ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc...

By whiteLotus2k22

18.2K 2K 47

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ် ရဲ့ book 2ပါနော် More

Arc 5.1(1)
Arc 5.1(2)
Arc 5.2(1)
Arc 5.2(2)
Arc 5.3(1)
Arc 5.3(2)
Arc 5.4(1)
Arc 5.4(2)
Arc 5.5(1)
Arc 5.5(2)
Arc 5.6(1)
Arc 5.6(2)
Arc 5.7(1)
Arc 5.8(1)
Arc 5.8(2)
Arc 5.9(1)
Arc 5.9(2)
Arc 5.10(1)
Arc 5.10(2)
Arc 5.11(1)
Arc 5.11(2)
Arc 5.12(1)
Arc 5.12(2)
Arc 5.13(1)
Arc 5.13(2)

Arc 5.7(2)

355 55 0
By whiteLotus2k22

unicode

အပိုင်း(၁၀၈)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၇.၂)

သူလိုချင်သည်က ထိုသို့သောသက်ရောက်မှုပင်။

ကြီးမြတ်လှပါသော သူတို့၏ဂိုဏ်းချုပ်ကြီးသည် လောကတစ်ခွင်မှ မည့်သူ့ကိုမဆို ကြိုက်နှစ်သက်နိုင်ပါသော်လဲ ထိုတစ်ယောက်ကိုသဘောကျ၍တော့ မရနိုင်ပါချေ။

မိစ္ဆာဂိုဏ်းမှဂိုဏ်းချုပ်သည် ကိုယ်ခံပညာမဟာမိတ်ဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်နှင့် မေတ္တာမျှနေကြသည်။

ထုတ်ပြောရုံနဲ့ပင် အမှန်တကယ် ရယ်ချင်စရာကောင်းလှသည်။

သူတို့၏ဂိုဏ်းအတွက် ဤနေ့ဤအချိန်၌ ဤသို့နေရာမျိူးတွင် ရပ်တည်နေနိုင်ရန်က အလွယ်တကူဖြစ်ခဲ့သောအရာမဟုတ်ပေ။

သူတို့၏ဂိုဏ်းချုပ်အနေနှင့် ပိုင်ယွီ၏အပြစ်အနာအဆာများကို မေ့ထားပေးနိုင်သည့်အထိ အမှန်တကယ်ကြီးမြတ်၍ လူတိုင်း၏ချစ်ခင်လေးစားခြင်းကို ခံထားရသူဖြစ်သည်။

မိမိတို့ဂိုဏ်းချုပ်အနေနှင့် တွေ့ရာမည်သူမဆိုအား နှစ်သက်၍ရနေသည့်တိုင် ကိုယ်တိုင်ဖမ်းဆီးထားသော ဝူလင်ဂိုဏ်းမှ ဂိုဏ်းချုပ်ကိုပင် သဘောကျနေသေးသည်။

ရှောင်ချင်၏အကြံပေးချက်ကို ကြားလိုက်ရသည့်တိုင် လန်ယွမ်က ဘာမှမပြောခဲ့ပေ။

မျက်ခုံးတို့ကသာ မသိမသာတွန့်ချိုးထားသည်။

မည်သည့်တို့ကို တွေးနေမှန်းကိုပင် မသိရပေ။

"ဂိုဏ်းချုပ် ကျွန်တော်ပြောတာတွေ နားထောင်နေ..."

ရှောင်ချင်၏စကားမဆုံးသေးခင်မှာပင် လန်ယွမ်က ကြားဖြတ်ပြောလာသည်။

"ထားလိုက်တော့ ဒီကိစ္စကို နောက်မှဆက်ဆွေးနွေးကြတာပေါ့"

လန်ယွမ်သည် နောက်ဆက်တွဲအကျိုးဆက်များကို မစဉ်းစားဘဲ အမြဲလုပ်တတ်ပြီး မိမိစိတ်ချမ်းသာရာကိုသာ ရွေးလုပ်တတ်သည်။

သူ၏ဆရာတူအစ်ကိုကိုဖမ်း၍ အကျဉ်းချခဲ့စဉ်ကပင် ဒေါသကြောင့် စိတ်လိုက်မာန်ပါလုပ်ခဲ့ခြင်းသာဖြစ်သည်။

