[Zawgyi]
2
(စိတ္ကူးေလးေပၚလာလို႔ပါ💙)
🎼🎼🎼
ဖုန္းမွထြက္ေပၚလာသည့္ ringtoneသံေၾကာင့္ ၿဖိဳးအိပ္ေနရာမွကမန္းကတန္းထကာနာရီကိုၾကည့္လိုက္ေတာ့ အခ်ိန္က၆နာရီခြဲၿပီ။
ၿဖိဳးလည္း မ်က္ႏွာသစ္ သြားတိုက္ၿပီးျပင္ဆင္စရာ
ျပင္ဆင္ကာအခ်ိန္ကိုၾကည့္လိုက္ေတာ့ ၇နာရီေက်ာ္ၿပီျဖစ္၍ ေက်ာင္းလိုက္ပို႔ရန္ သူမအကိုဝမ္းကြဲအားေျပာကာ ေက်ာင္းသို႔လာခဲ့၏။
သူမလက္ရွိေနထိုင္ရာ လွိုင္ႏွင့္ တကၠသိုလ္မွာ နာရီဝက္နီးနီးေမာင္းရၿပီး သူမေက်ာင္းသို႔ေရာက္ေသာ္ ၈နာရီဝန္းက်င္ရွိၿပီ။
သူမ သေရတာထဲဝင္သြားေတာ့ မိုးကဗ်ာတို႔ကမေရာက္ေသး။
ၿဖိဳးလည္း ၁ေယာက္တည္း ကန္တင္းသြားကာ စားေသာက္ၿပီးေနာက္ ဇီဇဝါေဆာင္ေဘးရွိ မဲဇလီပင္ႀကီးေအာက္မွထိုင္ခုံတန္းေလးတြင္ထိုင္ကာ
တစ္စုံတစ္ေယာက္အားေစာင့္ေနမိသည္။
မၾကာမီ သူမေမွ်ာ္ေနေသာ ကားအျဖဴေလးေရာက္လာ၏။
သူမလည္းမသိမသာ ထိုကားေလးေနာက္မွလိုက္သြားၿပီး ဌာနမ်ားႏွင့္မနီးမေဝးရွိထိုင္ခုံတြင္ထိုင္ကာ ဖုန္းသုံးဟန္ေဆာင္ေနလိုက္သည္။
ကားအျဖဴေလးကဌာနေရွ႕တြင္ ရပ္လိုက္ၿပီးေနာက္ ကားေပၚမွစတင္ခ်လာေသာ ေျခေထာက္ေဖြးေဖြးေလး။
ျဖဴဥေနေသာ ေျခေထာက္ေလးတြင္မွေျခသည္းနီ အနီေရာင္ေလးဆိုးထားသည့္အျပင္စီးထားသည့္
ကတီပါဖိနပ္နီညိုေရာင္ေလးကသူမေျခေထာက္ႏွင့္
ပနံသင့္စြာ။
ထို႔ေနာက္ နီညိုေရာင္အကၤ်ီေျပာင္ကို ထဘီနီညိုခံတြင္အပြင့္မ်ားပါသည့္ထဘီေလးျဖင့္တြဲဖက္ဝတ္ဆင္ထားေသာ သူမ၏ႏြယ္။
ယေန႕တြင္မူ တင္ပါးနားထိရွည္ေသာဆံႏြယ္တို႔ကို ဆံထုံးမထုံးဘဲ ခ်ည္ေႏွာင္ထား၏။
ႏြယ္ သူမလက္ကိုင္အိတ္ႏွင့္ အသုံးအေဆာင္အခ်ိဳ႕ကိုယူကာ ဌာနထဲဝင္သြားသည့္တိုင္ ၿဖိဳးမမွိတ္မသုန္ၾကည့္
ေနမိသည္။
"ဟိတ္"
"ပလုတ္တုတ္"
"အမေလးေလးဟယ္ အဲ့ေလာက္ေတာင္ပဲလန့္ရလား"
