နှုတ်ဆက်စကား နှင့် ကြေညာချက်တခု

3.4K 234 33
                                    

ကဲ အခု တကယ်ပြီးသွားပါပြီ

ရှမ်းဘဲကြီး နဲ့ မန္တလေးသားလေးတို့ရဲ့ အချစ်ခရီးမှာလိုက်ပါစီးမျှောဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကိုး နဲ့ ပိုင် က ကျေးဇူးအထူးတင်ရှိပါတယ်။

အတွေ့အကြုံမရှိတဲ့ စာဖတ်သူလေးနှစ်ဦးရဲ့ ပထမဆုံးဖန်တီးမှုလေးကို ဒီလိုမျိုးချစ်ခင်ပေးတဲ့အတွက် ဝမ်းသာမိပါတယ်။

စစရေးတုန်းကဆို 25 Viewers ပဲရှိခဲ့ပြီး ကိုယ့်ဘာသာရေး ကိုယ့်ဘာသာဖတ် ဘဝ ဖြစ်တော့မယ်ထင်ခဲ့တာ

အချိန်တွေကုန်ဆုံးခဲ့တာက ခဏလေးလိုပဲနော် ရီဒါဘိန်းပန်းတို့ရော ကုန်ဆုံးသွားတဲ့အချိန်ကာလအတွင်းမှာ ဘာတွေပြောင်းလဲသွားခဲ့ကြပြီလဲ

ကိုး ဗေဒင်ပညာကို နဲနဲပါးပါးလေ့လာဖူးတယ် လူတွေရဲ့ ကံ က အကောင်း ၄နှစ် ၊ အဆိုး ၄နှစ် တလှည့်စီဖြစ်ပျက်နေတာ တဲ့ ။ ဒါကြောင့် ကိုယ့်ကိုကိုယ်ကံဆိုးနေတယ်လို့ခံစားရရင် အားမငယ်ပါနဲ့ ဝမ်းမနည်းပါနဲ့..... လက်ရှိက အဆိုး ၄နှစ်ထဲ ကျရောက်နေလို့ပါဆိုပြီး ကိုယ့်ကိုကိုယ်ပြန်နှစ်သိမ့်လိုက်ပါနော်

ကုန်ဆုံးသွားတဲ့အချိန်ကာလအတွင်းမှာပိတ်မိမနေပဲ ရှေ့ဆက်လျှောက်ရမယ့်အနာဂတ်အတွက် အားတင်းပြီးအကောင်းဆုံးကြိုးစားကြပါ ထင်သလောက်မဖြစ်ခဲ့ရင်တောင် အနည်းဆုံးတော့ ငါအကောင်းဆုံးကြိုးစားခဲ့တာပဲ ဆိုပြီးဖြေသိမ့်လို့ရတယ်လေ

တခုခုကြောင့် ဝမ်းနည်းပြီးအရမ်းပင်ပန်းနေရရင် ရင်ဖွင့်စရာနေရာလိုအပ်ခဲ့ရင် ဒီဖရဲသီး ဆီကိုလာခဲ့ပါ
ကိုးရဲ့ Wp Chatbox မှာ လာပြောနိုင်ပါတယ် ဖရဲသီးလေးရဲ့ နှစ်သိမ့်နိုင်စွမ်းကိုယုံကြည်တယ်မလား ဟဲဟဲ 🤭

ပြီးတော့ ကိုး တခုပြောစရာရှိပါတယ်

ရှမ်းအိုးစည်နှင့် မန္တလေးသား ၊ Fiend
အဲ့ Fic နှစ်ပုဒ်ကို ပိုင် နဲ့ ကိုးက အတူရေးခဲ့ကြတာကိုသိတယ်မလား

အခု ပိုင် က အကြောင်းအမျိုးမျိုးကြောင့် စာဆက်မရေးနိုင်တော့ပါဘူး။
ဝမ်းနည်းစရာပဲမလား

ဒါပေမဲ့ ပိုင့်ဘက်ကိုလဲ ကြည့်ပေးရမယ်လေ သူအဆင်မပြေတာကို အတင်းအကျပ်သွား မ​ပြောရဘူးနော်

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Tahanan ng mga kuwento. Tumuklas ngayon