I am not girl(Complete)
By Period-K
428K 24.5K 924
I am not girl (Own Creation Mm )(Mpreg) Author by Period-K Main Lead Couple Kaungkin Htet Yan + Saint Bhone M... More
Character Fact, memes and Dialogue
That a boy
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50(Final)
Extra 1
Extra-2
Bd Present 💛
ဟိန်းဇက်အတွဲ
Side Story(Moe Htet Yan+Shine Yewai - 1)
Part 2
Part 3
Chapter 41
6.7K 363 6
By Period-K
"Hello ဖွားဖွား သားစိမ့်ဘုန်းမြတ်ပါ"
"...."
"Hello ဖွားဖွား "
"Boss hello.....hello boss ခိုင်းတဲ့အတိုင်း လုပ်ပြီးသွားပါပြီအခုရင်တိုက်မှုဖြစ်တဲ့ နေရာကိုရောက်နေတာပါ စိမ့်ဝတီရဲ့ မိဘရော သူ့အဖွား ဒေါ်အေးနွယ်နီပါ ပွဲချင်းပြီးဆုံးသွားပါပြီ ကျန်တဲ့အချက်အလက်တွေခဏနေရင်ပို့လိုက်ပါ့မယ်"
စိမ့်ဘာမှတောင်မပြောနိုင်ခဲ့။လက်ထဲကဖုန်းကိုကျစ်နေအောင်ကိုင်ပြီး သတိလက်လွတ်ထိုင်နေမိသေးသည်။တအဲ့အဲ့ ငိုနေတဲ့ကလေးဆီကိုကြည့်မိတော့ လက်ထဲက ဖုန်းရဲ့ ဖုန်းကောလ်ကို ဖျက်ပြီး နေရာတကျထားကာ သားအားတစ်ခဏ နို့တိုက်ကျွေးလျှက်
"ဖေဖေတောင်းပန်ပါတယ် သားလေး ဘယ်တော့မှထပ်မတွေ့ဘဲနေကြရအောင်"
သားနဖူးလေးခပ်ဖွဖွနမ်းရင်း ချော့သိပ်လျှက် ။ထို့နောက် ဆေးရုံအဝတ်အစားတွေချွတ်ကာ အပြင်ဝတ် ဝတ်ပြီး ဆေးရုံအနောက်ပေါက်ကပြေးထွက်လာခဲ့သည်။သူဝမ်းဗိုက်က မကျက်သေးတဲ့ ခွဲဒဏ်ရာဟာ  သေမလောက်နာကျင်နေတာတောင် သူပြေးနေခြင်းအမှုကိုမရပ်မိ။
ကောင်းကင်ရဲ့ "မင်းထွက်သွားရင် မင်းမိဘတွေရဲ့ အသက်ကိုအာမ မခံပေးနိုင်ဘူး" ဆိုတဲ့ စကားသံရော ပွဲချင်းပြီးဆုံးသွားပါပြီဆိုတဲ့စကားသံတွေက နားထဲအူထွက်သည်အထိပြန်ကြားယောင်နေရသည်။စိမ့်အရူးတစ်ပိုင်းပြေးလွှားနေရင်းလဲလာသည့် အင်္ကျီအဖြူတီရှုပ်သည် သွေးတွေစွန်းထင်းနေလျှက်
"ပွမ်......"
သူလဲကျသွားတဲ့အခါ အနောက်က ကားဟွန်းသံကိုကြားလိုက်ရ၏။
"သခင်လေး ..... ဘာဖြစ်လာတာလဲ"
"မမမြတ်နိုး ခေါ်သွားပေးပါ ဒီနေရာနဲ့ ဝေးရာကိုခေါ်သွားပေးပါ"
......
