ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc...

By whiteLotus2k22

18.4K 2K 47

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ် ရဲ့ book 2ပါနော် More

Arc 5.1(1)
Arc 5.1(2)
Arc 5.2(1)
Arc 5.2(2)
Arc 5.3(1)
Arc 5.3(2)
Arc 5.4(1)
Arc 5.4(2)
Arc 5.5(1)
Arc 5.5(2)
Arc 5.6(1)
Arc 5.6(2)
Arc 5.7(2)
Arc 5.8(1)
Arc 5.8(2)
Arc 5.9(1)
Arc 5.9(2)
Arc 5.10(1)
Arc 5.10(2)
Arc 5.11(1)
Arc 5.11(2)
Arc 5.12(1)
Arc 5.12(2)
Arc 5.13(1)
Arc 5.13(2)

Arc 5.7(1)

368 57 0
By whiteLotus2k22

unicode

အပိုင်း(၁၀၇)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၇.၁)

ရှောင်မီဟူသည် သူ၏Hostအပေါ် အလွန်လေးစားနေခဲ့သည်။

အခြားSystemတို့၏ Hostများသည် ပစ်မှတ်ကိုအမိဖမ်းနိုင်ရန် အကောင်းဆုံးကြိုးစားနေချိန်၌ သူ၏Hostကမူ ဘာမှလုပ်စရာမလိုဘဲ နှစ်သက်မှုတို့က ဆက်တိုက်တိုးလာနေသည်။

[Host ထပ်တက်လာပြန်ပြီ အရမ်းကောင်းတာပဲ အပေါင်းဘက်ဆီရောက်လာပြီ]

ပိုင်ယွီကမူ အေးတိအေးစက်နှင့် ရွှင်မြူးမှုကင်းမဲ့နေဆဲဖြစ်ပြီး ခပ်ပေါ့ပေါ့သာဖြေလိုက်သည်။

"အိုး"

[Host ဘာလို့များ ဒီလောက်တောင်တိတ်ဆိတ်နေရတာလဲ]

ရှောင်မီဟူ၏စိတ်ထဲ၌ သံမဏိမဖြစ်လာသော သံကိုမုန်းတီးနေသည့် ခံစားချက်ရှိသည်။

ဤကမ္ဘာမှဗီလိန်သည် နည်းဗျူဟာအရာ၌ ထက်မြက်လွန်းသည်။ ပိုင်ယွီက ငြိမ်နေလျှင်ပင် နှစ်သက်မှုက တက်လာနေလိမ့်မည်။

ဤသည်က သူ၏Hostမှ ဗီလိန်ကိုဆွဲဆောင်နေခြင်းမဟုတ် ဗီလိန်ကသာ သူ၏Hostအား ဆွဲဆောင်နေခြင်းသာဖြစ်သည်။

တကယ်တမ်းတွင် သူတို့Hostအတွက် အနည်းငယ်ခက်ခဲသောအလုပ်တိုင်းတွင် ဗီလိန်၏နှစ်သက်မှုတို့က တိုးတက်မှုမြန်ဆန်သည်ကို ရှောင်မီဟူတွေ့ဖူးသည်။

သို့ပါသော်လဲ ပိုင်ယွီကမူ ရှောင်မီဟူအား ဘာမှပြန်မပြောဘဲ ခေါင်းကိုလက်ထောက်ကာ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေလေသည်။

အဘယ်ကြောင့်မတက်ကြွရပါသနည်း။

အဘယ့်ကြောင့်ဆိုသော် လန်ယွမ်လိုချင်သမျှက လိင်ဆက်ဆံခြင်းနှင့် သူ၏ခန္ဓာကိုယ်သာဖြစ်သည်။

လန်ယွမ်ပြောခဲ့သည့်စကားကို ပိုင်ယွီလုံးဝမမေ့လိမ့်မည်မဟုတ်ပေ။

'ကျွန်တော်က ဆရာတူအစ်ကိုရဲ့ခန္ဓာကိုယ်ကို သဘောကျတာ...'

