unicode
အပိုင်း(၁၀၇)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၆.၂)
လန်ယွမ်၏မျက်လုံးများက တဖြည်းဖြည်းနှင့် အေးစက်လာသည်။
ဆရာတူအစ်ကို၏လက်အား ကိုင်ထားခဲ့သောသူ့လက်ကို ပြန်ကြည့်လိုက်ချိန်တွင် ယခင်ကနွေးထွေးနေခဲ့သောလက်သည်လဲ အေးစက်နေလေသည်။
ပိုင်ယွီက သူ၏လက်ကို ဖယ်လိုက်ပြီဖြစ်သည်။
ထိုသို့ထပ်တွေးမိလေလေ လန်ယွမ်၏မျက်လုံးများက စတင်မှောင်မိုက်လာလေလေပင်။
ဆတ်ခနဲထရပ်လိုက်ပြီးနောက် ပိုင်ယွီ၏လက်အား သူ၏လက်ဝါးထဲ၌ တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ပိုင်ယွီက ထိုလက်ကိုဖယ်လိုက်ချင်နေလျှင်ပင် လန်ယွမ်က လွှတ်ပေးရန်ငြင်းဆန်လိုက်သည်။
သူ့မျက်လုံးများထဲ၌ ဆုံးဖြတ်ချက်တို့ ပိုမိုခိုင်မာလာသည်။
' ဆရာတူအစ်ကိုက သူ့ကိုမထိချင်လဲဘာဖြစ်လဲ သူကတော့ထိချင်တယ်'
သူသည် ကိုယ်ခံပညာမဟာမိတ်အဖွဲ့၏ခေါင်းဆောင်ကိုလဲ ပြန်ပေးဆွဲနိုင်သည်။ များစွာသောလူတို့ကိုလဲ အနိုင်ယူကျော်ဖြတ်နိုင်သည်။
ယခုအချိန်၌ ထိုသူ၏ခန္ဓာကိုယ်အရေပြား တစ်လက်မစီတိုင်းကို သူထိတွေ့ခဲ့ပြီးနှင့်ပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကနဦးတည်းမှစ၍ ဆရာတူအစ်ကိုအား ဖမ်းဆီးရမိပြီးချိန်တွင် ထိုသူ၏နှလုံးသားကိုအနိုင်ရရန် စိတ်ကူးမရှိဖူးပေ။
သူလုပ်ချင်သမျှက ပိုင်ယွီအား သင်ခန်းစာပေးရန်ပင်။
လန်ယွမ်၏လက်ချောင်းများက ပိုင်ယွီ၏မေးစေ့အား ဖိညှစ်နေသည်။
ခုခံမှုမှန်သမျှအား မေ့ပစ်ထားပြီး ပိုင်ယွီ၏နှုတ်ခမ်းတို့အား ကြမ်းတမ်းစွာနမ်းရှိုက်ပြန်သည်။
ပိုင်ယွီ၏ကိုယ်လေးပေါ်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ဖိထားသေးသည်။
"ဆရာတူအစ်ကိုက ကျွန်တော့်ကိုသဘောမကျလဲ ကိစ္စမရှိပါဘူး ကျွန်တော်လိုချင်တာက ခင်ဗျားရဲ့နှစ်သက်မှုမဟုတ်ဘူး ခင်ဗျားရဲ့ခန္ဓာကိုယ်ပဲ ခင်ဗျားကိုဖိနှိပ်နိုင်နေသရွေ့ ခင်ဗျားနဲ့အတူတူ ဒီလိုကိစ္စတွေလုပ်ရတာကို သဘောကျတယ် ဆရာတူအစ်ကို ခင်ဗျားလဲသဘောကျမှာပါ"
ပိုင်ယွီ၏အသက်ရှုသံများ ရပ်တန့်သွားရသည်။
"ထွက်သွား...ဝူး..."
