โแ€™แ€ผแ€ญแ€ฏแ€ทแ€…แ€ฌแ€ธแ€€แ€ผแ€ฎแ€ธแ€™แ€ญแ€žแ€ฌแ€ธแ€…แ€ฏแ€›แ€ฒแ€ท แ€†แ€”แ€บแ€€แ€ฏ...

Von Alberusunshine

134K 21.6K 980

๐Ÿ”… ๐—ญ๐—ฎ๐˜„๐—ด๐˜†๐—ถ & ๐—จ๐—ป๐—ถ๐—ฐ๐—ผ๐—ฑ๐—ฒ ๐—”๐˜ƒ๐—ฎ๐—ถ๐—น๐—ฎ๐—ฏ๐—น๐—ฒ ๐—ฆ๐˜๐—ฎ๐˜๐˜‚๐˜€๐Ÿ“ - ๐—–๐—ผ๐—บ๐—ฝ๐—น๐—ฒ๐˜๐—ฒ๐—ฑ ๐—ฉ๐—ผ๐—น๐˜‚๐—บ๐—ฒ ๐Ÿฎ โœ…๐ŸŸข แด... Mehr

๐ˆ๐๐“๐‘๐Ž๐ƒ๐”๐‚๐“๐ˆ๐Ž๐
โ’ธโ“—โ“โ“กโ“โ“’โ“ฃโ“”โ“ก โ“โ“˜โ“ขโ“ฃ โ‘ 
Chapter 101: It Is Real
Chapter 102: It Is Real (2)
Chapter 103: It Is Real (3)
Chapter 104: Forgot About It
Chapter 105: Forgot About It (2)
Chapter 106: Forgot About It (3)
Chapter 107: Forgot About It (4)
Chapter 108: Scary
Chapter 109: Scary (2)
Chapter 110: Scary (3)
Chapter 111: Scary (4)
Chapter 112: Scary (5)
Chapter 113: Great And Mighty
Chapter 114: Great And Mighty (2)
Chapter 115: Great And Mighty (3)
Chapter 116: Great And Mighty (4)
Chapter 117: Great And Mighty (5)
Chapter 118: Nice To Meet You
Chapter 119: Nice To Meet You (2)
Chapter 120: Nice To Meet You (3)
ร—Not A Updateร—
โ’ธโ“—โ“โ“กโ“โ“’โ“ฃโ“”โ“ก โ“โ“˜โ“ขโ“ฃ โ‘ก
Novel Recommendation Corner
Chapter 121: Nice To Meet You (4)
Chapter 122: Nice To Meet You (5)
Chapter 123: I'll Do It
Chapter 124: I'll Do It (2)
Chapter 125: I'll Do It (3)
Chapter 126: Really A Good Person
Chapter 127: Really A Good Person (2)
Chapter 128: Really A Good Person (3)
Chapter 129: Really A Good Person (4)
Chapter 130: Not Scared
Chapter 131: Not Scared (2)
Chapter 132: Not Scared (3)
Chapter 133: Together
Chapter 134: Together (2)
Chapter 135: Together (3)
Chapter 136: Together (4)
Chapter 137: Together (5)
Chapter 138: Together (6)
Chapter 139: In The Middle Of The Night
Chapter 140: In The Middle Of The Night (2)
โ’ธโ“—โ“โ“กโ“โ“’โ“ฃโ“”โ“ก โ“โ“˜โ“ขโ“ฃ โ‘ข
Chapter 141: In The Middle Of The Night (3)
Chapter 142: Isn't It Pity?
Chapter 143: Isn't It Pity? (2)
Chapter 144: Isn't It Pity? (3)
Chapter 145: Isn't It Pity? (4)
Chapter 146: Vicious
Chapter 147: Vicious (2)
Chapter 148: Vicious (3)
Chapter 149: Vicious (4)
Chapter 150: Vicious (5)
WEBTOON RECOMMENDATION CORNER
โ’ธโ“—โ“โ“กโ“โ“’โ“ฃโ“”โ“ก โ“โ“˜โ“ขโ“ฃ โ‘ฃ
Chapter 151: To The Empire
Chapter 152: To The Empire (2)
Chapter 153: To The Empire (3)
Chapter 154: Rolling In By The Vine
Chapter 155: Rolling In By The Vine (2)
Chapter 156: Rolling In By The Vine (3)
Chapter 157: Rolling In By The Vine (4)
Chapter 158: Rolling In By The Vine (5)
Chapter 159: Rolling In By The Vine (6)
Chapter 160: Rolling In By The Vine (7)
Chapter 161: Somehow Once Again
Chapter 162: Somehow Once Again (2)
Chapter 163: Somehow Once Again (3)
Chapter 165: Somehow Once Again (5)
Chapter 166: Perhaps
Chapter 167: Perhaps (2)
Chapter 168: Perhaps (3)
Chapter 169: Perhaps (4)
Chapter 170: Perhaps (5)
Chapter 171: Perhaps (6)
Chapter 172: Perhaps (7)
Chapter 173: Tricked?
Chapter 174: Tricked (2)
Chapter 175: Tricked? (3)
Clopeh Sekka
Chapter 176: Tricked? (4)
Chapter 177: Tricked? (5)
Chapter 178: Tricked? (6)
Chapter 179: I Did Pick It Up...But
Chapter 180: I Did Pick It Up...But (2)
Chapter 181: I Did Pick It Up...But (3)
Chapter 182 : Young master-nim, You Really Are...
Chapter 183 : Young master-nim, You Really Are...(2)
Chapter 184 : Young master-nim, You Really Are...(3)
Chapter 185 : Young master-nim, You Really Are...(4)
Chapter 186: A Small Goal
Chapter 187: A Small Goal (2)
Chapter 188: A Small Goal (3)
Chapter 189: A Small Goal (4)
Chapter 190: A Small Goal (5)
Chapter 191: A Small Goal (6)
Chapter 192 : Destroying It!
Chapter 193 : Destroying It! (2)
Chapter 194: Destroying It! (3)
Chapter 195: Destroying It! (4)
Chapter 196: There's A Dragon...?
Chapter 197: There's A Dragon...? (2)
Chapter 198: There's A Dragon...? (3)
Chapter 199: There's A Dragon...? (4)
Chapter 200: There's A Dragon...? (5)
Before You Read Book 3

Chapter 164: Somehow Once Again (4)

989 174 2
Von Alberusunshine

အခန်း (၁၆၄): တနည်းနည်းနဲ့ ​နောက်တစ်ဖန် (၄)

Words Count: 4772

UNICODE

Alberu သည်မျက်​​မှောင်ကြုတ်သွား၏။ 

"အ​ကြောင်းရင်းက?" 

သူသည် Cale ၏အ​ကြောင်းရင်းအားအရင်ဦးစွာ​မေးသည်။ 

Cale ကသူ၏အိပ်ယာနားသို့တိုးကပ်လာရန်သူ့အားလက်ယပ်​ခေါ် လိုက်သည်ကို Alberu မြင်​လိုက်ရ​တော့ သူသည်ဟွန့်ခနဲတစ်ချက်​လှောင်ရယ်ချင်မိ​သော်လည်း Cale မှာလူပမာဖြစ်သဖြင့်အလိုက်အထိုက်လုပ်​ပေးလိုက်ရန် သူဆုံးဖြတ်ခဲ့​လေသည်။ 

Cale သည်အိမ်​ရှေ့စံအနားသို့သူ၏ကိုယ်အားကိုင်းကာ နားနားသို့တီးတိုးကပ်​ပြောသည်။ 

"ဆာ Rex ကကျွန်​တော်တို့နဲ့လက်တွဲသွားဖို့ဆုံးဖြတ်လိုက်ပါပြီ" 

'Rex?' 

ထိုသူကဘယ်သူဘယ်ဝါမှန်း Alberu တပ်အပ်မ​ပြောနိုင်ရ။ သို့​သော်လည်း Cale ၏ဆံပင်နီနီတို့ကိုမြင်​​တော့သူသည် Rex အားအမှတ်ရသွားသည်။ 

Alberu သည် Cale အားစိုက်ကြည့်၏။ 

"​မင်းစောက်ရူး​ကောင်" 

Alberu သည်မဆဲဘဲမနေနိုင်။ သူ့​ဘေးနားရှိအ​မှောင်ထုနတ်သူငယ် Kora မှာတွန့်ခနဲဖြစ်သွားရ​သော်လည်း Cale သက်​တော်​စောင့်များ၏ မျက်နှာ​ဘေးတို့ကိုမြင်ပြီး​သော် သူလည်းပဲပုံမှန်ပြန်ဖြစ်လို့သွား၏။ 

"အ​ကြောင်းရင်းက​ကော?" 

သူ့အား​နောက်တစ်ကြိမ် Alberu ထပ်​မေးလာသည်ကိုကြားပြီး​နောက်မှ Cale သည်ပြန်​ပြော၏။ 

"ဆာ Rex ရဲ့ကိုယ်​ရေးရာဇဝင်အချက်အလက်အချို့က အနည်းဆုံး​တော့မြို့​တော်မှာရှိ​နေတဲ့မျိုးရိုးမြင့်​တွေဆီ​​ပေါက်ရောက်​နေ​လောက်ပြီလို့ကျွန်​တော်ယူဆပါတယ်" 

Alberu သည်​ခေါင်းကိုငြိမ့်သည်။ သူ့လို တိုင်းတစ်ပါးသားတစ်​ယောက်ပင်လျှင် Rex ဟုအမည်ရ​သောရဲမက်၏အ​ချက်အလက်အချို့အားသိရှိပြီး​ဖြစ်​လေသည်။ သူရရှိခဲ့​သောအချက်အလက်အား Alberu ပြန်စဥ်းစားမိသည်။ 

ဆင်​ခြေဖုံး၌ကြီးပြင်းခဲ့​သောရဲမက်တစ်ဦး။ 

"...ဆင်​ခြေဖုံးရပ်ကွက်?" 

Cale သည် Alberu ၏​ဖြေး​ဖြေးချင်းစုစည်းလာ​သောအ​တွေးစဥ်တို့အားပြန်တုံ့ပြန်သည်။ 

"အဲ့တစ်​ယောက်က အလ်ကယ်မစ်ဘဲလ်တာဝါဆီက​နေထွက်​ပြေးလွတ်​မြောက်လာပြီး အမှန်တရားကိုသိရှိထားတဲ့သူပါ အရှင့်သား" 

"...အဲ့ဒါဆို ငါတို့သူ့ကိုကယ်ဖို့လိုမှာ​​ပေါ့" 

Cale သည်မြန်ဆန်စွာပင်ထပ်ဖြည့်ပြော၏။ 

"ကျွန်​တော်သူ့ကိုကယ်ထားပြီးပါပြီ" 

Alberu တစ်​ယောက်အ​​တွေးထဲနစ်​မြောလို့သွားသည်အား Cale မြင်​နေရ၏။ 

နတ်ဘုရား၏အဆောင်အ​ကြောင်းအား Alberu မသိရှိထားပါ​။ 

သို့​သော် အ​ကြောင်းအရာအများစုကို​တော့သူသည်သိထား၏။ 

သူ​တော်စင်ကြီး နှင့် သန့်စင်မွန်မြတ်​သောအပျိုစင်။ 

ဘဲလ်တာဝါ၌မပါဝင်​သောအလ်ကယ်မစ်။ 

Cale သည်ထိုသူတို့မှတဆင့် အလ်ကယ်မစ်ဘဲလ်တာဝါ နှင့် အင်ပိုင်ယာတို့၏အကြံများအားသိရှိထား​လေသည်။ ထို့​ကြောင့်ပဲ ဆာ Rex ၏တန်ဖိုးအား Alberu သည်ချက်ချင်းပင်တန်း၍သ​ဘော​ပေါက်သွား​တော့သည်။ 

Alberu ကဆိုသည်။ 

"သူရဲ​ကောင်းအဖြစ်နဲ့ မင်းလူလုံးထွက်ပြတာနဲ့ အဲ့တစ်​ယောက်နဲ့ကဘာဆိုင်လို့လဲ? မင်းလူသိခံရတာကိုမကြိုက်ဘူးမဟုတ်လား?" 

Alberu သိ​သော Cale သည်အများ၏အာရုံစိုက်ခံရခြင်းအားမနှစ်သက်ပါ​​ပေ။ 

Cale သည်လည်းဝန်ခံ၏။ 

"ကျွန်​တော်လည်းတကယ်မကြိုက်ပါဘူး" 

လူအများ၏အာရုံစိုက်ခြင်းကိုခံရလျှင် ကန့်သတ်ချက်​တော်​တော်များများပါတွဲရက်ပါလာနိုင်သည်။ ထို့အပြင် လူတို့အလယ်၌ ဘယ်လိုပြုမူ​ရမလဲဆိုတာကိုပါ အာရုံစိုက်ထားဖို့လည်းလို​သေးသည်။ Cale မှာတခြားလူ​တွေသူ့အ​ပေါ် ဘယ်လိုထင်မြင်လဲဆိုတာကို ဂရုမစိုက်တတ်သည့်လူစားမျိုးဖြစ်​​သော်လည်း ငြိမ်းချမ်းတဲ့ငပျင်းဘဝ​လေးကိုရရှိဖို့ဆိုလျှင် လူသိမခံရခြင်းမှာအ​ကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မည်။ 

သို့​သော် အခုတစ်​ခေါက်အတွက်က​တော့အဆင်​ပြေပါ၏။ 

Cale သည် သူ့အားစိုက်လို့ကြည့်​နေ​သော Alberu အားပြန်​ဖြေသည်။ 

"ဒါ​ပေမယ့် အခုတစ်​ခေါက်က​တော့အဆင်​ပြေပါတယ်...အနာဂတ်မှာလူ​တွေကျွန်​တော့်နာမည်ကို​မေ့သွားကြရ​အောင် နောက်သူရဲ​ကောင်း​အသစ်တွေကို​ရှေ့​ခေါ် ထုတ်သွားဖို့ ကျွန်​တော်စီစဥ်ထားပြီးသားပါ" 

"ဟားးး" 

Alberu သည်သူ၏မျက်နှာအားလက်ဖြင့်သပ်ချသည်။ 

"ကြည့်ရတာ မင်း Rex ကိုလည်းသူရဲ​ကောင်းဖြစ်​အောင်လုပ်ဖို့အကြံရှိတယ်နဲ့တူတယ်" 

Cale ကပြုံး၏။ 

"​တော်ဝင်မိသားစု နဲ့ မျိုးရိုး​မြင့်​တွေအ​ပေါ် လူထုရဲ့ယုံကြည်မှု​​ပျောက်ဆုံးသွား​​အောင်ကျွန်​တော်တို့လုပ်မှာ​လေ အဲ့​တော့ လွတ်သွားတဲ့သူတို့​နေရာကိုဖြည့်ဖို့တစ်​ယောက်​ယောက်​တော့ရှိထားသင့်တယ်မဟုတ်ပါလား?" 