သူလိုချင်သမျှက နာကျင်ခဲ့ရသောနှစ်များအတွက် လက်စားချေရန်သာဖြစ်ပြီး လေးစားရပါသော ဆရာတူအစ်ကိုအားလဲ နာကျင်မှုတို့ကို ခံစားရစေသည်။

သို့ပါသော်ငြား တစ်နေ့တွင် ကိုယ်တိုင်သည်လဲ စိုးရွံ့နေရလိမ့်မည်ဟု လန်ယွမ်မမျှော်လင့်ခဲ့ပေ။

ကိုယ်တိုင်ပင်မသိလိုက်ဘဲ တစ်စုံတစ်ရာက ပြောင်းလဲသွားသည့်အတိုင်းပင်။

လူများသည် တစ်ကြိမ်လောဘတက်မိပြီးသည်နှင့် ပို၍ပို၍သာ လိုချင်ကြတော့သည်။

ပိုင်ယွီအား သွားဆွပေးလျှင်ပင် တစ်ဖက်မှ မထူးမခြားနားပုံစံနှင့် တုံ့ပြန်လိုက်မည်ကိုလဲ အမှန်တကယ်ကြောက်ရွံ့နေသည်။

ထို့ကြောင့် သူသည် ပိုင်ယွီအား လှုံ့ဆော်ပေးနေသည်လော သို့မဟုတ် သူ့ကိုယ်သူလှုံ့ဆော်ပေးနေပါသည်လော။

ရှောင်ချင်၏အကြံပြုစကားကိုပင် နားမထောင်တော့ဘဲ လန်ယွမ် ပြတ်သားစွာပြောလိုက်သည်။

"ငါအရင်ပြန်လိုက်ဦးမယ်"

တဖြည်းဖြည်းချင်း ဝေးကွာသွားသည့် လန်ယွမ်၏နောက်ကျောပြင်ကိုကြည့်၍ ရှောင်ချင် အံတင်းတင်းကြိတ်ကာ ခြေဆောင့်နေမိသည်။

ပိုင်ယွီ သူ့ရှေ့မှလူအား စိုက်ကြည့်နေလေသည်။

တကယ်တမ်းတွင် ဤကမ္ဘာသို့ ကိုယ်ခံပညာမဟာမိတ်အဖွဲ့၏ဂိုဏ်းချုပ်အဖြစ် ပြောင်းရွေ့လာပြီးနောက် မိစ္ဆာဂိုဏ်း၏ဖမ်းချုပ်ခြင်းကို ခံထားရပြီး ကယ်တင်မည့်သူလဲ ရှိလာမည်မဟုတ်ဟု တွေးထားပြီးသားပင်။

ယခုအခါတွင် သူတွေးထင်ထားသမျှက အတိအကျဖြစ်နေခဲ့သည်။

အရှေ့တွင်ရှိနေသူသည် သူအားကယ်တင်ရန်အတွက် ထက်မြက်လှပါသော သူ၏ဂိုဏ်းသားများမှစေလွှတ်လိုက်သည့် အငယ်သားဖြစ်သည်။

ထိုသူ၏ရောက်ရှိလာမှုက မဆိုစလောက် နောက်ကျသွားရုံသာရှိသည်။ ထိုသူသည် အချိန်၁လမျှသာ နောက်ကျသွားခဲ့ပါသည်။

သူ့အပေါ်တွင်ထားသည့် ဗီလိန်၏စိတ်နေစိတ်ထားနှင့်ပက်သတ်၍ အလွန်ဒေါသထွက်ရသည်ဆိုသော်လဲ မည်သည့်ကိစ္စများရှိလာပါစေ သူ့နှလုံးသားထဲမှ ချစ်မြတ်နိုးရသူမှာ ဗီလိန်သာဖြစ်သည်။

