ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc...

By whiteLotus2k22

18.2K 2K 47

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ် ရဲ့ book 2ပါနော် More

Arc 5.1(1)
Arc 5.1(2)
Arc 5.2(1)
Arc 5.2(2)
Arc 5.3(1)
Arc 5.3(2)
Arc 5.4(1)
Arc 5.4(2)
Arc 5.5(1)
Arc 5.5(2)
Arc 5.6(1)
Arc 5.6(2)
Arc 5.7(1)
Arc 5.7(2)
Arc 5.8(1)
Arc 5.8(2)
Arc 5.9(1)
Arc 5.9(2)
Arc 5.10(1)
Arc 5.10(2)
Arc 5.11(1)
Arc 5.11(2)
Arc 5.12(1)
Arc 5.13(1)
Arc 5.13(2)

Arc 5.12(2)

534 89 6
By whiteLotus2k22

unicode

အပိုင်း(၁၁၃) (လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁၂.၂)

သူ၏ခန့်မှန်းချက်တို့က လုံးဝမလွဲမှားနေခဲ့ပေ။ ဆရာတူအစ်ကိုသည် အမှန်တကယ်ပင် သဝန်တိုနေခဲ့ခြင်းဖြစ်သည်။

လန်ယွမ်၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ရှိနေပြီး ပိုင်ယွီ၏နှုတ်ခမ်းအစုံအား သူ၏နှုတ်ခမ်းနှင့် အကြိမ်ကြိမ်အဖန်ဖန် ပွတ်တိုက်နေခဲ့သည်။

"ကျွန်တော်လက်ထပ်တော့မယ်လို့ ဆရာတူအစ်ကို့ကို ဘယ်သူကပြောတာလဲ ဆရာတူအစ်ကိုမှမဟုတ်ရင် ဒီဘဝမှာ ဘယ်လိုလုပ်ပြီး အခြားတစ်ယောက်ကို လက်ထပ်နိုင်မှာလဲ ပိုင်လျန်ဟွားဂိုဏ်းက ကောင်မလေးက ကျွန်တော်တို့ရဲ့ ဒုဂိုဏ်းချုပ်ကို သဘောကျနေတာပါ ဒါပေမဲ့ ဒုဂိုဏ်းချုပ်က သစ်သားတုံးကြီးဖြစ်နေတာက ဝမ်းနည်းစရာပဲ ဒါကြောင့်လဲ အခုလိုအစီအစဉ်တွေအထိ ဖြစ်လာရတာ ဒုဂိုဏ်းချုပ်ကို လှုပ်နိုးပေးမဲ့အစီအစဉ်က အလုပ်ဖြစ်ပါစေလို့ မျှော်လင့်မိသား"

လန်ယွမ်သည် စကားပြောနေရင်းမှ ပိုင်ယွီအား အိပ်ရာထက်သို့ တွန်းလှဲလိုက်သည်။

သူ၏လက်ချောင်းများက ပိုင်ယွီ၏လက်မောင်းကို ဆုပ်ကိုင်ထားကာ နှုတ်ခမ်းအစုံကမူ ပိုင်ယွီ၏လည်တိုင်ကျော့ကျော့အား ဖြေးညှင်းစွာ နမ်းရှိုက်နေပြန်သည်။

"ဒါပေမဲ့ ဒုဂိုဏ်းချုပ်ကို လှုပ်နိုးရာကနေ ဆရာတူအစ်ကို့ကိုပါ လှုံ့ဆော်ပေးသွားနိုင်မယ်လို့ ကျွန်တော်တကယ်မမျှော်လင့်ထားမိဘူး"

ပိုင်ယွီသည် ထိုကိစ္စမျိုးရှိနေမည်ဟု မမျှော်လင့်ထားမိချေ။ ထို့ကြောင့်လဲ သဝန်တိုခဲ့ခြင်းပင်။

ပိုင်ယွီ မျက်မှောင်ကြုံ့ထားမိပြီး သူ၏မျက်နှာလေးကလဲ မရှောင်လွှဲနိုင်လောက်အောင် ရဲတွတ်နေခဲ့သည်။

"အရင်စုဝေးပွဲမှာတုန်းက မင်းငါ့ကို ပြောခဲ့တာတွေကရော..."

