TRICK ✔
By NightToy_95
14.7K 1.4K 84
မျက်လှည့်ကမှော်ပညာလား.. မ်က္လွည့္ကေမွာ္ပညာလား.. coverphoto credit #nighttoy95 #Hongkong style More
1ခု
3ခု
4ခု
5ခု
6ခု
7ခု
8ခု
character
9ခု
10ခု
11ခု
12ခု
13ခု
14ခု
15ခု
16ခု
17ခု
Xiao and Feng
18ခု
19ခု
20ခု
21ခု(လမ်းဆုံး)Uni
21ခု(လမ္းဆုံး)Zaw
2ခု
874 75 4
By NightToy_95
2ခု
Uni
နာကျင်နေတဲ့ခြေထောက်ကိုအံတုပြီးဘာမှမဖြစ်သလိုနှင့်ထိုင်ခုံမှာခပ်တည်တည်ပြန်ဝင်ထိုင်လိုက်သည်။ရှောင်းကျန့်ရဲ့ဆံပင်တွေနဲ့အင်္ကျီရင်ဘက်ကရေတွေအနည်းငယ်စိုထိုင်းနေတာကြောင့်ဝမ်ရိပေါ်ကအလိုမကျစွာကြည့်နေသည်။
"ဒါကဘယ်လိုပုံစံဖြစ်လာတာလဲ.
သြရှရှအသံကအေးစက်စက်နှင့်အာဏာသံအနည်းငယ်စွတ်နေသည်။ရှောင်းကျန့်ကဆံပင်စိုတွေကိုလက်ချောင်းတွေနဲ့ဖွပြီးပြုံးတုံ့တုံ့နှင့်
"ဘာမှမဖြစ်ပါဘူးရေသန့်စင်ရင်းခလုတ်ချော်ပြီးရေအားမထိန်းနိုင်ဖြစ်သွားတာ"
"ငါတာဝန်ရှိသူတွေနဲ့သွားတွေ့မယ်"
ထရပ်ဖို့လုပ်နေတဲ့ဝမ်ရိပေါ်ကိုရှောင်းကျန့်ကပြန်ဆွဲထားလိုက်တယ်
"သွားတွေ့စရာမလိုပါဘူးငါစိတ်အနှောင့်အယှက်မဖြစ်တာမလို့ထားလိုက်တော့"
ထစ်ခနဲဆိုသွေးအေးအေးနဲ့စိတ်ကြီးတဲ့Boss Wangကရှောင်းကျန့်နဲ့ပက်သက်လာရင်ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေလိုက်ပတ်ရမ်းတတ်တယ်။ခေါင်းအေးအေးမစဥ်းစားနိုင်တော့ပဲရှောင်းကျန့်မျက်နှာတစ်ခုထဲကိုပဲတစိုက်မတ်မတ်ကြည့်နေတတ်သည်
"ရေစိုကြီးနဲ့နေတာမကောင်းဘူးအိမ်ပြန်မယ်"
"ဟင်..မျက်လှည့်မကြည့်တော့ဘူးလား"
"ဒီပုံစံနဲ့ကြည့်ချင်သေးတာလား ထ! ပြန်မယ်"
ရှောင်းကျန့်ကမထပဲပေကပ်ပြီးထိုင်နေတုန်း။မျက်လှည့်ပွဲကိုအရမ်းကြည့်ချင်နေတာကိုတစ်ခါမှမမြင်ဖူးမကြုံဖူးတာမလို့အရမ်းစိတ်ဝင်စားမိတာခုတော့ရှေ့ကလူကမျက်မှောင့်ကြီးတွန့်ပြီးအိမ်ပြန်အမိန့်ထုတ်နေပြီး။
ဝမ်ရိပေါ်ကသူ့ရဲ့အပြင်Coatကိုချွတ်ပြီးရှောင်းကျန့်ရဲ့ရေစိုအဝတ်ပေါ်အုပ်ပေးလိုက်တယ်။ဟောင်ကောင်ရဲ့ရာသီဥတုကပြည်မကြီးတွေလောက်မအေးပါဘူးဒါပေမဲ့အေးတာတော့အေးတာပဲ။ဒီလိုရာသီဥတုနဲ့ရေစိုအဝတ်စားနဲ့ရှောင်းကျန့်ကမကိုက်ညီဘူး..
"ပြန်မယ်"
"~~Boss Wang~~"
လက်မောင်းကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်လှုပ်ရမ်းကာချွဲနေတဲ့သူကပွဲရုံထဲကထွက်သွားချင်ပုံမပေါ်ဘူး။ဒါပေမဲ့ဝမ်ရိပေါ်ကရှောင်းကျန့်သဘောထားကိုမေးမဲ့သူမှမဟုတ်တာ။
တောက်ပနေတဲ့မျက်ဝန်းတွေထဲမှာကြယ်ပွင့်လေးတွေကိုမြင်နေရတယ်။စိုရဲရဲနှုတ်ခမ်းကမစူထော်တော့ပေမဲ့သေးသေးလဲမဲ့ကျနေတယ်။သူ့လက်မောင်းကိုလဲအဆက်မပြတ်လှုပ်ခါနေတာမလို့ဝမ်ရိပေါ်ခေါင်းတောင်မူးချင်လာသလိုပဲ..
"တော်တော့ရှောင်းကျန့်..ငါကအိမ်ပြန်မယ်ဆိုပြန်မယ်ငါ့စကားကိုမဆန့်ကျင်နဲ့!"
နဲနဲမာန်ပေးလိုက်မှငြိမ်ကျသွားတယ်။ခုတလောသူ့ချစ်သက်ကဆိုးလာတယ်အလိုလိုက်ထားမိတယ်ထင်တယ်။ငြိမ်ကျသွားတဲ့ခန္ဓာကိုယ်ကိုခါးကနေပွေ့ထူမပြီးခါးကိုဖက်ထားလျက်နှင့်ပင်ရုံအပြင်ကိုထွက်လာခဲ့သည်။နောက်ကရှောင်းကျန့်ခွေးနက်တွေလို့ပြောတဲ့ကိုယ်ရံတော်တွေလဲလိုက်ပါလာခဲ့သည်။
ထော့နဲ့ထော့နဲ့ဖြစ်ချင်နေတဲ့ခြေထောက်ကိုမသိသာအောင်လူကောင်းပုံစံလျောက်နေရတာလဲမလွယ်ကူလှဘူး။သူ့ကြောင့်နဲ့တော့လူ့အသက်တစ်ချောင်းကိုတန်ဖိုးမဲ့စွာမဆုံးရှုံးစေချင်ပေ။တော်သေးတာကBoss Wangကခါးကိုပွေ့ထားပေးလို့မဟုတ်ရင်လမ်းကောင်းကောင်းလျောက်ဖို့အခြေအနေမဟန်..