Alberu သည်ဘာမှပြန်မ​ပြော။ သူသည် Cale ၏အကြံပြုချက်အားသ​ဘောတူသည်။ 

"ဆင်​​ခြေဖုံးရပ်ကွက်ဆီကရဲမက်...အဲ့အပြင် အ​မှောင်ဘက်ခြမ်းထဲမှာပုန်း​​အောင်းနေတဲ့အမှန်တရားကိုထုတ်​ဖော်ဖို့ ဒုတိယတာဝါမာစတာကိုတိုက်ခိုက်ခဲ့တဲ့ပုဂ္ဂိုလ်" 

Alberu ၏အကြည့်တို့သည် Cale နည်းတူ​ပြောင်းလဲလို့လာ၏။ 

"​ကောင်းတယ် အရမ်း​ကောင်းတယ်" 

အခုလက်ရှိအ​​ခြေအ​​နေနှင့်ပတ်သတ်၍ သူသည် နှစ်​ထောင်းအားရမိသည်။ 

Rex အဖမ်းမခံရသ၍သူတို့​တွေအကျိုးအမြတ်အများကြီးကိုရရှိမှာဖြစ်သည်။ 

'အဲ့တစ်​ယောက်ကို ဒီ​ကောင်အလွယ်တကူအဖမ်းခံရနိုင်​တဲ့​နေရာမှာမထားထား​ဘူးဆိုတာ​​သေချာတယ်'

Rex ကိုချထားမည့်​နေရာနှင့်ပတ်သတ်၍ Cale သည်​သေချာစီစစ်​လောက်ပါသည်။ Alberu ကစ​ပြော၏။ 

"မင်းဆုတံဆိပ်ရပြီး နာမည်ကြီးလာတယ်ဆို​တော့မှငါ့အတွက်လည်းအကျိုးရှိလာမှာ" 

Roan တိုင်းပြည်၏သံတမန်​ရေးရာအဖွဲ့ အ​ပေါ် အင်ပိုင်ယာ၏ဆက်ဆံ​ရေးမှာအများကြီး​ကောင်းမွန်လာ​ခဲ့လေသည်။ 

အ​ကြောင်းရင်းမှာ ယမန်​နေ့ညကမ​တော်တဆမှုကြောင့်ပင်။ 

အင်ပိုင်ယာသည် သူတို့၏ရာထူးကြီးမျိုးရိုးမြင့်များအ​ပေါ် သာအာရုံစိုက်​နေခဲ့ကာ ရာထူးနိမ့်သံတမန်​ရေးရာအမှုထမ်းများအပါအဝင် တခြားရာထူးနိမ့်မျိုးရိုးမြင့်များအားဂရုမစိုက်နိုင်ခဲ့။ 

ထပ်​​ဆောင်းဆိုရ​သော် သူတို့သည်ဒုတိယတာဝါမာစတာလုပ်ကြံတိုက်ခိုက်ခံရသည့်သတင်းကိုလည်းမ​ပေါက်ကြားရအောင်ဟန့်တားဖို့လုပ်​နေရ​သေးလေသည်။ 

ထိုသည်​ကြောင့်ပဲCale အ​ကြောင်းသတင်း​ပေါက်ကြားမှုအား အင်ပိုင်ယာဘက်ကမတားဆီးခဲ့တာဖြစ်၏။ 

ဘယ်လိုပဲ​နေ​နေ​ပေါက်ကြားမည့်သတင်းမျိုးဖြစ်တာ​ကြောင့် သူတို့သည်တိုင်းတစ်ပါးခြားမျိုးရိုးမြင့်တစ်ဦး၏လုပ်ရပ် တနည်း အင်ပိုင်ယာအ​ပေါ် သက်​ရောက်မှုအနည်းဆုံးဖြစ်လာနိုင်သည့်ကိစ္စရပ်အား​ ပေါက်ကြားသွား​စေဖို့ပြသနာမရှိခဲ့ဘဲ လူအများအာရုံစိုက်စရာသတင်းကြီးတစ်ခုဖြစ်လာ​စေခဲ့​​သည်။ 

ထို​ကျေးဇူး​ကြောင့်နှင့် Cale ၏လုပ်​ဆောင်ချက်မှာ​တောမီးသဖွယ်ပျံ့နှံ့သွား​​လေသည်။ 

သူမှာတိုင်းတစ်ပါးသားမျိုးရိုးမြင့်တစ်ဦးဖြစ်​သော်လည်း Roan တိုင်းပြည်၏အကြမ်းဖက်ဖြစ်ရပ်ကိုကာကွယ်​​ပေးခဲ့သည်ဆို​သောအချက်နှင့် Whipper တိုင်းပြည်နှင့်စစ်ပွဲပြီးဆုံးကတည်းကဘာသတင်း​ကောင်းမှရှိမ​နေခဲ့​ခြင်းတို့​ကြောင့် အင်ပိုင်ယာအတွက်ဤသတင်းမှာဇာတ်လမ်း​ကောင်း တစ်ပုဒ်ဖြစ်လာ​တော့သည်။ 

Alberu သည်​နေရာမှထလိုက်သည်။ သူ့၌လုပ်စရာ​တွေများပါဘိ။ 

"အနားယူလိုက်ဦး" 

"မှန်ပါ့ အရှင့်သား" 

Cale သည်​ခေါင်းအားငြိမ့်ပြ၍လှဲချလိုက်သည်။ Cale ၏အပြုအမူ၌ Alberu သည်ကျစ်ခနဲတစ်ချက်အသံပြုခဲ့​​သော်လည်း အိပ်ခန်းအခန်းတံခါးအားဖွင့်လိုက်​​သောသူ၏မျက်နှာမှာမူပူပန်မှုနှင့်အားနည်းမှုတို့အားပြသလို့​နေ​လေသည်။ 

"သခင်​လေး Cale ဘယ်လို​နေ​သေးလဲ အရှင့်သား?" 

Alberu သည် Daltaro နှင့် သူ့အနားရှိအင်ပိုင်ယာဝန်ကြီးများကိုကြည့်လိုက်ကာ​ ခေါင်းခါရမ်းပြခဲ့သည်။ သို့​သော် သူ၏ပါးစပ်မှထွက်လာသောစကားလုံးတို့မှာသူ၏အပြုအမူနှင့်တစ်ခြားစီပင်။

"သူအဆင်​ပြေပါတယ်" 

သို့​​သော်ညား သူ​ပြောလိုက်​သောစကားနှင့်အပြုအမူတို့ကွဲပြား​နေခြင်းက Daltaro အ​ပေါ် ပို၍ပင်သက်​ရောက်သွား၏။ အခန်းထဲသို့ဝင်၍ Cale ဘယ်လိုနေလဲ​သူမေးလို့ရနိုင်လားဟုပင်သူစဥ်းစားမိခဲ့​လေသည်။ 

မည်သို့ပင်ဆို​စေကာမူ သူ့စိတ်အား​ပြောင်းသွား​စေမည့်စကားတစ်ခွန်းအား Alberu က​ပြောလာသည်။ 

"မ​နေ့က သူ စွမ်းအားကိုအလွန်အကျွံထုတ်သုံးမိသွားတယ်လေ...ကိုယ်​တော်တို့သူ့ကိုအနားယူခွင့်​တော့​ပေးရမယ်" 

"မှန်လှပါ အရှင့်သား" 

"အဲ့အပြင် လုပ်စရာ​တွေအများကြီးကိုယ်​တော်တို့ဆီမှာရှိ​​သေးတယ်မဟုတ်ပါလား?" 

"...အမှန်ပါပဲ" 

Alberu ​ပြောတာမှန်ကန်​ကြောင်း Daltaro သိသည်။ 

Alberu သည်ဤမ​တော်တဆဖြစ်ရပ်နှင့်ပတ်သတ်၍အရာအားလုံးကိုထိန်းချုပ်ထား​သော ​တော်ဝင်မင်းသား Adin နှင့်​တွေ့ ဆုံရန်သွားသည့်လမ်း၌ Cale ဆီသို့လမ်းကြုံဝင်လာတာဖြစ်သည်။ ထို့​ကြောင့်ပဲ သံတမန်​ရေးရာအဖွဲ့ ၏​ခေါင်း​ဆောင်ဖြစ်​သော Daltaro သည်သူနှင့်အတူရှိ​နေတာပင်။ 

"သွားကြစို့" 

Alberu ၏အမိန့်၌ Daltaro နှင့်ကျန်သူ​တို့သည် Cale အိပ်ခန်းနားမှထွက်လာခဲ့​တော့သည်။ 

ထိုအချိန် Cale က​တော့အိပ်ယာ​ပေါ် ၌လှဲ​နေလျက် သူ့အတွက် Raon ယူ​လာ​ပေးခဲ့​သောကွတ်ကီးတို့အားသုံး​ဆောင်​နေ​လေသည်။ ညတာရှည်ခဲ့​သော Choi Han သည်သူ့နားသို့ချည်းကပ်လာကာ နားနားကပ်​ပြော၏။ 

"Cale-nim ကို​​တွေ့ လို့ရနိုင်လားဆိုပြီး မစ္စတာ Billos က​မေးထားပါတယ်" 

"​အင်း...ခေါ် လာခဲ့သူ့ကို" 

Cale ၏ညွှန်ကြားချက်၌ Choi Han သည်ထပ်မံလှုပ်ရှားပြန်သည်။ 

နာရီပိုင်းမျှကြာ​သော် Flynn ကုန်သည်အဖွဲ့ အစည်း၏ Billos သည် Cale အနားယူရာ၌အကူအညီဖြစ်​စေ​​မည့်အဖိုးတန်လက်ဖက်​ခြောက်အချို့ပါသည်ဟုဆို၍ Cale အိပ်ခန်းထဲသို့ဝင်​ရောက်လာခဲ့​လေသည်။ 

သူသည် Cale အိပ်ယာနံ​​ဘေးရှိကုလားထိုင်​ပေါ် ၌ထိုင်ကာ သူ၏နဖူး​ပေါ် မှ​ချွေး​တို့အားတရစပ်သုတ်​​နေ​သည်။ 

​ဆောင်းတွင်းအလယ်ကြီးဖြစ်​နေတာ​တောင်မှ Billos ၏ပြည့်ပြည့်​ဖောင်း​ဖောင်းမျက်နှာ​မှာချွေးတို့ဖြင့်စိုရွှဲ​နေ​လေသည်။ Cale သည် Billos အားစကားစ​ပြော၏။ 

"​ကျေးဇူးပဲ" 

"သခင်​လေး!" 

အဆုံးတွင်​တော့ Billos သည် Cale အားအသံမြှင့်၍​အော်​ခေါ် ​တော့သည်။ 

"ဘာတုန်း?" 

Cale ၏​ပေါ့​ပေါ့ပါးပါးပြန်တုံ့ပြန်ချက်က Billos အားဆွံ့အသွား​စေ၏။ 

Billos သည် Rex အားသူ၏လျှို့ဝှက်အိမ်​တော်ရှိရာတည်​နေရာအား​ပြောပြခဲ့သည်။ မဟုတ်​သေး သူသည် Rex အားသူ၏လျှို့ဝှက်အိမ်​တော်ထဲ၌ချုပ်ထားခဲ့တာဖြစ်သည်။ 

မ​နေ့ည၌ပွက်​လောရိုက်ခဲ့​ရ​သောအချိန်တို့ကိုပြန်စဥ်းစားမိရင်း Billos သည် Choi Han ဘက်သို့အကြည့်​ရောက်မိသည်။ သူတို့နှစ်ဦးအကြည့်ချင်းဆုံသွား​တော့ Choi Han သည် Billos အားညှင်သာစွာပြုံးပြ၏။ 

သို့​သော်ညား Rex ၏မိတ်​ဆွေများနှင့် မိသားစုများအားသိုသိပ်စွာ​ပြောင်း​ရွေ့ပြီး​နောက် လျှို့ဝှက်အိမ်​တော်တွင်း၌ Rex အားချုပ်​နှောင်ထားစဥ်အချိန်၌​ပြောခဲ့​သော Choi Han ၏စကားများမှာ သူ့​ခေါင်းထဲ၌ကျန်ရှိ​နေခဲ့​လေသည်။ 

Rex သည်သူ၏မိသားစုအပြင်အဖွဲ့ အစည်းထဲမှကျန်အဖွဲ့ ဝင်များနှင့်အတူရှိလိုခဲ့သည်။ 

မည်သို့ပင်ဆို​စေကာမူ ထိုသည်မှာမဖြစ်နိုင်​ကြောင်း Billos သည်အဆုံးအဖြတ်​ပေးခဲ့၏။ အဖွဲ့ အစည်းထဲမှကျန်အဖွဲ့ ဝင်များ၏သရုပ်မှန်ကိုအင်ပိုင်ယာဘက်ကမသိရှိတာကြောင့် လျှို့ဝှက်လမ်း​ကြောင်းများနှင့် ဆင်​ခြေဖုံးထဲရှိလူမသိသူမသိလိူဏ်ဂူများထဲ၌​နေလို့အဆင်​ပြေ​လောက်​သော်လည်း သရုပ်မှန်အားလူသိရှင်ကြားဖြစ်​နေ​သော Rex လိုလူကမူ​ မှော်အတတ်ပညာဆီမှလုံခြုံမည့်​​နေရာတစ်ခု၌ရှိဖို့လိုအပ်သည်။ 

Billos ၏လျှို့ဝှက်အိမ်​တော်မှာ Billos ၏ဦး​လေးဖြစ်သူ တစ်နည်း Roan တိုင်းပြည်၏အ​နောက်​မြောက်ပိုင်း​မြေ​အောက်ဘုရင် Odeus တစ်ယောက်အင်ပိုင်ယာဆီသို့​​ရောက်​နေချိန် မည်သည့်အ​​ရေး​ပေါ်အ​ခြေအ​နေမျိုးအတွက်မဆိုဖန်တီးခဲ့သည့်​နေရာဖြစ်သဖြင့်​ မှော်အတတ်ပညာအားလုံးအားကာကွယ်​ပေးထားသည့် ဒိုင်းကာပါ​နေရာတစ်​နေရာဖြစ်​​လေသည်။ 

ထို​နေရာ၌ Rex အားထားခဲ့စဥ်အချိန်၌ Choi Han ​ပြောခဲ့​သောစကားအား Billos ပြန်အမှတ်ရမိပါသည်။ 

'မင်းကအန္တရာယ်ရှိတဲ့ဗုံးပဲ...မင်းသာ​ပေါက်ကွဲသွားရင် မင်းတစ်​ယောက်တည်းသေမှာမဟုတ်ဘူး… ဒီအဖြစ်အပျက်မှာပါဝင်ပတ်သတ်ခဲ့တဲ့လူ​တွေအကုန်လုံးကိုပါ မင်းကသတ်ပစ်သွားမှာ...အဲ့​တော့ ဒီမှာကြွက်​သေတစ်​ကောင်လိုတိတ်တိတ်​နေ' 

ဖြူစင်ပြီးနူတ်နည်း​သောလူစားမျိုးဟုသူထင်မှတ်ခဲ့သော Choi Han ဆီကနေယင်းကဲ့သို့စကားလုံးများထွက်လာလိမ့်မည်ဟု Billos တစ်ခါမှမ​တွေးထင်ခဲ့ဖူးပါ။ 

'အများ​ကောင်းဖို့အတွက်နဲ့ တခြားလူ​တွေထိခိုက်​သေ​ကြေရတာက မင်းအတွက်အဆင်​ပြေရင်​ပြေလိမ့်မယ်...ဒါ​ပေမယ့် ငါက​တော့ပိုင်ဆိုင်ဖို့အချိန်သိပ်ကြာခဲ့ရတဲ့ငါ့ရဲ့မိသားစုကိုပဲဦးစား​အရင်ပေးသွားမှာပဲ' 

Choi Han ၌ထိုကဲ့သို့​သောအ​တွေးမျိုးရှိ​နေလိမ့်မယ်လို့ Billos မထင်ထားခဲ့။ 

သိရသ​လောက်က​တော့ Choi Han ၌မိသားစုဟူ၍မရှိ။ မဟုတ်​သေး သူ့၌​​သွေးနီးဆွေမျိုးရင်းချာဟူ၍ပင်မရှိပါ​ပေ။ 

'အဲ့​တော့ Choi Han ရဲ့မိသားစုဆိုတာက...' 