ထို့ကြောင့်လဲ သူ့ရှေ့တွင် လူတစ်ယောက်ပေါ်လာချိန်၌ ပိုင်ယွီမှင်သက်သွားရသည်။

ဤနေရာသို့ သူရောက်နေရခြင်းမှာ တာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ ထို့ကြောင့် ဤနေရာမှထွက်သွားလျှင် မစ်ရှင်ကိုပြီးမြောက်အောင်လုပ်နိုင်တော့မည်မဟုတ်ပေ။

ဤကမ္ဘာမှဗီလိန်သည် သူ့နှလုံးသားကို အလွန်နာကျင်စေသည်။ ထို့ကြောင့် ထွက်သွားလိုက်ချင်သော်လဲ အနည်းငယ်မျှတုံ့ဆိုင်းနေရပြန်သည်။

သို့ပါသော်လဲ တစ်ဖက်လူကမူ ပိုင်ယွီ၏အတွေးများကို လုံးဝထည့်မတွက်ဘဲ လေသံမာမာနှင့်ပြောလာသည်။

"ဂိုဏ်းချုပ်..."

ဤအခေါက်၌မူ တစ်ဖက်လူသည် ထိုစကား၂လုံးကိုပြောပြီးချိန်၌ မသိလိုက်ဘာသာ ငြိမ်သက်သွားခဲ့ပြီးနောက် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်သည်။

"ပိုင်သခင်လေး"

"ပိုင်သခင်လေးတဲ့လား"

ပိုင်ယွီ အထူးအဆန်းနှင့် ကြည့်နေမိသည်။ သူ့ရှေ့မှလူ၏ ရုတ်တရက်အခေါ်အဝေါ်ပြောင်းလဲသွားခြင်းအပေါ် နားမလည်နိုင်ခဲ့ပေ။

"ဒီလိုရှိပါတယ် ပိုင်သခင်လေး သခင်လေးကို မိစ္ဆာဂိုဏ်းက ဖမ်းဆီးသွားပြီးနောက်မှာ ကိုယ်ခံပညာမဟာမိတ်ဂိုဏ်းကနေ ဂိုဏ်းချုပ်အသစ်ကို ရွေးကောက်တင်မြှောက်လိုက်ရပါတယ် ဒါကြောင့်..."

ပိုင်ယွီ အံ့သြသွားသော်လဲ သဘာဝကျကျပင် ခေါင်းငြိမ့်ပြလိုက်သည်။

သူသည် ထိုအဖွဲ့အစည်း၏ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ခဲ့သည့်တိုင် မိစ္ဆာဂိုဏ်း၏ဖမ်းဆီးခြင်းကို ခံထားရသူဖြစ်သည်။

ထိုအဖွဲ့အစည်း၌ ဦးဆောင်သူနေရာအား တစ်ရက်ကလေးမျှပင် လစ်လှပ်ထား၍မရသောကြောင့် ဂိုဏ်းချုပ်အသစ်အား ချက်ချင်းတင်မြှောက်ကြပါလိမ့်မည်။

သူ၏ရာထူးဖြစ်သော ကိုယ်ခံပညာမဟာမိတ်ဂိုဏ်းချုပ်နေရာသည်လဲ အလိုအလျှောက် ဖျက်သိမ်းခံလိုက်ရပြီဖြစ်သည်။

"မှန်ပါတယ် သခင်လေးပိုင်နဲ့မိစ္ဆာဂိုဏ်းချုပ်တို့အကြားက ပဋိပက္ခတွေကို ကြားပြီးတဲ့နောက်မှာ အသစ်တင်မြှောက်လိုက်တဲ့ဂိုဏ်းချုပ်ကနေပြီး သခင်လေးအတွက် တာဝန်တစ်ခုပေးဖို့ ကျွန်တော့်ကို အထူးတလည်တောင်းဆိုခဲ့ပါတယ်"

ပိုင်ယွီ ကယ်ရာမဲ့စွာ ပြုံးမိသွားသည်။

ကိုယ်တိုင်ကမူ ထိုသူနှင့်လိုက်သင့်မလိုက်သင့်တွေးကာ တုံ့ဆိုင်းနေပါသော်လဲ ထိုသူတို့ကမူ သူ့ကိုလာကယ်တင်ခြင်းမဟုတ်သည့်အပြင် တာဝန်ပင်လာပေးနေသေးသည်။

