TRICK ✔

By NightToy_95

14.7K 1.4K 84

မျက်လှည့်ကမှော်ပညာလား.. မ်က္လွည့္ကေမွာ္ပညာလား.. coverphoto credit #nighttoy95 #Hongkong style More

1ခု
2ခု
3ခု
5ခု
6ခု
7ခု
8ခု
character
9ခု
10ခု
11ခု
12ခု
13ခု
14ခု
15ခု
16ခု
17ခု
Xiao and Feng
18ခု
19ခု
20ခု
21ခု(လမ်းဆုံး)Uni
21ခု(လမ္းဆုံး)Zaw

4ခု

582 70 3
By NightToy_95

4ခု
Uni

"ပေါက်ဆီပူပူနွေးနွေးတွေရမယ်နော်..ပေါက်ဆီပူပူနွေးနွေတွေရမယ်..စျေးတန်ပြီးအရမ်းစားကောင်းတဲ့ပေါက်ဆီပူပူတွေပါ"

လူစည်ကားတဲ့စျေးတန်းလေးထဲကုန်မျိုးစုံဆိုင်တွေအစားအသောက်မျိုးစုံဆိုင်တွေနဲ့အသံပေါင်းမြောက်များစွာကြားရသည်။သူတို့ဆီလာဝယ်အောင်ကုန်မျိုးစုံတွေရဲ့အရည်အသွေးဘယ်လောက်ကောင်းမွန်ကြောင်းရွန်းရွန်းဝေအောင်ပြောနေကြသည်။

အငွေ့တထောင်းထောင်းနဲ့မွှေးလွန်းလှသည့်အသားလွတ်ပေါက်ဆီတွေတင်ထားသည့်ဆိုင်ရှေ့မှာရပ်လိုက်သည်။ဆိုင်ရှင်မိန်းကလေးကသူ့ကိုတွေ့တော့မျက်လုံးတွေကစိန်တုံးတွေလိုပြိုးပြိုးပျက်ပျက်တောက်ပလာခဲ့သည်။ဝမ်းသာအားရဖြစ်နေဟန်နှင့်သူလာမှာကိုကြိုသိနေသည့်အတိုင်းပင်။

"ရှင်လာပြီးလား..ထုံးစံအတိုင်းပေါက်ဆီနှစ်လုံးပဲမလား"

ဆိုင်မှာနေ့တိုင်းလာဝယ်နေတဲ့ဒီခပ်ချောချောကောင်လေးကဖောက်သည်လိုဖြစ်နေပါပြီ။အမြဲတမ်းဦးထုတ်ကြီးကမျက်နှာကိုသဲသဲကွဲကွဲမမြင်ရအောင်ဆောင်းထားပြီးစကားလဲအလွန်နည်းသည်။ဆယ်ခွန်းပြောမှတစ်ခွန်းပြန်ပြောချင်မှပြောတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီမာနကြီးသလိုလိုအေးစက်စက်ကောင်ချောလေးကိုစော်လျန်အလွန်သဘောကျမိပါသည်။

"ပေါက်ဆီနှစ်လုံးပဲလား..ဖောက်သည်မလို့အပိုသုံးလုံးထည့်ပေးလိုက်မယ်နော် ဟီးဟီး ကျေးဇုတင်စရာမလိုပါဘူး"

"မလိုဘူး.."

"ဟင်"

"နှစ်လုံးပဲထည့်"

"ရပါတယ်.အားနာစရာမလိုပါဘူးဒီလူနဲ့ဒီလူအားနာစရာမှမဟုတ်တာ ထည့်ပေးလိုက်မယ်နော်"

"........"

"ရှင်ကကျွန်မပေါက်ဆီကိုနေ့တိုင်းစား အယ်လေ ကျွန်မဆိုင်ကပေါက်ဆီကိုနေ့တိုင်းဝယ်စားနေတာအရသာရှိလို့မလား"

"မဟုတ်ဘူး.."

"မဟုတ်ဘူး?ဒါဆိုဘာလို့များလဲ"

"စျေးပေါလို့"

စော်လျန်ရဲ့ပေါက်ဆီထုတ်ကိုချည်နေတဲ့လက်တွေကရပ်သွားပြီးရှေ့ကကောင်ချောလေးကိုနာကျင်စွာပြုံးပြလိုက်တယ်။ရပါတယ်..ပေါက်ဆီကအရေးမကြီးဘူးအဓိကဒီလူချောလေးကိုနေ့တိုင်းမြင်ရဖို့ပဲ။ပေါက်ဆီငါးလုံးထည့်နေတာမပြီးတော့တဲ့အပြင်ဆံပင်ကိုလှလှပပသပ်တင်ပြီးကောင်ချောလေးကိုချိုသာစွာပြုံးပြလိုက်တယ်။

"ရှင်ကအနောက်ဘက်လမ်းကြားမှာနေတာမလားအဲ့ဒီကိုဝင်သွားတာတွေ့လို့လေ..တစ်ယောက်ထဲနေတာလား..တို့လဲတစ်ယောက်ထဲပဲသိလား...အဟင်း..အချစ်ရေးဘာရေးတွေးဖို့မအားသေးပါဘူးစားဝတ်နေရေးအတွက်ရုန်းကန်နေရတော့အချစ်ရေးဘက်ကိုမလှည့်ဖြစ်ဘူး"

"မလှည့်နဲ့ပေါ့.."

"အမ်..အော်.ဟား..ဒါပေါ့ဒါပေါ့...သို့ပေမဲ့လဲအပျိုကြီးတော့မလုပ်ချင်ပါဘူးမသေခင်ချစ်သူကောင်လေးချောချောလေးတစ်ယောက်ထားသွားအုံးမှာ"

"တွေ့ပါစေ..ပေါက်ဆီပြီးရင်ပေးတော့"

ကောင်ချောလေးရဲ့အေးစက်စက်စကားကြောင့်ခုထိပေါက်ဆီထုတ်ချည်လို့မပြီးသေးတာကိုသတိထားမိလိုက်တယ်။အားတုံ့အားနာပြုံးပြလိုက်ပေမဲ့လည်းမျက်ဝန်းသေတွေနှင့်သာတုံ့ပြန်တယ်။

"ကောင်းကောင်းသုံးဆောင်ပါ.."

ပေါက်ဆီထုပ်ကိုကမ်းပေးပြီးပြောနေကျစကားကိုပြောလိုက်သည်။ကောင်ချောလေးကအိပ်ကပ်ထဲကပိုက်ဆံထုတ်ပြီးရှင်းဖို့လုပ်ပေမဲ့သူ့ထက်အရင်လူတစ်ယောက်ကသူတို့အနားရောက်လာပြီးစော်လျန်ကိုပိုက်ဆံပေးလိုက်တယ်။

"သူ့အစားရှင်းပေးတာ..ယူလိုက်.."

ထိုလူကတောင့်တောင့်ဖြောင့်ဖြောင့်ခန္ဓာကိုယ်နှင့်ပါးသိုင်းမွှေးပါးပါးတွေနှုတ်ခမ်းမွှေးစိမ်းတွေရှိသည်။အသားခပ်ညိုညိုနှင့်ဆံပင်ကိုလဲအပြောင်သိမ်းတင်ထားတယ်။ကောင်ချောလေးကထိုလူကိုစိုက်ကြည့်နေပြီးဘာမှမပြော။

"ယူလေဘာလဲအလကားပေးချင်နေတာလား"

"ဟုတ်ကဲ့..အာ...မဟုတ်..မဟုတ်ဘူး..အလကားမပေးဘူးပိုက်ဆံယူမယ်လို့ပြောတာပါ"

ဝယ်တာကပေါက်ဆီနှစ်လုံးအပိုပေးတာသုံးလုံးဆိုတာကိုတော့ထည့်မပြောတော့ပါဘူး။စော်လျန်ကပိုက်ဆံကိုကြောင်အစွာဖြင့်သာယူလိုက်ပြီးရှေ့ကလူနှစ်ယောက်ကိုတိတ်တဆိတ်အကဲခတ်နေလိုက်သည်။စပ်စုတာမဟုတ်ပေမဲ့ကောင်ချောလေးနဲ့ပက်သက်နေတော့သိချင်မိသည်။ထိုနှစ်ယောက်ကတစ်ခုခုတော့တစ်ခုခုပဲ

"ငါတို့အေးဆေးစကားပြောရအောင်"

"........."

"ဟင်း.."

ကောင်ချောလေးကဘာမှမပြောပဲစိုက်ကြည့်နေတော့ထိုလူကသက်ပြင်းချပြီးလက်ကိုအတင်းဆွဲခေါ်ကာထွက်သွားတယ်။စော်လျန်သူတို့နှစ်ယောက်လုံးကိုမျက်စိတဆုံးလိုက်ကြည့်နေမိသည်။ထို့နောက်လက်ထဲကပိုက်ဆံတွေကိုကြည့်လိုက်တော့မျက်လုံးပြူး သွားရသည်။သူ့ဆိုင်တစ်ဆိုင်လုံးရဲ့ပေါက်ဆီတွေရောင်းတာတောင်ဒီလောက်ရမှာမဟုတ်ဘူး..

လူဝင်လူထွက်သိပ်မရှိတဲ့ဆိုင်ထဲလူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်နေသည်။တစ်ယောက်ကသူ့ရှေ့ကလူကိုစိုက်ကြည့်နေပေမဲ့ကျန်တစ်ယောက်ကတော့စားပွဲကိုသာမျက်နှာသေဖြင့်အကြည့်ပို့ထားတယ်။

"မင်းဒီတိုင်းပဲဆက်နေသွားတော့မလို့လားအဖွဲ့ကမင်းကိုလိုအပ်နေတယ်ပြန်လာဖို့စိတ်ကူးမရှိတော့ဘူးလား"

ရှေ့ကလူကခေါင်းခါပြတော့သူလျှာကိုတစ်ချက်သပ်ပြီးစူးစိုက်ကြည့်နေမိပြန်တယ်။ရိပေါ်ကခေါင်းမာပြီးပြောရဆိုရခတ်တာသိသည်။ဒါပေမဲ့လဲသူလက်လျော့ဖို့စိတ်ကူးမရှိဘူး

"Leaderတစ်ယောက်အနေနဲ့တောင်းဆိုတာပါပြန်လာခဲ့ပေးပါ..မင်းအတွက်ခက်ခဲတာသိပေမဲ့ဒီတစ်ခါမင်းပြန်လာရင်အရင်လိုလုံးဝမဖြစ်စေရဘူး..ငါအာမခံတယ် ငါမင်းကိုကာကွယ်ပေးနိုင်တယ်ရိပေါ်"

"လိုသုံးလုပ်နေတာမလား"

"ဟမ်"

မျက်လွှာချပြီးပြောနေတဲ့ရိပေါ်ကသူ့ကိုမျက်လုံးလှန်ကြည့်လာတယ်။အဖြေရှာရခက်ပြီးနားလည်ရခက်တဲ့မျက်ဝန်းတွေနဲ့အေးစက်လှသည်။

"လိုအပ်မှကျွန်တော့ကိုပြန်ခေါ်တာမလား"

ဒီစကားကြောင့်ယွင်ရှောက်ဆွံအသွားပြီးပြောစရာစကားမရှိဖြစ်သွားတယ်။ဘာပြန်ပြောရမှန်းမသိဖြစ်နေတဲ့သူကိုရိပေါ်ကစိုက်ကြည့်ပြီးခေါင်းတငြိမ့်ငြိမ့်နဲ့လုပ်နေသည်။

တကယ်ပြန်လာစေချင်လို့မဟုတ်ပဲအသုံချစရာရှိနေလို့ပြန်ခေါ်နေတာ။ကိုယ်ကျိုးအတွက်သူ့ကိုခခယယနဲ့တောင်းပန်ပြီးအသုံးချနေချင်ကြတာမသိပဲရှိမလား။ယွင်ရှောက်ကနဖူးကိုတစ်ချက်ကုပ်ပြီးအကြောင်းပြချက်တစ်ခုရအောင်ချက်ချင်းတွေးတောနေတော့သည်

"ရိပေါ်..ဒါကလေ..ဒီလိုရှိတယ်..ငါတို့ကမင်းကိုလိုသုံးလုပ်တာမဟုတ်ပါဘူးလိုအပ်နေတယ်ဆိုတာတော့အမှန်ပါပဲအဖွဲ့ထဲမှာမင်းလိုလူတော်တစ်ယောက်ဆုံးရှုံးသွားရတဲ့အတွက်ငါတို့အရမ်းနှမြောတသဖြစ်နေကြတာပါ"

"ဝမ်းသာနေကြတာမဟုတ်ဘူးလား"

"ရိပေါ်."