ဒီလိုနဲ့မမမြတ်နိုးကသူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။သူမရဲ့ မွေးရပ်ဖြစ်သော ငွေဆောင်မှာ အခြေချပြီး လုပ်ငန်းအသေးစားလေးအစတည်လို့ လေးနှစ်လောက်အကြာ မမမြတ်နိုးက မြေကွက်ငှားကာ နှစ်ဝက်လောက်မှာ တည်းခိုခန်းဆောင်လေးတွေဆောက်ရင်း အစပြုသည်။ မမ မြတ်နိုးက တည်းခိုခန်းမှာကြီးကြပ်ပေးပြီး စိမ့်ကတော့ ဧည့်ကြိုတစ်ဖြစ် ကောင်တာလည်းထိုင်သည်။အခန်းတွေလိုက်စစ်ဆေးပြီးဘောက်စေ့အောင်လုပ်သည်။ မမမြတ်နိုးက မိသားစုလိုတရင်းတနှီးသူ့အားကူညီပြုပေးသလို ကောင်းကင်ရဲ့လက်ထဲကနေလွတ်အောင်ကူညီပေးနိုင်ခဲ့သူဖြစ်သည်။
စိမ် ရှေ့လက တည်းခိုးခန်းအတွက် အရေးတကြီးလိုအပ်တဲ့ ပစ္စည်းအနည်းငယ်ကိုရန်ကုန်ထိတတ်ဝယ်ခဲ့ရတာဖြစ်သည်။ကံကောင်းစွာနဲ့ သားကိုတွေ့ခဲ့ရပေမဲ့ ထိုနေ့ဟာ အတိတ်ဆိုးပင်ဖြစ်သည်။ကိုယ့်မိဘတွေအားရက်ရက်စက်စက်သတ်သည့်သူအား သနားစိတ်ဖြစ်မိခဲ့သေးသည်။
..............
"မမမြတ်နိုး Room 7 ကို cleaning service
ပို့ပေးပါအုံး~~~"
စိမ့် Key card လေးအား ဘောင်းဘီအိတ်ထဲကနှိုက်ထုတ်ပြီး ကောင်တာဘက်ကိုအကြည့်ပို့တော့ သူ့အား မျက်ရည်တွေနဲ့စိုက်ကြည့်နေတဲ့လူကိုတွေ့လိုက်သည်။ထိုလူကကောင်းကင်ဖြစ်နေသည်။ကောင်းကင် နှုတ်ခမ်းတွေဟာ တစ်ဆက်ဆက် တုန်ယင်နေပြီးပြိုတော့မဲ့မိုးလိုအုပ်မှိုင်းနေလျှက်ရှိသည်။စိမ့် သူ့ဆီမှအကြည့်လွှဲရင်းဘာမှမဖြစ်သလို ကောင်တာထဲဝင်လျှက်
"စိမ့်ငယ်....."
"စိမ့်ဘုန်းမြတ်ပါခင်ဗျ ဘာများကူညီဆောင်ရွက်ပေးရမလဲ"
"ဘုန်းမြတ် ကမ်းခြေက သုံးလုံးတွဲ အတွက်လုပ်ပေးလိုက် မမ ဝဏ္ဏတို့ကိုစျေးလွှတ်ဖို့ သွားခေါ်အုံးမယ် "
"ဟုတ်မမ"
စိမ့် က Key card တွေကိုင်ပြီး ပပကို  စာရင်းလုပ်ခိုင်းကာ ပေါ့ပေါ့ပါးပါးပဲ ကောင်းကင်ကို အခန်းလိုက်ပြပေးသည်။
"အထုတ်တွေကူချပေးပါမယ် ခင်ဗျ"
"ကားက ဟိုဘက်မှာ "
"ဟုတ်ကဲ့"
စိမ့် ကောင်းကင်အနောက်ကတိတိတဆိတ်သာလိုက်လာလာခဲ့သည်။သူတို့နှစ်ယောက်ကားနားရောက်တော့ လူစုံတတ်စုံပင်ဖြစ်နေသည်။အနေရမခက်ချင်တာကြောင့်ရှောင်နေတာမျိုးလည်းသူမလုပ်ချင်တော့
မျက်မှန်ဝိုင်းလေးနဲ့ကလေး မိုးထက် ပုခုံးပေါ်ခွစီးကာအိပ်နေတာဖြစ်သည်။ရှိုင်းလေးက အထုတ်တွေ ချနေပြီး ဟိန်းဇက်နှင့် လမင်းကလည်း ပုခုံးဖက်လျှက်ရှိနေပြီ။
"ဟာ ဘုန်းမြတ်"
