ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc...

By whiteLotus2k22

18.2K 2K 47

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ် ရဲ့ book 2ပါနော် More

Arc 5.1(1)
Arc 5.1(2)
Arc 5.2(1)
Arc 5.2(2)
Arc 5.3(2)
Arc 5.4(1)
Arc 5.4(2)
Arc 5.5(1)
Arc 5.5(2)
Arc 5.6(1)
Arc 5.6(2)
Arc 5.7(1)
Arc 5.7(2)
Arc 5.8(1)
Arc 5.8(2)
Arc 5.9(1)
Arc 5.9(2)
Arc 5.10(1)
Arc 5.10(2)
Arc 5.11(1)
Arc 5.11(2)
Arc 5.12(1)
Arc 5.12(2)
Arc 5.13(1)
Arc 5.13(2)

Arc 5.3(1)

697 78 1
By whiteLotus2k22

unicode

အပိုင်း(၁၀၃)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၃.၁)

ဖွင့်ပြောခံရသောထိုနေ့မှစ၍ သူ့အပေါ်ထားသော မူလဇာတ်ကောင်၏သဘောထားက ရုတ်တရက်ပြောင်းလဲသွားသည်။ လန်ယွမ်အား စတင်လှောင်ပြောင်ခဲ့ပြီး နောက်ဆုံးတွင်မူ အသေးအဖွဲ့ကိစ္စလေးကို အပြစ်ရှာကာ ဂိုဏ်းမှနှင်ထုတ်ခဲ့သည်။

လန်ယွမ်က မထွက်သွားချင်သဖြင့် မူလဇာတ်ကောင်၏ရှေ့တွင် ဒူးထောက်တောင်းပန်ခဲ့သည်။

မမျှော်လင့်ထားဘဲ မူလဇာတ်ကောင်သည် လန်ယွမ်၏နှလုံးနေရာသို့ လက်ထဲမှဓားနှင့် ရက်စက်စွာထိုးသွင်းလိုက်သည်။ အကယ်၍ ထိုနေရာ၌ရှိနေသည့် အခြားလူများသာ မကူညီပါက လန်ယွမ်သည် ပွဲချင်းပြီးသေဆုံးရလိမ့်မည်။

၁၀နှစ်မက သက်တမ်းရှိခဲ့သောချစ်ခြင်းအတွက် သူတို့ရရှိခဲ့သည်က ဤသို့သောကံကြမ္မာမှလွဲ၍ တပါးမရှိခဲ့ပေ။

လန်ယွမ်သည် ချက်ချင်းပင်စိတ်ပျက်လက်ဖြစ်ကာ လှည့်ထွက်သွားခဲ့သည်။

မူလဇာတ်ကောင်ကမူ ပုံမှန်အတိုင်းပင် ကိုယ်ခံပညာကို ကြိုးစားသင်ယူကာ ဂိုဏ်းခေါင်းဆောင်ဖြစ်လာခဲ့သည်။

လန်ယွမ်ကမူ ဂိုဏ်းမှနှင်ထုတ်ခံရပြီးနောက် မပြိုလဲသွားရုံသာမက ပို၍သန်မာသွားကာ အလွန်အင်အားကြီးသည့် မိစ္ဆာဂိုဏ်းကို ထူထောင်ခဲ့သည်။

အဆုံးသတ်၌ မူလဇာတ်ကောင်သည် ဖမ်းဆီးခံ အကျဉ်းချခံရပြီး ရက်စက်စွာလက်စားချေခံရတော့သည်။

ထိုသို့သောဇာတ်ကြောင်းကိုနားထောင်ရင်း ပိုင်ယွီ အနည်းငယ်မျှခေါင်းကိုက်လာသည်။

လန်ယွမ်၏နှစ်သက်မှုက -၁၀၀%ဖြစ်နေသည်မှာ အံ့သြစရာမရှိတော့ချေ။

ဂိုဏ်းမှနှင်ထုတ်ခံရပြီး ၅နှစ်အတွင်း၌ မည်သို့အချိန်ကုန်ဆုံးခဲ့သည်ကို သူမသိခဲ့ရပေ။

ထိုအချိန်၌ လန်ယွမ်၏အသံက ပိုင်ယွီ၏နားထဲသို့ တိုးဝင်လာသည်။

"ဆရာတူအစ်ကို နိုးနေရဲ့သားနဲ့ ဘာလို့မျက်စိမဖွင့်တာလဲ"

