မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သေ...

By Dia_Vella

10.1K 496 85

သွန်းဆက်မြိုင် : ''မောင် မ' ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေ... More

Part1
Character မိတ်ဆက်
Part 2
Part3
Part_4
Part_5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-13
Part-14
Part-15
Part-16
Part-18

Part-12

426 19 6
By Dia_Vella

[Unicode]

"သွန်းမ ငါလာတယ်''

"အယ် မိသော်ဘယ်လိုမျက်စိလည်လာတာလည်း''

မြိုင့်ဆီမရောက်တာ ကြာပြီဖြစ်သောကြောင့် မီမီသော်အား မေးလိုက်ခြင်းဖြစ်သည် ဟုတ်လည်းဟုတ်ပါသည် မီမီသော်က သူ့ရဲ့အချိန်တွေမှန်သမျှကို သူ့ဂိမ်းထဲပဲအာရုံစိုက်နေတာ အခုတလောဆိုပိုတောင်မှန်သည်

"မလည်ပါဘူး နင့်ဆီလာတာ ''

"အမယ် အထူးအဆန်းပါလား''

"နင်မေ့နေတာလား မိမြိုင်အကျီသွားလည်း သွားမယ်''

"ဘယ်ကိုလည်း''

အူတိအူကြောင်လုပ်သည့် မြိုင်ကြောင့် မီမီသော်ဒေါသများပင်ထွက်လာသလို စူပုတ်လာတော့သည်
မေ့လည်း မေ့နိုင်လွန်းတယ်

"ဒေါ်သွန်းဆက်မြိုင်ရေ နင်လည်းအတော်မေ့တာပဲ ဒီအပတ်ထဲမှာပွဲရှိတယ်လေ ''

နူတ်ခမ်းကိုတစ်ထောင်လောက် ဆူကာရှုတ်မဲ့ပြီးပြောလာသော မီမီသော်၏စကားကိုကြားမှ သွန်းဆက်မြိုင် မီမီသော်ပြောနေသောအရာကို သတိရတော့သည်

"အာ အာ...အသင်းသားတွေနဲ့မိတ်ဆက်ပွဲလား''

ဒီနေ့အသင်းသားတွေနှင့် မိတ်ဆက်ပွဲရှိသည် ဒီအပတ်တွင်းကျင်းပမည့် ဆီမီးဖိုင်နယ်အတွက်ပင် မီမီသော်နှင့်အတူသွားရန် ပြောထားခြင်းကိုမေ့နေသောကြောင့် မီမီသော် သူမဆီလာတာကို အထူးတလည်ဖြစ်နေတာ

"မြန်မြန်အဝတ်သွားလှဲ''

"နေ နေပါအုံး ငါကဘာကိုဝတ်ရမှာလည်း ပြီးတော့အိမ်မှာလေး အကျီတွေက''

"ဟုတ်သားပဲ ဆောတီးနည်းနည်းလောသွားတယ် ဒီမှာငါဆီမှာပါတယ်''

မြိုင်ပြောကာမှ မီမီသော်ပါလာသောအကျီအထုပ်ကို ထုတ်လိုဖို့သတိရသွားသည် မီမီသော်လောနေရသည်မှာလည်း အကြောင်းရှိသည် ဒီနေ့သူတွေ့ချင်နေသော Playerနဲ့တွေ့ရတော့မှာလေ

တခါမှမျက်နှာမပြဘူးတာမို့ မည်သည့်ပုံစံဖြစ်မည်ကို မီမီသော်အရမ်းသိချင်နေသည် အဖွဲ့တွေအများကြီးရှိတဲ့အထဲကိုမှ သူတို့အဖွဲ့ကိုဝင်ရသည့် အကြောင်းပြချက်ကိုလည်း မေးရမည်

"နင်ရောလှဲမှာလား ''

"လှဲရမှာပေါ့ ''

ပြောပြောဆိုဆိုဖြင့် မီမီသော် သွန်းဆက်မြိုင်ရဲ့ နားနေအခန်းအတွင်းကို လောလောနှင့်ဝင်သွားသည် မြိုင့်မှာတော့ မီမီသော် ​ပုံမှန်ထပ်လောနေပါသော အပြုမှုကြောင့် နားလည်ရခက်နေတုံး မီမီသော်မှာ ချက်ချင်းဆိုသလို အဝတ်လဲဲပြီးသွားတော့သည်