လန်ယွမ်သည် ပိုင်ယွီလုပ်ခဲ့သည့်အတိုင်း တစ်ဖက်လူ၏နှုတ်ခမ်းကို ကိုက်ချလိုက်သည်။
ဖြစ်နိုင်မည်ဆိုလျှင် ထိုလူသားအား ဗိုက်ထဲတွင်ပင် မြိုချထားချင်သည်။
ပိုင်ယွီကိုထပ်မထိရန် သမားတော်ကမှာသွားသော်လဲ သူ၏ဆရာတူအစ်ကိုမှာ အလွန်ချိုမြိန်လွန်းပြီး သွေးကအစ ချိုမြိန်နေသည့်အတွက် ထိုသူအား နောက်ထပ်မထိရန် မည်သို့ထိန်းနိုင်ပါမည်နည်း။
ဆရာတူအစ်ကို၏ဒဏ်ရာများ မသက်သာမချင်း ထိုကိစ္စမျိုးထပ်မလုပ်ကြရန် ရှင်းပြထားခဲ့သည်။ လန်ယွမ်အနေနှင့် သူ့ကိုယ်သူသာ အကောင်းဆုံးထိန်းချုပ်နေမိသည်။
သူ၏အသံကအစ အက်ကွဲလာသည်။
"ဆရာတူအစ်ကို ကျွန်တော့်ကိုစိတ်တိုအောင်မလုပ်ပါနဲ့ မဟုတ်ရင် ခင်ဗျားထိခိုက်သွားအောင် လုပ်မိလိမ့်မယ်"
လန်ယွမ်သည် ပိုင်ယွီ၏နှုတ်ခမ်းများကိုလှုံ့ဆော်ရင်းမှ ပြင်းပြင်းပြပြဆက်နမ်းနေသည်။
သူ၏လျှာက ပိုင်ယွီ၏ခံတွင်းထဲ၌ လှုပ်ရှားနေပြီး ထိုအခိုက်အတန့်တွင် ခါတိုင်းထက်ပိုသန်မာနေခဲ့သည်။
ပိုင်ယွီက သူ့ကိုသဘောမကျလျှင်ဆိုသောအတွေးများကိုလဲ မေ့ထားလိုက်သည်။
ပိုင်ယွီအား ဖမ်းဆီးထားနိုင်ခဲ့ပြီဖြစ်၍ သူ့နံဘေးတွင် တစ်သက်လုံးဖမ်းချုပ်ထားကာ ထိုသူနှင့်အတူမွေ့လျော်နိုင်ပြီဖြစ်သည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှု -၅၉%]
ပိုင်ယွီရုန်းကန်နေရင်းမှ ရှောင်မီဟူ၏အသံကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ကျိုးပဲ့တော့မည့်အချိန်တွင် နှစ်သက်မှုကပင် တိုးလာလိုက်သေးသည်။
'ဘယ်သူက အဲ့ဒီနှစ်သက်မှုကို လိုချင်နေလို့လဲ'
'ကျက်သတုံးကောင်'
အဝတ်အစားများ စုတ်ဖြဲခံလိုက်ရသည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှု -၅၄%]
ဘောင်းဘီကိုချွတ်လိုက်သည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှု -၄၉%]
လန်ယွမ်သည် သူ၏ထိုနေရာအား လက်ဖြင့်ကိုင်ထားသည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှုနှုန်း ၄၄%]
[ဝါး Hostက အရမ်းတော်တာပဲ ဒါက သူ့ကိုလှည့်စားဖို့အတွက် Hostရဲ့နောက်ထပ်အကွက်လား]
"သောက်ကျိုးနည်း ဒီလူက တကယ့်နှာဘူးပဲ"
သူ့အားပို၍အနိုင်ကျင့်ရလေလေ ပို၍စိတ်လှုပ်ရှားလေလေဖြစ်၍ နှစ်သက်မှုတို့ကလဲ တိုးတက်လာခြင်းဖြစ်သည်။
ထိုသို့သော နှစ်သက်မှုများတိုးလာခြင်းက ပိုင်ယွီအာ မပျော်ရွှင်စေရုံသာမက ပို၍ပင်အော့နှလုံးနာစေသည်။
သို့ပါသော်လဲ ပိုင်ယွီမည်မျှခုခံနေပါစေ သူ့ခန္ဓာကိုယ်၏အလိုဆန္ဒများကို မတားဆီးနိုင်ပါပေ။
လွှမ်းမိုးလာသောရမက်တို့က ကျိန်ဆဲနေသော သူ့ပါးစပ်မှ ညည်းတွားသံများထွက်လာစေသည်။ သည်းမခံနိုင်ဘဲ တုံ့ပြန်နေမိသည်။
"အွန်း..."
မျက်လုံးထောင့်မှ မျက်ရည်စများစီးကျနေပြီး သူ၏အကြည့်များက ဝေဝါးနေသလို သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌လဲ ထိန်းချုပ်၍မရသောရမက်များနှင့် ဖုံးလွှမ်းနေပြီဖြစ်သည်။
"မလုပ်..."
