက္ေပးကာ ေနာင့္ခြန္းကိုယ္တိုင္လည္း အိမ္သို႔ျပန္လာခဲ့သည္။မိုင္ငယ္ကေတာ့ ေနာင့္ခြန္းႀကိဳက္တတ္တဲ့ဟင္းေတြခ်က္ထားေပးသည္။မိုင္ငယ္ ဟင္းခ်က္ေနတုန္း ေယာက္ဖျဖစ္သူ လင္းဆက္နဲ႕ေနာင့္ခြန္းက လုပ္ငန္းအေၾကာင္းေတြ စကားစျမည္ေျပာျဖစ္ၾကသည္။
'တူေလးေတြတူမေလးေတြ လိုခ်င္ၿပီကြ 'လို႔ဆိုေတာ့ လင္းဆက္ကနား႐ြက္ဖ်ားေတြနီသည္အထိရွက္ေနသည္။
"ကိုႀကီး ပီအိုက္ကို ဘာေတြေျပာေနတာလဲ ပီအိုက္ကလည္း ေခါင္းငုံ႕ေနတာ အိမ္ၾကမ္းခင္းထဲဝင္သြားဦးမယ္"
"ကိုႀကီး တူေလးေတြ တူမေလးေတြ ဘယ္ေတာ့ခ်ီရမလဲ ေမးေနတာ"
"ဟာ ကိုႀကီး !!! "
"ဟားးး ဟားးး ဟားးး "
ညီမျဖစ္သူပါ အရွက္သည္းစြာ ဆူေအာင့္ေအာင့္ေလးေအာ္လာေတာ့ ေနာင့္ခြန္းမေနနိုင္ေတာ့ပဲ ေအာ္ရီမိေတာ့သည္။
"ေတာ္ေတာ့ မရီနဲ႕ေတာ့ အခုထမင္းစားၾကမယ္လာေခၚတာ "
"ဟုတ္ၿပီ ငါ့ညီမလက္ရာကို မစားရတာေတာင္ ၾကာေနၿပီ "
"ကိုႀကီးႀကိဳက္တာေတြအမ်ားႀကီးခ်က္ထားတယ္ လာ လာ"
ေန႕လည္စာစားၿပီးတဲ့အခ်ိန္မွာ လင္းဆက္က မိုင္ငယ့္ကိုပန္းကန္ေတြသိမ္းကူၿပီး ပန္းကန္ေဆးဖို႔ပါလုပ္ကူေနတာမို႔ ေနာင့္ခြန္းကိုယ့္အိပ္ခန္းထဲသို႔သာ ဝင္လာခဲ့လိုက္သည္။အျပင္က အခ်စ္ငွက္ႏွစ္ေကာင္ေၾကာင့္ ေနာင့္ခြန္းလည္း ေစကိုးကိုသတိရမိသြားသည္။အိပ္ခန္းထဲ ေဝ့ဝိုက္ၾကည့္မိေတာ့လည္း ေစကိုးရဲ႕အေငြ႕အသက္ေတြ ပုံရိပ္ေတြက ေနရာတိုင္းမွာေပၚလာရသည္။ဒီအခန္းထဲကေရာက္ခါစက ေၾကာက္ေနတဲ့ မဝံ့မရဲေကာင္ေလးရဲ႕ပုံေတြ ေနာင့္ခြန္းကိုေစာင့္ေပးမယ္ေျပာၿပီး သူကိုယ္တိုင္ဖ်ားသြားရတာေတြ ခ်စ္သူဘဝေရာက္ေတာ့လည္း အနိုင္က်င့္ဗိုလ္က်တတ္တဲ့ ေကာင္ဆိုးေလးရဲ႕ပုံရိပ္ေတြက အေတြးထဲမွာ တဝဲလည္လည္ေပၚလာျပန္သည္။