တစ်ဖက်လူသည် ပိုင်ယွီ၏တုံ့ပြန်မှုကိုပင် မစောင့်နေတော့ဘဲ အိတ်ကပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

ပြင်ဆင်ထားခြင်းမရှိဘဲ သတိလက်လွတ်ဖြစ်နေသော ပိုင်ယွီ၏ပုံစံကို အခွင့်ကောင်းယူကာ ထိုဆေးလုံးအား ပါးစပ်ထဲအတင်းထိုးထည့်၍ မြိုချလိုက်စေသည်။

လက်ရှိတွင် ပိုင်ယွီသည် သူ၏အတွင်းအားများနှင့် ကိုယ်ခံပညာဟူသမျှကို ဆုံးရှုံးထားရသည့်အပြင် သူ၏ခန္ဓာကိုယ်ကလဲ လန်ယွမ်၏နှိပ်စက်မှုအောက်၌ အလဲလဲအပြိုပြိုဖြစ်ခဲ့ရပြီဖြစ်၍ ခုခံနိုင်စွမ်းတို့က သုညမှတ်၌တည်နေခဲ့သည်။

ဆေးသောက်လိုက်ရပြီးနောက် ပိုင်ယွီ အလိုမကျဖြစ်သွားပြီး မျက်မှောင်ကြုံ့ထားလေသည်။

"မင်းဘာဖြစ်ချင်တာလဲ ငါမသိဘူး"

[Host အခုသူတိုက်တဲ့ဆေးလုံးဟာ အဆိပ်ပါ ဖြေဆေးသာမရှိရင် ၁၀ရက်အတွင်း အဆိပ်တွေပျံ့နှံ့သွားမှာပါ]

ပိုင်ယွီ၏မျက်ခုံးများက ပို၍ပင်တွန့်ချိုးသွားသည်။

သူ့ရှေ့မှပုဂ္ဂိုလ်သည် ယုံကြည်ရမည့်လူဟု သတ်မှတ်ခဲ့သော်လဲ ကယ်ဆယ်ပေးမည့်အကြောင်း တစ်ခွန်းမဟသည့်အပြင် ရုတ်ချည်းဆိုသလို အဆိပ်ပင်တိုက်လိုက်သေးသည်။

ထိုသူချည်းကပ်လာခြင်းအား ပိုင်ယွီခွင့်ပြုပေးလိုက်ခြင်းမှာ ဘက်တူသည်ဟူသော မူလဇာတ်ကောင်၏ မှတ်ဉာဏ်များကြောင့်ဖြစ်သည်။ ထို့ကြောင့်လဲ တစ်ဖက်လူအပေါ်၌ ယုံကြည်ချက်အချို့ထားခဲ့သည်။

သို့သော် တစ်ဖက်လူမှာ တွေ့တွေ့ချင်းမှာတင် ဤသို့လုပ်ရပ်မျိုးလုပ်လာမည်ဟု မမျှော်လင့်ထားမိခဲ့ချေ။

"သခင်လေး ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ အရေးကြီးတဲ့ကိစ္စမို့ ဒီလိုအပြစ်ကို ကျုးလွန်လိုက်ရပါတယ်"

zawgyi

အပိုင္း(၁၀၈)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၇.၂)

သူလိုခ်င္သည္က ထိုသို႔ေသာသက္ေရာက္မႈပင္။

ႀကီးျမတ္လွပါေသာ သူတို႔၏ဂိုဏ္းခ်ဳပ္ႀကီးသည္ ေလာကတစ္ခြင္မွ မည့္သူ႔ကိုမဆို ႀကိဳက္ႏွစ္သက္ႏိုင္ပါေသာ္လဲ ထိုတစ္ေယာက္ကိုသေဘာက်၍ေတာ့ မရႏိုင္ပါေခ်။

မိစာၦဂိုဏ္းမွဂိုဏ္းခ်ဳပ္သည္ ကိုယ္ခံပညာမဟာမိတ္ဂိုဏ္းတစ္ခုမွ ဂိုဏ္းခ်ဳပ္ႏွင့္ ေမတၱာမွ်ေနၾကသည္။