"အို့..တူပါတယ်လို့ကြည့်နေတာတကယ်ပဲသခင်ကြီးဝမ်ဖြစ်နေတာကို"
ရုံအပြင်ကိုရောက်လာတော့အသက်လတ်ပိုင်းအရွယ်မိန်းကလေးတစ်ယောက်ကသူတို့အနားရောက်လာပြီးBoss Wangကိုပြောတယ်။
မျက်နှာမှာလက်တစ်ဆစ်လောက်ရှိတဲ့ပေါင်ဒါမှုန့်ထူထူတွေနဲ့ပေါင်လယ်လောက်ထိကွဲနေတဲ့ချောင်ဆမ်ရိုးရာဝတ်စုံမရမ်းစေ့ရောင်ကိုဝတ်ဆင်ထားတယ်။ခုခေတ်စားနေတဲ့ရေမွှေးRochas femme ကိုတစ်ပုလင်းလုံးလောင်းချထားပုံရသည်။ရှောင်းကျန့်မနှစ်မြို့တဲ့chypreအနံ့တွေကနှာခေါင်းဝကိုအလုံးလိုက်အရင်းလိုက်တိုးဝင်လာတယ်။ပိုဆိုးတာကထိုအမျိုးသမီးကBoss Wangနဲ့ပိုနီးကပ်စွာခြေတစ်လှမ်းအကွာမှာရပ်နေတာမလို့Boss Wangဘေးကသူကတော့ခေါင်းတွေတောင်ကိုက်ချင်လာတယ်။
"ဘယ်သူများလဲလို့Ms. Maria ပဲမတွေ့တာတောင်ကြာပြီပေါ့"
ဝမ်ရိပေါ်ကထိုအမျိုးသမီးကိုပြုံးပြကာစကားကောင်းကောင်းပြန်ပြောတာမလို့ထိုအမျိုးသမီးကတော်ရုံမဖြစ်တန်ဘူး။ဘာလို့ဆိုBoss Wangကရှောင်းကျန့်ကလွဲပြီးဒီလိုပြုံးပြတာရှားတယ်လေ။
Mariaကခပ်ညုညုရယ်သမ်းသွေးပြီး
"ကျွန်မတို့နောက်ဆုံးတွေခဲ့တာpeninsulaမှာDinner partyတုန်းကထင်တယ် အဲ့တုန်းကသခင်ကြီးဝမ်ကိုခပ်မိုက်မိုက်အမျိုးသမီးတစ်ယောက်နဲ့တွဲပြီးတွေ့တာလေ "
Mariaစကားကိုဝမ်ရိပေါ်ကပြုံးတုံ့တုံ့ဖြင့်သာတုံ့ပြန်ပေမဲ့ရှောင်းကျန့်ကတော့မျက်ခုံးတွေတွန့်ချိုးသွားတယ်။
Boss Wangကအရမ်းနာမည်ကြီးတယ်တရားမဝင်အလုပ်တွေရောတရားဝင်တာတွေရောသူ့မှာလုပ်ငန်းပေါင်းများစွာပိုင်ဆိုင်ထားတာကြောင့်မကြာခဏပွဲတက်ရတာမျိုးတွေရှိတယ်။အဲ့လိုပွဲတွေမှာတစ်ခါမှရှောင်းကျန့်ကိုပွဲမထုတ်တတ်ဘူးပါတနာနဲ့အတူတက်ရမဲ့ပွဲတွေဆိုBoss Wangကမျိုးကောင်းမျိုးသန့်နောက်ကြောင်းအရှုပ်အရှင်းကင်းတဲ့အမျိုးသမီးတွေကိုခေါ်သွားတတ်တယ်။ရှောင်းကျန့်ကိုတော့တစ်ခါမှလိုက်ခဲ့ချင်လားမမေးဖူးသလိုသူလိုက်ချင်တယ်လို့ပြောရင်တောင်တားမြစ်ပြီးအိမ်ထဲကြိုးတုတ်ပြီးသော့ခတ်ထားခဲ့မှာ။
သူ့ခါးကိုရစ်သွယ်ထားတဲ့Boss Wangရဲ့လက်ကိုရှေ့ကအမျိုးသမီးကမမြင်ဘူးဆိုတာမဖြစ်နိုင်ဘူး။ဒီလိုစကားကိုသူ့ရှေ့မှာပြောတာကဘာရည်ရွယ်ချက်လဲဆိုတာသိသာလွန်းတယ်။'တမင်တကာမတော်တဆ'ဆိုတာမျိုးပေါ့..
"အဲ့အမျိုးသမီးကအရမ်းလှတာပဲ..သခင်ကြီး
ဝမ်နဲ့ဆိုနဂါးနဲ့ဇာမဏီလိုလိုက်ဖက်မှုရှိတယ် ခုသူမဘယ်ရောက်နေတာလဲအတူမခေါ်လာဘူးလား..အဟင်း..သခင်ကြီးဝမ်တို့များကောင်မလေးကိုသဝန်တိုလွန်းလို့အိမ်မှာဖွက်ထားတယ်ထင်တယ်.."
အခြေအနေနဲ့အချိန်အခါကိုမကြည့်တတ်လွန်းတဲ့ထိုအမျိုးသမီးကတုံးအလွန်းတာလားဒါမှမဟုတ်သိသိကြီးနဲ့မိုက်မဲလွန်းတာလား။
ရှောင်းကျန့်မျက်နှာကတဖြည်းဖြည်းရှုံ့မဲ့လာပေမဲ့ဝမ်ရိပေါ်ကတော့မူပိုင်စတိုင်လ်ဖြစ်တဲ့မျက်လုံးတွေတစ်ဝက်လောက်မှေးစင်းကျပြီးနှုတ်ခမ်းတွေတွန့်ပြုံးလို့စိုက်ကြည့်နေတယ်။
"Ms. Mariaကသူမကိုအတော်လေးစိတ်ဝင်စားနေတဲ့ပုံပဲ"
"အိုး...ဒါပေါ့သခင်ကြီးဝမ်အနားကလူပဲနဲနဲတော့စိတ်ဝင်စားတာပေါ့"
ဝမ်ရိပေါ်ကခေါင်းတငြိမ့်ငြိမ့်ဖြင့်သာပြုံးနေတယ်။ရှောင်းကျန့်ကရေမွှေးနံ့တွေမွှန်ထူနေတာကြောင့်ပတ်ဝန်းကျင်လေထုတောင်မသန့်တော့ဘူးလို့ထင်တယ်။နှာခေါင်းဝကိုလက်ညိုးနဲ့ပွတ်ပြီး
"Ms. နဲနဲဝေးဝေးမှာနေပေးလို့ရမလား...ခင်ဗျားရဲ့ရေမွှေးနံ့ကကျွန်တော့်ကိုခေါင်းကိုက်စေတယ်"
"အို့.sorryပါ"
Mariaရဲ့မျက်နှာကတစ်ချက်ရှုံ့တွသွားပြီးမအီမသာဖြင့်အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်တယ်။သူ့မျက်နှာရှုံ့တွသွားတဲ့အချိန်မှာအရေးကြောင်းတွေပေါ်လာပြီးပေါင်ဒါမှုန့်ထူထူမျက်နှာကအိုစာသွားတယ်။
"ဒါနဲ့မျက်လှည့်ပွဲလာကြည့်တာလား..ပွဲကမစသေးဘူးလေပြန်ကြတော့မလို့လားအတူကြည့်ကြရအောင်"
"မကြည့်တော့ပါဘူး..ကျွန်တော့ကောင်လေးကဆက်ကြည့်ဖို့အဆင်မပြေတော့လို့"
ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့ခါးကိုသူ့ဘက်ကိုပိုနီးကပ်အောင်ဆွဲလိုက်ပြီးဖျစ်ညစ်လိုက်တယ်။အမျိုးသမီးရဲ့မျက်နှာကတစ်ချက်ပျက်သွားတာကိုတွေ့လိုက်ရတော့ရှောင်းကျန့်ရဲ့ထင်မြင်ချက်တွေကပိုသေချာသွားခဲ့တယ်။Boss Wangကအရမ်းဆွဲဆောင်မှုရှိနိုင်လွန်းတာပဲ..