အခန္းထဲမွာ ထိုင္လိုက္ ကုတင္ေပၚတက္အိပ္လိုက္နဲ႕ ေစကိုးဆီ ဖုန္းေခၚရင္ေကာင္းမလား မေကာင္းမလားစဥ္းစားရင္းကေန ဘယ္လိုအိပ္ေပ်ာ္သြားသည္မသိ ကုတင္ေပၚမွာ ကန႔္လန႔္ႀကီးအိပ္ေပ်ာ္သြားခဲ့သည္။
အိပ္ယာနိုးေတာ့ ညေနသုံးနာရီထိုးေနေခ်ၿပီ။ေတာင္ေတြဝန္းရံထားတဲ့႐ြာေလးမို႔ ညေနသုံးနာရီေလာက္ဆို ေနအရမ္းမပူေတာ့ေပ။ေလႏုေအးေလးေတြႏွင့္ ေနလို႔ေကာင္းေသာအခ်ိန္ျဖစ္သည္။အိပ္ယာနိုးကာစဆိုေတာ့ နည္းနည္းမလန္းတာေၾကာင့္ ေရခ်ိဳးပစ္လိုက္သည္။ေရခ်ိဳးၿပီး အဝတ္အစားလဲေတာ့ ဗီရိုေဘးမွာေထာင္ထားတဲ့ မတီးျဖစ္တာၾကာၿပီျဖစ္ေသာ ဂစ္တာကိုေတြ႕ရသည္။ဂစ္တာကို အိတ္ထဲမွထုတ္ကာ ႀကိဳးေသခ်ာျပန္ညွိၿပီး အသံစမ္းကာ ဂစ္တာကိုဆြဲၿပီးၿခံထဲဆင္းလာခဲ့သည္။အိမ္ေရွ႕က ခ်ယ္ရီပင္ႀကီးေအာက္ကခုံတန္းေလးမွာထိုင္ၿပီး စိတ္ထဲမွာေပၚလာေသာ သီခ်င္းတစ္ပုဒ္၏သံစဥ္ေတြကို ျဖည္းျဖည္းခ်င္းတီးခတ္လိုက္သည္။ထို႔ေနာက္ အိမ္ေရွ႕ေတာင္ၾကာေပၚကဆင္းေသာလမ္းေလးကိုေငးရင္း လြမ္းေနရသူကိုရည္႐ြယ္၍ သီခ်င္းတစ္ပုဒ္ညည္းမိသည္။
"ဒီအခ်ိန္ကိုေရာက္ရင္ တို႔ ႏွစ္ေယာက္ အၿမဲ ေတြ႕ေနက်...
ဒီ ေနရာေလးမွာ တို႔ ႏွစ္ေယာက္ လမ္း ေလွ်ာက္ေနက်..
အရာ ရာတိုင္းဟာ....မင္း..အေၾကာင္းနဲ႕ႏြယ္ဆက္လာ....
ဘယ္သူ ကိုေတြ႕ေတြ႕ မင္း အရိပ္ပဲ ေတြ႕ျမင္လာ..
ဘာအသံ ကို ၾကားၾကား မင္း စကားပဲ ၾကားေယာင္လာ...
ဘယ္လိုေနရမလဲ ....မင္း မရွိတဲ့ ဒီဘဝမွာ....
ေမာင္..မေနတတ္ဘူး ေယာင္ခ်ာခ်ာအ႐ူးတပိုင္း ျဖစ္ေနၿပီ...
ဘာေတြပဲလုပ္လုပ္ ဟာတာတာ..ရင္မွာ က်န္ေနၿမဲ....
ေမာင္..မေနတတ္ဘူး...အတူေနစဥ္တုန္းကဘဝကိုပဲ...
ျပန္လည္...သတိရေန..ေမာင္...မေနတတ္ဘူး...
ေမာင္ မေနတတ္ဘူး....ေမာင္..မေနတတ္ဘူး..."
