unicode
အပိုင်း(၁၀၃)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ်၂.၂)
"ဆရာတူအစ်ကို ဒီလိုအရာကို ဘာကြောင့်များအရှက်ရစရာလို့ တွေးရတာလဲ အချင်းချင်းမတွေ့ရတာ ၅နှစ်တောင်ရှိနေပြီမဟုတ်လား အခုက နီးစပ်ဖို့အချိန်ပဲ ဆရာတူအစ်ကိုလဲ ဒီလိုဆက်ဆံခံရတာကို သဘောကျမှာပါ ဟုတ်တယ်မဟုတ်လား"
"သောက်ကျိုးနည်းသဘောကျ"
"ဆရာတူအစ်ကို ဘာပြောနေတာလဲ ခင်ဗျားက ကျွန်တော့်ဆီကနေ ဒီလိုဆက်ဆံခံရတာကို သဘောကျတယ်လို့ ပြောစေချင်နေတာကို"
လန်ယွမ်၏နှုတ်ခမ်းအစုံက ပိုင်ယွီ၏လည်ဇလုတ်အား ဖြေးညှင်းစွာဖိလိုက်သည်။
လက်ရှိတွင် ပိုင်ယွီ၏လှပသောခန္ဓာကိုယ်၌ သူနှင့်ဆိုင်သော အမှတ်အသားများအပြည့်ပင်။
ဤသို့သောမြင်ကွင်းမျိုးက သူ့ကို ပို၍ကြည်နူးစေသည်။
အန္တရာယ်အငွေ့အသက်တို့က ပို၍ပြင်းထန်လာသည်။
ပိုင်ယွီသည် မူလဇာတ်ကောင်မဟုတ်သောကြောင့် လန်ယွမ်ကို မမုန်းတီးပါပေ။ ထိုသူမှာ သူ၏ဗီလိန်မဟုတ်ပါလော။
ထို့ကြောင့် အညံ့ခံရသည်ဖြစ်စေ အခြားတစ်စုံတစ်ရာဖြစ်စေ အရေးမကြီးပါပေ။
"ငါသဘောကျတယ် သဘောကျတယ်လို့ လွှတ်ပေးပါတော့..."
လန်ယွမ်သာ ဤအတိုင်းဆက်သွားလျှင် သူအော်ငိုမိတော့မည်။
လွန်ခဲ့သောကမ္ဘာ၌ ရှဲ့ကျွင်းယန်ထံတွင် အသေနှိပ်စက်ခံခဲ့ရသော်လဲ ဤကမ္ဘာတွင်မူ ပို၍ကြောက်စရာကောင်းနေသေးသည်။
ဤတာဝန်အတွက် မည်သို့လုပ်ရပါမည်နည်း။ အမှန်တကယ် ဝမ်းနည်းစရာကောင်းလွန်းလှသည်။
ဤသို့ညစ်ညမ်းသောစကားလုံးများက ဟာသပြော၍ ရယ်မောလိုက်သည်။
ပိုင်ယွီက ထိုသို့တုံ့ပြန်လာမည်ဟု လန်ယွမ်မထင်ထားခဲ့ပေ။
ဆရာတူအစ်ကို၏အကျင့်စရိုက်ကို သူသေချာသိသည်။ သေလောက်အောင်အရိုက်ခံရလျှင်ပင် အရှုံးပေးမည်မဟုတ်ပေ။
ပိုင်ယွီထံမှ "သဘောကျသည်"ဟူသောစကားထွက်လာမည်ဟု လုံးဝစိတ်မကူးဖူးပါချေ။
တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး မျက်လုံးများထဲ၌ အပြုံးရိပ်သန်းသွားရသည်။
နှလုံးသားကို ငှက်မွေးလေးတစ်ချောင်းနှင့် ပွတ်ဆွဲနေသလိုခံစားရပြီး နှလုံးသားတစ်စုံလုံး ယားကျိကျိဖြစ်လာသည်။
ပိုင်ယွီ၏ ပေါ့ပေါ့ပါးပါးစကားလုံးများကပင် လန်ယွမ်၏ခံစားချက်ကို ပိုမိုကောင်းမွန်စေသည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅ လက်ရှိနှစ်သက်မှု -၉၅%]
လန်ယွမ်အား အကြောင်းပြချက်မရှိ ကြည့်လိုက်မိသည်။ ဤအရာလေးကပင် နှစ်သက်မှုကို တိုးနိုင်ပါသလော။
သို့သော် ပိုင်ယွီ၏စိတ်ခံစားချက်များ မသေချာခင်မှာတင် ထိုအမျိုးသားက သူ၏ခွန်အားကို တိုးမြှင့်လိုက်သည်ကို ခံစားလိုက်ရသည်။
"အား"
ပိုင်ယွီ၏တစ်ကိုယ်လုံး မြှောက်တက်သွားပြီး မူလကဖြူဖျော့နေသောမျက်နှာသည်လဲ နီရဲလာကာ မျက်လုံးများပါ ဝေဝါးလာသည်။
"ထပ်ပြောပါဦး..."
