ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc...

By whiteLotus2k22

17.9K 2K 46

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ် ရဲ့ book 2ပါနော် More

Arc 5.1(1)
Arc 5.1(2)
Arc 5.2(1)
Arc 5.2(2)
Arc 5.3(1)
Arc 5.3(2)
Arc 5.4(1)
Arc 5.4(2)
Arc 5.5(1)
Arc 5.5(2)
Arc 5.6(1)
Arc 5.6(2)
Arc 5.7(1)
Arc 5.7(2)
Arc 5.8(2)
Arc 5.9(1)
Arc 5.9(2)
Arc 5.10(1)
Arc 5.10(2)
Arc 5.11(1)
Arc 5.11(2)
Arc 5.12(1)
Arc 5.12(2)
Arc 5.13(1)
Arc 5.13(2)

Arc 5.8(1)

345 54 0
By whiteLotus2k22

unicode

အပိုင်း(၁၀၈)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၈.၁)

ထိုသူသည် စကားပြောနေရင်းမှ ဆေးမှုန့်တစ်ထုပ်ကိုယူထုတ်ကာ ပိုင်ယွီ၏လက်ထဲ ထည့်ပေးလိုက်သည်။

"ဒီဆေးက အရောင်အဆင်းရော အနံ့ပါကင်းပါတယ် သူ့ကိုစားမိသွားတာနဲ့ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် မကြာခင်မှာပဲ အဆိပ်မိပြီးသေဆုံးရပါလိမ့်မယ် ဒါကြောင့် ပိုင်သခင်လေးလုပ်ရမှာက ဒီဆေးမှုန့်ကို မိစ္ဆာဂိုဏ်းချုပ်ရဲ့ စားစရာတွေထဲထည့်ပေးဖို့ပါပဲ တာဝန်ပြီးမြောက်သွားတာနဲ့ ကျွန်တော်တို့ဘက်က ပိုင်သခင်လေးအတွက် ဖြေဆေးပေးပါ့မယ်"

ပိုင်ယွီ အေးတိအေးစက်နှင့် နှာခေါင်းမှုတ်သံတစ်ချက်သာပြုလိုက်သည်။ ထိုသူများ၏အစီအစဉ်ကို သူနားလည်ခဲ့ပြီဖြစ်သည်။

ထိုသူများအား ကိုယ်ကျင့်တရားကောင်းမွန်ပြီး သမာသမတ်ရှိကြသော ပါရမီရှင်များဟု သတ်မှန်ခံထားရသော်လဲ မိစ္ဆာဂိုဏ်းကိုရှင်းလင်းရန်အတွက်မူ ထိုသို့အောင်တန်းကျသောနည်းလမ်းကို အသုံးပြုနေကြဆဲပင်။

အဆိုးရွားဆုံးအရာမှာ သူမပူးပေါင်းမည်ကိုပင် စိုးရိမ်ကြသောကြောင့် အဆိပ်ဆေးလုံးကို အရင်တိုက်ကြသည့်အထိပင်။

ဆေးမှုန့်ထုပ်အား ကမ်းယူနေပါသော ပိုင်ယွီ၏မျက်လုံးများထဲ၌ ဝမ်းနည်းမှုတို့ပြည့်နှက်နေသည်။

ဤကမ္ဘာ၌ ဗီလိန်အား အမှန်တကယ်ဒေါသထွက်ရပြီး နီးစပ်လိုစိတ်မရှိသဖြင့် နှစ်သက်မှုကိုရယူရန်ပင် စိတ်အားထက်သန်မှုကင်းမဲ့ပြီး ကိုယ့်ကိုယ်ကိုပျက်စီးရာပျက်စီးကြောင်းကြံနေသည်ဟု ရှောင်မီဟူထံမှ အပြောခံရသည်အထိပင်။

