Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 515K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
ကျေးဇူးတင်လွှာ ❤️

Extra - 6 ( End )❤️

11.2K 488 25
By MikkyLay1

Unicode
~~~~~~~

တစ်နှစ်ကျော်ခန့်ကြာပြီးနောက်  …

နယ်စပ်မှာတာဝန်ကျတဲ့ ရှန်ဝေလဲအလုပ်တွေအကုန်ပြီးမြောက်၍ ရာထူးတစ်ဆင့်တိုးကာ မြို့တော်ကိုပြန်လာခွင့်ရခဲ့တယ် … ချူးရှန့်က ရောက်ရောက်ချင်း သူမလေးနဲ့တူလေးအနားကနေမခွာတော့ဘူး … သမီးလေးက တစ်နှစ်ခွဲကျော်ပြီမို့ လမ်းလျှောက်တတ်နေပြီး လုယီလေးကလဲ ကျောင်းသားကြီးဖြစ်လို့နေပြီ …

မင်းယွီရုံးအဆင်းကို ဖန်းဂူကသမီးလေးနဲ့အတူလာကြိုလေ့ရှိတယ် … ပြန်လျှင် တစ်ခါတည်းသားဖြစ်သူကိုပါ ကျောင်းသို့ဝင်ခေါ်ပြီး သားအဖလေးယောက် အိမ်ကိုအတူတူပြန်ကြတယ် … ဖန်းဂူအလုပ်ကိစ္စခရီးဝေးသွားဖို့ရှိလျှင် အကြိုအပို့ကိုရှုယွမ်ကတာဝန်ယူပေးတယ် … ချူးရှန့်ကတော့ အရင်လိုဖန်းဂူအနားမှာ လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်နေဆဲဖြစ်တယ် …

ယာရှာကဆုန်းချူနဲ့လက်ထပ်ပြီးနောက်မှာ သူမအမှောင်လောကနဲ့ အဆက်အသွယ်ဖြတ်လိုက်တယ် … ဖန်းဂူကအခု King ဖြစ်နေပြီမို့ သူမအကူအညီကို မလိုအပ်တော့ဘူး … သူမကိုယ်တိုင်လဲ အန္တရာယ်များတဲ့ လက်နတ်တွေရဲ့အဝေးမှာနေပြီး မိသားစုကိုစောင့်လျှောက်ဖို့သာ တွေးထားတယ် …

သူမမိဘတွေကလဲ လှပတဲ့အိုမီဂါလေးကို အရယူနိုင်လို့ သူမကိုမျိုးနွယ်ရဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး အမွေဆက်ခံဖို့ မျိုးဆက်တွေမွေးဖွားခိုင်းတယ် … ခုဆိုဆုန်းချူမှာ လသားအရွယ်သားငယ်လေးရှိနေပြီ … သူမဖခင်ကလဲ မြေးလေးရပြီမို့ အရင်လိုအထီးမကျန်ရတော့ဘူး …

သူတို့အရင်လိုအပြင်မှာမတွေ့နိုင်ကြတော့ပေမဲ့ မကြာခနအဆက်အသွယ်လုပ်ဖြစ်ကြတယ် … ယာရှာကတော့ ထုံးဆန်အတိုင်း ချူးရှန့်မခံချင်အောင်  ဘယ်တော့ကလေးယူမှာလဲမေးပြီး စနောက်နေမြဲပဲ … အသက်တွေကြီးလာပေမဲ့ သူတို့ရဲ့ကလေးဆန်ဆန် စနောက်မှုတွေကတော့ ပြောင်းလဲမသွားခဲ့ဘူး … ခုဆိုရင် အားလုံးမှာ မိသားစုကိုယ်စီပိုင်ဆိုင်နေကြပြီ …

ရှုမန်းနဲ့ရန်အာကတော့ ခုကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ရှိနေကြတယ် … ရန်အာကလဲ အရင်လိုဘားနဲ့ကလပ်တွေကို တာဝန်ယူပေးနေသလို ရှုမန်းကလဲ မင်းယွီလက်အောက်မှာ အလုပ်ကိုကြိုးကြိုးစားစားလုပ်ကိုင်နေတယ် … သူတို့အတွက် ကလေးမရနိုင်တာကြောင့်  မိဘမဲ့ကျောင်းတွေနဲ့ မသန်မစွမ်းတွေအတွက် လစဉ်ကူညီထောက်ပံ့ပေးရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပဲဖြတ်သန်းကြတယ် … ခုဆို အလှူအတမ်းရက်ရောတဲ့ သူတို့ ၂ ဦးဟာ လူအများရဲ့ချစ်ချင်းကိုခံယူနေရပြီ … ထိုအရာကမိသားစုဆိုတဲ့ နွေးထွေးမှုနဲ့တူညီတယ် …

ဖန်းဂူကတော့ ထုံးဆန်အတိုင်း မပြီးဆုံးနိုင်တဲ့ အမှုကိစ္စတွေကို ဖြေရှင်းနေရဆဲဖြစ်တယ် … ဒီတစ်ခေါက်အမှုက ဈေးကွက်မှာ တရားမဝင်မူးရစ်ဆေးတွေ လူအများအပြားရောင်းဝယ်သုံးဆွဲနေကြပြီး အာဏာပိုင်တွေတောင်မှ မတားဆီးနိုင်သေးဘူး … ဒါကသာမာန်မူးယစ်ဆေးနဲ့မတူပဲ ခွင့်ပြုချက်ရထားတဲ့ ဟော်မုန်းအားတိုးဆေးနဲ့တူညီနေပြီး သူ့ရဲ့အာနိတင်က ပိုပြင်းထန်ပြီး ဆွဲဆောင်အားကောင်းနေတယ် …

ထိုအရာကြောင့် မဒိန်းမှုတွေများလာပြီး မနိုင်တော့၍ အထက်လူကြီးတွေပါ မျက်ခုံးလှုပ်လာကြတယ် … အမှုတိုင်းက နစ်နာသူဘက်ကစတင်မှားတာမို့ အရေးယူဖို့ခက်နေတယ် … ထိုဆေးကသားကောင်ကိုငြှို့ယူတာမျိုးမဟုတ်ပဲ သားကောင်ကပြန်ပြီးငြှို့ယူလာအောင် ထောင်ခြောက်ဆင်ပြီး ကျူးလွန်ကြခြင်းဖြစ်တယ် … အများစုမှာ အားနည်းတဲ့အိုမီဂါတင်မက ဘီတာအမျိုးသမီးငယ်တွေပါပါဝင်နေတယ် … ထိုဆေးရဲ့ဈေးကွက်ကိုရှာဖွေနေပေမဲ့ အတိအကျရှာမတွေ့ရဘူး … ဒါကြောင့် အဖြစ်နိုင်ဆုံးက မြေအောက်လောကရဲ့ အဖွဲ့အစည်းတစ်ခုကနေဖြန့်ဖြူးနေခြင်းဖြစ်နိုင်၍ ဖန်းဂူကိုကိုင်သွယ်ပေးဖို့အကူအညီတောင်းလာတယ် …

ရန်အားကမြေအောက်လောကရဲ့လူတွေထံကနေ သတင်းနှိုက်ကာ ထောက်လှမ်းတဲ့နေရာမှာတော်ပြီး ချူးရှန့်က အချက်အလက်တွေစုံစမ်းတဲ့နေရာမှာတော်၍ သူတို့ ၂ ယောက်ပေါင်းပြီး ရှာဖွေကြည့်တဲ့အခါ သတင်းအချက်အလက်တစ်ချို့ ရရှိလာခဲ့တယ် …

" သခင်ကြီး ကျွန်းတွေဘက်မှာ ရေလမ်းနဲ့မှောင်ခိုသမားတစ်ချို့ရှိနေတာကို သတင်းရခဲ့တယ် … သူတို့က ရေအောက်ဥမင်ကနေတဆင့် ပစ္စည်းတွေကိုသယ်ယူကြတဲ့ပုံပဲ … အဲ့ဒါကခုပြန့်နေတဲ့ မူးရစ်ဆေးဝါးတွေဖြစ်လိမ့်မယ်လို့ ထင်ရတယ် "

" ဘယ်သူ့နယ်လဲ "

" အိမ်နီးချင်းနိုင်ငံရဲ့နယ်နမိတ်ထဲမှာဆိုတော့ ခန့်မှန်းရခက်တယ် "

" သူတို့ကငါ့ကိုကြောက်ပြီး ငါ့မျက်စိရှေ့မလုပ်ရဲလို့ ခြံစည်းရိုးကနေခိုးချောင်ခိုးဝှက်လုပ်တဲ့သဘောလား … ဘယ်အဖွဲ့အစည်းလဲ ခန့်မှန်းမိလား "

" ခန့်မှန်းမိပါတယ် … သူတို့ကတရားမဝင်မူးရစ်ဆေးတွေကို နိုင်ငံအနှံ့တင်ပို့နေတဲ့အဖွဲ့ပါ "

" ငါတစ်ယောက်လုံးရှိနေတာတောင် မြေအောက်လောကမှာ ဒီလိုလုပ်ဖို့ သတ္တိတွေရှိနေကြတယ် … လူတွေကိုအစိတ်အတောက်ဖြစ်စေတဲ့ကောင်တွေက အသက်မရှင်သင့်ဘူး … ဒီကိစ္စကိုအမြန်ဖြေရှင်းကြတာပေါ့ "

အလုပ်ကိစ္စဆွေးနွေးပြီးနောက် ဖန်းဂူပြန်လာတော့ မင်းယွီကအပေါက်ဝမှာစည်းကြိုနေတယ် … ဖန်းဂူကပင်ပန်းပုံပေါ်နေတာမို့ မင်းယွီဖန်းဂူအတွက်အအေးဖျော်လာပေးလိုက်တယ် …

" ကို ဒီနေ့အလုပ်မှာ ပင်ပန်းလာတာလား "

" ရှင်းရမဲ့ကြွက်တစ်ချို့ရှိနေတာကြောင့်ပါ … အရမ်းမပင်ပန်းပါဘူး "

ပြောပြီးကာမှ ဖန်းဂူက ဘေးမှာလာထိုင်တဲ့မင်းယွီပခုံးပေါ် ခေါင်းမှီချလိုက်ပြီး ညည်းငြူတော့တယ် …

" အလုပ်တွေလုပ်ရတာ ပင်ပန်းလိုက်တာယွီလေးရယ် … ကိုယ့်ကိုအားရှိအောင်ဆုမပေးချင်ဘူးလားဟင် "

" စောစောကပဲ မပင်ပန်းဘူးပြောပြီတော့ … ခေါင်းဆောင် Lion ကဘယ်တုန်းက ပလီတတ်လာတာလဲ  "

" ကိုယ်ပလီနေတာမဟုတ်ဘူး … ကိုယ့်မိန်းမလေးဆီကနေ ဂရုစိုက်တာကို လိုချင်ယုံပါ "

မင်းယွီတိတ်တိတ်လေးရယ်ပြီး အိမ်ရောက်တာနဲ့ ကလေးဆန်လာတဲ့ ဖန်းဂူကိုနှုတ်ခမ်းအား နူးနူးညံ့ညံ့အနမ်းလေးပေးကာ ဆုချလိုက်တယ် …

" တော်တယ်ယောကျ်ား "

မင်းယွီရဲ့အနမ်းနဲ့ချီးမွန်းစကားလေးတစ်ခွန်းက တစ်နေ့လုံးပင်ပန်းလာတဲ့ဖန်းဂူအား အားဆေးတစ်ခွက်တိုက်လိုက်သလို ချက်ချင်းလန်းဆန်းတက်ကြွသွားစေတယ် …

" ယွီလေး ကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ် "

မင်းယွီကအနည်းငယ်ရှက်ရွံ့သွားကာ တိုးတိုးလေးဖြေလိုက်တယ် …

" ယောက်ျားလို့ "

" ဟား … ချစ်ဖို့ကောင်းလိုက်တာကွာ "

ဖန်းဂူတဟားဟားအော်ရယ်ရင်း ရှက်နေတဲ့မင်းယွီအား ရင်ခွင်ကြားပွေ့ဖက်ထားလေတော့တယ် … ကလေး ၂ ယောက်ရပြီးတာတောင်မှ မင်းယွီကသူ့အားယောက်ျားလို့ခေါ်ဖို့ရှက်နေသေးသလို မင်းယွီခေါ်လာလျှင်လဲ ဖန်းဂူရင်ခုန်စိတ်လှုတ်ရှားနေတုန်းပင် …

အလုပ်ကနေဘယ်လောက်ပဲ ပင်ပန်းလာပါစေ အိမ်ပြန်ရောက်တိုင်း နွေးထွေးတဲ့မိသားစုလေးရဲ့ အချစ်တွေကြောင့် ဖန်းဂူအမြဲစိတ်ချမ်းသာနေရတယ် … ဒါဟာ သူ့အတွက် ဘုရားပေးတဲ့ဆုလာဒ်တစ်ခုလိုပင် …

မှောင်ခိုသမားတွေကို အမိဖမ်းဖို့ ဖန်းဂူကျွန်းဘက်ကို တစ်လလောက် ခရီးထွက်ခဲ့တယ် … ဒီမှောင်ခိုသမားတွေက တစ်ဖက်နိုင်ငံနဲ့လဲဆက်စပ်နေတာကြောင့် အလျှင်စလိုလုပ်လို့မဖြစ်ဘူး … ခေါင်းဆောင်ကိုဖမ်းဆီးဖို့ကြိုးစားပေမဲ့ သူတို့ခေါင်းဆောင်ကမရှိတော့၍ အဖွဲ့အစည်းကပြိုကွဲပြီး ဖြစ်ချင်သလိုတွေဖြစ်နေကာ ဆေးတွေကလဲ အတားအစီးမရှိပြန့်နှံ့နေခြင်းဖြစ်တယ် …

အန္တရာယ်များတဲ့ တားမြစ်ဆေးတွေဖြန့်ဖြူးခြင်းက သေလောက်တဲ့အပြစ်ဖြစ်တာကြောင့် ဒီကိစ္စမှာပါဝင်သူတိုင်းကို ဖန်းဂူတစ်ခါတည်းအပျက်ရှင်းပြစ်လိုက်တယ် … တစ်လအတွင်းမှာ ကြွက်တွေအားလုံးကို ရှင်းထုတ်နိုင်ခဲ့တယ် … တစ်ချို့တစ်လေက ထွက်ပြေးကုန်ပေမဲ့ ကျန်တာကို အရာရှိတွေဆက်လုပ်ဖို့ပြောပြီး ဖန်းဂူပြန်လာခဲ့တယ် …

" ပါပါး "

လုယီလေးက တစ်လလောက်ခရီးထွက်နေတဲ့ဖခင်ပြန်လာတော့ အိမ်တော်အဝကနေ စည်းကြိုနေတယ် … အနောက်မှာလဲ မင်းယွီက သမီးလေးကို ပွေ့ချီထားရင်း ဧည့်ခန်းထဲမှာထိုင်နေတယ် …

" ယွီလေး ကိုယ်ပြန်လာပြီ "

" ကို ပင်ပန်းနေပြီလား "

" ဒီလောက်က ကိုယ့်အတွက်မပင်ပန်းပါဘူး … ဒါပေမဲ့ မင်းတို့ကိုတော့ ကိုယ်အရမ်းလွမ်းတယ် "

ဖန်းဂူက သားအဖ ၃ ယောက်လုံးကို ပွေ့ဖက်လိုက်တယ် …

" ဒါနဲ့ပြောရအုံးမယ် … သားလေးလုယီက ဒီနေ့ကျောင်းအားကစားပြိုင်ပွဲမှာ ပထမဆုရလို့ သူ့ဒယ်ဒီကိုကြွားချင်နေတာနဲ့ တစ်ချိန်လုံးအပြင်မှာထွက်စောင့်နေတာ "

" ဟုတ်လား … ငါ့သားကအရမ်းတော်တာပဲ "

လုယီလေးက သူ့လည်ပင်းမှာဆွဲထားတဲ့ ဆုတံဆိပ်တွေကို ထုတ်ပြလာတယ် …

" ဒယ်ဒီ Yiyi က အပြေးပြိုင်တာ ပထမရခဲ့တယ် … ပြီးတော့ တခြားဟာတွေရောပဲ … ဆရာမကလဲ Yiyi ကဒယ်ဒီနဲ့တူပြီး သန်မာတယ်လို့ပြောတယ် "

ဖန်းဂူက ကြွားလုံးထုတ်နေတဲ့သားလေးကို ပွေ့ချီလိုက်ပြီ …

" ဒါမှငါ့သားကွ … သားက ဒယ်ဒီထက်ကို သန်မာဦးမှာ "

" ပြီးတော့ Yiyi စာမေးပွဲမှာ အမှတ်တွေအများကြီးနဲ့အောင်တယ် … ဒယ်ဒီ Yiyi ကိုဆုချဖို့သာပြင်တော့ "

" ဟား ဟုတ်ပါပြီ … သားကိုဆုချတဲ့အနေနဲ့ လိုချင်တာမှန်သမျှ ဝယ်ပေးမယ် "

" ရေး … ဒါမှ Yiyi ဒယ်ဒီ "

လုယီလေးက ပျော်သွားတယ် … ဘာမှမလိုအပ်အောင် ပြည့်စုံနေပေမဲ့ ဆုချမယ်ဆိုတဲ့စကားလေးက သူ့ကိုပျော်ရွှင်စေတယ် …

ခုဆိုသမီးလေးတောင်မှ ၂ နှစ်ပြည့်တော့မယ် … ဖန်းဂူအလုပ်ရှုတ်နေပေမဲ့ သမီးလေးမွေးနေ့ကိုတော့ မေ့လျော့မထားဘူး …

