မူပိုင် [အတွဲ တစ်]

Par ANyo_097

183K 13.5K 354

⁽⁠⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာ‌ပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁠⁾ Plus

မူပိုင်
အပိုင်း (၁/u)
အပိုင်း (၁/z)
အပိုင်း (၂/u)
အပိုင်း (၂/z)
အပိုင်း (၃/u)
အပိုင်း (၃/z)
အပိုင်း (၄/u)
အပိုင်း (၄/z)
အပိုင်း (၅/u)
အပိုင်း (၅/z)
အပိုင်း (၆/u)
အပိုင်း (၆/z)
အပိုင်း (၇/u)
အပိုင်း (၇/z)
အပိုင်း (၈/u)
အပိုင်း (၈/z)
အပိုင်း (၉/u)
အပိုင်း (၉/z)
အပိုင်း (၁၀/u)
အပိုင်း (၁၀/z)
အပိုင်း (၁၁/u)
အပိုင်း (၁၁/z)
အပိုင်း (၁၂/u)
အပိုင်း (၁၂/z)
အပိုင်း (၁၃/z)
အပိုင်း (၁၄/u)
အပိုင်း (၁၄/z)
အပိုင်း (၁၅/u)
အပိုင်း (၁၅/z)
အပိုင်း (၁၆/u)
အပိုင်း (၁၆/z)
အပိုင်း (၁၇/u)
အပိုင်း (၁၇/z)
အပိုင်း (၁၈/u)
အပိုင်း (၁၈/z)
အပိုင်း (၁၉/u)
အပိုင်း (၁၉/z)
အပိုင်း (၂၀/u)
အပိုင်း (၂၀/z)
မူပိုင်
အပိုင်း (၂၁/u)
အပိုင်း (၂၁/z)
မူပိုင် [အတွဲ နှစ်]
စာအုပ်ထုတ်ဝေခြင်း

အပိုင်း (၁၃/u)

5.1K 568 5
Par ANyo_097

မူပိုင် အပိုင်းတစ်ဆယ့်သုံး။    ။

စိတ်ဓာတ်မာကျောပါတယ်ဆိုတဲ့ မိန်းမ၊ သိပ်ထက်မြတ်ပါတယ်ဆိုတဲ့ မိန်းမကလည်း အချစ်နဲ့ပတ်သက်လာရင် မျက်ရည်ကျတတ်တာပါပဲ။ ပြတ်သားလွန်းပါတယ်ဆိုလည်း စိတ်တစ်ဖက်ခြမ်းမှာတော့ သူမတူအောင် နာကျင်ရတာတွေချည်းပါ။

ဘယ်လိုအရာနဲ့မှ ယှဉ်စရာမလိုတဲ့အထိ မူပိုင်ကို မြရွေးချယ်မယ်။ ဒါဟာ တိုက်တွန်းချက်မပါဝင်သော မြ ရဲ့ နှလုံးသား ဆုံးဖြတ်ချက်သပ်သပ်ပါပဲ။ အသက်ကြီးမှ ခေါင်းကြောမာလိုက်တာလို့ ပြောလာရင်လည်း မြ ခံယူရမှာပေါ့လေ။ မြ မတတ်နိုင်ဘူး၊ မြ ကိုယ်တိုင်လည်း အခုလို အခြေအနေတွေ ဖြစ်လာဖို့ကို မမျှော်လင့်ခဲ့ပါဘူး။

ရုံးချုပ်ကို ဆက်ခံလာတာ နှစ်ပေါင်းနှစ်ဆယ်ရှိပါပြီ။ မြရဲ့ငယ်ရွယ်မှု၊ လွတ်လပ်မှုတွေအားလုံးကို မိသားစုအတွက် စတေးခဲ့ပြီးပြီ မဟုတ်ပါလား။ မာနတွေလည်း သိပ်ကြီးခဲ့ပြီးသလို အတ္တတွေနဲ့လည်း ကိုယ့်ကိုကိုယ်ဖုံးလွှမ်းခဲ့ပြီးပြီ။ ဒီလောက်ဆို မြရဝန်စံအိမ်တော်ကြီးအတွက် မြ တာဝန်ကျေတယ်မလား။