သူမ ႏြယ့္အလွတြင္ယစ္မူးေနစဥ္ ေနာက္မွ႐ုတ္တရပ္ေပၚလာေသာမိုးကဗ်ာေၾကာင့္ ထေယာင္မိသည္။
"လန့္လိုက္တာ နင္ကဘယ္လိုေပၚလာတာလဲ"
"အခ်ိန္ကိုၾကည့္ဦး sis ၉နာရီထိုးေတာ့မယ္ နင္ေပၚမလာလို႔ငါလိုက္ရွာေနတာ"
"ဪ အဲ့ေလာက္ေတာင္ရွိၿပီလား"
နာရီကိုၾကည့္ၿပီးၿဖိဳးကေျပာလိုက္ေတာ့
"ဟုတ္ပရွင္ ရွင့္ဘာသာဒီမွာလာငမ္းၿပီး အခ်ိန္ကိုေမ့ေနတာ"
"နင္လုပ္တာငါ feelပ်က္သြားၿပီ သြားမယ္ဟာ"
"ဪ ေအးပါ ငါမွားပါတယ္"
သူ႕ကိုအျပစ္တင္ကာေရွ႕က ထြက္သြားေသာ ၿဖိဳးကိုမိုးကဗ်ာမေက်မနပ္ေရ႐ြတ္ရင္းေနာက္ကသာလိုက္သြားေတာ့သည္။
အခ်ိန္ဇယားထြက္လာၿပီျဖစ္၍ ယေန႕ ၾကာသပေတးေန႕တြင္ ၿဖိဳးတို႔ မနက္ပိုင္း Physics မ်ား သင္ၾကားရၿပီး ညေနပိုင္းတြင္English သင္ၾကားရသည္။
Physics ပုစာၦမ်ားကခက္သည္ကတစ္ေၾကာင္း ႏြယ့္အားေတြ႕ခ်င္စိတ္ႀကီးစိုးေနသည္ကတစ္ေၾကာင္း ေၾကာင့္ ၿဖိဳး
ေန႕လည္၁ခ်က္ျမန္ျမန္ထိုးပါေစသာ ဆုေတာင္းေနမိ၏။
"ဒီေန႕ lectureကဒီေလာက္ပါပဲ မဂၤလာပါ"
"Oh Yes!"
ဝမ္းသာအားရထေအာ္ေသာၿဖိဳးေၾကာင့္ မိုးကဗ်ာအပါအဝင္ေရွ႕တန္းမွ ေက်ာင္းသူအခ်ိဳ႕ပါၿဖိဳး
ကိုရယ္ၾကသည္။
"Physics ခ်ိန္ၿပီးတာ ငရဲျပည္ကလြတ္လာသလိုပါပဲဟယ္"
"ဟုတ္ပ"
မိုးကဗ်ာ၏ အေျပာကို ႏွင္းအိျဖဴ ကပါေထာက္ခံလိုက္ၿပီး
"ဒါဆိုငါတို႔ထမင္းသြားစားရေအာင္ ခင္တို႔ပါ လိုက္ခဲ့ေလ"
ႏွင္းအိကသူမေဘးက မိန္းကေလး၂ေယာက္ကိုေျပာ
လိုက္ျခင္း
"နာမည္ကခင္တဲ့လား ဒီဘက္က၁ေယာက္ကေရာနာမည္ဘယ္လိုေခၚလဲ"
သြက္သြက္လက္လက္ရွိသည့္မိုးကဗ်ာကေမးလိုက္ေတာ့ ခင္ဆိုသည့္မိန္းကေလးက
"ခင့္နာမည္က ခင္သက္ထားသူ သူ႕နာမည္က
ေမယုဇန တဲ့"
"ဪ ငါ့နာမည္က မိုးကဗ်ာ သူက ေသာ္တာျပည့္ၿဖိဳး ငါတို႔ေနာက္ေန႕ေတြလည္းေရွ႕ေနာက္ထိုင္မယ္ေနာ္"
"အင္း"
သူမတို႔၅ေယာက္ ကန္တင္းတြင္ ထမင္းစားေသာက္ၾကၿပီးေနာက္ libraryသို႔သြားစပ္စုလိုက္ၾကေသး၏။