တကယ်တမ်းတွင် ထိုသို့သောစိတ်ကူးများနှင့် သူ့အနားချည်းကပ်လာသည်ကို သိထားပါသော်ငြား တစ်ဖက်လူ၏လှည့်ကွက်များကြား၌ အမြဲလိုလိုမျောပါသွားတတ်သော သူ့ကိုယ်သူလဲ မုန်းတီးမိသည်။

ထိုသို့ဖြစ်နေသည့် သူ့ကိုသူလဲ အမှန်တကယ်မုန်းတီးမိပါသည်။

"ရှောင်ချင် တစ်စုံတစ်ယောက်ရဲ့နှလုံးသားကို ဘယ်လိုပုံစံမျိုးနဲ့ အနိုင်ယူနိုင်မယ်လို့ မင်းထင်လဲ"

သူ့ရှေ့တွင် စိတ်ပျက်လက်ပျက်မျက်နှာထားနှင့် ရပ်နေသူအား လန်ယွမ်ကြည့်လိုက်သည်။ ထိုသူသည် စုဝေးပွဲနေ့၌ သူဖက်ထားခဲ့သူဖြစ်သည်။

ထိုသူများသည် ဆောင်ကြာမြိုင်တွင် နေထိုင်ခဲ့သဖြင့် လူတို့၏စိတ်နှလုံးကို နှစ်သိမ့်တတ်သည်။

သူ့အနေနှင့် ပို၍စိတ်မကျေမနပ်ဖြစ်လာသည်ဟု လန်ယွမ်ခံစားနေရသည်။

မူလက သူထင်ထားခဲ့သလိုပင် ပိုင်ယွီ၏ခန္ဓာကိုယ်ကိုလဲ အပိုင်ရခဲ့သည်။

သို့သော် သူ့အားထေ့ငေါ့နေသည့် ပိုင်ယွီနှင့်ရင်ဆိုင်ရချိန်တိုင်းတွင် အမြဲတမ်းစိတ်မသက်မသာဖြစ်ရသည်။

ပိုင်ယွီအား မရယူခင်ကမူ သူ့နံဘေးတွင် ဖမ်းချုပ်ထားရုံနှင့် ကျေနပ်နိုင်မည်ဟုထင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ အလွန်လောဘတက်လာပြီး ထိုသူ၏နှလုံးသားကို အရယူချင်လာပြန်သည်။

"ဂိုဏ်းချုပ်ပြောနေတာက စုဝေးပွဲနေ့တုန်းကပေါ်လာခဲ့တဲ့ ကိုယ်ခံပညာဂိုဏ်းချုပ်ဆိုတဲ့ ဟိုတစ်ယောက်အကြောင်းလား"

လန်ယွမ်က မငြင်းဆန်ပဲ ထပ်မံမေးမြန်းနေသည်။

"သူ့နှလုံးသားကို မင်းဘယ်လိုအနိုင်ယူမလဲ"

"ဂိုဏ်းချုပ်မမေ့လိုက်ပါနဲ့ အဲ့ဒီပိုင်ယွီက ဂိုဏ်းချုပ်ကို သတ်မလို့လုပ်ခဲ့တာပါ"

ရုတ်တရက်ဆိုသလို ရှောင်ချင် တုန်လှုပ်သွားခဲ့သည်။

"သူ့ကို လက်စားမချေချင်တော့ဘူးလား"

လန်ယွမ်၏မျက်နှာ ချက်ချင်းပျက်ယွင်းသွားသည်။

'လက်စားချေတာလား'

ပြင်းထန်သောဝေဒနာသည် သူ့အား နေ့နေ့ညညနာကျင်စေခဲ့သည်။ ထိုအချိန်ကမူ ပိုင်ယွီအား အမှန်တကယ်သေစေချင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ ထိုသူအား သူ့ရင်ခွင်ထဲ၌ အမြဲတမ်းထွေးပွေ့ထားရန် မစောင့်ဆိုင်းနိုင်တော့ပေ။

သို့ပါသော်ငြား သူပြောထွက်ခဲ့သည့် စကားလုံးများကမူ...