မြ ရူးမိုက်ကြည့်လိုက်လို့ ရတယ်မလား။ မြလည်း မြအချစ်ကို ထွေးပွေ့ထားချင်သေးတယ်လေ။ မူပိုင့်အနားမှာပဲ သေအတူရှင်မကွာ မြ နေထိုင်သွားမယ်။

" မမ ပြန်မယ်ဆိုရင် ကိုဘသောင်းပို့ပေးပါလိမ့်မယ်။ တကယ်လို့ အနားယူမယ်ဆိုရင်တော့ မေပုံ့ကို အခန်းပြင်ခိုင်းလိုက်ပါ။ မူပိုင်အတွက် မြ သံပုရာရည်လေး ပြန်ဖျော်ပေးဦးမယ် "

မမရဲ့ ခွန်းတုံ့စကားကို နားထောင်မနေပဲ မြ လှည့်ထွက်လာလိုက်သည်။ ရင်ဘတ်ထဲ မွန်းကြပ်လွန်းလို့ အဲ့သည်ပတ်ဝန်းကျင်မှာ မြ ဘယ်လိုမှဆက်ပြီး မရပ်ချင်တော့တာကြောင့်ပင်။

" ကဲ .. ပြော၊ ပြန်မှာလား မပြန်ဘူးလား "

" ပြန်မှာ၊ ဒါပေမယ့် ညည်းမိန်းမကို ပြောလိုက်စမ်းပါအေ‌ "

" ဘာကိုလဲ "

" ငါသေရင်တောင် အသုဘကို လာစရာမလိုဘူးလို့ "

" ကျုပ်လူကို မကြည်ဖြူရင် ကျုပ်ကလည်း ဘာမှယဉ်ကျေးပေးနေစရာ ကိစ္စမရှိဘူး။ ခင်ဗျားကို ကိုင်မပေါက်ခင် ထွက်သွားလိုက်တော့ "

အိမ်ကလူရဲ့ အစ်မအရင်းဖြစ်နေလို့သာ စိတ်ကိုတစ်ထစ်လျှော့ထားပေးရတာပါ။ အသိစိတ်ဝင်သွားအောင် နောက်တစ်ချက်လောက် ခပ်နာနာလေး ရိုက်ပြစ်‌ချင်နေမိ၏။

" အရိုင်းအစိုင်းမ "

" ခင်ဗျားသိဖို့ အရေးကြီးတယ် "

ပြန့်ကျဲနေသော ဖန်ခွဲစများပေါ်မှ သွေးစတစ်ချို့ကို မူပိုင် သတိထားမိလေပြီ။ တင်းကျပ်သွားသော လက်သီးစုပ်နှင့်အတူ မီးဖိုခန်းဆီသို့ မပြေးရုံတမယ် ဦးတည်သွားကြသည့် ခြေလှမ်းများ။

" ဒေါ်ဒေါ် "

ကျောပေးထားသော ကိုယ်လုံးလေးဟာ တသိမ့်သိမ့်တုန်လို့ရယ်။ ငိုချင်သည်ကို ထိန်းချုပ်ထားပုံရ၏။

" ကျုပ်ဘက်ကိုလှည့်၊ ငိုမယ်ဆို ကျုပ်ရင်ခွင်မှာပဲ ငို "

ခင်ဗျားမျက်ရည်ကျတာကို တကယ်မကြိုက်ဘူး ဒေါ်ဒေါ်ရယ်။ သို့ပေမယ့် ငိုချင်လာတဲ့အခါတိုင်း ငိုချလိုက်လို့ ရပါရဲ့။ ကျုပ်ရင်ခွင်ထဲမှာပဲ ဖြစ်ရမယ် ဒေါ်ဒေါ်။ ကျလာမယ့်မျက်ရည်တွေကို ကျုပ်တစ်ဦးတည်းကပဲ သုတ်ပေးပါ့မယ်။

