I am not girl(Complete)
By Period-K
421K 24K 923
I am not girl (Own Creation Mm )(Mpreg) Author by Period-K Main Lead Couple Kaungkin Htet Yan + Saint Bhone M... More
Character Fact, memes and Dialogue
That a boy
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 47
Chapter 48
Chapter 49
Chapter 50(Final)
Extra 1
Extra-2
Bd Present 💛
ဟိန်းဇက်အတွဲ
Side Story(Moe Htet Yan+Shine Yewai - 1)
Part 2
Part 3
Chapter 46
6.1K 401 11
By Period-K
တစ်ပတ်လောက်ကြာသည်အထိ သားကမနက်တိုင်း ခြေတွေလက်တွေယောင်ကိုင်းနေဆဲဖြစ်သည်။စိမ့်အနေနဲ့ သားကို တစ်နေကုန်ချီပိုးထားပြီး ညဘက်ဆေးလိမ်းနှိပ်နယ်ပေးနေတာတောင် ယောင်ပြီးရင်းယောင်နေတာ။သားကတော့ မနာပါဘူး မကိုက်ပါဘူးပြောပေမဲ့ စိမ့်အနေနဲ့ ကတော့ ကိုယ့်သွေးသားလေး နှာခေါင်းပိတ်နေရင်တောင် တွေးပူနေရတာမဟုတ်လား။
10.5.2027
ဒီနေ့တော့ သားညဘက်ဆို ယောင်ပြီးလမ်းထလျှောက်တတ်လေသလား ခုန်ပေါက်တတ်လေသလား သူစောင့်ကြည့်ရန် သားနဲ့အတူအိပ်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။
"ဟာမဖြစ်ပါဘူး စိမ့်ငယ်ရယ် မင်းကသားဆီသွားအိပ်တော့ ကိုယ်တစ်ယောက်တည်းဖြစ်နေမှာပေါ့"
"ဒါဆို သားကို ဒီကိုခေါ်သိပ်လိုက်မယ်"
"မဖြစ်ပါဘူးကွာ သားကို ငယ်ငယ်လေးကတည်းကအခန်းခွဲသိပ်လာတာ သူ့အခန်းမှာသူအိပ်ပါစေ ကိုယ့်အသည်းလေးအိပ်တော့"
"ကောင်းကင်ထက်ယံ..! သားဒီလောက်ဖြစ်နေတာတောင်မင်းက စိတ်အေးလက်အေးနေနိုင်နေတာ ပဲ"
လေသံလေးနည်းနည်းမာလာသည်မို့ ကောင်းကင် စိမ့်အနားတိုးကပ်သွား၏။
"ကိုယ်ကနေနိုင်တာမဟုတ်ပါဘူး သားကလည်း နာကျင်နေတာမျိုးမှမရှိတာ အဲ့တာကြောင့် စိမ့်ငယ်က သက်သက် အတွေးလွန်နေရုံပဲ သားကတကယ်လို နာကျင်နေ ရင် ငိုမှာပေါ့"
"မဟုတ်သေးပါဘူး"
"ဒီညတစ်ညစောင့်ကြည့်လိုက်ပါကွာ 9 နာရီထိုးနေပြီ အိပ်တော့"
စိမ့်ငယ်ကို သူမနည်းဖျောင်းဖျရင်း အိပ်စေလိုက်သည်။နာရီဝက်လောက်အကြာ စိမ့်ငယ် အိပ်မောကျသွားပြီဆိုမှ သူအခန်းထဲကထွက်လာပြီး သားအခန်းကို တံခါးခေါက်တော့ သားကအလျှင်အမြန်ပဲထွက်လေသည်။သားကသူ့လက်ကိုဆွဲကာ သွားနေကျလမ်းသို့ တည့်တည့်တ်မတ်လိုက်လာတော့သည်။
"မင်းလက်အိတ်တွေ ခြေအိတ်တွေ ဝတ်စမ်းပါကွာ"
"Daddy ကလည်းပူတယ်လေ သားလည်း ဖေ စိတ်ပူအောင်မလုပ်ချင်ပါဘူး "
ကောင်းကင်သက်ပြင်းအသာချပြီး သူတို့သားအဖနှစ်ယောက် elevator ထဲဝင်ကာ password ရိုက်နှိက်လိုက်သည်။ထိုအခါမှ