"ဆရာတူအစ်ကိုက သဘောမကျဘူးပြောပေမဲ့ ကျွန်တော့်ကို သဘောကျနေတာပဲ ဘယ်လောက်သဘောကျနေလဲဆိုတာကို ကျွန်တော်မြင်နေရတယ်"
လန်ယွမ်သည် ပိုင်ယွီ၏အနားတိုးကပ်လာပြီး နှုတ်ခမ်းပါးတို့အား ထပ်မံနမ်းရှိုက်ပြန်သည်။
ထိုအနမ်းသည် လွှမ်းမိုးနိုင်လွန်းသော်လဲ နူးညံ့ပြီးရှည်ကြာလွန်းသည်။
သူ့ကြောင့် သည်းမခံနိုင်ဖြစ်နေသော ပိုင်ယွီကိုကြည့်ကာ လန်ယွမ်၏အသက်ရှုသံတို့က မူမမှန်ဖြစ်လာသည်။
ပိုင်ယွီ၏လက်အား အခြားလက်တစ်ဖက်နှင့်ဆုပ်ကိုင်လိုက်ပြီး "ကျွန်တော်က ဆရာတူအစ်ကိုကို ကူညီပေးပြီးသွားပြီဆိုတော့ ဆရာတူအစ်ကိုကရော ကျွန်တော့်ကိုပြန်ကူညီပေးနိုင်မလား"
ထို့နောက် ပိုင်ယွီ၏လက်အား သူ၏အရာအပေါ်တင်လိုက်လေသည်။
ပိုင်ယွီသည် အိပ်ရာကျယ်ကြီးပေါ်၌ အိပ်မောကျနေသည်။
လန်ယွမ်သည် ပိုင်ယွီကိုဖက်ကာ နံဘေး၌လှဲအိပ်လိုက်ပြီး အခုလေးတင်ခံစားလိုက်ရသော ပေါက်ကွဲမှုအကြောင်းတွေး၍ ကြည်နူးနေလေသည်။
၂ဦးစလုံး အမှန်တကယ်မလုပ်ဖြစ်ခဲ့ကြပေ။
သို့သော် သူ့နံဘေးတွင် ထိုသူရှိနေရုံနှင့် စိတ်ကျေနပ်မှုကို ခံစားရသည်။
သူ၏မေးအား ပိုင်ယွီ၏ပခုံးပေါ်တင်ထားပြီး မျက်နှာချင်းချင်းပွတ်သပ်နေသည်။ သူ၏လက်ချောင်းများက ပိုင်ယွီ၏လက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
ပါးစပ်ထဲမှလဲ တီးတိုးရေရွတ်နေသေးသည်။
"ဆရာတူအစ်ကို ခင်ဗျားက ကျွန်တော့်အပိုင်ပဲ"
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှု -၃၉%]
ဤအရာသည်ကား နောက်ထပ်ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်များပင်။
လန်ယွမ်သည် ပိုင်ယွီအား လက်စားချေချင်သည်ဟုဆိုသော်လဲ နေ့စဉ်နေ့တိုင်း ပိုင်ယွီ၏အခန်းသို့သွားကာ ချစ်သူများသာ လုပ်တတ်သောအရာများကို လုပ်နေခဲ့သည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု+၅ လက်ရှိနှစ်သက်မှုနှုန်းက ၄%ပါ]
zawgyi