"အမေလး ကိုႀကီးတို႔ကေတာ့ ပိုၿပီေဟ့ ခြဲရတာ တလေလာက္ေလးရွိေသးတာကိုေနာ္ ေမာင္ မေနတတ္ဘူးေတြလုပ္ေနၿပီ ခြန္းကို ဒီေခၚေပးရမလား ကိုႀကီး"
သီခ်င္းမဆုံးခင္ ႐ုတ္တရက္ေရာက္လာေသာ မိုင္ငယ့္အသံၾကာင့္ ဂစ္တာႀကိဳးေပၚကလက္တို႔ တြန႔္သြားရသည္။ေနာင့္ခြန္း အရမ္းမ်ားပိုေနသလား ဒါေပမဲ့ တကယ္ႀကီးလြမ္းၿပီး တကယ္ႀကီး မေနတတ္ျဖစ္ေနတာကို ေနာင့္ခြန္းမညာပါဘူး။
^^တကယ္ ဘာပဲလုပ္လုပ္ ေစကိုးအသံေလးေတြ ေစကိုးပုံရိပ္ေလးေတြျမင္ေနေတာ့လည္း ခက္သား ေမာင္ တကယ္မေနတတ္ေတာ့ဘူး ေစကိုးရယ္^^
------
ေမာင့္ကို အရမ္းလြမ္းေနတာကို ေမာင္က ခြန္းကို ဖုန္းေလးတစ္ခ်က္ေတာင္မဆက္ တကယ္ႀကီးအဆက္အသြယ္လုံးဝျဖတ္ထားတယ္။ေမာင့္ကိုစိတ္ပူေနရတဲ့ ဒီေကာင္က ႐ူးမလိုပဲ ဒါေပမဲ့ ေမာင့္ကိုယုံတာေၾကာင့္ အကုန္လုံးကိုအဆင္ေျပေအာင္ ေမာင္လုပ္နိုင္မယ္ဆိုတာ သိပါတယ္ေလ။ေမာင့္သားေတြကလည္း သူတို႔ Daddy စကားနားေထာင္ၾကတဲ့ေကာင္ေတြဆိုေတာ့ ခြန္းမ်ားအလုပ္ကျပန္တာေနာက္က်ရင္ စိတ္ေကာက္ၿပီး ႏွစ္ေကာင္လုံးအနားေတာင္မကပ္ၾကေတာ့ဘူး သူတို႔လည္း ေမာင့္ကိုလြမ္းေနၾကပုံပင္ ခြန္းျပန္လာၿပီဆို ကားသံၾကားတာနဲ႕ ေမာင္မ်ားပါမလားဆိုတဲ့ပုံနဲ႕ ဟိုရွာဒီရွာ လုပ္တတ္ၾကေသးတာ။
"သားငယ္ အျပင္မွာေအးေနၿပီေလ အိမ္ထဲဝင္ေတာ့"
"ဟုတ္ လာၿပီ ေမေမ"
"ဘာလဲ အိမ္ျပင္မွာထိုင္ၿပီး သားႀကီးကိုလြမ္းေနတာလား"
"ဟာဗ်ာ ေမေမကလည္း"
"မဟုတ္ဘူးေပါ့"
"ဟုတ္တယ္ ေမေမသိလား အဲ့လူႀကီးက သားကိုဖုန္းေလးတစ္ခ်က္ေတာင္မဆက္ဘူး သားသူ႕ကိုစိတ္ပူေနတယ္ဆိုတာ သိသိရက္နဲ႕ သားကိုအဆက္အသြယ္ျဖတ္ထားတယ္ အီးး ဟီးး ဟီးးး"
ခြန္း ေမေမ့ကိုအစက ကပ္ခြၽဲ႐ုံခါးကိုဖက္လိုက္ေပမဲ့ တကယ္တမ္းအဲ့လူႀကီးအေၾကာင္းေတြေျပာေတာ့ မ်က္ရည္ကအလိုလိုက်လာပါေလေရာ။
"ဟယ္ သားငယ္ရယ္ မငိုနဲ႕ေလ သားႀကီးသိရင္လည္း ဘယ္စိတ္ေကာင္းမလဲ သူကသားကိုအရမ္းခ်စ္တာ သားလည္းသိတယ္မလား အခုလည္းသူ႕အလုပ္ေတြမအားေသးလို႔ေနမွာပါ သားငယ္ေလးရယ္ မငိုနဲ႕ေတာ့ေနာ္"
