ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book...

By Shi_Sheng

136K 18.9K 436

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်း... More

မိတ်ဆက်နှင့် အညွှန်း
(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ
(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
(၁၉၄) စစ်ဖြစ်လေပြီ
(၁၉၅) ဇာတ်လိုက်မင်းသမီးအဖြစ် လျှောက်ရတဲ့ ခရီးလမ်းက ပန်းခင်းလမ်း ဟုတ်မနေဘူး
(၁၉၆) မြင်းတွဲဗျူဟာ
(၁၉၇) ဓားပြတွေ၊ မိန်းကလေးတွေကို ထားခဲ့
(၁၉၈) ဓားပြတွေကို ရိုက်
(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ
(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်
(၂၀၄) သနားစရာကလေးငယ်
(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ
(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်
(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ
(၂၀၈) စစ်သားတွေကိုလေ့ကျင့်၊ ဇနီးမောင်နှံတစ်သားတည်း
(၂၀၉) မမ...! တူတူ အိပ်ရအောင်...!
(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး
(၂၁၁) တိုက်ပွဲကြီး၊ မြင်းတွဲဗျူဟာခင်းပုံကို ဖြိုခွဲ အနိုင်ယူ
(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ
(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား
(၂၁၆) အိပ်ယာကိုမီးရှို့
(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း
(၂၁၈) ကွာရှင်းစာချုပ်
(၂၁၉) ယမ်းမှုန့် ဖန်တီးထုတ်လုပ်
(၂၂၀) ဗုံးများ
(၂၂၁) ပဒိုင်းညို
(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု
(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ
(၂၂၄) ဂြိုလ်ဆိုးဝင်၊ ဗျူဟာထဲက ဗျူဟာများ
(၂၂၅) ချန်ထောက်၏ သေခြင်း
(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
(၂၂၈) အံ့အားသင့်၊ မာနကြီးကြီး ဝိဉာဥ္ကူးလာတဲ့မိန်းမ
(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်
(၂၃၀) ယွီခွမ်းတဖြည်းဖြည်းအရည်ပျော်လာ
(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု

(၁၉၃) မင်းသားလေး မွေးလာ

3.9K 513 9
By Shi_Sheng

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၁၉၃) မင်းသားလေး မွေးလာ

ပိုင်ရှန်းရှို့ ဗိုက်က အတော်လေး ဖောင်းကားလာတာမို့ နေ့စဉ် လှုပ်ရှား သွားလာဖို့ကိုတောင် အဆင်မပြေတော့ဘူး။ လောင်ဖူးရန်ကတော့ ပျော်လွန်းလို့ နေ့တိုင်း ရယ်ရယ်ပြုံးပြုံးဖြစ်နေတာ၊ နဖူးအရေတွန့်နေတာတွေတောင် ပျောက်ကုန်ပြီ။ မကြာခဏဆိုသလို သူမ ပိုင်ရှန်းရှို့ဆီ သွားရတာအမော၊ သူမရဲ့ မမွေးလာသေးတဲ့ မြေဦးလေးကို သွားတွေ့တာတဲ့လေ။ ခဏခဏ လာလွန်းလို့ ပိုင်ရှန်းရှို့တောင် စိတ်ပူနေမိပြီ။

ဒီလိုအခြေအနေမျိုးမှာ အိမ်တော်ကြီးတစ်ခုရဲ့ လောင်ဖူးရန်တစ်ယောက်အနေနဲ့ သားရဲ့ ကိုယ်လုပ်တော်ဆီကို ကိုယ်တိုင်ကြွပြီး လာတွေ့တယ်ဆိုတာ မသင့်တော်ဘူးလေ။ ဒါပေမဲ့ လောင်ဖူးရန်က မြေးရူးရူးနေတာ၊ ဘာမှ မမြင်နိုင်ရှာဘူး။ ပိုင်ရှန်းရှို့ကလဲ သူမကို မလာပါနဲ့တော့လို့ ပြောလို့မှ မရတာ။ ပြီးတော့ လောင်ဖူးရန်လဲ အသက်ရလာပြီ၊ သူမ ဘဝမှာ လိုလားတောင့်တပြီး ဆန္ဒရှိတဲ့အရာ၊ မျှော်လင့်တဲ့အရာလဲ မရှိသလောက်ဖြစ်နေပြီလေ။ 

'အင်း၊ သူ လာလည်ချင်လဲ လာပါစေတော့၊ ငါလဲ ပုန်းရှောင်နေစရာ အကြောင်းမှ မရှိတာ' လောင်ဖူးရန် ပြန်တာကို နှုတ်ဆက်ပြီးတော့ ပိုင်ရှန်းရှို့တစ်ယောက် ဗိုက်ကို သာသာလေး ပွတ်ရင်း ကျန်နေခဲ့တယ်။ 'ကလေးက အခုတလော အရမ်းရွစိထိုးနေတာ၊ ခဏခဏကို သူ ကန်နေတာ၊ တိုးနေတာတွေ ငါ ခံစားမိတယ်'

လုံဟန့်ကတော့ ကလေးက စစ်သူကြီးဇာတာပါတာတဲ့။ ကလေးကို သိုင်းပညာတွေ သင်ပေးမယ်တဲ့လေ။

'ဒင်းက ငါ့သားကို မမွေးလာခင်ကတည်းက နှိပ်စက်ဖို့ အစီအစဉ်တွေ ဆွဲနေတာ' ပိုင်ရှန်းရှို့ သက်ပြင်းတွေ ချမိတော့တယ်။ တစ်နေ့တစ်နေ့ သူမမှာ ပူပင်နောက်ဆံတင်းစရာ အသစ်သစ်တွေ ပေါ်နေတာ၊ ဘယ်လိုလုပ်ပြီး ဒါတွေကို ထားခဲ့နိုင်မှာလဲ။ သူမ ရင်သွေးလေးအတွက် ပူပင်ရတယ်။ သားလေးလား၊ သမီးလေးလား မသိရဘူးဆိုပေမဲ့ သူမ ကလေးကို သနားပိုမိနေတော့တာပဲ။ သူမကလေးက မွေးကင်းစနဲ့ကို အမိမဲ့ကလေးဖြစ်တော့မှာ၊ အနိုင်ကျင့်ခံနေရမလား မသိ။ မိထွေးက တွက်ချက်ဉာဏ်များတဲ့ စိတ်ပုတ်မဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ငယ်ငယ်လေးကတည်းက ဒုက္ခိတဖြစ်သွားအောင်လို့ ကလေးကို အဆိပ်ကျွေးထားရင်ရော၊ ဒါမှ မဟုတ် ကလေး ကြီးပြင်းနေတဲ့ အချိန်အတောအတွင်း သတ်ပစ်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ။ ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်လေ။

"ဘာတွေ စဉ်းစားနေတာလဲ"