လန်ယွမ်သည် ပိုင်ယွီ၏မျက်နှာကိုကိုင်၍ ခေါင်းကိုမော့စေပြီး အရူးအမူးနမ်းရှိုက်လိုက်သည်။
"ဝူး..."
ပိုင်ယွီမှာ ခုခံထားသော်လဲ သူ၏ပါးစပ်က ပိတ်ဆို့ခံထားလိုက်ရပြီဖြစ်သည်။
လန်ယွမ်၏လျှာသည် သူ၏ခံတွင်းထဲသို့ရောက်နေပြီဖြစ်ကာ ဆက်တိုက်မွှေနှောက်၍ ပိုင်ယွီအားသူနှင့်အတူစီးမြောရန် ဖိအားပေးနေသည်။
နှလုံးသားက ပေါက်ကွဲထွက်မတတ်ခံစားနေရပြီး ဖော်ပြ၍ပင်မရသောစိတ်ကျေနပ်မှုကလဲ ဖြစ်တည်နေခဲ့သည်။
သူ၏ဆရာတူအစ်ကိုထံမှ ထိုစကားလုံးမျိုးကို နောက်တစ်ကြိမ်ထပ်ကြားရန် မဖြစ်နိုင်တော့သည်ကို သိထားသောကြောင့် ပါးစပ်မှပြောလိုက်သည့်တိုင် စိတ်ထဲ၌မျှော်လင့်ချက်မထားခဲ့ပေ။
ယခုကဲ့သို့ အိပ်ရာတစ်ခုတည်းထဲ၌ လဲလျောင်းနိုင်ပြီး စီးမြောနေရရုံနဲ့တင် သူ့ခံစားချက်ကကောင်းမွန်နေပြီဖြစ်သည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅]
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅]
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅]
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၅]
[လက်ရှိနှစ်သက်မှု -၇၀%]
ပိုင်ယွီမှာ မျက်လုံးမှိတ်ထားဆဲဖြစ်ကာ ထပ်ခါထပ်ခါ မောဟိုက်နေရပြီး အသက်ရှုသံများပင် ပျောက်ကွယ်သွားရသည်။
မြင့်မားလှသောနှစ်သက်မှုက ပိုင်ယွီကို အနည်းငယ်မျှ အံ့အားသင့်စေခဲ့သော်လဲ ဘာမှထပ်မပြောဖြစ်ခဲ့ပေ။
သို့သော် လန်ယွမ်သည် အလွန်တက်ကြွနေပုံရပြီး ပိုင်ယွီနှင့်ပေါင်းစပ်ရန်အတွက် ဆက်တိုက်ကြိုးစားနေသည်။
အခန်းထဲတွင် မပီမသလေသံများ ထပ်ခါတလဲလဲထွက်ပေါ်နေသည်။
နောက်ဆုံးတွင် ပိုင်ယွီသည်လဲ တောင့်မခံနိုင်တော့ဘဲ အမှန်တကယ်မေ့လဲသွားရသည်။
မရပ်တန့်မီအထိ မည်မျှကြာမြင့်သွားသည်ကို လန်ယွမ်မသိချေ။ သူ့အောက်တွင်လဲလျောင်းနေသူ၏ခန္ဓာကိုယ်၌ လတ်တလောအကြမ်းဖက်မှုကြောင့် ရရှိထားသည့် အမှတ်အသားများနှင့် ပြည့်နှက်နေသည်။