"အီးးး ဟီးး ဟီးးး သူ႕ဘာသာမ်က္ရည္ကက်ေနတာ ေမေမရဲ႕ သားငိုတာမဟုတ္ဘူး အီးးး "
"ဟာ ဘယ္လိုျဖစ္ေနၾကတာလဲ ေမႀကီး ...ျပန္ဝင္မလာပဲ ၾကာေနလို႔လိုက္လာတာ ဟိုေကာင္ မႀကီးမငယ္နဲ႕ ငိုမေနနဲ႕"
"အီးး ဟီးး ေဖႀကီးကပါ သားကိုအနိုင္က်င့္တယ္ အမေလး ဒီသားေလးတစ္ေယာက္ရွိတာကို ဦးသူရေစ ရက္စက္လွခ်ည္လား "
"ဟာ ဟိုေကာင္ ငါ့ကိုမ်ား မင္းေသမယ္ ေသမယ္ ငါနဲ႕ေတြ႕မယ္"
"အို အစ္ကိုကလည္း ကေလးကို မစပါနဲ႕ေတာ့ သားငယ္ေလး အိမ္ထဲဝင္ေတာ့ သြား သြား အစ္ကိုကလည္း လာခဲ့ ခ်ိဳနဲ႕ အတူတူဝင္မယ္"
"ဟုတ္ ေမေမ"
"ခ်ိဳ႕ေၾကာင့္ မင္းကံေကာင္းသြားတယ္မွတ္ပါ"
"ဟဲ ဟဲ"
ၾကည့္စမ္း အိမ္ထဲဝင္ခါနီးကို ဖေအျဖစ္သူကိုေျပာင္ျပသြားေသးတယ္။လုံးဝသနားစရာမေကာင္းတဲ့အေကာင္။
------
ဒီေန႕ဟာ အဖြဲ႕သားေတြရဲ႕ ေသနတ္ပစ္စြမ္းရည္ကို စမ္းသပ္မဲ့ေန႕ျဖစ္သည္။ပစ္မွတ္အနီးအေဝး သတ္မွတ္ထားေပးသည္။ေသနတ္ အတိုအရွည္ အကုန္အစုံခ်ေပးထားသည္။ႀကိဳက္ရာ ေ႐ြးယူလို႔ရသည္ဆိုေပမဲ့ ဒီမွာခ်ထားသမွ် အကုန္လုံးနဲ႕ေတာ့ပစ္ရမွာပင္။လူတိုင္းဟာ သူ႕ထူးခြၽန္ရာဆိုတာရွိတယ္မလား တခ်ိဳ႕က ရိုင္ဖယ္နဲ႕ပိုေတာ္ေပမဲ့ ပစၥတိုကိုမကြၽမ္းက်င္တာမ်ိဳး အဲ့လိုမ်ိဳးရွိနိုင္သည့္အတြက္ သူတို႔ရဲ႕ ကြၽမ္းက်င္ရာကို အရင္ဆုံးစမ္းသပ္ခြင့္ျပဳထားၿပီးမွ က်န္တဲ့အမ်ိဳးအစားနဲ႕ေနာက္ဆုံးမွစမ္းသပ္ျခင္းျဖစ္သည္။
ေသနတ္ပစ္ ေလ့က်င့္ျခင္းနဲ႕စစ္ေဆးျခင္းဟာ သုံးရက္တိတိၾကာျမင့္ၿပီးေနာက္တြင္ အဖြဲ႕သားေတြက 18 ေယာက္သာက်န္ေတာ့သည္။ထိုလူေတြကလည္း အထူးခြၽန္ဆုံးဆိုတာေတြက်န္ရွိေနခဲ့ျခင္းျဖစ္သည္။မ်က္စိမွိတ္ပစ္ရင္ေတာင္ ပစ္မွတ္ကိုမလြဲေအာင္ပစ္နိုင္သည္အထိ ယုံၾကည္စိတ္ခ်ရေသာ သူေတြသာ က်န္ရွိေတာ့သည္။ေလေပၚမွာ ပ်ံေနတဲ့ငွက္ကိုေတာင္ ထိေအာင္ပစ္နိုင္တဲ့ေကာင္က ငါးေယာက္ပါသည္။