"ပေါက်ဆီအတွက်ကျေးဇုတင်တယ်ခုလောလောဆယ်ခင်ဗျားပေါက်ဆီဖိုးပေးလိုက်တဲ့ငွေပမာဏအတိုင်းကျွန်တော့်ဆီမှာမရှိသေးဘူး..ခင်းဗျားစိတ်ချပါနောက်နေ့ပိုက်ဆံကိုတာ့ဟုန်နဲ့ပေးလိုက်မယ်"

ရိပေါ်ကပြောပြီးထရပ်ဖို့လုပ်နေတော့ယွင်ရှောက်ကလက်ကောက်ဝတ်ကိုဆွဲပြီးပြန်ထိုင်စေသည်။ထို့နောက်အိပ်ကပ်ထဲကတစ်စုံတစ်ခုကိုထုတ်ပြီးစားပွဲပေါ်တင်ကာရိပေါ်ရှေ့ကိုလက်နှစ်ချောင်းနဲ့တွန်းပို့လိုက်တယ်။ကြေးတံဆိပ်ပြားဖြစ်ပြီးအဝိုင်းပြားမှာကျားရုပ်ထွင်းပြီးအလယ်မှာစာလုံးတစ်လုံးရှိသည်။

"မင်းခုချိန်မှာပြန်မလာချင်သေးရင်လဲ​နောက်တော့မပြောတတ်ဘူးလေ မင်းလက်ခံမယ်လို့မျော်လင့်တယ်ဒီအမှတ်အသားကိုတော့ယူထားလိုက်ပါပြန်လာချင်ရင်အချိန်မရွေးငါစောင့်နေတယ်"

ယွင်ရှောက်ကပုခုံးကိုနှစ်ချက်လောက်ပုတ်ပြီးထထွက်သွားသည်။ရိပေါ်ကထိုနေရာမှာပဲတော်တော်နဲ့မထသေးပဲထိုင်လျက်ကြေးတံဆိပ်ပြားကိုကြည့်နေတယ်။

ရွေးချယ်စရာနှစ်ခုရှိတယ်....ဘယ်ဟာကိုပဲရွေးရွေးသူ့တစ်ဘဝလုံးအတွက်အကျုံးဝင်သွားမှာတွေချည်းပဲ။အတိတ်ဆိုးနဲ့အိမ်မက်ဆိုးတွေဆီပြန်သွားမလား....သဘောကျရတဲ့အနာဂတ်ကိုဆက်လျောက်မလား..ဦးနှောက်ရှိတဲ့သူတိုင်းဘယ်လမ်းကိုရွေးရမလဲသိတယ်။သူလဲဉီးနှောက်ရှိတဲ့သူတစ်ယောက်ပဲအကောင်းဆုံးကိုရွေးချယ်တတ်တယ်။အတိတ်ဆိုးတွေဆီဘယ်တော့မှပြန်သွားမှာမဟုတ်ဘူး...ဒါပေမဲ့တံဆိပ်ပြားကိုတော့အိပ်ကပ်ထဲကောက်ထည့်ခဲ့ပြီးဆိုင်ထဲကထွက်လာခဲ့တယ်။ကြေးတံဆိပ်ပြားကတော့အိပ်ကပ်ထဲကနေဘယ်ချိန်မှအပြင်ရောက်ခွင့်ရမလဲဆိုတာမသေချာတော့ပါဘူး...

*^^*

တောက်!တောက်!တောက်!

ဧည့်ခန်းကျယ်ကြီးထဲစားပွဲကိုလက်ညိုးနဲ့တီးခေါက်သံကကြက်သီးထဖွယ်ကောင်းစွာပျံ့လွင့်နေသည်။အရှေ့မှာရပ်နေတဲ့သက်တော်စောင့်တွေကခေါင်းတွေကိုတွင်တွင်ငုံ့ထားပြီးအသံမထွက်ရဲကြဘူး။ဘေးမှာထိုင်နေတဲ့ရှောင်းကျန့်ကတစ်ချက်တစ်ချက်ဝမ်ရိပေါ်ကိုခိုးပြီးကြည့်တယ်။မျက်နှာကတည်တင်းနေပြီးတစ်ခုခုကိုအတင်းထိန်းချုပ်ထားရပုံနဲ့မျက်လုံးကိုမှိတ်ကာဆိုဖာခုံကိုမှီထားတဲ့ဝမ်ရိပေါ်ကခုချိန်မှာသွေးအေးအေးနဲ့ရက်စက်တော့မှာမလား..

"Boss Wang ဟို..ငါကလေ"

"တိတ်!!!"

ေရခဲထက်တောင်အေးစက်တဲ့အမိန့်စကားသံအဆုံးရှောင်းကျန့်မျက်နှာရှုံ့မဲ့သွားပြီးပါးစပ်လေးပိတ်သွားသည်။Boss Wangဒေါသထွက်နေပြီး. သူဒေါသထွက်ရင်အရမ်းကြောက်ဖို့ကောင်းတာမလို့ရှောင်းကျန့်လဲနည်းနည်းတော့လန့်မိပါတယ်။အစထဲကမထွက်ပြေးမိရင်ကောင်းသားဟုတွေးမိတယ်သူ့ကြောင့်ခွေးနက်တွေဒုက္ခရောက်ရတော့မယ်။သူထွက်ပြေးတာကိုBoss Wangကိုအသိမပေးရင်မသိလောက်ဘူးဟုထင်ခဲ့ပေမဲ့ရဲနေတဲ့မျက်လုံးတစ်ဖက်ကိုမမြင်ရအောင်Boss Wangကကန်းနေတာမှမဟုတ်တာ။

"မင်းတို့​အ​ပြစ်မင်းတို့သိလား"

"ဟုတ်ကဲ့သိပါတယ်Boss"

"ဘာလဲ"

"သခင်လေးကိုကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့လို့ပါ...Bossကျွန်တော်တို့ကိုအပစ်ပေးပါ"

ဝမ်ရိပေါ်ကစားပွဲပေါ်ကသေနတ်ကိုလှည့်ပြီးကစားနေသည်။ကိုယ်ရံတော်တွေက​ကြောက်စိတ်ကြောင့်ချွေးဒီးဒီးကျနေတယ်။

"Boss. .Wang. ..သူတို့ကိုမသတ်လို့ရမလားငါ့အပြစ်ပါသူတို့နဲ့မဆိုင်ဘူးငါကပဲ"

"မင်းပါးစပ်ပိတ်ထား!"

"ဝမ်ရိပေါ်!!"

ရှောင်းကျန့်ကတားမလို့ကြံပေမဲ့ဝမ်ရိပေါ်ကအော်ငေါက်လာမယ်မထင်ထားတာကြောင့်စိတ်တိုပြီးနာမည်အပြည့်အစုံကိုဆောင့်ကြီးအောင့်ကြီးအော်လိုက်မိသည်။သူ့ကိုကြည့်လာတဲ့ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကြောင့်မှားသွားပြီဆိုတာသိလိုက်တယ်။

"အ့.."

မေးရိုးကိုလက်နဲ့ခပ်ကြမ်းကြမ်းဆွဲညစ်လိုက်တာမလို့အလွန်နာကျင်သွားရပြီးမျက်ရည်တွေတောင်ဝေ့တက်လာသည်။လက်ချောင်းရာတွေထင်းသည်ထိကြမ်းတမ်းစွာဖျစ်ညစ်ထားပြီးစူးရဲနေတဲ့မျက်လုံးတွေနဲ့အစိမ်းလိုက်ဝါးစားတော့မလိုကြည့်နေတာမလို့ရှောင်းကျန့်တစ်ကိုယ်လုံးတုန်ယင်ခြင်လာတယ်။

"မင်းဘယ်လိုခေါ်လိုက်လဲပြန်ခေါ်စမ်း!!"

"........."

"Chuo!!!!"

"ဟုတ်ကဲ့Boss"

"အပြစ်သားတွေကိုအပြစ်ပေးဖို့ကြာပွတ်ယူခဲ့!"

"ဟုတ်ကဲ့"

Chuoထွက်သွားတော့ရှောင်းကျန့်မျက်ဝန်းတွေတုန်ရီလာသည်။ကြာပွတ်ကဘယ်လိုပုံစံလဲသူသိတယ်။ဝမ်ရိပေါ်ကသူ့ရှေ့မှာလူတွေအများကြီးသတ်ဖူးတယ်ဒါပေမဲ့ဒီလိုအပစ်ပေးတာတော့တစ်ခါမှမလုပ်ဖူးဘူး။အပြစ်ပေးတာကတစ်ခါထဲအပြီးသတ်ပစ်လိုက်တာထက်ကိုပိုရက်စက်လို့ပါ။

Chuoနဲ့အတူတခြားကိုယ်ရံတော်တွေကကြာပွတ်တွေယူပြီးရောက်လာတယ်။အနက်ရောင်ကြာပွတ်တွေမှာသံဆူးတွေပါတဲ့အပြင်အက်ဆစ်ရည်ပါစိမ်ထားတာမလို့ဒါနဲ့သာဆိုရင်ကျောပြင်တစ်ခုလုံးရစရာမရှိအောင်စုတ်ပြတ်သပ်သွားလိမ့်မယ်။

"မင်းတို့အင်္ကျီတွေချွတ်လိုက်"

Bossအမိန့်သံအဆုံးမှာအပြစ်သားတွေလိုသက်တော်စောင့်7ယောက်ကအဝတ်တွေချွတ်ပြီးဒူးထောက်ထိုင်လိုက်ကြတယ်။ကြာပွတ်ကိုင်ထားတဲ့သူတွေကအနောက်မှာရပ်ပြီးရိုက်ဖို့အသင့်အနေအထားနဲ့ချိန်ရွယ်ထားကြသည်။

"မင်းကြည့်..သူတို့ကမင်းကြောင့်နဲ့အပြစ်ပေးခံရတာ."

"ဟင့်အင်း..."

ဝမ်ရိပေါ်ကရှောင်းကျန့်ကိုမေးရိုးကနေကိုင်ထားပြီးကိုယ်ရံတော်တွေဖက်ကိုဆွဲလှည့်ပြီးကြည့်ခိုင်းသည်။Boss Wangရဲ့မျက်နှာကနူးညံ့မှုတွေပျောက်ဆုံးကလှောင်ရိပ်တွေနဲ့နတ်ဆိုးတစ်ကောင်လိုကြောက်ဖို့ကောင်းနေသည်။

"ငါမရပ်မခိုင်းချင်းရိုက်!!"

ချွမ်း! ချွမ်း!ချွမ်း!!!

ပတ်ဝန်းကျင်တစ်ခုလုံးကြာပွတ်သံတွေကဆူညံသွားသည်။ရှောင်းကျန့်ကိုယ်လုံးကတုန်ယင်နေပြီးချွေးတွေရွဲစိုလာတယ်။သေချာလေ့ကျင့်ပေးထားတဲ့ကိုယ်ရံတော်တွေတောင်ဒီကြာပွတ်ဒဏ်ကိုမခံနိုင်တော့ပဲကြမ်းပေါ်လူးလိမ့်နေတာကြောင့်ကြမ်းခင်းတွေကအနီရောင်သွေးတွေစွန်းထင်ကုန်သည်။

ဝမ်ရိပေါ်ကရှိသမျှဒေါသတွေကိုသက်တော်စောင့်တွေအပေါ်ပုံချနေသည်။ရှောင်းကျန့်ကိုစိတ်တိုပေမဲ့လဲနာကျင်အောင်မလုပ်ရက်တာမလို့ရှောင်းကျန့်အစားအပြစ်ခံနေရတဲ့သူတွေကတော့သနားစဖွယ်ပါပဲ။အပြစ်ကသေးပေမဲ့ပြစ်ဒဏ်ကကြီးလေးလိုက်တာ...လက်ညိုးလေးကွေးပြီးသတ်ပစ်လိုက်လို့ရပေမဲ့ရှောင်းကျန့်တောင်းဆိုမှုကြောင့်သူမသတ်ပါဘူး။

"မင်းကြည့်ထား..အဲ့ဒါမင်းကြောင့်အပြစ်ပေးခံနေရတဲ့သူတွေ..ပျော်ပျော်ကြီးကိုသေချာကြည့်ထားစမ်းရှောင်းကျန့်"

"ဟင့်အင့်..မလုပ်ပါနဲ့..မလုပ်ပါနဲ့"

ရှောင်းကျန့်ပါးပြင်ထက်မျက်ရည်တွေတအိအိပြိုဆင်းလာသည်။သူတကယ်မခံစားနိုင်တော့ဘူး..ကြမ်းပေါ်မှာအသဲခိုက်မတတ်နာကျင်မှုကြောင့်အော်ဟစ်ညည်းတွားနေတဲ့သူတွေကအပြစ်မရှိပဲသူ့ကြောင့်ခံစားနေရတယ်။ဒီလူတွေကဘာများမှားယွင်းခဲ့လို့လဲဘာအပြစ်တွေများလုပ်ခဲ့ကြလို့လဲ။သူ့ကြောင့်ပဲသူသာလွတ်လပ်မှုလေးကိုခဏတာမျှတောင့်တခြင်းမရှိခဲ့ရင်ထွက်မပြေးခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။သူ့အပြစ်တွေချည်းပဲ..သက်တောင်စောင့်တွေနဲ့ဘာမှမဆိုင်ဘူး။ကြောက်လန့်စိတ်တွေနဲ့ရှောင်းကျန့်တစ်ကိုယ်လုံးချွေးတွေရွဲကာတုန်တုန်ယင်ယင်ဖြစ်လာတယ်။ဒီမြင်ကွင်းကိုဆက်ကြည့်နိုင်စွမ်းမရှိတော့ဘူး...ဘယ်လိုပဲစိတ်ဓာတ်ခိုင်မာပြီးအသဲမာအောင်ကြိုးစားပြီးနေခဲ့ပါစေသူကအစထဲကနူးညံ့တဲ့သူတစ်ယောက်ပဲ...

