TRICK ✔
By NightToy_95
14.1K 1.3K 83
မျက်လှည့်ကမှော်ပညာလား.. မ်က္လွည့္ကေမွာ္ပညာလား.. coverphoto credit #nighttoy95 #Hongkong style More
1ခု
2ခု
3ခု
4ခု
6ခု
7ခု
8ခု
character
9ခု
10ခု
11ခု
12ခု
13ခု
14ခု
15ခု
16ခု
17ခု
Xiao and Feng
18ခု
19ခု
20ခု
21ခု(လမ်းဆုံး)Uni
21ခု(လမ္းဆုံး)Zaw
5ခု
547 61 2
By NightToy_95
5ခု
Uni
အချစ်နဲ့အမုန်းဒွန်တွဲလာရင်ဘယ်အရာကအနိုင်ရမလဲ?အမုန်းအင်အားကြီးရင်တော့ချစ်ခြင်းမေတ္တာကိုဖုံးလွှမ်းပြီးပေါက်ကွဲပွင့်လာလိမ့်မယ်ဒါပေမဲ့မသိစိတ်ရဲ့တစ်နေရာမှာတော့အချစ်ကတိတ်တဆိတ်အင်းအားကြီးထွားနေတတ်တယ်..
***
အဖြူရောင်အုတ်ဂူနှစ်လုံးရှေ့မှာရပ်ပြီးလေမတိုက်ပါပဲမျက်လုံးတွေကစပ်ဖျင်းဖျင်းဖြစ်လာသည်။အမွှေးတိုင်တွေကိုထွန်းညှိပြီးခါးကိုင်းလို့ဦးသုံးကြိမ်ချကာအုတ်ဂူတွေရှေ့ထွန်းလိုက်တယ်။ခပ်လှမ်းလှမ်းကသက်တော်စောင့်တွေကလက်ကိုနောက်ပစ်ပြီးနန်းတွင်းအစောင့်တွေလိုလှုပ်ရှားခြင်းမရှိရပ်နေကြတယ်။Boss Wangကဒီနေ့အနောက်ဘက်သိုလှောင်ရုံမှာပြသာနာတက်လို့ဆိုပြီးသူနဲ့အတူမလိုက်လာနိုင်ဘူး။
မျက်ခမ်းစပ်မှာတွဲလဲခိုနေတဲ့မျက်ရည်ဥတွေကိုလွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်ပြီးအုတ်ဂူပေါ်ကသစ်ရွက်ခြောက်တွေကိုဖယ်ရှားပေးနေမိသည်။
."ပါး မား ကောင်းကောင်းအနားယူနေတယ်မလားဒီနှစ်တွေမှာကျွန်တော်ပစ်ထားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော်သာကောင်းကောင်းစောင့်ရှောက်နိုင်ခဲ့ရင်ပါးနဲ့မားကထွက်သွားရမှာမဟုတ်ဘူး...​မတရားခံခဲ့ရတဲ့ပါးနဲ့မားအတွက်ကျွန်တော်ဘာမှလုပ်မပေးနိုင်ခဲ့ဘူး ကျွန်တော်ကတာဝန်မကျေတဲ့သားမိုက်တစ်ယောက်ပါ...ရန်သူတစ်ယောက်ဆီမှာနေရပြီးသူလက်ခုပ်ထဲကရေလိုသွန်လိုသွန်မှောက်လိုမှောက်နဲ့သူပြုသမျှနုနေရတဲ့ဘဝကြီးကိုမုန်းတယ်...တကယ်ဆိုပါးနဲ့မားအတွက်လက်စားချေရမှာမှန်ပေမဲ့ကျွန်တော်မတတ်နိုင်ခဲ့ဘူး ကျွန်တော်သူ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး...သားမိုက်ကိုခွင့်လွတ်ပေးပါ.."
ရှောင်းကျန့်ကမျက်ရည်တွေကိုလက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။မိဘတွေကိုဆုံးရှုံးခဲ့ရလို့နာကြည်းတဲ့ခံစားချက်ကရင်ဘက်ရဲ့အနက်ရှိုင်းဆုံးနေရာမှာကိန်းအောင်းအမြစ်တွယ်နေတုန်းပဲ။တရားမျှတမှုကိုလိုချင်တယ်တရားဥပဒေကသူတို့လက်ထဲမှာရှိနေတဲ့အခါရှောင်းကျန့်လုပ်နိုင်တာဘာရှိအုံးမှာလဲ။မတရားခံရတဲ့သူကိုအပြစ်သားဖြစ်အောင်ဒီလူတွေကဖန်တီးနိုင်တယ်။ခွေးကလူကိုပြန်ဟစ်သလိုပေါ့။
"ကျန့်ကျန့်..ကျန့်ကျန့်မဟုတ်လား"
"ဖေးဖေး.."
အရင်ကအိမ်နီးချင်းနဲ့ဒီနေရာမှာတွေ့ရမယ်လို့မထင်ထားမိဘူး။ရှောင်းကျန့်ကဝမ်းသာအားရနှင့်ခုနကငိုနေတာတောင်ဘယ်ရောက်သွားမှန်းမသိပေ။
တစ်ယောက်ထဲတစ်ကောင်ကြွက်ဖြစ်ပြီးအားငယ်နေချိန်မှာတစ်ချိန်ကအမတစ်ယောက်လိုချစ်ခင်ရသူနဲ့ပြန်တွေ့ရသည်ကထိုအားငယ်စိတ်တွေကိုအနည်းငယ်သက်သာစေပါသည်။
"ငါ့မိတ်ဆွေနဲ့တစ်နေရာမှာစကားသွားပြောဖို့မင်းတို့လိုက်လာစရာမလိုဘူးခဏပဲကြာမှာငါ့ကိုဒီကစောင့်နေ.."
"ဒါပေမဲ့သခင်လေး.."