"ဒါဆိုနှမျောစရာပဲလောင်ဝမ်ရဲ့မျက်လှည့်ပွဲကြည့်ရဖို့ကအရမ်းခက်ခဲတယ်လေသူကအရမ်းတော်တာ မှော်ပညာတတ်ကျွမ်းတဲ့မှော်ဆရာလို့တောင်ထင်မြင်နေကြတယ်"
Mariaစကားကြောင့်ရှောင်းကျန့်အာရုံထဲသူ့ကိုရပ်ကြည့်နေတဲ့ကျောက်တိုင်ကြီးကိုမြင်ယောင်လာတော့နှုတ်ခမ်းထောင့်ကကွေးညွတ်သွားသည်။
"Ms. Mariaပဲအေးဆေးကြည့်ပါ"
ဝမ်ရိပေါ်ကထိုမျှသာပြောပြီးကားပေါ်တက်သွားတယ်။ရှောင်းကျန့်လဲဝမ်ရိပေါ်ဘေးမှာဝင်ထိုင်လိုက်တယ်။ကားထဲရောက်မှတဂွီဂွီမြည်လာတဲ့ဗိုက်ကဆာလောင်မှုကိုပြောပြနေလေပြီ
"Boss Wangငါဗိုက်ကအော်နေပြီး"
"အိမ်ပြန်ရောက်တော့မယ်"
"ဟင့်အင်းငါအပြင်မှာပဲစားချင်တယ်အိမ်မှာမစားချင်ဘူး"
ဝမ်ရိပေါ်ကမျက်လုံးတွေမှေးစင်းရင်းနဲ့ရှောင်းကျန့်ကိုလှည့်ကြည့်သည်။သူ့ဆန္ဒကိုတားတော့မယ်ဆိုတာသိတာမလို့လက်မောင်းကိုချိတ်ပြီးပုခုံးပေါ်ခေါင်းမှီတင်လိုက်တယ်။ဒါကဝမ်ရိပေါ်ကိုလက်နက်ချစေဖို့လုံလောက်မယ်ထင်တယ်
"ငါတကယ်အပြင်မှာပဲစားချင်လို့ပါနော်..."
"ကောင်းပြီ..Jacksonအကောင်းဆုံးဆိုင်ကိုမောင်း"
"ဟင့်အင်း..ငါဆိုင်ကြီးတွေမှာမစားချင်ဘူး"
ကားမောင်းနေတဲ့Jacksonကိုပြောလိုက်တဲ့ဝမ်ရိပေါ်ရဲ့စကားကိုရှောင်းကျန့်ကဖြတ်ပြောလိုက်သည်။
"ဟိုလေ..ငါခေါက်ဆွဲစားချင်တာNatham လမ်းမှာအရပ်သားခေါက်ဆွဲဆိုင်ရှိတယ်အရမ်းစားကောင်းတာဆိုင်ရှင်အဒေါ်ကြီးကလဲသဘောကောင်းတယ်တဲ့သူ့လက်ရာတွေကတော်တော်ကောင်းတယ်"
"မင်းကဘယ်လိုသိရတာလဲ"
"ဒီလိုပါပဲ..ခေါက်ဆွဲပဲသွားစားကြရအောင်နော်မင်းစားကြည့်ခေါက်ဆွဲတစ်ဖက်မင်းလျှာပေါ်တင်လိုက်တာနဲ့နောက်ထပ်မစားရမနေနိုင်အောင်ဖြစ်သွားမယ်အဲ့ဒီဆိုင်ကိုပဲသွားရအောင်နော်"
အပီအပြင်ကိုreviewတွေရွှန်းရွှန်းဝေအောင်ပေးနေသည်။ဝမ်ရိပေါ်ကသူ့လက်မောင်းကိုချိတ်ကိုင်ထားတဲ့ရှောင်းကျန့်လက်ကိုယူလိုက်ပြီးလက်ဖဝါးနုနုကိုအနမ်းခြွေလိုက်တယ်။တောင်းဆိုသလိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေတဲ့သူရဲ့မေးကနေပင့်ပြီးနှုတ်ခမ်းကိုပါဖိနမ်းလိုက်သည်။ဖိကပ်ရုံသာတစ်ချက်နမ်းပြီးပြန်ခွာလိုက်တာက ကားပေါ်မှာဖြစ်နေတာကတစ်ကြောင်းသူတို့နှစ်ယောက်ထဲမဟုတ်တာကတစ်ကြောင်းကြောင့်ဆန္ဒတွေကိုချုပ်တည်းလိုက်တယ်။ဒီအချိန်မရူနိုင်မကယ်နိုင်ဖြစ်နေရင်မကောင်းဘူးလေ ဆက်နမ်းနေရင်ရှောင်းကျန့်ကိုသူ့အောက်အရောက်ပို့မိတော့မယ်။
"အယ်..မင်းအလုပ်ကိစ္စရှိတယ်ဆိုချိန်းထားတဲ့သူနဲ့မတွေ့ရသေးဘူးမလားဖျက်လိုက်လို့အဆင်ပြေရဲ့လား"
"တကယ်တော့မင်းကိုတမင်မျက်လှည့်ပွဲပြချင်လို့ပါအလုပ်ကိစ္စကအခွင့်ကြုံသွားတာ"
"အလုပ်ကအရေးကြီးရင်ရော"
"မင်းလောက်အရေးမကြီးဘူး"
ရှောင်းကျန့်ကနှုတ်ခမ်းကိုအသာဖိကိုက်လိုက်ပြီးရင်ထဲလှိုက်ခနဲဖြစ်သွားတယ်။ဒီခံစားချက်ကိုတခြားခေါင်းစဥ်တွေလိုက်မတပ်ချင်တော့ဘူးဒီတိုင်းBoss Wangမှာသူကအရေးကြီးဆုံးဆိုတာမျိုးမလို့ကျေနပ်တာပဲရှိတယ်။ဒီ့ထက်မပိုနိုင်ဘူး...
"Jackson. .ရှောင်းကျန့်ပြောတဲ့ဆိုင်းကိုမောင်း.."
"ဟုတ်ကဲ့Boss"
အဲ့ဒီနောက်မှာတော့ကားလေးဟာမျက်လှည့်ပြပွဲရုံအရှေ့ကနေလှိမ့်ထွက်လာခဲ့သည်။ကားလေးထွက်ပြီးမကြာ..မျက်လှည့်ပြပွဲစတင်ပြီဖြစ်ကြောင်းကြောငြာခဲ့တယ်။စင်အလယ်မှာမှော်ဆန်တဲ့ပြကွက်တွေတစ်ခုပြီးတစ်ခုလုပ်ပြနေတဲ့သူကတော့ပရိတ်သတ်တွေရဲ့တခဲနက်အားပေးမှုကိုခံယူနေခဲ့သည်။မျက်နှာဖုံးအောက်ကမျက်ဝန်းတွေကတော့ပကတိခံစားချက်မဲ့စွာအေးစက်ဆဲပင်..
