unicode
အပိုင်း(၁၀၄)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၄.၁)
နာကျင်ကိုက်ခဲမှုများနှင့်အတူ ပိုင်ယွီ နိုးထလာခဲ့သည်။ သူ့ထံ၌မတ်တပ်ရပ်ရန် အားမရှိတော့သလိုပင်။
ခြေထောက်ကိုဆန့်၍ ကြမ်းပေါ်အသာနင်းလိုက်သည်။ နဂိုကမတ်တပ်ရပ်ချင်ခဲ့သော်လဲ သူ၏ကိုယ်ခန္ဓာမှာ မတ်တပ်ရပ်ရန်ပင် အင်အားမရှိဟု မထင်ထားမိပေ။
လူတစ်ကိုယ်လုံးမှာ အားအင်ချိနဲ့စွာဖြင့် ကြမ်းပေါ်လဲပြိုကျသွားသည်။
ပိုင်ယွီ ခက်ခဲပင်ပန်းစွာ ပင့်သက်ရှိုက်မိသည်။
ရှောင်မီဟူရောက်လာစဉ်က သူ့အား အထူးကောင်းမွန်သောခန္ဓာကိုယ်ပေးမည်ဟု သဘောတူခဲ့သည်။
သို့သော် ယခုအခါတွင် သူ၏ခန္ဓာကိုယ်မှာ လွန်ခဲ့သောကမ္ဘာမှ အမှိုက်ကောင်လေးထက်ပင် ဆိုးရွားနေခဲ့သည်။
သူ၏ဒန်ထျန်းက ဖျက်ဆီးခံထားရပြီး အတွင်းအားလဲလုံးဝမရှိတော့သလို ခြေလက်များတွင်လဲ ဒဏ်ရာပြင်းစွာရထားသေးသည်။
မတ်တပ်မရပ်နိုင်ခင် ပိုင်ယွီသည် သူ၏ခြေထောက်များကို ပြင်းထန်စွာပွတ်သပ်နေခဲ့သည်။
အဝတ်အစားများကို ဝတ်ပြီးသွားချိန်တွင် သူသည် လန်ယွမ်၏အဆောင်ထဲ၌သာရှိသေးသည်။
တံခါးဆီသို့ လျှောက်သွားပြီးနောက် တွန်းဖွင့်ကာ အပြင်သို့ထွက်လာခဲ့သည်။
ဤနေရာသည် နန်းတော်နှင့်ပင်ဆင်တူပြီး အရှေ့ဘက်ခန်းမဆီမှ ကွမ်ကျုးဂီတသံက ပျံ့လွှင့်လာသည်။
ပိုင်ယွီသည်လဲ သိချင်စိတ်ကြောင့် အသံ၏လားရာအတိုင်း လျှောက်သွားခဲ့သည်။
တံခါးတွန်းဖွင့်လိုက်သောအခါ ပင်မခန်းမတွင် တစ်စုံတစ်ယောက်အားဖက်၍ ခန့်ညားစွာထိုင်နေသည့်လန်ယွမ်အား တွေ့လိုက်ရသည်။
ထိုသူ၏မျက်နှာမှာ ပြုံးရွှင်နေပြီး လက်အောက်ငယ်သားများနှင့်အတူ ပျော်စရာတစ်ခုခုကို မျှဝေနေပုံပင်။
လန်ယွမ်ကမူ စကားပြောနေရင်း နံဘေးမှကောင်လေးအား နမ်းလိုက်သည်။
"မင်းလေးကသာ အလိမ္မာဆုံးပဲ"
"ဒါက သဘာဝကျပါတယ် ဂိုဏ်းချုပ်သာ သဘောကျမယ်ဆို ဂိုဏ်းချုပ်ဘာပဲခိုင်းခိုင်း ကျွန်တော်လုပ်ပေးမှာပါ အခုလေးတင် ဂိုဏ်းချုပ်ပြောပြတဲ့သူနဲ့တော့ မတူဘူးလေ သူက ဂိုဏ်းချုပ်ကိုတောင် ငြင်းဆန်ရဲတာ"
