unicode
အပိုင်း(၁၁၂)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁၂.၁)
ဆရာတူအစ်ကိုကလဲ သူ့ကိုချစ်နေသည်မှာ အတိအကျပင်။
ပိုင်ယွီအား တင်းကြပ်စွာဖက်ကာ အိပ်ရာပေါ်တွန်းလှဲချလိုက်သည်။
သူ၏လက်ချောင်းများက ပိုင်ယွီ၏အဝတ်များကိုချွတ်ပစ်ရန် မစောင့်နိုင်တော့ပေ။ ပိုင်ယွီ၏အသားအရေအား ထိတွေ့ချင်စိတ်ကို ထိန်းမရတော့ပါချေ။
အိပ်ရာပေါ်၌ ဆံနွယ်များပြန့်ကျဲနေသော ပိုင်ယွီ၏ပုံစံလေးကိုကြည့်၍ သူ၏ရင်ထဲ၌ ပြောမပြနိုင်သော အလိုဆန္ဒများနှင့် ပြည့်နှက်လာခဲ့သည်။
လန်ယွမ်အတွက် ပိုင်ယွီသည် ဆွဲဆောင်မှုအပြည့်ရှိပါသည်။
ဤရက်များအတွင်း၌ ပိုင်ယွီရှိရာသို့ မလာမိစေရန်အတွက် မည်မျှကြိုးစားအားထုတ်ခဲ့ရသည်ကို ဘုရားသခင်သာသိသည်။
သို့သော် သူ၏အပြုအမူက ဆရာတူအစ်ကိုအား ဒေါသထွက်စေမှန်း မသိခဲ့ချေ။
ဆရာတူအစ်ကို ဒေါသထွက်မည့်ကိစ္စမျိုးကို မည်သို့လုပ်နိုင်ပါမည်နည်း။
"ဆရာတူအစ်ကို ကျွန်တော် ခင်ဗျားကိုကြိုက်တယ် ခင်ဗျားနဲ့အတူနေချင်တယ်"
ပိုင်ယွီ၏အကျီၤများနှင့် ဘောင်းဘီတို့ကအစ လန်ယွမ်၏ဆွဲချွတ်ခြင်းကို ခံထားရပြီဖြစ်သည်။
လန်ယွမ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပိုင်ယွီ၏ကိုယ်ပေါ် အုပ်မိုးလိုက်သည်။ ထို့နောက်တွင်ကား အဆုံးမဲ့သော ပိုင်ဆိုင်လိုခြင်းတို့ပါဝင်သည်။
နေဝင်ချိန်ရောက်နေသော ပိုင်ယွီ၏ခန္ဓာကိုယ်လေးမှာ လန်ယွမ်ကိုတွန်းထုတ်ရန်ပင် အင်အားမရှိတော့ချေ။ ယခုကဲ့သို့ လန်ယွမ်၏နှီးနှောမှုနှင့် ရင်ဆိုင်ရသောအခါ သေလောက်အောင်နာကျင်ရပါသည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၁၀ လက်ရှိနှစ်သက်မှုနှုန်း ၆၀%]
ယခင်ကမူ ထိုသို့အသံမျိုးကြားရရန် စောင့်မျှော်ဖူးပါသော်လဲ ယခုအခါတွင်မူ ရှောင်မီဟူ၏အသံကြားလိုက်ရချိန်တွင် မျက်ရည်များက စီးကျလာခဲ့သည်။
နှလုံးသားထဲ၌ အဆုံးမရှိသောနာကျင်မှုတို့ ဖြစ်တည်နေခဲ့သည်။
ပိုင်ယွီသည် အခြားတစ်ဖက်သို့မျက်နှာလွှဲကာ စိတ်ပျက်လက်ပျက်နှင့်ပြောလိုက်သည်။