*^^*
Natham လမ်းကအမည်မရှိလမ်းဘေးခေါက်ဆွဲဆိုင်ငယ်လေးကိုကားထဲကနေကြည့်ပြီးရှောင်းကျန့်ကအူမြူးနေပေမဲ့ဝမ်ရိပေါ်ကတော့မမြူးနိုင်။ဘာလို့ရှောင်းကျန့်ကဒီလိုဆိုင်မျိုးကအစားအသောက်ကိုကောင်းတယ်လိုညွှန်းရတာလဲဆိုင်ကသေးပေမဲ့လူတွေကတော့အပြည့်ပဲ..
တချို့တွေကနာမည်ရှိပေမဲ့အောင်မြင်မှုမရှိပဲအောက်ဆုံးကမတက်နိုင်ကြဘူးတချို့ကတော့နာမည်မရှိတာတောင်အမြင့်ဆုံးရောက်အောင်တက်လှမ်းနိုင်ကြတယ်နာမည်ဆိုတာအရေးမပါတဲ့နာမ်စားတစ်ခုလို့သတ်မှတ်ထားကြတဲ့သူတွေ။နာမည်မရှိတဲ့ဆိုင်ဘေးကဆိုင်ကြီးတွေမှာတော့ခြောက်ကပ်နေပြီးဘာမဟုတ်တဲ့သိမ်နုတ်တဲ့ဆိုင်လေးမှာတော့စားသုံးသူတွေကျိတ်ကျိတ်တိုးနေတယ်။ဒါကလောကဓမ္မာတာတွေထဲကတစ်ခုပဲလား...
"အာ...ဆိုင်ကိုတွေ့တာနဲ့ဗိုက်တောင်ဆာလာပြီးသွားကြရအောင်အရသာရှိတဲ့ခေါက်ဆွဲဖက်တွေအစာအိမ်ထဲသွင်းဖို့မစောင့်နိုင်တော့ဘူး"
ရှောင်းကျန့်ကပြောရင်းဆိုရင်းပျော်ရွင်စွာနဲ့ကားပေါ်ကဆင်းသွားတယ်။ဝမ်ရိပေါ်လဲရှောင်းကျန့်နဲ့အတူလိုက်ဆင်းပြီးဆိုင်ထဲဝင်လာခဲ့တယ်။ဆိုင်ထဲမှာလူပေါင်းစုံနဲ့အနံ့အသက်ပေါင်းစုံခေါက်ဆွဲနံ့တွေရောစကားပြောသံတွေရောဆူညံနေတာကမြို့ပျက်နေသလိုပဲ။ဝမ်ရိပေါ်တကယ်စိတ်ပျက်မိတယ်။ဒါပေမဲ့လဲသူ့လူသားလေးကဝိုင်းတစ်ခုမှာအကျအနဝင်ထိုင်နေတော့ဒီတစ်ခါအလိုလိုက်ဖို့တွေးလိုက်မိတယ်။နောက်တစ်ခါမရတော့ဘူး...
သူတို့ဝင်ထိုင်ပြီးတာနဲ့စားပွဲထိုးကခေါက်ဆွဲနှစ်ပန်ကန်လာချပေးတာကြောင့်နားမလည်သလိုကြည့်လိုက်တယ်။
"ကောင်းကောင်းသုံးဆောင်ကြပါခင်ဗျလိုအပ်တာရှိရင်ပြောပါ"
စားပွဲထိုးရဲ့ဟောင်ကောင်Cantoneseစကားပြောမှုကအနည်းငယ်ဝဲနေတာကြောင့်ဝမ်ရိပေါ်မနည်းအာရုံစိုက်လိုက်ရတယ်။စားပွဲထိုးလေးကထွက်သွားတာတောင်သူ့မှာနားမလည်သေး။ကွမ်ကျိုးသံဝဲနေတဲ့စားပွဲထိုးရဲ့ကွမ်တုံစကားထက်ရှေ့ကခေါက်ဆွဲပန်ကန်တွေကိုပိုနားမလည်ဖြစ်ရတယ်။သူဘယ်တော့ကမှမမှာရသေးပါဘူး...
"ဒီဆိုင်မှာဝက်သားခေါက်ဆွဲတစ်မျိုးပဲရတာလေ"
သူနားမလည်ဖြစ်နေတာကိုရှောင်းကျန့်ကရိပ်မိတာမလို့ပြောလိုက်တယ်။ဆိုင်မှာခေါက်ဆွဲတစ်မျိုးပဲရတယ် ဆိုင်ရှင်ဖြစ်ပုံရတဲ့အဒေါ်ကြီးကဆိုင်ရဲ့စားဖိုးမှူးဖြစ်ပြီးတစ်ဆိုင်လုံးစားပွဲထိုးကတစ်ယောက်ပဲရှိတယ်။တစ်သက်လုံးတောင်ကုန်းပေါ်မှာနေလာတဲ့ရွှေဘုံစံBossဖြစ်တဲ့သူကဒီလိုဆိုင်မျိုးလာတာပထမဆုံးပဲ...
ရှေ့ကဗိုက်ဆာနေတဲ့လူကတော့ပန်းကန်ထဲကခေါက်ဆွဲတွေတရွှတ်ရွှတ်နဲ့စားနေသည်။ဝမ်ရိပေါ်ကရှောင်းကျန့်စားနေတာကိုပဲလက်ပိုက်ပြီးကြည့်နေတယ်
"ဝက်သားခေါက်ဆွဲတွေအများကြီးစားပြီးဝတုတ်လေးဖြစ်လာမှာမစိုးရိမ်ဘူးလားဘေဘီ"
"ငါပြောသားပဲမင်းကငါ့ခန္ဓာကိုယ်ကိုပဲသဘောကျတာလို့.."
ဝမ်ရိပေါ်ကရှောင်းကျန့်ခန္ဓာကိုယ်ကိုတစ်ခုခုပြောလာတိုင်းရှောင်းကျန့်ကဒီလိုပဲပြောတတ်တယ်။အဲ့အချိန်မျိုးဆိုဝမ်ရိပေါ်ပြန်ဖြေတာတစ်ခုထဲပဲဘယ်တော့မှပြောင်းလဲသွားခြင်းမရှိတဲ့အဖြေ။
"ငါကရှောင်းကျန့်ကိုပဲသဘောကျတာ.."