"ငြင်းဆန်တာလဲ အသုံးမဝင်ဘူး ငါတို့ဂိုဏ်းချုပ်က အသုံးချပြီးပြီပဲမဟုတ်လား အဲ့ဒီဂိုဏ်းချုပ်ဆိုတဲ့လူနှင့် အတူနေရတာ ဘာအရသာရှိလဲသိချင်မိသား အဲ့ဒီခန္ဓာကိုယ်ရဲ့ ပျော့ပြောင်းမှုနဲ့သာဆို သာမန်စားသောက်ဆိုင်ကပြည့်တန်ဆာတွေထက် ပိုကောင်းမွန်မှာပဲမဟုတ်လား"
လန်ယွမ်သည် သူ့ရှေ့မှဝိုင်ခွက်အား အသာကောက်ယူကာ နှုတ်ခမ်းနားကပ်ကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ပြုံးပြလိုက်ပြီး
"ဒါက သဘာဝကျပါတယ်"
သူ့ဘဝတွင် ထိုသို့မြင်ကွင်းမျိုးမြင်တွေ့ရမည်ဟု ပိုင်ယွီလုံးဝမထင်ခဲ့ပေ။
သူတို့၂ဦးကြားမှ ချစ်ခြင်းသည် ထိုလူများကြားတွင်မူ ဟာသတစ်ပုဒ်နှယ် ပြောဆိုခံနေရသည်။
ပိုင်ယွီ သူ့နှလုံးသားအား လက်ဖြင့်ထုရိုက်နေမိသည်။ ထိုနေရာမှ နာကျင်မှုက ဆိုးရွားလွန်းလှပေသည်။
သူတို့၏ချစ်ခြင်းနှင့် ချိုမြိန်သောစကားလုံးများက အိပ်မက်တို့နှယ်။
တကယ်တမ်းတွင် လန်ယွမ်သည် ထိုစကားလုံးများအား တမင်တကာပြောခဲ့မှန်းသိသော်လဲ ကိုယ်တိုင်ကမူ နစ်မြောမိခဲ့ပါသည်။
အနှီသူမှာ သူအမြဲတစေသဘောကျခဲ့ရသောသူ ဖြစ်နေသောကြောင့်လဲ ဖြစ်ပါလိမ့်မည်။
ပိုင်ယွီ၏မျက်နှာမှာ စက္ကူတစ်ရွက်နှယ် ဖြူဖွေးသွားခဲ့သည်။ သူ၏ခြေလှမ်းများကို ဆတ်ခနဲပြန်ဆုတ်၍ လှည့်ထွက်သွားရန်ပြင်ခဲ့သည်။
သို့ပါသော်လဲ လန်ယွမ်သည် လေတိုးသံသဲ့သဲ့ကို ကြားသွားခဲ့သည်။
"ဆရာတူအစ်ကို ဒီနေရာထိရောက်လာပြီးမှ ဘာကြောင့်ထွက်သွားချင်နေတာလဲ"
ပိုင်ယွီ ခြေစုံရပ်နေလိုက်သည်။ သူ၏လှုပ်ရှားမှုက ငြင်သာလွန်းသော်လဲ လန်ယွမ်က သတိထားမိနေဆဲပင်။
ပိုင်ယွီလှည့်လာပြီး သူ့ရှေ့မှလူကိုကြည့်ကာ ပြုံးပြလိုက်ပြီး ပေါ့ပေါ့ပါးပါးစကားဆိုလိုက်သည်။
"ဒီနေရာက ငါမရှိသင့်တဲ့နေရာမျိုး ဖြစ်နေမှာစိုးရွံ့မိပါတယ်"
"မဟုတ်တာ"
လန်ယွမ်သည် ထိုင်နေရာမှထလိုက်သော်လဲ ဘာမှမဖြစ်သလိုပင် ရင်ခွင်ထဲမှသူအား မလွှတ်ပေးခဲ့ချေ။ ထိုအစား ပို၍တင်းနေအောင် ဖက်ထားလိုက်သည်။