ပိုင်ယွီအပေါ်၌ အမှန်တကယ်ပင် တရားလွန်သွားခဲ့သည့် ထိုနေ့ကအဖြစ်အပျက်ကို လန်ယွမ်တွေးမိသွားသည်။

ထိုအချိန်ကမူ သူ့နှလုံးသားထဲ၌ ဆရာတူအစ်ကိုအား ချစ်မိနေပါသော်လဲ သူ၏ခံစားချက်များကို လုံးဝရင်မဆိုင်ရဲခဲ့ပေ။ ထို့ပြင် သူ့နှလုံးသားထဲ၌ ဆရာတူအစ်ကို့အပေါ်တွင် ထားရှိမိသော အမုန်းတရားတို့က ပြင်းထန်နေဆဲပင်။

ဆရာတူအစ်ကိုအား သူ့အနားတွင်ခေါ်ထားခြင်းသည် လက်စားချေနိုင်ရန်အတွက်ဟုသာ ထင်ခဲ့သည်။

သူ၏စကားလုံးတို့က မည်မျှပင်အကျည်းတန်ခဲ့ပါစေ ပိုင်ယွီအား ဖမ်းဆီးခဲ့ပြီးနောက်တွင်မူ သူ့နှလုံးသားထဲ၌ ထိုလူသားလေးအား မည်မျှချစ်မြတ်နိုးရပါကြောင်း သဘောပေါက်လာခဲ့သည်။

ထိုနေ့ကကိစ္စအကြောင်း ပိုင်ယွီပြန်ပြောလာသောအခါ အဆုံးမရှိနိုင်သော နောင်တတရားတို့ကသာ သူ၏ရင်ထဲ၌ရှိနေခဲ့သည်။

"ဆရာတူအစ်ကို အဲ့တာက ကျွန်တော့်အမှားပါ ကျွန်တော် နောက်တစ်ခေါက်ထပ်မလုပ်တော့ပါဘူး ဆရာတူအစ်ကို့ကို လက်စားချေမယ်ဆိုတဲ့စိတ်ပဲ ရှိနေခဲ့တာကြောင့် ကျွန်တော့်နှလုံးသားထဲမှာ ဆရာတူအစ်ကို့ကို အရမ်းချစ်မိနေတဲ့အကြောင်း လုံးဝမတွေးမိခဲ့ဘူး"

ပိုင်ယွီအား သူ၏ရင်ခွင်ထဲ၌ တင်းတင်းဖက်ထား၍

"ဆရာတူအစ်ကို ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့တော့ ဟုတ်ပြီလား"

သူသည် ရိုးသားဖြောင့်မတ်သူတစ်ယောက်ဖြစ်ပြီး မိစ္ဆာဂိုဏ်းတစ်ခုလုံး၏ ရိုသေလေးစားခြင်းကို ခံထားရသူဖြစ်သလို ကျန်ဂိုဏ်းများအတွက်လဲ ထပ်တူညီသော လေးစားမှုမျိုးကိုရထားသည်။

သို့သော် ဤအခိုက်အတန့်တွင်မူ ပိုင်ယွီ၏ရှေ့မှလန်ယွမ်သည် ကလေးလေးတစ်ယောက်နှင့်တူသည်။

ပိုင်ယွီ ထိုသူအား ကူရာကယ်ရာမဲ့စွာ ကြည့်နေမိသည်။

သူ့ဘဝတွင် အချိန်တိုင်း၌မျက်နှာသေနှင့် နေနိုင်ပါသော်လဲ ထိုသူ၏ပရောပရီလုပ်မှုကိုမူ သည်းမခံနိုင်ပြန်ပေ။

ဘာမှထပ်မပြောတော့ဘဲ လန်ယွမ်ကိုကြည့်ကာ စိတ်လိုလက်ရနှင့် ပြုံးပြလိုက်သည်။

ပိုင်ယွီခွင့်လွှတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ လန်ယွမ် အပျော်လွန်သွားခဲ့သည်။