"မင်းမစားဘူးလားခေါက်ဆွဲတွေအေးကုန်မယ်"
"မင်းစားနေတာကိုကြည့်ပြီးငါဗိုက်ပြည့်နေပြီး"
ရှောင်းကျန့်ကပိုရန်ကောဆိုတဲ့မျက်စောင်းချိတ်တယ်။ဝမ်ရိပေါ်ကအိပ်ကတ်ထဲကဆေးလိပ်တစ်လိပ်ကိုယူထုတ်ပြီးပါးစပ်မှာခဲလိုက်တယ်။ရှောင်းကျန့်ကအမြဲမကွာဆောင်ထားတတ်တဲ့မီးခြစ်ဆံဘူးကိုထုတ်ပြီးထိုင်နေရာကထကာဝမ်ရိပေါ်အနားကိုယ်ကိုကိုင်းချလိုက်တယ်။
မီးညှိထားတဲ့မီးခြစ်ဆံကိုလက်နဲ့ခပ်အုပ်အုပ်ကာပြီးဆေးလိပ်နဲ့တို့ထိလိုက်တယ်။ရှောင်းကျန့်ကဆေးလိပ်မသောက်တတ်ပေမဲ့မီးခြစ်တော့အမြဲဆောင်ထားတယ်ပြီးတော့ဆေးလိပ်မီးလဲကောင်းစွာညှိပေးတတ်တယ်။ထို့နောက်ခုံမှာပြန်ထိုင်ကာခေါက်ဆွဲတွေပဲထပ်စားနေလိုက်သည်။
ဝမ်ရိပေါ်ကဆေးလိပ်ငွေ့တွေနဲ့ရှောင်းကျန့်ဆီကိုမှုတ်ထုတ်တယ်။ခေါက်ဆွဲဆီကြောင့်ဝင်းအိနေတဲ့နှုတ်ခမ်းသားတွေကိုကြည့်ပြီးဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေကပိုပြီးကျဥ်းမြောင်းလာတယ်။
"လှတယ်"
".........."
"နမ်းချင်တယ်"
"........""
ရှောင်းကျန့်ရဲ့တူကိုကိုင်ထားတဲ့လက်ကရပ်သွားပြီးမျက်လုံးလှန်ကြည့်သည်။အဲ့ဒီကျဥ်းမြောင်းစူးရဲလွန်းတဲ့မျက်ဝန်းတွေနဲ့ရင်ဆိုင်ရတာကြာပေမဲ့ယခုထိနေသားတကျမရှိသေးဘူး။ဝမ်ရိပေါ်ရဲ့အကြည့်တွေကရှောင်းကျန့်အနောက်ကဝိုင်းကလူဆီရောက်သွားတဲ့အချိန်မှာအေးစက်တဲ့အငွေ့အသက်တစ်ခုဖြတ်သန်းသွားတယ်။
အဲ့ဒီလူကခုနတုန်းကရှောင်းကျန့်ဆေးလိပ်မီးညှိချိန်ကတပ်မက်တဲ့မျက်လုံးအကြည့်တွေနဲ့သူ့အပိုင်ရဲ့လှပတဲ့အနောက်ပိုင်းရပ်ဝန်းကိုကြည့်နေတယ်။ရှောင်းကျန့်ရဲ့လှပတဲ့ခန္ဓာကိုယ်ကိုလျှာတသပ်သပ်နဲ့မျက်လုံးနီတွေနဲ့စိုက်ကြည့်နေတာခုလဲကြည့်နေတုန်းပဲ။
ဝမ်ရိပေါ်ကဆေးလိပ်ငွေ့တွေမှုတ်ထုတ်လိုက်ပြီးမျက်လုံးတွေကပိုမိုကျဥ်းမြောင်းလာတယ်။တွန့်ကွေးနေတဲ့နှုတ်ခမ်းထောင့်စွန်းနဲ့အတူစားပွဲကိုလဲလက်ချောင်းနဲ့တီးခေါက်နေတယ်။သူစိုက်ကြည့်နေတာကိုသတိမထားမိတဲ့ထိုလူကြီးကတော့ရှောင်းကျန့်ဆီကအကြည့်တို့မလွဲနိုင်သေး။လည်ပင်းကလည်ဇလုတ်ကလဲအထက်အထက်အခါခါရွှေ့လျားနေသေးတယ် သိပ်ကိုသတ္တိကောင်းနေပုံပဲ။
ခုဆိုထိုင်နေတဲ့ရှောင်းကျန့်တောင်ဝမ်ရိပေါ်ရဲ့အနုတ်လဏ္ခဏာပြနေတဲ့စိတ်နဲ့အေးစက်စက်အငွေ့အသက်တွေကိုခံစားမိတယ်။ဒါပေမဲ့ဘာကိုဒေါသထွက်နေလဲဆိုတာတော့သူမသိဘူး..
"Boss Wangခေါက်ဆွဲတွေမစားရင်နှမြောစရာကြီး"
"မင်းစားချင်သေးလို့လား"
"ဟင့်အင်းပါဆယ်ထုတ်သွားမယ်လေမကောင်းဘူးလား"
ဟန်ဆောင်မှုကင်းစွာသူကြိုက်တဲ့အစားအသောက်ကိုနှမျောနေတဲ့သူကအိမ်ပြန်သယ်သွားဖို့တောင်လုပ်နေတယ်။ရှောင်းကျန့်ကအစားအသောက်တွေကိုတန်ဖိုးထားပါတယ်
"အွန်း..မင်းသဘောပဲ"
ထပ်ပြီးအလိုလိုက်မိပြန်ပြီး။Boss Wangကသာမန်ခေါက်ဆွဲလေးတစ်ပွဲကိုအိမ်ပြန်ပါဆယ်သယ်သွားတာကမဖြစ်သင့်ဘူးမလား..ဒါပေမဲ့သူ့ရှေ့ကပြုံးရွှင်နေတဲ့သူကိုမြင်ရတာမလို့Boss ဆိုတဲ့ဂုဏ်ပုဒ်ကိုခဏဘေးချိတ်လိုက်ဖို့အဆင်ပြေတယ်။
စားသောက်ပြီးသွားတော့တစ်သျှူးဘူးထဲကတစ်သျှူးကိုဆွဲထုတ်ပြီးရှောင်းကျန့်ပါးစပ်ကိုသုတ်ပေးဖို့လုပ်ပေမဲ့သူလုပ်တာမခံပဲရှောင်လွဲနေတယ်
"ငါ့ဘာသာလုပ်မယ်"
သူ့လက်ထဲကတစ်သျှူးကိုလှမ်းယူဖို့လုပ်နေတာမလို့မေးရိုးကိုခပ်တင်းတင်းဆွဲညစ်ကိုင်ထားလိုက်တယ်။နာကျင်လို့ထင်တယ်မျက်နှာလေးတစ်ချက်မဲ့သွားတယ်
"မလှုပ်နဲ့ငြိမ်ငြိမ်နေစမ်း!"
ခပ်ကြမ်းကြမ်းဆွဲညစ်ထားပြီးပါးစပ်မှာပေနေတာတွေကိုသုတ်ပေးနေတယ်။နူးညံ့ပြန်တော့လဲသူ ကြမ်းရမ်းပြန်တော့လဲသူ ခုပဲအလိုလိုက်ခုပဲတားဆီးလိုက်နဲ့တတ်လဲတတ်နိုင်ပါတယ်Boss Wang။
"ဝက်သားခေါက်ဆွဲနှစ်ပွဲပေးပါ black pepperမထည့်နဲ့ပါဆယ်လုပ်ပေးပါ."