"စိတ်ချဟိုတစ်ခါလိုမဖြစ်စေရတော့ဘူးငါကတိပေးတယ်"
ရှောင်းကျန့်ကကိုယ်ရံတော်တွေကိုသွားပြောပြီးနောက်ဖေးဖေးနဲ့အတူသင်္ချိုင်းကထွက်လာခဲ့သည်။
သင်္ချိုင်းအနီးကဆိုင်တစ်ဆိုင်ထဲဝင်လာပြီးသူတို့စကားပြောဖြစ်ကြသည်။
"ဖေးဖေးနင်ဘယ်ချိန်ကဟောင်ကောင်ပြန်ရောက်​ေနတာလဲ"
"ငါပြန်ရောက်တာသုံးနှစ်ရှိပြီးငါပြန်လာတော့နင်တို့အိမ်ကခြောက်ကပ်သွားပြီလေရှောင်းဦးလေးတို့အကြောင်းငါသိခဲ့ပါတယ်ငါလဲမယုံနိုင်ဖြစ်ခဲ့တယ်..စိတ်မကောင်းပါဘူး"
တုဖေးကရှောင်းကျန့်မိဘတွေမဆုံးခင်တစ်နှစ်မှာရှန်ဟိုင်းကိုပြောင်းသွားခဲ့တာဖြစ်ပြီးဖြစ်ပျက်ခဲ့သမျှဘာတစ်ခုမှသူမသိရပေ။ရှောင်းကျန့်ကမိဘတွေကိုသတိရသွားပြီးမျက်နှာလေးကညိုးကျသွားတယ်။တုဖေးကရှောင်ကျန့်စိတ်မကောင်းဖြစ်သွားတာကြောင့်စကားလမ်းကြောင်းလွဲဖို့ကြံသည်။
"အာ..ကျန့်ကျန့်နင်ကအရင်အိမ်မှာမနေတော့ဘူးဆိုတော့ဘယ်မှာနေတာလဲငါလဲနင့်အိမ်လည်ချင်တယ်နင်ဘာတွေလုပ်နေတာလဲဟင်..ဒီနှစ်တွေမှာငါတို့ကျန့်ကျန့်လေးအရမ်းပင်ပန်းခဲ့မှာပဲ.."
မိဘတွေကိုသတ်ခဲ့တဲ့သူနဲ့အတူနေရုံတင်မကသူ့အပိုင်အရုပ်လိုသတ်မှတ်ခံထားရတာကိုသိရင်ဖေးဖေးဘယ်လိုတုံ့ပြန်မလဲ။ဖေးဖေးသာဝမ်အိမ်တော်ကိုလိုက်လာတာBoss Wangသိကြည့်ပါလား သံသမျက်မျက်လုံးတွေနဲ့ရှောင်းကျန့်ကိုအရင်ထက်ပိုချုပ်ချယ်တော့မှာ။လက်ရှိရထားတဲ့လွတ်လပ်မှုသေးသေးလေးကိုတော့သူအဆုံးအရှုံးမခံချင်ပါ။
"ဒီလိုပါပဲ..ငါ..ငါသတင်းစာတိုက်မှာအလုပ်လုပ်နေတာလေ ပါးနဲ့မားဆုံးသွားထဲကအဲ့မှာအလုပ်လုပ်ခဲ့တာပါ..အိမ်ကိုတော့အဆင်မပြေသေးလို့နောက်ကျရင်အလည်ခေါ်ပါ့မယ်"
"ကျန့်ကျန့်"
"ဟမ်"
"နင်ငါ့ကိုမလိမ်နဲ့နော်"
"ဟမ်..ဟား...ငါဘယ်မှာလိမ်လို့လဲဖေးဖေး ငါတို့ခုနကမှပြန်တွေ့ကြတာလိမ်စရာလား"
"နင်ညာပြောရင်လက်သည်းတွေကိုကုပ်ခြစ်နေတတ်တဲ့အကျင့်ကိုငါမသိဘူးထင်နေလား"
တုဖေးကရုပ်တည်နဲ့ပြောတော့ပြောင်စပ်စပ်လုပ်နေတဲ့မျက်နှာကိုရပ်တန့်လိုက်ပြီးစားပွဲပေါ်တင်ထားတဲ့လက်နှစ်ဖက်ကိုအောက်ချလိုက်သည်။မလုံမလဲဖြစ်စွာခေါင်းကိုငုံ့ထားမိတယ်။
"ဟင်း..ကောင်းပြီလေ..နင်ကဒီလိုပဲသိစေချင်တော့ငါဒီအတိုင်းပဲသိထားလိုက်ပါ့မယ်နင်အဆင်ပြေတယ်ဆိုရင်ပြီးရော"
ထို့နောက်နှစ်ယောက်ကြားအချိန်အတော်ကြာအောင်တိတ်ဆိတ်နေခဲ့တယ်။
"နင်အိမ်ထောင်ကျသွားပြီလားကလေးတွေရောရပြီလားဖေးဖေး"
"အာ..ငါလားအိမ်ထောင်ကျမှာ..ကြိုက်မဲ့သူတောင်မရှိတာ နင့်ငါ့ကိုကြိုက်ရင်တော့မဆိုးဘူးလေငါတို့နှစ်ယောက်ကအဆင်ပြေနိုင်တယ် ဟားး"
"ဟား..နင်ကအရင်ကအတိုင်းပဲပေါက်ကရတွေပြောတုန်းပဲ"
ဆံပင်ကိုခပ်မြင့်မြင့်စည်းပြီးအရပ်မြင့်မြင့်နဲ့ဖေးဖေးကပေါင်လယ်လောက်ထိနှစ်ဖက်ခွဲထားတဲ့ချောင်ဆမ်ဝတ်စုံကိုsmartကျစွာဝတ်ထားသည်။ချစ်ဖို့ကောင်းတာမဟုတ်ပဲအရမ်းလှပြီးဆွဲဆောင်မှုရှိတယ်။ဒီလိုအမျိုးသမီးကခုထိလက်တွဲဖော်မတွေ့သေးတာကတော့ထူးဆန်းတာပဲ
"အော် နင်ဘယ်လိုသုဿန်ကိုလာတာလဲမပြောရသေးဘူးနော်"
"ငါ့မိတ်ဆွေတစ်ယောက်ဆုံးသွားလို့လာတာပါ..ကျန့်ကျန့်နင်လဲမငယ်တော့ဘူးနော်...အိမ်ထောင်လေးဘာလေးမပြုတော့ဘူးလားစစ်မှန်တဲ့လူတွေ့ရင်လက်မနှေးနဲ့ကြားလား"
"စစ်မှန်တဲ့သူ?"
"အင်းလေ နင့်အတွက်စစ်မှန်တဲ့လူ"
ရှောင်းကျန့်အာရုံထဲBoss Wangကိုမြင်လာသည်။သူကငါ့အတွက်စစ်မှန်တဲ့လူလားရန်သူတစ်ယောက်ကငါ့အတွက်စစ်မှန်တဲ့လူဖြစ်နိုင်ရဲ့လား...
ရှောင်းကျန့်တွေးကြည့်နေရင်းသူ့တို့ဘေးကဖြတ်သွားတဲ့လူရဲ့မျက်နှာကိုအမှတ်မထင်ကြည့်လိုက်မိတဲ့အချိန်သူ့မျက်လုံးတွေပြူးကျယ်သွားသည်။
Boss Wang. .