ပိုင်ယွီ၏မျက်ခွံများက ချက်ချင်းလှုပ်မိလာသော်လဲ ဘာမှမပြောခဲ့ပေ။

'ဒီလူကတော့ တကယ်ပါပဲ'

ထိုသူ၏ရှေ့၌ မည်သည်ကိုမှ ဖုံးကွယ်ထား၍မရချေ။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဤအကြိမ်၌မူ ဇာတ်ကြောင်းကိုရရှိခဲ့သည်။

ပိုင်ယွီ မျက်လုံးများကို ဖြေးညှင်းစွာဖွင့်လိုက်သောအခါ သူ့အားပြုံးရင်းကြည့်နေသည့်လန်ယွမ်ကို တွေ့လိုက်ရသည်။

"ဆရာတူအစ်ကိုက ကျွန်တော့်ကိုမတွေ့ချင်ဘူးလား ဒါကြောင့် နိုးနေတာတောင်မှ မျက်လုံးမဖွင့်ချင်တာလား"

"ငါအရမ်းပင်ပန်းနေလို့ ဒီအတိုင်းလေးအိပ်နေချင်ရုံပါ"

ပိုင်ယွီ၏လည်ပင်းမှာ အလွန်နာကျင်နေလေသည်။

ပိုင်ယွီ၏စကားကို ကြားလိုက်ရသောအခါ သုန်မှုန်နေသော လန်ယွမ်၏မျက်နှာထားက ချက်ချင်းပျော့ပြောင်းသွားသည်။

သူ၏ခန္ဓာကိုယ်အား ပိုင်ယွီ၏အနားသို့ ပို၍တိုးကပ်လာပြီး ဖြေးညှင်းစွာပြောလာလေသည်။

"ဆရာတူအစ်ကိုက ကျွန်တော့်ကို ဘာကြောင့်များ အဲ့လိုလုပ်ခဲ့ရတာလဲဟင်..."

ဘာပြန်ပြောရမလဲ ပိုင်ယွီမသိပေ။

မူလဇာတ်ကောင်၏ရင်ထဲ၌ လန်ယွမ်မရှိသည့်အပြင် မုန်းပင်မုန်းတီးနေသေးသည်။

ထိုနေ့က အမူးလွန်ပြီး ဖွင့်ပြောလာချိန်တွင် မူလဇာတ်ကောင်၏စိတ်၌ အလွန်ရွံရှာသွားခဲ့သည်။

အမှန်တိုင်းဝန်ခံရမည်ဆိုလျှင် ဤအခေါက်မစ်ရှင်ကျရှုံးမည်ကို ပိုင်ယွီစိတ်ပူနေမိသည်။

လန်ယွမ်ကမူ ပိုင်ယွီ၏ပုံစံကိုကြည့်ကာ တစ်ယောက်တည်းရယ်မောနေလေသည်။

ထိုအချိန်တွင် တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။

"ဂိုဏ်းချုပ်"

လူငယ်လေးတစ်ယောက်၏အသံထွက်လာလေသည်။

လန်ယွမ်သည် မသိမသာမျက်မှောင်ကြုံ့ပြီးနောက် အိပ်ရာပေါ်မှ တစ်ခါထဲထလိုက်သည်။ ထို့နောက် ပိုင်ယွီကိုပင် လှည့်မကြည့်တော့ဘဲ ထွက်သွားလေသည်။

ခန်းမဆောင်ထဲ၌ထွက်ပေါ်နေသည့် အမျိုးသားတစ်ယောက်၏အသံထဲ၌ စိတ်လှုပ်ရှားမှုအနည်းငယ်ပါဝင်သည်။

"ဂိုဏ်းချုပ် အတိတ်ကာလတုန်းက ပိုင်ယွီဟာ ဂိုဏ်းချုပ်ကို သတ်ပစ်လုနီးပါး ရက်စက်ခဲ့တာပါ ဘာကြောင့်များ အခုချိန်ထိ ဂိုဏ်းထဲမှာထားထားရတာပါလဲ ဘာလို့များ ကလဲ့စားပြန်ချေတဲ့အနေနဲ့ ဓားနဲ့ထိုးပြီး မသတ်ရတာပါလဲ"

"အဆင်ပြေပါတယ် ငါကသူနဲ့ ကစားနေရုံပါ"