နဂိုက ထိုသူအားဖက်ထားခြင်းသည် စနောက်နေရုံသာဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း သူ့နှလုံးသားထဲ၌ ရှေ့တွင်ရှိနေသော ဆရာတူအစ်ကိုမှလွဲ၍ တပါးသူမရှိခဲ့ချေ။
သို့ပါသော်လဲ အနှီလူကသာ သူ့နှလုံးသားကို ရက်ရက်စက်စက်နင်းခြေသွားခဲ့သည်။
သူ့ရှေ့မှပိုင်ယွီအား လန်ယွမ်ကြည့်လိုက်သည်။ အနှီသူသည် အဝတ်အစားများကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည့်တိုင် လည်ပင်းထက်မှ အနီကွက်များကို မြင်နေရဆဲပင်။
အားလုံးက သူချန်ခဲ့သော အမှတ်အသားများသာ...။
ချစ်တင်းနှောနေစဉ်အတွင်း ပိုင်ယွီအား ဖိအားပေးကာ ညစ်ညမ်းသောစကားများ ပြောခိုင်းခဲ့သည်ကို မှတ်မိနေဆဲပင်။
ယခုအချိန်၌မူ အရာရာက နဂိုအတိုင်း တည်ငြိမ်ခြင်းဆီပြန်ရောက်လာပြီး မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သလိုပင်။
ပိုင်ယွီအား သဘောကျကြောင်းပြောခဲ့ပြီးနောက် တစ်စုံတစ်ယောက်အား ပွေ့ဖက်ထားခြင်းသည် လွန်စွာမသင့်တော်ပါကြောင်း လန်ယွမ်သိပါသည်။
သို့သော် သူ့လက်ထဲမှလူအား မလွှတ်ပေးခဲ့ပေ။
ထိုသို့မသက်ဆိုင်သောသူအား ပွေ့ဖက်ထားသည်ကို သူ၏ဆရာတူအစ်ကိုမြင်ပါက မည်သို့ပြူမူမည်ကို သိချင်လှသည်။
စိတ်ပျက်လက်ပျက်ဖြစ်သွားမည်လော။
မပျော်မရွှင်ဘဲ ညှိုးငယ်သွားမည်လော။
သူ့ကဲ့သို့ပင် ချစ်ရသူ၏အနားကပ်နေသူတိုင်းအား သတ်ပစ်ချင်နေပါမည်လော။
သူ့ကြောင့်ဖြစ်လာမည့် ပိုင်ယွီ၏မျက်နှာထက်မှ စိတ်ပျက်လက်ပျက်ပုံစံကို လန်ယွမ်တွေ့မြင်ချင်လှသည်။
သို့သော် တစ်ခုမှဖြစ်မလာခဲ့ပေ။
ပိုင်ယွီ၏မျက်နှာမှာ တည်ငြိမ်နေပြီး အမူအယာမဲ့နေသည်။
သူတို့အားကြည့်နေသည့် မျက်လုံးများထဲ၌ နာကျင်မှုတစ်စုံတစ်ရာပင်မရှိချေ။ သူ့အား သူစိမ်းတစ်ယောက်နှယ် ကြည့်နေခဲ့သည်။
လန်ယွမ်၏နှုတ်ခမ်းထက်၌ အပြုံးကရှိနေဆဲဖြစ်ပြီး သူ၏ပုံစံမှာ စိတ်ထင်ရာပြုမူနေပုံပေါက်သော်လဲ သူ၏မျက်လုံးများက နက်မှောင်နေလေသည်။
မှန်ပေသည်။ သူ့စိတ်ထဲ၌ ရူးမတတ်ခံစားနေရသည်။
သူနှင့်ပိုင်ယွီအကြား၌ သွေးသားချင်စပ်ယှက်မှုရှိခဲ့သည့်တိုင် ထိုအရာသည်လဲ သူ၏ဖိအားပေးမှုကြောင့် ဖြစ်သွားရခြင်းဖြစ်သည်။