" ယွီလေး … သမီးလေး ၂ နှစ်ပြည့်အတွက် ဘာလုပ်ဖို့တွေးထားလဲ "

" ဒါပေမဲ့ အကိုက အလုပ်တွေနဲ့မအားဘူးမဟုတ်လား  "

" သမီးလေးမွေးနေ့ကပိုအရေးကြီးတာပေါ့ … ကိုယ်လဲမိသားစုအတွက် အချိန်ပေးဖို့လိုအပ်တယ်လေ … အလုပ်တွေကို ခနရပ်ထားလို့ရတယ်  "

" အဲ့လိုလဲအဆင်ပြေလား "

" ကိုယ့်အတွက် ကိုယ့်မိသားစုကသာအရေးကြီးဆုံးပဲ … ယွီလေးလုပ်ချင်သာတာပြော "

သမီးလေး တစ်နှစ်ပြည့်တုန်းက အိမ်တော်မှာပဲကျင်းပခဲ့ကြတယ် … ဒီနှစ်တော့ သမီးလေးမွေးနေ့ကို သူတို့အတွက်လဲ အမှတ်တရတွေအများကြီးရှိခဲ့တဲ့ တောင်ခြေကရွာလေးထံသွားဖို့ မင်းယွီကပြောလာတယ် … ထိုရွာလေးကခုဆို ဖန်းဂူရဲ့အထောက်အပံ့တွေကြောင့် ပိုပြီးကောင်းမွန်လာကာ လူတိုင်းချမ်းချမ်းသာသာနေနိုင်လာကြပြီ … ဖန်းဂူလဲမရောက်တာကြာပြီမို့ အလည်သွားဖို့ဆုံးဖြတ်လိုက်တယ် …

လိုအပ်တဲ့ပစ္စည်းတွေအပြည့်အစုံနဲ့ကားတမ်းရှည်ကြီးက မွေးနေ့မတိုင်ခင်တစ်ပတ်ကြိုပြီး ထွက်လာခဲ့ကြတယ် … ဘယ်သူ့မှမခေါ်ဖို့တွေးထားပေမဲ့ ရှုယွမ် ရှန်ဝေနဲ့ ချူးရှန့်တို့ကတော့ မရမကလိုက်ပါလာကြတယ် … လုယီလေးရဲ့သက်တော်စောင့်လေး ဂိုယောင်းတို့သားအမိကိုလဲ မွေးရပ်မြေသို့အလည်ခေါ်လာခဲ့ကြတယ် …

ကားလေးထဲမှာ ရှန်ဝေကကားမောင်းပြီး ဘေးမှာချူးရှန့် သခင်မလေးရှင်းယီကိုပွေ့ချီကာလိုက်ပါလာတယ် … နောက်အခန်းမှာတော့ ရှုယွမ်က လုယီလေးကိုပွေ့ချီပြီး ရှုခင်းတွေကိုကြည့်ကာ လုယီမေးသမျှဖြေရင်းလိုက်ပါလာတယ် …

ဘေးဘက်မှာတော့ ဖန်းဂူရင်ခွင်ထဲမှာ မင်းယွီကမှီလျှက် ဖန်းဂူကပွေ့ဖက်ပေးထားပြီး ရှုခင်းတွေကိုကြည့်ကာ ပြုံးပျော်နေပုံက ညားခါစလင်မယား ဟန်းနီးမွန်းထွက်တာနှင့်ပင်တူနေတယ် … ဒါပေမဲ့ဘယ်သူမှသူတို့ကိုမနှောက်ယှက်ကြဘူး …

ခရီးရှည်ကြီးအဆုံးမှာ သူတို့ရွာလေးထံရောက်လာကြတယ် … ထိုရွာမှာရှိတဲ့လူတိုင်းက ကျန်ရှိနေတဲ့မန်ဂိုမျိုးနွယ်စုတွေဖြစ်ကြပြီး သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ရွာလူကြီးဂိုဝူးသစ္စာခံထားတဲ့ရှန်ဟွှာမိသားစုကိုလဲ သူတို့ရဲ့သခင်အဖြစ် သတ်မှတ်ထားတယ် …

လုယီလေးအားလည်ဆွဲအပ်နှံထားတဲ့ဂိုယောင်းက သူ့ရဲ့မွေးရပ်မြေကို ပြန်လာခွင့်ရ၍ ပျော်ရွှင်နေတယ် … ခုသူကအလယ်တန်းကျောင်းသားဖြစ်နေပြီမို့ အရင်အထက်ပိုပြီးရင့်ကြပ်လာကာ အတိုက်အခိုက်နဲ့ သေနတ်ပြစ်တာကိုပါ ကြွမ်းကျင်စွာတတ်မြောက်နေပြီး သခင်လေးလုယီနဲ့သခင်မလေးရှင်းယီကို ကာကွယ်နိုင်နေပြီ …

စိမ်းဆိုပြီး သာယာလှတဲ့ရွှာလေးရဲ့အလှတရားတွေနဲ့ သဘာဝလေအေးအေးတွေကြောင့် ဘယ်သူမှခရီးမပန်းကြပဲ ရွှင်လမ်းနေကြတယ် … လုယီလေးက လမ်းရှောက်တတ်ခါစ ညီမလေးလက်ကိုဆွဲပြီး ပတ်ဝန်းကျင်ကိုလျှောက်ကြည့်ကာ ပျော်ရွှင်မြူးထူးနေတယ် … ရွာသူရွာသားတွေကလဲ ပျော်ရွှင်စွာစည်းကြိုကြပြီး ပျော်ရွှင်စရာအခိုက်အတန့်တွေကို အားလုံးတူတူကုန်ဆုံးကြတယ် …

သူတို့ရဲ့ ၃ ကြိမ်မြောက်အလည်တစ်ခေါက်ကို အမှတ်တရတွေအများကြီးနဲ့ဖန်တီးကြတယ် … ဖန်းဂူ ရှုယွမ်နဲ့ရှန်ဝေတို့က ရွာသားတွေနဲ့အတူအမဲလိုက်ကြပြီး မင်းယွီနဲ့ချူးရှန့်တို့က ညဘက်မီးပုံပွဲအတွက် ပြင်ဆင်ကြတယ် … ပွဲတော်ရက်မဟုတ်ပေမဲ့ အလည်လာခိုက်အမှတ်တရတွေကို အတူဖန်တီးကြတယ် …

ညဘက်မှာမီးပုံပွဲဆင်နွှဲကြပြီး ပျော်ရွှင်စွာကြခုံကြတယ် … ရွာသူရွာသားတွေက ကလေးလေး ၂ ယောက်အနားကနေမခွာပဲ အမြဲအဖော်ပြုပေးနေခြင်းကြောင့် လုယီလေးနဲ့ရှင်းယီလေးက ပြန်ချင်တယ်တစ်ချက်မပြောပဲ ပျော်ရွှင်နေကြတယ် …

နေ့စဉ် ပျော်ပွဲရွှင်ပွဲတွေဖန်တီးပြီး ဧည့်သည်တွေကိုမပျင်းအောင်အဖော်ပြုပေးကြတယ် … ရွာသားတွေရဲ့ဖော်ရွေမှုကြောင့် အားလုံးပျော်ရွှင်ကြပြီး အတွဲ ၂ တွဲအတွက်တော့ ဟန်းနီးမွန်းခရီးနဲ့တူပေမဲ့ ရှုယွမ်ကတော့ ကလေး ၂ ယောက်ကိုထိန်းရတာနဲ့မအားဘူးဖြစ်နေတယ် … ဒီလိုနဲ့ မွေးနေ့ပွဲရက်နီးလာခဲ့တယ် …

" ယွီလေး … ပျော်လား "

" အင်း … အရမ်းပျော်တယ် "

တဲအိမ်လေးထဲမှာ ဖန်ဂူနဲ့မင်းယွီထိုင်နေပြီး ဖန်းဂူက မင်းယွီရဲ့အနောက်ကနေ ရင်ခွင်ကြားပွေ့ဖက်ထားပြီး ပြတင်းပေါက်ကနေ ကောင်းကင်ပေါ်ကလမင်းကြီးကို ကြည့်နေကြတယ် … သမီးလေးမွေးပြီးကတည်းက သမီးလေးကိုပြုစုနေရတာနဲ့ သူတို့ခုလိုပူးကပ်ကာမနေရတာကြာနေပြီ … ဒီတစ်ခါတော့ ရှုယွမ်က ကလေး ၂ ယောက်လုံးကို သူနဲ့အတူအိပ်ဖို့ခေါ်ထား၍ ဖန်းဂူတို့ လွတ်လွတ်လပ်လပ်နေခွင့်ရသွားတယ် …

" ကိုယ်သာအလုပ်ကိစ္စရှိမနေရင် ဒီမှာဒိထပ်ကြာကြာလေးနေလို့ရမှာ … သားနဲ့သမီးကြည့်ရတာလဲ ပြန်ချင်ပုံမပေါ်ဘူး "

" စိတ်မကောင်းမဖြစ်ပါနဲ့ … နောက်နှစ်တွေလဲလာလို့ရတာပဲ … ဒီနေရာလေးက ကျွန်တော်တို့ ၂ ယောက်ကိုပေါင်းစည်းပေးခဲ့တဲ့သားလေးဖြစ်တည်လာတဲ့နေရာလေး … အမှတ်တရတွေအများကြီးနဲ့မို့ တစ်နှစ်တစ်ခါသွားကြတာပေါ့ "

" ဟုတ်သားပဲ … သားလေးလုယီကို ဒီမှာရခဲ့တာ … အဲ့တုန်းက ကိုယ်မင်းကိုကိုယ်ဝန်ရအောင်လုပ်ခဲ့မိတယ် … ခုထပ်လုပ်ရင်ရော နောက်ထပ်ကလေးထပ်ရနိုင်ဦးမလား သိချင်မိတယ် "

မင်းယွီက သူ့အား ပို၍တင်းတင်းကြပ်ကြပ်ဖက်သွယ်လာကာ ဟော်မုန်းတွေနဲ့ရစ်နှောင်ထားတဲ့ဖန်းဂူအား တွန်းထုတ်လိုက်ပြီး …

" ၂ ယောက်နဲ့မလုံလောက်သေးဘူးလား … နောက်တစ်ယောက်သာဆို ကျွန်တော့ရင်သားတွေခံနိုင်မှာမဟုတ်တော့ဘူး … ဒီညခများကျွန်တော့အနားမလာနဲ့တော့ "

ဖန်းဂူက စိတ်ဆိုးသွားတဲ့မင်းယွီပါးဖောင်းဖောင်းလေးအား နမ်းလိုက်ပြီး …

" ကိုယ်ကစတာပါ … မင်းကိုနာကျင်အောင်ထပ်မလုပ်တော့ဘူး … သားနဲ့သမီးက ကိုယ်တို့အတွက် လုံလောက်ပါပြီ "

ထိုအခါမှ မင်းယွီစိတ်ဆိုးပြေသွားကာ ဖန်းဂူပခုံးအား တိုင်းဖက်လိုက်ပြီး နှုတ်ခမ်းကိုအနမ်းပေးပြီးနောက် သူကချစ်စရာကောင်းအောင် ပြုံးပြကာ …

" အဲ့ဒါဆိုရပြီ … တကယ်တော့ ကျွန်တော်ကလေးတွေအများကြီးမွေးရင် ခများကျွန်တော့ကို ဂရုမစိုက်နိုင်တော့မှာကြောက်တယ် "

မင်းယွီက ဒုတိယကလေးရပြီးကတည်းက အူတိုတတ်လာတာကို ဖန်ဂူသဘောကျတယ် … သားနဲ့သမီးက ဖန်းဂူကိုပဲကပ်နေချိန်ဆို မင်းယွီကစိတ်ဆိုးတတ်ပြီး ကလေးဆန်တဲ့အပြုအမူလေးတွေနဲ့ ပူညံပူညံလုပ်လေ့ရှိတယ် … မင်းယွီပိုပြီးအူတိုအောင် ကလေးများများမွေးခိုင်းချင်ပေမဲ့ဒီလောက်နဲ့ပဲလုံလောက်ပြီမို့ ချစ်စရာကောင်းတဲ့မိတ်ဖက်လေးကို ဖန်းဂူအနမ်းပြင်းပြင်လေးပြန်ပေးလိုက်တယ် …

" အွန့်  … နမ်းနေတာရပ်အုံး … အသက်ရှူမဝတော့ဘူး "

စိတ်ဆိုးနေတဲ့မျက်နှာလေးနဲ့ မင်းယွီရှက်သွေးဖြာနေပြီး စိတ်လှုပ်ရှားနေပုံက ဖန်းဂူကိုစိတ်မထိန်းနိုင်အောင်ပြုစားနေတယ် …

" ကိုယ်ကယွီလေးကိုအချစ်ဆုံးပါ … ကိုယ်ဘယ်လောက်ထိချစ်လဲဆိုတာ ခုပဲသက်သေပြမယ် … ဒီညအိပ်ဖို့မစဉ်းစားနဲ့တော့ "

" အ့ … ခများဒီမှာဘာလုပ်မလို့လဲ "

ရုတ်တရပ်တွန်းလှဲခံရတော့ လရောင်အောက်မှာ မင်းယွီမျက်နှာလေးက ခရမ်းချည်သီးတစ်လုံးလိုရဲသွားတယ် … ကလေး ၂ ယောက်ရပြီးတာတောင်မှ ဖန်းဂူရဲ့ဆွဲဆောင်မှုနဲ့ အုပ်မိုးနိုင်စွမ်းက ကြီးလွန်း၍ မင်းယွီခုထိရှက်နေဆဲပင် …

" ကိုယ်တို့မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ လေ့ကျင့်ခန်းလေး လုပ်ရအောင် "

" ဟင့်အင် … ရပ်တော့ … ဒီနေရာမှာ မလုပ်နဲ့ … ဘေးအိမ်တွေကြားကုန်လိမ့်မယ်  "

" ကိုယ်တို့အသံကိုထိန်းပြီးလုပ်ကြမယ်လေ … ယွီလေးကဒီနေရာမှာတော်ပြီးသားပါ … ဒါမှမဟုတ် ကိုယ်ကယွီလေးမအော်နိုင်အောင် နှုတ်ခမ်းတွေကိုပိတ်ပေးထားမယ် "

" အင့် … အွန့် "

ပြောပြီးနောက် ဖန်းဂူက မင်းယွီနှုတ်ခမ်းတွေကိုစတင်နမ်းရှုတ်ကာ ခန္ဓာကိုယ်ချင်းနှီးနှောလေတော့တယ် … အနမ်းတွေကပြင်းထန်လာပြီး စိတ်ဆန္ဒတွေကပြင်းပြလာကာ မင်းယွီရပ်တန့်ဖို့ပြောလျှင်တောင် ဖန်းဂူရပ်တန့်နိုင်မည်မဟုတ်ပေ … ဒါပေမဲ့ မင်းယွီထပ်မံတားစီးလိုက်တယ် …

" တော်ပြီလို့ … မနက်ဖြန်သမီးလေးမွေးနေ့ပွဲရှိတယ်လေ …  ဒီညလုပ်လို့မဖြစ်ဘူး  "

" ကိုယ့်ကို လမ်းတစ်ဝက်မှာတင် ရပ်ခိုင်းနေတာလား ယွီလေး "

ဖန်းဂူက သနားစရာကောင်းတဲ့မျက်နှာလေးလုပ်ပြလာတော့ မင်းယွီမငြင်းဆန်နိုင်တော့ဘူး … ၂ ယောက်လုံးကလဲစိတ်ပါနေပြီမို့ ထိုညမှာ ၂ ဦးသားဘာကိုမှမတွေးတော့ပဲ အချစ်တွေဖလှယ်ရင်းကုန်ဆုံးလိုက်ကြတယ် … မနက်မိုးလင်းချိန်မှာတော့ မင်းယွီညက ဖန်းဂူကိုအလိုလိုက်အကြိုက်ဆောင်ပေးလိုက်ခြင်းကြောင့်  မနက်လင်းခါနီးမှအိပ်ဆက်ရပြီး ရင်သားတွေနဲ့တင်ကထုံပြီးနာကျင်နေတယ် …

ညကဖန်းဂူသူ့ကိုသန့်ရှင်းပေးထားတာကြောင့် ခန္ဓာကိုယ်ကတော့ ပေါ့ပါးလန်းဆန်းပြီးနေလို့ကောင်းနေတယ် … ထိုအချိန်တုန်းက သူလဲသဘောကျနှစ်ချိုက်ခဲ့တာမို့ ဖန်းဂူကိုလဲအပြစ်မဆိုရက်ဘူး …

မင်းယွီအပြင်ထွက်လာတော့ အားလုံးက ပွဲအတွက်လှလှပပပြင်ဆင်နေကြပြီး အစားအသောက်တွေအတွက် စားဖိုမှူးတစ်ချို့ပါရောက်ရှိနေတာကို တွေ့လိုက်ရတယ် … ထိုစဉ်ဖန်းဂူသူ့အနားရောက်လာပြီး စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့မေးလာတယ် …

" ယွီလေး နိုးပြီလား … နာနေသေးလား "

" ခုမှလာမမေးနေနဲ့ … မညှာမတာလုပ်တာ ဘယ်သူလဲ "

" ကိုယ်တောင်းပန်ပါတယ်နော် … ကိုယ့်မိန်းမလေးနာမယ်မှန်းသိပေမဲ့ အရမ်းကောင်းလွန်းလို့ ဒီယောက်ျားကမရပ်တန့်နိုင်ခဲ့ဘူး "

ဖန်းဂူရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့အရှိန်အဝါကြီးက မင်းယွီကိုဆက်ပြီးအပြစ်မဆိုရပ်အောင်လုပ်နေတယ် … သူကိုယ်တိုင်လဲစိတ်ပါနေတာမို့ ဆက်ပြီးအပြစ်မဆိုတော့ပဲ စကားလမ်းကြောင်းလွှဲလိုက်တယ် …

" သူတို့က ဘယ်သူတွေလဲ "

မင်းယွီကမေးလာတော့ ဖန်းဂူကပြန်ဖြေလိုက်တယ် …