ပိုင်ယွီ၏ခန္ဓာကိုယ်အား သူ၏အောက်၌ဖိနှိပ်ကာ ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြန်သည်။ သို့သော် ဖြူဖျော့နေပြီး နာကျင်မှုကြောင့် နွမ်းလျနေသည့်မျက်နှာကိုမူ လုံးဝသတိမထားမိပါချေ။

"လန်ယွမ်ကို ဆေးခတ်ပြီးပြီလား"

ပိုင်ယွီ၏ရှေ့၌ ရပ်နေသူသည် အားတက်သရောမေးလာခဲ့သည်။

ဤသူသည်ကား ပိုင်ယွီအား အတင်းဖိအားပေးကာ အဆိပ်ဆေးလုံး တိုက်သွားခဲ့သူပင်။

ဤရက်များတွင် လန်ယွမ်သည် ပိုင်ယွီနှင့်သာ အနေများသောကြောင့် ပိုင်ယွီသာ အဆိပ်ခတ်ချင်ပါလျှင် အခွင့်အရေးများစွာရလိမ့်မည်။

ဝူလင်ဂိုဏ်း၏အဆိပ်သည် အရောင်မရှိ အရသာမရှိသလို စားမိလျှင်လဲ ချက်ချင်းမသေနိုင်ပေ။ ထိုအစား နာဖျားမှုကို ခံစားရစေလျက် အသက်အား ဖြည်းဖြည်းချင်းနှုတ်ယူပါလိမ့်မည်။

လက်ရှိပိုင်ယွီ၏ပုံစံနှင့်ပင် သိသာလှပေသည်။

လက်ရှိအချိန်အခါသည် ဖြေဆေးအရယူရန်အတွက် အခွင့်ကောင်းဖြစ်နေမှန်း ပိုင်ယွီသိသည်။

ယခင်ကမူ လန်ယွမ်အားမုန်းတီးသောကြောင့် ဤကမ္ဘာမှ ချက်ချင်းပင်ထွက်သွားချင်မိသည်အထိ ဆန္ဒပြုခဲ့သည်။

သို့သော် ယခုအခါတွင်မူ နှလုံးသားထဲမှ အထုံးအဖွဲ့တို့က ပြေသွားခဲ့ပြီဖြစ်၍ ဖြစ်နိုင်မည်ဆိုလျှင် လိမ်ညာပြောကာ အဆိပ်ဖြေဆေးအား အရယူနိုင်မလား သိချင်မိသည်။

ပိုင်ယွီ သူ့ရှေ့မှလူအား ပြုံးရွှင်စွာနှင့် ပြန်ဖြေလိုက်သည်။

"ဒါပေါ့ ငါသူ့ကို အဆိပ်ခတ်ထားပြီးပြီ နောက်ရက်နည်းနည်းလောက်ဆို အာနိသင်ပြတော့မှာ ငါ့ကတိပေးထားတဲ့ ဖြေဆေးကရော ဘယ်အချိန်မှာပေးမှာလဲ"

"ကောင်းပါပြီ သူသေသွားတာနဲ့ ဖြေဆေးကိုပေး..."

အနှီသူသည် စကားကိုပင်ဆုံးအောင်မပြောနိုင်တော့ဘဲ ရုတ်ချည်းဆိုသလို တောင့်တင်းသွားပြီး ပါးစပ်မှသွေးများ အန်ထွက်လာသည်။

ခေါင်းငုံ့ကြည့်လိုက်ချိန်တွင် သူ့ရင်ဘတ်အား ထုတ်ချင်းပေါက်ထိုးထားသော ဓားတစ်ချောင်းကိုသာ မြင်လိုက်ရသည်။