ထုတ္ေျပာ႐ုံနဲ႔ပင္ အမွန္တကယ္ ရယ္ခ်င္စရာေကာင္းလွသည္။

သူတို႔၏ဂိုဏ္းအတြက္ ဤေန႔ဤအခ်ိန္၌ ဤသို႔ေနရာမ်ိဴးတြင္ ရပ္တည္ေနႏိုင္ရန္က အလြယ္တကူျဖစ္ခဲ့ေသာအရာမဟုတ္ေပ။

သူတို႔၏ဂိုဏ္းခ်ဳပ္အေနႏွင့္ ပိုင္ယြီ၏အျပစ္အနာအဆာမ်ားကို ေမ့ထားေပးႏိုင္သည့္အထိ အမွန္တကယ္ႀကီးျမတ္၍ လူတိုင္း၏ခ်စ္ခင္ေလးစားျခင္းကို ခံထားရသူျဖစ္သည္။

မိမိတို႔ဂိုဏ္းခ်ဳပ္အေနႏွင့္ ေတြ႕ရာမည္သူမဆိုအား ႏွစ္သက္၍ရေနသည့္တိုင္ ကိုယ္တိုင္ဖမ္းဆီးထားေသာ ဝူလင္ဂိုဏ္းမွ ဂိုဏ္းခ်ဳပ္ကိုပင္ သေဘာက်ေနေသးသည္။

ေရွာင္ခ်င္၏အႀကံေပးခ်က္ကို ၾကားလိုက္ရသည့္တိုင္ လန္ယြမ္က ဘာမွမေျပာခဲ့ေပ။

မ်က္ခုံးတို႔ကသာ မသိမသာတြန႔္ခ်ိဳးထားသည္။

မည္သည့္တို႔ကို ေတြးေနမွန္းကိုပင္ မသိရေပ။

"ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ္ေျပာတာေတြ နားေထာင္ေန..."

ေရွာင္ခ်င္၏စကားမဆုံးေသးခင္မွာပင္ လန္ယြမ္က ၾကားျဖတ္ေျပာလာသည္။

"ထားလိုက္ေတာ့ ဒီကိစၥကို ေနာက္မွဆက္ေဆြးေႏြးၾကတာေပါ့"

လန္ယြမ္သည္ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားကို မစဥ္းစားဘဲ အၿမဲလုပ္တတ္ၿပီး မိမိစိတ္ခ်မ္းသာရာကိုသာ ေ႐ြးလုပ္တတ္သည္။

သူ၏ဆရာတူအစ္ကိုကိုဖမ္း၍ အက်ဥ္းခ်ခဲ့စဥ္ကပင္ ေဒါသေၾကာင့္ စိတ္လိုက္မာန္ပါလုပ္ခဲ့ျခင္းသာျဖစ္သည္။

သူလိုခ်င္သမွ်က နာက်င္ခဲ့ရေသာႏွစ္မ်ားအတြက္ လက္စားေခ်ရန္သာျဖစ္ၿပီး ေလးစားရပါေသာ ဆရာတူအစ္ကိုအားလဲ နာက်င္မႈတို႔ကို ခံစားရေစသည္။

သို႔ပါေသာ္ျငား တစ္ေန႔တြင္ ကိုယ္တိုင္သည္လဲ စိုး႐ြံ႕ေနရလိမ့္မည္ဟု လန္ယြမ္မေမွ်ာ္လင့္ခဲ့ေပ။

ကိုယ္တိုင္ပင္မသိလိုက္ဘဲ တစ္စုံတစ္ရာက ေျပာင္းလဲသြားသည့္အတိုင္းပင္။

လူမ်ားသည္ တစ္ႀကိမ္ေလာဘတက္မိၿပီးသည္ႏွင့္ ပို၍ပို၍သာ လိုခ်င္ၾကေတာ့သည္။

ပိုင္ယြီအား သြားဆြေပးလွ်င္ပင္ တစ္ဖက္မွ မထူးမျခားနားပုံစံႏွင့္ တုံ႔ျပန္လိုက္မည္ကိုလဲ အမွန္တကယ္ေၾကာက္႐ြံ႕ေနသည္။