ထိုအမှတ်များအားလုံးက သူ၏အမှတ်အသားများသာ။
ဤသူသည် အဆင့်မြင့်ကိုယ်ခံပညာဂိုဏ်း၏ခေါင်းဆောင်ဟု မည်သူထင်ပါမည်နည်း။ ဤသို့အေးစက်၍ အကြင်နာမဲ့သောသူအား ယခုကဲ့သို့ပုံစံမျိုးဖြစ်အောင် မည်သို့လုပ်ခဲ့ရပါသနည်း။
လန်ယွမ်ခါးညွှတ်၍ ပိုင်ယွီ၏နှုတ်ခမ်းကို နမ်းလိုက်သည်။
အတော်ကြာသည်အထိ ဖုံးကွယ်ထားသောချစ်ခြင်းမေတ္တာတို့က ထွက်ပေါ်လာပုံပင်။ မျက်လုံးအိမ်တို့က မသိမသာကျဉ်းမြောင်းသွားပြီးနောက် ငြီးတွားလိုက်သည်။
"ဆရာတူအစ်ကို နောက်ဆုံးတော့ ခင်ဗျားက ကျွန်တော့်အပိုင်ပဲ..."
တစ်ခဏအတွင်းမှာပင် ချစ်ခြင်းအငွေ့အသက်များက အကြွင်းအကျန်မရှိ ပျောက်ဆုံးသွားခဲ့ပြီးနောက် အဆုံးမရှိသောအမုန်းတရားတို့က အစားထိုးဝင်လာခဲ့သည်။
"ဒါပေမဲ့ အဲ့ဒီ့အချိန်တုန်းက ဘာလို့များကျွန်တော့်အပေါ် ရက်စက်ရတာလဲ ဘာကြောင့်များလဲ"
ပိုင်ယွီ အိပ်မောကျသွားသည့်အချိန်၌ ရှောင်မီဟူ၏အသံ ထွက်ပေါ်လာခဲ့သည်။
[Host အဆင်ပြေရဲ့လား]
ပိုင်ယွီ၏စိတ်ဝိဉာဉ်အသိစိတ်က နိုးကြားသွားသော်လဲ ချက်ချင်းမျက်စိဖွင့်မကြည့်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော လန်ယွမ်၏လက်ချောင်းများက သူ့မျက်နှာအား တစ်ချက်ချင်းကုတ်ခြစ်နေသည်ကို ခံစားနေရသောကြောင့်ပင်။
'ဒီနှာဘူးက ဘယ်အချိန်ထိဆက်နေနေမှာလဲ မထွက်သွားသေးဘူးလား'
ရှောင်မီဟူသည် ပိုင်ယွီနိုးနေသည်ကို အခွင့်ကောင်းယူ၍ ဇာတ်ကြောင်းလွှဲပေးချင်နေသည်။ မဟုတ်ပါက မည်သည့်အချိန်ထိစောင့်နေရမည်ကို သူမသိပေ။
[Host အခုပဲ ဇာတ်ကြောင်းပို့ပေးလိုက်ပါ့မယ်]
"ကောင်းပြီ"
ပိုင်ယွီသည် အတိတ်မှသင်ခန်းစာရခဲ့ပြီးဖြစ်၍ သူ၏ဦးခေါင်းမှ သေလောက်အောင်နာကျင်သည့်တိုင် မျက်ခုံးများက ထပ်မတွန့်သွားတော့ပေ။