"ငါအဲ့လိုပြောမိလို့လား ငါက သူ့နှလုံးသားကို အရယူချင်တယ် ပြီးရင်တော့ နင်းချေပစ်မှာ"

"တကယ်လား"

ရှောင်ချင်၏မျက်နှာက ပြုံးတဝက်မဲ့တဝက်နှင့်ပင်။

"ဒီကိစ္စမှာ ဂိုဏ်းချုပ်က သူ့ကိုလှုံ့ဆော်ပေးလို့ရတယ်လို့ ကျွန်တော်ထင်တယ်"

လန်ယွမ် မျက်မှောင်ကြုံ့ထားသည်။

"ဘာကိုဆိုလိုတာလဲ"

ရှောင်ချင်သည် လန်ယွမ်၏လက်ကိုဆွဲယူ၍ သူ၏ပျော့ပျောင်းသောခန္ဓာကိုယ်အား လန်ယွမ်၏လက်မောင်းကြားထဲ တမင်တကာတိုးဝင်လိုက်သည်။

ရွံရှာမှုကြောင့် ထိုသူအား လန်ယွမ်ချက်ချင်းတွန်းထုတ်ပစ်လိုက်ချင်သည်။

သူနှင့်ထိုကောင်လေးများသည် အတူအိပ်ဖူးသည့်ဆက်ဆံရေးဖြစ်သည့်တိုင် အမှန်တကယ်ထိတွေ့ခြင်းမျိုး မလုပ်ခဲ့ဖူးပေ။

သို့ပါသော်လဲ မတွန်းထုတ်ချင်မှာပင် ရှောင်ချင်၏ တခစ်ခစ်ရယ်သံကို ကြားလိုက်ရသည်။

"ဂိုဏ်းချုပ် ကျွန်တော့်ကို တွန်းထုတ်ဖို့ အလျင်မလိုပါနဲ့ဦး ဂိုဏ်းချုပ်တို့ဆရာတူအစ်ကိုရဲ့ နှလုံးသားလေးကို အရမယူချင်ဘူးလား ဒါဆို သူတွေ့သွားအောင် ကျွန်တော့်ကို ဒီပုံစံအတိုင်းခေါ်သွားလေ ဒါဆိုရင် သူလဲခပ်မြန်မြန်ဖိအားပေးခံရမှာမို့ စစ်မှန်တဲ့နှလုံးသားကို တွေ့ချင်တွေ့သွားမှာပေါ့"

ရှောင်ချင်၏စကားကို ကြားလိုက်ရသောအခါ လန်ယွမ် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

ဤနေ့များတွင် ခါတိုင်းကဲ့သို့ ပိုင်ယွီနှင့်အတူ မအိပ်ဖြစ်သော်လဲ ထိုသူအား နေ့စဉ်နေ့တိုင်း သူ၏ရင်ခွင်ထဲ၌ ပွေ့ဖက်ထားခဲ့သည်။

သူသည် နတ်ဆိုးတစ်ပါး၏လွှမ်းမိုးမှုကိုခံနေရသလိုမျိုး လန်ယွမ်ခံစားနေရသည်။ ပိုင်ယွီအားတွေ့ရသည်အခါတိုင်းတွင် ထိုသူနှင့်ကိုယ်လက်နှီးနှောချင်ပြီး မတွေ့ရသည့်အခါများ၌မူ စိတ်ထဲ၌စိုးမိုးနေပြန်သည်။

အရိုးထဲစွဲအောင် မုန်းတီးနေသင့်ပါသောထိုသူက သူ့ကိုအမြဲစိတ်ပူပန်စေသည်။

ဆရာတူအစ်ကိုကဲ့သို့လူမျိုးသည် သူ့အတွက် စိတ်ရင်းနှင့်နှလုံးသားကို ထုတ်ပေးပါမည်လော။

ထိုအကြောင်းတွေးမိသောအခါ လန်ယွမ်၏နှလုံးသားထဲ၌ အဆုံးမဲ့သောခါးသက်မှုတို့ ပြည့်နှက်သွားသည်။

ရှောင်ချင်အား ပိုင်ယွီ၏ရှေ့သို့ ခေါ်သွားပြလျှင်ပင် ပိုင်ယွီထံမှ ထူးခြားမှုမပြလာမည်ကို သူကြောက်လန့်နေမိသည်။

သူ၏ဆရာတူအစ်ကိုက အေးစက်သောနှလုံးသားရှိသူဖြစ်သည်။

ရှောင်ချင်အား အဖြေတန်းမပေးဘဲ မျက်မှောင်ကြုံ့ထားပြီး "ငါထပ်တွေးကြည့်ပါဦးမယ်"

"ဂိုဏ်းချုပ်ရယ် ဘာတွေးနေစရာရှိသေးလို့လဲ"