လန်ယွမ်၏နှုတ်ခမ်းအစုံက ကော့ညွှတ်နေသော်လဲ သူ၏မျက်လုံးထဲ၌ အမုန်းတရားတို့ ပြည့်နှက်နေသည်။

"သူ့ကို ချက်ချင်းသတ်ပစ်လိုက်မယ်ဆို ဘယ်လောက်ပြင်းဖို့ကောင်းလိုက်သလဲ သူ့ကို ငါ့နားမှာဖမ်းချုပ်ထားမယ် သူ့နှလုံးသားကို အရပြီးမှ ရက်ရက်စက်စက်နင်းခြေပစ်မယ်ဆိုရင် သေရတာထက်ဆိုးတဲ့ဘဝကို သူလဲမြည်းစမ်းနိုင်သွားမှာပေါ့"

ထိုအချိန်၌ လန်ယွမ်၏မျက်လုံးအိမ်များက မသိမသာကျဉ်းမြောင်းသွားခဲ့သည်။

ထိုနှစ်တွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပင်။

မေ့ပျောက်၍မရသော ထိုအမှတ်တရများက သူ့နှလုံးသားကို နေ့နေ့ညညနာကျင်စေသည်။

လွန်ခဲ့သော၅နှစ်အတွင်း ဤကဲ့သို့ကြီးမားသောအမုန်းတရား၏ ထောက်ပံ့ပေးမှုသာမရှိလျှင် ယနေ့ကဲ့သို့ သူအောင်မြင်နေလိမ့်မည်မဟုတ်ပေ။

ယခုအချိန်၌ သူသည် ပိုင်ယွီအား အကျဉ်းချထားသည်။ လက်တုံ့ပြန်နိုင်မည့်နည်းလမ်းများက မရေမတွက်နိုင်အောင်ရှိပါသည်။ တစ်ချက်တည်းနှင့် သေအောင်သတ်ပစ်၍ရသလို မသေမချင်းနှိပ်စက်၍လဲရသည်။

သို့သော် သူလိုချင်နေသည်က ထိုအမျိုးသား၏နှလုံးသားပင်။ ထို့နောက်တွင်မှ ရက်စက်စွာနင်းခြေရမည်။

ထိုစဉ်က သူ့အပေါ်၌ ပိုင်ယွီပြုမူခဲ့သည့်ပုံစံအတိုင်းပင်။

သူ့ရင်ဝအား ဓားဖြင့်ထိုးလိုက်စဉ်က ၂ဦးသားသည် လုံးဝမသိကျွမ်းကြသောသူစိမ်းများသကဲ့သို့ အေးစက်နေပါသော ပိုင်ယွီ၏မျက်နှာထားကို လန်ယွမ်လုံးဝမေ့မရချေ။

ထိုအချိန်က ပိုင်ယွီ၏မျက်လုံးများထဲ၌ ရွံရှာမှုတို့ပြည့်နှက်နေသည်။

လေးစားရပါသော ဆရာတူအစ်ကိုသည် အဘယ်ကြောင့်များ သူ့အား ဤမျှအထိမုန်းတီးသွားရသည်ကို လန်ယွမ် လုံးဝနားမလည်ခဲ့ပေ။

အတိတ်အကြောင်းများတွေးနေသောအခါ လန်ယွမ်၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာပြီး သူ၏မျက်လုံးများကဘဲ စတင်အေးစက်လာသည်။

မှန်ပေသည်။ ပိုင်ယွီ၏နှလုံးသားကို အရယူလိုခြင်းမှာ ပိုင်ယွီအား လက်စားချေချင်၍ပင်။

သူ၏ဆရာတူအစ်ကို၏စိတ်ထဲ၌ ဂိုဏ်းခေါင်းဆောင်နောအတွက်သာရှိပြီး နှစ်ပေါင်းများစွာတည်ရှိလာသော ညီအစ်ကိုဆက်ဆံရေးအား ရက်စက်စွာဖြင့် အလေးမထားစွန့်ပစ်ခဲ့မည်ဆိုလျှင် သူ့ဘက်မှလဲ သွေးမအေးစရာအကြောင်းမရှိချေ။

ပိုင်ယွီအား လက်စားပြန်ချေလိုပြီး သူခံစားခဲ့ရသလို အရှက်တကွဲဖြစ်စေချင်သည်။ ထိုသူသည် သူ၏စိတ်ရင်းကို ပေးလာပေလိမ့်မည်။ သို့သော် ပြန်၍ရရှိမည်က အရာအားလုံးကို စွန့်ပစ်ခံရခြင်းပင်။