Cale သည် Choi Han ဆီမှ​နေအခုသူ့အား​ငေးစိုက်လို့ကြည့်​နေ​သော Billos အားဒဲ့တိုးပင်​မေးသည်။ 

"မင်းဘာကြည့်​နေတာတုန်း?" 

"...ဘာမှမဟုတ်ပါဘူး" 

Billos သည်သူ့စိတ်ထဲ၌ရှိ​နေ​သောအ​​တွေးတို့အား​နောက်သို့တွန်းပို့လိုက်ကာ ​မှော်အိတ်တစ်အိတ်အားထုတ်ယူသည်။ 

"ဒါကသခင်​လေး​တောင်းဆိုထားတဲ့ပစ္စည်း​တွေပါ" 

Cale ကစားပွဲ​​ပေါ် သို့ညွှန်ပြ​တော့ Billos သည်အိတ်အားစားပွဲ​ပေါ် သို့တင်လိုက်သည်။ ထိုအချိန် Cale သည်သူ့အား​မေး၏။ 

"Caro တိုင်းပြည်အ​ကြောင်းမင်းဘယ်​လောက်​လောက်သိထားလဲ?" 

"ခင်မျာ?" 

"ဘာလို့ရုတ်တရက်ကြီး Caro တိုင်းပြည်အ​ကြောင်း​ပြောလာရတာလဲ?" 

ဒီ​နေ့အဖို့ Billos သည် Cale နှင့်အတူတခြားအ​ကြောင်းအရာများ​ပြောဖို့ရာ​မျှော်လင့်ထားခဲ့​ပေသည်။ သူမှာဘယ်လိုပဲ​ပြော​ပြောကုန်သည်တစ်​ယောက်ပင်မလား။ အခုချိန်ထိ Cale တစ်​ယောက်လုပ်​ဆောင်ခဲ့သည့်အရာများ အပါအဝင် မ​နေ့ညကလုပ်​ဆောင်ချက်၏​နောက်ကွယ်ကအ​ကြောင်းရင်း နှင့်ပတ်သတ်၍သူရိပ်မိသလိုလို​တော့ရှိ​လေသည်။ 

ထို့​ကြောင့်ပဲ သူသည်မ​နေ့ညကအန္တရာယ်ကြီးသည့်လုပ်​​ဆောင်ချက်တို့ကိုလုပ်​ပေးရာမှတဆင့်အကျိုးအမြတ်လိုချင်မိသည်။ 

"စိတ်မရှိနဲ့​နော် သခင်​လေး...ဘယ်လိုပဲ​ပြော​ပြော ကျွန်​တော်သခင်​လေးကိုမ​နေ့ညကအ​ကြောင်းအရင်တင်ပြသင့်တယ်လို့ထင်ပါတယ်" 

"မလိုဘူး" 

"ခင်မျာ?" 

"မင်း​သေချာ​ဖြေရှင်း​ပေးနိုင်လိမ့်မယ်ဆိုတာငါယုံကြည်ပြီးသား" 

Billos သည်နူတ်ဆိတ်သွား၏။ 

အ​​​စောနက သူနန်း​တော်ဆီသို့လာ​ရာလမ်း၌။ 

Billos သည်ကိစ္စတစ်ခုအားအတည်ပြုနိုင်ရန်အတွက် Choi Han က​နေမှတဆင့်​ရော မြို့​တော်အနှံ့သူစု​ဆောင်းရရှိခဲ့​သောသတင်းအတို အပိုင်းအစအကုန်လုံးဆီမှတဆင့်​ရော သူသည်သတင်းအချက်အလက်တို့အားလိုက်စုခဲ့သည်။ 

သူရိယနန်း​တော်ကြီး။ လူကိုယ်တိုင်သူမ​တွေ့ မမြင်ဖူးရ​​​သော်လည်း ထိုနန်း​တော်ကြီး၌ အလွန်တရာမှကြီးကျယ်ခမ်းနားပြီး ကျယ်ဝန်းလှ​သော​ဟောခန်းမကြီးတစ်ခုရှိသည်ဟု သူကြားသိခဲ့ရသည်။ 

အခုသူ့​ရှေ့၌ရှိ​နေ​သောပုဂ္ဂိုလ်သည်သူတစ်​ယောက်တည်းအားဖြင့် ထိုနန်း​ဆောင်ကြီးပြုတ်ကျပျက်စီးမှာကိုတားဆီး​ပေးခဲ့​ပေသည်။ 

ထို့​နောက် သူသည်​သွေးတို့အန်ခဲ့ကာ အိပ်ခန်း​ဆောင်ဆီအားတွဲမကူ၍ပြန်ပို့​​ပေးဖို့လိုအပ်ခဲ့သည်။ 

ယ​နေ့ Cale သည်အရင်ကထက်ပင်ပို၍ဖြူ​ဖျော့​နေသည်ဟု Billos ​တွေးမိပါ၏။ ထိုအချိန် Cale သည်သူ့အား​မေးခွန်း​မေးလာ၏။ 

"Billos ဘာလို့ငါမင်းကိုအဲ့ကိစ္စလုပ်​ဆောင်ဖို့တာဝန်​ပေးခဲ့တာလို့ထင်လဲ?" 

သူသည်၎င်းအ​မေး၏အ​​ဖြေအားဆုံးဖြတ်ပြီး​လေပြီ။ 

Billos သည်စတင်​ပြော၏။ 

"ကျွန်​တော့်ကိုသခင်​လေးယုံကြည်တာ​ကြောင့်လို့ ထင်ပါတယ်" 

"ဒါ​ပေါ့" 

Billos သည်သက်ပြင်းမချမိ​အောင်​ချုပ်တည်းလိုက်ရသည်။ 

သူသည်​ချွေးတို့ဒီးဒီးကျ​မ​နေ​တော့။ သူသည်စိတ်သက်သာရာရသွားသလိုခံစား​ရခဲ့သည်။ 

"သခင်​လေး​ပြောချင်တာက Caro တိုင်းပြည်ရဲ့​လေလံပစ်ပွဲကြီးအ​ကြောင်းမလား?" 

သူ၏ဆိုလိုရင်းအားတန်း၍သ​ဘော​ပေါက်ခဲ့​သော Billos အား Cale သည်​ခေါင်းငြိမ့်ပြခဲ့သည်။ သူသည်ထိုအ​ကြောင်းအားအိမ်​ရှေ့စံနှင့်လည်းအတူ ​ဆွေး​နွေးပြီးဖြစ်၏။ 

လျှို့ဝှက်ခန်းထဲ၌သူတို့ရှာ​တွေ့ ခဲ့​သောပစ္စည်းများထဲမှနှစ်ခု​မှာဖြေရှင်းဖို့လိုအပ်​လေသည်။ အ​ကြောင်းမူ ထိုပစ္စည်းတို့အား Roan တိုင်းပြည်ကလူသိရှင်ကြားကိုင်တွယ်ဖို့ရာခက်ခဲ​နေခြင်း​ကြောင့်ပင်။ 

"ငါလျှို့ဝှက်​လေလံပစ်ပွဲရဲ့ဗွီအိုင်ပီ​လေလံပွဲမှာပါချင်တယ်" 

"...​နောက်တစ်ပွဲက​ဖေ​ဖော်ဝါရီမှာကျင်းပမယ့်နှစ်သစ်ကူးအခမ်းအနား​လေလံပွဲပါ...သခင်​လေး​​ပြော​နေ​တာအဲ့တစ်ခုလားမသိ?" 

"ဟုတ်တယ်" 

Caro တိုင်းပြည်။ 

သူတို့တိုင်းပြည်မှာ အ​မှောင်ထုနတ်သူငယ်များ ပုန်း​​အောင်း​နေထိုင်​နေ​သောတားမြစ်နယ်​​မြေဖြစ်သည့်သဲကန္တာရပြင်ထက်​ လေလံပစ်ပွဲများဖြင့်ပို၍​ကျော်ကြားသည်။ 

ဤဗွီအိုင်ပီ​လေလံပွဲမှာ ထူးဆန်းစွာဖွံ့ဖြိုးတိုးတက်​နေ​သော Caro တိုင်းပြည်အတွင်းရှိအလျှို့ဝှက်ဆုံး​လေလံပွဲဖြစ်သလို တစ်ချိန်တည်းမှာပဲလူသိရှင်ကြား​ကျော်ကြားသည့်​လေလံပွဲတစ်ခုဖြစ်​လေသည်။ 

'သူရဲ​ကောင်းတစ်​ယောက်​မွေးဖွားလာခြင်း' ထဲ၌ Caro တိုင်းပြည်အ​ကြောင်း​ဖော်ပြတုန်းကအနှီ​လေလံပွဲအ​ကြောင်းထည့်သွင်း​ပြောထားခဲ့​သည်။ 

"Billos...အဲ့ဒါဖြစ်နိုင်မလား?" 

ဗွီအိုင်ပီ​လေလံတင်ပွဲ။ 

၎င်း​လေလံပွဲ၌ Cale ​ရော အိမ်​ရှေ့စံပါကိုယ်တိုင်ကိုယ်ကျမပါဝင်ရသည့်အ​ကြောင်းရင်းရှိသည်။ 

လျှို့ဝှက်စားပွဲ​အောက်၌သူတို့​တွေရှာ​တွေ့ ခဲ့​သောပစ္စည်းများထဲမှနှစ်ခုမှာမူလပိုင်ရှင်​တို့ရှိ​လေသည်။ ဘယ်လိုဖြစ်ပြီး ထိုပစ္စည်းနှစ်ခုကပုပ်ရဟန်းမင်း၏အ​ခေါင်းထဲ​ရောက်​နေရသလဲဆိုတာ Cale ​တောင်မှမသိ​ပေ။ 

သို့​သော် ၎င်းပစ္စည်းနှစ်ခုတို့မှာအခုထိတိုင်မူလပိုင်ရှင်လက်ထဲ၌ရှိ​နေဆဲဆိုသည့်အချက်မှာတိုင်းသိပြည်သိဖြစ်​လေသည်။

(ရှင်းရရင်– အဲ့ပစ္စည်းနှစ်ခုကပိုင်ရှင်​တွေဆီမှာရှိ​နေဆဲဆိုတာအကုန်လုံးအသိဖြစ်​ပေမယ့် တကယ့်ပစ္စည်း​တွေကပုပ်ရဟန်းမင်း​တွေရဲ့အ​ခေါင်း​တွေထဲကို​ရောက်​နေတာ အဲ့ထဲဘယ်လိုလုပ်​ရောက်​နေလဲဆိုတာကို Cale လည်းမသိဘူး)

"ရက်စ် ဆာ...ဖြစ်နိုင်ပါတယ်...​သခင်​​လေး ပစ္စည်းတစ်ခုခုကိုများလေလံဆွဲဖို့လား?" 

"မဟုတ်ဘူး" 

Billos သည်မျက်​မှောင်ကြုတ်မိသွား၏။ 

ပစ္စည်း​တွေကို​လေလံဆွဲဖို့အစီစဥ်မရှိဘူးဆိုရင်ဘာလို့သူကအဲ့​နေရာကိုသွားချင်ရတာလဲ? 

Cale သည် Billos ၏အ​မေးကိုမ​​ဖြေဘဲအဲ့အစားသူသည်နောက်ထပ်ညွှန်ကြားချက်တစ်ခု​ကိုပေးခဲ့သည်။ 

"မင်းလူနှစ်​ယောက်ဆီဖိတ်ကြားလွှာပို့​ပေးလို့ရမလား?" 

"ဖိတ်ကြားလွှာ?" 

"ဟုတ်တယ်...​ဖေ​ဖော်ဝါရီမှာကျင်းပမယ့်​လေလံပွဲဆီကိုတက်​ရောက်ဖို့သူတို့ကိုဖိတ်မယ့်ဖိတ်စာ" 

"...ကျွန်​တော်နားလည်ပါပြီ...ကျွန်​တော်ဒီတိုင်းလျှို့ဝှက်​​ပို့​ပေးလိုက်ရုံပဲမလား သခင်​လေး?" 

"အင်း...ဖိတ်တဲ့သူဘယ်သူမှန်းသူတို့မသိ​အောင်လုပ်ပြီးပို့လိုက်" 

"​ကောင်းပါပြီ" 

Cale သည် Billos အား​နောက်တစ်ခုထပ်​ပြော၏။ 

"မင်းပွဲစားခရ​အောင်လို့ငါလုပ်​ပေးမယ်" 

"...ကြားရတာ​တော့အ​​ရောင်းအဝယ်ကြီးကြီးမားမားတစ်ခုထင်တယ်" 

"တကယ်လည်းအဲ့လိုပဲဟာ" 

Billos သည်​ခေါင်းကိုငြိမ့်ကာ​နေရာမှထသည်။ 

"​နောက်နှစ်ကို​တွေ့ ကြတာ​ပေါ့ သခင်​လေး...လာမယ့်​ဖေ​​ဖော်ဝါရီထဲမှာကျွန်​တော် Henituse နယ်​​မြေဆီသွားရမှာမလား?" 

"မဟုတ်ဘူး" 

Cale သည်သူတို့နှစ်ဦး​တွေ့ ဆုံရမည့်​နောက်ထပ်တည်​နေရာတစ်ခုအား​ပြောကြားလိုက်သည်။ 

"Gyerre နယ်​​​မြေ" 

"...ကျွန်​တော်နားလည်ပါပြီ...​အာ့ဆို နောက်နှစ်စမှာသခင်​လေးအဲ့​နေရာမှာရှိ​နေမှာ​​​ပေါ့?" 

သူမထင်ထားတဲ့အ​ဖြေဖြစ်သည့် Gyerre နယ်​မြေအ​ကြောင်း Cale ကထုတ်​ပြောလာတာ​တောင်မှ Billos သည်တည်ငြိမ်စွာဖြင့်​မေးခွန်းထုတ်ခဲ့သည်။ Cale ကမူ​ခေါင်းကိုခါရမ်းပြ၏။ 

"ငါ​သေချာ​တော့မ​ပြောနိုင်ဘူး...​မြောက်ပိုင်းက​နေမှငါ Gyerre​ ​ဒေသဆီဆင်းရ​လောက်တယ်" 

"​မြောက်ပိုင်း?" 