ကျုပ်ရှိနေပေးမှာမို့ အခြားသူတွေရှေ့ မာနထားလို့ရပါတယ်။ စိတ်ရှိလက်ရှိ မောက်မာပြစ်လိုက်လို့လည်း ရပါသေးတယ် ဒေါ်ဒေါ်ရယ်။ တစ်ခုတော့ရှိမယ်၊ လူတွေကွယ်ရာရောက်ရင်တော့ ကျုပ်ပခုံးတွေပေါ် ပြိုလဲပြစ်လိုက်စမ်းပါ။

" ကျေးဇူးတင်တယ်၊ ကျုပ်ကိုမထားခဲ့တဲ့အတွက် ခင်ဗျားကို ကျေးဇူးတကယ်တင်တယ် ဒေါ်ဒေါ် "

" မမကို မမုန်းလိုက်ပါနဲ့ မူပိုင် "

" ဖြစ်နိုင်တာကိုပဲ တောင်းဆိုစမ်းပါ "

" ဒါဆိုရင် မမကို လွှတ်ထားပေးပါနော် "

" ခင်ဗျားသဘောပါပဲ "

အဲ့သည်လောက်အထိ သူများဘက်ကို ငဲ့မကြည့်စမ်းနဲ့ ဒေါ်ဒေါ်ရယ်။ ဟိုလူကဖြင့် ခင်ဗျားကို သေခန်းပါဖျက်သွားတာလေ။ အဲ့အကြောင်းကို သိစေချင်ပေမယ့် ကျုပ်မပြောပြရက်ဘူး။ ခင်ဗျားကို ထပ်နာကျင်စေမယ့် ဘယ်လိုအရာမျိုးကိုမဆို ကျုပ်လက်မခံပေးနိုင်ဘူး ဒေါ်ဒေါ်။

" သွေးထွက်မလွန်ခင် ဆေးထည့်မှဖြစ်မယ် "

" အနာတရဖြစ်အောင် လုပ်မိသွားလို့ မြ တောင်းပန်ပါတယ် မူပိုင် "

" ဒါလင်လို့ခေါ်ရင် ခွင့်လွှတ်ပေးမယ် "

တင်ပါးအောက်မှ လက်လျှိုသွင်းကာ မ'ချီလိုက်၏။ ရုတ်တရက်မို့ အနည်းငယ်လန့်သွားဟန်ရသော်လည်း အလိုက်သင့်လေးသာ နေပေးလေသည်။

" ချစ်တယ် ဒါလင် "

" ဒေါ်မြရံခြယ် "

" ရှင် "

" စောနက စကားကို ထပ်ပြောပေးဦး "

" ချစ်တယ်၊ ချစ်တယ်၊ ထာဝရထက် နှစ်ဆ "

မ'ချီထားသည့်အတိုင်း အိမ်ပေါ်တက်ရန် ကြံနေသူအား မတားမိပါ။ အဘယ်ကြောင့်ဆို အခက်အခဲမရှိပါပဲ အပေါ်သို့ မြ ရောက်သွားမည်ဆိုတာယုံသည်မို့ပင်။

ကုတင်ခြေရင်းနား၌ အရင်ထိုင်စေကာ ဆေးသေတ္တာအား ရှာဖွေရလေသည်။ ထို့နောက် ပုဝါအဖြူတစ်ထည်နှင့် ရေဇလုံကိုပါ ယူလိုက်၏။