ချွမ်း.ချွမ်း.ချွမ်း

"တော်ပါတော့..မလုပ်ပါနဲ့တော့..မလုပ်ကြပါနဲ့တော့"

"မင်းကြောင့်ပဲရှောင်းကျန့်..မင်းအပြစ်လုပ်ခဲ့မိလို့သူတို့မင်းအစားအပြစ်ပေးခံနေရတာမင်းကြည့်ထား!"

"မလုပ်နဲ့..အင့်..မလုပ်.."

ရှောင်းကျန့်အသံကသိပ်မထွက်ချင်တော့ပဲတိုးဝင်နေသည်။

"ငါနောက်မလုပ်တော့ပါဘူးသူတို့ကိုလွတ်ပေးပါ..သူတို့နဲ့မဆိုင်ဘူး..ငါမလုပ်ရဲတော့ပါဘူးနောက်ထပ်မလုပ်ရဲတော့ပါဘူး...မထွက်ပြေးတော့ပါဘူး..အီးဟီး..."

"ရပ်တော့!!"

ဝမ်ရိပေါ်ရဲ့စကားအဆုံးမှာကြာပွတ်သံတွေကတိခနဲရပ်သွားပြီးဒဏ်ရာအလိမ်းလိမ်းနဲ့ကျောပြင်တွေစုတ်ပြဲနေတဲ့ကိုယ်ရံတော်တွေကိုအခန်းထဲကနေတရွတ်တိုက်ဆွဲခေါ်သွားကြတယ်။ကတုန်ကယင်ဖြစ်နေတဲ့ကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းပြီးတင်းတင်းပွေ့ထားလိုက်တယ်။

ကလေးတစ်ယောက်လိုတအီအီငိုနေပြီးချွေးတွေနဲ့ကပ်ငြိနေတဲ့ဆံစတွေကိုတယုတယနဲ့အသာအယာသပ်ပေးနေမိသည်။နဖူးကချွေးတွေကိုနှုတ်ခမ်းနဲ့ပွတ်ဆွဲသုတ်ပေးတော့ငံကျိကျိအရသာကိုရသည်။ရှောင်းကျန့်ကသူ့ခါးကိုပြန်ဖက်တွယ်ပြီးသူ့ရင်ခွင်ထဲတိုးဝင်နေတယ်။

"ဟင့်..အီး....အီး..အင့်.."

ဒီချိန်မှာရှောင်းကျန့်အကြောက်ဆုံးကသူပဲဒါပေမဲ့ပုန်းကွယ်ခုံလှုံချင်နေတာကလဲသူ့ရင်ခွင်ပဲ။ဒီလိုဖြစ်နေတာကိုဝမ်ရိပေါ်ကအရမ်းသဘောကျတယ်။သန်မာချင်ယောင်ဆောင်နေပေမဲ့ဒီလူသားရဲ့အသဲဘယ်လောတောင်နုနယ်လဲဆိုတာသူအသိဆုံးပါ။သူ့ကြောင့်အပစ်ပေးခံရတဲ့သူတွေကိုကြည့်ပြီးနောက်နောင်ဘယ်တော့မှထွက်ပြေးရဲတော့မှာမဟုတ်ဘူး။ရှောင်းကျန့်ကိုတိုက်ရိုက်အပစ်ပေးတာထက်ပိုထိရောက်တဲ့နည်းကိုသူသုံးလိုက်တာပဲ။ရင်ခွင်ထဲရှိုက်ငိုနေတဲ့လူသားလေးကိုတဖွဖွနမ်းပြီးအငိုတိတ်အောင်လုပ်ပေးနေမိသည်
.

"လိမ်လိမ်မာမာနေစမ်းပါဘေဘီ..."

*^^*

ကျွီ~~~

အခန်းတံခါးကိုအသာဆွဲဖွင့်လိုက်တော့ကုတင်ပေါ်မှောက်ခုံလှဲနေတဲ့သူကအခန်းဝကိုမျက်နှာမူထားရာကနေတစ်ဖက်ကိုလွဲလိုက်တယ်။ငိုထားလို့မျက်လုံးတွေကအနည်းငယ်ရဲနေပြီးဖောင်းအစ်နေသည်။ဝမ်ရိပေါ်ကကုတင်ပေါ်ထိုင်ပြီးရှောင်းကျန့်ပုခုံးတစ်ဖက်ကိုဆုပ်ကိုင်လိုက်တယ်။

"စိတ်ဆိုးနေတုန်းပဲလား"

"မင်းရက်စက်လွန်းတယ်.တကယ်ဆိုသူတို့နဲ့ဘာမှမဆိုင်ဘူး"

မျက်နှာလွဲပြီးတိုးညင်းတဲ့အသံနဲ့ပြောလာတော့ဝမ်ရိပေါ်ကလွဲထားတဲ့မျက်နှာကိုသူ့ဘက်လှည့်စေတယ်။

"ဒါဆိုနောက်ငါ့ဆီကနေထွက်ပြေးဖို့မကြိုးစားနဲ့ပေါ့"

"ငါမထွက်ပြေးဘူး.ခဏလေးလွတ်လပ်ချင်ရုံပဲမင်းကငါ့ကိုရှင်းပြခွင့်တောင်မပေးပဲတဇွတ်ထိုးအမြဲလုပ်တယ်"

ဝမ်ရိပေါ်ကအမှန်ပင်တဇွတ်ထိုးဆန်သည်။သူဖြစ်ချင်တာသူလုပ်ချင်တာကိုဘယ်သူမှတားဆီးမရအောင်လုပ်တတ်တယ်။လိုချင်တာကိုမရရတဲ့နည်းနဲ့အရယူတတ်သည်။ဒီလိုတဇွတ်ထိုးစိတ်ကသူ့အတွက်ဒုက္ခရောက်စေတာမသိလေဘူးလား..

ရှောင်းကျန့်ကမျက်နှာလွဲပြီးခေါင်းအုံပေါ်ပြန်မှောက်ချလိုက်တယ်။ခုချိန်မှာသူဘယ်သူနဲ့မှစကားမပြောချင်ဘူးတွေ့လဲမတွေ့ချင်ဘူး။ငိုပဲငိုချင်နေတယ်...သူ့အတွက်အားကိုးရာအစစ်ကိုရှာတွေ့ချင်သည်။ဒီလိုအခြေအနေကနေလွတ်မြောက်အောင်ကယ်တင်ပေးနိုင်မဲ့လူပေါ့..

"ဘေဘီ..စိတ်မဆိုးနဲ့တော့..မနက်ဖြန်မင်းမိဘတွေဆုံးတာ၇နှစ်ပြည့်ပြီ.."

"......."

"မင်းမိဘတွေဆီသွားတွေ့ချင်လား"

ရှောင်းကျန့်ကခေါင်းကိုဆတ်ခနဲထောင်ကာလှည့်ကြည့်လာတယ်။ဝမ်ရိပေါ်ကသူ့ကိုစိုက်ကြည့်ပြီးနှုတ်ခမ်းထောင့်တွေကွေးတက်သွားသည်။၇နှစ်လုံးဝမ်ရိပေါ်ကသူ့မိဘတွေရဲ့နှစ်ပတ်လည်နေ့တွေမှာသူ့ကိုမိဘတွေနဲ့တွေ့ခွင့်မပေးခဲ့ဘူး...အုတ်ဂူကန်တော့ခွင့်တောင်မပေးခဲ့တာရက်စက်လွန်းတယ်မထင်ဘူးလား..

သူမှတ်မိသေးတယ်အဲ့ဒီနေ့ကိုသူ့တစ်သက်လုံးဘယ်တော့မှမေ့မှာမဟုတ်ဘူး။သူချစ်ရတဲ့သူ့မိဘတွေသူ့ဘဝကြီးထဲကနေထွက်ခွာသွားတဲ့နေ့တစ်နည်းအားဖြင့်ဝမ်အိမ်တော်ကြီးကိ​ုပထမဆုံးခြေကျမိတဲ့နေ့ပင်..

အဲ့ဒီနေ့တုန်းကရှောင်းကျန့်သတင်းစာတိုက်မှာပထမဆုံးအလုပ်စရသည့်နေ့ဖြစ်တာကြောင့်အရမ်းပျော်ရွင်နေခဲ့သည်။သာမန်မိသားစုဖြစ်တဲ့သူတို့မိသားစုလေးကဟောင်ကောင်ရဲ့ဆင်ခြေဖုံးရက်ကွက်ငယ်လေးမှာစုစုရုံးရုံးနေထိုင်လာခဲ့သည်။အရမ်းလှတဲ့သူ့အမေကအရသာရှိတာတွေနေ့တိုင်းချက်ကျွေးတယ်သူ့အဖေကကုန်ကားမောင်းတဲ့သူဖြစ်သည်။

မားကအမြဲပြောတယ်ကျန့်ကျန့်ကမားနဲ့တူတာမလို့သိပ်လှတယ်တဲ့...မားချက်ကျွေးတဲ့မုန့်လုံးကြော်ကိုရှောင်းကျန့်အရမ်းကြိုက်ပါသည်။ပါးကအသက်ကြီးလာတာနဲ့အမျှမိသားစုအတွက်စားဝတ်နေရေးကိုမထမ်းတင်နိုင်တော့တဲ့အခါတာဝန်တွေကရှောင်းကျန့်ပုခုံးပေါ်လွှဲပြောင်းရတော့သည်။ပထမဆုံးသတင်းစာတိုက်မှာအလုပ်ရတာမလို့ရှောင်းကျန့်အရမ်းဝမ်းသာရသည်။ပါးနဲ့မားသိရင်လဲအတော်ပျော်သွားကြမှာ..

"ပါး.မား..ကျွန်တော်ပြန်လာပြီးကျွန်တော်အလုပ်ရ.."

အိမ်တံခါးဖွင့်ပြီးဝမ်းသာအားရကြွားလုံးထုတ်မယ်လုပ်ပေမဲ့အိမ်ထဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရှောင်းကျန့်ကမ္ဘာကြီးပြိုလဲသွားရသည်။

"ပါပါး!!!. .မာမား!!!"

သွေးအိုင်ထဲလဲကျနေတဲ့ဖခင်နဲ့မိခင်ကတစ်ယောက်လက်ကိုတစ်ယောက်တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားကြကာသတိမရှိလဲလျောင်းနေကြသည်။ကျောခိုင်းပြီးထိုင်ခုံပေါ်ခြေတစ်ဖက်ချိတ်ထားနေတဲ့လူနဲ့ထိုလူနောက်မှာရပ်နေတဲ့လူလေးယောက်လဲရှိနေတယ်။ရှောင်းကျန့်အဲ့ဒီလူတွေကိုဂရုမစိုက်အားပဲပါးနဲ့မားကိုဆီသာပြေးသွားပြီးပွေ့ဖက်လိုသတိရလာမလားအမှတ်နှင့်လှုပ်ယမ်းနေမိတော့သည်။

"ပါး..မား...မျက်လုံးဖွင့်ကြည့်ပါအုံးကျွန်တော်ရောက်လာပြီလေ..မျက်လုံးဖွင့်ကြပါအုံးဗျာကျွန်တော်ပြောနေတာကြားလား..ပါပါး..ကျွန်တော်ခေါ်နေတယ်လေ..အား...အီးဟီး...ကျွန်တော့်ကိုမထားခဲ့ကြပါနဲ့.."