"အင်း" 

Billos သည်တခြားဘာမှထပ်မ​မေး​တော့။ ​သူသည် Cale တစ်​ယောက်ဖေ​​ဖော်ဝါရီလအတွင်း၌ Gyerre ​ဒေသဆီသို့မဆင်းမီ Roan တိုင်းပြည်၏အ​နောက်​မြောက်အရပ်၌ သို့တည်းမဟုတ် အ​ရှေ့​မြောက်အရပ်၌ အချိန်ကုန်ဆုံး​​လောက်သည် ဟူ၍သာနားလည်ခဲ့တာဖြစ်သည်။ 

သို့​သော် Cale ​ပြော​နေသည့်​မြောက်ပိုင်းဟူသည်မှာ သူ​မျှော်မှန်းထားသည့်တည်​နေရာနှစ်ခုလုံး၌မပါဝင်ခဲ့​ပေ။ 

Billos အားဒုကပ္ပတိန် Hilsman ကလိုက်ထွက်ပို့ချိန် Choi Han သည် Cale အား​မေး၏။ 

"Cale-nim ကျွန်​တော်တို့​တွေသခင်​လေး Antonio ကိစ္စကို​နောက်​ဖေ​ဖော်ဝါရီအထ်ိ​ရွေ့မှာလား?" 

​မျှော်မှန်းထားသည်ထက်အင်ပိုင်ယာထဲ၌အ​နေကြာခဲ့ခြင်းကသူ၏အစီစဥ်များအားက​မောက်ကမဖြစ်​စေခဲ့​လေသည်။ 

သခင်​လေး Antonio ၏အားနည်းချက်ကိုအသုံးချပစ်မည့်အစီစဥ်အား​ သူနောက်သို့​ရွေ့ရန် လိုအပ်သည်။ 

သူတို့၏အစီစဥ်တို့​ပြောင်းလဲသွားခြင်းအ​ပေါ် စိတ်ပူပန်​နေပုံ​ပေါ် ​သော Choi Han အား Cale သည်ပခုံးတွန့်ပြသည်။ 

"ငါတို့မှာတခြား​ရွေးချယ်စရာမှမရှိတာပဲ...နှစ်​တောင်ကူး​တော့မယ်...အဲ့ဒါနှစ်သစ်ကူးကိုမိသားစုနဲ့အတူအိမ်မှာကုန်ဆုံးသင့်တယ်မလား?" 

"အာ" 

Choi Han သည်အသံ​လေး​လေးတစ်ခုအားပြုသည်။ Cale သည်ရုတ်တရက်​ပေါ် ထွက်လာ​သော Raon ​​၏​ခေါင်းလုံးလုံး​လေးအားပွတ်သပ်​ပေးရင်းဖြင့်စကားကိုဆက်​ပြောသည်။ 

"နှစ်သစ်ကူးအိမ်ကိုပြန်ခဲ့ပါမယ်လို့ငါ​ပြောခဲ့တယ်​လေ...အဲ့​တော့ငါပြန်မှဖြစ်မှာပေါ့" 

နှစ်သစ်ကူးအားအိမ်၌ကုန်ဆုံးပါမည်ဟူ၍ သူ သူ့အ​ဖေ​ရော On နှင့် Hong တို့အား​ပြောခဲ့​လေသည်။ သူ့စကားသူတည်မှဖြစ်ပါမည်။ 

"မင်း​ရောသ​ဘောမတူဘူးလား?" 

"Cale-nim ​ပြောတာမှန်ပါတယ်...တကယ်ကိုမှန်ပါတယ်" 

Choi Han သည်​ခေါင်းကိုတငြိမ့်ငြိမ့်လုပ်ရင်း ဖြူစင်စွာပြုံးပြ​လေသည်။ Cale သည် Choi Han အားအချိန်ခဏမျှစိုက်ကြည့်ပြီး​နောက် နဂါးနှစ်​ကောင်နှင့်လူတစ်​​ယောက်အား သူတို့၏​နောင်လာမည့်အစီစဥ်အား​​ပြောကြား​ခဲ့သည်။ 

"ငါတို့နှစ်သစ်ကူးကိုအိမ်မှာကုန်ဆုံးကြမယ် ပြီးရင်​ ​မြောက်ပိုင်းကိုသွားမယ်" 

"ဟူးမန်း ငါတို့​တွေ​ဝေလငါး​တွေနဲ့သွားတွေ့ ကြမှာလား?" 

"အင်း" 

Witira သည်ပင်လယ်လမ်း​ကြောင်းသ​ဘောတူညီချက်အား မကြာခဏဆိုသလို​ပြောကြားလာ​နေ၏။ ဝေလငါးမျိုးနွယ်စုနှင့်​တွေ့ ဆုံရန်အတွက်​​မြောက်ပိုင်းသို့မတက်ခင် Cale သည်ကျားမျိုးနွယ်စုတို့အတွက်​နေစရာစီစဥ်​ပေးသွားဖို့ရာလည်းစီစဥ်ထား​သည်။ 

'ဒါ​ပေမယ့် အဲ့ဒါနဲ့မပြီး​သေးဘူး' 

သူသည် Billos သူ့ထံယူလာ​ပေးခဲ့​သော​မှော်အိတ်အား​ကောက်ယူလိုက်ကာ Eruhaben နှင့် Raon တို့ထံကမ်း​ပေးခဲ့သည်။ Cale အားမယုံသင်္ကာအကြည့်တို့ဖြင့်စိုက်ကြည့်​လို့​နေ​သော Eruhaben သည်အိတ်အားယူလိုက်ကာ​မေးသည်။ 

"ဒါ​​တွေကအလ်ကယ်မီပါဝင်ပစ္စည်း​တွေလား?" 

"ဟုတ်ပါတယ်" 

Cale ၏ပြန်အ​ဖြေ၌အနက်​ရောင်နဂါး​လေး၏မျက်လုံးတို့မှာပြူးကျယ်သွားခဲ့ကာသူသည်စတင်​အော်​ပြော​တော့သည်။ 

"အခုငါ​တို့​တွေလည်းမီး​တောက်လုံးကြီး​တွေလုပ်လို့ရပြီ​ပေါ့!" 

၎င်းအိတ်တို့အတွင်း၌ မီး​​တောက်လုံးကြီးဖန်တီးရာ၌အင်ပိုင်ယာအသုံးပြု​ခဲ့သောပါဝင်ပစ္စည်း​တို့အပြည့်​ပင်။ 

Eruhaben သည်​လှောင်ပြုံးပြုံးရင်းဖြင့်ပြန်​ဖြေ၏။ 

"ဒါ​ပေါ့...ဒီမြင့်မြတ်တဲ့နဂါးကြီးကပါဝင်ပစ္စည်း​အပြည့်အစုံလက်ထဲမှာရှိ​နေသ၍ဘာမဆိုဖန်တီးလို့ရတာ​ပေါ့ က​လေး​လေးရ" 

​မြောက်ပိုင်း၌သူလုပ်ရမည့်​နောက်ထပ်ကိစ္စတစ်ခု ထပ်တိုးလာပုံအ​ကြောင်းအား Cale သည်စဥ်းစားရင်းဖြင့် အနည်းငယ်ပင်ပန်း​နေပုံ​​ပေါ် ​သော Eruhaben အားသူသည်အကဲခတ်မိသည်။ 

Raon သည် Eruhaben အားတလက်လက်​တောက်ပ​နေ​သောအကြည့်တ်ို့ဖြင့်ကြည့်ရင်းဖြင့်​မေးသည်။ 

"ငါတို့​ဒါ​တွေကိုဘယ်အချိန်သုံးကြမှာလဲဟင်?" 

​ရွှေနဂါးကြီးမှာတစ်ချက်တွန့်ခနဲဖြစ်သွား၏။ 

ဤမီး​​တောက်လုံးကြီးမှာ အင်ပိုင်ယာဖန်တီးခဲ့​သောတစ်ခုထက်ပို၍ အဆင့်မြင့်သောမီး​​တောက်လုံးကြီးဖြစ်လာမှာဖြစ်သည်။ ပြုလုပ်​နေစဥ်အတွင်း၌သူတို့​တွေစမ်းသပ်ချက်အချို့ပြုလုပ်ဖို့လည်းလိုသည်ဆို​ပေမယ့် ယင်းတို့အားစိတ်တိုင်းကျသူတို့အသုံးမပြုနိုင်ပါ​ပေ။ 

ထို့​ကြောင့်ပဲ ယင်း​မေးခွန်းအားသူအလွယ်​လေးပြန်မ​ဖြေနိုင်ခဲ့။ 

အနက်​ရောင်နဂါး​လေးနှင့် Eruhaben သည်တိတ်ဆိတ်စွာတစ်ဦးနှင့်တစ်ဦးစိုက်ကြည့်​နေကြ၏။ 

သို့​သော်လည်း Raon ၏​​မေးခွန်းအားတစ်စုံတစ်​ယောက်သည်​ပေါ့​ပေါ့ပါးပါးပင်ပြန်​ဖြေ​ပေးခဲ့သည်။ 

ထိုသူမှာ Cale ပင်။ 

"​နောက်နှစ်အ​စောပိုင်း​လောက်?" 

"ဟမ်?" 

"ဟင်?" 

နဂါးနှစ်​ကောင်သည်​အေး​အေးလူလူစကားကိုထပ်ဖြည့်စွက်​ပြောလိုက်​သော Cale အားလှည့်ကြည့်မိသွား၏။ 

"​အေးတဲ့​နေရာတစ်​ခုခု​လောက်မှာ ကျွန်​တော်တို့မီး​မွှေးလိုက်မယ်ဆိုရင်​နွေးသွားလောက်တယ်မလား?" 

​ရွှေ​ရောင်နဂါးကြီး Eruhaben ၏မျက်နှာ​​ပေါ် ၌အ​မေးထုတ်​နေ​သောအကြည့်တို့ရှိ​နေ၏။ 

'​နွေးတယ်? ​အဲ့မီး​တောက်ကနွေးရုံ​လောက်အဆင့်​ပဲမဟုတ်ဘူးဆိုတာသူသိပါတယ်' 

ထိုစဥ် သူသည် Raon ၏အသံအားကြားလိုက်ရ၏။ 

"ငါတို့ဒါကို​ဝေလငါး​တွေကိုလည်းပြကြရ​အောင်!" 

"​ကောင်းပြီ​လေ" 

"ဟားးးး" 

Cale သည် Eruhaben ၏သက်ပြင်းအားလျစ်လျူရှုလိုက်ကာအိပ်ယာ​ပေါ် ၌ပြန်လှဲခဲ့သည်။ 

​ဆောင်းတွင်းအချိန်၌​နွေး​​နွေး​ထွေး​ထွေး​နေရတာက​ကောင်းတယ်ဆို​ပေမယ့်လည်း ​နွေးဖို့အတွက်​စောင်ခြုံပြီး​ကွေးရသည်မှာအရသာအရှိဆုံးဖြစ်သည်။ 

သို့​သော်ညား ​နောက်ရက်ပိုင်းအနည်းငယ်အကြာတွင်​တော့ သူသည်​လေတို့တဟူးဟူးတိုက်ခတ်​နေ​သောစင်မြင့်ထက်သို့တက်​ရောက်ခဲ့​ရ​ပေ​တော့သည်။ 

ဝန်ကြီးတစ်ဦး၏အသံသည်ပဲ့တင်​ထပ်မှော်စက်ပစ္စည်းမှတဆင့်​ နေရာတစ်ခွင်လုံးအနှံ့ကျယ်​လောင်စွာဟိန်းထွက်​နေ၏။ 

"အခုကျွန်​တော်တို့​တွေဆုတံဆိပ်ချီးမြင့်ဖို့ရာအတွက် အင်ပိုင်ယာအတွင်းမှာ​တောင် ကိုယ့်ကိုယ်ကျိုး​တောင်မငဲ့ခဲ့တဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့သ​ခင်​လေး Cale Henituse ကိုစင်မြင့်ထက်ဆီတက်​ရောက်လာဖို့ဖိတ်ကြားချင်ပါတယ်ခင်မျာ!" 

'သူ​ပြောတဲ့​အသုံးအနူန်းကိုငါ​စိတ်တိုင်းကျတယ်ရယ်' 

ထိုအ​တွေးအား​​ခေါင်းထဲတွင်တွေးမိရင်း Cale သည်အ​ရှေ့ဘက်သို့​ရှေး​ရှုလိုက်၏။ 

အင်ပါယာသည်သူ့အားနူးညံ့ညှင်သာ​သောအပြုံးတစ်ခုဖြင့်ကြိုဆိုလို့​နေ​သည်။ 

အင်ပိုင်ယာ၏တော်ဝင်နန်း​တော်ကြီးအပြင်ဖက်— သူ့​အနောက်ရှိပလာဇာအတွင်းတွင်​တော့ သူ့အား​မော့ကြည့်လို့​နေကြ​သောလူအုပ်ကြီးရှိ​လို့နေ​​ပေ​လေသည်။

Don't Forget To Vote☆ &
Follow Me For More Chapters

Chapter 165: PREVIEW

"သူနာမည်ကဘာတဲ့?" 

"Cale Henituse" 


.

.

.

.

.

.

.

.

.

.

.

အခန္း (၁၆၄): တနည္းနည္းနဲ႔ ​ေနာက္တစ္ဖန္ (၄)

Words Count: 4772

ZAWGYI

Alberu သည္မ်က္​​ေမွာင္ၾကဳတ္သြား၏။ 

"အ​ေၾကာင္းရင္းက?" 

သူသည္ Cale ၏အ​ေၾကာင္းရင္းအားအရင္ဦးစြာ​ေမးသည္။ 

Cale ကသူ၏အိပ္ယာနားသို႔တိုးကပ္လာရန္သူ႔အားလက္ယပ္​ေခၚ လိုက္သည္ကို Alberu ျမင္​လိုက္ရ​ေတာ့ သူသည္ဟြန္႔ခနဲတစ္ခ်က္​ေလွာင္ရယ္ခ်င္မိ​ေသာ္လည္း Cale မွာလူပမာျဖစ္သျဖင့္အလိုက္အထိုက္လုပ္​ေပးလိုက္ရန္ သူဆုံးျဖတ္ခဲ့​ေလသည္။ 

Cale သည္အိမ္​ေရွ႕စံအနားသို႔သူ၏ကိုယ္အားကိုင္းကာ နားနားသို႔တီးတိုးကပ္​ေျပာသည္။ 

"ဆာ Rex ကကြၽန္​ေတာ္တို႔နဲ႔လက္တြဲသြားဖို႔ဆုံးျဖတ္လိုက္ပါၿပီ" 

'Rex?' 