ကန္တင္းႏွင့္ libraryမွာကပ္လ်က္ျဖစ္၍ သူမတို႔လမ္းသိပ္ေလွ်ာက္စရာမလိုပါ။
သို႔ေသာ္ libraryမွာ ဇီဇဝါေဆာင္အေပၚဆုံးထပ္တြင္ျဖစ္၍ ေတာ္ေတာ္ေတာ့
တက္ရသည္။
ၿဖိဳးလည္း စာအုပ္စင္မွစာအုပ္၁အုပ္ကိုယူကာ ဖတ္ၾကည့္ရင္းအခ်ိန္ျဖဳန္းေနလိုက္၏။
စာအုပ္တစ္ဝက္က်ိဳးကာနီးတြင္သူမနာရီကိုၾကည့္လိုက္ေတာ့ အခ်ိန္က ၁၂နာရီ ၅၀။
သူမကမန္းကတန္း စာအုပ္ကိုျပန္ထားကာ လက္မွတ္ထိုး၍ ေဇရတုေဆာင္သို႔ေျပးေတာ့ ဟို၄ေယာက္ကပါ ဘုမသိဘမသိျဖင့္သူမေနာက္အျမန္လိုက္ရေသး၏။
၁နာရီထိုးေတာ့ သူမတို႔အခန္းထဲ သူမေမွ်ာ္ေနသည့္
ႏြယ္ေရာက္မလာဘဲ အျခားတီခ်ယ္၁ဦးေယာက္လာသည္။
"Good Afternoon everyone တီခ်ယ္ကေတာ့ technology ဌာနရဲ႕လက္ေထာက္တီခ်ယ္ေဒၚလင္းလဲ့သူပါ
မေန႕က တစ္ခ်ိဳ႕ကေလးေတြကေတာ့ တီခ်ယ့္ကိုေတြ႕ၿပီးၾကၿပီေနာ္ အမက ဒီေန႕အစည္းအေဝးေနလို႔ တီခ်ယ္ဝင္ေပးတာ"
တီခ်ယ္ေျပာသည့္ အမ ဆိုသည္မွာ ႏြယ့္ ကိုရည္ၫႊန္းမွန္းၿဖိဳးတို႔သေဘာေပါက္ပါသည္။
သို႔ေသာ္ တီခ်ယ္ျဖဴ႕ပုံစံမွာအသက္၄၀ဝန္းက်င္ေတာ့ရွိေနၿပီျဖစ္သျဖင့္ အသက္၃၀ေက်ာ္ေလာက္သာရွိဦးမည့္ႏြယ့္ကိုတီခ်ယ္ဘာေၾကာင့္ အမလို႔ေခၚတာလဲၿဖိဳးစဥ္းစားမရ၍
"ဟဲ့ မိုးကဗ်ာ တီခ်ယ္တို႔ကေလ ဌာနမႉးဆိုရင္ကိုယ့္ထက္ငယ္လည္း အစ္မလို႔ေခၚရတာလား"
"ဟုတ္မွာေပါ့ဟဲ့ မသိဘူးေလ"
ၿဖိဳးတို႔ တိုးတိုးေျပာေနၾကတုန္း တီခ်ယ္ျဖဴက
"တီခ်ယ့္ႏႈန္းကအမေလာက္ေတာ့ျမန္မယ္မထင္ဘူး အစ္မက အ႐ြယ္နဲ႕မလိုက္ေအာင္အရမ္းသြက္တာ"
တီခ်ယ့္အေျပာေၾကာင့္ အူေၾကာင္ေၾကာင္ျဖစ္ေန
သည့္ ေက်ာင္းသားမ်ားကိုၾကည့္တာ တီခ်ယ္ကသေဘာေပါက္သေယာင္ရယ္ၿပီး
"ကြၽန္မအသက္က အခု အသက္၄၀ရွိပါၿပီရွင့္ ရွင္တို႔
တီခ်ယ္ငယ္ငယ္လွလွေလးက ကြၽန္မထက္ ၅ႏွစ္ေလာက္ႀကီးတယ္"
"ဟမ္!"