ေနာက္ထပ္ သုံးရက္တိတိ သူတို႔ကို စိတ္ႀကိဳက္ေသနတ္ပစ္ေလ့က်င့္ခြင့္ေပးထားသည္။ကိုယ္ႀကိဳက္ရာအမ်ိဳးအစား ကိုယ္ကြၽမ္းက်င္ရာအမ်ိဳးအစားနဲ႕ ဆက္လက္ေလ့က်င့္ခိုင္းထားသည္။ေသနတ္ပစ္ရာတြင္ ပစ္မွတ္ကိုမလြဲေစရန္ အေရးႀကီးဆုံးက စိတ္တည္ၿငိမ္မႈပင္ျဖစ္သည္။ပစ္မွတ္ကိုအာ႐ုံစိုက္၍ပစ္နိုင္ရန္ အသက္ရႈျခင္းလုပ္ငန္းစဥ္ကလည္း အေရးပါသည္။ထို႔ေၾကာင့္ စိတ္တည္ၿငိမ္ေအာင္ဟု ဆိုကာ အသက္ရႈေလ့က်င့္ခန္းလုပ္တဲ့သူ တရားထိုင္သည့္သူေတြလည္း ရွိေသးသည္။သူတို႔ကိုစိတ္ႀကိဳက္ေလ့က်င့္ခြင့္ေပးထားတာျဖစ္သည့္အတြက္ ႀကိဳက္ရာေလ့က်င့္ပဲ ေနာင့္ခြန္းကဘာတစ္ခုမွဝင္မေျပာေပမဲ့ နည္းလမ္းမွန္ေအာင္ နည္းနည္းလိုက္ၾကပ္မတ္ေပးတာေလာက္သာလုပ္ေပးျဖစ္သည္။
သုံးရက္ကုန္လြန္ၿပီးသြားခ်ိန္တြင္ ေတာင္ေစာင္းေပၚသို႔ ေခၚသြားကာ အသံ၏လားရာကိုနားေထာင္ၿပီးရွာ၍ ေသနတ္ပစ္ျခင္းကိုေလ့က်င့္ေစသည္။ဒီအဆင့္က လြယ္တယ္ထင္ရေပမဲ့ တကယ္တမ္းကခက္ခဲသည္။ေတာင္ေစာင္းျဖစ္သည့္အတြက္ ေလတိုက္ႏႈန္းကအရွိန္မ်ားသည့္အတြက္ အသံဟာလည္းေလလမ္းေၾကာင္းေပၚမူတည္၍ လားရာေျပာင္းလဲသြားသည္။ထို႔ေၾကာင့္ အသံၾကားတိုင္းပစ္လို႔မရသည့္အေျခအေနျဖစ္သည္။သူတို႔ေတြက လြယ္လြယ္ကူကူေတြးထားခဲ့ၾကပုံပင္ ပထမစစ္ေဆးမႈတြင္ တစ္ေယာက္မွ ပစ္မွတ္မထိေပ။အဲ့ဒီ့အခ်ိန္မွ အကုန္လုံးမလြယ္ကူမွန္းသိကာ အာ႐ုံစိုက္နားေထာင္ျခင္းကို တခါျပန္ေလ့က်င့္ၿပီးမွ သူတို႔ပစ္မွတ္ေတြကိုထိေအာင္ပစ္နိုင္ရန္ ႀကိဳးစားၾကေတာ့သည္။
ေန႕မအား ညမနား က်ားကုတ္က်ားခဲႀကိဳးစားမႈ၏ရလဒ္အျဖစ္ ေလးရက္အၾကာတြင္အကုန္လုံးကဒီအဆင့္ကိုေအာင္ျမင္စြာျဖတ္ေက်ာ္နိုင္ခဲ့ေပမဲ့ ကံမေကာင္းစြာ တစ္ေယာက္ကျပင္းထန္စြာေနမေကာင္းျဖစ္သြားသည့္အတြက္ သူ႕ကိုပင္မစခန္းသို႔ျပန္ပို႔ကာ ေဆးကုသမႈခံယူေစသည္။သူ႕ကိုေနာက္ထပ္ စစ္ေဆးမႈကိုဝင္ၿပိဳင္ေစခ်င္ေပမဲ့ မျဖစ္သာတဲ့အေျခအေနေၾကာင့္ ထုတ္ပယ္လိုက္ရသည္။
ေသနတ္ပစ္တတ္႐ုံနဲ႕မၿပီးပဲ ေသနတ္တစ္လက္လုံးကိုကိုယ္ကေကာင္းစြာနားလည္ေနမွ ေသနတ္ႏွင့္ကိုယ္ဟာတသားတည္းက်မယ္ လိုအပ္တဲ့အခ်ိန္ႀကိဳက္တဲ့အခ်ိန္မွာအလ်င္ျမန္ဆုံးနည္းျဖင့္ ျဖဳတ္တပ္နိုင္ရမည္ဟု ယူဆထားေသာ ေနာင့္ခြန္းရဲ႕အယူအဆေၾကာင့္ က်န္ရွိေနတဲ့ေကာင္ေတြကို ေသနတ္တစ္လက္လုံးအစအဆုံးျဖဳတ္ၿပီးတပ္ဆင္ျခင္းကို အခ်ိန္ျမန္ျမန္ျဖင့္ၿပီးနိုင္ရန္ေလ့က်င္ခိုင္းသည္။