ရှောင်ချင်သည် လန်ယွမ်၏လက်ကို ငြင်သာစွာဆုပ်ကိုင်၍ ပြုံးပြလိုက်သည်။

"ကျွန်တော့်အထင်တော့ ဒါကသာ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ ဂိုဏ်းချုပ်ရဲ့ဆရာတူအစ်ကိုက သစ်သားရုပ်ကြီးလိုပဲ ဒီလိုသာတွန်းအားမပေးရင် သူ့နှလုံးသားကို ဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူး"

ရှောင်ချင်၏စကားပြောပုံများအရ ကြင်နာတတ်သူဟုထင်နိုင်သော်လဲ ထိုသူ၏မျက်လုံးထဲ၌ ကောက်ကျစ်မှုတို့ရှိနေလေသည်။

ထိုနေ့က ပိုင်ယွီဆိုသောသူသည် ဂိုဏ်းချုပ်ကြောင့် ဒေါသထွက်လွန်းပြီး သွေးပါအန်ခဲ့သည်။

ဂိုဏ်းချုပ်အတွက် နှလုံးသားမရှိဟု မည်သို့ဆိုနိုင်ပါမည်နည်း။

တခါတရံ၌ စိတ်လှုပ်ရှားစရာများကို ဖန်တီးခြင်းကလဲ အဆင်ပြေပါသည်။

သို့သော် တရားလွန်သွားခဲ့လျှင် နှလုံးသားရှိနေသည့်တိုင် နှလုံးသားမဲ့သူတစ်ယောက်အဖြစ် အမှန်တကယ်ပြောင်းလဲသွားပါလိမ့်မည်။

zawgyi

အပိုင္း(၁၀၇)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၇.၁)

ေရွာင္မီဟူသည္ သူ၏Hostအေပၚ အလြန္ေလးစားေနခဲ့သည္။

အျခားSystemတို႔၏ Hostမ်ားသည္ ပစ္မွတ္ကိုအမိဖမ္းနိုင္ရန္ အေကာင္းဆံုးႀကိဳးစားေနခ်ိန္၌ သူ၏Hostကမူ ဘာမွလုပ္စရာမလိုဘဲ နွစ္သက္မႈတို႔က ဆက္တိုက္တိုးလာေနသည္။

[Host ထပ္တက္လာျပန္ၿပီ အရမ္းေကာင္းတာပဲ အေပါင္းဘက္ဆီေရာက္လာၿပီ]

ပိုင္ယြီကမူ ေအးတိေအးစက္နွင့္ ႐ႊင္ျမဴးမႈကင္းမဲ့ေနဆဲျဖစ္ၿပီး ခပ္ေပါ့ေပါ့သာေျဖလိုက္သည္။

"အိုး"

[Host ဘာလို႔မ်ား ဒီေလာက္ေတာင္တိတ္ဆိတ္ေနရတာလဲ]

ေရွာင္မီဟူ၏စိတ္ထဲ၌ သံမဏိမျဖစ္လာေသာ သံကိုမုန္းတီးေနသည့္ ခံစားခ်က္ရွိသည္။

ဤကမၻာမွဗီလိန္သည္ နည္းဗ်ဴဟာအရာ၌ ထက္ျမက္လြန္းသည္။ ပိုင္ယြီက ၿငိမ္ေနလ်ွင္ပင္ နွစ္သက္မႈက တက္လာေနလိမ့္မည္။

ဤသည္က သူ၏Hostမွ ဗီလိန္ကိုဆြဲေဆာင္ေနျခင္းမဟုတ္ ဗီလိန္ကသာ သူ၏Hostအား ဆြဲေဆာင္ေနျခင္းသာျဖစ္သည္။

တကယ္တမ္းတြင္ သူတို႔Hostအတြက္ အနည္းငယ္ခက္ခဲေသာအလုပ္တိုင္းတြင္ ဗီလိန္၏နွစ္သက္မႈတို႔က တိုးတက္မႈျမန္ဆန္သည္ကို ေရွာင္မီဟူေတြ႕ဖူးသည္။

သို႔ပါေသာ္လဲ ပိုင္ယြီကမူ ေရွာင္မီဟူအား ဘာမွျပန္မေျပာဘဲ ေခါင္းကိုလက္ေထာက္ကာ ျပတင္းေပါက္အျပင္ဘက္ကိုသာ ေငးၾကည့္ေနေလသည္။

အဘယ္ေၾကာင့္မတက္ႂကြရပါသနည္း။

အဘယ့္ေၾကာင့္ဆိုေသာ္ လန္ယြမ္လိုခ်င္သမ်ွက လိင္ဆက္ဆံျခင္းနွင့္ သူ၏ခနၶာကိုယ္သာျဖစ္သည္။

လန္ယြမ္ေျပာခဲ့သည့္စကားကို ပိုင္ယြီလံုးဝမေမ့လိမ့္မည္မဟုတ္ေပ။

'ကြၽန္ေတာ္က ဆရာတူအစ္ကိုရဲ႕ခနၶာကိုယ္ကို သေဘာက်တာ...'