"မြန် လိုက် တာ''

မြိုင့်ရဲ့စကားအဆုံးမှာ မီမီသော်က မြိုင့်အားအဝတ်လှဲရန် အခန်းထဲကို အတင်းတွန်းပို့တော့သည်

မြိုင်လည်းအဝတ်အစားသေချာလဲဲပြီး ဆိုင်ကဝန်တမ်းများနဲ့ ယွန်းကို အလုပ်သေချာလုပ်ရန်နှင့် အထည်တွေသေချာစစ်ရန်မှာခဲ့ပြီး မီမီသော်ဆွဲခေါ်သွားရာ နောက်သို့တချိုးထဲပါသွားတော့သည်

"နေ နေပါအုံး''
"အခုလူစုမဲ့နေရာက ဘယ်မှာလည်း''

".....မှာလေ ဘာဖစ်လို့လဲ''

"သေပြီ တခြားနေရာမှာ ဘာလို့မစုတာလည်း ဘာလို့အဲ့ဆိုင်လည်း''

အတော်လေးစိတ်ပျက်လက်ပျက် ပြောလာသော မြိုင့်ကို မီမီသော် ကားမောင်းနေရာမှ ကြည့်လိုက်သည်

"အမလေး နင့်မောင်နဲ့မတွေ့လောက်ပါဘူး ဒီအချိန်ဆိုသူ ရုံးမှာအလုပ်ရှုပ်နေမှာပေါ့ ပြီးတော့ ဆိုင်တွေဘာတွေလည်း လာစားတတ်တဲ့အကျင့်မရှိဘူးဆို''

"အဲ့တာကတော့ အဲ့တာပေါ့ မောင်က ငါgamerဆက်လုပ်နေသေးတာကို သိရင်စိတ်ဆိုးမှာ''

"ကိုယ်ဝါသနာပါတာ ကိုယ်လုပ်တာပဲကို နင့်မောင်ကိုကချုပ်ချယ်လွန်းတာပါဟယ်''

"ချုပ်ချယ်တာမဟုတ်ပါဘူး ငါကခနခနမျက်လုံးနာတတ်တော့ မောင်ကစိုးရိမ်လို့ပါ''

"အေးပါဟယ် အဲ့တာများခိုးပြီး ဆော့နေသေးလား ဟမ် မယက က မယကပဲ အပိုတေပြောနေသေးတယ်''

မီမီသော်မှာ မြိုင့်ကိုစိတ်မရှည်တော့၍ ထပင်အော်မိသည်အထိ

တကယ်ပါ ဒီလင်မယား မဟုတ်သေးပါဘူး ဒီမယားမယားက ပိုကို ပိုလွန်းပါတယ် ကိုယ်တွေပဲ ကောင်းလိုက်တာ ချုပ်ချယ်မဲ့သူလည်းမရှိ သောကပေးမဲ့သယလည်းမရှိ ဘဝကိုအေးချမ်းနေရော

" ငါက ကြောက်တာမဟုတ်ဘူး ချစ်တာဟဲ့ ချစ်တာ နင့်လိုအပျိုကြီးကဘယ်သိမတုံးဒါတွေ''

"ဟဲ့ငါက အပူတွေမလိုချင်လို့ပါနော် ငါ့ရဲ့အပျိုကြီးဂုဏ်ပုဒ်ကို ထိခိုက်စရာ ဘာအကြောင်းမှမရှိဘူး''

"ငါဖြင့်လိုချင်ရင်လေး မောင်လေးတွေမှ ပေါလို့ ဟောသလိုဟောလိုပဲ ''

မီမီသော်မှာ သူ့၏အပျိုကြီးဟူသော စကားဖြင့်စလိုက်သည်နှင့် တကယ့်ကို ဒေါသပလပွထသွားတော့သည် မြိုင့်ကတော့ မီမီသော်ဖြစ်နေသော ပုံကိုကြည့်ပြီး ရီရင်းသာ လိုက်လာခဲ့တော့တယ် မီမီသော်မှာလည်း အပျိူကြီးဖြစ်ရတာ ဂုဏ်ယူကြောင်းကိုသာ ပါးစပ်မစိတန်းပြောနေတော့သည်