ဆရာတူအစ်ကိုသည် အစဦးကတည်းကပင် သူ့ကိုမကြိုက်ခဲ့ပါပေ။
သူ့အနေနှင့် မည်သို့ဒေါသထွက်ရပါမည်နည်း။
ထိုသို့ဖြစ်လာမည်ကို သိထားပြီးဖြစ်သော်ငြား သူ့ရင်ထဲကဒေါသကို လန်ယွမ်မထိန်းနိုင်ခဲ့ပေ။
သူ့ရှေ့မှလူအား တစ်ချက်ကြည့်ပြီးနောက် ပြန်ထိုင်ချလိုက်သည်။
သူ၏နှုတ်ခမ်းပါးတို့က မသိမသာလှုပ်ရှားသွားသည်။
"ဆရာတူအစ်ကိုလဲ ဒီကိုရောက်နေမှတော့ ၂ယောက်အတူ အရက်သောက်ကြရင် ဘယ်လိုလဲ"
"စိတ်မကောင်းပါဘူး ငါအရက်မသောက်ချင်ဘူး"
ပိုင်ယွီသည် လန်ယွမ်အား လုံးဝလျှစ်လျှူရှုထားလေသည်။ သူ့အနေနှင့် ခန်းမထဲမှထွက်သွားရန် မစောင့်နိုင်တော့ပေ။
သူ၏မျက်နှာက ရေသေလိုတည်ငြိမ်နေပါသော်လဲ ရင်တွင်း၌ ပြင်းထန်စွာနာကျင်နေသည်ကို မည်သူမှမသိပါစေ။
သူသည် ကောင်းစွာသိုဝှက်ဖုံးကွယ်တတ်သောစွမ်းရည်နှင့် မွေးဖွားလာခဲ့သူဖြစ်သည်။
ပြီးခဲ့သောကမ္ဘာများတွင် လိုအပ်ပါက ချက်ချင်းသရုပ်ဆောင်နိုင်ခဲ့ပြီး ဤကမ္ဘာတွင်လဲ အတူတူသာဖြစ်သည်။
နှလုံးသားမှနာကျင်မှုကို ပြင်းစွာခံစားနေရသည့်တိုင် မျက်နှာက ပြုံးနေပေဦးမည်။
zawgyi
အပိုင္း(၁၀၄)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၄.၁)
နာက်င္ကိုက္ခဲမႈမ်ားႏွင့္အတူ ပိုင္ယြီ ႏိုးထလာခဲ့သည္။ သူ႔ထံ၌မတ္တပ္ရပ္ရန္ အားမရွိေတာ့သလိုပင္။
ေျခေထာက္ကိုဆန႔္၍ ၾကမ္းေပၚအသာနင္းလိုက္သည္။ နဂိုကမတ္တပ္ရပ္ခ်င္ခဲ့ေသာ္လဲ သူ၏ကိုယ္ခႏၶာမွာ မတ္တပ္ရပ္ရန္ပင္ အင္အားမရွိဟု မထင္ထားမိေပ။
လူတစ္ကိုယ္လုံးမွာ အားအင္ခ်ိနဲ႔စြာျဖင့္ ၾကမ္းေပၚလဲၿပိဳက်သြားသည္။
ပိုင္ယြီ ခက္ခဲပင္ပန္းစြာ ပင့္သက္ရႈိက္မိသည္။
ေရွာင္မီဟူေရာက္လာစဥ္က သူ႔အား အထူးေကာင္းမြန္ေသာခႏၶာကိုယ္ေပးမည္ဟု သေဘာတူခဲ့သည္။
သို႔ေသာ္ ယခုအခါတြင္ သူ၏ခႏၶာကိုယ္မွာ လြန္ခဲ့ေသာကမာၻမွ အမႈိက္ေကာင္ေလးထက္ပင္ ဆိုး႐ြားေနခဲ့သည္။
သူ၏ဒန္ထ်န္းက ဖ်က္ဆီးခံထားရၿပီး အတြင္းအားလဲလုံးဝမရွိေတာ့သလို ေျခလက္မ်ားတြင္လဲ ဒဏ္ရာျပင္းစြာရထားေသးသည္။