မိဘနှစ်ပါးလုံးကိုရင်ခွင်ထဲထွေးပိုက်ရင်အရူးတစ်ယောက်လိုယူကြုံးမရဖြစ်စွာအော်ငိုနေမိသည်။ပါးဝယ်ထားပေးတဲ့သူ့ရဲ့အင်္ကျီဖြူဖြူလေးကတော့သွေးတွေရဲနေအောင်စွန်းထင်သွားခဲ့လေပြီ...။ပါးရဲ့ရင်ဝမှာစိုက်နေတဲ့ဓားကသူ့နှလုံးသားထဲအကြိမ်ပေါင်းမြောက်များစွာထိုးစိုက်နေသလိုခံစားရသည်။

"ကျွတ်..ကျွတ်..ကျွတ်..သနားစရာပါလား"

ခနဲ့သလိုအသံကြောင့်ရှောင်းကျန့်ငိုနေတာကိုရပ်လိုက်ပြီးအနောက်ကလူကိုနီရဲမီးတောက်နေတဲ့အကြည့်တွေနဲ့စူးရဲစွာကြည့်လိုက်သည်။နှုတ်ခမ်းတွေပြတ်ထွက်မတတ်ဖိကိုက်ထားတော့နှုတ်ခမ်းထောင့်ကသွေးတွေပါစီးကျလာတယ်။

"ငါ့မိဘတွေကိုသတ်လိုက်တာမင်းမလား...မင်းငါ့ပါးနဲ့မားကိုသတ်လိုက်တာမလား!!!!"

ရှောင်းကျန့်ကလက်သီးကိုတင်းတင်းဆုတ်ပြီးအားကုန်အော်ဟစ်ပစ်လိုက်သည်။သူ့ရှေ့ကလူကတော့အမြင်ကတ်ဖွယ်ကောင်းလောက်အောင်ပြုံးတုံ့တုံ့မျက်နှာဖြင့်သာသူ့မျက်နှာကိုစိုက်ကြည့်နေတယ်။ရှောင်းကျန့်ကဒေါသတွေချုပ်တည်းမရစွာရူးရူးရှားရှားဖြစ်ပြီးတစ်ကိုယ်လုံးနီရဲတက်နေသည်။

"ဘာလို့လဲ..ဘာလို့လဲ!!!ငါ့ပါးနဲ့မားမှာဘာအမှားတွေရှိနေလို့လဲငါတို့မိသားစုကအေးအေးဆေးဆေးနေတာကို...ငါ့မှာအားကိုးရာဆိုလို့သူတို့ပဲရှိတာ...ငါမင်းကိုသတ်မယ်..ငါမင်းကိုသတ်ပစ်မယ်"

ရှောင်းကျန့်ကဆောက်တည်ရာမရဖြစ်နေသည်။သူ့ပါးနဲ့မားသူ့အနားကထွက်သွားတာကသူ့ဘဝတစ်ခုလုံးအတွက်ဘယ်တော့မှပြင်ဆင်ခွင့်မရတော့တဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။​ခံပြင်းစိတ်.ဒေါသထွက်စိတ်..လက်စားချေလိုစိတ်တွေသာရှိတော့တာကြောင့်ပါးရဲ့ရင်ဘက်မှာစိုက်ဝင်နေတဲ့ဓားကိုဆွဲထုတ်ပြီးခုံမှာထိုင်နေတဲ့လူဆီကိုတရှိန်ထိုးပြေးဝင်သွားလိုက်သည်။ထိုလူဆီမရောက်ခင်မှာပဲအနောက်ကလူတစ်ယောက်ကထွက်လာပြီးရှောင်းကျန့်လက်ကောက်ဝတ်ကိုချုပ်ထားလိုက်တယ်။ရုန်းကန်နေရင်းနဲ့ပဲလက်ထဲကဓားကကြမ်းပေါ်ချလွင်ဆိုလွတ်ကျသွားသည်။

"ငါ့ကိုလွှတ်..ငါမိဘတွေအတွက်ငါလက်စားချေမယ်..လွှတ်!!!"

ရုန်းရင်းဆန်ခတ်ဖြစ်နေရင်းရှောင်းကျန့်ကရှေ့ကလူရဲ့ရင်ဘတ်ကတံဆိပ်ပြားကိုတွေ့လိုက်သည်။ကြေးတံဆိပ်ပြားတစ်ခု..ဝံပုလွေပုံစံကြေးတံဆိပ်ပြားတစ်ခုဖြစ်ပြီးအလယ်မှာစာလုံးထွင်းထားတယ်...ဝမ်...

ရှောင်းကျန့်ရဲ့လှုပ်ရှားမှုတွေကငြိမ်ကျသွားပြီးကြမ်းပေါ်အရုပ်ကြိုးပြတ်ထိုင်ချလိုက်တယ်။

ဥပဒေ..အာဏာ..အုပ်ချုပ်ခွင့်..အားလုံးကဂိတ်ကြီးငါးဂိတ်အပေါ်မူတည်နေပြီးသူတို့လက်ထဲမှာပဲရှိတယ်။အစိုးရကတောင်သူတို့လက်ခုတ်ထဲကရေလိုဖြစ်နေပြီး...သူတို့လုပ်ချင်တာဖြစ်ချင်တာတွေကိုမိုးနတ်မင်းကြီးကတောင်မတားနိုင်လောက်တဲ့အထိအရှိန်အဝါကြီးလွန်းတယ်...ဒီဝမ်တွေနဲ့ပါးနဲ့မားကဘယ်လိုပက်သက်ခဲ့မိလို့လဲ..ဒီတံဆိပ်ပြားကဂိတ်ကြီးငါးဂိတ်ကဝမ်ဂိတ်ရဲ့တံဆိပ်ဆိုတာလူတိုင်းသိတယ်..

ရှောင်းကျန့်ဘာတတ်နိုင်သေးလဲ..တရားစွဲချင်လားဥပဒေကဒီလူတွေလက်ထဲမှာလေ လက်စားချေချင်လား လက်စားမချေခင်ရှောင်းကျန့်အရင်ပြာဖြစ်သွားလိမ့်မယ်...

အခွင့်အာဏာရှိတယ်ဆိုတိုင်းလုပ်ချင်သလိုလုပ်အနိုင်ကျင့်ချင်သလိုကျင့်နေကြတာဒီလူတွေကိုဘယ်သူကမှဘာမှပြောလို့ရမှာမဟုတ်ဘူး....ဒီနေ့သူခံစားခဲ့ရတာတွေကိုဘယ်တော့မှမေ့မှာမဟုတ်ဘူး..

ရှောင်းကျန့်ကြမ်းပေါ်မှာပဲစိတ်ပျက်စွာငိုနေမိသည်။ခုံမှာထိုင်နေတဲ့လူကဆေးလိပ်တစ်လိပ်ယူထုတ်ပြီးပါးစပ်မှာခဲရင်းမီးခြစ်ဆံနဲ့ဆေးလိပ်မီးညှိလိုက်တယ်။ခက်ပြင်းပြင်းတစ်ချက်ရှိုက်ဖွာပြီးရှောင်းကျန့်အနားထလာသည်။

သူ့အနားကဓားကိုကောက်ကိုင်လိုက်တာမလို့ရှောင်းကျန့်အနောက်ကိုဖင်တရွေ့ရွေ့တွန်းပြီးဆုတ်သွားမိတယ်။အဲ့ဒီလူရဲ့မျက်နှာကိုစေ့စေ့ပြန်မော့ကြည့်ပေမဲ့သူ့ရဲ့အညိုရောင်မျက်ဆံတွေကတုန်တုန်ယင်ယင်ဖြစ်နေသည်။ရှောင်ကျန့်အနောက်ဆုတ်လေလေထိုလူကတစ်လှမ်းချင်းပိုနီးကပ်လာလေပင်။

ကျောပြင်နဲ့နံရံကပ်သွားသည့်အခါမှာတော့သူ့အတွက်လမ်းဆုံးသွားခဲ့ပြီ။ရှေ့ကလူကသူ့ရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ချပြီးသူ့မျက်နှာကိုဆေးလိပ်ငွေ့တွေအလုံးအရင်းမှုတ်ထုတ်လိုက်သည်။

"အဟွတ်..အဟွတ်.."

မွှန်ထူသွားတဲ့ဆေးလိပ်ငွေ့တွေကိုမခံနိုင်တာကြောင့်ချောင်းဆိုးမိသည်။မျက်ရည်ဥတွေကပါးပြင်ပေါ်တစ်သွင်သွင်စီးကျနေပြီးလက်သီးဆုတ်တွေကတုန်ယင်နေသည်။

အေးစက်စက်ဓားကရှောင်းကျန့်ရဲ့လည်တိုင်ကျော့ကျော့မှာရွှေ့လျားနေသည့်အချိန်မှာတော့အသက်တောင်အပြည့်အဝမရူရဲပေ။ရှေ့ကလူကမျက်တောင်တွေတစ်ဝက်လောက်မှေးစင်းကျပြီးစူးရှနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေသည်။

နီရဲစိုနေတဲ့နှုတ်ခမ်းလွှာတွေကတုန်ယင်နေပြီးပုလဲလုံးလှလှလေးတွေကပါးပြင်နုနုမှာပြေးဆင်းနေတာကသိပ်လှတယ်။ချွေးတွေရွဲနစ်နေတဲ့လည်တိုင်ဖြူဖြူလေးကလဲသူ့သွားတွေကိုယားယံစေပြီး'လာပါလာပါလာကိုက်လှည့်ပါ'လို့ဖိတ်ခေါ်နေသည့်အတိုင်းပဲ။ဒေါသခိုးတွေနဲ့အတူကြောက်လန့်မှုတွေပါရောယှက်နေတဲ့အညိုရောင်မျက်ဝန်းသွယ်တွေကသူရုန်းထွက်မရအောင်ပြုစားနိုင်လွန်းသည်။

အေးစက်နေတဲ့ဓားကလည်တိုင်ကိုပွတ်ဆွဲနေရာကနေမေးရိုးတွေဆီရောက်ရှိသွားတယ်။ဓားဦးချွန်နဲ့ရှောင်းကျန့်မေးစေ့ကိုပင့်မလို့စိုက်ကြည့်နေတော့မျက်ရည်တွေစိုရွဲကာပြန်လည်ကြည့်နေသည်။

"လက်စားချေချင်တာလား"

.".........."

"မင်း...လက်စားချေချင်ရင်ငါနဲ့လိုက်ခဲ့!"

💚💛❤

4ခု
Zaw

"ေပါက္ဆီပူပူေႏြးေႏြးေတြရမယ္ေနာ္..ေပါက္ဆီပူပူေႏြးေႏြေတြရမယ္..ေစ်းတန္ၿပီးအရမ္းစားေကာင္းတဲ့ေပါက္ဆီပူပူေတြပါ"

လူစည္ကားတဲ့ေစ်းတန္းေလးထဲကုန္မ်ိဳးစုံဆိုင္ေတြအစားအေသာက္မ်ိဳးစုံဆိုင္ေတြနဲ႔အသံေပါင္းေျမာက္မ်ားစြာၾကားရသည္။သူတို႔ဆီလာဝယ္ေအာင္ကုန္မ်ိဳးစုံေတြရဲ႕အရည္အေသြးဘယ္ေလာက္ေကာင္းမြန္ေၾကာင္း႐ြန္း႐ြန္းေဝေအာင္ေျပာေနၾကသည္။

အေငြ႕တေထာင္းေထာင္းနဲ႔ေမႊးလြန္းလွသည့္အသားလြတ္ေပါက္ဆီေတြတင္ထားသည့္ဆိုင္ေရွ႕မွာရပ္လိုက္သည္။ဆိုင္ရွင္မိန္းကေလးကသူ႔ကိုေတြ႕ေတာ့မ်က္လုံးေတြကစိန္တုံးေတြလိုၿပိဳးၿပိဳးပ်က္ပ်က္ေတာက္ပလာခဲ့သည္။ဝမ္းသာအားရျဖစ္ေနဟန္ႏွင့္သူလာမွာကိုႀကိဳသိေနသည့္အတိုင္းပင္။

"ရွင္လာၿပီးလား..ထုံးစံအတိုင္းေပါက္ဆီႏွစ္လုံးပဲမလား"

ဆိုင္မွာေန႔တိုင္းလာဝယ္ေနတဲ့ဒီခပ္ေခ်ာေခ်ာေကာင္ေလးကေဖာက္သည္လိုျဖစ္ေနပါၿပီ။အၿမဲတမ္းဦးထုတ္ႀကီးကမ်က္ႏွာကိုသဲသဲကြဲကြဲမျမင္ရေအာင္ေဆာင္းထားၿပီးစကားလဲအလြန္နည္းသည္။ဆယ္ခြန္းေျပာမွတစ္ခြန္းျပန္ေျပာခ်င္မွေျပာတယ္။ဘယ္လိုပဲျဖစ္ျဖစ္ဒီမာနႀကီးသလိုလိုေအးစက္စက္ေကာင္ေခ်ာေလးကိုေစာ္လ်န္အလြန္သေဘာက်မိပါသည္။

"ေပါက္ဆီႏွစ္လုံးပဲလား..ေဖာက္သည္မလို႔အပိုသုံးလုံးထည့္ေပးလိုက္မယ္ေနာ္ ဟီးဟီး ေက်းဇုတင္စရာမလိုပါဘူး"

"မလိုဘူး.."