မီမီသော်၏ အပျိုကြီးလုပ်ရတာကောင်း​ကြောင်း တရားများနာယူရင်းလိုက်တာ ဘာလိုလိုနဲ့ရောက်တောင်ရောက်ပြီ မြိုင့်မှာ မောင်နှင့်မတွေ့ပါရန်သာ စိတ်ထဲမှာ တတွတ်တွတ်ဆုတောင်းရင်း မီမီသော်ဆွဲခေါ်ရာလိုက်လာခဲ့သည်

"ဟော တေဇတောင်ရောက်နေပြီ''

ဆိုင်ထဲမှ လက်လှမ်းပြနေသော တေဇကိုမြင်သောအခါ မီမီသော်နဲ့ သွန်းဆက်မြိုင် ဆိုင်ထဲကို ဝင်သွားခဲ့သည် ဆိုင်ထဲတွင် တေဇမာန်ရယ် အခြားgamerတွေရယ်နဲ့အတူ စကားလက်ဆုံကျနေရင်း နောက်ထပ်တစ်ယောက်အသစ် ထပ်တိုးသည်ကို မြိုင်သိလိုက်ရသည် သို့ပေမဲ့ ထိုသူကိုမတွေ့ရသေး

"တေဇ မလာသေးဘူးလား''

"မသိဘူးလေ ဒါပေမဲ့ သူလာမှဗျူဟာချလို့ရမှာ''

တေဇမာန်နဲ့ မီမီသော် တိုးတိုးပြောနေသည်များကို မြိုင်နားမစွင့်နိုင်ပဲ တစ်ယောက်ထဲသောကများနေရသည်

ခနအကြာမှာတော့
မြိုင်တို့ထိုင်နေရာဝိုင်းကို အရပ်ခပ်ရှည်ရှည် အသားဖြူဖြူနဲ့ ဆံပင်မတိုမရှည်ကို အလယ်ကတဝက်စည်းထားပြီး မြိုင်တို့လို အကျီဆင်တူဝတ်ထားသည့် လူတစ်ယောက်ရောက်လာခဲ့သည် maskတပ်ထားသောကြောင့် မီမီသော်နှင့်အခြားသူများမှာ မည်သူလည်းဟူ၍ ဇူးစမ်းနေကြစဥ် မြိုင်မှာတော့ ဒါတွေကို မသိပဲမျက်နှာပေါ်ကို တစ်ရှူးတစ်ရွက်တင်ကာ မှေးနေလေသည်

"တောင်းပန်ပါတယ် နောက်ကျသွားတဲ့ပုံပဲ''

"အာ Dko Maiလား''

"ဟုတ်ပါတယ် ''

"လာ ဝင်ထိုင်လေး ဒီမှာ''

ရောက်လာသူမှာ ဘယ်သူဖြစ်တယ်ဆိုကိုလည်း သိရော တေဇနဲ့ မီမီသော်မှာ ပျာယာခက်သွားတော့သည် ​တခြားgamerများမှာလည်း အသဲအသန်မိတ်ဆက်ကျနှင့် အလုပ်တွေရှုပ်နေပြီး မြိုင်တယောက်ကတော့ အခုထိမှေးလို့ကောင်းတုံး

"သွန်းမ သွန်းမရေ''

"ဟင် ဟင် ဘာဖြစ်လို့လဲ ''

မြိုင့်မှာ မီမီသော်ကြောင့် မှေးနေရာမှရုတ်တရပ်ပင် လန့်နိုးသွားရတော့တယ် ပြီးမှ အကုန်လုံးကသူမကိုဝိုင်းကြည့်နေကြသည်ကို သတိထားမိသွားတော့သည် ထိုကြည့်နေသည်ထဲမှ ထိုကလေး

"အယ် နှောင်း?''