ဓားအား ကြမ်းတမ်းစွာပြန်ဆွဲထုတ်သွားချိန်တွင် ထိုသူသည်လဲ ကြမ်းပေါ်လဲကျသွားတော့သည်။

ပိုင်ယွီ၏နှလုံးသားက တင်းကြပ်သွားပြီး မျက်ခုံးများကလဲ တွန့်ချိုးမိသွားသည်။

ထိုသူထံမှ အဆိပ်ဖြေဆေးလိုချင်သော်ငြား ယခုအချိန်၌ တစ်ဖက်လူက သေသွားခဲ့ပြီဖြစ်သည်။

မျက်လုံးပင့်ကာ တစ်စုံတစ်ရာကို ပြောချင်ခဲ့ပါသော်လဲ အလွန်ဒေါသထွက်နေသည့် လန်ယွမ်၏မျက်နှာကို မြင်လိုက်ရသည်။

လန်ယွမ်၏မျက်လုံးထဲ၌ တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးသော ထေ့ငေါ့ချင်စိတ်တို့ ရှိနေခဲ့သည်။ အေးစက်သောစကားလုံးများ ထွက်လာခဲ့လေသည်။

"ဆရာတူအစ်ကိုက ကျွန်တော့်အသက်ကိုပါ အရမ်းလိုချင်နေမယ်လို့ မထင်ထားမိဘူး ကျွန်တော့်ရဲ့ဆရာတူအစ်ကို့ကို တကယ်လျှော့တွက်ထားမိခဲ့တာပဲ"

zawgyi

အပိုင္း(၁၁၃) (လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၁၂.၂)

သူ၏ခန႔္မွန္းခ်က္တို႔က လုံးဝမလြဲမွားေနခဲ့ေပ။ ဆရာတူအစ္ကိုသည္ အမွန္တကယ္ပင္ သဝန္တိုေနခဲ့ျခင္းျဖစ္သည္။

လန္ယြမ္၏မ်က္ႏွာထက္၌ အၿပဳံးတစ္ပြင့္ရွိေနၿပီး ပိုင္ယြီ၏ႏႈတ္ခမ္းအစုံအား သူ၏ႏႈတ္ခမ္းႏွင့္ အႀကိမ္ႀကိမ္အဖန္ဖန္ ပြတ္တိုက္ေနခဲ့သည္။

"ကြၽန္ေတာ္လက္ထပ္ေတာ့မယ္လို႔ ဆရာတူအစ္ကို႔ကို ဘယ္သူကေျပာတာလဲ ဆရာတူအစ္ကိုမွမဟုတ္ရင္ ဒီဘဝမွာ ဘယ္လိုလုပ္ၿပီး အျခားတစ္ေယာက္ကို လက္ထပ္ႏိုင္မွာလဲ ပိုင္လ်န္ဟြားဂိုဏ္းက ေကာင္မေလးက ကြၽန္ေတာ္တို႔ရဲ႕ ဒုဂိုဏ္းခ်ဳပ္ကို သေဘာက်ေနတာပါ ဒါေပမဲ့ ဒုဂိုဏ္းခ်ဳပ္က သစ္သားတုံးႀကီးျဖစ္ေနတာက ဝမ္းနည္းစရာပဲ ဒါေၾကာင့္လဲ အခုလိုအစီအစဥ္ေတြအထိ ျဖစ္လာရတာ ဒုဂိုဏ္းခ်ဳပ္ကို လႈပ္ႏိုးေပးမဲ့အစီအစဥ္က အလုပ္ျဖစ္ပါေစလို႔ ေမွ်ာ္လင့္မိသား"

လန္ယြမ္သည္ စကားေျပာေနရင္းမွ ပိုင္ယြီအား အိပ္ရာထက္သို႔ တြန္းလွဲလိုက္သည္။

သူ၏လက္ေခ်ာင္းမ်ားက ပိုင္ယြီ၏လက္ေမာင္းကို ဆုပ္ကိုင္ထားကာ ႏႈတ္ခမ္းအစုံကမူ ပိုင္ယြီ၏လည္တိုင္ေက်ာ့ေက်ာ့အား ေျဖးညႇင္းစြာ နမ္းရႈိက္ေနျပန္သည္။