"ရှင် နောက်ထပ် ဇနီးမယားမယူပါနဲ့လား၊ ကတိပေး" ပိုင်ရှန်းရှို့ ခပ်စွာစွာ ခပ်ဆတ်ဆတ်ပြောကာ နောက်ပြန်လှည့်လိုက်ပြီး လုံဟန့် အင်္ကျီလည်ပင်းအနားစကို ဆွဲထားလိုက်တယ်။

သူမ ကိစ္စတစ်ခုခုကြောင့် အတော်လေး စိတ်ပင်ပန်းနေပုံရတာကို လုံဟန့် သတိထားမိလေတယ်။ သူ သူမ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး စိတ်အေးရအောင် အာမခံနေလိုက်တယ်။ "ဒါပေါ့၊ ကိုယ် တခြားမိန်းမကို လက်မထပ်တော့ပါဘူး၊ စိတ်မဆိုးနဲ့နော်"

"ကတိပေးတာကလဲ အသာတကြည်ဖြစ်လွန်းတယ်၊ လိမ်ပြောနေတာ နေမှာ...! ရှင် နောက် မိန်းမယူမှာ၊ အဲ့မိန်းမက ကျွန်မသားကို ကိုယ်လုပ်တော်ဖွားဆိုပြီး နှိမ်မှာ... အနိုင်ကျင့်မှာ... ပြီးရင် အမြဲတမ်းလဲ သူ့ကလေးတွေထက် အဆင့်နိမ့်နေရဦးမယ်" အခုတလော ဒီပြဿနာက ပိုင်ရှန်းရှို့ ရင်ထဲ လှိုက်စားနေတာ။ ဒါပေမဲ့ လောလောဆယ်မှာ အိမ်တော်က လူတိုင်းက သူမ ကလေးကို ကိုယ်လုပ်တော်ဖွားတစ်ယောက်လို သဘောမထားတာမို့ ဒီစိုးရိမ်မှုတွေကို ချိုးနှိမ်မျိုသိပ်ထားခဲ့တယ်။ ဒါပေမဲ့ သူမ စိတ်မချနိုင်သေးဘူး၊ ဒါကြောင့်မို့ အခုလို ထုတ်ပြောလိုက်တာပဲ။

လုံဟန့်က ရတက်မအေးနိုင်ဖြစ်နေတဲ့ သူမရဲ့ မျက်နှာလေးကို အသာပွတ်သပ်ရင်း ပြောလေတယ်။ "အဲ့သလိုဖြစ်လာမှာ မဟုတ်ပါဘူး၊ ကိုယ်တို့ ကလေးကို နှိမ်ရဲ အနိုင်ကျင့်ရဲရင် အကုန် မောင်းချပစ်မယ်၊ မစိုးရိမ်နဲ့နော်... ဘယ်သူမှ ကိုယ်တို့ ရင်သွေးလေးကို အန္တရာယ်ပြုမှာ မဟုတ်ပါဘူး" 

သူ့စကားကြားတော့မှ ပိုင်ရှန်းရှို့ သိသိသာသာ စိတ်အေးသွားတော့တယ်။ ဒါပေမဲ့ သူမကျတော့ ဟိုဘက်ခေတ်ကို ပြန်ပြီး လုံဟန့်ကို တစ်ယောက်တည်း ထားခဲ့ရမှာကို အပြစ်ရှိသလို ခံစားရမိပြန်တယ်။ သူမ ခဏလောက်တော့ တုံ့ဆိုင်းတွေဝေနေမိပေမဲ့ ဆက်ပြောလိုက်တော့တယ်။ "လုံဟန့်၊ ကျွန်မ ရှင် နောက်ထပ်မိန်းမယူမှာကို ခွင့်ပြုပါတယ်၊ ဒါပေမဲ့... ကြင်နာတတ်ပြီး စိတ်နှလုံးကောင်းတဲ့ မိန်းကလေးကို ရှာယူနော်၊ ကျွန်မတို့ရဲ့ ကလေးကို ဘယ်တော့မှ ရန်မရှာမဲ့ အမျိုးသမီးမျိုး... နောက်ပိုင်းကျရင် အိမ်တော်အနောက်ဆောင်မှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကိုလဲ သတိထားကြည့်ဦး၊ အလုပ်ထဲမှာပဲ စိတ်မြုပ်ထားပြီး ကလေးကို သူများနဲ့ ပစ်မထားနဲ့နော်"

"ရှို့အာ ဘာဖြစ်လို့လဲ" 'ဘာလို့ သူ နောက်ဆုံးစကား မှာတမ်းချွေနေသလို ဖြစ်နေတာလဲ' လုံဟန့် နိမိတ်မကောင်းသလို ခံစားရလာပြီ။ သူ ချက်ချင်း ပိုင်ရှန်းရှို့ကို ရင်ခွင်ထဲ သိမ်းဖက်ထားလိုက်ပြီး ခေါင်းလေးကို အသာပုတ် ပွတ်သပ်ပေးနေလိုက်တယ်။ "ပေါက်ကရတွေ လျှောက်မတွေးစမ်းနဲ့"

ပိုင်ရှန်းရှို့ ခေါင်းညိတ်လိုက်တယ်။ 'ငါ့မှာ ပေါက်ကရတောင် မတွေးအားပါဘူးဟာ' သိပ်မကြာလိုက်ဘူး၊ သူမ ဗိုက်ထဲမှာ မအီမသာဖြစ်လာတာ ခံစားမိတယ်။ သူမ ဗိုက်ကို အသာပွတ်ရင်း၊ "သူ ဆိုးနေပြန်ပြီ"

လုံဟန့်လဲ သူမဗိုက်ကို အသာအုပ်ကိုင်လိုက်တယ်။ ဒါပေမဲ့ ပိုင်ရှန်းရှို့ကတော့ ရုတ်တရက် နာနာကျင်ကျင်ဖြစ်ကာ ရှုံ့မဲ့သွားတော့တာပဲ။ သူမ ခါးကို အသာကော့လိုက်ရင်း နာလို ညည်းနေတော့တယ်။

"ရှို့အာ..."

"နာတယ်"

တစ်ခုခုတော့ ဖြစ်နေပြီဆိုတာကို လုံဟန့် သိတာနဲ့ သူမကို ပွေ့ချီလိုက်ပြီး ထပြေးတော့တာပဲ။ "မြန်မြန် သားဖွားလက်သည်ကို ခေါ်ပေး...! လုပ်လေ၊ ဘာရပ်ကြည့်နေကြတာလဲ" သူမ မွေးခါနီးတာလား ဘာလားက အရေးမကြီးဘူး၊ သားဖွားဆရာမကို ကြိုခေါ်ထားလိုက်တာကတော့ ဆုံးဖြတ်ချက် မမှားလောက်ဘူး။ အံ့သြဖွယ်ပဲ၊ လုံဟန့်ရဲ့ အထင်က ကွက်တိကျတယ်။ သားဖွားဆရာမရောက်လာတာနဲ့ ပိုင်ရှန်းရှို့ မီးဖွားခါနီးပြီဆိုတဲ့ လက္ခဏာတွေကို သတိထားမိလေတယ်။ မျက်စိတစ်မှိတ်အချိန်အတွင်း အိမ်တော်တစ်ခုလုံး ပျာယာခတ်သွားတော့တာပဲ။ လောင်ဖူးရန်နဲ့ လုံဟန့်တို့ အပြင်မှာ စောင့်ရင်း လောင်နေကြတာပေါ့၊ ချွေးသီးချွေးပေါက်တွေ ပြန်နေတာမှ နည်းတာမဟုတ်။

"ဟန့်အာ သိပ်ပြီး စိတ်မပူနေနဲ့ဦး၊ အမျိုးသမီးတိုင်းဟာ ဒီလို မီးနေတဲ့အခါ စွန့်စား ကြုံတွေ့ရတာပါပဲ..."