Boss Wangကဘယ်လိုရောက်လာတာလဲ။မဟုတ်သေးဘူးဝမ်ရိပေါ်ကသူ့ကိုတွေ့ရင်ဒီလိုလုပ်သွားမှာမဟုတ်ဘူးခုကလုံးဝသူစိမ်းတွေလိုသူ့ကိုတစ်ချက်တောင်မကြည့်ပဲဆိုင်ပြင်ထွက်သွားတယ်။သူ့ကိုမတွေ့လို့များလား..။ဒါမှမဟုတ်..Boss Wangစိတ်တိုနေပြီလား သူဒီလိုကိုယ်ရံတော်တွေကိုထားခဲ့ပြီးတစ်ယောက်ထဲဖေးဖေးနဲ့ထွက်လာခဲ့လို့စိတ်တိုနေတာလား။
ရှောင်းကျန့်စိတ်ထဲဟိုနေ့ကသွေးသံတရဲရဲနဲ့အပြစ်ပေးခံရတဲ့လူတွေကိုမြင်ယောင်မိတော့တစ်ကိုယ်လုံးအေးစက်တောင့်ခဲသွားရသည်။ထိုင်နေရာကနေဝရုန်းသုန်းကားထပြီးဆိုင်ပြင်ပြေးထွက်လာခဲ့တယ်။
"ကျန့်ကျန့်.ဘယ်သွားမလို့လဲ"
"နောက်မှအေးဆေးထက်တွေ့ကြမယ်"
ဖေးဖေးကိုလှမ်းအော်ပြောခဲ့ပြီးရှောင်ကျန့်ဆိုင်ပြင်မှာဝမ်ရိပေါ်ကိုလိုက်ရှာနေမိသည်။အချိန်မှီရှင်းပြဖို့လိုတယ်...မျက်လုံးကိုဝေ့ဝဲရှာတော့တလှုပ်လှုပ်နဲ့​ခြေလှမ်းကျဲကြီးတွေလှမ်းနေတဲ့ကျောပြင်ကိုတွေ့လိုက်တယ်။ရှောင်းကျန့်ဝမ်ရိပေါ်ဆီပြေးသွားကာအင်္ကျီခါးစကိုလက်နဲ့လှမ်းဆွဲလိုက်သည်။
ခြေလှမ်းတွေကရပ်တန့်သွားပြီးသူ့ကိုတဖြည်းဖြည်းလှည့်ကြည့်လာတယ်။
ခဏ.တစ်ခုခုတော့လွဲနေသလိုပဲ..တစ်ခါမှဦးထုတ်မဆောင်းတဲ့Boss Wangကဦးထုတ်ကြီးအကျအနဆောင်းထားတယ်။ဒါ့အပြင်သူ့ကိုကြည့်နေတဲ့မျက်လုံးတွေကလဲတစ်ခါမှမတွေ့ဖူးတဲ့သူစိမ်းတွေလိုအေးစက်လှသည်။Boss Wangကဘယ်လောက်ပဲသူ့ကိုသတ်ပစ်ချင်လောက်အောင်ဒေါသထွက်ပါစေဒီလိုတစ်ခါမှမကြည့်ဖူးဘူး.အကြည့်စိမ်းစိမ်းတွေကအင်္ကျီစကိုတလှည့်ရှောင်းကျန့်ကိုအံတင်းတင်းကြိတ်ပြီးတလှည့်ကြည့်နေတယ်။ကိုင်ဆွဲထားတာကိုလွှတ်စေချင်တဲ့ပုံ..
မဟုတ်ဘူး..ဒီလူကBoss Wangနဲ့ရုပ်ချင်းခွဲမရအောင်တူပေမဲ့Boss Wangတော့မဟုတ်ဘူး။ဝမ်ရိပေါ်မှာအမွှာတွေများရှိနေတာလား ဒါပေမဲ့မွေးထဲကအမွှာမပြောနဲ့မွေးချင်းတွေတောင်မရှိတဲ့တစ်ဦးတည်းသောသားလေ ။၇နှစ်တာအတူနေခဲ့တာမလို့မခွဲတတ်ရအောင်ရှောင်းကျန့်ကညံ့ဖျင်းမနေဘူး..ဒီလူကဝမ်ရိပေါ်လုံးဝမဟုတ်ဘူး..
"လွှတ်ပေး!"
"အာ...sorry "
ရှောင်းကျန့်အတွေးထဲလေလွင့်နေတုန်းအေးစက်လှတဲ့အသံကြောင့်ကိုင်ဆွဲထားတာကိုဖြေးဖြေးလွှတ်ပေးလိုက်တယ်။ဘာလဲဟ..အသံကအစတူနေတာ ဒါမျိုးကဘယ်လိုကြီးလဲ ။ရှောင်းကျန့်ကြောင်အလွန်းပြီးပါးစပ်အဟောင်းသားနဲ့ကျောက်ရုပ်လေးလိုရပ်နေမိသည်။
"ဟို..လူ လူမှားသွားလို့ပါမင်းကငါ့အသိတစ်ယောက်နဲ့တော်တော်တူလွန်းတယ် မင်းမှာညီအကိုတွေဘာတွေများမရှိဘူးလား သူကမင်းနဲ့အရမ်းတူလွန်းလို့လေ ပြောလို့မရဘူး ညီအကိုတွေဘာတွေဖြစ်ချင်ဖြစ်နေမှာ"
"မင်းနဲ့ဆိုင်လား"
"ဟမ်"
"မင်းလဲငါ့ကိုမသိဘူးငါလဲမင်းကိုမသိဘူးဘာလို့ငါ့အကြောင်းတွေပြောပြရမလဲ"
"အာ မဟုတ်ဘူးလေ ငါကသိချင်လို့"
"ပြောပြစရာအကြောင်းမရှိဘူး"
ရှေ့ကဝမ်ရိပေါ်နဲ့တူတဲ့လူရဲ့အေးစက်ပြီးချေမိုးနေတဲ့စကားတွေကြောင့်ရှောင်းကျန့်မျက်မှောင်းကုတ်လိုက်သည်။
"ဒါလေးမေးတာကိုအသားပဲ့ပါသွားမှာမလို့လား တစ်လုံးနှစ်လုံးဖြေလိုက်ရင်ဘာမှမဖြစ်သွားဘူး လူမှုရေးခေါင်းပါးတဲ့လူပဲ ဒီမှာ မင်းကိုညီအကိုရှိလားမရှိလားလို့မေးတာအဲ့လောက်ဖြေရခက်နေတာလား..မှတ်ထားကောင်လေး လူဆိုတာလူမှုရေးတော့နားလည်ရတယ်"
သူ့ရင်ဘက်ကိုလက်ညိုးနဲ့ထိုးပြီးနှုတ်ခမ်းတထော်ထော်ပြောနေတဲ့လူကိုမျက်နှာသေဖြင့်သာစိုက်ကြည့်နေလိုက်သည်။
"ခေါင်းတလားလိုလူ"
ရှောင်းကျန့်ကပေစောင်းစောင်းကြည့်ကာပြောပြီးနှာခေါင်းရှုံ့ကာထွက်သွားခဲ့သည်။အနောက်မှာကျန်နေခဲ့တဲ့သူကကျောပြင်ငယ်ကိုစိုက်ကြည့်နေပြီးနောက်မျက်လွှာချကာမြေပြင်ကိုမျက်နှာသေနဲ့စိုက်ကြည့်နေတယ်။
"ခေါင်းတလား? လူမှားတာ?..."