"သိလို့လား သူ့ကို''

မြိုင့်မှာအံသြနေတုံးရှိသေး မီမီသော်ကဝင်ပြောလေသည် ဒါဆိုအသင်းသားအသစ်တယောက်က

" အာ..သွန်းပဲ ပြန်တွေ့ရတာဝမ်းသာလိုက်တာ''

တကယ်လည်းနှောင်းအတော်လေးကို ပျော်နေပါသည် ပြန်မတွေ့ရလောက်ဖူး ထင်ခဲ့တာ ဒီမှာမှတိုက်တိုက်ဆိုင်ဆိုင်ကိုလာတွေ့နေတော့တယ် ဒါကတကယ့်ကိုဆုထီပေါက်သလိုပဲ

သွန်းရဲ့ပုံစံလေးက မနက်ကတွေ့ခဲ့သလို ထဘီလေးနဲ့မဟုတ်တော့ပေမဲ့ ဘောင်းဘီလေးနဲ့လည်းအတော် ကြည့်လို့လှတာပဲ တကယ်ပါ ဘယ်လိုနေနေချစ်ဖို့ကောင်းတာ ဒီမိန်းကလေးတစ်ယောက်ပဲ နှောင်းတွေ့ဖူးတယ်
W/T (ချစ်တဲ့လူရဲ့မျက်လုံးထဲမှာတော့ ဘယ်လိုနေနေချစ်ဖို့ကောင်းမှာပေါ့🙄)

နှောင်းမှာ အပြင်ကရုပ်ကသာ ပုံမှန်အတိုင်းရှိနေပေမဲ့လည်း ရင်ထဲမှာတော့ ပန်းတွေပွက့်ပြီး မီးရှူးမီးပန်းတွေပါ ဘယ်နှခါလောက် လွှတ်နေမိပြီလည်းမသိဘူး

တကယ့်ကို lucky dayပဲ နှောင်းဒီclubကို joinလိုက်တာ အတော့်ကိုကံကောင်းသည်

"သူက ငါဒီမနက် ငါနဲ့ဝင်တိုက်မိမလိုဖြစ်သွားတဲ့ ကောင်မလေးပါ''

မြိုင့်မှာလဲ မီမီသော့်ကို ရှက်ရှက်နှင့်သာ ရှင်းပြရတော့သည် အဟင်း လူတယောက်ကို ကားနဲ့တိုက်မိမလို ဖြစ်ပြီး ဒီမှာ ပြန်စုံရတာက တမျိုးကြီးဖြစ်မနေဘူးလား

"အဟွတ်! တကယ်ကြီးလား ''

မီမီသော်မှာ မြိုင့်ရဲ့စကားကြောင့် သောက်နေရဲ့ အအေးတွေတောင်ပြန်ထွက်လာတော့တယ်

"နင်တို့ဟာကလည်း မသေကောင်း မပျောက်ကောင်းတွေ''

မြိုင့်မှာတော့ ရှက်ရှက်နှင့်သာ မျက်နှာအုပ်ထားရတော့တယ်
ဒီလိုနဲ့ပဲ တဖန်စကားဝိုင်းပြန်စကြတော့သည်

"ဒါနဲ့ နာမည်တွေပြန်မိတ်ဆက်ပေးကြတာပေါ့ အမတို့အဖွဲ့ကို မင်းလည်းသိမှာပါ ဒါပေမဲ့ အချင်းချင်းပိုရင်းနှီးအောင်မိတ်ဆက်တာပေါ့
"အမအရင်မိတ်ဆက်မယ် အမကမီမီသော် Midwayကတိုက်စစ်ပါ''

"အကိုနာမည်ကတေဇမာန် defensiveပါ''

"ညမက ဖူးငုံပါ.....''

"ဘုန်းမြတ်ဇော်ပါ.....''

"ရတုနိုင်ပါ.....''