"ဆရာတူအစ်ကို ဒီယာဂုက အရသာရှိရဲ့လား"

လန်ယွမ်၏လက်ထဲ၌ ဇွန်းတစ်ချောင်းကိုင်ထားပြီး ပိုင်ယွီအား ပြုံးပြကာ ယာဂုခွံ့ကျွေးနေသည်။

ပိုင်ယွီ၏လက်ကောက်ဝတ်များသည် ချုပ်နှောင်ထားသောသံကြိုးများကြောင့် သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာပြင်းစွာရခဲ့သည်။

ယခုအခါတွင်မူ လန်ယွမ်က သူ့အား ယာဂုပင်ခွံ့ကျွေးနေသည်။

တကယ်တမ်းတွင် သူ၏လက်ကောက်ဝတ်များက ဒဏ်ရာရထားသည့်တိုင် အသေးအမွှားကိစ္စများကို လုပ်နိုင်ပါသေးသည်။ သို့သော် လုပ်ကိုင်ပေးနေသူလဲရှိနေသဖြင့် ပိုင်ယွီသည်လဲ မငြင်းဆန်တော့ပေ။

zawgyi

အပိုင္း(၁၀၃)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၃.၁)

ဖြင့္ေျပာခံရေသာထိုေန႔မွစ၍ သူ႔အေပၚထားေသာ မူလဇာတ္ေကာင္၏သေဘာထားက ႐ုတ္တရက္ေျပာင္းလဲသြားသည္။ လန္ယြမ္အား စတင္ေလွာင္ေျပာင္ခဲ့ၿပီး ေနာက္ဆုံးတြင္မူ အေသးအဖြဲ႕ကိစၥေလးကို အျပစ္ရွာကာ ဂိုဏ္းမွႏွင္ထုတ္ခဲ့သည္။

လန္ယြမ္က မထြက္သြားခ်င္သျဖင့္ မူလဇာတ္ေကာင္၏ေရွ႕တြင္ ဒူးေထာက္ေတာင္းပန္ခဲ့သည္။

မေမွ်ာ္လင့္ထားဘဲ မူလဇာတ္ေကာင္သည္ လန္ယြမ္၏ႏွလုံးေနရာသို႔ လက္ထဲမွဓားႏွင့္ ရက္စက္စြာထိုးသြင္းလိုက္သည္။ အကယ္၍ ထိုေနရာ၌ရွိေနသည့္ အျခားလူမ်ားသာ မကူညီပါက လန္ယြမ္သည္ ပြဲခ်င္းၿပီးေသဆုံးရလိမ့္မည္။

၁၀ႏွစ္မက သက္တမ္းရွိခဲ့ေသာခ်စ္ျခင္းအတြက္ သူတို႔ရရွိခဲ့သည္က ဤသို႔ေသာကံၾကမၼာမွလြဲ၍ တပါးမရွိခဲ့ေပ။

လန္ယြမ္သည္ ခ်က္ခ်င္းပင္စိတ္ပ်က္လက္ျဖစ္ကာ လွည့္ထြက္သြားခဲ့သည္။

မူလဇာတ္ေကာင္ကမူ ပုံမွန္အတိုင္းပင္ ကိုယ္ခံပညာကို ႀကိဳးစားသင္ယူကာ ဂိုဏ္းေခါင္းေဆာင္ျဖစ္လာခဲ့သည္။

လန္ယြမ္ကမူ ဂိုဏ္းမွႏွင္ထုတ္ခံရၿပီးေနာက္ မၿပိဳလဲသြား႐ုံသာမက ပို၍သန္မာသြားကာ အလြန္အင္အားႀကီးသည့္ မိစာၦဂိုဏ္းကို ထူေထာင္ခဲ့သည္။

အဆုံးသတ္၌ မူလဇာတ္ေကာင္သည္ ဖမ္းဆီးခံ အက်ဥ္းခ်ခံရၿပီး ရက္စက္စြာလက္စားေခ်ခံရေတာ့သည္။