*^^*
အနောက်ဘက်သိုလှောင်ရုံမှာပြသာနာတက်တာမလို့ဝမ်ရိပေါ်ရှောင်းကျန့်ကိုစိတ်မချပေမဲ့ကိုယ်ရံတော်တွေကိုသေချာမှာပြီးလွတ်လိုက်သည်။သူကတော့အနောက်ဘက်သိုလှောင်ရုံကိုခြေဆန့်ခဲ့တယ်။
"ပစ္စည်းတွေဘယ်လောက်ပါသွားလဲ"
"တစ်ဝက်ချိုးပါBoss"
သိုလှောင်ရုံထဲပစ္စည်းတွေရာနဲ့ချီပြီးရှိတာတစ်ဝက်ချိုးလောက်ပါသွားတာကလဲမနည်းတဲ့ပမာဏပင်။
"အားလိန်ရော"
"ကျွန်တော်ရောက်ပါပြီBoss"
အားလိန်ကဒီအနောက်ဘက်သိုလှောင်ရုံကိုကြီးကြပ်ဖို့တာဝန်ပေးခံထားရတဲ့သူဖြစ်သည်။Jackson နဲ့ Chuoကသူ့ရဲ့ဘယ်လက်ရုံးနဲ့ညာလက်ရုံးဖြစ်ပြီးအားလိန်ကလဲသူ့ရဲ့ယုံကြည်အားကိုးရတဲ့လူတစ်ယောက်လဲဖြစ်တယ်။
"ဘယ်လိုဖြစ်တာလဲ"
"မနေ့ညကကျွန်တော်တို့သိုလှောင်ရုံကိုသေချာစောင့်ကြပ်ခဲ့ပါတယ်ဒါပေမဲ့၂နာရီလောက်မှာအားလုံးမနေနိုင်လောက်အောင်အိပ်ငိုက်ခဲ့ပြီးအိပ်ပျော်သွားခဲ့ကြတယ်အဲ့ဒိအချိန်မှာဖောက်ထွင်းခံရတာပါ"
ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကကျဥ်းမြောင်းပြီးမျက်ခုံးတွေတွန့်ချိုးထားသည်။
"အိပ်မောကျတယ်..အားလုံးပဲလား"
"ဟုတ်ပါတယ်Boss"
"အဟက်..ကြည့်ရတာ ငါ့လူတွေထဲမှာသူလျှိုရှိနေပြီထင်တယ်...မဟုတ်ရင်သစ္စာဖောက်ပေါ့"
ဝမ်ရိပေါ်ကနှုတ်ခမ်းတွေတွန့်ပြီးပြုံးလို့ပေါ့ပါးစွာပြောနေသည်။အားလိန်ကတော့တစ်ခုခုကိုအသဲအသန်တွေးနေပုံရတယ်။သူလျှိုဘယ်သူလဲဆိုတာဖော်ထုတ်နေပုံပဲ။
"ကျွန်တော်အဲ့ဒီသူလျိုကိုအမြန်ဆုံးဖော်ထုတ်ပါ့မယ်"
ဝမ်ရိပေါ်ကအားလိန်ကိုကြည့်ပြီးတစ်ချက်ပြုံးပြကာခေါင်းတငြိမ့်ငြိမ့်နဲ့လုပ်လိုက်သည်။ထို့နောက်သိုလှောင်ရုံထဲဝင်သွားတယ်။ကိုယ်ရံတော်တွေလဲအတူလိုက်ဝင်လာသည်။
သိုလှောင်ရုံထဲသံသေတ္တာတွေအထပ်လိုက်ကြီးတွေတင်ထားပြီးအချို့ကဖရိုဖရဲဖြစ်နေသည်။တစ်ဝက်ကျော်လောက်ကတော့လျော့သွားခဲ့ပြီ။ဝမ်ရိပေါ်ကသေတ္တာတစ်လုံးရှေ့ရပ်ပြီးအိပ်ကပ်ထဲကဆေးလိပ်တစ်လိပ်ထုတ်ပြီးရှိုက်ဖွာလိုက်တယ်။
"ဖွင့်လိုက်"
သူ့စကားဆုံးတော့အားလိန်ကသေတ္တာအဖုံးကိုဖွင့်လိုက်သည်။သေတ္တာထဲအဖြူရောင်အထုပ်သေးသေးတွေကအစီအရီနဲ့အပြည့်ရှိနေသည်။ဝမ်ရိပေါ်ကနောက်ထပ်တစ်လုံးကိုပါမေးငေါ့ပြီးဖွင့်ခိုင်းတယ်။ဒီတစ်လုံးမှာတော့အမည်းရောင်အထုပ်တွေကအစီအရီရှိနေတယ်။
"Boss သူတို့တစ်ဝက်ပဲယူသွားတာဖြစ်မယ်ကျန်နေတဲ့သေတ္တာတွေထဲမှာတော့မလျော့ဘူး"
ဝမ်ရိပေါ်ကအားလိန်စကားကိုဘာမှပြန်မပြောပဲဆေးလိပ်သာဖွာရှိုက်နေသည်။အားလိန်ကသူ့နောက်လိုက်တစ်ယောက်ကိုပြောတယ်။
"မနေ့ညကစားသောက်ရေးကိုတာဝန်ယူတဲ့သူကိုသေချာစစ်မေး အမှန်တရားမထွက်လာမချင်းနည်းမျိုးစုံနဲ့မေး ကြားလား ငါတို့စားမဲ့ထဲကိုဆေးခပ်တာသူပဲဖြစ်နိုင်ခြေအများဆုံးဖြစ်တယ် ခုချိန်မှာသံသယအရှိဆုံးလူကသူပဲ မလွတ်စေနဲ့"
"ဟုတ်ကဲ့"
ထိုနောက်လိုက်ကစစ်ဆေးရန်ထွက်သွားသည်။ဝမ်ရိပေါ်ကသိုလှောင်ရုံပတ်ပတ်လည်ကိုထောင့်စေ့အောင်လိုက်ကြည့်နေတယ်။
အစောင့်တွေအိပ်နေတဲ့အချိန်မှာပစ္စည်းတွေအများကြီးခိုးထုတ်သွားနိုင်တယ်။တော်ရုံအင်အားတော့မဟုတ်ဘူး လူဆယ်ယောက်ထက်ပိုမယ်ထင်တယ်..