ဒေါ်ဒေါ့်ရှေ့၌ ဒူးတစ်ဖက်ထောက်ပုံစံဖြင့် ထိုင်ချပြီးနောက် သွေးနီနီများဖြင့် ဖုံးလွှမ်းသော ခြေဖဝါးလေးနှစ်ဖက်ကို ဆွဲယူလိုက်သည်။ ဖန်ကွဲစများကြောင့် ပေါက်ပြဲနေသော အသွေးအသား။ ကျုပ်ရင်တွေနာလိုက်တာ ခင်ဗျားရယ်။

" အရက်ပြန်ထည့်မှာမို့ အရမ်းနာရင် အော်လို့ရတယ်နော်။ မဟုတ်လည်း ကျုပ်ပခုံးကိုရိုက် "

" ငိုလို့ကောရလား "

" ရတယ်  "

" မူပိုင်လည်း ငိုလို့ရတယ်လေ "

မေးဖျားမှ အသာအယာဆွဲယူသောအခါ မျက်ရည်ကြည်တို့ လဲ့ထနေသည့် မျက်ဝန်းများကို တွေ့ရ၏။ ဒီကလေးလေး သိပ်ကိုမှ ဟန်ဆောင်ကောင်းတာပါ။

" မြ နာကျင်ရတာထက် မင်းကပိုတယ် မဟုတ်လား မူပိုင် "

" ဒေါ်ဒေါ် "

ရင်ခွင်ထဲတိုးဝင်လာသူအား ခပ်တင်းတင်းဖက်ထားလိုက်မိသည်။ တသိမ့်သိမ့်တုန်ရီလာသော ကိုယ်လုံးလေးနှင့်အတူ စိုစွတ်လာရသည့် မြ ပခုံးတစ်ဖက်။

" ကျုပ်အနားမှာပဲ နေပေးပါ "

ကမ္ဘာဆိုတာ ကျဉ်းကျဉ်းလေးပါ ခင်ဗျားရယ်။ အဲ့မိန်းမကြီး ဝှက်ထားချင်သလောက် ဝှက်စမ်းပါစေ၊ ကျုပ်က ကျုပ်အပိုင်ကို မတွေ့တွေ့အောင် ပြန်ရှာနိုင်တယ်။ ဒါပေမယ့်လေ နောက်ထပ်တစ်ကြိမ်သာ ခင်ဗျားဘက်က လိုလိုလားလား ချန်ထားခဲ့ရင် ကျုပ်သေမှာ။ လူတွေထင်ထားသလောက် ကျုပ်မသန်မာဘူး ဒေါ်‌ဒေါ်။

မိုးရေထဲမှာ ကျန်ထားရစ်ခဲ့တဲ့ ကားလေးကိုကြည့်ရင်း ကျုပ်အသည်းတွေ ကြွေမွခဲ့ရပြီးပြီ။ ကျုပ်ကိုမုန်းပါတယ်ဆိုပြီး ခဏခဏ နာကျည်းပြခဲ့တဲ့ ခင်ဗျားကြောင့် လူမသေပဲ စိတ်သေခဲ့ဖူးတယ်။ ဒီတစ်ကြိမ်သာ၊ ထပ်ပြီးတော့သာ ခင်ဗျားထွက်ပြေးသွားမယ်ဆိုရင် သတင်းစာထဲမှာ ကျုပ်ရဲ့သေဆုံးကြောင်းကို ခင်ဗျားဖတ်ရလိမ့်မယ်။

" ခင်ဗျားသာ ကျုပ်ကိုအမြဲရွေးပေးပါ။ တစ်လောကလုံးနဲ့ ဆန့်ကျင်လိုက်ဖို့ ကျုပ်ဝန်မလေးဘူး ဒေါ်ဒေါ် "

" မြကို မူပိုင်ကပဲ ပိုင်ပါတယ် "

ဖက်ထားရမှလွတ်ကာ စောနကအတိုင်း ခြေထောက်တွေရှေ့ ဒူးထောက်ထိုင်လေ၏။ ထို့နောက် သွေးပေနေသော မြ၏ ညာဘက်ခြေထောက်ကို ဆွဲယူပြန်သည်။