တကယ္တမ္းတြင္ ထိုသို႔ေသာစိတ္ကူးမ်ားနွင့္ သူ႔အနားခ်ည္းကပ္လာသည္ကို သိထားပါေသာ္ျငား တစ္ဖက္လူ၏လွည့္ကြက္မ်ားၾကား၌ အၿမဲလိုလိုေမ်ာပါသြားတတ္ေသာ သူ႔ကိုယ္သူလဲ မုန္းတီးမိသည္။

ထိုသို႔ျဖစ္ေနသည့္ သူ႔ကိုသူလဲ အမွန္တကယ္မုန္းတီးမိပါသည္။

"ေရွာင္ခ်င္ တစ္စံုတစ္ေယာက္ရဲ႕နွလံုးသားကို ဘယ္လိုပံုစံမ်ိဳးနဲ႔ အနိုင္ယူႏိုင္မယ္လို႔ မင္းထင္လဲ"

သူ႔ေရွ႕တြင္ စိတ္ပ်က္လက္ပ်က္မ်က္နွာထားနွင့္ ရပ္ေနသူအား လန္ယြမ္ၾကည့္လိုက္သည္။ ထိုသူသည္ စုေဝးပြဲေန႔၌ သူဖက္ထားခဲ့သူျဖစ္သည္။

ထိုသူမ်ားသည္ ေဆာင္ၾကာၿမိဳင္တြင္ ေနထိုင္ခဲ့သျဖင့္ လူတို႔၏စိတ္နွလံုးကို နွစ္သိမ့္တတ္သည္။

သူ႔အေနနွင့္ ပို၍စိတ္မေက်မနပ္ျဖစ္လာသည္ဟု လန္ယြမ္ခံစားေနရသည္။

မူလက သူထင္ထားခဲ့သလိုပင္ ပိုင္ယြီ၏ခနၶာကိုယ္ကိုလဲ အပိုင္ရခဲ့သည္။

သို႔ေသာ္ သူ႔အားေထ့ေငါ့ေနသည့္ ပိုင္ယြီနွင့္ရင္ဆိုင္ရခ်ိန္တိုင္းတြင္ အၿမဲတမ္းစိတ္မသက္မသာျဖစ္ရသည္။

ပိုင္ယြီအား မရယူခင္ကမူ သူ႔နံေဘးတြင္ ဖမ္းခ်ဳပ္ထားရံုနွင့္ ေက်နပ္နိုင္မည္ဟုထင္ခဲ့သည္။

သို႔ေသာ္ ယခုအခါတြင္မူ အလြန္ေလာဘတက္လာၿပီး ထိုသူ၏နွလံုးသားကို အရယူခ်င္လာျပန္သည္။

"ဂိုဏ္းခ်ဳပ္ေျပာေနတာက စုေဝးပြဲေန႔တုန္းကေပၚလာခဲ့တဲ့ ကိုယ္ခံပညာဂိုဏ္းခ်ဳပ္ဆိုတဲ့ ဟိုတစ္ေယာက္အေၾကာင္းလား"

လန္ယြမ္က မျငင္းဆန္ပဲ ထပ္မံေမးျမန္းေနသည္။

"သူ႔နွလံုးသားကို မင္းဘယ္လိုအႏိုင္ယူမလဲ"

"ဂိုဏ္းခ်ဳပ္မေမ့လိုက္ပါနဲ႔ အဲ့ဒီပိုင္ယြီက ဂိုဏ္းခ်ဳပ္ကို သတ္မလို႔လုပ္ခဲ့တာပါ"

ရုတ္တရက္ဆိုသလို ေရွာင္ခ်င္ တုန္လႈပ္သြားခဲ့သည္။

"သူ႔ကို လက္စားမေခ်ခ်င္ေတာ့ဘူးလား"