"လန်ယွမ် မင်းက မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မဲ့အချိန်မှာ ဘာကြောင့် ငါ့ကိုလာထိရတာလဲ"
ပိုင်ယွီသည် လန်ယွမ်အား တွန်းထုတ်နိုင်ရန် ကြိုးပမ်းနေရသော်လဲ သူ၏ကိုယ်တွင်း၌ ခွန်အားလုံးဝမရှိတော့သဖြင့် အရာမထင်ခဲ့ပေ။
ချောင်းဆိုးခြင်းက ထပ်ခါထပ်ခါဖြစ်လာခဲ့ပြီးနောင် ပိုင်ယွီသည် ပါးစပ်ကိုလက်နှင့်အုပ်ထားခဲ့သည်။ ချောင်းဆိုးခြင်းက အတော်ကြာသည်အထိ မရပ်တန့်ခဲ့ပေ။
"ဆရာတူအစ်ကို အဆင်ပြေရဲ့လား ရောဂါက ဘယ်လိုဖြစ်ပြီး ပိုသည်းလာရတာလဲ ဆေးမှန်မှန်သောက်တယ်လို့ ပြောခဲ့ပြီးတော့ ကြည့်ရတာ ဆေးကိုမသောက်ဘူးဘဲ"
လန်ယွမ်သည် ထိုသို့စကားများပြောနေရင်းမှ ပိုင်ယွီ၏မျက်နှာအား လက်ချောင်းများနှင့် ဖွဖွထိကိုင်နေခဲ့သည်။
ပိုင်ယွီအား ရင်ခွင်ထဲ၌ ယုယုယယထွေးပွေ့ထားချိန်တွင် လန်ယွမ်၏မျက်နှာထက်၌ နွေးထွေးသောအပြုံးတစ်ပွင့် ဖြစ်တည်နေခဲ့လေသည်။
ဆရာတူအစ်ကိုသည် အမှန်တကယ်ပင် သဝန်တိုတတ်လွန်းပေသည်။
သို့သော် ကိစ္စတစ်စုံတစ်ရာအား လန်ယွမ်မရှင်းပြခင်မှာပင် ပိုင်ယွီက ထပ်မံတွန်းထုတ်လာပြန်သည်။
"မင်းသွား...ဒီကထွက်သွား"
ပိုင်ယွီထံမှ ငြင်းဆန်ခံရခြင်းကြောင့် ဒေါသမထွင် စိတ်မတိုရသည့် ပထမဦးဆုံးအကြိမ်ပင်။ ထိုခံစားချက်များအစား အနည်းငယ်ပျော်ရွှင်နေမိသည်။
လန်ယွမ်သည် ပိုင်ယွီ၏လက်ကိုဆွဲကာ သူ့နှလုံးသားတည့်တည့်သို့ ဖိကပ်စေလိုက်သည်။
သူ၏နှုတ်ခမ်းဖျားက ပိုင်ယွီ၏နဖူးပြင်ထက် အနမ်းခြွေချပြီးနောက် တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ထိုစကားသံထဲ၌ ချစ်ခြင်းမေတ္တာအပြည့်ပါဝင်နေသည်။
"ကျွန်တော့်နှလုံးသားက ခင်ဗျားနဲ့အတူရှိနေချိန်မှာ ကျွန်တော့်ကို ဘယ်သွားစေချင်နေတာတုန်း"
ပိုင်ယွီ၏မျက်လုံးများ ပွင့်လာခဲ့ပြီး မျက်ရည်များ ကျဆင်းလာခဲ့သည်။ သူ့နှလုံးသားထဲ၌ ကိုယ်တိုင်ပင်နားမလည်နိုင်သော ဝမ်းနည်းကြေကွဲမှုတို့ တည်ရှိနေသည်။
လူလိမ်...
အခြားတစ်ယောက်နဲ့ လက်ထပ်တော့မှာကိုများ...