ထိုသူကဘယ္သူဘယ္ဝါမွန္း Alberu တပ္အပ္မ​ေျပာႏိုင္ရ။ သို႔​ေသာ္လည္း Cale ၏ဆံပင္နီနီတို႔ကိုျမင္​​ေတာ့သူသည္ Rex အားအမွတ္ရသြားသည္။ 

Alberu သည္ Cale အားစိုက္ၾကည့္၏။ 

"​မင္းေစာက္႐ူး​ေကာင္" 

Alberu သည္မဆဲဘဲမေနႏိုင္။ သူ႔​ေဘးနားရွိအ​ေမွာင္ထုနတ္သူငယ္ Kora မွာတြန္႔ခနဲျဖစ္သြားရ​ေသာ္လည္း Cale သက္​ေတာ္​ေစာင့္မ်ား၏ မ်က္ႏွာ​ေဘးတို႔ကိုျမင္ၿပီး​ေသာ္ သူလည္းပဲပုံမွန္ျပန္ျဖစ္လို႔သြား၏။ 

"အ​ေၾကာင္းရင္းက​ေကာ?" 

သူ႔အား​ေနာက္တစ္ႀကိမ္ Alberu ထပ္​ေမးလာသည္ကိုၾကားၿပီး​ေနာက္မွ Cale သည္ျပန္​ေျပာ၏။ 

"ဆာ Rex ရဲ႕ကိုယ္​ေရးရာဇဝင္အခ်က္အလက္အခ်ိဳ႕က အနည္းဆုံး​ေတာ့ၿမိဳ႕​ေတာ္မွာရွိ​ေနတဲ့မ်ိဳး႐ိုးျမင့္​ေတြဆီ​​ေပါက္ေရာက္​ေန​ေလာက္ၿပီလို႔ကြၽန္​ေတာ္ယူဆပါတယ္" 

Alberu သည္​ေခါင္းကိုၿငိမ့္သည္။ သူ႔လို တိုင္းတစ္ပါးသားတစ္​ေယာက္ပင္လွ်င္ Rex ဟုအမည္ရ​ေသာရဲမက္၏အ​ခ်က္အလက္အခ်ိဳ႕အားသိရွိၿပီး​ျဖစ္​ေလသည္။ သူရရွိခဲ့​ေသာအခ်က္အလက္အား Alberu ျပန္စဥ္းစားမိသည္။ 

ဆင္​ေျခဖုံး၌ႀကီးျပင္းခဲ့​ေသာရဲမက္တစ္ဦး။ 

"...ဆင္​ေျခဖုံးရပ္ကြက္?" 

Cale သည္ Alberu ၏​ေျဖး​ေျဖးခ်င္းစုစည္းလာ​ေသာအ​ေတြးစဥ္တို႔အားျပန္တုံ႔ျပန္သည္။ 

"အဲ့တစ္​ေယာက္က အလ္ကယ္မစ္ဘဲလ္တာဝါဆီက​ေနထြက္​ေျပးလြတ္​ေျမာက္လာၿပီး အမွန္တရားကိုသိရွိထားတဲ့သူပါ အရွင့္သား" 

"...အဲ့ဒါဆို ငါတို႔သူ႔ကိုကယ္ဖို႔လိုမွာ​​ေပါ့" 

Cale သည္ျမန္ဆန္စြာပင္ထပ္ျဖည့္ေျပာ၏။ 

"ကြၽန္​ေတာ္သူ႔ကိုကယ္ထားၿပီးပါၿပီ" 

Alberu တစ္​ေယာက္အ​​ေတြးထဲနစ္​ေျမာလို႔သြားသည္အား Cale ျမင္​ေနရ၏။ 

နတ္ဘုရား၏အေဆာင္အ​ေၾကာင္းအား Alberu မသိရွိထားပါ​။ 

သို႔​ေသာ္ အ​ေၾကာင္းအရာအမ်ားစုကို​ေတာ့သူသည္သိထား၏။ 

သူ​ေတာ္စင္ႀကီး ႏွင့္ သန္႔စင္မြန္ျမတ္​ေသာအပ်ိဳစင္။ 

ဘဲလ္တာဝါ၌မပါဝင္​ေသာအလ္ကယ္မစ္။ 

Cale သည္ထိုသူတို႔မွတဆင့္ အလ္ကယ္မစ္ဘဲလ္တာဝါ ႏွင့္ အင္ပိုင္ယာတို႔၏အႀကံမ်ားအားသိရွိထား​ေလသည္။ ထို႔​ေၾကာင့္ပဲ ဆာ Rex ၏တန္ဖိုးအား Alberu သည္ခ်က္ခ်င္းပင္တန္း၍သ​ေဘာ​ေပါက္သြား​ေတာ့သည္။ 

Alberu ကဆိုသည္။ 

"သူရဲ​ေကာင္းအျဖစ္နဲ႔ မင္းလူလုံးထြက္ျပတာနဲ႔ အဲ့တစ္​ေယာက္နဲ႔ကဘာဆိုင္လို႔လဲ? မင္းလူသိခံရတာကိုမႀကိဳက္ဘူးမဟုတ္လား?" 

Alberu သိ​ေသာ Cale သည္အမ်ား၏အာ႐ုံစိုက္ခံရျခင္းအားမႏွစ္သက္ပါ​​ေပ။ 

Cale သည္လည္းဝန္ခံ၏။ 

"ကြၽန္​ေတာ္လည္းတကယ္မႀကိဳက္ပါဘူး" 

လူအမ်ား၏အာ႐ုံစိုက္ျခင္းကိုခံရလွ်င္ ကန္႔သတ္ခ်က္​ေတာ္​ေတာ္မ်ားမ်ားပါတြဲရက္ပါလာႏိုင္သည္။ ထို႔အျပင္ လူတို႔အလယ္၌ ဘယ္လိုျပဳမူ​ရမလဲဆိုတာကိုပါ အာ႐ုံစိုက္ထားဖို႔လည္းလို​ေသးသည္။ Cale မွာတျခားလူ​ေတြသူ႔အ​ေပၚ ဘယ္လိုထင္ျမင္လဲဆိုတာကို ဂ႐ုမစိုက္တတ္သည့္လူစားမ်ိဳးျဖစ္​​ေသာ္လည္း ၿငိမ္းခ်မ္းတဲ့ငပ်င္းဘဝ​ေလးကိုရရွိဖို႔ဆိုလွ်င္ လူသိမခံရျခင္းမွာအ​ေကာင္းဆုံးနည္းလမ္းျဖစ္ပါလိမ့္မည္။ 

သို႔​ေသာ္ အခုတစ္​ေခါက္အတြက္က​ေတာ့အဆင္​ေျပပါ၏။ 

Cale သည္ သူ႔အားစိုက္လို႔ၾကည့္​ေန​ေသာ Alberu အားျပန္​ေျဖသည္။ 

"ဒါ​ေပမယ့္ အခုတစ္​ေခါက္က​ေတာ့အဆင္​ေျပပါတယ္...အနာဂတ္မွာလူ​ေတြကြၽန္​ေတာ့္နာမည္ကို​ေမ့သြားၾကရ​ေအာင္ ေနာက္သူရဲ​ေကာင္း​အသစ္ေတြကို​ေရွ႕​ေခၚ ထုတ္သြားဖို႔ ကြၽန္​ေတာ္စီစဥ္ထားၿပီးသားပါ" 

"ဟားးး" 

Alberu သည္သူ၏မ်က္ႏွာအားလက္ျဖင့္သပ္ခ်သည္။ 

"ၾကည့္ရတာ မင္း Rex ကိုလည္းသူရဲ​ေကာင္းျဖစ္​ေအာင္လုပ္ဖို႔အႀကံရွိတယ္နဲ႔တူတယ္" 

Cale ကၿပဳံး၏။ 

"​ေတာ္ဝင္မိသားစု နဲ႔ မ်ိဳး႐ိုး​ျမင့္​ေတြအ​ေပၚ လူထုရဲ႕ယုံၾကည္မႈ​​ေပ်ာက္ဆုံးသြား​​ေအာင္ကြၽန္​ေတာ္တို႔လုပ္မွာ​ေလ အဲ့​ေတာ့ လြတ္သြားတဲ့သူတို႔​ေနရာကိုျဖည့္ဖို႔တစ္​ေယာက္​ေယာက္​ေတာ့ရွိထားသင့္တယ္မဟုတ္ပါလား?" 

Alberu သည္ဘာမွျပန္မ​ေျပာ။ သူသည္ Cale ၏အႀကံျပဳခ်က္အားသ​ေဘာတူသည္။ 

"ဆင္​​ေျခဖုံးရပ္ကြက္ဆီကရဲမက္...အဲ့အျပင္ အ​ေမွာင္ဘက္ျခမ္းထဲမွာပုန္း​​ေအာင္းေနတဲ့အမွန္တရားကိုထုတ္​ေဖာ္ဖို႔ ဒုတိယတာဝါမာစတာကိုတိုက္ခိုက္ခဲ့တဲ့ပုဂၢိဳလ္" 

Alberu ၏အၾကည့္တို႔သည္ Cale နည္းတူ​ေျပာင္းလဲလို႔လာ၏။ 

"​ေကာင္းတယ္ အရမ္း​ေကာင္းတယ္" 

အခုလက္ရွိအ​​ေျခအ​​ေနႏွင့္ပတ္သတ္၍ သူသည္ ႏွစ္​ေထာင္းအားရမိသည္။ 

Rex အဖမ္းမခံရသ၍သူတို႔​ေတြအက်ိဳးအျမတ္အမ်ားႀကီးကိုရရွိမွာျဖစ္သည္။ 

'အဲ့တစ္​ေယာက္ကို ဒီ​ေကာင္အလြယ္တကူအဖမ္းခံရႏိုင္​တဲ့​ေနရာမွာမထားထား​ဘူးဆိုတာ​​ေသခ်ာတယ္'

Rex ကိုခ်ထားမည့္​ေနရာႏွင့္ပတ္သတ္၍ Cale သည္​ေသခ်ာစီစစ္​ေလာက္ပါသည္။ Alberu ကစ​ေျပာ၏။ 

"မင္းဆုတံဆိပ္ရၿပီး နာမည္ႀကီးလာတယ္ဆို​ေတာ့မွငါ့အတြက္လည္းအက်ိဳးရွိလာမွာ" 

Roan တိုင္းျပည္၏သံတမန္​ေရးရာအဖြဲ႕ အ​ေပၚ အင္ပိုင္ယာ၏ဆက္ဆံ​ေရးမွာအမ်ားႀကီး​ေကာင္းမြန္လာ​ခဲ့ေလသည္။ 

အ​ေၾကာင္းရင္းမွာ ယမန္​ေန႔ညကမ​ေတာ္တဆမႈေၾကာင့္ပင္။ 

အင္ပိုင္ယာသည္ သူတို႔၏ရာထူးႀကီးမ်ိဳး႐ိုးျမင့္မ်ားအ​ေပၚ သာအာ႐ုံစိုက္​ေနခဲ့ကာ ရာထူးနိမ့္သံတမန္​ေရးရာအမႈထမ္းမ်ားအပါအဝင္ တျခားရာထူးနိမ့္မ်ိဳး႐ိုးျမင့္မ်ားအားဂ႐ုမစိုက္ႏိုင္ခဲ့။ 

ထပ္​​ေဆာင္းဆိုရ​ေသာ္ သူတို႔သည္ဒုတိယတာဝါမာစတာလုပ္ႀကံတိုက္ခိုက္ခံရသည့္သတင္းကိုလည္းမ​ေပါက္ၾကားရေအာင္ဟန္႔တားဖို႔လုပ္​ေနရ​ေသးေလသည္။ 

ထိုသည္​ေၾကာင့္ပဲCale အ​ေၾကာင္းသတင္း​ေပါက္ၾကားမႈအား အင္ပိုင္ယာဘက္ကမတားဆီးခဲ့တာျဖစ္၏။ 

ဘယ္လိုပဲ​ေန​ေန​ေပါက္ၾကားမည့္သတင္းမ်ိဳးျဖစ္တာ​ေၾကာင့္ သူတို႔သည္တိုင္းတစ္ပါးျခားမ်ိဳး႐ိုးျမင့္တစ္ဦး၏လုပ္ရပ္ တနည္း အင္ပိုင္ယာအ​ေပၚ သက္​ေရာက္မႈအနည္းဆုံးျဖစ္လာႏိုင္သည့္ကိစၥရပ္အား​ ေပါက္ၾကားသြား​ေစဖို႔ျပသနာမရွိခဲ့ဘဲ လူအမ်ားအာ႐ုံစိုက္စရာသတင္းႀကီးတစ္ခုျဖစ္လာ​ေစခဲ့​​သည္။ 

ထို​ေက်းဇူး​ေၾကာင့္ႏွင့္ Cale ၏လုပ္​ေဆာင္ခ်က္မွာ​ေတာမီးသဖြယ္ပ်ံ႕ႏွံ႔သြား​​ေလသည္။ 

သူမွာတိုင္းတစ္ပါးသားမ်ိဳး႐ိုးျမင့္တစ္ဦးျဖစ္​ေသာ္လည္း Roan တိုင္းျပည္၏အၾကမ္းဖက္ျဖစ္ရပ္ကိုကာကြယ္​​ေပးခဲ့သည္ဆို​ေသာအခ်က္ႏွင့္ Whipper တိုင္းျပည္ႏွင့္စစ္ပြဲၿပီးဆုံးကတည္းကဘာသတင္း​ေကာင္းမွရွိမ​ေနခဲ့​ျခင္းတို႔​ေၾကာင့္ အင္ပိုင္ယာအတြက္ဤသတင္းမွာဇာတ္လမ္း​ေကာင္း တစ္ပုဒ္ျဖစ္လာ​ေတာ့သည္။ 

Alberu သည္​ေနရာမွထလိုက္သည္။ သူ႔၌လုပ္စရာ​ေတြမ်ားပါဘိ။ 

"အနားယူလိုက္ဦး" 

"မွန္ပါ့ အရွင့္သား" 

Cale သည္​ေခါင္းအားၿငိမ့္ျပ၍လွဲခ်လိုက္သည္။ Cale ၏အျပဳအမူ၌ Alberu သည္က်စ္ခနဲတစ္ခ်က္အသံျပဳခဲ့​​ေသာ္လည္း အိပ္ခန္းအခန္းတံခါးအားဖြင့္လိုက္​​ေသာသူ၏မ်က္ႏွာမွာမူပူပန္မႈႏွင့္အားနည္းမႈတို႔အားျပသလို႔​ေန​ေလသည္။ 

"သခင္​ေလး Cale ဘယ္လို​ေန​ေသးလဲ အရွင့္သား?" 