လူတေ​တစ်ယောက်ပြီး တစ်ယောက်နှင့် မိတ်ဆက်ပေးနေရင်း နှောင်းမှာတော့ မြိုင့်အလှည့်ကိုသာ မြန်မြန်ရောက်ပါတော့ဟု စိတ်ထဲမှ ခနခနဆုတောင်းနေရသည်
နောက်ဆုံးမှာတော့ မြိုင့်အလှည့်ကို ရောင်လာခဲ့တော့တယ်

"အင်း အမကတော့မိတ်ဆက်ပြီးသားပဲ ထပ်မိတ်ဆက်မယ်နော် သွန်းဆက်မြိုင်ပါ ဒီclubကခေါင်းဆောင်ပေါ့''

"အို့ ခေါင်းဆောင်လား ဒါဆို သွန်းကMaskအမြဲတပ်ထားပြီး မျက်လုံးအရမ်းလှလို့ နာမည်ကြီးနေတဲ့တယောက်ပေါ့ နှောင်းကတူပါတယ်ထင်နေတာ''

"အဲ..အဲ့လောက်ကြီးလဲ မဟုတ်ပါဘူး သာမန်ပါပဲ''

မြိုင့်မှာလည်း အံသြတကြီးပြောနေသော နှောင်းကြောင့် နေလို့တောင်မတတ်တော့ အရေးထဲမောင်ရပ်တရက်ပေါ်လာမည် ဆိုးတာကြောင့် လန့်နေရသေးသည်

"တကယ်လှပါတယ် သွန်းကဘာလို့ကစားတိုင်းmaskအမြဲ တပ်နေတာလည်း''

"ဪ အဲ့တာက.....အယ်..''

"Dko Maiလည်းပြန်မိတ်ဆက်အုံးလေ ဒီလိုကြီးခေါ်နေရတော့တမျိုးပဲ''

မီမီသော်မှာ မြိုင်အကြောင်းသိ၍ စကားစပင်ဖြတ်လိုက်ရတော့သည် တော်သေးသည်

"ဪ ဟုတ်သားပဲ ကျနော်ကနှောင်းသစ်ခက်ပါ gamerစလုပ်တာ မကြာသေးတာမို့ ကူညီပေးကြပါအုံး ''

"ဒါနဲ့မန္တလေးသူလား''

"ဘာလို့လဲဗျ?''

ဖူးငုံ၏အမေးကြောင့် အကုန်လုံးကြောင်သွားပါသည် ပြီးတော့မှ
"ကျနော်လို့သုံးတာလေးက အရမ်းနားထောင်လို့ကောင်းလို့ပါ''

"အာ.. မဟုတ်ပါဘူး ငယ်''ထဲက သုံးလာတော့ နူတ်ကျိူးလာလို့ပါ''

"ဖွန်ကြောင်ပြန်ပြီ''
ဘုန်းမြတ်ဇော်၏ ထပြောလိုက်သော စကားကြောင့် ဖူးငုံမှ ဘုန်းမြတ်ဇော်သာ မြင်စေရန် လက်ခလယ်ထောင်ပြလိုက်တော့သည်

"ဆိုတော့ ဒီအပတ်တနေဂ်နွေပေါ့''

"ဟုတ်တယ် ငါတို့နဲ့ ကျမဲ့အဖွဲ့က MOON62အဖွဲ့ပဲ''

နှောင်းကတော့ ပြောနေတာတွေကို သေချာနားမထောင်နိုင်ပဲ တစုံတယောက်မျက်နှာကိုသာ တစ်ဝကြီးထိုင်ကြည့်နေမိတာ တစတစနဲ့ အချိန်တွေတောင်ကုန်လာပြီး တခြားသူတွေတောင် အိမ်ပြန်ကုန်ကျတော့သည်

"နှောင်း မင်းဘာနဲ့ပြန်မှာလည်း လက်ရောအဆင်ပြေရဲ့လား''

နူးနူးညံ့ညံ့စကားသံလေးကြောင့် နှောင်းမှာပြန်ဖြေဖို့
တောင်မေ့နေသည်အထိ သူမကညို့ချက်ပြင်းလွန်းတယ်

"နှောင်းး''

"အာ ဟုတ်ဆိုင်ကယ်တော့ပါတယ်''

"ဪ ကောင်းပါပြီ''

တဝက်တပျက်ကြီးဆိုပြီး စိတ်မဆိုးလိုက်ကြနဲ့အုံးနော်🤧 ဒါနဲ့သီရိရေးထားတဲ့ficက စိတ်ကူးယဥ်ficပါ gameလောကအကြောင်းကလည်း သိပ်တော့မသိပါဘူး စိတ်ကူးယဥ်ရေးသားထားခြင်းသာ ဖြစ်ပါတယ် အမှားပါသွားခဲ့ရင်ကြိုတင်တောင်းပန်ထားတာပါ