လန္ယြမ္၏မ်က္နွာ ခ်က္ခ်င္းပ်က္ယြင္းသြားသည္။

'လက္စားေခ်တာလား'

ျပင္းထန္ေသာေဝဒနာသည္ သူ႔အား ေန႔ေန႔ညညနာက်င္ေစခဲ့သည္။ ထိုအခ်ိန္ကမူ ပိုင္ယြီအား အမွန္တကယ္ေသေစခ်င္ခဲ့သည္။

သို႔ေသာ္ ယခုအခါတြင္မူ ထိုသူအား သူ႔ရင္ခြင္ထဲ၌ အၿမဲတမ္းေထြးေပြ႕ထားရန္ မေစာင့္ဆိုင္းနိုင္ေတာ့ေပ။

သို႔ပါေသာ္ျငား သူေျပာထြက္ခဲ့သည့္ စကားလံုးမ်ားကမူ...

"ငါအဲ့လိုေျပာမိလို႔လား ငါက သူ႔နွလံုးသားကို အရယူခ်င္တယ္ ၿပီးရင္ေတာ့ နင္းေခ်ပစ္မွာ"

"တကယ္လား"

ေရွာင္ခ်င္၏မ်က္နွာက ၿပံဳးတဝက္မဲ့တဝက္နွင့္ပင္။

"ဒီကိစၥမွာ ဂိုဏ္းခ်ဳပ္က သူ႔ကိုလွံု႔ေဆာ္ေပးလို႔ရတယ္လို႔ ကြၽန္ေတာ္ထင္တယ္"

လန္ယြမ္ မ်က္ေမွာင္ႀကံဳ႕ထားသည္။

"ဘာကိုဆိုလိုတာလဲ"

ေရွာင္ခ်င္သည္ လန္ယြမ္၏လက္ကိုဆြဲယူ၍ သူ၏ေပ်ာ့ေပ်ာင္းေသာခနၶာကိုယ္အား လန္ယြမ္၏လက္ေမာင္းၾကားထဲ တမင္တကာတိုးဝင္လိုက္သည္။

႐ြံရွာမႈေၾကာင့္ ထိုသူအား လန္ယြမ္ခ်က္ခ်င္းတြန္းထုတ္ပစ္လိုက္ခ်င္သည္။

သူနွင့္ထိုေကာင္ေလးမ်ားသည္ အတူအိပ္ဖူးသည့္ဆက္ဆံေရးျဖစ္သည့္တိုင္ အမွန္တကယ္ထိေတြ႕ျခင္းမ်ိဳး မလုပ္ခဲ့ဖူးေပ။

သို႔ပါေသာ္လဲ မတြန္းထုတ္ခ်င္မွာပင္ ေရွာင္ခ်င္၏ တခစ္ခစ္ရယ္သံကို ၾကားလိုက္ရသည္။

"ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ့္ကို တြန္းထုတ္ဖို႔ အလ်င္မလိုပါနဲ႔ဦး ဂိုဏ္းခ်ဳပ္တို႔ဆရာတူအစ္ကိုရဲ႕ နွလံုးသားေလးကို အရမယူခ်င္ဘူးလား ဒါဆို သူေတြ႕သြားေအာင္ ကြၽန္ေတာ့္ကို ဒီပံုစံအတိုင္းေခၚသြားေလ ဒါဆိုရင္ သူလဲခပ္ျမန္ျမန္ဖိအားေပးခံရမွာမို႔ စစ္မွန္တဲ့နွလံုးသားကို ေတြ႕ခ်င္ေတြ႕သြားမွာေပါ့"

ေရွာင္ခ်င္၏စကားကို ၾကားလိုက္ရေသာအခါ လန္ယြမ္ အနည္းငယ္တုန္လႈပ္သြားခဲ့သည္။

ဤေန႔မ်ားတြင္ ခါတိုင္းကဲ့သို႔ ပိုင္ယြီနွင့္အတူ မအိပ္ျဖစ္ေသာ္လဲ ထိုသူအား ေန႔စဥ္ေန႔တိုင္း သူ၏ရင္ခြင္ထဲ၌ ေပြ႕ဖက္ထားခဲ့သည္။