ဂျောက်!
ခြေလှမ်းကိုအနောက်လှည့်လိုက်ချိန်မှာတစ်ခုခုကိုတက်နင်းမိလိုက်တာကြောင့်ခြေထောက်ကိုဖယ်လိုက်တယ်။မြေကြီးတွေနဲ့ဖုံးနေတဲ့တစ်စုံတစ်ခုကိုတွေ့တော့ဝမ်ရိပေါ်ကမြေပေါ်ဒူးထောက်ချပြီးထိုပစ္စည်းကိုကောက်ကိုင်လိုက်သည်။
Boss လက်ထဲကပစ္စည်းကိုတွေ့တော့Jacksonနဲ့Chuoကတစ်ယောက်ကိုတစ်ယောက်အံ့သြစွာကြည့်လိုက်ကြတယ်။ ဖန်းအိမ်တော်ရဲ့အမှတ်အသားတံဆိပ်ပြားပဲ..
အာဏာရှိတဲ့ဂိတ်ငါးဂိတ်မှာသူတို့ရဲ့အမှတ်အသားတွေရှိကြတယ်။ကြေးတံဆိပ်ပြားနဲ့အတူအိမ်တော်ကိုယ်စားပြုတိရိစ္ဆာန်ခေါင်းပုံနဲ့အိမ်တော်နာမည်တွေရှိတယ်။ဝမ်ကဝံပုလွေခေါင်းပုံစံဖြစ်ပြီးဖန်းကကျားခေါင်းပုံစံဖြစ်တယ်။လျန်ကနဂါး ၊လုကသိမ်းငှက် ၊ ကျောက်ကခြ ​ေင်္သ့စသည်ဖြင့်အသီးသီးကိုယ်စားပြုတယ်။
ကျားခေါင်းပုံစံကြေးတံဆိပ်ပြားနဲ့အတူဖန်းဆိုတဲ့စာလုံးရှိနေတဲ့အမှတ်အသားကိုဝမ်ရိပေါ်ကလက်နဲ့ပွတ်ရင်းခပ်ရွဲ့ရွဲ့ပြုံးသည်။
"Boss ဒါကဖန်းအိမ်တော်ရဲ့လက်ချက်ပဲ"
"ဟက်..အဖိုးကြီးဖန်းဆောင်စီကအနောက်ဘက်သိုလှောင်ရုံကဂိတ်ငါးဂိတ်လုံးနဲ့သက်ဆိုင်တယ်လို့တွေးနေပုံပဲ..အနောက်ဘက်သိုလှောင်ရုံကဝမ်ကပဲပိုင်တာ "
ဝမ်ရိပေါ်ကကြေးပြားကိုစူးစိုက်ကြည့်ပြီးပြောသည်။ထို့နောက်မတ်တပ်ထရပ်ပြီးအင်္ကျီကိုသပ်ရပ်အောင်ခါလိုက်သည်။
"ဖန်းအိမ်တော်ကငါ့ကိုတမင်စိန်ခေါ်လိုက်တာပဲ..ပစ္စည်းတွေကိုလိုချင်လို့မဟုတ်ဘူး..."
"ဘာလို့အဲ့လိုတွေးတာလဲBoss"
Jacksonကနားမလည်စွာမေးတယ်။Jacksonကတိုက်ခိုက်ရေးကျွမ်းပေမဲ့အနည်းငယ်တုံးအတယ်Chuoကတော့ထက်မြတ်ပြီးစေ့စပ်သေချာသည်။ဒီနှစ်ယောက်ကတော့ဝမ်ရိပေါ်အတွက်လက်နှစ်ဖက်ပါပဲ..
Jacksonရဲ့စကားကိုဝမ်ရိပေါ်ကပြန်လည်ဖြေကြားခြင်းမရှိသေးပဲကုန်ခါနီးဆေးလိပ်တိုကိုပစ်ချလိုက်တယ်။ဆေးလိပ်တိုကိုသားရေးဖိနပ်နဲ့ဖိချေကာငြိမ်းသတ်လိုက်တယ်Jacksonကိုစိုက်ကြည့်ပြီးနားထင်ကိုလက်ညိုးနဲ့တဆတ်ဆတ်ထောက်ပြကာ
"ဒါရှိတယ်..စဥ်းစားကြည့်လို့ရတယ်..လျို့ဝှက်လုပ်ဆောင်ရမဲ့အလုပ်မှာဘယ်သူမှအိမ်တော်တံဆိပ်ပြားကိုမသယ်ဆောင်လာတတ်ကြဘူး..မင်းတို့လဲသူတို့နေရာမှာဆိုယူသွားကြမှာလားပြော.."
"မယူသွားဘူးBoss မတော်လို့ဒီလိုမျိုးကျကျန်ခဲ့ရင်ဂိတ်ကြီးတွေကြားအရှုပ်ထုတ်တွေဖြစ်လာနိုင်တယ်.."
"ဒါပဲလေ..ဒီတံဆိပ်ကိုငါမြင်အောင်တမင်ထားခဲ့ကြတာ ဖန်းဆောင်စီကဒီနည်းနဲ့ငါ့ကိုစိန်ခေါ်လိုက်တာပဲ..ဝမ်ရဲ့ပိုင်ဆိုင်ရာတွေကိုအလွယ်တကူယူနိုင်ကြောင်းခြိမ်းခြောက်ပြလိုက်တာ.."
