unicode
အပိုင်း(၁၁၀)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၉.၂)
"ခင်ဗျားကို ထိချင်လို့ထိနေတယ်ထင်လား ကျွန်တော် အမူးလွန်သွားလို့သာ..."
"ဟုတ်ပါတယ် မင်းအမူးလွန်နေလို့ပါ..."
ပိုင်ယွီ၏မျက်လုံးများက ချက်ချင်းနီရဲလာပြီး ရှိသမျှခွန်အားများ အားလုံးဆုံးရှုံးသွားရသည်။
လန်ယွမ်သည် သူ့နံဘေး၌ တစ်ညလုံးအိပ်မောကျနေသော်ဘဲ သူကမူ လုံးဝအိပ်မရသောကြောင့် မအိပ်ခဲ့ရပေ။
ယခုအခါတွင် လန်ယွမ်၏ထေ့ငေါ့နေမှုကို နားထောင်နေရင်းမှ သူ့တစ်ကိုယ်လုံးရှိသွေးများ တဟုန်ထိုးဆန်တက်လာသလို ခံစားလိုက်ရသည်။
ကိုယ်တွင်းအင်္ဂါများက အနေအထားလွဲမှားလာပုံရပြီး ထိုနေရာမှ ပြောမပြတတ်အောင် နာကျင်နေရသည်။
သူ၏ခန္ဓာကိုယ်အား ဘောလုံးလေးတစ်လုံးလို ကွေးထားချင်ပါသော်လဲ အကြောများပိတ်ခံထားရသဖြင့် လှုပ်၍ပင်မရချေ။
ညလုံးပေါက်မအိပ်ခဲ့ရသည့်အပြင် လန်ယွမ်ထံမှလဲ ပျက်ရယ်ပြုခံရသည်။
ညှီစို့စို့အရသာက သူ၏လည်ချောင်းဝသို့ ထပ်မံဆန်တက်လာပြန်သည်။
ထပ်မံမြိုချရန်အတွက် အားစိုက်ခဲ့ပါသော်လဲ သူ၏အမြင်အာရုံများက စတင်မှောင်မိုက်လာပြီး ခွန်အားများ လုံးဝမရှိတော့သလိုပင်။
"ပိုင်ယွီ ကျွန်တော်ပြောပြမယ် အဖြစ်သည်းမနေပါနဲ့ ကျွန်တော်ဆိုတဲ့ လန်ယွမ်က အလိုရှိတိုင်းရနေချိန်မှာ ခင်ဗျားဆီ တမင်လာမယ်လို့ ထင်နေတာလား"
လန်ယွမ်သည် ဒေါသဖြစ်စရာစကားမျိုး ပြောလိုက်ပါသော်လဲ နံဘေးမှလူကမူ လုံးဝမလှုပ်ရှားလာခဲ့ပေ။
"ဟေး ဘာဖြစ်နေတာလဲ"
ပိုင်ယွီအား အသာထိကြည့်လိုက်သောအခါ ပိုင်ယွီ၏ခေါင်းက အခြားတစ်ဖက်သို့ လည်ကျသွားသည်ကိုသာ မြင်လိုက်ရသည်။
ပိုင်ယွီ၏ပါးစပ်မှ အနီပုပ်ရောင်သွေးများ စီးကျနေလေသည်။
ထိုသူ သတိလစ်သွားခဲ့ပြီဖြစ်သည်။
လန်ယွမ်သည် အချိန်တစ်ခုအထိ ထိတ်လန့်နေခဲ့ပြီး သူ့ရှေ့မှအရာအားလုံးကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။ သူ၏နှလုံးခုန်နှုန်းများက ရပ်တန့်လုမတတ်ပင်။
တုန်လှုပ်မှုက နှလုံးသားကို လွှမ်းမိုးသွားခဲ့ပြီးနောက် ကျယ်လောင်စွာအော်ခေါ်နေမိသည်။
"ဆရာတူအစ်ကို..."
ဝူလင်ဂိုဏ်း၏အဆိပ်သည် အရောင်မဲ့အရသာမဲ့ပြီး အဆိပ်မိထားလျှင်ပင် လုံးဝရှာမတွေ့နိုင်ပေ။
ထို့ကြောင့် ပိုင်ယွီတွင် အသက်ရှင်နိုင်ရန် အချိန်၉ရက်သာကျန်တော့သည့်တိုင် သာမန်သမားတော်များက ဘာမှရှာမတွေ့ပေ။
"သူဘယ်လိုနေသေးလဲ ဘာလို့သွေးထပ်အန်တာလဲ"
လန်ယွမ်၏အကြည့်များကအစ ထိတ်လန့်နေပြီး သူ၏နှလုံးခုန်သံက လက်ရှိအချိန်ထိ မတည်ငြိမ်သေးပေ။
သူ့ရှေ့တွင် မေ့လဲနေသည့် ပိုင်ယွီပုံရိပ်ကို လုံးဝမေ့ပစ်လို့ရမည်မဟုတ်ပေ။
စကားသေချာပြောနိုင်နေသောသူသည် ရုတ်တရက်သတိလစ်သွားပြီး ပါးစပ်မှ သွေးများပါစီးကျနေသေးသည်။
ထိုအချိန်၌ လန်ယွမ် ထိတ်လန့်နေခဲ့သည်။
လူသေတစ်ယောက်နှင့်ပင်တူနေသည့် ပိုင်ယွီကိုကြည့်ကာ ပွေ့ချီပြီး ပြေးထွက်လာခဲ့မိသည်။
ယခင်က ပိုင်ယွီသွေးအန်ရခြင်းမှာ ဒန်ထျန်းဖျက်ဆီးခံရပြီး နှိပ်စက်ခံရသောကြောင့် အပြင်းအထန်ဒဏ်ရာရသွားသောကြောင့်ပင်။
သို့သော် ပြန်သက်သာနေသည်က ရက်အတော်ကြာခဲ့ပြီဖြစ်သလို ယုတ္တိကျကျပြောရပါလျှင် မသက်သာချင်လျှင်ပင် သက်သာလာရတော့မည်ဖြစ်သည်။
သို့သော် သွေးများထပ်အန်သည်က အဘယ်ကြောင့်ပါနည်း။ ပို၍ဆိုးရွားသွားပုံပင်ရနေသေးသည်။
ဂိုဏ်း၏အစွန်အဖျားမှ အခန်းငယ်လေးထဲတွင် သမားတော်က မျက်မှောင်ကြုံ့ထားသည်။
"ပိုင်သခင်လေးရဲ့ ချီဓာတ်နဲ့သွေးတွေက ကပြောင်းကပြန်ဖြစ်နေပြီး သွေးကြောတွေစီးဆင်းပုံကလဲ နောက်ပြန်လည်နေပါတယ် ဒါပေမဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး"
လန်ယွမ်၏အကြည့်များက အေးစက်သွားခဲ့ပြီးနောက် သမားတော်များစွာကို ခေါ်ဆောင်ပင့်ဖိတ်ခဲ့သည်။
သူရှာတွေ့သမျှ သမားတော်တိုင်းတွင် ထပ်တူညီသောအဖြေတစ်မျိုးတည်းသာရှိပြီး အကြောင်းရင်းကိုမူ မသိကြချေ။
လန်ယွမ်သည် သမားတော်တစ်ယောက်အား ကော်လံစမှဆွဲ၍ ဒေါသတကြီးနှင့် ပြောလိုက်သည်။
"သူ့ကိုမကုသပေးနိုင်ရင် မင်းကို ဒီနေရာမှာတင် ငါသတ်ပစ်မှာ ယုံချင်ယုံ မယုံချင်နေ"
သမားတော်၏မျက်နှာမှာ ကြောက်လန့်မှုကြောင့် ဖြူရော်သွားရသည်။ ထို့နောက် စုတ်တံတစ်ချောင်းယူ၍ ဆေးစာတစ်စောင်ရေးလိုက်သည်။ သူ၏ဆေးစာသည် ပိုင်ယွီ၏ရောဂါလက္ခဏာများကို သက်သာစေနိုင်သော်လဲ ရောဂါပျောက်အောင် ကုသပေးနိုင်မည်မဟုတ်ပေ။
လက်ရှိအခြေအနေမှာ အလွန်အလျင်လိုနေသောကြောင့် အရာအားလုံးကို ထိန်းသိမ်းနိုင်ရန်အတွက် ပြင်းထန်သောစိတ်ခွန်အားကို အသုံးချရပေမည်။
"ဂိုဏ်းချုပ် သူ့အတွက် ဒီဆေးစာထဲကအတိုင်း ဆေးတိုက်နိုင်ပါတယ်"
သမားတော်သည် ထိုဆေးစာအား လန်ယွမ်၏လက်ထဲ တရိုတသနှင့် ကမ်းပေးလိုက်သည်။
ကုတင်ပေါ်တွင် ထိုင်နေသောလန်ယွမ်သည် မျက်မှောင်ကြုံ့ထားပြီး ပိုင်ယွီအား ရင်ခွင်ထဲ၌ပွေ့ထားသည်။
သူထွေးပွေ့ထားသော ပိုင်ယွီ၏ခန္ဓာကိုယ်မှာ အံ့သြစရာကောင်းလောက်အောင် ပူနေပြီး အိပ်မောကျနေစဉ်အတွင်းမှာပင် ထိုသူ၏မျက်နှာလေးထက်၌ နာကျင်နေမှုကို မြင်တွေ့နေရသည်။
လန်ယွမ်၏အသိစိတ်များက ဖော်မပြတတ်အောင် ရှုပ်ထွေးနေခဲ့သည်။
ပိုင်ယွီအား တင်းတင်းကြပ်ကြပ်ဖက်ထားရင်းမှ သူ့ကိုသူ အပြစ်တင်နေမိသည်။
သူ၏ဆရာတူအစ်ကိုအား ဤသို့ဖြစ်ရသည်အထိ မည်သို့ဆက်ဆံခဲ့မိပါသနည်း။
"ဆရာတူအစ်ကို စိတ်မပူပါနဲ့ ကျွန်တော်ရအောင်ကုပေးပါ့မယ်...."
လန်ယွမ်၏အသံက အနည်းငယ်တုန်ရီနေသည်။ ထို့နောက် ခေါင်းငုံ့ကာ ပိုင်ယွီ၏နှုတ်ခမ်းကို နမ်းလိုက်သည်။
သူ့ရင်ခွင်ထဲ၌ရှိနေသူသည် ဤဘဝ၌ အဆုံးရှုံးမခံနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။
ပိုင်ယွီအား လက်စားချေရန်အတွက် ကြိုးစားသင့်သည်ဟုတွေးကာ ထိုနည်းအတိုင်း နေထိုင်ခဲ့သည်။
ယခုအခါမှသာ ပိုင်ယွီအား လက်စားချေချင်၍မဟုတ်ဘဲ ထိုသူအား ပိုင်ဆိုင်ချင်၍သာဖြစ်ကြောင်း သဘောပေါက်ခဲ့ရသည်။
ထိုအချိန်ကမူ ဆရာတူအစ်ကိုသည် အဆင့်အတန်းမြင့်လွန်းပြီး သူနှင့်အလှမ်းဝေးလှသောဖြစ်တည်မှုလေးဖြစ်၍ သူ၏ဆရာတူအစ်ကိုနားရောက်နိုင်ရန် အမြဲလိုလို အိပ်မက်မက်ခဲ့ရသည်။
အတိတ်ကာလများ၌ ထိုသို့သောခံစားချက်အား သူ၏စိတ်ချမ်းသာမှုအတွက် ဖြေသိမ့်နေမိခြင်းဟု အမြဲတမ်းတွေးထင်ခဲ့သည်။
သို့ပါသော်လဲ သူအလိုရှိခဲ့သည်မှာ သူ၏ဆရာတူအစ်ကိုအား နင်းခြေပစ်လိုခြင်းမဟုတ်ဘဲ နံဘေးတွင်ရှိနေစေလိုခြင်းသာဖြစ်ကြောင်း ယခုအခါမှသာ သိရှိခဲ့ရသည်။
လန်ယွမ် သူ့နှလုံးသားနေရာအား လက်ဖြင့်ဖိထားမိသည်။
ထိုခံစားချက်အား သေဆုံးသောအချိန်ထိ ဝန်မခံချင်သည့်တိုင် ယခုအခါတွင်မူ ဆရာတူအစ်ကိုအား ချစ်မိသွားရခြင်းကို ဝန်ခံရပေတော့မည်။
အကယ်၍ ပိုင်ယွီသာ နိုးနေခဲ့ပါလျှင် နှစ်သက်မှုများ တိုးလာသည့်အကြောင်း ဆက်တိုက်တင်ပြနေသော ရှောင်မီဟူ၏အသံကို ကြားရပါလိမ့်မည်။
သို့သော် လက်ရှိတွင် သူသည်မေ့မြောနေသောကြောင့် ဘာကိုမှမသိတော့ပေ။
ပိုင်ယွီသည် တစ်နေ့လုံးမေ့မြောနေခဲ့သလို လန်ယွမ်ကလဲ တစ်နေကုန်ဘာမှမလုပ်ဘဲ ပိုင်ယွီကိုဖက်၍ထိုင်နေခဲ့သည်။
မိစ္ဆာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော လန်ယွမ်သည် ကိစ္စအသေးအဖွဲမှစ၍ ကြီးကြီးမားမားအထိ အားလုံးကိုပစ်ထားကာ အကျဉ်းချထားသင့်သည့်လူတစ်ယောက်ကိုသာ လုံးလုံးလျားလျား အာရုံစိုက်ထားခဲ့သည်။
zawgyi
အပိုင္း(၁၁၀)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၉.၂)
"ခင္ဗ်ားကို ထိခ်င္လို႔ထိေနတယ္ထင္လား ကြၽန္ေတာ္ အမူးလြန္သြားလို႔သာ..."
"ဟုတ္ပါတယ္ မင္းအမူးလြန္ေနလို႔ပါ..."
ပိုင္ယြီ၏မ်က္လံုးမ်ားက ခ်က္ခ်င္းနီရဲလာၿပီး ရိွသမ်ွခြန္အားမ်ား အားလံုးဆံုးရွံုးသြားရသည္။
လန္ယြမ္သည္ သူ႔နံေဘး၌ တစ္ညလံုးအိပ္ေမာက်ေနေသာ္ဘဲ သူကမူ လံုးဝအိပ္မရေသာေၾကာင့္ မအိပ္ခဲ့ရေပ။
ယခုအခါတြင္ လန္ယြမ္၏ေထ့ေငါ့ေနမႈကို နားေထာင္ေနရင္းမွ သူ႔တစ္ကိုယ္လံုးရွိေသြးမ်ား တဟုန္ထိုးဆန္တက္လာသလို ခံစားလိုက္ရသည္။
ကိုယ္တြင္းအဂၤါမ်ားက အေနအထားလြဲမွားလာပံုရၿပီး ထိုေနရာမွ ေျပာမျပတတ္ေအာင္ နာက်င္ေနရသည္။
သူ၏ခနၶာကိုယ္အား ေဘာလံုးေလးတစ္လံုးလို ေကြးထားခ်င္ပါေသာ္လဲ အေၾကာမ်ားပိတ္ခံထားရသျဖင့္ လႈပ္၍ပင္မရေခ်။
ညလံုးေပါက္္မအိပ္ခဲ့ရသည့္အျပင္ လန္ယြမ္ထံမွလဲ ပ်က္ရယ္ျပဳခံရသည္။
ညႇီစို႔စို႔အရသာက သူ၏လည္ေခ်ာင္းဝသို႔ ထပ္မံဆန္တက္လာျပန္သည္။
ထပ္မံၿမိဳခ်ရန္အတြက္ အားစိုက္ခဲ့ပါေသာ္လဲ သူ၏အျမင္အာရံုမ်ားက စတင္ေမွာင္မိုက္လာၿပီး ခြန္အားမ်ား လံုးဝမရွိေတာ့သလိုပင္။
"ပိုင္ယြီ ကြၽန္ေတာ္ေျပာျပမယ္ အျဖစ္သည္းမေနပါနဲ႔ ကြၽန္ေတာ္ဆိုတဲ့ လန္ယြမ္က အလိုရွိတိုင္းရေနခ်ိန္မွာ ခင္ဗ်ားဆီ တမင္လာမယ္လို႔ ထင္ေနတာလား"
လန္ယြမ္သည္ ေဒါသျဖစ္စရာစကားမ်ိဳး ေျပာလိုက္ပါေသာ္လဲ နံေဘးမွလူကမူ လံုးဝမလႈပ္ရွားလာခဲ့ေပ။
"ေဟး ဘာျဖစ္ေနတာလဲ"
ပိုင္ယြီအား အသာထိၾကည့္လိုက္ေသာအခါ ပိုင္ယြီ၏ေခါင္းက အျခားတစ္ဖက္သို႔ လည္က်သြားသည္ကိုသာ ျမင္လိုက္ရသည္။
ပိုင္ယြီ၏ပါးစပ္မွ အနီပုပ္ေရာင္ေသြးမ်ား စီးက်ေနေလသည္။
ထိုသူ သတိလစ္သြားခဲ့ၿပီျဖစ္သည္။
လန္ယြမ္သည္ အခ်ိန္တစ္ခုအထိ ထိတ္လန္႔ေနခဲ့ၿပီး သူ႔ေရွ႕မွအရာအားလံုးကို မယံုၾကည္နိုင္စြာျဖင့္ ၾကည့္ေနမိသည္။ သူ၏နွလံုးခုန္နႈန္းမ်ားက ရပ္တန္႔လုမတတ္ပင္။
တုန္လႈပ္မႈက နွလံုးသားကို လႊမ္းမိုးသြားခဲ့ၿပီးေနာက္ က်ယ္ေလာင္စြာေအာ္ေခၚေနမိသည္။
"ဆရာတူအစ္ကို..."
ဝူလင္ဂိုဏ္း၏အဆိပ္သည္ အေရာင္မဲ့အရသာမဲ့ၿပီး အဆိပ္မိထားလ်ွင္ပင္ လံုးဝရွာမေတြ႕နို္င္ေပ။
ထို႔ေၾကာင့္ ပိုင္ယြီတြင္ အသက္ရွင္နိုင္ရန္ အခ်ိန္၉ရက္သာက်န္ေတာ့သည့္တိုင္ သာမန္သမားေတာ္မ်ားက ဘာမွရွာမေတြ႕ေပ။
"သူဘယ္လိုေနေသးလဲ ဘာလို႔ေသြးထပ္အန္တာလဲ"
လန္ယြမ္၏အၾကည့္မ်ားကအစ ထိတ္လန္႔ေနၿပီး သူ၏နွလံုးခုန္သံက လက္ရွိအခ်ိန္ထိ မတည္ၿငိမ္ေသးေပ။
သူ႔ေရွ႕တြင္ ေမ့လဲေနသည့္ ပိုင္ယြီပံုရိပ္ကို လံုးဝေမ့ပစ္လို႔ရမည္မဟုတ္ေပ။
စကားေသခ်ာေျပာနိုင္ေနေသာသူသည္ ရုတ္တရက္သတိလစ္သြားၿပီး ပါးစပ္မွ ေသြးမ်ားပါစီးက်ေနေသးသည္။
ထိုအခ်ိန္၌ လန္ယြမ္ ထိတ္လန္႔ေနခဲ့သည္။
လူေသတစ္ေယာက္နွင့္ပင္တူေနသည့္ ပိုင္ယြီကိုၾကည့္ကာ ေပြ႕ခ်ီၿပီး ေျပးထြက္လာခဲ့မိသည္။
ယခင္က ပိုင္ယြီေသြးအန္ရျခင္းမွာ ဒန္ထ်န္းဖ်က္ဆီးခံရၿပီး နွိပ္စက္ခံရေသာေၾကာင့္ အျပင္းအထန္ဒဏ္ရာရသြားေသာေၾကာင့္ပင္။
သို႔ေသာ္ ျပန္သက္သာေနသည္က ရက္အေတာ္ၾကာခဲ့ၿပီျဖစ္သလို ယုတိၱက်က်ေျပာရပါလ်ွင္ မသက္သာခ်င္လ်ွင္ပင္ သက္သာလာရေတာ့မည္ျဖစ္သည္။
သို႔ေသာ္ ေသြးမ်ားထပ္အန္သည္က အဘယ္ေၾကာင့္ပါနည္း။ ပို၍ဆိုး႐ြားသြားပံုပင္ရေနေသးသည္။
ဂိုဏ္း၏အစြန္အဖ်ားမွ အခန္းငယ္ေလးထဲတြင္ သမားေတာ္က မ်က္ေမွာင္ႀကံဳ႕ထားသည္။
"ပိုင္သခင္ေလးရဲ႕ ခ်ီဓာတ္နဲ႔ေသြးေတြက ကေျပာင္းကျပန္ျဖစ္ေနၿပီး ေသြးေၾကာေတြစီးဆင္းပံုကလဲ ေနာက္ျပန္လည္ေနပါတယ္ ဒါေပမဲ့ အေၾကာင္းရင္းကိုေတာ့ မသိရပါဘူး"
လန္ယြမ္၏အၾကည့္မ်ားက ေအးစက္သြားခဲ့ၿပီးေနာက္ သမားေတာ္မ်ားစြာကို ေခၚေဆာင္ပင့္ဖိတ္ခဲ့သည္။
သူရွာေတြ႕သမ်ွ သမားေတာ္တိုင္းတြင္ ထပ္တူညီေသာအေျဖတစ္မ်ိဳးတည္းသာရွိၿပီး အေၾကာင္းရင္းကိုမူ မသိၾကေခ်။
လန္ယြမ္သည္ သမားေတာ္တစ္ေယာက္အား ေကာ္လံစမွဆြဲ၍ ေဒါသတႀကီးနွင့္ ေျပာလိုက္သည္။
"သူ႔ကိုမကုသေပးနိုင္ရင္ မင္းကို ဒီေနရာမွာတင္ ငါသတ္ပစ္မွာ ယံုခ်င္ယံု မယံုခ်င္ေန"
သမားေတာ္၏မ်က္နွာမွာ ေၾကာက္လန္႔မႈေၾကာင့္ ျဖဴေရာ္သြားရသည္။ ထို႔ေနာက္ စုတ္တံတစ္ေခ်ာင္းယူ၍ ေဆးစာတစ္ေစာင္ေရးလိုက္သည္။ သူ၏ေဆးစာသည္ ပိုင္ယြီ၏ေရာဂါလကၡဏာမ်ားကို သက္သာေစနိုင္ေသာ္လဲ ေရာဂါေပ်ာက္ေအာင္ ကုသေပးနိုင္မည္မဟုတ္ေပ။
လက္ရွိအေျခအေနမွာ အလြန္အလ်င္လိုေနေသာေၾကာင့္ အရာအားလံုးကို ထိန္းသိမ္းနိုင္ရန္အတြက္ ျပင္းထန္ေသာစိတ္ခြန္အားကို အသံုးခ်ရေပမည္။
"ဂိုဏ္းခ်ဳပ္ သူ႔အတြက္ ဒီေဆးစာထဲကအတိုင္း ေဆးတိုက္နိုင္ပါတယ္"
သမားေတာ္သည္ ထိုေဆးစာအား လန္ယြမ္၏လက္ထဲ တရိုတသနွင့္ ကမ္းေပးလိုက္သည္။
ကုတင္ေပၚတြင္ ထိုင္ေနေသာလန္ယြမ္သည္ မ်က္ေမွာင္ႀကံဳ႕ထားၿပီး ပိုင္ယြီအား ရင္ခြင္ထဲ၌ေပြ႕ထားသည္။
သူေထြးေပြ႕ထားေသာ ပိုင္ယြီ၏ခနၶာကိုယ္မွာ အံ့ၾသစရာေကာင္းေလာက္ေအာင္ ပူေနၿပီး အိပ္ေမာက်ေနစဥ္အတြင္းမွာပင္ ထိုသူ၏မ်က္နွာေလးထက္၌ နာက်င္ေနမႈကို ျမင္ေတြ႕ေနရသည္။
လန္ယြမ္၏အသိစိတ္မ်ားက ေဖာ္မျပတတ္ေအာင္ ရႈပ္ေထြးေနခဲ့သည္။
ပိုုင္ယြီအား တင္းတင္းၾကပ္ၾကပ္ဖက္ထားရင္းမွ သူ႔ကိုသူ အျပစ္တင္ေနမိသည္။
သူ၏ဆရာတူအစ္ကိုအား ဤသို႔ျဖစ္ရသည္အထိ မည္သို႔ဆက္ဆံခဲ့မိပါသနည္း။
"ဆရာတူအစ္ကို စိတ္မပူပါနဲ႔ ကြၽန္ေတာ္ရေအာင္ကုေပးပါ့မယ္...."
လန္ယြမ္၏အသံက အနည္းငယ္တုန္ရီေနသည္။ ထို႔ေနာက္ ေခါင္းငံု႔ကာ ပုိင္ယြီ၏နႈတ္ခမ္းကို နမ္းလိုက္သည္။
သူ႔ရင္ခြင္ထဲ၌ရွိေနသူသည္ ဤဘဝ၌ အဆံုးရွံုးမခံနိုင္သည့္ တစ္ဦးတည္းေသာသူျဖစ္သည္။
ပိုင္ယြီအား လက္စားေခ်ရန္အတြက္ ႀကိဳးစားသင့္သည္ဟုေတြးကာ ထိုနည္းအတိုင္း ေနထိုင္ခဲ့သည္။
ယခုအခါမွသာ ပိုင္ယြီအား လက္စားေခ်ခ်င္၍မဟုတ္ဘဲ ထိုသူအား ပိုင္ဆိုင္ခ်င္၍သာျဖစ္ေၾကာင္း သေဘာေပါက္ခဲ့ရသည္။
ထိုအခ်ိန္ကမူ ဆရာတူအစ္ကိုသည္ အဆင့္အတန္းျမင့္လြန္းၿပီး သူနွင့္အလွမ္းေဝးလွေသာျဖစ္တည္မႈေလးျဖစ္၍ သူ၏ဆရာတူအစ္ကိုနားေရာက္နိုင္ရန္ အၿမဲလိုလို အိပ္မက္မက္ခဲ့ရသည္။
အတိတ္ကာလမ်ား၌ ထိုသို႔ေသာခံစားခ်က္အား သူ၏စိတ္ခ်မ္းသာမႈအတြက္ ေျဖသိမ့္ေနမိျခင္းဟု အၿမဲတမ္းေတြးထင္ခဲ့သည္။
သို႔ပါေသာ္လဲ သူအလိုရွိခဲ့သည္မွာ သူ၏ဆရာတူအစ္ကိုအား နင္းေျခပစ္လိုျခင္းမဟုတ္ဘဲ နံေဘးတြင္ရွိေနေစလိုျခင္းသာျဖစ္ေၾကာင္း ယခုအခါမွသာ သိရွိခဲ့ရသည္။
လန္ယြမ္ သူ႔နွလံုးသားေနရာအား လက္ျဖင့္ဖိထားမိသည္။
ထိုခံစားခ်က္အား ေသဆံုးေသာအခ်ိန္ထိ ဝန္မခံခ်င္သည့္တိုင္ ယခုအခါတြင္မူ ဆရာတူအစ္ကိုအား ခ်စ္မိသြားရျခင္းကို ဝန္ခံရေပေတာ့မည္။
အကယ္၍ ပိုင္ယြီသာ နိုးေနခဲ့ပါလ်ွင္ နွစ္သက္မႈမ်ား တိုးလာသည့္အေၾကာင္း ဆက္တိုက္တင္ျပေနေသာ ေရွာင္မီဟူ၏အသံကို ၾကားရပါလိမ့္မည္။
သို႔ေသာ္ လက္ရွိတြင္ သူသည္ေမ့ေျမာေနေသာေၾကာင့္ ဘာကိုမွမသိေတာ့ေပ။
ပိုင္ယြီသည္ တစ္ေန႔လံုးေမ့ေျမာေနခဲ့သလို လန္ယြမ္ကလဲ တစ္ေနကုန္ဘာမွမလုပ္ဘဲ ပိုင္ယြီကိုဖက္၍ထိုင္ေနခဲ့သည္။
မိစၦာဂိုဏ္း၏ဂိုဏ္းခ်ဳပ္ျဖစ္ေသာ လန္ယြမ္သည္ ကိစၥအေသးအဖြဲမွစ၍ ႀကီးႀကီးမားမားအထိ အားလံုးကိုပစ္ထားကာ အက်ဥ္းခ်ထားသင့္သည့္လူတစ္ေယာက္ကိုသာ လံုးလံုးလ်ားလ်ား အာရံုစိုက္ထားခဲ့သည္။