အပိုင္း(၁၀၇)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၆.၂)
လန္ယြမ္၏မ်က္လုံးမ်ားက တျဖည္းျဖည္းႏွင့္ ေအးစက္လာသည္။
ဆရာတူအစ္ကို၏လက္အား ကိုင္ထားခဲ့ေသာသူ႔လက္ကို ျပန္ၾကည့္လိုက္ခ်ိန္တြင္ ယခင္ကေႏြးေထြးေနခဲ့ေသာလက္သည္လဲ ေအးစက္ေနေလသည္။
ပိုင္ယြီက သူ၏လက္ကို ဖယ္လိုက္ၿပီျဖစ္သည္။
ထိုသို႔ထပ္ေတြးမိေလေလ လန္ယြမ္၏မ်က္လုံးမ်ားက စတင္ေမွာင္မိုက္လာေလေလပင္။
ဆတ္ခနဲထရပ္လိုက္ၿပီးေနာက္ ပိုင္ယြီ၏လက္အား သူ၏လက္ဝါးထဲ၌ တင္းတင္းဆုပ္ကိုင္ထားလိုက္သည္။ ပိုင္ယြီက ထိုလက္ကိုဖယ္လိုက္ခ်င္ေနလွ်င္ပင္ လန္ယြမ္က လႊတ္ေပးရန္ျငင္းဆန္လိုက္သည္။
သူ႔မ်က္လုံးမ်ားထဲ၌ ဆုံးျဖတ္ခ်က္တို႔ ပိုမိုခိုင္မာလာသည္။
' ဆရာတူအစ္ကိုက သူ႔ကိုမထိခ်င္လဲဘာျဖစ္လဲ သူကေတာ့ထိခ်င္တယ္'
သူသည္ ကိုယ္ခံပညာမဟာမိတ္အဖြဲ႕၏ေခါင္းေဆာင္ကိုလဲ ျပန္ေပးဆြဲႏိုင္သည္။ မ်ားစြာေသာလူတို႔ကိုလဲ အႏိုင္ယူေက်ာ္ျဖတ္ႏိုင္သည္။
ယခုအခ်ိန္၌ ထိုသူ၏ခႏၶာကိုယ္အေရျပား တစ္လက္မစီတိုင္းကို သူထိေတြ႕ခဲ့ၿပီးႏွင့္ၿပီျဖစ္သည္။
မည္သို႔ပင္ျဖစ္ေစ ကနဦးတည္းမွစ၍ ဆရာတူအစ္ကိုအား ဖမ္းဆီးရမိၿပီးခ်ိန္တြင္ ထိုသူ၏ႏွလုံးသားကိုအႏိုင္ရရန္ စိတ္ကူးမရွိဖူးေပ။
သူလုပ္ခ်င္သမွ်က ပိုင္ယြီအား သင္ခန္းစာေပးရန္ပင္။
လန္ယြမ္၏လက္ေခ်ာင္းမ်ားက ပိုင္ယြီ၏ေမးေစ့အား ဖိညႇစ္ေနသည္။
ခုခံမႈမွန္သမွ်အား ေမ့ပစ္ထားၿပီး ပိုင္ယြီ၏ႏႈတ္ခမ္းတို႔အား ၾကမ္းတမ္းစြာနမ္းရႈိက္ျပန္သည္။
ပိုင္ယြီ၏ကိုယ္ေလးေပၚ၌ သူ၏ခႏၶာကိုယ္တစ္ခုလုံးျဖင့္ ဖိထားေသးသည္။
"ဆရာတူအစ္ကိုက ကြၽန္ေတာ့္ကိုသေဘာမက်လဲ ကိစၥမရွိပါဘူး ကြၽန္ေတာ္လိုခ်င္တာက ခင္ဗ်ားရဲ႕ႏွစ္သက္မႈမဟုတ္ဘူး ခင္ဗ်ားရဲ႕ခႏၶာကိုယ္ပဲ ခင္ဗ်ားကိုဖိႏွိပ္ႏိုင္ေနသေ႐ြ႕ ခင္ဗ်ားနဲ႔အတူတူ ဒီလိုကိစၥေတြလုပ္ရတာကို သေဘာက်တယ္ ဆရာတူအစ္ကို ခင္ဗ်ားလဲသေဘာက်မွာပါ"
ပိုင္ယြီ၏အသက္ရႈသံမ်ား ရပ္တန႔္သြားရသည္။
"ထြက္သြား...ဝူး..."