အရင်စုဝေးပွဲမှာလဲ လူငယ်လေးတစ်ယောက်ကို ဖက်ထားသေးတယ်။
ငါ့ကိုလာရှာတဲ့ညတုန်းကလဲ မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းနံ့ရတယ်။
ပိုင်ယွီ၏မျက်နှာထားမှာ စတင်အေးစက်လာပြီး လန်ယွမ်အား နာကျင်စွာဖြင့်ကြည့်နေမိကာ သူ၏မျက်လုံးများကပင် နီရဲလာသည်။
"မင်းနှလုံးသားကို ဘယ်နှစ်ပိုင်းတောင်ခွဲထားတာလဲ လူဘယ်နှစ်ယောက်ဆီမှာ ခွဲဝေပေးထားတာလဲ"
ဤကမ္ဘာမှ ထွက်ခွာသွားရတော့မည်ဖြစ်၍ သူ့အနေနှင့် ဆူညံပူညံမဖြစ်ချင်ပေ။
အဓိပ္ပါယ်မရှိသော ထိုကိစ္စများကိုလဲ ဂရုမစိုက်ချင်ခဲ့ချေ။
အရာအားလုံးကို နောက်ပြန်မလှည့်နိုင်တော့သည်က ကြာခဲ့ပြီဖြစ်သလို ကယ်တင်နိုင်မည့်နည်းမရှိတော့ပေ။
သို့သော်လဲ နှလုံးသားထဲ၌ မြိုသိပ်ထားရသော ထိုစကားလုံးများကို ထုတ်မပြောရသည့်အခါ ရင်ထဲတင်းကျပ်ကာ နေ၍အဆင်မပြေတော့ချေ။
"လန်ယွမ် မင်းသဘောကျနေတဲ့လူက ဘယ်နှစ်ယောက်တောင်များလဲ"
သူ၏ပါးစပ်ကား ထပ်မံပိတ်ဆို့ခံလိုက်ရသည်။
လန်ယွမ်သည် လက်တစ်ဖက်နှင့် ပိုင်ယွီ၏ခါးကိုကိုင်ကာ ကျန်တစ်ဖက်ကမူ နောက်စေ့အားထိန်းကိုင်လျက် အတတ်နိုင်ဆုံး နီးကပ်စေလိုက်သည်။
အကယ်၍သာ ဤနေ့တွင် သူမရောက်လာခဲ့လျှင် သူ့အပေါ်၌ထားသော ဆရာတူအစ်ကို၏အတွေးများကို သိနိုင်ခဲ့မည်မဟုတ်။
သူ၏နှလုံးသားက မည်သည့်နေရာတွင်ပါနည်း။ မည်သူများအား ခွဲဝေပေးရပါမည်နည်း။
"အရူးလေးရယ် ခင်ဗျားတစ်ယောက်ထဲကသာ ကျွန်တော့်ဘဝရဲ့ အစကနေ အဆုံးအထိ ချစ်ရတဲ့သူပါ"
လန်ယွမ်သည် ထိုစကားပြောပြီးချိန်တွင် ပိုင်ယွီ၏နှုတ်ခမ်းပါးကိုလဲ အလွတ်မပေးခဲ့ချေ။
နှလုံးသားထဲမှပျော်ရွှင်မှုက လွှမ်းခြုံသွားခဲ့သည်။
ဆရာတူအစ်ကိုသည် သူ့အပေါ်၌ ဂရုစိုက်၍သာ ဤသို့မေးခွန်းမျိုးကို မေးလာခြင်းဖြစ်သည်။
ပိုင်ယွီ၏နားထဲ၌ ရှောင်မီဟူ၏အသံလေးက ဆက်တိုက်ထွက်ပေါ်လာသည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှုနှုန်း ၆၅%]
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှုနှုန်း ၇၀%]
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှုနှုန်း ၇၅%]
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှုနှုန်း ၈၀%]
...