"ဟင္"

"ႏွစ္လုံးပဲထည့္"

"ရပါတယ္.အားနာစရာမလိုပါဘူးဒီလူနဲ႔ဒီလူအားနာစရာမွမဟုတ္တာ ထည့္ေပးလိုက္မယ္ေနာ္"

"........"

"ရွင္ကကြၽန္မေပါက္ဆီကိုေန႔တိုင္းစား အယ္ေလ ကြၽန္မဆိုင္ကေပါက္ဆီကိုေန႔တိုင္းဝယ္စားေနတာအရသာရွိလို႔မလား"

"မဟုတ္ဘူး.."

"မဟုတ္ဘူး?ဒါဆိုဘာလို႔မ်ားလဲ"

"ေစ်းေပါလို႔"

ေစာ္လ်န္ရဲ႕ေပါက္ဆီထုတ္ကိုခ်ည္ေနတဲ့လက္ေတြကရပ္သြားၿပီးေရွ႕ကေကာင္ေခ်ာေလးကိုနာက်င္စြာၿပဳံးျပလိုက္တယ္။ရပါတယ္..ေပါက္ဆီကအေရးမႀကီးဘူးအဓိကဒီလူေခ်ာေလးကိုေန႔တိုင္းျမင္ရဖို႔ပဲ။ေပါက္ဆီငါးလုံးထည့္ေနတာမၿပီးေတာ့တဲ့အျပင္ဆံပင္ကိုလွလွပပသပ္တင္ၿပီးေကာင္ေခ်ာေလးကိုခ်ိဳသာစြာၿပဳံးျပလိုက္တယ္။

"ရွင္ကအေနာက္ဘက္လမ္းၾကားမွာေနတာမလားအဲ့ဒီကိုဝင္သြားတာေတြ႕လို႔ေလ..တစ္ေယာက္ထဲေနတာလား..တို႔လဲတစ္ေယာက္ထဲပဲသိလား...အဟင္း..အခ်စ္ေရးဘာေရးေတြးဖို႔မအားေသးပါဘူးစားဝတ္ေနေရးအတြက္႐ုန္းကန္ေနရေတာ့အခ်စ္ေရးဘက္ကိုမလွည့္ျဖစ္ဘူး"

"မလွည့္နဲ႔ေပါ့.."

"အမ္..ေအာ္.ဟား..ဒါေပါ့ဒါေပါ့...သို႔ေပမဲ့လဲအပ်ိဳႀကီးေတာ့မလုပ္ခ်င္ပါဘူးမေသခင္ခ်စ္သူေကာင္ေလးေခ်ာေခ်ာေလးတစ္ေယာက္ထားသြားအုံးမွာ"

"ေတြ႕ပါေစ..ေပါက္ဆီၿပီးရင္ေပးေတာ့"

ေကာင္ေခ်ာေလးရဲ႕ေအးစက္စက္စကားေၾကာင့္ခုထိေပါက္ဆီထုတ္ခ်ည္လို႔မၿပီးေသးတာကိုသတိထားမိလိုက္တယ္။အားတုံ႔အားနာၿပဳံးျပလိုက္ေပမဲ့လည္းမ်က္ဝန္းေသေတြႏွင့္သာတုံ႔ျပန္တယ္။

"ေကာင္းေကာင္းသုံးေဆာင္ပါ.."

ေပါက္ဆီထုပ္ကိုကမ္းေပးၿပီးေျပာေနက်စကားကိုေျပာလိုက္သည္။ေကာင္ေခ်ာေလးကအိပ္ကပ္ထဲကပိုက္ဆံထုတ္ၿပီးရွင္းဖို႔လုပ္ေပမဲ့သူ႔ထက္အရင္လူတစ္ေယာက္ကသူတို႔အနားေရာက္လာၿပီးေစာ္လ်န္ကိုပိုက္ဆံေပးလိုက္တယ္။

"သူ႔အစားရွင္းေပးတာ..ယူလိုက္.."

ထိုလူကေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ခႏၶာကိုယ္ႏွင့္ပါးသိုင္းေမႊးပါးပါးေတြႏႈတ္ခမ္းေမႊးစိမ္းေတြရွိသည္။အသားခပ္ညိဳညိဳႏွင့္ဆံပင္ကိုလဲအေျပာင္သိမ္းတင္ထားတယ္။ေကာင္ေခ်ာေလးကထိုလူကိုစိုက္ၾကည့္ေနၿပီးဘာမွမေျပာ။

"ယူေလဘာလဲအလကားေပးခ်င္ေနတာလား"

"ဟုတ္ကဲ့..အာ...မဟုတ္..မဟုတ္ဘူး..အလကားမေပးဘူးပိုက္ဆံယူမယ္လို႔ေျပာတာပါ"

ဝယ္တာကေပါက္ဆီႏွစ္လုံးအပိုေပးတာသုံးလုံးဆိုတာကိုေတာ့ထည့္မေျပာေတာ့ပါဘူး။ေစာ္လ်န္ကပိုက္ဆံကိုေၾကာင္အစြာျဖင့္သာယူလိုက္ၿပီးေရွ႕ကလူႏွစ္ေယာက္ကိုတိတ္တဆိတ္အကဲခတ္ေနလိုက္သည္။စပ္စုတာမဟုတ္ေပမဲ့ေကာင္ေခ်ာေလးနဲ႔ပက္သက္ေနေတာ့သိခ်င္မိသည္။ထိုႏွစ္ေယာက္ကတစ္ခုခုေတာ့တစ္ခုခုပဲ

"ငါတို႔ေအးေဆးစကားေျပာရေအာင္"

"........."

"ဟင္း.."

ေကာင္ေခ်ာေလးကဘာမွမေျပာပဲစိုက္ၾကည့္ေနေတာ့ထိုလူကသက္ျပင္းခ်ၿပီးလက္ကိုအတင္းဆြဲေခၚကာထြက္သြားတယ္။ေစာ္လ်န္သူတို႔ႏွစ္ေယာက္လုံးကိုမ်က္စိတဆုံးလိုက္ၾကည့္ေနမိသည္။ထို႔ေနာက္လက္ထဲကပိုက္ဆံေတြကိုၾကည့္လိုက္ေတာ့မ်က္လုံးျပဴး သြားရသည္။သူ႔ဆိုင္တစ္ဆိုင္လုံးရဲ႕ေပါက္ဆီေတြေရာင္းတာေတာင္ဒီေလာက္ရမွာမဟုတ္ဘူး..

လူဝင္လူထြက္သိပ္မရွိတဲ့ဆိုင္ထဲလူႏွစ္ေယာက္မ်က္ႏွာခ်င္းဆိုင္ထိုင္ေနသည္။တစ္ေယာက္ကသူ႔ေရွ႕ကလူကိုစိုက္ၾကည့္ေနေပမဲ့က်န္တစ္ေယာက္ကေတာ့စားပြဲကိုသာမ်က္ႏွာေသျဖင့္အၾကည့္ပို႔ထားတယ္။

"မင္းဒီတိုင္းပဲဆက္ေနသြားေတာ့မလို႔လားအဖြဲ႕ကမင္းကိုလိုအပ္ေနတယ္ျပန္လာဖို႔စိတ္ကူးမရွိေတာ့ဘူးလား"

ေရွ႕ကလူကေခါင္းခါျပေတာ့သူလွ်ာကိုတစ္ခ်က္သပ္ၿပီးစူးစိုက္ၾကည့္ေနမိျပန္တယ္။ရိေပၚကေခါင္းမာၿပီးေျပာရဆိုရခတ္တာသိသည္။ဒါေပမဲ့လဲသူလက္ေလ်ာ့ဖို႔စိတ္ကူးမရွိဘူး

"Leaderတစ္ေယာက္အေနနဲ႔ေတာင္းဆိုတာပါျပန္လာခဲ့ေပးပါ..မင္းအတြက္ခက္ခဲတာသိေပမဲ့ဒီတစ္ခါမင္းျပန္လာရင္အရင္လိုလုံးဝမျဖစ္ေစရဘူး..ငါအာမခံတယ္ ငါမင္းကိုကာကြယ္ေပးႏိုင္တယ္ရိေပၚ"

"လိုသုံးလုပ္ေနတာမလား"

"ဟမ္"

မ်က္လႊာခ်ၿပီးေျပာေနတဲ့ရိေပၚကသူ႔ကိုမ်က္လုံးလွန္ၾကည့္လာတယ္။အေျဖရွာရခက္ၿပီးနားလည္ရခက္တဲ့မ်က္ဝန္းေတြနဲ႔ေအးစက္လွသည္။

"လိုအပ္မွကြၽန္ေတာ့ကိုျပန္ေခၚတာမလား"

ဒီစကားေၾကာင့္ယြင္ေရွာက္ဆြံအသြားၿပီးေျပာစရာစကားမရွိျဖစ္သြားတယ္။ဘာျပန္ေျပာရမွန္းမသိျဖစ္ေနတဲ့သူကိုရိေပၚကစိုက္ၾကည့္ၿပီးေခါင္းတၿငိမ့္ၿငိမ့္နဲ႔လုပ္ေနသည္။

တကယ္ျပန္လာေစခ်င္လို႔မဟုတ္ပဲအသုံခ်စရာရွိေနလို႔ျပန္ေခၚေနတာ။ကိုယ္က်ိဳးအတြက္သူ႔ကိုခခယယနဲ႔ေတာင္းပန္ၿပီးအသုံးခ်ေနခ်င္ၾကတာမသိပဲရွိမလား။ယြင္ေရွာက္ကနဖူးကိုတစ္ခ်က္ကုပ္ၿပီးအေၾကာင္းျပခ်က္တစ္ခုရေအာင္ခ်က္ခ်င္းေတြးေတာေနေတာ့သည္

"ရိေပၚ..ဒါကေလ..ဒီလိုရွိတယ္..ငါတို႔ကမင္းကိုလိုသုံးလုပ္တာမဟုတ္ပါဘူးလိုအပ္ေနတယ္ဆိုတာေတာ့အမွန္ပါပဲအဖြဲ႕ထဲမွာမင္းလိုလူေတာ္တစ္ေယာက္ဆုံးရႈံးသြားရတဲ့အတြက္ငါတို႔အရမ္းႏွေျမာတသျဖစ္ေနၾကတာပါ"

"ဝမ္းသာေနၾကတာမဟုတ္ဘူးလား"

"ရိေပၚ."

"ေပါက္ဆီအတြက္ေက်းဇုတင္တယ္ခုေလာေလာဆယ္ခင္ဗ်ားေပါက္ဆီဖိုးေပးလိုက္တဲ့ေငြပမာဏအတိုင္းကြၽန္ေတာ့္ဆီမွာမရွိေသးဘူး..ခင္းဗ်ားစိတ္ခ်ပါေနာက္ေန႔ပိုက္ဆံကိုတာ့ဟုန္နဲ႔ေပးလိုက္မယ္"

ရိေပၚကေျပာၿပီးထရပ္ဖို႔လုပ္ေနေတာ့ယြင္ေရွာက္ကလက္ေကာက္ဝတ္ကိုဆြဲၿပီးျပန္ထိုင္ေစသည္။ထို႔ေနာက္အိပ္ကပ္ထဲကတစ္စုံတစ္ခုကိုထုတ္ၿပီးစားပြဲေပၚတင္ကာရိေပၚေရွ႕ကိုလက္ႏွစ္ေခ်ာင္းနဲ႔တြန္းပို႔လိုက္တယ္။ေၾကးတံဆိပ္ျပားျဖစ္ၿပီးအဝိုင္းျပားမွာက်ား႐ုပ္ထြင္းၿပီးအလယ္မွာစာလုံးတစ္လုံးရွိသည္။

"မင္းခုခ်ိန္မွာျပန္မလာခ်င္ေသးရင္လဲ​ေနာက္ေတာ့မေျပာတတ္ဘူးေလ မင္းလက္ခံမယ္လို႔ေမ်ာ္လင့္တယ္ဒီအမွတ္အသားကိုေတာ့ယူထားလိုက္ပါျပန္လာခ်င္ရင္အခ်ိန္မေ႐ြးငါေစာင့္ေနတယ္"

ယြင္ေရွာက္ကပုခုံးကိုႏွစ္ခ်က္ေလာက္ပုတ္ၿပီးထထြက္သြားသည္။ရိေပၚကထိုေနရာမွာပဲေတာ္ေတာ္နဲ႔မထေသးပဲထိုင္လ်က္ေၾကးတံဆိပ္ျပားကိုၾကည့္ေနတယ္။

ေ႐ြးခ်ယ္စရာႏွစ္ခုရွိတယ္....ဘယ္ဟာကိုပဲေ႐ြးေ႐ြးသူ႔တစ္ဘဝလုံးအတြက္အက်ဳံးဝင္သြားမွာေတြခ်ည္းပဲ။အတိတ္ဆိုးနဲ႔အိမ္မက္ဆိုးေတြဆီျပန္သြားမလား....သေဘာက်ရတဲ့အနာဂတ္ကိုဆက္ေလ်ာက္မလား..ဦးေႏွာက္ရွိတဲ့သူတိုင္းဘယ္လမ္းကိုေ႐ြးရမလဲသိတယ္။သူလဲဉီးေႏွာက္ရွိတဲ့သူတစ္ေယာက္ပဲအေကာင္းဆုံးကိုေ႐ြးခ်ယ္တတ္တယ္။အတိတ္ဆိုးေတြဆီဘယ္ေတာ့မွျပန္သြားမွာမဟုတ္ဘူး...ဒါေပမဲ့တံဆိပ္ျပားကိုေတာ့အိပ္ကပ္ထဲေကာက္ထည့္ခဲ့ၿပီးဆိုင္ထဲကထြက္လာခဲ့တယ္။ေၾကးတံဆိပ္ျပားကေတာ့အိပ္ကပ္ထဲကေနဘယ္ခ်ိန္မွအျပင္ေရာက္ခြင့္ရမလဲဆိုတာမေသခ်ာေတာ့ပါဘူး...