ဇာတ်ကြောင်းထဲ၌ မူလဇာတ်ကောင်နှင့် လန်ယွမ်တို့သည် အတူတကွကြီးပြင်းလာကြပြီး ဆရာတစ်ဦးတည်း၏လက်အောက်၌ ပညာသင်ကြားခဲ့ကြသူများဖြစ်သည်။
၂ဦးကြားမှဆက်ဆံရေးမှာ အမြဲတမ်းကောင်းမွန်ဖြောင့်ဖြူးခဲ့သည်။
လန်ယွမ်သည် ကလေးဘဝကတည်းက မူလဇာတ်ကောင်အပေါ် တိတ်တခိုးချစ်ခင်ခဲ့သော်လဲ ၂ဦးစလုံးမှာ ယောကျာ်းများဖြစ်နေကြသလို ဆရာတူညီအစ်ကိုများဖြစ်နေသဖြင့် ထိုချစ်ခြင်းကို ထုတ်မပြခဲ့ပေ။
တစ်နေ့တွင်မူ မူလဇာတ်ကောင်နှင့်အတူ အရက်သောက်ကြပြီးနောက် အမူးလွန်သွားချိန်တွင် သူ၏ခံစားချက်များကို မထိန်းသိမ်းနိုင်တော့ဘဲ ထုတ်ဖော်ပြသမိသွားသည်။
သို့သော် နောက်တစ်နေ့ လန်ယွမ်အမူးပြေသွားချိန်၌မူ မူလဇာတ်ကောင်အား ဖွင့်ပြောခဲ့ခြင်းကို လုံးဝမေ့သွားခဲ့သည်။
zawgyi
အပိုင္း(၁၀၃)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္၂.၂)
"ဆရာတူအစ္ကို ဒီလိုအရာကို ဘာေၾကာင့္မ်ားအရွက္ရစရာလို႔ ေတြးရတာလဲ အခ်င္းခ်င္းမေတြ႕ရတာ ၅ႏွစ္ေတာင္ရွိေနၿပီမဟုတ္လား အခုက နီးစပ္ဖို႔အခ်ိန္ပဲ ဆရာတူအစ္ကိုလဲ ဒီလိုဆက္ဆံခံရတာကို သေဘာက်မွာပါ ဟုတ္တယ္မဟုတ္လား"
"ေသာက္က်ိဳးနည္းသေဘာက်"
"ဆရာတူအစ္ကို ဘာေျပာေနတာလဲ ခင္ဗ်ားက ကြၽန္ေတာ့္ဆီကေန ဒီလိုဆက္ဆံခံရတာကို သေဘာက်တယ္လို႔ ေျပာေစခ်င္ေနတာကို"
လန္ယြမ္၏ႏႈတ္ခမ္းအစုံက ပိုင္ယြီ၏လည္ဇလုတ္အား ေျဖးညႇင္းစြာဖိလိုက္သည္။
လက္ရွိတြင္ ပိုင္ယြီ၏လွပေသာခႏၶာကိုယ္၌ သူႏွင့္ဆိုင္ေသာ အမွတ္အသားမ်ားအျပည့္ပင္။
ဤသို႔ေသာျမင္ကြင္းမ်ိဳးက သူ႔ကို ပို၍ၾကည္ႏူးေစသည္။
အႏၲရာယ္အေငြ႕အသက္တို႔က ပို၍ျပင္းထန္လာသည္။
ပိုင္ယြီသည္ မူလဇာတ္ေကာင္မဟုတ္ေသာေၾကာင့္ လန္ယြမ္ကို မမုန္းတီးပါေပ။ ထိုသူမွာ သူ၏ဗီလိန္မဟုတ္ပါေလာ။
ထို႔ေၾကာင့္ အညံ့ခံရသည္ျဖစ္ေစ အျခားတစ္စုံတစ္ရာျဖစ္ေစ အေရးမႀကီးပါေပ။
"ငါသေဘာက်တယ္ သေဘာက်တယ္လို႔ လႊတ္ေပးပါေတာ့..."
လန္ယြမ္သာ ဤအတိုင္းဆက္သြားလွ်င္ သူေအာ္ငိုမိေတာ့မည္။
လြန္ခဲ့ေသာကမာၻ၌ ရွဲ႕ကြၽင္းယန္ထံတြင္ အေသႏွိပ္စက္ခံခဲ့ရေသာ္လဲ ဤကမာၻတြင္မူ ပို၍ေၾကာက္စရာေကာင္းေနေသးသည္။
ဤတာဝန္အတြက္ မည္သို႔လုပ္ရပါမည္နည္း။ အမွန္တကယ္ ဝမ္းနည္းစရာေကာင္းလြန္းလွသည္။
ဤသို႔ညစ္ညမ္းေသာစကားလုံးမ်ားက ဟာသေျပာ၍ ရယ္ေမာလိုက္သည္။
ပိုင္ယြီက ထိုသို႔တုံ႔ျပန္လာမည္ဟု လန္ယြမ္မထင္ထားခဲ့ေပ။
ဆရာတူအစ္ကို၏အက်င့္စ႐ိုက္ကို သူေသခ်ာသိသည္။ ေသေလာက္ေအာင္အ႐ိုက္ခံရလွ်င္ပင္ အရႈံးေပးမည္မဟုတ္ေပ။
ပိုင္ယြီထံမွ "သေဘာက်သည္"ဟူေသာစကားထြက္လာမည္ဟု လုံးဝစိတ္မကူးဖူးပါေခ်။
တစ္ကိုယ္လုံး ေတာင့္တင္းသြားခဲ့ၿပီး မ်က္လုံးမ်ားထဲ၌ အၿပဳံးရိပ္သန္းသြားရသည္။
ႏွလုံးသားကို ငွက္ေမြးေလးတစ္ေခ်ာင္းႏွင့္ ပြတ္ဆြဲေနသလိုခံစားရၿပီး ႏွလုံးသားတစ္စုံလုံး ယားက်ိက်ိျဖစ္လာသည္။
ပိုင္ယြီ၏ ေပါ့ေပါ့ပါးပါးစကားလုံးမ်ားကပင္ လန္ယြမ္၏ခံစားခ်က္ကို ပိုမိုေကာင္းမြန္ေစသည္။
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅ လက္ရွိႏွစ္သက္မႈ -၉၅%]
လန္ယြမ္အား အေၾကာင္းျပခ်က္မရွိ ၾကည့္လိုက္မိသည္။ ဤအရာေလးကပင္ ႏွစ္သက္မႈကို တိုးႏိုင္ပါသေလာ။
သို႔ေသာ္ ပိုင္ယြီ၏စိတ္ခံစားခ်က္မ်ား မေသခ်ာခင္မွာတင္ ထိုအမ်ိဳးသားက သူ၏ခြန္အားကို တိုးျမႇင့္လိုက္သည္ကို ခံစားလိုက္ရသည္။
"အား"
ပိုင္ယြီ၏တစ္ကိုယ္လုံး ေျမႇာက္တက္သြားၿပီး မူလကျဖဴေဖ်ာ့ေနေသာမ်က္ႏွာသည္လဲ နီရဲလာကာ မ်က္လုံးမ်ားပါ ေဝဝါးလာသည္။
"ထပ္ေျပာပါဦး..."
လန္ယြမ္သည္ ပိုင္ယြီ၏မ်က္ႏွာကိုကိုင္၍ ေခါင္းကိုေမာ့ေစၿပီး အ႐ူးအမူးနမ္းရႈိက္လိုက္သည္။
"ဝူး..."