တီခ်ယ့္စကားအဆုံး ထြက္ေပၚလာသည့္ေက်ာင္းသားမ်ား၏အာေမဋိတ္သံ။.ထိုထဲတြင္ ၿဖိဳးကေတာ့ အဆိုးဆုံးေပါ့
"ဟယ္ ၅ႏွစ္ဆိုေတာ့ ၄၅ တီခ်ယ္ေဒၚမ်ိဳးသိဂႌႏြယ္က
၄၅ႏွစ္ေတာင္ရွိၿပီေပါ့"
"ေအး ေအး ငါထင္ေတာင္မထင္ထားဘူး
၃၀ေက်ာ္ပဲထင္ထားတာဟ"
ၿဖိဳးတို႔၂ေယာက္မ်က္လုံးျပဴးမ်က္ဆံျပဴးျဖင့္ေျပာမိသည္။
ထို႔ေနာက္တီခ်ယ္ကဆက္ကာ
"တစ္ခါေလ ေက်ာင္းကို အသိဆရာမ၁ေယာက္ရဲ႕ေျမးေလးလာလည္ေတာ့ ကေလးမေလးက တီခ်ယ့္ကိုက်ဘြားဘြားလို႔ေခၚၿပီး အမကို မမတဲ့ အဲ့တုန္းကအကုန္ရယ္လိုက္ရတာေလ"
တီခ်ယ္ကရယ္ရင္းေျပာေတာ့ တစ္ခန္းလုံးလည္းရယ္ၾကပါသည္။
"ကဲ ကဲ ဒါဆိုတီခ်ယ္ စာစသင္ေတာ့မယ္ေနာ္"
ဒီလိုျဖင့္ ညေန၃နာရီထိုး၍အတန္းဆင္းကာၿဖိဳးတို႔၏ တစ္ေန႕တာေက်ာင္းခ်ိန္လည္းၿပီးသြားျပန္ၿပီ။
ယေန႕မနက္ခင္းတစ္ခနတာေလးသာႏြယ့္ကိုေတြ႕လိုက္
ရသျဖင့္ ၿဖိဳးမေက်နပ္။
သူမအကိုကလာမႀကိဳေသးေသာေၾကာင့္ သူမလည္း
ေက်ာင္းအတြင္းသို႔ဝင္သည့္လမ္းအမိုးေအာက္တြင္
ရပ္ေစာင့္ေနတုန္း
လက္ကိုင္အိတ္ကေလးကိုလြယ္၍ ဆြဲျခင္းေလးဆြဲကာထြက္လာေသာႏြယ္ကိုေတြ႕လိုက္ရသည္။
ႏြယ္ သူမအနားေရာက္လာေတာ့ ၿဖိဳးက
"မဂၤလာပါ တီခ်ယ္"
"မဂၤလာပါ "
ထို၁ခြန္းသာေျပာၿပီး သူမႏွင့္မလွမ္းမကမ္းတြင္ႏြယ္ကရပ္ေစာင့္ေန၏။
ႏြယ့္ခႏၶာကိုယ္ေသးေသးေလးက ဒီပစၥည္းေတြသယ္ထားရတာေညာင္းေနမွာပဲ။
ႏြယ့္နဖူးေပၚေခြၽး၁ေပါက္က်တာေတာင္ ၿဖိဳးမလိုလား။
ထို႔ေၾကာင့္ ၿဖိဳးလည္းအရဲစြန့္၍ႏြယ့္နားသြားကာ
"သမီးကိုင္ေပးပါ့မယ္ တီခ်ယ္"
"ရပါတယ္သမီးရဲ႕ သမီးမွာလည္းအထုပ္ေတြနဲ႕ကို"
"ရပါတယ္ တီခ်ယ္"
"ရတယ္ သမီး တီခ်ယ့္ကိုလည္း လာႀကိဳၿပီဆိုေတာ့
တီခ်ယ္သြားေတာ့မယ္ေနာ္"
ၿဖိဳးလွည့္ၾကည့္လိုက္ေတာ့ တီခ်ယ္စီးေနက်မဟုတ္သည့္ အနက္ေရာင္ကား၁စီးက တီခ်ယ့္ဆီဦးတည္လာ၏။
"ဟုတ္ကဲ့ တီခ်ယ္"
ကားထဲသို႔ၾကည့္လိုက္ရာ ေမာင္းသူမွာ လူရည္သန့္
သန့္အမ်ိဳးသား၁ဦးျဖစ္ၿပီး ႏြယ္ကလည္းေနာက္ခန္းမွာ
မထိုင္ဘဲ သူ႕ေဘးသို႔ဝင္ထိုင္လိုက္သျဖင့္ ၿဖိဳးမ်က္ေမွာင္က်ဳံ႕မိသည္။
"အဲ့လူကဘယ္သူလဲ အရွင္ဘုရားေက်းဇူးျပဳၿပီးႏြယ့္မွာ
ပိုင္ရွင္မရွိပါေစနဲ႕"
ပိုင္ရွင္ရွိတယ္ဆိုရင္ေတာင္ ဒီလူဟာတတိယလူအျဖစ္နဲ႕ႏြယ့္အနားမွာခိုကပ္ခ်င္မိတယ္။ကာေမသုမိစာၦစာရကံဆိုတာကြၽန္မနဲ႕ရန္ဘက္ျဖစ္ေတာ့မယ္ထင္ပါရဲ႕။
TBC...