*^^*

ေတာက္!ေတာက္!ေတာက္!

ဧည့္ခန္းက်ယ္ႀကီးထဲစားပြဲကိုလက္ညိဳးနဲ႔တီးေခါက္သံကၾကက္သီးထဖြယ္ေကာင္းစြာပ်ံ႕လြင့္ေနသည္။အေရွ႕မွာရပ္ေနတဲ့သက္ေတာ္ေစာင့္ေတြကေခါင္းေတြကိုတြင္တြင္ငုံ႔ထားၿပီးအသံမထြက္ရဲၾကဘူး။ေဘးမွာထိုင္ေနတဲ့ေရွာင္းက်န္႔ကတစ္ခ်က္တစ္ခ်က္ဝမ္ရိေပၚကိုခိုးၿပီးၾကည့္တယ္။မ်က္ႏွာကတည္တင္းေနၿပီးတစ္ခုခုကိုအတင္းထိန္းခ်ဳပ္ထားရပုံနဲ႔မ်က္လုံးကိုမွိတ္ကာဆိုဖာခုံကိုမွီထားတဲ့ဝမ္ရိေပၚကခုခ်ိန္မွာေသြးေအးေအးနဲ႔ရက္စက္ေတာ့မွာမလား..

"Boss Wang ဟို..ငါကေလ"

"တိတ္!!!"

ေရခဲထက္ေတာင္ေအးစက္တဲ့အမိန္႔စကားသံအဆုံးေရွာင္းက်န္႔မ်က္ႏွာရႈံ႕မဲ့သြားၿပီးပါးစပ္ေလးပိတ္သြားသည္။Boss Wangေဒါသထြက္ေနၿပီး. သူေဒါသထြက္ရင္အရမ္းေၾကာက္ဖို႔ေကာင္းတာမလို႔ေရွာင္းက်န္႔လဲနည္းနည္းေတာ့လန္႔မိပါတယ္။အစထဲကမထြက္ေျပးမိရင္ေကာင္းသားဟုေတြးမိတယ္သူ႔ေၾကာင့္ေခြးနက္ေတြဒုကၡေရာက္ရေတာ့မယ္။သူထြက္ေျပးတာကိုBoss Wangကိုအသိမေပးရင္မသိေလာက္ဘူးဟုထင္ခဲ့ေပမဲ့ရဲေနတဲ့မ်က္လုံးတစ္ဖက္ကိုမျမင္ရေအာင္Boss Wangကကန္းေနတာမွမဟုတ္တာ။

"မင္းတို႔​အ​ျပစ္မင္းတို႔သိလား"

"ဟုတ္ကဲ့သိပါတယ္Boss"

"ဘာလဲ"

"သခင္ေလးကိုေကာင္းေကာင္းမေစာင့္ေရွာက္ႏိုင္ခဲ့လို႔ပါ...Bossကြၽန္ေတာ္တို႔ကိုအပစ္ေပးပါ"

ဝမ္ရိေပၚကစားပြဲေပၚကေသနတ္ကိုလွည့္ၿပီးကစားေနသည္။ကိုယ္ရံေတာ္ေတြက​ေၾကာက္စိတ္ေၾကာင့္ေခြၽးဒီးဒီးက်ေနတယ္။

"Boss. .Wang. ..သူတို႔ကိုမသတ္လို႔ရမလားငါ့အျပစ္ပါသူတို႔နဲ႔မဆိုင္ဘူးငါကပဲ"

"မင္းပါးစပ္ပိတ္ထား!"

"ဝမ္ရိေပၚ!!"

ေရွာင္းက်န္႔ကတားမလို႔ႀကံေပမဲ့ဝမ္ရိေပၚကေအာ္ေငါက္လာမယ္မထင္ထားတာေၾကာင့္စိတ္တိုၿပီးနာမည္အျပည့္အစုံကိုေဆာင့္ႀကီးေအာင့္ႀကီးေအာ္လိုက္မိသည္။သူ႔ကိုၾကည့္လာတဲ့ဝမ္ရိေပၚရဲ႕မ်က္လုံးေတြေၾကာင့္မွားသြားၿပီဆိုတာသိလိုက္တယ္။

"အ့.."

ေမး႐ိုးကိုလက္နဲ႔ခပ္ၾကမ္းၾကမ္းဆြဲညစ္လိုက္တာမလို႔အလြန္နာက်င္သြားရၿပီးမ်က္ရည္ေတြေတာင္ေဝ့တက္လာသည္။လက္ေခ်ာင္းရာေတြထင္းသည္ထိၾကမ္းတမ္းစြာဖ်စ္ညစ္ထားၿပီးစူးရဲေနတဲ့မ်က္လုံးေတြနဲ႔အစိမ္းလိုက္ဝါးစားေတာ့မလိုၾကည့္ေနတာမလို႔ေရွာင္းက်န္႔တစ္ကိုယ္လုံးတုန္ယင္ျခင္လာတယ္။

"မင္းဘယ္လိုေခၚလိုက္လဲျပန္ေခၚစမ္း!!"

"........."

"Chuo!!!!"

"ဟုတ္ကဲ့Boss"

"အျပစ္သားေတြကိုအျပစ္ေပးဖို႔ၾကာပြတ္ယူခဲ့!"

"ဟုတ္ကဲ့"

Chuoထြက္သြားေတာ့ေရွာင္းက်န္႔မ်က္ဝန္းေတြတုန္ရီလာသည္။ၾကာပြတ္ကဘယ္လိုပုံစံလဲသူသိတယ္။ဝမ္ရိေပၚကသူ႔ေရွ႕မွာလူေတြအမ်ားႀကီးသတ္ဖူးတယ္ဒါေပမဲ့ဒီလိုအပစ္ေပးတာေတာ့တစ္ခါမွမလုပ္ဖူးဘူး။အျပစ္ေပးတာကတစ္ခါထဲအၿပီးသတ္ပစ္လိုက္တာထက္ကိုပိုရက္စက္လို႔ပါ။

Chuoနဲ႔အတူတျခားကိုယ္ရံေတာ္ေတြကၾကာပြတ္ေတြယူၿပီးေရာက္လာတယ္။အနက္ေရာင္ၾကာပြတ္ေတြမွာသံဆူးေတြပါတဲ့အျပင္အက္ဆစ္ရည္ပါစိမ္ထားတာမလို႔ဒါနဲ႔သာဆိုရင္ေက်ာျပင္တစ္ခုလုံးရစရာမရွိေအာင္စုတ္ျပတ္သပ္သြားလိမ့္မယ္။

"မင္းတို႔အက်ႌေတြခြၽတ္လိုက္"

Bossအမိန္႔သံအဆုံးမွာအျပစ္သားေတြလိုသက္ေတာ္ေစာင့္7ေယာက္ကအဝတ္ေတြခြၽတ္ၿပီးဒူးေထာက္ထိုင္လိုက္ၾကတယ္။ၾကာပြတ္ကိုင္ထားတဲ့သူေတြကအေနာက္မွာရပ္ၿပီး႐ိုက္ဖို႔အသင့္အေနအထားနဲ႔ခ်ိန္႐ြယ္ထားၾကသည္။

"မင္းၾကည့္..သူတို႔ကမင္းေၾကာင့္နဲ႔အျပစ္ေပးခံရတာ."

"ဟင့္အင္း..."

ဝမ္ရိေပၚကေရွာင္းက်န္႔ကိုေမး႐ိုးကေနကိုင္ထားၿပီးကိုယ္ရံေတာ္ေတြဖက္ကိုဆြဲလွည့္ၿပီးၾကည့္ခိုင္းသည္။Boss Wangရဲ႕မ်က္ႏွာကႏူးညံ့မႈေတြေပ်ာက္ဆုံးကေလွာင္ရိပ္ေတြနဲ႔နတ္ဆိုးတစ္ေကာင္လိုေၾကာက္ဖို႔ေကာင္းေနသည္။

"ငါမရပ္မခိုင္းခ်င္း႐ိုက္!!"

ခြၽမ္း! ခြၽမ္း!ခြၽမ္း!!!

ပတ္ဝန္းက်င္တစ္ခုလုံးၾကာပြတ္သံေတြကဆူညံသြားသည္။ေရွာင္းက်န္႔ကိုယ္လုံးကတုန္ယင္ေနၿပီးေခြၽးေတြ႐ြဲစိုလာတယ္။ေသခ်ာေလ့က်င့္ေပးထားတဲ့ကိုယ္ရံေတာ္ေတြေတာင္ဒီၾကာပြတ္ဒဏ္ကိုမခံႏိုင္ေတာ့ပဲၾကမ္းေပၚလူးလိမ့္ေနတာေၾကာင့္ၾကမ္းခင္းေတြကအနီေရာင္ေသြးေတြစြန္းထင္ကုန္သည္။

ဝမ္ရိေပၚကရွိသမွ်ေဒါသေတြကိုသက္ေတာ္ေစာင့္ေတြအေပၚပုံခ်ေနသည္။ေရွာင္းက်န္႔ကိုစိတ္တိုေပမဲ့လဲနာက်င္ေအာင္မလုပ္ရက္တာမလို႔ေရွာင္းက်န္႔အစားအျပစ္ခံေနရတဲ့သူေတြကေတာ့သနားစဖြယ္ပါပဲ။အျပစ္ကေသးေပမဲ့ျပစ္ဒဏ္ကႀကီးေလးလိုက္တာ...လက္ညိဳးေလးေကြးၿပီးသတ္ပစ္လိုက္လို႔ရေပမဲ့ေရွာင္းက်န္႔ေတာင္းဆိုမႈေၾကာင့္သူမသတ္ပါဘူး။

"မင္းၾကည့္ထား..အဲ့ဒါမင္းေၾကာင့္အျပစ္ေပးခံေနရတဲ့သူေတြ..ေပ်ာ္ေပ်ာ္ႀကီးကိုေသခ်ာၾကည့္ထားစမ္းေရွာင္းက်န္႔"

"ဟင့္အင့္..မလုပ္ပါနဲ႔..မလုပ္ပါနဲ႔"

ေရွာင္းက်န္႔ပါးျပင္ထက္မ်က္ရည္ေတြတအိအိၿပိဳဆင္းလာသည္။သူတကယ္မခံစားႏိုင္ေတာ့ဘူး..ၾကမ္းေပၚမွာအသဲခိုက္မတတ္နာက်င္မႈေၾကာင့္ေအာ္ဟစ္ညည္းတြားေနတဲ့သူေတြကအျပစ္မရွိပဲသူ႔ေၾကာင့္ခံစားေနရတယ္။ဒီလူေတြကဘာမ်ားမွားယြင္းခဲ့လို႔လဲဘာအျပစ္ေတြမ်ားလုပ္ခဲ့ၾကလို႔လဲ။သူ႔ေၾကာင့္ပဲသူသာလြတ္လပ္မႈေလးကိုခဏတာမွ်ေတာင့္တျခင္းမရွိခဲ့ရင္ထြက္မေျပးခဲ့ရင္ဒီလိုေတြျဖစ္လာမွာမဟုတ္ဘူး။သူ႔အျပစ္ေတြခ်ည္းပဲ..သက္ေတာင္ေစာင့္ေတြနဲ႔ဘာမွမဆိုင္ဘူး။ေၾကာက္လန္႔စိတ္ေတြနဲ႔ေရွာင္းက်န္႔တစ္ကိုယ္လုံးေခြၽးေတြ႐ြဲကာတုန္တုန္ယင္ယင္ျဖစ္လာတယ္။ဒီျမင္ကြင္းကိုဆက္ၾကည့္ႏိုင္စြမ္းမရွိေတာ့ဘူး...ဘယ္လိုပဲစိတ္ဓာတ္ခိုင္မာၿပီးအသဲမာေအာင္ႀကိဳးစားၿပီးေနခဲ့ပါေစသူကအစထဲကႏူးညံ့တဲ့သူတစ္ေယာက္ပဲ...