"အာား...! နာလိုက်တာ...!"

"အမျိုးသမီးတိုင်းလား" ဒါက ကြောက်မက်ဖွယ်ရာ၊ အူလှိုက်သည်းလှိုက် ငယ်သံပါအောင် အော်တာနော်။ လူတွေက အဲ့အသံမျိုးကို အသတ်ခံရနေတဲ့အချိန်မှာ အော်တာပဲ သူ ကြားဖူးခဲ့တယ်။

"အင်း ဟုတ်တယ်" လောင်ဖူးရန် လုံဟန့်ကို နှစ်သိမ့်ပေးပြီး ထိုင်ပြီး စောင့်ဖို့ ပြောရလေတယ်။ ဒါပေမဲ့ လုံဟန့် နဖူးကြောကြီးတွေ ထောင်ထလို့နေတာကို သူမ တွေ့တာပေါ့။ သူ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေတယ်ဆိုတာ သိသာလှတယ်။

ခဏနေတော့ ပိုင်ရှန်းရှို့ မအော်တော့ပြန်ဘူး။ သားအိမ်ညှစ်လို့ နာတဲ့ ဝေဒနာက အမြဲတမ်းမဟုတ်ဘဲ၊ ခြားခြားပြီး လာတာကိုး။ တစ်ချိန်လုံး မခံမရပ်နိုင်အောင် နာနေတာတော့ မဟုတ်ဘူး။

ဒါပေမဲ့ လုံဟန့်ကတော့ မသိရှာဘူး၊ ပူလောင်ရင်ထိတ်သွားတော့တာ။ "သူ ဘာလို့ အသံတိတ်သွားတာလဲ၊ အထဲကို ဝင်ကြည့်ပေးကြပါဦး"

"သူ တစ်ချိန်လုံး နာနေမယ်ထင်လား၊ အဲ့သလိုသာဆို မိန်းမတွေ အကုန် နာလွန်းလို့ မီးတွင်းထဲ အသက်ထွက်ကုန်မှာပေါ့၊ ပြန်ထိုင်နေစမ်း... သိပ် စိုးရိမ်ကြီးမနေနဲ့"

"တကယ်လား အမေ"

"အေး"

လုံဟန့် ခဏလောက်ထိုင်ပြီးရုံရှိသေး၊ အသံကုန်ဟစ်အော်တဲ့ စူးစီသံကြောင့် ငေါက်ကနဲ ထရပ်လိုက်မိပြန်တယ်။ ရုတ်တရက် အခန်းထဲကနေ သားဖွားဆရာမတစ်ယောက် ပြေးထွက်လာလေတယ်။ လုံဟန့် ချက်ချင်း မေးကြည့်တော့တာပဲ။ "အခြေအနေ ဘယ်လိုလဲ"

"ရှို့ သခင်မ အားအင်ကုန်ခမ်းနေပါပြီ၊ ကျွန်မ ဂျင်ဆင်း လေး ငါးပြားလောက် သွားယူမလို့ပါ"

"ဂျင်ဆင်းကို လှီးမနေနဲ့၊ အတောင့်လိုက် အကုန် ယူလာခဲ့"

"ဟုတ် ဟုတ်" လို့သာပြောလိုက်ရတယ်။ ရှို့သခင်မက ဂျင်ဆင်း အတောင့်လိုက်ကြီးကို ဘယ်လို ဝါးမလဲ။ ဒါပေမဲ့ သူမမှာ မင်းသားအမိန့်ကို မလွန်ဆန်နိုင်ဘူးလေ။ သိပ်မကြာလိုက်ဘူး၊ ပိုင်ရှန်းရှို့တစ်ယောက် ဂျင်ဆင်းတက်ကို ခွေးအရိုးကိုက်သလို ကန့်လန့်ကြီး ဖိကိုက်ထားရတော့တာပဲ။ ထူးထူးဆန်းဆန်း၊ ဂျင်ဆင်း တစ်တောင့်လုံး ကိုက်တာကလဲ အလုပ်ဖြစ်သဟ။

'ရပါတယ်လေ၊ အနည်းဆုံးတော့ ဂျင်းဆင်းကို လျက်နေလို့ရတယ်၊ ထင်မထားမိဘူး၊ တကယ်ကြီး အာနိသင်ကောင်းမယ်လို့' သူမ မကျေမနပ်ဖြစ်စရာဆိုလို့ အရသာပဲ ရှိတယ်။

မွန်းလွဲစကတည်းက ဗိုက်နာနေတာဆိုတော့ ညဦးပိုင်း စဝင်တာနဲ့ ပိုင်ရှန်းရှို့ အားမရှိတော့ဘူး။ သူမ လက်လျှော့ပြီး မသေခင် မှာတမ်းဘယ်လိုချွေရမလဲလို့ စကားလုံးစီနေတုန်းမှာပဲ၊ သူမကို တစ်ချိန်လုံး ဒုက္ခပေးခဲ့တဲ့ ကျေးဇူးရှင်လေး ထွက်လာတော့တယ်။

တစ်ကိုယ်လုံး အဲ့ဒီတော့မှ ပေါ့သွားသလိုပဲ။ သူမ ဝိညာဉ်ကတော့ မော်ဒန်ခေတ်ကို ပြန်ရောက်သွားလေတယ်။ သူမကို လူနာတင်ယာဉ်ပေါ် ဝိုင်းတင်နေကြတာ၊ စိုက်ပျိုးရေး ကလပ်က သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလဲ အဖြစ်စုံကို ရှေးဦးသူနာပြုကို ရှင်းပြနေကြလေရဲ့။ 'ဘာလား၊ ငါ သတိလစ်သွားတာ ဖုန်းပွတ်တာ များလို့ မဟုတ်ပါဘုးနော်...! ငါက ပရော်ဖက်ရှင်နယ်ကျတဲ့ ဝန်ထမ်းဟဲ့၊ အလုပ်လုပ်နေတဲ့အချိန်ဆို ဖုန်း မကြည့်ပါဘူး...!'