Key တွေအောက်က screen ကလင်းလာပြီး B1,2,3 ဆိုပြီးပေါ်လာသည်။ B1 ကိုနှိပ်ကာ ဟိုးအောက်ဆုံး မြေအောက်ခန်းထိဆင်းလာခဲ့လျှက်
အထူးအေးဂျင့်တွေကကိုယ်ဆီ သေနတ်ကိုင်ကာလေ့ကျင့်နေကြသလို တစ်ချို့က ကွန်မန်ဒိုတိုက်ကွက်တွေလေးကျင့်နေကြသည်။ဒေါင့်စွန်းခန်းမှာတော့ IT နည်းပညာအခန်းရှိသည်။ထိုနေရာသို့ သူတို့နှစ်ယောက်လျှောက်လာရင်း
"ကိုရာဇာ သားကို ဒီနေ့တော့ နည်းပညာအပိုင်းပဲလေ့ကျင့်ပေးလိုက်တော့ ဒီကောင် လေ့ကျင့်ရေးနှစ်ရက်လောက်နားပေးလိုက်မယ်"
ကိုရာဇာက သားကိုခေါ်ကာ ခုံအလွတ်တစ်လုံးဆီပို့ပေးပြီး ကွန်ပျူတာ တွေအားချိတ်ဆက်ပေးလျှက်
"သခင်လေး နေမကောင်းဘူးလား ကောင်းကင်"
"ကောင်းပါတယ် စိမ့်ငယ်က စိုးရိမ်နေတာ မနက်ဖြန် ထပ်ပြီး ခြေတွေလက်တွေယောင်နေရင် ငါပြောလည်းလက်ခံတော့မှာမဟုတ်ဘူး အဲ့ကြောင့် ပေးနားတာ"
"သားကနားချင်တာမဟုတ်ဘူနော် daddy သား‌ေပျာ့ညံ့တဲ့‌ေကာင်လည်းမဟုတ်ဘူး"
"အေးပါကွာ ငါကမင်းကို ဘာမှမပြောမိပါဘူး မင်းဖေဖေ ကမင်းပဲစိတ်ပူနေတာ ငါတောင်မနာလိုချင်တော့ဘူး ငါ့ကိုနမ်းဖို့တောင်မေ့နေပြီ"
"ကောင်းတာပေါ့ daddy ဖေက သားကို အရင်ကထက်ပိုနမ်းလာတာ"
သားဟာ သူ့အဖေနဲ့ပတ်သတ်ရင် ကောင်းကင်အတိုင်းနည်းနည်းမှ အကြောမခံပြန်ပတ်သည်။ယခုပုံစံက ကလေးတစ်ယောက်လိုပြောနေတာမဟုတ် software တစ်ခုက Problem ကို စိတ်ပါဝင်စားစွာဖြေနေရင်း ကောင်းကင်နှင့် အလာပသလာပပြောနသည့်ပုံစံပင်ဖြစ်သည်။သူ့အဖေရှေ့နေတဲ့ပုံစံနဲ့ ယခုပုံစံနဲ့ ကိုမြင်ရတဲ့သူအဖို့ အမွှာရှိသည်လားဟု ထင်ရသည်အထိပင်။
သုံးမိနစ်အတွင်း ကိုရာဇာပေးထားသည့် Problem ကိုဖြေရှင်းလိုက်နိုင်သည်ကြောင့် သူ့ထက် အသက် ၅ဆလောက်ကြီးသည့် အေးဂျင့်တွေကပါ မျက်လုံးပြူးကုန်ကြသည်။ သူတို့ ဒီ Problem ကိုဖြေရှင်းနေတာ 9 နာရီကတည်းကပင် အခုထိမပြီးကြသေး
"ကောင်းကင် ရဲ့သားက ကောင်းကင် ကို copy ပွားထားသလိုပဲ လက်စလက်န အရည်အသွေးကတစ်ထပ်တည်းပဲ"
"ကျွန်တော့်သားက ကျွန်တော့်ထက်ပိုတော်တယ် ကိုရာဇာ ကျွန်တော့်ခြေလှမ်းတွေက အသက် 20မှစတာ သားကတော့  ၅နှစ်ကတည်းက စနိုင်ခဲ့တာ"
သားက နောက် Problem တစ်ခုကို သုံးမိနစ်တည်းနဲ့ထပ်ဖြေရှင်းလိုက်ပြန်၏။
ကောင်းကင် နံရံကိုမှီကာ သားကိုလက်ပိုက်ကြည့်နေသည့်အနေအထားမှနေ၍
"ဟေး နိုင်ဝင်း မနေ့ကလက်ခံထားတဲ့ Project သားကိုပေးလိုက် "
"Boss ၂ကြိမ်ပဲ မှားခွင့်ရှိတာနော် "
"ယူလာစမ်းပါ ငါ့သားတစ်ကြိမ်မှားရင်လည်း နှစ်ကြိမ်မြောက်မှာဖြေရှင်းနိုင်လိမ့်မယ်"