Boss Wangကတကယ်အမြော်အမြင်ရှိတာပဲ။Jacksonကနားလည်ကြောင်းခေါင်တငြိမ့်ငြိမ့်လုပ်နေတယ်။
"ဒါဆိုBoss ဘာဆက်လုပ်မှာလဲ သူတို့ဆီကပစ္စည်းတွေပြန်လုပြီးပြန်ခြိမ်းခြောက်မှာလား"
Jacksonစကားကြောင့်Chuoကတုံးလိုက်တာဆိုတဲ့အကြည့်နဲ့ကြည့်တယ်။ဝမ်ရိပေါ်ကတော့တဟားဟားအော်ရယ်နေတော့သည်။အူတူတူဖြစ်နေတဲ့Jacksonကခေါင်းကိုပဲတဗျင်းဗျင်းကုပ်နေတော့တယ်။
"မင်းကိုတုံးတယ်လို့ပြောရင်လဲမကြိုက်ဘူး..Boss ကသူများသုံးပြီးသားနည်းလမ်းကြီးကိုသုံးမှာတဲ့လား Bossနောက်လိုက်လာတာပဲဆယ်စုနှစ်တစ်နှစ်စာလောက်ရှိပြီကို ဖန်းတွေကရော သူတို့ဒီလိုလုပ်ထားပြီးသူတို့ပစ္စည်းတွေကိုလက်လွတ်စပယ်ထားမှာတဲ့လားမင်းဦးနှောက်ကပုဇွန်ဆိတ်ဦးနှောက်ပဲ"
Chuoကခေါင်းတခါခါနဲ့ပြောသည်။Jacksonကတုံးအလွန်းတယ်..
"ငါ့မှာနည်းလမ်းရှိပါတယ်..ဖန်းဆောင်စီကိုကမ္ဘာကြီးပျက်သွားတာထက်တုန်လှုပ်သွားအောင်ခြိမ်းခြောက်မဲ့နည်းလမ်းကိုငါသိတယ်.."
ဝမ်ရိပေါ်ကကြေးတံဆိပ်ပြားကိုလှည့်ကာကစားနေရင်းအဓိပ္ပါယ်ပါပါပြုံးလိုက်သည်။ထိုအပြုံးကိုမြင်ရတဲ့သူတိုင်းအဖို့ကြက်သီးတွေတဖြန်းဖြန်းထပြီးအေးစက်တောင့်ခဲသွားစေတယ်။
*^^*
မှန်တင်ခုံမှာထိုင်ပြီးမှန်ထဲကမြင်နေရတဲ့ပုံရိပ်ကိုစိုက်ကြည့်ကာရှောင်းကျန့်အတွေးတွေကမငြိမ်မသက်ဖြစ်နေသည်။ဘာလို့အဲ့လောက်တောင်တူရတာလဲ Boss Wangကိုသာကောင်းကောင်းမသိခဲ့ရင်မနက်ကသူတွေ့ခဲ့တဲ့လူကိုဝမ်ရိပေါ်လို့ပဲထင်မိမှာ။ လောကကြီးမှာနာမည်တူမရှားလူတူမရှားဆိုတာရှိတယ် ဒါပေမဲ့အမြွှာတွေမဟုတ်ပဲရုပ်ချင်းခွဲမရအောင်တူတာကတော့ဒီလောကကြီးမှာရှိတယ်ဆိုတာအရမ်းထူးဆန်းလွန်းတယ်မလား..အရမ်းအံ့သြဖို့ကောင်းတယ်ပြီးတော့လုံးဝလဲမယုံနိုင်စရာပဲ..
"မအိပ်သေးဘူးလား"
တံခါးဖွင့်သံနဲ့အတူစကားသံကိုပါတဆက်ထဲကြားလိုက်ရသည်။ရှောင်းကျန့်ကဝမ်ရိပေါ်ပြန်လာတာသိပေမဲ့လှည့်မကြည့်ပဲအတွေးများနေတုန်းပင်။
"ငါဒီညမင်းနဲ့အတူအိပ်မယ်.."
ထိုင်နေတဲ့ရှောင်းကျန့်အနောက်မှာရပ်ပြီးမှန်ထဲကမြင်နေရတဲ့ရှောင်းကျန့်ကိုစိုက်ကြည့်နေတယ်။မှန်ထဲမှာသိပ်လှတဲ့ပုံရိပ်ကအတွေးများနေပုံ...
"ရှောင်းကျန့်..မင်းကအရမ်းလှတယ်ငါစိတ်မချနိုင်ဖြစ်တဲ့ထိကိုလှလွန်းတယ်...တစ်ခါတစ်လေတွေးမိတယ်သိလား..ငါမင်းကိုသတ်ပြီးဆေးရည်စိမ်ထားမယ်ပြီးရင်ငါ့အနားမှာပဲလှလှပပလေးအမြဲအတူရှိအောင်ထားထားမယ်..ဒီလိုဆိုမင်းငါ့အနားကထွက်သွားလို့မရတော့ဘူးမလား.."
"........."
ဝမ်ရိပေါ်ကပေါ့ပါးစွာထိုစကားတွေကိုအပြုံးတစ်ဝက်ဖြင့်ပြောနေသည်။သာမန်ဆိုဒီလိုစကားတွေကတုန်လှုပ်ဖို့ကောင်းပေမဲ့ရှောင်းကျန့်အတွက်တော့မဖြုံဘူး..စကားလုံးဆိုတာထက်ပိုမနေခဲ့ပါဘူး။
ဝမ်ရိပေါ်ကမလှုပ်မယှက်နဲ့ရှောင်းကျန့်ဆီလာပြီးခါးကနေဆွဲမကာကုတင်နားကိုတရွေ့ရွေ့တွန်းထုတ်နေတယ်။တလှမ်းချင်းအနောက်ဆုတ်သွားတဲ့ရှောင်းကျန့်ကကုတင်နဲ့ထိကပ်သွားချိန်မှာကုတင်ပေါ်တွန်းလှဲခြင်းခံလိုက်ရသည်။ဝမ်ရိပေါ်ကရှောင်းကျန့်အပေါ်အုပ်မိုးပြီးတက်ခွလို့ဖိချုပ်ထားလိုက်တယ်။
"အွန့်"
နှုတ်ခမ်းသားတွေကိုငုံ့ပြီးအငမ်းမရနမ်းရှိုက်လာကာလက်တွေကခန္ဓာကိုယ်အနှံ့ပွတ်သပ်နေသည်။ရှောင်းကျန့်ကိုသူပိုင်တယ်..ဒီလိုမျိုးထိတွေ့တာတွေမကြာခဏလုပ်တယ်ဒါပေမဲ့အဆုံးထိတော့ရှောင်းကျန့်ကသွားခွင့်မပေးဘူး..ရပါတယ် အဆင်ပြေတဲ့တနေ့သူအလွတ်မပေးဘူးရှောင်းကျန့်သူ့အနားကမထွက်သွားရင်ရပြီ..