ဦးထုတ်အနက်ရောင်အဝိုင်းဆောင်းထားတဲ့လူတစ်ယောက်ကဆိုင်ရှင်အမျိုးသမီးကိုခေါက်ဆွဲမှာနေတယ်။ဆိုင်ရှင်ကခဏစောင့်ဖို့ပြောပြီးခက်သွက်သွက်လေးလုပ်ပေးနေတယ်။
ရှောင်းကျန့်စားလို့ပြီးသွားတော့ပိုနေတဲ့ခေါက်ဆွဲတစ်ပွဲကိုပါဆယ်လုပ်ပေးဖို့ဆိုင်ရှင်ကိုပြောမယ်လုပ်တုန်းစားပွဲထိုးလေးကသူတို့အနားရောက်လာပြီးခေါက်ဆွဲတွေဖာထဲသွတ်ထည့်ပေးနေတယ်။ဒါကြောင့်ဆိုင်ရှင်ဆီလှည့်မကြည့်ဖြစ်တော့ဘူး..
"ကျေးဇုတင်ပါတယ်ခင်ဗျ..နောက်လဲကျွန်တော်တို့ဆိုင်ကိုလာရောက်အားပေးပါအုံးလူကြီးမင်းတို့"
စားပွဲထိုးရဲ့ကွမ်ကျိုးသံဝဲနေတဲ့စကားကိုခေါင်းတစ်ချက်ငြိမ့်ပြီးတော့ပဲတုံ့ပြန်လိုက်တယ်။ထို့နောက်ပါဆယ်ထုတ်ကိုဆွဲပြီးဆိုင်ပြင်ထွက်လာခဲ့တော့သည်။
"ခေါက်ဆွဲနှစ်ပွဲရပါပြီး"
ထုတ်ပိုးထားတဲ့ခေါက်ဆွဲနှစ်ပွဲကိုဆွဲကာကျသင့်ငွေရှင်းလိုက်ပြီးခပ်သုတ်သုတ်ပဲဆိုင်ထဲကထွက်လာခဲ့သည်။ဆိုင်ပြင်မှာရပ်ထားတဲ့အကောင်းဆုံးကားတစ်စီးကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။
ဒီလိုကားမျိုးကတောင်ထိပ်ပေါ်ကလူချမ်းသာတွေပဲစီးနိုင်တာဒီလိုလူတွေကဘာမဟုတ်တဲ့ဆိုင်လေးမှာခေါက်ဆွဲလာစားကြတာလားအမျိုးအမယ်စုံဘုရင်စားပွဲတော်လိုဟင်းလျာတွေကရိုးအီသွားကြလို့ထင်တယ်။
ရှောင်းကျန့်ကကားပေါ်တက်သွားပေမဲ့ဝမ်ရိပေါ်ကမတက်သေးပဲကိုယ်ရံတော်တစ်ယောက်ကိုလှမ်းခေါ်လိုက်တယ်။ခပ်လှမ်းလှမ်းကကားကိုမှီရပ်နေတဲ့ကိုယ်ရံတော်ကသူ့နားရောက်လာတော့
"ဟိုးမှာထိုင်နေတဲ့အင်္ကျီအညိုကွက်နဲ့လူကိုတွေ့တယ်မလား...."
"Bossတို့ထိုင်ခဲ့တဲ့ဝိုင်းအနောက်ကလား"
"မှန်တယ်.."
"ဟုတ်ကဲ့တွေ့ပါတယ်Boss"
"သူ့မျက်လုံးတစ်ဖက်ကိုငါလိုချင်တယ်"
အတက်အကျမရှိအေးစက်စွာပြောလာတဲ့ဝမ်ရိပေါ်စကားအဆုံးChouကဆိုင်ထဲဝင်ဖို့လုပ်တော့ဝမ်ရိပေါ်ကပုခုံးကိုလှမ်းကိုင်လိုက်တယ်။
"မင်းကဦးနှောက်မရှိဘူးပဲ"
"ဗျာ?"
"အခုဝင်သွားတော့လူတွေအများကြီးရှိနေတာမင်းမမြင်ဘူးလား"
"ကျွန်တော်နောက်ကျရင်ဆောင်ရွက်လိုက်ပါ့မယ်"
Chouရဲ့စကားအဆုံးမှာဝမ်ရိပေါ်ကပြုံးတယ်။Bossကဟိုလူနဲ့ဘာရန်ငြိုးတွေရှိလဲမသိပေမဲ့Bossလိုချင်တဲ့မျက်လုံးကိုယူပေးရမှာပေါ့။သေချာတာကဟိုလူကBossစိတ်ကိုသွားဆွမိလိုက်လို့ပဲမျက်လုံးတစ်ဖက်ပဲယူတာဒါဒီလူ့အတွက်အသက်ညှာဆုံးအပစ်ပေးခြင်းပဲ...
ကားထဲဝင်လာတဲ့ဝမ်ရိပေါ်အပေါ်ကိုရှောင်းကျန့်ကခေါက်ဆွဲဖာပစ်တင်လိုက်တယ်။Jacksonကကားကိုစတင်မောင်းနှင်းလိုက်ပြီးခေါက်ဆွဲဆိုင်အရှေ့ကနေထွက်လာခဲ့တယ်။ဒါပေမဲ့ကိုယ်ရံတော်တွေရဲ့ကားကတော့လိုက်ပါလာခြင်းမရှိဘူးသူတို့တာဝန်သူတို့ထမ်းဆောင်ရအုံးမှာမလို့ပင်။
"မင်းChouကိုဘာအမိန့်တွေပေးလိုက်တာလဲ"
"အရင်ကဒါတွေစိတ်မဝင်စားပါဘူး"
"အခုကငါနဲ့ပက်သက်နေတယ်ထင်လို့လေ..မဟုတ်ဘူးလား"
ရှောင်းကျန့်ရဲ့မျက်နှာကအေးစက်နေပြီးအပြုံးအရယ်ကင်းမဲ့နေသည်။ဝမ်ရိပေါ်ကရှောင်းကျန့်ဘက်ကိုမျက်လုံးစွေကြည့်ပြီး..ဟက်ခနဲရယ်လိုက်တယ်။
"တကယ်ကိုရှောင်းကျန့်ကိုဘာမှဖုံးကွယ်လို့မရတာပဲ"
Boss Wangကရှောင်းကျန့်ခါးကိုဆွဲယူပြီးပေါင်တံတွေကိုလက်ကြီးကြီးနဲ့ပွတ်သပ်လာတယ်။သူ့နှာခေါင်းလုံးလုံးကရှောင်းကျန့်လည်တိုင်တဝိုက်ကိုမထိတထိပွတ်သပ်ကျီစယ်နေတယ်။လက်ချောင်းတွေကလဲမေးရိုးတစ်လျောက်ပွတ်ဆွဲနေပြီးနောက်မေးကိုဆတ်ခနဲဆွဲမော့စေလိုက်ပြီးနားနားကပ်လို့ပြောလိုက်တယ်။
"ငါ့အပိုင်ကိုငါမကြိုက်တဲ့မျက်လုံးတွေနဲ့ကြည့်နေလို့ဖောက်ထုတ်ခိုင်းလိုက်ရုံပဲ.."
"မင်းရက်စက်လွန်းတယ်မထင်ဘူးလား.."
ရှောင်းကျန့်စကားအဆုံးလည်ပင်းကစူးခနဲဖြစ်သွားသည်။ဝမ်ရိပေါ်ကသူ့လည်တိုင်ကိုသွားထက်ထက်နဲ့ကိုက်ချလိုက်တာပဲသွေးမထွက်ပေမဲ့သွားရာတော့အတော်လေးနက်သွားသည်။မေးကိုကိုင်ထားတဲ့လက်ကပိုမိုတင်းကြပ်လာတာမလို့နာကျင်မှုကြောင့်ညည်းလိုက်မိတယ်..