ထို႔ေၾကာင့္ သူသည္ ပိုင္ယြီအား လႈံ႕ေဆာ္ေပးေနသည္ေလာ သို႔မဟုတ္ သူ႔ကိုယ္သူလႈံ႕ေဆာ္ေပးေနပါသည္ေလာ။

ေရွာင္ခ်င္၏အႀကံျပဳစကားကိုပင္ နားမေထာင္ေတာ့ဘဲ လန္ယြမ္ ျပတ္သားစြာေျပာလိုက္သည္။

"ငါအရင္ျပန္လိုက္ဦးမယ္"

တျဖည္းျဖည္းခ်င္း ေဝးကြာသြားသည့္ လန္ယြမ္၏ေနာက္ေက်ာျပင္ကိုၾကည့္၍ ေရွာင္ခ်င္ အံတင္းတင္းႀကိတ္ကာ ေျခေဆာင့္ေနမိသည္။

ပိုင္ယြီ သူ႔ေရွ႕မွလူအား စိုက္ၾကည့္ေနေလသည္။

တကယ္တမ္းတြင္ ဤကမာၻသို႔ ကိုယ္ခံပညာမဟာမိတ္အဖြဲ႕၏ဂိုဏ္းခ်ဳပ္အျဖစ္ ေျပာင္းေ႐ြ႕လာၿပီးေနာက္ မိစာၦဂိုဏ္း၏ဖမ္းခ်ဳပ္ျခင္းကို ခံထားရၿပီး ကယ္တင္မည့္သူလဲ ရွိလာမည္မဟုတ္ဟု ေတြးထားၿပီးသားပင္။

ယခုအခါတြင္ သူေတြးထင္ထားသမွ်က အတိအက်ျဖစ္ေနခဲ့သည္။

အေရွ႕တြင္ရွိေနသူသည္ သူအားကယ္တင္ရန္အတြက္ ထက္ျမက္လွပါေသာ သူ၏ဂိုဏ္းသားမ်ားမွေစလႊတ္လိုက္သည့္ အငယ္သားျဖစ္သည္။

ထိုသူ၏ေရာက္ရွိလာမႈက မဆိုစေလာက္ ေနာက္က်သြား႐ုံသာရွိသည္။ ထိုသူသည္ အခ်ိန္၁လမွ်သာ ေနာက္က်သြားခဲ့ပါသည္။

သူ႔အေပၚတြင္ထားသည့္ ဗီလိန္၏စိတ္ေနစိတ္ထားႏွင့္ပက္သတ္၍ အလြန္ေဒါသထြက္ရသည္ဆိုေသာ္လဲ မည္သည့္ကိစၥမ်ားရွိလာပါေစ သူ႔ႏွလုံးသားထဲမွ ခ်စ္ျမတ္ႏိုးရသူမွာ ဗီလိန္သာျဖစ္သည္။

ထို႔ေၾကာင့္လဲ သူ႔ေရွ႕တြင္ လူတစ္ေယာက္ေပၚလာခ်ိန္၌ ပိုင္ယြီမွင္သက္သြားရသည္။

ဤေနရာသို႔ သူေရာက္ေနရျခင္းမွာ တာဝန္ထမ္းေဆာင္ရန္ျဖစ္သည္။ ထို႔ေၾကာင့္ ဤေနရာမွထြက္သြားလွ်င္ မစ္ရွင္ကိုၿပီးေျမာက္ေအာင္လုပ္ႏိုင္ေတာ့မည္မဟုတ္ေပ။

ဤကမာၻမွဗီလိန္သည္ သူ႔ႏွလုံးသားကို အလြန္နာက်င္ေစသည္။ ထို႔ေၾကာင့္ ထြက္သြားလိုက္ခ်င္ေသာ္လဲ အနည္းငယ္မွ်တုံ႔ဆိုင္းေနရျပန္သည္။

သို႔ပါေသာ္လဲ တစ္ဖက္လူကမူ ပိုင္ယြီ၏အေတြးမ်ားကို လုံးဝထည့္မတြက္ဘဲ ေလသံမာမာႏွင့္ေျပာလာသည္။

"ဂိုဏ္းခ်ဳပ္..."