လန္ယြမ္သည္ ပိုင္ယြီလုပ္ခဲ့သည့္အတိုင္း တစ္ဖက္လူ၏ႏႈတ္ခမ္းကို ကိုက္ခ်လိုက္သည္။
ျဖစ္ႏိုင္မည္ဆိုလွ်င္ ထိုလူသားအား ဗိုက္ထဲတြင္ပင္ ၿမိဳခ်ထားခ်င္သည္။
ပိုင္ယြီကိုထပ္မထိရန္ သမားေတာ္ကမွာသြားေသာ္လဲ သူ၏ဆရာတူအစ္ကိုမွာ အလြန္ခ်ိဳၿမိန္လြန္းၿပီး ေသြးကအစ ခ်ိဳၿမိန္ေနသည့္အတြက္ ထိုသူအား ေနာက္ထပ္မထိရန္ မည္သို႔ထိန္းႏိုင္ပါမည္နည္း။
ဆရာတူအစ္ကို၏ဒဏ္ရာမ်ား မသက္သာမခ်င္း ထိုကိစၥမ်ိဳးထပ္မလုပ္ၾကရန္ ရွင္းျပထားခဲ့သည္။ လန္ယြမ္အေနႏွင့္ သူ႔ကိုယ္သူသာ အေကာင္းဆုံးထိန္းခ်ဳပ္ေနမိသည္။
သူ၏အသံကအစ အက္ကြဲလာသည္။
"ဆရာတူအစ္ကို ကြၽန္ေတာ့္ကိုစိတ္တိုေအာင္မလုပ္ပါနဲ႔ မဟုတ္ရင္ ခင္ဗ်ားထိခိုက္သြားေအာင္ လုပ္မိလိမ့္မယ္"
လန္ယြမ္သည္ ပိုင္ယြီ၏ႏႈတ္ခမ္းမ်ားကိုလႈံ႕ေဆာ္ရင္းမွ ျပင္းျပင္းျပျပဆက္နမ္းေနသည္။
သူ၏လွ်ာက ပိုင္ယြီ၏ခံတြင္းထဲ၌ လႈပ္ရွားေနၿပီး ထိုအခိုက္အတန႔္တြင္ ခါတိုင္းထက္ပိုသန္မာေနခဲ့သည္။
ပိုင္ယြီက သူ႔ကိုသေဘာမက်လွ်င္ဆိုေသာအေတြးမ်ားကိုလဲ ေမ့ထားလိုက္သည္။
ပိုင္ယြီအား ဖမ္းဆီးထားႏိုင္ခဲ့ၿပီျဖစ္၍ သူ႔နံေဘးတြင္ တစ္သက္လုံးဖမ္းခ်ဳပ္ထားကာ ထိုသူႏွင့္အတူေမြ႕ေလ်ာ္ႏိုင္ၿပီျဖစ္သည္။
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅ လက္ရွိႏွစ္သက္မႈ -၅၉%]
ပိုင္ယြီ႐ုန္းကန္ေနရင္းမွ ေရွာင္မီဟူ၏အသံကို ၾကားလိုက္ရသည္။ သူ႔ခႏၶာကိုယ္က က်ိဳးပဲ့ေတာ့မည့္အခ်ိန္တြင္ ႏွစ္သက္မႈကပင္ တိုးလာလိုက္ေသးသည္။
'ဘယ္သူက အဲ့ဒီႏွစ္သက္မႈကို လိုခ်င္ေနလို႔လဲ'
'က်က္သတုံးေကာင္'
အဝတ္အစားမ်ား စုတ္ၿဖဲခံလိုက္ရသည္။
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅ လက္ရွိႏွစ္သက္မႈ -၅၄%]
ေဘာင္းဘီကိုခြၽတ္လိုက္သည္။
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅ လက္ရွိႏွစ္သက္မႈ -၄၉%]
လန္ယြမ္သည္ သူ၏ထိုေနရာအား လက္ျဖင့္ကိုင္ထားသည္။
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅ လက္ရွိႏွစ္သက္မႈႏႈန္း ၄၄%]
[ဝါး Hostက အရမ္းေတာ္တာပဲ ဒါက သူ႔ကိုလွည့္စားဖို႔အတြက္ Hostရဲ႕ေနာက္ထပ္အကြက္လား]
"ေသာက္က်ိဳးနည္း ဒီလူက တကယ့္ႏွာဘူးပဲ"
သူ႔အားပို၍အႏိုင္က်င့္ရေလေလ ပို၍စိတ္လႈပ္ရွားေလေလျဖစ္၍ ႏွစ္သက္မႈတို႔ကလဲ တိုးတက္လာျခင္းျဖစ္သည္။
ထိုသို႔ေသာ ႏွစ္သက္မႈမ်ားတိုးလာျခင္းက ပိုင္ယြီအာ မေပ်ာ္႐ႊင္ေစ႐ုံသာမက ပို၍ပင္ေအာ့ႏွလုံးနာေစသည္။
သို႔ပါေသာ္လဲ ပိုင္ယြီမည္မွ်ခုခံေနပါေစ သူ႔ခႏၶာကိုယ္၏အလိုဆႏၵမ်ားကို မတားဆီးႏိုင္ပါေပ။
လႊမ္းမိုးလာေသာရမက္တို႔က က်ိန္ဆဲေနေသာ သူ႔ပါးစပ္မွ ညည္းတြားသံမ်ားထြက္လာေစသည္။ သည္းမခံႏိုင္ဘဲ တုံ႔ျပန္ေနမိသည္။
"အြန္း..."