" ချစ်တယ် "

ခြေဖမိုးသို့ ထိကပ်လာသော နှုတ်ခမ်းတစ်စုံ။
စက္ကန့်အနည်းငယ်ကြာအောင်အထိ အနမ်းခြွေပြီးနောက် မျက်ရည်တစ်စက်ဖြင့် အဆုံးသတ်၏။

" ခင်ဗျားကို ကျုပ်ချစ်တယ် ဒေါ်မြရံခြယ် "

ခြေဖမိုးကိုနမ်းတာဟာ ကျုပ်ရဲ့မြတ်နိုးမှုကို သက်သေပြတာပဲ ဒေါ်ဒေါ်။ ကျုပ်က ခင်ဗျားခြေထောက်အောက်မှာပဲ တက်နင်းသွားလို့လည်းရတယ်၊ စောင့်ကန်လိုက်လို့လည်းရတယ်။ ကျုပ်မှာရှိသမျှ ဂုဏ်သိက္ခာ၊ မာန်မာနတွေ အားလုံးကို ဧရာဝတီမြစ်ထဲ မြောလိုက်ပြီမို့ ခင်ဗျားသတ်လို့က သတ်နိုင်ပါသည်။

" နောက်တစ်ကြိမ် လက်ထပ်ကြရအောင် ‌"

" ဘာကိုဆိုလိုတာလဲ "

" မြတို့ရဲ့ မင်္ဂလာပွဲက စာချုပ်ကြောင့်လေ။ အခု နှစ်ဦးသဘောတူ မင်္ဂလာဆောင်ချင်တာ။ မြကို တရားဝင်အပိုင်ယူပြစ်ပေးပါလား ဒါလင် "

" ခင်ဗျားသဘောအတိုင်း ဖြစ်စေရမယ် "

ရထားဘူတာရုံလေး၌ နှစ်ဦးသား လက်ချင်းချိတ်ကာ မတ်တပ်ရပ်နေမိသည်။ ဘေးလူတစ်ချို့ ငဲ့ကြည့်သွားခြင်းကို သတိထားမိပေမယ့် မြ မရုန်းထွက်ဖြစ်ခဲ့ပါ။ မြအတွက် ပတ်ဝန်းကျင်ဆိုတာ မလိုဘူး၊ မူပိုင့်ကိုပဲ လိုအပ်တာမို့ မူပိုင်သာ မြနံဘေးရှိနေရင် မကြောက်တော့ပါဘူးလေ။

ချည်ဖောက်ဇာအမည်းရောင် ခါးတင်ရင်ဖုံးကို ပါတိတ်ထဘီအဖြူဖြင့် တွဲဖက်ဝတ်ဆင်ထားသော အမျိုးသမီးကြီးရယ်။ ထိုအမျိုးသမီးအား ငေးမောကြည့်နေသည့် မိန်းကလေးငယ်တစ်ဦးရယ်။ အလှပဆုံးသော ပန်းချီကားလေးတစ်ချပ်လိုပါပင်။     ။

_______
(အညို)

‌မင်္ဂလာပွဲကို ဘယ်လိုပြန်ဆောင်ကြမလဲဆိုတာ နောက်လေးရက်နေရင် သိရပါမယ်နော်။
ဒါနဲ့လေ မူပိုင်အတွက် review ရေးထားတာတွေရှိရင် လက်တို့ကြပါဦး။ ဖတ်ချင်လို့ပါရှင်။ ပြီးတော့ Silence In The Mirror  စာအုပ်ထုတ်မယ့်အကြောင်းလေးလည်း announce ထားပါသေးတယ်နော်။

Continuer la Lecture

Vous Aimerez Aussi

66.5K 3.1K 21
'တီချယ်ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' ...
1.4M 107K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
78.7K 3.7K 30
G x G (OC) ~Drama~ About - 'girllove'
1.2M 64.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...