ဤအေခါက္၌မူ တစ္ဖက္လူသည္ ထိုစကား၂လုံးကိုေျပာၿပီးခ်ိန္၌ မသိလိုက္ဘာသာ ၿငိမ္သက္သြားခဲ့ၿပီးေနာက္ အေခၚအေဝၚကို ေျပာင္းလဲလိုက္သည္။

"ပိုင္သခင္ေလး"

"ပိုင္သခင္ေလးတဲ့လား"

ပိုင္ယြီ အထူးအဆန္းႏွင့္ ၾကည့္ေနမိသည္။ သူ႔ေရွ႕မွလူ၏ ႐ုတ္တရက္အေခၚအေဝၚေျပာင္းလဲသြားျခင္းအေပၚ နားမလည္ႏိုင္ခဲ့ေပ။

"ဒီလိုရွိပါတယ္ ပိုင္သခင္ေလး သခင္ေလးကို မိစာၦဂိုဏ္းက ဖမ္းဆီးသြားၿပီးေနာက္မွာ ကိုယ္ခံပညာမဟာမိတ္ဂိုဏ္းကေန ဂိုဏ္းခ်ဳပ္အသစ္ကို ေ႐ြးေကာက္တင္ေျမႇာက္လိုက္ရပါတယ္ ဒါေၾကာင့္..."

ပိုင္ယြီ အံ့ၾသသြားေသာ္လဲ သဘာဝက်က်ပင္ ေခါင္းၿငိမ့္ျပလိုက္သည္။

သူသည္ ထိုအဖြဲ႕အစည္း၏ဂိုဏ္းခ်ဳပ္တစ္ေယာက္ျဖစ္ခဲ့သည့္တိုင္ မိစာၦဂိုဏ္း၏ဖမ္းဆီးျခင္းကို ခံထားရသူျဖစ္သည္။

ထိုအဖြဲ႕အစည္း၌ ဦးေဆာင္သူေနရာအား တစ္ရက္ကေလးမွ်ပင္ လစ္လွပ္ထား၍မရေသာေၾကာင့္ ဂိုဏ္းခ်ဳပ္အသစ္အား ခ်က္ခ်င္းတင္ေျမႇာက္ၾကပါလိမ့္မည္။

သူ၏ရာထူးျဖစ္ေသာ ကိုယ္ခံပညာမဟာမိတ္ဂိုဏ္းခ်ဳပ္ေနရာသည္လဲ အလိုအေလွ်ာက္ ဖ်က္သိမ္းခံလိုက္ရၿပီျဖစ္သည္။

"မွန္ပါတယ္ သခင္ေလးပိုင္နဲ႔မိစာၦဂိုဏ္းခ်ဳပ္တို႔အၾကားက ပဋိပကၡေတြကို ၾကားၿပီးတဲ့ေနာက္မွာ အသစ္တင္ေျမႇာက္လိုက္တဲ့ဂိုဏ္းခ်ဳပ္ကေနၿပီး သခင္ေလးအတြက္ တာဝန္တစ္ခုေပးဖို႔ ကြၽန္ေတာ့္ကို အထူးတလည္ေတာင္းဆိုခဲ့ပါတယ္"

ပိုင္ယြီ ကယ္ရာမဲ့စြာ ၿပဳံးမိသြားသည္။

ကိုယ္တိုင္ကမူ ထိုသူႏွင့္လိုက္သင့္မလိုက္သင့္ေတြးကာ တုံ႔ဆိုင္းေနပါေသာ္လဲ ထိုသူတို႔ကမူ သူ႔ကိုလာကယ္တင္ျခင္းမဟုတ္သည့္အျပင္ တာဝန္ပင္လာေပးေနေသးသည္။

တစ္ဖက္လူသည္ ပိုင္ယြီ၏တုံ႔ျပန္မႈကိုပင္ မေစာင့္ေနေတာ့ဘဲ အိတ္ကပ္ထဲမွ ေဆးလုံးတစ္လုံးကို ထုတ္ယူလိုက္သည္။