" ကိုယ့်အသိအရာရှိတစ်ယောက်က မကြာခင်ကပဲ အကောင်းဆုံးဆုရထားတဲ့ အချိုပွဲတီထွင်သူနဲ့ အတော်ဆုံးစားဖိုမှူးတွေကို သမီးလေးမွေးနေ့မှာ ဧည့်ခံဖို့ လက်ဆောင်အဖြစ်ပို့ပေးလာတာ … ကိုယ်ငြင်းချင်ပေမဲ့ ရိုင်းရာကျမှာဆိုးလို့ … ပြီးတော့ သူတို့ကဒီမြို့မှာပဲနေတာဆိုတော့ ဒီကိုလာဖို့နီးတာနဲ့ခေါ်လိုက်တာ "

" အဲ့ဒါလဲမဆိုးပါဘူး … ရွာသူရွာသားတွေကို အကောင်းဆုံးဧည့်ခံခွင့်ရတာပေါ့ … ဒါနဲ့ ဘယ်နှယောက်လာတာလဲ "

" အားလုံးပေါင်း ၅ ယောက် … ကလေးတစ်ယောက်ရယ်ဆို ၆ ယောက်ပေါ့ "

မင်းယွီက စားဖို့မှုးတွေ အစားအသောက်ကို သွက်လက်စွာပြင်ဆင်နေပုံကို စိတ်ဝင်စားသွားတယ် … ရွာသူရွာသားတွေကလဲ မြို့ပေါ်ကလူတွေရဲ့အစားအသောက်ပုံစံကို မမြင်ဖူးတာကြောင့် ပြင်ဆင်နေပုံကို ဘေးကနေအံ့ဩတကြီး ကြည့်နေကြတယ် … ဒီရွာကလူတွေက အသားတွေပေါတာကြောင့် သိပ်ပြီးမမက်မောကြပေမဲ့ မုန့်ချိုတွေကိုတော့ မက်မောကြတယ် …

စားဖိုမှုး ၅ ယောက်မှာ ၃ ယောက်နဲ့ ထမင်းဟင်းအတွက် တာဝန်ယူရပြီး ၂ ယောက်ကတော့ အချိုပွဲအတွက်တာဝန်ယူကြတယ် … မင်းယွီကသူတို့ပြင်ဆင်ချက်ပြုတ်နေတာတွေကိုလိုက်ကြည့်ရင်း တစ်နေရာရောက်တော့ ဂျုံမှုန့်တွေပေကြံနေတဲ့ကလေးလေးကို တွေ့သွားတယ် … ကလေးလေးက ၃ နှစ်အရွယ်သာရှိသေးပေမဲ့ အရမ်းတည်ငြိမ်ကာ မုန့်လုပ်နေတဲ့အမျိုးသမီးရဲ့ဘေးမှာထိုင်ပြီး စိတ်ဝင်တစားကြည့်နေတယ် … မင်းယွီက စိတ်ဝင်စားလာပြီး ကလေးလေးအနားကိုသွားကာ ထိုင်လိုက်တယ် …

" Hello ! "

သူနှုတ်ဆက်လိုက်လေး ကလေးလေးရော အမျိုးသမီးပါသူ့ထံလှည့်ကြည့်လာတယ် … ကလေးလေးကမကြောက်တဲ့အပြင် သူ့အားပြုံးပြလာတယ် … အမျိုးသမီးက မင်းယွီအားပြာပြာသလဲ နှုတ်ဆက်လိုက်တယ် …

" သ … သခင်လေး "

" အိုး ရပါတယ် … အလုပ်ကိုသာ ဆက်လုပ်ပါ "

မုန့်လုပ်သည့်အမျိုးသမီးက သာမန်ဘီတာဖြစ်တာကြောင့် မင်းယွီလိုအဆင့်မြင့်အိုမီဂါကို မမြင်ဖူး၍ စိတ်ဝင်တစားကြည့်နေတယ် … နောက်ပြီး ဒီအိုမီဂါက အင်အားကြီးတဲ့ Lion ရဲ့မိတ်ဖက်ဖြစ်တာကြောင့် သူမလိုလူအတွက် အပြင်မှာမြင်တွေ့ဖို့ကခဲရင်းတယ် … မင်းယွီကတော့ သူမကြည့်တာကိုစိတ်မရှုတ်သလို ဖော်ဖော်ရွေရွေပဲ ပြန်ဆက်ဆံပေးတယ် …

သူစိတ်ဝင်စားမိတာက ဒီချစ်စရာကောင်းပြီး အင်အားကြီးပုံပေါ်တဲ့ကလေးငယ်က သူမလိုသာမာန်ဘီတာတစ်ယောက်ကနေ မွေးဖွားခြင်းမဖြစ်နိုင်တာကြောင့် မေးကြည့်ဖို့တွေးလိုက်တယ် … ထိုစဉ်သူတို့နား သေးသွယ်ပြီးချောမောလှပတဲ့အမျိုးသားတစ်ဦးက လက်ထဲမှာပန်းတစ်ချို့ကိုင်ထားပြီး ရောက်လာတယ် …

" အမဒါလီ … ဒီမှာပန်းတွေပေါတယ်လို့ ရွာသားတစ်ချို့ကပြောတယ် … ကျွန်တော့အထင် မုန့်တွေအတွက်ပန်းတွေကိုအသုံးပြုဖို့ ခွင့်ပြုချက်တောင်းရင်ရော "

သူကစကားပြောပြီးမှ မင်းယွီရပ်နေတာကိုမြင်ပြီး အံ့ဩသွားတယ် … ထိုကောင်လေးရဲ့ တောက်ပတဲ့ပုလဲလိုမျက်ဝန်းတွေနဲ့ ဖြူဖွေးနေတဲ့အသားအရေက ငယ်ရွယ်နုပျိုမှုကိုဖော်ပြနေတယ် … ထိုစဉ် မင်းယွီနှာခေါင်းထဲမှာ ပန်းရနံ့သင်းသင်းလေး ရလိုက်၍ သူ့အရှေ့မှာရှိနေတဲ့လှပတဲ့ထိုလူက အီမီဂါတစ်ယောက်မှန်း သိလိုက်တယ် …

သူ့ဘေးမှာရှိနေတဲ့ကလေးငယ်လေးကိုကြည့်လိုက်တော့မှ သူတို့မျက်ဝန်းတွေက ဆင်တူနေ၍ ကလေးရဲ့မိဘကဘယ်သူလဲဆိုတာ မင်းယွီသိသွားခဲ့တယ် … မင်းယွီက သူတို့ဘာလိုအပ်နေလဲဆိုတာ ခန့်မှန်းမိနေ၍ မေးလိုက်တယ် …

" ဒီကစားဖိုမှုးက လိုအပ်တာတစ်ခုခုရှိလို့လား … ပန်းအတွက်ဆိုမပူပါနဲ့ … ပန်းခင်းတစ်ခုလုံးကို ကြိုက်သလိုအသုံးပြုနိုင်တယ် "

ထိုအိုမီဂါရဲ့မျက်ဝန်းတွေက တောက်ပလာပြီး စိတ်အားထက်သန်လာတယ် …

" ဒီကသခင်လေးက သခင်လေးမင်းယွီဖြစ်မယ် "

" ဟုတ်ပါတယ် "

" ဒါဆိုကျွန်တော် သခင်မလေးမွေးနေ့အတွက် အချိုပွဲတွေကို အကောင်းဆုံးပြုလုပ်ပေးမယ်လို့ကတိပေးပါတယ် … ကျွန်တော့ကို ပန်းခင်းရှိတဲ့နေရာကို လမ်းညွှန်ပေးပါ "

" အင်း … ဒါဆိုသွားကြတာပေါ့ "

" သခင်လေးအပင်ပန်းခံပြီးလိုက်ပြဖို့မလိုပါဘူး "

" ကိစ္စမရှိဘူး … ငါလဲခုလမ်းလျှောက်ထွက်ချင်နေတာနဲ့ အတော်ဖြစ်သွားတယ် … ပန်းခင်းက ရွာရဲ့အရှေ့ဘက်မှာ သိပ်မဝေးပါဘူး "

မင်းယွီထိုစားဖိုမှုးနဲ့အတူ ထွက်လာခဲ့တယ် … စားဖိုမှူးတစ်ချိန်လုံးရိုရိုသေသေဆက်ဆံနေတာမို့  မင်းယွီက ပေါ့ပေါ့ပါးပါးနေဖို့ ပြန်ပြောလိုက်တယ် …

" မင်းကအိုမီဂါလား "

မင်းယွီအမေးကြောင့် ထိုလူကရုတ်တရပ်တိတ်သွားပြီမှ အံ့ဩတကြီးပြန်မေးလာတယ် …

" ကျွန်တော်ဒီလောက်ဖုံးကွယ်ထားတာတောင် သခင်လေး ဘယ်လိုသိသွားတာလဲ "

" ဒါကလွယ်ပါတယ် … မင်းဂုတ်ပေါ်ကအမှတ်အသားကို ပန်းပွင့်ပုံတက်တူးနဲ့ဖုံးထားပေမဲ့ ငါတို့လို အဆင့်မြင့်အိုမီဂါတွေက ဒါကိုချက်ချင်းသိနိုင်တယ်လေ "

ထိုလူက သက်ပြင်းဖွဖွချလာပြီး …

" ကျွန်တော်က တစ်သက်လုံး ဖုံးကွယ်ထားလို့ရမယ်ထင်နေတာ … ကျွန်တော့ရဲ့ဖြစ်တည်မှုက ပြောင်းလဲမသွားဘူးပဲ "

" ဘာကြောင့်မှန်းမသိပေမဲ့ ဝမ်းမနည်းပါနဲ့  … မင်းနေနေတဲ့အသိုင်းအဝိုင်းက သာမန်ဘီတာတွေမို့ ဒါကိုရှာမတွေ့နိုင်ပါဘူး "

" သခင်လေးပြောတာမှန်ပါတယ် … သူတို့ကကျွန်တော့ကို ဘီတာလို့ပဲသိကြတာ … ပြီးတော့သားလေးကိုလဲ ကျွန်တော်နဲ့အင်အားကြီးတဲ့အိုမီဂါတစ်ယောက်ယောက်နဲ့ရတဲ့ကလေးလို့ထင်နေကြတယ် … သူတို့ကတစ်ချိန်လုံး ကလေးရဲ့မိခင်ကိုမေးကြပေမဲ့ ကျွန်တော်မဖြေနိုင်ဘူး … ဘာလို့ဆို ကျွန်တော်က ကလေးရဲ့မိခင်ဖြစ်နေလို့လေ "

"  ဒါဆို အဲ့ဒိချစ်စရာကောင်းတဲ့ ကလေးလေးက မင်းရဲ့သားလေးပေါ့ "

" ဟုတ်ကဲ့ "

" နာမည်ဘယ်လိုခေါ်လဲ … အသက်ကရော ဘယ်နှနှစ်လဲ "

" ကျွန်တော်က M လူမျိုးပါ … သားလေးနာမည်ကကုဋေရှင်းခန့်  … အသက်က ၃ နှစ်ရှိပါပြီ "

" အိုး တွေ့ရတာဝမ်းသာပါတယ် … မင်းကိုဒီကထင်နေတာ … ဒီလောက်အဝေးကြီးမှာ ဘာလို့နေနေတာလဲ … ဒါမှမဟုတ် မိတ်ဖက်က ဒီကမလို့လား "

ထိုမေးခွန်းက ထိုလူကိုပို၍ တိတ်ဆိတ်သွားစေပြီး အပြုံးတွေကလဲ အသက်မဲ့သွားတယ် … ဒီလောကမှာ အိုမီဂါတွေက အမှတ်အသားပေးခံရတာနဲ့ သူတို့ရဲ့မိတ်အယ်ဖာကို လူတွေသိအောင် ထုတ်ကြွားချင်ကြတယ် … ဒီလူကတော့ သူ့ကိုယ်သူအိုမီဂါဆိုတာတောင် ဖုံးကွယ်ဖို့ကြိုးစားနေတယ် …

ဘာကြောင့်မှန်းမသိ ထိုအိုမီဂါရဲ့ပုံစံက သူ့တုန်းကလို တစ်စုံတစ်ရာကိုလွမ်းမောနေပြီး လစ်ဟာနေသလိုခံစားရ၍ သူ့ဘဝရဲ့ကွက်လပ်ကလဲ သူ့ရဲ့မိတ်အယ်ဖာသာဖြစ်မည်မှန်း မင်းယွီနားလည်မိတယ် ….

ထိုစဉ်ထိုလူထံကအဖြေစကားကြားလိုက်ရတယ် …

" ကျွန်တော့မိတ်ဖက်က ဒီကမဟုတ်ပါဘူး … ပြီးတော့ကျွန်တော့အနားမှာလဲမရှိဘူး … သားလေးကိုလဲ တစ်ယောက်ထည်းမွေးခဲ့တာ "

" စိတ်မကောင်းပါဘူး "

" ကျွန်တော်ကပဲသူ့ကိုထားခဲ့တာပါ … အိုမီဂါဆိုတာကိုဖုံးကွယ်ပြီး လောကကြီးထဲမှာ အချုပ်အနှောင်မရှိပဲ လွတ်လွတ်လပ်လပ်နေဖို့တွေးခဲ့တယ် … ဒါပေမဲ့သခင်လေးကကျွန်တော့ကို ဖမ်းမိသွားတယ် … အဲ့ဒါကသူ့ကိုပြန်ပြီးအမှတ်ရစေတယ် "

ထိုသို့ပြန်ဖြေနေချိန်မှာ ဘာမှမဖြစ်သလိုပြုံးနေပေမဲ့ မျက်ဝန်းကဝမ်းနည်းနေတာကိုတော့ ဖုံးကွယ်မထားနိုင်ပေ … ထိုလူရဲ့ပုံစံက သူ့အဖြစ်နဲ့တူနေပြီး သားလေးကလဲချစ်စရာကောင်းနေ၍ မင်းယွီကိုယ်ချင်းစာမိတယ် …

" တကယ်တော့ မင်းသူ့ကိုမမုန်းဘူးမဟုတ်လား … အမှတ်အသားက မိတ်ဖက်တစ်ယောက်ထည်းကသာပေးလို့ရပေမဲ့ အိုမီဂါဘက်ကဆန္ဒရှိရင် မိတ်ဖက်ကခွင့်မပြုတောင် အမှတ်အသားကိုဖယ်ရှားလို့ရတယ် … အဲ့လိုဆို ခုလိုဖုံးကွယ်ထားစရာမလိုတော့သလို သူနဲ့ပတ်သပ်တဲ့အငွှေ့အသက်တွေလဲကျန်နေမှာမဟုတ်ဘူး … တကယ်တော့မင်းသူ့ကိုမမုန်းပဲ မင်းနှလုံးသားထဲမှာပဲ သိမ်းထားချင်နေခဲ့တာ "

သူ့စကားတွေက ထိုအိုမီဂါအား အတွေးများသွားစေတယ် … သူ့တုန်းကလဲ မိတ်ဖက်ကိုမမုန်းပေမဲ့ အတူမရှိနိုင်ပဲဝေးကွာနေတဲ့ခံစားချက်က ဘယ်လောက်အထီးကျန်ရလဲ ကောင်းကောင်းကြီးသိတယ် … ဒါကြောင့် မင်းယွီသူ့နဲ့အဖြစ်တူနေတဲ့ ထိုအိုမီဂါအား စကားတွေဆက်ပြောနေမိတယ် …

" အဲ့ဒါကဘာနဲ့တူလဲသိလား … ဒိုင်ယာယီစာအုပ်တစ်အုပ်လိုပဲ မှတ်ဉာဏ်တွေကိုဖျောက်ပြစ်လို့ရပေမဲ့ စာအုပ်ထဲမှာချရေးထားပြီးအဖုံးကိုပိတ်ထားခဲ့တယ် … အမှတ်မထင်ဖွင့်မိတဲ့အခါ အရာအားလုံးကိုမင်းမှတ်မိနေလိမ့်မယ် … မင်းရဲ့သူ့အပေါ်ထားတဲ့ခံစားချက်လဲ အတူတူပဲ … သူ့ကိုမေ့ပြစ်လို့ရပေမဲ့ မင်းနှလုံးသားထဲမှာ မင်းကိုယ်တိုင်သော့ခပ်သိမ်းထားတယ် … အဲ့ဒါမင်းသူ့ကိုမမုန်းရက်လို့ပဲ … ခုမင်းနှလုံးသားကိုဖွင့်ကြည့်သင့်ပြီ "

" သခင်လေးကစိတ်ဖတ်တတ်တာလား … ကျွန်တော်ခံစားချက်တွေကိုသိနေတယ် "

" မဟုတ်ပါဘူး … ငါတို့ရဲ့အဖြစ်က တိုက်ဆိုင်နေလို့ပါ … ငါလဲသားလေးရတုန်းက ငါ့ရဲ့အယ်ဖာနဲ့ဝေးကွာပြီး နေလာခဲ့ရတယ် … သူ့ကိုမမုန်းပေမဲ့မေ့ပျောက်ဖို့ကြိုးစားခဲ့တယ် … မင်းလိုပဲသားလေးကိုတစ်ယောက်ထည်းပြုစုနိုင်မယ်ထင်ခဲ့တာ … အမှတ်မထင်ပြန်တွေ့တော့ သူ့ကိုမေ့မရနိုင်တာကိုသိလိုက်ရတယ် … ငါတို့ဒီလိုပျော်ရွှင်နိုင်ဖို့ အခက်အခဲတွေအများကြီးကျော်ဖြတ်ခဲ့ရတယ် … ရှုတ်ထွေးတဲ့လောကဓံကိုရင်ဆိုင်ခဲ့ရတယ် … မင်းနဲ့မင်းရဲ့မိတ်ဖက်တို့ရဲ့ပြဿနာကို ငါမသိပေမဲ့ မင်းပြန်ပြီးသင့်မြတ်ဖို့စဉ်းစားသင့်တယ် … မင်းသူ့ကိုမုန်းနေတာမှမဟုတ်ပဲ ဘာလို့ကိုယ့်ကိုယ်ကိုအပင်ပန်းခံပြီးလိမ်ညာနေတာလဲ "

" သခင်လေးပြောတာမှန်ပါတယ် … ကျွန်တော်သူ့ကိုသေလောက်အောင်ချစ်ခဲ့တယ် … ဒါကြောင့်လဲမမုန်းနိုင်ဘူး … ဒါပေမဲ့ချစ်ရတာအရမ်းပင်ပန်းတယ် … အားလုံးကသူ့အမှားတွေကြီးပဲမဟုတ်ပေမဲ့ မွန်းကြပ်လွန်းလို့ ကျွန်တော်ပြေးထွက်လာခဲ့တာ  … ဒါကလဲကျွန်တော်တို့ ၂ ယောက်လုံးအတွက် အဆင်ပြေမဲ့နည်းလမ်းမို့ … ခုသူလဲအဆင်ပြေနေလောက်ပါပြီ  … ကျွန်တော်ပြန်သွားရင် သူအရင်လိုပြန်ဖြစ်မှာကိုကြောက်တယ် … ထပ်ပြီးချုပ်နှောင်ထားမှာကြောက်မိတယ် "

