Unicode
~~~~~~~~
လအနည်းငယ်ကြာမြင့်ပြီးနောက် မင်းဟွီဟာ ဗိုက်ချုပ်ရိုးအရှင်းပျောက်ကင်းသွားပြီမို့ ဘယ်သူ့ရဲ့အစောင့်အရှောက်ကိုမှ မခံယူပဲ ကိုယ်တိုင်အလုပ်ကိစ္စတွေ စတင်ဆောင်ရွက်နိုင်နေပြီ … လုယီလေးမွေးတုန်းကထက် မင်းယွီဟာပိုပြီးကျန်းမာကာ ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေခဲ့ဘူး …
ခုဆိုရင် ဖန်းဂူဟာ သမီးလေးကိုပွေ့ချီနိုင်အောင် သင်ယူပြီးဖြစ်သလို သူအလုပ်တွေပြီးချိန်တိုင်း သမီးလေးကို လက်ကနေမချနိုင်အောင်ဖြစ်နေပြီ … သားလေးတုန်းက မွေးကင်းစအရွယ်လေးကို ထိန်းခွင့်မရခဲ့၍ သမီးလေးကိုအတိုးချထိန်းနေတာဖြစ်မယ် … ဒါပေမဲ့ သားလေးကိုလဲမမေ့မလျော့ပဲ သူချစ်မြဲပင် … သားလေးကျောင်းကနေပြန်လာချိန်တိုင်း သမီးလေးကိုပွေ့လျှက် သားလေးကိုကျောပိုးကာ အိမ်တော်ထဲပတ်ပြေးနေတတ်တယ် …
သူတို့မောသွားပြီဆိုမှ မင်းယွီအနားကပ်ကာ ဂျီလာကျပြီး သမီးလေးနဲ့အပြိုင်နို့လုစို့ကြပြန်တယ် … ဒီသားအဖတွေရဲ့ဒါဏ်ကို မင်းယွီတစ်ယောက် ဘယ်အချိန်ထိခံနေရမလဲ မသိတော့ဘူး … သမီးလေးကလဲ မင်းယွီထက် ဖခင်လက်ပေါ်မှာပိုပျော်နေတတ်တာကြောင့် မင်းယွီအလုပ်တွေကိုစိတ်ချလက်ချလုပ်နိုင်တယ် … သမီးလေးတစ်နှစ်ပြည့်တာနဲ့ မင်းယွီရှန်ဟွှာရဲ့စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်ဖို့ စတင်လေ့လာနေခြင်းဖြစ်တယ် …
သခင်းမလေးက သူတို့မိသားစုအတွက် လဒ်ကောင်လေးလို့ပြောနိုင်လောက်အောင် သမီးလေးမွေးဖွားပြီးကတည်းက ဆိုးရွားတဲ့ပြဿနာ တစ်စုံတစ်ရာမှ မကြုံရတော့ပဲ ဖန်းဂူဟာ အမှောင်လောကမှာ Lion အဖြစ် အုပ်ချုပ်နေနိုင်ခဲ့တယ် … မကောင်းတဲ့သူအနည်းစုကိုလဲ သူ့ရဲ့စကားတစ်ခွန်းနဲ့ ဒူထောက်အောင် လုပ်ဆောင်နိုင်၍ ဖန်းဂူခရီးထွက်ပြီး ဖြေရှင်းရလောက်တဲ့ထိ ဘာပြဿနာမှမကြုံရသေးဘူး …
သူ့ကိုအနီးကပ်ကူညီပေးတာကတော့ ရှုယွမ်ဖြစ်တယ် … အမြဲမတည့်အတူနေ ၂ ယောက်က တွေ့တာနဲ့ရန်သတ်နေကြပေမဲ့ အမှုတွေဖြေရှင်းရာမှာတော့ တွဲဖက်ညီပြီး ချူးရှန့်ပြီးလျှင် ရှုယွမ်ကဖန်းဂူအတွက် ဘယ်လက်ရုံးတစ်ယောက်လို အထောက်အကူဖြစ်စေတယ် …
ရှုယွမ်ကအလုပ်ကိုအချိန်မှန်သွားသလို အလုပ်ကနေပြန်လာလျှင်လဲ လုယီလေးရဲ့ကျောင်းကိုသွားကာ ဝင်ကြိုလာပေးပြီး ရှန်ဟွှာအိမ်တော်သို့ရောက်လာတယ် … အလုပ်ကိစ္စရှိလျှင်ဖန်းဂူနဲ့ဆွေးနွေးပြီး မရှိလျှင်တော့ ၂ ယောက်သားစကားနိုင်လုရင်းကလေးထိန်းပြီးမှ ရှန်ဟွှာအိမ်တော်နဲ့သိပ်မဝေးတဲ့ သူ့ရဲ့တိုက်ခန်းထံပြန်သွားလေ့ရှိတယ် …
ရှုယွမ်အလုပ်နဲ့မအား၍ မလာတဲ့နေ့တွေဆိုရင် ကလေးတွေကစားဖော်ရှာနေသလို ဖန်းဂူကတိတ်တဆိတ်ရှာဖွေနေတတ်ပြီး မတွေ့လျှင် အပြစ်ဆိုနေတတ်တယ် … မင်းယွီက ထိုသူငယ်ချင်း ၂ ယောက်ရဲ့မသိစိတ်ကခင်သွယ်နေပုံကိုမြင်တော့ ကျေနပ်မိပြန်တယ် …
ရှုယွမ်က သူ့အပေါ်အကိုကြီးတစ်ယောက်လိုအမြဲကူညီပေးခဲ့သလို ဖန်းဂူကိုလဲသူငယ်ချင်းကောင်းပီပီအမှောင်ထဲကနေဆွဲခေါ်လာပေးခဲ့သူလဲဖြစ်တယ် … ရှုယွမ်သူတို့မိသားစုကိုခင်သွယ်နေခြင်းကြောင့် အိမ်တော်မှာပဲနေဖို့ပြောကြည့်ပေမဲ့ ဖန်းဂူနဲ့နေ့တိုင်းသတ်နေရမှာဆိုးလို့မနေဘူးလို့ပြောလာတယ် … ဒါပေမဲ့ ရှန်ဟွှာအိမ်တော်ကို သူရောက်မလာတဲ့နေ့လဲမရှိပြန်ဘူး …