ပိုင္ယြီမွာ ခုခံထားေသာ္လဲ သူ၏ပါးစပ္က ပိတ္ဆို႔ခံထားလိုက္ရၿပီျဖစ္သည္။
လန္ယြမ္၏လွ်ာသည္ သူ၏ခံတြင္းထဲသို႔ေရာက္ေနၿပီျဖစ္ကာ ဆက္တိုက္ေမႊေႏွာက္၍ ပိုင္ယြီအားသူႏွင့္အတူစီးေျမာရန္ ဖိအားေပးေနသည္။
ႏွလုံးသားက ေပါက္ကြဲထြက္မတတ္ခံစားေနရၿပီး ေဖာ္ျပ၍ပင္မရေသာစိတ္ေက်နပ္မႈကလဲ ျဖစ္တည္ေနခဲ့သည္။
သူ၏ဆရာတူအစ္ကိုထံမွ ထိုစကားလုံးမ်ိဳးကို ေနာက္တစ္ႀကိမ္ထပ္ၾကားရန္ မျဖစ္ႏိုင္ေတာ့သည္ကို သိထားေသာေၾကာင့္ ပါးစပ္မွေျပာလိုက္သည့္တိုင္ စိတ္ထဲ၌ေမွ်ာ္လင့္ခ်က္မထားခဲ့ေပ။
ယခုကဲ့သို႔ အိပ္ရာတစ္ခုတည္းထဲ၌ လဲေလ်ာင္းႏိုင္ၿပီး စီးေျမာေနရ႐ုံနဲ႔တင္ သူ႔ခံစားခ်က္ကေကာင္းမြန္ေနၿပီျဖစ္သည္။
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅]
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅]
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅]
[ဒင္ ပစ္မွတ္ရဲ႕ႏွစ္သက္မႈ +၅]
[လက္ရွိႏွစ္သက္မႈ -၇၀%]
ပိုင္ယြီမွာ မ်က္လုံးမွိတ္ထားဆဲျဖစ္ကာ ထပ္ခါထပ္ခါ ေမာဟိုက္ေနရၿပီး အသက္ရႈသံမ်ားပင္ ေပ်ာက္ကြယ္သြားရသည္။
ျမင့္မားလွေသာႏွစ္သက္မႈက ပိုင္ယြီကို အနည္းငယ္မွ် အံ့အားသင့္ေစခဲ့ေသာ္လဲ ဘာမွထပ္မေျပာျဖစ္ခဲ့ေပ။
သို႔ေသာ္ လန္ယြမ္သည္ အလြန္တက္ႂကြေနပုံရၿပီး ပိုင္ယြီႏွင့္ေပါင္းစပ္ရန္အတြက္ ဆက္တိုက္ႀကိဳးစားေနသည္။
အခန္းထဲတြင္ မပီမသေလသံမ်ား ထပ္ခါတလဲလဲထြက္ေပၚေနသည္။
ေနာက္ဆုံးတြင္ ပိုင္ယြီသည္လဲ ေတာင့္မခံႏိုင္ေတာ့ဘဲ အမွန္တကယ္ေမ့လဲသြားရသည္။
မရပ္တန႔္မီအထိ မည္မွ်ၾကာျမင့္သြားသည္ကို လန္ယြမ္မသိေခ်။ သူ႔ေအာက္တြင္လဲေလ်ာင္းေနသူ၏ခႏၶာကိုယ္၌ လတ္တေလာအၾကမ္းဖက္မႈေၾကာင့္ ရရွိထားသည့္ အမွတ္အသားမ်ားႏွင့္ ျပည့္ႏွက္ေနသည္။
ထိုအမွတ္မ်ားအားလုံးက သူ၏အမွတ္အသားမ်ားသာ။
ဤသူသည္ အဆင့္ျမင့္ကိုယ္ခံပညာဂိုဏ္း၏ေခါင္းေဆာင္ဟု မည္သူထင္ပါမည္နည္း။ ဤသို႔ေအးစက္၍ အၾကင္နာမဲ့ေသာသူအား ယခုကဲ့သို႔ပုံစံမ်ိဳးျဖစ္ေအာင္ မည္သို႔လုပ္ခဲ့ရပါသနည္း။
လန္ယြမ္ခါးၫႊတ္၍ ပိုင္ယြီ၏ႏႈတ္ခမ္းကို နမ္းလိုက္သည္။
အေတာ္ၾကာသည္အထိ ဖုံးကြယ္ထားေသာခ်စ္ျခင္းေမတၱာတို႔က ထြက္ေပၚလာပုံပင္။ မ်က္လုံးအိမ္တို႔က မသိမသာက်ဥ္းေျမာင္းသြားၿပီးေနာက္ ၿငီးတြားလိုက္သည္။
"ဆရာတူအစ္ကို ေနာက္ဆုံးေတာ့ ခင္ဗ်ားက ကြၽန္ေတာ့္အပိုင္ပဲ..."