သူသည္ နတ္ဆိုးတစ္ပါး၏လႊမ္းမိုးမႈကိုခံေနရသလိုမ်ိဳး လန္ယြမ္ခံစားေနရသည္။ ပိုင္ယြီအားေတြ႕ရသည္အခါတိုင္းတြင္ ထိုသူနွင့္ကိုယ္လက္နွီးေနွာခ်င္ၿပီး မေတြ႕ရသည့္အခါမ်ား၌မူ စိတ္ထဲ၌စိုးမိုးေနျပန္သည္။

အရိုးထဲစြဲေအာင္ မုန္းတီးေနသင့္ပါေသာထိုသူက သူ႔ကိုအၿမဲစိတ္ပူပန္ေစသည္။

ဆရာတူအစ္ကိုကဲ့သို႔လူမ်ိဳးသည္ သူ႔အတြက္ စိတ္ရင္းနွင့္နွလံုးသားကို ထုတ္ေပးပါမည္ေလာ။

ထိုအေၾကာင္းေတြးမိေသာအခါ လန္ယြမ္၏နွလံုးသားထဲ၌ အဆံုးမဲ့ေသာခါးသက္မႈတို႔ ျပည့္နွက္သြားသည္။

ေရွာင္ခ်င္အား ပိုင္ယြီ၏ေရွ႕သို႔ ေခၚသြားျပလ်ွင္ပင္ ပိုင္ယြီထံမွ ထူးျခားမႈမျပလာမည္ကို သူေၾကာက္လန္႔ေနမိသည္။

သူ၏ဆရာတူအစ္ကိုက ေအးစက္ေသာနွလံုးသားရွိသူျဖစ္သည္။

ေရွာင္ခ်င္အား အေျဖတန္းမေပးဘဲ မ်က္ေမွာင္ႀကံဳ႕ထားၿပီး "ငါထပ္ေတြးၾကည့္ပါဦးမယ္"

"ဂိုဏ္းခ်ဳပ္ရယ္ ဘာေတြးေနစရာရွိေသးလို႔လဲ"

ေရွာင္ခ်င္သည္ လန္ယြမ္၏လက္ကို ျငင္သာစြာဆုပ္ကိုင္၍ ၿပံဳးျပလိုက္သည္။

"ကြၽန္ေတာ့္အထင္ေတာ့ ဒါကသာ အေကာင္းဆံုးနည္းလမ္းျဖစ္မွာပါ ဂိုဏ္းခ်ဳပ္ရဲ႕ဆရာတူအစ္ကိုက သစ္သားရုပ္ႀကီးလိုပဲ ဒီလိုသာတြန္းအားမေပးရင္ သူ႔နွလံုးသားကို ဘယ္ေတာ့မွရွာေတြ႕မွာမဟုတ္ဘူး"

ေရွာင္ခ်င္၏စကားေျပာပံုမ်ားအရ ၾကင္နာတတ္သူဟုထင္နိုင္ေသာ္လဲ ထိုသူ၏မ်က္လံုးထဲ၌ ေကာက္က်စ္မႈတို႔ရွိေနေလသည္။

ထိုေန႔က ပိုင္ယြီဆိုေသာသူသည္ ဂိုဏ္းခ်ဳပ္ေၾကာင့္ ေဒါသထြက္လြန္းၿပီး ေသြးပါအန္ခဲ့သည္။

ဂိုဏ္းခ်ဳပ္အတြက္ နွလံုးသားမရွိဟု မည္သို႔ဆိုနိုင္ပါမည္နည္း။

တခါတ႐ံ၌ စိတ္လႈပ္ရွားစရာမ်ားကို ဖန္တီးျခင္းကလဲ အဆင္ေျပပါသည္။

သို႔ေသာ္ တရားလြန္သြားခဲ့လ်ွင္ နွလံုးသားရွိေနသည့္တိုင္ နွလံုးသားမဲ့သူတစ္ေယာက္အျဖစ္ အမွန္တကယ္ေျပာင္းလဲသြားပါလိမ့္မည္။



Continue Reading

You'll Also Like

8K 97 26
A school where teens learn how to be superheroes. I do not own anything in this fanfic. As always,please be respectful to not only me but also every...
28.6K 874 25
God knows how much Wonwoo loves Mingyu that's why he stay quiet for so long about being in a secret relationship with this model but as time passes b...
93K 4.4K 26
In a world where soulmates are prominent, four teenagers are shoved together and forced to like each other. Yet none of them... fit.
13K 1K 12
On a sudden spring night, when the moon somewhither sulker behind those misty clouds, Khwahish got a call from her friend, asking her to come back to...