နိုင်ဝင်းက သားစက်ထဲ USB ထိုးပေးလိုက်သည်။သားကသူ့လက်တွေယှက်ကာ အကြောအချင်ဖြေပြီး ခုံကိုလှည့်ကာ သူ့ဘင်လှည့်လာလျှက်
"သား first round နဲ့ ဖြေရှင်းနိုင်ရင် ဒီproject ရဲ့ 80% ကိုလွှဲပေးရမယ်"
"ဟ့ာ......ဒီကောင် ဘယ်ကသတ္တိတွေနဲ့ပြောရဲတာလဲ မင်းနိုင်ရင် ငါမပေးရဲစရာမရှိဘူး လုပ်စမ်းကွာ ဒါပေမဲ့ မင်းမိနစ်လေးဆယ်ပဲ အချိန်ရမှာနော်"
ကောင်းကင်ဟာ သူ့သားကို အတော်လေးသဘောကျနေသလို သားကြောင့် သူ၏ရှိနေဆဲ ဂုဏ်အရှိန်အဝါ ထက် ပိုလို့ပင်တောက်လာပါသေးသည်။ရာဇာကလည်း ယုံကြည်မှုအပြည့်နဲ့ သားရဲ့ လုပ်ကိုင်နိုင်စွမ်းကို ရှုစားနေသလို ဘေးကသင်တန်းသားတွေကလည်း အသံတိတ်စောင့်ကြည့်နေကြသည်။မိနစ်သုံးဆယ်အတွင်း အားလုံးရှင်းလင်းနေပြီဖြစ်တာကြောင့် သားရဲ့ enter ခေါက်ရန် တစ်စက္ကန့်အလိုမှ Virus တစ်ချို့ပြန်တတ်လာသည်။မနည်းမနော တတ်လာတာကြောင့် ကောင်းကင်တောင် အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။နာရီကြည့်တော့ 41 မိနစ်ကျော်နေသလို 10 နာရီခွဲနေပြီ သားအိပ်ချိန်ရောက်တော့မှာမို့ အနောက်ကနေသားပုခုံးကိုပုတ်ကာ
"ဟေ့ကောင် ထတော့ အိပ်ချိန်ရောက်နေပြီ ထားခဲ့လိုက်တော့"
"Win.....!"
"Wow......"
လက်ခုတ်သံအကျယ်ကြီးဟိန်းထွက်လာပြီး Boxing ထိုးနေတဲ့ကောင်တွေကပါ လာကြည့်နေတာကြောင့် အားလုံးရဲ့ လက်ခုပ်သံတွေကကျယ်လောက်စွာထွက်ပေါ်လာသည်။သားကခုံပာပေါ်မှာ မတ်တပ်ထရပ် ကာ သူ့ကိုလှည့်ကြည့်ရင်း မျက်ခုံးတစ်ချက်ပင့်ပြလေသည်။
"နေရောင်....သွေးသစ်...!",
"နေရောင်...သွေးသစ်...!"
သားနဲ့သူ  လက်သီးချင်းထိုးလျှက် ဂုဏ်ယူဝင့်ကြွားစွာပင်
ကောင်းကင်ထက်ယံ ရဲ့သားက ဒီလိုပဲဖြစ်နေသင့်တာ
မျက်လုံးစိမ်းဖန့်ဖန့်လေးတွေကို မျက်ခွံတွေကအုပ်မိုးချင်နေကြပြီ သားရဲ့ အိပ်ချိန် ဆယ်မိနစ်တောင်ကျော်နေပြီဖြစ်သည်။သား ရဲ့ limit ပြည့်ခါနီးပြီမို သူသားကိုပွေ့ချီရင်း အပေါ်သို့ ပြန်တတ်လာခဲ့ကြသည်။
.......
11.5.2027
ကောင်းကင်နိုးလာတော့ စိမ့်ငယ်မျက်နှာ
ကကြည်လင်နေသည်။ကောင်းကင်က ပါးကိုဖွဖွလေးနမ်းတော့လည်း ပြုံးပြုံးလေးပင်
"ဘာဖြစ်လို့လဲ ပျော်စရာရှိလို့လား"
"သားနေပြန်ကောင်းသွားပြီထင် ခြေထောက်လေးတွေ လက်လေးတောင် ကပုံမှန်ပဲ တော်သေးတာပေါ့ အခုမှ ပဲ အပူလုံးကြီးကျသွားတော့တယ်"
"ကိုယ့်အသည်းက သူ့ကို ကိုယ့်ထက်ပိုချစ်နေတာလား"
"လာပြန်ပြီ လားအဲ့စကားတွေ သွားရေချိုးတော့ "
......