7.1.23
Jane
[Unicode]
2
(စိတ်ကူးလေးပေါ်လာလို့ပါ💙)
🎼🎼🎼
ဖုန်းမှထွက်ပေါ်လာသည့် ringtoneသံကြောင့် ဖြိုးအိပ်နေရာမှကမန်းကတန်းထကာနာရီကိုကြည့်လိုက်တော့ အချိန်က၆နာရီခွဲပြီ။
ဖြိုးလည်း မျက်နှာသစ် သွားတိုက်ပြီးပြင်ဆင်စရာ
ပြင်ဆင်ကာအချိန်ကိုကြည့်လိုက်တော့ ၇နာရီကျော်ပြီဖြစ်၍ ကျောင်းလိုက်ပို့ရန် သူမအကိုဝမ်းကွဲအားပြောကာ ကျောင်းသို့လာခဲ့၏။
သူမလက်ရှိနေထိုင်ရာ လှိုင်နှင့် တက္ကသိုလ်မှာ နာရီဝက်နီးနီးမောင်းရပြီး သူမကျောင်းသို့ရောက်သော် ၈နာရီဝန်းကျင်ရှိပြီ။
သူမ သရေတာထဲဝင်သွားတော့ မိုးကဗျာတို့ကမရောက်သေး။
ဖြိုးလည်း ၁ယောက်တည်း ကန်တင်းသွားကာ စားသောက်ပြီးနောက် ဇီဇဝါဆောင်ဘေးရှိ မဲဇလီပင်ကြီးအောက်မှထိုင်ခုံတန်းလေးတွင်ထိုင်ကာ
တစ်စုံတစ်ယောက်အားစောင့်နေမိသည်။
မကြာမီ သူမမျှော်နေသော ကားအဖြူလေးရောက်လာ၏။
သူမလည်းမသိမသာ ထိုကားလေးနောက်မှလိုက်သွားပြီး ဌာနများနှင့်မနီးမဝေးရှိထိုင်ခုံတွင်ထိုင်ကာ ဖုန်းသုံးဟန်ဆောင်နေလိုက်သည်။
ကားအဖြူလေးကဌာနရှေ့တွင် ရပ်လိုက်ပြီးနောက် ကားပေါ်မှစတင်ချလာသော ခြေထောက်ဖွေးဖွေးလေး။
ဖြူဥနေသော ခြေထောက်လေးတွင်မှခြေသည်းနီ အနီရောင်လေးဆိုးထားသည့်အပြင်စီးထားသည့်
ကတီပါဖိနပ်နီညိုရောင်လေးကသူမခြေထောက်နှင့်
ပနံသင့်စွာ။
ထို့နောက် နီညိုရောင်အင်္ကျီပြောင်ကို ထဘီနီညိုခံတွင်အပွင့်များပါသည့်ထဘီလေးဖြင့်တွဲဖက်ဝတ်ဆင်ထားသော သူမ၏နွယ်။
ယနေ့တွင်မူ တင်ပါးနားထိရှည်သောဆံနွယ်တို့ကို ဆံထုံးမထုံးဘဲ ချည်နှောင်ထား၏။
နွယ် သူမလက်ကိုင်အိတ်နှင့် အသုံးအဆောင်အချို့ကိုယူကာ ဌာနထဲဝင်သွားသည့်တိုင် ဖြိုးမမှိတ်မသုန်ကြည့်
နေမိသည်။
"ဟိတ်"
"ပလုတ်တုတ်"
"အမလေးလေးဟယ် အဲ့လောက်တောင်ပဲလန့်ရလား"