အနမ်းတွေကိုတုံ့ပြန်ခြင်းမရှိငြင်းဆန်ခြင်းလဲမရှိတဲ့ရှောင်းကျန့်ကတစ်ခုခုကိုသာအသဲအသန်တွေးနေသည်။အတွေးထဲနစ်နေတဲ့သူကရင်ဘက်ကအေးခနဲဖြစ်သွားမှသတိဝင်လာတယ်။ဝမ်ရိပေါ်ကသူ့ရဲ့ညဝတ်အင်္ကျီလေးကိုဆုတ်ဖြဲလိုက်ခြင်းပင်..
"ဟက်..မင်းဟာလေးတွေကဘယ်ချိန်ပဲဖြစ်ဖြစ်ချစ်ဖို့ကောင်းနေတုန်းပဲ..ချစ်စရာလေးတွေ."
"အ့.."
ဝမ်ရိပေါ်ကအညိုရောင်အသီးလေးတွေကိုလက်ညိုးနဲ့လက်မသုံးကာဖိချေပွတ်လိုက်တော့မနေနိုင်စွာညည်းညူသံသေးသေးလေးထုတ်လွတ်မိတယ်။
"လှတယ်.."
တစ်ဖက်ကိုဖိချေပြီးတစ်ဖက်ကိုတော့ငုံခဲထားလိုက်သည်။မယိုးမယွဖြစ်လာတဲ့စိတ်တွေကြောင့်ရှောင်းကျန့်လက်ကဝမ်ရိပေါ်ရဲ့ဆံပင်တွေကြားရောက်သွားပြီးရင်ဘက်ကိုကော့ထားလိုက်မိတယ်။
မိန်းကလေးတွေလို့အမို့အမောက်ခပ်ကြီးကြီးတွေမရှိပဲပြားချပ်ချပ်ရင်ဘက်နဲ့ပိစိလေးသာရှိတဲ့အသီးလေးနှစ်လုံးကိုBoss Wangဘာလို့အဲ့လောက်စွဲလမ်းနေတာလဲ..
လျှာပါသုံးပြီးစုပ်ယူလာတဲ့နောက်ရှောင်းကျန့်ကုတင်ပေါ်မြွေတစ်ကောင်လိုလူးလိမ့်နေရတော့သည်။ရန်သူတစ်ယောက်ရဲ့လက်ထဲမှာခံစားချက်အထွဋ်အထိပ်ရောက်ရတဲ့သူ့အဖြစ်ကလဲဟာသကြီးပါပဲ။
"အွန့်..အွန့်."
"Boss. Wang. .အ့..ငါ့ ..ငါ့နို့ကနေနို့ရည်တွေထွက်တော့မလားမသိဘူး..အ့"
ရှောင်းကျန့်စကားကြောင့်ဝမ်ရိပေါ်ကရယ်လိုက်တယ်။ငုံစုပ်နေတာကိုရပ်ပြီးလွှတ်ပေးလိုက်တော့စိုရွှဲနေတဲ့အသီးလေးကသိပ်လှတယ်..လက်ညိုးလေးနဲ့ပွတ်ကစားပေးတော့ရှောင်းကျန့်ကနှုတ်ခမ်းတွေဖိကိုက်ထားသည်။
ရင်ဘက်ကိုအလွှတ်ပေးပြီးလည်တိုင်မှာမျက်နှာအပ်ပြန်တယ်။လည်တိုင်ကနေနားရွက်ထိလျှာဖျားနဲ့ပွတ်ဆွဲတော့တွန့်ခနဲဖြစ်သွားပြီးရှိသမျှအမွှေးတွေထောင်ထလာသည်။နားရွက်ကိုဖွဖွကိုက်ပြီးနောက်ရဲသွေးကြွနေတဲ့ပါးကိုဖိနမ်းလိုက်တယ်။Boss Wangကပါးကိုနမ်းရင်တအားကြမ်းတယ်တော်တော်နဲ့မလွှတ်ပေးတော့ဘူး။နှာခေါင်းလုံးလုံးလေးနစ်ဝင်သွားသည်ထိဖိကပ်နမ်းထားတော့နဂိုရဲနေတဲ့ပါးကပိုရဲလာသည်။
"ငါနာတယ်.."
ထိုသို့ပြောမှလွှတ်ပေးတတ်တယ်။လက်နှစ်ဖက်ကအသီးလေးတွေကိုဆုတ်ကိုင်ပွတ်ချေတာမရပ်ပဲနှုတ်ခမ်းတွေဆီပြန်ဦးတည်ပြန်တယ်။
နှုတ်ခမ်းသားတွေကိုထုံကျင်သည်ထိဆွဲယူနမ်းရှိုက်ပြီးလျှာကခံတွင်းထဲထိတိုးဝင်လာတယ်။လျှာအချင်းချင်းမြွေတွေလိုလိမ်ယှက်ပြီးနမ်းနေရာမှထွက်ပေါ်လာတဲ့အသံတွေကရှက်စဖွယ်ပါပဲ။နှုတ်ခမ်းထောင့်ကနေစီးကျလာတဲ့ရေကြည်တွေကိုBoss Wangကနှုတ်ခမ်းနဲ့ဖိသုတ်ပေးတယ်။အသက်ရူမဝဖြစ်လာတဲ့အခါမှာရှောင်းကျန့်ရဲ့လက်ကဝမ်ရိပေါ်ရဲ့ရင်ဘက်ကိုတွန်းကန်လာသည်။
နှုတ်ခမ်းတွေလွတ်လပ်ရေးရတော့အသက်ကိုအလုအယက်ရူနေရတယ်။နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်ဘက်ကိုBoss Wangကနီးနီရဲရဲအမှတ်သားတွေကျန်အောင်စုပ်ယူကိုက်ခဲတော့သည်။အညိုရောင်အသီတွေကိုလဲတလှည့်စီငုံခဲတော့တယ်။
"မင်းငါ့နို့ကအရည်ထွက်မယ်ထင်နေတာလား အ့ "
"အရသာရှိတယ်ငါကြိုက်တယ်..ဒါတွေကငါ့အတွက်ပဲ..ငါတစ်ယောက်ထဲပိုင်တာ"
ဝမ်ရိပေါ်ကပြောပြီးဆက်ငုံနေသည်။တစ်ချက်တစ်ချက်လျှာသုံးလိုက်တဲ့အခါတွေဆိုရှောင်းကျန့်မှာထွန့်ထွန့်လူးရသည်။
ရှောင်းကျန့်ကဝမ်ရိပေါ်ရဲ့နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကိုလက်နဲ့သပ်ပေးရင်း
"ငါမင်းနဲ့တူတဲ့လူကိုတွေ့ခဲ့တယ်"
ဝမ်ရိပေါ်ရဲ့လှုပ်ရှားမှုတွေကငြိမ်သွားပြီးမျက်လုံးလှန်ကာမော့ကြည့်လာသည်။
"သူကမင်းနဲ့တူလွန်းတယ်မင်းတို့အမြွှာတွေလို့ပြောရင်ငါယုံတယ်သိလား"
"သူ့အကြောင်းတွေးနေတာလား"
"ဟမ်.."