ထိုသို႔ေသာဇာတ္ေၾကာင္းကိုနားေထာင္ရင္း ပိုင္ယြီ အနည္းငယ္မွ်ေခါင္းကိုက္လာသည္။

လန္ယြမ္၏ႏွစ္သက္မႈက -၁၀၀%ျဖစ္ေနသည္မွာ အံ့ၾသစရာမရွိေတာ့ေခ်။

ဂိုဏ္းမွႏွင္ထုတ္ခံရၿပီး ၅ႏွစ္အတြင္း၌ မည္သို႔အခ်ိန္ကုန္ဆုံးခဲ့သည္ကို သူမသိခဲ့ရေပ။

ထိုအခ်ိန္၌ လန္ယြမ္၏အသံက ပိုင္ယြီ၏နားထဲသို႔ တိုးဝင္လာသည္။

"ဆရာတူအစ္ကို ႏိုးေနရဲ႕သားနဲ႔ ဘာလို႔မ်က္စိမဖြင့္တာလဲ"

ပိုင္ယြီ၏မ်က္ခြံမ်ားက ခ်က္ခ်င္းလႈပ္မိလာေသာ္လဲ ဘာမွမေျပာခဲ့ေပ။

'ဒီလူကေတာ့ တကယ္ပါပဲ'

ထိုသူ၏ေရွ႕၌ မည္သည္ကိုမွ ဖုံးကြယ္ထား၍မရေခ်။

သို႔ေသာ္ ကံေကာင္းေထာက္မစြာျဖင့္ ဤအႀကိမ္၌မူ ဇာတ္ေၾကာင္းကိုရရွိခဲ့သည္။

ပိုင္ယြီ မ်က္လုံးမ်ားကို ေျဖးညႇင္းစြာဖြင့္လိုက္ေသာအခါ သူ႔အားၿပဳံးရင္းၾကည့္ေနသည့္လန္ယြမ္ကို ေတြ႕လိုက္ရသည္။

"ဆရာတူအစ္ကိုက ကြၽန္ေတာ့္ကိုမေတြ႕ခ်င္ဘူးလား ဒါေၾကာင့္ ႏိုးေနတာေတာင္မွ မ်က္လုံးမဖြင့္ခ်င္တာလား"

"ငါအရမ္းပင္ပန္းေနလို႔ ဒီအတိုင္းေလးအိပ္ေနခ်င္႐ုံပါ"

ပိုင္ယြီ၏လည္ပင္းမွာ အလြန္နာက်င္ေနေလသည္။

ပိုင္ယြီ၏စကားကို ၾကားလိုက္ရေသာအခါ သုန္မႈန္ေနေသာ လန္ယြမ္၏မ်က္ႏွာထားက ခ်က္ခ်င္းေပ်ာ့ေျပာင္းသြားသည္။

သူ၏ခႏၶာကိုယ္အား ပိုင္ယြီ၏အနားသို႔ ပို၍တိုးကပ္လာၿပီး ေျဖးညႇင္းစြာေျပာလာေလသည္။

"ဆရာတူအစ္ကိုက ကြၽန္ေတာ့္ကို ဘာေၾကာင့္မ်ား အဲ့လိုလုပ္ခဲ့ရတာလဲဟင္..."

ဘာျပန္ေျပာရမလဲ ပိုင္ယြီမသိေပ။

မူလဇာတ္ေကာင္၏ရင္ထဲ၌ လန္ယြမ္မရွိသည့္အျပင္ မုန္းပင္မုန္းတီးေနေသးသည္။

ထိုေန႔က အမူးလြန္ၿပီး ဖြင့္ေျပာလာခ်ိန္တြင္ မူလဇာတ္ေကာင္၏စိတ္၌ အလြန္႐ြံရွာသြားခဲ့သည္။

အမွန္တိုင္းဝန္ခံရမည္ဆိုလွ်င္ ဤအေခါက္မစ္ရွင္က်ရႈံးမည္ကို ပိုင္ယြီစိတ္ပူေနမိသည္။

လန္ယြမ္ကမူ ပိုင္ယြီ၏ပုံစံကိုၾကည့္ကာ တစ္ေယာက္တည္းရယ္ေမာေနေလသည္။

ထိုအခ်ိန္တြင္ တံခါးေခါက္သံထြက္ေပၚလာခဲ့သည္။

"ဂိုဏ္းခ်ဳပ္"

လူငယ္ေလးတစ္ေယာက္၏အသံထြက္လာေလသည္။

လန္ယြမ္သည္ မသိမသာမ်က္ေမွာင္ႀကဳံ႕ၿပီးေနာက္ အိပ္ရာေပၚမွ တစ္ခါထဲထလိုက္သည္။ ထို႔ေနာက္ ပိုင္ယြီကိုပင္ လွည့္မၾကည့္ေတာ့ဘဲ ထြက္သြားေလသည္။