"ဟုတ်ကိုမိုး"
မိုးထက်က ကောင်းကင်အားမျက်လုံးပင့်ကာမေးတော့ ကောင်းကင်က မျက်နှာမကောင်းပေသလို သူ့အား ပုခုံးပင့်ပြလာသည်။ဒီအခြေကဘာပါလိမ့်
စိမ့်က ဟိန်းဇက်တို့ဘေးကအကြီးဆုံးအထုတ်ကို လက်ညိုးညွှန်ပြကာ
"ဒီအိတ်ကျွန်တော်သယ်ပေးရမလားဗျ"
စိမ့်က မေးလိုက်သည့်အခါ အကုန်လုံးကအာစေးမိနေသလိုပင်
"မ မ နဲ့စိမ့်ငယ် ကိုယ်တို့ဘာသာပဲ သယ်လို့ရတယ်"
"အဲ့ဆိုရင် ကျွန်တော့်နောက်လိုက်ခဲ့ပါ အခန်းလိုက်ပို့ပေးပါ့မယ်"
မိုးထက် ပုခုံးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည့် ကလေးအား ချပြီးရင်ခွင်ထဲထည့်ပြောင်းချီရန်ပြင်တော့သားကနိုးသွားလေသည်။
"ဦးဦး သားလမ်းလျှောက်မယ်"
"အေး ကောင်းကင် ရောင်လေးဖိနပ်ရော"
"အိတ်ထဲမှာပဲ အစ်ကို "
တောက်လျှောက်စိုက်ကြည့်ခံနေရတဲ့ကျောပြင်ငယ်လေးဟာ မလုံမလဲဖြစ်လို့နေသည်။
ကလေးအသံလေးထပ်မံကြားရတဲ့အချိန် ဒူးတွေတောင်မခိုင်ချင်တော့ပေ။ထပ်ပြီးပွေ့ဖက်ချင်စိတ် ဖြစ်ပေါ်လာတော့ သူ့လျှာကိုသာ နာနာကိုက်မိ၏။
"ဒီအခန်းပါ လိုအပ်ရင် counter ကိုဖုန်းလှမ်းဆင်လိုက်ပါဗျ "
"ဖေ~~~~"
အခန်းသို့ရောက်တော့ သူကအားလုံးကို နောက်တစ်ကြိမ်မျက်နှာချင်းဆိုင်လိုက်သည်။အားလုံးထဲမှာမှ ကလေးငယ်ရဲ့ မျက်နှာလေးကိုလှမ်းကြည့်မိတော့ တိုးဖွဖွရေရွတ်သံလေးအဆုံးမှာ ခေါင်းငုံ့သွားလေရဲ့
သားဟာ သူဆိုတာသိနေပြီးပြီပေါ့ ။ သားကသူ့ကိုမုန်းနေမှာပေါ့ ဒီလိုဆိုပိုတောင်ကောင်းပါသေးသည်။အရာရာဟာလည်းနေသားကျသင့်သည့်အချိန်ရောက်နေပြီးသားမဟုတ်လား ။ သားမုန်းလည်း မုန်းပါစေ။
"Daddy. ....... ဟင့်.....daddy ......အီး......."
စိမ့်ထွက်လာတဲ့အချိန် ငိုသံတိုးတိုးအားကြားလိုက်ရပါသည်။အားလုံးရဲ့ပျော်စရာခရီးစဥ်ကို သူနှောက်ယှက်မိပြီထင်ပါရဲ့
စိမ့် ကောင်တာရှိရာသို့ပြန်မသွားဘဲ အနောက်ဘက် စျေးတန်းအဆုံးထိလမ်းလျှောက်လာမိ၏။အုန်းတောထဲဝင်ပြီး ချောင်ကျတဲ့တစ်နေရာမှာထိုင်ချလိုက်သည်။
တစ်လျောက်လုံးတင်းခံထားရတဲ့ သူ့ရဲ့စိတ်တွေလည်း လဲပြိုကုန်ပြီ။သားကိုတွေ့ခဲ့ရသည်ကတည်းကပင်
မိဘတွေကိုသတ်လိုက်သည့်ကောင်းကင်အား သူလွန်စွာမုန်းတီးမိပါသည်။သားငယ်ကို သူမထားခဲ့ရက်သလို သူ့အပေါ်ချစ်မိနေစဥ်မှာပဲ ကောင်းကင် ရဲ့အပုပ်အပွစိတ်ဓာတ်ကြီးကိုသူကြောက်မိခဲ့သည်။မုန်းသည်။ရွံ၏။