သမီးလေးရှင်းယီရဲ့ ရက်တစ်ရာပြည့်နေ့မှာတော့ မိသားစု ၂ ခု ရှန်ဟွှာအိမ်တော်၌ပေါင်းစုံကြ၍ လူတွေစည်ကားနေပြီး အားလုံးကလဲ သခင်မလေးရှင်းယီနဲ့သခင်လေးလုယီအတွက် လက်ဆောင်ပစ္စည်းတွေ ယူလာကြတယ် …
ထမင်းစားပွဲဝိုင်းဟာ မိသားစုတွေအားလုံးနဲ့ပြည့်နေပြီး ပွဲတော်ကြီးအလားထင်မှတ်လောက်သည်ထိပင် … ရှန်ဟွှာအိမ်တော်မှာက ရှန်ဖိုးဖိုး သခင်ကြီးနဲ့သခင်မကြီး ဖန်းဂူနဲ့မင်းယွီတို့မိသားစုလေးယောက်အပြင် ရှုမန်းနဲ့ရန်အာတို့လဲ ရောက်လာကြတယ် … ရှုမန်းကခုချိန်မှာ ရှန်ဟွှာနဲ့သွေးမတော်စပ်တော့ပေမဲ့ ရှန်ဟွှာရဲ့လက်အောက်မှာသွေသစ္စာဆိုပြီး တာဝန်ထမ်းဖို့ကတိထားထား၍ မိသားစုအဖြစ်ပြန်လက်ခံထားသလို ရန်အာကလဲ ရှန်ဖန်းဂူရဲ့ယုံကြည်ရတဲ့လူဖြစ်နေဆဲပင် …
ပိုင်မိသားစုဘက်ကတော့ ပိုင်ဖိုးဖိုးနဲ့ မင်းယွီရဲ့မိခင်အပြင် ရှုယွမ်ရဲ့မိခင်ကပါ မိသားစုဝင်အဖြစ် လိုက်ပါလာသလို သူ့ရဲ့တစ်ဦးတည်းသောသားလေး ရှုယွမ်ကို မိတ်ဖက်ရှာပေးလို့မရ၍ အမြဲညည်းငြူနေသူလဲဖြစ်တယ် … ဒါပေမဲ့ သူမကအတင်းအကြပ်မတိုက်တွန်းသလို ရှုယွမ်ပျော်ရွှင်တဲ့ဘဝမှာပဲနေဖို့ ခွင့်ပြုထားတယ် … သူမကလဲ သူမရဲ့သခင်မလေး ( မင်းယွီရဲ့မိခင် ) ကိုအနီးကပ်စောင့်ရှောက်ပေးသလို သားဖြစ်သူကလဲ မင်းယွီတို့မိသားစုနဲ့အတူ ပျော်ရွှင်နေပြီမို့ သူတို့အတွက်နွေးထွေးတဲ့မိသားစုထပ်မလိုအပ်တော့ပဲ ပြည့်စုံနေပြီ …
ရှုယွမ်ကတော့ အချိန်ပြည့်ကလေးတွေအနားမှာရှိနေပြီး ဖန်းဂူနဲ့စကားနိုင်လုဖို့လဲ မမေ့လျော့ဘူး … တစ်ခါတစ်ရံ ကလေးတွေကိုမထိန်းရပဲ သူတို့ ၂ ယောက်ကိုထိန်းရတာက မင်းယွီရဲ့အလုပ်တစ်ခုဖြစ်နေတယ် …
မင်းယွီရဲ့မိခင်က သတင်းကောင်းတစ်ခုပြောလာခဲ့တယ် …
" ယာရှာနဲ့သမီးဆုန်းချူတို့ရဲ့ မင်္ဂလာပွဲကို နောက်လမှာကျင်းပမယ်လို့ပြောတယ် "
" တကယ်လားမေမေ … နောက်ဆုံးတော့ ညီမလေးလဲ မိသားစုဘဝကိုပိုင်ဆိုင်တော့မှာပေါ့ … ဒါနဲ့ ဘယ်မှာကျင်းပမှာလဲ "
" သားဖေဖေကအလုပ်ကိစ္စတွေနဲ့မအားတာကြောင့် K မြို့မှာပဲ လက်ထပ်ပွဲကျင်းပကြမှာ … သားသွားချင်လား "
ဒါကသေချာပေါက်သွားရမဲ့ပွဲဆိုပေမဲ့ သမီးလေးက ငယ်သေးတာကြောင့် ဖန်းဂူက ခွင့်မပြုချင်ပေ …
" မေမေပဲသွားလိုက်ပါ … ညီမလေးလဲသားမလာနိုင်တာကို နားလည်ပေးမှာပါ … ပြီးတော့အန္တီကျန်းလဲမေမေနဲ့အတူလိုက်သွားမယ်မဟုတ်လား "
ကျန်းရှားမေ့က ရှုယွမ်လိုပဲ သူတို့အတွက်ယုံကြည်အားထားရဆုံးသူဖြစ်တယ် …
" သေချာတာပေါ့ … သားမေမေကို အန္တီဂရုစိုက်လိုက်မယ် … ပြီးတော့ သားကလဲ သားအကိုကြီးရှုယွမ်ကို ဂရုစိုက်ပေးပါဦး "
" အကိုရှုယွမ်ကသာ ကျွန်တော်တို့ကို ဂရုစိုက်ပေးတာပါ … ခုဆိုသားလေးအကြိုအပို့လဲပူစရာမလိုသလို အကိုဖန်းဂူရဲ့အလုပ်တွေအတွက်လဲ အများကြီးအကူအညီပေးတယ် "
" အဲ့လိုကြားရတော့ အန္တီလဲဝမ်းသာပါတယ် သားတို့ခုလိုဖေးဖေးမမနဲ့ရှိနေကြတော့ အန္တီပူစရာမလိုတော့ဘူးပေါ့ "
အဖိုးတွေကသူတို့မြေးလေးတွေဆော့တာကိုကြည့်ပြီးပျော်နေကြတယ် … ဒီနေ့လူတွေအားလုံးစုံလင်နေတာမို့ ဖန်းဂူက သသင်းစကားတစ်ခုကိုကြေငြာလိုက်တယ် …