ခန္းမေဆာင္ထဲ၌ထြက္ေပၚေနသည့္ အမ်ိဳးသားတစ္ေယာက္၏အသံထဲ၌ စိတ္လႈပ္ရွားမႈအနည္းငယ္ပါဝင္သည္။

"ဂိုဏ္းခ်ဳပ္ အတိတ္ကာလတုန္းက ပိုင္ယြီဟာ ဂိုဏ္းခ်ဳပ္ကို သတ္ပစ္လုနီးပါး ရက္စက္ခဲ့တာပါ ဘာေၾကာင့္မ်ား အခုခ်ိန္ထိ ဂိုဏ္းထဲမွာထားထားရတာပါလဲ ဘာလို႔မ်ား ကလဲ့စားျပန္ေခ်တဲ့အေနနဲ႔ ဓားနဲ႔ထိုးၿပီး မသတ္ရတာပါလဲ"

"အဆင္ေျပပါတယ္ ငါကသူနဲ႔ ကစားေန႐ုံပါ"

လန္ယြမ္၏ႏႈတ္ခမ္းအစုံက ေကာ့ၫႊတ္ေနေသာ္လဲ သူ၏မ်က္လုံးထဲ၌ အမုန္းတရားတို႔ ျပည့္ႏွက္ေနသည္။

"သူ႔ကို ခ်က္ခ်င္းသတ္ပစ္လိုက္မယ္ဆို ဘယ္ေလာက္ျပင္းဖို႔ေကာင္းလိုက္သလဲ သူ႔ကို ငါ့နားမွာဖမ္းခ်ဳပ္ထားမယ္ သူ႔ႏွလုံးသားကို အရၿပီးမွ ရက္ရက္စက္စက္နင္းေျခပစ္မယ္ဆိုရင္ ေသရတာထက္ဆိုးတဲ့ဘဝကို သူလဲျမည္းစမ္းႏိုင္သြားမွာေပါ့"

ထိုအခ်ိန္၌ လန္ယြမ္၏မ်က္လုံးအိမ္မ်ားက မသိမသာက်ဥ္းေျမာင္းသြားခဲ့သည္။

ထိုႏွစ္တြင္ ျဖစ္ပ်က္ခဲ့သမွ်အရာအားလုံးကို ရွင္းရွင္းလင္းလင္းမွတ္မိေနဆဲပင္။

ေမ့ေပ်ာက္၍မရေသာ ထိုအမွတ္တရမ်ားက သူ႔ႏွလုံးသားကို ေန႔ေန႔ညညနာက်င္ေစသည္။

လြန္ခဲ့ေသာ၅ႏွစ္အတြင္း ဤကဲ့သို႔ႀကီးမားေသာအမုန္းတရား၏ ေထာက္ပံ့ေပးမႈသာမရွိလွ်င္ ယေန႔ကဲ့သို႔ သူေအာင္ျမင္ေနလိမ့္မည္မဟုတ္ေပ။

ယခုအခ်ိန္၌ သူသည္ ပိုင္ယြီအား အက်ဥ္းခ်ထားသည္။ လက္တုံ႔ျပန္ႏိုင္မည့္နည္းလမ္းမ်ားက မေရမတြက္ႏိုင္ေအာင္ရွိပါသည္။ တစ္ခ်က္တည္းႏွင့္ ေသေအာင္သတ္ပစ္၍ရသလို မေသမခ်င္းႏွိပ္စက္၍လဲရသည္။

သို႔ေသာ္ သူလိုခ်င္ေနသည္က ထိုအမ်ိဳးသား၏ႏွလုံးသားပင္။ ထို႔ေနာက္တြင္မွ ရက္စက္စြာနင္းေျခရမည္။

ထိုစဥ္က သူ႔အေပၚ၌ ပိုင္ယြီျပဳမူခဲ့သည့္ပုံစံအတိုင္းပင္။

သူ႔ရင္ဝအား ဓားျဖင့္ထိုးလိုက္စဥ္က ၂ဦးသားသည္ လုံးဝမသိကြၽမ္းၾကေသာသူစိမ္းမ်ားသကဲ့သို႔ ေအးစက္ေနပါေသာ ပိုင္ယြီ၏မ်က္ႏွာထားကို လန္ယြမ္လုံးဝေမ့မရေခ်။