"ငါနဲ့ဒီလိုလုပ်နေချိန်တစ်လျောက်လုံးသူ့အကြောင်းတွေးနေတာလား"
ရှောင်းကျန့်ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။တဖြေးဖြေးပြောင်းလဲလာတဲ့ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကြောင့်အကြောင်းပြချက်ကောင်းကောင်းကိုရှာမှရတော့မည်။အမှန်တိုင်းပြောရရင်Boss Wangပြောတာမှန်တယ်သူပြန်ရောက်ထဲကအဲ့လူအကြောင်းတွေးနေမိတာ။ဒါပေမဲ့ခုချိန်အမှန်တိုင်းပြောလိုက်ရင်Boss Wangဒေါသနဲ့အားလုံးဒုက္ခရောက်ကုန်မယ်။
"ဖြေ..လေ."
တစ်လုံးချင်းဖိပြီးအေးစက်စွာပြောလာတဲ့သူကအံတင်းတင်းကြိတ်ကာလည်ပင်းကြောတွေပါထောင်နေပြီး။
"မဟုတ်..မဟုတ်ပါဘူး..ငါကရုတ်တရတ်သတိရသွားလို့ပါမင်းတို့ကရုပ်ချင်းတူတော့ငါအံ့သြပြီးပြောပြချင်နေခဲ့တာပါ..မင်းထင်သလိုမဟုတ်ပါဘူး..စိတ်မဆိုးပါနဲ့နော်"
သူချော့ပြောတော့မှမျက်လုံးအရောင်ကတဖြည်းဖြည်းပုံမှန်ပြန်ဖြစ်သွားသည်။
"မင်းမှတ်ထားရမှာကငါနဲ့ရှိတဲ့အချိန်တိုင်းငါ့အကြောင်းပဲတွေး..ငါ့ကိုပဲသတိရ ရမယ်..."
"မင်းကအတ္တကြီးလွန်းတယ်"
"မင်းကြောင့်ပဲလေဘေဘီ...ဒီညနားရဖို့စိတ်မကူးနဲ့တော့"
"ဟမ်..အ့.အ့..နာ​​​နေပြီလို့ Boss Wang!"
ရှောင်းကျန့်ရင်ဘက်တွေကိုနေရာလပ်မကျန်ကိုက်ခဲနေပြီးလက်ကလဲအငြိမ်မနေစွာမခံနိုင်တော့တဲ့နေရာကိုဖိချေနေတယ်။လည်တိုင်တွေညှပ်ရိုးတွေပါမချန်ပဲနောက်ဆုံးဗိုက်ကချိုင့်ဝှမ်းလေးကိုပါမရွံမရှာလျှာဖျားနဲ့ထိုးကစားတော့ရှောင်းကျန့်မျက်လုံးတွေကိုလက်နဲ့အုပ်ပြီးနှုတ်ခမ်းကိုတင်းတင်းဖိကိုက်ထားလိုက်တယ်။ဝမ်ရိပေါ်ကတော့တညလုံးအလုပ်ရှုပ်နေခဲ့ပါတယ်။
ရှောင်းကျန့်မှာစကားမှားရာကနေတညလုံးအလူးအလိမ့်ကိုခံနေရတော့သည်။နောက်နေ့သူအင်္ကျီဝတ်နိုင်တော့မှာမဟုတ်ဘူးရင်ဘက်ကအသီးတွေကမခံမရပ်နိုင်အောင်နာကျင်နေပြီး။သူသာကလေးအမေတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်သူ့ကလေးစို့စရာနို့ရှိတော့မှာမဟုတ်လို့ကလေးနို့ငတ်လိမ့်မည်။
ရန်သူကိုမကျေနပ်ပေမဲ့သူဆန္ဒတွေကိုလိုက်လျောပေးနေရတယ်။အဆုံးစွန်ထိမဟုတ်တာတောင်တစ်စိတ်တစ်ပိုင်းလိုက်လျောနေမိသည်။ဒီလိုဘဝကြီးကနေလွတ်မြောက်ချင်လှပါပြီ....
💚💛❤
5ခု
Zaw
***
"ဖေးဖေး.."
"ဒါပေမဲ့သခင်လေး.."
"ဖေးဖေးနင်ဘယ်ချိန်ကဟောင်ကောင်ပြန်ရောက်​နေတာလဲ"
"ကျန့်ကျန့်"
"ဟမ်"
"စစ်မှန်တဲ့သူ?"
Boss Wang. .
"လွှတ်ပေး!"
"အာ...sorry "
"မင်းနဲ့ဆိုင်လား"
"ဟမ်"
"ခေါင်းတလားလိုလူ"
"ခေါင်းတလား? လူမှားတာ?..."
*^^*
"တစ်ဝက်ချိုးပါBoss"
"အားလိန်ရော"
"ဘယ်လိုဖြစ်တာလဲ"
"ဟုတ်ပါတယ်Boss"
"ဖွင့်လိုက်"
"ဟုတ်ကဲ့"
ဂျောက်!
*^^*
"မအိပ်သေးဘူးလား"
"........."
"အွန့်"
"အ့.."
"လှတယ်.."
"အွန့်..အွန့်."
"ငါနာတယ်.."
"ဟမ်.."
"ဖြေ..လေ."
💚💛❤
Continue Reading
You'll Also Like
378K 11.6K 52
We all heard of the iconic love triangle, but what happens once Kim Aera joins? Everyone gets a happy ending but the process to get there will get c...
240K 13.1K 36
In which Jisung takes his girlfriend on a trip to Paris with some of their friends, and Minho is a street artist in the city of love. Side ships: Cha...
467K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
1.1K 139 4
ဒါလေးကို Gyuvinနဲ့Rickyရဲ့ Oneshotလေးတွေချည် သီးသန့်လုပ်လိုက်ပါ့မယ်နော်🫶