သူတို့တွေအပေါ်ကဆင်းလာပြီး ထမင်းစားခန်းထဲဝင်ကာ မနက်စာစားဖို့ပြင်ဆင်ရင်း စိမ့်မျက်နှာ ရှက်ရဲရဲနှင့် ဘေးနားကအိမ်အကူကလေးမတွေကို အပြင်ထွက်ခိုင်းလိုက်သည်။ကောင်းကင်က ရှက်သွေးလွှမ်းနေတဲ့စိမ့်မျက်နှာကိုကြည့်ရင်း စိတ်ထဲဘဝင်မကျ သားကတော့ပြုံးဖြီးဖြီးဖြင့်ရှိနေသည်။ဒီကောင် သူများအသည်းလေးကိုဘာတွေ.စ.ထားပြန်ပြီလဲမသိပါ
"ဒီစနေ ၁၅ ‌ရက်နေ့ကျရင် အပြင်လိုက်ပို့ပါလား"
"၁၅ ရက်နေ့ အာ စိမ့်ငယ် ကိုယ်မအားဘူးဖြစ်နေတယ် တနင်္ဂနွေနေ့ကျမှလိုက်ပို့လို့ရမလား"
ကောင်းကင်ပြန်မေးတော့ စိမ့်က သူ့သားကိုကြည့်သည်။သားက လှော်ပေးနေတဲ့ မျက်နှာနှင့် ခေါင်းမော့ပြတော့ စိမ့်ငယ်မျက်နှာကပိုရှက်ရဲလာလေသည်။
"ငါ....စိမ့်က အဲ့နေ့ပဲ အပြင်ထွက်ချင်တာ ကိုကို..."
"ဟင်...."
ဒီကောင်က တော့
"မရဘူးလား"
"ကိုယ်မအားဘူးစိမ့်ငယ်ရယ် မနက်ပိုင်းအရေးကြီး meeting ရှိတာပဲ"
"ဦးဦးမိုးထက် တတ်ပေးလို့ရတယ်"
သိပြီ ဒီကောင် ငါ့အသည်းလေးကို လူမိုက်ငှားထားတာ တွေ့မယ် မင်းကို ဒီည ကျားကြီးနဲ့ Boxing ထိုးခိုင်းမယ်
"....."
"ကိုကိုနော်....!"
"Ok ကိုယ်လိုက်ပို့မယ် ကိုယ့်အသည်းသွားချင်ရင် တိမ်စိုင်တွေဆီအထိ လိုက်ပို့ပေးမယ်ကွာ.."
ကောင်းကင်စကားကြောင့် သားကထရယ်တော့သည်။ထိုနောက်စိမ့်ငယ်ကပါ ရယ်သွေးရွှမ်းလျက် ကောင်းကင်လည်း သဘောကျစွာအော်ရယ်မိသည်။ ဒီလိုနွေးထွေးတဲ့ မနက်စာ ဝိုင်းလေးကို သူကြုံဖူးရပြီပဲ....
@Period-K
တိုတယ်နော်
Vote ပေးရင်မိုတီပေးပါ K ကို
Zawgyi
10.5.2027
"မဟုတ်သေးပါဘူး"
"သားကနားချင်တာမဟုတ်ဘူနော် daddy သား‌ပျော့ညံ့တဲ့‌ကောင်လည်းမဟုတ်ဘူး"
"Win.....!"
"Wow......"
"နေရောင်....သွေးသစ်...!",
"နေရောင်...သွေးသစ်...!"
.......
11.5.2027
......
"ဟင်...."
ဒီကောင်က တော့
"မရဘူးလား"
"....."
"ကိုကိုနော်....!"
@Period-K
တိုတယ်နော်
Continue Reading
You'll Also Like
59K 4.7K 44
1900ခေတ်နှောင်းပိုင်းလေးပါ အမည် နေရပ်နဲ့အသုံးအဆောင် ဇာတ်လမ်းအားလုံးက ယဉ်လေးရဲ့ စိတ်ကူးများသာဖြစ်သည် အပြင်မှာတူညီမှုရှိပါက တိုက်ဆိုင်မှုအဖြစ်မှတ်ယူပေးကြ...
946K 2.1K 1
"ငါ့...မိဘတွေကိုသတ်ခဲ့တဲ့....မင်းအဖေကိုလည်းမုန်းတယ်...သူ့သားဖြစ်တဲ့မင်းကိုလည်း သေလောက်အောင်မုန်းတယ်..." ထွဋ်ဝေယံဦ...
34.9K 1.6K 45
ငါ့နာမည်က နေထက်မြတ်သူကွ ဘယ်ကောင်ကိုမှမကြောက်သလိုဂရုလဲမစိုက်ဘူး အလှလေးကလှလိုက်တာကွာ ကိုယ့်ကိုမင်းအနားမှာခစားခွင့်ပြုပါနော် ...
148K 10.1K 70
Start date - April 13, 2022 End date - May 30 , 2022 ဇာတ်အကျဥ်း___ ၆ နှစ်ကျော်ကြာအောင် တွဲခဲ့တဲ့ ချစ်သူနှစ်ဦး.. လမ်းခွဲဖြစ်ခဲ့ကြချိန်မှာတော့..အကြောင...