သူမ နွယ့်အလှတွင်ယစ်မူးနေစဥ် နောက်မှရုတ်တရပ်ပေါ်လာသောမိုးကဗျာကြောင့် ထယောင်မိသည်။
"လန့်လိုက်တာ နင်ကဘယ်လိုပေါ်လာတာလဲ"
"အချိန်ကိုကြည့်ဦး sis ၉နာရီထိုးတော့မယ် နင်ပေါ်မလာလို့ငါလိုက်ရှာနေတာ"
"ဪ အဲ့လောက်တောင်ရှိပြီလား"
နာရီကိုကြည့်ပြီးဖြိုးကပြောလိုက်တော့
"ဟုတ်ပရှင် ရှင့်ဘာသာဒီမှာလာငမ်းပြီး အချိန်ကိုမေ့နေတာ"
"နင်လုပ်တာငါ feelပျက်သွားပြီ သွားမယ်ဟာ"
"ဪ အေးပါ ငါမှားပါတယ်"
သူ့ကိုအပြစ်တင်ကာရှေ့က ထွက်သွားသော ဖြိုးကိုမိုးကဗျာမကျေမနပ်ရေရွတ်ရင်းနောက်ကသာလိုက်သွားတော့သည်။
အချိန်ဇယားထွက်လာပြီဖြစ်၍ ယနေ့ ကြာသပတေးနေ့တွင် ဖြိုးတို့ မနက်ပိုင်း Physics များ သင်ကြားရပြီး ညနေပိုင်းတွင်English သင်ကြားရသည်။
Physics ပုစ္ဆာများကခက်သည်ကတစ်ကြောင်း နွယ့်အားတွေ့ချင်စိတ်ကြီးစိုးနေသည်ကတစ်ကြောင်း ကြောင့် ဖြိုး
နေ့လည်၁ချက်မြန်မြန်ထိုးပါစေသာ ဆုတောင်းနေမိ၏။
"ဒီနေ့ lectureကဒီလောက်ပါပဲ မင်္ဂလာပါ"
"Oh Yes!"
ဝမ်းသာအားရထအော်သောဖြိုးကြောင့် မိုးကဗျာအပါအဝင်ရှေ့တန်းမှ ကျောင်းသူအချို့ပါဖြိုး
ကိုရယ်ကြသည်။
"Physics ချိန်ပြီးတာ ငရဲပြည်ကလွတ်လာသလိုပါပဲဟယ်"
"ဟုတ်ပ"
မိုးကဗျာ၏ အပြောကို နှင်းအိဖြူ ကပါထောက်ခံလိုက်ပြီး
"ဒါဆိုငါတို့ထမင်းသွားစားရအောင် ခင်တို့ပါ လိုက်ခဲ့လေ"
နှင်းအိကသူမဘေးက မိန်းကလေး၂ယောက်ကိုပြော
လိုက်ခြင်း
"နာမည်ကခင်တဲ့လား ဒီဘက်က၁ယောက်ကရောနာမည်ဘယ်လိုခေါ်လဲ"
သွက်သွက်လက်လက်ရှိသည့်မိုးကဗျာကမေးလိုက်တော့ ခင်ဆိုသည့်မိန်းကလေးက
"ခင့်နာမည်က ခင်သက်ထားသူ သူ့နာမည်က
မေယုဇန တဲ့"
"ဪ ငါ့နာမည်က မိုးကဗျာ သူက သော်တာပြည့်ဖြိုး ငါတို့နောက်နေ့တွေလည်းရှေ့နောက်ထိုင်မယ်နော်"
"အင်း"
သူမတို့၅ယောက် ကန်တင်းတွင် ထမင်းစားသောက်ကြပြီးနောက် libraryသို့သွားစပ်စုလိုက်ကြသေး၏။