ခြၽမ္း.ခြၽမ္း.ခြၽမ္း

"ေတာ္ပါေတာ့..မလုပ္ပါနဲ႔ေတာ့..မလုပ္ၾကပါနဲ႔ေတာ့"

"မင္းေၾကာင့္ပဲေရွာင္းက်န္႔..မင္းအျပစ္လုပ္ခဲ့မိလို႔သူတို႔မင္းအစားအျပစ္ေပးခံေနရတာမင္းၾကည့္ထား!"

"မလုပ္နဲ႔..အင့္..မလုပ္.."

ေရွာင္းက်န္႔အသံကသိပ္မထြက္ခ်င္ေတာ့ပဲတိုးဝင္ေနသည္။

"ငါေနာက္မလုပ္ေတာ့ပါဘူးသူတို႔ကိုလြတ္ေပးပါ..သူတို႔နဲ႔မဆိုင္ဘူး..ငါမလုပ္ရဲေတာ့ပါဘူးေနာက္ထပ္မလုပ္ရဲေတာ့ပါဘူး...မထြက္ေျပးေတာ့ပါဘူး..အီးဟီး..."

"ရပ္ေတာ့!!"

ဝမ္ရိေပၚရဲ႕စကားအဆုံးမွာၾကာပြတ္သံေတြကတိခနဲရပ္သြားၿပီးဒဏ္ရာအလိမ္းလိမ္းနဲ႔ေက်ာျပင္ေတြစုတ္ၿပဲေနတဲ့ကိုယ္ရံေတာ္ေတြကိုအခန္းထဲကေနတ႐ြတ္တိုက္ဆြဲေခၚသြားၾကတယ္။ကတုန္ကယင္ျဖစ္ေနတဲ့ကိုယ္ေလးကိုရင္ခြင္ထဲဆြဲသြင္းၿပီးတင္းတင္းေပြ႕ထားလိုက္တယ္။

ကေလးတစ္ေယာက္လိုတအီအီငိုေနၿပီးေခြၽးေတြနဲ႔ကပ္ၿငိေနတဲ့ဆံစေတြကိုတယုတယနဲ႔အသာအယာသပ္ေပးေနမိသည္။နဖူးကေခြၽးေတြကိုႏႈတ္ခမ္းနဲ႔ပြတ္ဆြဲသုတ္ေပးေတာ့ငံက်ိက်ိအရသာကိုရသည္။ေရွာင္းက်န္႔ကသူ႔ခါးကိုျပန္ဖက္တြယ္ၿပီးသူ႔ရင္ခြင္ထဲတိုးဝင္ေနတယ္။

"ဟင့္..အီး....အီး..အင့္.."

ဒီခ်ိန္မွာေရွာင္းက်န္႔အေၾကာက္ဆုံးကသူပဲဒါေပမဲ့ပုန္းကြယ္ခုံလႈံခ်င္ေနတာကလဲသူ႔ရင္ခြင္ပဲ။ဒီလိုျဖစ္ေနတာကိုဝမ္ရိေပၚကအရမ္းသေဘာက်တယ္။သန္မာခ်င္ေယာင္ေဆာင္ေနေပမဲ့ဒီလူသားရဲ႕အသဲဘယ္ေလာေတာင္ႏုနယ္လဲဆိုတာသူအသိဆုံးပါ။သူ႔ေၾကာင့္အပစ္ေပးခံရတဲ့သူေတြကိုၾကည့္ၿပီးေနာက္ေနာင္ဘယ္ေတာ့မွထြက္ေျပးရဲေတာ့မွာမဟုတ္ဘူး။ေရွာင္းက်န္႔ကိုတိုက္႐ိုက္အပစ္ေပးတာထက္ပိုထိေရာက္တဲ့နည္းကိုသူသုံးလိုက္တာပဲ။ရင္ခြင္ထဲရႈိက္ငိုေနတဲ့လူသားေလးကိုတဖြဖြနမ္းၿပီးအငိုတိတ္ေအာင္လုပ္ေပးေနမိသည္
.

"လိမ္လိမ္မာမာေနစမ္းပါေဘဘီ..."

*^^*

ကြၽီ~~~

အခန္းတံခါးကိုအသာဆြဲဖြင့္လိုက္ေတာ့ကုတင္ေပၚေမွာက္ခုံလွဲေနတဲ့သူကအခန္းဝကိုမ်က္ႏွာမူထားရာကေနတစ္ဖက္ကိုလြဲလိုက္တယ္။ငိုထားလို႔မ်က္လုံးေတြကအနည္းငယ္ရဲေနၿပီးေဖာင္းအစ္ေနသည္။ဝမ္ရိေပၚကကုတင္ေပၚထိုင္ၿပီးေရွာင္းက်န္႔ပုခုံးတစ္ဖက္ကိုဆုပ္ကိုင္လိုက္တယ္။

"စိတ္ဆိုးေနတုန္းပဲလား"

"မင္းရက္စက္လြန္းတယ္.တကယ္ဆိုသူတို႔နဲ႔ဘာမွမဆိုင္ဘူး"

မ်က္ႏွာလြဲၿပီးတိုးညင္းတဲ့အသံနဲ႔ေျပာလာေတာ့ဝမ္ရိေပၚကလြဲထားတဲ့မ်က္ႏွာကိုသူ႔ဘက္လွည့္ေစတယ္။

"ဒါဆိုေနာက္ငါ့ဆီကေနထြက္ေျပးဖို႔မႀကိဳးစားနဲ႔ေပါ့"

"ငါမထြက္ေျပးဘူး.ခဏေလးလြတ္လပ္ခ်င္႐ုံပဲမင္းကငါ့ကိုရွင္းျပခြင့္ေတာင္မေပးပဲတဇြတ္ထိုးအၿမဲလုပ္တယ္"

ဝမ္ရိေပၚကအမွန္ပင္တဇြတ္ထိုးဆန္သည္။သူျဖစ္ခ်င္တာသူလုပ္ခ်င္တာကိုဘယ္သူမွတားဆီးမရေအာင္လုပ္တတ္တယ္။လိုခ်င္တာကိုမရရတဲ့နည္းနဲ႔အရယူတတ္သည္။ဒီလိုတဇြတ္ထိုးစိတ္ကသူ႔အတြက္ဒုကၡေရာက္ေစတာမသိေလဘူးလား..

ေရွာင္းက်န္႔ကမ်က္ႏွာလြဲၿပီးေခါင္းအုံေပၚျပန္ေမွာက္ခ်လိုက္တယ္။ခုခ်ိန္မွာသူဘယ္သူနဲ႔မွစကားမေျပာခ်င္ဘူးေတြ႕လဲမေတြ႕ခ်င္ဘူး။ငိုပဲငိုခ်င္ေနတယ္...သူ႔အတြက္အားကိုးရာအစစ္ကိုရွာေတြ႕ခ်င္သည္။ဒီလိုအေျခအေနကေနလြတ္ေျမာက္ေအာင္ကယ္တင္ေပးႏိုင္မဲ့လူေပါ့..

"ေဘဘီ..စိတ္မဆိုးနဲ႔ေတာ့..မနက္ျဖန္မင္းမိဘေတြဆုံးတာ၇ႏွစ္ျပည့္ၿပီ.."

"......."

"မင္းမိဘေတြဆီသြားေတြ႕ခ်င္လား"

ေရွာင္းက်န္႔ကေခါင္းကိုဆတ္ခနဲေထာင္ကာလွည့္ၾကည့္လာတယ္။ဝမ္ရိေပၚကသူ႔ကိုစိုက္ၾကည့္ၿပီးႏႈတ္ခမ္းေထာင့္ေတြေကြးတက္သြားသည္။၇ႏွစ္လုံးဝမ္ရိေပၚကသူ႔မိဘေတြရဲ႕ႏွစ္ပတ္လည္ေန႔ေတြမွာသူ႔ကိုမိဘေတြနဲ႔ေတြ႕ခြင့္မေပးခဲ့ဘူး...အုတ္ဂူကန္ေတာ့ခြင့္ေတာင္မေပးခဲ့တာရက္စက္လြန္းတယ္မထင္ဘူးလား..

သူမွတ္မိေသးတယ္အဲ့ဒီေန႔ကိုသူ႔တစ္သက္လုံးဘယ္ေတာ့မွေမ့မွာမဟုတ္ဘူး။သူခ်စ္ရတဲ့သူ႔မိဘေတြသူ႔ဘဝႀကီးထဲကေနထြက္ခြာသြားတဲ့ေန႔တစ္နည္းအားျဖင့္ဝမ္အိမ္ေတာ္ႀကီးကိ​ုပထမဆုံးေျခက်မိတဲ့ေန႔ပင္..

အဲ့ဒီေန႔တုန္းကေရွာင္းက်န္႔သတင္းစာတိုက္မွာပထမဆုံးအလုပ္စရသည့္ေန႔ျဖစ္တာေၾကာင့္အရမ္းေပ်ာ္႐ြင္ေနခဲ့သည္။သာမန္မိသားစုျဖစ္တဲ့သူတို႔မိသားစုေလးကေဟာင္ေကာင္ရဲ႕ဆင္ေျခဖုံးရက္ကြက္ငယ္ေလးမွာစုစု႐ုံး႐ုံးေနထိုင္လာခဲ့သည္။အရမ္းလွတဲ့သူ႔အေမကအရသာရွိတာေတြေန႔တိုင္းခ်က္ေကြၽးတယ္သူ႔အေဖကကုန္ကားေမာင္းတဲ့သူျဖစ္သည္။

မားကအၿမဲေျပာတယ္က်န္႔က်န္႔ကမားနဲ႔တူတာမလို႔သိပ္လွတယ္တဲ့...မားခ်က္ေကြၽးတဲ့မုန္႔လုံးေၾကာ္ကိုေရွာင္းက်န္႔အရမ္းႀကိဳက္ပါသည္။ပါးကအသက္ႀကီးလာတာနဲ႔အမွ်မိသားစုအတြက္စားဝတ္ေနေရးကိုမထမ္းတင္ႏိုင္ေတာ့တဲ့အခါတာဝန္ေတြကေရွာင္းက်န္႔ပုခုံးေပၚလႊဲေျပာင္းရေတာ့သည္။ပထမဆုံးသတင္းစာတိုက္မွာအလုပ္ရတာမလို႔ေရွာင္းက်န္႔အရမ္းဝမ္းသာရသည္။ပါးနဲ႔မားသိရင္လဲအေတာ္ေပ်ာ္သြားၾကမွာ..

"ပါး.မား..ကြၽန္ေတာ္ျပန္လာၿပီးကြၽန္ေတာ္အလုပ္ရ.."

အိမ္တံခါးဖြင့္ၿပီးဝမ္းသာအားရႂကြားလုံးထုတ္မယ္လုပ္ေပမဲ့အိမ္ထဲျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ေရွာင္းက်န္႔ကမာၻႀကီးၿပိဳလဲသြားရသည္။

"ပါပါး!!!. .မာမား!!!"

ေသြးအိုင္ထဲလဲက်ေနတဲ့ဖခင္နဲ႔မိခင္ကတစ္ေယာက္လက္ကိုတစ္ေယာက္တင္းတင္းၾကပ္ၾကပ္ဆုတ္ကိုင္ထားၾကကာသတိမရွိလဲေလ်ာင္းေနၾကသည္။ေက်ာခိုင္းၿပီးထိုင္ခုံေပၚေျခတစ္ဖက္ခ်ိတ္ထားေနတဲ့လူနဲ႔ထိုလူေနာက္မွာရပ္ေနတဲ့လူေလးေယာက္လဲရွိေနတယ္။ေရွာင္းက်န္႔အဲ့ဒီလူေတြကိုဂ႐ုမစိုက္အားပဲပါးနဲ႔မားကိုဆီသာေျပးသြားၿပီးေပြ႕ဖက္လိုသတိရလာမလားအမွတ္ႏွင့္လႈပ္ယမ္းေနမိေတာ့သည္။

"ပါး..မား...မ်က္လုံးဖြင့္ၾကည့္ပါအုံးကြၽန္ေတာ္ေရာက္လာၿပီေလ..မ်က္လုံးဖြင့္ၾကပါအုံးဗ်ာကြၽန္ေတာ္ေျပာေနတာၾကားလား..ပါပါး..ကြၽန္ေတာ္ေခၚေနတယ္ေလ..အား...အီးဟီး...ကြၽန္ေတာ့္ကိုမထားခဲ့ၾကပါနဲ႔.."