တစ္ခဏအတြင္းမွာပင္ ခ်စ္ျခင္းအေငြ႕အသက္မ်ားက အႂကြင္းအက်န္မရွိ ေပ်ာက္ဆုံးသြားခဲ့ၿပီးေနာက္ အဆုံးမရွိေသာအမုန္းတရားတို႔က အစားထိုးဝင္လာခဲ့သည္။
"ဒါေပမဲ့ အဲ့ဒီ့အခ်ိန္တုန္းက ဘာလို႔မ်ားကြၽန္ေတာ့္အေပၚ ရက္စက္ရတာလဲ ဘာေၾကာင့္မ်ားလဲ"
ပိုင္ယြီ အိပ္ေမာက်သြားသည့္အခ်ိန္၌ ေရွာင္မီဟူ၏အသံ ထြက္ေပၚလာခဲ့သည္။
[Host အဆင္ေျပရဲ႕လား]
ပိုင္ယြီ၏စိတ္ဝိဉာဥ္အသိစိတ္က ႏိုးၾကားသြားေသာ္လဲ ခ်က္ခ်င္းမ်က္စိဖြင့္မၾကည့္ခဲ့ေပ။
အဘယ့္ေၾကာင့္ဆိုေသာ လန္ယြမ္၏လက္ေခ်ာင္းမ်ားက သူ႔မ်က္ႏွာအား တစ္ခ်က္ခ်င္းကုတ္ျခစ္ေနသည္ကို ခံစားေနရေသာေၾကာင့္ပင္။
'ဒီႏွာဘူးက ဘယ္အခ်ိန္ထိဆက္ေနေနမွာလဲ မထြက္သြားေသးဘူးလား'
ေရွာင္မီဟူသည္ ပိုင္ယြီႏိုးေနသည္ကို အခြင့္ေကာင္းယူ၍ ဇာတ္ေၾကာင္းလႊဲေပးခ်င္ေနသည္။ မဟုတ္ပါက မည္သည့္အခ်ိန္ထိေစာင့္ေနရမည္ကို သူမသိေပ။
[Host အခုပဲ ဇာတ္ေၾကာင္းပို႔ေပးလိုက္ပါ့မယ္]
"ေကာင္းၿပီ"
ပိုင္ယြီသည္ အတိတ္မွသင္ခန္းစာရခဲ့ၿပီးျဖစ္၍ သူ၏ဦးေခါင္းမွ ေသေလာက္ေအာင္နာက်င္သည့္တိုင္ မ်က္ခုံးမ်ားက ထပ္မတြန႔္သြားေတာ့ေပ။
ဇာတ္ေၾကာင္းထဲ၌ မူလဇာတ္ေကာင္ႏွင့္ လန္ယြမ္တို႔သည္ အတူတကြႀကီးျပင္းလာၾကၿပီး ဆရာတစ္ဦးတည္း၏လက္ေအာက္၌ ပညာသင္ၾကားခဲ့ၾကသူမ်ားျဖစ္သည္။
၂ဦးၾကားမွဆက္ဆံေရးမွာ အၿမဲတမ္းေကာင္းမြန္ေျဖာင့္ျဖဴးခဲ့သည္။
လန္ယြမ္သည္ ကေလးဘဝကတည္းက မူလဇာတ္ေကာင္အေပၚ တိတ္တခိုးခ်စ္ခင္ခဲ့ေသာ္လဲ ၂ဦးစလုံးမွာ ေယာက်ာ္းမ်ားျဖစ္ေနၾကသလို ဆရာတူညီအစ္ကိုမ်ားျဖစ္ေနသျဖင့္ ထိုခ်စ္ျခင္းကို ထုတ္မျပခဲ့ေပ။
တစ္ေန႔တြင္မူ မူလဇာတ္ေကာင္ႏွင့္အတူ အရက္ေသာက္ၾကၿပီးေနာက္ အမူးလြန္သြားခ်ိန္တြင္ သူ၏ခံစားခ်က္မ်ားကို မထိန္းသိမ္းႏိုင္ေတာ့ဘဲ ထုတ္ေဖာ္ျပသမိသြားသည္။
သို႔ေသာ္ ေနာက္တစ္ေန႔ လန္ယြမ္အမူးေျပသြားခ်ိန္၌မူ မူလဇာတ္ေကာင္အား ဖြင့္ေျပာခဲ့ျခင္းကို လုံးဝေမ့သြားခဲ့သည္။