သို့ပါသော်လဲ မည်သို့ပင်ဆိုစေကာမူ ထိုသူမှာ သူ၏ဗီလိန်သာဖြစ်သည်။ အကြင်သူအား အဘယ်သို့များ နာကျင်ခံစားရအောင် လုပ်နိုင်ပါမည်နည်း။

"ငါနားလည်ပြီ"

တစ်ဖက်လူအား ပိုင်ယွီ ပြုံးပြုံးရွှင်ရွှင်နှင့်ပြောလိုက်သော်လဲ လန်ယွမ်အား ထိုဆေးမှုန့်များကိုထည့်ကျွေးရန် လုံးဝစိတ်ကူးမရှိပါပေ။

"ဒါဆို ပိုင်သခင်လေးဆီက သတင်းကောင်းကိုပဲ ကျွန်တော်တို့ စောင့်မျှော်နေပါ့မယ်"

ထိုသို့ပြောပြီးနောက် အနှီလူသည် ပိုင်ယွီအား အရိုအသေပေး၍ ပြန်ထွက်သွားလေသည်။

ထိုသူသည် ကိုယ်ဖော့ပညာအရာ၌ အလွန်ကောင်းမွန်သောကြောင့် ဝင်ရောက်လာဖူးသော အရိပ်အယောင်ဟူ၍ပင်မကျန်ခဲ့ဘဲ ချက်ချင်းပျောက်ကွယ်သွားလေသည်။

ပိုင်ယွီသည် ၂ကြိမ်ပင်တွေးမနေတော့ဘဲ လက်ထဲတွင်ကိုင်ထားသောဆေးမှုန့်ထုပ်အား ဖြန့်ကျဲချကာ ကြမ်းပြင်မှအဝါရောင်မြေကြီးတို့နှင့် ရောနှောစေလိုက်သည်။

ထို့နောက် ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင် ၎င်းဆေးမှုန့်တို့အပေါ်၌ ပေါ့ပေါ့ပါးပါးလေး ရပ်နေလေသည်။

[Host ဘာလို့ဆေးမှုန့်တွေကို ဖြူးပစ်လိုက်ရတာလဲ ဒီလိုသာဆို သူတို့တွေက ဖြေဆေးဘယ်ပေးတော့မှာလဲ ပြီးတော့ Hostလဲ အဆိပ်တွေလှိုက်စားခံရပြီး သေရတော့မှာပေါ့]

ရှောင်မီဟူ၏လေသံထဲ၌ စိုးရိမ်စိတ်ငွေ့ငွေ့လေး ပါဝင်နေသည်။

"ဘာပဲဖြစ်ဖြစ် ငါကလဲထွက်သွားချင်နေတာမို့ အဆိပ်ကြောင့်သေရလဲ ကိစ္စမရှိပါဘူး ငါလိုချင်နေတဲ့အရာပဲမဟုတ်လား"

ပိုင်ယွီသည် အိပ်ရာထက်၌လှဲကာ လက်၂ဖက်ပေါ် ခေါင်းတင်အုံးထားပြီး သူ၏မျက်နှာထက်၌
လဲ အပြုံးတစ်ပွင့် ဖြစ်တည်နေခဲ့သည်။

သို့သော် လက်ရှိတွင်သူသည် အဆိပ်သောက်လိုက်ရသဖြင့် တစ်ကိုယ်လုံးမှ ချီဓာတ်နှင့်သွေးတို့က ဗြောင်းဆန်နေပြီး ကိုယ်တွင်းကလီစာတို့က ဆွဲစုတ်ခံနေရသလို နာကျင်လာရသည်။

သူ၏ရင်ဘတ်အား လက်ဖြင့်ဖိထားရပြီး သူ၏ဦးခေါင်းမှ ချွေးများစွာစီးကျနေလေသည်။

သို့ပါသော်လဲ ထိုအချိန်၌ အချိန်အခါမသင့်စွာပင် ကျောနောက်ဘက်ဆီမှ လန်ယွမ်၏အသံက ထွက်ပေါ်လာခဲ့သည်။

"ဆရာတူအစ်ကို ဒီနေ့ အစားအသောက်တွေ သိပ်မစားဘူးလို့ သူတို့တွေပြောနေကြတယ်"

လန်ယွမ်သည် လက်ထဲ၌ ယာဂုတစ်ပန်းကန်ကိုင်ကာ ပိုင်ယွီ့အနားသို့ လျှောက်လာခဲ့သည်။

"ဆရာတူအစ်ကိုအတွက် ဒါလေးလုပ်ပေးဖို့ စားဖိုဆောင်ကို ကျွန်တော် သေချာတောင်းဆိုထားတာ ဘာပဲဖြစ်ဖြစ် ဝင်သလောက်လေးတော့ စားလိုက်ပါဦး"

ပိုင်ယွီသည် ပြတင်းပေါက်အနားတွင် လဲလျောင်းနေသည်။ လန်ယွမ်ရှိရာအနောက်ဘက်သို့ လှည့်မကြည့်နိုင်ခဲ့ဘဲ သူ၏ရင်ဘတ်ကိုသာ တင်းတင်းဖိထားလေသည်။

လန်ယွမ်သည် ယာဂုပန်းကန်ကိုင်ထားသောလက်ကို ဘေးသို့ပို့လိုက်ပြီးနောက် ပိုင်ယွီ၏ကိုယ်လေးအား အနောက်ဘက်မှသိမ်းဖက်လိုက်သည်။

"ဆရာတူအစ်ကိုရဲ့ ကိုယ်သင်းနံ့က အရမ်းကောင်းတာပဲ..."

လန်ယွမ်၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ဖြစ်တည်နေပြီး ပိုင်ယွီ၏ကိုယ်သင်းရနံ့အား လိုက်လံရှုရှိုက်နေသည်။

ထိုပုဂ္ဂိုလ်တွင် မှော်အစွမ်းတစ်မျိုးမျိုးရှိနေပုံပင်။ ပိုင်ယွီအား မြင်လိုက်ရချိန်တိုင်းတွင် အမြဲတမ်းဆွဲဆောင်ခံရသည်။

"ဆရာတူအစ်ကို ကျွန်တော် ယာဂုယူလာတယ် အရင်ဆုံးသောက်လိုက်ကြရအောင်"

ပိုင်ယွီ အသာအယာခေါင်းယမ်းပြလိုက်သည်။ အခုလေးတင် အဆိပ်သောက်ထားရသဖြင့် အာနိသင်တို့က စတင်ပြသနေပြီဖြစ်ပြီး ထိုအာနိသင်များနည်းပါးသွားမည့် အချိန်အတော်ကြာသည်အထိ လုံးဝသက်တောင့်သက်သာရှိမည်မဟုတ်ပေ။

"အိုး ကျွန်တော်သိပြီ ဆရာတူအစ်ကိုက ကျွန်တော့်ကို ခွံ့ကျွေးစေချင်နေတာပဲ"

လန်ယွမ်သည် ယာဂုတစ်ဇွန်းစာအား ခံတွင်းထဲထည့်ငုံ့လိုက်ပြီးနောက် ပိုင်ယွီ၏နှုတ်ခမ်းကို ဖိကပ်လိုက်သည်။

လျှာဖျားသည်ကား ပိုင်ယွီ၏ခံတွင်းထဲ တိုးဝင်လာပြီး ယာဂုတို့အား ခွံ့ကျွေးချင်ခဲ့သည်။

သို့ပါသော်လဲ ထိုအချိန်တွင် ညှီစို့စို့အရသာက ပိုင်ယွီ၏လည်ချောင်းထဲမှ ဆန်တက်လာသည်။

ပိုင်ယွီ၏နှလုံးက တင်းကြပ်နေပြီး နောက်ထပ်သွေးတစ်လုတ်စာကို အန်ချတော့မည့်ပုံပင်။

မျက်မှောင်ကြုံ့ပြီးနောက် လန်ယွမ်အားတွန်းထုတ်ကာ သွေးတို့အား ကြိတ်မှိတ်မြိုချလိုက်သည်။

"ခွမ်း"ခနဲမြည်သံနှင့်အတူ လန်ယွမ်ကိုင်ထားသော ပန်းကန်သည်လဲ ပိုင်ယွီ၏တွန်းထုတ်မှုကြောင့် တစ်စစီကွဲကြေသွားလေသည်။

ကျကွဲသွားသော ယာဂုပန်းကန်လုံးအားကြည့်နေသည့် လန်ယွမ်၏မျက်နှာထက်၌ အေးစက်မှုတို့ထင်ဟပ်လာသည်။

သူ့နှလုံးသားက ပို၍ပင်အေးစက်နေသေးသည်။

သူ၏ဆရာတူအစ်ကို၌ စိတ်ရင်းမရှိသည်ကို သိထားနှင့်ပြီးဖြစ်သည်။ အနှီလူသည် သူ့ကိုသဘောမကျရုံသာမက မုန်းပါမုန်းတီးနေသေးသည်။ ယခုအခါတွင်မူ သူ့ကိုထိပင်မထိချင်တော့ချေ။

မိစ္ဆာဂိုဏ်း၏ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ဂိုဏ်းထဲတွင် တစ်စုံတစ်ရာ လိုအပ်သည်မျိုးမရှိပေ။

ထိုသူ၏နှလုံးသားထဲတွင်မူ နတ်ဆိုးတစ်ကောင်လို တွဲခိုနေချင်ခဲ့ပုံရသည်။ သို့သော် တစ်ဖက်သူကမူ သူ့အပေါ်၌ အကြိမ်ကြိမ်မျက်ကွယ်ပြုခဲ့သည်။

ရှောင်ချင်ကပင် ထိုသူ၏နှလုံးသားကို လှုံ့ဆော်ခိုင်းခဲ့သည်။ သို့သော် ထိုသူ၏စိတ်လှုပ်ရှားမှုကို မည်သည့်နေရာတွင်သွားရောက်ရှာဖွေရမည်နည်း။ ဆရာတူအစ်ကိုသည် သူ့အပေါ်၌ ကြိုက်နှစ်သက်ခြင်းလုံးဝမရှိပါချေ။

ပိုင်ယွီသည် ကွဲကျေနေသောပန်းကန်လုံးကိုကြည့်၍ စိတ်မကောင်းဖြစ်စွာဖြင့် တောင်းပန်စကားဆိုခဲ့သည်။

"လန်ယွမ် ငါက..."

လန်ယွမ်ကမူ အင်္ကျီလက်ကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

"ဆရာတူအစ်ကိုက ကျွန်တော့်ကို ဒီလောက်တောင် မုန်းတီးနေမှတော့ ကျွန်တော်လဲ ဘာမှမတတ်နိုင်တော့ဘူးပဲ ခင်ဗျားက အဲ့လိုမျှော်လင့်နေမှတော့ ခင်ဗျားရှေ့မှာ ကျွန်တော် နောက်ထပ်မပေါ်လာတော့ဘူး"

zawgyi

အပိုင္း(၁၀၈)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၈.၁)

ထိုသူသည္ စကားေျပာေနရင္းမွ ေဆးမႈန္႔တစ္ထုပ္ကိုယူထုတ္ကာ ပိုင္ယြီ၏လက္ထဲ ထည့္ေပးလိုက္သည္။

"ဒီေဆးက အေရာင္အဆင္းေရာ အနံ႔ပါကင္းပါတယ္ သူ႔ကိုစားမိသြားတာနဲ႔ ဘယ္လိုလူမ်ိဳးပဲျဖစ္ျဖစ္ မၾကာခင္မွာပဲ အဆိပ္မိၿပီးေသဆံုးရပါလိမ့္မယ္ ဒါေၾကာင့္ ပိုင္သခင္ေလးလုပ္ရမွာက ဒီေဆးမႈန္႔ကို မိစၦာဂိုဏ္းခ်ဳပ္ရဲ႕ စားစရာေတြထဲထည့္ေပးဖို႔ပါပဲ တာဝန္ျပီးေျမာက္သြားတာနဲ႔ ကြၽန္ေတာ္တို႔ဘက္က ပိုင္သခင္ေလးအတြက္ ေျဖေဆးေပးပါ့မယ္"

ပိုင္ယြီ ေအးတိေအးစက္နွင့္ နွာေခါင္းမႈတ္သံတစ္ခ်က္သာျပဳလိုက္သည္။ ထိုသူမ်ား၏အစီအစဥ္ကို သူနားလည္ခဲ့ၿပီျဖစ္သည္။

ထိုသူမ်ားအား ကိုယ္က်င့္တရားေကာင္းမြန္ၿပီး သမာသမတ္ရွိၾကေသာ ပါရမီရွင္မ်ားဟု သတ္မွန္ခံထားရေသာ္လဲ မိစၦာဂိုဏ္းကိုရွင္းလင္းရန္အတြက္မူ ထိုသို႔ေအာင္တန္းက်ေသာနည္းလမ္းကို အသံုးျပဳေနၾကဆဲပင္။

အဆိုး႐ြားဆံုးအရာမွာ သူမပူးေပါင္းမည္ကိုပင္ စိုးရိမ္ၾကေသာေၾကာင့္ အဆိပ္ေဆးလံုးကို အရင္တိုက္ၾကသည့္အထိပင္။

ေဆးမႈန္႔ထုပ္အား ကမ္းယူေနပါေသာ ပိုင္ယြီ၏မ်က္လံုးမ်ားထဲ၌ ဝမ္းနည္းမႈတို႔ျပည့္နွက္ေနသည္။

ဤကမၻာ၌ ဗီလိန္အား အမွန္တကယ္ေဒါသထြက္ရၿပီး နီးစပ္လိုစိတ္မရွိသျဖင့္ နွစ္သက္မႈကိုရယူရန္ပင္ စိတ္အားထက္သန္မႈကင္းမဲ့ၿပီး ကိုယ့္ကိုယ္ကိုပ်က္စီးရာပ်က္စီးေၾကာင္းႀကံေနသည္ဟု ေရွာင္မီဟူထံမွ အေျပာခံရသည္အထိပင္။

သို႔ပါေသာ္လဲ မည္သို႔ပင္ဆိုေစကာမူ ထိုသူမွာ သူ၏ဗီလိန္သာျဖစ္သည္။ အၾကင္သူအား အဘယ္သို႔မ်ား နာက်င္ခံစားရေအာင္ လုပ္နိုင္ပါမည္နည္း။

"ငါနားလည္ျပီ"

တစ္ဖက္လူအား ပိုင္ယြီ ၿပံဳးၿပံဳး႐ႊင္႐ႊင္နွင့္ေျပာလိုက္ေသာ္လဲ လန္ယြမ္အား ထိုေဆးမႈန္႔မ်ားကိုထည့္ေကြၽးရန္ လံုးဝစိတ္ကူးမရွိပါေပ။

"ဒါဆို ပိုင္သခင္ေလးဆီက သတင္းေကာင္းကိုပဲ ကြၽန္ေတာ္တို႔ ေစာင့္ေမ်ွာ္ေနပါ့မယ္"

ထိုသို႔ေျပာၿပီးေနာက္ အနွီလူသည္ ပိုင္ယြီအား အရိုအေသေပး၍ ျပန္ထြက္သြားေလသည္။

ထိုသူသည္ ကိုယ္ေဖာ့ပညာအရာ၌ အလြန္ေကာင္းမြန္ေသာေၾကာင့္ ဝင္ေရာက္လာဖူးေသာ အရိပ္အေယာင္ဟူ၍ပင္မက်န္ခဲ့ဘဲ ခ်က္ခ်င္းေပ်ာက္ကြယ္သြားေလသည္။

ပိုင္ယြီသည္ ၂ႀကိမ္ပင္ေတြးမေနေတာ့ဘဲ လက္ထဲတြင္ကိုင္ထားေသာေဆးမႈန္႔ထုပ္အား ျဖန္႔က်ဲခ်ကာ ၾကမ္းျပင္မွအဝါေရာင္ေျမႀကီးတို႔နွင့္ ေရာေနွာေစလိုက္သည္။

ထို႔ေနာက္ ဘာမွမျဖစ္ခဲ့သည့္အတိုင္းပင္ ၎ေဆးမႈန္႔တို႔အေပၚ၌ ေပါ့ေပါ့ပါးပါးေလး ရပ္ေနေလသည္။

[Host ဘာလို႔ေဆးမႈန္႔ေတြကို ျဖဴးပစ္လိုက္ရတာလဲ ဒီလိုသာဆို သူတို႔ေတြက ေျဖေဆးဘယ္ေပးေတာ့မွာလဲ ၿပီးေတာ့ Hostလဲ အဆိပ္ေတြလွိုက္စားခံရျပီး ေသရေတာ့မွာေပါ့]

ေရွာင္မီဟူ၏ေလသံထဲ၌ စိုးရိမ္စိတ္ေငြ႕ေငြ႕ေလး ပါဝင္ေနသည္။

"ဘာပဲျဖစ္ျဖစ္ ငါကလဲထြက္သြားခ်င္ေနတာမို႔ အဆိပ္ေၾကာင့္ေသရလဲ ကိစၥမရွိပါဘူး ငါလိုခ်င္ေနတဲ့အရာပဲမဟုတ္လား"

ပိုင္ယြီသည္ အိပ္ရာထက္၌လွဲကာ လက္၂ဖက္ေပၚ ေခါင္းတင္အံုးထားၿပီး သူ၏မ်က္နွာထက္၌
လဲ အၿပံဳးတစ္ပြင့္ ျဖစ္တည္ေနခဲ့သည္။

သို႔ေသာ္ လက္ရွိတြင္သူသည္ အဆိပ္ေသာက္လိုက္ရသျဖင့္ တစ္ကိုယ္လံုးမွ ခ်ီဓာတ္နွင့္ေသြးတို႔က ေျဗာင္းဆန္ေနၿပီး ကိုယ္တြင္းကလီစာတို႔က ဆြဲစုတ္ခံေနရသလို နာက်င္လာရသည္။

သူ၏ရင္ဘတ္အား လက္ျဖင့္ဖိထားရၿပီး သူ၏ဦးေခါင္းမွ ေခြၽးမ်ားစြာစီးက်ေနေလသည္။

သို႔ပါေသာ္လဲ ထိုအခ်ိန္၌ အခ်ိန္အခါမသင့္စြာပင္ ေက်ာေနာက္ဘက္ဆီမွ လန္ယြမ္၏အသံက ထြက္ေပၚလာခဲ့သည္။

"ဆရာတူအစ္ကို ဒီေန႔ အစားအေသာက္ေတြ သိပ္မစားဘူးလို႔ သူတို႔ေတြေျပာေနၾကတယ္"

လန္ယြမ္သည္ လက္ထဲ၌ ယာဂုတစ္ပန္းကန္ကိုင္ကာ ပိုင္ယြီ႕အနားသို႔ ေလ်ွာက္လာခဲ့သည္။

"ဆရာတူအစ္ကိုအတြက္ ဒါေလးလုပ္ေပးဖို႔ စားဖိုေဆာင္ကို ကြၽန္ေတာ္ ေသခ်ာေတာင္းဆိုထားတာ ဘာပဲျဖစ္ျဖစ္ ဝင္သေလာက္ေလးေတာ့ စားလိုက္ပါဦး"

ပိုင္ယြီသည္ ျပတင္းေပါက္အနားတြင္ လဲေလ်ာင္းေနသည္။ လန္ယြမ္ရွိရာအေနာက္ဘက္သို႔ လွည့္မၾကည့္နိုင္ခဲ့ဘဲ သူ၏ရင္ဘတ္ကိုသာ တင္းတင္းဖိထားေလသည္။

လန္ယြမ္သည္ ယာဂုပန္းကန္ကိုင္ထားေသာလက္ကို ေဘးသို႔ပို႔လိုက္ၿပီးေနာက္ ပိုင္ယြီ၏ကိုယ္ေလးအား အေနာက္ဘက္မွသိမ္းဖက္လိုက္သည္။

"ဆရာတူအစ္ကိုရဲ႕ ကိုယ္သင္းနံ႔က အရမ္းေကာင္းတာပဲ..."

လန္ယြမ္၏မ်က္နွာထက္၌ အၿပံဳးတစ္ပြင့္ျဖစ္တည္ေနၿပီး ပိုင္ယြီ၏ကိုယ္သင္းရနံ႔အား လိုက္လံရႈရွိုက္ေနသည္။

ထိုပုဂၢိဳလ္တြင္ ေမွာ္အစြမ္းတစ္မ်ိဳးမ်ိဳးရွိေနပံုပင္။ ပိုင္ယြီအား ျမင္လိုက္ရခ်ိန္တိုင္းတြင္ အၿမဲတမ္းဆြဲေဆာင္ခံရသည္။

"ဆရာတူအစ္ကို ကြၽန္ေတာ္ ယာဂုယူလာတယ္ အရင္ဆံုးေသာက္လိုက္ၾကရေအာင္"

ပိုင္ယြီ အသာအယာေခါင္းယမ္းျပလိုက္သည္။ အခုေလးတင္ အဆိပ္ေသာက္ထားရသျဖင့္ အာနိသင္တို႔က စတင္ျပသေနၿပီျဖစ္ၿပီး ထိုအာနိသင္မ်ားနည္းပါးသြားမည့္ အခ်ိန္အေတာ္ၾကာသည္အထိ လံုးဝသက္ေတာင့္သက္သာရွိမည္မဟုတ္ေပ။

"အိုး ကြၽန္ေတာ္သိၿပီ ဆရာတူအစ္ကိုက ကြၽန္ေတာ့္ကို ခြံ႕ေကြၽးေစခ်င္ေနတာပဲ"

လန္ယြမ္သည္ ယာဂုတစ္ဇြန္းစာအား ခံတြင္းထဲထည့္ငံု႔လိုက္ၿပီးေနာက္ ပိုင္ယြီ၏နႈတ္ခမ္းကို ဖိကပ္လိုက္သည္။

လ်ွာဖ်ားသည္ကား ပိုင္ယြီ၏ခံတြင္းထဲ တိုးဝင္လာၿပီး ယာဂုတို႔အား ခြံ႕ေကြၽးခ်င္ခဲ့သည္။

သို႔ပါေသာ္လဲ ထိုအခ်ိန္တြင္ ညႇီစို႔စို႔အရသာက ပိုင္ယြီ၏လည္ေခ်ာင္းထဲမွ ဆန္တက္လာသည္။

ပိုင္ယြီ၏နွလံုးက တင္းၾကပ္ေနၿပီး ေနာက္ထပ္ေသြးတစ္လုတ္စာကို အန္ခ်ေတာ့မည့္ပံုပင္။

မ်က္ေမွာင္ႀကံဳ႕ၿပီးေနာက္ လန္ယြမ္အားတြန္းထုတ္ကာ ေသြးတို႔အား ႀကိတ္မွိတ္ၿမိဳခ်လိုက္သည္။

"ခြမ္း"ခနဲျမည္သံနွင့္အတူ လန္ယြမ္ကိုင္ထားေသာ ပန္းကန္သည္လဲ ပိုင္ယြီ၏တြန္းထုတ္မႈေၾကာင့္ တစ္စစီကြဲေၾကသြားေလသည္။

က်ကြဲသြားေသာ ယာဂုပန္းကန္လံုးအားၾကည့္ေနသည့္ လန္ယြမ္၏မ်က္နွာထက္၌ ေအးစက္မႈတို႔ထင္ဟပ္လာသည္။

သူ႔နွလံုးသားက ပို၍ပင္ေအးစက္ေနေသးသည္။

သူ၏ဆရာတူအစ္ကို၌ စိတ္ရင္းမရွိသည္ကို သိထားနွင့္ၿပီးျဖစ္သည္။ အနွီလူသည္ သူ႔ကိုသေဘာမက်ရံုသာမက မုန္းပါမုန္းတီးေနေသးသည္။ ယခုအခါတြင္မူ သူ႔ကိုထိပင္မထိခ်င္ေတာ့ေခ်။

မိစၦာဂိုဏ္း၏ဂိုဏ္းခ်ဳပ္တစ္ေယာက္အေနနွင့္ ဂိုဏ္းထဲတြင္ တစ္စံုတစ္ရာ လိုအပ္သည္မ်ိဳးမရွိေပ။

ထိုသူ၏နွလံုးသားထဲတြင္မူ နတ္ဆိုးတစ္ေကာင္လို တြဲခိုေနခ်င္ခဲ့ပံုရသည္။ သို႔ေသာ္ တစ္ဖက္သူကမူ သူ႔အေပၚ၌ အႀကိမ္ႀကိမ္မ်က္ကြယ္ျပဳခဲ့သည္။

ေရွာင္ခ်င္ကပင္ ထိုသူ၏နွလံုးသားကို လွံု႔ေဆာ္ခိုင္းခဲ့သည္။ သို႔ေသာ္ ထိုသူ၏စိတ္လႈပ္ရွားမႈကို မည္သည့္ေနရာတြင္သြားေရာက္ရွာေဖြရမည္နည္း။ ဆရာတူအစ္ကိုသည္ သူ႔အေပၚ၌ ႀကိဳက္နွစ္သက္ျခင္းလံုးဝမရွိပါေခ်။

ပိုင္ယြီသည္ ကြဲေက်ေနေသာပန္းကန္လံုးကိုၾကည့္၍ စိတ္မေကာင္းျဖစ္စြာျဖင့္ ေတာင္းပန္စကားဆိုခဲ့သည္။

"လန္ယြမ္ ငါက..."

လန္ယြမ္ကမူ အက်ၤီလက္ကို ျပင္းျပင္းထန္ထန္ ခါယမ္းလိုက္သည္။

"ဆရာတူအစ္ကိုက ကြၽန္ေတာ့္ကို ဒီေလာက္ေတာင္ မုန္းတီးေနမွေတာ့ ကြၽန္ေတာ္လဲ ဘာမွမတတ္နိုင္ေတာ့ဘူးပဲ ခင္ဗ်ားက အဲ့လိုေမ်ွာ္လင့္ေနမွေတာ့ ခင္ဗ်ားေရွ႕မွာ ကြၽန္ေတာ္ ေနာက္ထပ္မေပၚလာေတာ့ဘူး"



Continue Reading

You'll Also Like

131K 15.5K 70
ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့်
25.6K 1.4K 19
❝ all i wanted was to live a quiet life, how did i end up doing gang shit? ❞ ❝ beca...
1.5K 51 6
This is a story where ayanokoji has the IQ of Rick Sanchez. So he basically has omnifabrication. If you do read this fanfic please vote on it and eve...
12.7K 93 11
This is a heartstopper book, it is based in 2021. Just pretend covid didn't happen in this world. Charlie Spring is one of the main characters in the...