" အားလုံးကိုအသိပေးစရာရှိတယ် … ရှုမန်းကခုရှန်ဟွှာရဲ့စီးပွားရေးကို ယာယီတာဝန်ယူထားသလို သူ့ရဲ့ကြွမ်းကျင်မှုတွေကြောင့် ကုမ္ပဏီရဲ့အခြေအနေတွေကအရင်ကထက် ပိုကောင်းမွန်လာတယ် … ဒါကြောင့်သူ့ကို ဆုချတဲ့အနေနဲ့ အိုမီဂါနဲ့တရားဝန်လက်ထပ်ပေးဖို့စီစဉ်ထားပါတယ် "
အားလုံးက ရှုမန်းနဲ့ရန်အာအားကြည့်ကာ ဂုဏ်ပြုစကားဆိုကြတယ်… ဒီလောကမှာ အယ်ဖာတွေက တရားဝင်လက်ထပ်မှသာလျှင် မိသားစုမျိုးဆက်ကို တရားဝင်ပိုင်ဆိုင်နိုင်မှာဖြစ်တယ် … လက်မထပ်ရသေးပဲ ဘယ်လောက်ပင်အတူနေပါစေ သူတို့ဟာ ယာယီမိတ်ဖက်အဖြစ်သာရှိနေပြီ လူကြားထဲမှာထုတ်ဖော်ပြ၍မရသလို မိသားစုဝင်များကလဲ မိသားစုအဖြစ်မတတ်မှတ်ကြဘူး …
ရှုမန်းနဲ့ရန်အာက မိသားစုမရှိကြတော့ပေမဲ့ သူတို့သာတရားဝင်လက်ထပ်ကြလျှင် သာတို့ဟာတစ်ဘဝလုံးစာမိသားစုဖြစ်လာကြပြီး တစ်ယောက်အတွက်တစ်ယောက်အမြဲရှိကာ အနည်းဆုံးမိသားစုဆိုတဲ့ အနွေးဓာတ်လေးကို ရရှိမှာဖြစ်တယ် … အိမ်ထောင်တစ်ခုမှာ မျိုးရိုးမြင့်တွေအတွက် တရားဝင်လက်ထပ်ခြင်းက ဂုဏ်ယူစရာကောင်းလှတဲ့ ချီးမြှင့်မှုတစ်ခုဖြစ်တယ် …
ဖန်းဂူက ရှုမန်းဘက်က မိသားစုဝင်အဖြစ်ရပ်တည်ပေးမှာဖြစ်ပြီး ရန်အာဘက်ကတော့ သူ့ရဲ့ဦးလေးဖြစ်သူရှိနေတယ် … အားလုံးကထိုအစီအစဉ်ကို လက်ခံပေးကြပြီး မကြာခင်မှာ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာပဲ ပွဲကိုစီစဉ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ် …
တစ်လခန့်ကြာသော် ……
ဘဝမှာတစ်ခါသာရရှိမဲ့ မင်္ဂလာပွဲမို့ ရန်အာရင်ခုန်စိတ်လှုပ်ရှားနေပြီး သူ့အတွက်ယူလာတဲ့ဝတ်ဆုံကိုငေးကြည့်နေမိတယ် … ဝတ်ဆုံက မင်းယွီကိုယ်တိုင်ရွေးချယ်ပေးပြီး အလိုက်ဖက်ဆုံး စီစဉ်ပေးထားတယ် … ယခင်က ရန်အာဟာ မင်းယွီထက်ခန္ဓာကိုယ်တောင့်တင်းပြီး လူကောင်ကြီးပေမဲ့ အိုမီဂါအဖြစ် ဗီဇပြောင်းလဲပြီးနောက် ခန္ဓာကိုယ်ကသေးသွယ်လာတယ် … ဒါပေမဲ့သူဟာ ယခင်ကလိုသန်မာနေဆဲပင် …
" ရန်အာ … စိတ်လှုပ်ရှားနေတာလား "
" ဟုတ်ကဲ့သခင်လေး … ကျွန်တော့လိုနိမ့်ကျတဲ့ အစေခံတစ်ယောက်က ဒီလိုမျိုး တရားဝင်လက်ထပ်ခွင့်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး … ဒါတွေအားလုံးကသခင်ဖန်းဂူနဲ့သခင်လေးတို့ရဲ့ကျေးဇူးကြောင့်ပါ "
ရန်အာက မင်းယွီကို အထပ်ထပ်ကျေးဇူးတင်စကားဆိုနေတယ် …
" ကျေးဇူးတင်ဖို့မလိုပါဘူး … ရန်အာလဲတရားဝင်မိတ်အယ်ဖာရှိသင့်ပါတယ် … အကိုရှုမန်းကို ရန်အာကပဲလူကောင်းဖြစ်လာအောင်လုပ်ပေးခဲ့တာ … ပြီးတော့အကိုတို့ကြောင့် ကျွန်တော်တို့မိသားစုအသက်ရှင်ခွင့်ရခဲ့တယ် … ကျွန်တော်တို့ကတောင် ကျေးဇူးတင်ရဦးမှာ "
" မဟုတ်တာ … သခင်တို့အတွက်ဆို အသက်ပေးဖို့ဝင်မလေးပါဘူး … ဒီဘဝမှာခုလိုမိသားစုဆိုတဲ့အနွေးဓာတ်လေးပိုင်ဆိုင်ခွင့်ရယုံနဲ့ကျေနပ်ပါပြီ "
ရန်အာကမျက်ရည်တွေကျတဲ့ထိပျော်ရွှင်နေတယ် … မင်းယွီက ရန်အာကိုချော့ပြီး မင်္ဂလာပွဲအတွက်အဆင်သင့်ဖြစ်အောင် ဝတ်ဆုံကိုဆင်ပေးလိုက်တယ် … သူတို့အနားမှာ ယုယွမ်ကကူညီပေးနေတယ် …