အကယ်၍သာ ပုံမှန်ရှောင်မီဟူလေးဖြစ်နေရပါက ကျိန်းသေပေါက် အော်ဟစ်နေလိမ့်မည်။
သို့သော်လဲ ဤကမ္ဘာတွင်မူ Host၏စိတ်အခြေအနေ မကောင်းမွန်သောကြောင့် ရှောင်မီဟူသည် စကားပင်မပြောရဲချေ။
အရေးကြီးဆုံးအချက်မှာ ဤကမ္ဘာတွင်ကျန်နေသေးသည့် Host၏နေ့ရက်များကို မြင်နေရခြင်းပင်။ ကိစ္စကြီးကြီးမားမားမရှိပါက သူ၏Hostမှာ ၆ရက်သာ ရှင်သန်ရပါတော့မည်။
ရှောင်မီဟူတစ်ယောက် တိတ်တဆိတ်ပူပန်နေမှုကို မတားဆီးနိုင်ခဲ့ပေ။ ဗီလိန်သည် အနည်းငယ်မျှအားကောင်းကာ ထို၆ရက်အတွင်း၌ ကျန်နေသောနှစ်သက်မှုများကိုဖြည့်ကာ သူ၏Hostအတွက် တာဝန်ပြီးမြောက်ခွင့်ပေးပါရန်သာ မျှော်လင့်မိသည်။
အရာအားလုံးက အလျင်လိုနေပြီဖြစ်ကြောင်း ဗီလိန်ကို မပြောနိုင်ခဲ့ပေ။
လန်ယွမ်သည် ရှောင်မီဟူ၏အတွေးများကို မကြားသိနိုင်ဘဲ ပိုင်ယွီကိုသာ ပျော်ရွှင်စွာကြည့်နေခဲ့သည်။
zawgyi
အပိုင္း(၁၁၂)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၁၂.၁)
ဆရာတူအစ္ကိုကလဲ သူ႔ကိုခ်စ္ေနသည္မွာ အတိအက်ပင္။
ပိုင္ယြီအား တင္းၾကပ္စြာဖက္ကာ အိပ္ရာေပၚတြန္းလွဲခ်လိုက္သည္။
သူ၏လက္ေခ်ာင္းမ်ားက ပိုင္ယြီ၏အဝတ္မ်ားကိုခြၽတ္ပစ္ရန္ မေစာင့္နိုင္ေတာ့ေပ။ ပိုင္ယြီ၏အသားအေရအား ထိေတြ႕ခ်င္စိတ္ကို ထိန္းမရေတာ့ပါေခ်။
အိပ္ရာေပၚ၌ ဆံႏြယ္မ်ားျပန္႔က်ဲေနေသာ ပိုင္ယြီ၏ပံုစံေလးကိုၾကည့္၍ သူ၏ရင္ထဲ၌ ေျပာမျပနိုင္ေသာ အလိုဆႏၵမ်ားနွင့္ ျပည့္နွက္လာခဲ့သည္။
လန္ယြမ္အတြက္ ပိုင္ယြီသည္ ဆြဲေဆာင္မႈအျပည့္ရွိပါသည္။
ဤရက္မ်ားအတြင္း၌ ပိုင္ယြီရွိရာသို႔ မလာမိေစရန္အတြက္ မည္မ်ွႀကိဳးစားအားထုတ္ခဲ့ရသည္ကို ဘုရားသခင္သာသိသည္။
သို႔ေသာ္ သူ၏အျပဳအမူက ဆရာတူအစ္ကိုအား ေဒါသထြက္ေစမွန္း မသိခဲ့ေခ်။
ဆရာတူအစ္ကို ေဒါသထြက္မည့္ကိစၥမ်ိဳးကို မည္သို႔လုပ္နိုင္ပါမည္နည္း။
"ဆရာတူအစ္ကို ကြၽန္ေတာ္ ခင္ဗ်ားကိုႀကိဳက္တယ္ ခင္ဗ်ားနဲ႔အတူေနခ်င္တယ္"