"ဒါေပမဲ့ ဒုဂိုဏ္းခ်ဳပ္ကို လႈပ္ႏိုးရာကေန ဆရာတူအစ္ကို႔ကိုပါ လႈံ႕ေဆာ္ေပးသြားႏိုင္မယ္လို႔ ကြၽန္ေတာ္တကယ္မေမွ်ာ္လင့္ထားမိဘူး"

ပိုင္ယြီသည္ ထိုကိစၥမ်ိဳးရွိေနမည္ဟု မေမွ်ာ္လင့္ထားမိေခ်။ ထို႔ေၾကာင့္လဲ သဝန္တိုခဲ့ျခင္းပင္။

ပိုင္ယြီ မ်က္ေမွာင္ႀကဳံ႕ထားမိၿပီး သူ၏မ်က္ႏွာေလးကလဲ မေရွာင္လႊဲႏိုင္ေလာက္ေအာင္ ရဲတြတ္ေနခဲ့သည္။

"အရင္စုေဝးပြဲမွာတုန္းက မင္းငါ့ကို ေျပာခဲ့တာေတြကေရာ..."

ပိုင္ယြီအေပၚ၌ အမွန္တကယ္ပင္ တရားလြန္သြားခဲ့သည့္ ထိုေန႔ကအျဖစ္အပ်က္ကို လန္ယြမ္ေတြးမိသြားသည္။

ထိုအခ်ိန္ကမူ သူ႔ႏွလုံးသားထဲ၌ ဆရာတူအစ္ကိုအား ခ်စ္မိေနပါေသာ္လဲ သူ၏ခံစားခ်က္မ်ားကို လုံးဝရင္မဆိုင္ရဲခဲ့ေပ။ ထို႔ျပင္ သူ႔ႏွလုံးသားထဲ၌ ဆရာတူအစ္ကို႔အေပၚတြင္ ထားရွိမိေသာ အမုန္းတရားတို႔က ျပင္းထန္ေနဆဲပင္။

ဆရာတူအစ္ကိုအား သူ႔အနားတြင္ေခၚထားျခင္းသည္ လက္စားေခ်ႏိုင္ရန္အတြက္ဟုသာ ထင္ခဲ့သည္။

သူ၏စကားလုံးတို႔က မည္မွ်ပင္အက်ည္းတန္ခဲ့ပါေစ ပိုင္ယြီအား ဖမ္းဆီးခဲ့ၿပီးေနာက္တြင္မူ သူ႔ႏွလုံးသားထဲ၌ ထိုလူသားေလးအား မည္မွ်ခ်စ္ျမတ္ႏိုးရပါေၾကာင္း သေဘာေပါက္လာခဲ့သည္။

ထိုေန႔ကကိစၥအေၾကာင္း ပိုင္ယြီျပန္ေျပာလာေသာအခါ အဆုံးမရွိႏိုင္ေသာ ေနာင္တတရားတို႔ကသာ သူ၏ရင္ထဲ၌ရွိေနခဲ့သည္။

"ဆရာတူအစ္ကို အဲ့တာက ကြၽန္ေတာ့္အမွားပါ ကြၽန္ေတာ္ ေနာက္တစ္ေခါက္ထပ္မလုပ္ေတာ့ပါဘူး ဆရာတူအစ္ကို႔ကို လက္စားေခ်မယ္ဆိုတဲ့စိတ္ပဲ ရွိေနခဲ့တာေၾကာင့္ ကြၽန္ေတာ့္ႏွလုံးသားထဲမွာ ဆရာတူအစ္ကို႔ကို အရမ္းခ်စ္မိေနတဲ့အေၾကာင္း လုံးဝမေတြးမိခဲ့ဘူး"

ပိုင္ယြီအား သူ၏ရင္ခြင္ထဲ၌ တင္းတင္းဖက္ထား၍

"ဆရာတူအစ္ကို ကြၽန္ေတာ့္ကိုစိတ္မဆိုးပါနဲ႔ေတာ့ ဟုတ္ၿပီလား"

သူသည္ ႐ိုးသားေျဖာင့္မတ္သူတစ္ေယာက္ျဖစ္ၿပီး မိစာၦဂိုဏ္းတစ္ခုလုံး၏ ႐ိုေသေလးစားျခင္းကို ခံထားရသူျဖစ္သလို က်န္ဂိုဏ္းမ်ားအတြက္လဲ ထပ္တူညီေသာ ေလးစားမႈမ်ိဳးကိုရထားသည္။

သို႔ေသာ္ ဤအခိုက္အတန႔္တြင္မူ ပိုင္ယြီ၏ေရွ႕မွလန္ယြမ္သည္ ကေလးေလးတစ္ေယာက္ႏွင့္တူသည္။

ပိုင္ယြီ ထိုသူအား ကူရာကယ္ရာမဲ့စြာ ၾကည့္ေနမိသည္။

သူ႔ဘဝတြင္ အခ်ိန္တိုင္း၌မ်က္ႏွာေသႏွင့္ ေနႏိုင္ပါေသာ္လဲ ထိုသူ၏ပေရာပရီလုပ္မႈကိုမူ သည္းမခံႏိုင္ျပန္ေပ။

ဘာမွထပ္မေျပာေတာ့ဘဲ လန္ယြမ္ကိုၾကည့္ကာ စိတ္လိုလက္ရႏွင့္ ၿပဳံးျပလိုက္သည္။

ပိုင္ယြီခြင့္လႊတ္လိုက္ၿပီျဖစ္ေၾကာင္း သိလိုက္ရေသာအခါ လန္ယြမ္ အေပ်ာ္လြန္သြားခဲ့သည္။

ပိုင္ယြီ၏ခႏၶာကိုယ္အား သူ၏ေအာက္၌ဖိႏွိပ္ကာ ထပ္ခါတလဲလဲ ေတာင္းဆိုခဲ့ျပန္သည္။ သို႔ေသာ္ ျဖဴေဖ်ာ့ေနၿပီး နာက်င္မႈေၾကာင့္ ႏြမ္းလ်ေနသည့္မ်က္ႏွာကိုမူ လုံးဝသတိမထားမိပါေခ်။

"လန္ယြမ္ကို ေဆးခတ္ၿပီးၿပီလား"

ပိုင္ယြီ၏ေရွ႕၌ ရပ္ေနသူသည္ အားတက္သေရာေမးလာခဲ့သည္။

ဤသူသည္ကား ပိုင္ယြီအား အတင္းဖိအားေပးကာ အဆိပ္ေဆးလုံး တိုက္သြားခဲ့သူပင္။

ဤရက္မ်ားတြင္ လန္ယြမ္သည္ ပိုင္ယြီႏွင့္သာ အေနမ်ားေသာေၾကာင့္ ပိုင္ယြီသာ အဆိပ္ခတ္ခ်င္ပါလွ်င္ အခြင့္အေရးမ်ားစြာရလိမ့္မည္။

ဝူလင္ဂိုဏ္း၏အဆိပ္သည္ အေရာင္မရွိ အရသာမရွိသလို စားမိလွ်င္လဲ ခ်က္ခ်င္းမေသႏိုင္ေပ။ ထိုအစား နာဖ်ားမႈကို ခံစားရေစလ်က္ အသက္အား ျဖည္းျဖည္းခ်င္းႏႈတ္ယူပါလိမ့္မည္။

လက္ရွိပိုင္ယြီ၏ပုံစံႏွင့္ပင္ သိသာလွေပသည္။

လက္ရွိအခ်ိန္အခါသည္ ေျဖေဆးအရယူရန္အတြက္ အခြင့္ေကာင္းျဖစ္ေနမွန္း ပိုင္ယြီသိသည္။

ယခင္ကမူ လန္ယြမ္အားမုန္းတီးေသာေၾကာင့္ ဤကမာၻမွ ခ်က္ခ်င္းပင္ထြက္သြားခ်င္မိသည္အထိ ဆႏၵျပဳခဲ့သည္။

သို႔ေသာ္ ယခုအခါတြင္မူ ႏွလုံးသားထဲမွ အထုံးအဖြဲ႕တို႔က ေျပသြားခဲ့ၿပီျဖစ္၍ ျဖစ္ႏိုင္မည္ဆိုလွ်င္ လိမ္ညာေျပာကာ အဆိပ္ေျဖေဆးအား အရယူႏိုင္မလား သိခ်င္မိသည္။

ပိုင္ယြီ သူ႔ေရွ႕မွလူအား ၿပဳံး႐ႊင္စြာႏွင့္ ျပန္ေျဖလိုက္သည္။

"ဒါေပါ့ ငါသူ႔ကို အဆိပ္ခတ္ထားၿပီးၿပီ ေနာက္ရက္နည္းနည္းေလာက္ဆို အာနိသင္ျပေတာ့မွာ ငါ့ကတိေပးထားတဲ့ ေျဖေဆးကေရာ ဘယ္အခ်ိန္မွာေပးမွာလဲ"

"ေကာင္းပါၿပီ သူေသသြားတာနဲ႔ ေျဖေဆးကိုေပး..."

အႏွီသူသည္ စကားကိုပင္ဆုံးေအာင္မေျပာႏိုင္ေတာ့ဘဲ ႐ုတ္ခ်ည္းဆိုသလို ေတာင့္တင္းသြားၿပီး ပါးစပ္မွေသြးမ်ား အန္ထြက္လာသည္။

ေခါင္းငုံ႔ၾကည့္လိုက္ခ်ိန္တြင္ သူ႔ရင္ဘတ္အား ထုတ္ခ်င္းေပါက္ထိုးထားေသာ ဓားတစ္ေခ်ာင္းကိုသာ ျမင္လိုက္ရသည္။

ဓားအား ၾကမ္းတမ္းစြာျပန္ဆြဲထုတ္သြားခ်ိန္တြင္ ထိုသူသည္လဲ ၾကမ္းေပၚလဲက်သြားေတာ့သည္။

ပိုင္ယြီ၏ႏွလုံးသားက တင္းၾကပ္သြားၿပီး မ်က္ခုံးမ်ားကလဲ တြန႔္ခ်ိဳးမိသြားသည္။

ထိုသူထံမွ အဆိပ္ေျဖေဆးလိုခ်င္ေသာ္ျငား ယခုအခ်ိန္၌ တစ္ဖက္လူက ေသသြားခဲ့ၿပီျဖစ္သည္။

မ်က္လုံးပင့္ကာ တစ္စုံတစ္ရာကို ေျပာခ်င္ခဲ့ပါေသာ္လဲ အလြန္ေဒါသထြက္ေနသည့္ လန္ယြမ္၏မ်က္ႏွာကို ျမင္လိုက္ရသည္။

လန္ယြမ္၏မ်က္လုံးထဲ၌ တစ္ႀကိမ္တစ္ခါမွ မခံစားခဲ့ဖူးေသာ ေထ့ေငါ့ခ်င္စိတ္တို႔ ရွိေနခဲ့သည္။ ေအးစက္ေသာစကားလုံးမ်ား ထြက္လာခဲ့ေလသည္။

"ဆရာတူအစ္ကိုက ကြၽန္ေတာ့္အသက္ကိုပါ အရမ္းလိုခ်င္ေနမယ္လို႔ မထင္ထားမိဘူး ကြၽန္ေတာ့္ရဲ႕ဆရာတူအစ္ကို႔ကို တကယ္ေလွ်ာ့တြက္ထားမိခဲ့တာပဲ"



Continue Reading

You'll Also Like

12.8K 93 11
This is a heartstopper book, it is based in 2021. Just pretend covid didn't happen in this world. Charlie Spring is one of the main characters in the...
57.1K 9.3K 31
Villain in the Kindergarten 《 ဗီလိန်မူကြို [စာအုပ်ထဲသို့ကူးပြောင်းခြင်း] 》 Associated Names; 反派幼稚园 [穿书] Status in COO; 76 main story + 1 extra story...
5.8K 308 15
Read............ the story content only fiction its not about shipping what if they meet and fall for each other #Jiyashankar #ShreyasIyer
8K 97 26
A school where teens learn how to be superheroes. I do not own anything in this fanfic. As always,please be respectful to not only me but also every...