မတ္တပ္မရပ္ႏိုင္ခင္ ပိုင္ယြီသည္ သူ၏ေျခေထာက္မ်ားကို ျပင္းထန္စြာပြတ္သပ္ေနခဲ့သည္။
အဝတ္အစားမ်ားကို ဝတ္ၿပီးသြားခ်ိန္တြင္ သူသည္ လန္ယြမ္၏အေဆာင္ထဲ၌သာရွိေသးသည္။
တံခါးဆီသို႔ ေလွ်ာက္သြားၿပီးေနာက္ တြန္းဖြင့္ကာ အျပင္သို႔ထြက္လာခဲ့သည္။
ဤေနရာသည္ နန္းေတာ္ႏွင့္ပင္ဆင္တူၿပီး အေရွ႕ဘက္ခန္းမဆီမွ ကြမ္က်ဳးဂီတသံက ပ်ံ႕လႊင့္လာသည္။
ပိုင္ယြီသည္လဲ သိခ်င္စိတ္ေၾကာင့္ အသံ၏လားရာအတိုင္း ေလွ်ာက္သြားခဲ့သည္။
တံခါးတြန္းဖြင့္လိုက္ေသာအခါ ပင္မခန္းမတြင္ တစ္စုံတစ္ေယာက္အားဖက္၍ ခန႔္ညားစြာထိုင္ေနသည့္လန္ယြမ္အား ေတြ႕လိုက္ရသည္။
ထိုသူ၏မ်က္ႏွာမွာ ၿပဳံး႐ႊင္ေနၿပီး လက္ေအာက္ငယ္သားမ်ားႏွင့္အတူ ေပ်ာ္စရာတစ္ခုခုကို မွ်ေဝေနပုံပင္။
လန္ယြမ္ကမူ စကားေျပာေနရင္း နံေဘးမွေကာင္ေလးအား နမ္းလိုက္သည္။
"မင္းေလးကသာ အလိမၼာဆုံးပဲ"
"ဒါက သဘာဝက်ပါတယ္ ဂိုဏ္းခ်ဳပ္သာ သေဘာက်မယ္ဆို ဂိုဏ္းခ်ဳပ္ဘာပဲခိုင္းခိုင္း ကြၽန္ေတာ္လုပ္ေပးမွာပါ အခုေလးတင္ ဂိုဏ္းခ်ဳပ္ေျပာျပတဲ့သူနဲ႔ေတာ့ မတူဘူးေလ သူက ဂိုဏ္းခ်ဳပ္ကိုေတာင္ ျငင္းဆန္ရဲတာ"
"ျငင္းဆန္တာလဲ အသုံးမဝင္ဘူး ငါတို႔ဂိုဏ္းခ်ဳပ္က အသုံးခ်ၿပီးၿပီပဲမဟုတ္လား အဲ့ဒီဂိုဏ္းခ်ဳပ္ဆိုတဲ့လူႏွင့္ အတူေနရတာ ဘာအရသာရွိလဲသိခ်င္မိသား အဲ့ဒီခႏၶာကိုယ္ရဲ႕ ေပ်ာ့ေျပာင္းမႈနဲ႔သာဆို သာမန္စားေသာက္ဆိုင္ကျပည့္တန္ဆာေတြထက္ ပိုေကာင္းမြန္မွာပဲမဟုတ္လား"
လန္ယြမ္သည္ သူ႔ေရွ႕မွဝိုင္ခြက္အား အသာေကာက္ယူကာ ႏႈတ္ခမ္းနားကပ္ကာ တစ္ငုံေသာက္လိုက္သည္။ ထို႔ေနာက္ ၿပဳံးျပလိုက္ၿပီး
"ဒါက သဘာဝက်ပါတယ္"
သူ႔ဘဝတြင္ ထိုသို႔ျမင္ကြင္းမ်ိဳးျမင္ေတြ႕ရမည္ဟု ပိုင္ယြီလုံးဝမထင္ခဲ့ေပ။
သူတို႔၂ဦးၾကားမွ ခ်စ္ျခင္းသည္ ထိုလူမ်ားၾကားတြင္မူ ဟာသတစ္ပုဒ္ႏွယ္ ေျပာဆိုခံေနရသည္။
ပိုင္ယြီ သူ႔ႏွလုံးသားအား လက္ျဖင့္ထု႐ိုက္ေနမိသည္။ ထိုေနရာမွ နာက်င္မႈက ဆိုး႐ြားလြန္းလွေပသည္။
သူတို႔၏ခ်စ္ျခင္းႏွင့္ ခ်ိဳၿမိန္ေသာစကားလုံးမ်ားက အိပ္မက္တို႔ႏွယ္။
တကယ္တမ္းတြင္ လန္ယြမ္သည္ ထိုစကားလုံးမ်ားအား တမင္တကာေျပာခဲ့မွန္းသိေသာ္လဲ ကိုယ္တိုင္ကမူ နစ္ေျမာမိခဲ့ပါသည္။