ရှေးဦးသူနာပြုက ပြောတောင်ပြောလိုက်သေး။ "အခုခေတ် ကလေးတွေကတော့၊ အသက်ထက် ဖုန်းက အရေးကြီးနေကြတယ်"

"ဖုန်းကြည့်လွန်လို့ သတိလစ်တာ မဟုတ်ပါဘူးဆို...!" ပိုင်ရှန်းရှို့ ကောက်ကာငင်ကာ အော်မိလိုက်လေတယ်။ သူမ ရုတ်တရက် ထအော်တာကြောင့် အားလုံးလဲ အံ့သြသွားကြရတယ်။ ရှေးဦးသူနာပြုကလဲ သူတို့အချင်းချင်း လှမ်း ပြောတယ်။ "လူနာ သတိတော့ပြန်ရလာပြီ၊ ဆေးရုံကို အကြောင်းကြားပြီး ကုသမှုအတွက် ပြင်ဆင်ဖို့ ပြောထားပေးပါ" 

အဲ့ဒီအချိန်မှာ ရုတ်တရက်၊ သူမရဲ့ သိစိတ်ကို ကလေးငိုသံတစ်သံက ဆွဲခေါ်သွားလေတယ်။ ပိုင်ရှန်းရှို့ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်တယ်။ ဘာလို့ အားလုံးက သူမကို ဝန်းရံဝိုင်းဖွဲ့နေကြတာလဲ။ လုံဟန့်လဲ ဘာလို့ မီးနေသည်ခန်းထဲ ရောက်နေရတာလဲ။

"ရှို့အာ... ထပါဦး၊ ထပါနော်" လုံဟန့် ခြေဖျားလက်ဖျား တစ်ကိုယ်လုံးကပါ အေးစက်သွားမိပြီ။ နေ့လည်က နိမိတ်မကောင်းသလို ခံစားရတာကြီးက တကယ်ဖြစ်လာပြီလေ။ ပိုင်ရှန်းရှို့ဟာ သားဦးလေးကို မွေးဖွားပြီးတာနဲ့ ချက်ချင်း အသက်ရှူရပ်သွားခဲ့တယ်။ သားဖွားဆရာမတွေလဲ သေလုမတတ် သွေးပျက် ထိတ်လန့်သွားရတာပဲ။ ယောက်ျားတွေ မီးနေသည်အခန်းထဲ မဝင်ရဘူးဆိုတဲ့ စည်းမျဉ်းထုံးတမ်းတွေတောင် ဂရုမထားနိုင်အားဘူး၊ လုံဟန့်တစ်ယောက် ပိုင်ရှန်းရှို့ဘေးနားကို လှစ်ကနဲ ရောက်လာတော့တာပဲ။ 'ဒါ ငါ ရှို့အာကို တွေ့ရတာ နောက်ဆုံး ဖြစ်တော့မှာလား'

သူ ပိုင်ရှန်းရှို့ကို ကြည့်လိုက်မိတဲ့အခါမှာ သူမ အသားအရေ အရောင်အဆင်းက စက္ကူဖြူလို ဖြူဆုတ်နေပြီ။ သွေးဆင်းထားတာတွေလဲ အိပ်ရာတစ်ခုလုံး နစ်နေတာပဲ။ လုံဟန့် ဘာကိုမှ မတွေးနိုင်တော့ဘူး၊ သူ့ခေါင်းထဲ လစ်ဟာသွားတာပဲ။ သူ ဒူးထောက်ထိုင်ချလိုက်ပြီး ပိုင်ရှန်းရှို့ လက်ကလေးကို ကိုင်ထားလိုက်တယ်။ ဒါတွေ အားလုံးက သူ့အိပ်မက်ပဲ ဖြစ်ပါစေလို့ မျှော်လင့်ရင်းပေါ့။

သမားတော်ကလဲ ခြေတုန် လက်တုန်နဲ့ အပ်စိုက်ကုပေးဖို့ ကြိုးစားရှာပါသတဲ့။ အခု သူ ဘာလုပ်လုပ် မထူးတော့ဘူးဆိုတာ သိတယ်လေ။ သူမ အသက်မရှူတော့ဘူး။ သေဆုံးပြီးနှင့်ပြီ။ ရုတ်တရက်ပါပဲ၊ မွေးကင်းစ ကလေးငယ်က အာပြဲကြီးနဲ့ အော်ငိုလေတယ်။ မွေးပြီးပြီးချင်းတောင် အသံမထွက်ခဲ့တဲ့ကလေးက ထငိုတာ။ သူ့ငိုသံက အားလုံးရဲ့ စိတ်ရော ဝိညာဉ်ရောကို ပြန့်လွင့်မသွားအောင် ခေါ်ဆောင်လိုက်သလိုပဲ။ သူ့အမေရဲ့ ဝိညာဉ် အပါအဝင်ပေါ့။

ပိုင်ရှန်းရှို့ လက်လေး စလှုပ်လာတော့မှ လုံဟန့် ငိုင်နေရာကနေ အသိပြန်ဝင်လာတော့တယ်။ သူ သူမလက်ကလေးကို ခပ်တင်းတင်း ဆုတ်ကိုင်ထားလိုက်ပြီး ထိတ်ထိတ်ပျာပျာ ပြောတော့တာပဲ။ "ရှို့အာ... ရှို့အာ... နိုးပြီလား...!"

"အာ့...! ဘယ်သူ ငါ့ကို အပ်နဲ့ ထိုးနေတာလဲ" 'ငါ့မျက်နှာတွေရော လက်တွေမှာပါ အပ်နဲ့ ထိုးထားခံရသလို ဘာလို့ ခံစားနေရတာလဲ'

"သမားတော်၊ ငွေအပ်တွေ မြန်မြန် ပြန်နုတ်လိုက်တော့...!"

"ဟုတ်ကဲ့ပါ" သမားတော် အပ်တွေ ပြန်နုတ်နေရင်း ခေါင်းအစခြေအဆုံး တုန်လှုပ်နေမိတော့တာ။ 'ရှို့သခင်မ သေပြီးတော့မှ ဘယ်လိုလုပ် ပြန်ရှင်လာတာလဲ' သူ ဒီလိုအဖြစ်မျိုး ဘဝမှာ တစ်ခါမှ မကြုံခဲ့ဖူးဘူး။

"ရှို့အာ နေလို့မကောင်းတဲ့ နေရာရှိလား၊ သမားတော်၊ သူ့ကို စစ်ဆေးကြည့်ပေးဦး... အခု ဆေးလိုရင် တစ်ခါတည်း ပေးထား" လုံဟန့် ဝမ်းသာရလွန်းလို့ ငိုတောင် ငိုမိတယ်။ သူ စိတ်ထဲ ထိသွားတာ၊ အသည်း ခိုက်သွားတာ၊ လက်တွေတောင် အတုန်မရပ်နိုင်ရှာဘူး။

______

[Zawgyi]

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၁၉၃) မင္းသားေလးမြးလာ

ပိုင္ရွန္းရွို႔ ဗိုက္က အေတာ္ေလး ေဖာင္းကားလာတာမို႔ ေန႕စဥ္ လႈပ္ရွား သြားလာဖို႔ကိုေတာင္ အဆင္မေျပေတာ့ဘူး။ ေလာင္ဖူးရန္ကေတာ့ ေပ်ာ္လြန္းလို႔ ေန႕တိုင္း ရယ္ရယ္ၿပဳံးၿပဳံးျဖစ္ေနတာ၊ နဖူးအေရတြန့္ေနတာေတြေတာင္ ေပ်ာက္ကုန္ၿပီ။ မၾကာခဏဆိုသလို သူမ ပိုင္ရွန္းရွို႔ဆီ သြားရတာအေမာ၊ သူမရဲ႕ မေမြးလာေသးတဲ့ ေျမဦးေလးကို သြားေတြ႕တာတဲ့ေလ။ ခဏခဏ လာလြန္းလို႔ ပိုင္ရွန္းရွို႔ေတာင္ စိတ္ပူေနမိၿပီ။

ဒီလိုအေျခအေနမ်ိဳးမွာ အိမ္ေတာ္ႀကီးတစ္ခုရဲ႕ ေလာင္ဖူးရန္တစ္ေယာက္အေနနဲ႕ သားရဲ႕ ကိုယ္လုပ္ေတာ္ဆီကို ကိုယ္တိုင္ႂကြၿပီး လာေတြ႕တယ္ဆိုတာ မသင့္ေတာ္ဘူးေလ။ ဒါေပမဲ့ ေလာင္ဖူးရန္က ေျမး႐ူး႐ူးေနတာ၊ ဘာမွ မျမင္နိုင္ရွာဘူး။ ပိုင္ရွန္းရွို႔ကလဲ သူမကို မလာပါနဲ႕ေတာ့လို႔ ေျပာလို႔မွ မရတာ။ ၿပီးေတာ့ ေလာင္ဖူးရန္လဲ အသက္ရလာၿပီ၊ သူမ ဘဝမွာ လိုလားေတာင့္တၿပီး ဆႏၵရွိတဲ့အရာ၊ ေမွ်ာ္လင့္တဲ့အရာလဲ မရွိသေလာက္ျဖစ္ေနၿပီေလ။ 

'အင္း၊ သူ လာလည္ခ်င္လဲ လာပါေစေတာ့၊ ငါလဲ ပုန္းေရွာင္ေနစရာ အေၾကာင္းမွ မရွိတာ' ေလာင္ဖူးရန္ ျပန္တာကို ႏႈတ္ဆက္ၿပီးေတာ့ ပိုင္ရွန္းရွို႔တစ္ေယာက္ ဗိုက္ကို သာသာေလး ပြတ္ရင္း က်န္ေနခဲ့တယ္။ 'ကေလးက အခုတေလာ အရမ္း႐ြစိထိုးေနတာ၊ ခဏခဏကို သူ ကန္ေနတာ၊ တိုးေနတာေတြ ငါ ခံစားမိတယ္'

လုံဟန့္ကေတာ့ ကေလးက စစ္သူႀကီးဇာတာပါတာတဲ့။ ကေလးကို သိုင္းပညာေတြ သင္ေပးမယ္တဲ့ေလ။

'ဒင္းက ငါ့သားကို မေမြးလာခင္ကတည္းက ႏွိပ္စက္ဖို႔ အစီအစဥ္ေတြ ဆြဲေနတာ' ပိုင္ရွန္းရွို႔ သက္ျပင္းေတြ ခ်မိေတာ့တယ္။ တစ္ေန႕တစ္ေန႕ သူမမွာ ပူပင္ေနာက္ဆံတင္းစရာ အသစ္သစ္ေတြ ေပၚေနတာ၊ ဘယ္လိုလုပ္ၿပီး ဒါေတြကို ထားခဲ့နိုင္မွာလဲ။ သူမ ရင္ေသြးေလးအတြက္ ပူပင္ရတယ္။ သားေလးလား၊ သမီးေလးလား မသိရဘူးဆိုေပမဲ့ သူမ ကေလးကို သနားပိုမိေနေတာ့တာပဲ။ သူမကေလးက ေမြးကင္းစနဲ႕ကို အမိမဲ့ကေလးျဖစ္ေတာ့မွာ၊ အနိုင္က်င့္ခံေနရမလား မသိ။ မိေထြးက တြက္ခ်က္ဉာဏ္မ်ားတဲ့ စိတ္ပုတ္မျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ။ ငယ္ငယ္ေလးကတည္းက ဒုကၡိတျဖစ္သြားေအာင္လို႔ ကေလးကို အဆိပ္ေကြၽးထားရင္ေရာ၊ ဒါမွ မဟုတ္ ကေလး ႀကီးျပင္းေနတဲ့ အခ်ိန္အေတာအတြင္း သတ္ပစ္လိုက္ရင္ေရာ ဘယ္လိုလုပ္မလဲ။ ျပႆနာေတြ အမ်ားႀကီး ရွိလာနိုင္တယ္ေလ။

"ဘာေတြ စဥ္းစားေနတာလဲ"

"ရွင္ ေနာက္ထပ္ ဇနီးမယားမယူပါနဲ႕လား၊ ကတိေပး" ပိုင္ရွန္းရွို႔ ခပ္စြာစြာ ခပ္ဆတ္ဆတ္ေျပာကာ ေနာက္ျပန္လွည့္လိုက္ၿပီး လုံဟန့္ အကၤ်ီလည္ပင္းအနားစကို ဆြဲထားလိုက္တယ္။

သူမ ကိစၥတစ္ခုခုေၾကာင့္ အေတာ္ေလး စိတ္ပင္ပန္းေနပုံရတာကို လုံဟန့္ သတိထားမိေလတယ္။ သူ သူမ လက္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားလိုက္ၿပီး စိတ္ေအးရေအာင္ အာမခံေနလိုက္တယ္။ "ဒါေပါ့၊ ကိုယ္ တျခားမိန္းမကို လက္မထပ္ေတာ့ပါဘူး၊ စိတ္မဆိုးနဲ႕ေနာ္"

"ကတိေပးတာကလဲ အသာတၾကည္ျဖစ္လြန္းတယ္၊ လိမ္ေျပာေနတာ ေနမွာ...! ရွင္ ေနာက္ မိန္းမယူမွာ၊ အဲ့မိန္းမက ကြၽန္မသားကို ကိုယ္လုပ္ေတာ္ဖြားဆိုၿပီး ႏွိမ္မွာ... အနိုင္က်င့္မွာ... ၿပီးရင္ အၿမဲတမ္းလဲ သူ႕ကေလးေတြထက္ အဆင့္နိမ့္ေနရဦးမယ္" အခုတေလာ ဒီျပႆနာက ပိုင္ရွန္းရွို႔ ရင္ထဲ လွိုက္စားေနတာ။ ဒါေပမဲ့ ေလာေလာဆယ္မွာ အိမ္ေတာ္က လူတိုင္းက သူမ ကေလးကို ကိုယ္လုပ္ေတာ္ဖြားတစ္ေယာက္လို သေဘာမထားတာမို႔ ဒီစိုးရိမ္မႈေတြကို ခ်ိဳးႏွိမ္မ်ိဳသိပ္ထားခဲ့တယ္။ ဒါေပမဲ့ သူမ စိတ္မခ်နိဳင္ေသးဘူး၊ ဒါေၾကာင့္မို႔ အခုလို ထုတ္ေျပာလိုက္တာပဲ။

လုံဟန့္က ရတက္မေအးနိုင္ျဖစ္ေနတဲ့ သူမရဲ႕ မ်က္ႏွာေလးကို အသာပြတ္သပ္ရင္း ေျပာေလတယ္။ "အဲ့သလိုျဖစ္လာမွာ မဟုတ္ပါဘူး၊ ကိုယ္တို႔ ကေလးကို ႏွိမ္ရဲ အနိုင္က်င့္ရဲရင္ အကုန္ ေမာင္းခ်ပစ္မယ္၊ မစိုးရိမ္နဲ႕ေနာ္... ဘယ္သူမွ ကိုယ္တို႔ ရင္ေသြးေလးကို အႏၲရာယ္ျပဳမွာ မဟုတ္ပါဘူး" 

သူ႕စကားၾကားေတာ့မွ ပိုင္ရွန္းရွို႔ သိသိသာသာ စိတ္ေအးသြားေတာ့တယ္။ ဒါေပမဲ့ သူမက်ေတာ့ ဟိုဘက္ေခတ္ကို ျပန္ၿပီး လုံဟန့္ကို တစ္ေယာက္တည္း ထားခဲ့ရမွာကို အျပစ္ရွိသလို ခံစားရမိျပန္တယ္။ သူမ ခဏေလာက္ေတာ့ တုံ႕ဆိုင္းေတြေဝေနမိေပမဲ့ ဆက္ေျပာလိုက္ေတာ့တယ္။ "လုံဟန့္၊ ကြၽန္မ ရွင္ ေနာက္ထပ္မိန္းမယူမွာကို ခြင့္ျပဳပါတယ္၊ ဒါေပမဲ့... ၾကင္နာတတ္ၿပီး စိတ္ႏွလုံးေကာင္းတဲ့ မိန္းကေလးကို ရွာယူေနာ္၊ ကြၽန္မတို႔ရဲ႕ ကေလးကို ဘယ္ေတာ့မွ ရန္မရွာမဲ့ အမ်ိဳးသမီးမ်ိဳး... ေနာက္ပိုင္းက်ရင္ အိမ္ေတာ္အေနာက္ေဆာင္မွာ ဘာေတြ ျဖစ္ပ်က္ေနသလဲဆိုတာကိုလဲ သတိထားၾကည့္ဦး၊ အလုပ္ထဲမွာပဲ စိတ္ျမဳပ္ထားၿပီး ကေလးကို သူမ်ားနဲ႕ ပစ္မထားနဲ႕ေနာ္"

"ရွို႔အာ ဘာျဖစ္လို႔လဲ" 'ဘာလို႔ သူ ေနာက္ဆုံးစကား မွာတမ္းေခြၽေနသလို ျဖစ္ေနတာလဲ' လုံဟန့္ နိမိတ္မေကာင္းသလို ခံစားရလာၿပီ။ သူ ခ်က္ခ်င္း ပိုင္ရွန္းရွို႔ကို ရင္ခြင္ထဲ သိမ္းဖက္ထားလိုက္ၿပီး ေခါင္းေလးကို အသာပုတ္ ပြတ္သပ္ေပးေနလိုက္တယ္။ "ေပါက္ကရေတြ ေလွ်ာက္မေတြးစမ္းနဲ႕"

ပိုင္ရွန္းရွို႔ ေခါင္းညိတ္လိုက္တယ္။ 'ငါ့မွာ ေပါက္ကရေတာင္ မေတြးအားပါဘူးဟာ' သိပ္မၾကာလိုက္ဘူး၊ သူမ ဗိုက္ထဲမွာ မအီမသာျဖစ္လာတာ ခံစားမိတယ္။ သူမ ဗိုက္ကို အသာပြတ္ရင္း၊ "သူ ဆိုးေနျပန္ၿပီ"

လုံဟန့္လဲ သူမဗိုက္ကို အသာအုပ္ကိုင္လိုက္တယ္။ ဒါေပမဲ့ ပိုင္ရွန္းရွို႔ကေတာ့ ႐ုတ္တရက္ နာနာက်င္က်င္ျဖစ္ကာ ရႈံ႕မဲ့သြားေတာ့တာပဲ။ သူမ ခါးကို အသာေကာ့လိုက္ရင္း နာလို ညည္းေနေတာ့တယ္။

"ရွို႔အာ..."

"နာတယ္"

တစ္ခုခုေတာ့ ျဖစ္ေနၿပီဆိုတာကို လုံဟန့္ သိတာနဲ႕ သူမကို ေပြ႕ခ်ီလိုက္ၿပီး ထေျပးေတာ့တာပဲ။ "ျမန္ျမန္ သားဖြားလက္သည္ကို ေခၚေပး...! လုပ္ေလ၊ ဘာရပ္ၾကည့္ေနၾကတာလဲ" သူမ ေမြးခါနီးတာလား ဘာလားက အေရးမႀကီးဘူး၊ သားဖြားဆရာမကို ႀကိဳေခၚထားလိုက္တာကေတာ့ ဆုံးျဖတ္ခ်က္ မမွားေလာက္ဘူး။ အံ့ၾသဖြယ္ပဲ၊ လုံဟန့္ရဲ႕ အထင္က ကြက္တိက်တယ္။ သားဖြားဆရာမေရာက္လာတာနဲ႕ ပိုင္ရွန္းရွို႔ မီးဖြားခါနီးၿပီဆိုတဲ့ လကၡဏာေတြကို သတိထားမိေလတယ္။ မ်က္စိတစ္မွိတ္အခ်ိန္အတြင္း အိမ္ေတာ္တစ္ခုလုံး ပ်ာယာခတ္သြားေတာ့တာပဲ။ ေလာင္ဖူးရန္နဲ႕ လုံဟန့္တို႔ အျပင္မွာ ေစာင့္ရင္း ေလာင္ေနၾကတာေပါ့၊ ေခြၽးသီးေခြၽးေပါက္ေတြ ျပန္ေနတာမွ နည္းတာမဟုတ္။

"ဟန့္အာ သိပ္ၿပီး စိတ္မပူေနနဲ႕ဦး၊ အမ်ိဳးသမီးတိုင္းဟာ ဒီလို မီးေနတဲ့အခါ စြန့္စား ႀကဳံေတြ႕ရတာပါပဲ..."

"အာား...! နာလိုက္တာ...!"

"အမ်ိဳးသမီးတိုင္းလား" ဒါက ေၾကာက္မက္ဖြယ္ရာ၊ အူလွိုက္သည္းလွိုက္ ငယ္သံပါေအာင္ ေအာ္တာေနာ္။ လူေတြက အဲ့အသံမ်ိဳးကို အသတ္ခံရေနတဲ့အခ်ိန္မွာ ေအာ္တာပဲ သူ ၾကားဖူးခဲ့တယ္။

"အင္း ဟုတ္တယ္" ေလာင္ဖူးရန္ လုံဟန့္ကို ႏွစ္သိမ့္ေပးၿပီး ထိုင္ၿပီး ေစာင့္ဖို႔ ေျပာရေလတယ္။ ဒါေပမဲ့ လုံဟန့္ နဖူးေၾကာႀကီးေတြ ေထာင္ထလို႔ေနတာကို သူမ ေတြ႕တာေပါ့။ သူ ဘယ္ေလာက္ေတာင္ စိတ္လႈပ္ရွားေနတယ္ဆိုတာ သိသာလွတယ္။

ခဏေနေတာ့ ပိုင္ရွန္းရွို႔ မေအာ္ေတာ့ျပန္ဘူး။ သားအိမ္ညွစ္လို႔ နာတဲ့ ေဝဒနာက အၿမဲတမ္းမဟုတ္ဘဲ၊ ျခားျခားၿပီး လာတာကိုး။ တစ္ခ်ိန္လုံး မခံမရပ္နိုင္ေအာင္ နာေနတာေတာ့ မဟုတ္ဘူး။

ဒါေပမဲ့ လုံဟန့္ကေတာ့ မသိရွာဘူး၊ ပူေလာင္ရင္ထိတ္သြားေတာ့တာ။ "သူ ဘာလို႔ အသံတိတ္သြားတာလဲ၊ အထဲကို ဝင္ၾကည့္ေပးၾကပါဦး"

"သူ တစ္ခ်ိန္လုံး နာေနမယ္ထင္လား၊ အဲ့သလိုသာဆို မိန္းမေတြ အကုန္ နာလြန္းလို႔ မီးတြင္းထဲ အသက္ထြက္ကုန္မွာေပါ့၊ ျပန္ထိုင္ေနစမ္း... သိပ္ စိုးရိမ္ႀကီးမေနနဲ႕"

"တကယ္လား အေမ"

"ေအး"

လုံဟန့္ ခဏေလာက္ထိုင္ၿပီး႐ုံရွိေသး၊ အသံကုန္ဟစ္ေအာ္တဲ့ စူးစီသံေၾကာင့္ ေငါက္ကနဲ ထရပ္လိုက္မိျပန္တယ္။ ႐ုတ္တရက္ အခန္းထဲကေန သားဖြားဆရာမတစ္ေယာက္ ေျပးထြက္လာေလတယ္။ လုံဟန့္ ခ်က္ခ်င္း ေမးၾကည့္ေတာ့တာပဲ။ "အေျခအေန ဘယ္လိုလဲ"

"ရွို႔ သခင္မ အားအင္ကုန္ခမ္းေနပါၿပီ၊ ကြၽန္မ ဂ်င္ဆင္း ေလး ငါးျပားေလာက္ သြားယူမလို႔ပါ"

"ဂ်င္ဆင္းကို လွီးမေနနဲ႕၊ အေတာင့္လိုက္ အကုန္ ယူလာခဲ့"

"ဟုတ္ ဟုတ္" လို႔သာေျပာလိုက္ရတယ္။ ရွို႔သခင္မက ဂ်င္ဆင္း အေတာင့္လိုက္ႀကီးကို ဘယ္လို ဝါးမလဲ။ ဒါေပမဲ့ သူမမွာ မင္းသားအမိန့္ကို မလြန္ဆန္နိုင္ဘူးေလ။ သိပ္မၾကာလိုက္ဘူး၊ ပိုင္ရွန္းရွို႔တစ္ေယာက္ ဂ်င္ဆင္းတက္ကို ေခြးအရိုးကိုက္သလို ကန့္လန့္ႀကီး ဖိကိုက္ထားရေတာ့တာပဲ။ ထူးထူးဆန္းဆန္း၊ ဂ်င္ဆင္း တစ္ေတာင့္လုံး ကိုက္တာကလဲ အလုပ္ျဖစ္သဟ။

'ရပါတယ္ေလ၊ အနည္းဆုံးေတာ့ ဂ်င္းဆင္းကို လ်က္ေနလို႔ရတယ္၊ ထင္မထားမိဘူး၊ တကယ္ႀကီး အာနိသင္ေကာင္းမယ္လို႔' သူမ မေက်မနပ္ျဖစ္စရာဆိုလို႔ အရသာပဲ ရွိတယ္။

မြန္းလြဲစကတည္းက ဗိုက္နာေနတာဆိုေတာ့ ညဦးပိုင္း စဝင္တာနဲ႕ ပိုင္ရွန္းရွို႔ အားမရွိေတာ့ဘူး။ သူမ လက္ေလွ်ာ့ၿပီး မေသခင္ မွာတမ္းဘယ္လိုေခြၽရမလဲလို႔ စကားလုံးစီေနတုန္းမွာပဲ၊ သူမကို တစ္ခ်ိန္လုံး ဒုကၡေပးခဲ့တဲ့ ေက်းဇူးရွင္ေလး ထြက္လာေတာ့တယ္။

တစ္ကိုယ္လုံး အဲ့ဒီေတာ့မွ ေပါ့သြားသလိုပဲ။ သူမ ဝိညာဥ္ကေတာ့ ေမာ္ဒန္ေခတ္ကို ျပန္ေရာက္သြားေလတယ္။ သူမကို လူနာတင္ယာဥ္ေပၚ ဝိုင္းတင္ေနၾကတာ၊ စိုက္ပ်ိဳးေရး ကလပ္က သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကလဲ အျဖစ္စုံကို ေရွးဦးသူနာျပဳကို ရွင္းျပေနၾကေလရဲ႕။ 'ဘာလား၊ ငါ သတိလစ္သြားတာ ဖုန္းပြတ္တာ မ်ားလို႔ မဟုတ္ပါဘုးေနာ္...! ငါက ပေရာ္ဖက္ရွင္နယ္က်တဲ့ ဝန္ထမ္းဟဲ့၊ အလုပ္လုပ္ေနတဲ့အခ်ိန္ဆို ဖုန္း မၾကည့္ပါဘူး...!'