စိမ့်မိဘတွေကို သတ်ပစ်ခဲ့တာတောင် သူက ဘယ်လိုစိတ်နဲ့ စိမ့်ဆီမှာ ဟန်ဆောင်ပြနေရသလဲ ကောင်းကင်ထက်ယံ မင်းကတကယ်တော်သရုပ်ဆောင်တစ်ယောက်ပဲ ။ မင်းကတော့ သားအနားမှာနေပြီး ပျော်ရွင်မှုတွေရစ်သီလို့ ။ ငါ့ကမ္ဘာကတော့အမြဲခြောက်သွေ့နေပြီး ခြောက်ခြားနေခဲ့ရတာ။ငါ့မိဘတွေဟာ ငါ့ကြောင့်သေဆုံးခဲ့ရတယ်ဆိုတဲ့စိတ် ငါချစ်ရတဲ့ မင်းကသတ်ခဲ့တယ်ဆိုတဲ့စိတ် ငါ့သားလေးကိုထားခဲ့ရတဲ့နောင်တတွေ နဲ့ ငါအရူးလိုပဲဖြစ်ခဲ့ရတာ။ငါသားကိုမေ့ပစ်ဖို့ ငါ့အသားတွေပဲ့ထွက်အောင်ကုတ်ခြစ်ခဲ့ရတာ ငါဘဝကြီးတစ်ခုလုံးကို ပင်လယ်ထဲမြှုပ်နှံဖို့ကြိုးစားခဲ့ရတာ ဘယ်နှကြိမ်တောင်ရှိခဲ့လဲ ။မင်းတို့ကတော့ ပျော်လို့ရွင်လို့ ငါမနာလိုလိုက်တာ တစ်ဘဝလုံးနိမ့်ပါးလာရတဲ့ငါကမင်းကိုမနာလိုလိုက်တာ ကောင်းကင်ထက်ယံ ရာ
...
"သား ညနေစောင်းပြီ ရေကူးတော့မလား"
"Daddy. ..... ဖေဖေက သားကိုမချစ်ဘူးလားဟင်"
"မဟုတ်ပါဘူး ဖေဖေက သားကိုအရမ်းချစ်တာလေ "
"Daddy မလိမ်ပါနဲ့ ဖေဖေသားတို့ကိုထားခဲ့တယ်ဆိုတာသားသိပါတယ်  သားစဥ်းစားတတ်ပါတယ် "
"....ဒါတွေအားလုံးက daddy ကြောင့်ပါ "
"သား ဖေဖေ့ကို မနှောက်ယှက်တော့ပါဘူး "
.........
သူတို့အားလုံးညနေစောင်းတော့ ကမ်စပ်ကိုဆင်းလာခဲ့ကြသည်။သားအတွက် ဘဲပေါက် ဘောကွင်းဝယ်ပေးပြီး သားကိုတင်ကာ သူတို့တွေအကုန်သားနဲ့အတူဆော့ပေးကြသည်။သားက ကလေးပြီပြီ ပြုံးရယ်ပြီး ပြန်ဆော့တတ်တာမို့သာ တော်သေး၏။
"ကောင်းကင်လွှတ်လိုက် ငါသူ့ကို ငါးမန်းဆီသွားပို့လိုက်မယ်"
"သားကကြောက်ဘူး "
"အဲ့ဆို ကောင်းကင်လွှတ်လိုက်"
ဟိန်းဇက်က အနားရောက်လာတော့ သူ့အရုပ်ပေါ်ကနေ ကောင်းကင်ကိုယ်ပေါ်ဖက်တတ်ကာ တစ်ခစ်ခစ်ရယ်နေဆဲ
"Daddy ရှိတယ်ကြောက်ဘူး ကွ"
"အမယ် လာစမ်းပါ မင်း"
ရေခါးလည်လောက်မှာပဲရှိတဲ့အနေအထားမှာဖြစ်တာကြောင့်ကုတ်ဖက်တတ်နေတဲ့သားကို သူအလွယ်တကူထိန်းပေးထားလို့ရသည်။ဟိန်းဇက်ကလည်း ခါးကိုကလိထိုးနေတာကြောင့် သားရယ်တာမရပ်တော့ အစ်ကိုတို့အတွဲကတော့ ရှိုင်းလေးကို ဘောကွင်းပေါ်တင်ကာ သူက ဆွဲခေါ်ပေးကာကြည်နူးနေလျှက်
"ဟီး daddy, လေးဟိန်းကိုဆူပါအုံး"
"သွား ငါ့သားမောနေပြီ မင်းကောင်နဲ့ သွားတော့"
"သားကိုငါနဲ့ထည့်ပေးလိုက်"
"လိုက်ဘူး လိုက်ဘူး လေးဟိန်း လူဆိုး"
"ဟား....မင်းက ငါ့ကိုလူဆိုးလို့ပြောတယ်ပေါ့ရုပ်ဆိုးလေ ဟန်"