အႏွီသူမွာ သူအၿမဲတေစသေဘာက်ခဲ့ရေသာသူ ျဖစ္ေနေသာေၾကာင့္လဲ ျဖစ္ပါလိမ့္မည္။
ပိုင္ယြီ၏မ်က္ႏွာမွာ စကၠဴတစ္႐ြက္ႏွယ္ ျဖဴေဖြးသြားခဲ့သည္။ သူ၏ေျခလွမ္းမ်ားကို ဆတ္ခနဲျပန္ဆုတ္၍ လွည့္ထြက္သြားရန္ျပင္ခဲ့သည္။
သို႔ပါေသာ္လဲ လန္ယြမ္သည္ ေလတိုးသံသဲ့သဲ့ကို ၾကားသြားခဲ့သည္။
"ဆရာတူအစ္ကို ဒီေနရာထိေရာက္လာၿပီးမွ ဘာေၾကာင့္ထြက္သြားခ်င္ေနတာလဲ"
ပိုင္ယြီ ေျခစုံရပ္ေနလိုက္သည္။ သူ၏လႈပ္ရွားမႈက ျငင္သာလြန္းေသာ္လဲ လန္ယြမ္က သတိထားမိေနဆဲပင္။
ပိုင္ယြီလွည့္လာၿပီး သူ႔ေရွ႕မွလူကိုၾကည့္ကာ ၿပဳံးျပလိုက္ၿပီး ေပါ့ေပါ့ပါးပါးစကားဆိုလိုက္သည္။
"ဒီေနရာက ငါမရွိသင့္တဲ့ေနရာမ်ိဳး ျဖစ္ေနမွာစိုး႐ြံ႕မိပါတယ္"
"မဟုတ္တာ"
လန္ယြမ္သည္ ထိုင္ေနရာမွထလိုက္ေသာ္လဲ ဘာမွမျဖစ္သလိုပင္ ရင္ခြင္ထဲမွသူအား မလႊတ္ေပးခဲ့ေခ်။ ထိုအစား ပို၍တင္းေနေအာင္ ဖက္ထားလိုက္သည္။
နဂိုက ထိုသူအားဖက္ထားျခင္းသည္ စေနာက္ေန႐ုံသာျဖစ္သည္။ ႏွစ္ေပါင္းမ်ားစြာအတြင္း သူ႔ႏွလုံးသားထဲ၌ ေရွ႕တြင္ရွိေနေသာ ဆရာတူအစ္ကိုမွလြဲ၍ တပါးသူမရွိခဲ့ေခ်။
သို႔ပါေသာ္လဲ အႏွီလူကသာ သူ႔ႏွလုံးသားကို ရက္ရက္စက္စက္နင္းေျခသြားခဲ့သည္။
သူ႔ေရွ႕မွပိုင္ယြီအား လန္ယြမ္ၾကည့္လိုက္သည္။ အႏွီသူသည္ အဝတ္အစားမ်ားကို ေပါ့ေပါ့ပါးပါးဝတ္ဆင္ထားသည့္တိုင္ လည္ပင္းထက္မွ အနီကြက္မ်ားကို ျမင္ေနရဆဲပင္။
အားလုံးက သူခ်န္ခဲ့ေသာ အမွတ္အသားမ်ားသာ...။
ခ်စ္တင္းေႏွာေနစဥ္အတြင္း ပိုင္ယြီအား ဖိအားေပးကာ ညစ္ညမ္းေသာစကားမ်ား ေျပာခိုင္းခဲ့သည္ကို မွတ္မိေနဆဲပင္။
ယခုအခ်ိန္၌မူ အရာရာက နဂိုအတိုင္း တည္ၿငိမ္ျခင္းဆီျပန္ေရာက္လာၿပီး မည္သည့္ကိစၥမွ မျဖစ္ပ်က္ခဲ့သလိုပင္။
ပိုင္ယြီအား သေဘာက်ေၾကာင္းေျပာခဲ့ၿပီးေနာက္ တစ္စုံတစ္ေယာက္အား ေပြ႕ဖက္ထားျခင္းသည္ လြန္စြာမသင့္ေတာ္ပါေၾကာင္း လန္ယြမ္သိပါသည္။
သို႔ေသာ္ သူ႔လက္ထဲမွလူအား မလႊတ္ေပးခဲ့ေပ။
ထိုသို႔မသက္ဆိုင္ေသာသူအား ေပြ႕ဖက္ထားသည္ကို သူ၏ဆရာတူအစ္ကိုျမင္ပါက မည္သို႔ျပဴမူမည္ကို သိခ်င္လွသည္။