ပိုင္ယြီ၏အက်ီၤမ်ားနွင့္ ေဘာင္းဘီတို႔ကအစ လန္ယြမ္၏ဆြဲခြၽတ္ျခင္းကို ခံထားရၿပီျဖစ္သည္။
လန္ယြမ္သည္ တံု႔ဆိုင္းျခင္းမရွိဘဲ ပိုင္ယြီ၏ကိုယ္ေပၚ အုပ္မိုးလိုက္သည္။ ထို႔ေနာက္တြင္ကား အဆံုးမဲ့ေသာ ပိုင္ဆိုင္လိုျခင္းတို႔ပါဝင္သည္။
ေနဝင္ခ်ိန္ေရာက္ေနေသာ ပိုင္ယြီ၏ခနၶာကိုယ္ေလးမွာ လန္ယြမ္ကိုတြန္းထုတ္ရန္ပင္ အင္အားမရွိေတာ့ေခ်။ ယခုကဲ့သို႔ လန္ယြမ္၏နွီးေနွာမႈနွင့္ ရင္ဆိုင္ရေသာအခါ ေသေလာက္ေအာင္နာက်င္ရပါသည္။
[ဒင္ ပစ္မွတ္ရဲ႕နွစ္သက္မႈ +၁၀ လက္ရွိနွစ္သက္မႈနႈန္း ၆၀%]
ယခင္ကမူ ထိုသို႔အသံမ်ိဳးၾကားရရန္ ေစာင့္ေမ်ွာ္ဖူးပါေသာ္လဲ ယခုအခါတြင္မူ ေရွာင္မီဟူ၏အသံၾကားလိုက္ရခ်ိန္တြင္ မ်က္ရည္မ်ားက စီးက်လာခဲ့သည္။
နွလံုးသားထဲ၌ အဆံုးမရွိေသာနာက်င္မႈတို႔ ျဖစ္တည္ေနခဲ့သည္။
ပိုင္ယြီသည္ အျခားတစ္ဖက္သို႔မ်က္နွာလႊဲကာ စိတ္ပ်က္လက္ပ်က္နွင့္ေျပာလိုက္သည္။
"လန္ယြမ္ မင္းက မိန္းကေလးတစ္ေယာက္နဲ႔ လက္ထပ္ေတာ့မဲ့အခ်ိန္မွာ ဘာေၾကာင့္ ငါ့ကိုလာထိရတာလဲ"
ပိုင္ယြီသည္ လန္ယြမ္အား တြန္းထုတ္နိုင္ရန္ ႀကိဳးပမ္းေနရေသာ္လဲ သူ၏ကိုယ္တြင္း၌ ခြန္အားလံုးဝမရွိေတာ့သျဖင့္ အရာမထင္ခဲ့ေပ။
ေခ်ာင္းဆိုးျခင္းက ထပ္ခါထပ္ခါျဖစ္လာခဲ့ၿပီးေနာင္ ပိုင္ယြီသည္ ပါးစပ္ကိုလက္နွင့္အုပ္ထားခဲ့သည္။ ေခ်ာင္းဆိုးျခင္းက အေတာ္ၾကာသည္အထိ မရပ္တန္႔ခဲ့ေပ။
"ဆရာတူအစ္ကို အဆင္ေျပရဲ႕လား ေရာဂါက ဘယ္လိုျဖစ္ၿပီး ပိုသည္းလာရတာလဲ ေဆးမွန္မွန္ေသာက္တယ္လို႔ ေျပာခဲ့ၿပီးေတာ့ ၾကည့္ရတာ ေဆးကိုမေသာက္ဘူးဘဲ"
လန္ယြမ္သည္ ထိုသို႔စကားမ်ားေျပာေနရင္းမွ ပိုင္ယြီ၏မ်က္နွာအား လက္ေခ်ာင္းမ်ားနွင့္ ဖြဖြထိကိုင္ေနခဲ့သည္။
ပိုင္ယြီအား ရင္ခြင္ထဲ၌ ယုယုယယေထြးေပြ႕ထားခ်ိန္တြင္ လန္ယြမ္၏မ်က္နွာထက္၌ ေႏြးေထြးေသာအၿပံဳးတစ္ပြင့္ ျဖစ္တည္ေနခဲ့ေလသည္။
ဆရာတူအစ္ကိုသည္ အမွန္တကယ္ပင္ သဝန္တိုတတ္လြန္းေပသည္။
သို႔ေသာ္ ကိစၥတစ္စံုတစ္ရာအား လန္ယြမ္မရွင္းျပခင္မွာပင္ ပိုင္ယြီက ထပ္မံတြန္းထုတ္လာျပန္သည္။
"မင္းသြား...ဒီကထြက္သြား"
ပိုင္ယြီထံမွ ျငင္းဆန္ခံရျခင္းေၾကာင့္ ေဒါသမထြင္ စိတ္မတိုရသည့္ ပထမဦးဆံုးအႀကိမ္ပင္။ ထိုခံစားခ်က္မ်ားအစား အနည္းငယ္ေပ်ာ္႐ႊင္ေနမိသည္။
လန္ယြမ္သည္ ပိုင္ယြီ၏လက္ကိုဆြဲကာ သူ႔နွလံုးသားတည့္တည့္သို႔ ဖိကပ္ေစလိုက္သည္။
သူ၏နႈတ္ခမ္းဖ်ားက ပိုင္ယြီ၏နဖူးျပင္ထက္ အနမ္းေႁခြခ်ၿပီးေနာက္ တိုးညႇင္းေသာအသံတစ္သံ ထြက္ေပၚလာခဲ့ၿပီး ထိုစကားသံထဲ၌ ခ်စ္ျခင္းေမတၱာအျပည့္ပါဝင္ေနသည္။
"ကြၽန္ေတာ့္နွလံုးသားက ခင္ဗ်ားနဲ႔အတူရွိေနခ်ိန္မွာ ကြၽန္ေတာ့္ကို ဘယ္သြားေစခ်င္ေနတာတုန္း"
ပိုင္ယြီ၏မ်က္လံုးမ်ား ပြင့္လာခဲ့ၿပီး မ်က္ရည္မ်ား က်ဆင္းလာခဲ့သည္။ သူ႔နွလံုးသားထဲ၌ ကိုယ္တိုင္ပင္နားမလည္နိုင္ေသာ ဝမ္းနည္းေၾကကြဲမႈတို႔ တည္ရွိေနသည္။
လူလိမ္...
အျခားတစ္ေယာက္နဲ႔ လက္ထပ္ေတာ့မွာကိုမ်ား...
အရင္စုေဝးပြဲမွာလဲ လူငယ္ေလးတစ္ေယာက္ကို ဖက္ထားေသးတယ္။
ငါ့ကိုလာရွာတဲ့ညတုန္းကလဲ မိန္းမတစ္ေယာက္ရဲ႕ ကိုယ္သင္းနံ႔ရတယ္။
ပိုင္ယြီ၏မ်က္နွာထားမွာ စတင္ေအးစက္လာၿပီး လန္ယြမ္အား နာက်င္စြာျဖင့္ၾကည့္ေနမိကာ သူ၏မ်က္လံုးမ်ားကပင္ နီရဲလာသည္။
"မင္းနွလံုးသားကို ဘယ္နွစ္ပိုင္းေတာင္ခြဲထားတာလဲ လူဘယ္နွစ္ေယာက္ဆီမွာ ခြဲေဝေပးထားတာလဲ"
ဤကမၻာမွ ထြက္ခြာသြားရေတာ့မည္ျဖစ္၍ သူ႔အေနနွင့္ ဆူညံပူညံမျဖစ္ခ်င္ေပ။
အဓိပၸါယ္မရွိေသာ ထိုကိစၥမ်ားကိုလဲ ဂရုမစိုက္ခ်င္ခဲ့ေခ်။
အရာအားလံုးကို ေနာက္ျပန္မလွည့္နိုင္ေတာ့သည္က ၾကာခဲ့ၿပီျဖစ္သလို ကယ္တင္နိုင္မည့္နည္းမရွိေတာ့ေပ။
သို႔ေသာ္လဲ နွလံုးသားထဲ၌ ၿမိဳသိပ္ထားရေသာ ထိုစကားလံုးမ်ားကို ထုတ္မေျပာရသည့္အခါ ရင္ထဲတင္းက်ပ္ကာ ေန၍အဆင္မေျပေတာ့ေခ်။
"လန္ယြမ္ မင္းသေဘာက်ေနတဲ့လူက ဘယ္နွစ္ေယာက္ေတာင္မ်ားလဲ"
သူ၏ပါးစပ္ကား ထပ္မံပိတ္ဆို႔ခံလိုက္ရသည္။
လန္ယြမ္သည္ လက္တစ္ဖက္နွင့္ ပိုင္ယြီ၏ခါးကိုကိုင္ကာ က်န္တစ္ဖက္ကမူ ေနာက္ေစ့အားထိန္းကိုင္လ်က္ အတတ္နိုင္ဆံုး နီးကပ္ေစလိုက္သည္။
အကယ္၍သာ ဤေန႔တြင္ သူမေရာက္လာခဲ့လ်ွင္ သူ႔အေပၚ၌ထားေသာ ဆရာတူအစ္ကို၏အေတြးမ်ားကို သိနိုင္ခဲ့မည္မဟုတ္။
သူ၏နွလံုးသားက မည္သည့္ေနရာတြင္ပါနည္း။ မည္သူမ်ားအား ခြဲေဝေပးရပါမည္နည္း။
"အရူးေလးရယ္ ခင္ဗ်ားတစ္ေယာက္ထဲကသာ ကြၽန္ေတာ့္ဘဝရဲ႕ အစကေန အဆံုးအထိ ခ်စ္ရတဲ့သူပါ"
လန္ယြမ္သည္ ထိုစကားေျပာၿပီးခ်ိန္တြင္ ပိုင္ယြီ၏နႈတ္ခမ္းပါးကိုလဲ အလြတ္မေပးခဲ့ေခ်။
နွလံုးသားထဲမွေပ်ာ္႐ႊင္မႈက လႊမ္းၿခံဳသြားခဲ့သည္။
ဆရာတူအစ္ကိုသည္ သူ႔အေပၚ၌ ဂရုစိုက္၍သာ ဤသို႔ေမးခြန္းမ်ိဳးကို ေမးလာျခင္းျဖစ္သည္။
ပိုင္ယြီ၏နားထဲ၌ ေရွာင္မီဟူ၏အသံေလးက ဆက္တိုက္ထြက္ေပၚလာသည္။
[ဒင္ ပစ္မွတ္ရဲ႕နွစ္သက္မႈ +၅ လက္ရွိနွစ္သက္မႈနႈန္း ၆၅%]
[ဒင္ ပစ္မွတ္ရဲ႕နွစ္သက္မႈ +၅ လက္ရွိနွစ္သက္မႈနႈန္း ၇၀%]
[ဒင္ ပစ္မွတ္ရဲ႕နွစ္သက္မႈ +၅ လက္ရွိနွစ္သက္မႈနႈန္း ၇၅%]
[ဒင္ ပစ္မွတ္ရဲ႕နွစ္သက္မႈ +၅ လက္ရွိနွစ္သက္မႈနႈန္း ၈၀%]
...
အကယ္၍သာ ပံုမွန္ေရွာင္မီဟူေလးျဖစ္ေနရပါက က်ိန္းေသေပါက္ ေအာ္ဟစ္ေနလိမ့္မည္။
သို႔ေသာ္လဲ ဤကမၻာတြင္မူ Host၏စိတ္အေျခအေန မေကာင္းမြန္ေသာေၾကာင့္ ေရွာင္မီဟူသည္ စကားပင္မေျပာရဲေခ်။
အေရးႀကီးဆံုးအခ်က္မွာ ဤကမၻာတြင္က်န္ေနေသးသည့္ Host၏ေန႔ရက္မ်ားကို ျမင္ေနရျခင္းပင္။ ကိစၥႀကီးႀကီးမားမားမရွိပါက သူ၏Hostမွာ ၆ရက္သာ ရွင္သန္ရပါေတာ့မည္။
ေရွာင္မီဟူတစ္ေယာက္ တိတ္တဆိတ္ပူပန္ေနမႈကို မတားဆီးနိုင္ခဲ့ေပ။ ဗီလိန္သည္ အနည္းငယ္မ်ွအားေကာင္းကာ ထို၆ရက္အတြင္း၌ က်န္ေနေသာနွစ္သက္မႈမ်ားကိုျဖည့္ကာ သူ၏Hostအတြက္ တာဝန္ၿပီးေျမာက္ခြင့္ေပးပါရန္သာ ေမ်ွာ္လင့္မိသည္။
အရာအားလံုးက အလ်င္လိုေနၿပီျဖစ္ေၾကာင္း ဗီလိန္ကို မေျပာနိုင္ခဲ့ေပ။
လန္ယြမ္သည္ ေရွာင္မီဟူ၏အေတြးမ်ားကို မၾကားသိႏိုင္ဘဲ ပိုင္ယြီကိုသာ ေပ်ာ္႐ႊင္စြာၾကည့္ေနခဲ့သည္။