ျပင္ဆင္ထားျခင္းမရွိဘဲ သတိလက္လြတ္ျဖစ္ေနေသာ ပိုင္ယြီ၏ပုံစံကို အခြင့္ေကာင္းယူကာ ထိုေဆးလုံးအား ပါးစပ္ထဲအတင္းထိုးထည့္၍ ၿမိဳခ်လိုက္ေစသည္။

လက္ရွိတြင္ ပိုင္ယြီသည္ သူ၏အတြင္းအားမ်ားႏွင့္ ကိုယ္ခံပညာဟူသမွ်ကို ဆုံးရႈံးထားရသည့္အျပင္ သူ၏ခႏၶာကိုယ္ကလဲ လန္ယြမ္၏ႏွိပ္စက္မႈေအာက္၌ အလဲလဲအၿပိဳၿပိဳျဖစ္ခဲ့ရၿပီျဖစ္၍ ခုခံႏိုင္စြမ္းတို႔က သုညမွတ္၌တည္ေနခဲ့သည္။

ေဆးေသာက္လိုက္ရၿပီးေနာက္ ပိုင္ယြီ အလိုမက်ျဖစ္သြားၿပီး မ်က္ေမွာင္ႀကဳံ႕ထားေလသည္။

"မင္းဘာျဖစ္ခ်င္တာလဲ ငါမသိဘူး"

[Host အခုသူတိုက္တဲ့ေဆးလုံးဟာ အဆိပ္ပါ ေျဖေဆးသာမရွိရင္ ၁၀ရက္အတြင္း အဆိပ္ေတြပ်ံ႕ႏွံ႔သြားမွာပါ]

ပိုင္ယြီ၏မ်က္ခုံးမ်ားက ပို၍ပင္တြန႔္ခ်ိဳးသြားသည္။

သူ႔ေရွ႕မွပုဂၢိဳလ္သည္ ယုံၾကည္ရမည့္လူဟု သတ္မွတ္ခဲ့ေသာ္လဲ ကယ္ဆယ္ေပးမည့္အေၾကာင္း တစ္ခြန္းမဟသည့္အျပင္ ႐ုတ္ခ်ည္းဆိုသလို အဆိပ္ပင္တိုက္လိုက္ေသးသည္။

ထိုသူခ်ည္းကပ္လာျခင္းအား ပိုင္ယြီခြင့္ျပဳေပးလိုက္ျခင္းမွာ ဘက္တူသည္ဟူေသာ မူလဇာတ္ေကာင္၏ မွတ္ဉာဏ္မ်ားေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္လဲ တစ္ဖက္လူအေပၚ၌ ယုံၾကည္ခ်က္အခ်ိဳ႕ထားခဲ့သည္။

သို႔ေသာ္ တစ္ဖက္လူမွာ ေတြ႕ေတြ႕ခ်င္းမွာတင္ ဤသို႔လုပ္ရပ္မ်ိဳးလုပ္လာမည္ဟု မေမွ်ာ္လင့္ထားမိခဲ့ေခ်။

"သခင္ေလး ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကိုခြင့္လႊတ္ေပးပါ အေရးႀကီးတဲ့ကိစၥမို႔ ဒီလိုအျပစ္ကို က်ဳးလြန္လိုက္ရပါတယ္"


Continue Reading

You'll Also Like

9.3K 1.7K 24
|Taufan x Reader| Aku hanya pengacara yang ditabrak lari oleh oposisiku di persidangan alot sebelumnya karena aku membela seorang nenek-nenek pencuri...
1K 61 8
𝐀 𝐓𝐇𝐎𝐔𝐒𝐀𝐍𝐃 𝐋𝐈𝐕𝐄𝐒 a simple story where natasha romanoff meets someone who's just as good at persuasion as she post 1st avengers | 2012 n...
1.5K 51 6
This is a story where ayanokoji has the IQ of Rick Sanchez. So he basically has omnifabrication. If you do read this fanfic please vote on it and eve...
12.8K 93 11
This is a heartstopper book, it is based in 2021. Just pretend covid didn't happen in this world. Charlie Spring is one of the main characters in the...