Alberu သည္ Daltaro ႏွင့္ သူ႔အနားရွိအင္ပိုင္ယာဝန္ႀကီးမ်ားကိုၾကည့္လိုက္ကာ​ ေခါင္းခါရမ္းျပခဲ့သည္။ သို႔​ေသာ္ သူ၏ပါးစပ္မွထြက္လာေသာစကားလုံးတို႔မွာသူ၏အျပဳအမူႏွင့္တစ္ျခားစီပင္။

"သူအဆင္​ေျပပါတယ္" 

သို႔​​ေသာ္ညား သူ​ေျပာလိုက္​ေသာစကားႏွင့္အျပဳအမူတို႔ကြဲျပား​ေနျခင္းက Daltaro အ​ေပၚ ပို၍ပင္သက္​ေရာက္သြား၏။ အခန္းထဲသို႔ဝင္၍ Cale ဘယ္လိုေနလဲ​သူေမးလို႔ရႏိုင္လားဟုပင္သူစဥ္းစားမိခဲ့​ေလသည္။ 

မည္သို႔ပင္ဆို​ေစကာမူ သူ႔စိတ္အား​ေျပာင္းသြား​ေစမည့္စကားတစ္ခြန္းအား Alberu က​ေျပာလာသည္။ 

"မ​ေန႔က သူ စြမ္းအားကိုအလြန္အကြၽံထုတ္သုံးမိသြားတယ္ေလ...ကိုယ္​ေတာ္တို႔သူ႔ကိုအနားယူခြင့္​ေတာ့​ေပးရမယ္" 

"မွန္လွပါ အရွင့္သား" 

"အဲ့အျပင္ လုပ္စရာ​ေတြအမ်ားႀကီးကိုယ္​ေတာ္တို႔ဆီမွာရွိ​​ေသးတယ္မဟုတ္ပါလား?" 

"...အမွန္ပါပဲ" 

Alberu ​ေျပာတာမွန္ကန္​ေၾကာင္း Daltaro သိသည္။ 

Alberu သည္ဤမ​ေတာ္တဆျဖစ္ရပ္ႏွင့္ပတ္သတ္၍အရာအားလုံးကိုထိန္းခ်ဳပ္ထား​ေသာ ​ေတာ္ဝင္မင္းသား Adin ႏွင့္​ေတြ႕ ဆုံရန္သြားသည့္လမ္း၌ Cale ဆီသို႔လမ္းႀကဳံဝင္လာတာျဖစ္သည္။ ထို႔​ေၾကာင့္ပဲ သံတမန္​ေရးရာအဖြဲ႕ ၏​ေခါင္း​ေဆာင္ျဖစ္​ေသာ Daltaro သည္သူႏွင့္အတူရွိ​ေနတာပင္။ 

"သြားၾကစို႔" 

Alberu ၏အမိန္႔၌ Daltaro ႏွင့္က်န္သူ​တို႔သည္ Cale အိပ္ခန္းနားမွထြက္လာခဲ့​ေတာ့သည္။ 

ထိုအခ်ိန္ Cale က​ေတာ့အိပ္ယာ​ေပၚ ၌လွဲ​ေနလ်က္ သူ႔အတြက္ Raon ယူ​လာ​ေပးခဲ့​ေသာကြတ္ကီးတို႔အားသုံး​ေဆာင္​ေန​ေလသည္။ ညတာရွည္ခဲ့​ေသာ Choi Han သည္သူ႔နားသို႔ခ်ည္းကပ္လာကာ နားနားကပ္​ေျပာ၏။ 

"Cale-nim ကို​​ေတြ႕ လို႔ရႏိုင္လားဆိုၿပီး မစၥတာ Billos က​ေမးထားပါတယ္" 

"​အင္း...ေခၚ လာခဲ့သူ႔ကို" 

Cale ၏ၫႊန္ၾကားခ်က္၌ Choi Han သည္ထပ္မံလႈပ္ရွားျပန္သည္။ 

နာရီပိုင္းမွ်ၾကာ​ေသာ္ Flynn ကုန္သည္အဖြဲ႕ အစည္း၏ Billos သည္ Cale အနားယူရာ၌အကူအညီျဖစ္​ေစ​​မည့္အဖိုးတန္လက္ဖက္​ေျခာက္အခ်ိဳ႕ပါသည္ဟုဆို၍ Cale အိပ္ခန္းထဲသို႔ဝင္​ေရာက္လာခဲ့​ေလသည္။ 

သူသည္ Cale အိပ္ယာနံ​​ေဘးရွိကုလားထိုင္​ေပၚ ၌ထိုင္ကာ သူ၏နဖူး​ေပၚ မွ​ေခြၽး​တို႔အားတရစပ္သုတ္​​ေန​သည္။ 

​ေဆာင္းတြင္းအလယ္ႀကီးျဖစ္​ေနတာ​ေတာင္မွ Billos ၏ျပည့္ျပည့္​ေဖာင္း​ေဖာင္းမ်က္ႏွာ​မွာေခြၽးတို႔ျဖင့္စို႐ႊဲ​ေန​ေလသည္။ Cale သည္ Billos အားစကားစ​ေျပာ၏။ 

"​ေက်းဇူးပဲ" 

"သခင္​ေလး!" 

အဆုံးတြင္​ေတာ့ Billos သည္ Cale အားအသံျမႇင့္၍​ေအာ္​ေခၚ ​ေတာ့သည္။ 

"ဘာတုန္း?" 

Cale ၏​ေပါ့​ေပါ့ပါးပါးျပန္တုံ႔ျပန္ခ်က္က Billos အားဆြံ႕အသြား​ေစ၏။ 

Billos သည္ Rex အားသူ၏လွ်ိဳ႕ဝွက္အိမ္​ေတာ္ရွိရာတည္​ေနရာအား​ေျပာျပခဲ့သည္။ မဟုတ္​ေသး သူသည္ Rex အားသူ၏လွ်ိဳ႕ဝွက္အိမ္​ေတာ္ထဲ၌ခ်ဳပ္ထားခဲ့တာျဖစ္သည္။ 

မ​ေန႔ည၌ပြက္​ေလာ႐ိုက္ခဲ့​ရ​ေသာအခ်ိန္တို႔ကိုျပန္စဥ္းစားမိရင္း Billos သည္ Choi Han ဘက္သို႔အၾကည့္​ေရာက္မိသည္။ သူတို႔ႏွစ္ဦးအၾကည့္ခ်င္းဆုံသြား​ေတာ့ Choi Han သည္ Billos အားညႇင္သာစြာၿပဳံးျပ၏။ 

သို႔​ေသာ္ညား Rex ၏မိတ္​ေဆြမ်ားႏွင့္ မိသားစုမ်ားအားသိုသိပ္စြာ​ေျပာင္း​ေ႐ြ႕ၿပီး​ေနာက္ လွ်ိဳ႕ဝွက္အိမ္​ေတာ္တြင္း၌ Rex အားခ်ဳပ္​ေႏွာင္ထားစဥ္အခ်ိန္၌​ေျပာခဲ့​ေသာ Choi Han ၏စကားမ်ားမွာ သူ႔​ေခါင္းထဲ၌က်န္ရွိ​ေနခဲ့​ေလသည္။ 

Rex သည္သူ၏မိသားစုအျပင္အဖြဲ႕ အစည္းထဲမွက်န္အဖြဲ႕ ဝင္မ်ားႏွင့္အတူရွိလိုခဲ့သည္။ 

မည္သို႔ပင္ဆို​ေစကာမူ ထိုသည္မွာမျဖစ္ႏိုင္​ေၾကာင္း Billos သည္အဆုံးအျဖတ္​ေပးခဲ့၏။ အဖြဲ႕ အစည္းထဲမွက်န္အဖြဲ႕ ဝင္မ်ား၏သ႐ုပ္မွန္ကိုအင္ပိုင္ယာဘက္ကမသိရွိတာေၾကာင့္ လွ်ိဳ႕ဝွက္လမ္း​ေၾကာင္းမ်ားႏွင့္ ဆင္​ေျခဖုံးထဲရွိလူမသိသူမသိလိူဏ္ဂူမ်ားထဲ၌​ေနလို႔အဆင္​ေျပ​ေလာက္​ေသာ္လည္း သ႐ုပ္မွန္အားလူသိရွင္ၾကားျဖစ္​ေန​ေသာ Rex လိုလူကမူ​ ေမွာ္အတတ္ပညာဆီမွလုံၿခဳံမည့္​​ေနရာတစ္ခု၌ရွိဖို႔လိုအပ္သည္။ 

Billos ၏လွ်ိဳ႕ဝွက္အိမ္​ေတာ္မွာ Billos ၏ဦး​ေလးျဖစ္သူ တစ္နည္း Roan တိုင္းျပည္၏အ​ေနာက္​ေျမာက္ပိုင္း​ေျမ​ေအာက္ဘုရင္ Odeus တစ္ေယာက္အင္ပိုင္ယာဆီသို႔​​ေရာက္​ေနခ်ိန္ မည္သည့္အ​​ေရး​ေပၚအ​ေျခအ​ေနမ်ိဳးအတြက္မဆိုဖန္တီးခဲ့သည့္​ေနရာျဖစ္သျဖင့္​ ေမွာ္အတတ္ပညာအားလုံးအားကာကြယ္​ေပးထားသည့္ ဒိုင္းကာပါ​ေနရာတစ္​ေနရာျဖစ္​​ေလသည္။ 

ထို​ေနရာ၌ Rex အားထားခဲ့စဥ္အခ်ိန္၌ Choi Han ​ေျပာခဲ့​ေသာစကားအား Billos ျပန္အမွတ္ရမိပါသည္။ 

'မင္းကအႏၲရာယ္ရွိတဲ့ဗုံးပဲ...မင္းသာ​ေပါက္ကြဲသြားရင္ မင္းတစ္​ေယာက္တည္းေသမွာမဟုတ္ဘူး… ဒီအျဖစ္အပ်က္မွာပါဝင္ပတ္သတ္ခဲ့တဲ့လူ​ေတြအကုန္လုံးကိုပါ မင္းကသတ္ပစ္သြားမွာ...အဲ့​ေတာ့ ဒီမွာႂကြက္​ေသတစ္​ေကာင္လိုတိတ္တိတ္​ေန' 

ျဖဴစင္ၿပီးႏူတ္နည္း​ေသာလူစားမ်ိဳးဟုသူထင္မွတ္ခဲ့ေသာ Choi Han ဆီကေနယင္းကဲ့သို႔စကားလုံးမ်ားထြက္လာလိမ့္မည္ဟု Billos တစ္ခါမွမ​ေတြးထင္ခဲ့ဖူးပါ။ 

'အမ်ား​ေကာင္းဖို႔အတြက္နဲ႔ တျခားလူ​ေတြထိခိုက္​ေသ​ေၾကရတာက မင္းအတြက္အဆင္​ေျပရင္​ေျပလိမ့္မယ္...ဒါ​ေပမယ့္ ငါက​ေတာ့ပိုင္ဆိုင္ဖို႔အခ်ိန္သိပ္ၾကာခဲ့ရတဲ့ငါ့ရဲ႕မိသားစုကိုပဲဦးစား​အရင္ေပးသြားမွာပဲ' 

Choi Han ၌ထိုကဲ့သို႔​ေသာအ​ေတြးမ်ိဳးရွိ​ေနလိမ့္မယ္လို႔ Billos မထင္ထားခဲ့။ 

သိရသ​ေလာက္က​ေတာ့ Choi Han ၌မိသားစုဟူ၍မရွိ။ မဟုတ္​ေသး သူ႔၌​​ေသြးနီးေဆြမ်ိဳးရင္းခ်ာဟူ၍ပင္မရွိပါ​ေပ။ 

'အဲ့​ေတာ့ Choi Han ရဲ႕မိသားစုဆိုတာက...' 

Cale သည္ Choi Han ဆီမွ​ေနအခုသူ႔အား​ေငးစိုက္လို႔ၾကည့္​ေန​ေသာ Billos အားဒဲ့တိုးပင္​ေမးသည္။ 

"မင္းဘာၾကည့္​ေနတာတုန္း?" 

"...ဘာမွမဟုတ္ပါဘူး" 

Billos သည္သူ႔စိတ္ထဲ၌ရွိ​ေန​ေသာအ​​ေတြးတို႔အား​ေနာက္သို႔တြန္းပို႔လိုက္ကာ ​ေမွာ္အိတ္တစ္အိတ္အားထုတ္ယူသည္။ 

"ဒါကသခင္​ေလး​ေတာင္းဆိုထားတဲ့ပစၥည္း​ေတြပါ" 

Cale ကစားပြဲ​​ေပၚ သို႔ၫႊန္ျပ​ေတာ့ Billos သည္အိတ္အားစားပြဲ​ေပၚ သို႔တင္လိုက္သည္။ ထိုအခ်ိန္ Cale သည္သူ႔အား​ေမး၏။ 

"Caro တိုင္းျပည္အ​ေၾကာင္းမင္းဘယ္​ေလာက္​ေလာက္သိထားလဲ?" 

"ခင္မ်ာ?" 

"ဘာလို႔႐ုတ္တရက္ႀကီး Caro တိုင္းျပည္အ​ေၾကာင္း​ေျပာလာရတာလဲ?" 

ဒီ​ေန႔အဖို႔ Billos သည္ Cale ႏွင့္အတူတျခားအ​ေၾကာင္းအရာမ်ား​ေျပာဖို႔ရာ​ေမွ်ာ္လင့္ထားခဲ့​ေပသည္။ သူမွာဘယ္လိုပဲ​ေျပာ​ေျပာကုန္သည္တစ္​ေယာက္ပင္မလား။ အခုခ်ိန္ထိ Cale တစ္​ေယာက္လုပ္​ေဆာင္ခဲ့သည့္အရာမ်ား အပါအဝင္ မ​ေန႔ညကလုပ္​ေဆာင္ခ်က္၏​ေနာက္ကြယ္ကအ​ေၾကာင္းရင္း ႏွင့္ပတ္သတ္၍သူရိပ္မိသလိုလို​ေတာ့ရွိ​ေလသည္။ 

ထို႔​ေၾကာင့္ပဲ သူသည္မ​ေန႔ညကအႏၲရာယ္ႀကီးသည့္လုပ္​​ေဆာင္ခ်က္တို႔ကိုလုပ္​ေပးရာမွတဆင့္အက်ိဳးအျမတ္လိုခ်င္မိသည္။ 

"စိတ္မရွိနဲ႔​ေနာ္ သခင္​ေလး...ဘယ္လိုပဲ​ေျပာ​ေျပာ ကြၽန္​ေတာ္သခင္​ေလးကိုမ​ေန႔ညကအ​ေၾကာင္းအရင္တင္ျပသင့္တယ္လို႔ထင္ပါတယ္" 

"မလိုဘူး" 

"ခင္မ်ာ?" 

"မင္း​ေသခ်ာ​ေျဖရွင္း​ေပးႏိုင္လိမ့္မယ္ဆိုတာငါယုံၾကည္ၿပီးသား" 

Billos သည္ႏူတ္ဆိတ္သြား၏။ 

အ​​​ေစာနက သူနန္း​ေတာ္ဆီသို႔လာ​ရာလမ္း၌။ 

Billos သည္ကိစၥတစ္ခုအားအတည္ျပဳႏိုင္ရန္အတြက္ Choi Han က​ေနမွတဆင့္​ေရာ ၿမိဳ႕​ေတာ္အႏွံ႔သူစု​ေဆာင္းရရွိခဲ့​ေသာသတင္းအတို အပိုင္းအစအကုန္လုံးဆီမွတဆင့္​ေရာ သူသည္သတင္းအခ်က္အလက္တို႔အားလိုက္စုခဲ့သည္။ 

သူရိယနန္း​ေတာ္ႀကီး။ လူကိုယ္တိုင္သူမ​ေတြ႕ မျမင္ဖူးရ​​​ေသာ္လည္း ထိုနန္း​ေတာ္ႀကီး၌ အလြန္တရာမွႀကီးက်ယ္ခမ္းနားၿပီး က်ယ္ဝန္းလွ​ေသာ​ေဟာခန္းမႀကီးတစ္ခုရွိသည္ဟု သူၾကားသိခဲ့ရသည္။ 

အခုသူ႔​ေရွ႕၌ရွိ​ေန​ေသာပုဂၢိဳလ္သည္သူတစ္​ေယာက္တည္းအားျဖင့္ ထိုနန္း​ေဆာင္ႀကီးျပဳတ္က်ပ်က္စီးမွာကိုတားဆီး​ေပးခဲ့​ေပသည္။ 

ထို႔​ေနာက္ သူသည္​ေသြးတို႔အန္ခဲ့ကာ အိပ္ခန္း​ေဆာင္ဆီအားတြဲမကူ၍ျပန္ပို႔​​ေပးဖို႔လိုအပ္ခဲ့သည္။ 

ယ​ေန႔ Cale သည္အရင္ကထက္ပင္ပို၍ျဖဴ​ေဖ်ာ့​ေနသည္ဟု Billos ​ေတြးမိပါ၏။ ထိုအခ်ိန္ Cale သည္သူ႔အား​ေမးခြန္း​ေမးလာ၏။ 

"Billos ဘာလို႔ငါမင္းကိုအဲ့ကိစၥလုပ္​ေဆာင္ဖို႔တာဝန္​ေပးခဲ့တာလို႔ထင္လဲ?" 

သူသည္၎အ​ေမး၏အ​​ေျဖအားဆုံးျဖတ္ၿပီး​ေလၿပီ။ 

Billos သည္စတင္​ေျပာ၏။ 

"ကြၽန္​ေတာ့္ကိုသခင္​ေလးယုံၾကည္တာ​ေၾကာင့္လို႔ ထင္ပါတယ္" 

"ဒါ​ေပါ့" 

Billos သည္သက္ျပင္းမခ်မိ​ေအာင္​ခ်ဳပ္တည္းလိုက္ရသည္။ 

သူသည္​ေခြၽးတို႔ဒီးဒီးက်​မ​ေန​ေတာ့။ သူသည္စိတ္သက္သာရာရသြားသလိုခံစား​ရခဲ့သည္။ 

"သခင္​ေလး​ေျပာခ်င္တာက Caro တိုင္းျပည္ရဲ႕​ေလလံပစ္ပြဲႀကီးအ​ေၾကာင္းမလား?" 

သူ၏ဆိုလိုရင္းအားတန္း၍သ​ေဘာ​ေပါက္ခဲ့​ေသာ Billos အား Cale သည္​ေခါင္းၿငိမ့္ျပခဲ့သည္။ သူသည္ထိုအ​ေၾကာင္းအားအိမ္​ေရွ႕စံႏွင့္လည္းအတူ ​ေဆြး​ေႏြးၿပီးျဖစ္၏။ 

လွ်ိဳ႕ဝွက္ခန္းထဲ၌သူတို႔ရွာ​ေတြ႕ ခဲ့​ေသာပစၥည္းမ်ားထဲမွႏွစ္ခု​မွာေျဖရွင္းဖို႔လိုအပ္​ေလသည္။ အ​ေၾကာင္းမူ ထိုပစၥည္းတို႔အား Roan တိုင္းျပည္ကလူသိရွင္ၾကားကိုင္တြယ္ဖို႔ရာခက္ခဲ​ေနျခင္း​ေၾကာင့္ပင္။ 

"ငါလွ်ိဳ႕ဝွက္​ေလလံပစ္ပြဲရဲ႕ဗြီအိုင္ပီ​ေလလံပြဲမွာပါခ်င္တယ္" 

"...​ေနာက္တစ္ပြဲက​ေဖ​ေဖာ္ဝါရီမွာက်င္းပမယ့္ႏွစ္သစ္ကူးအခမ္းအနား​ေလလံပြဲပါ...သခင္​ေလး​​ေျပာ​ေန​တာအဲ့တစ္ခုလားမသိ?" 

"ဟုတ္တယ္" 

Caro တိုင္းျပည္။ 

သူတို႔တိုင္းျပည္မွာ အ​ေမွာင္ထုနတ္သူငယ္မ်ား ပုန္း​​ေအာင္း​ေနထိုင္​ေန​ေသာတားျမစ္နယ္​​ေျမျဖစ္သည့္သဲကႏၲာရျပင္ထက္​ ေလလံပစ္ပြဲမ်ားျဖင့္ပို၍​ေက်ာ္ၾကားသည္။ 

ဤဗြီအိုင္ပီ​ေလလံပြဲမွာ ထူးဆန္းစြာဖြံ႕ၿဖိဳးတိုးတက္​ေန​ေသာ Caro တိုင္းျပည္အတြင္းရွိအလွ်ိဳ႕ဝွက္ဆုံး​ေလလံပြဲျဖစ္သလို တစ္ခ်ိန္တည္းမွာပဲလူသိရွင္ၾကား​ေက်ာ္ၾကားသည့္​ေလလံပြဲတစ္ခုျဖစ္​ေလသည္။ 

'သူရဲ​ေကာင္းတစ္​ေယာက္​ေမြးဖြားလာျခင္း' ထဲ၌ Caro တိုင္းျပည္အ​ေၾကာင္း​ေဖာ္ျပတုန္းကအႏွီ​ေလလံပြဲအ​ေၾကာင္းထည့္သြင္း​ေျပာထားခဲ့​သည္။ 

"Billos...အဲ့ဒါျဖစ္ႏိုင္မလား?" 

ဗြီအိုင္ပီ​ေလလံတင္ပြဲ။ 

၎​ေလလံပြဲ၌ Cale ​ေရာ အိမ္​ေရွ႕စံပါကိုယ္တိုင္ကိုယ္က်မပါဝင္ရသည့္အ​ေၾကာင္းရင္းရွိသည္။ 

လွ်ိဳ႕ဝွက္စားပြဲ​ေအာက္၌သူတို႔​ေတြရွာ​ေတြ႕ ခဲ့​ေသာပစၥည္းမ်ားထဲမွႏွစ္ခုမွာမူလပိုင္ရွင္​တို႔ရွိ​ေလသည္။ ဘယ္လိုျဖစ္ၿပီး ထိုပစၥည္းႏွစ္ခုကပုပ္ရဟန္းမင္း၏အ​ေခါင္းထဲ​ေရာက္​ေနရသလဲဆိုတာ Cale ​ေတာင္မွမသိ​ေပ။ 

သို႔​ေသာ္ ၎ပစၥည္းႏွစ္ခုတို႔မွာအခုထိတိုင္မူလပိုင္ရွင္လက္ထဲ၌ရွိ​ေနဆဲဆိုသည့္အခ်က္မွာတိုင္းသိျပည္သိျဖစ္​ေလသည္။

(ရွင္းရရင္– အဲ့ပစၥည္းႏွစ္ခုကပိုင္ရွင္​ေတြဆီမွာရွိ​ေနဆဲဆိုတာအကုန္လုံးအသိျဖစ္​ေပမယ့္ တကယ့္ပစၥည္း​ေတြကပုပ္ရဟန္းမင္း​ေတြရဲ႕အ​ေခါင္း​ေတြထဲကို​ေရာက္​ေနတာ အဲ့ထဲဘယ္လိုလုပ္​ေရာက္​ေနလဲဆိုတာကို Cale လည္းမသိဘူး)

"ရက္စ္ ဆာ...ျဖစ္ႏိုင္ပါတယ္...​သခင္​​ေလး ပစၥည္းတစ္ခုခုကိုမ်ားေလလံဆြဲဖို႔လား?" 

"မဟုတ္ဘူး" 

Billos သည္မ်က္​ေမွာင္ၾကဳတ္မိသြား၏။ 

ပစၥည္း​ေတြကို​ေလလံဆြဲဖို႔အစီစဥ္မရွိဘူးဆိုရင္ဘာလို႔သူကအဲ့​ေနရာကိုသြားခ်င္ရတာလဲ? 

Cale သည္ Billos ၏အ​ေမးကိုမ​​ေျဖဘဲအဲ့အစားသူသည္ေနာက္ထပ္ၫႊန္ၾကားခ်က္တစ္ခု​ကိုေပးခဲ့သည္။ 

"မင္းလူႏွစ္​ေယာက္ဆီဖိတ္ၾကားလႊာပို႔​ေပးလို႔ရမလား?" 

"ဖိတ္ၾကားလႊာ?" 

"ဟုတ္တယ္...​ေဖ​ေဖာ္ဝါရီမွာက်င္းပမယ့္​ေလလံပြဲဆီကိုတက္​ေရာက္ဖို႔သူတို႔ကိုဖိတ္မယ့္ဖိတ္စာ" 

"...ကြၽန္​ေတာ္နားလည္ပါၿပီ...ကြၽန္​ေတာ္ဒီတိုင္းလွ်ိဳ႕ဝွက္​​ပို႔​ေပးလိုက္႐ုံပဲမလား သခင္​ေလး?" 

"အင္း...ဖိတ္တဲ့သူဘယ္သူမွန္းသူတို႔မသိ​ေအာင္လုပ္ၿပီးပို႔လိုက္" 

"​ေကာင္းပါၿပီ" 

Cale သည္ Billos အား​ေနာက္တစ္ခုထပ္​ေျပာ၏။ 

"မင္းပြဲစားခရ​ေအာင္လို႔ငါလုပ္​ေပးမယ္" 

"...ၾကားရတာ​ေတာ့အ​​ေရာင္းအဝယ္ႀကီးႀကီးမားမားတစ္ခုထင္တယ္" 

"တကယ္လည္းအဲ့လိုပဲဟာ" 

Billos သည္​ေခါင္းကိုၿငိမ့္ကာ​ေနရာမွထသည္။ 

"​ေနာက္ႏွစ္ကို​ေတြ႕ ၾကတာ​ေပါ့ သခင္​ေလး...လာမယ့္​ေဖ​​ေဖာ္ဝါရီထဲမွာကြၽန္​ေတာ္ Henituse နယ္​​ေျမဆီသြားရမွာမလား?" 

"မဟုတ္ဘူး" 

Cale သည္သူတို႔ႏွစ္ဦး​ေတြ႕ ဆုံရမည့္​ေနာက္ထပ္တည္​ေနရာတစ္ခုအား​ေျပာၾကားလိုက္သည္။ 

"Gyerre နယ္​​​ေျမ" 

"...ကြၽန္​ေတာ္နားလည္ပါၿပီ...​အာ့ဆို ေနာက္ႏွစ္စမွာသခင္​ေလးအဲ့​ေနရာမွာရွိ​ေနမွာ​​​ေပါ့?" 

သူမထင္ထားတဲ့အ​ေျဖျဖစ္သည့္ Gyerre နယ္​ေျမအ​ေၾကာင္း Cale ကထုတ္​ေျပာလာတာ​ေတာင္မွ Billos သည္တည္ၿငိမ္စြာျဖင့္​ေမးခြန္းထုတ္ခဲ့သည္။ Cale ကမူ​ေခါင္းကိုခါရမ္းျပ၏။ 

"ငါ​ေသခ်ာ​ေတာ့မ​ေျပာႏိုင္ဘူး...​ေျမာက္ပိုင္းက​ေနမွငါ Gyerre​ ​ေဒသဆီဆင္းရ​ေလာက္တယ္" 

"​ေျမာက္ပိုင္း?" 

"အင္း" 

Billos သည္တျခားဘာမွထပ္မ​ေမး​ေတာ့။ ​သူသည္ Cale တစ္​ေယာက္ေဖ​​ေဖာ္ဝါရီလအတြင္း၌ Gyerre ​ေဒသဆီသို႔မဆင္းမီ Roan တိုင္းျပည္၏အ​ေနာက္​ေျမာက္အရပ္၌ သို႔တည္းမဟုတ္ အ​ေရွ႕​ေျမာက္အရပ္၌ အခ်ိန္ကုန္ဆုံး​​ေလာက္သည္ ဟူ၍သာနားလည္ခဲ့တာျဖစ္သည္။ 

သို႔​ေသာ္ Cale ​ေျပာ​ေနသည့္​ေျမာက္ပိုင္းဟူသည္မွာ သူ​ေမွ်ာ္မွန္းထားသည့္တည္​ေနရာႏွစ္ခုလုံး၌မပါဝင္ခဲ့​ေပ။ 

Billos အားဒုကပၸတိန္ Hilsman ကလိုက္ထြက္ပို႔ခ်ိန္ Choi Han သည္ Cale အား​ေမး၏။ 

"Cale-nim ကြၽန္​ေတာ္တို႔​ေတြသခင္​ေလး Antonio ကိစၥကို​ေနာက္​ေဖ​ေဖာ္ဝါရီအထ္ိ​ေ႐ြ႕မွာလား?" 

​ေမွ်ာ္မွန္းထားသည္ထက္အင္ပိုင္ယာထဲ၌အ​ေနၾကာခဲ့ျခင္းကသူ၏အစီစဥ္မ်ားအားက​ေမာက္ကမျဖစ္​ေစခဲ့​ေလသည္။ 

သခင္​ေလး Antonio ၏အားနည္းခ်က္ကိုအသုံးခ်ပစ္မည့္အစီစဥ္အား​ သူေနာက္သို႔​ေ႐ြ႕ရန္ လိုအပ္သည္။ 

သူတို႔၏အစီစဥ္တို႔​ေျပာင္းလဲသြားျခင္းအ​ေပၚ စိတ္ပူပန္​ေနပုံ​ေပၚ ​ေသာ Choi Han အား Cale သည္ပခုံးတြန္႔ျပသည္။ 

"ငါတို႔မွာတျခား​ေ႐ြးခ်ယ္စရာမွမရွိတာပဲ...ႏွစ္​ေတာင္ကူး​ေတာ့မယ္...အဲ့ဒါႏွစ္သစ္ကူးကိုမိသားစုနဲ႔အတူအိမ္မွာကုန္ဆုံးသင့္တယ္မလား?" 

"အာ" 

Choi Han သည္အသံ​ေလး​ေလးတစ္ခုအားျပဳသည္။ Cale သည္႐ုတ္တရက္​ေပၚ ထြက္လာ​ေသာ Raon ​​၏​ေခါင္းလုံးလုံး​ေလးအားပြတ္သပ္​ေပးရင္းျဖင့္စကားကိုဆက္​ေျပာသည္။ 

"ႏွစ္သစ္ကူးအိမ္ကိုျပန္ခဲ့ပါမယ္လို႔ငါ​ေျပာခဲ့တယ္​ေလ...အဲ့​ေတာ့ငါျပန္မွျဖစ္မွာေပါ့" 

ႏွစ္သစ္ကူးအားအိမ္၌ကုန္ဆုံးပါမည္ဟူ၍ သူ သူ႔အ​ေဖ​ေရာ On ႏွင့္ Hong တို႔အား​ေျပာခဲ့​ေလသည္။ သူ႔စကားသူတည္မွျဖစ္ပါမည္။ 

"မင္း​ေရာသ​ေဘာမတူဘူးလား?" 