"ဒီထက်တောင်ပိုရက်စက်သေးတယ်မင်းမသေမချင်းမှတ်ထားရမှာကမင်းရဲ့စိတ်ခန္ဓာအားလုံးကိုငါပိုင်တယ်မင်းကိုယ်မင်းတောင်မပိုင်ဘူးမင်းရဲ့အရာအားလုံးကိုငါတစ်ယောက်ထဲပိုင်တာဘေဘီ.."
*^^*
Tsim Sha Tsui ရဲ့အနောက်ဘက်လမ်းကြားထဲကပျက်စီးနေတဲ့ရက်ကွက်ထဲမှာအိမ်တွေကလဲယိုယွင်းနေတယ်။ခြောက်ကပ်နေတဲ့ဒီလမ်းကြားထဲrickshawကအကျယ်ဆုံးဝင်နိုင်တာပဲ။တဖြည်းဖြည်းတိုးတက်လာတဲ့မြို့ကြီးမှာလဲဒီလိုစုတ်ပြတ်နုံချာတဲ့နေရာတွေကရှိနေပါသေးတယ်။အစိုးရကဂရုမစိုက်တာလားပြုပြင်နိုင်စွမ်းမရှိသေးတာလားမပြောတတ်ဘူး။
Victoria peakကလူကုံထံတွေရဲ့နေရာဆိုဒီနေရာကသူဖုန်စားတွေရဲ့နေရာပဲ။ဒီလိုနေရာနဲ့မလိုက်ဖက်တဲ့စျေးအတော်ကြီးတဲ့အနောက်တိုင်းဝတ်စုံပြည့်နဲ့လူကဦးထုတ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီးလက်ထဲစျေးအတန်ဆုံးခေါက်ဆွဲထုတ်တွေကိုင်ထားတယ်။သူ့ခြေလှမ်းတွေကမမြန်သလိုနှေးကွေးခြင်းလဲမရှိပုံမှန်ပဲ..ခွေးတစ်ချို့ကလက်ထဲကိုင်ထားတဲ့ခေါက်ဆွဲထုတ်ကိုလှမ်းလှမ်းဟက်နေကြသေးတယ်
အဲ့ဒီလူကအိုဟောင်းနေတဲ့တိုက်ထဲကိုဝင်သွားပြီးပြန်ထွက်လာခြင်းမရှိတော့ဘူး။ဒါကသူ့အိမ်ပဲ..
ခေါက်ဆွဲထုတ်တွေမီးဖိုခန်းထဲယူသွားပြီးစင်ပေါ်ခဏတင်ထားလိုက်တယ်။ဘေစင်မှာမဆေးရသေးတဲ့ပန်ကန်တွေအထပ်လိုက်ကြီးထဲကနှစ်ချပ်ပဲယူဆေးပြီးပန်ကန်ထဲခေါက်ဆွဲထည့်လိုက်သည်။သူခေါက်ဆွဲတွေထည့်နေတာတွေ့တော့JJကသူ့ခြေထောက်ကိုလာပွတ်သပ်နေတယ်..ခေါက်ဆွဲတစ်ပန်ကန်ကိုJJ ရှေ့မှာချပေးပြီးသူကတော့စားပွဲမှာဝင်ထိုင်စားနေလိုက်သည်။
မနက်စာကိုပေါက်ဆီနဲ့ကာဖီတစ်ခွက်နဲ့ပြီးပြီးနေ့လည်စာကိုဖြစ်သလိုစားတယ်။ညစာကိုတော့စျေးမကြီးတဲ့ဝက်သားခေါက်ဆွဲနဲ့ပြီးတယ်။
"မင်းပြန်လာပြီးလား..အသံလဲမပေးဘာမပေးနဲ့ခေါက်ဆွဲဝယ်လာတာလားငါ့အတွက်ရော"
လူတစ်ယောက်ကစားပွဲမှာဝင်ထိုင်ပြီးသူ့အတွက်ခေါက်ဆွဲကိုမျော်လင့်နေတယ်။ဒါပေမဲ့ဘယ်မှာမှခေါက်ဆွဲကိုမတွေ့ဘူး..သူသိလိုက်ပါပြီဒီကောင်ကသူ့ခွေးနဲ့သူစာဖို့ပဲဝယ်လာတယ်
"လောင်ဝမ်..မင်းတော်တော်တရားကျဖို့ကောင်းတယ်နော်ဒီအိမ်မှာရှိတာမှလူနှစ်ယောက်ထဲ..ငါကကိုယ်ပျောက်နေတာမဟုတ်ဘူး"
စိတ်ဆိုးပြလဲထူးမှာမဟုတ်ဘူးသူ့ကိုအဖက်လုပ်ချင်မှလုပ်တယ်စကားကိုလိုမှပြောတယ်။တစ်ခါတစ်လေသူစကားပြောနေတာလူလားခေါင်းတလား များလားလို့တောင်မသဲကွဲတော့ဘူး။
"မင်းအိမ်သန့်ရှင်းရေးလုပ်သင့်ပြီထင်တယ်မဟုတ်ရင်လဲသန့်ရှင်းရေးသမားငှားလိုက်မနက်ကကုတင်ခြေရင်းကအဝတ်ပုံကြားမှာငါမြွေသားလေးတစ်ကောင်တွေ့တယ်"
လောင်ဝမ်ကစားပြီးသားခေါက်ဆွဲပန်ကန်ကိုဘေစင်ပေါ်တင်လိုက်တယ်ပန်ကန်တောင်မဆေးတာအိမ်သန့်ရှင်းရေးလုပ်ဖို့ပြောနေတဲ့သူ့စကားကိုဖင်ကြားထဲတောင်ထည့်မှာမဟုတ်ဘူး။
"မင်းငါ့အတွက်ခေါက်ဆွဲမဝယ်လာပေးတာငါအရမ်းဝမ်းနည်းတယ်ဝမ်ကော်ကော..အဟင့်..ဟင့်"
တာ့ဟုန်ကမရှိတဲ့မျက်ရည်တွေကိုညစ်ထုတ်ပြပြီးသနားကမားရုပ်နဲ့အားနွဲ့တဲ့မိန်းမပျိုလေးလိုလုပ်ပြနေပေမဲ့လောင်ဝမ်ကသူ့ကိုတစ်ချက်လှည့်မကြည့်လာပဲJJရဲ့အမွှေးတွေကိုပွတ်သပ်ပေးနေတယ်။ထို့နောက်သူ့ဆီထလာပြီးငွေစက္ကူတချို့လာပေးသည်။
"ဒါကဘာလဲ.."
"........"
သူမေးတာကိုမဖြေပဲအင်္ကျီအိပ်ကပ်ထဲထိုငွေစက္ကူတွေထိုးထည့်ပေးနေတယ်။
"မင်းမျက်လှည့်ပြပွဲကရတဲ့ငွေတွေလား..ဝေါင်းအတော်များသားပဲ..နေပါအုံးဘာလို့ငါ့ကိုဒါတွေလာပေးနေတာလဲမသိရင်ခင်ပွန်းရှာသမျှပိုက်ဆံတွေဇနီးကိုပြန်အပ်နေသလိုပဲ."