ကန်တင်းနှင့် libraryမှာကပ်လျက်ဖြစ်၍ သူမတို့လမ်းသိပ်လျှောက်စရာမလိုပါ။
သို့သော် libraryမှာ ဇီဇဝါဆောင်အပေါ်ဆုံးထပ်တွင်ဖြစ်၍ တော်တော်တော့
တက်ရသည်။
ဖြိုးလည်း စာအုပ်စင်မှစာအုပ်၁အုပ်ကိုယူကာ ဖတ်ကြည့်ရင်းအချိန်ဖြုန်းနေလိုက်၏။
စာအုပ်တစ်ဝက်ကျိုးကာနီးတွင်သူမနာရီကိုကြည့်လိုက်တော့ အချိန်က ၁၂နာရီ ၅၀။
သူမကမန်းကတန်း စာအုပ်ကိုပြန်ထားကာ လက်မှတ်ထိုး၍ ဇေရတုဆောင်သို့ပြေးတော့ ဟို၄ယောက်ကပါ ဘုမသိဘမသိဖြင့်သူမနောက်အမြန်လိုက်ရသေး၏။
၁နာရီထိုးတော့ သူမတို့အခန်းထဲ သူမမျှော်နေသည့်
နွယ်ရောက်မလာဘဲ အခြားတီချယ်၁ဦးယောက်လာသည်။
"Good Afternoon everyone တီချယ်ကတော့ technology ဌာနရဲ့လက်ထောက်တီချယ်ဒေါ်လင်းလဲ့သူပါ
မနေ့က တစ်ချို့ကလေးတွေကတော့ တီချယ့်ကိုတွေ့ပြီးကြပြီနော် အမက ဒီနေ့အစည်းအဝေးနေလို့ တီချယ်ဝင်ပေးတာ"
တီချယ်ပြောသည့် အမ ဆိုသည်မှာ နွယ့် ကိုရည်ညွှန်းမှန်းဖြိုးတို့သဘောပေါက်ပါသည်။
သို့သော် တီချယ်ဖြူ့ပုံစံမှာအသက်၄၀ဝန်းကျင်တော့ရှိနေပြီဖြစ်သဖြင့် အသက်၃၀ကျော်လောက်သာရှိဦးမည့်နွယ့်ကိုတီချယ်ဘာကြောင့် အမလို့ခေါ်တာလဲဖြိုးစဥ်းစားမရ၍
"ဟဲ့ မိုးကဗျာ တီချယ်တို့ကလေ ဌာနမှူးဆိုရင်ကိုယ့်ထက်ငယ်လည်း အစ်မလို့ခေါ်ရတာလား"
"ဟုတ်မှာပေါ့ဟဲ့ မသိဘူးလေ"
ဖြိုးတို့ တိုးတိုးပြောနေကြတုန်း တီချယ်ဖြူက
"တီချယ့်နှုန်းကအမလောက်တော့မြန်မယ်မထင်ဘူး အစ်မက အရွယ်နဲ့မလိုက်အောင်အရမ်းသွက်တာ"
တီချယ့်အပြောကြောင့် အူကြောင်ကြောင်ဖြစ်နေ
သည့် ကျောင်းသားများကိုကြည့်တာ တီချယ်ကသဘောပေါက်သယောင်ရယ်ပြီး
"ကျွန်မအသက်က အခု အသက်၄၀ရှိပါပြီရှင့် ရှင်တို့
တီချယ်ငယ်ငယ်လှလှလေးက ကျွန်မထက် ၅နှစ်လောက်ကြီးတယ်"
"ဟမ်!"