စစ္ေဆးမႈေတြ အားလုံးကၿပီးသေလာက္ျဖစ္သြားခ်ိန္တြင္ ဒီအထူးအဖြဲ႕သားေတြဟာလည္း စိတ္ဓာတ္ပိုင္းစစ္ေဆးစရာမလိုေအာင္ကို အခ်င္းခ်င္းရိုင္းပင္းကူညီၾကသည္ တစ္ကိုယ္ေကာင္းစိတ္ဓာတ္မရွိၿပိဳင္ပြဲအနိုင္အရႈံးရွိေနမွန္းသိတာေတာင္ တစ္ဖက္သားဒုကၡေရာက္ေနရင္ ကူညီေဖးမဖို႔ ဝန္မေလးေပ။ထို႔ေၾကာင့္ သူတို႔အတြက္ စိတ္ဓာတ္စစ္ဆင္ေရးကို သီးသန႔္မလုပ္ေတာ့ပဲ အခုေနာက္ဆုံးစစ္ေဆးမႈေတြဆီသို႔ တိုက္ရိုက္စစ္ေဆးေတာ့မွာျဖစ္သည္။
"အခု မင္းတို႔ရဲ႕ ေနာက္ဆုံးစစ္ေဆးျခင္းကိုေရာက္လာၿပီ အခုကစၿပီး ဘာပဲၿပိဳင္ၿပိဳင္ အခ်ိန္အကန႔္အသတ္နဲ႕ျဖစ္သြားၿပီ အရင္ၿပီးတာ ေနာက္က်မွၿပီးတာေတြမလိုဘူး ငါသတ္မွတ္ထားတဲ့အခ်ိန္အတြင္းၿပီးရင္ထုတ္ပယ္မခံရဘူး သတ္မွတ္ခ်ိန္ေက်ာ္လြန္ရင္ေတာ့ တစ္စကၠန္ေတာင္မရဘူး ထုတ္ပယ္ျခင္း ခံရမယ္ နားလည္လား"
"ဟုတ္ကဲ့ နားလည္ပါတယ္ ေခါင္းေဆာင္"
"ဟုတ္ၿပီ မနက္ျဖန္ မနက္အေစာမွစစ္ေဆးျခင္းစတင္မယ္ ၿပီးေတာ့ မင္းတို႔ကိုေျပာထားတဲ့ ဆုေပးဒဏ္ေပးစနစ္အစား ေနာက္ဆုံးအခ်ိန္ထိ က်န္ေနခဲ့မဲ့လူေတြကို ခရီးစဥ္တစ္ခုလိုက္ပို႔ဖို႔ စီစဥ္ထားတယ္ အင္း တစ္ခုထက္လည္းပိုခ်င္ပိုမွာေပါ့ မင္းတို႔ႀကိဳးစားဖို႔လိုမယ္"
"ေဟးးး ေဝးးး တကယ္လား ေခါင္းေဆာင္ ခရီးစဥ္ရွိတယ္ဆိုတာ မိုက္လိုက္တာ"
"အင္း တကယ္ေပါ့ အခုသြားနားၾကေတာ့ မနက္ျဖန္ မနက္အေစာမွျပန္ေတြ႕ၾကမယ္"
"ဟုတ္ကဲ့ပါ ေခါင္းေဆာင္"
ေနာက္တစ္ရက္မနက္အေစာ အလင္းေရာင္ေကာင္းစြာမရေသးခ်ိန္ ေတာင္ေၾကာေပၚတြင္ ျမဴေတြဆိုင္းၿပီး ႏွင္းမႈန္စေတြႏွင့္ေလေအးတခ်ိဳ႕တိုက္ခတ္ေနေပမဲ့ အဖြဲ႕သားေတြကေတာ့ခ်မ္းေအးျခင္းကို လ်စ္လ်ဴရႈ၍ေသနတ္ကိုယ္စီျဖင့္သတ္မွတ္ထားေသာ ပစ္မွတ္ေတြကို အေျပးအလႊားရွာေဖြေနရသည္။45 min သာအခ်ိန္ရွိတာမို႔ အာ႐ုံစူးစိုက္၍ ျမဴေတြၾကားကပစ္မွတ္ကိုရွာေနရသည္။သတ္မွတ္ခ်ိန္အၿပီးတြင္ ႏွစ္ေယာက္ထုတ္ပယ္ခံလိုက္ရသည္။