"Cale-nim ​ေျပာတာမွန္ပါတယ္...တကယ္ကိုမွန္ပါတယ္" 

Choi Han သည္​ေခါင္းကိုတၿငိမ့္ၿငိမ့္လုပ္ရင္း ျဖဴစင္စြာၿပဳံးျပ​ေလသည္။ Cale သည္ Choi Han အားအခ်ိန္ခဏမွ်စိုက္ၾကည့္ၿပီး​ေနာက္ နဂါးႏွစ္​ေကာင္ႏွင့္လူတစ္​​ေယာက္အား သူတို႔၏​ေနာင္လာမည့္အစီစဥ္အား​​ေျပာၾကား​ခဲ့သည္။ 

"ငါတို႔ႏွစ္သစ္ကူးကိုအိမ္မွာကုန္ဆုံးၾကမယ္ ၿပီးရင္​ ​ေျမာက္ပိုင္းကိုသြားမယ္" 

"ဟူးမန္း ငါတို႔​ေတြ​ေဝလငါး​ေတြနဲ႔သြားေတြ႕ ၾကမွာလား?" 

"အင္း" 

Witira သည္ပင္လယ္လမ္း​ေၾကာင္းသ​ေဘာတူညီခ်က္အား မၾကာခဏဆိုသလို​ေျပာၾကားလာ​ေန၏။ ေဝလငါးမ်ိဳးႏြယ္စုႏွင့္​ေတြ႕ ဆုံရန္အတြက္​​ေျမာက္ပိုင္းသို႔မတက္ခင္ Cale သည္က်ားမ်ိဳးႏြယ္စုတို႔အတြက္​ေနစရာစီစဥ္​ေပးသြားဖို႔ရာလည္းစီစဥ္ထား​သည္။ 

'ဒါ​ေပမယ့္ အဲ့ဒါနဲ႔မၿပီး​ေသးဘူး' 

သူသည္ Billos သူ႔ထံယူလာ​ေပးခဲ့​ေသာ​ေမွာ္အိတ္အား​ေကာက္ယူလိုက္ကာ Eruhaben ႏွင့္ Raon တို႔ထံကမ္း​ေပးခဲ့သည္။ Cale အားမယုံသကၤာအၾကည့္တို႔ျဖင့္စိုက္ၾကည့္​လို႔​ေန​ေသာ Eruhaben သည္အိတ္အားယူလိုက္ကာ​ေမးသည္။ 

"ဒါ​​ေတြကအလ္ကယ္မီပါဝင္ပစၥည္း​ေတြလား?" 

"ဟုတ္ပါတယ္" 

Cale ၏ျပန္အ​ေျဖ၌အနက္​ေရာင္နဂါး​ေလး၏မ်က္လုံးတို႔မွာျပဴးက်ယ္သြားခဲ့ကာသူသည္စတင္​ေအာ္​ေျပာ​ေတာ့သည္။ 

"အခုငါ​တို႔​ေတြလည္းမီး​ေတာက္လုံးႀကီး​ေတြလုပ္လို႔ရၿပီ​ေပါ့!" 

၎အိတ္တို႔အတြင္း၌ မီး​​ေတာက္လုံးႀကီးဖန္တီးရာ၌အင္ပိုင္ယာအသုံးျပဳ​ခဲ့ေသာပါဝင္ပစၥည္း​တို႔အျပည့္​ပင္။ 

Eruhaben သည္​ေလွာင္ၿပဳံးၿပဳံးရင္းျဖင့္ျပန္​ေျဖ၏။ 

"ဒါ​ေပါ့...ဒီျမင့္ျမတ္တဲ့နဂါးႀကီးကပါဝင္ပစၥည္း​အျပည့္အစုံလက္ထဲမွာရွိ​ေနသ၍ဘာမဆိုဖန္တီးလို႔ရတာ​ေပါ့ က​ေလး​ေလးရ" 

​ေျမာက္ပိုင္း၌သူလုပ္ရမည့္​ေနာက္ထပ္ကိစၥတစ္ခု ထပ္တိုးလာပုံအ​ေၾကာင္းအား Cale သည္စဥ္းစားရင္းျဖင့္ အနည္းငယ္ပင္ပန္း​ေနပုံ​​ေပၚ ​ေသာ Eruhaben အားသူသည္အကဲခတ္မိသည္။ 

Raon သည္ Eruhaben အားတလက္လက္​ေတာက္ပ​ေန​ေသာအၾကည့္တ္ို႔ျဖင့္ၾကည့္ရင္းျဖင့္​ေမးသည္။ 

"ငါတို႔​ဒါ​ေတြကိုဘယ္အခ်ိန္သုံးၾကမွာလဲဟင္?" 

​ေ႐ႊနဂါးႀကီးမွာတစ္ခ်က္တြန္႔ခနဲျဖစ္သြား၏။ 

ဤမီး​​ေတာက္လုံးႀကီးမွာ အင္ပိုင္ယာဖန္တီးခဲ့​ေသာတစ္ခုထက္ပို၍ အဆင့္ျမင့္ေသာမီး​​ေတာက္လုံးႀကီးျဖစ္လာမွာျဖစ္သည္။ ျပဳလုပ္​ေနစဥ္အတြင္း၌သူတို႔​ေတြစမ္းသပ္ခ်က္အခ်ိဳ႕ျပဳလုပ္ဖို႔လည္းလိုသည္ဆို​ေပမယ့္ ယင္းတို႔အားစိတ္တိုင္းက်သူတို႔အသုံးမျပဳႏိုင္ပါ​ေပ။ 

ထို႔​ေၾကာင့္ပဲ ယင္း​ေမးခြန္းအားသူအလြယ္​ေလးျပန္မ​ေျဖႏိုင္ခဲ့။ 

အနက္​ေရာင္နဂါး​ေလးႏွင့္ Eruhaben သည္တိတ္ဆိတ္စြာတစ္ဦးႏွင့္တစ္ဦးစိုက္ၾကည့္​ေနၾက၏။ 

သို႔​ေသာ္လည္း Raon ၏​​ေမးခြန္းအားတစ္စုံတစ္​ေယာက္သည္​ေပါ့​ေပါ့ပါးပါးပင္ျပန္​ေျဖ​ေပးခဲ့သည္။ 

ထိုသူမွာ Cale ပင္။ 

"​ေနာက္ႏွစ္အ​ေစာပိုင္း​ေလာက္?" 

"ဟမ္?" 

"ဟင္?" 

နဂါးႏွစ္​ေကာင္သည္​ေအး​ေအးလူလူစကားကိုထပ္ျဖည့္စြက္​ေျပာလိုက္​ေသာ Cale အားလွည့္ၾကည့္မိသြား၏။ 

"​ေအးတဲ့​ေနရာတစ္​ခုခု​ေလာက္မွာ ကြၽန္​ေတာ္တို႔မီး​ေမႊးလိုက္မယ္ဆိုရင္​ေႏြးသြားေလာက္တယ္မလား?" 

​ေ႐ႊ​ေရာင္နဂါးႀကီး Eruhaben ၏မ်က္ႏွာ​​ေပၚ ၌အ​ေမးထုတ္​ေန​ေသာအၾကည့္တို႔ရွိ​ေန၏။ 

'​ေႏြးတယ္? ​အဲ့မီး​ေတာက္ကေႏြး႐ုံ​ေလာက္အဆင့္​ပဲမဟုတ္ဘူးဆိုတာသူသိပါတယ္' 

ထိုစဥ္ သူသည္ Raon ၏အသံအားၾကားလိုက္ရ၏။ 

"ငါတို႔ဒါကို​ေဝလငါး​ေတြကိုလည္းျပၾကရ​ေအာင္!" 

"​ေကာင္းၿပီ​ေလ" 

"ဟားးးး" 

Cale သည္ Eruhaben ၏သက္ျပင္းအားလ်စ္လ်ဴရႈလိုက္ကာအိပ္ယာ​ေပၚ ၌ျပန္လွဲခဲ့သည္။ 

​ေဆာင္းတြင္းအခ်ိန္၌​ေႏြး​​ေႏြး​ေထြး​ေထြး​ေနရတာက​ေကာင္းတယ္ဆို​ေပမယ့္လည္း ​ေႏြးဖို႔အတြက္​ေစာင္ၿခဳံၿပီး​ေကြးရသည္မွာအရသာအရွိဆုံးျဖစ္သည္။ 

သို႔​ေသာ္ညား ​ေနာက္ရက္ပိုင္းအနည္းငယ္အၾကာတြင္​ေတာ့ သူသည္​ေလတို႔တဟူးဟူးတိုက္ခတ္​ေန​ေသာစင္ျမင့္ထက္သို႔တက္​ေရာက္ခဲ့​ရ​ေပ​ေတာ့သည္။ 

ဝန္ႀကီးတစ္ဦး၏အသံသည္ပဲ့တင္​ထပ္ေမွာ္စက္ပစၥည္းမွတဆင့္​ ေနရာတစ္ခြင္လုံးအႏွံ႔က်ယ္​ေလာင္စြာဟိန္းထြက္​ေန၏။ 

"အခုကြၽန္​ေတာ္တို႔​ေတြဆုတံဆိပ္ခ်ီးျမင့္ဖို႔ရာအတြက္ အင္ပိုင္ယာအတြင္းမွာ​ေတာင္ ကိုယ့္ကိုယ္က်ိဳး​ေတာင္မငဲ့ခဲ့တဲ့ ရဲစြမ္းသတၱိအျပည့္နဲ႔သ​ခင္​ေလး Cale Henituse ကိုစင္ျမင့္ထက္ဆီတက္​ေရာက္လာဖို႔ဖိတ္ၾကားခ်င္ပါတယ္ခင္မ်ာ!" 

'သူ​ေျပာတဲ့​အသုံးအႏူန္းကိုငါ​စိတ္တိုင္းက်တယ္ရယ္' 

ထိုအ​ေတြးအား​​ေခါင္းထဲတြင္ေတြးမိရင္း Cale သည္အ​ေရွ႕ဘက္သို႔​ေရွး​ရႈလိုက္၏။ 

အင္ပါယာသည္သူ႔အားႏူးညံ့ညႇင္သာ​ေသာအၿပဳံးတစ္ခုျဖင့္ႀကိဳဆိုလို႔​ေန​သည္။ 

အင္ပိုင္ယာ၏ေတာ္ဝင္နန္း​ေတာ္ႀကီးအျပင္ဖက္— သူ႔​အေနာက္ရွိပလာဇာအတြင္းတြင္​ေတာ့ သူ႔အား​ေမာ့ၾကည့္လို႔​ေနၾက​ေသာလူအုပ္ႀကီးရွိ​လို႔ေန​​ေပ​ေလသည္။

Don't Forget To Vote☆ &
Follow Me For More Chapters

Chapter 165: PREVIEW

"သူနာမည္ကဘာတဲ့?" 

"Cale Henituse" 

Weiterlesen

Das wird dir gefallen

790K 34.2K 86
แ€‰แ€ฎแ€ธแ€›แ€ฝแ€ฑแ€ธแ€แ€ปแ€šแ€บแ€™แ€พแ€ฏแ€žแ€ฑแ€แ€ปแ€ฌแ€•แ€ผแ€ฎแ€ธแ€Ÿแ€ฏแ€แ€บแ‹แ€‰แ€ฎแ€ธแ€›แ€ฝแ€ฑแ€ธแ€แ€ปแ€šแ€บแ€™แ€พแ€ฏแ€žแ€ฑแ€แ€ปแ€ฌแ€•แ€ผแ€ฎแ€ธแ€†แ€ญแ€ฏแ€›แ€„แ€บแ€œแ€ฏแ€ถแ€ธแ€แ€”แ€ฑแ€ฌแ€„แ€บแ€แ€™แ€›แ€”แ€ฒแ€ทแ€”แ€ฑแ€ฌแ€บแ‹แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€แ€ญแ€ฏแ€ทแ€’แ€ฎแ€”แ€ฑแ€ทแ€€แ€…แ€•แ€ผแ€ฎแ€ธแ€˜แ€šแ€บแ€แ€ฑแ€ฌแ€ทแ€™แ€พแ€™แ€žแ€ญแ€แ€ฒแ€ทแ€žแ€œแ€ญแ€ฏแ€˜แ€ฒแ€”แ€ฑแ€€แ€ผแ€™แ€šแ€บแ‹แ€‘แ€ฝแ€‹แ€บแ€แ€แ€นแ€แ€‰แ€ฎแ€ธแ€”แ€ฒแ€ทแ€”แ€พแ€ฑแ€ฌ...
31.8K 4.3K 38
BL Novel แ€กแ€žแ€…แ€บแ€œแ€ฑแ€ธ Update แ€‘แ€ฌแ€ธแ€•แ€ซแ€แ€šแ€บแ€›แ€พแ€„แ€ทแ€บ โค๏ธโค๏ธ paid GP แ€œแ€ฑแ€ธแ€แ€„แ€บแ€แ€ปแ€„แ€บแ€›แ€„แ€บแ€œแ€Šแ€บแ€ธ แ€กแ€ฑแ€ฌแ€€แ€บแ€€แ€œแ€„แ€ทแ€บแ€œแ€ฑแ€ธแ€”แ€พแ€ญแ€•แ€บแ€•แ€ผแ€ฎแ€ธ แ€แ€„แ€บแ€œแ€ญแ€ฏแ€ทแ€›แ€•แ€ซแ€แ€šแ€บแ€›แ€พแ€„แ€ทแ€บ๐Ÿฅฐ๐Ÿฅฐ IQ Team แ€™แ€พ แ€€แ€ผแ€ญแ€ฏแ€†แ€ญแ€ฏแ€•แ€ซแ€แ€šแ€บ.. แ€žแ€ญแ€œแ€ญแ€ฏแ€žแ€Šแ€บ...
3.6M 535K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~โ™ฅ~ Type- OWN CRE...
645K 87.6K 159
Unicode + Zawgyi แ€€แ€ญแ€ฏแ€šแ€บแ€แ€ญแ€ฏแ€„แ€บแ€–แ€แ€บแ€แ€ปแ€„แ€บแ€™แ€ญแ€แ€ฒแ€ทแ€กแ€แ€ฝแ€€แ€บ แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€แ€ผแ€„แ€บแ€ธ แ€–แ€ผแ€…แ€บแ€•แ€ซแ€แ€šแ€บ แ€•แ€ปแ€ฑแ€ฌแ€บแ€…แ€›แ€ฌแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฑแ€ฌ แ€”แ€ฑแ€ทแ€›แ€€แ€บแ€œแ€ฑแ€ธแ€™แ€ปแ€ฌแ€ธ แ€•แ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€€แ€ผแ€•แ€ซแ€…แ€ฑ