ထိုအိုမီဂါလေးက သူ့ကိုယ်သူသန်မာဟန်ဆောင်နေပေမဲ့ ဘယ်လောက်ထိအထီးကျန်ပြီးအားငယ်နေလဲသိသာတယ် … မင်းယွီကသူ့ထက်အနည်းငယ်လူကောင်ထွားတာကြောင့် သူ့ရဲ့လက်မောင်းကြား ပွေ့ဖက်ပေးပြီး နှစ်သိမ့်ပေးလိုက်တယ် …

" အတော်ခက်ခဲခဲ့မှာပဲ … ချစ်ရသူရဲ့အဝေးမှာနေပြီး ကိုယ့်ကိုယ်ကိုဖုံးကွယ်နေရတာ "

" နေသားကျနေပြီလို့ထင်မိပေမဲ့ ဒါကတွေးမိတိုင်းနာကျင်နေတုန်းပဲ … သခင်လေးကျေးဇူးနဲ့ ကျွန်တော်မွန်းကြပ်နေတာတွေကို ထုတ်ပြခွင့်ရခဲ့ပြီ … ကျေးဇူးတင်ပါတယ်သခင်လေး "

" ကိစ္စမရှိပါဘူး … ငါတို့ရဲ့အဖြစ်အပျက်တွေကတူညီနေတာကြောင့် မင်းကိုနားလည်နိုင်တာပါ … မင်းကိုအကြံတစ်ခုတော့ပေးချင်တယ် … အမြဲတမ်းဒီလိုမျိုးပုန်းကွယ်မနေပဲ ရင်ဆိုင်ကြည့်ပါ … မင်းရဲ့ကြောက်စိတ်တွေခနဖျောက်ထား သားလေးအတွက်လို့တွေးပြီးရင်ဆိုင်ကြည့်လိုက်ပါ …  ကံကောင်းရင်ပြန်ပေါင်းစပ်နိုင်လိမ့်မယ် "

" ကျွန်တော့မှာ အိုမီဂါသူငယ်ချင်းလဲမရှိတော့ တစ်ခါမှခုလိုအကြံဉာဏ်ပေးပြီး နှစ်သိမ့်ပေးတာမျိုး မခံရဖူးဘူး … ကျွန်တော်အဆင်သင့်ဖြစ်တဲ့နေ့ ပြန်သွားကြည့်လိုက်ပါ့မယ် "

" ငါ သူများမိသားစုအရေးကို အများကြီးစမ်စုမိသလိုဖြစ်သွားတယ် "

" ရပါတယ်သခင်လေး "

" ဒါနဲ့မင်းနာမည်ကရော "

" ကျွန်တော်က ကုမုဒြာပါ … မုဒြာလို့ခေါ်လို့ရပါတယ် "

" ဟုတ်ပြီ မုဒြာ အားမငယ်ပါနဲ့ … ဒီလောက်ချစ်စရာကောင်းတဲ့သားလေးကို ပိုင်ဆိုင်ထားပြီပဲ … နောက်ဆိုပိုပြီးကံကောင်းခြင်းတွေရောက်လာတော့မှာ … မင်းရွေးချယ်မှုတိုင်းကလဲ အောင်မြင်လိမ့်မယ် "

" ကျေးဇူးပါသခင်လေး … ခုလိုကူညီပေးတဲ့အတွက် "

မုဒြာနဲ့စကားပြောရတာက လွတ်လပ်ကာ အဆင်ပြေပြီး မိတ်ဖက်မရှိပဲရှင်သန်ရတာက သူ့တုန်းကနဲ့အဖြစ်တူနေတာကြောင့် မင်းယွီအကြံကောင်းတွေပေးနိုင်ခဲ့တယ် … ဒီလောကမှာသူတို့လိုမျိုး ဝေးကွာပြီးနာကျင်နေရတဲ့အဖြစ်မျိုး ဘယ်သူ့ကိုမှ မကြုံတွေ့စေချင်ဘူး … အားလုံးကိုပျော်ရွှင်စေချင်တယ် …

ခုမှလေထုကပေါ့ပါးသွားပြီး မုဒြာဆိုတဲ့အိုမီဂါလဲ ပြုံးရယ်လာတယ် … သူတို့ရဲ့ရင်းနီးမှုကတိုးတက်လာပြီး စကားပြောရတာပေါ့ပါးတာကြောင့် ခင်မင်သွားကြတယ် … ပန်းတွေအကြောင်းလဲ ၂ ယောက်လုံးစိတ်ဝင်စားတာခြင်းတူညီ၍ မင်းယွီအတွက် သူငယ်ချင်းကောင်းတစ်ယောက် ရလိုက်သလိုပဲ …

သူတို့ပန်းပေါင်းစုံခူးလာပြီးပြန်လာတော့လဲ မင်းယွီကဘယ်မှမသွားပဲ မုဒြာတို့အနားမှာစကားတွေပြောရင်း မုန့်လုပ်တာကိုကြည့်နေတယ် …  နေ့တစ်ဝက်လောက်ပြင်ဆင်ပြီးနောက် ဟင်းပွဲအစုံနဲ့ စားစရာအချိုပွဲတွေရရှိလာတယ် … မွေးနေ့ကိတ်က ၃ ထပ်ဖြစ်ကာ စားပွဲဝိုင်းတစ်ခုစာမျှအကြီးကြီးပြင်ပေးထားတယ် … ပန်လေးတွေနဲ့ပြုလုပ်ပြီး ပွင့်ဖက်ပုံစံလေးတွေအလှဆင်ထားတာကြောင့် မြင်လိုက်ယုံနဲ့လှပပြီးစချင်စရာကောင်းနေပြီ … မွေးနေ့ကိတ်မစားဖူးတဲ့ ရွာသူရွာသားတွေက စားရဖို့ကို စိတ်လှုပ်ရှားနေကြတယ် …

သမီးလေးကိုအားလုံးအရှေ့မှာ လှပစွာပြင်ပေးထားပြီး မွေးနေ့ကိတ်အရှေ့မှာရပ်ကာ အားလုံးပြိုင်တူမွေးနေ့ဆုတောင်းသီချင်းသီဆိုကြတယ် … ပြီးသွားတော့ ကိတ်ကိုခွဲဝေပေးကာ အားလုံးမိန်ရေယှက်ရေစားသောက်ကြတယ် … အစားအသောင်တွေစားပြီးမှ ကိတ်နဲ့အချိုပွဲကို စားသုံးကြချိန်မှာ လျှာပေါ်မှာပန်းတွေပွင့်လာသလို အရသာကထူးကဲပြီး ကောင်းမွန်လွန်း၍ လူတိုင်းအံ့အားသင့်နေကြတယ် …

ရှင်းယီလေးနဲ့လုယီလဲ အချိုပွဲနဲ့ကိတ်မုန့်ကို အားရပါးရစားနေကြတယ် … ရွာသားတွေဆို ကြိုက်လွန်းလို့စားမလောက်ဖြစ်နေတယ် … အစားအစာတွေကလဲ အားလုံးပြောင်စင်အောင်ကုန်သွားလို့ ချက်ရတဲ့စားဖိုမှူးတွေ အားရဝမ်းသာဖြစ်နေတယ် …

မွေးနေ့ပွဲပြီးသွားချိန်မှာ ဖန်းဂူက စားဖိုမှူးတွေကို လောက်ဆူးအဖြစ်ဆုချတော့ အားလုံးဝမ်းသာနေကြတယ် … ဒါပေမဲ့ မုဒြာဆိုတဲ့အိုမီဂါလေးကတော့ ဘောက်ဆူးကိုလက်မခံဘူး …

" ကျွန်တော်လက်မခံပါရစေနဲ့ … ခုလိုကျွန်တော့လက်ရာကိုကြိုက်နှစ်သက်တာကိုမြင်ရရင်ပဲကျေနပ်ပါပြီ … သခင်မလေးမွေးနေ့ကိုကူညီတယ်လို့သဘောထားပေးပါ "

မင်းယွီကလဲ အတင်းပေးဖို့ကြိုးစားနေတယ် …

" ဘယ်ဖြစ်မလဲ … မုဒြာရဲ့လက်ရာကိုငွေနဲ့တန်ဖိုးဖြတ်တာမဟုတ်ပါဘူး … ဒီတိုင်းဆုချတဲ့သဘောပါ … သားလေးကိုလဲ လိုချင်တာဝယ်ပေးလို့ရတာပဲ "

သူတို့ပေးတဲ့တန်ဖိုးက အရမ်းများလွန်းတာကြောင့် မုဒြာကဆက်ပြီးငြင်းဆန်နေတယ် …

" သခင်လေးတို့စေသနာကို နားလည်ပေမဲ့ သခင်လေးနဲ့ခင်မင်ခွင့်ရလို့ကူညီတယ်လို့ပဲသဘောထားပေးပါ … ဒီနေ့ကျွန်တော်အရမ်းကိုပျော်ခဲ့ရပါတယ် … ဒါကြောင့်ဒီငွေကိုလက်မခံပါရစေနဲ့ "

" ကောင်းပါပြီ … မင်းလဲငါ့လိုခေါင်းမာတာပဲ … ဒါပေမဲ့မင်းစေသနာကိုလက်ခံတဲ့အနေနဲ့ နောက်တစ်ကြိမ်ပြန်တွေ့ကြတာပေါ့ "

" ကျွန်တော်လဲပြန်တွေ့ချင်ပါတယ် … ဒါပေမဲ့ခုတော့ပြန်ရတော့မယ် "

" ငါမင်းကိုဒါလေးပေးလိုက်မယ် "

မင်းယွီပေးလိုက်တာက ရှန်ဟွှာရဲ့တရားဝင်တံဆိတ်တုံးပုံပါတဲ့ကဒ်တစ်ခု … ထိုကဒ်ကိုရရှိသူက ရှန်ဟွှာအိမ်တာ်ကိုလာလျှင် အစောင့်တွေထံကနေ ဝင်ခွင့်ရဖို့အသုံးပြုနိုင်သလို အခင်မင်ရဆုံးနဲ့အယုံကြည်ရဆုံးသူတွေကိုသာပေးထားကြတယ် … ဖန်းဂူက မင်းယွီထိုကောင်လေးကို ဘာကြောင့်ကဒ်ပေးလဲမသိပေမဲ့ မင်းယွီကြည့်ရတာလဲပျော်နေတာကြောင့် ခွင့်ပြုလိုက်တယ် …

ခုမင်းယွီကို သူစောင့်ရှောက်နိုင်သလို ဘာအန္တရာယ်မှလဲ သူတို့ကိုမပေးနိုင်ဘူး … ထိုကောင်လေးကသူများတွေလို လောဘမရှိတဲ့အပြင် အားနည်းပြီးလူကောင်းပုံစံမို့ မင်းယွီခင်မင်နေတာကိုခွင့်ပြုထားတယ် …

မင်းယွီကမုဒြာတို့သားအမိကို သူတို့မပြန်ခင်နှုတ်ဆက်ပြီး တစ်နေ့နေ့ပြန်တွေ့ကြမယ်လို့ပြောလိုက်တယ် … နောက်ဆုံးတော့ပွဲလေးလဲပြီးသွားသလို ထိုဧည့်သည်တွေလဲပြန်သွားကြတယ် … မင်းယွီစိတ်ထဲမှာ ထိုသားအမိသူ့ရဲ့မိတ်ဖတ်နဲ့ပြန်ပေါင်းဖတ်နိုင်ပြီး သူတို့လိုပျော်ရွှင်စရာမိသားစုလေးဖြစ်လာဖို့ မျှော်လင့်မိတယ် …

သမီးလေးရဲ့မွေးနေ့လဲပြီးပြီမို့ သူတို့မကြာခင်ပြန်ရတော့မယ် … မပြန်ခင်မှာ မင်းယွီကထိုနေရာနဲ့သိပ်မဝေးတဲ့ပင်လယ်သို့သွားချင်ကြောင်းပြောလာတယ် … ဖန်းဂူကဘာကိုမှမချုပ်ချယ်ပဲ မင်းယွီတောင်းဆိုသမျှကိုဖြည့်စည်းပေးတယ် …

ထိုကမ်းခြေကိုရောက်တာ တတိယအကြိမ်ဖြစ်ပြီး ဒီတစ်ခေါက်က သူတို့မှာသမီးလေးပါပါလာတယ် … ဒီနေရာမှာ အမှတ်တရဆိုးတွေရှိခဲ့ပေမဲ့ အရာအားလုံးဟာအိမ်မက်လိုရေးရေးလေးသာမှတ်မိနေပြီး ပျော်ရွှင်စရာမှတ်ဥာဏ်တွေသာအစားထိုးလာတယ် …

သားနဲ့သမီးကကမ်းစပ်မှာပျော်မြူးနေကြတယ် … သူတို့အနားမှာရှုယွမ်ကထိန်းပေးနေတယ် … ရှန်ဝေနဲ့ချူးရှန့်ကတော့ သူတို့သီးသန့်ဟန်းနီးမွန်းလိုမျိုး ရေထဲမှာပျော်နေကြတယ် … ဖန်းဂူနဲ့မင်းယွီကတော့ ပျော်နေတဲ့သူတို့ကို ကျောက်ဆောင်ပေါ်မှာထိုင်ပြီးငေးကြည့်နေကြတယ် …

" ယွီလေး … ဒီနေ့အရမ်းပျော်နေသလိုပဲ "

" ပျော်တာပေါ့ … ဒီလိုအခြေအနေရောက်ဖို့ အခက်အခဲတွေအများကြီးကြုံခဲ့ရပေမဲ့ ခုတော့ဘာအပူအပင်မှမရှိတော့ဘူး … ခုလိုလျှောက်လည်နေရတာ လွတ်လပ်ပြီး အရမ်းပျော်စရာကောင်းတယ် … အကိုရှုယွမ်နဲ့ ရှန်ဝေတို့အတွဲလေး ကျွန်တော်တို့အနားမှာ အမြဲရှိနေပေးတာကို ကျေးဇူးတင်ရမယ် "

" ဟုတ်တယ် … ကိုယ်လဲအဲ့လိုတွေးမိတယ် … ကိုယ့်ကိုမိသားစုဆိုတဲ့အနွေးဓာတ်လေးရအောင် ကူညီပေးတဲ့ထဲမှာ သူတို့လဲပါတယ် … မင်းလေးကတော့အဓိကပေါ့ "

ဖန်းဂူက မင်းယွီကို ရင်ခွင်ထဲမှာပွေ့ဖက်လိုက်ပြီး …

" ကိုယ်မင်းကိုအရမ်းချစ်တယ် ယွီလေး "

" ကျွန်တော်လဲအတူတူပဲ … သခင်ကြီးဂူကို အရမ်းချစ်တယ် "

တစ်ယောက်နဲ့တစ်ယောက် အပြုံးတွေနဲ့ကြည့်ပြီးနောက် နူးနူးညံ့ညံ့လေးနမ်းလိုက်ကြတယ် …

" အဟမ်း "

ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့ရှုယွမ်က သူတို့အရှေ့မှာရပ်နေပြီး စိတ်မရှည်တဲ့လေးသံနဲ့ပြောလာတယ် …

" ချစ်ကြည်နူးချင်လဲ ဝေးဝေးသွား "

" မင်းကဒီကိုဘာလာလုပ်တာလဲ "

" လုယီလေးက ရေကစားဖို့ မင်းတို့ကိုခေါ်ခိုင်းလို့ "

ရေထဲကရှန်ဝေနဲ့ချူးရှန့်ကလဲ လှမ်းခေါ်လာတယ် …

" သခင်ကြီး ရေကစားရအောင်လာခဲ့ "

" ချူးရှန့် မင်းက ကလေးလား "

" ကျွန်တော်ကလေးမဟုတ်ပေမဲ့ သခင့်ရဲ့ကလေးတွေကိုတော့ အဖော်ပြုပေးသင့်တယ် "

ရှန်ဝေကပါ ထောက်ခံလာတယ် .…

" ဟုတ်တယ် … မင်းယွီရေ ပင်လယ်လာပြီး ရေမကစားပဲပြန်လို့ ဘယ်ဖြစ်မလဲ … အမြန်လာ "

နောက်ဆုံးသူတို့အားလုံး ရေထဲဆင်းသွားကြတယ် … ဖန်းဂူကသမီးလေးကိုချီထားပြီး ရှုယွမ်ကလုယီလေးကိုထိန်းပေးကာ သူတို့အားလုံး ပျော်ပျော်ရွှင်ရွှင်ရေကစားနေကြတယ် …

ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲမှာ ကမ်းခြေကိုရောက်ဖို့ ရွက်လွှင့်နေတဲ့လှေတစ်စီးလို သူတို့ဟာလဲ ပြောင်းလဲမသွားတဲ့ချစ်ချင်းမေတ္တာ ခင်မင်မှုသံယောဇင်တွေနဲ့ တူ လောကကြီးရဲ့အဆုံးထိ အားလုံးပျော်ရွှင်စွာနဲ့ ရယ်မောကာ ကြုံလာသမျှကိုအတူရင်ဆိုင်ရင်း ဖြတ်သန်းသွားကြလေတော့တယ် …

~~~ ပြီးပါပြီ ~~~

{ A/N - ဒါလေးကိုဆက်ရေးဖြစ်တာက ပထမ ရှုမန်းတို့အတွဲလေးကိုလဲ ချန်မထားချင်တာရယ် ဒုတိရက ' ကုမုဒြာ ' တို့ Fic ထဲမှာ ရှန်ဟွှာကဧည့်သည်အဖြစ်ပါတာမို့ မုဒြာနဲ့မင်းယွီတွေ့ဆုံပုံလေးဖန်တီးပေးချင်တာကြောင့်ပါ … ဒီအခန်းတွေက မုဒြာထွက်သွားပြီး ၄ နှစ်အတွင်းမှာ မင်းယွီနဲ့ခင်မင်ခဲ့တဲ့အခန်းပါ … ကိုယ့် Fic ကအရပ် Over ဖြစ်နေရင်သည်းခံပေးပါ … ဒါကစိတ်ကူယဉ်မို့ လက်တွေ့တော့မဆန်ပါဘူး … ခုပိုပြီးပြည့်စုံသွားသလို တကယ်လဲ ဇာတ်သိမ်းသွားပါပြီ 🥰 }

Zawgyi
~~~~~~~

တစ္ႏွစ္ေက်ာ္ခန႔္ၾကာၿပီးေနာက္  …

နယ္စပ္မွာတာဝန္က်တဲ့ ရွန္ေဝလဲအလုပ္ေတြအကုန္ၿပီးေျမာက္၍ ရာထူးတစ္ဆင့္တိုးကာ ၿမိဳ႕ေတာ္ကိုျပန္လာခြင့္ရခဲ့တယ္ … ခ်ဴးရွန႔္က ေရာက္ေရာက္ခ်င္း သူမေလးနဲ႕တူေလးအနားကေနမခြာေတာ့ဘူး … သမီးေလးက တစ္ႏွစ္ခြဲေက်ာ္ၿပီမို႔ လမ္းေလွ်ာက္တတ္ေနၿပီး လုယီေလးကလဲ ေက်ာင္းသားႀကီးျဖစ္လို႔ေနၿပီ …

မင္းယြီ႐ုံးအဆင္းကို ဖန္းဂူကသမီးေလးနဲ႕အတူလာႀကိဳေလ့ရွိတယ္ … ျပန္လွ်င္ တစ္ခါတည္းသားျဖစ္သူကိုပါ ေက်ာင္းသို႔ဝင္ေခၚၿပီး သားအဖေလးေယာက္ အိမ္ကိုအတူတူျပန္ၾကတယ္ … ဖန္းဂူအလုပ္ကိစၥခရီးေဝးသြားဖို႔ရွိလွ်င္ အႀကိဳအပို႔ကိုရႈယြမ္ကတာဝန္ယူေပးတယ္ … ခ်ဴးရွန႔္ကေတာ့ အရင္လိုဖန္းဂူအနားမွာ လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ေနဆဲျဖစ္တယ္ …

ယာရွာကဆုန္းခ်ဴနဲ႕လက္ထပ္ၿပီးေနာက္မွာ သူမအေမွာင္ေလာကနဲ႕ အဆက္အသြယ္ျဖတ္လိုက္တယ္ … ဖန္းဂူကအခု King ျဖစ္ေနၿပီမို႔ သူမအကူအညီကို မလိုအပ္ေတာ့ဘူး … သူမကိုယ္တိုင္လဲ အႏၲရာယ္မ်ားတဲ့ လက္နတ္ေတြရဲ႕အေဝးမွာေနၿပီး မိသားစုကိုေစာင့္ေလွ်ာက္ဖို႔သာ ေတြးထားတယ္ …

သူမမိဘေတြကလဲ လွပတဲ့အိုမီဂါေလးကို အရယူနိုင္လို႔ သူမကိုမ်ိဳးႏြယ္ရဲ႕ေခါင္းေဆာင္အျဖစ္ခန႔္အပ္ၿပီး အေမြဆက္ခံဖို႔ မ်ိဳးဆက္ေတြေမြးဖြားခိုင္းတယ္ … ခုဆိုဆုန္းခ်ဴမွာ လသားအ႐ြယ္သားငယ္ေလးရွိေနၿပီ … သူမဖခင္ကလဲ ေျမးေလးရၿပီမို႔ အရင္လိုအထီးမက်န္ရေတာ့ဘူး …

သူတို႔အရင္လိုအျပင္မွာမေတြ႕နိုင္ၾကေတာ့ေပမဲ့ မၾကာခနအဆက္အသြယ္လုပ္ျဖစ္ၾကတယ္ … ယာရွာကေတာ့ ထုံးဆန္အတိုင္း ခ်ဴးရွန႔္မခံခ်င္ေအာင္  ဘယ္ေတာ့ကေလးယူမွာလဲေမးၿပီး စေနာက္ေနၿမဲပဲ … အသက္ေတြႀကီးလာေပမဲ့ သူတို႔ရဲ႕ကေလးဆန္ဆန္ စေနာက္မႈေတြကေတာ့ ေျပာင္းလဲမသြားခဲ့ဘူး … ခုဆိုရင္ အားလုံးမွာ မိသားစုကိုယ္စီပိုင္ဆိုင္ေနၾကၿပီ …

ရႈမန္းနဲ႕ရန္အာကေတာ့ ခုက်န္းက်န္းမာမာေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိေနၾကတယ္ … ရန္အာကလဲ အရင္လိုဘားနဲ႕ကလပ္ေတြကို တာဝန္ယူေပးေနသလို ရႈမန္းကလဲ မင္းယြီလက္ေအာက္မွာ အလုပ္ကိုႀကိဳးႀကိဳးစားစားလုပ္ကိုင္ေနတယ္ … သူတို႔အတြက္ ကေလးမရနိုင္တာေၾကာင့္  မိဘမဲ့ေက်ာင္းေတြနဲ႕ မသန္မစြမ္းေတြအတြက္ လစဥ္ကူညီေထာက္ပံ့ေပးရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ပဲျဖတ္သန္းၾကတယ္ … ခုဆို အလႉအတမ္းရက္ေရာတဲ့ သူတို႔ ၂ ဦးဟာ လူအမ်ားရဲ႕ခ်စ္ခ်င္းကိုခံယူေနရၿပီ … ထိုအရာကမိသားစုဆိုတဲ့ ေႏြးေထြးမႈနဲ႕တူညီတယ္ …

ဖန္းဂူကေတာ့ ထုံးဆန္အတိုင္း မၿပီးဆုံးနိုင္တဲ့ အမႈကိစၥေတြကို ေျဖရွင္းေနရဆဲျဖစ္တယ္ … ဒီတစ္ေခါက္အမႈက ေဈးကြက္မွာ တရားမဝင္မူးရစ္ေဆးေတြ လူအမ်ားအျပားေရာင္းဝယ္သုံးဆြဲေနၾကၿပီး အာဏာပိုင္ေတြေတာင္မွ မတားဆီးနိုင္ေသးဘူး … ဒါကသာမာန္မူးယစ္ေဆးနဲ႕မတူပဲ ခြင့္ျပဳခ်က္ရထားတဲ့ ေဟာ္မုန္းအားတိုးေဆးနဲ႕တူညီေနၿပီး သူ႕ရဲ႕အာနိတင္က ပိုျပင္းထန္ၿပီး ဆြဲေဆာင္အားေကာင္းေနတယ္ …

ထိုအရာေၾကာင့္ မဒိန္းမႈေတြမ်ားလာၿပီး မနိုင္ေတာ့၍ အထက္လူႀကီးေတြပါ မ်က္ခုံးလႈပ္လာၾကတယ္ … အမႈတိုင္းက နစ္နာသူဘက္ကစတင္မွားတာမို႔ အေရးယူဖို႔ခက္ေနတယ္ … ထိုေဆးကသားေကာင္ကိုျငႇို႔ယူတာမ်ိဳးမဟုတ္ပဲ သားေကာင္ကျပန္ၿပီးျငႇို႔ယူလာေအာင္ ေထာင္ေျခာက္ဆင္ၿပီး က်ဴးလြန္ၾကျခင္းျဖစ္တယ္ … အမ်ားစုမွာ အားနည္းတဲ့အိုမီဂါတင္မက ဘီတာအမ်ိဳးသမီးငယ္ေတြပါပါဝင္ေနတယ္ … ထိုေဆးရဲ႕ေဈးကြက္ကိုရွာေဖြေနေပမဲ့ အတိအက်ရွာမေတြ႕ရဘူး … ဒါေၾကာင့္ အျဖစ္နိုင္ဆုံးက ေျမေအာက္ေလာကရဲ႕ အဖြဲ႕အစည္းတစ္ခုကေနျဖန႔္ျဖဴးေနျခင္းျဖစ္နိုင္၍ ဖန္းဂူကိုကိုင္သြယ္ေပးဖို႔အကူအညီေတာင္းလာတယ္ …

ရန္အားကေျမေအာက္ေလာကရဲ႕လူေတြထံကေန သတင္းႏွိုက္ကာ ေထာက္လွမ္းတဲ့ေနရာမွာေတာ္ၿပီး ခ်ဴးရွန႔္က အခ်က္အလက္ေတြစုံစမ္းတဲ့ေနရာမွာေတာ္၍ သူတို႔ ၂ ေယာက္ေပါင္းၿပီး ရွာေဖြၾကည့္တဲ့အခါ သတင္းအခ်က္အလက္တစ္ခ်ိဳ႕ ရရွိလာခဲ့တယ္ …

" သခင္ႀကီး ကြၽန္းေတြဘက္မွာ ေရလမ္းနဲ႕ေမွာင္ခိုသမားတစ္ခ်ိဳ႕ရွိေနတာကို သတင္းရခဲ့တယ္ … သူတို႔က ေရေအာက္ဥမင္ကေနတဆင့္ ပစၥည္းေတြကိုသယ္ယူၾကတဲ့ပုံပဲ … အဲ့ဒါကခုျပန့္ေနတဲ့ မူးရစ္ေဆးဝါးေတြျဖစ္လိမ့္မယ္လို႔ ထင္ရတယ္ "

" ဘယ္သူ႕နယ္လဲ "

" အိမ္နီးခ်င္းနိုင္ငံရဲ႕နယ္နမိတ္ထဲမွာဆိုေတာ့ ခန႔္မွန္းရခက္တယ္ "

" သူတို႔ကငါ့ကိုေၾကာက္ၿပီး ငါ့မ်က္စိေရွ႕မလုပ္ရဲလို႔ ၿခံစည္းရိုးကေနခိုးေခ်ာင္ခိုးဝွက္လုပ္တဲ့သေဘာလား … ဘယ္အဖြဲ႕အစည္းလဲ ခန႔္မွန္းမိလား "

" ခန႔္မွန္းမိပါတယ္ … သူတို႔ကတရားမဝင္မူးရစ္ေဆးေတြကို နိုင္ငံအႏွံ႕တင္ပို႔ေနတဲ့အဖြဲ႕ပါ "

" ငါတစ္ေယာက္လုံးရွိေနတာေတာင္ ေျမေအာက္ေလာကမွာ ဒီလိုလုပ္ဖို႔ သတၱိေတြရွိေနၾကတယ္ … လူေတြကိုအစိတ္အေတာက္ျဖစ္ေစတဲ့ေကာင္ေတြက အသက္မရွင္သင့္ဘူး … ဒီကိစၥကိုအျမန္ေျဖရွင္းၾကတာေပါ့ "

အလုပ္ကိစၥေဆြးေႏြးၿပီးေနာက္ ဖန္းဂူျပန္လာေတာ့ မင္းယြီကအေပါက္ဝမွာစည္းႀကိဳေနတယ္ … ဖန္းဂူကပင္ပန္းပုံေပၚေနတာမို႔ မင္းယြီဖန္းဂူအတြက္အေအးေဖ်ာ္လာေပးလိုက္တယ္ …

" ကို ဒီေန႕အလုပ္မွာ ပင္ပန္းလာတာလား "

" ရွင္းရမဲ့ႂကြက္တစ္ခ်ိဳ႕ရွိေနတာေၾကာင့္ပါ … အရမ္းမပင္ပန္းပါဘူး "

ေျပာၿပီးကာမွ ဖန္းဂူက ေဘးမွာလာထိုင္တဲ့မင္းယြီပခုံးေပၚ ေခါင္းမွီခ်လိဳက္ၿပီး ညည္းျငဴေတာ့တယ္ …

" အလုပ္ေတြလုပ္ရတာ ပင္ပန္းလိုက္တာယြီေလးရယ္ … ကိုယ့္ကိုအားရွိေအာင္ဆုမေပးခ်င္ဘူးလားဟင္ "

" ေစာေစာကပဲ မပင္ပန္းဘူးေျပာၿပီေတာ့ … ေခါင္းေဆာင္ Lion ကဘယ္တုန္းက ပလီတတ္လာတာလဲ  "

" ကိုယ္ပလီေနတာမဟုတ္ဘူး … ကိုယ့္မိန္းမေလးဆီကေန ဂ႐ုစိုက္တာကို လိုခ်င္ယုံပါ "

မင္းယြီတိတ္တိတ္ေလးရယ္ၿပီး အိမ္ေရာက္တာနဲ႕ ကေလးဆန္လာတဲ့ ဖန္းဂူကိုႏႈတ္ခမ္းအား ႏူးႏူးညံ့ညံ့အနမ္းေလးေပးကာ ဆုခ်လိဳက္တယ္ …

" ေတာ္တယ္ေယာက်္ား "

မင္းယြီရဲ႕အနမ္းနဲ႕ခ်ီးမြန္းစကားေလးတစ္ခြန္းက တစ္ေန႕လုံးပင္ပန္းလာတဲ့ဖန္းဂူအား အားေဆးတစ္ခြက္တိုက္လိုက္သလို ခ်က္ခ်င္းလန္းဆန္းတက္ႂကြသြားေစတယ္ …

" ယြီေလး ကိုယ့္ကိုဘယ္လိုေခၚလိုက္တယ္ "

မင္းယြီကအနည္းငယ္ရွက္႐ြံ႕သြားကာ တိုးတိုးေလးေျဖလိုက္တယ္ …

" ေယာက္်ားလို႔ "

" ဟား … ခ်စ္ဖို႔ေကာင္းလိုက္တာကြာ "

ဖန္းဂူတဟားဟားေအာ္ရယ္ရင္း ရွက္ေနတဲ့မင္းယြီအား ရင္ခြင္ၾကားေပြ႕ဖက္ထားေလေတာ့တယ္ … ကေလး ၂ ေယာက္ရၿပီးတာေတာင္မွ မင္းယြီကသူ႕အားေယာက္်ားလို႔ေခၚဖို႔ရွက္ေနေသးသလို မင္းယြီေခၚလာလွ်င္လဲ ဖန္းဂူရင္ခုန္စိတ္လႈတ္ရွားေနတုန္းပင္ …

အလုပ္ကေနဘယ္ေလာက္ပဲ ပင္ပန္းလာပါေစ အိမ္ျပန္ေရာက္တိုင္း ေႏြးေထြးတဲ့မိသားစုေလးရဲ႕ အခ်စ္ေတြေၾကာင့္ ဖန္းဂူအၿမဲစိတ္ခ်မ္းသာေနရတယ္ … ဒါဟာ သူ႕အတြက္ ဘုရားေပးတဲ့ဆုလာဒ္တစ္ခုလိုပင္ …

ေမွာင္ခိုသမားေတြကို အမိဖမ္းဖို႔ ဖန္းဂူကြၽန္းဘက္ကို တစ္လေလာက္ ခရီးထြက္ခဲ့တယ္ … ဒီေမွာင္ခိုသမားေတြက တစ္ဖက္နိုင္ငံနဲ႕လဲဆက္စပ္ေနတာေၾကာင့္ အလွ်င္စလိုလုပ္လို႔မျဖစ္ဘူး … ေခါင္းေဆာင္ကိုဖမ္းဆီးဖို႔ႀကိဳးစားေပမဲ့ သူတို႔ေခါင္းေဆာင္ကမရွိေတာ့၍ အဖြဲ႕အစည္းကၿပိဳကြဲၿပီး ျဖစ္ခ်င္သလိုေတြျဖစ္ေနကာ ေဆးေတြကလဲ အတားအစီးမရွိျပန႔္ႏွံ႕ေနျခင္းျဖစ္တယ္ …

အႏၲရာယ္မ်ားတဲ့ တားျမစ္ေဆးေတြျဖန႔္ျဖဴးျခင္းက ေသေလာက္တဲ့အျပစ္ျဖစ္တာေၾကာင့္ ဒီကိစၥမွာပါဝင္သူတိုင္းကို ဖန္းဂူတစ္ခါတည္းအပ်က္ရွင္းျပစ္လိုက္တယ္ … တစ္လအတြင္းမွာ ႂကြက္ေတြအားလုံးကို ရွင္းထုတ္နိုင္ခဲ့တယ္ … တစ္ခ်ိဳ႕တစ္ေလက ထြက္ေျပးကုန္ေပမဲ့ က်န္တာကို အရာရွိေတြဆက္လုပ္ဖို႔ေျပာၿပီး ဖန္းဂူျပန္လာခဲ့တယ္ …

" ပါပါး "

လုယီေလးက တစ္လေလာက္ခရီးထြက္ေနတဲ့ဖခင္ျပန္လာေတာ့ အိမ္ေတာ္အဝကေန စည္းႀကိဳေနတယ္ … အေနာက္မွာလဲ မင္းယြီက သမီးေလးကို ေပြ႕ခ်ီထားရင္း ဧည့္ခန္းထဲမွာထိုင္ေနတယ္ …

" ယြီေလး ကိုယ္ျပန္လာၿပီ "

" ကို ပင္ပန္းေနၿပီလား "

" ဒီေလာက္က ကိုယ့္အတြက္မပင္ပန္းပါဘူး … ဒါေပမဲ့ မင္းတို႔ကိုေတာ့ ကိုယ္အရမ္းလြမ္းတယ္ "

ဖန္းဂူက သားအဖ ၃ ေယာက္လုံးကို ေပြ႕ဖက္လိုက္တယ္ …

" ဒါနဲ႕ေျပာရအုံးမယ္ … သားေလးလုယီက ဒီေန႕ေက်ာင္းအားကစားၿပိဳင္ပြဲမွာ ပထမဆုရလို႔ သူ႕ဒယ္ဒီကိုႂကြားခ်င္ေနတာနဲ႕ တစ္ခ်ိန္လုံးအျပင္မွာထြက္ေစာင့္ေနတာ "

" ဟုတ္လား … ငါ့သားကအရမ္းေတာ္တာပဲ "

လုယီေလးက သူ႕လည္ပင္းမွာဆြဲထားတဲ့ ဆုတံဆိပ္ေတြကို ထုတ္ျပလာတယ္ …

" ဒယ္ဒီ Yiyi က အေျပးၿပိဳင္တာ ပထမရခဲ့တယ္ … ၿပီးေတာ့ တျခားဟာေတြေရာပဲ … ဆရာမကလဲ Yiyi ကဒယ္ဒီနဲ႕တူၿပီး သန္မာတယ္လို႔ေျပာတယ္ "

ဖန္းဂူက ႂကြားလုံးထုတ္ေနတဲ့သားေလးကို ေပြ႕ခ်ီလိုက္ၿပီ …

" ဒါမွငါ့သားကြ … သားက ဒယ္ဒီထက္ကို သန္မာဦးမွာ "

" ၿပီးေတာ့ Yiyi စာေမးပြဲမွာ အမွတ္ေတြအမ်ားႀကီးနဲ႕ေအာင္တယ္ … ဒယ္ဒီ Yiyi ကိုဆုခ်ဖိဳ႕သာျပင္ေတာ့ "

" ဟား ဟုတ္ပါၿပီ … သားကိုဆုခ်တဲ့အေနနဲ႕ လိုခ်င္တာမွန္သမွ် ဝယ္ေပးမယ္ "

" ေရး … ဒါမွ Yiyi ဒယ္ဒီ "

လုယီေလးက ေပ်ာ္သြားတယ္ … ဘာမွမလိုအပ္ေအာင္ ျပည့္စုံေနေပမဲ့ ဆုခ်မယ္ဆိုတဲ့စကားေလးက သူ႕ကိုေပ်ာ္႐ႊင္ေစတယ္ …

ခုဆိုသမီးေလးေတာင္မွ ၂ ႏွစ္ျပည့္ေတာ့မယ္ … ဖန္းဂူအလုပ္ရႈတ္ေနေပမဲ့ သမီးေလးေမြးေန႕ကိုေတာ့ ေမ့ေလ်ာ့မထားဘူး …

" ယြီေလး … သမီးေလး ၂ ႏွစ္ျပည့္အတြက္ ဘာလုပ္ဖို႔ေတြးထားလဲ "

" ဒါေပမဲ့ အကိုက အလုပ္ေတြနဲ႕မအားဘူးမဟုတ္လား  "

" သမီးေလးေမြးေန႕ကပိုအေရးႀကီးတာေပါ့ … ကိုယ္လဲမိသားစုအတြက္ အခ်ိန္ေပးဖို႔လိုအပ္တယ္ေလ … အလုပ္ေတြကို ခနရပ္ထားလို႔ရတယ္  "

" အဲ့လိုလဲအဆင္ေျပလား "

" ကိုယ့္အတြက္ ကိုယ့္မိသားစုကသာအေရးႀကီးဆုံးပဲ … ယြီေလးလုပ္ခ်င္သာတာေျပာ "

သမီးေလး တစ္ႏွစ္ျပည့္တုန္းက အိမ္ေတာ္မွာပဲက်င္းပခဲ့ၾကတယ္ … ဒီႏွစ္ေတာ့ သမီးေလးေမြးေန႕ကို သူတို႔အတြက္လဲ အမွတ္တရေတြအမ်ားႀကီးရွိခဲ့တဲ့ ေတာင္ေျခက႐ြာေလးထံသြားဖို႔ မင္းယြီကေျပာလာတယ္ … ထို႐ြာေလးကခုဆို ဖန္းဂူရဲ႕အေထာက္အပံ့ေတြေၾကာင့္ ပိုၿပီးေကာင္းမြန္လာကာ လူတိုင္းခ်မ္းခ်မ္းသာသာေနနိုင္လာၾကၿပီ … ဖန္းဂူလဲမေရာက္တာၾကာၿပီမို႔ အလည္သြားဖို႔ဆုံးျဖတ္လိုက္တယ္ …

လိုအပ္တဲ့ပစၥည္းေတြအျပည့္အစုံနဲ႕ကားတမ္းရွည္ႀကီးက ေမြးေန႕မတိုင္ခင္တစ္ပတ္ႀကိဳၿပီး ထြက္လာခဲ့ၾကတယ္ … ဘယ္သူ႕မွမေခၚဖို႔ေတြးထားေပမဲ့ ရႈယြမ္ ရွန္ေဝနဲ႕ ခ်ဴးရွန႔္တို႔ကေတာ့ မရမကလိုက္ပါလာၾကတယ္ … လုယီေလးရဲ႕သက္ေတာ္ေစာင့္ေလး ဂိုေယာင္းတို႔သားအမိကိုလဲ ေမြးရပ္ေျမသို႔အလည္ေခၚလာခဲ့ၾကတယ္ …

ကားေလးထဲမွာ ရွန္ေဝကကားေမာင္းၿပီး ေဘးမွာခ်ဴးရွန႔္ သခင္မေလးရွင္းယီကိုေပြ႕ခ်ီကာလိုက္ပါလာတယ္ … ေနာက္အခန္းမွာေတာ့ ရႈယြမ္က လုယီေလးကိုေပြ႕ခ်ီၿပီး ရႈခင္းေတြကိုၾကည့္ကာ လုယီေမးသမွ်ေျဖရင္းလိုက္ပါလာတယ္ …

ေဘးဘက္မွာေတာ့ ဖန္းဂူရင္ခြင္ထဲမွာ မင္းယြီကမွီလွ်က္ ဖန္းဂူကေပြ႕ဖက္ေပးထားၿပီး ရႈခင္းေတြကိုၾကည့္ကာ ၿပဳံးေပ်ာ္ေနပုံက ညားခါစလင္မယား ဟန္းနီးမြန္းထြက္တာႏွင့္ပင္တူေနတယ္ … ဒါေပမဲ့ဘယ္သူမွသူတို႔ကိုမေႏွာက္ယွက္ၾကဘူး …

ခရီးရွည္ႀကီးအဆုံးမွာ သူတို႔႐ြာေလးထံေရာက္လာၾကတယ္ … ထို႐ြာမွာရွိတဲ့လူတိုင္းက က်န္ရွိေနတဲ့မန္ဂိုမ်ိဳးႏြယ္စုေတြျဖစ္ၾကၿပီး သူတို႔ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ ႐ြာလူႀကီးဂိုဝူးသစၥာခံထားတဲ့ရွန္ဟႊာမိသားစုကိုလဲ သူတို႔ရဲ႕သခင္အျဖစ္ သတ္မွတ္ထားတယ္ …

လုယီေလးအားလည္ဆြဲအပ္ႏွံထားတဲ့ဂိုေယာင္းက သူ႕ရဲ႕ေမြးရပ္ေျမကို ျပန္လာခြင့္ရ၍ ေပ်ာ္႐ႊင္ေနတယ္ … ခုသူကအလယ္တန္းေက်ာင္းသားျဖစ္ေနၿပီမို႔ အရင္အထက္ပိုၿပီးရင့္ၾကပ္လာကာ အတိုက္အခိုက္နဲ႕ ေသနတ္ျပစ္တာကိုပါ ႂကြမ္းက်င္စြာတတ္ေျမာက္ေနၿပီး သခင္ေလးလုယီနဲ႕သခင္မေလးရွင္းယီကို ကာကြယ္နိုင္ေနၿပီ …

စိမ္းဆိုၿပီး သာယာလွတဲ့႐ႊာေလးရဲ႕အလွတရားေတြနဲ႕ သဘာဝေလေအးေအးေတြေၾကာင့္ ဘယ္သူမွခရီးမပန္းၾကပဲ ႐ႊင္လမ္းေနၾကတယ္ … လုယီေလးက လမ္းေရွာက္တတ္ခါစ ညီမေလးလက္ကိုဆြဲၿပီး ပတ္ဝန္းက်င္ကိုေလွ်ာက္ၾကည့္ကာ ေပ်ာ္႐ႊင္ျမဴးထူးေနတယ္ … ႐ြာသူ႐ြာသားေတြကလဲ ေပ်ာ္႐ႊင္စြာစည္းႀကိဳၾကၿပီး ေပ်ာ္႐ႊင္စရာအခိုက္အတန႔္ေတြကို အားလုံးတူတူကုန္ဆုံးၾကတယ္ …

သူတို႔ရဲ႕ ၃ ႀကိမ္ေျမာက္အလည္တစ္ေခါက္ကို အမွတ္တရေတြအမ်ားႀကီးနဲ႕ဖန္တီးၾကတယ္ … ဖန္းဂူ ရႈယြမ္နဲ႕ရွန္ေဝတို႔က ႐ြာသားေတြနဲ႕အတူအမဲလိုက္ၾကၿပီး မင္းယြီနဲ႕ခ်ဴးရွန႔္တို႔က ညဘက္မီးပုံပြဲအတြက္ ျပင္ဆင္ၾကတယ္ … ပြဲေတာ္ရက္မဟုတ္ေပမဲ့ အလည္လာခိုက္အမွတ္တရေတြကို အတူဖန္တီးၾကတယ္ …

ညဘက္မွာမီးပုံပြဲဆင္ႏႊဲၾကၿပီး ေပ်ာ္႐ႊင္စြာၾကခုံၾကတယ္ … ႐ြာသူ႐ြာသားေတြက ကေလးေလး ၂ ေယာက္အနားကေနမခြာပဲ အၿမဲအေဖာ္ျပဳေပးေနျခင္းေၾကာင့္ လုယီေလးနဲ႕ရွင္းယီေလးက ျပန္ခ်င္တယ္တစ္ခ်က္မေျပာပဲ ေပ်ာ္႐ႊင္ေနၾကတယ္ …

ေန႕စဥ္ ေပ်ာ္ပြဲ႐ႊင္ပြဲေတြဖန္တီးၿပီး ဧည့္သည္ေတြကိုမပ်င္းေအာင္အေဖာ္ျပဳေပးၾကတယ္ … ႐ြာသားေတြရဲ႕ေဖာ္ေ႐ြမႈေၾကာင့္ အားလုံးေပ်ာ္႐ႊင္ၾကၿပီး အတြဲ ၂ တြဲအတြက္ေတာ့ ဟန္းနီးမြန္းခရီးနဲ႕တူေပမဲ့ ရႈယြမ္ကေတာ့ ကေလး ၂ ေယာက္ကိုထိန္းရတာနဲ႕မအားဘူးျဖစ္ေနတယ္ … ဒီလိုနဲ႕ ေမြးေန႕ပြဲရက္နီးလာခဲ့တယ္ …

" ယြီေလး … ေပ်ာ္လား "

" အင္း … အရမ္းေပ်ာ္တယ္ "

တဲအိမ္ေလးထဲမွာ ဖန္ဂူနဲ႕မင္းယြီထိုင္ေနၿပီး ဖန္းဂူက မင္းယြီရဲ႕အေနာက္ကေန ရင္ခြင္ၾကားေပြ႕ဖက္ထားၿပီး ျပတင္းေပါက္ကေန ေကာင္းကင္ေပၚကလမင္းႀကီးကို ၾကည့္ေနၾကတယ္ … သမီးေလးေမြးၿပီးကတည္းက သမီးေလးကိုျပဳစုေနရတာနဲ႕ သူတို႔ခုလိုပူးကပ္ကာမေနရတာၾကာေနၿပီ … ဒီတစ္ခါေတာ့ ရႈယြမ္က ကေလး ၂ ေယာက္လုံးကို သူနဲ႕အတူအိပ္ဖို႔ေခၚထား၍ ဖန္းဂူတို႔ လြတ္လြတ္လပ္လပ္ေနခြင့္ရသြားတယ္ …

" ကိုယ္သာအလုပ္ကိစၥရွိမေနရင္ ဒီမွာဒိထပ္ၾကာၾကာေလးေနလို႔ရမွာ … သားနဲ႕သမီးၾကည့္ရတာလဲ ျပန္ခ်င္ပုံမေပၚဘူး "

" စိတ္မေကာင္းမျဖစ္ပါနဲ႕ … ေနာက္ႏွစ္ေတြလဲလာလို႔ရတာပဲ … ဒီေနရာေလးက ကြၽန္ေတာ္တို႔ ၂ ေယာက္ကိုေပါင္းစည္းေပးခဲ့တဲ့သားေလးျဖစ္တည္လာတဲ့ေနရာေလး … အမွတ္တရေတြအမ်ားႀကီးနဲ႕မို႔ တစ္ႏွစ္တစ္ခါသြားၾကတာေပါ့ "

" ဟုတ္သားပဲ … သားေလးလုယီကို ဒီမွာရခဲ့တာ … အဲ့တုန္းက ကိုယ္မင္းကိုကိုယ္ဝန္ရေအာင္လုပ္ခဲ့မိတယ္ … ခုထပ္လုပ္ရင္ေရာ ေနာက္ထပ္ကေလးထပ္ရနိုင္ဦးမလား သိခ်င္မိတယ္ "

မင္းယြီက သူ႕အား ပို၍တင္းတင္းၾကပ္ၾကပ္ဖက္သြယ္လာကာ ေဟာ္မုန္းေတြနဲ႕ရစ္ေႏွာင္ထားတဲ့ဖန္းဂူအား တြန္းထုတ္လိုက္ၿပီး …

" ၂ ေယာက္နဲ႕မလုံေလာက္ေသးဘူးလား … ေနာက္တစ္ေယာက္သာဆို ကြၽန္ေတာ့ရင္သားေတြခံနိုင္မွာမဟုတ္ေတာ့ဘူး … ဒီညခမ်ားကြၽန္ေတာ့အနားမလာနဲ႕ေတာ့ "

ဖန္းဂူက စိတ္ဆိုးသြားတဲ့မင္းယြီပါးေဖာင္းေဖာင္းေလးအား နမ္းလိုက္ၿပီး …

" ကိုယ္ကစတာပါ … မင္းကိုနာက်င္ေအာင္ထပ္မလုပ္ေတာ့ဘူး … သားနဲ႕သမီးက ကိုယ္တို႔အတြက္ လုံေလာက္ပါၿပီ "

ထိုအခါမွ မင္းယြီစိတ္ဆိုးေျပသြားကာ ဖန္းဂူပခုံးအား တိုင္းဖက္လိုက္ၿပီး ႏႈတ္ခမ္းကိုအနမ္းေပးၿပီးေနာက္ သူကခ်စ္စရာေကာင္းေအာင္ ၿပဳံးျပကာ …

" အဲ့ဒါဆိုရၿပီ … တကယ္ေတာ့ ကြၽန္ေတာ္ကေလးေတြအမ်ားႀကီးေမြးရင္ ခမ်ားကြၽန္ေတာ့ကို ဂ႐ုမစိုက္နိုင္ေတာ့မွာေၾကာက္တယ္ "

မင္းယြီက ဒုတိယကေလးရၿပီးကတည္းက အူတိုတတ္လာတာကို ဖန္ဂူသေဘာက်တယ္ … သားနဲ႕သမီးက ဖန္းဂူကိုပဲကပ္ေနခ်ိန္ဆို မင္းယြီကစိတ္ဆိုးတတ္ၿပီး ကေလးဆန္တဲ့အျပဳအမူေလးေတြနဲ႕ ပူညံပူညံလုပ္ေလ့ရွိတယ္ … မင္းယြီပိုၿပီးအူတိုေအာင္ ကေလးမ်ားမ်ားေမြးခိုင္းခ်င္ေပမဲ့ဒီေလာက္နဲ႕ပဲလုံေလာက္ၿပီမို႔ ခ်စ္စရာေကာင္းတဲ့မိတ္ဖက္ေလးကို ဖန္းဂူအနမ္းျပင္းျပင္ေလးျပန္ေပးလိုက္တယ္ …

" အြန႔္  … နမ္းေနတာရပ္အုံး … အသက္ရႉမဝေတာ့ဘူး "

စိတ္ဆိုးေနတဲ့မ်က္ႏွာေလးနဲ႕ မင္းယြီရွက္ေသြးျဖာေနၿပီး စိတ္လႈပ္ရွားေနပုံက ဖန္းဂူကိုစိတ္မထိန္းနိုင္ေအာင္ျပဳစားေနတယ္ …

" ကိုယ္ကယြီေလးကိုအခ်စ္ဆုံးပါ … ကိုယ္ဘယ္ေလာက္ထိခ်စ္လဲဆိုတာ ခုပဲသက္ေသျပမယ္ … ဒီညအိပ္ဖို႔မစဥ္းစားနဲ႕ေတာ့ "

" အ့ … ခမ်ားဒီမွာဘာလုပ္မလို႔လဲ "

႐ုတ္တရပ္တြန္းလွဲခံရေတာ့ လေရာင္ေအာက္မွာ မင္းယြီမ်က္ႏွာေလးက ခရမ္းခ်ည္သီးတစ္လုံးလိုရဲသြားတယ္ … ကေလး ၂ ေယာက္ရၿပီးတာေတာင္မွ ဖန္းဂူရဲ႕ဆြဲေဆာင္မႈနဲ႕ အုပ္မိုးနိုင္စြမ္းက ႀကီးလြန္း၍ မင္းယြီခုထိရွက္ေနဆဲပင္ …

" ကိုယ္တို႔မလုပ္ျဖစ္တာၾကာၿပီျဖစ္တဲ့ ေလ့က်င့္ခန္းေလး လုပ္ရေအာင္ "

" ဟင့္အင္ … ရပ္ေတာ့ … ဒီေနရာမွာ မလုပ္နဲ႕ … ေဘးအိမ္ေတြၾကားကုန္လိမ့္မယ္  "

" ကိုယ္တို႔အသံကိုထိန္းၿပီးလုပ္ၾကမယ္ေလ … ယြီေလးကဒီေနရာမွာေတာ္ၿပီးသားပါ … ဒါမွမဟုတ္ ကိုယ္ကယြီေလးမေအာ္နိုင္ေအာင္ ႏႈတ္ခမ္းေတြကိုပိတ္ေပးထားမယ္ "

" အင့္ … အြန႔္ "

ေျပာၿပီးေနာက္ ဖန္းဂူက မင္းယြီႏႈတ္ခမ္းေတြကိုစတင္နမ္းရႈတ္ကာ ခႏၶာကိုယ္ခ်င္းႏွီးေႏွာေလေတာ့တယ္ … အနမ္းေတြကျပင္းထန္လာၿပီး စိတ္ဆႏၵေတြကျပင္းျပလာကာ မင္းယြီရပ္တန႔္ဖို႔ေျပာလွ်င္ေတာင္ ဖန္းဂူရပ္တန႔္နိုင္မည္မဟုတ္ေပ … ဒါေပမဲ့ မင္းယြီထပ္မံတားစီးလိုက္တယ္ …

" ေတာ္ၿပီလို႔ … မနက္ျဖန္သမီးေလးေမြးေန႕ပြဲရွိတယ္ေလ …  ဒီညလုပ္လို႔မျဖစ္ဘူး  "

" ကိုယ့္ကို လမ္းတစ္ဝက္မွာတင္ ရပ္ခိုင္းေနတာလား ယြီေလး "

ဖန္းဂူက သနားစရာေကာင္းတဲ့မ်က္ႏွာေလးလုပ္ျပလာေတာ့ မင္းယြီမျငင္းဆန္နိုင္ေတာ့ဘူး … ၂ ေယာက္လုံးကလဲစိတ္ပါေနၿပီမို႔ ထိုညမွာ ၂ ဦးသားဘာကိုမွမေတြးေတာ့ပဲ အခ်စ္ေတြဖလွယ္ရင္းကုန္ဆုံးလိုက္ၾကတယ္ … မနက္မိုးလင္းခ်ိန္မွာေတာ့ မင္းယြီညက ဖန္းဂူကိုအလိုလိုက္အႀကိဳက္ေဆာင္ေပးလိုက္ျခင္းေၾကာင့္  မနက္လင္းခါနီးမွအိပ္ဆက္ရၿပီး ရင္သားေတြနဲ႕တင္ကထုံၿပီးနာက်င္ေနတယ္ …

ညကဖန္းဂူသူ႕ကိုသန႔္ရွင္းေပးထားတာေၾကာင့္ ခႏၶာကိုယ္ကေတာ့ ေပါ့ပါးလန္းဆန္းၿပီးေနလို႔ေကာင္းေနတယ္ … ထိုအခ်ိန္တုန္းက သူလဲသေဘာက်ႏွစ္ခ်ိဳက္ခဲ့တာမို႔ ဖန္းဂူကိုလဲအျပစ္မဆိုရက္ဘူး …

မင္းယြီအျပင္ထြက္လာေတာ့ အားလုံးက ပြဲအတြက္လွလွပပျပင္ဆင္ေနၾကၿပီး အစားအေသာက္ေတြအတြက္ စားဖိုမႉးတစ္ခ်ိဳ႕ပါေရာက္ရွိေနတာကို ေတြ႕လိုက္ရတယ္ … ထိုစဥ္ဖန္းဂူသူ႕အနားေရာက္လာၿပီး စိုးရိမ္ေနတဲ့မ်က္ဝန္းေတြနဲ႕ေမးလာတယ္ …

" ယြီေလး နိုးၿပီလား … နာေနေသးလား "

" ခုမွလာမေမးေနနဲ႕ … မညွာမတာလုပ္တာ ဘယ္သူလဲ "

" ကိုယ္ေတာင္းပန္ပါတယ္ေနာ္ … ကိုယ့္မိန္းမေလးနာမယ္မွန္းသိေပမဲ့ အရမ္းေကာင္းလြန္းလို႔ ဒီေယာက္်ားကမရပ္တန႔္နိုင္ခဲ့ဘူး "

ဖန္းဂူရဲ႕ဆြဲေဆာင္မႈရွိလြန္းတဲ့အရွိန္အဝါႀကီးက မင္းယြီကိုဆက္ၿပီးအျပစ္မဆိုရပ္ေအာင္လုပ္ေနတယ္ … သူကိုယ္တိုင္လဲစိတ္ပါေနတာမို႔ ဆက္ၿပီးအျပစ္မဆိုေတာ့ပဲ စကားလမ္းေၾကာင္းလႊဲလိုက္တယ္ …

" သူတို႔က ဘယ္သူေတြလဲ "

မင္းယြီကေမးလာေတာ့ ဖန္းဂူကျပန္ေျဖလိုက္တယ္ …

" ကိုယ့္အသိအရာရွိတစ္ေယာက္က မၾကာခင္ကပဲ အေကာင္းဆုံးဆုရထားတဲ့ အခ်ိဳပြဲတီထြင္သူနဲ႕ အေတာ္ဆုံးစားဖိုမႉးေတြကို သမီးေလးေမြးေန႕မွာ ဧည့္ခံဖို႔ လက္ေဆာင္အျဖစ္ပို႔ေပးလာတာ … ကိုယ္ျငင္းခ်င္ေပမဲ့ ရိုင္းရာက်မွာဆိုးလို႔ … ၿပီးေတာ့ သူတို႔ကဒီၿမိဳ႕မွာပဲေနတာဆိုေတာ့ ဒီကိုလာဖို႔နီးတာနဲ႕ေခၚလိုက္တာ "