ေနာက္တဆင့္က ေရတံခြန္အေပၚမွ ေရစီးေၾကာင္းနဲ႕အတူ ေအာက္သို႔ခုန္ခ်ရျခင္းျဖစ္သည္။ထို႔ေနာက္ ေရဆန္ကိုျပန္ကူးလာရျခင္းျဖစ္သည္။ေနာက္တစ္ခုက သစ္ပင္မွာခ်ိတ္ဆြဲထားေသာ ပန္းသီးမ်ားကို ေပါက္ဓားျဖင့္ပစ္ရျခင္းျဖစ္သည္။ေနာက္ထပ္ ကိုယ္မဲႏွိုက္၍က်ေသာ ေသနတ္ျဖင့္ တေနရာတည္းမွာရွိေသာပစ္မွတ္ကိုထိေအာင္ပစ္ရျခင္း ျဖစ္သည္။ေနာက္ထပ္ စစ္ေဆးမႈအခ်ိဳ႕အၿပီးတြင္ ေနာက္ဆုံးစစ္ေဆးမႈအေနျဖင့္ ေသနတ္တပ္ဆင္ျခင္းကိုစစ္ေဆးသည္။ဘယ္သူအျမန္ဆုံးၿပီးမလဲဆိုတာ stop watch ထားရွိေပးထားၿပီး ကိုယ္တိုင္ၾကည့္ေစသည္။
ေနာက္ဆုံးစစ္ေဆးမႈ အားလုံးၿပီးသြားခ်ိန္တြင္ ဆယ္ေယာက္သာက်န္ရွိေတာ့သည္။
"အခု မင္းတို႔ဆယ္ေယာက္က ပထမပါဝင္လာသူ 56 ေယာက္ထဲမွာ ေနာက္ဆုံးခ်ိန္ထိ မင္းတို႔အရည္အခ်င္းေတြေၾကာင့္ က်န္ရွိခဲ့တဲ့သူေတြပဲ အခုကစၿပီး ဟိုဘက္ကမ္းကအဖြဲ႕ရဲ႕ တာဝန္ေတြဟာ မင္းတို႔ပုခုံးေပၚကိုေရာက္ရွိလာခဲ့ၿပီ မင္းတို႔အားလုံးႀကိဳးႀကိဳးစားစားနဲ႕တာဝန္ထမ္းေဆာင္မယ္လို႔ ငါယုံၾကည္တယ္ ဒါေၾကာင့္ ငါ့ရဲ႕ယုံၾကည္မႈကို အေလးထားေပးပါ"
"ဟုတ္ကဲ့ပါ ေခါင္းေဆာင္ ကြၽန္ေတာ္တို႔ စိတ္မပ်က္ေစရပါဘူး ေပးအပ္တဲ့တာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ပါမယ္"
"ဟုတ္ၿပီ မင္းတို႔လည္း ဒီေန႕ပင္ပန္းထားတာပဲ နားၾကေတာ့ ငါလည္း အိမ္ျပန္ဦးမယ္ မင္းတို႔လည္း ျပန္လို႔ရၿပီ"
"ဟုတ္ကဲ့ ဒါနဲ႕ေလ ေခါင္းေဆာင္"
"အင္း"
"ကြၽန္ေတာ္တို႔အတြက္ ခရီးစဥ္ဆိုတာကေကာ ဟဲ ဟဲ"
"သဘက္ခါမွာ သြားမယ္ အဲ့ေၾကာင့္ မနက္ျဖန္ လိုအပ္တာေတြျပင္ဆင္ထားၾက"
"ေရးးး ႐ႊီးးး "
လက္ေခါက္မႈတ္သူေတြ လက္ခုပ္လက္ဝါးတီးကာေပ်ာ္႐ႊင္ေနသူေတြကို ေက်ာခိုင္းကာ ေနာင့္ခြန္းကေတာ့ အိမ္သို႔သာျပန္ခဲ့သည္။
^ေမာင္ ျပန္လာေတာ့မယ္ ေစကိုး^
အေတြးနဲ႕အတူ ႏႈတ္ခမ္းပါးတို႔က အလိုလိုၿပဳံးမိျပန္သည္။
Koe: သဲသဲကဲကဲေတြလာပါေတာ့မယ္ဗ်ာ
စကားမစပ္ ႏွမေတာ္တို႔အတြက္ ရွမ္းေကာင္ေလးေတြ ထပ္ပါလာၿပီေနာ္
24-2-2023
#PaingKoe 💛