"လေးဟိန်းရုပ်ဆိုး သားကချော"
နည်းနည်းကြာနေပြီဖြစ်တာကြောင့် သူနဲ့သားကမ်းပေါ်တတ်လာတော့သည်။သားကိုအခန်းပြန်ကာရေမိုးချိုး ဖြီးလိမ်းပြီးတော့ ကမ်းစပ်နားလမ်းလျှောက်ထွက်လာလျှက်
"သားမြင်းစီးမလား"
"စီးဘူး သနား"
"ဟုတ်ပါပြီကွာ .... ဆိုင်ကယ်ရော စီးမလား"
"စီးမယ် daddy "
သားနဲ့သူ ဆိုင်ကယ်ငှားကာ ကမ်းရိုးတစ်လျှောက်လှည့်ပတ်မောင်းနှင်လျှက်။ကမ်းခြေတစ်လျှောက် လူအရမ်းမများတာကြောင့် မြင်ကွင်းရှင်းရှင်းနှင့်လှပေသည်။
"မမြတ်နိုး ဘာရှာနေတာလဲ"
ကောင်းကင် မမြတ်နိုးအားမျက်နှာလို မျက်နှာရလုပ်ရသည်။ဒီလိုကိစ္စမျိုးကို ကောင်းကင်တွေးတောင်မတွေးကြည့်ဖူး။ဒါပေမဲ့ စိမ့်ငယ် ကြောင့် သူ့ရဲ့အကျင့်တွေလည်းလွယ်လင့်တကူပြောင်းလဲတတ်ကုန်၏။
"ဟို ဘုန်းမြတ် နေ့လည်ကတည်းက သခင်လေးတို့ဆီ လိုက်ပို့တာတဲ့ပြန် မလာသေးလို့"
"ဗျာ သူဖုန်းမပါသွားဘူးလား"
"မပါသွားဘူး ဒီကလေး တစ်ခုခုလုပ်မှာစိုးလို့ အမလည်း စိုးရိမ်နေတာ"
ရေပြင်ကိုကြည့်ကာ မမြတ်နိုးသည် စိုးရိမ်မှုအပြည့်ဖြင့်။သားဟာလည်း သူ့ဖေဖေကိုစိတ်ပူဟန်ဖြင့်ကောင်းကင်ကိုမော့ကြည့်လာသည်။ ရေပြင်ကျယ်ကိုငေးကြည့်ရင်း စိမ့်ငယ် စိတ်ကိုသိတာမို့ကောင်းကင် ခေါင်းနပန်းကြီးကုန်၏။
ဆိုင်ကယ်ပြန်အပ်ပြီး သားကို ဟိန်းဇက်တို့နဲ့ထားခဲ့ကာ သူရောက်တတ်ရာရာလိုက်ရှာနေတော့သည်။
@Period-K
Zawgyi
"...."
"Hello ဖွားဖွား "
"ပွမ်......"
"သခင်လေး ..... ဘာဖြစ်လာတာလဲ"
......
..............
ပို့ပေးပါအုံး~~~"
"စိမ့်ငယ်....."
"ဘုန်းမြတ် ကမ်းခြေက သုံးလုံးတွဲ အတွက်လုပ်ပေးလိုက် မမ ဝဏ္ဏတို့ကိုဈေးလွှတ်ဖို့ သွားခေါ်အုံးမယ် "
"ဟုတ်မမ"
"ကားက ဟိုဘက်မှာ "
"ဟုတ်ကဲ့"
"ဟာ ဘုန်းမြတ်"
"ဟုတ်ကိုမိုး"
"အိတ်ထဲမှာပဲ အစ်ကို "
"ဖေ~~~~"
"Daddy. ....... ဟင့်.....daddy ......အီး......."
...
.........
"သားကကြောက်ဘူး "
"အမယ် လာစမ်းပါ မင်း"
"သားမြင်းစီးမလား"
"စီးဘူး သနား"
"စီးမယ် daddy "
@Period-K
Continue Reading
You'll Also Like
367K 37.8K 22
LOVE IS LIKE COFFE S3
472K 35.7K 50
1.7M 129K 41
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡
257K 9.2K 66
"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ...