အပိုင်း (၁၇/u)

4.4K 551 21
                                    

မူပိုင် အပိုင်းတစ်ဆယ့်ခုနစ်။      ။

ခြံရှေ့၌ ထီးထီးမားမား ကြိုဆိုနေသည့် ပိတောက်ပင်အိုကြီးတစ်ပင်။ " မြရဝန် " ဆိုသော ဆိုင်းဘုတ်ပြားလေး ချိတ်ဆွဲထားသည့် တံခါးရွက်နောက်၌ တည်ရှိနေသည်က နှစ်ထပ်တိုက်လေးတစ်လုံး။ ဆင်ဝင်အောက်တွင် ကားရပ်သွားသည်နှင့်တစ်ပြိုင်နက် လုံခြုံမှုကို ခံစားရစေသည်။

" ပြန်လာမှာကို ကြိုမပြောဘူး မြရယ်။ အခုတော့ အငှားကားစီးလာရပြီ "

အိမ်မကြီးထဲမှ ပြေးထွက်လာသူသည် ကားပေါ်မှ အထုပ်ကြီး၊ အထုပ်ငယ်ကူချနေသော ကျုပ်ကိုတော့ဖြင့် သတိမထားမိပါ။ ဒေါ်မြရံခြယ်ဆိုသော အမျိုးသမီးကိုသာ အမေတစ်ယောက်ကဲ့သို့နှယ် စိတ်ပူစွာပြောနေလေသည်။

" မြလည်း အစီအစဉ်မရှိပဲ ဖြစ်သွားတာပါ အစ်မရီ "

ညီအစ်မတွေများလားဟု တွေးမိသေးသည်။ သို့ပေမယ့် နှစ်ဦးသားက တစ်စက်ကလေးမှ ရုပ်မဆင်ကြပေ။ အနည်းငယ် ဇဝေဇဝါဖြစ်ရပေမယ့် ထိုအမျိုးသမီးကြီးနှစ်ဦး၏ ဆက်ဆံရေးကိုတော့ဖြင့် သဘောကျမိပါသည်။

" သ .. သခင် .. သခင်မလေး "

ကျုပ်ရှိနေခြင်းကို သတိပြုမိသော ပထမဆုံးလူ။ ပုံစံအနေအထားအားဖြင့် ကျုပ်ထက် အတော်လေးငယ်လောက်မည် ဖြစ်သည်။

လက်ထဲရှိ ရေဇလုံကြီးကို အသံမြည်အောင် အောက်ချ၍ ကျုပ်နံဘေးသို့ အပြေးလာ‌လေသည်။ ခပ်ဝိုင်းဝိုင်းမျက်လုံးတွေမှတစ်ဆင့် ယိုဖိတ်စီးဆင်းလာသော အရည်ကြည်တို့သည် သနပ်ခါးပါးကွက်ကြားပေါ်သို့ ဒေါင်လိုက်ဖြတ်၏။ ကျုပ်ရင်ထဲ၌ ဝမ်းနည်းသလို ခံစားချက်လှိုင်းလေး တုန်ခါသွားရပြီး ပြန်လည်ဖက်တွယ်ထားမိသည်။

" တော်ပါသေးရဲ့ အသက်ရှင်နေလို့ "

" အင်း "

မူပိုင့်ပုံစံက စတွေ့တုန်းကလိုမျိုး တည်တင်းနေခြင်းမဟုတ်။ ကိုယ်မသိသော နေရာတစ်ခုကို ရောက်နေသော ကလေးငယ်တစ်ယောက်လိုနှယ် အူကြောင်ကြောင်လေးဖြစ်နေသည်။ အရာရာတိုင်းနှင့်လည်း အံဝင်တကျဖြစ်အောင် ကြိုးစားနေထိုင်ပေးလျက်ရှိ၏။

မူပိုင် [အတွဲ တစ်]Where stories live. Discover now