စိတ္ပ်က္လက္ပ်က္ျဖစ္သြားမည္ေလာ။
မေပ်ာ္မ႐ႊင္ဘဲ ညႇိဳးငယ္သြားမည္ေလာ။
သူ႔ကဲ့သို႔ပင္ ခ်စ္ရသူ၏အနားကပ္ေနသူတိုင္းအား သတ္ပစ္ခ်င္ေနပါမည္ေလာ။
သူ႔ေၾကာင့္ျဖစ္လာမည့္ ပိုင္ယြီ၏မ်က္ႏွာထက္မွ စိတ္ပ်က္လက္ပ်က္ပုံစံကို လန္ယြမ္ေတြ႕ျမင္ခ်င္လွသည္။
သို႔ေသာ္ တစ္ခုမွျဖစ္မလာခဲ့ေပ။
ပိုင္ယြီ၏မ်က္ႏွာမွာ တည္ၿငိမ္ေနၿပီး အမူအယာမဲ့ေနသည္။
သူတို႔အားၾကည့္ေနသည့္ မ်က္လုံးမ်ားထဲ၌ နာက်င္မႈတစ္စုံတစ္ရာပင္မရွိေခ်။ သူ႔အား သူစိမ္းတစ္ေယာက္ႏွယ္ ၾကည့္ေနခဲ့သည္။
လန္ယြမ္၏ႏႈတ္ခမ္းထက္၌ အၿပဳံးကရွိေနဆဲျဖစ္ၿပီး သူ၏ပုံစံမွာ စိတ္ထင္ရာျပဳမူေနပုံေပါက္ေသာ္လဲ သူ၏မ်က္လုံးမ်ားက နက္ေမွာင္ေနေလသည္။
မွန္ေပသည္။ သူ႔စိတ္ထဲ၌ ႐ူးမတတ္ခံစားေနရသည္။
သူႏွင့္ပိုင္ယြီအၾကား၌ ေသြးသားခ်င္စပ္ယွက္မႈရွိခဲ့သည့္တိုင္ ထိုအရာသည္လဲ သူ၏ဖိအားေပးမႈေၾကာင့္ ျဖစ္သြားရျခင္းျဖစ္သည္။
ဆရာတူအစ္ကိုသည္ အစဦးကတည္းကပင္ သူ႔ကိုမႀကိဳက္ခဲ့ပါေပ။
သူ႔အေနႏွင့္ မည္သို႔ေဒါသထြက္ရပါမည္နည္း။
ထိုသို႔ျဖစ္လာမည္ကို သိထားၿပီးျဖစ္ေသာ္ျငား သူ႔ရင္ထဲကေဒါသကို လန္ယြမ္မထိန္းႏိုင္ခဲ့ေပ။
သူ႔ေရွ႕မွလူအား တစ္ခ်က္ၾကည့္ၿပီးေနာက္ ျပန္ထိုင္ခ်လိုက္သည္။
သူ၏ႏႈတ္ခမ္းပါးတို႔က မသိမသာလႈပ္ရွားသြားသည္။
"ဆရာတူအစ္ကိုလဲ ဒီကိုေရာက္ေနမွေတာ့ ၂ေယာက္အတူ အရက္ေသာက္ၾကရင္ ဘယ္လိုလဲ"
"စိတ္မေကာင္းပါဘူး ငါအရက္မေသာက္ခ်င္ဘူး"
ပိုင္ယြီသည္ လန္ယြမ္အား လုံးဝလွ်စ္လွ်ဴရႈထားေလသည္။ သူ႔အေနႏွင့္ ခန္းမထဲမွထြက္သြားရန္ မေစာင့္ႏိုင္ေတာ့ေပ။
သူ၏မ်က္ႏွာက ေရေသလိုတည္ၿငိမ္ေနပါေသာ္လဲ ရင္တြင္း၌ ျပင္းထန္စြာနာက်င္ေနသည္ကို မည္သူမွမသိပါေစ။
သူသည္ ေကာင္းစြာသိုဝွက္ဖုံးကြယ္တတ္ေသာစြမ္းရည္ႏွင့္ ေမြးဖြားလာခဲ့သူျဖစ္သည္။
ၿပီးခဲ့ေသာကမာၻမ်ားတြင္ လိုအပ္ပါက ခ်က္ခ်င္းသ႐ုပ္ေဆာင္ႏိုင္ခဲ့ၿပီး ဤကမာၻတြင္လဲ အတူတူသာျဖစ္သည္။
ႏွလုံးသားမွနာက်င္မႈကို ျပင္းစြာခံစားေနရသည့္တိုင္ မ်က္ႏွာက ၿပဳံးေနေပဦးမည္။