တီချယ့်စကားအဆုံး ထွက်ပေါ်လာသည့်ကျောင်းသားများ၏အာမေဋိတ်သံ။.ထိုထဲတွင် ဖြိုးကတော့ အဆိုးဆုံးပေါ့
"ဟယ် ၅နှစ်ဆိုတော့ ၄၅ တီချယ်ဒေါ်မျိုးသိင်္ဂီနွယ်က
၄၅နှစ်တောင်ရှိပြီပေါ့"
"အေး အေး ငါထင်တောင်မထင်ထားဘူး
၃၀ကျော်ပဲထင်ထားတာဟ"
ဖြိုးတို့၂ယောက်မျက်လုံးပြူးမျက်ဆံပြူးဖြင့်ပြောမိသည်။
ထို့နောက်တီချယ်ကဆက်ကာ
"တစ်ခါလေ ကျောင်းကို အသိဆရာမ၁ယောက်ရဲ့မြေးလေးလာလည်တော့ ကလေးမလေးက တီချယ့်ကိုကျဘွားဘွားလို့ခေါ်ပြီး အမကို မမတဲ့ အဲ့တုန်းကအကုန်ရယ်လိုက်ရတာလေ"
တီချယ်ကရယ်ရင်းပြောတော့ တစ်ခန်းလုံးလည်းရယ်ကြပါသည်။
"ကဲ ကဲ ဒါဆိုတီချယ် စာစသင်တော့မယ်နော်"
ဒီလိုဖြင့် ညနေ၃နာရီထိုး၍အတန်းဆင်းကာဖြိုးတို့၏ တစ်နေ့တာကျောင်းချိန်လည်းပြီးသွားပြန်ပြီ။
ယနေ့မနက်ခင်းတစ်ခနတာလေးသာနွယ့်ကိုတွေ့လိုက်
ရသဖြင့် ဖြိုးမကျေနပ်။
သူမအကိုကလာမကြိုသေးသောကြောင့် သူမလည်း
ကျောင်းအတွင်းသို့ဝင်သည့်လမ်းအမိုးအောက်တွင်
ရပ်စောင့်နေတုန်း
လက်ကိုင်အိတ်ကလေးကိုလွယ်၍ ဆွဲခြင်းလေးဆွဲကာထွက်လာသောနွယ်ကိုတွေ့လိုက်ရသည်။
နွယ် သူမအနားရောက်လာတော့ ဖြိုးက
"မင်္ဂလာပါ တီချယ်"
"မင်္ဂလာပါ "
ထို၁ခွန်းသာပြောပြီး သူမနှင့်မလှမ်းမကမ်းတွင်နွယ်ကရပ်စောင့်နေ၏။
နွယ့်ခန္ဓာကိုယ်သေးသေးလေးက ဒီပစ္စည်းတွေသယ်ထားရတာညောင်းနေမှာပဲ။
နွယ့်နဖူးပေါ်ချွေး၁ပေါက်ကျတာတောင် ဖြိုးမလိုလား။
ထို့ကြောင့် ဖြိုးလည်းအရဲစွန့်၍နွယ့်နားသွားကာ
"သမီးကိုင်ပေးပါ့မယ် တီချယ်"
"ရပါတယ်သမီးရဲ့ သမီးမှာလည်းအထုပ်တွေနဲ့ကို"
"ရပါတယ် တီချယ်"
"ရတယ် သမီး တီချယ့်ကိုလည်း လာကြိုပြီဆိုတော့
တီချယ်သွားတော့မယ်နော်"
ဖြိုးလှည့်ကြည့်လိုက်တော့ တီချယ်စီးနေကျမဟုတ်သည့် အနက်ရောင်ကား၁စီးက တီချယ့်ဆီဦးတည်လာ၏။
"ဟုတ်ကဲ့ တီချယ်"
ကားထဲသို့ကြည့်လိုက်ရာ မောင်းသူမှာ လူရည်သန့်
သန့်အမျိုးသား၁ဦးဖြစ်ပြီး နွယ်ကလည်းနောက်ခန်းမှာ
မထိုင်ဘဲ သူ့ဘေးသို့ဝင်ထိုင်လိုက်သဖြင့် ဖြိုးမျက်မှောင်ကျုံ့မိသည်။
"အဲ့လူကဘယ်သူလဲ အရှင်ဘုရားကျေးဇူးပြုပြီးနွယ့်မှာ
ပိုင်ရှင်မရှိပါစေနဲ့"
ပိုင်ရှင်ရှိတယ်ဆိုရင်တောင် ဒီလူဟာတတိယလူအဖြစ်နဲ့နွယ့်အနားမှာခိုကပ်ချင်မိတယ်။ကာမေသုမိစ္ဆာစာရကံဆိုတာကျွန်မနဲ့ရန်ဘက်ဖြစ်တော့မယ်ထင်ပါရဲ့။
TBC...
7.1.23
Jane