" အဲ့ဒါလဲမဆိုးပါဘူး … ႐ြာသူ႐ြာသားေတြကို အေကာင္းဆုံးဧည့္ခံခြင့္ရတာေပါ့ … ဒါနဲ႕ ဘယ္ႏွေယာက္လာတာလဲ "

" အားလုံးေပါင္း ၅ ေယာက္ … ကေလးတစ္ေယာက္ရယ္ဆို ၆ ေယာက္ေပါ့ "

မင္းယြီက စားဖို႔မႈးေတြ အစားအေသာက္ကို သြက္လက္စြာျပင္ဆင္ေနပုံကို စိတ္ဝင္စားသြားတယ္ … ႐ြာသူ႐ြာသားေတြကလဲ ၿမိဳ႕ေပၚကလူေတြရဲ႕အစားအေသာက္ပုံစံကို မျမင္ဖူးတာေၾကာင့္ ျပင္ဆင္ေနပုံကို ေဘးကေနအံ့ဩတႀကီး ၾကည့္ေနၾကတယ္ … ဒီ႐ြာကလူေတြက အသားေတြေပါတာေၾကာင့္ သိပ္ၿပီးမမက္ေမာၾကေပမဲ့ မုန႔္ခ်ိဳေတြကိုေတာ့ မက္ေမာၾကတယ္ …

စားဖိုမႈး ၅ ေယာက္မွာ ၃ ေယာက္နဲ႕ ထမင္းဟင္းအတြက္ တာဝန္ယူရၿပီး ၂ ေယာက္ကေတာ့ အခ်ိဳပြဲအတြက္တာဝန္ယူၾကတယ္ … မင္းယြီကသူတို႔ျပင္ဆင္ခ်က္ျပဳတ္ေနတာေတြကိုလိုက္ၾကည့္ရင္း တစ္ေနရာေရာက္ေတာ့ ဂ်ဳံမႈန႔္ေတြေပႀကံေနတဲ့ကေလးေလးကို ေတြ႕သြားတယ္ … ကေလးေလးက ၃ ႏွစ္အ႐ြယ္သာရွိေသးေပမဲ့ အရမ္းတည္ၿငိမ္ကာ မုန႔္လုပ္ေနတဲ့အမ်ိဳးသမီးရဲ႕ေဘးမွာထိုင္ၿပီး စိတ္ဝင္တစားၾကည့္ေနတယ္ … မင္းယြီက စိတ္ဝင္စားလာၿပီး ကေလးေလးအနားကိုသြားကာ ထိုင္လိုက္တယ္ …

" Hello ! "

သူႏႈတ္ဆက္လိုက္ေလး ကေလးေလးေရာ အမ်ိဳးသမီးပါသူ႕ထံလွည့္ၾကည့္လာတယ္ … ကေလးေလးကမေၾကာက္တဲ့အျပင္ သူ႕အားၿပဳံးျပလာတယ္ … အမ်ိဳးသမီးက မင္းယြီအားျပာျပာသလဲ ႏႈတ္ဆက္လိုက္တယ္ …

" သ … သခင္ေလး "

" အိုး ရပါတယ္ … အလုပ္ကိုသာ ဆက္လုပ္ပါ "

မုန႔္လုပ္သည့္အမ်ိဳးသမီးက သာမန္ဘီတာျဖစ္တာေၾကာင့္ မင္းယြီလိုအဆင့္ျမင့္အိုမီဂါကို မျမင္ဖူး၍ စိတ္ဝင္တစားၾကည့္ေနတယ္ … ေနာက္ၿပီး ဒီအိုမီဂါက အင္အားႀကီးတဲ့ Lion ရဲ႕မိတ္ဖက္ျဖစ္တာေၾကာင့္ သူမလိုလူအတြက္ အျပင္မွာျမင္ေတြ႕ဖို႔ကခဲရင္းတယ္ … မင္းယြီကေတာ့ သူမၾကည့္တာကိုစိတ္မရႈတ္သလို ေဖာ္ေဖာ္ေ႐ြေ႐ြပဲ ျပန္ဆက္ဆံေပးတယ္ …

သူစိတ္ဝင္စားမိတာက ဒီခ်စ္စရာေကာင္းၿပီး အင္အားႀကီးပုံေပၚတဲ့ကေလးငယ္က သူမလိုသာမာန္ဘီတာတစ္ေယာက္ကေန ေမြးဖြားျခင္းမျဖစ္နိုင္တာေၾကာင့္ ေမးၾကည့္ဖို႔ေတြးလိုက္တယ္ … ထိုစဥ္သူတို႔နား ေသးသြယ္ၿပီးေခ်ာေမာလွပတဲ့အမ်ိဳးသားတစ္ဦးက လက္ထဲမွာပန္းတစ္ခ်ိဳ႕ကိုင္ထားၿပီး ေရာက္လာတယ္ …

" အမဒါလီ … ဒီမွာပန္းေတြေပါတယ္လို႔ ႐ြာသားတစ္ခ်ိဳ႕ကေျပာတယ္ … ကြၽန္ေတာ့အထင္ မုန႔္ေတြအတြက္ပန္းေတြကိုအသုံးျပဳဖို႔ ခြင့္ျပဳခ်က္ေတာင္းရင္ေရာ "

သူကစကားေျပာၿပီးမွ မင္းယြီရပ္ေနတာကိုျမင္ၿပီး အံ့ဩသြားတယ္ … ထိုေကာင္ေလးရဲ႕ ေတာက္ပတဲ့ပုလဲလိုမ်က္ဝန္းေတြနဲ႕ ျဖဴေဖြးေနတဲ့အသားအေရက ငယ္႐ြယ္ႏုပ်ိဳမႈကိုေဖာ္ျပေနတယ္ … ထိုစဥ္ မင္းယြီႏွာေခါင္းထဲမွာ ပန္းရနံ႕သင္းသင္းေလး ရလိုက္၍ သူ႕အေရွ႕မွာရွိေနတဲ့လွပတဲ့ထိုလူက အီမီဂါတစ္ေယာက္မွန္း သိလိုက္တယ္ …

သူ႕ေဘးမွာရွိေနတဲ့ကေလးငယ္ေလးကိုၾကည့္လိုက္ေတာ့မွ သူတို႔မ်က္ဝန္းေတြက ဆင္တူေန၍ ကေလးရဲ႕မိဘကဘယ္သူလဲဆိုတာ မင္းယြီသိသြားခဲ့တယ္ … မင္းယြီက သူတို႔ဘာလိုအပ္ေနလဲဆိုတာ ခန႔္မွန္းမိေန၍ ေမးလိုက္တယ္ …

" ဒီကစားဖိုမႈးက လိုအပ္တာတစ္ခုခုရွိလို႔လား … ပန္းအတြက္ဆိုမပူပါနဲ႕ … ပန္းခင္းတစ္ခုလုံးကို ႀကိဳက္သလိုအသုံးျပဳနိုင္တယ္ "

ထိုအိုမီဂါရဲ႕မ်က္ဝန္းေတြက ေတာက္ပလာၿပီး စိတ္အားထက္သန္လာတယ္ …

" ဒီကသခင္ေလးက သခင္ေလးမင္းယြီျဖစ္မယ္ "

" ဟုတ္ပါတယ္ "

" ဒါဆိုကြၽန္ေတာ္ သခင္မေလးေမြးေန႕အတြက္ အခ်ိဳပြဲေတြကို အေကာင္းဆုံးျပဳလုပ္ေပးမယ္လို႔ကတိေပးပါတယ္ … ကြၽန္ေတာ့ကို ပန္းခင္းရွိတဲ့ေနရာကို လမ္းၫႊန္ေပးပါ "

" အင္း … ဒါဆိုသြားၾကတာေပါ့ "

" သခင္ေလးအပင္ပန္းခံၿပီးလိုက္ျပဖို႔မလိုပါဘူး "

" ကိစၥမရွိဘူး … ငါလဲခုလမ္းေလွ်ာက္ထြက္ခ်င္ေနတာနဲ႕ အေတာ္ျဖစ္သြားတယ္ … ပန္းခင္းက ႐ြာရဲ႕အေရွ႕ဘက္မွာ သိပ္မေဝးပါဘူး "

မင္းယြီထိုစားဖိုမႈးနဲ႕အတူ ထြက္လာခဲ့တယ္ … စားဖိုမႉးတစ္ခ်ိန္လုံးရိုရိုေသေသဆက္ဆံေနတာမို႔  မင္းယြီက ေပါ့ေပါ့ပါးပါးေနဖို႔ ျပန္ေျပာလိုက္တယ္ …

" မင္းကအိုမီဂါလား "

မင္းယြီအေမးေၾကာင့္ ထိုလူက႐ုတ္တရပ္တိတ္သြားၿပီမွ အံ့ဩတႀကီးျပန္ေမးလာတယ္ …

" ကြၽန္ေတာ္ဒီေလာက္ဖုံးကြယ္ထားတာေတာင္ သခင္ေလး ဘယ္လိုသိသြားတာလဲ "

" ဒါကလြယ္ပါတယ္ … မင္းဂုတ္ေပၚကအမွတ္အသားကို ပန္းပြင့္ပုံတက္တူးနဲ႕ဖုံးထားေပမဲ့ ငါတို႔လို အဆင့္ျမင့္အိုမီဂါေတြက ဒါကိုခ်က္ခ်င္းသိနိုင္တယ္ေလ "

ထိုလူက သက္ျပင္းဖြဖြခ်လာၿပီး …

" ကြၽန္ေတာ္က တစ္သက္လုံး ဖုံးကြယ္ထားလို႔ရမယ္ထင္ေနတာ … ကြၽန္ေတာ့ရဲ႕ျဖစ္တည္မႈက ေျပာင္းလဲမသြားဘူးပဲ "

" ဘာေၾကာင့္မွန္းမသိေပမဲ့ ဝမ္းမနည္းပါနဲ႕  … မင္းေနေနတဲ့အသိုင္းအဝိုင္းက သာမန္ဘီတာေတြမို႔ ဒါကိုရွာမေတြ႕နိုင္ပါဘူး "

" သခင္ေလးေျပာတာမွန္ပါတယ္ … သူတို႔ကကြၽန္ေတာ့ကို ဘီတာလို႔ပဲသိၾကတာ … ၿပီးေတာ့သားေလးကိုလဲ ကြၽန္ေတာ္နဲ႕အင္အားႀကီးတဲ့အိုမီဂါတစ္ေယာက္ေယာက္နဲ႕ရတဲ့ကေလးလို႔ထင္ေနၾကတယ္ … သူတို႔ကတစ္ခ်ိန္လုံး ကေလးရဲ႕မိခင္ကိုေမးၾကေပမဲ့ ကြၽန္ေတာ္မေျဖနိုင္ဘူး … ဘာလို႔ဆို ကြၽန္ေတာ္က ကေလးရဲ႕မိခင္ျဖစ္ေနလို႔ေလ "

"  ဒါဆို အဲ့ဒိခ်စ္စရာေကာင္းတဲ့ ကေလးေလးက မင္းရဲ႕သားေလးေပါ့ "

" ဟုတ္ကဲ့ "

" နာမည္ဘယ္လိုေခၚလဲ … အသက္ကေရာ ဘယ္ႏွႏွစ္လဲ "

" ကြၽန္ေတာ္က M လူမ်ိဳးပါ … သားေလးနာမည္ကကုေဋရွင္းခန႔္  … အသက္က ၃ ႏွစ္ရွိပါၿပီ "

" အိုး ေတြ႕ရတာဝမ္းသာပါတယ္ … မင္းကိုဒီကထင္ေနတာ … ဒီေလာက္အေဝးႀကီးမွာ ဘာလို႔ေနေနတာလဲ … ဒါမွမဟုတ္ မိတ္ဖက္က ဒီကမလို႔လား "

ထိုေမးခြန္းက ထိုလူကိုပို၍ တိတ္ဆိတ္သြားေစၿပီး အၿပဳံးေတြကလဲ အသက္မဲ့သြားတယ္ … ဒီေလာကမွာ အိုမီဂါေတြက အမွတ္အသားေပးခံရတာနဲ႕ သူတို႔ရဲ႕မိတ္အယ္ဖာကို လူေတြသိေအာင္ ထုတ္ႂကြားခ်င္ၾကတယ္ … ဒီလူကေတာ့ သူ႕ကိုယ္သူအိုမီဂါဆိုတာေတာင္ ဖုံးကြယ္ဖို႔ႀကိဳးစားေနတယ္ …

ဘာေၾကာင့္မွန္းမသိ ထိုအိုမီဂါရဲ႕ပုံစံက သူ႕တုန္းကလို တစ္စုံတစ္ရာကိုလြမ္းေမာေနၿပီး လစ္ဟာေနသလိုခံစားရ၍ သူ႕ဘဝရဲ႕ကြက္လပ္ကလဲ သူ႕ရဲ႕မိတ္အယ္ဖာသာျဖစ္မည္မွန္း မင္းယြီနားလည္မိတယ္ ….

ထိုစဥ္ထိုလူထံကအေျဖစကားၾကားလိုက္ရတယ္ …

" ကြၽန္ေတာ့မိတ္ဖက္က ဒီကမဟုတ္ပါဘူး … ၿပီးေတာ့ကြၽန္ေတာ့အနားမွာလဲမရွိဘူး … သားေလးကိုလဲ တစ္ေယာက္ထည္းေမြးခဲ့တာ "

" စိတ္မေကာင္းပါဘူး "

" ကြၽန္ေတာ္ကပဲသူ႕ကိုထားခဲ့တာပါ … အိုမီဂါဆိုတာကိုဖုံးကြယ္ၿပီး ေလာကႀကီးထဲမွာ အခ်ဳပ္အေႏွာင္မရွိပဲ လြတ္လြတ္လပ္လပ္ေနဖို႔ေတြးခဲ့တယ္ … ဒါေပမဲ့သခင္ေလးကကြၽန္ေတာ့ကို ဖမ္းမိသြားတယ္ … အဲ့ဒါကသူ႕ကိုျပန္ၿပီးအမွတ္ရေစတယ္ "

ထိုသို႔ျပန္ေျဖေနခ်ိန္မွာ ဘာမွမျဖစ္သလိုၿပဳံးေနေပမဲ့ မ်က္ဝန္းကဝမ္းနည္းေနတာကိုေတာ့ ဖုံးကြယ္မထားနိုင္ေပ … ထိုလူရဲ႕ပုံစံက သူ႕အျဖစ္နဲ႕တူေနၿပီး သားေလးကလဲခ်စ္စရာေကာင္းေန၍ မင္းယြီကိုယ္ခ်င္းစာမိတယ္ …

" တကယ္ေတာ့ မင္းသူ႕ကိုမမုန္းဘူးမဟုတ္လား … အမွတ္အသားက မိတ္ဖက္တစ္ေယာက္ထည္းကသာေပးလို႔ရေပမဲ့ အိုမီဂါဘက္ကဆႏၵရွိရင္ မိတ္ဖက္ကခြင့္မျပဳေတာင္ အမွတ္အသားကိုဖယ္ရွားလို႔ရတယ္ … အဲ့လိုဆို ခုလိုဖုံးကြယ္ထားစရာမလိုေတာ့သလို သူနဲ႕ပတ္သပ္တဲ့အေငႊ႕အသက္ေတြလဲက်န္ေနမွာမဟုတ္ဘူး … တကယ္ေတာ့မင္းသူ႕ကိုမမုန္းပဲ မင္းႏွလုံးသားထဲမွာပဲ သိမ္းထားခ်င္ေနခဲ့တာ "

သူ႕စကားေတြက ထိုအိုမီဂါအား အေတြးမ်ားသြားေစတယ္ … သူ႕တုန္းကလဲ မိတ္ဖက္ကိုမမုန္းေပမဲ့ အတူမရွိနိုင္ပဲေဝးကြာေနတဲ့ခံစားခ်က္က ဘယ္ေလာက္အထီးက်န္ရလဲ ေကာင္းေကာင္းႀကီးသိတယ္ … ဒါေၾကာင့္ မင္းယြီသူ႕နဲ႕အျဖစ္တူေနတဲ့ ထိုအိုမီဂါအား စကားေတြဆက္ေျပာေနမိတယ္ …

" အဲ့ဒါကဘာနဲ႕တူလဲသိလား … ဒိုင္ယာယီစာအုပ္တစ္အုပ္လိုပဲ မွတ္ဉာဏ္ေတြကိုေဖ်ာက္ျပစ္လို႔ရေပမဲ့ စာအုပ္ထဲမွာခ်ေရးထားၿပီးအဖုံးကိုပိတ္ထားခဲ့တယ္ … အမွတ္မထင္ဖြင့္မိတဲ့အခါ အရာအားလုံးကိုမင္းမွတ္မိေနလိမ့္မယ္ … မင္းရဲ႕သူ႕အေပၚထားတဲ့ခံစားခ်က္လဲ အတူတူပဲ … သူ႕ကိုေမ့ျပစ္လို႔ရေပမဲ့ မင္းႏွလုံးသားထဲမွာ မင္းကိုယ္တိုင္ေသာ့ခပ္သိမ္းထားတယ္ … အဲ့ဒါမင္းသူ႕ကိုမမုန္းရက္လို႔ပဲ … ခုမင္းႏွလုံးသားကိုဖြင့္ၾကည့္သင့္ၿပီ "

" သခင္ေလးကစိတ္ဖတ္တတ္တာလား … ကြၽန္ေတာ္ခံစားခ်က္ေတြကိုသိေနတယ္ "

" မဟုတ္ပါဘူး … ငါတို႔ရဲ႕အျဖစ္က တိုက္ဆိုင္ေနလို႔ပါ … ငါလဲသားေလးရတုန္းက ငါ့ရဲ႕အယ္ဖာနဲ႕ေဝးကြာၿပီး ေနလာခဲ့ရတယ္ … သူ႕ကိုမမုန္းေပမဲ့ေမ့ေပ်ာက္ဖို႔ႀကိဳးစားခဲ့တယ္ … မင္းလိုပဲသားေလးကိုတစ္ေယာက္ထည္းျပဳစုနိုင္မယ္ထင္ခဲ့တာ … အမွတ္မထင္ျပန္ေတြ႕ေတာ့ သူ႕ကိုေမ့မရနိုင္တာကိုသိလိုက္ရတယ္ … ငါတို႔ဒီလိုေပ်ာ္႐ႊင္နိုင္ဖို႔ အခက္အခဲေတြအမ်ားႀကီးေက်ာ္ျဖတ္ခဲ့ရတယ္ … ရႈတ္ေထြးတဲ့ေလာကဓံကိုရင္ဆိုင္ခဲ့ရတယ္ … မင္းနဲ႕မင္းရဲ႕မိတ္ဖက္တို႔ရဲ႕ျပႆနာကို ငါမသိေပမဲ့ မင္းျပန္ၿပီးသင့္ျမတ္ဖို႔စဥ္းစားသင့္တယ္ … မင္းသူ႕ကိုမုန္းေနတာမွမဟုတ္ပဲ ဘာလို႔ကိုယ့္ကိုယ္ကိုအပင္ပန္းခံၿပီးလိမ္ညာေနတာလဲ "

" သခင္ေလးေျပာတာမွန္ပါတယ္ … ကြၽန္ေတာ္သူ႕ကိုေသေလာက္ေအာင္ခ်စ္ခဲ့တယ္ … ဒါေၾကာင့္လဲမမုန္းနိုင္ဘူး … ဒါေပမဲ့ခ်စ္ရတာအရမ္းပင္ပန္းတယ္ … အားလုံးကသူ႕အမွားေတြႀကီးပဲမဟုတ္ေပမဲ့ မြန္းၾကပ္လြန္းလို႔ ကြၽန္ေတာ္ေျပးထြက္လာခဲ့တာ  … ဒါကလဲကြၽန္ေတာ္တို႔ ၂ ေယာက္လုံးအတြက္ အဆင္ေျပမဲ့နည္းလမ္းမို႔ … ခုသူလဲအဆင္ေျပေနေလာက္ပါၿပီ  … ကြၽန္ေတာ္ျပန္သြားရင္ သူအရင္လိုျပန္ျဖစ္မွာကိုေၾကာက္တယ္ … ထပ္ၿပီးခ်ဳပ္ေႏွာင္ထားမွာေၾကာက္မိတယ္ "

ထိုအိုမီဂါေလးက သူ႕ကိုယ္သူသန္မာဟန္ေဆာင္ေနေပမဲ့ ဘယ္ေလာက္ထိအထီးက်န္ၿပီးအားငယ္ေနလဲသိသာတယ္ … မင္းယြီကသူ႕ထက္အနည္းငယ္လူေကာင္ထြားတာေၾကာင့္ သူ႕ရဲ႕လက္ေမာင္းၾကား ေပြ႕ဖက္ေပးၿပီး ႏွစ္သိမ့္ေပးလိုက္တယ္ …