============================
============================

[Zawgyi]

"သွန်းမ ငါလာတယ်''



"မလည်ပါဘူး နင့်ဆီလာတာ ''

"အမယ် အထူးအဆန်းပါလား''


"ဘယ်ကိုလည်း''






"မြန်မြန်အဝတ်သွားလှဲ''





"နင်ရောလှဲမှာလား ''

"လှဲရမှာပေါ့ ''

ပြောပြောဆိုဆိုဖြင့် မီမီသော် သွန်းဆက်မြိုင်ရဲ့ နားနေအခန်းအတွင်းကို လောလောနှင့်ဝင်သွားသည် မြိုင့်မှာတော့ မီမီသော် ​ပုံမှန်ထပ်လောနေပါသော အပြုမှုကြောင့် နားလည်ရခက်နေတုံး မီမီသော်မှာ ချက်ချင်းဆိုသလို အဝတ်လဲပြီးသွားတော့သည်

"မြန် လိုက် တာ''


မြိုင်လည်းအဝတ်အစားသေချာလဲပြီး ဆိုင်ကဝန်တမ်းများနဲ့ ယွန်းကို အလုပ်သေချာလုပ်ရန်နှင့် အထည်တွေသေချာစစ်ရန်မှာခဲ့ပြီး မီမီသော်ဆွဲခေါ်သွားရာ နောက်သို့တချိုးထဲပါသွားတော့သည်

"နေ နေပါအုံး''

".....မှာလေ ဘာဖစ်လို့လဲ''













မီမီသော်မှာ သူ့၏အပျိုကြီးဟူသော စကားဖြင့်စလိုက်သည်နှင့် တကယ့်ကို ဒေါသပလပွထသွားတော့သည် မြိုင့်ကတော့ မီမီသော်ဖြစ်နေသော ပုံကိုကြည့်ပြီး ရီရင်းသာ လိုက်လာခဲ့တော့တယ် မီမီသော်မှာလည်း အပျိုကြီးဖြစ်ရတာ ဂုဏ်ယူကြောင်းကိုသာ ပါးစပ်မစိတန်းပြောနေတော့သည်




"တေဇ မလာသေးဘူးလား''



ခနအကြာမှာတော့


"အာ Dko Maiလား''

"ဟုတ်ပါတယ် ''

"လာ ဝင်ထိုင်လေး ဒီမှာ''


"သွန်းမ သွန်းမရေ''

"ဟင် ဟင် ဘာဖြစ်လို့လဲ ''


"အယ် နှောင်း?''

"သိလို့လား သူ့ကို''









"အဟွတ်! တကယ်ကြီးလား ''




"ဒါနဲ့ နာမည်တြွေပန်မိတ်ဆက်ပေးကြတာပေါ့ အမတို့အဖွဲ့ကို မင်းလည်းသိမှာပါ ဒါပေမဲ့ အချင်းချင်းပိုရင်းနှီးအောင်မိတ်ဆက်တာပေါ့


"ညမက ဖူးငုံပါ.....''

"ဘုန်းမြတ်ဇော်ပါ.....''

"ရတုနိုင်ပါ.....''







"ဪ အဲ့တာက.....အယ်..''




"ဒါနဲ့မန္တလေးသူလား''

"ဘာလို့လဲဗျ?''


"အာ.. မဟုတ်ပါဘူး ငယ်''ထဲက သုံးလာတော့ နူတ်ကျိုးလာလို့ပါ''

"ဖွန်ကြောင်ပြန်ပြီ''






"နှောင်းး''


"ဪ ကောင်းပါပြီ''


=============================
=============================

Continue Reading

You'll Also Like

365K 11.5K 35
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
400K 45.4K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
2.9M 54.7K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
352K 22.4K 65
In the vibrant city of Jaipur, a secret deal was struck between two worlds. Abhimaan Deep Shekhawat, the enigmatic King of Rajasthan, controlled the...