ထိုအခ်ိန္က ပိုင္ယြီ၏မ်က္လုံးမ်ားထဲ၌ ႐ြံရွာမႈတို႔ျပည့္ႏွက္ေနသည္။

ေလးစားရပါေသာ ဆရာတူအစ္ကိုသည္ အဘယ္ေၾကာင့္မ်ား သူ႔အား ဤမွ်အထိမုန္းတီးသြားရသည္ကို လန္ယြမ္ လုံးဝနားမလည္ခဲ့ေပ။

အတိတ္အေၾကာင္းမ်ားေတြးေနေသာအခါ လန္ယြမ္၏မ်က္ႏွာထက္၌ အၿပဳံးတစ္ပြင့္ေပၚလာၿပီး သူ၏မ်က္လုံးမ်ားကဘဲ စတင္ေအးစက္လာသည္။

မွန္ေပသည္။ ပိုင္ယြီ၏ႏွလုံးသားကို အရယူလိုျခင္းမွာ ပိုင္ယြီအား လက္စားေခ်ခ်င္၍ပင္။

သူ၏ဆရာတူအစ္ကို၏စိတ္ထဲ၌ ဂိုဏ္းေခါင္းေဆာင္ေနာအတြက္သာရွိၿပီး ႏွစ္ေပါင္းမ်ားစြာတည္ရွိလာေသာ ညီအစ္ကိုဆက္ဆံေရးအား ရက္စက္စြာျဖင့္ အေလးမထားစြန႔္ပစ္ခဲ့မည္ဆိုလွ်င္ သူ႔ဘက္မွလဲ ေသြးမေအးစရာအေၾကာင္းမရွိေခ်။

ပိုင္ယြီအား လက္စားျပန္ေခ်လိုၿပီး သူခံစားခဲ့ရသလို အရွက္တကြဲျဖစ္ေစခ်င္သည္။ ထိုသူသည္ သူ၏စိတ္ရင္းကို ေပးလာေပလိမ့္မည္။ သို႔ေသာ္ ျပန္၍ရရွိမည္က အရာအားလုံးကို စြန႔္ပစ္ခံရျခင္းပင္။

"ဆရာတူအစ္ကို ဒီယာဂုက အရသာရွိရဲ႕လား"

လန္ယြမ္၏လက္ထဲ၌ ဇြန္းတစ္ေခ်ာင္းကိုင္ထားၿပီး ပိုင္ယြီအား ၿပဳံးျပကာ ယာဂုခြံ႕ေကြၽးေနသည္။

ပိုင္ယြီ၏လက္ေကာက္ဝတ္မ်ားသည္ ခ်ဳပ္ေႏွာင္ထားေသာသံႀကိဳးမ်ားေၾကာင့္ ေသြးအလိမ္းလိမ္းႏွင့္ ဒဏ္ရာျပင္းစြာရခဲ့သည္။

ယခုအခါတြင္မူ လန္ယြမ္က သူ႔အား ယာဂုပင္ခြံ႕ေကြၽးေနသည္။

တကယ္တမ္းတြင္ သူ၏လက္ေကာက္ဝတ္မ်ားက ဒဏ္ရာရထားသည့္တိုင္ အေသးအမႊားကိစၥမ်ားကို လုပ္ႏိုင္ပါေသးသည္။ သို႔ေသာ္ လုပ္ကိုင္ေပးေနသူလဲရွိေနသျဖင့္ ပိုင္ယြီသည္လဲ မျငင္းဆန္ေတာ့ေပ။



Continue Reading

You'll Also Like

79.2K 4.1K 17
Magnus is fashion designer who runs his own shop in New York, but when Alexander Lightwood, the Prince of Idris, hires him to work as the stylist for...
13K 1K 12
On a sudden spring night, when the moon somewhither sulker behind those misty clouds, Khwahish got a call from her friend, asking her to come back to...
57.1K 9.3K 31
Villain in the Kindergarten 《 ဗီလိန်မူကြို [စာအုပ်ထဲသို့ကူးပြောင်းခြင်း] 》 Associated Names; 反派幼稚园 [穿书] Status in COO; 76 main story + 1 extra story...
9K 503 11
Out of pure rage and immeasurable pain, Porchay shot his first & last bullet straight to Kimhan- the man who shattered him to pieces. But Kim survive...