ဖန်းဂူကတော့ ရှုမန်းအနားမှာရှိနေပြီး ပြင်ဆင်မှုကိုအကဲဖြတ်ပေးနေတယ် … အရင်ကမောက်မာရိုင်းစိုင်းတဲ့ညီဖြစ်သူက ခုတော့အရူးတစ်ယောက်လိုပြုံးပျော်နေတယ် … ဖန်းဂူလဲအငြှိုးအာကာသတွေပြေဖျောက်ပြီးပြီမို့ သတို့သားကို အကောင်းဆုံးလက်ရာနဲ့ဈေးအများဆုံးပစ္စည်းတွေဆင်မြန်းပေးလေတယ် …
ထိုစဉ်သူတို့အနားသို့ ရှုယွမ်ရောက်လာတယ် …
" အဆင်သင့်ဖြစ်ပြီလားဖန်းဂူ … ပွဲစတော့မယ် … ရှုမန်းကိုခေါ်လာခဲ့တော့ "
" ကောင်းပြီ … မင်းယွီတို့ဘက်ကိုရော သွားပြောပြီးပြီလား "
" ငါခုသွားပြောလိုက်မယ် … သတို့သားကရောက်နှင့်ရမှာမလို့ မင်းတို့သွားနှင်တော့ "
" အင်း … ခုပဲသွားတော့မယ် "
ရှုယွမ်ထွက်သွားတော့ ရှုမန်းက ဖန်းဂူအရှေ့မှာရုတ်တရပ် ရပ်လိုက်ပြီး …
" အကိုကြီး "
လေးလေးနက်နက်ခေါ်လိုက်တာမလို့ ဖန်းဂူလဲ ရှုမန်းဘာပြောလာမလဲ ရပ်ပြီးနားထောင်နေလိုက်တယ် … ရှုမန်းက သူ့ရဲ့လက်နှစ်ဖက်ကိုထပ်တင်ကာ ဖန်းဂူအရှေ့မှာဒူးထောက်ချလိုက်ပြီး ကြမ်းပြင်ပေါ်ဝတ်ထွားလျှက် မိဘတွေကိုကန်တော့သလိုမျိုး ဖန်းဂူအားကန်တော့လိုက်ပြီး …
" အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် အကိုကြီး "
ရုတ်တရပ်မို့ ဖန်းဂူလဲကြောင်သွားပြီး ကြမ်းပြင်ပေါ်မှာသတို့သားဝတ်ဆုံနဲ့သူ့အားကန်တော့နေတဲ့ရှုမန်းကို ချက်ချင်းထရပ်ခိုင်းလိုက်တယ် … အနားမှာလဲအစေခံနဲ့လုံခြုံရေးတစ်ချို့ရှိနေတာမို့ ညီအကိုနှစ်ယောက် အနည်းငယ်ကို့ရို့ကားယာဖြစ်သွားတယ် …
" ဟေး … မင်းငါ့ကိုဘာလို့လာကန်တော့နေတာလဲ … မင်းမိဘတွေကိုသွားကန်တော့ရမှာလေ "
" အကိုကြီးကကျွန်တော့အတွက် မိဘတွေထက်ကျေးဇူးတရားကြီးမားပါတယ် "
" ဟုတ်ပါပြီ ထတော့ … ငါအဲ့လောက်ထိမအိုသေးဘူး … လူတွေရှေ့မှာရယ်စရာဖြစ်အောင်မလုပ်နဲ့ "
" တောင်းပန်ပါတယ်အကိုကြီး "
" ရတယ် အဲ့ဒိအစားရန်အာကိုသာဂရုစိုက်ပေးလိုက် ဟုတ်ပြီလား "
" ဟုတ်ကဲ့ "
သူတို့ခန်းမထဲရောက်လာတော့ အလုပ်ကဝန်ထမ်းတစ်ချို့နဲ့ မိတ်ဆွေတွေကရောက်နေကြပြီ … ဖန်းဂူတို့လောက် မင်္ဂလာပွဲကမကြီးပေမဲ့ ရှုမန်းကလဲ စီးပွားရေးနယ်ပယ်မှာ အသိမိတ်ဆွေပေါတာကြောင့် လုပ်ငန်းရှင်ကြီးတစ်ချို့ပါ မင်္ဂလာပွဲကိုတက်ရောက်ကြတယ် …
ဖန်းဂူနဲ့သတို့သားတို့ ပွဲထဲရောက်လာပြီးမကြာခင်မှာပဲ သတို့သားအိုမီဂါက လှပသည့်အနီရောင်ဝတ်စုံကိုဆင်မြန်းလျှက် ခန်းမထဲသို့ဝင်လာတော့တယ် … အမြဲတမ်းဖြူဖျော့ပြီး အိမ်ယာထဲမှာပဲလှဲနေတတ်တဲ့ ပျောက်ကွယ်တော့မည့်မြူမှုန်လေးလိုအမြဲရှိနေတတ်တဲ့ရန်အားက ဒီနေ့တော့ အနီရောင်ဝတ်ဆုံနဲ့တောက်ပနေကာ အလှဆုံးသတို့သားအဖြစ်နဲ့သူ့ထံသို့လျှောက်လှမ်းလာပုံကို ရှုမန်းမျက်တောင်မခပ်တမ်းငေးကြည့်နေမိတယ် …
လက်ခုပ်သံတွေကြား နွေးထွေးတဲ့လက်တစ်စုံကိုဆွဲကိုင်ရင်း တရားဝင်မိတ်ဖက်အဖြစ်တရားသူကြီးရဲ့ကြေငြာမှုအဆုံး လက်မှတ်တွေရေးထိုးကြပြီး ဖြတ်တောက်၍မရနိုင်တော့တဲ့ တည်မြဲတဲ့ကြိုးကိုချည်နှောင်လိုက်ကြတော့မယ် …
မင်္ဂလာလက်စွတ်ကို လဲဝတ်ပေးပြီး တစ်ယောက်နဲ့တစ်ယောက် အနမ်းတွေဖလှယ်ကြရင်း လက်ထပ်ပွဲအခမ်းအနားကို ပျော်ရွှင်စွာအဆုံးသတ်လိုက်ကြတယ် … အဆုံးမှာတော့ သူဟာလဲ မိသားစုဆိုတဲ့အသိုက်အမြုံလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီမို့ သူ့ဘဝမှာ ဘာကိုမှမလိုအပ်တော့လောက်အောင် ပြီးပြည့်စုံသွားခဲ့ပြီ … ထိုနေ့ဟာ သူတို့ဘဝအတွက်မေ့မရနိုင်တဲ့အပျော်ရွှင်ရဆုံးနေ့လေးတစ်နေ့ဖြစ်လာခဲ့တယ် …
ဖန်းဂူက ရန်အာကို ရှန်ဟွာလက်အောက်မှာရှိတဲ့ ဘားနဲ့ကလပ်တွေကို ပြန်ပြီးစီမံခွင့်ပေးလိုက်တယ် … ရန်အာကလဲ ရှုမန်းနဲ့လက်ထပ်ပြီးနောက် သူဟာမိတ်ဖက်ရှိတဲ့အိုမီဂါတစ်ယောက်ဖြစ်လာခဲ့ပြီး လွတ်လွတ်လပ်လပ်ရှင်သန်နိုင်ပြီ … ကျန်းမာရေးလဲကောင်းပြီမို့ အိမ်မှာပဲမနေချင်၍ အရင်ကသူကြွမ်းကျင်တဲ့အလုပ်ကိုပြန်လုပ်ပြီး ဖန်းဂူအတွက်အကူညီဖြစ်စေဖို့တွေးထားတယ် …
သူပြန်ပြီးဦးဆောင်တော့ အသိမိတ်ဆွေဟောင်းတွေကလဲ ပျော်ရွှင်စွာစည်းကြိုကြပြီး သူမရှိချိန်ကထိန်းမနိုင်တဲ့ လူရမ်းကားတစ်ချို့ကိုလဲ ရန်အာရဲ့ကြွမ်းကျင်မှုတွေနဲ့ ထိန်းချုပ်နိုင်ပြီး နယ်မြေကပို၍အန္တရာယ်ကင်းလာတယ် … ရှုမန်းကခွင့်မပြုချင်ပေမဲ့ ဖန်းဂူကတောင်ယုံကြည်ပြီးအပ်ထားတာမို့ ရန်အာကိုဦးဆောင်ခွင့်ပြုထားတယ် …
တစ်နေ့မှာတော့ ရန်အာရုတ်တရပ်မူးလဲပြီးဆေးရုံတင်လိုက်ရတဲ့သတင်းကြောင့် ရှုမန်းအလုပ်ကနေကမန်းကတမ်းပြေးလာခဲ့တယ် … ရန်အာအစားပျက်နေတာကိုသတိထားမိပေမဲ့ ဖြစ်နေကျမို့ သာမာန်နေမကောင်းယုံပဲဟုထင်မိခဲ့တယ် … တကယ်တော့ ရန်အာမှာသူတို့ရဲ့မျိုးစေ့လေးရှိနေတာကို သိလိုက်ရတယ် …
" ရန်အာမှာ ကိုယ် … ကိုယ်ဝန်ရှိနေတာလား "
ခုချိန်မှာ အဖိုးတွေနဲ့ဦးလေးဖြစ်သူက ခရီးထွက်နေတာမလို့ လက်ထောက်ဆရာဝန်က စစ်ဆေးပေးနေတယ် … ရန်အာက ဗီဇပြောင်းလဲအိုမီဂါဖြစ်တာကြောင့် ဆရာဝန်အတွက် စမ်းသပ်ရာမှာ အခက်အခဲတစ်ချို့ရှိနေတယ် …
" သားအိမ်ထဲမှာသန္ဓေသားတည်နေတာမှန်ပေမဲ့ တစ်လပဲရှိသေးလို့ အစေ့သာသာလောက်ပဲရှိဦးမယ်ဘ… ပုံမှန်ဆို အိုမီဂါတွေက ကိုယ်ဝန်လွယ်တဲ့အခါမှာ ၃ လကျော်မှစပြီးလက္ခဏာစပြကြတယ် … ယောက်ျားလေးအိုမီဂါတွေက မိန်းကလေးအိုမီဂါတွေလောက်ထင်ထင်ရှားရှားမပြကြဘူး … ဘာလို့ဆိုသူတို့ရဲ့သားအိမ်က မိန်းကလေးတွေထက်ပိုအားကောင်းကြလို့ပဲ … ဒါပေမဲ့ ဒီအိုမီဂါရဲ့သားအိမ်က အရမ်းအားနည်းပြီး အစေ့သာသာပဲရှိသေးတဲ့ သန္ဓေသားလောင်းရဲ့ဒါဏ်ကိုတောင်မခံနိုင်ဘူး … ကျွန်တော်ဆိုးရိမ်မိတာက သန္ဓေသားသာတဖြေးဖြေးကြီးလာရင် လူကြီးကိုထိခိုက်မှာကိုပဲ … ဘာကြောင့်လဲဆို သူ့ရဲ့သားအိမ်က သန္ဓေတည်ဖို့ဆို အရမ်းနုလွန်းနေတယ် "
ရှုမန်း ကုတင်ပေါ်မှာ သတိမေ့ပြီး ဖြူဖျော့နေတဲ့ရန်အာကိုကြီးပြီး ချောက်ခြားသွားတယ် …
" ဒါ … ဒါဆို ဘာလုပ်ရမလဲဆရာ "
" ကျွန်တော့အကြံက နားဝင်ဆိုးနိုင်ပေမဲ့ ရွေးချယ်စရာမရှိပါဘူး … ဒီကလေးကိုဖျက်ချမှရလိမ့်မယ် … သန္ဓေသားကြီးလာလေ သားအိမ်ကမခံနိုင်ဖြစ်ပြီး အိုမီဂါအတွက်နာကျင်မှုတွေသာရရှိလိမ့်မယ် … ပြီးတော့ မွေးရင်လဲ ၂ ယောက်လုံးအသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတယ် "
သတင်းကောင်းနဲ့သတင်းဆိုးကို ယှဉ်တွဲကြားလိုက်ရတဲ့ရှုမန်း ရန်အာဘေးမှာ ဒူးထောက်ထိုင်ချလိုက်တယ် … မင်္ဂလာဦးညက သူရန်အာကို သူ့တို့မှာရင်သွေးလေးသာရှိရင်ဘယ်လောက်ကောင်းလိုက်မလဲဟု ပြောခဲ့သည့်စကားကို ရန်အားကဖြည့်စည်းပေးလာပေမဲ့ ရန်အာအတွက်အသက်အန္တရာယ်ဆိုးရိမ်ရမှန်းသိလိုက်ချိန် ပြောမိတဲ့မိမိကိုယ်ကိုယ် အပြစ်တင်မိတော့တယ် …
ရန်အာနိုးလာတော့ ငိုနေတဲ့ရှုမန်းကိုမြင်ပြီး စိုးရိမ်သွားတယ် … သူကရှုမန်းပျော်ရွှင်နေတာကိုပဲ မြင်ချင်တာမို့ ရှုမန်းလိုချင်တာမှန်သမျှ သူတတ်နိုင်သလောက်ဖြည့်စည်းပေးဖို့ တွေးထားချင်းပင် …
" အကို … ရန်အာအပြစ်လုပ်မိလို့လားဟင် … ဒီအကြောင်းကိုအကိုသိရင် ပျော်နေမယ်လို့ထင်ထားတာ "
" ရန်အာရယ် ကိုယ့်မှာမင်းရှိနေယုံနဲ့ပြည့်စုံပါပြီ … ကိုယ်တို့ရဲ့ရင်သွေးလေးကိုလဲ ရူးမတတ်လိုချင်ပါတယ် … ဒါပေမဲ့ဒါကအရမ်းအန္တရာယ်များလွန်းတယ် … ကိုယ်ထပ်ပြီးဘာကိုမှဆုံးရှုံးမခံနိုင်တော့ဘူး "
" ခုအကိုလိုချင်တဲ့ ရင်သွေးလေးရှိလာပြီ … ဖြစ်မလာသေးတဲ့အရာတွေကိုတွေးပြီး မပူပါနဲ့ "
" မတွေးလို့မရဘူး … ဒေါက်တာကပြောတယ် ဗီဇပြောင်းအိုမီဂါအတွက် သန္ဓေတည်ခြင်းက အန္တရာယ်များလွန်းတယ် … သန္ဓေသားကတဖြေးဖြေးကြီးလာလေ မင်းပိုပြီးနာကျင်ရလိမ့်မယ် "
" နာကျင်မှုတွေနဲ့အသားကျနေပါပြီ "
" အဲ့လိုမပြောပါနဲ့ရန်အာ … ဒီကိုယ်ဝန်ကိုကိုယ်တို့မယူပဲနေကြရအောင်လား "
ထိုစကားကို ရှုမန်းအသံတုန်တုန်ဖြင့်ပြောလိုက်ခြင်းဖြစ်တယ် … သူကလေးကိုရူးမတတ်လိုချင်ပေမဲ့ ရန်အာအတွက်အသက်အန္တရာယ်ဆိုးရိမ်ရ၍ နှမြောစွာပင်အဆုံးရှုံးခံဖို့ဆုံးဖြတ်လိုက်ခြင်းပင် … ရန်အာက လက်မခံပေ …
" ဟင့်အင် … အကိုဒီလောက်လိုချင်နေတဲ့ရင်သွေးလေးကို ဖျက်မချနိုင်ဘူး … ကျွန်တော်ရအောင်မွေးမယ် "
" ရန်အာ "
ရှုမန်းက ရန်အာကိုရင်ခွင်ကြားထွေးပွေ့လိုက်တယ် … သူလဲဘာဆက်လုပ်ရမှန်းမသိတော့ဘူး … ထိုသတင်းကိုကြားပြီး ခရီးထွက်နေတဲ့အဖိုးနဲ့ဦးလေးဖြစ်သူရောက်လာကြတယ် … သူတို့ကလဲ ရန်အာကိုစစ်ဆေးပြီးနောက် သန္ဓေသားက ဗီဇပြောင်းအိုမီဂါအတွက် အန္တရာယ်များ၍ ဖျက်ချဖို့သာအကြံပေးလာတယ် … ရန်အာက ခေါင်းမာစွာနဲ့လက်မခံပြန်ဘူး …
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာပြီး ရှုမန်းကလဲ ရန်အာအလိုကျ ကလေးကိုယူဖို့ခွင့်ပြုပြီးနောက် သူတို့မွေးလာမဲ့ကလေးအတွက် ပစ္စည်းလေးတွေဝယ်စုကြတယ် … ဖန်းဂူကလဲ ရန်အာသတင်းကြားပြီး အလုပ်တွေလုပ်ခွင့်မပြုတော့ပဲ အိမ်မှာပဲနေဖို့ပြောလာတယ် … ရှုမန်းကိုလဲ ရန်အာကိုစောင့်ရှောက်ဖို့အချိန်ပိုရအောင် မင်းယွီကသတ်မှတ်ထားတဲ့အချိန်ထက်စောစွာ လုပ်ငန်းကိုလွှဲယူပြီးဦးဆောင်လုပ်ကိုင်တယ် … မင်းယွီကလဲအတွေ့အကြုံရှိသူမို့ အရာအားလုံးဟာ ပုံမှန်အတိုင်းလည်ပတ်နေတယ် …
တဖြေးဖြေး ရန်အာရဲ့ကိုယ်ဝန်က ၃ လထဲသို့ရောက်လာပြီး နာကျင်ပြီးမေ့မြောတာတွေခနခနဖြစ်လာတယ် … ရှုမန်းက ရန်အာကိုအိမ်မှာထားခဲ့ရမှာကိုပင်စိတ်မချနိုင်တော့ဘူး … ခေါင်းမာတဲ့ရန်အာက ဘယ်လောက်နာကျင်ပါစေ နာကျင်မှုကိုဖော်မပြပဲဖုံးကွယ်ပြီး ကလေးကိုရအောင်မွေးဖို့ကြိုးစားနေတယ် …
တစ်နေ့မှာတော့ ရန်အာခြံထဲဆင်းပြီးလမ်းလျှောက်နေရင်း ခြံဝသို့ကြည့်ကာ ရှုမန်းပြန်အလာကိုစောင့်နေတယ် … ရှုမန်းက အချိန်တိကျစွာအိမ်သို့ပြန်ရောက်လာတယ် … ကားပေါ်ကဆင်းဆင်းခြင်း ထုံးစံအတိုင်း ခြံထဲမှာရပ်ပြီး စောင့်မျှော်နေတတ်တဲ့ ရန်အာထံပြေးလာခဲ့တယ် … သူ့လက်ထဲမှာလဲ ပုံးသေးသေးလေးတစ်ခုကိုကိုင်ထားတယ် …
" ရန်အာ … ကိုယ်ဒီနေ့ ကလေးလေးအတွက်ဘာဝယ်လာလဲသိချင်လား "
" အကို "
ရန်အာက သူ့ထံလျှောက်လာနေရင်း ရုတ်တရပ်ခြေလှမ်းတွေလေးလံလာပြီး မြေပြင်ပေါ်ဒူးထောက်ကျသွားတယ် … သူ့ရဲ့ကိုယ်ပေါ်မှာ အဖြူရောင်စပို့ရှပ်အပွနဲ့ ဒူအထိအဖြူရောင်ဘောင်းဘီဝတ်ထားပြီး သူလဲကျသွားချိန်မှာ သူ့ရဲ့ဗိုက်ကိုလက်နဲ့ဖိနှိပ်ထားတယ် … မျက်နှာကနာကျင်မှုကို ဖုံးကွယ်မထားနိုင်တော့ဘူး …
" ရန်အာ ! "
ရှုမန်းထိတ်လန့်သွားပြီး လဲကျသွားတဲ့ရန်အာထံပြေးလာကာ ပွေ့ချီလိုက်တယ် … ရန်အာကိုပွေ့ချီထားတဲ့ သူ့ရဲ့လက်တွေကအနည်းငယ်စိုနေတာကိုသတိထားမိပေမဲ့ ဘာကိုမှမတွေးနိုင်ပဲ အိမ်ထဲပြန်ခေါ်လာတယ် … ကိုယ်တွေကပူနေ၍ ဖျားနေတာဟုပဲထင်လိုက်ပေမဲ့ ရန်အာကိုချပေးလိုက်ချိန်မှာ သူ့ရဲ့လက်မှာ အနီရောင်သွေးတွေပေနေတာကိုတွေ့လိုက်ရတယ် … ရန်အာကိုကြည့်လိုက်တော့ ပေါင်နှစ်ခုကြားမှာ သွေးတွေအများကြီးထွက်နေပြီး အဖြူရောင်ဘောင်ဘီမှာစွန်းထင်နေတယ် …
" သွေး … သွေးတွေပါလား … ရန်အာ အဆင်ပြေရဲ့လား … ရန်အာ "
ထိုအချိန်မှာ ရန်အာကခေါ်မရတော့ပဲ သတိလစ်သွားပြီ … ရှုမန်းရူးမတတ်ထိတ်လန့်ကာ ဆေးရုံကိုအမြန်ပို့ရတော့တယ် … ခွဲခန်းအပြင်မှာ အသက်ရှူရန်ပင်မေ့လျော့တဲ့ထိ ရှုမန်းကြောက်လန့်နေမိတယ် …
အမြဲတမ်းကြမ်းတမ်းပြီး အကြောက်တရားကင်းမဲ့တဲ့သူက ခုချိန်မှာ အကြောက်တရားတွေက သူ့အားလွှမ်းခြုံနေတယ် … ခုချိန်ရောက်မှ သူဟာတစ်ချိန်က မိသားစုရှိတဲ့အိုမီဂါတွေကို ဖျက်စီးမိခဲ့တဲ့အပေါ် နောင်တတွေရလာပြီး သူလဲထိုအဖြစ်မျိုးကြုံတွေ့ရမှာကိုကြောက်လန့်လာတယ် … သတင်းကြားပြီးနောက် ဖန်းဂူတို့လဲရောက်လာကြတယ် …
ရှုမန်းက ဖန်ဂူရောက်လာတော့ အားကိုတကြီး ငိုယိုကာပြောလာတယ် … သူ့ကိုအကြောက်တရားတွေကနေ ကယ်တင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်ဖြင့် …
" အကိုကြီး … ကျွန်တော်ဝဋ်ပြန်ခံနေရပြီး … ဟိုတစ်ချိန်က ကျွန်တော်လုပ်မိခဲ့တဲ့အမှားတွေကြောင့် ပြန်ခံနေရပြီ … ကျွန်တော့ကိုကယ်ပါဦးဗျာ "
" စိတ်ထိန်းထားပါ … ရန်အားဘာမှမဖြစ်လောက်ပါဘူး "
" ကျွန်တော့အမှားတွေပါ … သူများမိသားစုကိုဖျက်စီးမိခဲ့လို့ ခုလိုပြန်ခံနေရတာ … ကျွန်တော့ကြောင့်နဲ့ ရန်အားဒုက္ခရောက်နေပြီ … ကျွန်တော်နောင်တရပါပြီ … ရန်အာကိုတော့ချမ်းသာပေးပါ "
ရှုမန်းကအရူးတစ်ယောက်လိုအော်ငိုရင်း ခွဲခန်းရှေ့မှာ ဒူးထောက်ကာလက်အုပ်ချီလျှက် သူ့အပြစ်တွေကိုဝန်ချတောင်းပန်နေတယ် … ဘယ်သူမှလဲသူ့ကိုမနှစ်သိမ့်ပေးနိုင်ကြတော့ဘူး … တစ်နာရီခန့်ကြာတော့မှ ခွဲခန်းတံခါးပွင့်လာပြီး ဆရာဝန်ထွက်လာတယ် … သူ့မျက်နှာက မကောင်းပုံပေါ်ပေမဲ့ အနည်းငယ်စိတ်အေးသွားပုံလဲပေါ်နေတယ် …
" လူနာရှင် "
ရှုမန်းကထလာပြီး ဆရာဝန်ရဲ့အဖြေစကားကို မျှော်လင့်တကြီးစောင့်နေတယ် …