" အေတာ္ခက္ခဲခဲ့မွာပဲ … ခ်စ္ရသူရဲ႕အေဝးမွာေနၿပီး ကိုယ့္ကိုယ္ကိုဖုံးကြယ္ေနရတာ "

" ေနသားက်ေနၿပီလို႔ထင္မိေပမဲ့ ဒါကေတြးမိတိုင္းနာက်င္ေနတုန္းပဲ … သခင္ေလးေက်းဇူးနဲ႕ ကြၽန္ေတာ္မြန္းၾကပ္ေနတာေတြကို ထုတ္ျပခြင့္ရခဲ့ၿပီ … ေက်းဇူးတင္ပါတယ္သခင္ေလး "

" ကိစၥမရွိပါဘူး … ငါတို႔ရဲ႕အျဖစ္အပ်က္ေတြကတူညီေနတာေၾကာင့္ မင္းကိုနားလည္နိုင္တာပါ … မင္းကိုအႀကံတစ္ခုေတာ့ေပးခ်င္တယ္ … အၿမဲတမ္းဒီလိုမ်ိဳးပုန္းကြယ္မေနပဲ ရင္ဆိုင္ၾကည့္ပါ … မင္းရဲ႕ေၾကာက္စိတ္ေတြခနေဖ်ာက္ထား သားေလးအတြက္လို႔ေတြးၿပီးရင္ဆိုင္ၾကည့္လိုက္ပါ …  ကံေကာင္းရင္ျပန္ေပါင္းစပ္နိုင္လိမ့္မယ္ "

" ကြၽန္ေတာ့မွာ အိုမီဂါသူငယ္ခ်င္းလဲမရွိေတာ့ တစ္ခါမွခုလိုအႀကံဉာဏ္ေပးၿပီး ႏွစ္သိမ့္ေပးတာမ်ိဳး မခံရဖူးဘူး … ကြၽန္ေတာ္အဆင္သင့္ျဖစ္တဲ့ေန႕ ျပန္သြားၾကည့္လိုက္ပါ့မယ္ "

" ငါ သူမ်ားမိသားစုအေရးကို အမ်ားႀကီးစမ္စုမိသလိုျဖစ္သြားတယ္ "

" ရပါတယ္သခင္ေလး "

" ဒါနဲ႕မင္းနာမည္ကေရာ "

" ကြၽန္ေတာ္က ကုမုျဒာပါ … မုျဒာလို႔ေခၚလို႔ရပါတယ္ "

" ဟုတ္ၿပီ မုျဒာ အားမငယ္ပါနဲ႕ … ဒီေလာက္ခ်စ္စရာေကာင္းတဲ့သားေလးကို ပိုင္ဆိုင္ထားၿပီပဲ … ေနာက္ဆိုပိုၿပီးကံေကာင္းျခင္းေတြေရာက္လာေတာ့မွာ … မင္းေ႐ြးခ်ယ္မႈတိုင္းကလဲ ေအာင္ျမင္လိမ့္မယ္ "

" ေက်းဇူးပါသခင္ေလး … ခုလိုကူညီေပးတဲ့အတြက္ "

မုျဒာနဲ႕စကားေျပာရတာက လြတ္လပ္ကာ အဆင္ေျပၿပီး မိတ္ဖက္မရွိပဲရွင္သန္ရတာက သူ႕တုန္းကနဲ႕အျဖစ္တူေနတာေၾကာင့္ မင္းယြီအႀကံေကာင္းေတြေပးနိုင္ခဲ့တယ္ … ဒီေလာကမွာသူတို႔လိုမ်ိဳး ေဝးကြာၿပီးနာက်င္ေနရတဲ့အျဖစ္မ်ိဳး ဘယ္သူ႕ကိုမွ မႀကဳံေတြ႕ေစခ်င္ဘူး … အားလုံးကိုေပ်ာ္႐ႊင္ေစခ်င္တယ္ …

ခုမွေလထုကေပါ့ပါးသြားၿပီး မုျဒာဆိုတဲ့အိုမီဂါလဲ ၿပဳံးရယ္လာတယ္ … သူတို႔ရဲ႕ရင္းနီးမႈကတိုးတက္လာၿပီး စကားေျပာရတာေပါ့ပါးတာေၾကာင့္ ခင္မင္သြားၾကတယ္ … ပန္းေတြအေၾကာင္းလဲ ၂ ေယာက္လုံးစိတ္ဝင္စားတာျခင္းတူညီ၍ မင္းယြီအတြက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ ရလိုက္သလိုပဲ …

သူတို႔ပန္းေပါင္းစုံခူးလာၿပီးျပန္လာေတာ့လဲ မင္းယြီကဘယ္မွမသြားပဲ မုျဒာတို႔အနားမွာစကားေတြေျပာရင္း မုန႔္လုပ္တာကိုၾကည့္ေနတယ္ …  ေန႕တစ္ဝက္ေလာက္ျပင္ဆင္ၿပီးေနာက္ ဟင္းပြဲအစုံနဲ႕ စားစရာအခ်ိဳပြဲေတြရရွိလာတယ္ … ေမြးေန႕ကိတ္က ၃ ထပ္ျဖစ္ကာ စားပြဲဝိုင္းတစ္ခုစာမွ်အႀကီးႀကီးျပင္ေပးထားတယ္ … ပန္ေလးေတြနဲ႕ျပဳလုပ္ၿပီး ပြင့္ဖက္ပုံစံေလးေတြအလွဆင္ထားတာေၾကာင့္ ျမင္လိုက္ယုံနဲ႕လွပၿပီးစခ်င္စရာေကာင္းေနၿပီ … ေမြးေန႕ကိတ္မစားဖူးတဲ့ ႐ြာသူ႐ြာသားေတြက စားရဖို႔ကို စိတ္လႈပ္ရွားေနၾကတယ္ …

သမီးေလးကိုအားလုံးအေရွ႕မွာ လွပစြာျပင္ေပးထားၿပီး ေမြးေန႕ကိတ္အေရွ႕မွာရပ္ကာ အားလုံးၿပိဳင္တူေမြးေန႕ဆုေတာင္းသီခ်င္းသီဆိုၾကတယ္ … ၿပီးသြားေတာ့ ကိတ္ကိုခြဲေဝေပးကာ အားလုံးမိန္ေရယွက္ေရစားေသာက္ၾကတယ္ … အစားအေသာင္ေတြစားၿပီးမွ ကိတ္နဲ႕အခ်ိဳပြဲကို စားသုံးၾကခ်ိန္မွာ လွ်ာေပၚမွာပန္းေတြပြင့္လာသလို အရသာကထူးကဲၿပီး ေကာင္းမြန္လြန္း၍ လူတိုင္းအံ့အားသင့္ေနၾကတယ္ …

ရွင္းယီေလးနဲ႕လုယီလဲ အခ်ိဳပြဲနဲ႕ကိတ္မုန႔္ကို အားရပါးရစားေနၾကတယ္ … ႐ြာသားေတြဆို ႀကိဳက္လြန္းလို႔စားမေလာက္ျဖစ္ေနတယ္ … အစားအစာေတြကလဲ အားလုံးေျပာင္စင္ေအာင္ကုန္သြားလို႔ ခ်က္ရတဲ့စားဖိုမႉးေတြ အားရဝမ္းသာျဖစ္ေနတယ္ …

ေမြးေန႕ပြဲၿပီးသြားခ်ိန္မွာ ဖန္းဂူက စားဖိုမႉးေတြကို ေလာက္ဆူးအျဖစ္ဆုခ်ေတာ့ အားလုံးဝမ္းသာေနၾကတယ္ … ဒါေပမဲ့ မုျဒာဆိုတဲ့အိုမီဂါေလးကေတာ့ ေဘာက္ဆူးကိုလက္မခံဘူး …

" ကြၽန္ေတာ္လက္မခံပါရေစနဲ႕ … ခုလိုကြၽန္ေတာ့လက္ရာကိုႀကိဳက္ႏွစ္သက္တာကိုျမင္ရရင္ပဲေက်နပ္ပါၿပီ … သခင္မေလးေမြးေန႕ကိုကူညီတယ္လို႔သေဘာထားေပးပါ "

မင္းယြီကလဲ အတင္းေပးဖို႔ႀကိဳးစားေနတယ္ …

" ဘယ္ျဖစ္မလဲ … မုျဒာရဲ႕လက္ရာကိုေငြနဲ႕တန္ဖိုးျဖတ္တာမဟုတ္ပါဘူး … ဒီတိုင္းဆုခ်တဲ့သေဘာပါ … သားေလးကိုလဲ လိုခ်င္တာဝယ္ေပးလို႔ရတာပဲ "

သူတို႔ေပးတဲ့တန္ဖိုးက အရမ္းမ်ားလြန္းတာေၾကာင့္ မုျဒာကဆက္ၿပီးျငင္းဆန္ေနတယ္ …

" သခင္ေလးတို႔ေစသနာကို နားလည္ေပမဲ့ သခင္ေလးနဲ႕ခင္မင္ခြင့္ရလို႔ကူညီတယ္လို႔ပဲသေဘာထားေပးပါ … ဒီေန႕ကြၽန္ေတာ္အရမ္းကိုေပ်ာ္ခဲ့ရပါတယ္ … ဒါေၾကာင့္ဒီေငြကိုလက္မခံပါရေစနဲ႕ "

" ေကာင္းပါၿပီ … မင္းလဲငါ့လိုေခါင္းမာတာပဲ … ဒါေပမဲ့မင္းေစသနာကိုလက္ခံတဲ့အေနနဲ႕ ေနာက္တစ္ႀကိမ္ျပန္ေတြ႕ၾကတာေပါ့ "

" ကြၽန္ေတာ္လဲျပန္ေတြ႕ခ်င္ပါတယ္ … ဒါေပမဲ့ခုေတာ့ျပန္ရေတာ့မယ္ "

" ငါမင္းကိုဒါေလးေပးလိုက္မယ္ "

မင္းယြီေပးလိုက္တာက ရွန္ဟႊာရဲ႕တရားဝင္တံဆိတ္တုံးပုံပါတဲ့ကဒ္တစ္ခု … ထိုကဒ္ကိုရရွိသူက ရွန္ဟႊာအိမ္တာ္ကိုလာလွ်င္ အေစာင့္ေတြထံကေန ဝင္ခြင့္ရဖို႔အသုံးျပဳနိုင္သလို အခင္မင္ရဆုံးနဲ႕အယုံၾကည္ရဆုံးသူေတြကိုသာေပးထားၾကတယ္ … ဖန္းဂူက မင္းယြီထိုေကာင္ေလးကို ဘာေၾကာင့္ကဒ္ေပးလဲမသိေပမဲ့ မင္းယြီၾကည့္ရတာလဲေပ်ာ္ေနတာေၾကာင့္ ခြင့္ျပဳလိုက္တယ္ …

ခုမင္းယြီကို သူေစာင့္ေရွာက္နိုင္သလို ဘာအႏၲရာယ္မွလဲ သူတို႔ကိုမေပးနိုင္ဘူး … ထိုေကာင္ေလးကသူမ်ားေတြလို ေလာဘမရွိတဲ့အျပင္ အားနည္းၿပီးလူေကာင္းပုံစံမို႔ မင္းယြီခင္မင္ေနတာကိုခြင့္ျပဳထားတယ္ …

မင္းယြီကမုျဒာတို႔သားအမိကို သူတို႔မျပန္ခင္ႏႈတ္ဆက္ၿပီး တစ္ေန႕ေန႕ျပန္ေတြ႕ၾကမယ္လို႔ေျပာလိုက္တယ္ … ေနာက္ဆုံးေတာ့ပြဲေလးလဲၿပီးသြားသလို ထိုဧည့္သည္ေတြလဲျပန္သြားၾကတယ္ … မင္းယြီစိတ္ထဲမွာ ထိုသားအမိသူ႕ရဲ႕မိတ္ဖတ္နဲ႕ျပန္ေပါင္းဖတ္နိုင္ၿပီး သူတို႔လိုေပ်ာ္႐ႊင္စရာမိသားစုေလးျဖစ္လာဖို႔ ေမွ်ာ္လင့္မိတယ္ …

သမီးေလးရဲ႕ေမြးေန႕လဲၿပီးၿပီမို႔ သူတို႔မၾကာခင္ျပန္ရေတာ့မယ္ … မျပန္ခင္မွာ မင္းယြီကထိုေနရာနဲ႕သိပ္မေဝးတဲ့ပင္လယ္သို႔သြားခ်င္ေၾကာင္းေျပာလာတယ္ … ဖန္းဂူကဘာကိုမွမခ်ဳပ္ခ်ယ္ပဲ မင္းယြီေတာင္းဆိုသမွ်ကိုျဖည့္စည္းေပးတယ္ …

ထိုကမ္းေျခကိုေရာက္တာ တတိယအႀကိမ္ျဖစ္ၿပီး ဒီတစ္ေခါက္က သူတို႔မွာသမီးေလးပါပါလာတယ္ … ဒီေနရာမွာ အမွတ္တရဆိုးေတြရွိခဲ့ေပမဲ့ အရာအားလုံးဟာအိမ္မက္လိုေရးေရးေလးသာမွတ္မိေနၿပီး ေပ်ာ္႐ႊင္စရာမွတ္ဥာဏ္ေတြသာအစားထိုးလာတယ္ …

သားနဲ႕သမီးကကမ္းစပ္မွာေပ်ာ္ျမဴးေနၾကတယ္ … သူတို႔အနားမွာရႈယြမ္ကထိန္းေပးေနတယ္ … ရွန္ေဝနဲ႕ခ်ဴးရွန႔္ကေတာ့ သူတို႔သီးသန႔္ဟန္းနီးမြန္းလိုမ်ိဳး ေရထဲမွာေပ်ာ္ေနၾကတယ္ … ဖန္းဂူနဲ႕မင္းယြီကေတာ့ ေပ်ာ္ေနတဲ့သူတို႔ကို ေက်ာက္ေဆာင္ေပၚမွာထိုင္ၿပီးေငးၾကည့္ေနၾကတယ္ …

" ယြီေလး … ဒီေန႕အရမ္းေပ်ာ္ေနသလိုပဲ "

" ေပ်ာ္တာေပါ့ … ဒီလိုအေျခအေနေရာက္ဖို႔ အခက္အခဲေတြအမ်ားႀကီးႀကဳံခဲ့ရေပမဲ့ ခုေတာ့ဘာအပူအပင္မွမရွိေတာ့ဘူး … ခုလိုေလွ်ာက္လည္ေနရတာ လြတ္လပ္ၿပီး အရမ္းေပ်ာ္စရာေကာင္းတယ္ … အကိုရႈယြမ္နဲ႕ ရွန္ေဝတို႔အတြဲေလး ကြၽန္ေတာ္တို႔အနားမွာ အၿမဲရွိေနေပးတာကို ေက်းဇူးတင္ရမယ္ "

" ဟုတ္တယ္ … ကိုယ္လဲအဲ့လိုေတြးမိတယ္ … ကိုယ့္ကိုမိသားစုဆိုတဲ့အေႏြးဓာတ္ေလးရေအာင္ ကူညီေပးတဲ့ထဲမွာ သူတို႔လဲပါတယ္ … မင္းေလးကေတာ့အဓိကေပါ့ "

ဖန္းဂူက မင္းယြီကို ရင္ခြင္ထဲမွာေပြ႕ဖက္လိုက္ၿပီး …

" ကိုယ္မင္းကိုအရမ္းခ်စ္တယ္ ယြီေလး "

" ကြၽန္ေတာ္လဲအတူတူပဲ … သခင္ႀကီးဂူကို အရမ္းခ်စ္တယ္ "

တစ္ေယာက္နဲ႕တစ္ေယာက္ အၿပဳံးေတြနဲ႕ၾကည့္ၿပီးေနာက္ ႏူးႏူးညံ့ညံ့ေလးနမ္းလိုက္ၾကတယ္ …

" အဟမ္း "

ဘယ္အခ်ိန္ကေရာက္လာမွန္းမသိတဲ့ရႈယြမ္က သူတို႔အေရွ႕မွာရပ္ေနၿပီး စိတ္မရွည္တဲ့ေလးသံနဲ႕ေျပာလာတယ္ …

" ခ်စ္ၾကည္ႏူးခ်င္လဲ ေဝးေဝးသြား "

" မင္းကဒီကိုဘာလာလုပ္တာလဲ "

" လုယီေလးက ေရကစားဖို႔ မင္းတို႔ကိုေခၚခိုင္းလို႔ "

ေရထဲကရွန္ေဝနဲ႕ခ်ဴးရွန႔္ကလဲ လွမ္းေခၚလာတယ္ …

" သခင္ႀကီး ေရကစားရေအာင္လာခဲ့ "

" ခ်ဴးရွန႔္ မင္းက ကေလးလား "

" ကြၽန္ေတာ္ကေလးမဟုတ္ေပမဲ့ သခင့္ရဲ႕ကေလးေတြကိုေတာ့ အေဖာ္ျပဳေပးသင့္တယ္ "

ရွန္ေဝကပါ ေထာက္ခံလာတယ္ .…

" ဟုတ္တယ္ … မင္းယြီေရ ပင္လယ္လာၿပီး ေရမကစားပဲျပန္လို႔ ဘယ္ျဖစ္မလဲ … အျမန္လာ "

ေနာက္ဆုံးသူတို႔အားလုံး ေရထဲဆင္းသြားၾကတယ္ … ဖန္းဂူကသမီးေလးကိုခ်ီထားၿပီး ရႈယြမ္ကလုယီေလးကိုထိန္းေပးကာ သူတို႔အားလုံး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေရကစားေနၾကတယ္ …

ကမ္းမျမင္တဲ့ ပင္လယ္ႀကီးထဲမွာ ကမ္းေျခကိုေရာက္ဖို႔ ႐ြက္လႊင့္ေနတဲ့ေလွတစ္စီးလို သူတို႔ဟာလဲ ေျပာင္းလဲမသြားတဲ့ခ်စ္ခ်င္းေမတၱာ ခင္မင္မႈသံေယာဇင္ေတြနဲ႕ တူ ေလာကႀကီးရဲ႕အဆုံးထိ အားလုံးေပ်ာ္႐ႊင္စြာနဲ႕ ရယ္ေမာကာ ႀကဳံလာသမွ်ကိုအတူရင္ဆိုင္ရင္း ျဖတ္သန္းသြားၾကေလေတာ့တယ္ …

~~~ ၿပီးပါၿပီ ~~~

{ A/N - ဒါေလးကိုဆက္ေရးျဖစ္တာက ပထမ ရႈမန္းတို႔အတြဲေလးကိုလဲ ခ်န္မထားခ်င္တာရယ္ ဒုတိရက ' ကုမုျဒာ ' တို႔ Fic ထဲမွာ ရွန္ဟႊာကဧည့္သည္အျဖစ္ပါတာမို႔ မုျဒာနဲ႕မင္းယြီေတြ႕ဆုံပုံေလးဖန္တီးေပးခ်င္တာေၾကာင့္ပါ … ဒီအခန္းေတြက မုျဒာထြက္သြားၿပီး ၄ ႏွစ္အတြင္းမွာ မင္းယြီနဲ႕ခင္မင္ခဲ့တဲ့အခန္းပါ … ကိုယ့္ Fic ကအရပ္ Over ျဖစ္ေနရင္သည္းခံေပးပါ … ဒါကစိတ္ကူယဥ္မို႔ လက္ေတြ႕ေတာ့မဆန္ပါဘူး … ခုပိုၿပီးျပည့္စုံသြားသလို တကယ္လဲ ဇာတ္သိမ္းသြားပါၿပီ 🥰 }


Continue Reading

You'll Also Like

221K 5.4K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
226K 8.5K 38
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...