Part - 1

57.3K 3.5K 328
                                    

Unicode

"တူ...တူ...တူ..တူ..တူ...."

တဖက်ကဖုန်းကဝင်နေရက်နဲ့မကိုင် ခွန်းပိုစိတ်တိုလာသည်။
နောက်တခေါက်.....

"တူ..တူ..တူ......."

"Hello"

"အေး Hello နေ မင်းကိုငါခေါ်နေတာကြာနေပြီ ဘယ်သွားသေနေလို့ ခုမှလာကိုင်တာလဲ ဟမ်"

"ဟာ ဟျောင့် မင်းကလည်းစိတ်ချည်းပဲ ငါလည်းစောနကမှခြံထဲကပြန်ရောက်တာကွ မင်းတို့မြို့ပေါ်ကကောင်တေလို အားယားနေတာမဟုတ်ဘူး"

သူငယ်ချင်းအချင်းချင်းအကြောင်းသိတေဆိုတော့ ဟိုကောင်ကလည်းငြိမ်မခံ ခွန်းကို‌ပြန်အော်သည်။

"မင်းအဖေငါနားမကန်းသေးဘူး တိုးတိုးပြောမအော်နဲ့"

"ဟာ ခွန်း မင်းကအရင်လာအော်တာလေ ငါ့ကို "

"တော်တန်တိတ် ငါပြောတာနားထောင် ငါတောင်ကြီးလာနေမှာမို့ မင်းအချိန်ရရင်ငါ့ကိုလာတွေ့ မဟုတ်သေးဘူး အချိန်မရလည်း လာတွေ့ရမယ် ဒီသူငယ်ချင်းလေးပဲရှိတာကို မင်းကျောင်းပြီးလို့ပြန်သွားတည်းက ငါ့ကိုပစ်ထားတာလေ လာတွေ့ကိုတွေ့ရမယ် ဒါပဲ"

"အေးပါကွာ လာတွေ့ပါ့မယ် တောင်ကြီးမှာမင်းအဒေါ်တေအိမ်မှာပဲနေမှာမလား"

"အေး လာမဲ့အချိန် ငါ့ကိုဖုန်းဆက်လိုက် "

"ခွန်းမင်းအိမ်နဲ့ရန်ဖြစ်လာပြန်ပြီလား "

"အင်း တွေ့မှပြောမယ်ကွာ မင်းသိချင်ငါ့ကိုလာတွေ့လှည့် တိုင်ပင်စရာလဲရှိတယ်မင်းကို ဒါပဲ ငါကားပေါ်တက်တော့မယ် Bye"

"ဟေ့ကောင် ဟေ့ ဟေ့ "

ဟိုကောင်ဘာဆက်ပြောချင်သည်မသိ ခွန်းကတော့ဆက်နားမထောင်ချင်လို့ ဖုန်းချပစ်လိုက်သည်။

မန္တလေးကားကြီးကွင်းကနေ တောင်ကြီးတက်မဲ့ကားလေးဟာတငြိမ့်ငြိမ့်နဲ့ထွက်ခွာလာခဲ့လေပြီ။

ခွန်းကတော့အတွေးတေများနေဆဲ ညကားဖြစ်ပေမဲ့ ခွန်းအိပ်မပျော်နိုင်ပါ။
ခွန်းအိမ်နဲ့စိတ်ဆိုးလာတာမို့ အတွေးတွေများနေသည် ခုချိန် ခွန်းဘာမှမတွေးချင်သေးပါ မျက်လုံးအသာမှိတ်ပီး အိပ်​ပျော်ရန် ကြိုးစားသော်လည်းခွန်းအိပ်မပျော်နိုင်ပါ...

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Onde histórias criam vida. Descubra agora