မ်က္လုံးေထာင့္မွ မ်က္ရည္စမ်ားစီးက်ေနၿပီး သူ၏အၾကည့္မ်ားက ေဝဝါးေနသလို သူ၏ခႏၶာကိုယ္တစ္ခုလုံး၌လဲ ထိန္းခ်ဳပ္၍မရေသာရမက္မ်ားႏွင့္ ဖုံးလႊမ္းေနၿပီျဖစ္သည္။
"မလုပ္..."
"ဆရာတူအစ္ကိုက သေဘာမက်ဘူးေျပာေပမဲ့ ကြၽန္ေတာ့္ကို သေဘာက်ေနတာပဲ ဘယ္ေလာက္သေဘာက်ေနလဲဆိုတာကို ကြၽန္ေတာ္ျမင္ေနရတယ္"
လန္ယြမ္သည္ ပိုင္ယြီ၏အနားတိုးကပ္လာၿပီး ႏႈတ္ခမ္းပါးတို႔အား ထပ္မံနမ္းရႈိက္ျပန္သည္။
ထိုအနမ္းသည္ လႊမ္းမိုးႏိုင္လြန္းေသာ္လဲ ႏူးညံ့ၿပီးရွည္ၾကာလြန္းသည္။
သူ႔ေၾကာင့္ သည္းမခံႏိုင္ျဖစ္ေနေသာ ပိုင္ယြီကိုၾကည့္ကာ လန္ယြမ္၏အသက္ရႈသံတို႔က မူမမွန္ျဖစ္လာသည္။
ပိုင္ယြီ၏လက္အား အျခားလက္တစ္ဖက္ႏွင့္ဆုပ္ကိုင္လိုက္ၿပီး "ကြၽန္ေတာ္က ဆရာတူအစ္ကိုကို ကူညီေပးၿပီးသြားၿပီဆိုေတာ့ ဆရာတူအစ္ကိုကေရာ ကြၽန္ေတာ့္ကိုျပန္ကူညီေပးႏိုင္မလား"
ထို႔ေနာက္ ပိုင္ယြီ၏လက္အား သူ၏အရာအေပၚတင္လိုက္ေလသည္။
ပိုင္ယြီသည္ အိပ္ရာက်ယ္ႀကီးေပၚ၌ အိပ္ေမာက်ေနသည္။
လန္ယြမ္သည္ ပိုင္ယြီကိုဖက္ကာ နံေဘး၌လွဲအိပ္လိုက္ၿပီး အခုေလးတင္ခံစားလိုက္ရေသာ ေပါက္ကြဲမႈအေၾကာင္းေတြး၍ ၾကည္ႏူးေနေလသည္။
၂ဦးစလုံး အမွန္တကယ္မလုပ္ျဖစ္ခဲ့ၾကေပ။
သို႔ေသာ္ သူ႔နံေဘးတြင္ ထိုသူရွိေန႐ုံႏွင့္ စိတ္ေက်နပ္မႈကို ခံစားရသည္။
သူ၏ေမးအား ပိုင္ယြီ၏ပခုံးေပၚတင္ထားၿပီး မ်က္ႏွာခ်င္းခ်င္းပြတ္သပ္ေနသည္။ သူ၏လက္ေခ်ာင္းမ်ားက ပိုင္ယြီ၏လက္အား တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားသည္။
ပါးစပ္ထဲမွလဲ တီးတိုးေရ႐ြတ္ေနေသးသည္။
"ဆရာတူအစ္ကို ခင္ဗ်ားက ကြၽန္ေတာ့္အပိုင္ပဲ"
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅ လက္ရွိႏွစ္သက္မႈ -၃၉%]
ဤအရာသည္ကား ေနာက္ထပ္ရက္အနည္းငယ္အတြင္း ျဖစ္ပ်က္ခဲ့သည္မ်ားပင္။
လန္ယြမ္သည္ ပိုင္ယြီအား လက္စားေခ်ခ်င္သည္ဟုဆိုေသာ္လဲ ေန႔စဥ္ေန႔တိုင္း ပိုင္ယြီ၏အခန္းသို႔သြားကာ ခ်စ္သူမ်ားသာ လုပ္တတ္ေသာအရာမ်ားကို လုပ္ေနခဲ့သည္။
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ+၅ လက္ရွိႏွစ္သက္မႈႏႈန္းက ၄%ပါ]