သူ့စကားကြောင့်လောင်ဝမ်ရဲ့လူသေလောက်တဲ့အကြည့်ကဒိုင်းခနဲပဲ။ဒီပိုက်ဆံတွေကအိမ်လခပေးဖို့ဆိုတာသိပါတယ်တမင်စနောက်လိုက်တာကိုနဲနဲလေးမှအထိမခံဖြစ်နေတာ။
နာမည်ကြီးမျက်လှည့်ဆရာကသူရတဲ့ကြေးကမနည်းဘူး။ဒီလိုလူမျိုးကဒီလိုဘဝမှာနေ နေရတာကနဲနဲသဘာဝမကျဘူးလေ။လောင်ဝမ်ကခန့်မှန်းရခတ်တဲ့လူမျိုးထဲမှာပါတယ်။သူဝါသနာပါရာလုပ်နေရရင်ကျေနပ်နေတတ်တယ်တစ်ခါတစ်တလေတစ်ယောက်ထဲသီးသန့်နေတတ်တယ်။တစ်ယောက်ထဲနေတာများပါတယ်။တိတ်ဆိတ်လွန်းလို့တာ့ဟုန်သူ့ကိုမေ့သွားတဲ့အခါမျိုးတွေတောင်ရှိတယ်။
"အော်..ငါမင်းကိုပြောမလို့မေ့နေတာ.Leaderကမင်းနဲ့တွေ့ချင်နေတယ်"
မီးဖိုခန်းထဲကထွက်ဖို့လုပ်နေတဲ့ခြေလှမ်းတွေကတာ့ဟုန်စကားကြောင့်ရပ်တန့်သွားတယ်။
"မင်းတို့မတွေ့ရတာလဲကြာပြီမလားခဏတဖြုတ်တော့သွားတွေ့လိုက်ပါလား"
"........."
"ငါပြောတာကြားတယ်မလား ရိပေါ်..နေ့တိုင်းသူငါ့ကိုနားပူနားဆာလာလုပ်နေတာငါ့နားတွေလဲမခံနိုင်တော့ဘူးအဲ့ဒါကြောင့်ငါ့ကိုသနားသောအားဖြင့်သွားတွေ့လိုက်ပါခဏလေးပါပဲကွာ"
"......."
"အဆင်ပြေတယ်မလား နော်သူငယ်ချင်း.."
"ငါကမျက်လှည့်ပညာသည်တစ်ယောက်...အဲ့ဒီကလူမဟုတ်တော့သလိုသူနဲ့လဲတွေ့ဖို့မလိုဘူး.."
နောက်မလှည့်ကြည့်ပဲပြောပြီးထွက်သွားတဲ့လူကိုတာ့ဟုန်ဘာမှဆက်မပြောလိုတော့ပါဘူး။သက်ပြင်းသာချပြီးဘေစင်ကပန်ကန်တွေပဲဆေးကြောနေလိုက်တယ်။မဆေးပဲဆက်ပစ်ထားမယ်ဆိုရင်အသဲယားစရာတွန့်လိမ်နေမဲ့အကောင်တွေရောက်လာတော့မှာလေ..
အခန်းထဲကပြန့်ကျဲနေတဲ့အဝတ်တွေကခြေချစရာနေရာတောင်မရှိတော့ဘူး။ကျော်လွှားပြီးတော့ကုတင်ပေါ်ပဲတက်လာလိုက်တယ်။ကုတင်ပေါ်လှဲချပြီးမျက်နှာကျက်ကိုအကြောင်းမဲ့စိုက်ကြည့်ကာအတွေးပွားနေသည်။
ဂျောက်! ဂျောက်!
စားပွဲပေါ်ကမီးအိမ်မှိန်မှိန်ရဲ့ခလုတ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေတာမလို့မီးရောင်ကလင်းလိုက်မှောင်လိုက်ဖြစ်နေတယ်။တစ်ချက်တစ်ချက်မီးလင်းသွားတဲ့အချိန်မှာပေါ်လာတဲ့သူ့မျက်နှာကလဲခံစားချက်ကင်းမဲ့နေသည်။
သေနတ်ကိုင်တဲ့လက်ထက်ကဒ်တွေကိုင်တဲ့လက်ကပိုကောင်းတယ်။ဒီလိုဘဝနဲ့နေသားကျနေခဲ့တဲ့အချိန်ကျမှအစကိုပြန်သွားဖို့ဖိအားတွေလာပေးနေကြတယ်။အဲ့ဒီပတ်ဝန်းကျင်ကရှိသူမြှောက်စားမရှိသူနင်းချဆိုတဲ့သူတွေ...သူ့ဘဝကြီးတစ်ခုလုံးနဲ့တောင်ပေးဆပ်ခဲ့ရပြီးပြီကိုမကျေနပ်နိုင်ကြသေးဘူးလား။
ဂျောက်!
ခလုတ်ကိုဖွင့်ထားရင်းရပ်လိုက်မိတယ်။မျက်လုံးတွေကမျက်နှာကျက်ကနေမရွှေ့လျားသေးဘူး။ပင့်ကူမျှင်တွေနဲ့မျက်နှာကျက်ကအဖြူရောင်မဟုတ်တော့ပဲညစ်ပေနေပြီးခပ်ညစ်ညစ်အရောင်ဖြစ်နေပြီး။မျက်နှာကျက်ကိုစိုက်ကြည့်နေရင်းသူ့အာရုံထဲခပ်ညစ်ညစ်မျက်နှာကျက်ကိုမမြင်တော့ပဲရေစိုနေတဲ့အရမ်းလှတဲ့မျက်နှာလေးကိုမြင်လာတယ်...
သူ့လက်ကိုလွှတ်ချလိုက်လို့အံ့သြဒေါသဖြစ်ပြီးမျက်လုံးလေးတွေပြူးစက်ဝိုင်းကျယ်ပြီး​​မော့ကြည့်နေတဲ့လူ..
"ထူးဆန်းတယ်...မင်းက"
💚💛❤
2ခု
Zaw
"ပြန်မယ်"
"~~Boss Wang~~"
"အို့.sorryပါ"
"မင်းကဘယ်လိုသိရတာလဲ"
"ဟုတ်ကဲ့Boss"
*^^*
"လှတယ်"
".........."
"နမ်းချင်တယ်"
"........""
"အွန်း..မင်းသဘောပဲ"
"ငါ့ဘာသာလုပ်မယ်"
"မှန်တယ်.."
"ဗျာ?"
*^^*
"ဒါကဘာလဲ.."
"........"
"........."
"......."
ဂျောက်! ဂျောက်!
ဂျောက်!
"ထူးဆန်းတယ်...မင်းက"
💚💛❤
Continue Reading
You'll Also Like
522 84 7
Unleash your royal presence on Wattpad with Serephina's Bio Shop! Our expert bio crafters will weave a narrative that showcases your awesomeness, hel...
271K 3.3K 37
Adam Ruzek's little sister just got home from a very long work trip away from everyone. When she find's out that her best friend Jay Halstead just go...
1.1K 73 8
[ not a part of any series. individual book ] I met you in the summer, but who would have expected it to end there?
7K 753 21