" လူနာကသွေးထွက်လွန်သွားလို့ သွေးသွင်းပေးထားရတယ် … သူနဲ့သွေးတူတဲ့သူ့ဦးလေးရှိနေတာ ကံကောင်းတာပဲ … ခုခွဲစိတ်မှုလဲအောင်မြင်သွားပါပြီ … ကလေးကပျက်ကျသွားတာပါ … သန္ဓေသားလောင်းကိုဖယ်ရှားပြီးပြီမို့ လူကြီးကမကြာခင်ပြန်ပြီး ကျန်မာလာမှာပါ … စိတ်ပူစရာမလိုတော့ပါဘူး … ကလေးအတွက်တော့ ကျွန်တော်လဲ စိတ်မကောင်းပါဘူး "
ရှုမန်းလဲ ကလေးထိခိုက်မယ်မှန်းတွေးထား၍ စိတ်ကိုထိန်းနိုင်ခဲ့တယ် … ရန်အာအန္တရာယ်ကင်းဖို့သားမျှော်လင့်ထားခြင်းဖြစ်တယ် … အနည်းဆုံးသူ့အနားကနေရန်အာထွက်မသွားရင်ပင်ရပါပြီ …
၂ ရက်လောက်သတိမေ့နေပြီးမှ ရန်အာသတိရလာခဲ့တယ် … သူနိုးနိုးချင်း ကလေးမရှိတော့တာကိုသိတော့ ရူးမတတ်ငိုကြွေးလေတယ် … ရှုမန်းက ပွေ့ဖက်ရင်းနှစ်သိမ့်ပေးတယ် …
" မင်းအပြစ်မဟုတ်ပါဘူး … မင်းအသက်ရှင်နေသေးရင်ကိုပဲ ကိုယ်ဝမ်းသာနေပါပြီ "
" ဒါပေမဲ့ ကျွန်တော်ရင်သွေးလေးကို ဆုံးရှုံးအောင်လုပ်မိသွားပြီ "
" အားလုံးက ကိုယ့်အပြစ်တွေပါ … တစ်ချိန်က ကိုယ်အိုမီဂါတွေကိုဖျက်စီးခဲ့ဖူးတယ် … ဘုရားသခင်က ကိုယ့်ကိုပြန်ပြီး ပြစ်ဒါဏ်ချမှတ်လိုက်တဲ့ပုံပဲ … ကိုယ်သူများတွေအပေါ်လုပ်ခဲ့သလို ကိုယ်တန်ဖိုးထားရတဲ့အိုမီဂါလေးကို ကိုယ့်အနားကနေခေါ်ဆောင်မသွားတာကိုပဲ ကျေးဇူးတင်နေပါပြီ "
" ကျွန်တော်တောင်းပန်ပါတယ် … ကျွန်တော်က အကို့အတွက် ပြစ်ဒါဏ်တစ်ခုလိုဖြစ်နေတာလား "
" မဟုတ်ဘူး … မင်းကကိုယ့်အတွက် ဆုလာဒ်ပါ … မင်းကိုယ့်အနားရှိနေယုံနဲ့ပြည့်စုံပါပြီ "
ထိုနေ့က ၂ ယောက်သားပွေ့ဖက်ရင်း အတော်ကြာငိုခဲ့ကြတယ် … ရှုမန်းရင်သွေးလေးအတွက် နောက်ဆုံးဝယ်လာတဲ့ပစ္စည်းလေးက ဖိနပ်သေးသေးလေးဖြစ်နေတယ် … ချစ်စရာကောင်းပေမဲ့ ရင်သွေးလေးလဲမရှိတော့တာကြောင့် သူတို့ကလေးလေးအတွက်ဝယ်ထားတဲ့ပစ္စည်းတွေကို မိဘမဲ့ကျောင်ကို ရင်သွေးလေးအတွက်ရည်စူးပြီး လှူတန်းလိုက်ကြတယ် …
ထိုအဖြစ်အပျက်ပြီးနောက် ရှုမန်း ရန်အာကိုကလေးယူဖို့အကြောင်း မဟတော့သလို အရိတ်တကြည့်ကြည့်နဲ့ဂရုစိုက်ပြီး အကြောက်တရားတွေနဲ့ရှင်သန်နေရတယ် … သူ့ဘဝမှာ တစ်စုံတစ်ယောက်ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်က သေတဲ့ထိ ပျောက်ကွယ်သွားမှာမဟုတ်တော့ဘူး … ဒါပေမဲ့ ချစ်ရသူနဲ့ရှင်သန်ရတဲ့ အခိုက်အတန့်လေးက သူ့ဘဝမှာအပျော်ရွှင်ရဆုံးအချိန်အခါဖြစ်လာခဲ့တယ် …
…………………………………………………………………………………
To Be Continued …
( A/N - ရှုမန်းတို့အတွဲက ဝမ်းနည်းစရာကောင်းတဲ့အခိုက်အတန့်တွေရှိခဲ့ပေမဲ့ ပျော်စရာအဆုံးသတ်လေးပါပဲ … သူကအစပိုင်းတစ်ချိန်လုံး ဗီလိန်ဖြစ်လာတာမို့ ဒီလောက်ကံဆိုးမှုကတော့ ရှိသင့်ပါတယ် … ဒါကသူလုပ်ခဲ့တဲ့အပြစ်တွေအတွက် ပြစ်ဒါဏ်ဖြစ်သလို နောက်ပိုင်းသူလုပ်ခဲ့တဲ့ကောင်းမှုတွေအတွက် ဆုလာဒ်လဲဖြစ်တယ် … ဒီလောက်ဆို ဒီအတွဲလေးအတွက် ပြည့်စုံပါပြီ 🥰 )
( ဒါဒါလေးတွေ စိတ်ကူးထဲမှာ ဘယ်လိုပုံဖော်ထားလဲမသိပေမဲ့ … ဒီပုံကကိုယ့်အတွက် ရှုမန်းနဲ့ရန်အာအဖြစ် အလိုက်ဖက်ဆုံးပဲ 🥰 )
Zawgyi
~~~~~~~
တစ်လခန့်ကြာသော် ……
" အင်း … ခုပဲသွားတော့မယ် "
" အကိုကြီး "
" ဟုတ်ကဲ့ "
" ရန်အာ "
" အကို "
" ရန်အာ ! "
" လူနာရှင် "
…………………………………………………………………………………
To Be Continued …