ေရွးဦးသူနာျပဳက ေျပာေတာင္ေျပာလိုက္ေသး။ "အခုေခတ္ ကေလးေတြကေတာ့၊ အသက္ထက္ ဖုန္းက အေရးႀကီးေနၾကတယ္"

"ဖုန္းၾကည့္လြန္လို႔ သတိလစ္တာ မဟုတ္ပါဘူးဆို...!" ပိုင္ရွန္းရွို႔ ေကာက္ကာငင္ကာ ေအာ္မိလိုက္ေလတယ္။ သူမ ႐ုတ္တရက္ ထေအာ္တာေၾကာင့္ အားလုံးလဲ အံ့ၾသသြားၾကရတယ္။ ေရွးဦးသူနာျပဳကလဲ သူတို႔အခ်င္းခ်င္း လွမ္း ေျပာတယ္။ "လူနာ သတိေတာ့ျပန္ရလာၿပီ၊ ေဆး႐ုံကို အေၾကာင္းၾကားၿပီး ကုသမႈအတြက္ ျပင္ဆင္ဖို႔ ေျပာထားေပးပါ" 

အဲ့ဒီအခ်ိန္မွာ ႐ုတ္တရက္၊ သူမရဲ႕ သိစိတ္ကို ကေလးငိုသံတစ္သံက ဆြဲေခၚသြားေလတယ္။ ပိုင္ရွန္းရွို႔ အသက္ျပင္းျပင္းရႉထုတ္လိုက္ၿပီး မ်က္လုံးကို ျဖည္းျဖည္းခ်င္း ျပန္ဖြင့္လိုက္တယ္။ ဘာလို႔ အားလုံးက သူမကို ဝန္းရံဝိုင္းဖြဲ႕ေနၾကတာလဲ။ လုံဟန့္လဲ ဘာလို႔ မီးေနသည္ခန္းထဲ ေရာက္ေနရတာလဲ။

"ရွို႔အာ... ထပါဦး၊ ထပါေနာ္" လုံဟန့္ ေျခဖ်ားလက္ဖ်ား တစ္ကိုယ္လုံးကပါ ေအးစက္သြားမိၿပီ။ ေန႕လည္က နိမိတ္မေကာင္းသလို ခံစားရတာႀကီးက တကယ္ျဖစ္လာၿပီေလ။ ပိုင္ရွန္းရွို႔ဟာ သားဦးေလးကို ေမြးဖြားၿပီးတာနဲ႕ ခ်က္ခ်င္း အသက္ရႉရပ္သြားခဲ့တယ္။ သားဖြားဆရာမေတြလဲ ေသလုမတတ္ ေသြးပ်က္ ထိတ္လန့္သြားရတာပဲ။ ေယာက္်ားေတြ မီးေနသည္အခန္းထဲ မဝင္ရဘူးဆိုတဲ့ စည္းမ်ဥ္းထုံးတမ္းေတြေတာင္ ဂ႐ုမထားနိုင္အားဘူး၊ လုံဟန့္တစ္ေယာက္ ပိုင္ရွန္းရွို႔ေဘးနားကို လွစ္ကနဲ ေရာက္လာေတာ့တာပဲ။ 'ဒါ ငါ ရွို႔အာကို ေတြ႕ရတာ ေနာက္ဆုံး ျဖစ္ေတာ့မွာလား'

သူ ပိုင္ရွန္းရွို႔ကို ၾကည့္လိုက္မိတဲ့အခါမွာ သူမ အသားအေရ အေရာင္အဆင္းက စကၠဴျဖဴလို ျဖဴဆုတ္ေနၿပီ။ ေသြးဆင္းထားတာေတြလဲ အိပ္ရာတစ္ခုလုံး နစ္ေနတာပဲ။ လုံဟန့္ ဘာကိုမွ မေတြးနိုင္ေတာ့ဘူး၊ သူ႕ေခါင္းထဲ လစ္ဟာသြားတာပဲ။ သူ ဒူးေထာက္ထိုင္ခ်လိဳက္ၿပီး ပိုင္ရွန္းရွို႔ လက္ကေလးကို ကိုင္ထားလိုက္တယ္။ ဒါေတြ အားလုံးက သူ႕အိပ္မက္ပဲ ျဖစ္ပါေစလို႔ ေမွ်ာ္လင့္ရင္းေပါ့။

သမားေတာ္ကလဲ ေျခတုန္ လက္တုန္နဲ႕ အပ္စိုက္ကုေပးဖို႔ ႀကိဳးစားရွာပါသတဲ့။ အခု သူ ဘာလုပ္လုပ္ မထူးေတာ့ဘူးဆိုတာ သိတယ္ေလ။ သူမ အသက္မရႉေတာ့ဘူး။ ေသဆုံးၿပီးႏွင့္ၿပီ။ ႐ုတ္တရက္ပါပဲ၊ ေမြးကင္းစ ကေလးငယ္က အာၿပဲႀကီးနဲ႕ ေအာ္ငိုေလတယ္။ ေမြးၿပီးၿပီးခ်င္းေတာင္ အသံမထြက္ခဲ့တဲ့ကေလးက ထငိုတာ။ သူ႕ငိုသံက အားလုံးရဲ႕ စိတ္ေရာ ဝိညာဥ္ေရာကို ျပန့္လြင့္မသြားေအာင္ ေခၚေဆာင္လိုက္သလိုပဲ။ သူ႕အေမရဲ႕ ဝိညာဥ္ အပါအဝင္ေပါ့။

ပိုင္ရွန္းရွို႔ လက္ေလး စလႈပ္လာေတာ့မွ လုံဟန့္ ငိုင္ေနရာကေန အသိျပန္ဝင္လာေတာ့တယ္။ သူ သူမလက္ကေလးကို ခပ္တင္းတင္း ဆုတ္ကိုင္ထားလိုက္ၿပီး ထိတ္ထိတ္ပ်ာပ်ာ ေျပာေတာ့တာပဲ။ "ရွို႔အာ... ရွို႔အာ... နိုးၿပီလား...!"

"အာ့...! ဘယ္သူ ငါ့ကို အပ္နဲ႕ ထိုးေနတာလဲ" 'ငါ့မ်က္ႏွာေတြေရာ လက္ေတြမွာပါ အပ္နဲ႕ ထိုးထားခံရသလို ဘာလို႔ ခံစားေနရတာလဲ'

"သမားေတာ္၊ ေငြအပ္ေတြ ျမန္ျမန္ ျပန္ႏုတ္လိုက္ေတာ့...!"

"ဟုတ္ကဲ့ပါ" သမားေတာ္ အပ္ေတြ ျပန္ႏုတ္ေနရင္း ေခါင္းအစေျခအဆုံး တုန္လႈပ္ေနမိေတာ့တာ။ 'ရွို႔သခင္မ ေသၿပီးေတာ့မွ ဘယ္လိုလုပ္ ျပန္ရွင္လာတာလဲ' သူ ဒီလိုအျဖစ္မ်ိဳး ဘဝမွာ တစ္ခါမွ မႀကဳံခဲ့ဖူးဘူး။

"ရွို႔အာ ေနလို႔မေကာင္းတဲ့ ေနရာရွိလား၊ သမားေတာ္၊ သူ႕ကို စစ္ေဆးၾကည့္ေပးဦး... အခု ေဆးလိုရင္ တစ္ခါတည္း ေပးထား" လုံဟန့္ ဝမ္းသာရလြန္းလို႔ ငိုေတာင္ ငိုမိတယ္။ သူ စိတ္ထဲ ထိသြားတာ၊ အသည္း ခိုက္သြားတာ၊ လက္ေတြေတာင္ အတုန္မရပ္နိုင္ရွာဘူး။

Continue Reading

You'll Also Like

1.9M 91.4K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
6.2M 378K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
2M 104K 32
The entire story line and character names are just the imagination of the author.