မိဘႏွစ္ပါးလုံးကိုရင္ခြင္ထဲေထြးပိုက္ရင္အ႐ူးတစ္ေယာက္လိုယူႀကဳံးမရျဖစ္စြာေအာ္ငိုေနမိသည္။ပါးဝယ္ထားေပးတဲ့သူ႔ရဲ႕အက်ႌျဖဴျဖဴေလးကေတာ့ေသြးေတြရဲေနေအာင္စြန္းထင္သြားခဲ့ေလၿပီ...။ပါးရဲ႕ရင္ဝမွာစိုက္ေနတဲ့ဓားကသူ႔ႏွလုံးသားထဲအႀကိမ္ေပါင္းေျမာက္မ်ားစြာထိုးစိုက္ေနသလိုခံစားရသည္။

"ကြၽတ္..ကြၽတ္..ကြၽတ္..သနားစရာပါလား"

ခနဲ႔သလိုအသံေၾကာင့္ေရွာင္းက်န္႔ငိုေနတာကိုရပ္လိုက္ၿပီးအေနာက္ကလူကိုနီရဲမီးေတာက္ေနတဲ့အၾကည့္ေတြနဲ႔စူးရဲစြာၾကည့္လိုက္သည္။ႏႈတ္ခမ္းေတြျပတ္ထြက္မတတ္ဖိကိုက္ထားေတာ့ႏႈတ္ခမ္းေထာင့္ကေသြးေတြပါစီးက်လာတယ္။

"ငါ့မိဘေတြကိုသတ္လိုက္တာမင္းမလား...မင္းငါ့ပါးနဲ႔မားကိုသတ္လိုက္တာမလား!!!!"

ေရွာင္းက်န္႔ကလက္သီးကိုတင္းတင္းဆုတ္ၿပီးအားကုန္ေအာ္ဟစ္ပစ္လိုက္သည္။သူ႔ေရွ႕ကလူကေတာ့အျမင္ကတ္ဖြယ္ေကာင္းေလာက္ေအာင္ၿပဳံးတုံ႔တုံ႔မ်က္ႏွာျဖင့္သာသူ႔မ်က္ႏွာကိုစိုက္ၾကည့္ေနတယ္။ေရွာင္းက်န္႔ကေဒါသေတြခ်ဳပ္တည္းမရစြာ႐ူး႐ူးရွားရွားျဖစ္ၿပီးတစ္ကိုယ္လုံးနီရဲတက္ေနသည္။

"ဘာလို႔လဲ..ဘာလို႔လဲ!!!ငါ့ပါးနဲ႔မားမွာဘာအမွားေတြရွိေနလို႔လဲငါတို႔မိသားစုကေအးေအးေဆးေဆးေနတာကို...ငါ့မွာအားကိုးရာဆိုလို႔သူတို႔ပဲရွိတာ...ငါမင္းကိုသတ္မယ္..ငါမင္းကိုသတ္ပစ္မယ္"

ေရွာင္းက်န္႔ကေဆာက္တည္ရာမရျဖစ္ေနသည္။သူ႔ပါးနဲ႔မားသူ႔အနားကထြက္သြားတာကသူ႔ဘဝတစ္ခုလုံးအတြက္ဘယ္ေတာ့မွျပင္ဆင္ခြင့္မရေတာ့တဲ့ဆုံးရႈံးမႈႀကီးတစ္ခုျဖစ္သည္။​ခံျပင္းစိတ္.ေဒါသထြက္စိတ္..လက္စားေခ်လိုစိတ္ေတြသာရွိေတာ့တာေၾကာင့္ပါးရဲ႕ရင္ဘက္မွာစိုက္ဝင္ေနတဲ့ဓားကိုဆြဲထုတ္ၿပီးခုံမွာထိုင္ေနတဲ့လူဆီကိုတရွိန္ထိုးေျပးဝင္သြားလိုက္သည္။ထိုလူဆီမေရာက္ခင္မွာပဲအေနာက္ကလူတစ္ေယာက္ကထြက္လာၿပီးေရွာင္းက်န္႔လက္ေကာက္ဝတ္ကိုခ်ဳပ္ထားလိုက္တယ္။႐ုန္းကန္ေနရင္းနဲ႔ပဲလက္ထဲကဓားကၾကမ္းေပၚခ်လြင္ဆိုလြတ္က်သြားသည္။

"ငါ့ကိုလႊတ္..ငါမိဘေတြအတြက္ငါလက္စားေခ်မယ္..လႊတ္!!!"

႐ုန္းရင္းဆန္ခတ္ျဖစ္ေနရင္းေရွာင္းက်န္႔ကေရွ႕ကလူရဲ႕ရင္ဘတ္ကတံဆိပ္ျပားကိုေတြ႕လိုက္သည္။ေၾကးတံဆိပ္ျပားတစ္ခု..ဝံပုေလြပုံစံေၾကးတံဆိပ္ျပားတစ္ခုျဖစ္ၿပီးအလယ္မွာစာလုံးထြင္းထားတယ္...ဝမ္...

ေရွာင္းက်န္႔ရဲ႕လႈပ္ရွားမႈေတြကၿငိမ္က်သြားၿပီးၾကမ္းေပၚအ႐ုပ္ႀကိဳးျပတ္ထိုင္ခ်လိုက္တယ္။

ဥပေဒ..အာဏာ..အုပ္ခ်ဳပ္ခြင့္..အားလုံးကဂိတ္ႀကီးငါးဂိတ္အေပၚမူတည္ေနၿပီးသူတို႔လက္ထဲမွာပဲရွိတယ္။အစိုးရကေတာင္သူတို႔လက္ခုတ္ထဲကေရလိုျဖစ္ေနၿပီး...သူတို႔လုပ္ခ်င္တာျဖစ္ခ်င္တာေတြကိုမိုးနတ္မင္းႀကီးကေတာင္မတားႏိုင္ေလာက္တဲ့အထိအရွိန္အဝါႀကီးလြန္းတယ္...ဒီဝမ္ေတြနဲ႔ပါးနဲ႔မားကဘယ္လိုပက္သက္ခဲ့မိလို႔လဲ..ဒီတံဆိပ္ျပားကဂိတ္ႀကီးငါးဂိတ္ကဝမ္ဂိတ္ရဲ႕တံဆိပ္ဆိုတာလူတိုင္းသိတယ္..

ေရွာင္းက်န္႔ဘာတတ္ႏိုင္ေသးလဲ..တရားစြဲခ်င္လားဥပေဒကဒီလူေတြလက္ထဲမွာေလ လက္စားေခ်ခ်င္လား လက္စားမေခ်ခင္ေရွာင္းက်န္႔အရင္ျပာျဖစ္သြားလိမ့္မယ္...

အခြင့္အာဏာရွိတယ္ဆိုတိုင္းလုပ္ခ်င္သလိုလုပ္အႏိုင္က်င့္ခ်င္သလိုက်င့္ေနၾကတာဒီလူေတြကိုဘယ္သူကမွဘာမွေျပာလို႔ရမွာမဟုတ္ဘူး....ဒီေန႔သူခံစားခဲ့ရတာေတြကိုဘယ္ေတာ့မွေမ့မွာမဟုတ္ဘူး..

ေရွာင္းက်န္႔ၾကမ္းေပၚမွာပဲစိတ္ပ်က္စြာငိုေနမိသည္။ခုံမွာထိုင္ေနတဲ့လူကေဆးလိပ္တစ္လိပ္ယူထုတ္ၿပီးပါးစပ္မွာခဲရင္းမီးျခစ္ဆံနဲ႔ေဆးလိပ္မီးညႇိလိုက္တယ္။ခက္ျပင္းျပင္းတစ္ခ်က္ရႈိက္ဖြာၿပီးေရွာင္းက်န္႔အနားထလာသည္။

သူ႔အနားကဓားကိုေကာက္ကိုင္လိုက္တာမလို႔ေရွာင္းက်န္႔အေနာက္ကိုဖင္တေ႐ြ႕ေ႐ြ႕တြန္းၿပီးဆုတ္သြားမိတယ္။အဲ့ဒီလူရဲ႕မ်က္ႏွာကိုေစ့ေစ့ျပန္ေမာ့ၾကည့္ေပမဲ့သူ႔ရဲ႕အညိဳေရာင္မ်က္ဆံေတြကတုန္တုန္ယင္ယင္ျဖစ္ေနသည္။ေရွာင္က်န္႔အေနာက္ဆုတ္ေလေလထိုလူကတစ္လွမ္းခ်င္းပိုနီးကပ္လာေလပင္။

ေက်ာျပင္နဲ႔နံရံကပ္သြားသည့္အခါမွာေတာ့သူ႔အတြက္လမ္းဆုံးသြားခဲ့ၿပီ။ေရွ႕ကလူကသူ႔ေရွ႕မွာဒူးတစ္ဖက္ေထာက္ထိုင္ခ်ၿပီးသူ႔မ်က္ႏွာကိုေဆးလိပ္ေငြ႕ေတြအလုံးအရင္းမႈတ္ထုတ္လိုက္သည္။

"အဟြတ္..အဟြတ္.."

မႊန္ထူသြားတဲ့ေဆးလိပ္ေငြ႕ေတြကိုမခံႏိုင္တာေၾကာင့္ေခ်ာင္းဆိုးမိသည္။မ်က္ရည္ဥေတြကပါးျပင္ေပၚတစ္သြင္သြင္စီးက်ေနၿပီးလက္သီးဆုတ္ေတြကတုန္ယင္ေနသည္။

ေအးစက္စက္ဓားကေရွာင္းက်န္႔ရဲ႕လည္တိုင္ေက်ာ့ေက်ာ့မွာေ႐ႊ႕လ်ားေနသည့္အခ်ိန္မွာေတာ့အသက္ေတာင္အျပည့္အဝမ႐ူရဲေပ။ေရွ႕ကလူကမ်က္ေတာင္ေတြတစ္ဝက္ေလာက္ေမွးစင္းက်ၿပီးစူးရွေနတဲ့မ်က္ဝန္းေတြနဲ႔ၾကည့္ေနသည္။

နီရဲစိုေနတဲ့ႏႈတ္ခမ္းလႊာေတြကတုန္ယင္ေနၿပီးပုလဲလုံးလွလွေလးေတြကပါးျပင္ႏုႏုမွာေျပးဆင္းေနတာကသိပ္လွတယ္။ေခြၽးေတြ႐ြဲနစ္ေနတဲ့လည္တိုင္ျဖဴျဖဴေလးကလဲသူ႔သြားေတြကိုယားယံေစၿပီး'လာပါလာပါလာကိုက္လွည့္ပါ'လို႔ဖိတ္ေခၚေနသည့္အတိုင္းပဲ။ေဒါသခိုးေတြနဲ႔အတူေၾကာက္လန္႔မႈေတြပါေရာယွက္ေနတဲ့အညိဳေရာင္မ်က္ဝန္းသြယ္ေတြကသူ႐ုန္းထြက္မရေအာင္ျပဳစားႏိုင္လြန္းသည္။

ေအးစက္ေနတဲ့ဓားကလည္တိုင္ကိုပြတ္ဆြဲေနရာကေနေမး႐ိုးေတြဆီေရာက္ရွိသြားတယ္။ဓားဦးခြၽန္နဲ႔ေရွာင္းက်န္႔ေမးေစ့ကိုပင့္မလို႔စိုက္ၾကည့္ေနေတာ့မ်က္ရည္ေတြစို႐ြဲကာျပန္လည္ၾကည့္ေနသည္။

"လက္စားေခ်ခ်င္တာလား"

.".........."

"မင္း...လက္စားေခ်ခ်င္ရင္ငါနဲ႔လိုက္ခဲ့!"

💚💛❤

Continue Reading

You'll Also Like

186K 3.9K 10
BOOK II OF THE WAR BRIDE SAGA Lies - Betrayal - Deceit Only nine months after Stacy Degray resumed her carefree life, CIA handler Devon O'Farrell sho...
1.9M 83.7K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
795K 29.4K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
271K 3.3K 37
Adam Ruzek's little sister just got home from a very long work trip away from everyone. When she find's out that her best friend Jay Halstead just go...